နှစ်ခြင်းတို့၏ထူးခြားချက်များ Baptist Distinctives

          ယခုကာလတွင် နှစ်ခြင်းခရစ်ယာန်အများစုမှာနှစ်ခြင်းတို့၏ယုံကြည်ချက်နှင့်အဓိပါယ်ကိုရှင်းလင်း စွာနားလည်သဘော ပေါက်ခြင်းမရှိကြပါ။ နှစ်ခြင်းဆိုသည်မှာတချို့က ဂိုဏ်းဂဏ တခုဟုထင်မြင် ယူဆကြပြန်ပါသည်။ အမှန်မှာ ဂိုဏ်းဂဏ တခုမဟုတ်ဘဲ သမ္မာအပေါ်အခြေခံသောယုံကြည်ချက် ဖြစ်ကြောင်းအောက်ပါအနက် ဖွင့်ဆိုချက်များကိုတွေ့ရှိရပါ

သည်။


Baptists ဟူသောဝေါဟာရ...

B = Bible Authority                          = သမ္မာကျမ်းစာ၏အခွင့်အာဏာ...

A = Autonomy of Local Church        = ဒေသန ္တရအသင်းတော်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်..

P =Priesthood of all Believers          = ယုံကြည်သူတိုင်းယဇ်ပုရောဟိတ် ဖြစ်...

T = Two Ordinances                       = အဓိကမင်္ဂလာဝတ်နှစ်ပါး...

I =Individual Soul Liberty               = ယုံကြည်သူတစ်ဦးစီး၏ ဝိညာဉ်ရေးရာလွတ်လပ်ခွင့်..

S = Saved Church Membership       = ကယ်တင်ခြင်းရသူများသာ အသင်းသားအဖြစ်လက်ခံခြင်း..

T = Two Officers                           = အသင်းတော်၏ အမှုဆောင်နှစ်မျိုး..

S = Separation of Church and State = အသင်းတော်နှင့်နိုင်ငံရေးခွဲခြားထားခြင်း..


B.  Bible Authority   (သမ္မာကျမ်းစာ၏အခွင့်အာဏာ)

သန့်ရှင်းသောသမ္မာကျမ်းစာ ဓမ္မဟောင်း (၃၉) အုပ်၊  ဓမ္မသစ် (၂၇) အုပ်၊ ပေါင်း (၆၆) အုပ်သည်    ယုံကြည်ခြင်းနှင့် ခံယူလိုက်လျှောက်ရန် ဘုရားသခင်ညွှန်ကြားသော တစ်ခုတည်းသော အချုပ် အခြာအမိန့် အာဏာဖြစ်သည်။ ဆာလံ ၁၁၉း၁၀၅ ၊ ယော ၁း၁-၅ ။ ၂ တိ ၃း၁၆-၁၇ ၊ ၂ ပေ ၁း၂၀-၂၁ ။


A.    Autonomy of Local Church  (အသင်းတော်တစ်ပါးစီ၏ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်)

ဒေသန ္တရအသင်းတော်တိုင်းသည်မိမိ၏ အသင်းတော်လုပ်ငန်းမှန်သမျှနှင့် ဝတ်ပြုကိုးကွယ်ခြင်း၊ ဧဝံဂေလိနှင့် သာသနာလုပ်ငန်းများဆောင်ရာ၌ မိမိတို့ ကိုယ်ပိုင်လွတ်လပ်စွာ စီမံအုပ်ချုပ်ရကြသည်။ အခြားမည်သည့်အသင်းအဖွဲ့ ကမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိ။ (မဿဲ ၁၈း၁၅-၁၈ ။ ၁ကော ၅း၁-၅ ။ ၂ သက် ၃း၁၄-၁၅ ၊ ၂ကော ၆း၁-၅)။


P.  Priesthood of all Believers  (ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်ခြင်းအခွင့်)

ကယ်တင်ခြင်းသို့ရောက်ပြီးသော ယုံကြည်သူတစ်ဦးစီသည် ၎င်း၏ ကိုယ်စားကူညီတောင်း လျှောက်ပေးသူကြားခံ ပုဂ္ဂိုလ်တစ်ဦးမျှ မလိုအပ်ပဲ၊ ယဇ်ပုရောဟိတ်ကြီးဖြစ်သော သခင်ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်ထံသို့ တိုက်ရိုက်အစဉ်တိုးဝင်ချဉ်းကပ်တောင်းခံခွင့်ရှိသည်။ (၁ပေ ၂း၅-၉ ၊ မာကု ၁၅း၃၈။ ဟေဗြဲ ၁၀း ၁၉-၂၂ ။ ၁တိ ၂း၅) ။


T.  Two Ordinances   (အဓိက မင်္ဂလာဝတ်နှစ်ပါး)

(၁)  ယေရှုခရစ်တော်ကို လက်ခံယုံကြည်ပြီး ခရစ်တော်နောက် တစ်သက်လုံးလိုက်ပါမည်ဟု ဝန်ခံသောအားဖြင့် ရေထဲ၌ နှစ်ခြင်း ဗတ္တိဇံ မင်္ဂလာခံယူခြင်း၊

(၂)  ယေရှုခရစ်တော်၏ အသေခံခြင်း၊ ရှင်ပြန်ခြင်း၊ပြန်လည်ကြွလာခြင်း၊ ကယ်တင်ပြီးကြောင်းကို အောက်မေ့သတိယရန်၊ မျှော်လင့်ရန် နှင့် ယုံကြည်သူအချင်းချင်း ခရစ်တော်၌ အင်္ဂါချင်းဖြစ်ကြောင်းကို ဖော်ပြရန် ပဋိညာဉ်တရားသစ်ဖြစ်သော ပွဲတော်မင်္ဂလာဝတ်ခံယူခြင်း (တမန် ၂း၄၁-၄၇ ။ မဿဲ ၂၆း၂၆-၃၀။ ၂၈း၁၉-၂၀ ။ ၁ကော ၁၀း၁၆-၁၇ ၊ ၁၁း၂၃-၂၆ ။ ရော ၆း၄-၆ )။


I.  Individual Soul Liberty  (ယုံကြည်သူတစ်ဦးစီ၏ ဝိညာဉ်ရေးရာလွတ်လပ်ခွင့်)

ယုံကြည်သူတစ်ဦးစီသည် သမ္မာကျမ်းစာတော်မြတ်၏ ဖွင့်ပြသွန်သင်မှုအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ ကိုးစားယုံကြည်ခြင်း၊ သက်သေခံခြင်း၊ ဝတ်ပြုချီးမွမ်းခြင်းနှင့် မိမိအားဘုရားသခင်အပ်ပေးသောဝိညာဉ် ဆုကျေးဇူးအတိုင်း အသင်းတော်၏ ဧဝံဂေလိ နှင့်သာသနာလုပ်ငန်းများတွင် လွတ်လပ်စွာ ပါဝင်ခွင့်ရှိသည်။ (တမန် ၁ရး၁၁ ။ရော ၁၂း၆-၈ ။ ဟေဗြဲ ၁၀း၂၄-၂၅ ။ ၁ပေ ၄း၁၀-၁၁)။


S. Saved Church Membership  (ကယ်တင်ခြင်းရရှိပြီးသောသူများသာ အသင်းသားဖြစ်ခြင်း)

သခင်ယေရှုခရစ်တော်၏ အသေခံခြင်း၊ သင်္ဂြိုလ်ခြင်း၊ ပြန်လည်ရှင်ပြန်ထမြောက်ခြင်းဖြင့် မိမိအား ခပ်သိမ်းသောအပြစ်မှ ကယ်တင်ပြီးကြောင်း ယုံကြည်စိတ်ချသောသူကိုသာ ယုံကြည်ခြင်း၏သက်သေ ဖြစ်သောရေနှစ်ခြင်းဗတ္တိဇံမင်္ဂလာပေးပြီး သင်းဝင်စေသည်။ (ရော ၁၀း၉-၁၀ ။ တမန် ၂း၄၁-၄၇ ။ ရော ၆း၄-၆ ။ မဿဲ ၂၈း ၁၉-၂၀။


T.  Two Officers  ( အသင်းတော်၏ အမှုတော် ဆောင်နှစ်မျိုး)

          (၁) သင်းအုပ်

          (၂) သင်းထောက်တို့ဖြစ်သည်။

          (ဖိ ၁း၁ ။ ၁ပေ ၅း၁-၄ ။ တမန် ၂၀း၁၇-၂၈ ။ တိတု ၁း၅-၇ ။ ၁တိ ၃း၁-၁၃) ။

ဧဝံဂေလိနှင့်သာသနာလုပ်ငန်းမှန်သမျှကို ဝိညာဉ်ရေးရာရင့်ကျက် သောပဂ္ဂုလ်များဖြင့် ဖွဲ့စည်းထားသော ကော်မီတီပါဝင်သောစနစ်ကို ကျင့်သုံးသည်။


S. Separation of Church and State  (အသင်းတော်နှင့်နိုင်ငံရေး ခွဲခြားထားခြင်း)

          ဝိညာဉ်ရေးရာနှင့် တိုင်းပြည်ရေးရာကို ရောနှောရှုထွေးစေခြင်းမပြုပဲသီးခြားခွဲထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သွန်သင်ချက်အရ

(က) ဘုရားသခင်၏အမှုတော်ဆောင်များဖြစ်သော သင်းအုပ်၊ သင်းထောက် နှင့်အသင်းတော်ကော် မတီ၌ ပါဝင်သောသူသည် ဝိညာဉ်ရေးရာနှင့်မဆိုင်သော နိုင်ငံရေးနှင့် အခြားမည်သည့်အဖွဲ့ အစည်း၌မျှ ပါဝင်ရောနှောရှုပ်ထွေးခြင်း၊ တာဝန်ယူထမ်းဆောင်ခြင်းမပြုပါ။  (လု ၂၀း၂၅ ။ ယော ၁၈း၃၆ ။ ၂ တိ ၂း၄ )။

(ခ) အသင်းတော်အတွင်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်၌ တိုင်းပြည်ရေးရာ နှင့် နိုင်ငံရေးကို ဟောပြောသွန်သင်ခြင်း၊ သက်သေခံခြင်းမပြုပါ။ (တရား ၂၂း၉ ။ ဂလာ ၁း၈-၉)။

(ဂ)ယုံကြည်သောအသင်းတော်များသည် ဘုရားသခင်ခန့်အပ်သော အစိုးရ မင်းများ၏အုပ်စိုးမှုကို ရိုသေလေးစားစွာ ဝန်ခံလျက်ဆုတောင်းပေးနေမည်။ (ရော ၁၃း၁-၇ ။ ၁တိ ၂း၁-၂ ။၁ပေ ၂း၁၃-၁ရ)။


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?