အခန်း (၃၂) - နောက်ဆုံးကာလ၏ နိမိတ်လက္ခဏာများ

               (The Signs Of The Times)

ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့်အချိန်နာရီကိုအဘယ်သူမျှမသိသော်လည်းယခုပစ္စုပ္ပန်ကာလ၏ နိမိတ်လက္ခာဏာများကိုကြည့်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်ပြန်လာချိန်နီးနေပြီဖြစ်ကြောင်း ကျွန်ုပ်တို့ သိရှိနားလည်ရပါသည်။ (ဒံ ၁၂း၄၊ ၉-၁၀)


“သင်ဒံယေလမူကား အမှုကုန်ရသည့်ကာလတိုင်အောင်ဤစကားတော်တို့ကိုပိတ်၍စာစောင်ကိုတံဆိပ်

ခတ်ထားလော့။ အများသောသူတို့သည် ပြေးလွှား

သွားကြပြီး ဤစာစောင်ကိုကြည့်ရှုသောအားဖြင့် ပညာတိုး

ပွားလိမ့်မည်ဟု ပြောဆို၏။ ထိုသူကား သင်ဒံယေလသသွားလော့။


ထိုစကားသည် အမှုကုန်ရသည့် ကာလတိုင်

အောင်ပိတ်၍ တံဆိပ်ခတ်ထားလျက်ရှိ၏။ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ရောက်၍ စုံစမ်းခြင်းကိုခံရကြ

လိမ့်မည်။ မတရားသောသူတို့သည် မတရားသဖြင့်ပြု၍တစ်ယောက်မျှနားမလည်ရ။ ပညာရှိသောသူတို့မူကား

နားလည်ကြလိမ့်မည်”ဟုဒံယေလကျမ်း၌ရေးသားထားလေသည်။

ဤနေရာ၌အမှုကုန်ရသောနေ့ရက်ဆိုသည်မှာ နေ့ရက်ကာလကုန်ဆုံးခြင်းကို မဆိုလိုဘဲ “တစ်ပါးအမျိုး

သားများ၏အချိန်ကာလနောက်ဆုံးသောအချိန်အခါ”ကိုဆိုလိုခြင်းဖြစ်သည်။


ထိုအချိန်ကာလတွင် ဤစာစောင်

ကိုဖွင့်ခြင်းအားဖြင့် လူသားများသည်ပညာအရာ၌ များစွာတိုးတက်ဖွံ့ဖြိုးလာလိမ့်မည်။ ယခုခေတ်ကာလ၌အာက

ကာသနည်းပညာ၊ ကွန်ပျုတာနည်းပညာ၊ ဆက်သွယ်ရေးပညာနှင့် သုတေသနလုပ်ငန်းများသည်အံ့မခန်းဘွယ်

ရာလှန်ပြန်စွာတိုးတက်ဖွံ့ဖြိုးနေသည်။ ဤအရာများသည် ဒံယေလ၏ပရောဖက်ပြုချက်နှင့် အခြားသောပရော

ဖက်များ၏ပရောဖက်ပြုချက်ပြည့်စုံလာခြင်းဖြစ်ပေသည်။ ပညာရှိသူများသည် နားလည်ကြလိမ့်မည်။ သန့်ရှင်း

သောဝိညာဉ်တော်ဘုရား၏ဖွင့်ဟခြင်းအားဖြင့် လူများသည် နားလည်သဘောပေါက်ကြလိမ့်မည်။ ဝိညာဉ်တော်

ကိုလက်မခံသောသူများသည် လူမိုက်များသာဖြစ်ကြလိမ့်မည်။


ယခုခေတ်အခြေအနေကိုကြည့်လျှင် သိသာ

ထင်ရှားနိုင်ပါသည်။ ပျက်စီးခြင်းသို့ ဦးတည်သွားနေသောသူများသည်ဤအကြောင်းအရာကိုနားမလည်နိုင်၊ 

ယနေ့ခေတ်လူများ၏အကျင့်စရိုက်များသည် ပရောဖက်ပြုထားသည့်အတိုင်းတစ်ပုံစံတည်းဖြစ်နေသည်။ 

ဝိညာဉ်ရေးရာကိုပျက်ရယ်ပြုသူအများသည် ဒံယေလ၏အနာဂတ်ဟောပြောသည့်ပရောဖက်ပြုချက်များကို အ

ထင်အမြင်သေးကြသည်။


သို့သော်လည်း သမ္မာတရားကိုအမှန်ဆာငတ်၍ သိလိုသောသူများသည်ဤဒံယေလ

ကျမ်းကိုစေ့စေ့စပ်စပ်လေ့လာ၍ အမှန်တရားကို ရှာဖွေကြလေသည်။ အချိန်ကာလကိုလည်း ခန့်မှန်းလေ့လာ

ကြသည်။ ထိုသူများသည် ဝိညာဉ်တော်ဘုရား၏အလင်းအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည်ယုံ

ကြည်ကိုးစားအပ်သောတရားနှင့် သမ္မာတရားအစစ်အမှန်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ဤသို့အားဖြင့်

ယခုပစ္စုပ္ပန်အချိန်ကာလသည်တစ်ပါးအမျိုးသားများ၏အချိန်ကာလပြည့်စုံလုနီးနေကြောင်းသိရှိနားလည်သွား

ကြလေသည်။


ညဉ့်သန်းခေါင်ယံ၌သတို့သား၏ခေါ်သံသည်လွန်ခဲ့သောနှစ်ပေါင်းတစ်ရာမှ စတင်ပြီး တံဆိပ်ရိုက်၍

ပိတ်ထားသောစာစောင်လည်းထိုအချိန်မှစတင်ဖွင့်ဟပြခဲ့သည်။ မင်္ဂလာဆောင်လုလင်လာပြီ။ ခရီးဦးကြိုပြုဖို့

ရန်ထွက်သွားကြပါဟုကြွေးကြော်ခြင်းသည် အနှစ်တစ်ထောင်မတိုင်မှီခရစ်တော်ကြွလာခြင်းကိုယုံကြည်ခြင်း

(Premillennial Truth)ရှိသူများ၏ နိုးထမှုကြီးပင်ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာအသင်းတော်သည်ငိုက်မြည်း

၍အိပ်ပျော်သဖြင့် ခရစ်တော်ကြွလာမည်ကိုစောင့်မျှော်ခြင်းတည်းဟူသောမင်္ဂလာရှိသည့် မျှော်လင့်ခြင်းလည်း

အားနည်း၍ပျောက်ကွယ်လွင့်ခဲ့ရသည်။ သို့သော်လည်း ယခုအချိန်တွင် အသင်းတော်အချို့သည်နောင်တရ

၍ မျှော်လင့်ခြင်းအားရှိလာကာ ပညာရှိသတို့သမီးများမီးခွက်ပြင်၍ လုလင်ကိုကြိုဆိုသကဲ့သို့ ဝိညာဉ်ရေးရာနိုးထ

မှုဖြစ်လာကြသည်။


ကျွနု်ပ်တု့ိသတိထားရမည်မှာ ပညာရှိသတို့သမီး၏မီးခွက်၌သာဆီရှိသည့်အကြောင်းအရာ

ဖြစ်သည်။ ကျွနု်ပ်တို့အသက်ရှင်ရသည့်လောကသည်ဖောက်ပြန်ပျက်စီးနေသောနေရာဖြစ်သည်။ အနာဂတ်

ကာလ၌ မကြာမှီအတွင်းဤလောကမှထွန်းတောက်သောကြယ်ကိုတွေ့မြင်ရလိမ့်မည် (ဗျာ ၂၂း၁၆)။ မိုးကောင်း

ကင်၌ သခင်ယေရှုနှင့်ဆုံတွေ့ရလိမ့်မည်။ ထိုအာကာသမိုးကောင်းကင်ပေါ်သခင်ဘုရားပြင်ဆင်ထားသည့် 

မင်္ဂလာဆောင်အခမ်းအနား၌ထိုင်ရလိမ့်မည်။ ထို့ကြောင့် နောက်ဆုံးကာလ၏ ပုံများကိုသေချာလေ့လာပါ။ နောက်ဆုံးကာလနိမိတ်လက္ခဏာဆယ်ခုရှိကြောင်းတွေ့ရသည်။


၁။ အနှစ်တစ်ထောင်ပြီးမှ ခရစ်တော်ကြွလာမည်ဟု ခံယူသူများက ပျက်ရယ်ပြုခြင်း

(Post Millenial Scoffres)

၂ပေ ၃း၃-၄ ၌ ဤသို့ရေးသားထားသည်ကိုဖတ်ရှုရသည်။

“………. နောက်ဆုံးသောကာလ၌ ပျက်ရယ်ပြုတတ်သောသူတို့သည် မိမိတပ်မက်ခြင်းအတိုင်းကျင့်နေ

၍သခင်ဘုရားကြွလာတော်မူမည်ဟူသော ဂတိတော်သည်အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည့်

နောက်ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျက်ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်

လာလိမ့်မည်”ဟုတွေ့ရှိရသည်။ 


ဒီနေ့ခေတ်ကာလ၌လည်း ထိုကဲ့သို့ပျက်ရယ်ပြုပြီး ကဲ့ရဲ့သူအများရှိလေသည်။ ခရစ်တော်ကြွလားခြင်း

ကိုမျှော်လင့်နေသူများအား ပျက်ရယ်ပြု၍မထီမဲ့မြင်ပြုတတ်ကြသည်။ ယုံကြည့်သူများအားလူမိုက်၊ လူရူးဟူ၍

သမုတ်ထားကြသည်။ မယုံကြည်သောသူများက ကဲ့ရဲ့သည့်အပြင် အသင်းတော်ဦးဆောင်သူကိုယ်တိုင်ကဲ့ရဲ့

ဝေဖန်တတ်ကြသည်။


၂။ မမှန်ကန်သောသြဝါဒကိုခံယူသူ (ဝါ) ဖောက်ပြန်သူ (Apostasy)

“အကြောင်းမူကား နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲယားတတ်သော

နားရှိလျှင် မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာများနောက်သို့လိုက်ကြလိမ့်မည်။ သမ္မာတရားကိုနား

မထောင်ဘဲ ဒဏ္ဍာရီစကားကိုနားထောင်၍လွှဲသွားကြလိမ့်မည်”ဟု (၂တိ ၄း၃-၄) ၌ရေးသားထားလေသည်။


၃။ မိစ္ဆာဆရာများပေါ်လာခြင်း (False Teachers)

ရှင်ပေတရုကလည်း -

“သို့သော်လည်း ယုဒလူတို့တွင် မိစ္ဆာပရောဖက်များရှိကြ၏။ ထိုနည်းတူဖျက်ဆီးတတ်သောမိစ္ဆာဒိဋ္ဌိအ

ယူများကိုပရိယာယ်အားဖြင့် သွင်း၍အသွေးတော်အားဖြင့် ဝယ်တော်မူသောအရှင်ကိုငြင်းပယ်လျက်မိမိတို့အ

ပေါ်သို့လျင်မြန်စွာဖျက်ဆီးခြင်းကိုရောက်စေသောမိစ္ဆာဆရာများသည်သင်တို့တွင်ရှိကြလိမ့်မည်။ သူတို့ညစ်ညူး

သောအကျင့်ဓလေ့တို့ကိုများသောသူတို့သည်လိုက်သောအားဖြင့် သမ္မာတရားလမ်းအသရေသည် ပျက်စီးလိမ့်

မည်”ဟု(၂ပေ ၁၊၂)၌ရေးသားထားလေသည်။


ရှင်ပေါလုကလည်းစင်ကြယ်သောသြဝါဒကိုနားမထောင်သည့်အချိန်ရောက်လိမ့်မည်ဟုဆိုသည်။ လူ

များသည်လည်းမိမိတပ်မက်လိုချင်သည့်အရာကိုသာ ဟောပြောသည့်ဆရာကိုရှာဖွေကြလိမ့်မည်။ ဤအရာ

သည်သမ္မာတရားမှလွှဲ၍ ဒဏ္ဍာရီစကားကိုသာ၍နားထောင်သဖြင့် လွှဲသွားကြလိမ့်ည်ဟုဆိုထားသည်။ (၂တိ

၄း၃-၄) ဤကဲ့သို့လမ်းလွှဲသွားခြင်းသည် အသင်းတော်နှင့်ခေါင်းဆောင်များလူငယ်များအားလုံးသမ္မာတရားမှ

လွှဲမှားသွားခြင်းရှိလိမ့်မည်။ ဝိညာဉ်ရေးရာသွန်သင်ချက်နှင့်ခံယူချက်များမှ လည်းကောင်း၊ အသင်းသားများ

ဝိညာဉ်ရေးရာ၌ အသစ်တဖန်မွေးဖွားခြင်း ဟူသောဒုတိယအကြိမ်မွေးဖွားခြင်းမှ လည်းကောင်း၊ သမ္မာတရားအ

တိုင်းအသက်တာမှန်မှန်ကန်ကန် လျှောက်လှမ်းရမည့်လမ်းမှလည်းကောင်း၊ လွှဲသွားကြလိမ့်မည်။ ၎င်းအပြင်ယုံ

ကြည်သူများအပြစ်ထဲကျ ဆင်းသွားခြင်းအကြောင်းရင်းများ၊ လူတိုင်းဒုတိယအကြိမ်မွေးဖွားရမည်ဟုဝိညာဉ်

ပညတ်များနှင့် မယုံကြည် သူများသည် ထာဝရပျက်စီးခြင်းသို့ဧကန်အမှန်ကျရောက်မည် ဟုဟောပြောချက်များ

ကိုနားမထောင်ချင်တော့ပေ။ သူတို့နားထဲသို့ နားဝင်ချိုသည့်ဟောချက်များနှင့်လူ၏စိတ်ကိုရွှင်လန်းစေသည့်

စကားများကိုသာနားထောင်လက်ခံချင်ကြသည်။


၄။ ဝိညာဉ်များကို မပိုင်းခြားတတ်သူပေါ်လာခြင်း (Spiritualism)

၁တိ ၄း၁-၂ ၌လည်း

“ဝိညာဉ်တော်သည် အတိအလင်းဗျာဒိတ်ထားတော်မူသည်ကား နောင်ကာလ၌ သြတ္တပစိတ်တွင်

သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင် မုသာစကားကိုပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့် လူအချို့တို့သည်

ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖျားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော

သြဝါဒတို့နှင့်လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်”ဟုရှင်းလင်းစွာရေးသားထားလေသည်။ ဝိညာဉ်တော်

ဘုရား၏ဖွင့်ပြချက်ကိုအားမကိုးဘဲ နတ်ဘုရားကိုမေးမြန်းခြင်း၊ အယောင်အဆောင်များဆောင်ခြင်း၊ နတ်ဗေဒင်

လက္ခဏာမေးခြင်းစသည်တို့ဖြင့်လွှဲမှားသွားကြလိမ့်မည်။ 


၅။ ခဲယဉ်းသောကာလဖြစ်လိမ့်မည် (Perilous Times)


ရှင်ပေါလုက တိမောသေအားဤသို့မိန့်မှာခဲ့လေသည်။

“နောင်ကာလသည် ခံယဉ်းသောကာလဖြစ်လိမ့်မည်ဟု သိမှတ်လော့၊ အဘယ်သို့နည်းဟူမူကား လူတို့

သည် ကိုယ့်ကိုကိုယ်ချစ်သောလူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သန့်

ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းမဲ့သောသူ၊ ကိုယ့်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံယူသော

သူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်

သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့”ဟုမိန့်ကြားခဲ့လေသည်။ (၂တိ ၃း၁-၅)


အထက်ပါကျမ်းချက်ကိုချဲ့ပြီး အနက်ဖွင့်ရန်နောက်ထပ်ရှင်းလင်းပြဖို့မလိုတော့ပေ။ ရှင်းလင်းစွာနား

လည်ပြီးဖြစ်ပါသည်။ ထိုကဲ့သို့သော ခဲယဉ်းသည့်အခြေအေနေသည်ယခုကျွနု်ပ်တို့ဖြတ်သန်းနေရသည့်အချိန်

အခါဖြစ်သည်မှာ အဘယ်သူမျှ ငြင်းလိမ့်မည်မဟုတ်ပါ။


၆။ စည်းစိမ်ရှာဖွေစုဆောင်းခြင်း (Heaped Up Treasure)

ရှင်ယာကုပ်သြဝါဒစာ ၅း၁-၆ အတွင်း၌လောကတွင် နောက်ဆုံးသောကာလ၌ သူဋ္ဌေးသူကြွယ်များပေါ်

ပေါက်လာမည့်အကြောင်းရေးသားထားသည်။

“အချင်းသူဋ္ဌေး၊ သူကြွယ်တို့ယခုလာကြ၊ သင်တို့အပေါ်သို့ရောက်လတံ့သောဆင်းရဲဒုက္ခဝေဒနာကြောင့်

ငိုကြွေးမြည်တမ်းကြလော့။ သင်တို့ဥစ္စာပစ္စည်းသည်ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်းပိးုကိုက်စားလေသည်။

ရွှေငွေလည်းအချေးတက်၍ ပျက်ကုန်ပြီ၊ ထိုအချေးသည်သင်တို့တစ်ဖက်၌ သက်သေဖြစ်၍မီးကဲ့သို့သင်တို့အ

သားကိုစားလိမ့်မည်။


နောက်ဆုံးသောနေ့ရက်ကာလအဖို့ဘဏ္ဍာကိုဆည်းပူးကြပြီတကား၊ နားထောင်ကြ။ 

သင်တို့လယ်ကွက်၌ရိတ်သောသူတို့ကိုလှည့်စား၍အခမပေးပဲနေသောကြောင့် ထိုအခသည် ကြွေးကြော်လေ

၏။ ရိတ်သောသူတို့၏အော်ဟစ်ခြင်းအသံသည်လည်းကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်ထဲသို့

ဝင်လေပြီ။ သင်တို့သည် မြေကြီးပေါ်မှာကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြသည်။ သတ်ရသောနေ့၌ကဲ့သို့မိမိ

နှလုံးကိုမွေးမြူကြသည်”ဟုရေးသားထားသည်။ 


ကျွန်ုပ်တို့အသက်ရှင်နေသောဤခေတ်ကာလ၏လောဘ၊ ဒေါသ၊ မောဟအစရှိသည့်လူများ၏အကျင့်

စရိုက်ကိုတွေ့ရှိရသည်။ မီလျံနာသူဋ္ဌေးဖြစ်နေသော်လည်း ကျေနပ်ရောင့်ရဲခြင်းမရှိနိုင်ချေ။ အမှန်တကယ်ကျွန်ုပ်

တို့၏ခေတ်ကာလသည် ဤကဲ့သို့ဖြစ်နေပေသည်။


၇။ လောဒိကိအသင်းတော် (A Laodicean Church)

လောဒိကိအသင်းတော်အားမိန့်မှာသည့်နေရာတွင် (ဗျာ ၃း၁၄-၂၂) ကမ္ဘာပေါ်၌ နာမည်ခံခရစ်ယာန်အ

သင်းတော်များအခြေအနေကိုထင်ရှားစွာဖော်ပြထားသည်။ ခရစ်တေ်ာကအပူမဟုတ်၊ အအေးမဟုတ်၊ နွေးရုံ

မျှသာရှိသောကြောင့်သူ၏ခံတွင်းမှထွေးလုပြီဟု မိန့်ကြားခဲ့သည်။ သူသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုလည်း

ဆည်းပူးလေသည်။ တစ်စုံတစ်ခုကိုမျှမလိုဟုပြောဆိုနေလျှင်ခရစ်တော်ကိုပင်မလိုအပ်တော့ပေ။ သို့သော်ထိုသူ

သည်ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းအစည်းရှိခြင်းတို့

ကိုမသိနားမလည်ပေ။ ထိုသို့သောအသင်းတော်နှင့်အသင်းတော်သည်ယနေ့အပေါ်ယံအသင်းတော်နှင့် ဝိညာဉ်

ရေး၌လုံးဝနားမလည်သောခရစ်ယာန်များပင်ဖြစ်တော့သည်။


၈။ သင်္ဘောသဖန်းပင်၏လက္ခဏာ (The Fig Tree Signs)

ဗိမ္မာန်တော်ပျက်စီးမည့်အကြောင်းအရာကိုဟောပြောပြီးနောက်တပည့်တော်များက ခရစ်တော်အားဤ

အချင်းအရာသည်မည်သည့်အခါ၌ဖြစ်ပျက်မည်ကိုမေးမြန်းလေသည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာသည့်အ

ခါ၌ ဖြစ်ပျက်မည်ကိုမေးမြန်းလေသည်။

ခရစ်တော်ဒုတိယကြွလာသည့်အခါ ဖြစ်ပျက်မည့်ပုပ္ပနိမိတ်လက္ခဏာ

များကိုလည်း မေးမြန်းခဲ့လေသည်။ (မ ၂၄း၁-၃) သခင်ယေရှုက သင်္ဘောသဖန်းပင်၏လက္ခဏာသည်သူကြွ

လာခြင်းကိုပုံဆောင်ရည်ညွှန်းကြောင်းဟောကြားခဲ့လေသည်။


၉။ လူမျိုးအပေါင်းတို့ ဒုက္ခဆင်းရဲရောက်ခြင်း (The Sistress of Nations)

ခရစ်တော်ယေရှုသည်တစ်ပါးအမျိုးသားအချိန်ကာလပြည့်စုံလာခြင်းကိုဟောပြောပြီး နောက်ဤသို့မိန့်

မှာခဲ့လေသည်။ နေ၊လ၊ကြယ် နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်၌လည်းလူအမျိုးမျိုးမငြိမ်

မသက်စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာဖြစ်လတ္တံ့သောဘေးများကိုမျှော်၍

ကြောက်လန့်သဖြင့် လူများတို့၏အသက်ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။


အကြောင်းမူကား ကောင်းကင်တမန်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်စသည်ဖြင့်ဆက်လက်ဟောကြားခဲ့လေသည်။ (လု ၂၁း

၂၅-၂၇) ထို့ကြောင့်ရှင်ပေါလုကလည်းမာနတ်၏ပရိယာယ်ကိုတားဆီးနိုင်မည့်အကြောင်းဘုရားသခင်ပြင်ဆင်

တော်မူသောလက်နက်စုံကိုဝတ်ဆင်ကြလော့။ အကြောင်းမူကား ငါတို့သည်အသွေးအသားရှိသောရန်သူတို့

နှင့် ဆိုင်ပြိုင်တိုက်လှန်ရသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း

လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌ နေသောနတ်ဆိုးတို့

နှင့်လည်းကောင်းဆိုင်ပြိုင်တိုက်လှန်ရသည်ဟုမိန့်မှာထားလေသည်။ (ဧ ၆း၁၁-၁၂)


“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ကာလမကြာမမြင့်မှီၤ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကိုတဖန်ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦၤးမည်။ လူမျိုးအပေါင်းတို့နှစ်

သက်ဖွယ်သောအရာသည် ရောက်၍ဤအိမ်ကိုဘုန်းနှင့်ငါပြည့်စုံစေမည်ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ

ဘုရားမိန့်တော်မူသည်”ဟု(ဟဂ္ဂဲ ၂း၆-၇)၌ရေးသားထားလေသည်။ 


ဤစကားများပရောဖက်ပြုချက်သည်အဘယ်နည်းနှင့်မဆို ပြည့်စုံလာရသည်။ ယနေ့အချိန်တွင် နိုင်ငံ

တိုင်း၌ဘေးဒုက္ခတစ်မျိုးမဟုတ် တစ်မျိုးရင်ဆိုင်တွေ့ကြုံနေရသည်။ ပြည်သူပြည်သားအားလုံးတုန်လှုပ်ကြ

ရသည်။ လူတိုင်းမျှော်လင့်တောင့်တနေသောသူခရစ်တော်မကြွလာမချင်းကမ္ဘာလောကထဲတွင် လူမျိုးအပေါင်း

တို့သည်ဒုက္ခဆင်းရဲခြင်း၊ ဘေးအမျိုးမျိုးတို့ဖြင့် နေ့စဉ်လိုလိုတွေ့ကြုံနေရလေသည်။


၁၀။ နောဧအချိန်ကာလ (Noah Days)


နောဧလက်ထက်၌ဖြစ်သကဲ့သို့လူသားလက်ထက်၌လည်းဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောသို့ဝင်၍

ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်းသည့်နေ့တိုင်အောင်လူများတို့သည် စားသောက်

လျက်ထိမ်းမြားစုံဖက်လျက်နေကြ၏။ ထိုသို့နေစဉ်ရေလွှမ်းမိုး၍သူတို့အားလုံးသေကြေပျက်စီးကြရသည်ဟု

(လု ၁ရး၂၆-၃၀) ၌အသေးစိတ်ရေးသားထားလေသည်။ 


စားသောက်ခြင်းနှင့် ထိမ်းမြားစုံဖက်ခြင်းသည် အပြစ်ဖြစ်သလော၊ သို့သော်ထိုသူတို့သည်ရေလွှမ်းမိုး

သည့်နေ့အထိမိမိအလိုဆန္ဒကိုသာရှေ့တန်းတင်၍ထိုအတိုင်းလိုက်လျှောက်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်

ကိုနာမခံခြင်းသည်သာ အပြစ်ဖြစ်သည်ဟု ရေးသားထားခြင်းဖြစ်သည်။ သူတို့သည် စားဘို့သောက်ဘို့အတွက်

သာရုန်းကန်ကြပြီး ဝိညာဉ်ရေးရာဖြစ်သော ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်းအမှု၌ လုပ်ဆောင်ခြင်းမရှိချေ။


လောကီကြွယ်ဝမှုအတွက်သာကြံစည်လုပ်ဆောင်နေသဖြင့် ထာဝရအသက်တာအတွက် အယုံအကြည်မရှိလုပ်

ဆောင်မှုလည်းမရှိပေ။ ထိုကြောင့် သန့်ရှင်းသောအသက်တာနှင့် အသက်ရှင်သည့်နောဧမိသားစုသာလျှင် ကယ်တင်ခြင်းရရှိလေသည်။ နောင်ကာလ၌ လည်းဘုရားသခင်သည်လောကကိုတရားစီရင်၍ မီးအားဖြင့်ရှို့

သောနေ့ရက်ရောက်လျှင် မယုံကြည်သူများထိုကဲ့သို့ပျက်စီးရလိမ့်မည်။


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?