အခန်း (၁၉) - စာတန်

           (SATAN) 

ယနေ့လူအများတို့သည် စာတန်အမှန်တကယ်တည်ရှိနေသည်ကို မယုံကြည်နိုင်ချေ။ သူတို့က စာတန်

သည် ဆိုးညစ်သောစွမ်းအားတစ်ခုသာဖြစ်သည်ဟု ယူဆသည်။ ဒါကြောင့် ဤဆိုးသော စွမ်းအားသည်ကူးစက်

ရောဂါပိုးကဲ့သို့ လေ၌ပျံ့နှံ့ကာကူးစက်ပြီး လူ့နှလုံးသားအားအမြဲဒုက္ခပေးလေ့ရှိကြောင်း ယူဆပြောဆိုကြသည်။

ကျွန်ုပ်တို့သည် အစဉ်သတိထားသင့်သည်။ စာတန်အမှန်တကယ်ရှိမရှိကို

လူအသိပညာအားဖြင့် တွေးတော၍

မရနိုင်ချေ။ ဘုရားသခင်နှုတ်ကပတ်တော်ကို အခြေခံပြီး သေချာဂဃနဏ လေ့လာမှသာလျှင်သိရှိနိုင်သည်။ 


ထို့ကြောင့် စာတန်သည်အမြဲတမ်းကျမ်းစာကိုဖီလာဆန့်ကျင်ပြီး မှန်ကန်သော သမ္မာတရားကို သံသယပွားလာ

အောင်လှည့်ဖြားသွေးဆောင်လေသည်။ ထို့ကြောင့် စာတန်သည်စွမ်းအားတစ်ခုမဟုတ်ချေ။ သူသည်ပုဂ္ဂိုလ်တစ်

ပါးဖြစ်သည်။ ၁ပေ ၅း၈၌ “သမ္မာသတိရှိလျှက် မအိပ်ပဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်

နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရအံ့နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” ဟုမိန့်ဆို

ထားလေသည်။


စာတန်သည် လှည့်လည်သွားလာနိုင်သည်။ အသံပြု၍ အသံထွက်အောင်အော်နိုင်သည်။ စာတန်ကို

ချည်နှောင်၍လည်းရနိုင်သည် (ဗျာ ၂၀း၁-၃)။ ဒါကြောင့်စာတန်သည် အကောင်အထည်ခန္ဓာကိုယ်မရှိသော စွမ်း

အင်သက်သက်ဖြစ်သည်ဟုမပြောနိုင်ချေ။ စာတန်၏နာမည်လည်းများစွာရှိသည်။ ၎င်းမှာ စာတန်၊ နတ်ဆိုး၊ ဗေ

လျာလ၊ ဗေလဇေဗုလ၊ ဆန့်ကျင်သူ၊ ရန်သူ၊ မြွေဆိုး ဟူ၍ဖြစ်သည်။ ကျမ်းစာ၌ သူ့နာမည်ကိုအကြိမ်ပေါင်းတစ်

ရာခုနှစ်ဆယ်ကြိမ်မကသုံးစွဲထားလေသည်။ သူတို့သည် အာကာသကောင်းကင်၏အစိုးရမင်းနှင့် အာဏာစက်ရှိ

သောသူဖြစ်သည်။ (ဧ ၂း၂) ဤလောကကိုအစိုးရသော ဘုရားဟူ၍လည်းခေါ်သည်။ (၂ကော ၄း၄) ဘုရားဟူ

သော ဝေါဟာရ၌ အင်္ဂလိပ်ဘာသာတွင် “g” အသေးကိုသုံးနှုံးထားသဖြင့် ထာဝရဘုရားသခင်အောက် ယုတ်ညံ့

သောသူဖြစ်သည်မှာ ထင်ရှားလေသည်။


လောကနှင့် လောကစည်းစိမ်အားလုံးသည် ဘုရားသာပိုင်ဆိုင်ထား

လေသည်။ စာတန်သည် ဤလောက၏ အပေါ်ယံကိုသာ ပိုင်ဆိုင်ထားပေသည်။ ၎င်းအပေါ်ယံသည် လူမှုအ

ဆောင်အအုံဖြစ်သော စီးပွားကုန်သွယ်ခြင်း၊ ဘာသာရေးနှင့် အုပ်ချုပ်မှုအထွေထွေတို့ဖြစ်သည်။ ထို့ကြောင့်

စာတန်သည် ဤလောကအဆောင်အဦးကို အုပ်စိုးသောဘုရင်တစ်ဆူပင်ဖြစ်သည်။ (ဧဖက် ၆း၁၁၊ ၁၂) စာတန်

၏ရာထူးသည် အလွန်မြင့်မားပြီး ကောင်းကင်တမန်မင်း မိက္ခေလကိုယ်တိုင်လည်း ကဲ့ရဲ့သောစကားကိုမဆိုရဲ

ချေ။ (ယု ၉) ထိုကြောင့် လူသားများသည် ဘုရားသခင်ကူညီမစခြင်းအားဖြင့် မဟုတ်လျှင် စာတန်ကို မအောင်

မြင်နိုင်ချေ။


၁။ စာတန်၏မူလအစ

စာတန်မည်ကဲ့သို့ဖြစ်ပေါ်လာသည်ကို ကျမ်းစာမှအတိအကျမရေးသားသောကြောင့် ဝှက်ထားသော

အရာကဲ့သို့ဖြစ်သည်။ သို့သော်လည်း သူသည် ဖန်ဆင်းခံထားသော သတ္တဝါတစ်မျိုးဖြစ်သည်။ သူသည်မကျဆုံး

ခင်၌ဘိသိက်ခံထားသော ပုဂ္ဂိုလ်ဖြစ်ပြီးဘုရားရှင်၏ပလ္လင်တော်ကို စောင့်ရှောက်ပေးရသော ပုဂ္ဂိုလ်တစ်ပါးဖြစ်

သည်။ သူ့ကိုဖန်ဆင်းချိန်မှစ၍ ပြည့်စုံခဲ့သော်လည်းနောက်ပိုင်းတွင် သူ့ထဲ၌ ဘုရားရှင်ကအပြစ်ကိုရှာဖွေတွေ့ရှိ

လေသည်။ လှပချောမောပြီး ပညာဉာဏ်အရာမှာလွန်စွာတတ်ကျွမ်းပြီး ၎င်းအတွက်ကြောင့် နှလုံးထဲ၌မာနကြီး

လာခဲ့သည်။ သူ၏ဝတ်ရုံမှာလည်း လွန်စွာတောက်ပပြီး ကျောက်မျက်ရတနာအားလုံးသည် သူ၏တန်ဆာဆင်

လက်ဝတ်လက်စားများဖြစ်ခဲ့သည်။ (ယေဇ ၂၈း၁၁-၁၉)


သူ၏နေရာသည်ဘုရားသခင်၏ဥယျာဉ်ဖြစ်သော ဧဒင်အရပ်၌ဖြစ်သည်။ ထိုနေရာသည် ဤကမ္ဘာမြေရှိ

ဧဒင်ဥယျာဉ်ဖြစ်မည်မဟုတ်ပါ။ ဘုရားသခင်၏ သာယာသောဥယျာဉ်ဖြစ်ပေမည်။ ထိုအချိန်၌စာတန်သည် ဘုရားသခင်၏တောင်ပေါ်၌ နေရာကျလေ့ရှိသည်။ ယေဇကျေလအနာဂတ္တိကျမ်း၌ စာတန်ကို တုရဘုရင်အဖြစ်

တင်စားပြီး အနာဂတ်တစ်ချိန်ချိန်တွင် စာတန်ကိုယ်ဆိုင်ခန္ဓာကိုယ်အဖြစ်ပြောင်းလဲကာ အန္တိခရစ်အဖြစ်ဖေါ်ပြ

မည့်သူကိုရည်ညွှန်း၍ ပရောဖက်ပြုလေသည်။ ဤနေရာ၌စာတန်၏မူလအစနှင့် ကျဆင်းခြင်းအကြောင်းကို

လည်း အနည်းငယ်ဖေါ်ပြထားလေသည်။ အဘယ့်ကြောင့်ဆိုသော် တုရဘုရင်လောက်ကြီးကျယ်ခမ်းနားသည့်

ဘုရင်တစ်ပါးမျှမပေါ်ထွန်းခဲ့သေးပေ။


ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၂-၂၀ တွင်စာတန်ကျဆင်းသွားခြင်းကို အကျယ်တဝင့်ရေးသားထား

လေသည်။ သူ၏နာမည်ကိုလည်း နံနက်သား၊ မိုဃ်းသောက်ကြယ်ဟူ၍ သမုတ်ထားလေသည်။ ဤနာမည်

သည်စာတန်ကိုဖန်ဆင်းသည့် အချိန်မှမှည့်ထားသောနာမည်ဖြစ်သည်။ သူ့ကိုဖန်ဆင်းသည့်အခါ မြေကြီးကို

လည်းတစ်ပြိုင်နက်ဖန်ဆင်း၍ ထိုအချိန်တွင် မိုးသောက်ကြယ်နှင့်အတူ သီချင်းဆို၍ဘုရားသားများသည် ရွှင်

လန်းဝမ်းမြောက်သြည်ဟုဆိုသည်။ (ယောဘ ၃၈း၇) နံနက်ကြယ်တို့သည် ဟုဆိုသဖြင့် စာတန်နှင့်တူညီသည့်

ပုဂ္ဂိုလ်မျိုးတခြားလည်းရှိကြောင်း သိရှိနိုင်လေသည်။ 


စာတန်ကို လူစီဖါနှင့် နံနက်သားဟူ၍ခေါ်သည်သာမက ဟေ ၁၄း၄၌ ဗာဗုလုန်ရှင်ဘုရင်ဟူ၍လည်း

ခေါ်ဝေါ်လေသည်။ ယနေ့ထိ ဗာဗုလုန်၌ စာတန်ကဲ့သို့ မပေါ်ပေါက်သေးချေ။ သို့သော်အနာဂတ်ကာလတွင်

ပေါ်ထွန်းလာမည့် ဗာဗုလုန်ဘုရင်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ထိုသူသည် စာတန်ဖြစ်လာမည့် အန္တိ

ခရစ်ဆိုသူကို ရည်ညွှန်းပြီးသူသည် ဗာဗုလုန်မြို့ပြကိုပြန်တည်ဆောက်မည့်သူဖြစ်သည်။ ဖြစ်နိုင်သည်မှာ 

ဘုရားသခင်ကကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်း၍ လူများနေထိုင်ဘို့ပြင်ဆင်ပြီးသောအခါ စာတန်ကို လည်း

အုပ်စိုးရန်အခွင့်ပေးတော်မူလိမ့်မည်။ ထိုအခါ ဟေရှာယကျမ်း၌ ဖေါ်ပြထားသည့်အတိုင်း သူ၏နှလုံးသားထဲ၌

မာနပေါ်လာ၍ ဤသို့မိန့်မှာခဲ့သည်။


“ကောင်းကင်ဘုံသို့ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါပလ္လင်ကိုငါချီးမြောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော်တောင်ပေါ်မှာ ငါထိုင်မည်။ မိုဃ်းတိမ်ထိပ်ပေါ်သို့ငါတက်မည်။

အမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမည်ဟုစိတ်အကြံရှိလေပြီ”ဟူ၍ ဟေ ၁၄း၁၃-၁၄၌ရေးသားထား

လေသည်။ 


စာတန်သည် ဤကဲ့သို့အကြံအစည်ရှိသည်ကို ဘုရားသခင်သိမြင်၍သူ့အား ကမ္ဘာမြေပေါ်သို့ နှင်ချ

လိုက်သောအခါ ဤကမ္ဘာကြီးသည် မှောင်မိုက်ကမ္ဘာလွတ်လပ်လဟာ အဖြစ်သို့ပြောင်းလဲသွားခဲ့ရလေသည်။

ထိုအခါ စာတန်သည်ဤကမ္ဘာမြေကြီးသည် သူပိုင်သည်ဟုယူဆလေသည်။ ထို့ကြောင့်စာတန်သည် ခရစ်တော်

ယေရှုအားစုံစမ်းသောအခါ ဤလောက၌ရှိသောတိုင်းနိုင်ငံ၊ ဘုန်းစည်းစိမ်အားလုံးပေးလိုသူကိုပေးပိုင်သည်ဟု ပြောဆိုခဲ့လေသည်။


၂။ ပစ္စုပ္ပန်အချိန်၌ စာတန်၏နေရာ


တချို့သူများသည် စာတန်နှင့် တမန်များကိုချုပ်နှောင်ထားသည်ဟုယူဆလေသည်။ ၂ပေ ၂း၄နှင့် ယု ၆၌ ရေးသားထားသည်မှာ ကောင်းကင်တမန်တော်များကို သာချုပ်နှောင်ထားကြောင်းတွေ့ရသည်။ စာတန်ကို

မချုပ်နှောင်ထားချေ။ ထိုကောင်ကင်တမန်များသည် နောဧလက်ထက်မတိုင်မှီ ရေမလွှမ်းမိုးခင်၌ ကျဆင်းသွား

သဖြင့်ထောင်ထဲတွင်ထားသော ဝိညာဉ်ဟူ၍လည်းခေါ်သည်။


စာတန်နှင့်၎င်း၏တမန်များသည် လွတ်လွတ်လပ်

လပ်သွားလာနိုင်သည်။ (ယောဘ ၁း၇) ဘုရားသခင်၏သားများသည် ဘုရားသခင်ရှေ့တော်၌ခစားမည့်နေ့ရက်

ရောက်သောအခါ စာတန်သည်လည်းသူတို့နှင့် အတူရောနှော၍ပါလာသည်ဟုဆိုသည်။ ထို့ကြောင့်စာတန်

သည် မိမိစိတ်ရှိသည့်အတိုင်းသွားလာလှုပ်ရှားနေကြောင်းသိရှိရသည်။

ဘုရားသခင်ကလည်း စာတန်အားသင်သည် အဘယ်အရပ်မှလာသနည်းဟုမေးတော်မူလျှင် စာတန်က

မြေကြီးပေါ်မှာ အရပ်ရပ်သွားလာခြင်းအမှုထဲကလာပါသည်ဟုပြန်ပြောလေသည်။


ထိုခေတ်ကာလတွင်စာတန်

သည်လွတ်လပ်စွာသွားလာနိုင်ကြောင်းသိရသည်။ ဘုရားသခင်ရှေ့တော်၌လည်း သွားရောက်နိုင်ကြောင်းသိ

ရှိရသည်။ ဘီစီ ၂၀၀၀ခန့် ယောဘအချိန်တွင်စာတန်သည် ကောင်းကင်၌နေလေ့ရှိသည်။ မိလ်တန် (Miltom)

ကသူ့စာအုပ် “Paradise Lost’’ ၌စာတန်သည်အာဒံနှင့် ဧဝခေတ်တွင်နေစရာဘုံပျောက်ဆုံးပြီး မိုးပေါ်မှကျလာ

သည်ဟုရေးသားထားလေသည်။ ၎င်းမှာ ဗျာ ၁ရး၇-၁၂ ကိုအခြေပြုထားခြင်းဖြစ်သည်။ သို့သော်ဗျာဒိတ်ကျမ်း

တစ်အုပ်လုံးသည် အနာဂတ်ကာလ၌ဖြစ်ပျက်မည့်အကြောင်းအရာကိုသာအဓိကရေးသားထားလေသည်။ ရှင်

ယောဟန်လက်ထက် အေဒီ ၉၆အချိန်၌ စာတန်သည် မိုးကောင်းကင်၌ ကျက်စားနေပြီး ယနေ့ထိတိုင်ထိုနေရာ

၌ပင်နေလေသည်။


၃။ စာတန်နိုင်ငံ


စာတန်သည် ဘုရင်တစ်ပါးဖြစ်သဖြင့် သူ၏နိုင်ငံလည်းရှိလေသည်။ ယေရှုခရစ်တော်က “စာတန်သည်

လည်းစာတန်ကိုနှင်ထုတ်သည်မှန်လျှင်၊ သူသည်မိမိနှင့်ကွဲပြား၏။ သူ၏နိုင်ငံသည်အဘယ်မှာတည်နိုင်မည်

နည်း”ဟု မ ၁၂း၂၄-၃၀ ၌မိန့်မှာထားလေသည်။

“ “ ငါတို့သည် အသွေးအသားရှိသောသူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်၊ အထွဋ်အမြတ်တို့

နှင့်၎င်း၊ အာဏာစက်တို့နှင့် ၎င်း၊ လောကီမှောင်မိုက်၌အစိုးတရပြုသောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်

၌နေသောနတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏” ”ဟု ဧ ၆း၁၂၌ထပ်ရေးသားထားလေသည်။


ထို့ကြောင့် စာတန်နိုင်ငံတွင်လည်း အုပ်ချုပ်သောသူ၊ ခေါင်းဆောင်များနှင့် မှောင်မိုက်ကိုအုပ်စိုးသူ၊ ကောင်းကင်၌နေသောနတ်ဆိုးဝိညာဉ်ဆိုးအဖွဲ့များရှိကြောင်းကျမ်းစာကဆိုထားလေသည်။

ပရောဖက်ဒံယေလခေတ်ကာလကဲ့သို့ တိုင်းပြည်ကိုအုပ်ချုပ်သောမင်းများသည် စာတန်နိုင်ငံမှတဆင့်

အုပ်ချုပ်ပြီး၊ အုပ်ချုပ်မှု စည်းမျဉ်းများရေးဆွဲသည့်အခါ၌လည်း စာတန်ကဦးဆောင်ရေးဆွဲစေပြီး၊ ဒံယေလအား

ကူညီဘို့လာသောကောင်းကင်တမန်ကို ပေရသိနိုင်ငံအားအစိုးတရပြုသောမင်းကရက်နှစ်ဆယ်တစ်ရက်ပတ်

လုံးဆီးတားခဲ့သည်။ ထို့ကြောင့် အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလလာရောက် တိုက်ခိုက်ကူညီပေးရလေ

သည်။ (ဒံ ၁၀း၁၀-၁၄)


စာတန်လက်အောက်ရှိအုပ်စု (၃)စု


(၁) တမန်။ ။ မိမိတို့၏အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကိုစွန့်သောကောင်းကင်တမန်တို့ကို၊ ကြီး

စွာသောနေ့၌စစ်ကြောစီရင်ခြင်းအလို့ငှာ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲ၌ချုပ်ထားလေ၏။ (ယု ၆) ၎င်းအဖွဲ့တွင် ဤကောင်းကင်တမန်များမပါဝင်ချေ။ ၎င်းသည် ဗျာ ၁၂း၉၌စာတန်နှင့်အတူယခုမိုးကောင်းကင်

၌ ကျင်လည်ကျက်စားနေသော တမန်များဖြစ်သည်။ နောက်ဆုံးသောကာလ၌ ထိုသူများအားလုံးကို ကန့်နှင့်

ရောနှောသောမီးအိုင်ထဲသို့ချခြင်းခံရလိမ့်မည်။ (မ ၂၅း၄၁၊ ဗျာ ၂၀း၁၀)


(၂) နတ်ဆိုး။ ။ နတ်တစ်ပါးတည်းသာရှိသည်။ သမ္မာသစ်ကျမ်းနေရာအတော်များများကို နတ်ဆိုးဟူ၍သမုတ်

ထားလေသည်။ နတ်ဆိုး(သို့) ဝိညာဉ်ဆိုးများသည် အာဒံ၊ ဧဝမတိုင်မှီကိုယ်ခန္ဓာပျောက်ဆုံးသွားသော ဝိညာဉ်

များဖြစ်သည်ဟုအနက်ဖွင့်သူအများကယူဆထားကြသည်။ သူတို့သည် အမြဲတမ်းလူနှင့် တိရစ္ဆာန်ထဲဝင်တတ်

သောကြောင့် ခရစ်တော်ယေရှုလက်ထက်ထဲတိုင်အောင် ဤကိစ္စမျိုးအလွန်တွေ့ရသည်။


သူတို့သည် အုပ်စုဖွဲ့၍

ကျက်စားလေ့ရှိသည်။ သူတို့စရိုက်မှာဆိုးသွမ်းမိုက်မဲညစ်ညမ်းပြီး လူ၏စိတ်နှလုံးနှင့်ကိုယ်ခန္ဓာကိုလည်းကောင်း

အောက်တန်းကျစေသည်သာမက ထိခိုက်နစ်နာစေလေသည်။ (မ ၁၂း၂၂၊ ၁၅း၂၂၊ လု ၄း၃၅၊ ၈၃၆၊ ၉း၄၂၃)

သမ္မာဟောင်းကျမ်း၌နတ်ဝိဇ္ဇာဆရာများသည် ဤကဲ့သို့သောနတ်ဆိုးဝိညာဉ်များနှင့် မိတ်ဖွဲ့ဆက်သွယ်

ပြီး လှည့်စားသည့်အလုပ်ဖြင့် အသက်မွေးမြူကြလေသည်။ သမ္မာသစ်ကျမ်း၌ ရှင်ပေါလုတပည့်တော်တိမော

သေအားသတိပေးသည့်ဝိညာဉ်မှာလှည့်ဖြားတတ်သောစိတ်ဝိညာဉ်ဖြစ်သည်။ (၁တိ ၄း၁)

(၃) ခရစ်တော်ထဲ၌ မမွေးဖွားသောသူ။ ။ ဤလူများသည် စာတန်၏အုပ်စိုးချယ်လှယ်ရာအထဲ၌ အသက်ရှင်

နေသူများဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က သူတို့ကို တောမျိုးစေ့ (သို့) မိုက်သောသားဟူ၍ ခေါ်ဝေါ်ခဲ့လေ

သည်။ (မ ၁၃း၃၈) ခရစ်တော်ယေရှုဘုရားက ဖာရိရှဲလူမျိုးများအားသင်တို့၏ အဖသည် စာတန်ဖြစ်သည်ဟုမိန့်

မှာခဲ့လေသည်။ (ယော ၈း၄၄)


၄။ စာတန်၏ပရိယာယ်


(၁) လောကကိုလှည့်ဖြားသောသူ။ ။ လောကတစ်ခွင်လုံးကိုဆိုးသွမ်းသောစာတန်သည် အုပ်စိုးနေသော်လည်း

ကျွန်တော်တို့သည် ဘုရားပိုင်သောသူများဖြစ်သည်။ ပစ္စုပ္ပန်လောကကိုစာတန်အုပ်စိုးနေသောကြောင့် သူကလူ

၏ဉာဏ်မျက်စိကိုကွယ်စေသည်။ (ဂလာ ၁း၆-၉) အခြားသောဧဝံဂေလိတရားဆိုသည်မှာတစ်ခြားမဟုတ်၊ စာတန်၏အကြောင်းပင်ဖြစ်သည်။ စာတန်သည် ပုန်ကန်သောင်းကျန်းသူနှင့် လှုံ့ဆော်မြူဆွယ်သောသူဖြစ်

သည်။ (၁တိ ၄း၁) ရှင်ပေတရုက နောက်ဆုံးကာလကိုရည်ညွှန်းရင်း -

“ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူဖျက်ဆီးတတ်သောမိစ္ဆာဒိဌိအယူများကို ပရိယာယ်

အားဖြင့်သွင်း၍ မိမိတို့ကိုဝယ်ယူတော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့စောလျင်စွာ

ပျက်စီးခြင်းကိုရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။ သူတို့ညစ်ညမ်းသော

အကျင့်ဓလေ့တို့ကိုအများသောသူတို့သည် လိုက်သောအားဖြင့် သစ္စာတရားလမ်းအသရေသည် ပျက်

စီးလိမ့်မည်”ဟု မိန့်ဆိုခဲ့လေသည်။ (၂ပေ ၂း၁-၂)



မိစ္ဆာဆရာများကိုကျွန်တော်တို့မျက်စိအားဖြင့် တွေ့မြင်နိုင်လေသည်။ သူတို့သည် အပျိုကညာမှ ခရစ်တော်ကိုမွေးဖွားခြင်း၊ ခရစ်တော်သည်ဘုရားဖြစ်ကြောင်း၊ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်

ခြင်း၊ ဒုတိယအကြိမ်ပြန်လာခြင်းနှင့် သူကိုယ်တိုင်နိုင်ငံတော်ကိုအုပ်စိုလိမ့်မည်ကိုမယုံကြည်နိုင်ချေ။ စာတန်

သည် လှည့်ဖြားသွေးဆောင်နိုင်သောတန်ခိုးရှင်ဖြစ်သောကြောင့် ရွေးကောက်ထားသူကိုပင် လှည့်ဖြားနိုင်

လေသည်။


သူသည် ကျမ်းစာအတတ်ပညာလည်းတတ်ကျွမ်းပြီးအလွန်ဉာဏ်ထက်မြက်လျင်မြန်သူဖြစ်သည်။

ထို့ကြောင့် ဉာဏ်နီဉာဏ်နက်ကိုအသုံးပြုပြီး လျှို့ဝှက်သောအားဖြင့် တိတ်တဆိတ်ဝင်ရောက်ကာ သမ္မာတရား

အဖြစ်မှ သွေးဆောင်လှည့်စားလေသည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့ ပတ်သက်သော ကျမ်းစာမှ

ဂတိတော်ကိုပယ်ရှားသည့်အထိ လှည့်စားနိုင်လေသည်။ မျှော်လင့်ခြင်းကိုလျော့ပါးသွားစေသည်။


လောကီနှင့်

ဆိုင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက်သာကြိုးစားအားကိုးပြီး သို့မှသာ သာယာဝပြောသော အနှစ်တစ်ထောင်ထဲ

သို့ဝင်ရောက်ပြီး ခံစားနိုင်မည်ဟူယူဆစေသည်။ လူသာပဓါန၊ လူသည်သာအရာခပ်သိမ်းတတ်နိုင်သည်ဟုယူ

ဆစေသည်။ ထိုကြောင့် ခရစ်ယာန်သိပ္ပံအတတ်ပညာနှင့် အတွေးအခေါ်အသစ်များပေါ်ထွန်းစေကာ မိမိအပြစ်

ကိုနောင်တရပြီး ဘုရားရှင်ထံလှည့်ပြန် လာဘို့လမ်းကြောင်းကိုတားဆီးလေသည်။ 

ထို့နောက်ထိုသူတို့သည် ဝိညာဉ်လောကဘက်ကိုတလွှဲခံယူပြီးအားသန်ကာ ဝိညာဉ်ဆိုးများနှင့် မိတ်ဖွဲ့

ဆက်သွယ်ပြီးနောက်စိတ်တန်ခိုးနှင့် ဝိညာဉ်လောကကိုရှာဖွေစမ်းသပ်ပြီး သုတေသနလုပ်သည့်ကျင့်စဉ်များပေါ်

ထွန်းစေလေသည်။


“သင်တို့သည် မိမိသားသမီးကို မီးဖြင့် ပူဇော်သောသူ၊ ဖြစ်လတံ့သောအမှုကိုကိုယ်ဉာဏ်နှင့်ဟောပြော

သောသူ၊ ကာလဗေဒင်ကိုကြည့်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူ

သေကိုမေးမြန်းသောသူတစ်စုံတစ်ယောက်မျှမရှိရ”ဟုတရားဟော ၁၈း၁၀-၁၂ ၌ထိုသို့မိန့်မှာခဲ့လေ

သည်။ ဝိညာဉ်များကိုမေးမြန်းသည့် အတတ်ပညာများသည် နတ်ဝိဇ္ဇာပညာများဖြစ်လေသည်။

ဤပညာကိုသင်ယူသောလူများသည် စာတန်၏လက်ကိုင်တုတ်များဖြစ်လာတော့သည်။ ခရစ်ယာန်သိပ္ပံ

ပညာ (Christian Science) သည်သံလိုက်ကသံတိုသံစများကိုဆွဲငင်နိုင်သကဲ့သို့လူများကိုဆွဲဆောင်သိမ်းသွင်း

ကာသူတို့၏ဝိညာဉ်ရေးရာ၌ အညစ်အကြေးဖြင့် ညှိစွန်းစေလေသည်။ တစ်နည်းအားဖြင့် ဤအတတ်ပညာသည်

နတ်ဆိုးများကိုကိုးကွယ်သောဘာသာရပ်ဖြစ်လေသည်။


စာတန်သည် အမြဲတမ်းဘုရားသခင်၏အသင်းတော်ကို

တိုက်ခိုက်နေသောကြောင့် သူသည်နည်းစနစ်ပြောင်းလဲပြီးအသင်းတော်မရိပ်စားမိစေရန်ပုံစံတစ်မျိုးတစ်ဖုံအား

ဖြင့်လူကိုလှည့်စားကာလောကီနည်းပညာဖြင့်ရောနှော၍ မရပ်မနားနှောက်ရှက်စုံစမ်းသွေးဆောင်နေလေသည်။

ကျိန်ခြင်းခံရသောဤမှောင်မိုက်ကမ္ဘာကိုလည်းနေချင့်စဖွယ်ဖြစ်အောင်ဖန်တီးစေသည်။ စာတန်၏ရည်ရွယ်ချက်

သည်လူသားများသည် လောကအတတ်ပညာတတ်မြောက်ပြီး တိုးတက်ကြီးပွားလာစေလျက် ဤကမ္ဘာသည် ဖွံံ့

ဖြိုးတိုးတက်ပြီၤးအသင်းတော်သည် ခရစ်တော်အားဖြင့်မဟုတ်၊ လူ့အစွမ်းအားဖြင့် သာယာသောပျော်ရွှင်သော

ပြည့်စုံသော အနှစ်တစ်ထောင်ခေတ်ကာလသည် ယခုပစ္စုပ္ပန်အချိန်ဖြစ်သည်ဟု လွှဲမှားစွာခံယူစေလေသည်။


ဤလောက၌ အချင်းချင်းမိသဟာယဖွဲ့ခြင်းတရားသည် ကျေးဇူးတော်အားဖြင့်ခံစားရသော ဧဝံဂေလိ

တရားဖြစ်ပြောင်းလဲဖြစ်ပေါ်စေကာလူများကိုလည်း လောကီရေးရာကို သာဆည်းပူးလေ့လာစေသည်။ စာတန်

သည် ခရစ်တော်၏ကယ်တင်ခြင်းဧဝံဂေလိတရားပြန့်နှံ့ရေးလုပ်ငန်းများကိုဟန့်တားခြင်းအားဖြင့် ခရစ်တော်၏

ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ်ကြွလာသည့်အချိန်နှင့် စာတန်အားတွင်းနက်ကြီးထဲသို့ ပစ်ချရမည့်အချိန်ကိုရှည်

လျားစေလေသည်။


(၂) ဘုရားသခင်၏လူများအား ရန်ဘက်ပြုခြင်း။ ။ ကောင်းသောအရာနှင့် မကောင်းသောအရာ၊ ဖြောင့်မတ်

ခြင်းနှင့်၊ ကောက်ကျစ်စဉ်းလဲခြင်းတို့၏ ဆန့်ကျင်သည့်သဘောသည် က ၃း၁၅နှင့် ဗျာ ၂၀း၁၀ ၌ရေးသားထား

လေသည်။ စာတန်သည် ဧဝကိုစုံစမ်းပြီး တားမြစ်သည့်အသီးကိုစားစေသည်သာမကသူ၏ခင်ပွန်းအာဒံကိုလည်း

လှည့်ဖြား၍စားစေသည်။ စာတန်၏သွေးဆောင်ခြင်းခံပြီး တစ်ခဏ၌ ဧဒင်ဥယျာဉ်မှနှင်ထုတ်ခြင်းခံရလေသည်။ ဤအရာသည် ရန်သူဖြစ်သောစာတန်ကဘုရားလူကို ပထမအကြိမ်အနိုင်ယူခြင်းဖြစ်သည်။


၎င်းနောက်စာတန်

သည် ကာဣနစိတ်ထဲဝင်ရောက်ပြီးသူ့ညီ အာဗေလကို သတ်ခိုင်းလေသည်။ ဤအရာသည် လည်းစာတန်က

ဒုတိယအကြိမ်အနိုင်ယူလိုက်ခြင်းဖြစ်သည်။ ၎င်းနောက်စာတန်သည် ဘုရားသခင်၏သားများကိုလှုံ့ဆော်စေပြီး

လှပသောလူ့သမီးများကို တပ်မက်စေကာမိမိစိတ်ရှိသည့်အတိုင်း ပြစ်မှားခိုင်းစေပြီးလောက၌ ညစ်ညမ်းမှုများ

ဖြင့်ဖုံးလွှမ်းစေလေသည်။


ထို့ကြောင့်ဘုရားရှင်သည် ရေလွှမ်းမိုးစေခြင်းဖြင့် တရားစီရင်ခဲ့လေသည်။ ဤအရာ

သည်လည်းစာတန်ကတတိယအကြိမ်အနိုင်ယူလိုက်ခြင်းဖြစ်သည်။ ၎င်းနောက်ကာလကြာသော် လောက၌

လူများတိုးပွားလာစေပြီး မာန်မာနကြီးလာကာ ရဲတိုက်ကြီးတည်ဆောက်လာခဲ့သည်။ ဤသို့တည်ဆောက်လေ

ရာမှ ဘာသာစကားကွဲပြားမှုဖြစ်ကာ လူအသီးသီးအရပ်ရပ်သို့ကွဲပြားပြန့်နှံ့ခဲ့ရလေသည်။ ဤအရာသည်လည်း

စာတန်ကဆက်လက်၍ တဖန်အနိုင်ယူတိုက်ခိုက်ခြင်းဖြစ်သည်။


ဘုရားသခင်သည် အာဗြဟံကိုခေါ်၍ အမှုဆောင်စေခြင်းသည် မိန်းမမျိုးစေ့အားဖြင့် အာဒံကဲ့သို့စာတန်

၏ခေါင်းကိုကြိတ်ရန်ရွေးချယ်ခဲ့လေသည်။ သို့သော်စာတန်သည် စာရာအားအမြုံမဖြစ်စေခဲ့သည်။ သို့သော်

လည်းဘုရားသခင်၏အကြံအစည်တော်ကိုစာတန်သည်မတားဆီးနိုင်သောကြောင့် စာရာသည် သားဣဇက်ကို

မွေးဖွားရလေသည်။ ဣဇက်ကြီးပြင်းလာသောအခါ အာဗြဟံလက်ကိုကိုင်၍ သားဣဇက်အားမောရိတောင်ပေါ်

သတ်ရန်စီစဉ်ခိုင်းလေသည်။


သို့သော်အစားထိုးရန်ဘုရားသခင်ပြင်ဆင်တော်မူသဖြင့် ဣဇက်လွတ်လပ်ခွင့်ရရှိ

ခဲ့လေသည်။ ၎င်းနောက် စာတန်သည် ဧသောနှင့် ယာကုပ်ကိုရန်ငြိုးဖွဲ့စေသည်။ ယာကုပ်သားယောသပ်ကို

လည်းဖျက်ဆီးရန်စာတန်သည်ပေါတဖာမယားကိုအသုံးချပြီး သွေးဆောင်လေသည်။ မောရှေမွေးဖွားသောအခါ စာတန်သည် ဖါရောဘုရင်စိတ်နှလုံးထဲဝင်ရောက်စိုးမိုးပြီး ဟေဗြဲလူမျိုးများ၏ ယောကျ်ားကလေးများကို သတ်

စေခဲ့သည်။


ဤကဲ့သို့ စာတန်လုပ်ရပ်များကိုတစ်ခုစီတစ်ခုစီကြည့်လျှင် မရေတွက်နိုင်အောင်များပြားလေသည်။ 

ဒါဝိဒ်သည်ဤအပြစ်မျိုးစေ့ပါသောသားကိုသူ့အားဆက်ခံဘို့ဘုရင်မြောက်ရန်စိတ်ကူးယဉ်ခဲ့သည်။ ထို့ကြောင့်

၎င်းသားအား ဘုရားသခင်ကဖယ်ရှားလိုက်လေသည်။ (၆ရာ ၂း၄-၁၇၊ ၂၂း၁၀-၁၂)

ခရစ်တော်ယေရှုဘုရား မွေးဖွားလာသောအခါ စာတန်သည်ဟေရုဒ်မင်း၏စိတ်ထဲဝင်ရောက်ကာ ဗက်လင်မြို့၌ နှစ်နှစ်အောက်ကလေးသူငယ်အားလုံးကိုသတ်စေလေသည်။


ယေရှုဘုရားအရက်လေးဆယ်အ

စာရှောင်သောအခါ၌လည်း စာတန်သည်လာ၍ တိုက်မြင့်ပေါ်မှခုန်ချစေရန်စုံစမ်းလေသည်။ သို့သော်လည်း 

ခရစ်တော်ကစုံစမ်းခြင်းကိုမခံခဲ့ပေ။ တစ်ခါတစ်ရံခရစ်တော်ယေရှုတောင်ပေါ်၌နေစဉ် စာတန်သည် လူအုပ်ကြီး

ကိုအသုံးချ၍ ယေရှုကို ကျောက်ကမ်းပါးမှ တွန်းချခိုင်းလေသည်။ ၎င်းအားဖြင့်ဂါလိလဲအိုင်မှာလည်းလေပြင်း

မုန်တိုင်းနှစ်ကြိမ်ကြုံတွေ့ခိုင်းလေသည်။ စာတန်သည် မအောက်မြင်နိုင်မှန်းသိသောအခါ ဖါရိရှဲလူများကိုအသုံး

ချပြီး ယေရှုကိုတိုက်ခိုက်လေတော့သည်။ နောက်ဆံးုတွင် သူ့တပည့်ယုဒရှကာရုတ်ကို အသံးုချ၍ရောင်းစား

ခိုင်းလေသည်။


ခရစ်တော်ယေရှုနှင့် တပည့်တော်များညနေပိုင်း ဂေသရှေမန်ဥယျာဉ်၌နေစဉ် စာတန်သည် ယေရှုခရစ်

တော်အား လက်ဝါးကပ်တိုင်ပေါ်မရောက်ခင်သေဆုံးအောင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနှိပ်စက်သော်လည်း ဘုရားသခင်၏ကတိတော်အတိုင်း ကားတိုင်ပေါ်ရောက်မှ အသက်တော်ကိုစွန့်တော်မူခဲ့လေသည်။ သို့သော်

လည်း ယေရှုဘုရားသေခြင်းမှရှင်ပြန်ထမြောက်သောအခါ စာတန်သည်လွန်စွာအမျက်ဒေါသထွက်ပြီး၊ အရှုံးခံ

ခဲ့သော်လည်း အသင်းတော်ကိုတဖန်နှိပ်စက်ညှင်းပန်းခဲ့လေသည်။


အသင်းတော်သမိုင်းတစ်လျှောက်ကြည့်

သောအခါ စာတန်နှင့်ဘုရားသခင်၏သားသမီးများအကြား တိုက်ခိုက်မှု၊ ရန်ပြုမှုများသာတွေ့ရှိရသည်။ တမန်

တော်ရှင်ပေါလုက သက်သာလောနိတ်အသင်းတော်ကိုဤသို့မိန့်မှာခဲ့လေသည်။ သူက “ငါပေါလုသည် သင်

တို့ရှိရာသို့ လာခြင်းငှာ၊ နှစ်ကြိမ်မြောက်အောင်အလိုရှိသော်လည်း စာတန်သည် ဆီးတားလေ၏”ဟူ၍ ဆိုခဲ့

လေသည်။

ရှင်ပေါလုကိုယ်ခန္ဓာထဲ၌ ဆူးနေခြင်းသည်လည်း စာတန်အားဖြင့် ထဲ့ထားခြင်းပင်ဖြစ်သည်။



၅။ စာတန်ကို မိုးကောင်းကင်မှနှင်ချခြင်း


စာတန်သည် မိုးကောင်းကင်၌ကျက်စားကျင်လည်ပြီး ဘုရားသခင်ရှိရာကောင်းကင်ဘုံသို့လည်းတက်

ရောက်နိုင်လေသည်။ သို့သော်လည်း အချိန်ရောက်လျှင် သူသည် ကောင်းကင်မှနှင်ချခြင်းခံရလိမ့်မည်။ ဗျာ

၁၂း၇-၁၀ ၌ -

“ကောင်းကင်၌စစ်ဖြစ်စေ၊ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်

သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်လည်းသူတို့နေစရာမရှိ။


ထိုအခါဤလောကတစ်

နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊

သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။ ကောင်းကင်၌ ကြီးသောအသံကားယခုမှာ

ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါ်တို့ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏

အာဏာတော်လည်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကိုငါတို့

ဘုရားသခင်ရှေ့တော်၌ နေ့ညဉ့်မပြတ်အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ”ဟုရေးသားထား

လေသည်။


စာတန်သည် ကမ္ဘာဦးမှစ၍ ဘုရားသခင်၏သားသမီးများ၊ ညီအစ်ကိုများအားစွပ်စွဲအပြစ်တင်နေသူဖြစ်

သည်။ ဤနေရာ၌ ညီအစ်ကိုများဆိုသည်မှာ ကျန်ကြွင်းသောယုဒလူမျိုးများကိုဆိုလေသည်။ သူတို့သည် ဘေး

ဒဏ်ကြီးကာလသုံးနှစ်ခွဲတိုင်အောင် မကြုံဘူးသောဒုက္ခကြီးထဲသို့ဖြတ်သန်းရသူများဖြစ်သည်။ သီတင်းခုနှစ်

ဆယ်မြောက်သောအပတ်၌ စာတန်ကိုမြေကြီးပေါ်သို့နှင်ချမည်ဖြစ်သည်။ ထိုအခါ စာတန်၏ညှင်းပန်းနှိပ်စက်

ခြင်းကြောင့် မာတုရအဖြစ်အသက်အသေခံစတေးကြရလိမ့်မည်။


ဗျာ ၆း၉-၁၁ ၌“ဘုရားသခင်၏နှုတ်ကပတ်

တော်ကြောင့်၎င်း၊ မိမိ၏သက်သေခံခြင်းကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ဝိညာဉ်များ”ဟူ၍ 

၎င်း၊ ဗျာ ၁၂း၁၁ ၌“သူတို့သည်သုးိသငယ်အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက်နှုတ်ကပတ်တော်အား

ဖြင့်၎င်း အောင်မြင်၍၊ အသေခံသည်တိုင်အောင်ကိုယ်အသက်ကို မနှမြောကြ”ဟုရေးသားထားလေသည်။

ထိုသူများသည် သိုးသငယ်အသွေးအားဖြင့် စာတန်ကိုအောင်မြင်ခဲ့လေသည်။ သူတို့၏အောင်မြင်ခြင်း

သည်ခရစ်တော်အသွေးသွန်းပြီးနောက် စာတန်ကိုလည်းဤ မြေကြီးပေါ်သို့ နှင်ချပေးမှဖြစ်မည်။


ခရစ်တော်ယေ

ရှုက စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်၏ဟု ဆိုခဲ့သည်။ (လု ၁၀း၁၈) အနာဂတ်

ကာလဘေးဒဏ်ကြီးအချိန်၌နှင်ချခြင်းခံရသည်ကိုဆိုလိုလေသည်။ မိက္ခေလနှင့်စာတန်စစ်ဖြစ်ခြင်းသည် ဘေး

ဒဏ်ကြီးကာလ၌ဖြစ်သည်။ ထိုအခါ စာတန်သည် စစ်ရှုံး၍မြေကြီးပေါ်သို့ ကျလာလိမ့်မည်။ ထိုကာလ၌ ယုဒ

လူမျိုးများသည် ဘေးဒဏ်ကြီးကာလကိုဖြတ်သန်းနေရသောကြောင့် ကောင်းကင်တမန်မင်းကြီးသည် သူတို့

အားကူညီရန်ရောက်ရှိလာလိမ့်မည်။ (ဒံ ၁၂း၁)


ဧဒင်ဥယျာဉ်တွင်း၌ လူသာများအပြစ်ထဲသို့ မကျဆင်းခင်စာတန်သည် ကောင်းကင်မှနှင်ချခြင်းမရှိခဲ့ပေ။ 

လူသားတည်းဟူသော ခရစ်တော်ကို မွေးဖွားသောအခါ နဂါးသည်သားကိုကိုက်စားမည့်အကြံနှင့် မိန်းမရှေ့မှာ

ရပါနေ၏။ ၎င်းကဲ့သို့ဆိုလိုသည်မှာ စာတန်သည်မိုးကောင်းကင်၌နေသေးသည်ဟုဆိုလိုရင်းဖြစ်သည်။ (ဗျာ ၁၂း

၄-၅) စာတန်သည် သူ၏ဒုစရိုက်လုပ်ငန်းကြီးကို လုပ်ဆောင်ရန်အချိန်မရှိမှန်းသိသဖြင့် လွန်စွာအမျက်ဒေါသ

ထွက်၍ မြေပေါ်သို့ ကျလာလိမ့်မည်။ (ဗျာ ၁၂း၁၂)


၆။ စာတန်၏နောက်ဆုံးပျက်စီးခြင်း

ဘေးဒဏ်ကြီးကာလကုန်သောအခါ ခရစ်တော်ယေရှုဘုရားသည် သံလွင်တောင်ပေါ်မှာ ခြေချ၍ သားရဲ

နှင့် မိစ္ဆာပရောဖက်များကို တရားစီရင်ပြီး ထာဝရမီးအိုင်ထဲသို့ ချပစ်ကာ စာတန်ကိုမူ ကောင်းကင်တမန်ကချည်

နှောင်၍ အောက်ခြေမရှိသောတွင်းနက်ကြီးထဲသို့ အနှစ်တစ်ထောင်ချုပ်နှောင်ထားလိမ့်မည်။ (ဗျာ. ၂၀း၁-၃) အနှစ်တစ်ထောင်ကုန်သောအခါ စာတန်ကို ခေတ္တပြန်လွတ်လိမ့်မည်။ ၎င်းနောက် စာတန်နှင်တမန်များ၊ သူ့

နောက်လိုက်များအားလုံးကိုကမ္ဘာဦးမှစ၍ပြင်ဆင်ထားသော ကန့်နှင့် ငရဲရောနှောထားသည့် မီးအိုင်ထဲသို့ပစ်ချ

ခြင်းအားဖြင့် သူတို့သည် နေ့ညဉ့်မပြတ်ကမ္ဘာအဆက်ဆက်ပြင်းစွာသော ဝေဒနာကိုခံရကြလိမ့်မည်။ (ဗျာ ၂၀း

၇၊ မ ၂၅း၄၁)


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?