ကယ်တင်ခြင်းရည်ရွယ်ချက်

           ရှေ့ဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ နှုတ်ကပတ်တော်ကို ဖတ်ချင်ပါသည် - “ငါသည် အစဉ်မပြတ် တရားစီရင်မည် မဟုတ်၊ အစဉ်မပြတ် အမျက်ထွက်မည် မဟုတ်။ ထိုသို့ ဖြစ်လျှင် အသက်သည် ငါ့ရှေ့မှ ပျောက်မည်၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်” (ဟေရှာယ ၅၇း၁၆)။  

     ဤကျမ်းစာအားဖြင့် ဘုရားသခင်သည် လူသားများအပေါ် ချစ်ခြင်းမေတ္တာနှင့် ဂရုဏာ

တရား ကြီးမားကြောင်း ထင်ရှားပါသည်။ ကျမ်းစာက “ငါသည် အစဉ်မပြတ် တရားစီရင်မည် မဟုတ်” ဟု ဆိုထားသည်။ အကယ်၍ ဘုရားသခင်က လူသားများကို တရားစီရင်မည် ဆိုပါက၊ လူသားတို့၏ အသက်သည် ပျောက်ကွယ်သွားမည်၊ သူဖန်ဆင်းထားသော ဝိညာဉ်အားလုံး ပျက်စီးခြင်းသို့ ရောက်မည် ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် လူသားတို့၏ အသက်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ ကိုယ့်အသက်ကို ကိုယ်မပိုင်ဘဲ ဘုရားသခင်ကသာ ပိုင်ကြောင်း တွေ့ရသည်။ လူသားတို့ အသက်ရှင်နေခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။  


ဘုရားသခင်ကို မသိသော သူများက ဤအရာကို သိကြမည် မဟုတ်သော်လည်း၊ လူသားအားလုံးကို တစ်တန်းတစ်ညီ ဖန်ဆင်းထားသည်။ လူများက မိဘများက မွေးဖွားပေးလို့ လူဖြစ်လာသည်ဟု ထင်ကြသည်။ မိဘများကလည်း သူတို့၏ မိဘများက မွေးဖွားပေးလို့ လူဖြစ်လာသည်ဟု ထင်ကြသည်။ ဤသို့ တစ်ဆင့်ပြီး တစ်ဆင့် တွေးကြည့်လျှင် လူ၏ အစကို ရှာတွေ့နိုင်မည် ဖြစ်သည်။ လူသည် မည်သို့ ဖြစ်လာသနည်းဆိုတာ တိတိကျကျ သိဖို့လည်း လိုအပ်သည်။ ထို့ကြောင့် လူ၏ အစသည် ဘုရားသခင်က ဖန်ဆင်းလို့ ဖြစ်လာခြင်းဖြစ်ကြောင်း ကျမ်းစာက ဖော်ပြထားသည်။ ဖန်ဆင်းစဉ်က လူယောက်ျားနှင့် လူမိန်းမ နှစ်ဦးတည်းကို ဖန်ဆင်းပြီး၊ သူတို့ ပေါင်းဖက်လိုက်သောအခါ မြေကြီးပေါ်တွင် လူများ ပြည့်သွားသည်။ ထို့ကြောင့် ဤလူသားများသည် ဘုရားသခင်က ဖန်ဆင်းလို့ ဖြစ်လာခြင်းသာ ဖြစ်သည်။  


ဒါကြောင့် လူတို့၏ အသက်နှင့် ဝိညာဉ်ကို ဘုရားသခင်ကသာ ပိုင်ဆိုင်ပါသည်။ သူသည် ၎င်းတို့ ဆုံးရှုံးပျက်စီးမှာကို အလိုမရှိပါ။ သို့သော် လူသားများက ခဏတာ ယာယီနေရသည့် အချိန်လေးကိုသာ အာရုံစိုက်ကာ အသက်ရှင်နေကြသည်။ အသက်ရှင်ချိန်တွင်ပင် ဒုစရိုက်ထဲတွင် ရေနှံ့ပြီး နေထိုင်ကြသည်။ ထို့ကြောင့် လူသည် ဘုရားသခင်ရှေ့တွင် မကောင်းပါ။ ဘုရားသခင်က လူ၏ စိတ်ဝိညာဉ်သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက် ဖြစ်သည်ဟု မြင်တော်မူသည်။ မိမိကိုယ်တိုင်လည်း ပြန်ဆန်းစစ်ကြည့်လျှင် မကောင်းကြောင်း သိနိုင်ပါသည်। နေ့စဉ် အတ္တ၊ မာန၊ မနော စသည်တို့ဖြင့် ဖုံးလွှမ်းနေကြသည်။ ဘုရားသခင်ရှေ့တွင် လမ်းလွဲသော သူများ ဖြစ်ပြီး၊ မိမိ စိတ်ကြိုက်အတိုင်း အသက်ရှင်နေကြသည်။ ထို့ကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ရှေ့တွင် မကောင်းကြောင်း မြင်ရမည် ဖြစ်သည်။  


ဒါကြောင့် ဘုရားသခင်သည် လူကို ချက်ချင်း မစီရင်သေးဘဲ၊ သူ့ထံ နောင်တနှင့် ပြန်လာဖို့ စောင့်မျှော်နေပါသည်။ ဖန်ဆင်းကတည်းက ရည်ရွယ်ချက်မှာ သူနှင့် ကိုးကွယ် မိတ်သဟာယ ဖွဲ့ဖို့သာ ဖြစ်သည်။ ထို့ကြောင့် သူဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်ကို လုံးဝ အပျောက်မခံဘဲ၊ သူ့ထံ ပြန်လာဖို့ အလိုရှိသည်။ နောင်တနှင့် ပြန်လာသော သူကို လက်ခံပါသည်။ သို့သော် နောင်တနှင့် ပြန်မလာဘဲ၊ ထင်သလို အသက်ရှင်နေလျှင် ပျက်စီးခြင်းသို့ လမ်းဆုံးမည် ဖြစ်သည်။  


ဘုရားသခင်က အသိပေးထားသည်။ သူသာ ချက်ချင်း စီရင်မည်ဆိုလျှင် အသက်အားလုံး ပျောက်သွားမည် ဖြစ်သည်။ ထိုသို့ မဖြစ်စေလိုသောကြောင့် ယေရှုခရစ်သည် လောကသို့ ကြွလာပြီး လူသားအားလုံး၏ အပြစ်ကြွေးကို ပေးဆပ်ခဲ့သည်။ ဤအရာကို လက်ခံယုံကြည်သော သူက ထာဝရအသက်ကို ရမည် ဖြစ်သည်။ နောင်တရသူက ရမည်၊ မရသေးသော သူကတော့ ဘုရားသခင်၏ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း ကုန်ဆုံးသွားလျှင် ဆုံးရှုံးပျက်စီးခြင်းသို့ ရောက်သွားမည်။ အချိန်မတန်မီ ဘုရားသခင်၏ ရုတ်သိမ်းခြင်းကိုလည်း ခံရနိုင်သည်။  

ထို့ကြောင့် အချိန်ရှိတုန်း ဘုရားသခင်ကို ရှာဖွေ၍ ယုံကြည်၊ ကိုးကွယ်၊ လက်ခံဖို့ အရေးကြီးကြောင်း အနည်းငယ် ဝေငှလိုပါသည်။ အယောက်စီတိုင်း ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ခံစားရပါစေ။  


ဆရာအာဗြံဟံ


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?