ထာဝရအာမခံချက်
ထာဝရဘုရားရှင်သည် ကောင်းမြတ်သောဘုရားရှင်ဖြစ်ကြောင်း ဉီးနှောက်အသိဖြင့် ကြားသိနားလည်ရသော်လည်း လက်တွေ့ အသက်တာထဲ၌ ကောင်းမြတ်ကြောင်းသက်သေကို ကျွနု်ပ်တို့ မခံစားရသေးပါက ဘာအကျိုးကျေးဇူး မှရှိမည်မဟုတ်ပေ။ အတိတ်ကာလက ထာဝရဘုရား၏ တန်ခိုးကြီးမားမှု၊ ကောင်းမြတ်မှုကို အသက်တာ၌ ခံစားရကြသော ဘုရားသခင်ရွေးကောက် သည့် ပုဂ္ဂိုလ်အသီးသီးတို့၏ အတွေ့အကြုံနှင့်သက်သေခံချက်ကို သမ္မာကျမ်းစာတော်မြတ်တွင် ကျွနု်ပ်တို့တွေ့
ခဲ့ရသည်။အတိတ်ကာလ၌ မိမိကောင်းမြတ်ကြောင်း သက်သေထူသောဘုရားသည် ယနေ့တိုင်ပြောင်းလဲ ခြင်းမရှိပါ။ အတိတ်ကာလတွင် လူကို ကျေးဇူးပြု၍ ကွယ်ကာသောဘုရား၏ ကောင်းမြတ်မှုကို ယနေ့ပစ္စုပ္ပန်ကာလတွင် ကျွနု်ပ်တို့ခံစားရမှသာ အနာဂါတ်ကာလတွင် ဘုရားရှင်အပေါ် စိတ်ချစွာအမှီပြုအသက်ရှင်နိုင်မည်ဖြစ်သည်။ယနေ့ ပစ္စုပ္ပန်ကာလ၌ ဖြစ်ပျက်မည့်အရာများ၊ ကမBာနှင့်အဝှမ်း တွေ့ကြုံရမည့် အခြေအနေများကို သမ္မာကျမ်းစာတော် မြတ်၌ ရှေးနှစ်ပေါင်းများစွာကပင် ကြိုတင်၍ ပရောဖက်ပြုထားချက်များရှိပါသည်။
အလျင်လှုပ် မည့်အကြောင်း၊ အစာခေါင်းပါး မည့်အကြောင်း၊ ကာလနာများပြားမည့်အကြောင်း ကြိုတင်ဟောကြားထားချက်များသည် ယနေ့အချိန်တွင် ပြည့်စုံလာသလို ပြည့်စုံနေဆဲဖြစ်ပါသည်။ ကမBာအရပ်ရပ်၌ အလျင်လှုပ်ခြင်းသတင်းနှင့် လူမြောက်များစွာ အသက်ဆုံး±ှုံးရသည့် သတင်းဆိုးများကို ကျွနု်ပ်တို့ကြားနေရသည်။ ထို့အတူ ကမBာအရပ်ရပ်၌ စားနပ်ရိက္ခာဖူလုံရန် ကမBာ့ခေါင်းဆောင်အသီးသီးတို့က ကြိုးစားကြံစည် လုပ်ဆောင်နေသည့်ကြားက အစာခေါင်းပါး၍ အငတ်ပြဿနာကြုံ နေရသည့် လူပေါင်းများစွာအကြောင်း ကျွနု်ပ်တို့ကြားနေကြ ရသည်။ထို့အတူ ထူးဆန်းသည့် ကာလနာရောဂါအမျိုးမျိုးကို ခံစားရကာ အသက်ဆုံး±ှုံးနေကြသည့်သတင်းများကိုလည်း နေ့စဉ်ကြားသိနေကြရသည်။
ဤအခြေအနေအရပ်ရပ်သည် သမ္မာကျမ်းစာတွင် ဘုရားကြိုတင်ပြောထားသည့် စကား တော်အတိုင်း ပြည့်စုံလာနေကြောင်း ပြသသောသက်သေများပင်ဖြစ်ပါသည်။ လူသားတိုင်း တစ်နေ့နေ့တစ်ချိန်ချိန်တွင် မလွဲ မသွေကြုံတွေ့ရမည့် အမှုမှာ သေခြင်းဖြစ်သည်။ အဘယ်ကြောင့် လူသည်သေရပါသနည်း။ တစ်ချို့ကရောဂါကြောင့်ဟု ပြောကြသည်။ တစ်ချို့က အသက်အရွယ်အိုမင်းမစွမ်း၍ဟု ဆိုကြသည်။ ဤသို့ဆိုသော် အသက်အရွယ်နုပျိုသူများသည်လည်း သေကြသည်ကို မည်သို့ နားလည်ရမည်နည်း။“အပြစ်တရား၏အခကား သေခြင်းပေတည်း” ဟု သမ္မာကျမ်းစာတော်မြတ်က အတိအလင်းပြောထား ပါသည်(ရောမ၊၆း၂၃)။
ထို့ကြောင့် လူသားတိုင်း သေခြင်း၌ လမ်းဆုံးရသည့်အဓိကအကြောင်းအရင်းမှာ အပြစ်ကြောင့်ဖြစ်ပါ သည်။ ဘုရားရှင် တားမြစ်ထားသောအမှုကို လူသည်နားမထောင်ဘဲ ကျူးလွန်ဖောက်ဖျက်ခဲ့ရာမှ လူ၌ အပြစ်တရားဝင်လာခဲ့ပါ သည်(က၊ ၃)။ ထိုအချိန်မှစ၍ လူကိုအပြစ်တရားသည် အစိုးရ၍ ကောင်းမှန်းသိလျက်နှင့်မလုပ်နိုင်သလို မကောင်းမှန်းသိလျက် နှင့် မရှောင်နိုင်ဘဲ ဖြစ်ကာ ဘုရားစကားကို ကြားလျက်နှင့်နားမထောင်ခြင်း၏အပြစ်ဒဏ်ကို ကျွနု်ပ်တို့လူသားများ ခံစားခဲ့ရ သည်မှာ ယနေ့တိုင်အောင် ပင်ဖြစ်သည်။
ကျွနု်ပ်တို့လူသားများ အပြစ်တရား၏ဖိစီးမှုဒဏ်မှ လွတ်ဖို့ရန် ဘုရားသခင်သည် မိမိ၌ရှိသည့် တစ်ပါးတည်းသော သားတော်ကို အပျိုကညာဝမ်း၌ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပËိသနြွေတည်စေခဲ့ပါသည်။ ထိုနောက် လူကဲ့သို့အသွေး အသားသဘာဝအပြည့်ဖြင့် လောကအတွင် ဖွားသန့်စင်စေခဲ့ပါသည်။ ထိုနောက်လောက၌(၃၃)နှစ်တိုင် သက်ရှင်ထင်ရှား၍ လူများနှင့်သွားလာလျက် ဘုရား၏သဘာဝတော်ကို ဖော်ပြကာ သက်သေထူရှင်သန်ခဲ့ပါသည်။ ရောဂါဝေဒနာသည်အမျိုးမျိုးကို ပျောက်ကင်းစေ±ုံသာမကသဘာဝတရားများကိုလည်း အမိန့်ပေးတားဆီးကာ လူသားများသိမြင်အောင် သက်သေထူခဲ့ပါသည်။
ထို့အပြင် သေသူကိုပင် ရှင်ပြန်ထမြောက်စေပြီး၊ အပြစ်တရားအောက်၌ ကျွန်ခံ၍နေရသည့် လူသားများ ခံရမည့်အပြစ်ဒဏ်ကို ကားတိုင်ထက်တွင် အသေခံဆပ်ပေးပြီး သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက် ခဲ့ပါသည်။ ထိုအရှင်ကို ယုံကြည်လက်ခံသူ တိုင်းသည် အပြစ်ကြောင့် သေခြင်းတရားကို ကြောက်နေရသည့်အခြေမှလွတ်၍ သေခြင်းတရားနှင့် ရဲဝံ့စွာရင်ဆိုင်ရဲသည့် သဘာဝသစ်ကို နှလုံးသားအတွင်းမှ ရရှိခံစားလာမည်ဖြစ်ပါသည်။ သခင်ယေ±ှုကို မိမိ၏အပြစ်မှကယ်တင်သော အရှင်အဖြစ် ယုံကြည်လက်ခံသူတိုင်း၏အသက်တာထဲ၌ ကိုယ်တော်သည် အစဉ်အတူပါရှိ၍ ယခုပစ္စုပ္ပန်ဘဝအသက်ရှင်စဉ် တွေ့ကြုံရင်ဆိုင် ရမည့် လောကီဒုက္ခအဖုံဖုံမှ နေ့စဉ်ကယ်မကာ မိမိ၏လူဖြစ်ကြောင်း လောကသားများအကြားတွင် သက်သေထူကာ ထာဝရ ကာလတိုင်အောင် ခေါ်ဆောင်သွားမည်ဖြစ်သည်။
သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် သေခြင်း၏အကြောင်းရင်းကို ကျွနု်ပ်တို့နားလည်သိရှိခဲ့ရပြီ။ သခင်ခရစ်တော် လောကသို့ºကွလာ၍ လူသားများ၏အပြစ်အတွက် ကားတိုင်၌အသေခံမည်ဆိုသည့် ကြိုတင်ပရောဖက်ပြုချက်လည်း အတိတ် ကာလကပြည့်စုံခဲ့ပြီးဖြစ်သည်။ အတိတ်နှင့် ပစ္စုပ္ပန်တွင် ဘုရားစကားတော်နှင့်အညီ ပြည့်စုံခဲ့သောအရာများသည် အနာဂါတ် အတွက် ဘုရားရှင်ကြိုတင်ပြုထားတော်မူသည့် ကတိစကားကို ကျွနု်ပ်တို့ယုံကြည်နိုင်ဖို့ရန် သက်သေသာဓကများဖြစ်ကြသည်။မကြာမီ ဤလောကသို့ ခရစ်တော်တစ်ဖန်ပြန်လည်ºကွလာ၍ မိမိအားယုံကြည်သူများကို ကောင်းကင်ဘုံသို့ သိမ်းဆည်း ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း မိန့်တော်မူချက်ရှိပါသည်။ ºကွလာခါနီးသည့်အခါ အရပ်ရပ်၌အစာခေါင်းပါးမည်။
စစ်မက်ဘေး ထူပြောမည်။ အလျင်များလှုပ်မည် ဆိုသည့်စကားများ ပြည့်စုံနေပြီဖြစ်၍ သခင်ခရစ်တော်သည် များမကြာမီ အမှန်တကယ် ပြန်လည်ºကွလာတော့မည်ဖြစ်သည်(မ၊ ၂၄း၇-၅၁)။သို့ဖြစ်၍ ချစ်သောမိတ်ဆွေ ----၊ သင်သည် ယေ±ှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီးသူ ဖြစ်ပါသလား။ ယုံကြည်လက်ခံမှု မပြုရသေးပါက ကိုယ်တော်ကို ယနေ့ပင်၊ ယခုပင် သင်ယုံကြည်လက်ခံနိုင်ပါသည်။ နှုတ်ကပတ်တော်က သခင်ခရစ်တော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကိုရ၏။
အပြစ်စီရင်ခြင်းလည်းမခံရဟု ပြောပါသည်။ ကိုယ်တော် ကိုယုံကြည်လက်ခံမည့် သူတိုင်းအတွက် သံသရာဝË်ဆင်းရဲမှ လွတ်မြောက်၍ အပါယ်လားရမည့်တံခါးပိတ်ပြီး ကောင်းကင်ဘုံသို့ သွားကြရမည်ဖြစ်သည်။ သေလွန်ပြီးမှ ထိုအခွင့်အရေးကို ရယူလိုပါက နောက်ကျသွားလိမ့်မည်။ (ဟေဗြဲ၊ ၉း၂၇)တွင် “လူသည် တစ်ခါတည်းသေ၍ နောက်မှတရားစီရင်ခြင်းကိုခံရမည်” ဖြစ်ကြောင်း သတိပေးထားပါသည်။ ထို့ကြောင့် ယနေ့အသက်ရှင်စဉ် အချိန်၌ပင် သင့်အသက်တာအတွက် အရေးကြီးဆုံးဖြစ်သည့် ထာဝရကာလအာမခံချက်ကို ကိုယ်တော့်ထံမှ လက်ခံရယူခြင်း အားဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ်ကာလစိတ်အေးမှုကို ခံစားနိုင်ပါမည့်အကြောင်း မေတ္တာနှင့် သတိပေးဝေငှလိုက်ရပါသည်။
Dr. တင်မောင်ထွန်း
Comments
Post a Comment