နှလုံးသားနှင့် တမ်းတခေါ်သံ

             ယနေ့လောကတွင် ခရစ်ယာန်မဟုတ်သေး သော်လည်း အသက်ရှင်တော်မူသောဘုရား

ကိုယုံကြည်သောသူများစွာရှိ နေပါသည်။ ဘု ရားသခင်၏ရှေ့တော်တွင် ခရစ်ယာန်ဖြစ်ခြင်း၊

 မဖြစ်ခြင်းသည်အဓိကမဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ် တော်၏ ဖေါ်ပြမှုကြောင့် မေနာ

အာရုံ အသိက အသက်ရှင်သောဘုရားရှိကြောင်း၊ အသက်ရှင်သောဘုရားသည် မိမိကိုတွေ့မြင်နေ

ကြောင်း နားလည်ပြီး၊ ဘုရားကိုယုံကြည်သူတိုင်းအား ဘုရားရှင်ကအသိအမှတ်ပြုပါသည်။ မည်သည့်ဘာသာဝင်ဖြစ်ပါစေ၊ အပြင်လက္ခဏာ သည် အဓိ

ကကျပါသည်။


ဘုရားသခင်သည် မျက်နှာမလိုက်ပါ။ ဆင်းရဲနွမ်းပါးသောကြောင့် အားမငယ်ပါနှင့်။ ချမ်းသာကြွယ်ဝ သောကြောင့် လည်း ဝါကြွားမောက်မာခြင်းမပြုပါနှင့်။ ဘုရားသခင်သည် မည်သူမျက်နှာကိုမျှမမှတ်ပါ။ အပြင်သမဏ္႑ာန်၏ နွမ်းပါးမှု၊ ကြွယ်ဝမှုသည် ဘုရားရှေ့တွင်မပေါ်လွင်ပါ။ အတွင်းနှလုံးသား၏ စိတ်ထားသည်သာ ပေါ်လွင်ပါသည် (တမန်၊ ၁၀း၃၄-၃၅)။ ထိုကြောင့်ကျွနု်ပ်တို့၏ လုပ်ဆောင်မှုမှန်သမျှသည် မည်မျှပင်ပန်းစွာလုပ်ဆောင်ပါစေ၊ အဓိကမကျပါ။ မည်ကဲ့သို့သောစိတ်နှလုံး နှင့်လုပ်ဆောင်နေသည် ဆိုခြင်းကသာလွန်၍အဓိကကျပါသည်။ ကျွနု်ပ်တို့၏လုပ်ဆောင်မှုထက် အတွင်းစိတ်ထားမှန်ကန်မှု ကိုဘုရားရှင်ကသိမှတ်ပါသည်။


တရားသဖြင့်ကျင့်ဆောင်သူ

ဘုရားသခင်ထံတော်မှ ကယ်တင်ခြင်းကျေးဇူးကို မည်သူခံစားရပါသနည်း။ ဘုရားသခင်ရှေ့တွင်မည်သူ မျက်နှာရပါသနည်း။ ယုဒလူများသာကယ်တင်ခြင်းရသည်မဟုတ်သလိုခရစ်ယာန်များသာကယ်တင်ခြင်းရသည်မဟုတ်ပါ။ လူအမျိုးမျိုးရှိသည်တွင်၊ ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် ဘုရားရှင်ရှေ့တွင် မျက်နှာရသည် သာမက ကယ်တင်ခြင်း ကျေးဇူးကိုလည်းခံစားခွင့်ရှိသည်။


(တမန်၊ ၁၀)တွင် ကော်နေလိအမည်ရှိသူသည် ယုဒလူမဟုတ်ပါ။ ခရစ်ယာန်လည်းမဟုတ်ပါ။ အခြားတပါး အမျိုးသားဖြစ် ပါသည်။ သူသည်တပ်မှူးတစ်ဉီးဖြစ်ပါသည်။ ထိုမျှမကသူသည်ဘုရားသခင်ကို အာုံပြုတမ်းတပြီး အလှူဒါနကိုပြုသောသူဖြစ်ပါ သည်။ နှလုံးသားဖြင့် ဘုရားကိုကြောက်ရွံ့သောသူဖြစ်သည်။ အလှူဒါနပြု၍ ကောင်းကင်နိုင်ငံသို့ ရောက်နိုင်မည်မဟုတ်ပါ။ နှလုံးသားနှင့်ဘုရားကိုကြောက်ရွံ့ယုံကြည်ပြီးမှ တရားသဖြင့် ပြုမူကျင့်ဆောင်သူသာ ဘုရားကို ကြောက်ရွံ့ယုံကြည်ပြီးမှ တရားသဖြင့်ပြုမူကျင့်ဆောင်သူသာ ဘုရားရှေ့တွင်မျက်နှာရပြီး အသိအမှတ်ပြုခံရကာ၊ ကယ်တင်ခြင်း ကျေးဇူးကိုလည်း ခံစားနိုင်မည် ဖြစ်သည်။ ကော်နေလိသည် နှလုံးသားနှင့်ဘုရားရှင်ကိုတမ်းတကာ တရားသဖြင့် ကျင့်ဆောင်ပြုမူသောကြောင့် ဘုရားရှင်၏ ကျေးဇူးတရားကိုခံစားရပါသည်။


မထင်မှတ်သူများ

ဘုရားရှင်များကိုယုံကြည်၍ ကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိသည့်အချိန်တွင် ကျွနု်ပ်တို့မထင်မှတ်ထားသောစွာကို ကောင်းကင်နိုင်ငံတွင် တွေ့ရမည်ဖြစ်သည်။ ထိုအထဲတွင် အပြင်လက္ခဏာအားဖြင့် ခရစ်ယာန်မဟုတ်သော သူများစွာ ပါဝင်ပေလိမ့်မည်။ ထိုမွ်သာမက ကျွနု်ပ်တို့ထင်မှတ်ထားသူများထဲမှအချို့ကို ကောင်းကင်နိုင်ငံတော်၌ တွေ့ရ လိမ့်မည် မဟုတ်ပေ။ မြေကြီးပေါ် တွင် ဧဝံဂေလိတရားကိုများစွာလှည့်လည်ဟောပြောနေကြသူတို့ဤား ခရစ်တော်က သင်တို့ကို ငါမသိ ဟုငြင်းဆိုကြောင်း (မဿဲ၊ ၇ း ၂၁ -၂၃) တွင်ကျွနု်ပ်တို့တွေ့ကြရသည်။ ထိုသူများသည် ဘုရားရှင်၏ အကြောင်းကိုသာသိ၍ ဟောပြောနေသူများဖြစ်သော်လည်း ဘုရားသခင်ကိုနှလုံးသားနှင့် မတွေ့၊ မသိ၊ မမြင်ကြ သူများဖြစ်ပေသည်။ ထိုကြောင့် ယနေ့ကျွနု်ပ်တို့သည်သခင်ယေရှု၏အကြောင်းကိုသာသိ သူလား။ (သို့တည်းမဟုတ်) သခင်ယေရှုကို ပုဂ္ဂိုလ်တော်မြတ်အနေနှင့် ကိုယ်တိုင်ထိတွေ့သက်သေရကာ ယုံကြည်ခိုလံှုနေသူလားဟူ၍ မိမိအသက္တာကို သတိပြုစစ်ဆေးသင့်ပေသည်။


ဘာသာတရား

ယနေ့လောကတွင် အချို့သောသူများသည် မိမိတို့ထင်မြင်ယူဆထားသည့်အတိုင်း အကျိုးခံစားရမည်ဟု မျှော်လင့်သော်လည်း မခံစားရဘဲမျက်မြင်အခြေအနေအရ အကျိုးဆုံးရှုံးနေသူများစွာရှိပါသည်။ ခရစ်ယာန်အများစုမှာ မိမိတို့သာကယ်တင်ခြင်းရမည်။ မိမိတို့ကို သာ ဘုရားသခင်ကစကားပြောသည်ဟုထင်မြင်ယူဆကြပါသည်။ ကော်နေလိသည် ခရစ်ယာန်တစ်ဉီးမဟုတ်ပါ။ သို့သော်နှလုံးသားကိုသိ မြင်တော်မူသောဘုရားက ကော်နေလိ၏ အတွင်းနှလုံးသားကိုမြင်၍ မိမိ၏တမန်တော်ကို စေလွှတ်ကာကော်နေလိအား စကားပြောခဲ့ပါ သည်။ လောကတွင် ဘာသာတရားများစွာရှိပါသည်။ ဘာသာတရားများမှာ လူ၏အကျိုးအတွက် ဘုရားသခင်ကခွင့်ပြုထားသောအရာ များဖြစ်သည်။ ဘာသာတရားတိုင်းက လူကိုအပြစ်ရှိကြောင်း၊ အပြစ်ကြောင့်သေခြင်းတရားကိုရင်ဆိုင်ရခြင်းဖြစ်ကြောင့်၊ သတိပေးဖေါ်ပြထား ခြင်းဖြစ်သလို၊ (ရော၊ ၅ း ၁၂) တွင်လည်းဖေါ်ပြထားပါသည်။ လူသည်သင်္ခါရသားသက်သက်မဟုတ်ပါ။ ထာဝရကဏ္႑နှင့်တွဲဖက်၍ ရှင်သန်နေသူဖြစ်ပါသည်။ ဘာသာတရားကြောင့်မိမိ၌အပြစ်ရှိကြောင်းသိမြင်ပါက သင်္ခါရကဏ္႑ကို အလေးထားအသက်မရှင်ဘဲ ထာဝရ ကာလအတွက်စဉ်စား၍ ကြိုတင်ပြင်ဆင်သင့်ပေသည်။


ငါ့ကိုခေါ်လော့

သမ္မာတရား၏ အသိပေးဖေါ်ပြမှုကြောင့် ကျွနု်ပ်တို့သည် ကံသုံးပါးဖြင့် နေ့စဉ်နှင့်အမျှအပြစ်ကျူးလွန် နေကြောင်းသိမြင်လာပြီဆို လျှင် ိုအပြစ်တရား၏ စိုးမိုးချယ်လှယ်မှုအောက်မှလွတ်မြောက်ရာလမ်း ရှိကြောင်းသတိပြုပါ။ သခင်ယေရှုက ငါ့ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းမခံရဟုသတိပေးပါသည်။ (ယော၊ ၃း၁၈)။ ထိုကတိကိုလက်တွေ့ သိရွိခံစားလိုပါက ငါ့ကိုခေါ်လော့၊ ငါထူးမည် ဟုပြော ထားပါသည်။ကိုယ်တော်အသက်ရှင်ကြောင်း လက်တွေ့သိလိုပါက ကိုယ်တော်သည် အမှန်တက်ယအသက်ရှင်၍ ကျွနု်ပ်တို့ကို အပါယ္ငရဲ မှကယ်တင်သော ဘုရားဖြစ်ကြောင်း သက်သေပြပါဟုခေါ်နိုင်ပါသည်။ ထိုသို့ခေါ်ပါက ကိုယ်တော်သည်အသက်ရှင်၍ အပြစ်တရားမှ ကယ်တင်နိုင်သော ဘုရားဖြစ်ကြောင်း ကျွနု်ပ်တို့လက်တွေ့သိရှိယုံကြည်ဖို့သက်သေထူ၍ မစပေလိမ့်မည်။


ဘုရားရှင်သည် မျက်နှာမလိုက်ပါ။ သခင်ယေရှု၏ နာမ၌ခေါ်သူတိုင်းကိုထူး၍ သက်သေထူပါသည်။ ထိုကြောင့်ယနေ့ကျွနု်ပ်တို့၏ အသက္တာ၌ ကိုယ်တော်နှင့် ပုဂ္ဂိုလ်ချင်းထိတွေ့မှုသက်သေမခံစားရသေးပါက၊ ကိုယ်တော်ကို စိတ်နှလုံးနှင့်တမ်းတလျက်ခေါ်ပါ။ ကိုယ်တော် အသက်ရှင်ကြောင်းသက်သေရမည်ဖြစ်သည်သာမက၊ အံ့သြဖွယ်သက်သေ အမျိုးမျိုးကို အသက်တာ၌လက်တွေ့ခံစားရမည်ဖြစ်ပါကြောင်း၊ မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?