ယုံကြည်မှု နဲ့ သံသယ

                မြန်မာယုံကြည်သူများရဲ့ status တွေ၊ pages တွေ၊ group တွေ၊ အားရင်ဝင်ကြည့်ဖြစ်ပါတယ်။ ဝင်ဖတ်မိတိုင်း စိတ်မကောင်းစရာတွေပဲတွေ့နေရတယ်။ ငြင်းခုန်နေကြတာတွေ၊ တိုက်ခိုက် အနိူင်လုနေကြတာတွေများနေကြတယ်။ အားလုံးလိုလိုဟာ ဆရာအခေါ်ခံနေကြသူတွေများပါတယ်။ ကိုယ့်ကိုယ်ဖေါ် မသူတော် ရ ပါးဆိုတဲ့ စကားကိုအမှတ်ရမိတယ်။ အမှန်အတိုင်းပြောရရင် တချိန်က ကျနော်လည်းအဲဒီလိုပဲ။ ကိုယ့်ရဲ့ လေ့လာအားကို အားထားပြီး သူများကို မသိမသာ အထင်သေးဘူး

တယ်။ နောင်တရတယ်ဗျာ။

ဂိုဏ်းတူ အသင်းဖွဲ့တူသူများပင် တိုက်ခိုက် စွတ်စွဲ ကွဲပြားနေကြသည်မှာ စိတ်မကောင်းစရာပင်။ တပါးတည်းသောဘုရားကို ကိုးကွယ်တယ်လို့ပြောနေကြတာ မှန်ရဲ့လား သေချာတွေးကြည့်မိပါတယ်။ 

တကယ်ပဲ တပါးတည်းသောဘုရားကို ကိုးကွယ်နေကြတာမဟုတ်ပေဘူး။

ဘုရားအကြောင်းပြပြီး မိမိယုံကြည်ရာ အယူဝါဒကို ကိုးကွယ်နေကြခြင်းကြောင့်သာဖြစ်ပေတယ်။ မိမိသင်ကြားခံခဲ့ရာ အယူဝါဒနှင့် မတိုက်ဆိုင် မကိုက်ညီပါက မှားတယ်၊ မှန်တယ် ငြင်းရပေတော့တယ်။ ဒီလိုငြင်းကြတဲ့ အခါ ချက်ကျ လက်ကျ ပြောသူက အနိူင်ရနိူင်ပေတယ်။ ဒီလိုငြင်းလို့ အနိူင်ရတဲ့ အခါ ဆုလာဒ်သရဖူ ရှိသလားလို့ စဉ်းစားကြည့်မိတယ်။ ခေတ်အဆက်ဆက် ဂုဏ်းဂနတွေကွဲခဲ့ပြီ အားမရနိူင်ကြသေးပေ။ 

ခုတလောမှာ ဒီကိစ္စကို ဆုတောင်းအဖြေရှာ ကြည့်မိတယ်။

ယုံကြည်သူတွေဟာ ယုံကြည်မှုလို့ပြောတဲ့ စကားလုံးကိုပဲ သေချာမကွဲပြားကြဘူး။

ယုံကြည်မှုလို့ ဘာသာပြန်တဲ့ Confidence နဲ့ Faith ကို သေချာသိဘို့လိုပါလိမ့်မယ်။ 

ယုံကြည်သူများဟာ Confidence ဆိုတဲ့ စိတ်ချနိူင်မှုအပေါ်မှာရပ်နေကြတာများနေသလိုပဲ။

Faith ဆိုတဲ့ သဒ္ဒါတရားသက်ဝင်မှု အပေါ်မှာ မရပ်ကြဘူး။ မြန်မာ အဘိဓါန်တွေမှာ ဒီ စကား ၂ လုံးကို အတူတူလိုဘာသာပြန်တာတွေ့ရတယ်။ တကယ်တော့ မတူဘူး။

တော်တော်ကိုကွာပေတယ်။

မိမိယုံကြည်မှုဟာ ဘယ်အပေါ်မှာရပ်မိနေသလဲဆိုတာ စစ်မိအောင်ပြောပြချင်တယ်။ 

Confidence ဆိုတဲ့ ယုံကြည်မှုဟာ ကြောင်းကျိူး ခိုင်လုံခြင်းဆိုတဲ့ သက်သေရှိမှုအပေါ် တနည်းအားဖြင့် ကောက်ချက်ဆွဲပြတဲ့အပေါ်မှာ ကျေနပ်မှုဖြစ်ပြီးရပ်တည်တာမျိူး ဖြစ်ပေတယ်။ ယုံကြည်ရတဲ့ သက်သေ၊ အားကိုးရတဲ့ အထောက်အထား အဲဒီအပေါ်မှာ တည်မှီရပ်တည်တာမျိူးပါ သက်သေမရှိရင်။ အများသဘောမတူရင် ရှောင်မဲ့ ယုံကြည်မှုမျိူးပါ။ ရိုးရိုးလေး နားလည်အောင်ပြောရရင် မိမိသိမှု၊ မိမိကိုယ်ကိုအားကိုးခြင်းအပေါ်မှာပဲတည်ပါတယ်။

Faith ဆိုတဲ့ ယုံကြည်မှုကြတော့ အဲလိုမဟုတ်တော့ဘူး အတွင်းအသက်ဖြစ်နေပြီး ကြည်ညိုတဲ့စိတ်နဲ့ သဒ္ဒါတရားဖြစ်နေတာမျိူးပါ။ သက်သေမလိုဘူး။ ချစ်ပြီးယုံနေတာမျိူး ပါ။ 

ဥပမာ အနေနဲ့ပြောရရင် ချစ်လို့ အတူတူနေချင်တာမျိူးနဲ့တူတယ်။ တယောက်ကိုတယောက်လုပ်ကျွေးပြုစုချင်နေတာမျိူး၊ ကာကွယ်စောင့်ရှောက်ပေးချင်တာမျိူး၊ အားကိုးလိုခြင်း၊ အားကိုးခံလိုခြင်းမျိူး ဖြစ်ပေတယ်။ 

Confidence မှာအဲဒီ စိတ်နှလုံးသားမရှိဘူး။ ကိုယ့်ကိုယ်ကိုပဲ ယုံနေတာမျိူးပေါ့။ သိပ္ပံနည်းကျတယ်။ ကြောင်းကျိူး ခိုင်လုံတယ်ဆိုယုံတဲ့သဘောပဲ။ ခက်တာတခုက Confidence shakers လို့ခေါ်တဲ့ အကြောင်းတရားတခုခု ပေါ်လာရင် ယိုင်သွား ပျက်သွားတတ်တာပါပဲ။ မျက်မြင်ရတဲ့ အရာတိုင်းက ပျက်တတ်တဲ့သဘောရှိတယ်။ အဲဒီအပေါ်မှာတည်တဲ့ ယုံကြည်ခြင်းကလည်း ပျက်ပေလိမ့်မယ်။ Confidence ဆိုတဲ့ ယုံကြည်မှုက သံသယ ဖြစ်လာရင် ရှိလာရင် ပျက်ပါလိမ့်မယ်။ 

သံသယ ဆိုတာ ချစ်ခြင်းနှလုံးသားမဲ့သွားလို့ဖြစ်တယ်။ 

Faith ဆိုတဲ့ ယုံကြည်ခြင်းမှာကြတော့ သစ္စာတည်တဲ့ ချစ်ခြင်းပါတာကြောင့် မြင်ရလို့ မမြင်ရလို့ ဆိုတဲ့ အပေါ်မှာမတည်ဘူး။ ချစ်နေတာကြောင့်ကိုယုံနေတာမျိူးပါ။ Confidence နဲ့ ချစ်ရင် ချစ်လို့ရတယ်။ ဒါပေမဲ့ ငါပိုချစ်တယ် သူပိုချစ်တယ်ဆိုတာမျိူး ငြင်းကြရပေလိမ့်မယ်။

တကယ့် ချစ်ခြင်းစစ်စစ်က ပြိုင်တာမဟုတ်ဘူး။ မျှဝေခံစားတာပါ။ 

နာကြင်ရင် အတူတူငိုမယ်။

ပျော်ရွင်ရင် အတူတူရီကြမယ်။ အတူတူဝမ်းသာမယ်။ ရိုးရိုးလေးပါပဲ။

ဘယ်လိုရပ်တည်မှု နဲ့ ယုံကြည်ပါသလဲ ?

 ငါတို့မူကား ပျက်ဆီခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သောသူမဟုတ်။ 

စိတ်ဝိညာဉ်သည် ကယ်တင်ခြင်း သို့ ရောက်အံ့သောငှါ ယုံကြည်သောသူဖြစ်ကြ၏။

(ဟေဗြဲ ၁၀း ၃၉)

We are not of those who draw back to perdition, 

but of those who believe to the saving of the soul.

(Hebrews 10: 39)

ယုံကြည်ခြင်းစစ်စစ်ဆိုတာ ဘုရားသခင်တတ်နိူင်တယ်ဆိုတာကို မျှော်လင့်တာမဟုတ်ဘူး။

မိမိဆန္ဒဟာ ဘုရားသခင် အလိုတော်နဲ့ ထပ်တူပဲလို့ စိတ်ချထားတာကိုခေါ်တယ်။

Alexander Thek Tun

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?