ကောင်းကင်နိုင်ငံရောက်ကြောင်းသိခြင်း

မိတ်ဆွေသည် ထာ၀ရ အသက်ရရှိ ခဲ့ကြောင်းနှင့် သေသော အခါ ကောင်း ကင်နိုင်ငံတော်သို့ ရောက် မည်ဖြစ်ကြောင်းကို မိတ်ဆွေသေ ချာစွာ သိရှိပါသလား။ ထိုသို့သေချာသိရှိရန် ဘုရားသခင်က အလိုတော်ရှိ သည်။ သမ္မာကျမ်းစာက “ဘုရား သခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာ၀ရ အသက်ကို ကိုယ်တိုင် ရသည်ဟု သိစေခြင်းငှာ ဤအရာ များကို သင်တို့အား ငါရေး ၍ပေးလိုက်၏” (၁ယောဟန်၊ ၅း၁၃)။ မိတ်ဆွေ သည် ယခုဘုရား သခင် ၏ရှေ့တော်မှောက်

၌ ရပ်၍ ဘုရား သခင်က “အဘယ့်ကြောင့် ငါမင်း ကိုကောင်း ကင်နိုင်ငံတော်သို့ ၀င်ခွင့်ပြုရ မည်နည်း” ဟုမေးမြန်း

သည်ဆိုကြပါစို့။ မိတ်ဆွေသည် မည်ကဲ့သို့ဖြေဆိုရ မည်နည်း။ မည်သို့ပြန်ဖြေရမည်ကိုမသိဘဲ မိတ်ဆွေသည် ကြောင်အမ်းအမ်းအနေအထားသို့ရောက်နိုင်ပေမည်။ မိတ်ဆွေသိရှိရန် လိုအပ်သောအချက်သည် ဘုရားသခင်က ကျွန်ုပ်ကိုချစ်၍ သူပြင်ဆင်ထားခဲ့သော လမ်းကိုလျှောက်ခြင်းအားဖြင့်ကျွနု်ပ်တို့သည်ထာ၀ရကာလတွင် မည်သည့်နေရာသို့ရောက်ကြမည်ကိုသိရှိခြင်းဖြစ် သည်။ ဤအကြောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ ပြောထားပါသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာ၀ရ အသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီ သားတို့ကို ချစ်တော်မူ၏” (ယောဟန် ၃း၁၆)။


ကျွန်ုပ်တို့သိရှိရန်လိုအပ်သော၊ မသိခဲ့သောပြသာနာက ကျွန်ုပ်တို့နှင့် ကောင်းကင်နို်င်ငံတော် ကွာေ၀းစေပါ သည်။ ထိုပြသာနာသည် ကျွန်ုပ်တို့၏ဇာတိက ကျွန်ုပ်တို့နှင့် ဘုရားသခင်တို့၏ မိတ်သာဟာရဖွဲ့ခြင်းကို ပျက်ပြားစေ သည်။ကျွန်ုပ်တို့သည် သဘာ၀အလိုအလျောက်အားဖြင့်ဖြစ်စေ၊ မိမိရွေးချယ်မှုအားဖြင့်ဖြစ်စေ၊ အပြစ်ကျေးကျွန်ဘ၀သို့ ရောက်ရှိသောသူများဖြစ်သည်။ “အဘယ့်ကြောင့်နည်းဟူမူကား လူအပေါငး်တို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့ တော်၌ အသေရေပျက်ကြပြီ”(ရောမ၊ ၃း၂၃)။


ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမကယ်တင်နိုင်ပေ။” ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်သည်မဟုတ်၊ ဘုရားသခင်၏သနားတော်မူ ရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ(ဧဖက် ၂း၈-၉)။ ကျွန်ုပ်တို့သည် သေခြင်းခံထိုက်သောသူများ၊ ငရဲမီးအိုင်ထဲသို့ပစ်ချခြင်းခံထိုက် သောသူများဖြစ်သည်။ အပြစ်၏အခကားသေခြင်းပေတည်း(ရောမ ၆း၂၃)။


ဘုရားသခင်သည် သန့်ရှင်း၍ တရားလျက်အပြစ်ရှိသောသူတို့ကို ဒဏ်ခတ်တော်မူသော ဘုရားသခင်ဖြစ် သည်။ သို့သော်သူက ကျွန်ုပ်တို့ကိုချစ်၍ ခွင့်လွှတ်ခြင်းတရားကို ပြင်ဆင်ပေးခဲ့ပါသည်။ သခင်ယေရှုက “ငါသည် လမ်း ခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” (ယောဟန် ၁၄း၆)ဟုပြောထားပါသည်။ ကားတိုင်တော်ပေါ်တွင် ကျွန်ုပ်တို့အတွက် အသေခံခဲ့သည်။


“ခရစ်တော်သည်ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ၀ိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက် တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ခြင်းငှာ ဖြောင့်မတ်သောသူသည် မဖြောင့်မတ်သောသူ တို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏” (၁ပေ ၃း၁၈)။ သခင်ယေရှုသည် သေခြင်း မစ္စုန်မာန်ကိုအောင် ၍ထမြောက်ခဲ့သည်။ “ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကိုခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်းထမြောက်တော်မူ၏” (ရောမ၊ ၄း၂၅)။


ထို့ကြောင့်မေးထားသော မေးခွန်းကိုပြန်ကြည့်ကြပါစို့။ ၄င်းသည် “ကျွန်ုပ်သည်သေသောအခါ ကောင်းကင်နိုင်ငံတော်သို့ ဘုန်းတော်၀င်စားလိမ့်မည်ဟု သေချာကြောင်းကို မည်သို့သိရှိနိုင်မည်နည်း။” အဖြေသည် သခင်ယေရှုခရစ်တော်ကိုယုံကြည်လျှင် မိတ်ဆွေသည် ကယ်တင်ခြင်းရရှိသည် (တမန်၊ ၁၆း၃၁)။ ထိုသူကို လက်ခံ သမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသော အခွင့်ကိုပေး တော်မူ၏” (ယောဟန် ၁း၁၂)။ မိတ်ဆွေသည် ထာ၀ရအသက်ကို အခမဲ့ပေးအပ်သော ဆုကျေးဇူးအဖြစ် ရယူနိုင်သည်။


ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကားငါတို့သခင်ယေရှုခရစ်အားဖြင့် ထာ၀ရအသက်ပေ တည်း” (ရောမ ၆း၂၃)။ ယခုမိတ်ဆွေသည် ကြွယ်၀သော အသက်တာနှင့် အဓိပ္ပါယ်ရှိသောအသက်တာဖြင့် အသက်ရှင်နိုင်သည်။ ယေရှုက “ငါမူကား သူတို့သည် အသက်လွှတ်ရုံမျှသာမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ ငါလာသတည်း” (ယောဟန၊် ၁၀း၁၀) ဟုပြောခဲ့ပါသည်။ သခင်ယေရှုက “ငါသည်သွား၍ သင်တို့နေရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါထံသို့ သိမ်းဆည်းမည်” ဟုကတိပြုခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် အတူထာ၀ရကာလအတွင်း ကောင်းကင်နိုင်ငံတော်၌စိုးစံကြပါလိမ့်မည်။


မိတ်ဆွေသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံလို၍ ဘုရားသခင်ထံမှ လွှတ်ငြိမ်း ခြင်းအခွင့်ရယူလိုလျှင် ဤသို့ဆုတောင်းပါ။ ယုံကြည်ခြင်းမပါဘဲ ဆုတောင်းခြင်း သို့မဟုတ် တခြားဆုတောင်းခြင်းဖြင့် မိတ်ဆွေကို မကယ်တင်နိုင်ပေ။ ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းကသာ မိတ်ဆွေကိုအပြစ်နွှံထဲ မှ ကယ်တင်နိုင်ပါ သည်။ ဤဆုတောင်းခြင်းသည် မိတ်ဆွေက ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းနှင့် သူပြင်ဆင်ပေးထားသော ကယ်တင်ခြင်းတရားအတွက် ကိုယ်တော်ကိုကျေးဇူးတင်စကားပြောခြင်းဖြစ်သည်။


“ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော်ကိုပြစ်မှားကြောင်းနှင့် ထိုအပြစ်တရားအတွက် တရားစီရင်ခြင်းပြစ်ဒဏ်ကို ကျွန်ုပ်သည် ခံထိုက်ကြောင်း ကျွန်ုပ်သိပါ၏။ ကျွန်ုပ်ခံထိုက်သော အပြစ်အကြွေးအားလုံးကိုသခင်ယေရှုခရစ်တော်က ယူဆောင်သွားခဲ့သောကြောင့် ကျွန်ုပ်သည် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် လွှတ်ခြင်းအခွင့်ရပါ၏။ ကျွန်ုပ်သည် အပြစ်ဒုစရိုက်နွံထဲမှ ရုန်းထွက်၍ ကယ်တင်ခြင်းရရှိရန် ကိုယ်တော်ကို ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏အံ့သြဖွယ်သော ကျေးဇူးတော်တရားနှင့် ခွင့်လွှတ်ခြင်းတရား၊ ထာ၀ရအသက်ဆုကျေးဇူးတော်အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏! အာမင်!


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?