သင့်ပြဿနာအဖြေမှန်

ချစ်သောဓမ္မမိတ်ဆွေ၊ အ ခု တလော ကျွနု်ပ်တို့သည် မှော်ဘီယုံ ကြည်သူများထံ၊ တစ်အိမ်တက် တစ်

အိမ်ဆင်းသွားခဲ့ပါသည်။ ထိုသူတို့အ ထဲတွင် ပြဿနာ အမိုျးမိုျးရှိကြသည် ကို တွေ့ရပါသည်။ တချို့ မှာ စားဝတ်နေရေးပြဿနာ၊ တချို့ မှာ  လင်မယား အကြားပြဿ နာ၊ တချို့ မှာ သားသ မီးများ မလိမ္မာမှုပြဿနာ၊  တချို့မှာ အမွေဆိုင်ပြဿနာ၊  တချို့ မှာ ကျန်း မာရေးပြဿနာ၊ တခိုျ့မှာ အလုပ်အ ကိုင်နှင့်ဆိုင်သောပြဿနာ စသည့် စသည့်ပြဿနာအသီးသီးကို ရင်ဆိုင် နေကြရပါသည်။


  ထိုသူတို့၏ပြဿနာများကို ဆုတောင်းပေးရင်း၊

သူတို့ဖြေရှင်း နည်းများကိုလည်း မေးမြန်းလေ့လာ

ခွင့်ရခဲ့ပါသည်။ သူတို့၏ပြဿနာဖြေ ရှင်းနည်းကို ခြုံပြီးပြောရလျှင်၊ ကိုယ့် ပြဿနာကို အခြားသူများအား ပြောပြပြီး အကြံဉာဏ်တောင်းဆိုခြင်း၊ ငွေ ရေးကြေးရေးအခက်အခဲရှိသူများ သည်လည်း အသိမိတ်ဆွေများထံငွေချေးခြင်းအားဖြင့် ပြဿနာဖြေ ရှင်းကြခြင်း၊ တခိုျ့မှာ ထိုပြဿနာကို ဘုရားသခင်က ဖယ်ရှားပေးဖို့ ဆု

တောင်းရင်း ဘုရားသခင်ထံမှ ဘာ အဖြေမှ မရသည့်အဆုံး၊ဘုရားသခင် ကို စိတ်ကောက်ပြီး၊ ဘုရားကျောင်း

မတက်သူများလည်း ရှိပါသည်။


      ချစ်သောမိတ်ဆွေ၊ သင် ကော မည်သို့သောပြဿနာနှင့် ရင် ဆိုင်နေရပါသနည်း။ အထက်ပါယုံ

ကြည်သူများ၏ပြဿနာများသည် ဆု တောင်းနေကြသော်လည်း မပြေ လည်သည့်အတွက် ကိုယ့်နည်းကိုယ့်

ဟန်ဖြင့် ဖြေရှင်းလိုက်၊ အခြားသူများ ကို အကြံဉာဏ်တောင်းလိုက်နှင့် မ ပြေလည်သည့်အဆုံး၊ ဗေဒင်ဆရာထံရောက်လိုရောက်၊ ပြဿနာမှ ရုန်းမ ထွက်နိုင်ဘဲ၊

 လုံးချာလည်လိုက်နေ သည်ကို တွေ့ရလေသည်။

 

ချစ်သောဓမ္မမိတ်ဆွေ၊ကျွနု်ပ် လည်း မရင့်ကျက်မှီက ဤအတိုင်းဘဲ ပြဿနာထဲမှာ ချာချာလည်ခဲ့ဘူးပါ

သည်။ ကျွနု်ပ်၏ပြဿနာမှာ ပေတရု ကဲ့သို့ စိတ်မြန်လက်မြန် ဆန္ဒစော သောပြဿနာဖြစ်ပါသည်။ တခါက

အရှင်ယေရှုကို လူတွေလာဖမ်းစဉ်၊ ယေရှုနှင့် အတူပါလာသော သူတို့ သည် ဖြစ်အံ့သောအမှုကို မြင်လျှင်

သခင် အကျွနု်ပ်တို့သည် ထားနှင့် ခုတ်ရပါ့မလောဟု မေးလျှောက်ပြီး မှ တစ်ယောက်သောသူ (ပေတရု)

သည် ယဇ်ပုရောဟိတ်၏ကျွန်(မာလခု)ကို ခုတ်သဖြင့် လကျာ်နားရွက် ပြတ်လေ၏ (လုကာ၊ ၂၂း၄၉-၅၁)

ပေတရုသည် အရှင်ယေရှုကို ခုတ်ရ ပါ့မလောဟု အခွင့်ပန်သော်လည်း အရှင်ယေရှုထံမှ ဘာတစ်ခုမျှ တုံ့ပြန့်

ခြင်းမရမှီမှာ သူ့ပြဿနာကို ဖြေရှင်း ခဲ့သကဲ့သို့ ကျွနု်ပ်တို့သည်လည်း မိမိ ပြဿနာကို ဖြေရှင်းခဲ့သကဲ့သို့ ကျွနု်ပ်သည်လည်း မိမိပြဿနာအတွက် ဆု တောင်းပြီး ဘုရားသခင်ထံမှ   အဖြေ မရမှီ၊ ခါးထဲက ဓါးကို ထုတ်ပြီး အစွမ်းပြတတ်သူဖြစ်ပါသည်။


ဤသည်မှာ နှစ်ပေါင်းများစွာ၊ ကျွန်ုပ်၏ ပြဿနာဖြစ်ခဲ့ပါသည်။ ဆုတောင်းပြီး အဖြေမစောင့်ဘဲ၊ မိမိ

ဉာဏ်နှင့် ဖြေရှင်းတတ်သည့်အကျင့် သည် အကျွနု်ပ်၌ ဘိန်းစွဲသလို စွဲနေ ခဲ့ပါသည်။ သို့သော် ပြဿနာဟာ

ပြေလည်လာသလားဟု မေးလျှင် မ ပြေလည်ပါ။ သာ၍ဆိုးလာသည်ကို သာ တွေ့ရပါသည်။ (ဥပမာ)ငွေလို

၍ ဆုတောင်းသောအခါ ဘုရားသ ခင်ထံမှ အဖြေမရမှီ မိတ်ဆွေထံချေး ယူခဲ့လေပြီ။ လတ်တလော ပြေလည်

သယောင်ရှိသော်လည်း တချိန်မှာ ေြွကးရှင်က ေြွကးဆပ်ဖို့ တောင်းလာ သောအခါ ပြဿနာနှင့်သာ စခန်း

သွားခဲ့ရလေသည်။ ထိုအခါ၊ ေြွကး ဟောင်းကို ဆပ်ဖို့ ေြွကးသစ်ကို ယူ ရပြန်လေသည်။ ဤသို့ဖြင့် ယုံလည်း

ယုံ၊ ခုန်လည်းခုန်ရင်း ကျွနု်ပ်အသက် တာသည် ပြဿနာအောက်မှာ ပိပြား ခဲ့လေပြီ။

 

နောက်ဆုံးမှာ ဆုံးဖြတ်ချက် တစ်ခုချခဲ့လေသည်။ ဘာပြဿနာဘဲ ကြုံကြုံ ဆုတောင်းမည်။ အဖြေမရ

မချင်း၊ ဘာတစ်ခုမျှ မလုပ်ဘဲ ငြိမ်ဝပ် စွာနေပါမည်ဟူ၍ ဂတိပြုခဲ့ပါသည်။ ''ငြိမ်ဝပ်လျက်နေလော့၊့၊

ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့''(ဆာ၊ ၄၆း၁ဝ)


ကျွနု်ပ်တို့၏ပြဿနာအရင်း အမြစ်မှာ ဘုရားသခင်ကို ဘုရားသ ခင်ဖြစ်မှန်း မသိခြင်းပင် ဖြစ်လေ

သည်။ ဆိုလိုသည်မှာ ဘုရားသခင် ၏ အစွမ်းတန်ခိုး၊ မေတ္တာဂရုဏာ၊ ဘုရားသခင်၏ဂုဏ်တော်များကို

ခေါင်းသိသိသော်လည်း လက်တွေ့ အသက်တာမှာ မသိကျွမ်းခြင်းပင် ဖြစ်လေသည်။


ချစ်သောမိတ်ဆွေ၊ ဘုရား သခင်ကိုသိကျွမ်းသောသူတို့၏သက် သေခံချက်ကို ကြည့်ပါ။ ယောသပ်

သည် ညီအစ်ကိုတို့၏ မုန်းတီးခြင်းခံ ရသည်။ တွင်းထဲချခြင်း၊ ကျွန်အဖြစ် ရောင်းစားခံရခြင်း၊ သူ့သခင်မ၏မ

တရားစွပ်စွဲခံရခြင်း၊ ထောင်တွင်းအ ကျဉ်းချခံရခြင်း၊ စသည့် ပြဿနာများ ရင်ဆိုင်ရလေသည်။ သို့သော် ယော

သပ်၏တုန့်ပြန်ချက်ကို ကြည့်ပါ။ ''သင်တို့သည် ကျွနု်ပ်ကို ညှင်းဆဲမည်ကြံသော်လည်း၊ဘုရား

သခင်သည် ယနေ့ဖြစ်သည့်အ တိုင်းလူများအသက်ချမ်းသာစေ ခြင်းငှာ ကျေးဇူးပြုမည်ကြံတော်

မူ၏။'' (ကမ္ဘာ၊ ၅ဝး၂ဝ) ''သင်တို့သည် ဤအရပ် သို့ စေလွှတွှတ်ေ်တော်မ်မူသူသည်မဟုတ်၊

ဘုရားသခင်စေလွှတ်တော်မူသ တည်း'' (ကမ္ဘာ၊ ၄၅း၈)

       ယောသပ်သည် ဘုရားသ ခင်၏အလေ့အလာ၊ ဘုရားသခင်၏ အထာကို ပေါက်သောကြောင့် ဤ

ကဲ့သို့ ပြောဆိုနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးသောအရှင်ဖြစ်၍ ထိုအ

ရှင်သည် အရာခပ်သိမ်းတို့သည် မိမိ ကောင်းကိုျးအတွက် ပြုပြင်ပေးနေ သည်ကို ယောသပ်သည် ကောင်းမွန်

စွာ နားလည်သဘောပေါက်ထား သောကြောင့် ဖြစ်လေသည်။ (ရော၊၈း၂၈)


ပရောဖက်ဒံယေလ သက် သေခံချက်ကိုလည်း ဆင်ခြင်ကြည့် ပါ။ လုပ်ဖော်ဆောင်ဖက် အားလုံးက

ဝိုင်းပြီး တိုက်ခိုက်ခြင်းခံနေချိန်မှာ ''မိမိတို့ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာ

သောအားနှင့် ပြုကြလိမ့်မည်''(ဒံ၊ ၁၁း၃၂)

     ပြဿနာနှင့်ကြုံတွေ့သော အခါ၊ ပြဿနာပြေလည်ဖို့ထက် ပြ ဿနာကို ရင်ဆိုင်နိုင်သော ခွန်အား

အစွမ်းသတ္တိလိုနေခြင်းသာ ဖြစ်လေ သည်။ ထိုခွန်အားသည် ဘုရားသခင် နှင့် သိကျွမ်းခြင်းအပေါ်မှာ မူတည်

ကြောင်း ဒံယေလအားဖြင့် သိခွင့်ရ လေပြီ။ ချစ်သောမိတ်ဆွေ၊ ဘုရား သခင်ကို အရှိကိုအရှိအတိုင်း ရှုမြင်

တတ်လေလေ ဘုရားသခင်ကို သိ ကျွမ်းလေလေ ခွန်အားတိုးပွားလေ လေဖြစ်လာလိမ့်မည်။


ဘုရားသခင်ကို သိကျွမ်း သောမောရှေမှာလည်း ပြဿနာ သောင်းခြောက်ထောင်နှင့် ရင်ဆိုင်

တွေ့ကြုံခဲ့ပါသည်။ ''မောရှေက ကိုယ်တော် တိုင်မသွားလျှင်၊ အကျွနု်ပ်တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။''

ဟူ၍ ဘုရားသခင်ကိုတောင်း လျှောက်ခဲ့သည်။ (ထွက်၊ ၃၃း၁၅)။

       အကြောင်းမှာ ဤခရီးလမ်း၌ ဘုရား မပါလျှင် ကြောက်စရာများစွာ ရှိ သည်။ ရန်သူ့ဘေး၊ အငတ်ဘေး၊ အ

ချင်းချင်းမညီညွတ်သောဘေးအမိုျး မိုျးရှိသည်။ ဤပြဿနာများ ဖြေရှင်း နိုင်ဘို့၊ ဘုရားမပါလျှင် မဖြစ်နိုင်။

ဘုရားသခင်သာ သူတို့နှင့်အတူပါ လျှင် အရာခပ်သိမ်းပြေလည်မည်ကို မောရှေကောင်းကောင်းသိသည်။

  

ချစ်သောဓမ္မမိတ်ဆွေ၊ အ မှန်မှာ ကျွနု်ပ်တို့ ပြဿနာက ပြဿ နာဖြစ်နေခြင်း မဟုတ်ပါ။ ကျွနု်ပ်တို့

ပြဿနာအရင်းအမြစ်မှာ ထိုပြဿ နာခပ်သိမ်းတို့ကို ဖြေရှင်းပေးပိုင် သော ပုဂ္ဂိုလ်(သခင်ဘုရား)အား မ

သိကျွမ်းခြင်းပင် ဖြစ်ပါသည်။ သင့် ပြဿနာ၏အဖြေမှာ ယေရှုသခင်ပင် ဖြစ်သတည်း။

      ထို့ကြောင့် ဓမ္မတေးတစ်ခု မှာ ဤသို့စပ်ထားပါသည်။ ကိုယ် တော်ကို လိုပါ၏။ အရှင်ယေရှု၊ နာရီ

မပြတ်လိုသည်။ မစတော်မူ ကိုယ် တော်မြတ်သည် လိုရင်းပင်၊ နာရီ တိုင်း ခိုကိုးရ၊ ခုကောင်းကြီးပေး ကယ်

ချွတ်ရှင်၊ ခြေတော်ရင်းလာ။ ကိုယ် တော်ကို လိုပါ၏။ အလျင်ြွကလာ။ ဒုက္ခ သုခရှိရှိ အနီးနေပါ။

 

ချစ်သောမိတ်ဆွေ၊ဤဆောင်း ပါးကိုရေးနေစဉ်၊ ကျွနု်ပ်မှာ ဝမ်းကိုက် ပြီး၊ ဝမ်းလျှောခြင်းပြဿနာနှင့် ရင်

ဆိုင်ရလေသည်။ တစ်ညလုံး မအိပ် နိုင်ဘဲ၊ အိမ်သာထဲမှာ ဘုရားသခင် နှင့် လုံးထွေးခဲ့လေသည်။ ထိုအချိန်

မှာ ဝမ်းပိတ်ဆေး ဝယ်ဘို့၊ ဆိုင်တွေ လည်း ပိတ်၊ အိမ်၌လည်း ဆေးမရှိ။ နောက်ဆုံးမှာ ကျွနု်ပ်သည် ဘုရား

သခင်ထံ ဆုတောင်းရာက လွဲ၍ ဘာ မျှမတတ်နိုင်တော့ပါ။ ကိုယ်တော် ဟာ ကြီးမြတ်သောဘုရား၊ ဂရုဏာ

မေတ္တာရှင်ဘုရား၊ အနာရောဂါငြိမ်း စေသောထာဝရဘုရား၊ ကျွနု်ပ်ဝေဒ နာကို ယူတင်ပြီဖြစ်သောကြောင့်

ဂုဏ်တော်ကို ချီးမွမ်းပါ၏။ မကြာပါ။ ဘုရားသခင်၏တန်ခိုးတော်မစမှုဖြင့် ဝမ်းကိုက်ဝေဒနာ သက်သာခွင့်ရခဲ့

လေပြီ။

  ချစ်သောမိတ်ဆွေ၊ ပြဿ နာကို လိုက်ရှင်းနေမည့်အစား၊ ပြ ဿနာအားလုံးကို ဖြေရှင်းပေးနိုင်

သောဘုရားသခင်ထံ တိုးဝင်ချဉ်း ကပ်ကြပါစို့။ ဘုရားသခင်ကို သိကျွမ်း ခြင်း၌ ကြီးပွားကြပါစို့ (၂ပေ၊ ၃း၁၈)။

ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်လာ သောအခါ၊ မိတ်ဆွေ၏ပြဿနာခပ် သိမ်းတို့သည် အောင်မြင်ကျော်လွှားနိုင်ပေမည်။


နာမတော်မြတ်၌

ညီအစ်ကို

 ဇေန


 

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?