ယုံကြည်ခြင်းဖြင့်နာခံလျှောက်လှမ်းပါ

 (ထွက် ၅း၁-၃) ဣသရေလ လူများသည် အဲဂုတ္တုပြည် ကျွန်ဘဝ ၌ရှိစဉ် ထာဝရဘုရားကို ဝတ်ပြုကိုး ကွယ်၍ မရကြချေ။ မောရှေနှင့်အာ ရုန်တို့သည် ထာဝရဘုရားအား ဝတ် ပြုကိုးကွယ်ဖို့ရန် တောသို့ သုံးရက် ခရီးသွားဖို့ ဖာရောဘုရင်ထံ၌ ခွင့် တောင်းသော်လည်း ခွင့်မရကြပါ။ အဲဂုတ္တုပြည်ကျွန်ဘဝမှ လွတ်မြောက် 

ပြီးမှသာ ထာဝရဘုရားကို ဝတ်ပြု နိုင်မည်ဖြစ်သည်။ ဣသရေလလူ

များ အတွက် ဂတိတော်နှင့်အညီ ဘုရား သခင် ပြင်ဆင်သောအရပ်မှာ ခါနန် ပြည်ဖြစ်သည်။ နောက်ဆုံးတွင် ဣသ ရေလလူများသည် ထာဝရဘုရား၏ အမိန့်တော် အတိုင်း ပြု၍ ပသခါသိုး သူငယ်အသွေးအားဖြင့် အဲဂုတ္တုပြည် ကျွန်အဖြစ်မှ လွတ်မြောက်လာပါ သည်။ 


       အဲဂုတ္တုပြည်မှထွက်လာသော် လည်း ဧဒုံပင်လယ်ကြီးက ရှေ့၌ ကာ ဆီးနေသလို နောက်မှလည်း အဲဂုတ္တု စစ်တပ်က လိုက်လာပါသည်။ ဣသ ရေလလူတို့သည် ထိုနေရာ၌ပင် အ သက်ဆုံးရံှုးရတော့မည်ဟု ထင်မှတ် ကာ ထာဝရဘုရားကို ဟစ်ကြော်ကြ သဖြင့် ထိုအဆီးအတားမှလည်း ထာ ဝရဘုရား၏ တန်ခိုးတော်အားဖြင့် လွတ်မြောက်ခွင့် ရခဲ့ကြပြန်ပါသည်။


ကားတိုင်တော်အားဖြင့် 

          ဣသရေလ လူများသည် ဘုရားသခင်၏ အံ့သြဖွယ်တန်ခိုး တော်အားဖြင့် ဧဒုံပင်လယ်ကို ဖြတ် ကျော်လာပြီးသည့်နောက်တွင် ထာ ဝရဘုရားကို ခီျးမွမ်းကြသည်။ ဝမ်း မြောက်စွာ ကခုန်ကြသည်။ ထိုမှတ ဆင့် သုံးရက်ခရီး ပြုကြပြီးနောက် ရေကို မတွေ့ကြရ။ မာရအရပ်သို့ ရောက်သော အခါ ရေသည် ခါး သဖြင့် သောက်၍ မရနိုင်ပါ။ ဣသရေ လလူများသည် အဲဂုတ္တုပြည်မှ လွတ် လာသော် လည်း ဆက်သည့်ခရီးက အဆင်ပြေချောမွေ့သည်မဟုတ်ပါ။


       ထို့အတူ ကျွနု်ပ်တို့သည် အပြစ်၏ ကျွန်ဘဝမှ သခင်ယေရှုကို ယုံကြည် ခြင်းအားဖြင့် လွတ်မြောက် လာသော် လည်း ခရစ်ယာန်အသက်တာသည် အခက်အခဲပြဿနာတစ်စုံတစ်ခုမျှ မရှိတော့သည့် ပန်းခင်းသောလမ်းမ ဟုတ်ပါ။ မကြုံချင်သောအခြေအနေ များ၊ ခါးသီးဖွယ်ကောင်းသောအဖြစ်

အပျက်များကို ဖြတ်သန်းကြရမည် ဖြစ်ပါသည်။ မာရအရပ်၌ ရေခါး၍ ဣသရေလလူတို့ အပြစ်တင်သဖြင့်

မောရှေသည် ထာဝရဘုရားကို အော် ဟစ်သည့်အခါ ထာဝရဘုရားသည် သစ်ပင်တစ်ပင်ကို ပြတော်မူ၍ ထို အပင်ကို ရေထဲသို့ချလျှင် ရေသည် ခိုျ၍ ဣသရေလရလူတို့သောက်ကြ ရသည်။ 


      ထိုနည်းတူ ခရစ်ယာန်အ သက်တာ၌ ကျွနု်ပ်တို့မကြုံချင်သည့် ခါးသီးသော အတွေ့အကြုံအမိုျးမိုျး

ကြုံတွေ့ဖြတ်သန်းကြရသည့်အခါ ကိုယ်တော်ကို ကိုးစားအမှီပြုပါက ကားတိုင်တော်၏ တန်ခိုးတော်အား

ဖြင့် ခိုျမြသောအရသာ၊ ကောင်းမြတ် သောအရသာကို ကျွနု်ပ်တို့ခံစားနိုင် မည်ဖြစ်သည်။ ဒုစရိုက် အမှောင်ဖုံး လွမ်းနေသည့် လောကကြီးထဲ၌ အ သက်ရှင်နေရခိျန်တွင်လည်း ကိုယ် တော်အားဖြင့် အလင်းကို ရနိုင်ကြ သည်။

       ဣသရေလလူများသည် တော လမ်းခရီး၌သွားကြစဉ် ထာဝရဘုရား သည် ညအခါ မီးတိုင်အားဖြင့် အ လင်းကို ပေး၍ သူတို့အား အန္တရယ် မြင်ပြီး ရှောင်နိုင်ဖို့ လမ်းပြသလို၊ လုံ ခြုံနွေးထွေးမှုကို လည်း ပေးပါသည်။ 


 ငြီးငြူမြည်တမ်းခြင်းမပြုနှင့် 

     ဣသရေလလူများသည် အဲ ဂုတ္တုပြည်ကျွန်ဘဝမှ လွတ်မြောက် လာသည့်အခါ ခါနန်ပြည်ရောက်ရန် ရက်ပေါင်း (၄ဝ)သာသွားရမည်ဖြစ် သော်လည်း နှစ်ပေါင်းလေးဆယ် တိုင် ကြာမြင့်ခဲ့ပါသည်။ 

      ထိုသို့ကြာ မြင်ခဲ့ရခြင်းမှာ ဣသရေလလူများ သည် အလိုတော်မရှိသောမြည်တမ်း ခြင်းစကားကို ဆိုကြ၍ဖြစ်ပါသည်။ (တော၊၁၄း၂၆-၃၄)ထိုအပြစ်ကြောင့် တစ်ရက်ကို တစ်နှစ်ထား၍ အနှစ်

(၄ဝ)ပါတ်လုံး မိမိတို့အပြစ်ကို ခံယူ ကြရပြီး ထာဝရဘုရား၏စွန့်ပစ်ခြင်း ကို ခံကြရပါသည်။ 


     ခရီးတလျှောက် ဘုရားသခင်ပြုသော အံ့သြဘွယ်အ မှုများကို မြင်ရပါလျှက်နှင့် အခက်အ

ခဲနှင့်ပြဿနာဒုက္ခနှင့်ကြုံတွေ့ရသည့် အခါ ယုံကြည်ခြင်းမရှိ၊ ကိုယ်တော်ကို ပြစ်တင်စကား ဆို၍ မြည် တမ်းကြသ ဖြင့် ဘုရားသခင်၏အမျက်တော်သူ တို့အပေါ်သို့ သက်ရောက်၍ ဆုံးမ ဒါဏ်ခတ်ခြင်းကို ခံကြရခြင်း ဖြစ်ပါသည်။ 


      ဣသရေလလူများအပြစ် ကြောင့် ထာဝရဘုရားသည် လူမိုျး တော်ကို ပယ်ရှင်းမည်ပြုသောအခါ

မောရှေသည် ကိုယ်တော်၏သတင်း တော်ကို ကြားဘူးသောလူမိုျးများက ထာဝရဘုရားသည် လူမိုျးတော်အား ဂတိထားတော်မူသောပြည်သို့ဆောင် သွင်းခြင်းငှာ မတတ်နိုင်သောကြောင့်

တော၌ သုတ်သင်ပယ်ရှင်းသည်ဟု ပြောဆိုကြမည်ဖြစ်၍ ပယ်ရှင်းခြင်း မပြုဖို့ရန် တောင်းပန်ပါသည်။ ထာ

ဝရဘုရားသည် လူမိုျးတော်ကိုမပယ် ရှင်းသော်လည်း အသက်နှစ်ဆယ် လွန်သောသူ၊ ထာဝရဘုရားအား အ ပြစ်တင်မြည်တမ်းသောသူအပေါင်း တို့သည် တော၌ သေ၍ကျန်ရစ်ခဲ့ကြ ပါသည်။ 


     ယနေ့ ယုံကြည်သူခရစ် ယာန်များလည်း ဣသရေလလူများ နည်းတူပင် ဖြစ်သည်။ အခက်အခဲ

ပြဿနာဒုက္ခကြုံတွေ့ကြရသည့်အခါ ကိုယ်တော်ကို ကိုးစားခြင်းဖြင့် ကျော် ဖြတ်ရမည့်အစား ကိုယ်တော်ကို ပြစ် တင်ကြသည်။ ငြီးတွားမြည်တမ်းကြ သည်။ ထိုသူများသည် ဘုရားသခင်

အလိုတော်နှင့်အညီ ပြင်ဆင်ထား သောခါနန်ပြည်တည်းဟူသောြွကယ် ဝပြည့်စုံသောအသက်တာကို မဝင်

စားနိုင်ကြပါ။ 


      ဣသရေလလူများ သည် တောထဲ၌နှစ်ပေါင်းလေးဆယ် တိုင်အောင် ကြာမြင့်သော်လည်း အ

ကိုျးရှိသောအမှုကို ပြုကြရသည်မ ဟုတ် လူသေတို့ကို သင်္ဂြိုလ်နေကြ ခြင်းဖြင့်သာ အခိျန်ကုန်နေကြရ

သည်။ အကိုျးမဲ့သောအမှုများဖြင့် သာ အခိျန်ကုန်နေကြရသည်။ ယနေ့ ကျွနု်ပ်တို့အသက်တာ၌ ထိုကဲ့သို့အ

ကိုျးမဲ့အသက်ရှင်နေကြပါသလား။


        ထိုသို့ဖြစ်နေကြမည်ဆိုပါက ခါနန် ပြည်မဝင်ရသော ဣသရေလလူတို့ ကဲ့သို့ ဖြစ်နေကြပေမည်။ ထိုသို့မဖြစ် ကြဖို့ရန် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြင့် အသက်ရှင်ကြဖို့ လိုပါသည်။


ယုံကြည်ခြင်းဖြင့် နာခံလျှောက်လှမ်းပါ

      ဣသရေလလူများသည် ဧဒုံ ပင်လယ်ကိုကျော်ဖြတ်သည့်အခါ ဘုရားသခင်က ပင်လယ်ရေကို ကွဲ

ပြတ်စေလျက် ဖြတ်ကြရသော်လည်း ယောဒန်မြစ်ကိုဖြတ်သည့်အခါ ထိုသို့ မဟုတ် ဦးစွာ ယုံကြည်ခြင်းဖြင့် ခြေ လှမ်းချရသည်။ ထိုသို့ ခြေလှမ်းချ သည်နှင့်တပြိုက်နက် မြစ်ရေသည်

တန့်၍ အဝေး၌ ပုံ့ပုံ့ြွကလျက်နေသ ဖြင့် ယေရိခေါမြို့သို့ လျှောက်၍ ကူး သွားကြရပါသည်။


      ထိုနည်းတူ ယုံကြည်သူများ သည်လည်း ြွကယ်ဝသောအသက် တာကို ဝင်ရောက်လိုပါကကိုယ်တော်

ကို ယုံကြည်လျက် နာခံအသက်ရှင် ကြဖို့ လိုပါသည်။ အသက်မှ လွတ်၍ ကယ်တင်ခြင်း ကို ကျေးဇူးတော်အား ဖြင့် ခံစားရသော်လည်း ကောင်းကြီး မင်္ဂလာကို ခံစားလိုပါက စကားတော်ကို နာခံအသက်ရှင်ကြရမည် ဖြစ် သည်။ ဣသရေလလူများသည် ခါ နန်ပြည်ရောက်သည့်အခါ အန္တရယ်

မရှိတော့သည်မဟုတ်ပါ။ သူတို့ထက် ခန္ဒာ ကိုယ်အားဖြင့် အရွယ်အစားကြီး မားသော အာနက အမိုျးအနွယ်များ အပါအဝင် လူမိုျး(၇)မိုျး ရှိပါသည်။


      ထိုသူတို့ကို တဖြည်းဖြည်းခြင်း တိုက် ထုတ်ပြီးမှ ခါနန်ပြည်ကို ဝင်စားဖို့ ဘုရားသခင် အလိုတော်ဖြစ် ပါသည်။ ထိုနည်းတူ ကျွနု်ပ်တို့အသက်တာ၌ အနာရောဂါဝေဒနာခံစားရခြင်း၊ ငွေ ကြေးအခက်အခဲဒုက္ခ၊ စားဝတ်နေ ရေးလိုအပ်မှုတို့သည် ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်ကို ကိုးစားနာ ခံလျက် ကျော်ဖြတ် သွားကြရမည့်အ ရာများဖြစ်ပေသည်။ ထိုအခြေအနေ အမိုျးမိုျးသည် ကျွနု်ပ်တို့ကို ချစ်တော်

မူသောဘုရားရှင်က ကိုယ်တော်၏ သဘာ၀ထက်လွန်သောအံ့သြဘွယ် တန်ခိုးတော်များကို တွေ့မြင် ခံစားနိုင် ဖို့ရန် ကျွနု်ပ်တို့အကိုျးအဖို့ အလို ငှာ ကိုယ်တော်က ခွင့်ပြုပြင်ဆင်ပေး သောအခြေအနေ များဖြစ်ပေသည်။


        ယနေ့ ကျွနု်ပ်တို့သည် မည်သည့်အ သက်တာမိုျး၌ ရှင်သန်နေကြပါသ လဲ။ ဣသရေလလူများအား ခါနန် ပြည်သို့ ရက်ပေါင်း(၄ဝ)ခရီးဖြင့် ဝင် ဖို့ရန် ပြင်ဆင်ပေးခဲ့သော်လည်း ယုံ ကြည်ခြင်းမရှိ ငြီးတွားမြည် တမ်းကြ ၍ နှစ်ပေါင်း(၄ဝ)ကြာသည့်တိုင် အောင် တောထဲ၌ လှည့်လည်ပြီး သေကြေပျက်စီးကြရသကဲ့သို့ မဖြစ် ကြဘဲ၊ ဘုရားသခင်ပြင်ဆင်သော ြွကယ်ဝပြည့်စုံသည့်အသက်တာသို့ ဝင်နိုင်ကြဖို့ရန် ယုံကြည်ခြင်းဖြင့် စ ကားတော်ကို နာခံလျှက် အသက်ရှင် ကြဖို့ရန် မေတ္တာဖြင့် အသိပေးဝေငှ

လိုက်ရပါသည်။


ညီအစ်ကိုဦးထန်ကျင့်လန်


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?