လူတိုင်းရချင်တဲ့ သြဇာတိက္ကမ

လူမှန်ရင် ယောက်ျား မိန်းမ သူများထက်သာချင်တယ်။ စိုးမိုးချင်တယ်။ ကိုယ်ပြောတာပြီးစေချင်တယ်။ ဒါဟာ သဘာဝပါပဲ။ Chrisma လို့ခေါ်တဲ့ သြဇာတိက္ကမကြီးဘို့ဆိုတာ နေရာတကာ ဝင်ရောက်စွက်ဖက်ပြီး အာဏာပြခြင်း အာဏာစွဲကိုင်ထားခြင်းအပေါ်တည်တာမဟုတ်ဘူး။ အကြံပေးတာလိုလို ကောင်းစေချင်တာလိုလိုနဲ့ နေရာအတင်းဝင်ယူတာမျိူးတွေ နေရာတကာမှာကို တွေ့နေရတယ်။ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပေ။

ခေါင်းဆောင်လို့ပြောရင် သြဇာတိက္ကမ ဟာအရေးကြီးတဲ့ အခန်းကပါဝင်လာပေတယ်။ ဒါကို မွေးရာပါ လို့ လက်ခံသင်ကြားတဲ့ ကမ္ဘာကျော်ဆရာတွေရဲ့အယူအဆတွေလည်း ဖတ်ဘူးတယ်။ နားထောင်ဘူးတယ်။ မှားပါတယ်။ သြဇာတိက္ကမဆိုတာ အခြားသူတွေကို စွဲဆောင် သိမ်းသွင်းတဲ့ စွမ်းရည်တမျိူးပါ။ လေ့ကျင့်ပြုစုယူလို့ရတဲ့အရာဖြစ်ပေတယ်။ မွေးဖွားရာဒေသမှာ သိပ်မသိသာပေမဲ့ တစိမ်းတရံတွေကြားထဲမှာ ပြုစုလေ့ကျင့်ထားရင် သိသာစွာ တိုးတက်မှုကိုတွေ့ရပါလိမ့်မယ်။ ဒါကိုသံလိုက်ဓါတ်လိုပဲ ကူးယူလို့ရတယ်။

ရိုးရိုးသံတခုကို သံလိုက်နဲ့ ပွတ်တိုက်ပါများရင် သံလိုက်ဓါတ်ဝင်သွားတယ်။ ဒီသဘောပဲ မိမိကိုယ်မိမိ ကြိမ်ဖန်များစွာလေ့ကျင့်ရင် သြဇာတိက္ကမရှိတဲ့ခေါင်းဆောင်ဖြစ်လာမယ်။ မိမိကိုယ်မိမိမပြုစုပဲ သူတပါးကိုငြင်းဆန် တိုက်ခိုက်နေရင် ခေါင်းဆောင်မဖြစ်ပဲ လူတွေနဲ့ ဝေးသွားမှာပဲဖြစ်တယ်။
တမန်တော်ဝတ္ထုမှာ ပေတရုအကြောင်း ယုံကြည်သူတိုင်းသိပါတယ်။ တံငါသည်ကနေ တမန်တော်ဖြစ်လာသူပါ။ လူ ၃၀၀၀ နောက်လိုက်ဖြစ်လာတယ်။
ဘာကြောင့်လဲ ......

၁။ စိတ်ချမှု
***********
စကားဝိုင်းတခု အစည်းအဝေးတခုမှာ လူတော်တော်များများဟာ မိမိပြောမဲ့စကားကို စိတ်ချခြင်းမရှိဘူး။ ထင်ရာဝင်ပြောလေ့ရှိတယ်။ လူကြိုက်မယ်ထင်တာ လူအများလက်ခံမယ်ထင်တာတွေပြောတတ်တယ်။ မှားယွင်းတဲ့လုပ်ရပ်ဖြစ်ပေတယ်။ သူတပါးတင်ပြတာကို အဆုံးထိနားထောင်တတ်အောင်လေ့ကျင့်ပါ။ ပြီးမှ ပြောသင့်တာကို စိတ်ချမှုအပြည့် ချည်တုတ်ပြောတတ်ဘို့လိုတယ်။ ဒါကို မြန်မာစကားမှာ ကောက်ပင်ရိတ်လှီးစကားလို့ခေါ်တယ်။ အင်္ဂလိပ်လို poise လို့ခေါ်တယ်။ အိဒြေ္နရရ ဟန်ချက်ညီညီပြောတာမျိူးကို ဆိုလိုတယ်။ နောက်တခုက optimsm လို့ခေါ်တယ်။ အကောင်းမြင်တာ၊ ကိုယ့်စကားကိုစိတ်ချတာမျိူးပေါ့။ မသေချာပဲပြောတာမျိူးမဟုတ်ဘူး။

၂။ ထင်ရှားစွာပြဆိုမှု
*****************
တဘက်သူပြောတာ မှားတယ် မှန်တယ်ဆိုတာ ထင်ရှားအောင်ပြဆိုတတ်ခြင်းကိုဆိုလိုတယ်။ ဒါဟာ မိမိပြောမဲ့စကား မိမိလုပ်မဲ့အပြုအမူ စတာတွေကို ယုံကြည်စိတ်ချစွာသိနေမှုအပေါ်မှာတည်တယ်။ စကားပြောရပြီးရောဆိုတာမျိူးမဟုတ်ဘူး။ မိမိနှလုံးသားထဲမှာကို မှားတယ် မှန်တယ် တိတိကျကျသိထားတာမျိူးမှ ပြောပါ။ တဘက်သူပြောစကား လုပ်ကိုင်မှု စတာတွေကို မှန်လို့ထောက်ခံခြင်း။ မှားလို့ကန့်ကွက်ခြင်း ထင်ရှားဘို့လိုပေတယ်။

၃။ ဆက်စပ် ဆက်နွယ်မှု
********************
ပြောဆိုနေတဲ့ ခေါင်းစဉ်အောက်ကနေ လွဲထွက်နေတာမျိူး မလုပ်ပါနဲ့။ focus မှားသွားတာ ဘာကြောင့်လဲ ရှင်းရှင်းပြောရရင် "ငါ" ဆိုတဲ့အပေါ်မှာရပ်နေလို့ပဲဖြစ်တယ်။ ငါ အပေါ်မှာမရပ်ပဲ ဆွေးနွေးတဲ့ အကြောင်းအရာ တနည်း သူတပါးဆန္ဒအပေါ်မှာ ရပ်တည်ဆွေးနွေးတတ်ဘို့လိုပေတယ်။ ထောက်ခံရင်လည်း ဘာကြောင့်ထောက်ခံတယ်။ ကန့်ကွက်ရင်လည်း ဘာကြောင့် ကန့်ကွက်တယ်။ ဆက်စပ်ဆက်နွယ်မှုရှိဘို့လိုတယ်။ ငါကြိုက်လို့ ငါမကြိုက်လို့။ ဆရာမို့ တပြည့်မို့ မဟုတ်ဘူး။ ကြောင်းကျိူး ခိုင်လုံမှု အဓိကဖြစိတယိ။

၄။ မေတ္တာတရား
***************
နောက်ဆုံးတချက်ကတော့ ချစ်ခြင်းမေတ္တာပဲဖြစ်ပေတယ်။ မေတ္တာတရားပါတဲ့ကန့်ကွက်ပြစ်တင်ခြင်းတွေဟာ ခနတာတော့ နာကျင်သွားစေနိူင်ပါလိမ့်မယ်။ သို့ပေမဲ့ လူတွေကို ကောင်းစေချင်တဲ့စေတနာစိတ်ကတချိန်မှာ ကြီးမားတဲ့ ရလာဒ်ကိုပြန်ရပါလိမ့်မယ်။ နောက်ဆုံးအဖြေကို ကိုယ်ကမဆုံးဖြတ်ပါနဲ့ ကာယကံရှင်ဆုံးဖြတ်ပါစေ။ ဒါကို တမန်တော်ဝတ္ထု ၂: ၃၇ မှာမြင်ရပေတယ်။ အဘယ်သို့ပြုရမည်နည်း လို့ မေးခွန်းကို အကြောင်းမဲ့ ထည့်ထားတာမဟုတ်ပေဘူး။
ငါစွဲကင်းတဲ့ သူတပါးကို လွှမ်းမုးနိူင်သူဖြစ်ကြပါစေ။ ။

Alexandar Thek Tun

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?