ယုံကြည်ခြင်းနှင့် ဗတ္တိဇံ၏ အရေးပါမှု
“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။” (မာကု ၁၆:၁၆)
အကယ်၍ ကျမ်းစာတစ်အုပ်လုံးတွင် ကယ်တင်ခြင်းနှင့်ပတ်သက်၍ ဤကျမ်းပိုဒ်တစ်ခုတည်းသာရှိခဲ့ပါက၊ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းနှင့် ဗတ္တိဇံ နှစ်ခုပေါင်းမှသာ ရရှိနိုင်သည်ဟု ကျွန်ုပ်တို့ ယူဆနိုင်ပါသည်။ သို့သော် ဓမ္မသစ်ကျမ်းတွင် ကယ်တင်ခြင်းသည် ယုံကြည်ခြင်းတစ်ခုတည်းဖြင့် ရ
ရှိကြောင်း ဖော်ပြထားသော ကျမ်းပိုဒ်ပေါင်း ၁၅၀ ခန့် ရှိသည်။ ဤကျမ်းပိုဒ်များသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်မဖြစ်ပါ။ဗတ္တိဇံသည်
ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအရာမဟုတ်သော်လည်း၊ ဘုရားသခင်အား
နာခံခြင်းအတွက်မူ မရှိမဖြစ် အရေးကြီးသည်။ ဘုရားသခင်၏ အလိုတော်မှာ သူ၏သားတော်ကို
သခင်နှင့် ကယ်တင်ရှင်အဖြစ် ယုံကြည်သူတိုင်းသည် ဗတ္တိဇံခံယူခြင်းအားဖြင့်
ခရစ်တော်နှင့်အတူ သေ၍၊ သင်္ဂြိုဟ်ခံရပြီး၊ ရှင်ပြန်ထမြောက်ကာ လူသစ်ဖြစ်ကြောင်းကို
လူသိရှင်ကြား သက်သေထူရန်ဖြစ်သည်။
ဓမ္မသစ်ကျမ်းတွင်
ဗတ္တိဇံမခံသော ယုံကြည်သူများအကြောင်း ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် သွန်သင်ချက်မရှိပါ။
လူတစ်ဦးသည် ကယ်တင်ခြင်းရရှိပြီးပါက ဗတ္တိဇံခံရမည်ဖြစ်သည်။ တမန်တော်ဝတ္ထုတွင်
တပည့်တော်များသည် “ချက်ချင်းဗတ္တိဇံခံခြင်း” (instant baptism) ကို ကျင့်သုံးခဲ့ကြသည်။ အသင်းတော်၏
ပုံမှန်ဗတ္တိဇံအခမ်းအနားကို မစောင့်ဘဲ၊ ယုံကြည်သူ၏ နှုတ်ဖြင့် ဝန်ခံမှုအပေါ်
ချက်ချင်း ဗတ္တိဇံပေးခဲ့ကြသည်။ ယုံကြည်ခြင်းနှင့် ဗတ္တိဇံသည် နီးကပ်စွာ
ဆက်နွယ်နေကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်—“ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည်...။”
ကျွန်ုပ်တို့သည်
ဗတ္တိဇံခံခြင်းဖြင့် အသစ်ဖွားမြင်သည်ဟူသော ကျမ်းစာနှင့်မညီသော သွန်သင်ချက်ကို
ရှောင်ရမည်ဖြစ်သလို၊ “ကယ်တင်ခြင်းရပြီးလျှင် ဗတ္တိဇံခံစရာမလိုတော့” ဟူသော
မှားယွင်းသော အယူအဆကိုလည်း လက်မခံသင့်ပါ။ လူအချို့က “ဗတ္တိဇံသည် အရေးမကြီးပါ” ဟု
လွယ်ကူစွာ ယူဆတတ်ကြသော်လည်း၊ ဗတ္တိဇံခံခြင်းသည် အရေးကြီးသည်။
“ကျွန်ုပ်သည်
ဗတ္တိဇံမခံဘဲ ကောင်းကင်နိုင်ငံသို့ ရောက်နိုင်သည်” ဟု အချို့ပြောသံကို
ကျွန်ုပ်တို့ ကြားရတတ်သည်။ ထိုသို့ဆိုသူများကို ကျွန်ုပ်က “မှန်ပါသည်။ သင်သည်
ဗတ္တိဇံမခံဘဲ ကောင်းကင်နိုင်ငံသို့ ရောက်နိုင်ပါသည်။ သို့သော် ထာဝရအချိန်တွင်
သင်သည် ဗတ္တိဇံမခံသူအဖြစ်သာ ကျန်ရစ်မည်။ ကောင်းကင်နိုင်ငံ၌ ဗတ္တိဇံခံရန်
အခွင့်အရေး ထပ်မရတော့ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ မိန့်မှာချက်ကို
ယခုနာခံနိုင်သည်၊ သို့မဟုတ် ထာဝရမနာခံဘဲ နေရမည်သာ ဖြစ်သည်” ဟု ပြန်ဖြေပါသည်။
ခရစ်တော်ကို
အရှင်သခင်နှင့် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသူတိုင်းသည် ဗတ္တိဇံခံရန်
အချိန်မဆွဲသင့်ပါ။ ဗတ္တိဇံခံခြင်းဖြင့် ၎င်းတို့သည် ခရစ်တော်နှင့်အတူ အသေခံ၍၊
ရှင်ပြန်ထမြောက်ပြီး၊ သူနှင့်အတူ အသစ်သော အသက်တာ၌ လျှောက်လှမ်းကြရမည်ဖြစ်သည်။
Comments
Post a Comment