နိုင်ငံတော်၏အမွေအနှစ်
လောကကြီးတွင် ဘုရားသခင်၏ အကြောင်း ကိုသာသိပြီး ဘုရားသခင်နှင့် ပုဂ္ဂိုလ်ချင်းထိတွေ့မှုမရှိသေးသူများရှိသလို ဘုရားသခင်ကို သိရှိယုံကြည်၍ ဘုရားသခင်၏သားသမီးဖြစ် ပြီးမှ အဖ၏အိမ်ထောင်နှင့်စည်းစိမ်ကိုစွန့်ခွာ ပြီးလောကထဲသို့ ထွက် သွားမိခြင်းကြောင့် ဘုရားသခင်ထံမှခံစားရမည့်ကောင်းချီး မင်္ဂလာ ကမျိုးစုံကို လက်လွှတ်ဆုံးရှုံး ရသူများ လည်းရှိပေသည်။
သို့သော် အခြားတစ်ဘက်က ဘုရားသခင်၏မေတ္တာဖြင့် ပြင်ဆင်ထားသောနိုင်ငံ
တော်၏ နက်နဲမှုနှင့်ကြီးမားသော အကျိုးရလဒ် ကိုသိရှိရပြီး လက်တွေ့ခံစားကြရသောလူနည်းစုလေးလည်းရှိပါသည်။ဒုက္ခသစ္စာ
ဘုရားသခင်ကိုမသိရှိသေးသော လောကသားများသာလျှင် ဒုက္ခပြဿနာနှင့် ကြုံတွေ့ကြသည်မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ကြသောသားသမီးများလည်း ဒုက္ခပြဿနာနှင့် ကြုံတွေ့ကြတတ်ပါသည်(ဟေဗြဲ၊ ၁ဝး၃၂)။ သို့သော် ဒုက္ခရောက်ရသည့် အကြောင်းရင်းချင်းမတူကြပါ။ ပထမအကြောင်းအရင်းမှာ ဘုရားသခင်၏စကားကိုနားမထောင်၊ အလိုတော်လမ်းသို့မလိုက်ခြင်း ကြောင့်ဒုက္ခပြဿနာ ကြုံရခြင်းဖြစ်သည်။ ထိုမှားယွင်းသောလမ်းမှနောင်တရ၍ ဘုရားသခင် ဘက်သို့ပြန်လှည့်လာရန် ဘုရားသခင်ကပြန်ဆင်ခြင်ဖြစ်သည်။
နောက်အကြောင်းအရင်းတစ်ခုမှာ ဘုရားသခင်၏ သားသမီးဖြစ်ပြီးမှ ဒုက္ခနှင့်အခက်အခဲ ပြဿနာကြုံတွေ့ရသူများမှာမူ ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ သက်သေကို လောကဓံတရားနှင့် ဒုက္ခများကြားမှခံစားနိုင်ဖို့ရန် ဖြစ်ပေသည်။ ဘုရားသခင်၏နာမကြောင့်အခက်အခဲ ပြဿနာနှင့်ကြုံ တွေ့ရခြင်းသည် အမင်္ဂလာမဟုတ်ဘဲ မင်္ဂလာသာဖြစ်သည်။ ထိုဒုက္ခများကြားတွင် ဘုရားသခင်၏သစ္စာ တရားကိုနားလည် ဖို့ရန်အတွက်ဖြစ်ပေသည်။
သတို့သမီးဆယ်ဦး
(မဿဲ၊ ၂၅)တွင် သတို့သမီးဆယ်ဦးအကြောင်းဖေါ်ပြထားပသါည်။ ငါးဦးမှာပညာရှိဖြစ်ကြပြီး၊ ကျန်ငါးဦးမှာလူမိုက်ဖြစ် ကြသည်။ ‚င်းတို့အားလုံးသည် မီးခွက်များကိုကိုယ်စီယူကြသော်လည်း ပညာရှိသော သတို့သမီးငါးဦးက မီးခွက်အပြင်ဆီဘူးကို လည်းယူပါသည်။ မိုက်သောသတို့သမီးများက ဆီဘူးကိုမယူကြပါ။ သန်းခေါင်ယံ၌ သတို့သား လာသောအခါ သူတို့အားမီးခွက် များကို ကိုယ်စီထွန်းညှိကြပါသည်။ ဆီးဘူးမယူလာသောသတို့သမီးများ၏မီးခွက်သည် ခေတ္တသာထွန်းတောက်ပြီး မီးသေသွားပါ သည်၊ ဤပုံပမာထဲမှဆီသည် ခရစ်ယာန်အသက်တာအတွက် လွန်စွာအရေးကြီး သော ဝိညာဉ်တော်ကိုပုံဆောင်ပါသည်။
ယနေ့မိရိုးဖလာအရ ဓမ္မအမွေကိုခံစားကာ ခရစ်ယာန်ဖြစ်လာကြသူများစွာရှိကြရာ၌ အသက်တာ တွင်ဝိညာဉ်တော်ကို မခံစား၊ နားမလည်သူများစွာရှိပါသည်။ ထိုသက်သေကိုခံစားရန်မှာ မိမိသည်အပြစ်သားဖြစ်ကြောင်း ရှေးဦးစွာသိမြင်ဝန်ခံဖို့လို ပါသည်။ ထို့ပြင် အပြစ်ကြောင့်အပါယ်၌ ထာဝရပြစ်ဒဏ်ခံစားရမည်ကိုသိရှိ၍ ကြောက်ရွံ့သော စိတ်ဖြင့် သခင်ခရစ်တော်မှတစ်ပါး အခြားသောကယ်တင်ရှင်မရှိကြောင်းသိမြင်ဝန်ခံလျက် မိမိ၏နှလုံးသားအတွင်း သို့ခေါ်ဖိတ်လက်ခံပြီး နေရာပေးမည်ဆိုပါက သန့်ရှင်းသောဝိညာဉ်တော်၏သက်သေကို နှလုံးသားအတွင်း၌ ခံစားရသည် သာမက တမလွန်အရေးအတွက်လည်း စိတ်အေးချမ်းသာမှုကိုခံစားရပေမည်။
နာမတော်ကိုရိုသေပါ
ဘုရားသခင်၏သားသမီးတစ်ဦးအနေနှင့ ဝိညာဉ်တော်၏သက်သေကို နှလုံးသားအတွင်းခံစားရပြီးနောက် အရေးကြီး သည့်အရာတစ်ခုမှာ နာမတော်မြတ်ကို ကြောက်ရွံ့သောသဘောဖြင့် ဘုရားရှင်အားရိုသေလေးမြတ်ဖို့လိုပါသည်။ ဘုရားရှင်သည်ကြီးမြတ်သောအရှင၊ တန်ခိုးအနန္တနှင့်ပြည့်စုံသောအရှင်ဖြစ်ပါသည်။ ကြောက်ရွံ့သည်ဟုဆိုရာ၌ ဘုရားသခင်က အပြစ်ပေးဒဏ်ခတ်မည်ကို ကြောက်ရွ့ံရန်မဟုတ်ပါ။
ကျွနု်ပ်တို့၏အားနည်းမှားယွင်းမှုကြောင့် ကိုယ်တော်ရှင် ဝမ်းနည်းမည်ကိုကြောက်ရွံ့ပါ။ ဘုရားသခင်၏ကောင်းမြတ်ခြင်းများကိုမချီးမွမ်းမိဘဲ ကျန်သွားမည်ကိုကြောက်ရွံ့ပါ။ နာမတော် ထိပါးမည်ကိုကြောက်ရွံ့ပါ။ ဘုရားရှင်သည်ကြောက်ရွံ့ရိုိသေထိုက်သောဘုရားရှင်ဖြစ်၍ နှလုံးသားအတွင်းမှ ကြောက်ရွံ့သော သဘောဖြင့် ရိုသေလေးမြတ်ဖို့သတိပြုပါ။ ဘုရားရှင်၏ကောင်းမြတ်ခြင်းကိုချီးမွမ်းဖို့ အကြွေးမတင်မိ ရန်သတိပြုပါ။
ကောင်းကင်ဘဏ္႑ာဆည်းပူးပါ
နှုတ်ကပတ်တော်၌ ကျွနု်ပ်တို့၏စိတ်နှလုံးသည် ကျွနု်ပ်တို့၏ ဥစ္စာဘဏ္႑ာရှိသောနေရာ၌ ရောက်နေကြောင်းသတိပေးပါ သည်။ အချို့သူများသည် လောကတွင်ငွေကြေးဘဏ္႑ာများစွာစုဆောင်၍ ကြွယ်ဝလာသည့်အခါ ထိုအရာများကိုအမှီပြုကိုးစား ပြီးအသက်ရှင် မိကြပါသည်။ လောကီဥစ္စာ ဘဏ္႑ာများသည် ပျောက်ပျက်သွားနိုင်ကြောင်း၊ စစ်မှန်သောအာမခံချက်ကို မပေးနိုင်ကြောင်း သမ္မာကျမ်းစာကသွန်သင်ထားပါသည်။ ထို့ကြောင့် ကျွနု်ပ်တို့ယုံကြည်သူများအနေနှင့် တစ်ခဏတာခံစားရ မည့်ကောင်းကောင်းဘဏ္႑ာကိုဆည်းပူးသိုမှီးထားကြရန် ဘုရားသခင်အလိုတော်ရှိပါသည်။
ကောင်းကင်အကျိုးရလဒ်ကိုမျှော်၍ ဘဏ္႑ာစုဆောင်းတတ်သူများမှာ ပေးကမ်းစွန့်ကြဲ တတ်သောသူများဖြစ်ကြသည်။ မိမိ၏လိုအပ်ချက်နှင့်အတ္တကိုရှေ့တန်းမတင်ဘဲ အခြားသူများ၏လိုအပ်မှုကိုကြည့်ရှုသိမြင်ကာ ပါဝင်တတ်သူများမှာ ကောင်းကင် ဘဏ္႑ာကိုစုဆောင်းတတ်သူများဖြစ်ကြပေသည်။ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားအတွက်ဦးစားထား၍ ရှာဖွေအသက်ရှင်သူ များကို လောကအသက်ရှင်စဉ်သုံးဆောင်ရန်လိုအပ်သည့် အရာများကိုပေးမည်ဟု ဘုရားရှင်ကတိပြုထားပါသည်။
နိုင်ငံတော်အမွေ
လောက၌ အသက်ရှင်စဉ်ဘုရားသခင်၏နိုင်ငံတော်ထဲကျင်လည်အသက်ရှင်သောအသက်တာသည် လွန်စွာထူးကဲ ကောငး်မြတ်လှပါသည်။ (ရော၊ ၅)တွင် တမန်တော်ကြီးက ဒုက္ခဆင်းရဲထဲ၌ ဝမ်းမြောက်ကြောင်းပြောပါသည်။ သဘာဝလောကီ သားတစ်ဦးအနေနှင့် ဒုက္ခဆင်းရဲကြုံတွေ့ပါရက ဝမ်းမြောက်နိုင်မည်မဟုတ်ပါ။ ညည်းညူးမြည်တမ်းနေမည်သာဖြစ်သည်။ ဒုက္ခဆင်း ရဲထဲ၌ဝမ်းမြောက်နိုင်ခြင်း၊ ဝါကြွားနိုင်ခြင်းမှာ ဘုရားသခင်၏နိုင်ငံတော်အတွင်း ကျွနု်ပ်တို့ခံစားရသော အမွေပင်ဖြစ်ပေသည်။
ယောသပ်၏အသက်တာကိုဆင်ခြင်ကြည့်ပါက အစ်ကိုများ၏ မနာလိုရောင်းစားမှုကိုခံရပြီး တစ်ပါးအမျိုးသားများ လက်ဝယ်ကျွန်အဖြစ်ရောင်းရှိရသော်လည်း ယောသပ်နှင့် အတူဘုရားရှင်ပါရှိကောင်းချီးပေးမှုကြောင့်နောက်ဆုံးတွင် နိုင်ငံတော် အုပ်အရာတိုင်းချီးမြှောက်ခံရကြောင်းတွေ့သည်။
ဘုရားသခင်သည်ကျွနု်ပ်တို့၏အသက်တာ၌ ဒုက္ခပြဿနာကိုတွေ့ကြုံခွင့် ပေးခြင်း ကိုပေးသောအခါ၌လည်း ထွက်မြောက်သောလမ်းကိုပါတစ်ပါတည်းပြင်ဆင်ပေးပါသည်။ ဤကဲ့သို့သောကောင်းကျိုး အဖြာဖြာကို ဘုရားသခင်နှင့်အတူ နိုင်ငံတော်အတွင်းအသက်ရှင်၍ နိုင်ငံတော်၏အမွေကိုခံစား နိုင်ဖို့ရန် ကျွနု်ပ်တို့၏ အသက်တာများကိုပြင်ဆင် ပါစို့ဟု မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။
Dr.တင်မောင်ထွန်း-တရားဒေသနာ
Comments
Post a Comment