ဖြောင့်မတ်တဲ့ စံပြဖခင်
ယောသပ် (မာရိရဲ့ခင်ပွန်း) ဟာ ကျမ်းစာထဲမှာ ဖြောင့်မတ်တဲ့ ဖခင်တစ်ဦးရဲ့ အကောင်းဆုံးစံပြဖြစ်ပါတယ်။ သူ့ရဲ့ ဖြောင့်မတ်မှုဟာ ဘုရားသခင်ကို ယုံကြည်စိတ်ချမှု၊ သနားကရုဏာထားမှု၊ နဲ့ နာခံမှုတွေကနေ ထင်ရှားလာပါတယ်။ ဒီအကြောင်းတွေကို သူ့ဘဝထဲက အဓိကဖြစ်ရပ်တွေနဲ့ တစ်ချက်ကြည့်ကြရအောင်။
၁။ မာရိအပေါ် သနားကရုဏာနဲ့
တရားမျှတမှု
ယောသပ်က မာရိမှာ သူနဲ့မယူခင် ကိုယ်ဝန်ရှိနေတာကို သိလိုက်ရတဲ့အခါ၊ သူဟာ ဖြောင့်မတ်တဲ့သူဖြစ်တဲ့အတွက် မာရိကို လူရှေ့မှာ အရှက်မရအောင် တိတ်
တိတ်လေး စေ့စပ်မှုဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ တရားမျှတမှုနဲ့ သနားကရုဏာရှိတဲ့ စိတ်ထားကို ပြတယ်။ “သူ၏ခင်ပွန်း ယောသပ်သည် သူတော်ကောင်းဖြစ်၍၊
မာရိအသရေကို မပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည်၊ ဟုအကြံရှိ၏။” (မဿဲ
၁:၁၉)
ယောသပ်က တရားဥပဒေကို လိုက်နာရုံတင်မကဘူး၊
မာရိရဲ့ ဂုဏ်သိက္ခာကို ထိမ်းသိမ်းဖို့ ဂရုစိုက်ခဲ့တယ်။ ဒါက သူ့ရဲ့ ကရုဏာစိတ်နဲ့
ဖြောင့်မတ်မှုကို ပေါင်းစပ်ထားတဲ့ စံပြဖခင်ရဲ့ အရည်အသွေးပါ။
၂။ ဘုရားသခင်ရဲ့
လမ်းညွှန်မှုကို ချက်ချင်းလိုက်နာခြင်း
ဘုရားသခင်ရဲ့
ကောင်းကင်တမန်က အိပ်မက်ထဲမှာ မာရိရဲ့ ကိုယ်ဝန်ဟာ
သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်တယ်လို့ ပြောပြပြီး သူမကို လက်ထပ်ဖို့
မှာခဲ့တယ်။ ယောသပ်က ဒီအမိန့်ကို ချက်ချင်း နာခံပြီး မာရိကို သူ့ဇနီးအဖြစ်
လက်ခံခဲ့တယ်။
“ယောသပ်သည် အိပ်ပျော်ရာမှ နိုးလျှင်၊ ထာဝရဘုရား၏
ကောင်းကင်တမန် မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကို ထိန်းသိမ်းလေ၏။ သို့သော်လည်း၊
သားဦးကို မဖွားမှီတိုင်အောင် သံဝါသ မပြုဘဲနေ၏။ ထိုသားကိုလည်း ယေရှုဟူသော
အမည်ဖြင့်မှည့်လေ၏။” (မဿဲ ၁:၂၄-၂၅)
ယောသပ်က လူတွေရဲ့ အမြင်ဒါမှမဟုတ်
လူမှုဖိအားတွေကို ဂရုမစိုက်ဘဲ ဘုရားသခင်ရဲ့ အလိုတော်ကို ဦးစားပေးခဲ့တယ်။ ဒါက
သူ့ရဲ့ သစ္စာရှိမှုနဲ့ ဘုရားသခင်ကို ယုံကြည်တဲ့ စိတ်ကို ပြတယ်။
၃။ မိသားစုကို ကာကွယ်ပြီး
တာဝန်ယူခြင်း
ယေရှုမွေးဖွားပြီးနောက်၊
ဟေရောဒ်မင်းက ယေရှုကို သတ်ဖို့ ကြံစည်နေတယ်ဆိုတာ ယောသပ်က အိပ်မက်ထဲမှာ
သတိပေးခံရတယ်။ သူက ချက်ချင်းပဲ မာရိနဲ့ ယေရှုကို အဲဂုတ္တုပြည်ကို ခေါ်သွားပြီး
ကာကွယ်ခဲ့တယ်။ အန္တရာယ်ကင်းသွားတဲ့အခါလည်း ဣသရေလပြည်ကို ပြန်လာခဲ့တယ်။
“…ယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို ညအချိန်၌
ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ ထွက်သွား၍…” (မဿဲ ၂:၁၃-၁၅)
“…ထိုအခါ ယောသပ်သည်ထ၍ မယ်တော်နှင့် သူငယ်တော်ကို
ဆောင်ယူပြီးလျှင်၊ ဣသရေလတိုင်းသို့သွား၍ ရောက်သည်ရှိသော်…” (မဿဲ ၂:၁၉-၂၁)
ယောသပ်က မိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့
ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို လိုက်နာပြီး သူတို့ရဲ့ လုံခြုံမှုအတွက်
စွန့်စားခဲ့တယ်။ ဒါက သူ့ရဲ့ တာဝန်ယူမှုနဲ့ မိသားစုအပေါ် သစ္စာရှိမှုကို ပြတယ်။
၄။ ဘုရားသခင်ကို
ဝတ်ပြုရာမှာ မိသားစုကို ဦးဆောင်ခြင်း
ယောသပ်က
မိသားစုကို ဘုရားသခင်ကို ဝတ်ပြုဖို့ ဦးဆောင်ခဲ့တယ်။
ဥပမာ၊ သူက
မာရိနဲ့အတူ ယေရှုကို ဗိမာန်တော်ကို ခေါ်သွားပြီး တရားဥပဒေအတိုင်း ယဇ်ပူဇော်ခဲ့တယ်။
ဒါ့အပြင် နှစ်စဉ် ပသခါပွဲအတွက် ယေရုရှလင်ကို သွားရောက်ခဲ့တယ်။
“…မောရှေ၏ပ ညတ်တရားအတိုင်း စင်ကြယ်ခြင်းကို ပြုရသော
နေ့ရက်စေ့သောအခါ၊ မိဘတို့သည် သူငယ်ကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ သားဦး
ယောကျ်ား အပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ၏၊ ဟုထာဝရဘုရား၏
ပညတ္တိကျမ်းလာသည်နှင့်အညီ…” (လုကာ
၂:၂၂-၂၄)
“မိဘတို့သည် နှစ်တိုင်းအစဉ် ပသခါပွဲ ခံချိန်ရောက်လျှင်၊
ယေရုရှလင်မြို့သို့ သွားကြ၏။” (လုကာ ၂:၄၁)
ယောသပ်က မိသားစုကို ဝိညာဉ်ရေးအရ ဦးဆောင်ပြီး
ဘုရားသခင်ကို ဦးစားပေးတဲ့ ဘဝနေထိုင်ပုံကို သင်ပေးခဲ့တယ်။ ဒါက ဖခင်တစ်ယောက်ရဲ့
ဝိညာဉ်ရေးတာဝန်ကို ပြသနေပါတယ်။
ယောသပ်ရဲ့
ဖြောင့်မတ်ခြင်းကနေ သင်ယူရမယ့် အဓိကအချက်တွေ
(က) ကရုဏာနဲ့
တရားမျှတမှု
မာရိအပေါ်
သူ့ရဲ့ဆုံးဖြတ်ချက်က တရားဥပဒေနဲ့ သနားကရုဏာရှိခြင်းကို ဖေါ်ပြနေခြင်းဖြစ်တယ်။
(ခ) ဘုရားသခင်အပေါ်
သစ္စာရှိမှု
အိပ်မက်တွေကနေ
ဘုရားသခင်ရဲ့ လမ်းညွှန်မှုကို ချက်ချင်း လိုက်နာခဲ့တယ်။
(ဂ) မိသားစုအပေါ်
တာဝန်ယူမှု
ယေရှုနဲ့ မာရိကို
ကာကွယ်ဖို့ စွန့်စားပြီး ဘုရားအလိုတော် နှင့်အညီ ဝိညာဉ်ရေးရာ ဦးဆောင်ခဲ့တယ်။
စံပြဖခင်တစ်ဦးအနေနဲ့
လုပ်ဆောင်ရမယ့် အချက်တချို့
# မိသားစုအပေါ်
သနားကရုဏာထားပါ။
# ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်
လမ်းညွှန်မှုကို
ယုံကြည်ပြီး လိုက်နာပါ။
# မိသားစုရဲ့
လုံခြုံမှုကို ဦးစားပေးပါ။
# မိသားစုကို
ဝိညာဉ်ရေးရာ ဦးဆောင်ပါ။
မေတ္တာဖြင့်
John Kay
Comments
Post a Comment