မနက်ဖြန်ကို မဝါကြွားနှင့်

            ရှေးဦးစွာ ဘုရားသခင်ကို ချီးမွမ်းပါတယ်။ အသက်ရှင်တော်မူသော ဘုရား၏ နှုတ်ကပတ်တော်ကို ဆင်ခြင်နှလုံးသွင်းဖို့ရန်၊ သုတ္တံကျမ်း ၂၇:၁ ကို ဖတ်ချင်ပါတယ်။ “နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက်အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။” လူတွေဟာ မိမိ၏ အတွေးအခေါ်၊ ယူဆချက်၊ ထင်မြင်ချက်များနဲ့ အသက်ရှင်၊ သွားလာ၊ လှုပ်ရှား၊ စားသောက် နေထိုင်ကြပါတယ်။ 


           ဒါပေမဲ့ ဘုရားသခင်က လူသားများကို

သတိပေးနေတဲ့ နှုတ်ကပတ်တော်ကို လူသားတွေက လစ်လျူရှုနေကြတာကို တွေ့ရပါတယ်။ လောကကြီးရဲ့ အခြေအနေကလည်း ကျမ်းစာအတိုင်း၊ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။ အခြေအနေတွေဟာ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲနေတာကို တွေ့ရပါတယ်။ ပိုပြီး ဆိုးရွားလာတဲ့ အခြေအနေတွေဟာ ကမ္ဘာ့အလယ်မှာ ဖြစ်ပျက်လာနေတာကိုလည်း မြင်ရပါတယ်။ ဘာမှ မသေချာဘူးဆိုတာ ကျမ်းစာက သတိပေးနေပါတယ်။ 


ဒါပေမဲ့ လူသားတွေက လောကမှာ ရှိတဲ့ အရာတွေကို တည်မြဲတယ်လို့ ထင်မှတ်ပြီး၊ ဒီအရာတွေပေါ်မှာ အာရုံစိုက်၊ သွားလာ၊ အသက်ရှင်နေတာကို တွေ့ရပါတယ်။ လောကမှာ ဝမ်းရေးအတွက် ကြိုးစား ရှာဖွေကြပါတယ်။ မိမိ၏ စီးပွားရေး တိုးတက်အောင်၊ မိမိ အခြေအနေ တိုးတက်အောင် လုပ်ဆောင်နေကြတာကိုလည်း သိရှိရပါတယ်။ လောကမှာ အသက်ရှင်စဉ် စားဖို့၊ ဝတ်ဖို့က အရေးကြီးသော်လည်း၊ ထိုအရာတွေအတွက် ကြိုးစားတာထက်၊ တမန်လွန်ရေးရာအတွက် ဘာတွေ ပြင်ဆင်ထားပြီးလဲဆိုတာကို ဘုရားသခင်က ကျွန်တော်တို့ သိစေချင်၊ မြင်စေချင်ပါတယ်။ 


လူတွေဟာ လောကမှာ ပန်းလိုပွင့်ပြီး တစ်နေ့ ကြွေသွားရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မသေခင် ဘုရားသခင်ရဲ့ အလိုတော်ကို သိဖို့ရန် အရေးကြီးပါတယ်။ နေ့စဉ် အသက်ရှင်ချိန်မှာ အောင်မြင်မှု၊ ကျော်ကြားမှု၊ ဝါကြွားမှုများနဲ့ အသက်မရှင်သင့်ပါဘူး။ ဒီအရာတွေဟာ တစ်နေ့ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်�। ထို့ကြောင့် တည်မြဲသော အရာကို ကျွန်တော်တို့ ရရှိဖို့ ဘုရားသခင် အလိုတော်ရှိပါတယ်။ 


လူသားအားလုံးဟာ အပြစ်နဲ့ မွေးဖွားလာတာကြောင့်၊ အပြစ်နဲ့ သေပြီး ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါပေမဲ့ ဘုရား၏ မေတ္တာက လူသားတွေအပေါ်မှာ ရှိနေသောကြောင့်၊ ရွေးနှုတ်ခြင်း၊ ကယ်တင်ခြင်းကို ပြုခဲ့ပါတယ်။ ဘုရားသခင် ပြုပေးခဲ့သော ကယ်တင်ခြင်းနဲ့ ဆိုင်တဲ့ အာမခံချက်—တည်းဟူသော ဘုရားသခင်နဲ့ ထာဝရ နေထိုင်နိုင်ခွင့်—ကို ဘုရားသခင်က လူသားအားလုံးကို ရစေချင်ပါတယ်။ လူသားအားလုံးအတွက် ယေရှုခရစ်တော်က ကားတိုင်ထက်မှာ အသေခံပြီး၊ သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်တယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ 


ထိုယေရှုခရစ်တော်ကို ယုံကြည်သော သူတွေဟာ ထာဝရ အသက်ကို ရမှာဖြစ်ပြီး၊ ထာဝရ ကောင်းကင်မှာ သူနဲ့အတူ ထာဝရ စိုးစံရမှာပါ။ ဘဝရဲ့ တိကျတဲ့ အာမခံချက်ကို သူက ပေးပါတယ်။ ကြားနာတဲ့သူ အရောက်ဆီတိုင်းဟာ မိမိ၏ တမန်လွန်ရေးနှင့် ဆိုင်တဲ့ အာမခံချက်ကို ယေရှုခရစ်တော်အား ယုံကြည်ခြင်းဖြင့် ရရှိမှာဖြစ်ပါတယ်။ ယေရှုခရစ်တော်ကို နှလုံးသားထဲက လက်ခံ ယုံကြည်လာနိုင်ဖို့၊ ဒီတရားဒေသနာဖြင့် ဝေမျှလိုက်ပါတယ်။ ကြားနာသူ အယောက်ဆီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ 


 ဆင်ခြင်နှလုံးသွင်းစရာ မေးခွန်းများ

1. မနက်ဖြန် ဘာဖြစ်မယ်မှန်း မသိနိုင်တဲ့ ဒီလောကမှာ၊ သင်ဟာ ယာယီအရာတွေကို အာရုံစိုက်နေတာလား၊ ဒါမှမဟုတ် ထာဝရတည်မြဲမယ့် အရာတွေကို ပြင်ဆင်နေတာလား။  

2. ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ထာဝရ အာမခံချက် ရရှိဖို့ သင့်ဘဝမှာ ဘာတွေ ပြောင်းလဲဖို့ လိုနေသေးလဲ။  


ဆရာအာဗြံဟံ

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?