ညီအကိုခြင်းသတ်သူ
ကမ္ဘာဦး ၄ ကို လူတော်တော်များများက ကာဣန အသွေးမသွန်းလို့
ကာဣန ရဲ့ ပူဇော်မှုကို ဘုရားက ပမာဏပြုတော်မမူဘူး လို့ သုံးသပ်ပြနေကြတယ်
တကယ်တော့ အသွေးသွန်းခြင်းကို ထာဝရဘုရားက ကမ္ဘာ ၉ ရေလွမ်းပြီးမှ
နောဧ နဲ့ ပဋ္ဋိညာဉ် ပြုတော့မှ ဘုရားကစတင်သွန်သင်တာကိုတွေ့ရပါတယ်
ဟေဗြဲ ၁၁: ၄ မှာလဲ အာဗေလ ယဇ်ကို မြတ်တယ်လို့ပြောတယ်
ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ခြင်းကို ရောက်တယ်ဆိုတာကိုညွန်းတာတွေ့ရပါတယ်
သခင်ဘုရားရဲ့ အသွေးသွန်းခြင်းကို ကျနော် အကြွင်းမဲ့ ယုံကြည်လက်ခံပါတယ်
နှလုံးသားအရေပြားလှီးခြင်းကို ထင်ရှားစေခြင်ပါတယ်
အာဗေလ ရဲ့ ပူဇော်ခြင်းကိုလေ့လာတဲ့အခါမှာလဲ အသွေးသွန်းခြင်းကိုမပြောဘူး
အဦးဖွားသောသားအချို့နှင့် သိုးဆီဥ လို့သာပါတယ်
ဆီဥ ဆိုတာ ခန္ဒာကိုယ်အတွင်းအရာကိုညွန်းခြင်းသာဖြစ်ပါတယ်
ခန္ဒာတွင်းမှာရှိနေတဲ့ မကောင်းတဲ့စိတ် မနာလိုခြင်းစိတ်ကို ဝှက်မထားပဲဘုရားရှေ့မှာ
ဖေါ်ပြဝန်ချ မီးနဲ့စင်ကကြယ်စေပြီး အသစ်ဖြစ်ခြင်းကို သိုးဆီဥ နဲ့ ညွန်းတာပါ
ကာဣန က အကြီးဖြစ်ပြီး အာဗေလ ကအငယ်ပါ
မိသားစုတွေမှာထုံးစံလိုဖြစ်နေတဲ့ အငယ်ကိုပိုဂရုစိုက်တာ ဦးစားပေးတာ
ကာဣန ခံစားသလို ကျနော်တို့ ဦးစားပေးမခံရလို့ မနာလိုစိတ်ကလေးများ
ဖြစ်မိတယ် ဖြစ်ဘူးတယ်ဆိုရင် အတွင်းစိတ်ကို သိုးဆီဥဖြစ်အောင်မီးနဲ့ဖျက်ဆီးပါ
အဖန်ဖန်ဆင်ခြင်ပြီးရလာတဲ့ ကျေနပ်ခြင်းကို ချီးမွန်းခြင်းယဇ်အဖြစ်ပူဇော်လိုက်ပါ
သားဦးပဲဆိုတဲ့ဘဝင်စိတ်ကိုဖြစ်စေတဲ့ ငါကဆရာပဲ ငါကအသင်းလူကြီးပဲ
ငါကmusic leaderပဲ ငါကအဆိုကောင်းတဲ့သူပဲ တရားဟောကာင်းသူပဲဆိုတဲ့စိတ်
လူလူချင်းအသာရခြင်စိတ် ထင်ပေါ်ခြင်စိတ် လူတွေမှာ မသိမသာ ရှိတတ်တယ်
မထင်ရှားအောင် အပြုံးလေးတွေနဲ့ ဖုံးအုပ်ထားပေမဲ့ မလုံပါဘူးလေ
အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာ ဝပ်လျက်ရှိ၏
သူသည်သင့်၏အလိုကိုလိုက်၍ သင်သည်သူ့ကို အုပ်စိုးရ၏ ဟု
ကာဣန ကိုမိန့်တော်မူ၏ (ကမ္ဘာ ၄: ၇)
ဒီရက်ပိုင်း ကမ္ဘာဦးကနေပြန်ဖတ်တော့ အသစ်ဖေါ်ပြခြင်းရတဲ့ ကျမ်းချက်တွေထဲက
ဒီကျမ်းချက်ရဲ့ အနက်ကို ဆင်ခြင်မိတာလေး ဝေမျှပေးခြင်ပါတယ်
စိတ်နှလုံးထဲမှာ ကျနော်တို့ သိမ်းထားတဲ့ အမျက်ဒေါသ မနာလိုစိတ် ကို
ပါးစပ် ဆိုတဲ့ တခါးဝနားမှာ နေ့စဉ် ဝပ်လျက်ရှိနေ ထားနေတာကိုဘုရားကသိပါတယ်
စိတ်ရှိတိုင်းသာပြောရရင် စကားများရန်ဖြစ် မိတ်ပျက် မှာပဲလို့တွေးပြီး
နှုတ်ခမ်း တံခါးကမထွက်ပဲ တံခါးနား လည်ချောင်း မှာမျိုသိပ်ထားပြီး
မိမိစိတ်ကို ထိမ်းနှိုင်ပါတယ် အုပ်စိုးနှိုင်ပါတယ် ဆိုတဲ့စိတ်တွေအုပ်စိုးရ၏လို့ထင်နေတာ
စုထားတာများပြီးပေါက်ကွဲမှာကို ဘုရားက စိုးရိမ်တယ် သိကိုသိပါတယ်
သီးခံတယ်ဆိုတာ လူမှာအတိုင်းအတာရှိပါတယ်လို့ ကျနော်တို့သိပါတယ်လေ
ကိုယ်မကြိုက်တဲ့အရာကို ဘုရားရှေ့မှာ ဖေါ်ပြပြီး နှစ်သိမ့်ကျေနပ်ခြင်းကိုတောင်းပါလို့
ကျနော့်ကို ဘုရားသွန်သင်တာလေး ဝေငှခြင်းသက်သက်ပါ
သင်သည် အဘယ့်ကြောင့်စိတ်ဆိုးသနည်း အဘယ်ကြောင့်မျက်နှာပျက်သနည်း လို့
ဘုရားမမေးခင် အကုန်အစင်သာ ဘုရားကိုမေးသင့် ပြောသင့်ပါတယ် လို့ တိုက်တွန်းတယ်
တွေ့ကြသေးတာပေါ့ကွာ ဆိုတဲ့စိတ်ကြောင့် ကာဣနက အာဗေလကို သတ်သလိုမျိုး
သင်လဲ သင့်ညီအကိုကို သတ်ခြင်စိတ်ကြောင့် သတ်မိမှာ ဘုရားကစိုးရိမ်တော်မူတယ်
ပြောင်းလဲတတ်သော စိတ်ရဲ့သားကောင် ညီအကိုခြင်းသတ်သူ မဖြစ်ကြပါစေနဲ့
ကျေးဇူးတော်မှတပါးကျွန်ုပ်၌အခြားမရှိပါ
Comments
Post a Comment