သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

   သမ္မာကျမ်းစာသည် စာအုပ်အားလုံးအနက် အထွဋ္ဋ်အထိပ် (အမြင့်မြတ် ဆုံးသော) ဖြစ်သောစာအုပ်ပေတည်း။ ဘုရားသခင် ကိုယ်တော်တိုင် လူသားတို ့ကို အမိန် ့ရှိတော်မူသော စာအုပ်ဖြစ်၏။ မြင့်မြတ်သန် ့ရှင်းသော ညွန်ကြားမှုကို ပေးသည့် စာအုပ်လည်းဖြစ်သည်။ ၀မ်းနည်းချိန်၌ နှစ်သိမ့်မှုကို ၄င်း၊ စိတ်ရှုပ်ထွေးနေသည့်အခါ၌ လမ်းညွန်မှုပေးခြင်း၊ ပြဿနာများကို ဖြေရှင်းပေးခြင်း၊ အပြစ်များအတွက် ဆိုဆုံးမခြင်းနှင့် ကျွနိုပ်တို ့လိုအပ်သည့် အရာများကို နေ ့စဉ်လျှို ့ဆော်ပေး

လျှက်ရှိသည်။

   သမ္မာကျမ်းစာသည် စာအုပ်တအုပ်တည်းသာမဟုတ်။ စာအုပ်ပေါင်းချုပ်တအုပ်ဖြစ်ပြီး 

စာပေရသမျိုးစုံနှင့် ပြည့်လျက်ရှိသည်။ သမိုင်း ရာဇ၀င်အကြောင်းအရာများ၊ ကဗျာ၊ လင်္ကာ၊ အထုပ္ပတိ၊ ကြိုတင်ဟောကြားချက်များ၊ ဒဿနဗေဒ၊ သိပ္ပံနှင့် စိတ်၀ိညာဉ် လျို ့ဆော်မှု ရစေသော စာပေရသများ ပါ၀င်ခြင်းကြောင့်ဖြစ်သည်။ ထို ့ကြောင့် ကျမ်းစာ တအုပ်လုံးကိုသော်၄င်း၊ အချို ့အပိုင်းများကို ၄င်း၊ ဘာသာစကား အမျိုးပေါင်း ၁၂၀၀ ထက်မက ဘာသာပြန်ဆိုထားပြီး၊ နှစ်စဉ်ရောင်းချရသော လုံးချင်းစာအုပ်များအနက် အရေအတွက် အများဆုံးရောင်းရသော စာအုပ်တအုပ်လည်း ဖြစ်သည်။


   လူကြီး လူငယ်မရွေး မေးနေကြသော ကြီးမားသည့် မေးခွန်းများ၏ စစ်မှန်သော အဖြေများကို သမ္မာကျမ်းစာ ကသာလျင် ပေးနိုင်စွမ်းရှိ၏။ ဤမေးခွန်းများမှာ “ကျွုနိုပ်သည် မည်သည့်နေရာက လာသနည်း။” “မည်သည့်နေရာသို ့ သွားမည်နည်း။” “အဘယ့်ကြောင့် ဤလောကမှာ ရှိနေပါသနည်း။” “သမ္မာတရားကို မည်သို ့သိနိုင်သနည်း။” ဟူသော မေးခွန်းများ ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော သမ္မာကျမ်းစာသည် ဘုရားသခင်၏ စစ်မှန်သော အကြောင်းအရာများကို ဖွင့်ပြသည်။ လူသားတို ့၏ ရင်ဆိုင်ရသည့် အပြစ်ကျူးလွန်ခြင်း နှင့် အပြစ်ကြောင့် ခံစားရသည့် ပြဿနာအကြောင်းရင်းများကို ရှင်းထားသေး၏။ 


   သမ္မာကျမ်းစာ တအုပ်လုံး၏ ကြီးမြတ်သော အကြောင်းရင်းမှာ သခင်ခရစ်တော် အကြောင်းနှင့် လူသားတို ့ ကယ်တင်းခြင်း ရရန်အတွက် သခင်ယေရှု ပြုလုပ်ခဲ့သော ဆောင်ရွက်ချက်ပေတည်း။ ခရစ်တော်၏ အကြောင်းနှင့် သူ၏ အမှုတော်အကြောင်းများကို ဂတိတော်ထားရှိခြင်း၊ ကြိုတင် ဟောပြောထားခြင်း၊ ပုံတော်ထားခြင်းတိုကို ဓမ္မဟောင်းကျမ်းများတွင် ပုံစံအမျိုးမျိုး၊ နိမိတ် လက္ခ္စဏာ အဖုံဖုံဖြင့် တွေ ့မြင်ရသည်။ ခရစ်၀င်ကျမ်းများတွင်လည်း သခင်ခရစ်တော်၏ သမ္မတရားနှင့် ကောင်းမြတ်မှုကို ဘော်ထုတ်ထားသေးသည်။ သြဝါဒ စာများတွင်လည်း ခရစ်တော်၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ရှင်းပြထားသည်။ ခရစ်တော်သည် နောက်တဖန် ဘုန်းအသရေ ထွန်းတောက်စွာဖြင့် ပြန်လာမည့်အကြောင်းကို ဗျာဒိတ်ကျမ်းက ကြိုတင်ဟောကြားထား၏။ ဘုရားသခင်ထံတော်မှ ရေးသားထားသော နှုတ်ကပတ်တော်ဖြစ်သည့် ဤသမ္မာကျမ်းစာ၏ မဟာတာ၀န်တရပ်မှာ သခင်ယေရှုတည်းဟူသော အသက်ရှင်လျှက်ရှိသည့် နှုတ်ကပတ်တော်ကို ထုတ်ဇေါ်ရန် ဖြစ်ပေသည်။ 

   ဒေါက်တာ ေ၀းလ်ဘာအမ်။ စမစ်သ် ( Dr. Wilbur M. Smith) က သမ္မာကျမ်းစာဖတ်ရှု ့လေ့လာခြင်းဖြင့် ရရှိသော အကြောင်းရင်း ၇ ချက်ကို တင်ပြထားသည်။

၁၊ သမ္မာကျမ်းစာသည် ကျွနိုပ်တို ့၏ အပြစ်ကို ဘော်ထုတ်ပြီး စီရင်ချက်ချသည်။

၂၊ သမ္မာကျမ်းစာသည် ကျွနိုပ်တို ့ကို ညစ်ညမ်းသော အပြစ်များမှ ဆေးကြောသန် ့စင်ခြင်းဖြင့် ကူညီထောက်မသည်။


၃။ သမ္မာကျမ်းစာသည် ကျွနိုပ်တို ့ကို ခွန်အားပေးသည်။

၄။ သမ္မာကျမ်းစာသည် မည်သည့်အရာကိုလုပ်ရမည်ကို လမ်းညွန်ပေး၏။ (ဦးဆောင်လမ်းညွန်သည်။)

၅။ သမ္မာကျမ်းစာသည် ကျွနိုပ်တို ့အပြစ်ကို အောင်နိုင်ရန် ထား (ဓါး) ကိုပေးတော်မူ၏။ 

၆။ သမ္မာကျမ်းစာသည် ကျွနိုပ်တို ့၏ ဘ၀အသက်တာကို သီးပွင့်ရန် (အကျိုးရှိစွာ လျှောက်လှမ်းနိုင်ရန်) ပြုလုပ်ပေးသည်။

၇။ သမ္မာကျမ်းစာသည် ကျွနိုပ်တို ့အား ဆုတောင်းနိုင်သော စွမ်းအားကို ပေး၏။ 


   သမ္မာကျမ်းစာကို လေ့လာရန် စာပေကျမ်းဂန်စု ( a whole library of books ) တခုလုံး မလိုပါ။ သမ္မာကျမ်းစာကပင် ေ၀ဖန်သုံးသပ်၍ ဘော်ပြခြင်း၊ အနက်အဓိပ္ပါယ်ကို ဖွင့်ဟခြင်းတို ့ကို လုပ်ဆောင်ပေးလေသည်။ ဤကျမ်းစာအုပ်တွင် ဘော်ပြထားသော လမ်းညွန်မှု အကူအညီများအားဖြင့် ကျမ်းစာကို သက်ဆုံးတိုင်အောင် လေ့လာနိုင်မည် ဖြစ်သည်။



၁။ သမ္မာကျမ်းစာကို ကိုယ်တိုင်လေ့လာခြင်း ( Personal Bible Study)

  က။ ကျမ်းစာလေ့လာခြင်းအားဖြင့် ဘုရား၀တ်ပြုခြင်း ( Devotional Bible Study )

      ကျမ်းစာကို လေ့လာခြင်းသည် ဦးတည်ချက်မဟုတ်ပဲ ဘုရားသခင်ကိုသိပြီး အလိုတော်ကိုလက်ခံလိုက်နာရန် ဦးတည်ခြင်းဖြစ်သည်။ ထို ့ကြောင့် ၀ိညာဉ်ခွန်အားရရန် ကျမ်းစာလေ့လာခြင်းကို သိပ္မံပညာရှင်။ ဆေးဆရာ၀န်ဖြစ်သူ (Dr. Howard A. Kelly) က ဆုတောင်းခြင်းဖြင့်။ အသေအချာ ဂရုစိုက်၍ နေ ့စဉ်ဖတ်ခြင်းဖြင့် စာမျက်နှာများမှ မိမိစိတ်နှလုံးထိ ထင်ဟတ်ဖတ်ရှုလေ့လာရသည် ဟု ပြောဖူးသည်။ သမ္မာကျမ်းစာဖတ်ရှုရာတွင် အထောက်အကူပြုသည့် အကြံပြုချက်များကို ဖေါ်ပြပါမည်။

      (၁) ကျမ်းစကဖတ်ခြင်းကို ဆိုတောင်းခြင်းဖြင့် အစပြုပါ (ဆာ ၁၁၉း၁၈၊ ယော ၁၆း ၁၃ - ၁၅) 

      (၂) ဖတ်ခဲ့သောကျမ်းပိုဒ်များနှင့် ပတ်သတ်သည့် အေရးပါသောအချက်များကို မှတ်စုရေးထားပါ။ဤအတွက် မှတ်စုစာအုပ်ကလေး တအုပ်ထားသည့်ပါသည်။

      (၃) အခန်းကြီး (Chapter) တခုသော်၄င်း၊ နှစ်ခု သုံးခုကို၄င်း အချိန်ယူ ဖြေးဖြေးချင်းဖတ်ပါ။ သို ့မဟုတ် အပိုဒ် တပိုဒ်ကိုပဲ ဖတ်လိုလျင် ဖတ်ပါ၊ ဖတ်ပြီးလျင် ကျမ်းပိုဒ် အဓိပ္မါယ် ဘာလဲဆိုသည်ကို မိမိကိုယ် ပြန်မေးခွန်းထုတ်ပါ၊ ထို ့နောက် တဖန် ပြန်ဖတ်ပါ။ 

     (၄) ကျမ်းစာ၏ အခန်းကြီးတခုလုံး သို ့မဟုတ် ကျမ်းပိုဒ်၏ စစ်မှန်သော အဓိပ္မါယ်ကိုရှာနိုင်ရန် အထောက်အကူပြုမည့် ဘော်ပြပါ မေးခွန်းများကို မိမိကိုယ်ကို မိမိမေးပါ။ ထို ့နှောက် အဖြေများကို မှတ်စုစာအုပ်တွင် ရေးချပါ။


  (က) ဤကျမ်းပိုဒ်၏ အဓိကအချက်ကား အဘယ်နည်း။

 (ခ) ဤကျမ်းပိုဒ်တွင် မည်သည့်ပုဂ္ဂိုလ်များကို ဘော်ပြသနည်း။ မည်သူက ပြောနေသနည်း။ မည်သူ ့ကို ပြောနေသနည်း။ မည်သူက သက်၀င်လှုပ်ရှားနေပါသနည်း။

  (ဂ) ဤကျမ်းပိုဒ်၏ အဓိကကျမ်းချက်ကား အဘယ်နည်း။

 (ဃ) ဤကျမ်းပိုဒ်သည် သခင်ခရစ်တော်အကြောင်းကို ကျွနိုပ်အား အဘယ်သို ့ သွန်သင်နေပါသနည်း။ (င) ဤကျမ်းပိုဒ်တွင် ကျွနိုပ်၀န်ချတောင်းပန်ရမည့် အပြစ်မျိုးကို ဘော်ပြထားပါသလား။

 (စ) ဤကျမ်းပိုဒ်တွင် ကျွန်ုပ် နာခံရမည်း အမိန် ့တော် တခုခု ပါ၀င်ပါသလား။

 (ဆ) ကျွန်ုပ်အတွင် ဂတိတော်တခုခုကို ပေးနေပါသလား။

 (ဇ) ကျွန်ုပ်လိုက်နာဖို ့ ညွန်ကြားချက်တခုခု ပါ၀င်ပါသလား၊


    (၅) ၀ိညာဉ်ရေးရာ နေ ့စဉ်မှတ်တမ်း (Spiritual diary) စာအုပ်တအုပ်ထားပါ၊ နေ ့စဉ် ဘုရားသခင်က မိမိအား ကျမ်းစာမှ တဆင့် ဘာပြောနေသည်ကို ရေးမှတ်ပါ၊


   (၆) သမ္မာကျမ်းစာမှ ကျမ်းချက်များကို အလွတ်ကျက်ပါ၊ အသက်ကြီး၍ အလွတ်မကျက်နိုင်တော့ဘူးဟု မထင်ပါနှင့်။ စက္ကူကပ်ပြားလေးများတွင် ကျမ်းချက်များကိုတဖက်။ ကျမ်းကိုးများ (Reference) များကိုတဖက်ရေးထားပါ။ ၄င်းတို ့ကို ဘယ်သွားသွားထည့်ယူသွားပြီး ရထားစောင့်နေစဉ်ဖြစ်စေ၊ တဦးတယောက်ကို စောင့်နေစဉ်ဖြစ်စေ၊ အချိန်ရတိုင်း ပြန်၍ စစ်ဆေး ကျက်မှတ်နိုင်ပါသည်။ အကောင်းဆုံးနည်းတနည်းမှာ ညအိပ်ယာမ၀င်ခင် မိနစ်အနည်းငယ် ဘုရားသခင်ကျမ်းပိုဒ်များကို စဉ်းစားလျင် အိပ်ချိန်၌ မသိစိတ် (subconscious) မှ၄င်း။ ကျမ်းပိုဒ်များကို မှတ်မိနိုင်စွမ်းပေးလိမ့်မည်။

  

    (၇) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံပါ။ ရှင်ပေါလုက တိမောသေကို မိန် ့မှာသကဲ့သို “ထိုကျမ်းစာရှိသမျှသည် ဘုရာသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၏“ ၂တိ ၃း၁၆။ ထို ့ကြောင့် “နှုတ်ကပတ်တော်ကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကိုကျင်သောသူ ဖြစ်ကြလော့၊” ဟု မိန် ့မူထားသည်။ ယာ ၁ း ၂၂ 


   (၈) ဒုတိယကမ်ဘာစစ်မဖြစ်မှီလေးတွင် Navigators အသင်းအဖွဲ ့တခုကို အမျိူးသားတစုမှ ဖွဲ ့ထားသည်၊ ကျမ်းစာလေ့လာခြင်းကို အားပေးရန်ဖြစ်သည်။ ဤအဖွဲ ့မှ ပုံစံတရပ်မှာ

  (က) ဆုတောင်းပြီးသောအခါ ပဌမအကြိမ် တွင် ကျမ်းပိုဒ်ကို ဖြေးဖြေးနှင့် အသံမထွက်ပဲ ဖတ်ပါ။ နောက်တကြိမ်း ဖတ်ရာတွင် အသံထွက်ဇတ်ပါ။

  (ခ) မှတ်စုစာအုပ်ကြီးတအုပ်တွင် စာမျက်နှာတခုစီတွင် ကော်လံများချပြီး ဘော်ပြပါ ခေါင်းစဉ်များကို ကော်လံအလိုက် အခန်းကြီးခေါင်းစဉ်၊ အဓိက ကျမ်းချက်၊ ထူးခြားသော သမ္မာတရား အပြန်အလှန်ကျမ်းညွှန်း၊ ကျမ်းပိုဒ်နှင့်ဆိုင်သော အခက်အခဲများ၊ သင့်အတွက် မည်သို့အသုံးကျပုံ၊ ကျမ်းပိုဒ်၏ အကျဉ်းချုပ် သို့မဟုတ် ကျောရိုးအချက်အလက်များ (outline) ဟူ၍ ကော်လံတခုစီတွင် မိမိနှစ်သက်သောအချက်များကို ရေးမှတ်ထားပါ။ 


   ဤလေ့လာနည်းအားလုံးကို တကြိမ်အတွင်း အသုံးပြုရန် မကြိုးစားပါနှင့်။ တခုပြီးမှ တခု ဖြေးဖြေးခြင်းအသုံးပြုပါ။ မိမိနှင့်ကိုက်ညီမည်ထင်သည့် လေ့လာနည်းများ အကြံပြုချက်များကို ရွေးချယ်ပါ။ သင်၏အရင် သန်းပေါင်းများစွာသောသူများ လေ့လာသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာလေလေ ပို၍ ဖတ်ချင်လေလေဖြစ်မည်။ ထို့ကြောင့် သမ္မာကျမ်းစာ၏ အမှန်တရားများကို ပို၍ လေးလေးနက်နက်လေ့လာလိုသူများအတွက် အကြံပြုချက်များကို အောက်တွင် ဖေါ်ပြထားသည်။


၂၊ မိသားစုသမ္မာကျမ်းစာလေ့လာခြင်း ( Family Bible Study )

ခရစ်ယာန် အိမ်ထောင်တခုတွင် မိသားစု ၀တ်ပြုခြင်းပလ္လင်ထက် ပို၍ အရေးပါသောအရာမရှိပေ။ မိသားစုအားလုံး အိမ်တွင်ရှိစဉ် မိခင် (သို ့မဟုတ်) ဖခင် က ၀တ်ပြုခြင်းနှင့် နှုတ်ကပတ်တော်ကို ဖတ်ခြင်းဖြင့် ဦးဆောင်ရန်ဖြစ်သည်။ အရိုးဆုံး အလွယ်ကူဆုံးမိသားစု ၀တ်ပြုခြင်းမှာ ဓမ္မသီချင်းသီဆိုခြင်း၊ မိသားစု၀င်တဦးမှ အဖွင့် ဆုတောင်းခြင်း။ သမ္မာကျမ်းစာကို အကျဉ်းချုံး လေ့လာခြင်း နှင့် မိသားစု၀င်တဦးမှ အပိတ် ဆုတောင်းခြင်းတို ့ဖြစ်သည်။ ခက်ခဲနက်နဲသော ကျမ်းပိုဒ်များကိုရှောင်ပြီး လူတိုင်းစိတ်၀င်စားဖွယ် ပုံ၀တ္တု၊ အံ့သြဖွယ်ရာ၊ ယေရှုလုပ်ဆောင်ချက်များ ကျမ်းတိုတိုလေးများကိုရွေးချယ်ဆွေးနွေးရန်ဖြစ်သည်။ ကျမ်းတခု ဥပမာ မောရှေ အသက်သာကို အခန်းဆက်အဖြစ် တပတ်လုံး လေ့လာနိုင်ပါသည်။


အထုပ္မတိအားဖြင့် သမ္မာကျမ်းစာလေ့လာခြင်း ( Bible Study by Biographies )

သမ္မာကျမ်းစာသည် ဘုရားသခင်က လူသားတို့ကို၄င်း လူသားတို့အားဖြင့် ၄င်း မိမိကိုယ်ကို ထင်ရှားဖေါ်ပြသော မှတ်တမ်းတအုပ်ပင်ဖြစ်သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် အထၳုပ္ပတိပိုင်းဆိုင်ရာ လေ့လာစရာများဖြင့် ကြွယ်၀လျှက်ရှိသည်။ အချို့ကို ဘော်ပြရသော်

နောဧ ၏ အသက်တာ က ၅း၃၂ – ၁၀း၃၂

အာဗြာဟံ၏ အသက်တာ က ၁၂ – ၂၅

ယောသပ်၏ အသက်တာ က ၃၇ – ၅၀

ဒေဗောရ ၏ အသက်တာ သူကြီး ၄ – ၅

ကျမ်းစာတွင်ပါ၀င်သော အထၳုပ္ပတိကြီးများကို လေ့လာရန် နည်းအမျိုးမျိုးရှိပါသည်။

၁။ မိမိလေ့လာလိုသော ပုဂ္ဂိုလ်၏ ဘ၀အသက်တာ၏ ထင်ပေါ်ထူးခြားသည့်အကြောင်း ပါသောကျမ်းသို့မဟုတ် ကျမ်းပိုဒ်များကို ဖတ်ပါ။ ဥပမာ အာဗြာဟံ အကြောင်းကို ကမ်ဘာဦးကျမ်း (၁၂ – ၂၅) တွင် ၄င်း။ ဟေဗြဲသြဝါဒစာ (၁၁) နှင့် ရောမသြဝါဒစာ (၄) တွင်၄င် ညွှန်းထားသည်။

၂။ ယင်းပုဂ္ဂိုလ်၏ အကြောင်းကို အက္ခရာစဉ် ကျမ်းညွှန်းတွင် လိုက်ရှာပါ။

၃။ ကျမ်းချက်များ၏ အစိတ်အပိုင်းတွင် သွယ်၀ိုက်၍ ညွှန်းထားသည်ကို ဂရုပြု မှတ်သားပါ။


ကျမ်းချက်များအလိုက် ကျမ်းစာလေ့လာခြင်း ( Bible Study by Verses )

ကျမ်းစာတွင်ရေးသားထားသော ရာဇ၀င်သမိုင်းဆိုင်ရာ ကျမ်းပိုဒ်များကို လေ့လာသောအခါ ကျမ်းချက်တခု (Verse) သည် အဓိပ္ပါယ် တမျိုးကိုသာ ရှင်းရှင်းလေး ဆိုထားမည်ဖြစ်သည်။ ဥပမာ – ဓမ္မဟောင်းကျမ်း၏ အပိုင်းတော်တော်များများတွင်၄င်း၊ ခရစ်၀င်ကျမ်း၏ အချို့အပိုင်းများတွင် ၄င်း တွေ့နိုင်သည်။

သို့သော်လည်း ဓမ္မဟောင်းကျမ်းနှင့် ဓမ္မစသ်ကျမ်းတွင် ကျမ်းချက်အများစုသည် မြင့်မြတ်သော သမ္မာကျမ်းစာ၏ သမ္မာတရားများဖြင့် ကြွယ်၀ခြင်းကြောင့် အသေးစိတ်လေ့လာရန်လိုအပ်ပေသည်။ ကျမ်းချက်တခုတည်းကို ပုံစံအမျိုးမျိုးဖြင့် လေ့လာနိုင်ပါသည်။


(၁) ကျမ်းချက်တခုတွင် ပါ၀င်သော ကြိယာများအလိုက် လေ့လာနိုင်သည်။ ဥပမာ ယေ ၃း၁၆ ကိုလေ့လာနေလျှင် “ပျက်စီးခြင်းသို့ မရောက်ရစေခြင်းငှာ” “ရစေခြင်းငှာ” “စွန့်တော်မူသည်” “ချစ်တော်မူသည်” အစရှိသော ကြိယာများကို တွေ့လိမ့်မည်။

ထို့နောက် အောက်ပါကဲ့သို့သော နှိုင်းယှဉ်ချက်များကို ရေးချနိုင်သည်။

ဘုရားသခင် စွန့်တော်မူသည် ——— လူတို့ ပျက်စီးခြင်းသို့ မရောက်၊ လူတို့ ထာ၀ရအသက်ကို ရ၏။

ဘုရားသခင် ချစ်တော်မူသည် ——— လူတို့က ယုံကြည်၏

သို့မဟုတ်လျှင် ကျမ်းချက်တွင်ပါရှိသော နာမ် (Noun) များကို ဤနည်းတူ “ဘုရားသခင်” —– “လောကီသားတို့” —— “တပါးတည်းသောသားတော်” —- “သူအပေါင်း” — “ထာ၀ရအသက်” ဟူ၍ မှတ်သားထားနိုင်သည်။


(၂) ကျမ်းချက်တခုတွင် ဖေါ်ပြသော ပုဂ္ဂိုလ်များအားဖြင့် လေ့လာနိုင်သေးသည်။ ဥပမာ ယောဟန် ၃း၁၆ ကိုပြန်၍ ကြည့်လျှင် “ဘုရားသခင်” “တပါးတည်းသော သားတော်” “သူအပေါင်း” အစရှိသော ပုဂ္ဂိုလ်များကို ရိုးရိုးလေးပင် ရေးထားသော်လည်း ထူးခြားချက်ကို ပေါ်လွင်ထင်ရှားစေသည်။


(၃) ကျမ်းချက်တခုကို လေ့လာစဉ် မည်ကဲ့သို့သော မြင့်မားသည့် အတွေးအခေါ်များကို ဘော်ပြကြောင်း ရှာယူရပေမည်။ ဥပမာအနေဖြင့် ယောဟန် ၃း၁၆ ကို ကြည်မည်။ ဤကျမ်းချက်၏ ခေါင်းစဉ်ကို “ကျမ်းစာတအုပ်၏ အမွန်မြက်ဆုံးသော ကျမ်းချက်” ဟူ၍ ခေါင်းစဉ်တပ်နိုင်သည်။ ဤကျမ်းချက်၌ အောက်ပါအကြောင်းအချက်များကို တွေ့နိုင်ပါသည်။


“ဘုရားသခင်” – အမြင့်မြတ်ဆုံးသောလူ

“ချစ်တော်မူ၏” – အမြင့်မားဆုံးသော မြတ်နိုးမူ

“လောကီသားတို့” – အကြီးမားဆုံးသော အရေအတွက်၊

“စွန့်တော်မူ၏” – အမြင့်မြတ်ဆုံးသော ဆောင်ရွက်ချက်

“တပါးတည်း” – အမြင့်မြတ်ဆုံးသော လက်

“တပါးတည်းသော သားတော်” – အမြင့်မြတ်ဆုံးသော လက်ဆောင်ပဏာ

“ယုံကြည်သောသူအပေါင်း” – အကြီးမားဆုံးသော အခြေအနေပေးမှု

“ပျက်စီးခြင်းသို့မရောက်” – အကြီးမားဆုံးသော ဂရုဏာတော်

“ထာ၀ရအသက်ကို ရစေခြင်းငှာ” – အကြီးမားဆုံးသော အကျိုးထူး၊ အခွင့်ထူး

(၄) တခါတရံ ဘော်ပြပါ အတွေးအခေါ် အယူအဆများအားဖြင့် ကျမ်းချက်တခုကို လေ့လာလျှင် ကြွယ်၀သော အကျိုးအမြတ်ကို ရနိုင်သည်။ ဥပမာ ရောမ ၅း၁ ကို ကြည့်ကြပါစို့ -

“ထို့ကြောင့်” ဖြင့် အစပျိုးသော ဤကျမ်းချက်သည် ၄း၂၅ ကို မှီး၍ ရေးထားခြင်းဖြစ်သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းက ဖြောင့်မတ်ခြင်းနှင့် အာမခံချက်ကိုပေးသည်။


“ဖြောင့်မတ်ရာသို့ရောက်လျှင်” – အမှန်တရားကို ဖြစ်စေသည်။ “ယုံကြည်ခြင်းဖြင့်” – ဖြောင့်မတ်ခြင်းအတွက်နည်းလမ်း (၃း၂၄ နှင့် ၄း၉ ကိုလည်းကြည့်ပါ) “ခံစားကြ၏”။ – ယခု ခံစားရသော အခွင့်အရေး ‘ငြိမ်သက်ခြင်း’ – ကျွနိုပ်တို့သည် ဘုရားသခင်၏ ရန်သူဖြစ်ခဲ့သည်။ သို့သော် ယခုတွင် ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် လူသား ကျွနိုပ်တို့အကြား ကြေအေးမှုကို ရပြီ။

“ယေရှုခရစ်တော်အားဖြင့်” – ဘုရားသခင်၏ ရှေ့တော်၌ မျက်နှာရခြင်းကို ယေရှုခရစ်တော် တပါးတည်းသာလျှင် လုပ်ဆောင်ပေးနိုင်သည်။

 

အပိုဒ်လိုက် သမ္မာကျမ်းစာလေ့လာခြင်း ( Bible Study by Paragraphs )

စာပိုဒ်တပိုဒ်ဆိုသည်မှာ အကြောင်းအရာတခုကို ဝါကျများစုပေါင်းဖွဲ့စည်း၍ ရေးထားခြင်းဖြစ်သည်။ စာရေးသူသည် အရေးပါသော အကြောင်းအချက်သစ်တခုကို ပြောင်း၍ရေးသားလိုလျှင် စာပိုဒ်အသစ်တခုဖြင့် ပြောင်းရေးလေ့ရှိသည်။ ဤသို့ စာပိုဒ်အလိုက် လေ့လာခြင်းကို အစိတ်အပိုင်းခွဲ၍ (ခွဲခြမ်းစိတ်ဖျာ၍) ကျမ်းစာကိုလေ့လာခြင်း (Analytical Bible Study) ဟုခေါ်သည်။


(၁) အဓိက အတွေးအခေါ် သို့မဟုတ် အကြောင်းအရာကိုသိရန် စာပိုဒ်ကို သေချာစွာဖတ်ပါ။

(၂) စာပိုဒ်တွင်ပါသော အဓိက စကားလုံးများနှင့် ဝါကျများ မည်သို့ဆက်စပ်နေသည်ကို ရှာနိုင်ရန် ပေးထားသော စာပိုဒ်ကို ပြန်၍နားလည်လွယ်အောင် ရေးသားနိုင်သည်။ ဥပမာ မဿဲ ၆ း ၅-၈ တွင် တွေ့ရသော တောင်ပေါ်ဒေသနာတော်တွင် ပါသောဆုတောင်းခြင်းနှင့် ဆိုင်သည့်ကျမ်းပိုဒ်ကို လေ့လာလျှင် ဤသို့ပြန်၍ ရေးသားနိုင်ပါသည်။

“သင်တို့သည် ဆုတောင်းပဌနာပြုသောအခါ သူတော်ကောင်းဆောင်သူများ (Hypocrites) ကဲ့သို့မပြုကြနှင့်။ အဘယ့်ကြောင့်ဆိုတော် သူတို့သည် လူအများမြင်နိုင်သော ဗိမာန်တော်ထဲတွင် ၄င်း၊ လမ်းဆုံလမ်းခွများတွင်၄င်း၊ ဆုတောင်း ပဌနာပြုလိုကြသည်။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိအကျိုးကို ခံစားရလိမ့်မည်။”


“သို့သော် သင်တို့သည် ဆုတောင်းပဌနာပြုသောအခါ မိမိအခန်းတွင်းသို့ သွားပြီး၊ တံခါးကို ပိတ်လျှက် လူသူမသိသောနေရာတွင် ရှိသော သင်တို့အဘထံသို့ ဆုတောင်းပါ။ လူသူမသိမမြင်သော သင်တို့အဘသည်လည်း သင်တို့အား ပွင့်လင်းစွာ ထောက်မလိမ့်မည်။”

“သို့သော် သင်တို့သည် ဆုတောင်း ပဌနာပြုသောအခါ သာသနာပလူများကဲ့သို့ တဖန်တလဲလဲမဆိုပါနှင့်။ အဘယ့်ကြောင့်ဆိုသော် စကားများဆိုခြင်းဖြင့် သူ၏ ဆုတောင်းသံများကို ကြားမည်ဟု ထင်ကြသည်။”

“ထို့ကြောင့် သူတိုနည်းတူ မလုပ်ကြနှင့်။ အဘယ့်ကြောင့်ဆိုသော် သင်တို့မတောင်မီကပင် သင်တို့ ဘာလိုသည်ကို သင်တို့အဘ သိနှင့်ပြီးဖြစ်သည်။”


၃။ ဤသို့ကျမ်းပိုဒ်ကိုပြန်၍ နာလည်လွယ်အောင် ရေးသောအခါ တပိုဒ်နှင့်တပိုဒ် မည်သို့ဆက်စပ်သည်ကို တွေ့လာလိမ့်မည်။ ထိုအခါ လွယ်ကူသော ကျောရိုးအချက်များကို ရေးချနိုင်မည်။ ဥပမာ မဿဲ ၆ း ၅-၁၅ ကို အသုံးပြုလျှက် ကြောရိုးအချက်အလက် (outline) ကို တဖက်ပါအတိုင်း ရေးနိုင်သည်။ “မည်ကဲ့သို့ ဆုတောင်းပဌနာပြုရမည်ကို ကျွနိုပ်တို့အား ယေရှုသင်ပြခြင်း” မဿဲ ၆ း ၅-၁၅

(က) မည်သို့ ဆုတောင်း ပဌနာမပြုရန် မဿဲ ၆း၅၊၇၊၈)


(၁) သူတော်ကောင်းယောင်ဆောင်သောသူများကဲ့သို့ လူမြင်နိုင်သော နေရာ၌ ဆုတောင်း ပဌနာ မပြုလုပ်ရန် (၆း၅)


(၂) ထပ်ဖန်တလဲလဲ မဆိုရန် (၆း၇၊၈)

(ခ) မည်သို့ ဆုတောင်း ပဌနာပြုရန် (မဿဲ ၆း ၆၊ ၉-၁၃)

(၁) သူများမသိရန် လျှိုး၀ှက်စွာ အဘဘုရားသခင်ထံ ဆုတောင်းရန် (၆း၆)

(၂) သခင်ယေရှု သင်ပေးသော ပဌနာတော်၏ နမူနာအတိုင်း ဆုတောင်းရန် (၆း၉-၁၃)

၄။ ဤစာပိုဒ်တွင် ပါ၀င်သော အရေးပါသည့် စကားလုံးများကို အက္ခရာစဉ် ကျမ်းညွှန်းတွင် ကြည့်လျှင် အထောက်အကူပြုပါသည်။ ဥပမာ “လျှို့၀ှက်သောလူ” နှင့် “သာသနာပလူ” အစရှိသော စကားလုံးများ ဆုတောင်းခြင်းနှင့် ပတ်သက်၍ ၄င်းအကြောင်းကို ဘော်ပြသော အခြားကျမ်းပိုဒ်များ တခုနှင့်တခု နှိုင်းယှဉ်လေ့လာသော် ဆုတောင်းခြင်းနှင့်ပတ်သက်သည့် စစ်မှန်သော သဘောအခြေအနေ ဘုရားသခင်၏ အလိုတော်နှင့်အညီ ရရှိသော ဆုတောင်းခြင်း၏ အဖြေများကို အမှန်တကယ် နားလည်နိုင်မည်။


အခန်းကြီးလိုက် ကျမ်းစာလေ့လာခြင်း ( Bible Study by Chapters )

သမ္မာကျမ်းစာ တအုပ်လုံးတွင် စုစုပေါင်း အခန်းကြီး ၁၁၈၉ ခန်းရှိ၏။ တရက် တခန်းဖတ်သော် ၃ နှစ်အတွင် ကျမ်းစာတအုပ်လုံးကို သေသေချာချာ စေ့စေ့စပ်စပ်လေ့လာနိုင်မည်။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာမည်ဆိုလျှင် ဓမ္မသစ်ကျမ်းကို ဦးစွာဖတ်ရန် အကြံပေးပါသည်။

(၁) အခန်းကြီးတခုလုံးကို သေချာစွာဖတ်ပြီး အဓိကအချက်ကို ရှာယူပါ။

(၂) အခန်းကြီးတခုစီကို ဖတ်သည့်အခါ အဓိက ပါ၀င်သောအကြောင်းရင်း၏ ခေါင်းစဉ်ကိုပေးပါ။ ဥပမာ ရှင်ယောဟန် ခရစ်၀င်ကျမ်းကို ဖတ်နေလျှင် အခန်းကြီးတခုစီ၏ ခေါင်းစဉ်များကို ဤသို့ပေးနိုင်သည်။


အခန်းကြီး ၁ – “ယေရှုခရစ်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်”

အခန်းကြီး ၂ – “ကာနမြို့၌ ကျင်းပသော မင်္ဂလာပွဲ”

အခန်းကြီး ၃ – ” အသစ်မွေးဖွားခြင်း”

အခန်းကြီး ၄ – “ရေတွင်းနားမှ ရှင်မာရိ အမျိုးသမီး”

အခန်းကြီး ၅ – “ဗေသေသ ဒရေအိုင်၌ လူတယောက်ကို ရောဂါပျောက်စေခြင်း”

အခန်းကြီး ၆ – “လူ၅၀၀၀ ကိုကျွေးမွေးခြင်း”

(၃) ဤအခန်းကြီးကို နောက်တဖန်ပြန်ဖတ်ပြီး ၄င်းအခန်း၏ အဓိက ကျောရိုးအချက်အလက် (outline) ကိုရေးချပါ။ ဥပမာ ရှင်ယောဟန် ခရစ်၀င် အခန်းကြီး(၁) ကို ဖတ်သည့်အခါ ကျောရိုးအချက်အလက်ကို ဤသို့ရေးနိုင်ပါသည်။

“ယေရှုခရစ်တော် – ဘုရားသခင်၏ နှုတ်ကပတ်တော်”

(က) ယေရှုခရစ်တော်သည် ထာ၀ရ နှုတ်ကပတ်တော်ဖြစ်သည် (ယော ၁-၉)

(ခ) ယေရှုခရစ်တော်သည် လောကသို့ ကြွလာ၏ (၁၀ – ၁၈)

(ဂ) ရှင်ယောဟန်က ခရစ်တော်ကြွလာမည့်အကြောင်းကို သက်သေခံသည်။ (၁၉ – ၂၈)

(ဃ) ရှင်ယောဟန်က ယေရှုသည် ဘုရားသခင်၏ သိုးသငယ်ဖြစ်သည်ဟု ဆိုသည်။ (၂၉ – ၃၇)

(င) ပဌမဦးဆုံးသော တပည့်တော်များကို ယေရှုခေါ်တော်မူသည်။ (၃၈ – ၅၁)

(၄) အခန်းကြီးတခုကို ဖတ်သောအခါ ဘော်ပြပြီးသော နေ့စဉ်ခွန်အားအတွက် ဖတ်ရန်ဘော်ပြထားသော အကြံပြုချက် အမှတ်(၄) တွင် ပါရှိသောမေးခွန်းများကို မိမိကိုယ်ကို မိမိမေး၍ အဖြေများကို ပေးကြည့်ပါ။ အထူးသဖြင့် ဤအခန်းတွင် လက်တွေ့အသုံးကျနိုင်သည့် အချက်သော၄င်း။ ဓမ္မကြောင်းနှင့် သက်ဆိုင်သော အခက်အခဲပြသနာများကို တွေ့ရာတွင်၄င်း မှတ်ထား၍ ရေးချပါ။


 ထို့နောက် သင်၏ အက္ခရာစဉ် ကျမ်းညွှန်း (concordance) ကိုအသုံးပြုခြင်းအားဖြင့် ကျမ်းပိုဒ်များတွင် ပါ၀င်သော အဓိကစကားလုံးများကို ရှာပြီး ကျမ်းစာ၏ မည်သည့်အပိုင်းများတွင် ဤမေးခွန်း သို့မဟုတ် အခက်အခဲအကြောင်းကို ဘော်ပြသည်ကို လိုက်ရှာပါ။ မှန်ကန်သောအဓိပ္ပါယ်ကို ရရန်အတွက် ကျမ်းပိုဒ် တခုနှင့်တခုကို နှိုင်းယှဉ်ပါ။ အရေးကြီးသော အခန်းကို နားလည်နိုင်ရန် ရှေ့တွင်ရှိသော အခန်းကို ၄င်း၊ နောက်တွင်ပါသော အခန်းကို၄င်း ယှဉ်တွဲ၍ ဖတ်ရှုလေ့လာသင့်သည်။


၃။ သမ္မာကျမ်းစာ၏ အနက် အဓိပ္မါယ် ကောက်နှုတ်ရန် အခြေခံမူများ ( Principles of Bible Interpretation )

၃။ သမ္မာကျမ်းစာ၏ အနက် အဓိပ္မါယ် ကောက်နှုတ်ရန် အခြေခံမူများ ( Principles of Bible Interpretation )

(၁) သမ္မာကျမ်းစာသည် ဘုရားသခင်၏ မမှားနိုင်သော၀ိညာဉ်တော်မှုတ်သွင်းပေးသော နှုတ်ကပတ်တော်ဖြစ်သည်ကို အစဉ်သတိရပါ၊ သမ္မာကျမ်းစာတွင် အမှားလုံး၀မရှိ။ ဘုရားသခင်က သင့်ကိုသိစေလိုသောအရာများ၊ သိရန်လိုအပါသော ကယ်တင်ခြင်းအကြောင်းနှင့် ခရစ်ယာန်အသက်တာကို ကျမ်းစာတွင် မွတ်ဆိုထားသည်။


(၂) အနက်အဓိပ္မါယ်ကောက်ရန် အခြားမူတခုမှာ သမ္မာကျမ်းစာကို အဓိပ္မါယ်ကောက်သည့်အခါ ရာဇ၀င်နောက်ခံသဘောကို အလေးပေးရန်လိုပါသည်။ ဤနောက်ခံသဘောကို ရှုထောင့် (၃)မျိုးမှ လေ့လာရမည်ဖြစ်ပါသည်။

(က) ကျမ်းပြုသူ၏ ဘ၀အခြေအနေကို လေ့လာပါ။ ဗျာဒိတ်ကျမ်းကိုလေ့လာလိုလျင် ထိုအချိန်ကာလတွင် ရှင်ယောဟန်သည် မည်သည့်နေရာ၌ ရောက်နေသည်၊ ဤဆန်းကြယ်သော ဗျာဒိတ်တော်ကို ဘုရားသခင်မှပေးသောအခါ ရှင်ယောဟန် ဘာလုပ်နေသည်ကို နားလည်ထားရန် အရေးကြီးပေသည်။ (ဗျာဒိတ် ၁း ၁ – ၁၀ ကိုကြည့်ပါ၊)


(ခ) ဒုတိယ ရှုထောင့်မှာ ရေးထားသော အကြောင်းအရာ (သို ့မဟုတ်) အဖြစ်အပျက်များသည် မည်သည့်တိုင်းပြည်တွင် ဖြစ်ပျက်သည်၊ ထိုတိုင်းပြည်၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို နားလည်ရန် လေ့လာရမည်ဖြစ်သည်။ ဥပမာ ရုသ ၀တ္တုကို နားလည်ရန် ထိုတိုင်းပြည်တွင် မုဆိုးမများနှင့် ပတ်သတ်သော ဓလေ့ထုံးစံများ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု စသည့် အကြောင်းအရာများကို လေ့လာရန် အရေးကြီးပါသည်။ ဤအကြောင်းအရောနှင့်ပတ်သတ်၌ ၀တ်ပြုရာကျမ်း (၂၅) နှင့် တရားဟောရာကျမ်း (၂၅) တို ့တွင် ဖေါ်ပြထားပါသည်။

(ဂ) တတိယ ရှုထောင့်မှာ ကျမ်းစာကိုလေ့လာရာ၌ ထိုအချိန်ကာလက တကယ်ဖြစ်ပြက်ခဲ့သော သမိုင်းအခြေအနေနှင့် ဖြစ်ရပ်များပေါ်မူတည်၍ အနက်အဓိပ္မါယ်ကောက်ရန်ဖြစ်သည်။ ဥပမာ ခရစ်၀င်ကျမ်းများကိုလေ့လာသည့်အခါ အရေးကြီးသည့်အချက်မှာ ထိုအချိန်က ပါလေတိနပြည်နယ် တ၀ှမ်းလုံးရှိ ယုဒလူမျိုးများသည် ရောမအင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင် အဖိနှိပ်ခံနေရသည်ကို နားလည်ထားရန်လိုအပ်သည်။


(၃) ကျမ်းတစောင်လုံး၏ ရည်ရွယ်ချက်နှင့် တင်ပြချက်အရ ကျမ်းစာကို အနက်ကောက်ရန်ဖြစ်သည်၊ ကျမ်းတိုင်းတွင် တိကျသောရည်ရွယ်ချက်ရှိကြသည်။ ဥပမာ – ရှင်ယောဟန်သြဝါဒစာ ပဌမစောင် သည် ခရစ်ယာန်များအတွင်သာ ရေးထားသည်ကို သတိပြုရန် အရေးကြီးပေသည်။ (၁ယော၅း၁၃)


(၄) အနက်အဓိပ္မါယ်ဖွင့်ရာတွင် အရေးကြီးသောမူတခုမှာ ကျမ်းချက်တခုတွင်ပါ၀င်သောကျမ်းပိုဒ်များ၏ ရှေ ့နောက် အကြောင်းအရာ ( Context ) ပေါ်မူတည်၍ အနက်ကောက်ရန်ဖြစ်သည်၊ ဥပမာ ဆာလံ ၁၄း၁ တွင် “ဘုရားသခင်မရှိ” ဟုဖေါ်ပြထားသော်လည်း နောက်ပိုင်းတွင် “မိုက်သောသူသည် ထင်တတ်သည်” ကို ဖတ်မှသာ အဓိပ္မါယ်အတိအကျ ပေါ်လွင်လာမည်ဖြစ်သည်။


(၅) စကားလုံး. ဆိုလိုရင်းကို အဓိပ္မါယ်ပေါ် မူတည်၍လည်း အနက်အဓိပ္မါယ်ကို ကောက်ယူပါ။ ဥပမာ – “ဆုတောင်းခြင်း” (Prayer) “ကြားခံဆုတောင်းခြင်း” (Intercession) “ အသနားခံ၍ တိကျသော တောင်းလျောက်ခြင်း” (supplication) အစရှိသော စကားလုံးများ၏ အဓိပ္မါယ် အနည်းငယ်စီ ခြားနားသကဲ့သို ့ဖြစ်သည်။


(၆) သမ္မာကျမ်းစာ၏ အနက်အဓိပ္မါယ်ကို ကောက်နှုတ်သည့်အခါ ဘော်ပြပါအကြောင်းအရောနှင့် ပတ်သက်သည့် အခြားကျမ်းပိုဒ်များအာဖြင့်လည်းကောင်း၊ ကျမ်းစာတအုပ်လုံး၏ ဆိုလိုရင်းအကြောင်းအရ လေ့လာပြီး အဓိပ္မါယ်ကို ကောက်ရမည်၊


ကျမ်းစာကို ဖတ်လျှင် ဘုရားသခင်မှ လူသားတို့ ကယ်တင်ခြင်းရဘို့ရန် ပေးထားသော နည်းလမ်းကို ကျမ်းစာအစမှ အဆုံးအထိ ထုတ်ဖေါ်ပြောဆိုထားသည်ကို နားလည်လာလိမ့်မည်။ နားလည်ရန် ခက်ခဲသော ကျမ်းပိုဒ်များကို တွေ့သောအခါ ကျမ်းစာ၏ ရည်ရွယ်ချက်ကို ခြုံငုံ၍ မြင်တတ်ရမည်။ ဥပမာ – ဓမ္မဟောင်းကျမ်းတွင် ဘော်ပြထားသော သားကောင်ယာဇ်များသည် ကားတိုင်ပေါ်တွင် ခရစ်တော် အသေခံခြင်းဖြင့် ပြည့်စုံခြင်းသဘောကို ပုံဘော်ပေးခြင်းကို ဆိုလိုသည်။


ဤ လွယ်ကူသောနည်းများဖြင့် ကျမ်းစာကို ဖတ်ရှုလေ့လာလျင် မှားယွင်းစွာ နားလည်မှုများနှင့် တဘက်စွန်းကျနားလည်မှုများမှ ကင်းေ၀းစေမည်။ ထို ့အပြင် ဘုရားသခင်နှုတ်ကပတ်တော်တွင် ပါရှိသော ခက်ခဲနက်နဲသည့် ကျမ်းပိုဒ်များ၏ သွန်သင်မှုများကို မှန်မှန်ကန်ကန် နားလည်နိုင်ရန် အထောက်အကူပေးပေလိမ့်မည်၊


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?