အာဗြဟံ၏သား

          သမ္မာကျမ်းစာကို ကျွနု်ပ်တို့လေ့လာ ဆင်ခြင်သည့်အခါ အပိုင်း(၂)ပိုင်းတွေ့ရှိနိုင်ပါသည်။ ပထမအပိုင်းမှာ အက္ခရာစာ လုံးဖြင့်ရေးသား ထားသောကျမ်း စကားဖြစ်ပြီး ဒုတိယအပိုင်းမှာ အသက်ရှင်နေသော နှုတ်ကပတ်တော် ဟူ၍ဖြစ်သည်။ ထိုနှစ်ခု၏ တွဲဆက်မှုကို အကျွနု်ပ်တို့ အသက္တာ၌ လက်တွေ့ခံစား သဘောပေါက် ထားဖို့လိုပါသည်။ ပထမဦးစွာအက္ခရာ စာဖြင့်ရေးသား ပြုစုထားသော ကျမ်းစကားကို ကျွနု်ပ်တို့ ကိုယ်တိုင် ဖတ်ရှုရသော် လည်းကောင်း၊ မိဘဘိုးဘွားများ

၏ ပြောကြားသွန်သင်ချက်အရ သော်လည်းကောင်းသိရှိရပြီးမှ ထိုကျမ်းစကားကို သခင်ယေရှုကိုယ်တိုင် ထပ်ဆင့်အ တည်ပြု၍ ပြောပြချက်အရ အသက္တာ၌ လက်တွေ့ကျကျက သက်သေနှင့်တကွ ခံစားရမွသာ အကျိုးဖြစ်ထွန်းစေနိုင်ပါသည်။


သက်သေရှိ

နှလုံးသားထဲ၌ တမ်းတသောအရာ၊ နှလုံးသား၌ရှိသောအရာကို အပြင်တွင် သက်သေအဖြစ်ကျွနု်ပ်တို့မြင်နိုင်သည်။ (လု၊၁၉)တွင် ဇကွဲအမည်ရှိအခွန်ခေါင်းတစ်ဦးကိုတွေ့ရသည်။ သူသည်နှလုံးသားထဲက ဘုရားကိုတမ်းတသောသူ၊ ယုံကြည်သောသူ ဖြစ်ကြောင်း သူ၏တုန့်ပြန်မှုကို ထောက်ရှု၍ ကျွနု်ပ်တို့နားလည်ရသည်။ လူ့အပိုင်းမှ ကြည့်လျှင်သူသည်အရပ်ပုသောသူဖြစ်သလို လူအများစကဆုပ်ရွံ့ရှာသော အခွန်ခေါင်းတစ်ဦးလည်းဖြစ်သည်။ တစ်နေ့တွင် သခင်ခရစ်တော်ကြွလာကြောင်း သတင်းကြားလျှင် သူသည်မြင်တွေ့လို၍ သစ်ပင်ပေါ်သို့တတ်ကြည့်ကြောင်းတွေ့ရသည်။ သခင်ယေရှုကသူ့အားတွေ့ရသောအခါ အာဗြဟံ၏သား ဟူ၍ခေါ်ပါသည်။ အကြောင်းမှာ ဇကွဲသည် ဘုရားရှင်ရှေ့တွင် နှစ်သက်ဖွယ်သောသူဖြစ်သည်။ ဘုရားရှင်ရှေ့တော်တွင် နှစ်သက်ဖွယ် ဖြစ်ခြင်းသည် အပြင်သဏ္႑ာန်၏ လုပ်ဆောင်မှု။ လူများ၏သတ်မှတ်မှုနှင့် မသက်ဆိုင်ဘဲ အတွင်းနှလုံးသား၏ယုံကြည်တုန့်ပြန်မှု နှင့်သာ ဆိုင်ပါသည်။


ဘုရားသားမဖြစ်ပါ

ယနေ့ခရစ်ယာန်တိုင်း ဘုရားရှင်၏သားသမီးမဖြစ်ပါ။ ထို့အတူအာဗြဟံ၏ သားဖြစ်ခြင်းသည် သွေးသားသဘာဝနှင့် မဆိုင်ဘဲ ကတိတော် အပေါ်ယုံကြည်မှုနှင့်သာ သက်ဆိုင်ကြောင်းတွေ့ရသည်။ ဘုရားရှင်၏စကားကိုကြားသော်လည်း ယုံကြည်မှု မရွိသူ၊ နာခံမှုမရှိသူမြောက်မြားစွာရှိကြပါသည်။ ယုဒလူများသည် ဘုရားရှင်၏စကားတော်ကိုကြားနေလျက်နှင့် မွန္ကန္စြာနား လည်မှုမရှိသဖြင့် ယုံကြည်မှုလည်းမရှိကြချေ။ သို့ဖြစ်၍ ခရစ်တော်ကို ကားစင်တင်သတ်သော သူမ်ားမွာ ယုဒလူများကိုယ် တိုင်ပင် ဖြစ်ကြောင်း ဝမ်းနည်းဖွယ်ရာတွေ့ရသည်။ ဘုရားရှင်၏စကားတော်ကို ကြား၍ဟုတ်မှန် ဖြောင့်မတ်စွာ ကျင့်ကြသူများမျာ အာဗြဟံ ၏သားဖြစ်ကြသည်။ ဘာသာတရားမ်ားက လူသည်မိမိလုပ်ဆောင် မှု၏ကောင်းကျိုးနှင့် ဆိုးကျိုး ရလဒ်ကိုတူမျှစွာပြန်၍ ခံစားရမည် ဖြစ်ကြောင်း မီမောင်းထိုး၍ သတိပေးထားပါသည်။


အချို့က ဘာသာတရားလိုက်စားလျှင် ဘုရားကြိုက်မည်ဟု ယုံကြည်ယူဆပြီး အစွမးကုန်ကျင့်ကြံကြိုးစားလုပ်ဆောင် ကြသည်။ အပြင်သဏ္႑ာန်မှ အစွမ်းကုန်ကြိုးစားမှုပြုတိုင်း ဘုရားရှေ့တော်၌ နှစ်သက်ဖွယ်မဖြစ်ပါ။ နှလုံးကျောက်ကပ်ကိုစစ်တော် မူသော သဗေ္ဗညုတဉာဏ်တော်ရှင်ဘုရးက အပြင်သဏ္႑ာန်ထက်အတွင်းမနော၏ ယုံကြည်တုန့်ပြန်မှုကိုစစ်ကြော၍ သိမှတ်ပါသည်။ နှလုံးကဘုရားကိုတမ်းတကာ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ အစွမ်းကုန်လုပ်ဆောင်လေ သမျှကို ဘုရားရှင်ကလက်ခံသိမှတ်ပါသည်။ (ကမ်ဘာ၊ ၂၇)တွင် ဧသောနှင့် ယာကုပ်ဟူသော ညီအစ်ကို နှစ်ဦးကိုတွေ့ရသည်။ အသွေးအသားအားဖြင့် အာဗြဟံ၏အနွယ်ဖြစ်ပါ လျက်နှင့် ဧသောသည်ကျမ်းစကား ကိုကြားသော်လည်း အေလးမထားဘဲ သားဦးအရာကိုရောင်းစားကြောငး်တွေ့ရသည်။ ထို့အတူလောကကြီးထဲတွင် ကျမ်းစကားကိုကြားရသော်လည်း အလေးမထားသူများစွာရှိကြောင်းတွေ့ရသည်။


အာဗြဟံ၏သားဖြစ်ခြင်း

ဘာသာတရားတိုင်း ကကောင်းတာလုပ်လျှင် ကောင်းသောအကျိုးရလဒ်ကိုခံစားရမည်ဖြစ်ကြောင်းနှင့် မကောင်းသော အမှုကိုပြုပါက မကောင်းသောအကျိုးရလဒ်ကိုခံစားရမည်ဖြစ်ကြောင်း သတိပေး သွန်သင်ပေးထားပါသည်။ ဇကဲ္ခကို အပြင်သဏ္႑ာန် အရကြည့်ပါက မတရားစီးပြါးရွာ သူအျဖစ္လူအမ်ားက စက်ဆုပ်ရွံ့ရှာကြသည်။ သို့သော် နှုတ်ကပတ်တော် ဖေါ်ပြချက်အရကြည့်ပါက သူသည်မတရားသောစီးပွားရှာ သူမဟုတ်ကြောင်းတွေ့ရသည်။ ဇကဲ္ခသည် သူပိုင်ဆိုင်သည့်ဥစ္စာ တစ်ဝက်ကို ဆင်းရဲသောသူတို့ အားပေးကြောင်း၊ အခြားသူတစ်စုံ တစ်ယောက်၏ ဥစ္စာအနည်းငယ်ကိုယူမိလျှင် အထိုအတွက် လေးဆပြန်၍ပေးကြောင်းတွေ့ရသည်။ ဇကဲ္ခသည် သူပိုင်ဆိုင်သည့်ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အားပေးကြောင်း၊ အခြားသူတစ်စုံ တစ်ယောက်၏ဥစ္စာအနည်းငယ် ကိုယူမိလျှင် ထိုအတွက်လေးဆပြန်၍ ပေးကြောင်းတွေ့ရသည်။ ဇကဲ္ခသည် ကောင်းမှုပြုဖို့စဉ်းစားနေသူမဟုတ်ဘဲ လက်တွေ့ပြု ကျင့့်နေသူဖြစ်ကြောင်း နားလည်ရပါသည်။ သို့ဖြစ်၍ သခင်ယေရှုကိုယ်တော်တိုင်က ဇကဲ္ခအား အာဗြဟံ၏သားဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။


ကျွနု်ပ်တို့၏အသက်တာ၌ ဘုရားသခင်နှင့်ထိတွေ့ဖို့ရန်အတွက်ဦးစွာတရားသောအမှုနှင့် မတရားသောအမှုကို ကျမ်းစကားဖြင့် ဆင်ခြင်နားလည်ပြီးသည့်နောက် မတရားသောအမှုကို စိတ်ပျက်တတ်ဖို့လိုသည်။ ပြီးမှနှုတ်ကပတ်တော်ကိုကြား၍ လက်တွေ့မြည်းစမ်းကာသက်သေရနိုင်မည်ဖြစ်သည်။ ယနေ့ကျွနု်ပ်တို့အနေဖြင့် ဘုရားသခင် နှင့် တွေ့နိုင်ဖို့ရန်အတွက် ဦးစြာပထမ တွေ့ချင်သောစိတ်ရှိဖို့လိုပါသည်။ တွေ့ချင်သောနှလုံးသားဆန္ဒမရှိပါက ကျမ်းစကားကို ကြားသော်လည်း ပြောင်းလဲခြင်းအသက်တာ ကိုမခံစားနိုင်ပါ။ အကြောင်းမှာတွေ့ချင်သည့်ဆန္ဒစိတ်ရှိသူတို့သာ ဘုရားသခင်ကိုယ်တော်တိုင်က တွေ့နိုင်ဖို့အခွင့်အလမ်းနှင့် အခြေအနေကိုပြင်ဆင်ပေးပြီး အတွေ့ခံပါသည်။


ကိုယ်တော်သိသည်

(ယော၊၁၄)တွင် သခင်ယေရှုက ငါ့ပညတ်တို့ကိုရ၍ စောင့်၍သောသူသည် ငါ့ကိုချစ်သောသူဖြစ်ကြောင်းနှုတ်နှင့် ပြောရုံဖြင့် မပြီးပါ။ လက်တွေ့နာခံလိုက်လျှောက်မှသာပြည့်စုံမည်ဖြစ်သည်။ ထိုသူကိုသာကိုယ်တော်ကသက်သေပေးပါသည်။ ဇကဲ္ခသစ်ပင်ပေါ် တက်သည်ကိုမြင်ပြီးမှ သခင်ယေရှုကအတွေ့ခံသည် မဟုတ်ပါ။ သစ်ပေါ်မတက်မီကပင် ကိုယ်တော်ကနှလုံး နှင့်တမ်းတပြီး နာခံလုပ် ဆောင်နေသောဇကဲ္ခကိုသိပါသည်။ ထိုကြောင့်တွေ့တွေ့ချင်း ဇကဲ္ခကိုနာမည်နှင့်ခေါ်ပါသည်။


နှုတ်ကပတ်တော်သည် ဘုရားစကားဖြစ်၍ သက်သေရှိပါသည်။ ဆယ်ဖို့တစ်ဖို့ကိုသစ္စာရှိစွာပေးပါက နှုတ်ကပတ်တော် နှင့်အညီ ကောင်းချီးများစွာခံစားရပါသည်။ ထို့အတူ နှလုံးသားနှင့်တမ်းတသူကို အတွေ့ခံမည်ဟု ကတိထားတော်မူသောအရှင် သည် ယနေ့တိုင်မပြောင်းလဲဘဲ သစ္စာကတိတည်သောအရှင်ဖြစ်ပါသည်။ ကယ်တင်ခြင်းလမ်းမှာ လူတိုင်းအတွက်ဘုရားရှင်က ပြင်ဆင်ထားခြင်းဖြစ်သော်လညး လူတိုင်းမခံစားကြရပါ။ တရားကိုဆင်ခြင်၍ မိမိလိုအပ်ချက် ကိုသိမြင်ပြီးနောက်မှ ကိုယ်တော့်အား နှလုံးသားနှင့်တမ်းတမျှော်လင့်မည်ဆိုပါက ကိုယ်တော်သည်သိမြင်ပြီး အတွေ့ခံမည်ဖြစ်ကြောင်း မေတ္တာနှင့်အသိပေးဝေငှလိုက်ရ ပါသည်။


Dr.တင်မောင်ထွန်း-တရားဒေသနာ


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?