သမ္မာတရားကို ကိုယ်တိုင်ရှာပါ

                   ဒီနေ့သမ္မာတရားကို သူတပါးအားဝေငှနေကြသူများထဲတွင် လောတကဲ့သို့သောလူတွေရှိနေပါတယ်။ လောတဟာ ဖြောင့်မတ်သူဖြစ်တယ် သို့သော်လဲ သူ့ဝန်းကျင်က မတရားသောအမှုကို နေ့စဉ်ပြုနေကြတယ် ဒါကြောင့်သူကိုယ်တိုင်လဲ မတရားသောအမှုပြုဘို့အတွက် သွေးဆောင်ခံရမှာမလွဲပေဘူး  ( ၂ ပေ ၂: ၇-၁၄)

အချိန်ပြည့် ဆက်ကပ်ထားသူအစစ်မဟုတ်ရင် သမ္မာတရားကိုနေ့စဉ် မထိတွေ့ရင် လွဲမှာပါပဲ

ရေးသူ ပြောသူ ရဲ့ အတ္တ ထင်ပေါ်လိုမှု တခုခု

ကြောင့် လွဲနေတတ်တယ်

သမ္မာတရားကိုကိုယ်တိုင်မရှာရင် အလင်းမရရင် သူများပြောရင်မှန်တယ်ထင်ပြီး မှားနေတတ်တယ် သမ္မာတရားလို့ရေးနေတဲ့ Post တချို့ဟာ တော်တော်ကြီးကိုလွဲနေတယ်

လူကိုကြည့်ပြီး Like လုပ်တော့ အမှားကိုထောက်ခံသလိုဖြစ်နေတယ်

သောဒုံ နဲ့ ဂေါမောရ ကိုဖျက်ဆီးတဲ့အခါ လောတ နဲ့ ၃ ယောက်ကိုပဲဘုရားကဖယ်ထုတ်တယ်

ကျန်သူတွေအဖျက်ဆီးခံရတယ် ပြောခြင်တာက ေ၇းသူ ပြောသူက သူ့ရဲ့ ယုံကြည်ခြင်းကြောင့်

ဖြောင့်မတ်သူလို့ ( ရော ၄: ၃) သတ်မှတ်ခံရပေမဲ့ အမှားထောက်ခံသူကိုတော့ ကယ်မှာမဟုတ်ပါ

ကမ္ဘာဦးက စပြီး ဗျာဒိတ်ကျမ်းထိ ဘုရားက နေရာတကာ လိုက်မကာကွယ်သလို

စာတန်ကလဲ နေရာတကာ လိုက်မနှောက်ယှက်နှိုင်ပါဘူး

စာတန်နဲ့ခြောက်တိုင်းသမ္မာတရားမဟုတ်သလို ဘုရားကိုမြှောက်တိုင်းသမ္မာတရားမဟုတ်ဘူး

ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် အမှိုက်ပစ်ဘို့လုပ်ထားတဲ့ အထုပ်ထဲက Mark Finley ရေးတဲ့

Studying Together ဆိုတဲ့စာအုပ်လေး ပြန်ဖတ်မိလို့ Discovering Truth အကြောင်း

ပြန်လည်ဝေငှပေးလိုက်ပါတယ်


၁။ သမ္မာကျမ်းကို ရိုးသားသောစိတ်နဲ့ ဖတ်ပါ

မသဲ ၁၁: ၂၅ ကိုဖတ်ရင် သေချာသိသွားမယ် တိုက်ခိုက်ခြင်စိတ် ဆရာလုပ်ခြင်စိတ်

မရိုးသားတဲ့ စိတ်တခုခုနဲ့ ရှာဖွေဖတ်တာမျိုးဆိုရင် သန့်ရှင်းတဲ့ဖွင့်ပြချက်မရနှိုင်ဘူး

သူတော်ချင်းချင်းသတင်းလွေ့လွေ့ပေါင်းဖက်တွေ့၏ ဆိုတဲ့စကားအတိုင်း 

ချိတ် ချိတ်ခြင်းသာ ချိတ်မိပါလိမ့်မယ် စိတ်မသန့်ရှင်းတဲ့အတွက် ကိုယ်ပင်ပန်းခြင်းဖြစ်မယ်


၂။ သင့်နှလုံးသားဆာငတ်မှုနဲ့ရှာနေတဲ့ နှုတ်ကပါတ်တော် သမ္မာတရားကို

ဘုရားက ဖွင့်ပြထုတ်ဖေါ်ပေးမယ်ဆိုတာ ယုံကြည်ပါ

ယောဟန် ၈:၃၁-၃၂ ကိုဖတ်ရင် သခင်ယေရှုရဲ့ ဂတိကိုတွေ့နှိုင်ပါတယ်

ယေရမိ ၂၉: ၁၃ ကိုဖတ်ရင်လဲ ထာဝရဘုရားရဲ့ ဂတိတော်ကိုတွေ့နှိုင်ပါတယ်

စိတ်နှလုံးအကြွင်းမဲ့နဲ့ သာရှာပါ ထူးခြားတဲ့ ဖွင့်ပြချက်ရပါလိမ့်မယ်


၃။ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြဘို့ မခြားမလပ်ဆုတောင်းပါ။

သမ္မာတရားကိုသိဘို့ ဝိညာဉ်တော်ဦးဆောင်မယ်ဆိုတာ ဘုရားဂတိတော်ရှိပြီးဖြစ်တယ်

ယောဟန် ၁၆:၁၃ မှာ အဲဒီဂတိကို သခင်ဘုရားကိုယ်တိုင်ပေးထားတာဖြစ်ပါတယ်


၄. ဘာသာရပ်အလိုက် ရည်ညွန်းကျမ်းချက်များကို ကြိုးစားပြီးများများရှာဖတ်ပါ

ကျမ်းစာသြဝါဒ သွန်သင်ချက်များအပေါ် လုံးဝမမှီခိုပါနဲ့

ဟေရှယ ၂၈; ၉-၁၀ ကိုဖတ်ရင် လိုရာစွဲပြောနေတာတွေကနေ ကင်းလွတ်စေဘို့

ဘုရားအလိုတော်ဖြစ်တယ်

၁ ကော ၁:၁၃ ကိုဖတ်ရင် ပေါလုကိုယ်တိုင်ကတောင် သူ့ သြဝါဒနဲ့ ကင်းစေခြင်ပြီး

ခရစ်တော်၌တည်စေခြင်တာတွေ့နှိုင်ပါတယ်


၅။ သမ္မာကျမ်းဟာ သင့်ကိုသမ္မာတရားဖွင့်ပြပေးမဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်များဖြစ်ကြောင်း

လေးလေးနက်နက် လက်ခံပါ

နှုတ်ကပတ်တော်ဟာ လူအားဖြင့် ဖြစ်လာတာမဟုတ်ကြောင်း ၂ ပေ ၁: ၂၀-၂၁ မှာပြောတယ်

ယောဟန် ၁၇: ၁၇ မှာလဲ ဘုရားရဲ့ နှုတ်ကပတ်တော်ကသာ သမ္မာတရားဖြစ်တယ်ဆိုတာ

တိတိကျကျပြောထားပါတယ်

၆။ သမ္မာတရားကိုမသိသေးဘူး သမ္မာတရားနဲ့ အသက်ရှင်မှာဖြစ်မယ်ဆိုတဲ့စိတ်ဆန္ဒနဲ့

ဖတ်ရမှာဖြစ်ပြီး အတိတ်က အတွေးအခေါ်ဟောင်းကိုပြောင်းပြစ်ရမယ်ဆိုတဲ့ ဆန္ဒရှိရမယ်။

ယောဟန် ၇: ၁၇ မှာ သခင်ဘုရားကိုယ်တော်တိုင်က ဒေသနာဟာ ဘယ်သူ့ဆီကလာသလဲ

ဆိုတာ ခွဲခြားတတ်စေခြင်တယ်လို့ နှုတ်တော်ထွက်ရှိပါတယ်

၇။ ဘုရားရဲ့နှုတ်ကပတ်သမ္မာတရားကို မိမိစိတ်ကူးစိတ်သန်းအကြံဥာဏ်တွေနဲ့ မရောပါနဲ့


ယောဟန် ၁၇: ၁၇ ကိုပဲပြန်ညွန်းခြင်ပါတယ် သုတ္တံ ၁၄: ၁၂ ကိုဖတ်ရင်လဲ

လူ၌မှန်သောလက္ခဏာရှိသော်လဲ အဆုံး၌သေခြင်းကိုပို့သောလမ်းတလမ်းရှိတယ်လို့

ပြောထားတာဆိုတော့ သမ္မာတရားမဟုတ်ရင် သေခြင်းပဲရောက်မှာပါ

၈။ သမ္မာကျမ်းကိုလေ့လာသင်ယူစဉ်မှာ အခြားသောတားမြစ်ပိတ်ပင်သူများစကားကိုနားမထောင်ပါနှင့်

သုတ္တံ ၁၉: ၂၇ မှာ  သွန်သင်ပေးသူစကားကိုသာနားထောင်ရမှာဖြစ်ကြောင်းပြောထားပါတယ်

၉။ နောက်ဆုံးအနေနဲ့ ပြောခြင်တာကတော့ ဘာကိုပဲလေ့လာ လေ့လာ

လမ်းခရီး အသက် သမ္မာတရား ဖြစ်တဲ့ ယေရှုကိုဦးစွာ နှလုံးသွင်းထားရမှာဖြစ်တယ်

ယေရှုကို အမှီမပြုရင် ကောင်းမွန်တဲ့ ခရီးဆုံးကို မရောက်နှိုင်ပါဘူး ဆိုတာယုံထားပါ

ယော ၁၄: ၆

ကိုယ်တိုင်သမ္မာတရားသိပြီး လွဲမှားသောသွန်သင်ချက်များမှ ကင်းဝေးကြပါစေ

ကျေးဇူးတော်မှတပါး အခြားသောအရာ

ကျွန်ူပ်၌ မရှိပါ

Alexander Thek Tun

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?