ဆုလဒ်နဲ့ လက်ဆောင်
လူအများစုက “ကောင်းတာလုပ်ရင် ကောင်းကင်ရမယ်” လို့ ထင်တတ်ကြပါတယ်။
“ဘုရားကျောင်းသွားတယ်…
အလှူလုပ်တယ်… လူကောင်းဖြစ်ဖို့ ကြိုးစားတယ်… ဒါဆို ကယ်တင်ခြင်းရမယ်” လို့
ယူဆကြတယ်။
ဒါပေမယ့်
ကျမ်းစာကတော့
“ကယ်တင်ခြင်းဟာ
လူ့ကြိုးစားမှုရဲ့ ဆုလဒ် မဟုတ်ဘူး။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ဖြစ်တယ်” လို့
ပြောထားပါတယ်။
ဆုလဒ် (Reward) ဆိုတာ ဘာလဲ?
ဆုလဒ်ဆိုတာ
အလုပ်လုပ်လို့
ရတဲ့အရာ ဖြစ်ပါတယ်။
ဥပမာ—
တနေ့လုံး
အလုပ်လုပ်တယ်
→ လစာရတယ်
စာမေးပွဲကောင်းကောင်းဖြေတယ်
→ ဆုရတယ်
အားကစားလေ့ကျင့်တယ်
→ ဆုတံဆိပ်ရတယ်
ဒီလိုအရာတွေက
“ကြိုးစားမှု”
ကြောင့် ရတာဖြစ်တယ်။
ကျမ်းစာကလည်း
ဒီလိုပြောပါတယ်—
ရော ၄း၄ “အကျင့်ရှိသောသူ
မည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကို ခံရသည်မဟုတ်။ ခံထိုက်သော အားဖြင့်ခံရ၏။”
အဓိပ္ပါယ်က—
အလုပ်လုပ်ပြီး
လစာရတာဟာ
“လက်ဆောင်”
မဟုတ်ဘူး။
ရသင့်ရထိုက်လို့
ရတာဖြစ်တယ်။
လက်ဆောင် (Gift)
ဆိုတာ ဘာလဲ?
လက်ဆောင်ဆိုတာ
မထိုက်တန်ပေမယ့်
အခမဲ့ပေးတာ ဖြစ်ပါတယ်။
ဥပမာ—
မွေးနေ့မှာ
လက်ဆောင်ရတယ်
မိဘက သားသမီးကို
မေတ္တာနဲ့ ပေးတယ်
မိတ်ဆွေတယောက်က
ကူညီပေးတယ်
ဒါတွေဟာ
“ငါကြိုးစားလို့
ရတာ” မဟုတ်ဘူး။
သူပေးချင်လို့
ပေးတာဖြစ်တယ်။
ကယ်တင်ခြင်းလည်း
ဒီလိုပဲ။
ကယ်တင်ခြင်းဟာ
ဘုရားပေးတဲ့ လက်ဆောင်
~~~~~~~~~~~~~~~~~~~~~
ကျမ်းစာက
တိတိကျကျ ပြောထားတယ်—
ဧဖက် ၂း၈
“ယုံကြည်သောအားဖြင့်၊
ကျေးဇူးတော်ကြောင့်၊ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။
ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။”
ကယ်တင်ခြင်းဟာ
“ကျေးဇူးတော်” ကြောင့် ဘုရားသခင် သနားလို့ ပေးတာ။
“အကျင့်အားဖြင့်
မဟုတ်”
လူ့ကောင်းမှုနဲ့
မရဘူး။
“ဆုကျေးဇူး” ဖြစ်တယ်၊ အခမဲ့ပေးတဲ့ လက်ဆောင်ဖြစ်တယ်။
လူကောင်းဖြစ်ရုံနဲ့
ဘာကြောင့် မရတာလဲ?
လူအများက—
“ငါ လူမသတ်ဘူး”
“ငါ အလှူလုပ်တယ်”
“ငါ မကောင်းတာ
သိပ်မလုပ်ဘူး” လို့ ပြောတတ်ကြတယ်။
ဒါပေမယ့်
ဘုရားရှေ့မှာ လူတိုင်း
အပြစ်ရှိတယ်။
ရော ၃း၂၃
“လူအပေါင်းတို့သည်
ဒုစရိုက်ကိုပြု၍၊ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။”
ဘုရားသခင်က
ပြည့်စုံသန့်ရှင်းတယ်။
လူကတော့
အပြစ်ရှိတယ်။
ဒါကြောင့်
လူ့ကောင်းမှုနဲ့ ကောင်းကင်မရနိုင်ဘူး။
ဥပမာ—
ရွှေဖြူစင်တဲ့
ရေတခွက်ထဲကို
အညစ်အကြေးနည်းနည်းပဲ
ထည့်လိုက်ရင်
တခွက်လုံး
မသန့်တော့ဘူး။
လူ့အပြစ်လည်း
ဒီလိုပဲ။
ဒါကြောင့် လူက ကိုယ့်ဘာသာ မကယ်နိုင်လို့ ယေရှုခရစ်
ကြွလာခဲ့တာဖြစ်တယ်။
၂ကော ၅း၂၁
“ဘုရားသခင်သည် အပြစ်နှင့်
ကင်းစင်သောသူကို
ငါတို့အတွက်ကြောင့်
အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။”
ယေရှုက—
လူ့အပြစ်အတွက်
အသေခံတယ်
အသွေးသွန်းတယ်
အပြစ်ကြွေးဆပ်ပေးတယ်
သေခြင်းမှ
ရှင်ပြန်ထမြောက်တယ်
ဒါကြောင့်
ကယ်တင်ခြင်းဟာ
“ငါဘာလုပ်လဲ” ပေါ်
မတည်ဘူး။
“ခရစ်တော်
ဘာလုပ်ပြီးပြီလဲ” ပေါ် တည်တယ်။
ကယ်တင်ခြင်းကို
ဘယ်လိုရသလဲ?
ကျမ်းစာက
ရိုးရိုးလေး ပြောတယ်—
တ ၁၆း၃၁ “သခင်ယေရှုခရစ်ကို
ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည်၊ ကယ်တင်ခြင်းသို့
ရောက်ကြလိမ့်မည်”
ယော ၃း၁၆ “ဘုရားသခင်၏ သားတော်ကို
ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊
ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်
လောကီသားတို့ကို ချစ်တော်မူ၏။”
ကယ်တင်ခြင်းကို
“ဝယ်ယူ” ရတာ
မဟုတ်ဘူး။
“ယုံကြည်လက်ခံ”
ရတာဖြစ်တယ်။
လက်ဆောင်တခု
ပေးထားတယ်ဆိုပါစို့။
ဒါပေမယ့် မယူဘူး၊ မဖွင့်ဘူး၊ မလက်ခံဘူး ဆိုရင် ကိုယ့်အတွက်
အကျိုးမရှိဘူး။
ကယ်တင်ခြင်းလည်း
ဒီလိုပဲ။
ယေရှုက
လူတိုင်းအတွက် အသေခံပေးခဲ့တယ်။
ဒါပေမယ့် “ယုံကြည်လက်ခံ” သူကသာ “ကယ်တင်ခြင်းရ” တယ်။
ယော ၁း၁၂ “ထိုသူကို လက်ခံသမျှသောသူ
တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို
ပေးတော်မူ၏။”
ဒါဆိုရင် ကောင်းမှုတွေ
မလိုဘူးလား?
လိုပါတယ်။
ဒါပေမယ့် ကောင်းမှုက
ကယ်တင်ခြင်းရဖို့ မဟုတ်ဘူး။
ကယ်တင်ခြင်းရပြီးတဲ့နောက်
အသက်တာမှာ ပေါ်လာသင့်တဲ့ အသီးဖြစ်တယ်။
ဥပမာ အသီးက သစ်ပင်ကို
အသက်ရှင်စေတာ မဟုတ်ဘူး။
အသက်ရှိတဲ့ သစ်ပင်က အသီးသီးတာဖြစ်တယ်။
ခရစ်ယာန်ကလည်း ကယ်တင်ခြင်းရပြီး ဘုရားကို
ချစ်လာပြီး ကောင်းမှုတွေ
ပေါ်လာတာဖြစ်တယ်။
ကယ်တင်ခြင်းဟာ ဘာသာရေးအလုပ် မဟုတ်ဘူး။ လူ့ကြိုးစားမှု ဆုလဒ် မဟုတ်ဘူး။ ပိုက်ဆံနဲ့ ဝယ်ရတာ မဟုတ်ဘူး။ အကျင့်ကောင်းနဲ့ လဲလှယ်ရတာ မဟုတ်ဘူး။ ဒါဟာ ယေရှုခရစ်အားဖြင့် ဘုရားသခင်ပေးတဲ့ “အခမဲ့ လက်ဆောင်”
ဖြစ်တယ်။
ရော ၆း၂၃ “အပြစ်တရား၏ အခကား
သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်ကား၊ငါတို့
သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”
ယနေ့ သင်သည်
ကိုယ့်ကောင်းမှုကို အားကိုးမလား။
သို့မဟုတ် ခရစ်တော်၏
ပြီးစီးသော ကယ်တင်ခြင်းအမှုကို ယုံကြည်မလား။
ကယ်တင်ခြင်းဟာ လုပ်ယူရတဲ့ “ဆုလဒ်”
မဟုတ်ဘူး။ ယုံကြည်လက်ခံရတဲ့
“လက်ဆောင်” ဖြစ်တယ်။
God Bless You!
မေတ္တာဖြင့်
John Kay
Comments
Post a Comment