“အနာသိလျှင်ဆေးရှိသည်”
တခါကဖါရိရှဲ ရှိမုန်သည်၊ ယေရှုဘုရားကို ခေါ်ပင့်၍ စားပွဲ၌ လျောင်းတော်မူ၏။ ထိုစားပွဲ၌ လျောက်တော်မူသည်ကို ထိုမြို့၌ ဆိုးသော မိန်းမ တယောက်သည်သိလျှင်၊ ဆီမွှေး၊ ကျောက်ဖြူ ခွက် တလုံးကို ယူခဲ့၍၊ နောက်တော်၌ခြေတော် အနီးမှာရပ်လျက် ငိုကြွေးလေ၏။ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင်၊ မိမိဆံပင်နှင့် သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလေ၏။
ချစ်သောဓမ္မမိတ်ဆွေ၊ ဤဆိုးသော မိန်းမ၌၊ အဘယ်မည်သော
ရောဂါရှိ၍နာကြင်လျက်၊ ငို ကြွေးပါသနည်း။ ထိုမိန်းမကို၊ မြင်သော ဖါရိရှဲသည်၊ သူမ၏အနာရောဂါကို သိပါသလား။ ကိုယ်တော် ကိုခေါ်ပင့်သော ဖါရိရှဲ ရှိမုန်သည်၊ ဤအဖြစ်အပျက်ကို မြင်သောအခါ၊ ကိုယ်တော်သည် ပရောဖက်မှန်လျှင်ခြေတော်ကိုကိုင်သော ဤမိန်မသည်၊ အဘယ်သို့ သောသူဖြစ်သည်ကို၊ သိလိမ့်မည်။ ဤမိန်း
မသည်၊ ဆိုးသော သူဖြစ်၏ဟု ထင်မှတ်၏။ မှန်ပါသည်၊ ဖါရိရှဲ ရှိမုန်၏ ခန့်မှန်းချက်အတိုင်း၊
ထိုမိန်းမ သည်၊ ပြည့်တန်ဆာမ၊ မိန်းမဆိုးဖြစ်ပါသည်။
သို့သော်၊ သူ့အနာ၊ သူ့ဝေဒနာကို ရှိမုန်မသိခဲ့ပါ။ ထိုမိန်း မ၏ လိုအပ်သောအရာ၊ သူမ၏ ရောဂါဝေဒနာ
ကိုရှိမုန်မရိပ်မိခဲ့ပါ။
သို့သော်ကိုယ်တော်သည် ထိုဆိုးသော မိန်းမ၏ အနာရောဂါကို ကောင်းစွာသိလေသည်။ ထိုမိန်းမသည်၊ ခန္ဓာကို ရောင်းပြီး၊ အသက်မွေးသည်မှာ ကြာကောင်းကြာပေလိမ့်မည်။ ငွေကြေးဥစ္စာ လည်းရှိကောင်းရှိလိမ့်မည်။ ဆီမွှေးကျောက်ဖြူခွက်တလုံးဆိုသည်မှာ ဒေနာရိ အပြားသုံးရာကျော် ဖြင့်သာဝယ် နိူင်သော အရာဖြစ်ပါသည်။ ထိုခေတ်ထို အခါကဒေနာရိတပြားသည်၊ တရက်လုပ်မှ ရရှိသော လုပ်အားခဖြစ်ပါသည်။ သို့ဖြစ်လျှင် ထိုဆီမွှေး ကျောက်ဖြူခွက်တလုံးသည်၊ တနှစ်ပတ်လုံး၊ လုပ်မှရနိုင်သောငွေကြေးဖြစ်ပါသည်။ ထိုဆိုးသောမိန်းမသည်၊ ထိုဆီမွှေးကို ဝယ်နိုင်ခြင်းမှာ၊ ငွေကြေးရှိသော၊ ချမ်းသာသော မိန်းမဖြစ်ကြောင်း ထင်ရှားပါသည်။ တနည်းအားဖြင့်စားနိုင်၊ သောက်နိုင်သောမိန်းမဖြစ်ပေခိမ့်မည်။ သို့သော်၊ လူသူမသိသောရောဂါသည် သူနှလုံးသားထဲမှာ၊
အသဲခိုက်အောင် နာကြင်လျက်၊ မျက်ရည်ကျသည့်အထိ ဖြစ်စေပါသည်။ ထိုအနာ သာ် အပြစ်၏ အနာဖြစ်ကြေင်း ကိုယ်တော်က၊ ကောင်းကောင်းသိလေသည်။
ထို့ကြေင့်ကိုယ်တော်က ထိုမိန်းမအား သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။ သင်၏ယုံကြည်ခြင်းသည်၊ သင့်ကို ကယ်တင်ပြီ။ ငြိမ်းဝပ်စွာသွားလော့ဟု မိန့်တော်မူ၏ (လုကာ ရး၃၆-၅၀)။
ချစ်သာဓမ္မမိတ်ဆွေ၊ သင်၌မည်သို့သော အနာရောဂါစွဲနေပါသနည်း။ သင့်ရောဂါ၊ သင့်ဝေဒနာကို၊ လူသူမသိအောင်ကွယ်ထားတာရှိပါသလား။ ထိုဝေဒနာ အတွက်တယောက်တည်း ကြိတ်မှိတ်ပြီး ခံစားနေပါသလား။ လောက၊ ဒေါက်တာဆရာဝန်များက မသိနားမလည်
သော်လည်း စိတ်မပျက်ပါနှင့်။ ဘုရားရှင်သည် မိတ်ဆွေ၏ လိုအပ်ချက်ကို အကြွင်းမဲ့သိတော်မူ၏။
ချစ်သော ဓမ္မမိတ်ဆွေများ၊ မိမိတို့အသက်တာမှာ၊ အလုပ်၊ လုပ်ကိုင်လျက်နှင့် စားဝတ်နေရေး အဆက်မပြေဘဲ၊ ခက်ခဲခြင်းပြဿနာနှင့် ကြုံ တွေ့နေပါသလား။ ထိုအရာအတွက် အနာသိလျှင်၊ ဆေးမရှိပါသည်။
ဣသရေလ လူမျိုးတို့သည် ဘုရားသခင်၏ စကားကိုနားမထောင်သောကြောင့် (586 B.C) မှာ ဗာဗုန်လုန်သို့ ကျွန် အဖြစ်သိမ်းပိုက့်ခင်းခံခဲ့ကြလေသည်။ ဣသရေလ လူတို့သည် နှစ်ပေါင်း (၇၀) ကြာပြီးမှ၊ ကျွန်ဘဝမှ လွတ်လာခဲ့ပါသည်။ 520 B.C ပတ်ဝန်းကျင်မှာ
ပရောဖက်ဟဂ္ဂဲ ပေါ်ထွန်းပြီး၊ ဣသရေလ လူတိုပ၏ အားနည်းချက်အပြစ်များကို ဖေါ်ထုတ်လေသည်။ (whose name means my feast) ဖြစ်လေသည်။ ဟဂ္ဂဲနာမည်၏
အဓိပ္ပါယ်မှာ၊ စားသောက်ပွဲကြီးဟုဆိုလိုပါသည်။ ပရောဖက် ဟဂ္ဂဲသည် ဗာဗုန်လုန်သို့ သိမ်းသွားခြင်းကိုခံပြိးနောက်
ခါနာန်ပြည်သို့ပြန်ရောက်လာသော ဣသရေ လ လူတို့ကို စောပြောနေခြင်းဖြစ်လေသည်။ သူအဓိက ဟောပြောရသည့်
အကြောင်းရင်းမှာ၊ ဣသရေလ လူတို့သည်၊ ဦးစားပေးလုပ်ဆောင်ရမည်ကို မလုပ်ဘဲ၊ မိမိတို့ကိုယ်ကျိုးကိုသာ
ဦးစားပေးလုပ်ဆောင်နေခဲ့ခြင်းများကို သတိပေးဟောပြောခဲ့သည်။
ဣသရေလ လူတို့သည်၊ ထာဝရဘုရားအိမ်တော်ကို သီးစားပေးလုပ်ရမည့် အစား၊ မိမိတို့နေအိမ်များအတွက်၊ ဆောက်လုပ်ခြင်း၌သာ အချိန်ကုန်နေခဲ့သည်ကို၊ အမှားထောက်ပြ၍၊ ဆုံးမခဲ့ခြင်းဖြစ်လေသည်။ ဤသို့ဦးစားပေး၊ မှားယွင်းခြင်းကြောင့် ဖြစ်လာသော
အကျိုးဆက်များ၊ တနည်းအားဖြင့်၊ သူတို့၏အနာရောဂါများကို၊ ပရောဖက်ဟဂ္ဂဲ သည် မီးမောင်းထိုးပြခဲ့လေသည်။
ယခုမှာ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကိုယ်ကျင့်တို့ကို ဆင်ခြင်ကြလော့။
သူတို့သည် များစွာကြဲသော်လည်း -- အသီးအနှံနည်းပါးရ၏။
စားရသော်လည်း -- ဝစွာမစားရ။
သောက်ရသော်လည်း -- ဝစွာမသောက်ရကြ။
အဝတ်ကို ဝတ်ရသော်လည်း -- နွေးစွာမဝတ်ရကြ။
အလုပ်၊ လုပ်၍အခရသော်လည်း -- မလုံသောအိတ်ထဲမှယ သိူ ထားရကြ၏ ( ဟဂ္ဂဲ ၁း ၅-၆)။
(တနည်းအားဖြင့် အိတ်ပေါက်နှင့် ဖါးကောက်သကဲ့သို့ဖြစ်၏)။
ချစ်သော ဓမ္မမိတ်ဆွေများ၊ “အခနာသိလျှင်ဆေးရှိ၏” ဟူသောစကားအတိုင်း၊ ဣသရေလ လူတို့၏ အားနည်းချက်ကို၊ ဟဂ္ဂဲသည် ဘုရားသခင်ဖွင့်ပြသောကြောင့်၊ ကောင်းမွန်စွာဖေါ် ထုတ်ခဲ့ လေသည်။ ထို့ အပြစ်ရောဂါကြောင့်
ဣသရေလ လူတို့သည်၊ ဘုရားသခင်၏ ကျိန်ခြင်း အမင်္ဂလာကို၊ ခံစာရလေသည်။
ထို့ကြောင့်သူတို့ အပေါ်မှာ၊မိုးခွေင်းသဖြင့်၊ နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။ မြေပေါ်၌ ၎င်း၊ တောင်ပေါ်၌၎င်း၊ ဆန်စပါး၊ ချိုသောစပျက်ရည်၊ ဆီအပေါ်၌၎င်း၊ မြေထဲကထွက်သမျှ အပေါ်၌၎င်း၊ လူသတ္တဝါ တရိစ္ဆာန်အပေါ်၌၎င်း၊ လုပ်ဆောင်သမျှအပေါ်၌၎င်း၊ သွေ့ခြောက်ခြင်းဘေး
ကိုငါမှာလိုက်လေပြီဟု မိန့်တော်မူ၏ (ဟဂ္ဂဲ ၁း၁၀-၁၁)။
ချစ်သောဓမ္မမိတ်ဆွေ၊ သင်သည်လည်း၊ အလုပ်၊ လုပ်လျက်နှင့်စားဝတ်နေရေး ခက်ခဲနေပါ သလား။ ရသမျှလုပ်ခများ၊ အသုံးမခံဘဲ ဖြစ်နေပါသလား။ သင်တို့သည် များစွာရမည်ဟု မြော်လင့်စော်လည်း၊ ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ရောက်သောအခါငါမှုတိလိုက်၏။
အဘယ်ကြောင့်နည်းဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာ)ရမေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသော
ကြောင့်၎င်း၊ အသီးအသီးမိမိတို့အိမ်သို့ ပြေးသောကြောင့်၎င်းဖြစ်သတည်း။
ချစ်သောဓမ္မမိတ်ဆွေ၊ ဓမ္မဟောင်းကာလတွင် ထာဝရဘုရားသခင်သည်၊ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူ၏။ ထို့ကြောင့်ဘုရားသခင်ကျိန်းဝပ်ရာ၊ ဗိမာန်ပျက်စီးသောအခါ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ သဘာဝ၊ ရာသီဥသုတိုင်အောင်ဖေါက်ပြန်
လျက်ရှိ၏။
သို့သော်ယခုဓမ္မသစ်ကာလတွင်၊ ဘုရားသခင်သည် ဗိမာန်တော်၌အမြဲမနေ။ ယေရှုခရစ် အသေခံ သောနေ့တွင်၊ ယေရုစလင်မြို့ရှိ၊ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏ (မဿဲ ၂ရး၅၁)။ ထိုအချိန်မှစ၍၊
ယနေ့တိုင်အောင်၊ ဘုရားသခင်သည်။ လူလက်နှင့် လုပ်သောဗိမာန်၍ ကျိန်ဝပ်တော်မူသည်မဟုတ်။
လောကဓါတ်မှစ၍၊ လောကဓါတ်၍ရှိလေသမျှသော အရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည်၊ ကောင်းကင်နှင့်
မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်
(တ ၁ရး၂၄)။
ထို့ကြောင့်ယခု အချိန်မှာ လူလက်နှင့်လုပ်သော ဗိမာန်ပျက်စီးရုံနှင့်၊ မိမိတို့ အသက်တာ၌ အထက်ပါကျိန်ခြင်း မျိုးခံစားရမည်မဟုတ်။ ယနေ့အချိန်မှာ၊ သန့်ရှင်း သောဝိညာဉ်တော်၏ ဗိမာန်တော်နှင့်ဘုရားသခင်၏ ဗိမာန်တော်ဟူ၍၊
နှစ်မျိုးရှိလေသည်။ “ သင်တို့ကိုယ်ခန္ဓာသည်
ဘုရားသခင်ပေးသနားတော်မူသော၊ ဝိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌၊ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏၊
ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို၊ မိမိတို့မပိုင်ကြောင်းကို၎င်း မသိကြသလော” (၁ကော ၆း၁၉-၂၀)။
ထိုပကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်သော ကိုယ်ခန္ဓာ ၊ သည်၊ မတရားသောမေထုန်မှီဝဲပြီး၊ ပြည့်တန်ဆာ၏ အင်္ဂါ မဖြစ်စေအပ်။ အဘယ်ကြောင့်ဆိုသော် ငါတို့ ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်၏ (၁ကော
၆း၁၅)။ သို့ဖြစ်၍၊ ကိုယ်ခန္ဓာကို ဖျက်ဆီးခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ကို
ဖျက်ဆီးရာရောက်၏။ ချစ်သောဓမ္မမိတ်ဆွေ၊ သင်သည်၊ အရက်၊ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေးဝါး
တခုခုအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်တည်းဟူသော မိမိကိုယ်ခန္ဓာကို ဖျက်ဆီးနေပါသလား။
ထိုသို့ဖျက်ဆီးလျှင် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည် သာမက၊ လုပ်လေရာရာမှာ၊ အောင်မြင်ခြင်းမရှိဘဲ၊
ဆုံးရှုံးနေ သူဖြစ်ပေ လိမ့်မည်။
နောက်တဖန်၊သင်တို့သည်၊ ဘုရား သခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ ဘုရား သခင်၏ ဝိညာဉ်တော်သည်၊ သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသ်ကြသလော။ အကြင်သူသည်၊ ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်။
ဘုရားသခင်၏ ဗိမာန်တော်သည်၊ သန့်ရှင်းရ၏။ သင်တို့သည်
လည်း၊ ထိုဗိမာန်တော်ဖြစ်ကြ၏ (၁ကော ၃း၁၆-၁၇)။
ဘုရားသခင်၏ဗိမာန်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်သည် ကွာခြားပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ဗိမာန်သည်၊ ယုံကြည်သူတဦးစီ၏ ကိုယ်ခန္ဓာဖြစ်ပြီး၊ ဘုရားသခင်၏ ဗိမာန်တာ်သည်၊ ယုံကြည်သူ လူစုကို ဆိုလိုပါသည်။
ထို့ကြောင့်ခရစ်တော်ယေရှုက ဤသို့ မိန့်ဆိုခဲ့လေသည်။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးတို့သည်
ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟုမိန့်တော်မူ၏ (မဿဲ ၁၈း၂၀)။
သို့ဖြစ်၍ဘုရားသခင် ကျိန်းဝပ်ရာ ဗိမာန်သည် ယုံကြည်လျှင်စုကို ဆိုလို၏။ ထိုကြောင့် ယုံကြည်သူလူစုထဲမှာ မပါလျှင်၊ ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီးရာရောက်၏။ ထို့ကြောင့် ယုံကြည်သူလူစုနှင့် အတူအမြဲစည်းဝေးရပါမည်
(ဟေဗြဲ ၁၀း၂၄-၂၅) ယုံကြည်သူလူစုသည် ဘုရားသခင် ဗိမာန်ဖြစ်သောကြောင့်၊ ထိုလူစုကို ပျက်ပြားအောင်
လုပ်ခြင်း၊ အစည်းအဝေး၊ ဖျက်လိုဖျက်ဆီးလုပ်သူများ၊ ဘုရားသခင်၏ ဖျက်ဆီးခြင်းကိုခံရမည်
၉၁ဆကာ ၃း၁၇)။
ချစ်သောဓမ္မ မိတ်ဆွေ၊ ယခုကဲ့သို့၊ အလုပ်ကိုပင်ပန်းကြီးစွာ လုပ်ဆောင်လျက်နှင့် မလောက်မင ဖြစ်နေရခြင်း အကြောင်းရင်း၊ (ဝါ) မိမိ၏ အားနည်း ချက်၊ အပြစ်ရောဂါ ကိုတွေပြီလား။ အနာသိပြီဆိုလျှင် ဆေးဧကန်အမှန်ရှိ၏။
တချိန်ကဗိမာန်တော် ပျက်စီးသောကြောင့်၊ ကျိန်ခြင်းခံရသော ဣသရေလ လူမျိုးများအတွက် ပရောဖက် ဟဂ္ဂဲ၊ အနေဖြင့်ကုသရမည့်ဆေးပေးခဲ့လေသည်။
ထိုဆေးမှာအခြားမဟုတ်။ ပျက်စီးနေသော ဗိမာန်ကိုပြန်လည် တည်ဆောက်ဘို့ဖြစ်လေသည်။ ထိုဗိမာန်ကို ပြန်ဆောက်သည့်နေ့မှစ၍၊ ရှေ့ကိုမျော်ကြည့်ဆင်ကြပါလော။ ဆင်ခြင်ရမည့် အကြောင်းအရာဟူမူကား စပါးကျီ၌ စပါးရှိသလော။ မရှိ၊ စပျစ်ပင်၊ သင်္ဘောပင်၊
သဖန်းပင်၊ သလဲပင်၊ သံလွင်ပင်ကို ငါကောင်းကြီးပေးမည်ဟုမိန့်တော်မူ၏ (ဟဂ္ဂဲ ၂း၁၈-၁၉)။
ထို့အတူ ယနေ့တွင် ကျွနု်ပ်တို့သည်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်နှင့် ဘုရားသခင်၏ ဗိမာန်ကိုပြန်လည်တည်ဆောက်မှသာ လျှင်၊ ယနေ့ပြိုပျက်၊ ပျက်စီးနေသော၊ လူမှုရေး၊ စီပွားရေး၊ အိမ်ထောင်ရေး၊ စားဝတ်နေရေးများ့ပန်လည်နာလံထူနိုင်ပေလိမ့်မည်။
ချစ်သောဓမ္မမိတ်ဆွေ၊ သင်၏အလုပ်အကိုင်၊ သင်၏ကျန်းမာရေး၊ သင်၏စား ဝတ်နေရေး၊ ပြေလည်လိုပါသလား၊ ယခုအနာနှင့်ဆေးကို နှုတ်ကပတ်တော်အားဖြင့် သိခဲ့ရပြီ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်သော ကိုယ်ခန္ဓာကို၊
အရက်၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ ကွမ်းယာနှင့်ဖျက်ဆီးနေပါက၊ ထိုအရာများကို စွန့်ပစ်ပါ၊
စွန့်ပစ်ချင်သော ဆန္ဒနှင့် ခွန်အားကို ဘုရားသခင်ပေးတော်မူလိမ့်မည် (ဖိ ၂း၁၃)။
ထို့အတူဘုရားသခင်ဗိမာန်တော်ဖြစ်သော ယုံကြည်သူ လူစုထဲမှာ၊ မပါလျှင်၊ ယနေ့ မှစ၍ပါဝင်ပါ။ တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ ဆုတောင်းပဌနာပြုခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်ဿဟာယဖွဲ့ခြင်းကို ယနေ့ ပင်အစပြုပါ၊ သို့ပြုလျှင်ရှေ
့ကို မျှော်ကြည်ဆင်ခြင်ပါ။ ဘာမျှမရှိသောအခြေအနေမှ၊ ဘုရားရှင်၏ ဂတိတော်နှင့် အညီကောင်းကြီး
မင်္ဂလာကို ဧကန်မုချခံစားပါလိမ့်မည်။
ဘုရား သခင်သည်၊ မိတ်ဆွေ၏၊ အတွင်းထဲမှာရှိသော အနာရောဂါကို သိတော်မူ၏။ အရှင်ယေရှုသည် ဆိုးသောအမျိုးသမီး၏ အပြစ်ရောဂါကို၍ကူသပေးခဲ့သည့်နည်းတူ၊ မိတ်ဆွေရောဂါ ကိုလည်းကူသပေးချင်ပါ၏။ မိမိရောဂါ၊
မိမိအားနည်းချက်ကို သိပြီဆိုလျှင်၊ ငါတို့၏ အနာငြိမ်းစေသူ၊ အရှင်ယေရှုထံအပါနှံပါ။ အရှင်ယေရှုသည်၊ ကူသပေးပါလိမ့်မည်။
ငါသည်သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်၏ (ထွက် ၁၅း၂၆)။
ဤဆောင်းပါးကိုဖတ်ရှုသူတိာင်း အနာကိုသိ၍ နှုတ်ကပတ်တော်ဆေးအားဖြင့်၎င်း၊ ထာဝရဘုရား၏တန်ခိုးတော်အားဖြင့်၎င်း၊ အနာရောဂါငြိမ်းနိုင်ကြပါစေ။
Rev. Dr. ပေါလ်ခေကျိုင်း
Comments
Post a Comment