ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် စီမံကိန်း

                ချစ်သောဓမ္မမိတ်ဆွေ၊ သင်သည် မတော်တဆ၊ လူဖြစ်လာသည်မဟုတ်။ ယခုနေ ရာဒေသတွင်လည်း၊ မတော်တဆ ရောက်လာသည် ဟုတ်။ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်၊ အကြံအစည် (စီမံကိန်း) ဘောင်ထဲတွင်ရောက် လာသည်ကိုမမေ့ သင့်ပေ။


လူကိုဖန်ဆင်း၍၊ လူ့အထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား 

တဆုပါရှိ၏ (ဇာခရိ ၁၂း၁)။ ထိုတဆူ တည်းသော ထာဝရဘုရားသ

ခင်သည် မိမိပုံ ဏ္ဍာန်နှင့် အညီလူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံဏ္ဍာန်တော်နှင့်  အညီလူယောကျ်ား၊


လူမိန်းမကို ဖန်ဆင်းပြီးလျှင်--- “အချင်းတို့များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” (က ၁း၂၇-၂၈)။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ၊

အပြစ်မရှိသော လူသားများအားဖြင့် ကမ္ဘာကြီးကိုပြည့်စေဘို့ဖြစ်ပါသည်။ “မြန်မာအားကစား ၊ ကမ္ဘာကိုလွမ်းရမည်။ ဟူသောဆောင်ပုဒ်အတိုင်း ဘုရားသခင်၏ ရည်ရွယ်ချက်သည်၊ အပြစ်ကင်းသော

လူသားများအားဖြင့် ကမ္ဘာကြီးကို ဖြည့်စေဘို့ဖြစ်ပါသည်။


သို့သော်ကမ္ဘာဦးကျမ်း အခဏ်းကြီးသုံးရောက်လာသောအခါ ရှေ့ဦးစွာသောလူယောကျ်ားနှင့် မိန်းမသည်၊ ဘုရားစကား ကိုနားထောင်မည့် အစားစာတန် မာရ်နတ်စကားကို နားထောင်သောကြောင့် အပြစ်ထဲ ကျရောက်ခဲ့လေသည်။ ထိုအချိန်မှစပြီး၊ လူနှင့် ဘုရားသခင်သည်၊အဆက်ပြတ်ခဲ့ရပြီး၊ မွေးဘွားသော သားသမီးတို့သည်၊ အပြစ်ပါလာရသည် သာမက၊ ကမ္ဘာမှာလူ အပြစ်

ကြီး၍ သူ၏စိတ်နှလုံးအကြံ အစည်းရှိ သမျှဆိုးညစ်ခြင်း သက်သက်ရှိသည်ကို ဘုရားသခင်သည် မြင်တော်မူလျှင်၊

မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို စိတ်နှလုံးပူပန် လျက်ရှိတော်မူ၏။

နောက်ဆုံးတွင် နောဧနှင့် မိသားစု (၈) ယောက်ကို ကယ်တင်ပြီး၊ နှစ်ပေါင်း ( ၁၀၀) တရားဟော သော်လည်း၊ နားမထောင်ော ကမ္ဘာသူ/

သားအားလုံးကို ဘုရား သခင်သည် ရေဖြင့် ဖျကိဆီးခဲ့လေသည် (က ရး ၂၁-၂၄)။



ထပ်မံအမိန့်ပေးခြင်း။

ဘုရားသခင်သည်ကမ္ဘာဦးက၊ လူယောကျ်ားနှင့် လူမိန်းမကိုပေးခဲ့သော အမိန့်ကို၊ နောဧနှင့် မိသားစုအားထပ်မံ၍ အမိန့်ပေးခဲ့ပြန်လေသည်။

“ဘုရားသခင်သည်နောဧနှင့် သားတို့ကို၊ ကောင်းကြီးပေးတော်မူ၍၊ သင်တို့သည်များစွာ မွေးဖွားလျက်


မြေကြီးကိုပြည့်စေကြလော့ (က ၉း၁)။

ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အကြံတော်သည်၊ ကမ္ဘာဦးမှ စ၍ ယနေ့တိုင်အပြောင်းအလဲမရှိပါ။ အတူတူပင် ဖြစ် လေသည်။ နောဧနှင့် မိသားစုအားဖြင့်

များပြားစွာ၊ မွေးဖွားခဲ့သော်လည်း၊ ကမ္ဘာကို ပြည့်စေဘို့ အမိန့်တော်ကို နာမခံဘဲ၊ ဆန့်ကျင်လျက်၊


တနေတည်းတွင်စု စည်းလျက်ရဲ တိုက်ဆောက်ခဲ့ ကြောင်းတွေ့ရလေသည်။ လူတို့သည် ဘာသာတမျိုးတည်း၊

စကားတမျိုးတည်းရှိကြသည်ဖြစ်၍ စုရုံးလျက် မိုးကောင်းကင်မှီမည် ရဲတိုက်ကိုတည်ဆောက်လျက်၊

နေသောကြောင့်၊ ထိုအချိန်မှ စ၍ စကားကွဲလွဲစေခြင်းအားဖြင့် ပြန့်နှံ့ စေခဲ့လေသည်။ သို့သော်အမျိုးမသန့်

သောကြောင့် ဘုရားသခင်သည် မျိုး ကောင်း မျိုးသန့်ကို ရွေးယူသော အနေဖြင့် (UR)ခေါ် ဥရမြို

့မှ အာဗြံကို ခေါ်ထုတ်ခဲ့လေသည်။ (က ၁၁း၂၇-၃၁)။


အာဗြံကို ခေါ်ထုတ်ခြင်းရည်ရွယ်ချက်။


ထာဝရဘုရားသခင်အနေဖြင့် အာဗြံကို ခေါ်ရခြင်းရည်ရွယ်ချက်မှာ (၁) လူမျိုးကြီးဖြစ်စေမည်။ (၂) နာမည်ကြီး ဖြစ် စေမည်။ (၃) သင့်ကိုကောင်းကြီးပေးသောသူကို

ငါကောင်းကြီးပေးမည်။ (၄) သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ (၅) သင့်အားဖြင့်လည်းလူမျိုး

အပေါင်းတို့သည် ကောင်းကြီး မဂ်လာကို ခံရကြလိမ့်မည်ဟု မျန့်တော်မူ၏ (က ၁၂း ၁-၅)။


သို့သော် အာဗြံအသက်တာကိုကြည့်လျှင်၊ ခါနာန်ပြည်၌ နေဘို့ဘုရားသခင်ဂတိပေးထားသော်လည်း၊ အကြိမ်ကြိမ် ဂတိဖျက်လျက်၊ အခြားတိုင်းတပါးသို့ထွက်သွားတတ်၏။ သို့သော်၊ အကြိမ်ကြိမ် ခါနာန်သို့ပြန်လာ၍၊ ဣဇက်၊ ယာကုပ်၊ သားစဉ်မြေးဆက်ထိ၊ ထိုပြည်၌နေကြ၏။

သို့သော်၊ နောက်ဆုံး ယာကုပ်၏သား ယောသပ်လက်ထက်တွင်၊ လူကိုစေလွတ်၍၊ မိမိအာယာကုပ်နှင့်

တကွ၊ အရေးအတွက်အားဖြင့် (၇၅) ယောက်တို့ကို ခေါ်ပင်လေ၏။ နောင်တွင်ဣသရေလ လူတို့သည်၊ ယောသပ်သေပြီးသည်နောက်အဲဂုတ္တုပြည်၌၊ ကျွန်ခံခဲ့ကြလေသည် (တ ရး၁၄-၁၈)။


ဘုရားသခင်သည် အာဗြံလက်ထက်ထားခဲ့သော ဂတိတော်အတိုင်း၊ အဲဂုတ္တု ပြည်၌ ကျွန်ခံနေသော၊ ဣသရေလ လူတို့ကို မောရှေ အားဖြင့်ခေါ်ထုတ်၍ ခါနာန်ပြည်၌ ပြန်လည်ပို့ဆောင်ခဲ့လေသည် (က ၁၅း၁၃-၁၆)။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ၊ ကမ္ဘာ့

အလယ်ပိုင်းဖြစ်သော ဣသရေလ နိုင်ငံမှာ၊ ဗဟိုပြုလျက်၊ ကမ္ဘာ အရပ်ရပ်သို့အသက်ရှင်သော ဘုရားသခင်ကို

သိစေဘို့ဖြစ်ပါသည်။ ပရောဖက် ဟေရှာယနှင့် ပရောဖက် ဟဗဣတ်နှစ်ပါး စလုံးကဘုရားသခင်၏ အကြံအစည်နှင့်

ရည်ရွယ်ချက်ကို ဤသို့ရေးထားကြလေသည်။ “ပင်လယ်ရေသည်၊ မိမိနေရာကိုလွမ်းမိုးသကဲ့သို့၊ မြေကြီးသည်၊

ထာဝရဘုရားကိုသိကျွမ်းခြင်း ပညာနှင့် ပြည့်စုံလိမ့်မည်” (ဟေရှာယ ၁၁း၉။ ဟဗဣတ် ၂း၁၄)။


ချစ်သောဓမ္မမိတ်ဆွေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အကြံအစည်ကို၊ သူ့လူမျိုး ဣသရေလ လူတို့က၊ မဆောင်ကြဉ်း သည်သာမပ၊ အခြားလူမျိုးများနှင့် သူတို့အကြားအုတ်သံတိုင်းနံရံများကာဆီူလျက်၊ သူတို့သာ သန့်ရှင်းသော အမျိုး၊ မြင့်မြတ် သောအမျိုး၊ တပါးအမျိုးသားတို့သည်၊ ညစ်ညူးသောအမျိုး ဟူ၍ခွဲခြားလျက်၊ တပါးအမျိုးသားများကိုခွေးလိုသဘောထား သည့်အထိသီးခြားဆက်ဆံသည်ကို တွေ့ရ၏။


နောက်ဆုံးမှာ၊ ဘုရားသခင်၏ လက်ဦးအကြံအစည်သည် အထမမြောက်တော့သဖြင့်၊ နောက်ပိတ်ဆုံးမျိုးကောင်းမျိုးသန့် ဖြစ်သော သားတော်ယေရှုကို ဤလောက၏ အလယ်ဗဟိုဗက်လင်နွားစားခွက်မှာ၊ အပျိုကညာ မာရိဝမ်းက တဆင့်၊ သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူလျက်၊ မွေးဖွား သန့်စင်ခဲ့လေသည် (မဿဲ ၁း၁၈-၂၁)။


ဘုရားသခင်၏ ရည်ရွယ်ချက်မှာ၊ ဣသရေလ နိုင်ငံတွင် မျက်မြင်မရသော ဘုရားသခင်၏ နိုင်ငံကိုတည်ထောင်ဖြင့်၊ ကမ္ဘာကို ဘုရားသိသော ပညာနှင့် လွှမ်းစေဘို့ဖြစ်ပါသည်။ ထိုသူ (ယေရှုခရစ်) သည် ဤလောက၌ ရှိတော်မူပြီ။ သို့သော်လည်း

ဤလောကသည် ထိုသူကိုမသိ။ သူ (ယေရှုခရစ်) သည် မိမိဒေသ အရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတိုွှသည်သူ့ကိုလက် မခံဘဲနေကြ၏ (ယော ၁း၁၀-၁၁)။


ချစ်သော ဓမ္မမိတ်ဆွေ၊ မည်မျှရင်နာစရာကောင်းပါသနည်း။ ဤသို့ဖြစ် ဣသရေလ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အကြံတော်ကို အဆီးအတားလုပ်သည်သာမက၊ သခင်ယေရှုခရစ်ကို၊ လက်ဝါးကပ်တိုင်မှာ၊ ရက်စက်စွာ၊ ကားစင်တင်ခဲ့ကြောင်း ကျမ်းစာကထောက်ပြလျက်ရှိပါသည်(မဿဲ ၂ရး၂၂-၂၆)။ ယေရှုခရစ်ကို ကျိန်ဆိုပြီးသတ်ခဲ့သော

ဣသရေလ လူတို့သည်၊ A.D. 70 ရောက်လာသော အခါ၊ ရောမတပ်မှုး Titus ရောက်လာပြီး၊ ယေရုစလင်မြို

့ကို ဖျက်ဆီး ခဲ့သည် သာမက၊ ဣသရေလ လူတို့သည်၊

ကမ္ဘာအရပ်ရပ်ပြန့်နှံ့ခဲ့လေသည်။ ဣသရေလနိုင်ငံသည်လည်း ပျောက်ဆုံးလျက် ၁၉၄၈-မေလ-၁၄

ရက်နေ့ရောက်မှ၊ ကုလသမဂ္ဂ၏ ကျေးဇူးကြောင့်အစ္စရေးနိုင်ငံကို ပြန်ရခဲ့လေသည်။


ချစ်သောမိတ်ဆွေ၊ ဘုရားသခင်၏ အကြံအစည်နှင့် ရည်ရွယ်ချက်ကို လူက ကြန့်ကြာအောင်၊ ခေတ္တ စလာရပ်ဆိုင်း နိုင်သော်လည်း၊ လုံးဝဖျက်ဆီး၍မရပါ။


မယုံကြည်သူများအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အကြံအစည်။


ချစ်သောဓမ္မမိတ်ဆွေ- သင်သည်ယခုစာဖတ်နေစဉ်၊ ဘယ်နေရာမှာ ရှိနေပါသနည်း။ ယခုရောက်နေသော နေရာ၌ အသက်ရှင်သော ဘုရားသခင်ကိုသိစေဘို့၊ ဘုရားသခင် ရည်ရွယ်ချက်နှင့် အကြံအစည်ရှိလေသည် (တ ၁ရး၂၄-၂၈)။ အထက် ပါကျမ်းစာ၌၊ ဘုရားသခင်သည်၊ ခပ်သိမ်းသောသူတို့အား

ဇိဝအသက်နှင့်တကွ၊ ထွက်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကိုပေး တော်မူသောအရှင်ဖြစ်၏။ မြေတပြင်လုံး၌

နေရသော လူအမျိုးမျိုးတို့ကို တသွေးတသားတည်းနှင့် ဖန်ဆင်း၍၊ သူတို့အားခွဲ ေ၀ စီမံသော

အချိန်ကာလ ကို၎င်း၊ နေရာအပိုင်းကို၎င်း မှတ်သားတော်မူ၏။ ထို့ကြောင့်မိတ်ဆွေအနေဖြင့်၊ မြန်မာပြည်မှာ

ရှိသလား၊ မလေးရှားမှလား၊ စင်္ကာပူမှာလား၊ ယိုးဒယားလား၊ တတိယနိုင်ငံမှာလား။ ရောက်ရှိနေသောဒေသမှာ၊

နေတုန်းဘုရားတွေ့စေဘို့ ဘုရားသခင်စီမံကိန်းရှိကြောင်းသိစေလိုပါသည်။ ထိုကျမ်းစာ၌၊ “လူတို့သည် ဘုရားသခင်ကိုရှာ စမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း (တ ၁ရး၂၇)။


ချစ်သောဓမ္မ မိတ်ဆွေ၊ ယခုလက်ရှိနေရာမှာ၊ ဘယါလောက်ကြာကြာ ဘုရားထားမည်နည်း။ ဘုရားအတွက် ကန့်သတ် ထားကြောင်းနားလည်ပါ။ မြန်မာပြည်မှာ နေစဉ်၊ ဘုရားကို မသိလျှင်။ ယိုးဒယား ကိုရွှေ့နိုင်သည်။ ယိုးဒယားမှာ မတွေ့သေးလျှင်၊

မလေးရှားကိုရွှေ့နိုင်သည်။ ကျန်းမာနေချိန်၊ ကောင်းစားနေချိန်မှာ စိတ်ခိုင်မာလျှင် ထောင်ထဲ

ပို့နိုင်သည်။ ထောင်ထဲမှာ ဘုရားမတွေ့သေးလျှင်၊ ဆေးရုံလည်းပို့နိုင်သည်။ ဘုရားသခင်၏

ရည်ရွယ်ချက်မှာ၊ ရောက်ရာနေရာမှာ၊ အသက်ရှင်သော ဘုရား၊ စစ်မှန်သောဘုရား၊ ငရဲမှ ကယ်တင်သောအရှင် ကိုတွေ့စေဘို့ဖြစ်ပါသည်။

ခရစ်ယာန် နာမည်ခံများကို လည်းသတိပေးပါရစေ။ သင်သည်လည်း၊ မယုံကြည်သူနှင့် ဘာမျှမထူး၊

မခြားနားပါ။ သေလျှင် ငရဲသွားမှာသေချာနေသော ကြောင့်ဘုရားသခင် ခေါ်သံ ကို၊ မထီမဲ့မြင်မပြုပါနှင့်။

ဘုရားသခင်သည် ၊ ူသင့်ကို နောင်တလမ်းသို့သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြု

တော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်း တို့ကိုမထီမဲ့မြင်ပြုသလော (ရောမ

၂း၄)။ ချစ်သောဓမ္မမိတ်ဆွေ၊ ယခုပင် နှစ်သက်ဘွယ်သော အချိန်ရှိ၏။ ယခုပင်ကယ်တင်ရာနေ့ရက်ကာလရှိ၏။

(၂ကော ၆း၂)။


ယုံကြည်သူများအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အကြံတော်


ချစ်သော ယုံကြည်သူ Born again ဘုရားသားများ၊ သင်သည်၊ ဤလောကမှချက်ချင်းဘုရားမရုပ်သိမ်းဘဲ၊ ထားထား ရခြင်းသည်၊ အကြောင်းမဲ့မဟုတ်။ ဘုရားသခင်သည် မိတ်ဆွေအား တတောင့်တနေရာမှာ၊ အမှုတော်မြတ်အတွက် အသုံးလို သောကြောင့် ချန်ထားသည်ကို မမေ့ပါနှင့်။ (တ ၁း၈) ကိုဖတ်ကြည့်ပါ။ ဝိညာဉ်တော်တန်ခိုးကိုခံယူပြီးလျှင်၊ ယေရှုစလင်မှစ၍၊ ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ခရစ်တော်၏ အသက်သေဖြစ်ဘို့က၊

သမိုင်းပေးတာဝန်၊ တနည်းအားဖြင့် ဘုရားပေးတာဝန်၊ မဟာအမှုတော်မြတ်ကြီးဖြစ်ပါသည်။


သို့သော် ယနေ့ဘုရားသားဖြစ်ပြီးဟု မိမိကိုယ်ကို အော်ဟစ်ကြွေးကြော်နေသော ယုံကြည်သူများကိုစိမ်ခေါ်လိုပါသည်။ သင်သည်၊ ခရစ်တော်၏မဟာအမူတော်ထဲမှာ ဘယ်ကဏ္ဍကနေပါဝင်လုပ်ဆောင်နေပါသနည်း။ တမန်တော်များသည်၊ ပင်တေကုတ္တေနေ့ပြီးကတည်းက၊ ယေရှုစလင်မြို့မှ၊ အခြားဒေသသိုထွက်၍ ဟောပြောခြင်းမပြုသောကြောင့်၊ တမန်တော် အခဏ်းကြီး (ရှစ်) အခန်းငယ် တစ် (၈း၁) ရောက်လာသောခါ၊ ရောမအစိုးရ၏ ညှဉ်းဆဲခြင်းကိုခံရလေသည်။ ချိုချိုသာသာ ပြောစဉ်အခါ၊

လိုက်နာခြင်းမရှိသောအခါ၊ အကြမ်းနည်းဖြင့်၊ ရက်စက်လိုက်သော အခါ၊ မသွားချင်လည်းသွားရလေပြီ။

ယခုချိန်မှာ၊ ဇိမ်ခံပြီးထိုင်နေလို့မရတော့ပေ။ အဘယ်ကြောင့်ဆိုသော်၊ ရှောလုသည် အသင်းတော်များကိုဖျက်ဆီးလေ၏။

အိမ်များသို့ ဝင်ပြီးလျှင်၊ ယောကျ်ားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌ လှောင်ထားတတ်၏။

ထို့ကြောင့် အရပ်ရပ်သို့ကွဲပြား သော သူတို့သည်၊ လှည့်လည်၍နငတ်ကပတ်တော်တည်းဟူ သော ဧဝံဂလိတရားကိုဟောပြောကြ၏ (တ ၈း၁-၄)။


ချစ်သောဓမ္မမိတ်ဆွေ၊ သတိထားပါ။ သင်သည် ဘုရားသားဖြစ်လျက်ကြိုးစား၍ အမှုတော်မဆောင်လျှင် ကျိန်ခြင်းခံရ ပေလိမ့်မည်။ “ထာဝရဘုရား၏ အမှုတော်ကို ကြိုးစား၍ မဆောင်သော သူသည်ကျိန်ခြင်းကိုခံစေ” (ယေရမိ ၄၈း၁၀)။ တမန်တော် ရှင်ပေါလုက

ဤသို့မိန့်ဆိုလေသည်- ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမ မရှိသေး။

အဘယ်ကြောင့်နည်းဟူမှု ကား မဟောဘဲမနေနိုင်။

မဟောဘဲနေလျှင် အမင်္ဂလာရှိ၏ (၁ကော ၉း၁၆)။


ချစ်သောဓမ္မမိတ်ဆွေ၊ ဘုရားသားဖြစ်လျက်နှင့် နာခံခြင်းမရှိလျှင်၊ မိမိအသက်တာ၌ အမင်္ဂလာဖြစ်လာပေလိမ့်မည်။ အလုပ်ပြုတ်ခြင်း၊ လုပ်လျက်နှင့်လုပ်ခမရခြင်း၊ မမျှော်လင့်ဘဲ ဘေးဒုက္ခနှင့် တွေ့ခြင်း၊ Boss ၏ အနိုင်ကျင့်ခြင်း၊ ဖျားနာခြင်းများ တွေ့ကြုံရပေလိမ့်မည်။

“သင်သည် ဥစ္စာကြွယ်ဝသောအခါ၊ ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့်၊ သင်၏ဘုရားသခင်၊ ထာဝရဘုရား ၏ အမှုတော်ကို၊ မဆောင်မရွက်သောကြောင့်၊ ထာဝရဘုရားစေလွှတ်တော်မူသော၊ ရန်သူ၏ အမှုကို သင်သည်

မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်း ရှိခြင်းနှင့် တကွ၊ အရာရာ၌ဆင်းရဲစွာဆောင်ရွက်ရခိမ့်မည်။ (တရာ ၂၈း၄၈)။


ချစ်သော ဓမ္မမိတ်ဆွေ၊ ပိုက်ဆံရှိစဉ်မှာ။ အမှုတော်အတွက်မပါဝင်လိုသောကြောင်၊ ဖျားနာသောအခါ၊ ငွေမကုန်ချင် လည်း၊ ဆေးဘိုးဝါးခအတွက် ကုန်ရပေလိမ့်မည်။ ပိုက်ဆံရှိနေစဉ် ၁/၁၀ဘို့ကို မပေးချင်သောကြောင့်၊ ငွေမရှိချိန်မှာ၊ ရဲကို၎င်း၊ လာဖမ်းသော “ရဲလာ” ကို၎င်း၊ မပေးချင်လည်းပေးရလိမ့်မည်။ ဤသည်မှာ၊ အမှုတော်အတွက်မပါဝင်သော

ကြောင့်ဖြစ်လာ သော ဆိုးကျိုးများဖြစ်ပေသည်။


သို့ဖြစ်၍ ချစ်သော ဓမ္မမိတ်ဆွေယုံကြည်သူ အမှန်အကန်ဖြစ်လျှင်၊ ယနေ့မှစ၍၊ ဘုရားပေးတာဝန်ကို၊ မိမိဆုကျေးဇူး အလိုက်မနှေး အမြန်ပါဝင်ပါ။ ဟောပြောမလား၊ စေလွှတ်မလား၊ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မလား။ ငွေအားနှင့်လား၊ လူအား နှင့်လား

ဆုတောင်းခြင်းနှင့်လား၊ တိတိကျကျ။ ပါဝင်လုပ်ဆောင်ပါ။


အကယ်၍ ဓမ္မမိတ်ဆွေသည်၊ မယုံကြည်သူဖြစ်ပါက၊ ကယ်တင်ခြင်းရအောင် အမြန်ဆုံး၊ ဆရာများထံချဉ်းကပ်ပြီး၊ လေံလာခံယူပါ။ အသာတကြည်ခေါ်နေစဉ်မှာ၊ ချက်ချင်းစဉ်းစားဆုံးဖြတ်ပါ။ ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်။ သူသည်သင့်ထံသို့မချဉ်းကပ်သောကြောင့်ပါးစပ်ကို ဇက်ခွံ့၍ဇက်ကြိုးနှင့်ဆွဲရနည်။ (ဆာလံ ၃၂း၈-၉)။ ဤအခြေအနေသို့ မရောက်မှီ အသာတကြည် ဘုရားထံပြန်လှည့်ပါ။

ငါ့ထံသို့ လာသောသူကိုငါသည် အလျင်းမပယ် ဟုမိန့်တော်မူသော၊ ဘုရားထံသို့တိုးဝင်ချဉ်းကပ်ကြပါစို့။


ဤဓမ္မဆောင်းပါးဖတ်ရှုသူတိုင်း၊ ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အကြံအစည်ကိုနာလည်းကြပါစေ။

Rev. Dr. ပေါလ်ခေကျိုင်း


Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?