သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများ

မာတိကာ

နိဒါန်း

၁။ ရွေးကောက်ခေါ်ဆိုခြင်းနှင့် စိန်ခေါ်မှု

  • စကားလုံးအသုံးအနှုန်းအား အနက်ဖွင့်ဆိုခြင်း

  • အမှုတော်ဆောင်ခြင်းကို ရှောင်ကြဉ်ရန် ကောင်းမွန် သည့် အကြံပေးမှု

  • ငြင်းဆန်၍မရသော ရွေးကောက်ခေါ်ဆိုခြင်း၏ သဘောသဘာဝ 

  • ခရစ်ယာန်အား လုံးအပေါ် ဘုရားသခင်၏ ခေါ်ဆိုခြင်းအား ရှုမြင်ခြင်း 

  • ဓမ္မဟောင်းကျမ်းမှပုံဥပမာ - ၁၈၊ တမန်တော်များ၏ ပုံဥပမာ 

  • ရွေးကောက်ခေါ်ဆိုခြင်းအပေါ်ထားသည့် အသိစိတ်၏ တိုးတက်ပြောင်းလဲလာမှု 

  • အကောင်း ဆုံးသင်တန်းအမျိုးအစား

  • သာသနာပြုရန် ခေါ်ဆိုခြင်း

  • ခေါ်ဆိုခြင်းအား ဆက်လက်သက်သေ ပြနေ သည့် အချက်များ

၂။ အသက်တာနှင့် အကျင့်စာရိတ္တ

  • ဦးစားပေး ပုံဥပမာ

  • အဓိက ပုံဥပမာ 

  • ခရစ်တော်၏ ပုံဥပမာအား သင့်တင့်လျောက်ပတ်စွာ တုန့် ပြန်ခြင်း 

  • လက်တွေ့ပုံဥပမာများကို ချမှတ်ခြင်း

  • အပြောအဆို 

  • လူနေမှုပုံစံ 

  • ချစ်ခြင်းမေ တ္တာ 

  • ယုံကြည်ခြင်း 

  • သန့်ရှင်းစင်ကြယ်ခြင်း 

  • ကြီးထွားရင့်ကျက်ခြင်းနယ်ပယ် 

၃။ ရည်ရွယ်ချက်ပန်းတိုင်များနှင့် ဦးစားပေး ရွေးချယ်ရမည့်အရာများ

  • သိုးစုကို ကျွေးမွေးပြုစုခြင်း 

  • ဘုရားသခင်၏အလိုတော်အလုံးစုံကို ကြွေးကျော်ခြင်း 

  • ခရစ်တော်၌ အယောက်စီတိုင်းကို ကြီးထွားရင့်ကျက်စေခြင်း 

  • ဘုရားသခင်၏ လူများကို အစေခံခြင်းအမှုတော်၌ ပါဝင်လာစေရန် ပြင်ဆင်ပေးခြင်း  

  • ဘုရားသခင်၏ လူများအား လူကို မျှားသော တံငါများဖြစ်စေခြင်း 

  • မိမိနှင့် သိုးစုတို့ကို ဆုံးခမ်းတိုင်အောင် စောက်ရှောက်ခြင်း 

  • မပြည့်စုံပါဟု တွေးထင်တတ်သည့် ကျွန်ုပ်တို့၏ ခံစားချက်များ 

၄။ ဆုတောင်းခြင်း

  • ဆုတောင်းခြင်းနှင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား ဆက်နွယ်မှု 

  • သင်းအုပ်များနှင့် သင်ကြားပို့ချ သော ဆရာများ မငြင်းနိုင်သည့် ဦးစားပေးရမည့်အရာ

  • သင်းအုပ်ဆရာများ၏ သူတစ်ပါးအတွက် ကြားခံဆု တောင်းပေးခြင်း 

  • သင်ကြားပေးခြင်းနှင့် တရားဒေသနာဝေငှခြင်းအတွက် ဆုတောင်းခြင်းနှင့် ကြိုတင်ပြင် ဆင်ခြင်း 

  • အလည်အပတ်သွားသည့်အခါနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ရာတွင် ဆုတောင်းခြင်း

  • မည်သည့်အကြောင်းအရာမျိုးကို မဆိုဆွေးနွေးရာတွင် ဆုတောင်းခြင်းအမှုအား စံအဖြစ် သတ်မှတ်ခြင်း

  • အများရှေ့ဆုတောင်းခြင်း

  • ကျွန်ုပ်တို့ကိုယ်တိုင်လည်း အခြားသူများ၏ ဆုတောင်းပေးခြင်းအတွက် လိုအပ်မှု 

၅။ ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်း

  • ကျွန်ုပ်တို့၏ ကိုယ်ပိုင်လျှို့ဝှက်အသက်တာ

  • ဘုရားသခင်အား ချစ်မြတ်နိုးခြင်းသည် ကျွန်ုပ်တို့ ဦးစားပေးဖြစ်ရမည်

  • အလုပ်သဘောအရ လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ခြင်း

  • ဘုရားသခင်၏ တောင်းဆိုချက်မှာ အရေအတွက် မဟုတ်၊ အရည်အချင်းသာ ဖြစ်သည်

  • ကျွန်ပ်တို့၏ ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်းအပေါ် အမြင်လေးမျိုး

  • ကိုးကွယ်ခြင်း

  • ဆုတောင်းခြင်းနှင့် ဆင်ခြင်အောက်မေ့ခြင်း

  • ကျမ်းစာဖတ်ခြင်း

  • အခြားခရစ်ယာန် စာပေများ ဖတ်ရှုခြင်း

၆။ လေ့လာဆည်းပူးခြင်း

  • လေ့လာဆည်းပူးခြင်းနှင့် ထိရောက်သော သာသနာပြုခြင်း

  • အခြားသူများကို သင်ပြပို့ချခြင်းနှင့် ကျွန်ုပ်တို့၏ဘုရားသခင်ထံ နာခံခြင်း အသက်တာ 

  • မည်သည့်နေရာတွင် လေ့လာဆည်းပူးရမည်ကို ဆုံးဖြတ်ခြင်း 

  • စည်းကမ်းရှိခြင်းအား အစားထိုးရန်မရှိ ဖိအားများနှင့် ရင်ဆိုင်ရချိန်

  • အထွေထွေစာပေများ ဖတ်ရှုခြင်းအတွက် အချိန်သတ်မှတ်ခြင်း

  • တစ်ပတ်တာ အစီစဉ်ရေးဆွဲထားခြင်း

  • စာအုပ်စာပေများ

  • လေ့လာဆည်းပူးခြင်း၏အသီးအပွင့်များအား သိုလှောင်ထားခြင်း 

  • သမ္မာကျမ်းစာ၏ ညွှန်ကြားချက်များ 

၇။ တရားဒေသနာ ဟောပြောခြင်း

  • တရားဒေသနာဟောပြောခြင်းနှင့် ပတ်သက်ပြီး ယခုခေတ်အမြင်

  • သင်ကြားပို့ချခြင်းနှင့် တရား ဒေသနာဟောကြားခြင်းတို့၏ခြားနားချက်  

  • ကျွန်ုပ်တို့၏တရားဒေသနာ ဟောကြားခြင်း၏ နောက်ခံ ကောက်ကြောင်း 

  • တရားဒေသနာဟောပြောရန် ပြင်ဆင်ခြင်း 

  • ဧဝံဂေလိ တရားဟောခြင်း 

  • ကလေးငယ်များထံ တရားဒေသနာဝေငှခြင်း 

  • မှတ်စုများ (သို့) အပြည့်အစုံရေးသားထားသော တရားဟော ချက်များ  

  • ကျွန်ုပ်တို့၏ကိုယ်ပိုင်ဟန်  

  • မမေ့အပ်ပါသောအမှန်တရား 

  • တရားဒေသနာအား ပျက်ဆီးစေသည့်အရာများ  

  • အကြီးမြတ်ဆုံးသောအခွင့်ထူး

၈။ သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်တတ်ခြင်း ဝတ္တရား

  • သိုးများကို ထိန်းကျောင်းခြင်းအမှုသည် သင်းအုပ်ဆရာ၏လုပ်ငန်းဝန်တာနှင့် တူညီသည် 

  • ဂရုစိုက် စောင့်ရှောက်ရခြင်းဝတ္တရား၏ နောက်ခံအကြောင်းအရင်း 

  • ကျွန်ုပ်တို့အပါအဝင် လူတိုင်း သင်းအုပ်ဆရာ၏ ဂရု စိုက်စောင့်ရှောက်ပေးခြင်းကို လိုအပ်သည် 

  • ဂရုစိုက်စောင့်ရှောက်ရန်အတွက် အခြေခံလိုအပ်ချက်များ 

  • သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်တတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း 

  • သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်ခြင်းအမှုတွင် အဓိကစကားလုံးများ 

  • ခွန်အားပေးခြင်း၊ ချီးကျူးစကားဆိုခြင်း၊ သတိ ပေးခြင်း၊ ဆွေးနွေးတိုင်ပင်လမ်းပြဖေးကူခြင်း 

  • ကျွန်ုပ်တို့၏အကန့်အသတ်များကို နားလည်သဘော ပေါက်ခြင်း 

  • ကျွန်ုပ်တို့၏အကြီးမားဆုံး ယုံကြည်စိတ်ချမှု

၉။ သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်တတ်ခြင်း - လက်တွေ့ ကွင်းဆင်းခြင်း

  • အသင်းသားများ၏ အိမ်သို့ လှည့်လည်ဆုတောင်းပေးခြင်း

  • ဧဝံဂေလိဝေငှရန် လှည့်လည်သွားခြင်း 

  • ဆေးရုံသို့ သွားရောက်လည်ပတ်ခြင်း

  • စာပေးပို့ခြင်းအားဖြင့်

  • ဂရုစိုက် စောင့်ရှောက်ခြင်းအ တွက် ဖွဲ့စည်းပုံအခြေခံများ

  • ကိုယ်ရေးကိုယ်တာ အစီစဉ်များ

  • လုပ်ငန်းတာဝန်များကို ခွဲခန့်မှတ်သား ပေးခြင်း

၁ဝ။ ဝတ်ပြုစည်းဝေးခြင်း

  • ကြိုတင်လုပ်ဆောင်ရမည့် အခြေခံအချက်များ

  • ပုံမှန်ဖြစ်နေခြင်း

  • ဝတ်ပြုစည်းဝေးခြင်းတွင် ပါဝင်သော အခြားအစိတ်အပိုင်းများ 

  • ဝတ်ပြုကိုးကွယ်ခြင်းအတွက် ဖိတ်ခေါ်ခြင်း

  • ဓမ္မတေးများ၊ ချီးမွမ်းကိုးကွယ်သီချင်းများ

  • လူအများရှေ့ သမ္မာကျမ်းစာဖတ်ရွတ်ခြင်း 

  • အသိပေးခြင်းများ (သို့) သတင်းပေးခြင်းများ 

  • လူအများရှေ့ ဆုတောင်းခြင်း

၁၁။ ဦးဆောင်ရမည့် တာဝန်ဝတ္တရား

  • ခေါင်းဆောင်မှုဆိုသည်မှာ ဆုကျေးဇူးဖြစ်သကဲ့သို့ ဖိတ်ခေါ်မှုလည်း ဖြစ်သည်

  • ခေါင်းဆောင်မှုအား လက်တွေ့ဆောင်ရွက်ခြင်း

  • ခေါင်းဆောင်မှုနယ်ပယ်များ

  • ခေါင်းဆောင်တစ်ဦးနှင့်တစ်ဦးကြား ဆက် နွယ်မှု

၁၂။ တာဝန်ဝတ္တရားများ ခွဲဝေပေးခြင်း

  • ယနေ့တိုင် အသုံးတည့်ပါသေးသောမူဟောင်းများ

  • တာဝန်ဝတ္တရား ခွဲဝေပေးခြင်းမရှိသည့်အတွက် ဝမ်းနည်းစရာ နောက်ဆက်တွဲများ

  • တာဝန်ဝတ္တရား ခွဲဝေရန် ကြံ့ကြာနေခြင်း

  • တာဝန်ဝတ္တရား ခွဲဝေပေးခြင်း၏ အကျိုးကျေးဇူးများ

  • တာဝန် ဝတ္တရား ခွဲဝေရမည့် နယ်ပယ်များ

  • အောင်မြင်သော တာဝန်ဝတ္တရား ခွဲဝေခြင်း၏ သဘောသဘာဝများ

၁၃။ မိသားစုနှင့် အားလပ်ချိန်များ

  • ဖိအားပေးသည့်အချက်များကို သိရှိထားခြင်း 

  • သင်းအုပ်ကတော်ကို ဖိအားပေးသည့် အဓိက အချက်များ 

  • လက်ထပ် ထိမ်းမြှားခြင်းအား စောင့်ထိန်းခြင်း

  • အပန်းဖြေခြင်း နှင့် အားလပ်ချိန်များ

၁၄။ အန္တာရာယ်များကို အခွင့်အရေးအနေနှင့် ကျော်ဖြတ်ခြင်း

  • တာဝန်ဝတ္တရားမျိုးစုံ

  • လူမှု့ရေးနှင့် လူ့ကျင့်ဝတ်ပြဿနာများ 

  • လူများကို တပေါင်းတစည်း တည်းထားခြင်း

  • သင်းအုပ်ဆရာဖြစ်ရန် ခေါ်ဆိုခြင်းအပေါ် မှားယွင်းသော ထင်မြင်နားလည်မှု

  • အတိုက်အခံများနှင့် ဝိညာဉ်တိုက်ပွဲ

  • စုံစမ်းခြင်းများ

  • ပျင်းရိခြင်း

  • စိတ်ဓာတ်ကျခြင်း

  • ဝေဖန်မှုများကြောင့် ယိမ်းယိုင်လွယ်ခြင်း

  • အခြားသူများ၏ ပြဿနာများတွင် အလွန်အကျွံ ပါဝင်မိသောကြောင့် ဖိအားများလာခြင်း

  • တခါတရံ ထွက်ပြေးတိမ်းရှောင်လိုစိတ်

  • မာန်မာနနှင့် ၄င်း၏ ကြောက်စရာကောင်းသော အန္တာရာယ်များ 

  • အသင်းတော်အား ထိခိုက်စေခြင်း

  • အခွင့်အရေးများနှင့် နစ်နာမှုများ















နိဒါန်း


အကယ်၍ ဤစာအုပ်ကို ရေးသားရန် တောင်းဆိုခဲ့ခြင်းမျိုးမရှိခဲ့ပါက ဤစာအုပ်ကို ရေးသားဖြစ်ခဲ့မည်ဟု ကျွန်ုပ်မထင်ပါ။ ဤသို့သောစာအုပ်ကို ရေးသားရခြင်းသည် အခြားသောသင်းအုပ်ဆရာများနှင့် ဓမ္မဆရာများ (သင်ကြားပို့ချပေးသည့်ဆရာများ)အား မည်သည့်အရာကိုလုပ်သင့်သည်ဟု ထောက်ပြနေသလို ဖြစ်နေပါသော် လည်း ကျွန်ုပ်၏ရည်ရွယ်ချက် ထိုသို့မဟုတ်ရပါပေ။ ထို့ကြောင့် “သင်တို့” ဆိုသည့် စကားလုံးထက် “ကျွန်ုပ်တို့” ဆို သည့် စကားလုံးကို အတတ်နိုင်ဆုံး အသုံးပြုထားပါသည်။

ဤစာအုပ်ကို ရေးသားရသည့် ကျွန်ုပ်၏ရည်ရွယ်ချက်မှာ သင်းအုပ်ဆရာနှင့် ဓမ္မဆရာများ၏ သာသနာ ပြုခြင်းကို ပြန်လည်ခြုံငုံကြည့်ရန် ဖြစ်သည်။ ထိုသို့အားဖြင့် အမှုတော်မြတ်၌ စတင်ပါဝင်နေကြသောသူများ အ တွက် ကျွန်ုပ်၏ကိုယ်တွေ့အကြုံများကို စံနမူနာတစ်ခုကဲ့သို့ မဟုတ်ဘဲ၊ နှိုင်းယှဉ်လေ့လာရင်း ကိုယ်ဦးဆောင် နေ သည့်နယ်ပယ် အသီးသီးတွင် အကျိုးကျေးဇူးရှိပါမည်ဟု ရည်ရွယ်ထားခြင်း ဖြစ်ပါ၏။

သင်းအုပ်ဆရာနှင့်ဆိုင်သော သာသနာပြုခြင်းသည် သမ္မာကျမ်းစာပါဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည် ။ ယခုခေတ်ပြောင်းလဲနေသော အသင်းတော်များတွင် သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများသည် မည်သို့သော သူ များဖြစ်သည်ကို သတ်မှတ်ရန် အလွန်ပင်ခက်ခဲသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။ “ပုဂ္ဂိုလ်တစ်ဦး တစ် ယောက်၏ကိုယ်ပိုင်သာသနာပြုခြင်း” စသည့် သာသနာပြုခြင်းများနှင့် ပတ်သက်၍လည်း ယနေ့တွင် တွေ့မြင် နေ ရသကဲ့သို့၊ “တရားဝင်” အမှုတော်ဆောင်နှင့် အသိမှတ်မပြုခံရသည့် “သာမန်လူ” ဟူသည့်စသော ရှေးရိုးဆွဲ ဓလေ့ထုံးတမ်းများအရ ပေါ်ပေါက်လာသောဝါဒများသည် သမ္မာကျမ်းစာနှင့် မကိုက်ညီသကဲ့သို့ လက်တွေ့ တွင်လည်း အသုံးမတည့်သည့်အရာများ ဖြစ်နေပြန်သည်။ ချိန်ခွံတစ်ခု၏ လျှာသည်တဖက်တွင်သာ အလွန် အကျွန်အလေးသာ နေတတ်သကဲ့သို့၊ ဝိညာဉ်ဆုကျေးဇူးနှင့် ယုံကြည်သူအားလုံး၏ ယဇ်ပရောဟိတ်ဖြစ်ခြင်းတို့ကို အနက်ဖွင့်ဆိုကြ ရာတွင် ယုံကြည်သူအားလုံး၌ အမှုတော်ဆောင်ရန်အတွက် တူညီသောဆုကျေးဇူးများရှိသည်ဟု ဆိုကြကာ သင်းအုပ်ဆရာဆုကျေးဇူးနှင့် သင်ကြားပေးခြင်းအမှုတို့ကို ပေါ့ပေါ့တန်တန်ထားတတ်ကြပြန်သည်။ သင်းအုပ် ဆရာများနှင့် ဓမ္မဆရာများအနေနှင့် အမွှာအလားခွဲခြားမရသည့် ၄င်းတို့၏တာဝန်ဝတ္တရားများကို အတတ်နိုင်ဆုံး လုပ်ဆောင်ဖြည့်ဆည်းသွားကြရန် မျှော်လင့်ခြင်းခံကြသကဲ့သို့ တစ်ခါတစ်ရံမူ သီးခြားစီလုပ် ဆောင်ကြရန်  လိုအပ်သည့်အချိန်များလည်း ရှိနိုင်ပါသည်။ 

ဤစာအုပ်၏နောက်ကွယ်တွင် ခိုင်မာသေချာသော အခြေခံယုံကြည်ချက် ၅ ချက်ရှိပါသည်။ ပထမအ ချက်မှာ၊ ကိုယ်တော်၏အသင်းတော်အား ခရစ်တော်ပေးခဲ့သည့် ထူးကဲသောဆုလာဒ်မှာ သင်းအုပ်ဆရာနှင့် ဓမ္မ ဆရာများ (ဆရာအရာ) တို့ဖြစ်ကြသည်။ ဤသည်ကို ဧဖက် ၄း၁၁ ကို ဖတ်ရှုခြင်းအားဖြင့် သင်းအုပ်တစ်ယောက် တစ်ယောက်စီတိုင်းသည် ဤဆုကျေးဇူးနှစ်ခုလုံးကို ပေးအပ်ထားခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်ခြင်း ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်၏လူများက ဤအလုပ်အတွက် ၄င်းတို့၏အချိန်ပေးသည်လည်း ဖြစ်နိုင်၍ မပေးသည်လည်း ဖြစ်သည်နိုင်ပါသည်။ အသင်းတော်၏ဘဏ္ဍာရေးအရ ထောက်ပံ့နိုင်ခြင်းမရှိပါလျှင်လည်း အချို့ သောသူတို့သည် ရှင်ပေါလုပုံပြခဲ့သည့် “ရွက်ဖြင်တဲထိုးခြင်း” ဆိုသည့် ကိုယ်ပိုင်လုပ်ငန်းဖြင့် အချိန်ပိုင်း (သို့) လုံး လုံးလျားလျား မိမိကိုယ်ကို ထောက်ပံ့ကြသည်မျိုးလည်း ရှိပါသည်။

ဒုတိယအချက်မှာ၊ သင်းအုပ်ဆရာနှင့် ဆရာအရာဆိုသည့်ဆုကျေးဇူးကို ရရှိသူတို့သည် အသင်းတော် ခေါင်းဆောင်များအကြား ဦးဆောင်သောသူတစ်ဦးဖြစ်သည်။

တတိယအချက်မှာ၊ ခေါင်းဆောင်များ၏လုပ်ငန်းများမှာ (ဤသည်တွင် ခေါင်းဆောင်များ၏ အမည်နာမ များကို အမျိုးမျိုးခေါင်းစည်းပေးနိုင်ပါသည်) ရှေ့မှဦးဆောင်ရင်း တိုက်တွန်းခြင်းနှင့် မြှင့်တင်ပေးခြင်းများ လုပ် ဆောင်ပေးရန် အမြဲလိုအပ်ပါသည်။ အသင်းတော်တစ်ပါး၌ ဝိညာဉ်တော်၏လမ်းပြမှုအားဖြင့် ခေါင်းဆောင်မှု အဖွဲ့ အစည်းထွက်လာခြင်းထက် သာ၍ကောင်းမွန်သော အဖွဲ့အစည်းဟူ၍ မရှိနိုင်ပါ။

စတုတ္ထအချက်မှာ အသင်းတော်တစ်ပါးရှိ ခေါင်းဆောင်ပိုင်းဆိုင်ရာအချက်များကို နှီးနှောတိုင်ပင်မည်ဆို လျှင် ခေါင်းဆောင်များအနက် ခေါင်းဆောင်တစ်ဦး အမြဲရှိနေရမည်။ ဤနေရာသည် သင်ကြားပို့ချသော ခေါင်း ဆောင် (သို့) တရားဒေသနာဝေငှသောသူများအတွက် ယေဘုယျအားဖြင့် ဖြစ်သင့်သည်။ ဤသို့သော အစဉ်လိုက် ဖွဲ့စည်းတည်ဆောက်မှုသည် အကောင်းဆုံးသော ဖွဲ့စည်းမှုဖြစ်သည့်အကြောင်းကို အသင်းတော်အများအပြား တွင် တွေ့မြင်နိုင်ပါသည်။

နောက်ဆုံးအချက်မှာ သင်းအုပ်ဓမ္မဆရာများနှင့်အတူ အသင်းတော်မှ အသင်းဝင်တို့သည် ၄င်းတို့၏ တာ ဝန်ဝတ္တရားနှင့် နေရာအဆင့်အတန်းအသီးသီးတို့ကို ကောင်းစွာ နားလည်ထားရပါမည်။ ၄င်း၏တာဝန်ဝတ္တရားမှာ အသင်းတော်ရှိ သင်းဝင်များကို ကျွေးမွေးပြုစုခြင်းဖြင့် အသင်းတော်ကို မြှင့်တင်ပေးရန်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပုံမှန်အစီစဉ်တကျ သင်းကြားပို့ချဟောကြားပေးခြင်းအားဖြင့် ဘုရားသခင်၏လူများကို ရင့် ကျက်စေခြင်း၏အရေးပါပုံကို ကျွန်ုပ်တို့ပုံကြီးချဲ့ပြောနေရန် မလိုအပ်ပါပေ။ တမန်တော် ၉း၃၁ တွင် တွေ့ရသည့် ရှင်ပေါလုပြောင်းလဲသွားပြီးသည့်နောက် “ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်း တော်တို့သည် ငြိမ်သက်၍ တည်ဆောင်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌၄င်း၊သန့်ရှင်းသော ဝိညာဉ်၏အဆုံးအမ၌၄င်း၊ မွေ့လျောသောအားဖြင့် ပွါးများကြ၏”ဟူ၌ ရှင်လုကာ ရေးသားခဲ့သည့် ကျမ်းပိုဒ်သည် အသင်းတော်၏တိုးတက်ပုံ၏အရင်းခံကို ဖော်ပြထားသည်ဟု ကျွန်ုပ်ထင်မှတ်ပါသည်။ ဤနေရာတွင် တွေ့မြင်ရ သည့်အရာမှာ အသင်းတော်သည် ဝိညာဉ်၏အဆုံးအမအောက်၌ ခွန်အားယူကြရာ၊ အရေအတွက်အားဖြင့် များ ပြားလာသည်ကို တွေ့မြင်နိုင်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နေရာပေးအုပ်စိုးခွင့်ပြုလိုက်လျှင် အ သင်းတော်သည် ကြီးပွားတိုးတက်လာသကဲ့သို့၊ အသင်းတော်၌ သင်းအုပ်ဆရာများနှင့် သင်ကြားပို့ချပေးသော ဆ ရာများ၏နေရာ၊ ရာထူးကို အသေအချာနားလည်သဘောပေါက်ကာ လိုက်လျှောက်ကျင့်သုံးခြင်းမရှိပါက အသင်း တော်၏တည်ငြိမ်မှု၊ စည်းမျဉ်းစည်းကမ်း၊ အောင်မြင်မှုနှင့် ယုံကြည်သူများ၏ကြီးထွားမှုကို တိုက်ရိုက် အချိုးကျ ပျက်ဆီးနှောက်နှေးစေသည်။ ထို့ကြောင့်လည်း ယနေ့စာတန်မာန်နတ်က အသင်းတော်တွင် နေရာ၊ ရာထူးတို့ကို ရှုတ်ထွေးစေသော ပရိယာယ်ကို အသုံးပြုနေခြင်းမှာ အံ့ဩစရာမဟုတ်ရပါပေ။








အခန်း(၁)

ရွေးကောက်ခေါ်ဆိုခြင်းနှင့် စိန်ခေါ်မှု

စကားလုံးအသုံးအနှုန်းအား အနက်ဖွင့်ဆိုခြင်း

သိုးစုများကို ဦးဆောင်ခြင်းနှင့် ဆရာအရာဖြစ်သည့် သာသနာပြုခြင်းအမှုသည် လုပ်ငန်းတစ်ခု သက် သက်သာ မဟုတ်။ ဤသည်မှာ ဘုရားသခင်ထံပါးမှ အထူးလက်ခံရရှိသည့် တစ်သက်တာလုံး ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ ဤအမှုသည် ခရစ်ယာန်သာသနာပြုခြင်းအမှုတို့အားလုံးအနက် အမြင့်ဆုံးသော ခေါ်ဆိုခြင်းဖြစ် သည်။ အသက်ငယ်ရွယ်စဉ် အက်ဖ်ဘီမေရာဆိုသည့်သူက သူ၏သူငယ်ချင်းထံသို့ သာသနာပြုခြင်းနှင့် ပတ်သက် ၍ “ငါရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ မင်းလိုသူငယ်ချင်း တစ်ယောက်အပေါ်နှင့် အခြားသူတွေအတွက်ပါ ငါဘာမှ မဝှက်ထားချင်ပါဘူး။ ဒါကြောင့် ပွင့်ပွင့်လင်း လင်းပြောရမယ်ဆိုရင်တော့လာမယ့်အနာဂတ်မှာ ဘုရားသ ခင်ရဲ့ကူညီဆောင်မမှုနဲ့အတူ သတင်းကောင်းဝေငှတဲ့ သာသနာပြုတစ်ယောက်ဖြစ်ရမယ်လို့ ငါဆုံးဖြတ်ထားခဲ့ တယ်။ ငါရဲ့ဆုံးဖြတ်ချက်အပေါ် မင်းအံ့ဩချင် အံ့ဩနေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ တကယ်ပါ။ ငါတို့တွေအ တွက် များစွာလုပ်ဆောင်ခဲ့ပေးတဲ့ ကိုယ်တော်ကို သူတစ်ပါးတွေလည်း သိလာအောင် အသက်တာကို ဆက်ကပ် အပ်နှံတဲ့လူတစ်ယောက်ရဲ့လုပ်ဆောင်မှုဟာ ဒီကမ္ဘာပေါ်မှာ အမွန်မြတ်ဆုံးပန်းတိုင်ဖြစ်တယ်လို့ ငါထပ်လောင်း ပြောချင်တယ်။ အမှုတော်မြတ်ကို ဒီကမ္ဘာပေါ်မှာ ရှိတဲ့အရာမှန်သမျှနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အရာရာတိုင်းဟာ ဒီ ကမ္ဘာကြီးနဲ့အတူ အခြားခြားသော အသက်မွေးဝမ်းကြောင်းခြင်း အလုပ်မှန်သမျှဟာ ဆုံးရှုံးရပါလိမ့်မယ်” ဟု စာ ရေးသားခဲ့သည် (W.Y. Fuller- ton: Life of F.B Meyer, Marshall, Morgan and Scott, p. 17)။ ထိုကဲ့သို့ ဘုရားသခင်၏ခေါ်ဆိုခြင်းကို ကိုယ်လည်း ကြွေးကျော်နိုင်ရန် ကျွန်ုပ်တို့၏ “ခေါ်ဆိုခြင်း” ဆိုသည့် စကားလုံးအသုံး အနှုန်းကို အနက်ဖွင့်ရန် လိုအပ်ပါလိမ့်မည်။ ခေါ်ဆိုခြင်းဟု ကျွန်ုပ်တို့ဆိုရာတွင် လူပုဂ္ဂိုလ်တစ်ဦးအပေါ် ဘုရားသ ခင်က တစ်ခုခုလုပ်ဆောင်ရန် လုံးဝမမှားနိုင်သော ခိုင်မာသည့် ဖိတ်ခေါ် ခြင်းမျိုးကို ဆိုလိုပါသည်။

ဤနေရာတွင် ကျွန်ုပ်တို့ပြောဆိုသည့်ခေါ်ဆိုခြင်းမှာ ဓမ္မသစ်ကျမ်းအရဆိုလျှင် သင်းအုပ်ဆရာနှင့် ဆရာအ ရာဖြစ်ခြင်းဟု ဆိုနိုင်ပါသည်။ ဘုရားသခင်သည် သူ၏သိုးစုများကို စောင့်ကြည့်ကျွေးမွေးရန်နှင့် ပုံဥပမာပြ အ သက်ရှင်ရင်း ဘုရားသခင်ကို ၄င်းတို့၏ ကယ်တင်ရှင်ဖြစ်ကြောင်း မည်သို့ အသက်ရှင်သွားရမည်ကို သွန်သင်ပြသ သွားရန် သူ၏လူများကို ခေါ်ပါသည်။ တစ်ခါတစ်ရံတွင် သင်းအုပ်ဆရာများနှင့် ဆရာများကို ဦးဆောင်သူ၊ ဘုန်း တော်ကြီး၊ စောင့်ရှောက်သူစသည်ဖြင့် နာမည်အမျိုးမျိုးတပ်ခေါ်ဆိုနိုင်ကြပါသော်လည်း ၄င်းတို့၏ အဓိကအရည် အချင်းမှာ “သင်ကြားပေးနိုင်ရန်” ဖြစ်သည် (၁တိ၊ ၃း၂)။ ၄င်းတို့အားလုံးသည် အသင်းတော်၏အရေးကိစ္စတွင် ပါဝင်ဦးဆောင်ရမည့်သူများ ဖြစ်ကြသည်။ သို့သော်လည်း ၄င်းတို့၏အချိန်အားလုံးကို စောင့်ရှောက်ခြင်းနှင့် သင် ကြားပေးခြင်းအမှုတို့တွင်သာ လုံးလုံးနှစ်ထားရန် ခေါ်ဆိုခံရကြသည်မဟုတ် (၁တိ၊ ၅း၁၇)။ ဤအမြင်နှစ်မျိုးလုံး ၏ဒွန်တွဲပါဝင်နေမှုကို ကျွန်ုပ်တို့လက်ခံပါသော်လည်း၊ ကျွန်ုပ်တို့၏ အဓိကကြည့်သွားမည့်အရာမှာ ၄င်းတို့၏အ ချိန်အားလုံးကို ဘုရားသခင်၏ ခေါ်ဆိုခြင်း၌ အသုံးတော်ခံမည့် သူများအပေါ်တွင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ကျွန်ုပ်တို့အနေနှင့် ခရစ်ယာန်မိတ်ဿဟာရအတွင်းရှိ သင်းအုပ်ဆရာ (သို့) ဓမ္မဆရာ၊ (သို့) ဦးဆောင်သူများအ ကြားမှဦးဆောင်သူတစ်ဦးအား ကြည့်ရှုလေ့လာခြင်းဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက် တာဝန်ယူရမည့်ရာထူးနေရာကို ကြည့်ရှုသွားမည်မဟုတ်ဘဲ ဝိညဉ်ဆုကျေးဇူးတစ်ခု၏ လုပ်ဆောင်မှုကိုသာ အ လေးပေးကြည့်သွားခြင်းမျိုးဖြစ်သည်။ ထို့ပြင် အသင်းတော်သည် ဝိညာဉ်ဆုကျေးဇူးရထားသည့် သူဖြင့် ဖွဲ့စည်း ခြင်းမျိုးမဟုတ်ဘဲ ရာထူးနေရာပေးခြင်းဖြင့် ဖွဲ့စည်းထားခြင်းမျိုးဖြစ်သောကြောင့် နှစ်ဖက်နှစ်ချက်ဟန်ချက်ညီရန် မှာ အလွန်အရေးကြီးပါသည်။ 

အမှုတော်ဆောင်ခြင်းကို ရှောင်ကြဉ်ရန် ကောင်းမွန်သည့် အကြံပေးမှု

  “တကယ်လို့ သာသနာပြုနယ်ပယ်ထဲ ဝင်ဖို့ကို ရှောင်နိုင်မယ်ဆိုရင်၊ ရှောင်ပါ။ အခြားအလုပ်လုပ်ဖို့ရှိတယ် ဆိုရင်၊ လုပ်လိုက်ပါ” ဟူသည့် အကြံပြုချက်မှာ မကြာခဏကြားနေရသည့် အကြံပြုချက်ဖြစ်သည်။ ဤအကြံပြု ချက်မှာ မှန်ကန်သည့်အရာဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ဤကမ္ဘာပေါ်တွင် သူ လုပ်ဆောင်နိုင် သည့် အရာတစ်ခုတည်းမှာ အမှုတော်ဆောင်ခြင်းဖြစ်သည်ဟု ခံစားရလျှင် သတင်းကောင်းဝေငှရန် အသက်တာ ကို ရာနှုန်းပြည့်ပေးဆပ်ခြင်းသည် မှန်ကန်ပါသည်။ ၁၉ ရာစုခန့်က လီပါပူးလ်၏ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဂျွန် ရိုယ်ဆိုသူမှာ ငယ်ရွယ်စဉ်က ဘုရားသခင်၏ခေါ်ဆိုခြင်းကို မသိခဲ့သူသည်။ နောက်ဆုံးတွင် သာသနာ့ဘောင်ထဲဝင် ရန် သူ၏ဆုံးဖြတ်မှုအပေါ် အားလုံးအံ့ဩသွားခဲ့ရသည်။ ထိုသို့ သူဆုံးဖြတ်ခဲ့ရသည်ကို “ဘယ်နေရာကိုဘဲ ကြည့် ကြည့်ကျွန်တော့်အတွက် အားလုံးတံခါးပိတ်ထားသလိုဘဲ၊ ဒီအမှုတော်နဲ့ဆိုင်တဲ့ နေရာတစ်ခုဘဲ ကျွန်တော့် အ တွက် ရှိတယ်လို့ ကျွန်ခံစားရတယ်” ဟူ၍ ရှင်းပြခဲ့သည်။ မှန်ပါသည် ထိုသို့ပင် ဖြစ်ခဲ့ခြင်းပင် ဖြစ်သည်။

အထက်ပါ အကြံပြုချက်များသည် မည်သို့သော လုပ်ငန်းနယ်ပယ်အတွက်မဆို ကောင်းမွန်သည့် အကြံ ပေးခြင်းမျိုးဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ဖြစ်နိုင်မည်ဆိုလျှင် ကျွန်ုပ်တို့နှစ်သက်ပျော်ရွှင်သည့် အလုပ်များကို စိတ်အားထက်သန်စွာ လုပ်ဆောင်ချင်ကြသူများ ဖြစ်သည်။ စိတ်မပါတစ်ပါ လုပ်ဆောင်တတ်သောသူတိုင်း အ များသူများအပေါ် လွှမ်းမိုးနိုင်ခြင်း အလျှင်းမရှိနိုင်ကြပါ။ သာသနာပြုခြင်းဆိုသည်မှာလည်း လူတစ်ဦးကိုယ်ပိုင် အ သက်တာနှင့် ၄င်း၏မိသားစုအခြေအနေ အရပ်ရပ်တို့ကို ပေးဆပ်ရသည့်အထိ ဖြစ်သည်။ ထို့ကြောင့် သာဿနာ ပြုရန်မဆုံးဖြတ်မှီ တစ်ဦးတစ်ယောက်အနေနှင့် ၄င်းပေးဆပ်ရမည့်တန်ဖိုးတို့ကို အလျှင်းတွက်ချက်ရပါမည်။ ကျွန် တို့၏သခင်မိန့်ဆိုခဲ့သည့် ထွန်ကိုင်းကို ကိုင်ပြီး နောက်သို့ မလှည့်ရတော့မည့်အကြောင်းသည် သင်းအုပ်ဆရာများ၊ ဓမ္မဆရာများနှင့် သက်ဆိုင်ပါလိမ့်မည်။ မြောက်များစွာ အစပြုခဲ့ကြသော်လည်း၊ ဝမ်းနည်းစွာနှင့် အနည်းစုသာ အ ဆုံးသတ်ခဲ့ကြပေပြီ။


ငြင်းဆန်၍မရသော ခေါ်ဆိုခြင်း၏သဘောသဘာဝ

          အထက်က ဖော်ပြခဲ့သော အကြံပေးခြင်းထက် ပိုမိုလေးနက်ခမ်းနားသည့်အရာတစ်ခုမှာ ဘုရားသခင်သည် သာသနာပြုရန် တစ်ဦးတစ်ယောက်ကို ခေါ်ဆိုပြီဆိုလျှင် ရှင်းလင်းပြတ်သားသော ခေါ်ဆိုခြင်းကို အမြဲပေးတတ် သည်။ ထို့ကြောင့် ဘုရားသခင်၏ခေါ်သံကို ကြားသောသူတိုင်း ပြန်လည်တုန့်ပြန်ရန်မှတပါး အခြားလုပ်ဆောင် ရန် မရှိတော့သည့်အထိပင် ဖြစ်ပါသည်။ ၄င်းတို့အနေနှင့် လုံးဝ “မငြင်းဆို” နိုင်ပေ။ ထို့ကြောင့် တစ်စုံတစ်ဦးက ဘု ရားသခင်သည် သူ့အား သာသနာပြုရန်ခေါ်ဆိုသည်ဟု ထင်နေသော်လည်း သေချာပြတ်သားစွာ မသိရှိသေးပါက၊ သေချာသည့်အချိန်ထိ စောင့်သင့်ပါသည်။ ဘုရားသခင်သည် ဘယ်သောအခါမှ မသေချာမရေယာသော ခေါ်ဆို ခြင်းမျိုးကို ပေးတော်မမူတတ်။ ဒေါက်တာမာတင်လွခ်ဂျွန်ကလည်း “ဘုရားသခင်ရဲ့လက်တော်က ကျွန်တော့်အ ပေါ် သက်ရောက်ပြီး ဆွဲခေါ်လို့၊ အမှုတော်မြတ်အတွက် ကျွန်တော့်ကို သီးသန့်ရွေးချယ်ခဲ့တာပါ” ဟူ၍ ငြန်းဆန်၍ မရနိုင်ပုံကို ပြောပြခဲ့ပါသည် (Gods Ultimate Purpose, An Exposition of Ephesians 1:1-23, Banner of Truth, p. 92.)။

သင်းအုပ်ဆရာနှင့် ဆရာအရာသို့ ဘုရားသခင်၏ခေါ်ဆိုခြင်းအပေါ် ကျွန်ုပ်တို့ကြည့်ရာတွင် အခြားသော အမှုအရာများ လုပ်ဆောင်ရန် ဘုရားသခင်၏ ခေါ်ဆိုခြင်းများနှင့် ခြားနားသည်ဟု ကျွန်ုပ်တို့ မဆိုလိုပါ မည်သို့ပင် ဖြစ်စေကာမူ ၄င်း၏နည်းဗျူဟာနှင့် ထူးကဲသည့် အရေးပါမှုတို့ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ လူများကို ကြည့်ရှုစောင့်ရှောက်ရန် နှုတ်ကပတ်တော်ကို သင်ကြားပို့ချပေးရန်မှာ အထူးခေါ်ဆိုခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။


ခရစ်ယာန်အားလုံးအပေါ် ဘုရားသခင်၏ခေါ်ဆိုခြင်းအား ရှုမြင်ခြင်း

      “ခေါ်သည်”နှင့် “ခေါ်ဆိုခြင်း” ဟူသည့် စကားလုံးများကို ဓမ္မသစ်ကျမ်းတွင် အကြောင်းအရာ အမျိုးမျိုး အတွက် အသုံးပြုထားပါသည်။ အမှုတော်မြတ်တွင် ပါဝင်ရန်မှာ တစ်ဦးချင်းစီတိုင်း ဘုရားသခင်ထံမှ အရင်ဦးဆုံး လက်ခံရ ရှိသည့်ခေါ်ဆိုခြင်း မဟုတ်ပါပေ။ ၁ ကော၊ ၁း၁-၉ တွင် ပုံဥပမာတွေ့ရပါသည်။ အခြေခံကျသည့် ခေါ်ဆိုမှုမှာ ဘုရား သခင်၏သားတော်ယေရှုခရစ်တော်နှင့် မိဿဟာရဖွဲ့ရန်ဖြစ်သည် (အငယ် ၉) – ခရစ်တော်နှင့် ပေါင်းစည်း ဘုန်းတော်နှင့်ဆိုင်သော အကျိုးကျေးဇူးများအားလုံးကို ဝင်စားနိုင်ရန် ခေါ်ဆိုခြင်း။ ဒုတိယခေါ်ဆိုရ ခြင်းမှာ သန့်ရှင်းခြင်းအသက်တာရှိရန်ဖြစ်သည် (အငယ် ၂)။ ကျွန်ုပ်တို့အား ဖြောင့်မတ်စေခြင်းက ကျွန်ုပ်တို့၏ အသက်တာကို သန့် ရှင်းခြင်းသို့ ရောက်စေပါသည်။ တတိယခေါ်ဆိုမှုမှာ အမှုတော်မြတ်တွင် ပါဝင်ရန် ဖြစ်သည်။ တိကျသေချာသည့် အမှုတော်တစ်ခုတွင် ပါဝင်ရန် ဖြစ်ပါသည်။ ရှင်ပေါလု၏အသက်တာတွင်၊ ၄င်း၏အခြေခံ အမှုတော်မြတ်တွင် ပါဝင်ရန်မှာ၊ တမန်တော်တစ်ဦးကဲ့သို့ ဖြစ်သည်။ ကိုယ်တော်၏သိုးအုပ်တို့အား ထိန်း ကျောင်းသောသူနှင့် ဓမ္မဆရာအဖြစ် ဘုရားသခင်၏ခေါ်ဆိုခြင်းမှာ အထူးခေါ်ဆိုခြင်းဖြစ်သည်။


ဓမ္မဟောင်းကျမ်းမှ ပုံဥပမာများ

ပရောဖက်များ၏ အသက်တာအတွေ့အကြုံများက ဘုရားသခင်က သူ၏အစေခံကျွန်များကို စေခိုင်းရာ တွင် မည်သို့မည်ပုံ ပြုတတ်သည်ကို ထင်ရှား ပေါ်လွင်စေသည်။ ဓမ္မဟောင်းကျမ်းရှိ ပရောဖက်များအားလုံး ဘုရား သခင်၏ ခေါ်ဆိုစေခိုင်းချက်ကို ဘယ်လိုနည်းနှင့်မျှ ငြင်းဆန်မရသည်ကို ရင်ဆိုင်ခဲ့ကြရသည်။ နောက်ဆုတ်ရှောင် ထွက်သွားရန် ကြိုးစားခဲ့ကြသည့် အချိန်များပင်လျှင် မရှောင်ရှားနိုင်ခဲ့ကြပေ။ ထိုခေါ်ဆိုခြင်းသည် နည်းလမ်းအ မျိုးမျိုး၊ အခြေအနေအမျိုးမျိုးတို့အားဖြင့် ဖြစ်တတ်သော်လည်း အထူးသဖြင့် တူညီသောအကြောင်းအရာအ တွက်သာ ဖြစ်နေတတ်သည်။ မောရှေမှာမူ ဘုရားသခင်၏အချိန်ကို မစောင့်နိုင်သောကြောင့် ကိုယ့်အားကို ကိုး ကာ သူ၏လူမျိုးတစ်ဦးဖြစ်သည့် ဟေဗြဲလူတစ်ဦအား ကယ်တင်ခဲ့ပြီး နှစ်ပေါင်းလေးဆယ်အကြာမှသာ တစ်ဖန် ဘုရားသခင်က ပြန်လည်ခေါ်ဆိုခဲ့သည်။ ထိုကဲ့သို့ ဘုရားသခင်က ၄င်းအားခေါ်ဆိုစဉ်တွင် သူသည် သူ၏နေ့စဉ် အလုပ်ဖြစ်သော သဲကန္တရထဲ၌ သိုးကျောင်းနေခဲ့သည် (ထွက်၊ ၃)။ ထိုအချိန်ခဏအတွင်းမှာပင် ၄င်းသည် ဘုရား သခင်၏သန့်ရှင်းခြင်းကို သတိထားတွေ့မြင်ခဲ့ရပြီး (အငယ် ၅)၊ ဘုရားသခင်၏ မိန့်မှာစေခိုင်းချက်၏ လွှမ်းမိုးနိုင် သည့် တန်ခိုးအောက်တွင် “အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍” ဟု မေးခဲ့ရသည့် အထိဖြစ်ခဲ့ပါသေးသည်။

နိုင်ငံရေးအခြေအနေ ကြပ်တည်းနေသည့်အချိန်၊ ဗိမာန်တော်သို့ လှည့်လည်ရောက်ရှိလာစဉ် ဟေရှာယ ထံသို့ ဘုရားသခင်၏ခေါ်ဆိုခြင်း ရောက်ရှိလာခဲ့သည် (ဟေ၊ ၆း၁)။ သူသည်လည်း ဘုရားသခင်၏ ဖော်ပြမကုန် နိုင်သော သန့်ရှင်းခြင်းကို တွေ့မြင်ခွင့်ရခဲ့သည်။ ဘုရားသခင်၏ “အဘယ်သူကို စေလွှတ်ရမည်နည်း၊ ငါတို့အဖို့ အဘယ်သူသွားမည်နည်း” (အငယ် ၈) ဟူသည့် မေးခွန်းကို ကြားသောအခါ “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေ လွှတ်ပါ” ဆိုသည့် အဖြေမှတပါး အခြားအဖြေမရှိခဲ့ပါ။ ပရောဖက်ယေရမိကိုလည်း မမွေးဖွားခင်ကတည်းက သိမှတ်ရွေးချယ်ထားခြင်းခံရသူဖြစ်သည်ဟု ဘုရားသခင်က ဆိုခဲ့သည် (ယေရမိ၊ ၁း၅)။ ယေရမိက “အို အရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် မဟောမပြောတတ်ပါ” ဟု ပြန်လည်တုန့်ပြန်ခဲ့သော်လည်း၊ ထိုခေါ်ဆိုခြင်းမှာ ငြင်း ဆန်၍ မရခဲ့ပါ။


တမန်တော်များ၏ ပုံဥပမာ

တမန်တော်များမှာ သိုးအုပ်တို့ကို ထိန်းကျောင်းမည့်သူနှင့် ဆရာအရာများအတွက် အခြေခံကျသော ပုံ ဥပမာများဖြစ်ကြပါသည်။ သာသနာပြုသူတိုင်းသည် တမန်တော်များမဟုတ်ကြသော်လည်း၊ တမန်တော်များ အားလုံးသည် သာသနာပြုသူများဖြစ်ကြကာ − ၄င်းတို့သည် ဘုရားသခင်၏သိုးစုတို့ကို ထိန်းကျောင်းသောသူများ နှင့် သင်ကြားပို့ချပေးသောဆရာများ ဖြစ်ကြသည်။ ဤအချက်မှာ အာရှအရှေ့အလယ်ပိုင်းရှိ အသင်းတော် အသီး သီးမှခေါင်းဆောင်များထံသို့ ရှင်ပေတရုပေးပို့ခဲ့သော ပထမစာစောင်တွင် “သင်းအုပ်ဆရာ၌၄င်း သင်တို့တွင်ရှိ သော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏” (၁ပေ၊ ၅း၁) ဟု ရေးသားခဲ့ခြင်းအားဖြင့် သိသာထင်ရှားစွာတွေ့မြင် နိုင်ပါသည်။ တမန်တော်ဝတ္တုတွင် တွေ့မြင်ရကြရသည့်၊ တမန်တော်များ၏လုပ်ဆောင်မှုများဖြစ်သည့် ဆုတောင်း ခြင်းနှင့် တရားဒေသနာဝေငှခြင်းများ ယနေ့သနာပြုများ ထပ်တူလုပ်ဆောင်ကြရမည့်အရာများသာဖြစ်သည် (တ မန်၊ ၆း၂)။

ခရစ်ဝင်ကျမ်းများကို ရေးသားခဲ့ကြသည့် သူများက တပည့်တော်များသည် ၄င်းတို့အတွက် သခင်ယေရှု ခရစ်တော်၏ ပြင်ဆင်ထားသော သာသနာအတွက် အခေါ်ဆိုခြင်းနှင့် ပတ်သက်၍ တစ်ဦးချင်းစီတိုင်း ခြားနားစွာ ခေါ်ဆိုခြင်းခံခဲ့ရကြောင်းကို ဖော်ပြထားပါသည်။ ထိုကဲ့သို့ပင်လျှင် တမန်တော်ပေါလုအား ခေါ်ဆိုရာတွင်လည်း နောက်ကျမှ ဖြစ်ခဲ့သည်။ အသက်တာပြောင်းလဲသွားသည့် တခဏအချိန်အတွင်း၊ ရှင်ပေါလုသည် ဘုရားသခင်၏ ခေါ်ဆိုသံကို သတိမူမိခဲ့သည်။ ရှင်ပေါလုထံသွား၍ ဆုတောင်းပေးရန် အာနနိအား ဘုရားသခင်မိန့်မှာသော်၊ သူက ချီတုန့်ချီချဖြစ်နေခဲ့ရာ ဘုရားသခင်က “ထိုသူကား တပါးအမျိုးသားမျတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣ သရေလအမျိုးတို့ရှိရာသို့လည်းကောင်း၊ ငါ၏နာမတော်ကို ပို့တောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ် ၏။” ဟု အသေအချာပြန်လည်မိန့်မှာခဲ့သည် (တမန်၊ ၉း၁၅)။ ဤအကြောင်းအရာ နှင့် ပတ်သက်ပြီး အသေးစိတ် ကို ရှင်ပေါလုက “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း” ဟု မေးရာ “ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့ သား ယေရှုဖြစ်သတည်း။ သို့သော်လည်း၊ ထ၍ မတ်တပ်နေလော့။ ငါသည် ယုဒအမျိုးသား၊ တပါးအမျိုးသားတို့ လက်မှ သင့်ကိုကယ်လွှတ်၍၊ သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှငါသည် သင့်အား ထင် ရှားလတံ့သော အကြောင်းအရာတို့မှာ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကို ခန့်ထားစေ ခြင်းငှါ ငါသည် သင့်အားထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှအလင်းသို့ကူးမြောက်၍၊ စာတန်၏ အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်းကျေးဇူးကို ခံရမည်အကြောင်း နှင့်၊ ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ရောက်သော သူတို့နှင့်ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူ တို့၏မျက်စိကို ဖွင့်စေခြင်းငှါ သူတို့ဆီသို့ သင့်ကိုငါစေလွှတ်မည်ဟု မိန့်တော်မူ၏။” ဟု ဆက်လက်ရှင်းပြခဲ့သည် (တမန်တော်၊ ၂၆း၁၅-၁၈)။ ဤသို့သော ဘုရားသခင်၏ခေါ်ဆိုမှုကို ကောင်းမွန်စွာ သိရှိနားလည်ခြင်းနှင့်အတူ ရှင် ပေါလုသည် အမှုတော်မြတ်တွင် ပါဝင်ဆက်ကပ်ကာ၊ စာပေများရေးသားခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းကြောင့် ပင်လျှင် ရှင်ပေါလုသည် “ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏တမန်တော်အရာ၌ ခန့်ထားသော ငါပေါလု” (၁ကော၊ ၁) ဟူ၍ အစပြုရေးသားထားသည်ကို ကျွန်ုပ်တို့ဖတ်ရွက်ရခြင်းဖြစ်သည်။ ၄င်း၏အသက်တာ တွင် ဘုရားသခင်၏ခေါ်ဆိုမှုကို ကောင်းမွန်စွာ သိရှိနားလည်ခြင်းကို အခြားသောဩဝါဒစာများတွင်လည်း အကြိမ် ကြိမ်ထပ်မံအသုံးပြုထားသည်ကို တွေ့ရပါသည် (ရောမ၊ ၁း၁၊၂၊ ၂ကော၊ ၁း၁၊ ဂလာတိ၊ ၁း၁၊ ဧဖက်၊ ၁း၁၊ ကောလောသဲ၊ ၁း၁၊ ၁တိ၊ ၁း၁၊ ၂တိ၊ ၁း၁၊ တိတု၊ ၁း၁)။


ရွေးကောက်ခေါ်ဆိုခြင်းအပေါ် ထားရှိသည့် အသိစိတ်၏ တိုးတက်ပြောင်းလဲလာမှု

ဘုရားသခင်၏သိုးစုကို ထိန်းကြောင်းခြင်းအမှုနှင့် ဆရာအရာအဖြစ်သို့ ခေါ်ဆိုခြင်းသည် နည်းလမ်းမျိုးစုံ ဖြင့် ရောက်လာတတ်သည်မှာ သမိုင်းက သက်သေဖြစ်ပါသည်။ အဓိကအချက်မှာ သန့်ရှင်းသောဝိညာဉ်တော် သည် ဤခေါ်ဆိုခြင်းအား အစပြုသူဖြစ်သည်။ ကျွန်ုပ်တို့ဆုတောင်းသည့်အခါ ဘုရားသခင်၏တို့ထိခြင်းကို ခံစား ခြင်းအားဖြင့်၊ သို့မဟုတ် ကျွန်ုပ်တို့၏ သမ္မာကျမ်းစာဖတ်ရွက်ခြင်း၊ နှုတ်ကပတ်တော်ဝေငှခြင်းကို နားထောင်ခြင်း (သို့) အတိတ်သမိုင်းတွင်ဖြစ်ဖြစ်၊ ယခုခေတ်တွင်ဖြစ်ဖြစ် ဘုရားသခင်၏ခေါ်ဆိုခြင်းကို အခြားသူများ မည်သို့မည် ပုံ လက်ခံကြရသည်ကို ကြည့်ခြင်းအားဖြင့် ထိုခေါ်ဆိုခြင်းသည် ကျွန်ုပ်တို့ထံ ရောက်လာတတ်သည်။

           ဘုရားသခင်ထံမှခေါ်ဆိုခြင်းသည် အခြားသူများ၏ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားရင့်ကျက် စေလိုသောစိတ် နှင့် နှုတ်ကပတ်တော်တရားဟောကြားလိုသောစိတ်တို့မှ အစပြုတတ်သည်။ လူတွေကို ကူညီရမယ်ဟူ၍ စိတ်ဖြစ် ပေါ်လာသည့် အဆင့်သို့ ကျွန်ုပ်တို့ကို အခြေအနေများက ပို့ဆောင်နိုင်ပါသည်။ အာလန်စတစ်ဆိုသူမှာ သမ္မာ ကျမ်းစာကို နက်နက်နဲနဲအနက်ဖွင့်နိုင်သူ၊ သင်ကြားပို့ချနိုင်သူတစ်ဦးဖြစ်သည်။ သူ၏ဝိညာဉ်ဆုကျေးဇူး ကြီးထွား ရင့်ကျက်လာပုံကို ဤသို့ဆိုထားသည်။ ၄င်းတက်ရောက်သည့်ကျောင်းရှိ သမ္မာကျမ်းစာ၌ စည်းလုံးခြင်းဆိုသည့် အဖွဲ့အစည်းတစ်ခုတွင် လာရောက်မိတ်ဿဟာရဖွဲ့သူများပြားကြသော်လည်း ထိုအဖွဲ့အစည်းကို ဦးဆောင်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ ထို့ကြောင့် သူ၏အသက် ၁၆ နှစ် ၁၈ နှစ်အကြား နှစ်ကြာအချိန်ကို ၄င်းတစ်ဦးတည်း ဦးဆောင်တာဝန်ယူခဲ့ရသည်။ တစ်ပတ်တွင် ၃ ကြိမ်တိုင်တိုင် သူ၏ကျောင်းနေဘက်သူငယ်ချင်းများရှေ့တွင် မတ် တတ်ရပ်ကာ၊ နှုတ်ကပတ်တော်မှ ဘုရားသခင်က ၄င်းအပါအဝင်၊ အခြားသူများကို ပြောလိုသည့် နှုတ်ကပတ်တ ရားကို ဝေငှပြော ဆိုခဲ့ရသည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ၄င်းကိုတိုင် ပြောခဲ့သည့် အချက်ကို ကြည့် မည်ဆိုလျှင် -

“ကျွန်တော် ၁၇ နှစ်အရွယ်မှာ၊ ကျွန်တော် “ရှာဖွေတွေ့ရှိခဲ့တဲ့အရာ” ဒါမှမဟုတ် ကျွန်တော့်ရဲ့ အသက်တာ ကို ဖမ်းဆီးသွားခဲ့တဲ့အရာကတော့ ၁ ကော၊ ၁၄ ပါဘဲ။ ဒီနေရာမှာ ကျွန်တော်တွေ့ရှိခဲ့တဲ့အရာကတော့ ဝိညာဉ် ဆုကျေးဇူးတွေကို တောင့်တတဲ့ စိတ်နေသဘောထားပါဘဲ။ အထူးသဖြင့် ပရောဖက်ပြုရသောအခွင့်ကိုသာ၍ လိုချင်သော စိတ်ဆိုသည့်အရာပင် ဖြစ်သည် (အငယ် ၁၊ ၁၂၊ ၁၉)။ ဒီကျမ်းပိုဒ်တစ်ခန်းလုံးမှာပါရှိတဲ့ အချက် အလက်များကို ကြည့်ခြင်းအားဖြင့်၊ ပရောဖက်ပြုခြင်းဆိုတာကို အနာဂတ်အကြောင်းကို ပြောပြခြင်း၊ အထက် အရပ်ကနေ အသစ်သောဖော်ပြခြင်းများကို ရရှိခြင်းတို့ကို ဆိုလိုတဲ့သဘောမဟုတ်ဘဲ ဖော်ပြပြီးသော သမ္မာ တရားကို ကြားနာသူ၏ အသက်တာ၌ တည်ဆောက်စရာဖြစ်စေရန် လိမ္မာပါးနပ်စွာ အနက်ဖွင့်ပေးခြင်းကို ဆိုလိုတယ်လို့ ကျွန်တော် နားလည်ပါတယ်။ အဲဒီလို အနက်ဖွင့်ဝေငှတဲ့အခါမှာ အကျိုးရလဒ်အနေနဲ့ ကြားနာသူကို သင်ကြားပို့ချမယ်၊ အသက် တာအတွက် စိန်ခေါ်မှုတွေ လုပ်မယ်၊ ဒါ့ပြင် ခွန်အားပေးမှ တွေရှိမယ် ဆိုပြီး ရည်ရွယ် ချက်ရှိပါသည် (အငယ် ၃)။

ဒီလိုနဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေး ကျွန်တော်ဒီဝိညာဉ်ဆုကျေးဇူးအတွက် အစပြု ဆု တောင်းရင်း၊ နှုတ်ကပတ်တော်ကို အနက်ဖွင့်ဝေငှလိုက် - အဲဒီလို ဝေငှဟောကြားတဲ့ အချိန်တိုင်း ဘုရားသခင်ရဲ့ ဆုကျေးဇူးကို ကောင်းမွန်စွာ ဘုန်းတော်ထင်ရှားစေဖို့ အသုံးပြုနိုင်အောင်နဲ့ ကြားနာသူတွေရဲ့အသက်တာမှာ ကောင်း ကြီးမင်္ဂလာခံစားနိုင်ဖို့ ဆုတောင်းခဲ့တယ်။ အဲဒီကတည်းက ကျွန်တော်အဆက်မပျက် ဒီ့အတွက် ဆုတောင်းခဲ့ပါတယ်။ အခုတော့ ဘုရားသခင်က ကျွန်တော့်ရဲ့ဆုတောင်းသံကို နားညောင်းခဲ့ပြီလို့ ကျွန်တော်ရိုး သားစွာနဲ့ သက်သေခံနိုင်ခဲ့ပါပြီ။ (Alan Stibbs: Expounding God's Word, IVP, pp. 9, 10.)

ကျွန်ုပ်တို့ကို ဘုရားသခင်အမှန်တကယ်ခေါ်သည်ဆိုလျှင် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်အခြေအနေများ မည် မျှပင် မတူခြားနားနေပါစေ၊ အခြားသောသူများအား နှုတ်ကပတ်တော်တရားအားဖြင့် ကူညီလိုသော စိတ်ဆန္ဒမှာ ဖြင့် အစဉ်ပြည့်နေမည်သာ ဖြစ်သည်။ ထိုကဲ့သို့သော စိတ်ဆန္ဒကို စိတ်ကူးဆန္ဒများ၊ တွေးထင်မှုများသာ ဖြစ်သည် ဆိုသည့် ဆိုးရွံ့စိတ်ကြောင့် သူတပါးထံနှုတ်ဖြင့် ဝင်ခံပြောဆိုခြင်း မရှိသည်လည်း ဖြစ်နိုင်ပါသည်။ တွေဝေတတ် စိတ်က နေရာတိုင်းတွင်ရှိနေသည် မဟုတ်လား။ သို့သော်လည်း ဘုရားသခင်၏ခေါ်ဆိုခြင်းသည် အစစ်အမှန်ဖြစ် ပါက ထိုစိတ်ဆန္ဒမှာ တဖြည်းဖြည်းခြင်း ကြီးထွားလာပြီး၊ သိသာထင်မည် ဖြစ်သည်။ ကနဦးအသင်းတော်၌လည်း သင်းအုပ်အရာနှင့် ဆရာအရာသို့ ခေါ်ဆိုခြင်းအပေါ် တုန့်ပြန်ရန် အသင်းဝင်အားလုံးအပေါ်မျှော်လင့်ထားသည်ကို တွေ့ရသည်။ “သင်းအုပ်အရာကို တောင့်တသော သူသည် ကောင်းသောအမှုအရာကို တောင့်တသည်ဟူသော စကားသည် မှန်သောစကားဖြစ်၏” ဟု ဆိုခဲ့သည် မဟုတ်ပါလား (၁တိ၊ ၃း၁)။ ခရစ်တော်ရှင်၏ ခေါ်ဆိုခြင်းခံရ သောသူတို့ထံမှလည်း အချိုးညီမျှသော နာခံခြင်းအသက်တာမရှိပါက ထိုကဲ့သို့သော စိတ်ဆန္ဒရှိခြင်းသည် စိတ် ထင်သက်သက်သာ ဖြစ်နိုင်ပါသည်။

အကယ်၍ ဘုရားသခင်၏သိုးစုကို ထိန်းကျောင်းသောသူနှင့် ဆရာအရာဖြစ်ရန် စိတ်ဆန္ဒသည် အစစ်အ မှန်ဖြစ်နေပါက၊ ထိုစိတ်ဆန္ဒကို ကျွန်ုပ်တို့ပြုစုပျိုးထောင်ပေးသွားပါလိမ့်မည်။ ဤခေါ်ဆိုခြင်းအတွက် အထောက် အထားတစ်ခုမှာ ထိုခေါ်ဆိုခြင်းအတွက် လိုအပ်သောအရည်အချင်းကို ပိုင်ဆိုင်ထားခြင်းဖြစ်သည့်အတွက်ကြောင့် ပြင်ဆင်ခြင်း၊ သင်တန်းတက်ခြင်းစသည်ဖြင့် ပြင်ဆင်လာပါလိမ့်မည်။ သိသာထင်ရှားသည့် ပုံဥပမာတစ်ခုမှာ နှုတ် ကပတ်တရားတော်ကို များစွာသိနားလည်ထားခြင်းဖြစ်၍ ဘုရားသခင်၏ခေါ်ဆိုခြင်းကို ခံရသည်ဟု ဆိုသောသူ တိုင်းရရှိသည့် အချိန်အများစုကို နှုတ်ကပတ်တော်လေ့လာခြင်းအတွက် အသုံးပြုကြမည်ဖြစ်သည်။ အခြားသူ များကို ဝေငှခြင်း၊ ဟောပြောခြင်းနှင့် သင်ကြားပို့ချခြင်းတို့အတွက် မိမိ၏အချိန်ကို ခွဲခန့်သတ်မှတ်ပါလိမ့်မည်။ ဤ သို့လုပ်ဆောင်ရခြင်းကို ငြီးငွေ့ခြင်းဟုမထင်၊ အလွန်ပျော်ရွှင်စရာကောင်းသည့် အလုပ်ကဲ့သို့ လုပ်ဆောင်နေမည် ဖြစ်သည်။ အခွင့်အရေးများရလာလေတိုင်း၊ အခြားသောလူများသည် သင်းအုပ်ဆရာ၏ ဂရုပြုစိုက်မှုများနှင့် ဟောကြားခြင်းများအပေါ် ထောက်ခံအားပေးလာကြမည်။ ထိုကဲ့သို့သော အခြေအနေမျိုးက ဘုရားသခင်၏ ခေါ် ဆိုခြင်းအား လုံးလုံးလျားလျားလိုက်လျှောက်စေရန် ထပ်လောင်း၍ ကျွန်ုပ်တို့ကို တွန်းအားပေးတတ်ပါသည်။

ခရစ်ယာန်တစ်ဦး၏အသင်းတော်အား ကြည့်ရှုစောင့်ရှောက်ရန်အတွက် ဘုရားသခင်၏ခေါ်ဆိုခြင်းသည် သာသနာပြုရန်အတွက် အသက်တာကို ဆပ်ကပ်လိုက်သည့် အချိန်မှ အစပြုတတ်သည်။ အထူးသဖြင့် ဘုရား သခင်ထံပါး အစဉ်တိုးဝင်၍ ကိုယ်တော်၏ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ခရစ်တော်ပေးတော်မူသော ဆုကျေးဇူးကို တောင်းလျှောက်ပြီး၊ ဘုရားသခင်၏ခေါ်သံကို အစဉ်သတိရှိသောသူများအတွက် ဖြစ်ပါသည်။ အစ ပိုင်းတွင် အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းသာ အသင်းတော်အပေါ်ကြည့်ရှုစောင့်ရှောက်ခြင်း သို့မဟုတ် သင် ကြားပို့ချရန် ကျွန်ုပ်တို့အား ဘုရားသခင်ခေါ်ဆိုသလောဟူ၍ မရေမရာဖြစ်မှုများရှိနိုင်ပါသည်။ အကြောင်းရင်းမှာ အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းဟူ၍ နှစ်နေရာလုံး အတွက် နေရာရှိနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုသို့သော အခြေအနေမျိုးက ကျွန်ုပ်တို့၏အသက်တာကို မလုပ်ခင်ကတည်းက လွှမ်းမိုး နေခြင်းမျိုး မရှိသင့်ပေ။ စင်စစ်ထိုသို့သော အခြေအနေမျိုးသည် လုပ်ဆောင်ရန်အချိန်မတန်သေးသောကြောင့်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သင့်တော်လျှောက်ပတ်သော အချိန်တွင် ထိုအခြေအနေအတွက် ဘုရားသခင်ရိုးရှင်းစွာ ဖော်ပြပေးပါလိမ့်မည်။

တစ်ခါတစ်ရံ အသင်းတော်တစ်ပါးပါးမှ သင်းအုပ်ဆရာအရာယူပေးရန် ဖိတ်ခေါ်ခံရသည့် အခြေအနေ မျိုးအားဖြင့် ထိုခေါ်ဆိုခြင်းသည် အမြင့်ဆုံးသော အဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ အသင်းတော် တစ်ပါးပါး တွင် အချိန်မှန်မှန် သို့မဟုတ် အချိန်ပိုင်းသာ သာသနာပြုပေးရာ၊ ထိုအသင်းတော်ရှိ ခေါင်းဆောင်များနှင့် သင်းဝင် များထံသို့ သန့်ရှင်းသောဝိညာဉ်တော်သည် မမှားနိုင်သော ဘုရားသခင်၏ ခေါ်ဆိုမှုဖြစ်သည်ဟူသည့် အသိစိတ်ကို ပေးသဖြင့် လူအများရှေ့ဝင်ခံကာ၊ ဖိတ်ခေါ်ခြင်းအားဖြင့် ဖြစ်သည်။

သာသနာပြုရန် ခေါ်ဆိုခြင်းအား အတည်ပြုခြင်းသည် အလွန်အရေးကြီးပါသည်။ သာသနာပြုရန် ခေါ်ဆို ခြင်းခံသည်ဟု ကျွန်ုပ်တို့ဘက်မှ ခံစားရရုံနှင့် မလုံလောက်ပါပေ။ ထိုကဲ့သို့ မသေချာမရေရာခြင်းက ကျွန်ုပ်တို့အ တွက် ကြောက်မက်ကြေကွဲဖွယ် အမှားများကို ဖြစ်ပေါ်စေတတ်သည်။

သာနာပြုရန် ခေါ်ဆိုရာတွင် နှစ်မျိုးနှစ်စားရှိသည်ဟု ဆိုကြသည်။ ပထမခေါ်ဆိုခြင်းဟု ဆိုရာတွင် တစ်စုံ တစ်ဦးသည် ၄င်း၏အသက်တာ အတွင်းပိုင်းမှ ခေါ်ဆိုခြင်းကို သတိပြုမိလာခြင်းဖြစ်ပြီး၊ ဒုတိယ ခေါ်ဆိုခြင်းတွင်မူ ပတ်ဝန်းကျင်ရှိ ယုံကြည်သူများက သင်၏အသက်တာကို ကြည့်ခြင်းအားဖြင့် သာသနာပြုရန် သင့်အပေါ် ဘုရား သခင်၏ခေါ်ဆိုခြင်းကို အသိအမှတ်ပြုလာကြခြင်းအားဖြင့် ဖြစ်သည်။ တမန်တော်ဝတ္တု ၁၃ တွင် ရှင်ပေါလုနှင့် ဗာနဗအား ဟေလသလူတို့ထံ သာသနာပြုရန် ဘုရားသခင်၏ခေါ်ဆိုခြင်းနှင့် ပတ်သက်ပြီး ပုံဥမာကို တွေ့မြင်ရပါ သည်။ အန္တိအုတ်မြို့ရှိ အသင်းတော်၌ ဘုရားသခင်ကို ဝတ်ပြုရန်နှင့်ဆုဆောင်းရန် အတူတကွ စုစည်းလာစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အမှုတော်မြတ်တွင် ပါဝင်စေရန်အတွက် ထိုသူနှစ်ကို သီးသန့်ရွေး ချယ်ထား ရန် မိန့်ဆိုခဲ့သည် (အငယ် ၂၊ ၃)။ ထိုကျမ်းပိုဒ်ထဲ၌ပင် အသင်းဝင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မိန့်မှာချက် အတိုင်း ထိုသူနှစ်ဦးကို စေလွှတ်ခဲ့ကြကြောင်း ရှင်လုကာက ရေးသားမှတ်တမ်းတင်ခဲ့သည်။

သမာရိုးကျသင်တန်းတက်ရောက်ခြင်းသည် သာသနာပြုခြင်းအတွက် ပြင်ဆင်ရခြင်း၏ တစ်ဆိတ်တစ် ဒေသဖြစ်သည်ဆိုလျှင်၊ လူတစ်ဦး၏ခေါ်ဆိုခြင်းကို ထိုသင်တန်း၌ တာဝန်ရှိသူများကလည်း စမ်းစစ်ရန် တာဝန် ရှိပါသည်။ ဤသည်မှာ ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ထပ်ဆင့်စစ်ဆေးခြင်းမျိုးဖြစ်သော်လည်း မိမိသင်းဝင်ထား သည့် အသင်းတော်၏ထောက်ခံအတည်ပြုမှုအား အစားမထိုးသင့်ပါပေ။ သာသနာပြုရန် ခေါ်ဆိုခြင်းခံရသည်ဟု တစ်စုံတစ်ဦးကို အတည်ပြုရန် ထိုသူသင်းဝင်ထားသော အသင်းတော်ထက် အခြားသောမည်သည့်အသင်းတော် ကမျှ သာ၍ကောင်းသည်ဟူ၍ မရှိနိုင်ပေ။ မိခင်အသင်းတော်သည်သာ ခေါ်ဆိုခြင်းအား အတည်ပြုရန်အတွက် သမာရိုးကျသကဲ့သို့၊ အကောင်းဆုံးသော အခြေခံဆုံးဖြတ်ချက်ချရာနေရာလည်း ဖြစ်ပေသည်။ ထို့ကြောင့် ဘုရား သခင်က သူ့အားခေါ်သည်ဟု ဆိုသောသူသည် သူ၏ခေါ်ဆိုခြင်းသည် မှန်မမှန်ကို စစ်ဆေးရန်အတွက် မိခင်အ သင်းတော်ရှိ ဝိညာဉ်ပိုင်းဆိုင်ရာ ခေါင်းဆောင်မှုအောက်၌ မိမိကိုယ်ကို အပ်နှံရပါမည်။ အထက်က ဖော်ပြထားသ ကဲ့သို့ တစ်စုံတစ်ဦးသည် မိခင်အသင်းတော် (သို့) မိတ်ဿဟာရဖွဲ့ရန် အသင်းတော်မရှိသည့် အခြေအနေမျိုး လည်း ရှိကောင်းရှိနိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်မူ၊ သင်တန်းတစ်ခုခု၏ သွန်သင်ပေးခြင်းနှင့် စိန်ခေါ်မှုပြုခြင်းအပြင်၊ ဘုရားသခင်၏ခေါ်ဆိုခြင်းကိုခံရသည်ဟု အတိအလင်းသိနိုင်ရန်အတွက် မိမိနှင့်သိကျွမ်း သော ယုံကြည်သူခရစ်ယာန်ညီအကိုများ၏ထောက်ခံအားပေးမှုအပေါ်တွင်လည်း မှီခိုနိုင်ပါသည်။

တစ်ခါတစ်ရံ လူတစ်ဦး၏ခေါ်ဆိုခြင်းသည် ချက်ခြင်းဆိုသလို မိမိအသင်းတော်၏ မိတ်ဿဟာရဖွဲ့ခြင်း၊ ဦးဆောင်ခြင်းတို့၌ သိသာထင်ရှားစွာ ကိုက်ညီမှုရှိနေတတ်သည်။ ထို့ကြောင့် ထိုအခြေအနေမျိုးသည် အထက် တွင် ဖော်ပြခဲ့သည့်အတိုင်း လူတစ်ဦး၏အတွင်းပိုင်းမှ ခေါ်ဆိုခြင်းနှင့်အပြင်ပိုင်းမှ ခေါ်ဆိုခြင်းတို့သည် အံဝင်ခွင်ကျ ဖြစ်နေတော့သည်။ သို့သော်လည်း အချို့သောအချိန်များတွင် ဘုရားသခင်၏သိုးစုကို စောင့်လျှောက်ခြင်းအမှုကို သိသာထင်ရှားစွာ မြင်လာနိုင်ရန်အတွက် အချိန်အခါစောင့်စားရန် လိုအပ်တတ်ပါသည်။ သာသနာကျယ်ပြန့်စေ ရန်အလို့ငှါ အသင်းတော်ရှိ ဝိညာဉ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုအပိုင်းမှ အသင်းတော်ရှိ အသင်းသူအသင်းသားများ ၏ဝိညာဉ်ဆုကျေးဇူးများကို သိရှိနားလည် အသုံးပြုတတ်လာစေရန် ထည့်တွက်စဉ်းစားပေးသင့်ပါသည်။ အသင်း တော်၏ခေါင်းဆောင်မှုအပိုင်းမှ အသင်းသားတစ်ဦးဦးအား ဘုရားသခင်ခေါ်ဆိုခြင်းဖြစ်သည်ဟု ထင်မှတ်စရာအ ခြေအနေများ ရှိနေခဲ့ပါလျှင်၊ ထိုအသင်းဝင်အား အသင်းတော်အတွင်း၌ အခွင့်အလမ်းများကို ဖွင့်ပေးတတ်ရန်မှာ အလွန်အရေးကြီးလှပါသည်။ ထိုသို့အားဖြင့် အသင်းသားများသည် ၄င်းကို အဘယ့်ကြောင့် တရားဟောစေရသ နည်း၊ အဘယ့်ကြောင့် သင်းအုပ်ဆရာအား ကူညီစေပါသနည်း (သို့) အဘယ်ကြောင့် ဝတ်ပြုအစည်းအဝေးအား ဦးဆောင်စေပါသနည်းဟူ၍ အံ့ဩနေမည် မဟုတ်တော့ပါ။

အတွင်းပိုင်းမှ သိနေသော ခေါ်ဆိုခြင်းနှင့် အပြင်ပိုင်းမှ ခေါ်ဆိုခြင်းတို့ ထိပ်တိုက်ဆုံတွေ့ခဲ့ကြပြီဆိုလျှင် ရှေ့ဆက်သွားရတော့မည့် အချိန်ဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။ တစ်ဦးချင်းစီ၏အခြေအနေထည့်တွက်ပါ မည်ဆိုလျင် နောက်တစ်ဆင့်တက်ရမည့်အရာမှာ သင်တန်းတတ်ရောက်ရန် ဖြစ်ပေ၏။ တစ်ချို့သောသူများအ တွက်ဆိုလျှင် အသင်းတော်တစ်ပါးပါးမှ ဖိတ်ခေါ်ခြင်းကို စောင့်နေခြင်းသည်လည်း နောက်တစ်ဆင့်တက်ရမည့် အခြေအနေမျိုး ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်နေစေကာမူ ကျွန်ုပ်တို့ရှုမြင်ခဲ့သည့် ခေါ်ခြင်းသည် မလုပ်မနေရ၊ မသိကျေးကျွန်ပြုရမည့် ခေါ်ဆိုခြင်းမျိုးမဟုတ်ပါ ဤနေရာမျိုးတွင် အမှားကို ရွေးချယ်လိုက်မိပါက၊ ခေါ်ဆိုခြင်း ခံရသော ထိုသူ၏အသက်တာ၌ သာမက၊ အထူးသဖြင့် ဘုရားသခင်၏သိုးစုတို့၏ အဖြစ်မှာ အလွန်ပင် စိုးရိမ်စရာ ကောင်းနေပါလိမ့်မည်။ ရိုဘတ်မူရီချယ်နဲ့ ဆိုသူက ၁၈၃၅ ဖေဖဝါရီ ၁၅ ရက်နေ့တွင် ရေးသားခဲ့သည့် သူ၏ နေ့စဉ် မှတ်တမ်းစာအုပ်ထဲ၌ “မနက်ဖြန်ဆိုရင် အသင်းတော်လူကြီးတွေရဲ့ရှေ့မှာ ကျွန်တော်အခက်အခဲတွေကို ကျော် ဖြတ်ရတော့မယ်။ ကျွန်တော်ခွန်အားလိုအပ်တဲ့အချိန်တွေမှာ ဘုရားသခင် ကျွန်တော့ကို အစွမ်းသတ္တိပေးသနား တော်မူပါစေ။ ဘာကို ကျွန်တော်ကြောက်နေရမှာလဲ။ ဘုရားသခင်က သူ့ရဲ့သာသနာအတွက် ကျွန်တော်ဟာ သင့် တော်တဲ့လူဖြစ်လို့ ရွေးချယ်ထားမယ်ဆိုရင် ဘယ်သူကလာပြီး ကျွန်တော့်ကို ဆွဲချနိုင်မှာလဲ။ တကယ်လို့ ကျွန် တော်ကများ သာသနာတော်အတွက် မသင့်တော်ခဲ့ဘူးဆိုရင် ဘာကြောင့်မို့ ကျွန်တော်ရှေ့ကို ဇွတ်အတင်း တိုး တက်ရမှာလဲ။ ကိုယ်တော်ရှင်ရဲ့ အမှုတော်မြတ်အတွက် ကျွန်တော့်ရဲ့အသက်တာကို အကြိမ်ကြိမ်ပြန်လည်အပ်နှံ ပါတယ်” ဟူ၍ ရေးမှတ်ခဲ့သည်။ ဘုရားသခင်မခေါ်ဘဲ တစ်စုံတစ်ဦးသည် အသင်းအုပ်အရာနှင့် ဆရာအရာရရှိရန် ကြိုးစားနေသောသူရှိနေပါလျှင် ထိုအသင်းတော်ထက် ပိုမိုအခြေအနေဆိုးသည့်အဖြစ်မျိုး ရှိနိုင်အုံးမည်လား။ လူ တစ်ဦး၏သာသနာပြုသက်တန်းတလျှောက်၊ အထူးသဖြင့် အလွန်ခက်ခဲသည့်အချိန်များတွင် ဝိညာဉ်များ၏ရန်သူ က ထိုသူ့အပေါ် ဘုရားသခင်၏ခေါ်ဆိုခြင်းအား အစဉ်တိုက်လှန်သွားမည်။ ထို့ကြောင့် ကျွန်ုပ်တို့အပေါ် ဘုရားသ ခင်၏ခေါ်ဆိုခြင်းအား လေးနက်သေချာစွာ သိရှိနားလည်ရန်မှာ အလွန်အရေးကြီးသည့်အချက်တစ်ချက် ဖြစ်ပါ သည်။ ဘုရားသခင်၏ကျွန်ုပ်တို့အပေါ် ခေါ်ဆိုခြင်းသည် အခြားသူများထံမှ တညီတညွတ်တည်း ထောက်ခံအား ပေးခြင်းဖြင့် ဘုရားသခင်ကိုယ်တိုင် ကျွန်ုပ်တို့ကို အတည်ပြုကြောင်း ပြန်လည်တွေးလေတိုင်း များစွာသော ခွန် အားများကို ပြန်လည်ပေးတတ်ပါသည်။ ထို့အတွက်ကြောင့်ပင်လျှင် တိမောသေအား သင်းအုပ်ဆရာအရာနှင့် ဆ ရာအရာအဖြစ် ဘုရားသခင်၏ခေါ်ဆိုခြင်းကို ရှင်ပေါလုက ပြန်လည်သတိပေးရခြင်း ဖြစ်သည် (၁တိ၊ ၁း၁၈၊ ၄း၁၄)။

သာသနာပြုရန်အတွက် ကျွန်ုပ်တို့အသက်တာတွင် ဘုရားသခင်၏ခေါ်သံကို ကြားသိခဲ့သည့်အချိန်မှာ ဆယ်ကျော်သက်အရွယ်ခန့်က ဖြစ်သည်။ ကျွန်ုပ်အား ခရစ်တော်ထံပို့ဆောင်ခဲ့သည့် အသင်းတော်ရှိ လူငယ်အစီ စဉ်တွင် သက်သေခံဝေငှရန် ကျွန်ုပ်အခွင့်ထူးရခဲ့သည့်အချိန်ဖြစ်သည်။ သင်းအုပ်ဆရာသည်လည်း ကျွန်ုပ်တို့နှင့် အတူ ရှိနေခဲ့ပါသည်။ အစီစဉ်ပြီးသွားသည်နှင့် ဆရာက “ဒီရက်ခ်အမှုတော်လုပ်ငန်းနဲ့ ပတ်သက်ပြီး မင်းစဉ်းစားဖူး လား” ဟု ကျွန်ုပ်အား မေးခဲ့သည်။ သို့သော်လည်း အသက် ၁၆ အရွယ်မျှသာရှိသေးသည့် ကျွန်ုပ်အနေနှင့် သာသနာ နှင့် ပတ်သက်သည့် အတွေးမျိုးကို တွေးရန်မှာ အလွန်ငယ်သေးသည်ဟု မိမိကိုယ်ကို ထင်မှတ်ခဲ့သည်။ သို့သော်လည်း ကျွန်ုပ်ကြားလိုက်ရသည့်မေးခွန်းမှာ ကျွန်ုပ်ကိုယ်ကို မေးနေခြင်းမဟုတ်၊ သင်းအုပ်ဆရာ ကိုယ် တိုင်က အနက်ထား မေးမြန်းနေခြင်းဖြစ်သည်။ သင်းအုပ်ဆရာ၏မေးခွန်းက သာသနာပြုလိုသော ကျွန်ုပ်၏ စိတ်ကို ပိုမိုနိုးထ စေခဲ့သည်။ နိုင်ငံတစ်ဝမ်းလှည့်ပတ်နေထိုင်ရင်း တက္ကသိုလ်ကျောင်းသားဘဝသို့ ရောက်လာခဲ့ သည့် အချိန်ထိ ထိုမေးခွန်းကို ကျွန်ုပ်မမေ့နိုင်ခဲ့ပေ။ ထိုသို့ဖြင့် အမှုတော်မြတ်တွင် အားပေးမှုကြောင့်သော်လည်း ကောင်း၊ အခွင့်အရေးများ ပိုမိုရရှိလာခဲ့ရာ သာသနာပြုရန်ထားရှိသည့် စိတ်မှာလည်း တဖြည်းဖြည်းနိုးထ လာခဲ့ သည်။ တက္ကသိုလ် နောက်ဆုံးနှစ်သို့ ကျွန်ုပ်ရောက်လာသောအခါတွင် ကျွန်ုပ်၏မိခင်အသင်းတော်ထံသို့ ဘုရား သခင်၏ ခေါ်ဆိုခြင်းနှင့် ပက်သက်၍ ကျွန်ုပ်အပေါ် ၄င်းတို့၏အမြင်ကို စာဖြင့် ရိုးသားစွာ မေးမြန်းခဲ့သည်။ သို့နှင့် အသင်းတော်ရှိ ခေါင်းဆောင်များက ဘုရားသခင်သည် ကျွန်ုပ်အား ခေါ်သည်မှာ သေချာပါသော်လည်း၊ မည် သည့်အချိန်တွင် အစပြုရမည်ကိုတော့ ၄င်းတို့မသိကြောင်းနှင့် လူငယ်များအကြား၌ အစပြုသင့်ကြောင်း စသည်ဖြင့် စာပြန်ခဲ့ကြသည်။ မယုံကြည်သူ မိသားစုမှ မွေးဖွားလာသည့် ကျွန်ုပ်ကို တတိယနှစ်၌ သမ္မာကျမ်းစာ ကျောင်းတက်ရောက်ရန် မိဘများက သဘောတူညီခဲ့ကြပါသော်လည်း၊ အမှုတော်မြတ်တွင် ပါဝင်မည်ဟု ဆိုသော အခါ လုံးဝဆန့်ကျင်လာခဲ့ကြသည်။ ထို့ကြောင့် ယောက်ျားလေးများသာ တက်ရောက်ခွင့်ရှိသော ကျောင်းတွင်၊ သမိုင်းနှင့် ဘာသာတရားကြီးများ၏ နောက်ခံသမိုင်းအချို့ကို သုံးနှစ်တိုင်တိုင်သင်ကြားပေးခဲ့ပါသည်။ ထိုအတော အတွင်း တရားဒေသနာ ဝေငှခွင့်များစွာရရှိခဲ့သည့်နည်းတူ ကျွန်ုပ်ပြောင်းလဲခဲ့သည့် အသင်းတော်တွင်လည်း အသင်းတော်လူကြီးအဖြစ် ခန့် အပ်ခြင်းခံခဲ့ရသည်။ ဦးဆောင်မည့်သင်းအုပ်ဆရာ လစ်ဟင်းနေသည့်အချိန်၌ အသင်းတော်ရှိ သင်းတော်လူကြီး တစ်ဦးသည် ဆုတောင်းအစည်းအဝေးတစ်ခုအပြီး ကျွန်ုပ်ထံလာပြီး၊ ၄င်းနှင့် အခြားအသင်းတော်လူကြီးများ အားလုံးဆုံးဖြတ်ချက်ချသည်မှာ ကျွန်ုအား ထိုအသင်းတော်၏ သင်းအုပ်ဆရာ တာဝန်ယူရန် ပေးသွားရန်နှင့် သင်းဝင်များကိုလည်း တိုင်ပင်သွားကြမည်ဖြစ်ကြောင်း၊ ကျွန်ုပ်အနေနှင့် လက်ခံနိုင် မည်လား ဆို၍လည်းကောင်း ပြောလာရာ ကျွန်ုပ်အလွန်အံ့သြခဲ့ရသည်။

သင်းအုပ်ဆရာအရာဖြစ်ခြင်းသည် အလွန်ခက်ခဲပါသည်ဟူ၍ ပြောရမည့် အချိန်အခါများစွာရှိပါသဖြင့်၊ ဝိညာဉ်များ၏ရန်သူသည်လည်း “အခုမင်းလုပ်နေတဲ့အလုပ်က မင်းလုပ်ရမယ့်အလုပ်ဆိုတာ သေချာပြီလား။ အမှု တော်မြတ်မှာ မင်းပါဝင်ဖို့ဆိုတာ လုံးဝသေချာလား” ဟူ၍ မေးခွန်းများကို တီးတိုးပြောနေတတ်သည်။ အသင်း တော်၏ ခေါင်းဆောင်များ၏ထောက်ခံအားပေးမှု၊ အတည်ပြုမှုတို့က သာသနာပြုရန် ဘုရားသခင်၏ ခေါ်ဆိုခြင်း အပေါ်ထားရှိသည့် ကျွန်ုပ်၏ယုံကြည်ခြင်းကို များစွာခွန်အားဖြစ်စေပါသည်။ ထို့ပြင် အသင်းသားများ၏ ဖိတ်ခေါ် မှုများသည်လည်း ထိုနည်း၄င်းပင် ဖြစ်ပါသည်။ ထိုကဲ့သို့သော အတည်ပြုဖိတ်ခေါ်မှုမျိုးကို ဘုရားသခင်၏ခေါ်ဆို ခြင်းအား လက်ခံရန် အတွေ့အကြုံများအဖြစ် သင်းအုပ်ဆရာတိုင်းနှင့် ဓမ္မဆရာများတွေ့ကြုံကြစေရန် ကျွန်ုပ် ဆန္ဒရှိပါသည်။ အကြောင်းမှာ ထိုကဲ့သို့သော အတည်ပြုပေးခြင်းသည် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ ခေါ်ဆိုခြင်း နှင့်ပတ်သက်၍ သံသယကင်းသော တန်ခိုးမျိုးကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။

ကျွန်ုပ်တို့ကြည့်ခဲ့ပြီးသည့် ရှင်ပေါလုနှင့် ဗာနဗတို့၏သာသနာပြုသည့် ခရီးစဉ်သည် လွယ်ကူချောမွေ့မှု တွေမရှိသည်ကို သူတို့ကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်းခဲ့ကြရသည်။ ရှင်ပေါလုနှင့် ဗာနဗတို့ “ငါတို့ကိုယ် ငါတို့ ရွေး ချယ်ပြီး ထွက်လာတာလား။ အဲဒီလိုဆိုရင်တော့ ဒီလိုပြဿနာတွေနဲ့ ငါတို့တွေ ကြုံရတာထိုက်တန်ပါတယ်။ ဒါပေမယ့်၊ အခုက ဘုရားသခင်ကိုယ်တိုင်ခေါ်ဆိုပြီးတော့၊ ယုံကြည်သူတွေရဲ့ အထပ်အရပ်က ဉာဏ်ပညာနဲ့ ဆုံး ဖြတ်အတည်ပြုခဲ့ကြတာဘဲ မဟုတ်လား” (တမန်၊ ၁၃း၁ မှစ၍) ဟူ၍ တွေးနေမိကြမည်သာ ဖြစ်သည်။

ဘုရားသခင်၏ခေါ်ဆိုခြင်း၌ သံသယစိတ်များရှိနေမည်ဆိုလျှင်၊ ရှေ့ဆက်မသွားလိုက်ပါနှင့်။ အကြံဥာဏ် များကို အမြဲဘဲ ရယူပါ။ ထိုကဲ့သို့ သံသယရှိနေရခြင်းမှာ ဘုရားသခင်၏ခေါ်ဆိုခြင်းသည် အစစ်အမှန်မဟုတ်သည် လည်း ဖြစ်နိုင်သည် (သို့) အချိန်မတန်သေးသည်လည်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့အနေနှင့် လုပ်ဆောင်ရန် စိတ်ချ သေချာမှုရှိမှသာလျှင် ရှေ့ဆက်သွားသင့်ပါသည်။ သို့မဟုတ်ပါက အမှုတော်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ဘဝ များအပြင် - အခြားသူများစွာ၏ဘဝများနှင့် ဆက်နွယ်နေသောအလုပ်ဖြစ်နေသောကြောင့် မဟုတ်ပါလား။


အကောင်းဆုံး သင်တန်း အမျိုးအစား

ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံရသည်ဟု သေချာသိနေသော သူတစ်ဦးသည် အကောင်းဆုံးသော ပြင် ဆင်မှုကို ရှာဖွေမည်ဖြစ်သည်။ အတွေ့အကြုံများအရ ခေါ်ဆိုခြင်းခံသောသူ အားလုံးကို သင်တန်းနှင့်ပတ်သက်၍ တူညီသောလမ်းစဉ်များကို ဘုရားသခင်အသုံးမပြုတတ်သည်မှာ သိသာထင်ရှားလှပါသည်။ တစ်စုံတစ်ဦးအနေ နှင့် သင်တန်းလုံးဝတက်ရောက်ခြင်းမရှိပါသော်လည်း ၄င်းတာဝန်ယူနိုင်သည့် (တစ်ခါတစ်ရံ သတိပင်မထားတတ်) နေရာ၌သော်လည်းကောင်း၊ မိခင်အသင်းတော်၌သော်လည်းကောင်း ဖြစ်နေတတ်သည်မှာ သိသာထင်ရှားလှပါ သည်။

ကျမ်းစာကျောင်းတွင် တက်ရောက်သင်တန်းယူခြင်းသည်လည်း သူ၏လူကို ပြင်ဆင်ရန် ဘုရားသခင် တ နည်းတဖုံ အသုံးပြုပါသည်။ ထိုသို့သော နေရာမျိုးသည် ဝိညာဉ်ပိုင်းဆိုင်ရာ အသက်တာကို ခြောက်သွေ့စေတတ် သည်။ မိတ်ဆွေဖွဲ့သောသူများ၏ ပြောဆိုနေထိုင်ပုံနှင့် တိုက်တွန်းနိုးဆော်မှုတို့သည် သတိထားရမည့် အရာများ ဖြစ်လာကြသည်။ ဤသို့သော ကျမ်းစာကျောင်းများသည် ပြင်ဆင်ရန်အတွက် နှုတ်ကပတ်တော်က သွန်သင်သည့် နေရာမှန်မဟုတ်လည်း၊ တစ်နည်းတစ်ဖုံ ဘုရားသခင် အသုံးပြုတတ်ပါသည်။ အချို့သူများအတွက်ဆိုလျင် ကျမ်း စာကျောင်း (ကောလိပ်)တို့၌ချပေးသော သင်ခန်းစာများကို သင်တန်းတစ်ခုအဖြစ်ယူကာ အသက်တာကို ပြင်ဆင် တတ်ကြပေသည်။ အဖွဲ့အစည်းများကို အလေးပေးမှုများရှိသည့် အသိုင်းအဝိုင်းတွင်လည်း အယောက်စီတိုင်း သင်တန်းတတ်ရောက်နိုင်ရန်တွက် ကျမ်းစာကျောင်းများ ရှိနေတတ်ပါသည်။

ဤအရာများကိုသာ ရွေးချယ်ရန် ရှိသည်မဟုတ်။ စာပေးစာယူအားဖြင့်သော်လည်းကောင်း၊ ရက်တိုအ ချိန်ပြည့် သင်တန်းများတက်ရောက်ခြင်းအားဖြင့်သော်လည်းကောင်း စသည်ဖြင့် ရွေးချယ်စရာများရှိနေပါသေး သည်။ ဤသို့သော သင်တန်းအမျိုးအစားများသည် အထူးသဖြင့် အသက်ကြီးသောသူများ၊ မိသားစုအတွက် တာ ဝန်များနေသူတို့အတွက် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသို့သော သင်တန်းများအတွက် အချိန်များကို စနစ်တကျ ခွဲခန့်လိုက်လျှောက်နိုင်ရန် အလွန်အရေးကြီးပါ၏။ မိမိကိုယ်ကို ပြင်ဆင်ရန် ဖြစ်နိုင်ချေရှိသည့် နောက်တစ်နည်းမှာ သင်းအုပ်ဆရာတစ်ဦးဦး၏နောက်သို့လိုက်ရင် အကူအညီပေးခြင်းအားဖြင့် ဖြစ်သည်။ ထိုသို့သော အခြေအနေ မျိုး၌ လူတစ်ဦးအပေါ် ဘုရားသခင်၏ခေါ်ဆိုခြင်းအား အကောင်းမွန်ဆုံးစစ်ဆေးစမ်းသပ်နိုင်မည် ဖြစ်သည်။ ထို့ ပြင် မနက်ပိုင်းအချိန်များကို ကျမ်းစာကျောင်းတစ်ကျောင်းမှပို့ချသော သင်ရိုးများကို လေ့လာဖတ်ရှုရင်း၊ ဒီပလိုမာ ဘွဲ့များကို လက်လှမ်းမှီသလောက် ပြုလုပ်နိုင်ပါသည်။ တစ်ယူသန်လွန်းသည့် စိတ်နေသဘောထားများအား မိမိ ကိုယ်ကို ပြင်ဆင်နေစဉ်အတွင်း နေရာလုံးဝမပေးသင့်ပါပေ။ ကျွန်ုပ်တို့၏ကိုယ်စီဘဝအခြေအနေများအရ ကျွန်ုပ် တို့၏ ပြင်ဆင်မှုများသည်လည်း ပုံစံကွဲသွားနိုင်ပါသည်။ သို့သော်လည်း မိမိကိုယ်ကိုပြင်ဆင်သင်တန်းယူရန် မရှိ မဖြစ်လိုအပ်သည့် အချက်တစ်ချက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သင်တန်းအား ရွေးချယ်ခြင်းမျိုး မပြုလုပ်ဘဲ၊ ဝိညာဉ်ပိုင်း၌ မိမိထက် ပိုမိုရင့်ကျက်သော သူများ၏ အကြံပေးတိုင်ပင်မှုများ အောက်၌သာ ရွေးချယ်ရမည်ဟူသည့် အချက်ဖြစ်သည်။


သာသနာပြုတစ်ဦး၏ စိန်ခေါ်မှု

သာသနာပြုသူတစ်ဦးအဖြစ်တို့ ခေါ်ဆိုခြင်းမှာ သာသနာပြုမည့်သူတစ်ဦး ရင်ဆိုင်ဖြတ်သန်းရမည့် စိန်ခေါ် မှုဆီသို့ ဆက်လက်ကြည့်ရှုကြပါမည်။ “သာသနာပြု” (minister) ဆိုသည့် စကားလုံးမှ အစပြုရန် အသင့်တော် ဆုံးဖြစ်ပါလိမ့်မည်။ ဆိုရမည်ဆိုလျှင် “သာသနာပြု” ဆိုသည်မှာ တာဝန်ယူပြုစုသူဟု အနက်ရပြီး - အစေခံကျွန် တစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ခရစ်ယာန်ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး မှတ်ချက်တစ်ခုမှာ ခေါင်းဆောင်ဆို သည်မှာ သခင်မဟုတ်၊ အစေခံကျွန်တစ်ဦးမျှသာ – သူ၏တပည့်တော်များ၏ ခြေထောက်ကို ဆေးကြောသန့်စင် ပေးခဲ့သည့် သခင်၏ပုံဥပမာကို လိုက်သောသူဖြစ်သည်ဟု ဆိုပါသည်။ ဤအချက်သည် သာသနာပြုခြင်းနှင့် ပတ် သက်၍ ရာထူးဂုဏ်ဖြစ်သည်ဟု မှတ်ယူခြင်းမဟုတ်ဘဲ ဝိညာဉ်ဆုကျေးဇူးဖြစ်သည်ဟုဆိုရသည့် အကြောင်းအ ရင်းကောင်း ဖြစ်သည်။ ကောရိန္တုမြို့ရှိ ခရစ်ယာန်ယုံကြည်သူများသည် ခရစ်တော်နှင့် မည်သို့ ဆက်နွယ်မှုရှိသည် ဆိုသည်ထက် ဘုရားသခင်ပေးထားသော အစေခံကျွန်များဖြစ်ကြသည့် ရှင်ပေါလု၊ အာပေါလုနှင့် ကေဖတို့နှင့် မည်သို့မည်ပုံ ဆက်နွယ်သည်ဟူသည့် အရေးပေါ်တွင် သာ၍အလေးပေးရန် လှည့်ဖြားခံခဲ့ကြရသည်။ ဤသည်နှင့် ပတ်သက်၍ ရှင်ပေါလုက “ပေါလုကား အဘယ်သူနည်း၊ အာပေါလုကား အဘယ်သူ နည်း” ဟူသည့်မေးခွန်းကို မေးရင်း “အခြားသောသူမဟုတ်၊ ထာဝရဘုရား သည် အသီးအသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့်အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသောဓမ္မဆရာပေတည်း”ဟု တန်းတူအဆင့်သာ ရှိကြကြောင်းကို ဆက် လက်ပြောပြခဲ့သည် (၁ကော၊ ၃း၅)။ “သာသနာပြု” ဆိုသည့်စကားလုံးကို ယနေ့ခေတ်အခါ အနှုန်းဖြင့် ရှုမြင်လျှင် ရာထူးနေရာ တစ်ခုအလား မှတ်ယူကြရာ လေးစားကြည်ညို ဖွယ်ကောင်းသောစကားလုံးတစ်လုံး ဖြစ်နေခဲ့ချေပြီ။ သို့သော်လည်း ဤစကားလုံးကို ဓမ္မသစ်ကျမ်း၌ အောက်ကျို့အစေခံသောသူကို ဆိုလိုသည်။ ယနေ့ခေတ်နှင့် နှိုင်း ယှဉ်လျှင် စားပွဲထိုးတစ်ဦးကဲ့သို့ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ၁၈ ရာစု အနှောင်းပိုင်းမှစ၍ ၁၉ ရာစု အစပိုင်းထိ စကော့တလန်နိုင်ငံ၌ ဂျိမ်းစ်ဟဲလ်တန်သည် ညီဖြစ်သူ ရိုဘက်နှင့်အတူ ဝိညာဉ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့ကြသည်။ ထိုပုဂ္ဂိုလ်နှစ်ဦး၏ သင်းအုပ်တာဝန်ထမ်းဆောင်လာပုံကို အေဒါန်ဘတ် အသင်းတော်၏ သင်းအုပ်ဆရာက “ဂျိမ်းစ်ဟဲလ်တန်ဟာဆိုရင် လူအားလုံးရဲ့အစေခံဖြစ်ဖို့ ဆန္ဒရှိခဲ့ သူပါ၊ ဒါကြောင့်လည်း ဘုရားသခင်အသုံးပြုခဲ့တာပေါ့” ဟူ၍ ရေးသားခဲ့သည်။ အစိုးရခြင်းမဟုတ်၊ အစေခံခြင်း သည် သာသနာပြုသူတစ်ဦး ရင်ဆိုင်ရမည့် စိန်ခေါ်မှုပင် ဖြစ်ပါသည်။

သမ္မာကျမ်းစာတွင် တွေ့မြင်ရသည့် သခင်ယေရှု၏ထင်ရှားသော ပုံဥပမာမှာ ဘုရားသခင်၏ အစေခံကျွန် တစ်ဦးကဲ့သို့ဖြစ်သည်။ ဘုရားသခင်၏လူများကို ကိုယ်တော်ရှင်၏လမ်းစဉ်အတိုင်း သင်ကြားဦးဆောင်ကြရမည် ဖြစ်သောကြောင့် အစေခံခြင်းအားဖြင့် ပုံသက်သေပြခဲ့သည့် ကိုယ်တော်၏ပုံသက်သေအတိုင်း ကျွန်ုပ်တို့သည် လည်း လိုက်လျှောက်ကြရမည်ဖြစ်သည် (၁ပေ၊ ၂း၂၁)။

သာသနာပြုမည့်သူတစ်ဦး၏စိန်ခေါ်မှုကို ဧဖက် ၄း၁၁ တွင် လိုရင်းတိုရှင်း ဖော်ပြပေးထားသည်။ ရှင်ပေါ လုက “လူအချို့တို့ကို တမန်အရာ၌၄င်း၊ အချို့တို့ကို ပရောဖက်အရာ၌၄င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာ အရာ၌၄င်း၊ ခန့်ထားတော်မူ၏”ဟု ရေးသားထားသည်။ ဤကျမ်းပိုဒ်သည် ၁ကော၊ ၁၂း၂၈ နှင့် ကျမ်းယှဉ်ဖြစ် သည်။ ဧဖက် ၄ တွင် ဖော်ပြထားသည့် သင်းအုပ်အရာနှင့် ဆရာအရာဆုကျေးဇူးတို့သည့် အသင်းတော်၏  ကြီးထွားမှုနှင့် တိုက်ရိုက်ဆက်နွယ်နေသည်။ “သင်းအုပ်ဆရာ” ဆိုသည့် စကားလုံးကို “သိုးထိန်း” ဟူ၍ ကိုက်ညီ စွာ ဘာသာပြန် ဆိုနိုင်ပါသည်။ အကယ်စင်စစ် ခရစ်တော်၌ ရွေးနှုတ်ထားသော လူတစ်စုတို့၏ကြီးထွားပါမည် အကြောင်း ဘုရားသခင်၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် သင်းအုပ်ဆရာနှင့် ဆရာအရာစသည့် ဆုကျေးဇူးတို့ကို ဖော်ပြထားခြင်းဖြစ်သည်။ “ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၄င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၄င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့် သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။” (ဧဖက်၊ ၄း၁၃)။ ကျွန်ုပ်တို့၏ သခင် ခရစ်တော်သည် ကြီးမြတ်တော်မူသော ဆရာတပါးနှင့် သိုးထိန်းကြီးဖြစ်သည့်နည်းတူ ကျွန်ုပ်တို့တစ်ဦးချင်းစီ တိုင်းလည်း ကိုယ်တော်၏အစား ဆက်လက်ထမ်းဆောင်ရန် မိန့်မှာတော်မူခဲ့သည် (ယော၊ ၂၁း၁၅)။ အသင်း တော်၌ ခရစ်တော်၏ သာသနာပြုခြင်းကို သင်းအုပ်ဆရာနှင့် ဆရာတို့က လက်ဆင့်ကမ်းထမ်းရွက်ရသည်။

ခရစ်တော်နှင့် ကိုယ်တော်၏လူများ၏အစေခံဖြစ်သော သာသနာပြုသူတစ်ဦးသည် ရှေးဦးစွာ သိုးထိန်း တစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသို့ဆိုရာတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သိုးစုများ၏ အခြေအနေကို ကောင်းမွန်စွာ သိထားရပါမည် (ယော၊ ၂ဝ တွင် တွေ့ရသည့်အတိုင်း မည်သည့်သိုးက နုနယ်ပြီး၊ မည်သည့်သိုးများ က ရင့်ကျက်ခြင်းသို့ ရောက်ပြီဟူ၍)။ အခွင့်အခါသင့်လေတိုင်း အသင်းဝင်များကို အားပေးခြင်း၊ နှစ်သိမ့်ပေးခြင်း၊ ဆုံးမသတိပေးခြင်းတို့အား ပြုလုပ်နိုင်ရန်အတွက် ၄င်းတို့နှင့်အတူ ကျွန်ုပ်တို့အစဉ်ရှိနေရပါမည် (၁သက်၊ ၂း၁၂၊ တမန်၊ ၂၀း၃၁)။ အထက်ဖော်ပြပါ ဆုကျေးဇူးနှစ်ခုလုံးသည် အချိန်အသီးသီး၌ အရေးပါကြသည်။ ကိုယ်တော်၏ နိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့သွေးဆောင်ခံတော်မူသောသူများ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင် စိမ့်ငှါ ဤဆုကျေးဇူးများကို ကျွန်ုပ်တို့ အသုံးပြုကြရမည် ဖြစ်သည် (၁သက်၊ ၂း၁၂)။

ခရစ်တော်နှင့် ကိုယ်တော်၏လူများ၏အစေခံဖြစ်သော သာသနာပြုသူတစ်ဦးသည် ဒုတိယအနနှင့် သင် ကြားပို့ချပေးသော ဆရာဖြစ်သည်။ သိုးထိန်းတစ်ဦး၏အခြေအနေကို မျက်မှန်းဆွဲကြည့်လိုက်သည်နှင့် သိုးစုများ အတွက် စိမ်းလန်းသည့် စားကျက်လိုအပ်ပါသည်။ ထိုကဲ့သို့ပင် ဘုရားသခင်၏သိုးစုများသည်လည်း ခရစ်တော်၌ ရင့်ကျက်ကြီးထွားသော အသက်တာရရှိရန်အတွက် ကောင်းမွန်သော နှုတ်ကပတ်တော်စားကျက်ဖြစ်သည့် နှုတ် ကပတ်တော်အတိုင်း ဆုံးမသွန်သင်ခွန်အားပေးခြင်းများဖြင့် ကျွေးမွေးပေးရန် လိုအပ်ပါပေသည်။ ကောင်းမွန် သော သိုးထိန်းတစ်ဦးသည် သူ၏သိုးစုများကို ကောင်းမွန်မှန်ကန်သော သင်ကြားပို့ချပေးခြင်းအားဖြင့် စိမ်းလန်း သောစားကျက်ဆီသို့ အစဉ်ဦးဆောင်လျက် ရှိသည်။

ဧဖက် ၄ တွင်တွေ့ရသည့် လုံလောက်သောအခြေခံဖော်ပြချက်ကို ဓမ္မသစ်ကျမ်း၌ အခြားသော ပုံစံအမျိုး မျိုးဆက်လက်ပုံဖော်ပေးထားသည်။ ဖခင်တစ်ဦးကဲ့သို့ သူ၏ကလေးများကို အကောင်းဆုံးနှင့်အမြင့်ဆုံးကို မျှော် မှန်းနိုင်ရန် ခွန်အားပေးခြင်းများကို ပြုလုပ်ပေးသူဖြစ်သည် (၁သက်၊ ၂း၁၁၊၁၂)။ ထို့ပြင် မိခင်သဖွယ် သား သမီးများကို နူးညံ့သိမ်မွေ့ခြင်းအမှုကို ဦးဆောင်သွန်သင်ရမည့်သူဖြစ်သည် (၁သက် ၂း၇)။ ဘုရားသခင်၏ သတင်းကောင်း အလုံးစုံကို သင်းဝင်များအား ဝေငှလိုရုံသာမက၊ အသက်ပေးသည်အထိ အသင်းသားများအပေါ် မေတ္တာထားရ မည့်သူဖြစ်သည် (၁သက်၊ ၂း၈)။ အသင်းသားတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ၊ အသင်းသား တို့၏ ဝန်ထုပ်ဝန် ပိုးများကို ပခုံးထမ်းကူညီပေးသူ ဖြစ်သည် (၁သက်၊ ၂း၉)။ မိမိကိုယ်ကိုမိမိ ကင်းစောင့်သော သူတစ်ဦးကဲ့သို့ ရှုမြင်ရပါမည် (ယု၊ ၃၊ တမန်၊ ၂၀း၂၈)။ ဘုရားသခင်၏သိုးစုများကြားတွင် “သိုးယောင်ဆောင် သော ဝံပုလွေ” အမြဲရှိနေရာ၊ အခွင့်အခါရှိလေတိုင်း သိုးများကို ထိခိုက်ဖျက်ဆီးဖြစ်ရန် ဝန်မလေးတတ်ကြပေ (တမန်၊ ၂၀း၂၉)။


ခေါ်ဆိုခြင်းအား ဆက်လက် သက်သေပြနေသည့် အချက်များ

ကျွန်ုပ်တို့အား ဘုရားသခင်၏ စစ်မှန်သောခေါ်ဆိုခြင်းအတွက် သိသာထင်ရှားသည့် သက်သေများ ရှိပါ သည်။ ဦးစွာပထမ၊ ကျွန်ုပ်တို့လက်ခံရရှိထားသော ဆုကျေးဇူးအားလုံးသည် ကျွန်ုပ်တို့၏ ပိုင်ဆိုင်သောအရာများ မဟုတ်ကြောင်း၊ ခရစ်တော်နှင့်ရွေးကောက်ထားသော သူ၏လူများအတွက် ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ဘက်မှ ထို ဆုကျေးများကို သစ္စာရှိစွာဖြင့် အမျိုးမျိုးအသုံးပြုသွားရမည်ဖြစ်ကြောင်းစသည်တို့ကို သိနားလည်ရပါမည် (၁ပေ ၄း၁၀-၁၁)။ ကျွန်ုပ်တို့ ရရှိသော ဆုကျေးဇူးများသည် ဘုရားသခင်ထံမှယုံကြည်စိတ်ချ၍ ရရှိသောအရာများဖြစ် သည်ဟူ၍ လေးစားတန်ဖိုးထားရမည် ဖြစ်သည်။

ဒုတိယအနေနှင့် ကျွန်ုပ်တို့အား ဘုရားသခင်သည် သူ၏သတင်းကောင်းအတွက် ယုံကြည်စိတ်ချထားသ ကဲ့သို့ (၁သက်၊ ၂း၄) ကျွန်ုပ်တို့သည် ပြောသည့်အတိုင်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို အသက်တာ တွင် ကိုယ်တိုင်လုပ်ဆောင်ကြရမည် (၁ပေ၊၄း၁၁)။ ကျွန်ုပ်တို့၏အတွေးအခေါ်ထင်မြင်ချက်များအား ဝေငှခြင်း မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ထွက်စကားကို လူသားများ၏အသက်တာတွင် ထည့်သွင်းပေးရန် ဆန္ဒရှိကြမည် ဖြစ်သည်။ ကျွန်ုပ်တို့၌ အခွင့်အဏာရှိရန်မဟုတ်တော့ဘဲ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ခေါ်သည်ဟူသည့် စိတ်ချ သေချာခြင်း နှင့်အတူ စစ်မှန်သော ကျွန်ုပ်တို့အားပေးအပ်သည့် သာသနာကိုသာ ဦးစားပေးချင်မည်ဖြစ်သည်။

တတိယအနေနှင့်ကျွန်ုပ်တို့သည် လူသားများထက် ဘုရားသခင်ကို သာ၍နှစ်သက်စေရန် ကြိုးစားကြမည် (၁သက်၊ ၂း၄)။ ဆိုလိုသည်မှာ လူသားများ၏ချီးကျူးမှုများကို ရှာကြံမည်မဟုတ်။ ဘုရားသခင်ရွေးချယ်ထားသော ယုံကြည်သူများ၏ ချီးကျူးဂုဏ်ပြုခြင်းများကို ပမာမခန့်ပြုခြင်းမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့ရှာဖွေသည့် အဓိကအရာ မှာ လူသားတို့၏ချီးမြောက်ခြင်းမဟုတ်သကဲ့သို့ ၄င်းတို့သည် ကျွန်ုပ်တို့အား အမှုတော်မြတ်၌ တွန်းအားပေးသည့် အရာများလည်း မဟုတ်ပါပေ။ ထိုကဲ့သို့ နားလည်သဘောပေါက်ခြင်းကို သာသနာပြုစကတည်းက သိရှိခွင့် ရခဲ့ သည်ဆိုလျင် ဘုရားသခင်၏ကြီးမားသော ကောင်းကြီးမင်္ဂလာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဒေါက်တာ ဒပလျူ၊ အီးဆန်းစတား၏ပထမဦးဆုံးစိန်ခေါ်မှုမှာ မြောက်ဘက်ဝေလနိုင်ငံရှိ အသင်းတော်နှစ်ပါးတွင် သင်းအုပ် လုပ် ဆောင်ရန် ဖြစ်သည်။ ပထမအသင်းတော်၏အမည်မှာ စိန့်ဂျွန်အသင်းတော်ဖြစ်ပြီး ဝေလနိုင်ငံသားအများစုဖြင့် တည်ထောင်ထားသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ဒုတိယတစ်ခုမှာ ရဟိုးအသင်းတော်ဖြစ်ရာ အင်္ဂလိပ် လူမျိုးအများစုဖြစ်ကာ တည်ထောင်ထားသည်မှာ မကြာသေးပေ။ ရဟိုးအသင်းတော်၌ ၄င်းအား ကြိုဆိုခြင်း အ ခမ်းအနားတွင် အသင်းသားများအားလုံး အသစ်ရောက်လာသည့် သင်းအုပ်ဆရာမှာ မည်သို့ဖြစ်သည်။

ဤသို့ဖြစ်သည်ဟူ၍ စိတ်လှုပ်ရှားစွာ ထင်ကြေးပေးနေကြသကဲ့သို့၊ ဌာနအသီးသီးမှ ခေါင်းဆောင်များ သည်လည်း သူ့အားမည်သို့ မျှော်လင့်ထားကြောင်း တစ်ယောက်ပြီးတစ်ယောက် လာပြောကြပြန်သည်။ သူလုပ် ဆောင်ရမည့် အခန်းကဏ္ဍကိုသာ အာရုံစိုက်လုပ်ဆောင်သွားပါက ဘုရားသခင်ဘုန်းတော်ထင်ရှားမည်ဟူ၍ တဖုံ လာပြောကြသည်။ အမျိုးမျိုးသောပြောဆိုမှုများကြား ပြန်လည်တုန့်ပြန်ပြောဆိုခွင့်ပင် မရှိလိုက်ပါပေ။ သို့သော် လည်း နောက်ဆုံးတွင် အသက်အလွန်ငယ်ပါသေးသော်လည် ဆန်းစတားက မတ်တပ်ရပ်လိုက်ပြီး “ယုံကြည်သူ ညီအစ်ကိုတို့ရဲ့ အကြံပေးမှုတွေအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒီကလူတွေအားလုံးကို စိတ်ချမ်းသာစေ ဖို့ ကျွန်တော်ကြိုးစားသွားမှာပါ။ ဒါပေမယ့် ဘုရားသခင်ကို ကျေနပ်စေဖို့ ကျွန်တော် အဓိကကြိုးစားသွားမှာပါ” ဟု ရိုးရှင်းပြတ်သားစွာ ပြန်ပြောခဲ့သည်။ ထိုသို့ပြောပြီးနောက် ပြန်ထိုင်လိုက်ပြီး ထိုအစည်းအဝေးမှာ အဆုံးသတ် သွားလေတော့သည်။ (P. Sangster: Doctor Sangster; Epworth, p. 76f)

စတုတ္ထအနေနှင့် ကျွန်ုပ်တို့သည် ဘုရာသခင်ပေးထားတော်မူသော ခွန်အားနှင့်အတူ အရာရာ၌ ဘုရားသ ခင်၏ဘုန်းတော်ထင်ရှားစေရမည်ဆိုသည့် စိတ်ဆုံးဖြတ်ချက်နှင့် အမှုတော်ဆောင်မည် (၁ပေ၊ ၄း၁၁)။ အထူး သဖြင့် သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းနှင့် အပြစ်တင်ရန် ကင်းစင်ခြင်းတို့တွင် ကျွန်ုပ်တို့သည် ပုံသက်သေဖြစ်ရမည် (၁သက်၊ ၂း၁၀)။ ထို့ပြင် “စကားပြောဆိုခြင်း၊ ကျင့်ကြံပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနှင့် စင်ကြယ်ခြင်း အရာတို့ တွင် ပုံသက်သေပြရမည် (၁တိ၊ ၄း၁၂)။ ထို့သို့အားဖြင့် သူတပါးတို့သည် ကျွန်ုပ်၏အသက်တာတွင် တွေ့မြင်သင် ယူရသောအရာများကို ၄င်းတို့၏အသက်တာတွင် ယုံကြည်ခြင်းဖြင့် ကျင့်သုံးကာ ကိုယ်တော်၏ ငြိမ်သက်ခြင်း သည် ၄င်းတို့နှင့်အတူ ရှိနေမည်ဖြစ်သည် (ဖိလိ၊ ၄း၉)၊ ဤအချက်သည်ပင်လျှင် ကျွန်ုပ်တို့အား နောက်လာမည့် “အသက်တာ နှင့် အကျင့်စာရိတ္တ” အခန်း၏အရေးပါပုံကို မီးမှောင်းထိုးပေးနေသည်။












အခန်း ၂

အသက်တာ နှင့် အကျင့်စာရိတ္တ

ဤအခန်းတွင် မည်သည့်အရာများကြည့်ရှုသွားမည်ကို ကြိုတင်သိနေသည်ဆိုသည့် သင်ရဲ့အတွေးက ဤအခန်းကို မဖတ်ရှုဘဲ ကျော်သွားရန် လှည့်ဖြားစေနိုင်သည်။ ကျွန်ုပ်တို့ အများဆုံးပေးလေ့ရှိသည့် ဆင်ခြေမှာ သာသနာပြုရာ၌ လက်တွေ့ကျသော အရာများသည်သာ ကျွန်ုပ်တို့ အလျှင်အမြန် ကြည့်လိုသောကြောင့် ဟူ၍ ဖြစ်တတ်သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သိရှိနားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်မှုတို့တွင် ခြားနား သည့် အရာရှိနေတတ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် သိရှိထားပြီးသော အလွန်အရေးကြီးသည်ဆိုသည့် အချက် များကို ပြန်လည်သတိပေးရန် လိုအပ်တတ်ပါသည် (၂ပေ၊ ၁း၁၂-၁၅)။ ကျွန်ုပ်တို့ မည်သူမည်ဝါဖြစ်သည်ထက် ပိုမို လက်တွေ့ဆန်သောအရာ ဤလောကတွေ မည်သည့်အရာရှိနေအုံးမည်နည်း။ ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသ ခင်တောင်းခံတော်မူသော အသက်တာနှင့် အကျင့်စာရိတ္တတို့အား ရင်းနှီးပြီးသော အရာများသာဖြစ်သော ကြောင့် အရေးမကြီးပါဟု ကျွန်ုပ်တို့အား အယုံသွင်းရန် ကြိုးစားနေသူမှာ ကျွန်ုပ်တို့၏ရန်သူ မာရ်နတ်ပင်ဖြစ် သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဒူဒီတွင် သာသနာပြုကာ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးသွားခဲ့သူ ရိုဘတ်ပူရီ အမ်ချိန်နီဆိုသူက သာသနာပြုတစ်ဦး၏ အသက်တာနှင့်ပတ်သက်၍ အလွန်လျော်ကန်သည့် အချက် နှစ်ချက်ကို တင်ပြခဲ့ဖူးသည်။ “အသင်းသားတွေရဲ့ အရေးကြီးဆုံးလိုအပ်ချက်ကတော့ ကျွန်တော့်ရဲ့ အသက်တာ သန့်ရှင်းခြင်း ပါဘဲ။” ဒုတိယအချက် “သန့်ရှင်းသော သာသနာပြုတစ်ယောက်ရဲ့ အသက်တာဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ အလွန်ကြောက်စရာကောင်းတဲ့ လက်နက်ဖြစ်ပါတယ်။” ဟူ၍ ဖြစ်သည်။ သင်းအုပ် ဆရာတစ်ပါးဖြစ် သည့် ဒူဟန်ကလည်း သူ့မိန့်ခွန်းတစ်ခုတွင် “ကျွန်တော်တို့တွေဟာ အပေါ်ယံ ဝန်ခံယုံကြည်မှုတွေနောက်ကိုသာ လိုက်နေကြတဲ့သူတွေ မဟုတ်ဘဲ အသက်တာမှာ ခိုင်မာစွာပြသရမယ့်သူတွေ ဖြစ်တယ်” ဟု ဆိုခဲ့ဖူးသည်။ သင်းအုပ်အရာနှင့် ဆရာအရာကို ထမ်းဆောင် နေသော လူငယ်လေး တိမောသေကို ရှင်ပေါလုကလည်း “ဘုရား သခင်၏ လူ” ကဲ့သို့ ဟူ၍ သွေးဆောင်တိုက်တွန်းခဲ့ပါသည်။ (၁တိ၊ ၆း၁၁)။


ဦးစားပေး ပုံဥပမာ

မိမိလူတို့အား မည်သည့်အရာကိုမဆို ပြောဆိုသွန်သင်ရာတွင် သင်းအုပ်ဆရာနှင့် ဆရာတို့သည် ပုံဥပမာ ကိုပြကာ လိုက်လျှောက်ကြရန် ပြောပြဦးဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်၏လူများကို ထိထိရောက်ရောက် ဦးဆောင်သင်ကြားပေးရန် အသက်တာအားဖြင့် ပုံဥပမာပြခြင်းသည် လိုအပ်ပါသည်။ ရိုဘတ်တီးရာယ် (၁၆၄၂− ၁၇၁၆) ဆိုသူက အလွန် အကျုံးဝင်သည့် မေးခွန်းတစ်ခုကို “သာသနာပြုတွေရဲ့ စိတ်ဝိညာဉ်ဟာ လူတွေကြားမှာ အမြဲတမ်းမျိုးပွားစေတယ်မဟုတ်လား” ဟု မေးခဲ့ဖူးသည် (Thai's Works, 1810, Vol. 1, p. 250) ။ ၁၉ ရာစုတွင် များစွာအကျိုးပြုခဲ့သည့် ချမ်းသာကြွယ်ဝသော ခရစ်ယာန်ကုန်သည်ကြီးဂျွန်တိုတွန်ဆိုသူက ချာလ်စီမုန်၏ သာသ နာပြုစအချိန်တွင် “သင်၏အတွင်းဝိညာဉ်ကို အစဉ်တစိုက် ဂရိုက်စိုက်ပါ၊ အရာရာ၌ ချစ်ခြင်းမေတ္တာဖြင့် လုပ် ဆောင်နိုင်ပါစေ။ အထက်အရပ်ကို ထိုးတက်ဖို့ နိမ့်ချခြင်းဆိုတဲ့ မြေဆီလွှာထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်ထိုး စိုက်ထားဖို့လိုအပ်တယ်။ သင့်ကိုသင် အမြဲဂရုစိုက်စောင့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ သာသနာပြုသူရဲ့ ဖြစ်တည် ခြင်းထက် သူ့လူတွေရဲ့အသက်တာ ဘယ်သောအခါမှ မတိုးတက်နိုင်လို့ဘဲ” ဟု ရေးသားပေးပို့ခဲ့သည် (H.E. Hop kins: Charles Simeon of Cambridge, Hodder and Stoughton, p. 43f)။ သင့်လျော်မှန်ကန်သော ပုံဥပမာ များကို လိုက်လျှောက်ခြင်းသည် ဘုရားသခင်၏လူများအတွက် သတင်းကောင်းကို နာခံရန် ကူညီသော နည်းလမ်း တစ်မျိုးပင် ဖြစ်ပါသည် (၂သက်၊ ၃း၆၊၇)။

ထို့ပြင်၊ ကျွန်ုပ်တို့ ချမှတ်လိုက်လျှောက်သော ပုံပမာကို ခဏတာလိုက်လျှောက်ခြင်းမျိုးမဟုတ် သက်ဆုံး တိုင်အောင် စောင့်ထိန်းသွားကြရပါမည်။ ရှင်ပေါလုကလည်း ကောရိန္တုအသင်းတော်အပေါ် သူထားရှိသည့် စိတ် သဘောကို “သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏” ဟု ရေးသားသတိပေးခဲ့သည် (၁ကော၊ ၉း၂၇)။

အကျင့်စာရိတ္တ၏အရေးပါပုံကို ဝိညာဉ်ဆုကျေးဇူးများ၏အရေးပါပုံနှင့် တန်းတူအရေးပါကြောင်း ဓမ္မ သစ်ကျမ်းထဲတွင် ဖော်ပြထားသည်။ ဆိုရပါမည်ဆိုလျှင် ပို၍ပင် အရေးပါတန်ဖိုးထားရန် ဖော်ပြထားကြောင်း တွေ့ နိုင်ပါသည်။ ၁ တိ၊ ၃း၁-၁၃ နှင့် တိတု၊ ၁း၆-၉ တွင် ဖော်ပြထားသည့် သင်းအုပ်ဆရာများနှင့် သင်းထောက် လူကြီး တို့၏တစ်ဦးချင်း အရည်အချင်းများကို ဖော်ပြထားရာ “သင်ကြားပေးနိုင်ရမည်” ဆိုသည့် အရည်အချင်း (၁တိ၊ ၃း၂ ) နှင့် “စင်ကြယ်သော သြဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်း” ဆိုသည့် အရည်အချင်း (တိတု၊ ၁း၉) တို့မှ တပါး အခြားသောအရည်အချင်းမှန်သမျှသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၌ ရှိသင့်ရှိထိုက်သည့် အကျင့် စာရိတ္တများ နှင့် သက်ဆိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ သာသနာပြုတစ်ဦးစီတိုင်း၏ အသက်တာတွင် ဝိညာဉ်တော်၏ အသီးအပွင့်သည် ဝိညာဉ်ဆုကျေးဇူးများနှင့် တန်းတူအရေးပါပါသည်။ ၄င်းတို့နှစ်ခုအကြား တစ်ခုနှင့်တစ်ခု တိုက် ခိုက်မှုမျိုးမရှိပါ။ နှစ်မျိုးစလုံးအရေးပါကြသကဲ့သို့ အလွန်တန်ဖိုးကြီးသည့်အရာများလည်း ဖြစ်ကြသည်။ ထို့ ကြောင့် အကျင့်စာရိတ္တအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေသော သူ၏ (၁ပေ၊ ၄း၇-၉) ဝိညာဉ်ဆု ကျေးများသည်လည်း ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်မည်မဟုတ်ပါ (၁ပေ၊ ၄း၁၆)၊ တရားဟောဆရာ တစ်ဦး၏ ဆုကျေးဇူးများက ခရစ်တော်တန်ဖိုးကို သက်သေပြစေသကဲ့သို့ သူ၏ အသက်တာနှင့် အကျင့်စာရိတ္တ များက သူကြွေးကြော်နေသော တရား၏စစ်မှန်ကြောင်းကို ဖော်ပြပေးသည်။


အဓိက ပုံဥပမာ

အဓိက ကျွန်ုပ်တို့ ကြည့်ရမည့် ပုံဥပမာမှာ ကျွန်ုပ်တို့၏ သခင်ယေရှုခရစ်တော်ပင် ဖြစ်သည်။ သုံးနှစ်တာ အတွင်း သူ၏တပည့်တော်များနှင့်အတူ အချိန်သုံးသင်တန်းပေးခဲ့ရခြင်း၏ရည်ရွယ်ချက်မှာ ကိုယ်တော်၏ စစ်မှန် သော တရားဒေသနာကို ရရှိနိုင်ရန်နှင့် ကိုယ်တော်၏ပုံဥပမာကို တွေ့မြင်စေရန် ဖြစ်သည်။ တပည့်တော်များအား လုံးမည်သို့မည်ပုံ ပြုလုပ်ရမည်ကို နားဖြင့်ကြား၍ ကိုယ်တွေ့မြင်ခဲ့ကြသည်။ ယေရှုက သူ၏တပည့်တော်များကို အထပ်အိမ်ပေါ်တစ်နေရာ၌ ညစာအတူတကွ စားကြပြီးသည့်နောက် ၄င်းတို့ကို ခြေထောက်ဆေးပေးခဲ့ရာ တပည့် တော်များ အံ့ဩသွားခဲ့ကြသည်။ ထိုအပြုအမူကို ၄င်းတို့သည်လည်း လိုက်၍ အတုခိုးကာ ပြုလုပ်ရမည်လားဟု တွေးထင်ခဲ့ရသည့် အခြေအနေထိ ဖြစ်ခဲ့သည်။ ထိုအချက်ကို ကိုယ်တော်က သူ၏တပည့်တော်များအား “သင်တို့၌ ငါပြုသောအမှုကို နားလည်ကြသလား” ဟု တိုက်ရိုက်မေးခဲ့သည်။ ထို့နောက် ယေရှုရှင်က “ သင်တို့သည် ငါ့ကို အ ရှင်ဘုရားဟူ၍၄င်း၊ သခင်ဟူ၍၄င်း ခေါ်တတ်ကြ၏။ ထိုစကားသည် ဟုတ်မှန်သော စကားဖြစ်၏။ အကြောင်းမူ ကား သင်တို့ခေါ်ကြသည့်အတိုင်း ငါမှန်၏။ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်း ဖြစ်လျက် နှင့် သင်တို့၏ ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရမည်။ ငါသည် သင်တို့၌ ပြုသကဲ့သို့ သင်တို့သည် ပြုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။ ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ ကြီးမြတ်သည် မဟုတ်။ တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။ ဤအရာများကို သင်တို့သိ၍ သိ သည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏” ဟု ဆိုကာ အကြောင်းအရင်းကို သေချာစွာ ရှင်းပြပေးခဲ့သည်။

ကျွန်ုပ်တို့သခင်ယေရှု၏စံနမူနာမှာ သမ္မာသစ်ကျမ်းထဲတွင် အမြဲလိုတွေ့မြင်နိုင်ပါသည်။ နှိမ့်ချခြင်း၌ ပုံဥပ မာကို အံ့ဖွယ်ပြခဲ့သည့်အပြင်၊ ကိုယ့်အလိုမကြည့်ဘဲ အများသူအတွက် တွေးယူကိုယ်ချင်းစာတတ်သည့် အသက် တာကို လက်တွေ့ပြခဲ့သည် (ဖိလိ၊ ၂း၁-၁၁)။ ကိုယ်ကျိုးအတွက်သာကြည့်၍ အသက်ရှင်ခြင်းမျိုးမဟုတ်၊ မိမိ၏ အိမ်နီးချင်းမိတ်ဆွေများ၏အသက်တာ တိုးတက်ကြီးပွားစေရန် အသက်ရှင်ရမည်ကို ယေရှုရှင်သည် ပုံသက်သေ ပြ၍ အသက်ရှင်ခဲ့သည် (ရောမ၊ ၁၅း၃၊၄)။ တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံလက်ခံရမည်ကိုလည်း ကိုယ်တော် သည် ကျွန်ုပ်တို့၏ပုံဥပမာ ဖြစ်ခဲ့ပေ၏ (ရောမ၊ ၁၅း၇)။ စေတနာစိတ်သက်သက်ဖြင့် မိမိ၏အသက်တာကို အများ တွက် ပေးဆပ်အသက်ရှင်ခြင်း၏ပုံဥပမာလည်း ဖြစ်ပေသည် (၂ကော၊ ၈း၉)။ ကောင်းသောအရာတို့အတွက် ပေး ဆပ်ရင်းခံစားရသည့် ဆင်းရဲခြင်းဝေဒနာများကြားတွင် မည်သို့ သည်းခံဖြတ်သန်းရမည်ကို ကျွန်ုပ်တို့အား ပုံဥပမာ ပြခဲ့သည် (၁ပေ၊ ၂း၂၁)။ မေတ္တာဖြင့် တည်ဆောက်ရသည့်ဘဝကို မည်သို့ဆောက်တည်ရမည်ကိုလည်း ပုံဥပမာ ပြခဲ့သည် (ဧဖက်၊ ၅း၂)။ ဤအရာများသည် ကိုယ်တော်ရှင်၏ပုံဥပမာများစွာရှိသည့်အနက် အချို့သောအရာများ ကို ဖော်ပြပေးခြင်းဖြစ်သည်။


ခရစ်တော်၏ ပုံဥပမာအား သင့်တင့်လျောက်ပတ်စွာ တုန့်ပြန်ခြင်း

ခရစ်ယာန်များအားလုံး ခရစ်တော်၏ပုံဥပမာအတိုင်း လိုက်လျှောက်အသက်ရှင်ရန်အတွက် ဖိတ်ခေါ်ထား ပါသည် - ဤအချက်သည် တပည့်တော်ဖြစ်စေခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သင်းအုပ်များနှင့် ဆရာများ အနေနှင့် ထိုပုံဥပမာကို အထူးလိုက်လျှောက်ကြရမည်ဖြစ်သည်။ ထိုသို့အားဖြင့် အခြားသူများသည် ၄င်းတို့၏ ပုံဥ ပမာအတိုင်း လိုက်လျှောက်ကြခြင်းအားဖြင့် ခရစ်တော်နောက်လိုက်လျှောက်ခြင်း၏ကောင်းကျိုးများကို မြင်တွေ့ လာကြမည်ဖြစ်သည်။ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့် စင် ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သောအကျင့်၊ ချီးမွမ်းဖွယ်ကောင်းသော အကျင့်ရှိသမျှတို့ကို၄င်း၊ ပါရ မီတပါးပါး၊ ကောင်းသောသတင်းတပါးပါးနှင့် ဆိုင်သောအကျင့်တို့ကို၄င်း၊ နှလုံးသွင်းကြလော့ဟူ၍ ရှင်ပေါလုက ဖိလိပ္ပမြို့သားတို့အား တိုက်တွန်းသွေးဆောင်ရာတွင် “သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ ကြားမြင်ခဲ့ပြီးသမျှ တို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျင်၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့် မည်” ဟူ၍ ပြောဆိုတိုက်တွန်းခဲ့သည်။ ရှင်ပေါလု၏တိုက်တွန်းစကားများကို ရုတ်တရက်ကြည့်လိုက်လျှင် မာန်မာ နပါနေသည်ဟု ထင်ရပါလိမ့်မည်။ အကယ်စင်စစ် ထိုသို့မဟုတ်ပါ။ အနေရာတွင် သူသည် ခရစ်တော်၏ ပုံဥပမာ အတိုင်း လိုက်လျှောက်အသက်ရှင်ခြင်းသည် သူ၏အဓိကကျသော အလုပ်တစ်ခုဖြစ်သည်ဟု သိမှတ်လျက် သူ၏ အသက်တာအားဖြင့် သူ၏ယုံကြည်သူညီအစ်ကိုများအား ပုံဥပမာကောင်းကို ပြသခဲ့ခြင်းဖြစ်သည်။

ယုံကြည်သူတိုင်း၏ တာဝန်ဝတ္တရားမှာ တစ်ဦးနှင့်တစ်ဦးအပေါ် ပုံသက်သေပြလျက် တစ်ဦးနှင့်တစ်ဦး အ ကြား ချစ်ခြင်းမေတ္တာနှင့် ကောင်းသောအမှုတို့၌ တိုးပွားရန်ဖြစ်သည်။ ဤနေရာတွင် ခရစ်ယာန်ခေါင်းဆောင်တိုင်း ၌ မတူညီသည့် ဝတ္တရားများရှိကြသည်။ အပြင်လောကတွင်ပင် ပြောသည့်တိုင်း လုပ်သောသူတိုင်းများကို လေး စားကြသည်ဆိုလျှင် ခရစ်တော်နောက်လိုက်နေသော သူများထက် ပို၍လိုအပ်သောသူ ရှိတော့မည်မဟုတ်ပေ။ ခရစ်ယာန်ခေါင်းဆောင်များ အားလုံးပြည့်စုံသည်ဟူ၍ မရှိပါ၊ ထို့ပြင် ပြည့်စုံသောခေါင်းဆောင်တစ်ဦးကဲ့သို့ ဟန် ဆောင်ရန်လည်း မိန့်မှာထားခြင်းမရှိပါ။ သို့သော်လည်း ဘုရားသခင်၏လူများထံ ပုံသက်သေပြရန်အတွက် လျစ် လျူရှုရန် အကြောင်းမဟုတ်ဘဲ၊ ထိုကဲ့သို့ ပုံသက်သေပြနိုင်ရန်အတွက် ခရစ်တော်၏ကျေးဇူးတော်နှင့် တန်ခိုးတော် တို့သည် အဆင်သင့်ရှိနေပါသည်။

အပြစ်၏လှည့်ဖြားမှုအောက် ယုံကြည်သူတစ်ဦးကျရှုံးလေတိုင်း အခြားသူများကိုလည်း နာကျင်စေပါ သည်။ အပြစ်၏လှည့်ဖြားမှုအောက် ခရစ်ယာန်ခေါင်းဆောင်တစ်ဦး ကျရှုံးလေတိုင်း ပို၍များပြားသောသူများကို ထိခိုက်နာကျင်စေသည်။ သစ်ပင်ကြီးတစ်ပင် လဲပြိုလေတိုင်း သစ်ပင်ငယ်လေးများလည်း ပြိုလဲကြသကဲ့သို့ ဖြစ် သည်။ ထို့ကြောင့် ဤပုံဥပမာက ကျွန်ုပ်တို့အနေနှင့် ခေါင်းဆောင်အရာ၌ အလျင်အမြန်မဆုံးဖြတ်ရန်နှင့် တွန်း အား မပေးမိရန် အလေးအနက်ထားသတိပြုရမည်ဆိုသည်ကို မီးမောင်းထိုးပြနေသည်။ ထို့ကြောင့် ခေါင်းဆောင် နေရာ၌ ပြောင်းလဲခါစ ယုံကြည်သူကို မခန့်သင့်ပါပေ။ သို့မဟုတ်ပါက သူသည် “မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ်ရောက်မည်” (၁တိ၊ ၃း၆)ဟု သတိပေးထားသည်။ ထိုကဲ့သို့ပင် တစ်စုံတစ်ဦးအား မှန်ကန်သော အချိန် မရောက် မှီ ခေါင်းဆောင်အရာ၌ အလျင်အမြန် လက်တင်ဆုတောင်းပေးခြင်းမျိုးကို မပြုသင့်ပါ (၁တိ၊ ၅း၂၂)။

ပုံသက်သေပြ၍ ဦးဆောင်ရမည့် အသက်တာနှင့်ပတ်သက်၍ ဓမ္မသစ်ကျမ်းပါ အခြားကျမ်းအုပ်များတွင် တွေ့နိုင်ပါသေးသည်။ ရှင်ယာကုပ် “ငါတို့သည် သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကို ခံရမည်ဟု သင်တို့ သိ၍ အများသောဆရာမဖြစ်ကြနှင့်” (ရှင်ယာကုပ်၊ ၃း၁) ဟူ၍ သတိပေးထားပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ သင်ကြားပေးသည့် အရာများကို ကျွန်ုပ်တို့၏အသက်တာ၌ မည်မျှမြင်တွေ့နိုင်ပါသနည်းဟု ဆန်းစစ်စေလိုသည့် သဘောဖြစ်သည်။ ရှင်ပေတရုသည်လည်း သင်းအုပ်တို့၏အဓိကအလုပ်မှာ ၄င်းတို့၏သိုးစုကို ပုံသက်သေပြရန် ဖြစ်ကြောင်း သင်ကြားပေးခဲ့သည် (၁ပေ၊ ၅း၃)။ ထိုသို့ဦးဆောင်ခြင်းအားဖြင့် မျှော်လင့်လုပ်ဆောင်သောသူသာ “မညှိုးနွမ်းသောဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်” (၁ပေ၊ ၅း၄)။


လက်တွေ့ ပုံဥပမာများကို ချမှတ်ခြင်း

မည်သည့်အခန်းကဏ္ဍတွင် ဝိညာဉ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်သည့် သင်းအုပ်ဆရာနှင့် ဆရာတို့က ပုံ သက်သေပြရမည်နည်း။ အဖြေမှာ အခန်းကဏ္ဍအားလုံးတွင်ဟု ဆိုရပါမည်။ ဓမ္မသစ်ကျမ်းစာတွင် မည်သည့် နေ ရာ၊ အခန်းကဏ္ဍများတွင် ပုံသက်သေပြရမည်ကို လက်တွေ့ပုံဥပမာများကို ချမှတ်ပေးရာတွင် နည်းလမ်းမျိုးစုံ ဖြင့် တွေ့ရပါသော်လည်း၊ ဆိုလိုရင်းမှာ တိကျ၍၊ သိသာထင်ရှားလှပါသည်။ အထူးသဖြင့် တိမောသေနှင့် တိတုတို့ ရှင်ပေါလုရေးပို့ထားသည့် စာစောင်များမှာ အသင်းတော်အား ဦးဆောင်မည့်သူများအတွက် ရည်ရွယ်ထားသည့် အတွက် ထိုကျမ်းအုပ်များတွင် ထိသာထင်ရှားပါသည်။ ခရစ်ယာန်ခေါင်းဆောင်မှုအတွက် ပြင်ဆင်နေကြသောသူ များတွက် ရှင်ပေါလုက ၄င်းတို့၏သာသနာပြုခြင်းနှင့် ပတ်သက်၍ နည်းလမ်းများ၊ အကြံဉာဏ်များကို ပြောပြ ထားခဲ့သည်။ အဓိကကျသည့်အခြေခံအုတ်မြစ်မှာ ၁တိ၊ ၄း၁၂ တွင် “သင်၏အသက်အရွယ်နုပျိုသည်ကို အဘယ် သမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတပါးကို ချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့် ခြင်း၊ စင်ကြယ်ခြင်းအရာမှာ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့” ဟူ၍ ရှင်ပေါလုက တိမောသေ အား တိုက်တွန်းထားသည့်အချက်ပင် ဖြစ်သည်။ ဤကျမ်းချက်အား အကောင်းဆုံးအနက်ပြန်ရမည်ဆိုလျှင် ရှင် ပေါလုသည် အထက်တွင် တွေ့ရသည့်အရည်အချင်း ၅ ချက်မှာ သင်းအုပ်ဆရာများနှင့် သင်းထောက်များအတွက် လိုအပ်သည့် အရည်အချင်းများကို ဖော်ပြသွားခြင်းဖြစ်သည် (၁တိ၊ ၃း၁-၁၃၊ နှင့် တိတု၊ ၁း၅-၉)။


အပြောအဆို

သင်းအုပ်ဆရာနှင့် ဆရာအရာ၌ ကျွန်ုပ်တို့ပါဝင်ဆက်ကပ်လာသည်နှင့် တစ်ဦးချင်းခွန်အားပေးရာ၌သော် လည်းကောင်း၊ အများရှေ့သွန်သင်ဟောပြောရာ၌သော်လည်းကောင်း၊ ကျွန်ုပ်တို့သည် လျှာကိုမရှိမဖြစ် အသုံးပြု ကြရသည်။ ယုံကြည်သူများ ဆွေးနွေးတိုင်ပင်ရန် အချိန်များခေါင်းဆောင်များ အစည်းအဝေးသို့မဟုတ် အသင်း တော်များ အထွေထွေ အစည်းအဝေးပွဲကြီးများတွင် သဘာပတိအဖြင့် ဦးဆောင်ရန် ဖြစ်လာသည့်အချိန်များ၌ ကျွန်ုပ်တို့၏လျှာကို မသုံးမဖြစ်အသုံးပြုရန် လိုအပ်လာသည်။ ကျွန်ုပ်တို့၏အခြားသောခန္ဓာကိုယ် အစိတ်အပိုင်း များထက် ကျွန်ုပ်တို့၏လျှာဖြင့် ပိုမိုအပြစ်ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

သိုးထိန်းတစ်ဦး၊ ဆရာတစ်ဦးအနေဖြင့် ကျွန်ုပ်တို့၏အပြောအဆိုများသည် တင့်တယ်လျှောက်ပတ်မှု ရှိ ရပေမည်(၁တိ၊၃း၂)။ အထူးသဖြင့် ကျွန်ုပ်တို့အား အတိုက်အခံပြုသောသူများနှင့်ဆက်ဆံရာ၌ တင့်တယ် လျှောက်ပတ်မှုရှိရပါမည်။ ကျွန်ုပ်တို့အနေနှင့် စိတ်တိုလွယ်၊ ခိုက်ရန် လွယ်ကူသောသူများ လုံးဝမဖြစ်သင့်ပေ (၁တိ၊ ၃း၃၊ တိတု၊ ၁း၇)။ ကျွန်ုပ်တို့၏အပြောအဆိုများသည် အစဉ်သတိဝိရိယနှင့် ဖြစ်နေရပါမည်။ နားလည်မှု လွဲမှားခြင်း များကို ဖြစ်ပေါ်စေမည့် အကြောင်းအရာကိစ္စရပ်များကို ကျွန်ုပ်တို့ပြောဆိုရန် ဖြစ်လာသည့်အခါတိုင်း သေသေ ချာချာဦးစွာ တွေးတောသုံးသပ်ရမည်။ ကျွန်ုပ်တို့၏စကားလုံးများပေါ့ပျက်ပျက် မဖြစ်သင့်။ ဤသို့ ဆိုရာတွင် ရယ်ရွှင်ဖွယ်ပျက်စကားလုံးများသုံးသင့်သည့် အချိန်မျိုးကို မကောင်းပါဟု ဆိုလိုခြင်းမဟုတ်။ သို့သော်လည်း ရှေ့ နောက်မစဉ်းစားဘဲ ပြောလိုက်သည့်စကားကြောင့် ပြဿနာများမပေါ်လာစေရန် ကျွန်ုပ်တို့၏ အပြောအဆိုများကို အစဉ်ဂရုစိုက်ရန် အရေးကြီးလှပါသည်။ ကျွန်ုပ်တို့၏အပြောအဆိုများသည် ကြားရသူနား၌ တမာကဲ့သို့ ခါးသီးမှု ကိုမပေးဘဲ ပျားသကာကဲ့သို့ ချိုမြိန်စေသင့်ပါသည်။ သူတပါးနှင့် ပြောဆိုဆက်ဆံခြင်းအမှု၌ ကျွန်ုပ်တို့၏အပြော အဆိုများသည် စက်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် လိုအပ်သော စက်ဆီများကဲ့သို့ ဖြစ်နေရ ပါမည်။

ဤစံနှုန်းမှာ အလွန်မြင့်မားသည့် စံချိန်စံနှုန်းဖြစ်သည်။ သို့သော်လည်း ခရစ်တော်၏ကိုယ်၌ တည်သော ကျွန်ုပ်တို့၏ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများအားလုံးသည် ကျွန်ုပ်တို့၏သေးငယ်သောလျှာအား အသုံးမတတ် ခြင်းကြောင့် ပျက်စီးယိုယွင်းသွားခြင်းမရှိစေရန် အထူးတောင်းဆိုချက်ဖြစ်သည်။ အကောင်းဘက်မှ ပြောရမည် ဆိုလျှင် ကျွန်ုပ်တို့၏လျှာကို ကောင်းမွန်စွာ အသုံးပြုတတ်ပါက ကြီးမားသည့်အရာများကို စွမ်းဆောင်နိုင်စေ သည်။ ကျွန်ုပ်တို့၏နှုတ်လျှာကို ထိန်းသိမ်းနိုင်ရန်ကျွန်းကို အတွင်းနှလုံးသားကို သတိဖြင့် ထိန်းရမည် သတ်လုံး အပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏” (မဿဲ၊ ၁၂:၃၄)။ ထို့ကြောင့် ကျွန်ုပ်တို့သည် မှန်ကန်သည့် စကားများ ပြောဆိုနိုင်ရန် အလျင်ဆင်ခြင်သုံးသပ်ရမည်။ ကျွန်ုပ်တို့၏အပြောအဆိုများက ကျွန်ုပ်တို့ကို ကျရှုံးစသည့်အချက် မှာ ကျွန်ုပ်တို့၏အတွင်းနှလုံးသားနှင့် အတွေးများကို သတိလစ်သွားခဲ့ကြ၍သာ ဖြစ်ပေ၏။


လူနေမှုပုံစံ

ကျွန်ုပ်တို့၏ပြုမူနေထိုင်ပုံ၊ အထူးသဖြင့် သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအရာ၌ သူတပါး၏ အတုယူနိုင် ရန် ပုံသက်သေကောင်းဖြစ်ရမည် (တိတု၊ ၁၀)။ ကျွန်ုပ်တို့သည် သန့်ရှင်းခြင်းအသက်တာ၌ ကျွန်ုပ်တို့၏ ကောင်း ကင်ဖခင်ဘုရားသခင်ကဲ့သို့ ဖြစ်ရမည်။ မသန့်ရှင်းသော၊ မဖြောင့်မတ်သောအရာများမှ ဘုရားသခင်သည် ကင်း ရှင်းစွာ နေသကဲ့သို့ ထိုသန့်ရှင်းခြင်းပါရမီသည်လည်း ကျွန်ုပ်တို့၏ပြုမူကျင့်ကြံမှုများတွင် ရောင်ပြန်ဟတ်ရမည် ဖြစ်သည်။ သိုးထိန်းများနှင့် ဆရာများသည် ဝမ်းတစ်ထွာအတွက် အလုပ်လုပ်နေရသည့် စီးပွားရေးဆန်သော ခရစ် ယာန်များကဲ့သို့ အများရှေ့၌သာ မှန်ကန်သောအရာများကို ပြုကျင့်တတ်သည့်သူများ မဖြစ်သင့်ပေ။ သိုးထိန်းအမှု နှင့် ဆရာအရာတို့ကို ကျွန်ုပ်တို့သည့် ထမ်းဆောင်ဖြည့်စွမ်းရင်း၊ ယုံကြည်သူများအတွက် ဘုရားသခင် ပြင်ဆင် ထားသည့်အခွင့်အရေးများကို ရှာဖွေမြှင့်တင်ကာ၊ ဘုရားသခင်နှင့်တူသောအသက်တာ၌ ကြီးထွားရင့်ကျက်ကြ ရမည်။ ကျွန်ုပ်တို့၏ အသက်ရှင်လှုပ်ရှားမှုတို့ကို အခြားသူများက ကြည့်ရှုဆင်ခြင်ကြသော အခါ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းတရားမှ ယိုင်သွားခြင်းမရှိဘဲ၊ အပြစ်တင်ခြင်းနှင့် ကွင်းလွတ်သောသူများဖြစ်သည်ကို သိမြင်လာ စေရမည် (တိတု၊ ၁း၇)။ ထိုသို့အားဖြင့် ကျွန်ုပ်တို့ဘေးပတ်ဝန်းကျင်ရှိ မယုံကြည်သူအိမ်နီးနားချင်းများကို အတား အဆီးမရှိ ဦးဆောင်လာနိုင်မည်။ အသင်းတော်ရှိ ဘုရားသခင်၏လူများအတွက်သာ အလုပ်ရှုပ်နေခြင်းမျိုးက ကျွန်ုပ်တို့၏ အိမ်နီးနားချင်းများ၏လိုအပ်ချက်များကို လစ်လျူရှုစေတတ်ပါသည်။ ဤအခြေအနေကို စမာရိယ အမျိုးသားပုံပြင်တွင် ပါရှိသည့် ယဇ်ပရောဟိတ်နှင့် လေဝိအမျိုးသားတို့၏အသက်တာတွင် ထင်ရှားစွာ တွေ့မြင် နိုင်ပေသည်။ ကျွန်ုပ်တို့သည် သိုးထိန်းများနှင့် ဆရာများဖြစ်ကြသည့်အတွက် မွန်မြတ်သည့်အရာများအား မြတ်နိုး တန်ဖိုးထားသောသူများအဖြစ် ရပ်တည်ရမည်ဖြစ်သည် (တိတု၊ ၁း၈)။ ဘဝကို ကျွန်ုပ်တို့ရင်ဆိုင်ရာတွင် အမြဲတမ်း အကောင်းဘက်မှ ဖြစ်နေရမည်။ ကျွန်ုပ်တို့၏ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာမြေကြီးတွင် အသက်ရှင်ကြရာ၊ ဘုရားသခင်၏ ကောင်းကြီးများအားလုံးသည် ကောင်းမွန်ကြပါသော်လည်း၊ ကျွန်ုပ်တို့၏ ပြန်လည်တုန့်ပြန်မှု မမှန်ကန်ခြင်းက ပြဿနာကို မွေးဖွားစေသည်။ အားကစားနှင့်ပတ်သက်၍သော်လည်း ကောင်း၊ ရုပ်မြင်သံကြား ကြည့်ရှုရာ၌သော်လည်းကောင်း ကျွန်ုပ်တို့သည် ကောင်းမွန်မှန်ကန် သည့်အရာများ ကိုသာ ရွေးချယ်မြတ်နိုးရမည်။ ဤသို့အားဖြင့် အခြေအနေအရပ်ရပ်၌ ပုံသက်သေဖြစ်နေရပါမည်။

ကျွန်ုပ်တို့၏အပြုအမူများက ကျွန်ုပ်တို့၏စည်းစိမ်ဘဏ္ဌာများရှိရာ ကောင်းကင်နိုင်ငံသားများဖြစ်သည် ကို ပေါ်လွင်စေရမည် (ဖိလိ၊ ၃း၂ဝ)၊ အလုပ်ကြိုးစားလိုသည့် စိတ်သဘောထားရှိခြင်းအသက်တာသည် ကျွန်ုပ်တို့ အား အခြားသူတို့က အသိအမှတ်ပြု၊ သတိပြုရာ ဖြစ်ရပေမည် (၂သက်၊ ၃း၇-၁ဝ)။ ငွေကို တပ်မတ်ခြင်းသည် ကျွန်ုပ်တို့၏အမှုတော်မြတ်၌ ပါဝင်ရခြင်းအား တွန်းအားပေးသည့်အကြောင်းအရင်း မဟုတ်ကြောင်းကိုလည်း ရှင်းလင်းစွာ သိစေရမည် (၁တိ၊ ၃း၃)။ မရိုးမသားလုပ်ရမည့် မည်သည့် အလုပ်မျိုးမဆို မလုပ်ဆောင်နိုင်ကြောင်း (တိတု၊ ၁း၇)၊ စသည်ဖြင့် အသက်တာတွင် ပုံသက်သေဖြစ်ရပေမည်။ မည်မျှပင် ခက်ခဲနေပါစေ အသင်းသူ၊သား များက ပေးသည့်လခကို ကျေကျေနပ်နပ်လက်ခံရမည်။

နေ့စဉ်လူနေမှု ပတ်ဝန်းကျင်တွင်သာမက၊ ကျွန်ုပ်တို့၏ မိသားစုအသက်တာတွင်လည်း ပုံသက်သေ ကောင်း ပြရပါမည်။ ဤသို့သော အခြေအနေက မိဘတိုင်းအပေါ် စိန်ခေါ်မှုဖြစ်စေသည်။ မိသားစုတိုင်း၌ စည်းလုံး စွာ ဘဝတည်ဆောက်နိုင်ရန်အတွက် တိုက်ပွဲကိုယ်စီဝင်ကြရသည်။ မိဘတိုင်း ကြိုတင်ပြင်ဆင်သင်ကြားထား ခြင်းမရှိဘဲ မိဘတို့၏ တာဝန်ဝတ္တရားကို ထမ်းဆောင်ကြရသည်။ ပုံသက်သေကောင်းပြသနိုင်သော အိမ်ထောင် မိသားစုသည် ကောင်းမွန်စွာ စီမံခန့်ခွဲထားသည့် မိသားစုဖြစ်သည် (၁တိ၊ ၃း၄၊၁၂)။ ထိုကဲ့သို့သော မိသားစုတွင် သားသမီးများသည် မိဘများကို မှန်ကန်သောနည်းလမ်းဖြင့် လေးစားမှုရှိကြသဖြင့် (၁တိ၊ ၃း၄)၊ နာခံခြင်း အသက်တာ ရိုင်းဆိုင်းပြစ်တင်ဖွယ်မရှိသူများဖြစ်ကြသည် (တိတု၊ ၁း၆)။ ရှင်ပေါလုက ဤအကြောင်းအရာနှင့် ပတ်သက် ၍ “မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏အသင်းတော်ကို မည်သို့ပြုစုလိမ့်မည်နည်း” ဟူ၍ အလွန်အ ရေးကြီးသည့် မေးခွန်းကို မေးခဲ့ပါသည် (၁တိ၊ ၃း၅)။

ကျွန်ုပ်တို့အားလုံး ဤကမ္ဘာလောကကြီးနှင့်ယှဉ်၍ နေ့စဉ်သွားလာလှုပ်ရှားနေကြပါသည်။ ကျွန်ုပ်တို့၏ အိမ်နီးနားချင်းများ၊ နေ့စဉ်အလုပ်၌သော်လည်းကောင်း၊ အပန်းဖြေခြင်း အချိန်များအပါအဝင် ကျွန်ုပ်တို့၏ ပြုမူ ကျင့်ကြံမှုများသည် လေးစားထိုက်သော အပြုအမူများ ဖြစ်နေရပါမည် (၁တိ၊ ၃း၈)။ “ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ် ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊” ကျွန်ုပ်တို့သည် ပြင်ပလူများအကြား ဂုဏ်သတင်းမွှေးနေ ရမည် ဖြစ် သည် (၁တိ၊ ၃း၅)။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကျွန်ုပ်တို့ ၏အိမ်ထောင်မိသားစု၌ အဓိကျသည့် ပုံဥပမာဖြစ် ပေ၏။ မိသားစုနှင့် အချိန်အသုံးပြုခြင်းသည် ဘုရားသခင်နှင့် အခြားသူများအတွက် ကျွန်ုပ်တို့၏ အသုံးတော်ခံမှု နှင့် များစွာဆက်နွယ်မှုရှိနေပါသည်။


ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဆိုသည် သင်းအုပ်ဆရာနှင့် ဆရာတို့၏အသက်တာ၌ မရှိမဖြစ်လိုအပ်သည့် အရင်းခံဖြစ် ၏။ ချစ်ခြင်းမေတ္တာသည် ရွေးချယ်ရန်မဟုတ် မရှိမဖြစ်ရှိထားရမည့်အရာဖြစ်သည်။ ဝိညာဉ်တော်၏အသီးတွင် ချစ်ခြင်းမေတ္တာသည် ပထမဆုံးဖြစ်သည့်အပြင် ထိုမေတ္တာမှ ကျန်သီလတရားများ စီးဆင်းလာခြင်းဖြစ်သည်။ ဘု ရားသခင်နှင့် ဘုရားသခင်၏လူများကို ငွေကြေးထက် ပိုမိုချစ်မြတ်နိုးလျက် ထိုသူများအတွက် ကျွန်ုပ်တို့၏ အိမ် တံခါးသည်လည်း အစဉ်ဖွင့်ပေးထားရပါမည် (၁တိ၊ ၃း၂)။ ပြင်ပလူများထံမှ ကျွန်ုပ်တို့၏ကောင်းမွန်သည့် ဂုဏ် သတင်းများကြောင့် ကျွန်ုပ်တို့အပေါ် လေးစားခြင်းသည် ကျွန်ုပ်တို့ဘက်မှ မေတ္တာစစ်ဖြင့် ပုံသက်သေပြခြင်း ကြောင့် ဖြစ်ရပါမည် (၁တိ၊ ၃း၇၊၈၊ ယော၊ ၁၃:၃၅၊၃၆၊ ဂလာတိ၊ ၆း၁ဝ)။

ချစ်ခြင်းမေတ္တာ၌ သိမ်မွေ့ခြင်းနှင့် မိမိကိုယ်ကို ထိန်းချုပ်ခြင်းဆိုသည့်ပါရမီများ ပါရှိဖြစ်သည်။ ချစ်ခြင်း 

မေတ္တာသည် အခြားသူများအား အစေခံလိုခြင်းနှင့် ပိုသည်ဟူ၍ မရှိပါ (၁တိ၊ ၃း၂၊၃၊ တိတု၊ ၁း၇)။ လူသား အားလုံးကို ချစ်ခြင်းမေတ္တာထားရာ၌ ကျွန်ုပ်တို့သည် ပုံဥပမာပြရမည်။ အထူးသဖြင့် ဘုရားသခင်၏ မိသားစု ဝင်များအပေါ်တွင် ဖြစ်သည်။ အခက်အခဲရှိသူများနှင့် ဆွဲဆောင်မှုမရှိသည့်သူများအပေါ်တွင်လည်း မေတ္တာ ထားရပေမည်။ ၄င်း တို့အတွက် ကျွန်ုပ်တို့၏ အိမ်တံခါးဝများကို ဖွင့်ထားရမည်ဖြစ်သည်။ ကျွန်ုပ်တို့အား ဆန့်ကျင်ပုန်ကန်သူများကို ကျွန်ုပ်တို့၏ ရန်သူများကဲ့သို့ မဟုတ်ဘဲ၊ မိတ်ဆွေများကဲ့သို့ ဆက်ဆံကာ ချစ်ခြင်း မေတ္တာဖြင့် အနိုင်ယူရမည်ဖြစ် သည်။

အချင်းချင်းမေတ္တာပြခြင်းက အသင်းတော်အတွင်း ဖြစ်ပေါ်လေ့ရှိသည့် မိဿဟာရဖွဲ့ရန် ခက်ခဲသော ပြဿနာများအတွက် တန်ခိုးအကြီးမားဆုံးသော အဖြေဖြစ်သည်။ သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများအားလုံး ခွဲခြားမှုမရှိ လူတိုင်းကို တန်းတူချစ်ခြင်းမေတ္တာပြရန် ကြိုးစားပါမည်ဆိုလျှင် လူတိုင်းလူတိုင်းသည် ၄င်းကို ယုံ ကြည်ကိုးစား၍ အတိုင်ပင်ခံတစ်ဦးကဲ့သို့ လက်ခံလာကြမည်ဖြစ်ပြီး၊ အသင်းတော်၌ တစ်ဦးနှင့်တစ်ဦးကြား ပြဿ နာများပေါ်ပေါက်လာသည့်အခါတွင် ၄င်း၏အကြံပေးခြင်းများကို နာခံကြမည်ဖြစ်သည်။ အသင်းတော်တစ်ပါး သည် အလွန်ကြီးမားသဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ခံစားနိုင်ရန် မဖြစ်နိုင်ဟူ၍ မရှိနိုင်ပေ။ ဘုရားသခင် ၏ချစ်ခြင်းမေတ္တာတော်အား ထုတ်ဖော်ရန် တာဝန်ရှိသူများမှာ သိုးထိန်းများနှင့် ဓမ္မဆရာများဖြစ်ကြသည်။


ယုံကြည်ခြင်း

ဤနေရာတွင် စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းတို့သည် အမြဲ ယှဉ်တွဲနေတတ်သည့်အချက်ဖြစ်သည် (၁တိ၊ ၂း၁၅၊ ၆း၁၁၊ ၂တိ၊ ၂း၂၂)။ ယုံကြည်သူများအားလုံး ယုံကြည်ခြင်းရှိ ကြပါသော်လည်း သိုးထိန်းနှင့် ဓမ္မဆရာတို့၌ အသင်းဝင်များ၏အသက်တာတွင် ရှိထားနှင့်သော ယုံကြည်ခြင်း အား ကြီးထွားမှုရှိလာစေရန်အတွက် ပုံသက်သေပြရန် ဝတ္တရားရှိကြသည်။

ပထမတွင် ကျွန်ုပ်တို့သင်ကြားခဲ့ရသည့် မှန်ကန်သောယုံကြည်ခြင်းနှင့်ယှဉ်သော အသိတရား၌ ကျွန်ုပ်တို့ သည် ပုံသက်သေကို ပြရမည်ဖြစ်သည် (တိတု၊ ၁း၉)။ အသင်းတော်၏ သိုးထိန်းနှင့် ဓမ္မဆရာများဖြစ်ကြသည့် အားလျှော်စွာ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အခြေခံယုံကြည်ချက်များကို ဆက်လက်အကောင်အထည်ဖော် တည် ဆောက်လျက်၊ ယနေ့လက်တွေ့လောကတွင် လိုက်လျှောက်ကျင့်သုံးကြရမည်ဖြစ်သည်။ “စင်ကြယ်သော ဩဝါဒ အားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၄င်း၊ ငြင်းခုံသော သူတို့၏စကားကို ချေခြင်းငှါ၄င်း” ကျွန်ုပ်တို့၏ ယုံကြည် ချက်များကို တပါးသူများထံ ပြန်လည်ပို့ချနိုင်ရမည် (၁တိ၊ ၃း၂၊ တိတု၊ ၁း၉)။ ရှင်းလင်းပျက်သားစွာ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို စွဲကိုင်ထားရမည် (၁တိ၊ ၃း၉)။ အခြေခံယုံကြည်ချက်များနှင့်စပ်လျဉ်း၍ မေးမြန်းလာလျှင် အံ့ဩ သွားခြင်းမျိုးမရှိသင့်ပေ (၁တိ၊ ၃း၉-၁ဝ)။

ယုံကြည်ခြင်းယှဉ်သော အသက်တာ၌လည်း ကျွန်ုပ်တို့သည် ပုံသက်သေဖြစ်ရမည်။ ဘုရားသခင်၌ ကျွန်ုပ် တို့ယုံကြည်ကိုးစားမှုရှိခြင်းထက် မည်သည့်အရာမျှ ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေနိုင်ပါ (ဖိလိ၊ ၁း၁၉)၊ နှုတ်ကပတ်တော်၌ “ယုံကြည်ခြင်းမရှိလျင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်” ဟူ၍ ဖြစ်သည် (ဟေဗြဲ၊ ၁၁း၆ )။ ဤအချက်မှာ အောင်မြင်သော သာသနာပြုခြင်း၏သော့ချက်ဖြစ်သည်။ သာသနာပြုများအား စပါးဂျန်က ဤ သို့ တိုက်တွန်းခွန်အားပေးခဲ့သည် -

ကျွန်တော်တို့ လုပ်နေတဲ့အလုပ်က ယုံကြည်ခြင်း လိုအပ်တယ်။ ယုံကြည်ခြင်းအမှုမှာ ကျွန်တော်တို့တွေ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အမှုတော်မြတ်မှာ မပါဝင်တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်တို့မှာထားရှိတဲ့ ယုံကြည်ခြင်း က ကျွန်ုပ်တို့လုပ်ဆောင်နေတဲ့လုပ်ငန်းနဲ့ အချိုးညီမျှမှုမရှိတော့ဘူးဆိုရင်တော့ စိတ်ကုန်စရာတွေ ဖြစ်လာလိမ့် မယ်။ လေ့လာချက်တွေကို ကြည့်တဲ့အခါ ဘုရားသခင်ရဲ့အမှုတော်မြတ်မှာ အောင်မြင်ခြင်းဆိုတာက ကျွန်တော် တို့ရဲ့ယုံကြည်ခြင်းနဲ့ အချိုးညီမျှနေတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်နိုင်မှုတွေ၊ ကျွန်တော်တို့ရဲ့ စိတ်အားထက် သန်မှုတွေကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်အပေါ် ကျွန်တော်တို့ထားရှိတဲ့ ယုံကြည်ခြင်းရဲ့အတိုင်းအတာပေါ်မှာ အောင် မြင်မှုတွေ ပြောင်းလဲသွားကြတာပါ။ “သင်၏ယုံကြည်ခြင်းအတိုင်း၊ ဖြစ်ပါစေ”ဒါဟာ ဘုရားသခင်ရဲ့ နိုင်ငံတော် ကျယ်ပြန့်ဖို့အတွက် မမှားယွင်းလေတဲ့ နည်းဥပဒေတစ်ခုပါ။ ဒါ့ကြောင့် ဘုရားသခင်အသုံးပြုတဲ့သူ ဖြစ်ချင်တယ် ဆိုရင် ယုံကြည်ခြင်းရှိရမယ်၊ ဘုရားသခင်ရဲ့ သာ၍အသုံးပြုတဲ့သူဖြစ်ချင်တယ်ဆိုရင် သာ၍ကြီးမား တဲ့ ယုံကြည် ခြင်း ကျွန်တော်တို့ဆီမှာ ရှိနေရမယ်။ ဒါ့ပြင် ကျွန်တော်တို့၊ (ကျွန်တော်တို့အားလုံး) တောင်တွေကို ရွေ့လျားစေနိုင်တဲ့ ယုံကြည်ခြင်းမျိုး၊ အဲဒီလိုယုံကြည်ခြင်းမျိုးနဲ့ ရှေးတစ်ချိန်က ဘုရားသခင်ရဲ့သူရဲကောင်း တွေဟာ “တိုင်းနိုင်ငံတွေကို ပြောင်းလဲစေခဲ့သလို၊ ခြင်္သေ့သားရဲတွေရဲ့ပါးစပ်ကို ပိတ်စို့စေခဲ့ကြတယ်။ တဟုန်း ဟုန်းတောက်လောင် နေတဲ့ မီးရှိန်တွေကို ငြိမ်းစေခဲ့ကြတယ်။ ဓားသွားထက်ထက်အောက်မှာ ရုန်းကန်ခဲ့ကြတယ်။ သူတို့တွေရဲ့ အားနည်းခြင်းအကြောင်းတွေက ဘုရားသခင်ရဲ့တန်ခိုးတော်အားဖြင့် အားအင်သစ်တွေကို မွေးဖွား စေခဲ့ကြတယ်။ တိုက်ပွဲတွေကြားထဲမှာ မားမားမတ်မတ်ရပ်တည်ခဲ့ကြတယ်။ စာတန်မာန်နဲ့ သူ့ရဲ့စစ်သူရဲတွေကို နောက်လှည့် ထွက်ပြေးသွားစေခဲ့တယ်။ (C.H. Spurgeon: An All-Round Ministry, Banner of Truth, p. 3f)

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့လွှမ်းမိုးနေသည့် အသိုင်းအဝိုင်း၌ ကျွန်ုပ်တို့သည် ခရစ်တော်၏ အလိုတော်ကို နာခံကြသည်ဟုဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်အားလူများကို တရားဒေသနာဝေငှာ သက်သေ ခံခြင်း၊ အသင်းတော်တည်ထောင်ခြင်းစသည်ဖြင့် ယုံကြည်ခြင်နှင့်ယှဉ်သော နယ်ပယ်သစ်များစီသို့ အခြားသော သူများကို ဦးဆောင်သွားကြရမည် ဖြစ်သည်။ ယုံကြည်ခြင်း၏သော့ချက်မှာ ကျွန်ုပ်တို့၏ထင်မြင်ချက်များကို ကျော်လွန်၍ ဘုရားသခင်အား မြင်နိုင်ခြင်းဖြစ်သည်။ ဘုရားသခင်၏သိုးထိန်းများ၊ ဆရာများအနေနှင့် ကျွန်ုပ်တို့ ၏ယုံကြည်ခြင်းကို ကြီးထွားရင့်ကျက်မှုရှိလာစေရန် နေ့စဉ်သမ္မာကျမ်းစာလေ့လာခြင်းနှင့် အခြား ခရစ်ယာန်စာ ပေများကို ဖတ်ရွတ်လေ့လာကြရမည် ဖြစ်သည်။ သို့မှသာ ကျွန်ုပ်တို့သည် ဘုရားသခင်၏လူများကို ယုံကြည်ခြင်း များကို ကျွေးမွေးလမ်းပြဦးဆောင်နိုင်မည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့၏ကိုယ်ပိုင်ယုံကြည်ခြင်းကို ဆန်းစစ် သတိပြုနိုင် ကြမည်ဖြစ်သည်။ 


သန့်ရှင်းစင်ကြယ်ခြင်း

ဘုရားသခင်၏လူများကို ထိန်းကျောင်းသင်ကြားပေးမည့်သူများကို သန့်ရှင်းစင်ကြယ်ခြင်းဆိုသည့် ပါရမီ အား အမြင့်ဆုံးတောင်းခံထားသည်။ ခရစ်တော်ကိုယ်တိုင် သန့်ရှင်းသောသူဖြစ်သောကြောင့် (၁ယော၊ ၃း၃) သူနှင့် သက်ဆိုင်သောသူများသည်လည်းသန့်ရှင်းကြရမည်ဖြစ်သည်။ သန့်ရှင်းဖြူစင်ခြင်းအသက်တာဟုဆိုရာတွင် ခရစ် တော်အားဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား ဆက်နွယ်မှု၏အရေးပါသောအပိုင်းဖြစ်ပေသည်။ သန့်ရှင်း စင်ကြယ်ခြင်း အသက်တာကို ရည်မှန်းချက်ထား၍ လုပ်ဆောင်မှသာလျှင် ရရှိနိုင်ပေမည်။ ယောဘက ထို အကြောင်းအရာကို ကောင်းမွန်စွာ နားလည်သဘောပေါက်ခဲ့သည်။ စုံစမ်းနှောက်ယှက်ခြင်းများ မကြုံခဲ့သော သူကဲ့သို့ ယောဘတစ်ယောက် ဟန်ဆောင်မနေခဲ့ဘဲ၊ စုံစမ်းနှောက်ယှက်ခြင်းအကြောင်း ရောက်လာသောအခါ မည်သို့ လုပ် ဆောင်ရမည်ကို ကောင်းစွာသိထားသူ ဖြစ်သည်။ “ငါသည် အပျိုကိုမျှ မကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ် ဝန်ခံခြင်းကို ပြုပြီ” (ယောဘ၊ ၃၁း၁)။ အိန္ဒိယနိုင်ငံသို့ ရှေးဦးသာသနာပြုတစ်ဦးဖြစ်သူ ဟင်နရီမာတင်ဆိုသူက စွဲဆောင်မှုရှိပါသော်လည်း ၄င်းအား ကူညီဆောင်မမှုမပေးနိုင်မည့် အမျိုးသမီး တစ်ဦး အတွက် ဆုတောင်း ခဲ့ဖူးသည်။ ထိုအမျိုးသမီး၏သန့်ရှင်းစင်ကြယ်ခြင်းအတွက် ဆုတောင်းပေးခဲ့သည်တွင် သူကိုယ်တိုင်လည်း သူ၏ မစင်ကြယ်သောအတွေးများ မဝှက်ထားနိုင်ကြောင်းကို ဝန်ခံခဲ့သည်။ 

ထို့ကြောင့် သန့်ရှင်းစင်ကြယ်ခြင်းပါရမီဆိုသည်တွင် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ရိုးသားဖြူစင်စွာ ဆန်းစစ် ဝင်ခံရန် ရှေးဦးစွာ တောင်းခံသည်။ ထိုသို့အားဖြင့်သာ ဆန့်ကျင်ဘက် လိင်ပုဂ္ဂိုလ်တစ်ဦး၏ ဝိညာဉ်ပိုင်းဆိုင်ရာ 

လိုအပ်ချက်များကို ကူညီပေးရာတွင် အပေါ်ယံ လုပ်ဆောင်နေခြင်းမျိုး ဖြစ်တော့မည် မဟုတ်ပေ။

အကယ်၍ ကျွန်ုပ်တို့သည် လက်ထပ်ထိမ်းမြှားပြီးသောသူများ ဖြစ်ခဲ့သည်ဆိုလျှင် ကျွန်ုပ်တို့၏ ဖြူစင် သော သစ္စာခံခြင်းသည် ကျွန်ုပ်တို့၏ ဇနီးသည်တစ်ဦးတည်းနှင့်သာ သက်ဆိုင်စေရပါမည် (၁တိ၊ ၃း၂၊ ၁၂၊ တိတု၊ ၁း၆)။ ကျွန်ုပ်တို့၏ ဇနီးသည် တစ်ဦးတည်းသာလျှင် ကျွန်ုပ်တို့၏ လိင်ပိုင်းဆိုင်ရာ အတွေးများနှင့် လက်တွေ့ ပြုမူခြင်းများ၏တစ်ဦးသော အရင်းခံသူ ဖြစ်ရမည်။ ကျွန်ုပ်တို့သည် လူပျိုအပျိုဘဝက ချစ်ခဲ့သည့်နည်းတူ ကျွန်ုပ် တို့၏ ဇနီးကို ချစ်မြတ်နိုးရမည့်အပြင်၊ အစဉ်ကြီးထွား၍ အဆုံးမရှိသော့ ချစ်ခြင်းမေတ္တာဖြင့် ချစ်မြတ်နိုးရပါမည်။

ဆန့်ကျင့်ဘက်လိင်များနှင့် ကျွန်ုပ်တို့၏ဆက်ဆံပြောဆိုခြင်းအမှုသည် စံနမူနာဖြစ်၍၊ အများသူငါ လေး စားစရာဖြစ်နေရမည် (၁တိ၊ ၃း၂၊ ၁၁)။ ဝိညာဉ်ပိုင်းဆိုင်ရာခေါင်းဆောင်မှုတွင် သင်းအုပ်များနှင့် ဓမ္မဆရာများကို အခြေအနေမျိုးမျိုး၌ အမျိုးသမီးများနှင့် ဆက်ဆံရန်အကြောင်း ဖြစ်စေတတ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး တို့ တစ်ဦးနှင့်တစ်ဦးကြား ဆက်ဆံပြောဆိုခြင်းသည် ဘုရားသခင်၏ ဆုလက်ဆောင်တစ်ခုဖြစ်သည်နှင့်အညီ၊ ဝမ်းမြောက်ဖွယ်ရာအကြောင်းနှင့် အထောက်အကူပြုရာအကြောင်း ရှိနိုင်ပါသည်။ သို့သော်လည်း အပြစ်တရား အောက်ရောက်ရှိခဲ့ပြီဖြစ်သည့် ဤကမ္ဘာမြေကြီး၌၊ ကျွန်ုပ်တို့၏ဇာတိသဘောအားဖြင့်မူ ဤသို့သော အခြေအနေ မျိုးတွင် စုံစမ်းနှောက်ရှက်ခြင်းအမျိုးမျိုးနှင့် အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကျရှုံးမှုများကို ဖြစ်စေတတ်သည်။ ဤသို့ သောအခြေအနေမျိုးကို ချန်လှပ်ထားရန် မပြုအပ်သည့်အတွက်ကြောင့် နောင်လာမည့် အခန်းများတွင် အသေး စိတ်ဖော်ပြပေးထားပါသည်။ ထို့ကြောင့် ဤနေရာတွင် သန့်ရှင်းခြင်းအသက်တာသည်လည်း သန့်ရှင်းစင်ကြယ် သောနှလုံးသားမှ ပေါက်ဖွားလာသည်ဟု ရိုးရှင်းစွာ နားလည်စေလိုသည်။ ကျွန်ုပ်တို့တွေးထင်သည်အတိုင်း ကျွန်ုပ် တို့ ဖြစ်ကြပေသည်တကား။

အပြောအဆို၊ လူနေမှုပုံစံ၊ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်း၊ စသည့် အကျင့်စာရိတ္တများသည် ဦးစားပေးအ ရာများဖြစ်သည်။ ၄င်းတို့၏အရေးပါကြရသည့်အကြောင်းအရင်းမှာ ကျွန်ုပ်တို့သည် “ကြည့်ရှုသူများ” “ဦးဆောင် သူများ” ဖြစ်သည့်အားလျှော်စွာ ဘုရားသခင်၏လုပ်ငန်းများအတွက် ယုံကြည်ကိုးစားခြင်းခံထားရသူများဖြစ် သောကြောင့် ဖြစ်ပေသည် (တိတု၊ ၁းရ)။ ကျွန်ုပ်တို့စောင့်ထိန်းရသည့် သိုးစုများသည် ကျွန်ုပ်တို့၏ ဥစ္စာမဟုတ်၊ ခရစ်တော်၏ သိုးစုများဖြစ်သည်။ (ယော၊ ၂၁း၁၅-၁၇)။ ၄င်းတို့အတွက် သွန်းလောင်းခဲ့သည့်အသွေးမှာ ခရစ်တော်၏အသွေးဖြစ်သည် (တမန်၊ ၂၀း၂၈)။ ထို့ကြောင့် ခရစ်တော်၏သိုးစုများသည် ကျွန်ုပ်တို့၏ အသက် တာကို အတုယူကြရာတွင် ခရစ်တော်၏ပုံပမာကို အတုယူနေကြသည်ဟု ခံစားရလောက်အောင် ကျွန်ုပ်တို့သည် ဤအမှုတော် ၏စံချိန်စံနှုန်းကို အလေးထားအားစိုက်ကာ အသက်တာကို ဆက်ကပ်အပ်နှံရမည် ဖြစ်သည် (၁သက်၊ ၁း၆)။

ခရစ်တော်၏သိုးစုများကို ဦးဆောင်သောသူအတွက် လုံ့လဝိရိယရှိမှု၊ စိတ်ရှည်သည်းခံနိုင်မှုစသည်ဖြင့် အခြားအခြားသော ပင်ကိုယ်လက္ခဏာများစွာ ရှိပါသေးသော်လည်း ၄င်းတို့သည် အထက်ဖော်ပြပါ ဦးစားပေး အချက် ငါးချက်တွင် နားလည်သဘောပေါက်နိုင်ပါသည်။


ကြီးထွားရင့်ကျက်ခြင်း နယ်ပယ်

အထက်ဖော်ပြပါ အသက်တာနှင့် အကျင့်စာရိတ္တများသည် ကျွန်ုပ်တို့၏ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီထွားမှုကို တည်ဆောက်ပေးပါသည်။ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းတို့သည် ကျွန်ုပ်တို့၏အသက်တာအား အစဉ်ထိန်း ချုပ်ပါမည်အကြောင်း သမ္မာသစ်ကျမ်းထဲတွင် ကျမ်းချက်များစွာ တွေ့နိုင်သည်။ ကျွန်ုပ်တို့၏အပြောအဆိုနှင့် အ သက်တာက ဝိညာဉ်တော်၏အသီးများကို သီးပွင့်စေပြီး ဘုရားသခင်၏ဘုန်းတော်ကို အစဉ်သဖြင့် ထင်ရှားစေရ မည်။ ကျွန်ုပ်တို့၏အမှားများမှ သန့်ရှင်းစင်ကြယ်ခြင်းပါရမီကို သင်ယူရင်း သန့်ရှင်းစင်ကြယ်ခြင်းနှင့် ယှဉ်တော်မူ သော ကယ်တင်ခြင်းသတင်းကို မျှဝေနိုင်ပါရန် ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်ခြင်းအသက်တာ၌ ကြီးထွားကြရ မည် (၁သက်၊ ၄း၃)။

ကျွန်ုပ်တို့၏သာသနာခရီးတွင် ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားရင့်ကျက်မှုရှိလာစေရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား အခက်အခဲပြဿနာများကို ရင်ဆိုင်ကျော်ဖြတ်ခွင့်ပေးတတ်ပေသည်။ ဘုရားသခင်၏တန်ခိုးတော် ကို ဆက်လက်၍ ကြွေးကျော်ခြင်းအမှု၌ ကြီးထွားခိုင်မာလာသည့် ရှင်ပေါလု၏အသက်တာသည် ဖိလိပ္ပိမြို့တွင် အသုံးတော်ခံ၍ သက်သေပြခဲ့သည် (တမန်၊ ၁၆း၁၅)။ သူ၏အသက်တာ၌ အခြားသူများ နှစ်သိမ့်ပေးနိုင်စွမ်းရှိ သည့် ဘုရားသခင်၏တန်ခိုးတော်ကို သူ၏အသက်တာ၌ ခရစ်တော်၏ ဆင်းရဲဒုက္ခများ စီးဆင်းပြီးသွားချိန်တွင် နားလည်သဘောပေါက်ခဲ့သည် (၂ကော၊ ၁း၅)။ 

အကယ်၍ ကြေကွဲစရာအခြေအနေများ နှင့် အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ခြင်းမရှိခဲ့ပါလျှင် ယ နေ့ကျွန်ုပ်တို့သိသည့် ဘုရားသခင်၏လူများကို လမ်းပြသွန်သင်ဦးဆောင်ရာ၌ ပုံသက်သေပြခဲ့သော ရှင်ပေါလုဟူ ၍ ဖြစ်လာခဲ့မည် မဟုတ်ပေ။ ကျွန်ုပ်တို့ရှောင်ဖယ်လေ့ရှိသည့် ရင်ဆိုင်ကြုံတွေ့နေရသည့် အတွေ့အကြုံများသည် တစ်ခါတစ်ရံတွင် ခရစ်တော်၏အစေခံကောင်းဖြစ်လာစေရန် ဘုရားသခင်ကပေးသော သင်ခန်းစာများဖြစ်နေ တတ်ပါသည်။ ဖေဖဝါရီလ၊ ၁၇၃၈ ခုနှစ်တွင် ဂျော့ဝိုက်ဖီးလ်ဆိုသူက သူ၏နေ့စဉ်မှတ်တမ်းစာအုပ်တွင် “ဝိညာဉ် ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများကို ဖြတ်ကျော်ခဲ့သည့် ဘုရားသခင်၏နှစ်သိမ့်နိုင်သည့်တန်ခိုးကို ရှာဖွေနိုင်ခဲ့သူ၊ ဘုရား သခင်ထံ အသက်တာကို ဆက်ကပ်အပ်နှံသော စစ်သားတစ်ဦးအားဖြင့် အသက်တာပြောင်းလဲခဲ့သည့်နောက်တွင် စုံစမ်းနှောက်ခြင်းကို ခံစားနေကြရသည့်သူများကို ပြန်လည်ခွန်အားပေး လမ်းပြနိုင်ရန်အတွက် အမှုတော်ဆောင် များအနေနှင့် စုံစမ်းနှောက်ယှက်ခြင်းအမျိုးမျိုးတို့ကို ဖြတ်ကျော်ရမည်မှာ မည်မျှအရေးကြီးကြောင်းကို တစ်နေ့ ပြီးတစ်နေ့ ကျွန်ုပ်သိလာခဲ့သည်” ဟု ရေးသားခဲ့သည်။

အကျင့်စာရိတ္တဆိုတာက ကျွန်ုပ်တို့တွေ အမှောင်ထဲရောက်နေတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ဖြစ်တည် နေတိုင် ခြင်းအမှန်ကို ဆိုလိုသည်ဟု တစ်စုံတစ်ဦးက လှပစွာ အနက်ဖွင့်ဆိုထားသည်။ လူအများရှေ့မှာ ကျွန်ုပ်တို့မည်သို့ မည်ပုံ အသက်ရှင်ကြသည်ဆိုသည်ထက် ကျွန်ုပ်တို့တစ်ဦးတည်းရှိနေစဉ်၊ ကျွန်ုပ်တို့၏ကိုယ်ပိုင်အချိန်များတွင် မည်သို့အသက်ရှင်သည်ဆိုသည့်အချက်က ဘုရားသခင်၏မျက်နာကိုသာ၍ ရစေပါသည်။ သင်းအုပ်နှင့် ဆရာတို့ ၏အသက်တာကို စကားလုံးတစ်လုံးတည်းဖြင့် အနှစ်ချုပ်ရမည်ဆိုလျှင် “ဘုရားဝတ်၌မွေ့လျော်သောသူ” ဟူ၍ ဆိုနိုင်ပါသည်။ ခေတ်စကားဖြင့် ဆိုရပါလျှင် ဤသို့သောပုဂ္ဂိုလ်မျိုးသည် ခေတ်နောက်ကျသူဟု ဆိုနိုင်သည်။ ထို့ ကြောင့် သင်းအုပ်နှင့် ဆရာအရာတို့၏အနှစ်မှာ အခြားသူများ၏ ထင်မြင်ထောက်ခံမှုအတွက်မဟုတ်ဘဲ ဘုရားသ ခင်၏ထောက်ခံမှုအတွက်သာ အသက်ရှင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အသက်တာသည် အခြားသူများ နှင့် ဆက်ဆံရသည့် ကျွန်ုပ်တို့၏လူမှုပတ်ဝန်းကျင် အသက်တာ၏အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်၏ စေ ခိုင်းချက်တိုင်းကို နာခံလုပ်ဆောင်ခဲ့သော ဒါဝိဒ်မင်းကြီးကို ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဟူ၍ ဖော်ပြ ခြင်းခံခဲ့ရသည် (တမန်၊ ၁၃း၂၂)။ “ထိုကဲ့သို့သော ဘုရားသခင်၏လူလိုမျိုးဖြစ်လိုပါ၏” ဟူသည် သိုးထိန်းအရာနှင့် ဆရာအရာသို့ ဘုရားသခင်က ကျွန်ုပ်ကိုရွေးကောက်သည်ဟု ဆိုသောသူတိုင်း၏ ဆန္ဒပြုဆုတောင်းချက် ဖြစ်ရပါ မည်။ သုတ္တံဆရာက “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့် လျှောက်လော့” ဟူ၍ သတိပေးရေးသားခဲ့ပါသည် (သုတ္တံ၊ ၄း၂၃)။


အခန်း ၃

ရည်ရွယ်ချက်ပန်းတိုင်များနှင့် ဦးစားပေး ရွေးချယ်ရမည့်အရာများ


ဝိညာဉ်ပိုင်းဆိုင်ရာ ပန်းတိုင်များမဟုတ်ဘဲ၊ လောကနှင့်ဆိုင်သော ပန်းတိုင်များဖြစ်သော မှားယွင်းနေ သည့်ပန်းတိုင်များကို ချမှတ်ရန် အလွန်လွယ်ကူပါသည်။ ဒယောတရပ်ကဲ့သို့သော ထိပ်ဆုံးနေရာ၌သာ အမြဲရှိချင် သော ခေါင်းဆောင်မျိုးကို ရှင်ယောဟန်က ပြစ်တင်ရှုတ်ချခြင်းမှတပါး အခြားရွေးချယ်ရန် မရှိတော့သည့်အ ကြောင်းကို ပြောပြထားသည်(၃ယော၊ ၉)။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ပန်းတိုင်သည် ကိုယ်ပိုင်နိုင်ငံငယ် တည် ထောင်ခြင်းမျိုးမဟုတ်ပေ။ သာသနာပြုခြင်းအမှု၌ ရွေးကောက်ခြင်းကို ခံသောသူတိုင်း ၄င်းတို့၏လုပ်ဆောင်ချက် မှာ အဖွဲ့အစည်းတစ်ခု တည်ထောင်ရန်ဖြစ်သည်ဟု လက်ခံသိထားကြမည်ဖြစ်သော်လည်း၊ ဤသို့ ဖွဲ့စည်း တည် ဆောက်ရာတွင် သတိမထားမိသည့်အတွက်ကြောင့် မှားယွင်းနိုင်သည့်အခြေအနေများ ရှိနေတတ်သည်။ အခြား သူများအပေါ်နိုင်ထက်စီးနင်းပြုကာ သခင်ပိုင်စနစ်မျိုးသည် သင်းအုပ်အရာနှင့် ဆရာအရာတို့၏ လုပ်ငန်းကဏ္ဍ၌ မရှိ (၂ကော၊ ၁း၂၄၊ ၁ပေ၊ ၅း၃)။ ခရစ်တော်၏အမှုတော်မြတ်၌ အဓိကသော့ချက် စကားလုံးမှာ “အစေခံ” ဖြစ် သည်။ အသင်းတော်သည် သင်းအုပ်ဆရာနှင့် ဓမ္မဆရာများအတွက်မဟုတ်၊ သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများ သည်သာ အသင်းတော်အတွက် ဖြစ်သည်။ အသင်းတော်များသည် ကျွန်ုပ်တို့ (သို့) ကျွန်ုပ်တို့၏စားဝတ် နေရေး အကျိုးအမြတ်ရရှိရန် တည်ရှိနေကြခြင်းမဟုတ်၊ အသင်းဝင်များတည်ဆောက်စရာရှိစေရန်အတွက် ကျွန်ုပ်တို့ရပ် တည်နေရခြင်းဖြစ်သည်။ 

ကျွန်ုပ်တို့၏ရည်ရွယ်ချက်ပန်းတိုင်သည် နာမည်ကြီးရန်နှင့် အများ၏ လေးစားခြင်းကို ခံရန်မဟုတ်ပေ။ အများသူများ အထင်ကြီးလာစေရန် (သို့) အခြားသူများ မနာလိုစရာဖြစ်စေရန်အတွက် ကျွန်ုပ်တို့သည် ကြီးမား သည့် အသင်းတော်အဖွဲ့အစည်းကို တည်ထောင်ရန် မဟုတ်ပါ။ ခရစ်တော်ဘုရားထက် ကျွန်ုပ်တို့အား သာ၍ လေး စားအထင်ကြီးစေရန် လူများကို သွေးဆောင်ခေါ်ယူရန်မဟုတ်ပေ။ မည်သူကမျှ ကျွန်ုပ်တို့ကို မတွန်းလှန်နိုင် အောင် ကျွန်ုပ်တို့သည် ကိုယ်ကိုယ်ကို အထိုင်ချရန်မဟုတ်။ ထိုကဲ့သို့သော ရည်ရွယ်ချက် ပန်းတိုင်များသည် ကိုယ်ပိုင် တိုင်းနိုင်ငံအား တည်ထောင်သူတို့၏ ပန်းတိုင်များဖြစ်ရာ၊ သင်းအုပ်ဆရာများနှင့် သင်ကြားပို့ချပေးသော ဓမ္မဆရာများ၏ ရည်ရွယ်ချက်ပန်းတိုင်များမှာ ဘဏ္ဌာထိန်းတို့၏ရည်ရွယ်ချက်ပန်းတိုင်များကဲ့သို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ထိန်းကျောင်း၊ သွန်သင်ပေးနေသောသူများသည် ကျွန်ုပ်တို့၏ဥစ္စာများမဟုတ်၊ ကျွန်ုပ်တို့ကို ယုံကြည်၍ အပ်ထား သော ခရစ်တော်၏ဥစ္စာများ ဖြစ်ကြသည် (၁ပေ၊ ၅း၃)။ အသင်းတော်ဟူသည် ကျွန်ုပ်တို့၏ကိုယ်ပိုင် ဥစ္စာမဟုတ်၊ ဘုရားသခင်၏သိုးစုများဖြစ်သည်ကို အကြိမ်ကြိမ် ပြန်လည်သတိပေးခြင်း၌ လွန်သွားသည်ဟူ၍ မရှိနိုင်။ ဤအချက်ကို နားလည်သဘောပေါက်ခြင်းက ကျွန်ုပ်တို့၏ရည်ရွယ်ချက်ပန်းတိုင်များကို တည့်မတ်လမ်းပြ ပေးသည်။ အသေးအဖွဲကိစ္စဟု ထင်ရပါသော်လည်း “ငါ့အသင်းတော်” ဟူသည့် အသုံးအနှုန်းသည် ရှောင်ရှား သင့်သည့် အသုံးအနှုန်းဖြစ်ပါသည်။ ထိုသို့ ဆိုမည့်အစား “ကျွန်တော်၊ မပါဝင်တဲ့ အသင်းတော်” ဟူ၍ အသုံးအနှုန်း ပြောင်းလဲအသုံး ပြုနိုင်ရန် ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့စည်းရှိသင့်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းက အသင်းတော်နှင့် ရည်ရွယ်ချက်ပန်း တိုင်များနှင့် ဦးစားပေးရွေးချယ်ရမည့်အရာများပတ်သက်၍ ကျွန်ုပ်တို့အား အစဉ်သတိပေး လျက်ရှိသည်။ ပန်းတိုင်များကို ကျွန်ုပ်တို့ချမှတ်ရာတွင် အကျိုးအမြတ်နှင့် အန္တရာယ်များကို အမြဲဒွန်တွဲလျက် ရရှိတတ်သည်။ ပန်းတိုင်များ ချမှတ်ခြင်းအားဖြင့် အဓိကရရှိသောအကျိုးအမြတ်မှာ မည်သည့်အရာအား ရည်ရွယ် ပစ်မှတ်ထားလျက် လုပ်ဆောင်နေသည်ကို ကျွန်ုပ်တို့သည် အသေအချာသိရှိနားလည်ကာ ဦးစားပေးစာရင်း မဟုတ်သော အရာများ အတွက် အချိန်မပေးတော့ခြင်းဖြစ်သည်။ အခြားတဘက်တွင် ပန်းတိုင်များချမှတ်ရာ၌ အန္တရယ်ဖြစ်စေသည့် အဓိကအချက်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ချမှတ်သော ပန်းတိုင်များ၏ မောင်းနှင်ခံသူများ ဖြစ်လာရာ၊ ထိုပန်းတိုင်များသည်ကျွန်ုပ်တို့အား ဆုံးမသောအရာများအဖြစ် ပြောင်းလဲသွားနိုင်သကဲ့သို့၊ ကျွန်ုပ် တို့အား တိုးပွားခြင်းအကြောင်းကို မဖြစ်စေသည့်အပြင် ဖိအားများကို ဖြစ်စေနိုင်သည့်အချက်ဖြစ်သည်။ သို့သော် လည်း ဤသို့သော အန္တရယ်များရှိသဖြင့် ရည်ရွယ်ချက်ပန်းတိုင်များကို မချမှတ်တော့ရန် မဟုတ်။ ထိုသို့သော အခြေအနေများကို ရှောင်ကြဉ်ရန်သာ ဖြစ်သည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ပန်းတိုင်များသည် ကျွန်ုပ်တို့၏ စိတ်ကူးအိပ်မက်များမဟုတ်ဘဲ၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်ထားရှိတော်မူသော အလိုတော်များသာ ဖြစ်ရမည်။


သိုးစုကို ကျွေးမွေးပြုစုခြင်း

သမ္မာကျမ်းစာ၌ သင်းအုပ်ဆရာနှင့် သင်ကြားပို့ချပေးသော ဓမ္မဆရာတို့၏လုပ်ငန်းတာဝန်များစွာကို ဖော် ပြထားရာ၊ ထိုလုပ်ငန်းတာဝန်များကို လေ့လာကြည့်ရှုသွားရန်မှာ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဖြစ်သည်။ ယေရှခရစ် တော် ပြန်လည်ရှင်ပြန်ထမြောက်ပြီးသည့်နောက် ရှင်ပေတရုအား ပြန်လည်၍ ဆုံးမသွန်သင်သည့်အချိန်မှ အစပြု ၍ သင်းအုပ်ဆရာနှင့် သင်ကြားပို့ချပေးသည့် ဓမ္မဆရာများ၏တာဝန်ကို သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည် (ယော၊ ၂၁း၁၅-၁၇)။

ကျွန်ုပ်တို့၏ပန်းတိုင်မှာ ကျွန်ုပ်တို့ကယ်တင်ရှင်ယေရှု၏ သိုးစုကို ကျွေးမွေးရန် ဖြစ်သည်။ သူ၏သခင် အပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာကို သခင်၏သိုးစုများကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းအားဖြင့် ရှင်ပေတရု အမြင့်မားဆုံးဖော်ပြခဲ့သည်။ ယေရှုရှင်မိန့်မှာခဲ့သော အချက်သုံးချက်ကို မှတ်သားပါ...“ငါ၏သိုးသူငယ်တို့ကိုကျွေး မွေးလော့” (အငယ် ၁၅)၊ “ငါ၏ သိုးတို့ကို ထိန်းလော့” (အငယ် ၁၆)၊ “ငါ၏သိုးတို့ကို ကျွေးမွေးလော့ (အငယ် ၁၇)။ ဤနေရာတွင် အသင်းသားများအပေါ် ပြုကျင့်ရမည့် သင်းအုပ်ဆရာလုပ်ငန်းတာဝန်များကို မြင်တွေ့နိုင်ပါသည်။ အသက်ရွယ်အားဖြင့် သော်လည်းကောင်း၊ ယုံကြည်ခြင်း၌သော်လည်းကောင်း ရင့်ကျက်ခြင်းမရှိသည့် သူငယ် များကို ဂရုတစိုက်ကျွေးမွေးရန် လိုအပ်ပါသည် (အငယ် ၁၅)၊ ခရစ်ယာန်ယုံကြည်သူများအားလုံး ယေဘုယျအား ဖြင့် ဂရုတစိုက်ထိန်းကျောင်းပေးမှုကို လိုအပ်ပါသည် (အငယ် ၁၆)၊ ထို့ပြင် ရင့်ကျက်ခြင်းဆီသို့ ဦးစီးဦးဆောင်ပြု ပေးရန် လိုအပ်ကြပါသည် (အငယ် ၁၇)။ ရှင်ပေတရုသည် ယေရှုရှင်မိန့်ကြားခဲ့သည့် ပန်းတိုင်ကို အလျင်းမေ့လျော့ ခြင်းမျိုးမရှိဘဲ သူ၏အသက်တာ၌ အစဉ်သတိရလျှက်၊ ကိုယ်တိုင်ကိုယ်ကျ ခရစ်တော်၏သိုးစုများကို ထိန်း ကျောင်းရင်း၊ အရှေ့အလယ်ပိုင်း၌ရှိသော အသင်းတော်ဦးဆောင်သူများကိုလည်း “ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှု၌” အစဉ်ရပ်တည်နေစေရန် တိုက်တွန်းခဲ့သေးသည် (၁ပေ၊ ၅း၂)။

သိုးထိန်းတစ်ဦး၏ပထမဦးစားပေးတာဝန်မှာ ၄င်း၏သိုးစုများကို နှုတ်ကပတ်တော်ဖြစ်တော်မူသည့် စိမ်း လန်းသော ကျက်စားရာအရပ်ဆီသို့ ဦးဆောင်သွားရန် ဖြစ်သည်။ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ သိုးစုများ ယုံကြည်ခြင်း၌ ပိုမိုနားလည်မှုရှိလာစေပြီး ခရစ်တော်အား နာခံသောအသက်တာ၌ ကြီးထွားလာစေရန် နှုတ်က ပတ်တော်ကို ဖွင့်ပြသွန်သင်ပေးရမည်(ရောမ၊ ၁း၅)။ သိုးစုတို့သည် ကောင်းမွန်ဝလင်စွာ နှုတ်ကပတ်တော်တရား ကို စားသုံးကြရသည်နှင့်အညီ ခရစ်တော်၌သော်လည်းကောင်း၊ ခရစ်တော်၏ကျေးဇူးတရား၌သော်လည်းကောင်း ကြီးထွားလာကြမည် (ဧဖက်၊ ၆း၁ဝ၊ ၂တိ၊ ၂း၁)။

ကျွန်ုပ်တို့ သင်ကြားပေးသည့် အချိန်တိုင်းတွင် “ဘုရားသခင်ရဲ့ သိုးစုတွေကို စိမ်းလန်းတဲ့ ကျက်စားရာ နေရာကို ငါပို့ဆောင်နေသလား။ ဒီသင်ကြားပေးချက်က သူတို့ကို ခရစ်တော်အကြောင်း ပိုမိုနားလည်စေပြီး၊ ခရစ် တော်၌ နာခံခြင်းအသက်တာ ကြီးထွားစေပါသလား” ဟူ၍ မိမိကိုယ်ကို မေးကောင်းပါသည်။ ကျွန်ုပ်တို့၏ ယုံ ကြည်ခြင်းသည် နှုတ်ကပတ်တော်ကို ကြားနာခြင်းဖြင့် အစပြုကာ၊ ထိုနှုတ်ကပတ်တော်ကို ပြန်လည်တုန့်ပြန်ခြင်း အားဖြင့် ယုံကြည်ခြင်းသည် ဆက်လက်ကြီးထွားသည်။ ထို့ကြောင့် ကောင်းမွန်စွာ ကျွေးမွေးခြင်း၏ အမှတ်အ သားမှာ ယုံကြည်ခြင်း၌ ကြီးထွားစေခြင်းဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော် ဟောကြားခြင်းအကြောင်း သည် ဘုရားသခင်၏လူများအတွက် အစဉ်ကောင်းရာပြုခြင်း ဖြစ်ရမည်။ ဖိလိပ္ပိမြို့ရှိ ယုံကြည်သူများထံ ရှင်ပေါ လုသာသနာပြုစဉ်က “သင်တို့သည် ယုံကြည်ခြင်း၌ ထိုးပွားဝမ်းမြောက်မည်အကြောင်း” ဟူ၍ မျှော်လင့်ခဲ့သည့် နည်းတူဖြစ်သည် (ဖိလိ၊ ၁း၂၅-၂၆)။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့အသေးစိတ်ရှင်းပြသွန်သင်ရာ၌ တစ်ခါတစ်ရံ၊ ယုံ ကြည်သူများသည် ဘုရားသခင်အား နာခံသောအသက်တာနှင့် ယုံကြည်ခြင်း၌ ဝမ်းမြောက်ပျော်ရွှင်ကြီးထွားပါ မည်အကြောင်း ဆုံးမခြင်း၊ ပြစ်တင်ခြင်းများကို ပြုရပေမည်။ ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်သည် ကောင်းကင် သတို့သား၏မိတ်ဆွေများကဲ့သို့ ဤလောက၌ရှိ သတို့သမီးဖြစ်သော အသင်းတော်ကို အနာအဆာမရှိ၊ ဝမ်း မြောက်ပျော်ရွှင်ခြင်းအပေါင်းနှင့် စုံလင်စွာ သတို့သားထံ ဆက်ကပ်နိုင်ရန်ဖြစ်သည်။ နှုတ်ကပတ်တော်ကို ကောင်း မွန်စွာ တိုက်ကျွေးခြင်းအားဖြင့် သီးပွင့်လာသည့်ဝမ်းမြောက်ခြင်း၌ အကျိုးဆက်များစွာ ရှိပါသည်။ ယုံကြည်သူ များ ခရစ်တော်၌ ဝမ်းမြောက်ခြင်းအသက်တာရှိလျှင် ၄င်း၏နှုတ်နှင့်သော်လည်းကောင်း၊ အသက်တာအားဖြင့် သော်လည်းကောင်း ဘုရားသခင်ကို ချီးမွမ်းခြင်းအသက်တာ ရှိလာကြသည်။ ခရစ်တော်၌ ဝမ်းမြောက်လာသည် နှင့်အမျှ ခရစ်တော်၏အစေခံကို ခံရန် စိတ်ဆန္ဒရှိလာကြသည်။ ခရစ်တော်၌ ဝမ်းမြောက်သော အသက်တာရှိလျှင်၊ ယုံကြည်သူများသည်

 ရင်ဆိုင်နေရသည့် အခက်အခဲပြဿနာများကို ငြိမ်ချမ်းခြင်းနှင့်သော်လည်းကောင်း၊ ယုံကြည်ခြင်းအား ဖြင့်သော်လည်းကောင်း ရင်ဆိုင်ကြသည်။ ခရစ်တော်၌ ဝမ်းမြောက်သောအခါ သူတပါးကိုကူညီမည့်သူများ ဖြစ် လာသည်။ ယုံကြည်သူများ ဝမ်းမြောက်ခြင်းအကြောင်းမရှိလျှင်၊ ၄င်းတို့သည် ခရစ်ယောန်မဟုတ်သောကြောင့် မ ဟုတ်ဘဲ၊ ခရစ်တော်၌ဝမ်းမြောက်ခြင်းကို မရှာကြသောကြောင့်ဖြစ်သည်။ ဝမ်းမြောက်ခြင်းအသက်တာသည် ယုံကြည်သူတစ်ဦး၏ ခရစ်တော်၌ရှိသော ဝိညာဉ်ပိုင်းအသက်တာ မည်သို့ရှိသည်ကိုဖော်ပြပေးသည်။ ခရစ်တော် ၏ သိုးစုများကိုကျွေးမွေးခြင်း၏ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ခရစ်ယာန်များ ခရစ်တော်၌စုံလင်သော ဝမ်းမြောက်ခြင်း ရှိမည် အကြောင်းတည်း (ယော၊ ၁၅း၁၁)။


ဘုရားသခင်၏ အလိုတော် အလုံးစုံကို ကြွေးကျော်ခြင်း

ကောင်းမွန်စွာကျွေးမွေးပြုစုခြင်းသည် မျှတသောအစားအသောက်ကို လိုအပ်သည်။ ကျွန်ုပ်တို့၏ ပန်း တိုင်မှာ – ရှင်ပေါလု၏စကားကို ကိုးကားရမည်ဆိုလျှင် “ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို” ဟူ၍ဖြစ်သည် (တမန်၊ ၂၀း၂၇)။ ဧဖက်မြို့သားများထံ ထိုသို့ပြုခဲ့ပြီးသည့်နောက် ရှင်ပေါလုက လူအပေါင်းတို့၏ အသွေးသည် ၄င်းနှင့်ကင်းလွတ်သည်ဟု ကြွေးကျော်ခဲ့သည် (တမန်၊ ၂၀း ၂၆၊ ယေဇကျေ၊ ၃၃း၁-၆)။ ရှင်ပေါလုသည် ၄င်းကြားသိနားလည်ခဲ့သည့် ကယ်တင်ခြင်းသတင်းစကားကို တစ်လုံး မ ကျန် ပြန်လည်ပြောပြ ဝေငှရန် ကြိုးစားအားထုတ်ခဲ့ခြင်း ဖြစ်သည်။

ဘုရားသခင်၏အလိုတော်အလုံးစုံကို ကြွေးကျော်ရန်အတွက် ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကို အကုန် အစင် သစ္စာရှိရှိ ပြောပြသွန်သင်ကြရပါမည်။ ကယ်တင်ခြင်းတရားအပါအဝင်၊ ဘုရားသခင်၏ကြိုတင် သိနိုင် တော်မူသောဉာဏ်တော်တန်ခိုးမှအစ၊ ယုံကြည်သူများ၏ဘုန်းထင်ရှားသည့်နေ့ထိတိုင် ဘုရားသခင်၏ အလိုတော် ကို ရိုးရှင်းစွာ ကျွန်ုပ်တို့ပြောပြကြရမည်ဖြစ်သည် (ရောမ၊ ၈း၂၉-၃၀)။ ဘုရားသခင်အလိုတော်ရှိသည့် သန့်ရှင်း စင်ကြယ်ခြင်းအကြောင်းကို ခေတ်နှင့်မကိုက်ညီပါသော်လည်း လက်တွေ့အကျိုးအကြောင်းများနှင့် လိင်မှုကိစ္စ များကိုပြောဆိုရင်း၊ ကျွန်ုပ်တို့၏ခန္ဓာကိုယ်ကို မည်သို့ထိန်းချုပ်ရမည်၊ မည်မျှရှင်းပြ တန်ဖိုးကြီးမားသည် စသည် ဖြင့် အလုံးစုံ ရှင်းပြရမည် (၁သက်၊ ၄း၃၊ ၄)။ ခရစ်ယာန်တို့၏ တွေးထင်ယူဆမှုများနှင့် ပြုမူကျင့်ကြံမှုများကို မည် သို့ပင် ထင်မြင်ချက်ပေးနေကြပါ၊ သမ္မာကျမ်းစာက ပြတ်သားစွာဖော်ပြထားသည့် အရာများကို ကျွန်ုပ်တို့သည် လည်း ပြတ်သားစွာပြောပြသွန်သင်ရမည်။ ဘုရားသခင်၏လူများကို လမ်းမှန်ညွှန်ပြပေးသည့်သွန်သင်ချက် မှန် သမျှကို ကျွန်ုပ်တို့တွေဝေခြင်းမရှိ ရဲရင့်စွာဟောပြောကြရမည်။

ထိုသို့ပြုကျင့်နိုင်ရန်အတွက် ရှင်ပေါလုသည် နာကျင်မှုများစွာကိုခံခဲ့ရသည်ဆိုသည့်အချက်က ကျွန်ုပ်တို့ ကို ဘုရားသခင်၏အလိုတော် အလုံးစုံအားမကြွေးကျော်စေရန် ဖြားယောင်းသွေးဆောင်ခြင်းမခံမိရန်မှာ သတိ ထားရပါမည်။ အပြစ်တရား၌ပြိုလဲခဲ့ပြီးသော ဇာတိပကတိသဘော၏ သမ္မာတရားအားပြန်လည်တိုက်ခိုက်မှုများ အပေါ် စိုးရိမ်သည့်စိတ်သည် ကျွန်ုပ်တို့အား တွေဝေစေတတ်ပါသည်။ သို့သော် ထိုသူတို့၏စိတ်နှလုံး၌ ကယ်တင် ခြင်းအတွက်နှင့် သန့်ရှင်းစင်ကြယ်စေခြင်းတို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ သင်ကြားပို့ချ လမ်းပြ ပေးမှုများသည် အမှန်တကယ်ရှိနေသည့်အတွက် ထိုကဲ့သို့သောတွေဝေမှုများမှာ မှားယွင်းသော တွေဝေမှုများ ဖြစ်သည်။ အရေးကြီးသောပုံဥပမာတစ်ခုမှာ နောင်တတရားဖြစ်သည် (တမန်၊ ၂၀း၂၁) – မယုံကြည်သောသူ ဖြစ် ဖြစ်၊ ယုံကြည်သောသူဖြစ်ဖြစ်၊ ကျွန်ုပ်တို့ ဦးစားပေး လုပ်ရမည့်အရာမှာ ဝေငှဟောပြောခြင်းသာ ဖြစ်ပါသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟန်ချက်ညီညီ ဟောပြောသွန်သင်ရန်မှာ မလွယ်ကူလှပါပေ။ စကော့ တလန်နိုင်ငံသား တရုတ်နိုင်ငံ၌သာသနာပြုခဲ့သူ ဝီလီယံဘန်းဆိုသူက သူ၏နေ့စဉ်မှတ်တမ်းစာအုပ်တွင် “ဒုတိယ အကြိမ် မွေးဖွားခြင်းမရှိဘဲ မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ ခရစ်တော်ထံပါးသို့ တိုးဝင်ခွင့်မရှိသည့် သမ္မာ ကျမ်းစာ၏သွန်သင်ခြင်းနှင့် ပြောင်းလဲသောအသက်တာရှိစေနိုင်ရန်အတွက် ဘုရားသခင်က အခမဲ့ ပေးသနား တော်မူသော သတင်းကောင်းကို ပေါင်းစပ်ရှင်းပြရန်မှာ အလွန်ခက်ခဲပါသည်။ အိုး ဝိညာဉ်တော်ဘုရား၊ ငါဆိုသည် အတ္တသဘောနှင့်ပြည့်နေသော သနားစရာ ပျက်ဆီးဆုံးရှုံးတော့မည့် အပြစ်သားတစ်ဦးသည် ထိုကြီးမားလှသည့် ကျေးဇူးတော်တရားကို လမ်းပြဦးဆောင်တော်မူပါ။ “အာမင်” ဟူ၍ သူ၏ဆုတောင်းချက်ကို ရေးသားခဲ့သည်။ ဤ ဆုတောင်းချက်မျိုးသည် ကျွန်ုပ်တို့၏ ဆုတောင်းချက်များ ဖြစ်သင့်ပါသည်။ 

ဘုရားသခင်၏ အလိုတော်အလုံးစုံကိုကြွေးကျော်နိုင်ရန် နှုတ်ကပတ်တော်တစ်အုပ်လုံးကို ဇွဲလုံ့လဝိရိယ ဖြင့် သင်ကြားပေးရန် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့သွန်သင်ချက်များ မည်မျှကိုက်ညီမှုရှိသည်ကို ပြန်လည်ဆန်းစစ် လို အပ်ပါသည်။ ကျွန်ုပ်တို့၏တရားဒသနာများကို မှတ်စုပြုသိမ်းထားခြင်းအရာ၌ အထောက်အကူ ပြုပါပေသည်။ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတို့အကြား ဆက်နွယ်ပတ်သက်မှုတို့ကို ကျွန်ုပ်တို့မည်သို့ ကိုင်တွယ်ခဲ့ကြပါသ နည်း။ ဧဖက်ဩဝါဒစာတွင်တွေ့ရသည့် လက်တွေ့လုပ်ဆောင်မှုအပိုင်းနှင့် ယုံကြည်မှုဩဝါဒပိုင်းဆိုင်ရာများကို ကျွန်ုပ်တို့ မည်သို့ခွဲခြား၍သွန်သင်ပေးသနည်း။ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတို့သည် “ဩဝါဒပေးခြင်း၊ အ ပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း” စသည့်တို့ကိုပြုပေးသည်ဖြစ်ရာ၊ ဘုရား သခင်၏လူများထံသို့ - အများရှေ့တွင်သော်လည်းကောင်း၊ တစ်အိမ်တက်တစ်အိမ်ဆင်းပြုရာတွင်သော်လည်း ကောင်း - သမ္မာတရားကိုချပြ၍ စုံလင်စွာသွန်သင်မှသာလျှင် သစ္စာရှိသောအစေကောင်း ဖြစ်နိုင်ပေမည် (တမန်၊ ၂၀း ၂ဝ)။ ထိုသို့အားဖြင့် “ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍ မြော်လင့်ရသောအခွင့်ရှိစေခြင်းငှါ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒကိုပေး၍ ရေး ထားသတည်း”ဟုဆိုကာ ကြားနာသူအပေါင်းဝမ်းမြောက်ကြမည်ဖြစ်သည် (ရောမ၊ ၁၅း၄)၊ သမ္မာကျမ်းစာ တစ် အုပ်လုံးကိုအသုံးပြုရင်း၊ ဘုရားသခင်၏အလိုတော်အလုံးစုံကိုကြွေးကျော်ရန် ပန်းတိုင်ထားရာ၌ သူတပါးအား လက်ညိုးထိုးကြိမ်းမောင်းခြင်းများကို ပြုသူဟု နာမည်ဖြစ်စေသည့် မလိုအပ်ပါသောအလေးအနက်ထား၊ တယူ သန်အတွေးများကို ကျွန်ုပ်တို့ ရှောင်ကြဉ်ကြရမည်။ သို့သော် ဤအခြေအနေတွင်ယုံကြည်ချက် ဩဝါဒကောင်း များကို ဆွဲကိုင်သောသူထက် ကျွန်ုပ်တို့သည် သမ္မာတရားအတိုင်းအသက်ရှင်သောသူ၊ နာခံသောသူဖြစ်သည် ဆို သည့် အမည်နာမသည် သာ၍မြတ်သည့်အပြင် ကြားနာသောသူတိုင်းကိုလည်း ဘုရားသခင်၏စကားကို နာခံလာ စေသည်။

ခရစ်တော်ထံပါး အယောက်စီတိုင်းကို စုံလင်စွာ အပ်နှံခြင်း 

ဘုရားသခင်၏လူများအား ကျွေးမွေးခြင်းနှင့် ဘုရားသခင်၏အလိုတော်အလုံးစုံကို ကြွေးကျော်ခြင်းတို့၌ အဆုံး မဟုတ်သေးပါ။ ၄င်းတို့သည် သာ၍ကြီးမားသည့် ခရစ်တော်ထံပါး အယောက်စီတိုင်းကို စုံလင်စွာအပ်နှံခြင်း ဆို သည့်ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးရပါအုံးမည်။ ဤအကြောင်းနှင့်ပတ်သက်၍ ရှင်ပေါလုက ကောလောသဲ အသင်းတော်ထံသို့ သာသနာပြုရခြင်း၏အနှစ်ကိုပြောပြရာတွင် “ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကိုဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကိုသတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမ သွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။ ထိုသို့အလိုငှါ ငါသည်အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုး တော်ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏” ဟု ရေးသားခဲ့သည် (ကောလော၊ ၁း ၂၈ ၊၂၉)။

“ခရစ်တော်အားဖြင့်” ဆိုသည့်စကားစုသည် အံ့ဖွယ်ကယ်တင်ခြင်းအကြောင်းကို ရည်ညွှန်းပါသည် - ကျွန်ုပ်တို့သည် ခရစ်တော်၌တစ်လုံးတစ်ဝတည်း ဖြစ်လာခဲ့ကြသည်။ ခရစ်တော်သည် ကျွန်ုပ်တို့အထဲ၌ကျိန်းဝပ်၍၊ ကျွန်ုပ် တို့သည်လည်း ခရစ်တော်၏အထဲ၌ တည်နေကြသည်။ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ပြီး သည့်နောက်၊ နောက်ဆက်တွဲအနေနှင့် ဘုရားသခင် ကျွန်ုပ်တို့အတွက် ထားရှိသည့်အလိုတော်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ သန့်ရှင်းသော အသက်တာဖြင့်ဆက်ကပ်၍ ထာဝရအတူ ကောင်းကင်၌စံစား စေရန်ဖြစ်သည်။ ယနေ့တွင် သန့်ရှင်းခြင်းနှင့်ပတ်သက်သည့် ဘုရားသခင်၏အလိုတော်မှ အစပြုနှင့်ပြီးဖြစ်ရာ၊ ထိုအမှုကို ဆက်လက်ထမ်းဆောင်ရန်အတွက် သားတော်၏ အစေခံသိုးထိန်းများကို တာဝန်ပေးထားပါသည်။ ကောရိန္တုအသင်းတော်ရှိယုံကြည်သူများအတွက် ရှင်ပေါလုထားရှိသည့်ရည်ရွယ်ချက်မှာ ၄င်းတို့အားသီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အားဆက်သရန်ဖြစ်သည်အတွက်၊ ထိုရည်ရွယ်ချက်မှာမှန်ကန် သော ရည်ရွယ်ချက် ဖြစ်ပါသည် (၂ကော၊ ၁၁း၂)။

အသက်တာကြီးထွားမှုရှိစေရန် ယုံကြည်သူများကို ကျွန်ုပ်တို့တိုက်တွန်းကြရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မြင်နိုင်လာစေရန် ဤသို့တိုက်တွန်းနိုးဆော်ခြင်းထက် ကောင်းမွန်သည့်လမ်းပြဦးဆောင်မှု မျိုး ၄င်းတို့အတွက် မရှိပါပေ။ သတင်းကောင်းကိုပြောပြသွန်ပေးနိုင်လျှင် လုံလောက်ပြီ အသက်တာကြီးထွားလာ စေရန် တိုက်တွန်းခြင်းမျိုးမလိုအပ်ပါဟု ကျွန်ုပ်တို့မဆိုသင့်ပေ။ ရောမ ၁၂ မှစ၍ ရှင်ပေါလု၏ရည်ရွယ်ချက်မှာ ယုံ ကြည်သူများအား ခရစ်ယာန်ရင့်ကျက်ခြင်းအတွက် လုပ်ဆောင်ကြရန် တိုက်တွန်းထားခဲ့သည်။ ရောမ ၁ မှ ၈ တွင် ကျွန်ုပ်တို့အား ကယ်တင်ခြင်းရရှိစေသောသတင်းကောင်းအကြောင်းကို ရှင်ပေါလုပြောပြထားသည်ကို အတိ အလင်းတွေ့မြင်နိုင်သည်။ အခန်းကြီး ၉ မှ ၁၁ တွင်မူ ယုံကြည်ခြင်းမရှိသေးသည့် သူ၏လူမျိုးဖြစ်သော ဂျူး အမျိုးသားများအတွက်ထားရှိသည့် စိတ်သဘောထားကို ကြားညှပ်ရေးသားဖော်ပြထားပါသည်။ ထို့နောက်တွင် အခန်းကြီး ၁၂ မှစ၍ အခန်းကြီး ၈ တွင် အသုံးသက်ခဲ့သည့် ကယ်တင်ခြင်းသတင်းကောင်းပြီးသည့်နောက် “ဘုရား သခင် ဂရုဏာတော်ကိုထောက်၍” (အငယ် ၁) ဆိုသည့်စကားလုံးနှင့်အစချီကာ ခရစ်တော်၌ ကြီးထွားရင့်ကျက် လာစေရန် တိုက်တွန်းနိုးဆော်မှုများပြုခဲ့သည်။ ကျွန်ုပ်တို့၏အမြင်များသည် ဘုရားသခင်၏ဂရုဏာတော် အားရှု မြင်လာသည်နှင့်အမျှ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ကျေးဇူးအသိတရားများသည်လည်း တိုးပွားလာကြရာ၊ ကျွန်ုပ်တို့အား နာခံခြင်းနှင့်ကြီးထွားခြင်းအသက်သာဆီသို့ ဦးဆောင်မှုကိုပြုသည်။ ယုံကြည်သူများ၏ အားနည်း ချက်များကို အစဉ်ပြစ်တင်ဝေဖန်မှုများ ပြုနေခြင်းမျိုးမဟုတ်ဘဲ၊ ခရစ်တော်နှင့်ပိုမိုတူလာစေရန်နှင့် ဝိညာဉ်ရေးရာ အသက်တာကြီးထွားလာစေရန် ၄င်းတို့အတွက်လိုအပ်ချက်များကို ကျွန်ုပ်တို့၏အခွင့်အရေးကဲ့သို့ သော်လည်း ကောင်း၊ တာဝန်ဝတ္တရားကဲ့သို့သော်လည်းကောင်း ဖြည့်ဆည်းပေးကြရမည်။ ယုံကြည်သူများ၏အသက်တာ ရင့်ကျက်ကြီးထွားလာစေရန်ထားရှိသည့် ကျွန်ုပ်တို့၏စိတ်အားထက်သန်မှုနှင့် ကျွန်ုပ်တို့ကိုယ်တိုင် ကြိုးစား အား ထုတ်မှုတို့ကို သိမြင်လာသည်နှင့်အညီ ၄င်းတို့သည်လည်း ကျွန်ုပ်တို့နည်းတူ လုပ်ဆောင်လာရန်မှာ အလွန်အရေး ပါသောအချက်ဖြစ်သည်။

ကျွန်ုပ်တို့၏ရည်ရွယ်ချက်ပန်းတိုင်မှာ ခရစ်တော်အတွက် ယုံကြည်သူအယောက်စီတိုင်း၏ သန့်ရှင်းခြင်း အသက်တာနှင့် ရာနှုန်းပြည့်နာခံခြင်းအသက်တာ ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် ပုံသက်သေပြရင်း ၄င်းတို့ကို ဦးဆောင်လမ်းပြရမည် – “ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် စုံလင်တာ်မူသည် နည်း တူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့” (မဿဲ၊ ၅း၄၈)။ ပြီးပြည့်စုံသော သန့်ရှင်းခြင်းအသက်တာ  ဤ လောက၌နေစဉ်တွင် မဖြစ်နိုင်ပါသော်လည်း၊ သန့်ရှင်းခြင်းအသက်တာအတွက် ကြိုးစားအားထုတ်ခြင်း မလို တော့ဟုဆိုလိုခြင်းတော့ မဟုတ်ပေ။ ကျွန်ုပ်တို့၌ကျိန်းဝပ်သော သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီ စောင့်မ ပေးမှုဖြင့်သာ ကျွန်ုပ်တို့နှင့်အတူ ကျွန်ုပ်တို့သွန်သင်ပေးလျက်ရှိသောသူများကို ဦးဆောင်လမ်းပြနိုင်မည် ဖြစ် သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရန်သူများဖြစ်နေစဉ်ပင် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်မေတ္တာ ထားနိုင် သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ရန်သူများအပေါ် မေတ္တာထားနိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခွင့်လွတ်ခဲ့သည့်နည်းတူ ကျွန်ုပ်တို့သည်လည်း သူတပါးကို ခွင့်လွတ်နိုင်မည်ဖြစ်သည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့သည်၊ ဦးဆောင်နေသော ယုံကြည်သူများနှင့်အတူ ယေရှုခရစ်တော်နှင့် သဏ္ဍာန်တူလာကြမည်။ ကျွန်ုပ် တို့၏ အသစ်သောအသက်တာကို ကယ်တင်ရှင်ယေရှု ပြုကျင့်ခဲ့သည့်နည်းတူ ပြုကျင့်အသက်ရှင်ရင်း အများရှေ့ သက်သေ ထင်ရှားစေနိုင်မည် ဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား သင့်ဘဝ၏ ပန်းပုထုသောသူနှင့်အိုးလုပ်သောသူအဖြစ် မှတ်ယူနိုင် ပါသည်။ ဘုရားသခင်၏လူများအားလုံး ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်နှင့် သင်းအုပ်ဆရာတို့၏ ဦးဆောင် လမ်းပြမှုအောက်တိုးဝင်ဟုဆိုရာတွင် ၄င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လက်တော်ထဲသို့ အသက်တာကို ပုံအပ်ခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့တော်၌ တိုးဝင်ချဉ်းကပ်လာသောသူသည် သင်ကြားဝေငှသော နှုတ်ကပတ် တော်ကို နာခံခြင်းအားဖြင့် ယေရှုခရစ်တော်နှင့် သဏ္ဍာန်တူလာစေရန် အသက်တာအား ပုံသွင်းထုလုပ်ခံစေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အိုးလုပ်သူတစ်ဦးကဲ့သို့ နှုတ်ကပတ်တော်တရားများကို အသက်တာတွင် လိုက် လျှောက်ကျင့်သုံးနိုင်စေရန်အတွက် ကျွန်ုပ်တို့အာ ပုံသွင်းလမ်းပြပေး၍၊ ထိုသို့အားဖြင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ အိမ်တော်၌ ပို၍အသုံးဝင်သာ တန်ဆာပလာများအဖြစ်သို့ ပြောင်းလဲလာကြသည်။

ကောလောသဲ ၁း၂၈ တွင်တွေ့ရသည့် “လူတိုင်း”ဆိုသည့်စကားလုံးကို ကျွန်ုပ်တို့ သတိပြုရပါမည်။ တစ်ဦး တစ်ယောက်မျှ လစ်ဟင်းခြင်းမျိုးမရှိစေရန်မှာ သိုးထိန်းများနှင့် သင်ကြားပေးသော ဓမ္မဆရာများ၏ တာဝန် ဖြစ်သည်။ ကျွန်ုပ်တို့စောင့်ရှောက်မှုအောက် ဘုရားသခင်ခေါ်လာသော ယောက်ျား၊မိန်းမ၊ လူငယ်၊လူအိုတို့ ၌ မတူညီ သည့် ဝိညာဉ်ပိုင်းဆိုင်ရာ အတွေ့အကြုံများ ကိုယ်စီရှိကြသည်။ ၄င်းတို့သက်ဆိုင်ရာနေရာမှစ၍ ၄င်းတို့ အတွက် ဘုရားသခင်အလိုတော်ရှိသော သန့်ရှင်းခြင်းနှင့်နာခံခြင်း အသက်တာစီသို့ ကျွန်ုပ်တို့သည် ဦးဆောင် ပေးသွားရမည် ဖြစ်သည်။ 

ကောလောသဲ၊ ၁း၂၈ တွင် တွေ့ရသည့် “ဆက်သ”ဆိုသည့် စကားလုံးသည်လည်း ဆင်ခြင်ထိုက်သော စကားလုံးဖြစ်သည်။ ဤစကားလုံးသည် ဘုန်းတန်ခိုးတော်ဖြင့် ခရစ်တော် ပြန်လည်ကြွလာသည့်အချိန်တွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ပြန်လည်တင်ပြကြရမည့်အချက်ကို သတိပေးနေ သည်။ ကျွန်ုပ်တို့ဦးဆောင်နေသောသူများကို ဘုရားသခင်ထံတော်ပါး ဆက်သက်ခြင်းအမှု၌ မည်မျှဝမ်းမြောက် ဖွယ်ဖြစ်သည်ကို စဉ်းစားကြည့်ပါ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ အခက်အခဲများကို ဖြတ်သန်းနေရစဉ်ပင် ရှင်ပေါလုက သက်သာလောနိတ်အသင်းတော်ထံသို့ “ငါတို့မျှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်း အကြောင်း ၊ ဝါကြွားခြင်း၏ဦးရစ်သရဖူကား အဘယ်သို့သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုကြွလာသောအခါ၊ ရှေ့ တော်၌ သင်တို့သည် ထိုသို့သောအကြောင်းအရာ ဖြစ်ကြသည်မဟုတ်လေ။ သင်တို့သည် ငါတို့ဘုန်းအသရေ၊ ငါတို့၏ဝမ်းမြောက်ခြင်းအကြောင်းဖြစ်ကြသတည်း” ဟူ၍ ရေးသားခဲ့သည်။ ပညာရှိသောသိုးထိန်းနှင့် ဓမ္မဆရာ များသည် လက်ရှိရရှိမည့်ရလဒ်ကို မကြည့်၊ နောင်တချိန်တွင်ရရှိမည့် ဆုလာဒ်ဆောင်ကိုသာ၍ မျှော်လင့်လျက် အသက်ရှင်တတ်ကြသည်။

ဤရည်ရွယ်ချက်ပန်းတိုင်သို့ ရောက်ရှိစေသည့်အဓိကအချက်ကို “ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး ၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏” ဆိုသည့် (ကောလောသဲ၊ ၁း ၂၈) ကျမ်းချက်တွင် ထုတ်ဖော်ပြောပြထားပါသည်။ ရှေးဦးစွာ နှုတ်ကပတ်တော်ကိုဟောပြောခြင်းအမှု ပါဝင် သည်။ နှုတ်ကပတ်တော်ဟောပြောခြင်း ဆိုသည့်အသုံးအနှုန်းသည် အလွန်အသုံးများသော စကားစုတစ်ခုဖြစ်ရာ ၄င်း၏ဆိုလိုရင်းအနက်ကိုပင် သတိမထားဘဲ ချန်လှပ်ထားမိတတ်ပါသည်။ အသင်းတော်၌ ဦးစီးသင်ကြားပေးရာ တွင် ခရစ်တော်အား ကျွန်ုပ်တို့ ဟောပြောဝေငှပါသလား ဆိုသည်ကိုအစဉ်သတိပြုရမည်။ မှန်ကန်သော သင်ကြား ပေးခြင်းသည် ခရစ်တော်ထံသို့ လူသားများကို အစဉ်ပို့ဆောင်ပေးလျက် ဘုရားသခင်၏ရည်ရွယ်ချက် အလုံးစုံ တို့ကို ဖော်ပြပေးပါသည်။ ဝိညာဉ်ပိုင်းဆိုင်ရာတိုင်ပင်ဆွေးနွေးမှုများ ကျွန်ုပ်တို့ ပြုလေတိုင်း ၄င်းတို့၏ အခြေအနေ အသီးသီးအတွက် ခရစ်တော်၏ လုပ်ဆာင်အသက်ရှင်မှုပုံဥပမာများကို ချပြသွန်သင်ပေးကြရမည်။ အသက်တာ အမူအရာပိုင်းအား ဆုံးမသွန်သင်ရာတွင်လည်း ခရစ်တော်၏ပုံဥပမာကို ပမာနှိုင်းကာ လမ်းပြဦးဆောင်ရမည်။ သင်းအုပ်ဆရာများ၏ ဆုံးမသွန်သင်ပေးခြင်းအမှုတွင် ခရစ်တော်၏ပုံဥပမာ၊ အသက်တာပြုမူကျင့်ကြံမှုနှင့် အလို 

တော်တို့ကို ကိုးကားယူ၍ သင်ကြားပေးမှုရှိစေရန် အစဉ်ကြိုးစားရပါမည်။

နှုတ်ကပတ်တော်တရားအား ဟောကြားဝေငှခြင်းနှင့်အတူ သတိပေးခြင်းနှင့် သင်ကြားပို့ချခြင်းများ လည်း ပြုလုပ်ပေးရန် လိုအပ်သည်။ ထိုအမှုတော်မြတ်အား အစစ်အမှန်ယုံကြည်သောသူတစ်ဦး ဖြစ်သည်နှင့် အ ညီ ရှင်ပေါလုသည် သတိပေးခြင်းအမှု၌ စိတ်အားထက်သန်သူဖြစ်သည်။ သတိပေးခြင်းအမှုသည် သင်းအုပ်ဆရာ တို့ အထူးလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားတစ်ခုဖြစ်ပေသည် (၁သက်၊ ၅း၁၂)။ သတိပေးခြင်းဆိုသည်မှာ ခရစ်ယာန်တို့၏စစ်မှန်သောတရားကို ဖော်ပြ၍အသက်ရှင်ရန် ပြောဆိုခြင်းဖြစ်သည်။ ယုံကြည်သူများ အားလုံး သည် ဝိညာဉ်တိုက်ပွဲဝင်နေသောသူများဖြစ်သည့်အတွက်ကြောင့် ၄င်းတို့၏စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာ များကို အန္တရာယ်ပေးနိုင်သည့် အခြေအနေများတွင် အမြဲသတိရှိနေရပါမည် (ဖက်၊ ၆း၁၀)။ ယုံကြည်သူများ အားလုံးကို မာန်မာနတရား၊ မိမိကိုယ်ကို ကိုးစားခြင်း၊ စာတန်မာရ်နတ်နှင့် ၄င်း၏ အကြံအစဉ်များ၊ မှားယွင်းသော သင်ကြားပေးခြင်းများနှင့်အတူ အသက်ပျက်ပြားစေသည့်အရာများ၊ ပျင်းရိခြင်းများစသည်ဖြင့် အသေးစိတ် ဖော် ပြကာ သတိရှိနေစေရန် သတိပေးပြောပြရမည် (တမန်၊ ၂၀း၃၀၊ ၃၁၊ ၁သက်၊ ၅း၁၄)။ လမ်းတလျှောက် “လမ်းပြ ဆိုင်းဘုတ်များ”ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် ချိတ်ဆွဲပေးထားသည့်နည်းတူ သင်းအုပ်ဆရာနှင့် ဓမ္မဆရာ တို့သည် လူသားများအတွက် အစဉ်သတိပြုမိစေရန် လုပ်ဆောင်ပေးရမည်။ ဧဖက်အသင်းတော်ရှိ ခေါင်းဆောင် များကို သုံးနှစ်လုံးလုံး မျက်ရည်နှင့်သတိပေးခဲ့သည့်အကြောင်းကို ရှင်ပေါလု ပြန်လည်ပြောပြခဲ့သည် (တမန်၊ ၂၀း၃၁)။ “မျက်ရည်” ဆိုသည့်စကားလုံးသည် သတိပေးခြင်းအမှု၏ အလွန်အရေးပါပုံကို ဖော်ပြထား သကဲ့သို့၊ ထိုသတိပေးခြင်းအမှု၌ သားသမီးတို့အပေါ် ဖခင်တစ်ဦး၏မေတ္တာစိတ်မျိုးရှိရမည့်အကြောင်းကို ညွှန်းဆို နေသည် (၁ကော၊ ၄း၁၄)။

သတိပေးခြင်းနှင့် သင်ကြားပေးခြင်း နှစ်မျိုးလုံး၌ ပါးနပ်လိမ္မာခြင်း လိုအပ်ပါသည် (ကောလော၊ ၁း၂၈)။ ထိုပါးနပ်လိမ္မာခြင်းသည် သင်ယူလေ့လာခြင်းမှရရှိခြင်းမျိုးမဟုတ်၊ ဘုရားသခင်ကို ကြောက်ရွံခြင်း၊ နှုတ်ကပတ် တော်ကို လေးစားမှုရှိခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လေ့လာခြင်းမှရရှိခြင်းမျိုးမဟုတ်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ လမ်းပြဦးဆောင်မှုတို့ကို သတိပြုခြင်းမှစီးထွက်လာသော ကြောက်ရွံ့ခြင်းသဘောကို ဆိုလို သည် 

(ယာကုပ်၊ ၃း၁၇-၁၈)။ 

ယုံကြည်သူများကို ခရစ်တော်၌ စုံလင်စွာအပ်နှံခြင်းအမှုသည် အလုပ်မကြိုးစား၍မရနိုင်ပေ။ ဤ ရည်ရွယ်ချက်ပန်းတိုင်သို့ရောက်လာနိုင်ရန် ရှင်ပေါလုသည်လည်း ခရစ်တော်၏ကြီးမားသည့် တန်ခိုး တော်နှင့်အတူ ကြိုးစားရုန်းကန်ခဲ့သည် (ကောလောသဲ၊ ၁း၂၉)။ ကြိုးစားရုန်းကန်သည်ဆိုသည့် စကား လုံး၏ မူရင်းအနက်မှာ လက်နက်များ ဆွဲကိုင်လျက် တိုက်ခိုက်ယှဉ်ပြိုင်ခြင်းသဘောကို ဆောင်သည်။ စာတန် မာရ်နတ်နှင့် ၄င်း၏လွှမ်းမိုးမှုတို့ကို ယှဉ်ပြိုင်တွန်းလှန်နိုင်ရန် တန်ခိုးရှိသည့် လက်နက်များမှာ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်တို့သာ ဖြစ်သည်။ ယုံကြည်သူများ ရင့်ကျက်ခြင်းဆီသို့ရောက် မလာနိုင်စေရန် စာတန်သည်ရှိသမျှ အတားအဆီးများကို အသုံးပြုကာ လမ်းပိတ်ထားတတ်သည်။ ထို အချက်ကို သတိမူခြင်းအမှု၌ အစဉ်သတိရှိလျက်၊ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ဘုရားသခင်၏ သိုးများကို ထိန်းကျောင်းရန် အရန်သင့်ရှိနေသော ဘုရားသခင်၏တန်ခိုးတော်အပေါ်  မှီခိုယုံကြည် ကြရပါမည်။ အလုပ်ကြိုးစားရမည် ဆိုသည့်လိုအပ်ချက်ကို သတိပြုဆင်ခြင်ခြင်းနှင့်အတူ သူ့အသက်တာတွင် ရှိနေ သည့် ခရစ်တော်၏ တန်ခိုးတော်သည် အောင်မြင်ခြင်းသော့ချက်ဖြစ်သည် ဆိုသည့်အချက်အကြောင်းကို ရှင်ပေါလု ကောင်းစွာ သဘောပေါက်နားလည်ထားပါသည်။ ကျွန်ုပ်တို့၏ အလုပ်ကြိုးစားခြင်းနှင့် ဘုရား သခင်၏ ရည်ရွယ်ချက် ပန်းတိုင်ကို ဖြစ်စွမ်းနိုင်စေသည့် ခရစ်တော်၏တန်ခိုးတော်တို့အကြား နားလည် ရန်မလွယ်ကူသော လျှို့ဝှက်နက်နဲသည့် ဆက်နွှယ်မှုမျိုးရှိပါသည်။ ထိုအကျိုးကျေးဇူးကို ခံစားရရှိရန် အတွက် ထိုဆက်နွယ်မှု၏ လျှို့ဝှက်ချက်အလုံးစုံကို ကျွန်ုပ်တို့သိရှိသဘောပေါက်ရန် မလိုအပ်ပါပေ။ သခင်ခရစ်တော်သည် သူ့အား ဘိတ်သိပ်ပေးတော်မူခဲ့သည့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ၄င်း၏အလုပ်ကို ဆက်လက်လုပ်ဆောင်သော သူများကိုပေးအပ်ခဲ့သည့်အချက်က ကျွန်ုပ်တို့၌လည်း ဝိညာဉ်တော်ဘုရား အလုပ် လုပ်မည်ဆိုသည့် ယုံကြည်ချက်ကို ခိုင်မာစေလျက်ရှိသည်။ 


ဘုရားသခင်၏ လူများကို အစေခံခြင်း အမှုတော်၌ ပါဝင်လာစေရန် ပြင်ဆင်ပေးခြင်း

အယောက်စီတိုင်းအား ခရစ်တော်ထံပါး စုံလင်စွာ အပ်နှံရမည်ဆိုသည့် ရည်ရွယ်ချက်ပန်းတိုင်နှင့်အတူ ကျွန်ုပ်တို့တွင် ထပ်လောင်းရှိနေသေးသည့် အခြားပန်းတိုင် တစ်ခုမှာ “ယုံကြည်သူများကို အမှုတော်မြတ်၌ ပါဝင် လာစေရန် ပြင်ဆင်ခြင်း” ဖြစ်သည် (ဖက်၊ ၄း၁၂)။ ခရစ်တော်၏ခန္ဓာကိုယ်၌ သင်းအုပ်ဆရာဆိုသည့် ဆုကျေးဇူး သည်လိုအပ်သည်နည်းတူ၊ အခြားအခြားသော ဆုကျေးဇူးများသည်လည်း တန်းတူလိုအပ်ပါသည်။ အသင်းတော် သမိုင်းတလျှောက်တွင် တက်သစ်စသင်းအုပ်ဆရာများနှင့် ဓမ္မဆရာများအား ၄င်းတို့၏ ဆုကျေးဇူး တိုးတက်လာ သည်နှင့်အမျှ အခြားသူများ၏ ဆုကျေးဇူးတို့ကိုလည်း တိုးတက်မှုရှိလာစေရန် သတိပြုရမည်ဟု အစဉ်မှာထား ခြင်း ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ ဘုရားသခင်၏လူများ တစ်ဦးစီတိုင်း အမှုတော်မြတ်၌ တစ်နည်းတစ်ဖုံ ပါဝင် လာစေရန် ပြင်ဆင်ခြင်းမှာ သင်းအုပ်ဆရာနှင့် ဓမ္မဆရာတို့၏တာဝန်ဝတ္တရားတစ်ခုပင် ဖြစ်သည်။

ခရစ်တော်၏ခန္ဓာကိုယ်၌ ခရစ်ယာန်တစ်ဦးစီတိုင်း မတူညီသည့်လုပ်ငန်းတာဝန်တစ်ခုစီ ရှိကြရာ ဘုရား သခင်၏ မိသားစုအဝင်တို့ အကျိုးရှိစိမ့်သောငှါ တမူထူးခြားသည့် လုပ်ငန်းတစ်ခုစီရှိကြပါသည် (၂ကော၊ ၁၂)၊ သင်းအုပ်ဆရာ နှင့် ဓမ္မဆရာတို့၏ တာဝန်မှာ ယုံကြည်သူအယောက်စီတိုင်းအား ဘုရားသခင်သတ်မှတ်ထားသည့် နေရာ၌ ပါဝင်လုပ်ဆောင်မှုရှိစေရန် နေရာချပေးခြင်းအမှု ဖြစ်သည်။ ရှေးဦးစွာ ၄င်းတို့၏ဆုကျေးဇူးကို သိရှိလာ စေရန် ကူညီပေးကာ၊ ထိုဆုကျေးဇူးများအား မည်သို့အသုံးပြုရမည်ကို ဆက်လက် သွန်သင်ပေးရမည်။ ၄င်းတို့၏ ဆုကျေးဇူးများကို သိရှိနားလည်လာကြသည်ဆိုလျှင် ထိုဆုကျေးဇူးများကို တိုးတက်စေရန်နှင့် အသုံးပြုနိုင်ရန် အတွက် အခွင့်အလမ်းများ ပြင်ဆင်ပေးရမည်ဖြစ်သည်။ ၄င်းတို့ပါဝင်နိုင်သော သာသနာပြုခြင်းနှင့် ပတ်သက် သည့် စာအုပ်များကိုဖတ်ရှုစေခြင်းသည်လည်း တစ်နည်းတစ်ဖုံ နိုးဆော်လမ်းပြသည့် သဘော သက်ရောက်စေနိုင် သည်။ ဆန်းဒေးစကူးလ်နှင့်ပတ်သက်၍ အဆင့်မြင့်တင် နိုင်ရန် နည်းလမ်းကောင်းများပေးသည့် စာအုပ်နှစ်အုပ်ကို ကျွန်ုပ်ငယ်ရွယ်စဉ်က ဖတ်ခဲ့ရသည့်အကြောင်းကို ယနေ့တိုင်အောင် အမှတ်ရနေသေးသည်။ ဆယ်ကျယ်သက် အရွယ် အဆုံးပိုင်းလောက်တွင် တရားဒေသနာဝေငှခြင်းအား လက်တွေ့လုပ်ဆောင်ရန် တွန်းအားပေးသည့် စာအုပ်နှစ်အုပ်ကိုလည်း ကျွန်ုပ် အမှတ်ရနေသေးသည်။ ၄င်းတို့နှင့် ကိုက်ညီမည့်သင်တန်းများ တက်ရောက်ရန် (သို့) ၄င်းတို့နှင့်ဆုကျေးဇူးတူညီပြီး အတွေ့အကြုံ ပိုမိုရင့်ကျက်သည့်သူများနှင့် မိတ်ဆက်ပေးခြင်း စသည်ဖြင့် လည်း အကြံပေးခြင်း၊ ဆက်သွယ်ပေးခြင်းများကို ပြုလုပ်ပေးနိုင်ပါသည်။

တစ်ခါတစ်ရံတွင် သင်းအုပ်ဆရာနှင့် ဓမ္မဆရာတို့ပိုင်ဆိုင်သော ဆုကျေးဇူးတို့သာ အသင်းတော်၌ အလွန် ထင်ရှားသည်ဖြစ်၍ အခြားသူများ၏ ဆုကျေးဇူးတိုးတက်မှုမှာ သတိမမူမိဘဲ ဖြစ်နေတတ်သည်။ သင်းအုပ်ဆရာ နှင့် ဓမ္မဆရာတို့ (သို့) အခြားသောပုဂ္ဂိုလ်တစ်စုံတစ်ဦးတည်း၌ အသင်းတော်အတွက် လိုအပ်သည့် ဆုကျေးဇူးများ ရှိသည်ဟု ထင်မှတ်ခြင်းအမှုသည် ရူးသွပ်ရာဖြစ်ပေ၏။ သိုးထိန်းနှင့် ဓမ္မဆရာတို့မှာ ဤပြဿနာမျိုးကို ဖြေရှင်း ကိုင်တွယ်ရန်အတွက် အဓိကပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နေသဘောထားတွင်သော်လည်းကောင်း၊ သင်ကြားပေးခြင်းတွင်သော်လည်းကောင်း ကျွန်ုပ်တို့ပိုင်ဆိုင်ထားသည့် ဆုကျေးဇူးများမှာ ဘုရားသခင် ပေးတော် မူသော ဆုကျေးဇူးများအနက် တစ်ခုသာဖြစ်သည်ဟု ရိုးသားစွာ ပြောပြသွန်သင်ပါမည်။ ရောမ၊ ၁၂၊ ၁ကော၊ ၁၂ နှင့် ၁ပေ၊ ၁ဝ-၁၁ တို့ကို ကျွန်ုပ်တို့ သင်ကြားပေးရာ၌ တစ်ဦးနှင့်တစ်ဦး မှီခိုရန်လိုအပ်သည့်အကြောင်းနှင့် ကျွန်ုပ်တို့ ရရှိထားသော ဆုကျေးဇူးများသည် မိမိကိုယ်ကို ကျေနပ်စေရန်အတွက်သာ အသုံးပြုရန် မဟုတ် သည့်အကြောင်း၊ ဘုရားသခင်၏မိသားစုဝင်များ အားလုံး အကျိုးရှိစိမ့်သောငှါ အသုံးပြုကြရမည်ဖြစ်ကြောင်းကို သေသေချာချာ ရှင်းပြပေးရမည်။ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားရင့်ကျက်ခြင်းစီသို့ တစ်ဦးကိုယ်တစ်ဦး ဖေးမတွဲ ကူရင်း လျှောက် လှမ်းနိုင်ပါမည် အကြောင်း – တနည်းဖြင့်ဆိုရပါလျှင် ခရစ်တော်၌ တစ်ဦးကိုယ်တစ်ဦး စုံလင်စွာ အပ်နှံနိုင်ပါမည် အကြောင်း - ဝိညာဉ်ဆုကျေးဇူးများကို ပေးအပ်ထားခြင်း ဖြစ်ပါသည် (ဖက်၊ ၄း၁၃၊ ကောလောသဲ၊ ၁း၂၈)။  

 အမှုတော်မြတ်၌ ပါဝင်ရမည့်အခန်းကဏ္ဍများကို ကျွန်ုပ်တို့ သင်ကြားပေးသည့်နည်းတူ၊ ၄င်းတို့အတွက် အခွင့်အရေးများကိုလည်း လမ်းပြဖွင့်လှစ်ပေးရမည်။ ကျွန်ုပ်ပါဝင်နေသောအသင်းတော်တွင် ရောမ ၁၂ ကို အခြေ ပြု၍ “အမှုတော်မြတ်အတွက် အခွင့်ထူးများ” ဆိုသည့် ခေါင်းစည်းပါသောစာရင်းတစ်ခုကို ပြုလုပ်ထားကာ၊ သင်း ဝင်သစ်များကို လက်ကမ်းလေ့ရှိသည်။ ထိုစာရင်းထဲတွင် အသင်းတော်နှင့်ပတ်သက်ဆက်နွယ်သည့် လုပ်ငန်း တာဝန်များနှင့် အယောက်စီတိုင်း မိမိလက်ခံရရှိသော ဆုကျေးဇူးအတိုင်း ပါဝင်နိုင်မည့် နေရာများကို ဖော်ပြထား သည်။ တစ်နေရာရာအတွက် ဝိညာဉ်ဆုကျေးဇူး လက်ခံထားသည့်ဟု တွေးထင်သောသူများနှင့် ကူညီရန် ဆုံးဖြတ် ထားသောသူများကို ပါဝင်လုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်းများ ပြုလုပ်ပေးသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဝိညာဉ် ဆုကျေးဇူး အားရှာဖွေခြင်းအမှု၌ မမှားနိုင်ပါဟု မဆိုလို။ ထို့ပြင် တစ်နေရာရာတွင် ပါဝင်နိုင်ရန် ဆုကျေးဇူးကို အတိအကျသိမှသောသူများအား လိုအပ် သည်ဟု ယတိဖြတ် တောင်းဆိုခြင်း မျိုးမဟုတ်ပါ။ သို့သော်လည်း ထိုသို့ ပါဝင်လာကြခြင်းအားဖြင့် ၄င်းတို့၏ဆုကျေးဇူးများကိုလည်း အတိ အလင်းတွေ့မြင် နားလည်လာတတ်ကြသည်။ အမှုတော်မြတ် တစ်နေ ရာရာ၌ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် ထိုနေရာ၌ ဆုကျေးဇူး ရရှိသည်ဟု တစ်ဦး တစ်ယောက်သည် သိနိုင်ပေမည်။

သင်းအုပ်ဆရာတို့၏အသင်းတော်အပေါ် ထိန်းကျောင်းခြင်း၏ အစိတ်အပိုင်းတစ်ခုအနေနှင့် ကျွန်ုပ်တို့ 

သည် သင်းဝင်တစ်ဦးချင်းစီ၏ဆုကျေးဇူးတို့ကို သတိမူလျက်အသုံးပြုလာနိုင်စေရန် တိုက်တွန်းအားပေး ရမည် ဖြစ်သည်။ ဤအမှုကို ပေါ့ပေါ့တန်တန်အမှုမျိုးမဟုတ်ဘဲ အလေးအနက်ထား ပြုလုပ်ရမည်။ နေ့စဉ်အသက်တာ၌ ဆုတောင်းခြင်းနှင့်အတူ ၄င်းတို့ဆုကျေးဇူးများကို သတိမူလျက်၊ မသိသေးသောသူများကို ပြောပြသွန်သင်ကာ၊ သိရှိပြီးသောသူတို့ကို တိုးတက်လာစေရန် ဖေးမတွဲကူနိုင်မှသာလျှင် ဘုရားသခင်ရှေ့တော်၌ အသင်းဝင်အားလုံး ကို ကောင်းမွန်စွာ ခေါ်ဆောင်နိုင်မည်ဖြစ်သည်။ အသင်းတော်တိုးတက်လာစေရန် အတူတကွ အစည်းအဝေးများ ရှိသည့် အချိန်တိုင်း အသင်းဝင်တစ်ဦးစီတိုင်း၏ ဆုကျေးဇူးများနှင့်ဆက်လျဉ်း၍ တိုးတက်မှုရှိမရှိဆိုသည့် အချက် သည်လည်း ဆွေးနွေးတိုင်ပင်ရန်အချက်များအနက် တစ်ခုအပါအဝင်ဖြစ်သင့်သည်။ “ကျွန်တော်တို့ရဲ့ အသင်း တော်ထဲမှာ ပြီးခဲ့တဲ့ခြောက်လအတွင်း ဘယ်အသင်းသားတွေကို ဘုရားသခင်က သူ့ရဲ့ဆုကျေးဇူးပေးထားသလဲ ဆိုတာ သတိထားမိရဲ့လား” ဟူ၍ စသည်ဖြင့် မေးခွန်းများကို ကျွန်ုပ်တို့ ကျွန်ုပ်တို့ ပြန်လည် မေးမြန်းသင့်ပါသည်။ ဤသို့သောအချက်ကို ဆွေးနွေးသုံးသပ်ခြင်းသည် အရေးမကြီးပါဆိုသည့် အတွေးမျိုး (သို့) ဆုကျေးဇူးရရှိသူများ လည်း ကောင်းမွန်စွာ အစပြုရင်း ဆုံးခန်းတိုင် လုပ်ဆောင်သွားနိုင်စေရန် ဂရုစိုက်ပေးပါ။


ဘုရားသခင်၏ လူများအား လူကိုမျှားသော တံငါးများ ဖြစ်စေခြင်း

ခရစ်တော်၏ကိုယ်ခန္ဓာသည် ၄င်း၏ကိုယ်ပိုင်ဝိညာဉ်ကြီးထွားရင့်ကျက်ခြင်းအတွက်သာမဟုတ် ကြီးထွား ရန်လည်း ပြုရမည်။ ကျွန်ုပ်တို့၏တာဝန်ဝတ္တရားသည် စုစည်းလျှက်ရှိပြီးသော သိုးစုများအတွက် သီးသန့် မဟုတ် ပါ၊ ဘုရားသခင် ရွေးကောက်ထားသော အခြားပြင်ပသိုးများအတွက်လည်း ဖြစ်သည်။ ခရစ်တော်၏ကိုယ်ခန္ဓာ ကျန်းမာခြင်းအကြောင်းသည် အသင်းတော်အတွင်းရှိ ယုံကြည်သူတစ်ဦးစီတိုင်း မိမိတို့ကျရာအခန်းတွင် ပါဝင် လှုပ်ရှားခြင်းအပြင်၊ ဘုရားသခင်၏မဟာစေခိုင်းချက်အတိုင်း အပြင်လောက၌ သတင်းကောင်းကို ဝေငှခြင်းနှင့် ဆက်ဆိုင်နေသည်။ စစ်မှန်သောသင်းအုပ်ဆရာတစ်ဦး၏စိတ်ဆန္ဒသည် သိုးထိန်းကြီး၏ခေါ်သံကို မကြားသေး သည့် အခြားသောသိုးများအတွက် ဖြစ်သည် (ယော၊ ၁ဝး၁၆)။

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်မှာ ဘုရားသခင်၏လူများအား လူကိုများသောတံငါးများဖြစ်စေရန် ဖြစ်သည်။ ဤသည်မှာ ခရစ်တော်က သူ၏တပည့်တော်များအတွက် ပထမဦးစားပေးသည့်အရာဖြစ်သည်။ တပည့်တော်များကား အဓိကခေါ်ဆိုရသည့်အကြောင်းအရင်းမှာ ဧဝံဂေလိဝေငှရန်အတွက် ဖြစ်သည်။ ခရစ်တော် ၏ခန္ဓာကိုယ်၌ အသင်းဝင်အားလုံးကိုလည်း ထိုအမှုတော်မြတ်၌ ရှေးကောက်ခြင်းပြုထားပါသည်။ အချို့တို့မှာ အချို့အချို့သောသူတို့ထက်ဟောပြောရာ၌ သာ၍ကျွမ်းကျင်သောသူများ ရှိနိုင်သည်။ ယေရှုခရစ်တော်သည် သူ၏ တပည့်တော်များအား လူကိုမျှားသောသူများဖြစ်လာစေရန်အတွက်၊ ၄င်းတို့ကို သုံးနှစ်လုံးလုံး သူ၏သင်ကြား ပေးမှုအောက်၌ထားကာ၊ “လူကိုမျှားခြင်း” ဆိုသည့်ဘာသာရပ်အား တပည့်တော်တို့သည် ခရစ်တော်၏ သင်ကြား ပေးခြင်းကို ကြားနာခြင်းအားဖြင့်သော်လည်းကောင်း၊ ခရစ်တော်ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ခြင်းအား ကြည့်ရှုခြင်းအားဖြင့်သော်လည်းကောင်း သင်ယူခဲ့ကြသည်။ ကျွန်ုပ်တို့၏ဦးဆောင်မှုအောက်တွင် ရှိကြသည့် သူများသည်လည်း ထိုကဲ့သို့သောသင်ယူမှုများကို လိုအပ်ပါသည်။ ၄င်းတို့ကို ရှေးဦးစွာ နှုတ်တိုက်သင်ကြား ပေး ရင်း၊ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဖြည့်စွတ်သင်ကြားပေးရမည်။ အသင်းတော်၏တစ်နှစ်တာ နှုတ်ကပတ် တော် သင်ကြားပေးခြင်းအစီအစဉ်၌ ဧဝံဂေလိဝေငှခြင်းဘာသာရပ်ကိုလည်း ထားရှိရမည်။ အကောင်းဆုံးသော သင်ကြားပေးမှုမှာ အခွင့်အခါရသည့်အချိန်တိုင်း ကိုယ်ကိုတိုင် သက်သေခံဝေငှခြင်းအားဖြင့် ဖြစ်သည်။ နှုတ်ကပတ်တော် သတင်းဟောပြောခြင်းကို ကြားသိခြင်းထက် ကျွန်ုပ်တို့၏အသင်းသူအသင်းသားများကိုသာ၍ တောက်ပစေသောအရာမရှိပါပေ။ ခရစ်တော်၌ရှိသည့် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ထုတ်ဖော်အသက်ရှင်ကြ သည်တွင် မယုံကြည်သူများက မေးမြန်းလာသည့်အချိန်တိုင်း လိမ္မာပါးနပ်စွာ ပြန်လည်ဖြေကြားမှုများ ပြုနိုင်ရန် သင်ကြားပေးခြင်းများ ပြုရပါမည်။

ဧဝံဂေလိဟောကြားခြင်းအမှုသည် အစဉ်လွယ်ကူနေသောအမှုမဟုတ်ပါ။ ဧဝံဂေလိဟောကြားခြင်းနှင့် သင်ကြာပို့ချပေးရန် ဖိတ်ခေါ်လေ့ရှိသောသူများမှာ ဧဝံဂေလိဟောကြားခြင်းအမှု၌ အလွန်ကျွမ်းကျင်သောသူများ ဖြစ်ကြရာ၊ ဧဝံဂေလိဟောကြားခြင်းအမှု၌ အားနည်းနေသူများကို သိမ်ငယ်စေတတ်ပါသည်။ သိုးထိန်းနှင့်ဓမ္မ ဆရာတို့သည် ဧဝံဂေလိဟောကြားခြင်းအမှု၌ ဆုကျေးဇူးရရှိကြမည်ဟူ၍ ယတိပြတ်ပြော၍မရပါ။ ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်တိုင်ရင်ဆိုင်နေရသည့် ဧဝံဂေလိဟောပြောခြင်းအမှု၌ တွေ့ကြုံရတတ်သည့် အခက်အခဲပြဿနာ များနှင့် သင်ယူခဲ့သည့်အတွေ့အကြုံများကို . ပြန်လည်ဝေငှကာ ဖြည်းဖြည်းချင်း ၄င်းတို့ကို သင်ကြားပေးရန် လို အပ်ပါသည်။ ဧဝံဂေလိဝေငှခြင်းအမှု၌ ပြစ်တင်ဝေဖန်မနေဘဲ ၄င်းတို့၏အသက်တာကို ပုံသွင်းပေးရမည်။ ထို့ပြင် ဧဝံဂေလိဝေငှခြင်းနှင့်ပတ်သက်သည့် စာအုပ်အချို့တို့ကိုဖတ်စေခြင်း၊ တစ်စုံတစ်ဦး၏ အသက်တာပြောင်းလဲခြင်း များကို ရေးသားထားသည့် အတ္တုပ္ပတ္တိစာအုပ်များကို ဖတ်စေခြင်းများလည်း ပြုလုပ်ပေးနိုင်ပါသည်။ သာမန် ယုံကြည်တစ်ဦး ခရစ်တော်၏တန်ခိုးတော်၌ အသက်ရှင်ခြင်းအားဖြင့် ပြောင်းလဲသွားကြသည့် သူရဲကောင်းများ၏ အကြောင်းကိုလည်း ပြောပြနိုင်ပါသည်။

ကျွန်ုပ်တို့ရည်ရွယ်ချက်ပန်းတိုင်တစ်ခုခြင်းတွင် ဆက်နွယ်မှုများရှိကြပါသည်။ ဘုရားသခင်၏ အလိုတော် အားလုံးကို ဘုရားသခင်၏လူများ ရှာဖွေတွေ့ရှိလာသည်နှင့်အမျှ ၄င်းတို့သည် ဧဝံဂေလိဝေငှခြင်းအမှု၌ ၄င်းတို့၏ လုပ်ငန်းတာဝန်များကို တွေ့မြင်လာကြမည်ဖြစ်သည်။ ၄င်းတို့ကို ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားရင့်ကျက်မှုစီသို့ ဦးဆောင်နိုင်လေလေ၊ ၄င်းတို့၏အလင်းသည်လည်းသာ၍လင်းလာသကဲ့သို့၊ ဆားကဲ့သို့သော ၄င်းတို့၏အသက် တာသည်လည်း အငန်ဓာတ်သာ၍ ကြီးလာလေလေဖြစ်မည်။ ငါးမျှားခြင်းအမှုမှာ လယ်ခင်းဆိုသည့် ပုံဥပမာသို့ တစ်ချက်စောင်း၍ ပြောရမည်ဆိုလျှင် “လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့” ဟူ၍ ကျွန်ုပ်တို့၏သခင်ဖြစ်သူက သူ၏တပည့်တော်များကို တောင်းခံခဲ့သည့်နည်းတူ ယနေ့ ကျွန်ုပ်တို့ကိုလည်း မိန့်မှာ နေပါသည် (ယော၊ ၄း၃၅)။


မိမိနှင့် သိုးစုတို့ကို ဆုံးခမ်းတိုင်အောင် စောင့်ရှောက်ခြင်း

ကျွန်ုပ်တို့၏နောက်ဆုံးထားရှိသည့် ရည်ရွယ်ချက်ပန်းတိုင်မှာ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ သတိနှင့် စောင့် လျှောက်ရင်း၊ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့် သိုးစုတို့ကို ခေတ္တခဏစောင့်ကြည့်ခြင်းမျိုး မဟုတ် ဆုံးခမ်းတိုင်အောင် အစဉ်စောင့်ရှောက်သွားရန် ဖြစ်သည် - ဘုရားသခင် ပေးအပ်ထားသောတာဝန်ကို အဆုံးတိုင် သစ္စာရှိခြင်းဖြစ်သည် (တမ ၂၀း၂၈၊ ၂၄)။ ယုဒ၏သစ္စာဖောက်ခြင်းကို ခံပြီးသည့်နောက်၊ သိုးထိန်းရှင်ယေရှုများ များစွာသောသူများ၏ တိုက်ခိုက်မှုကိုခံခဲ့ရသကဲ့သို့ - တပည့်တော်တို့သည်လည်း ကိုယ်တော်ကို စွန့်ပစ်ကာ ထို နေရာမှပျောက်သွားကြသည်။ ကျွန်ုပ်တို့၏ရန်သူစာတန်မာရ်နတ်သည် သူ၏အပြင်းဆုံးသောပစ်ချက်ကို သိုးထိန်း များဆီသို့ အစဉ်ရွယ်ထားသည်။ အကယ်၍ စာတန်သည် သိုးထိန်းအား အထိနာစေနိုင်သည် (သို့) ၄င်း၏ပုံဥပမာ ကို ပျက်ပြားစေနိုင်သည်ဆိုလျှင်၊ ဦးဆောင်ခြင်းအောက်တွင်ရှိသည့် သိုးစုတစ်လုံးကိုလည်း အထိနာစေသည့် သ ဘောပင်ဖြစ်သည်။ သင်းအုပ်ဆရာများ လမ်းမှားသွားသည်နှင့်တစ်ပြိုင်နက်၊ ၄င်းတို့၏ပုံဥပမာအားဖြင့် မြောက် များစွာသောသိုးစုတို့သည်လည်း ထိမိလဲစရာအကြောင်းများ ဖြစ်လာပေသည် (မလာခိ၊ ၂း၈)။

ကျွန်ုပ်တို့၏ကိုယ်ပိုင်အသက်တာအတွက် အစဉ်သတိရှိမှသာလျှင် ကျွန်ုပ်တို့၏သိုးစုများကို စောင့်ထိန်း နိုင်ပါမည်။ စစ်မှန်သောသင်းအုပ်ဆရာတစ်ဦးသည် ၄င်း၏သိုးစုများအား စိမ်းလန်းသော ကျက်စားရာအရပ်သို့ ဦးဆောင်ပေးရုံမဟုတ်ဘဲ သိုးစုတို့၏အသက်တာ လုံခြုံခြင်းနှင့်အန္တရာယ်များမှ ကယ်တင်ခြင်းအမှုတို့ကို လုပ် ဆောင်ပေးသည် (ယော၊ ၁၀း၉)။ သင်းအုပ်ဆရာတစ်ဦးဖြစ်လာရခြင်း၏အကြောင်းသည် တိုက်ဆိုင်မှုကြောင့် မ ဟုတ်သည့်အချက်ကို သင်းအုပ်သည် ကောင်းစွာသိထားသည်။ စစ်မှန်သောသင်းအုပ်ဆရာတိုင်းသည် ဘုရား သခင်၏ ချမှတ်ထားသောနေရာ၌ရှိသောသူများ ဖြစ်ကြသည်။ သင်းအုပ်ဆရာ၌ ဘုရားသခင်က ယုံကြည် စိတ်ချ ၍အပ်ထားတော်မူသော သိုးစုတို့၏အသက်တာကို ကောင်းမွန်စွာ စောင့်ကြည့်ရမည့်တာဝန်ရှိသည်။ ပက်စီးရှား ပြည်နယ်၊ ပလာဂိုဝါရီမြို့တွင် လူငယ်လေးဝီလီယာန်ဘန်း၏တရားဟောအပြီးတွင် ဘုရားသခင်အား ကြောက်ရွံ့ ရိုသေသည့် အမျိုးသမီးတစ်ဦးက “မင်းရဲ့သရဖူကို မင်းဆုံးရှုံးဖို့အကြောင်းမရှိပေမယ့် မင်းရဲ့သရဖူက ရတနာတချို့ မင်းဆုံးရှုံးမှာကို စိုးရိမ်မိတယ်” ဟု ဆိုကာ ယုံကြည်သူအယောက်စီတိုင်းကို သတိနှင့်ကြည့်ရှုရန် သူ့ကို တိုက်တွန်း အားပေးခဲ့တယ်။ သစ္စာရှိသောသင်းအုပ်ဆရာများဖြစ်စေဖို့ ကျွန်ုပ်တို့သည်ဆုံးခမ်းတိုင်အောင် သစ္စာရှိကြရမည်။

မပြည့်စုံပါဟု တွေးထင်တတ်သည့် ကျွန်ုပ်တို့၏ ခံစားချက်များ

ကျွန်ုပ်တို့၏ ဖော်ပြပါရည်ရွယ်ချက်ပန်းတိုင်များကို ပြန်လည်စဉ်းစားကြည့်ပါမည်ဆိုလျှင် ၄င်းတို့စိန်ခေါ် မှုများက ကျွန်ုပ်တို့ကို သွေးလန့်စေပါလိမ့်မည်။ “သို့ဖြစ်၍ ဤအမှုတို့နှင့် အဘယ်သူတိုက်သနည်း” ဆိုသည့် မေးခွန်းမျိုး ကျွန်ုပ်တို့၏ နှလုံးသားတွင် ပေါက်ဖွားလာပါတော့သည် (၂ကော၊ ၂း၁၆)။ ဤအတွက် အဖြေ ပေးရမည် ဆိုလျှင် ဘုရားသခင်၏ရွေးကောက်ခန့်အပ်ခြင်းအမှုမပါဘဲ၊ လူ့သားတို့၏အရင်းအမြစ်အပေါ်၌သာ မှီခို၍ လုပ်ဆောင်သွားမည်ဟု ဆိုသောသူတိုင်း လုပ်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ဘုရားသခင်၏ ရွေး ကောက်တော်မူ ခြင်းနှင့်အတူ၊ ဘုရားသခင် ပေးတော်မူသောတန်ခိုးတော်တို့ကို အသုံးပြုသောသူသည်သာ ဤအမှုကို ဆုံးခန်းတိုင် လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် ရွေးကောက်ထားသောသူတိုင်းအား ၄င်းတို့၏အလုပ်နှင့် အညီ လိုအပ်သည့်ခွန်အားများကို အစဉ်ဖြည့်ဆည်းပေးပါသည်။ ဤသည်နှင့် စပ်လျဉ်း၍ သမ္မာကျမ်းစာ၊ သမိုင်း နှင့် ယနေ့ရက်တိုင်အောင် သက်သေတည်လျက် ရှိသည်။

ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သ ခြင်းငှါ ကြိုးစားအားထုတ်လော့” ရှင်ပေါလုက တိမောသေထံ ပြောဆိုမိန့်ကြားခဲ့သည့်အတိုင်း ကျွန်ုပ်တို့ လုပ်လေ ရာရာအမှု၌ အကောင်းဆုံးကြိုးစားအားထုတ်ရမည်ဖြစ်သည် (၂တိ၊ ၂း၁၅)။ ဤအကြောင်းအရာများနှင့် ပတ်သက် ၍ နောက်လာမည့်အခန်းများတွင် ဆက်လက်ဆင်ခြင်သွားအုံးမည်။ အထက်ဖော်ပြပါ ရည်ရွယ်ချက် ပန်းတိုင်များ ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နှုတ်ကပတ်တော်တရားကို ကောင်းမွန်စွာ နားလည်ရန် လိုအပ်ပါသည်။ နှုတ်ကပတ်တော် အသုံးပြုဟောပြောခြင်းမျိုးသာမဟုတ်ဘဲ ကျွန်ုပ်တို့၏အသက်တာအား နှုတ်ကပတ်တော် အောက်တွင် အစဉ်ဝန်ခံကြရမည်ဖြစ်သည်။ ထိုသို့ပြု၍ ဘုရားသခင်ထံမှ တန်ခိုးတော်နှင့် အောင်မြင်ခြင်းကို ပေးသော ဘုရားသခင်၏ ဂရုဏာလက်တော်ကို မျှော်လင့်နိုင်မည် ဖြစ်သည်။








အခန်း ၄


ဆုတောင်းခြင်း

သိုးထိန်းတစ်ဦး၏အသက်တာတွင် ရိုးသားဖြူစင်မှုနှင့်အတူ သေသေချာချာဆန်းစစ်ရန်လိုအပ်သာ ဘာ သာရပ်တစ်ခုကိုဖော်ပြပါဟုဆိုလာလျှင် ဆုတောင်းခြင်းအသက်တာဟုဆိုရပါမည်။ ဆုတောင်းခြင်း၏အရေးကြီး ပုံကို မည်သူမျှအငြင်းပွားနေမည်မဟုတ်ပါ။ သို့သော်လည်း ဆုတောင်းခြင်းအသက်တာရှိလာရန်မှာမူ အလွယ်တ ကူ မဖြစ်နိုင်ပေ။


ဆုတောင်းခြင်းနှင့် ဘုရားသခင်နှင့်ကျွန်ုပ်တို့အကြား ဆက်နွယ်မှု

သင်းအုပ်ဆရာနှင့် ဓမ္မဆရာဖြစ်ခြင်းတို့ထက်သာ၍ အရေးကြီးသောအရာမှာ ဘုရားသခင်၏သား ဖြစ် ခြင်း ဖြစ်သည်။ ဆုတောင်းခြင်းသည် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား ဆက်နွယ်မှုကို ဖော်ပြရန်အတွက် အဓိကနည်းလမ်းဖြစ်သည်။ “အဖဘုရား” ဟူ၍ ဘုရား သခင်ကို ခေါ်ခွင့်ရသည့် အခွင့်ထူးထက် သာ၍မြတ်သော အခွင့်ထူးမရှိနိုင်တော့ပါ။ အသစ်သောအသက်တာပိုင်ဆိုင်ခြင်း၏အခွင့်ထူးမှ ယေရှုရှင်၏ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲ၌ ကျိမ်းဝပ်တော်မူသော “အဖ” ဟူ၍ ဘုရားသခင်ကို ခေါ်နိုင်ခွင့် ပေးသည်။ သင်းအုပ်တို့၏ဝတ္တရားများအတွက် ဆုတောင်းနေခြင်းထက်သာ၍ အရေးကြီးသည့်အချက်မှာ ဘုရား သခင်နှင့်ကျွန်ုပ်တို့ အကြားဆက်နွယ်မှုအတွ ဆုတောင်းခြင်းကသာ၍ အရေးကြီးပါသည်။ ယေရှုခရစ်၏ ဝိညာဉ် တွေလွှမ်းမိုးထိန်းချုပ်မှုအောက်တွင် အသက်ရှင်လျက် ဘုရားသခင်ရှေ့တော်မြတ်၌ ဆုတောင်းခြင်းဖြင့် တိုးဝင် သောသူများ၏အသက်တာနှင့် ဆုတောင်းခြင်းကင်းသောယုံကြည်သူတို့၏အသက်တာသည် ဆန့်ကျင်ဘက် ဖြစ် သည်။ သင်းအုပ်များနှင့်ဓမ္မဆရာများ ပထမဦးစားပေးရမည့်အရာမှာ စစ်မှန်သောခရစ်ယာန်တစ်ဦးကဲ့သို့ အသက် ရှင်ရင်း၊ ဆုတောင်းခြင်းအသက်တာနှင့် ပြည့်နေရမည်။

ခရစ်ယာန်တို့၏အမှုတော်မြတ်၌ ဝမ်းတထွာအတွက်အသက်ရှင်ခြင်းမျိုးသည် ကြောက်စရာကောင်းလှ ပါသည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အချိန်များတွင် ဆုတောင်းခြင်းအသက်တာမရှိဘဲ အများကကျွန်ုပ်တို့ကို ဆုတောင်း ပေးစေချင်သည့်အတွက် လူအများရှေ့တွင် ဆုတောင်းပေးခြင်းမျိုး အလုပ်သဘောဆောင်သည့် ထောင်ချောက် များကို ကျွန်ုပ်တို့သတိပြုရမည်။ သင်းအုပ်အလုပ်၌အောင်မြင်သော ဆုတောင်းခြင်းအသက်တာသည် ကိုယ်ပိုင် အသက်တာအတွက် အလေ့အထရှိနေသည့် ဆုတောင်းခြင်းအကျင့်၌ အရင်းခံသည်။ ထိုဆုတောင်းခြင်းမျိုးသည် အခြားသူများအတွက် မဟုတ်သေးဘဲ၊ မိမိ၏အသက် – ဘုရားသခင်နှင့်ဆက်နွယ်မှုကို စီစစ်သော ဆုတောင်းခြင်း မျိုးဖြစ်သည်။

ဘုရားသခင်နှင့်ကျွန်ုပ်တို့အကြားဆက်နွယ်မှုသည် အမှုတော်အလုံးစုံတို့၏အရင်းခံဖြစ်ရာ၊ ထိုဆက်နွယ် မှုအား အများဆုံး အတိုက်အဖြတ်ခံရတတ်ကြသည်။ ဤနေရာတွင် ကျွန်ုပ်တို့ အရှိကိုအရှိအတိုင်း ရိုးရိုးသားသား ဝန်ခံကြရမည်။ ဆုတောင်းနိုင်ရန် “သတိရှိဖို့” ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသည် (၁ပေ၊ ၄း၇)။ ဆုတောင်းခြင်း အမှု၌ ကျွန်ုပ်တို့သည် စိတ်ကူးယှဉ်နေသရွေ့၊ ဆုတောင်းခြင်းကို ကျွန်ုပ်တို့ဘယ်သောအခါမျှ ပထမဦးစားပေး အသက်တာတွင် နေရာပေးနိုင်မည်မဟုတ်ချေ။ ကျွန်ုပ်တို့အသက်တာ၌ စည်းကမ်းအချို့တို့ကို အသေအချာ ချ မှတ်ထားခြင်းမျိုးမရှိပါက ဆုတောင်းခြင်းအသက်တာကို တိုက်ခိုက်ဖျက်ဆီးစေသည့် အတားအဆီးများကို ကျွန်ုပ် တို့ ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။ မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းသည် မနက်မိုးလင်း၍ဆုတောင်းခြင်းဖြင့် အချိန် သုံးနိုင်ရန် အိပ်ယာမှထသည့်အချိန်မှ အစပြုသည်။ ကျွန်ုပ်တို့အများစုမှာ နံနက်ပိုင်းအချိန်၌သာလျှင် တိတ်ဆိတ် စွာ၊ နှောက်ယှက်မှုသိပ်မရှိဘဲ အချိန်အသုံးပြုနိုင်ကြသည်။ သင်းအုပ်ဆရာတို့၏လုပ်ငန်းတာဝန်များမှာ ညနက် သည်အထိ အလုပ်လုပ်ရသည့်အတွက် နံနက်ကို နောက်ကျမှအိပ်ယာထတတ်သည့်သဘောမျိုး ဖြစ်သည်။ တစ်နေ့တာ အစည်းအဝေးများပြုလုပ်ပြီး၊ အသင်းတော်အတွက်လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရသည့် အခြေအနေမျိုးက ကျွန်ုပ်တို့ကို အိပ်ယာစောစောမဝင်နိုင်စေရန် ဟန့်တားသည့်အခြေအနေမျိုးလည်း ရှိနေပြန် သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ နောက်တစ်နေ့မနက်ကို ကောင်းမွန်စွာ အစပြုနိုင်ရန်အတွက် ညအိပ်ယာဝင် ချိန်ကို ကျွန်ုပ်တို့အတတ်နိုင်ဆုံးအချိန်သတ်မှတ်ထားရပါမည်။ ကျွန်ုပ်တို့၏သခင်ယေရှုသည်ပင် ၄င်း၏ အဖ ခမည်းတော်နှင့် အချိန်သုံးရန် အကောင်းဆုံးသောအချိန်မှာ နံနက်မိုးမလင်းမီအချိန်ဖြစ်သည်ကို ကောင်းစွာ နားလည်ထားသည်။ အလုပ်များကို မစတင်မီ တိတ်ဆိတ်စွာ အချိန်ယူခြင်းက ကျွန်ုပ်တို့ကို တနေ့တာလုံး လုပ်ဆောင်သွားရမည့် အခက်အခဲများကို ရင်ဆိုင် ကျော်ဖြတ် သွားနိုင်ရန် ခွန်အားကို ဖြစ်စေသည်။

ဆုတောင်းခြင်းအမှု၌ ခက်ခဲသောအရာများဖြစ်သော အာရုံမစိုက်နိုင်ခြင်း၊ လျင်လျင်မြန်မြန် ဆုတောင်း လိုက်သည့် အကျင့်ရှိခြင်းစသည်တို့ကိုကျော်ဖြတ်သွားရန် မိမိကိုယ်ကို ထိန်းချုပ်ခြင်းသည် မရှိ မဖြစ်လိုအပ်သော စည်းကမ်းဖြစ်သည်။ ကျွန်ုပ်တစ်ဦးတည်းရှိနေချိန်တွင်ဆုတောင်းရန် ကျွန်ုပ်အလိုရှိပါသော်လည်း၊ အချိန်သိပ်မရှိ သည့်အတွက် အဆင်မပြေမှုများ ရှိလာကာ အာရုံစိုက်မှုလည်း မရှိနိုင်တော့သည့် အခြေ အနေမျိုးဖြစ်တတ်သည်။ ကျွန်ုပ်၏ဆုတောင်းခြင်းအချိန်ကို အပြင်ထွက်ရန် ပိုနေသည့်အချိန်များနှင့် လမ်းလျှောက်သည့်အချိန်များတွင် အသုံးပြုတတ်ပါသည်။ နံနက်စောလျှင်စောသလို မည်သူမျှမရှိလျှင် ကျယ်လောင်စွာ ဆုတောင်းခြင်းမျိုးကိုလည်း ကျွန်ုပ်နှစ်သက်သည်။ မည်ကဲ့သို့သော ဆုတောင်းခြင်းပုံစံသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်သည်ဟု ကျွန်ုပ်ကိုယ်တိုင် ဆုံးဖြတ်ရမည်။ ကျွန်ုပ်တို့အတွက် အကောင်းဆုံးပုံစံကို တွေ့မြင်သည်နှင့် ထိုပုံစံအတိုင်း တစိုက်မတ်မတ် ကျွန်ုပ်တို့ ဆုတောင်းရမည်။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာအား ငြီးငွေ့သွားခြင်းမျိုး မရှိစေရန် တစ်ပတ်တစ်ခါ ပုံစံပြောင်းရန်လည်း လိုအပ်ပါသည်။ ယခုအပတ်တွင် ကျွန်ုပ်၏ဆုတောင်းမှတ်တမ်း စာအုပ်အတိုင်းဆုတောင်းလျှင် နောက်တပတ်တွင် ထိုစာအုပ်အတိုင်းမဟုတ်ဘဲအခြားနည်းပုံစံဖြင့် ကျွန်ုပ်ဆု တောင်းလေ့ရှိသည်။

ကျွန်ုပ်တို့၏လူများကို ဆုတောင်းခြင်းတိုက်ပွဲ၌ အောင်မြင်မှုသရဖူဆောင်းစေချင်သကဲ့သို့ ၄င်းတို့ကို တိုက်တွန်းခွန်အားပေးသည့်အချိန်တွင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ဆုတောင်းခြင်းတိုက်ပွဲ၌ အလျင်ဦးစွာ အနိုင်ယူ မှရှိရမည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဆုတောင်းခြင်း၌တည်မှသာလျှင် ကျွန်ုပ်တို့၏လူများကို ဆုတောင်းခြင်း၌ရှိနေရန် မျှော်လင့်နိုင်မည်။ အသင်းသားများကို ဆုတောင်းခြင်းအသက်တာရှိလာစေရန် ဆူပူကြိမ်းမောင်းခြင်းများဖြင့် ဆွဲ ခေါ်၍မရနိုင်ပေ။ မိမိကိုယ်တိုင် သီးသန့်အချိန်၌သော်လည်းကောင်း၊ အများရှေ့၌သော်လည်းကောင်း ဆုတောင်း ခြင်းပုံသက်သေကို ပြသနိုင်မှသာလျှင် ကျွန်ုပ်တို့၏လူများကို ဦးဆောင်လမ်းပြနိုင်မည်။ ကျွန်ုပ်တို့၏သီးသန့် အချိန်များတွင်ထားရှိသည့် ဆုတောင်းခြင်းအသက်တာ မှန်ကန်ပါမှလူအများရှေ့ ကျွန်ုပ်တို့၏ ဆုတောင်းခြင်း များကို သန့်ရှင်းသောဝိညာဉ်တော်သည် မှန်ကန်ကြောင်း သက်သေထူပါမည်။ ဆုတောင်းခြင်းကို နှလုံးသား ယဇ်ခုံပေါ်၌အစဉ်ထားသောသူများကို ဘုရားသခင်သည် အံ့ဖွယ်အသုံးပြုခဲ့သည့်အကြောင်းကို သမိုင်းတလျှောက် တွေ့မြင်နိုင်ပါသည်။ စကော့တလန်နိုင်ငံ၊ ကာကူးဘရိုက်ပြည်နယ်၊ အေးရာမြို့တွင်ဂျွန်ဝတ်လ်ဆိုသူသည် သာသ နာပြုရန် ဆက်ကပ်ခဲ့သည်။ သူ၏တရားဒေသနာ ဟောကြားခြင်းကြောင့် ကြီးမားသည့် နိုးကြားခြင်း ကျရောက် ခဲ့သည့်အကြောင်းကို ဆဲလ်မွလ်ရူးသားဖို့က သက်သေခံခဲ့ဖူးသည်။

ဝတ်လ်သည် သင်းအုပ်ဆရာတစ်ဦး၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သည့်အပြင် တစ်နေ့တွင် ရှစ်နာရီမှာ ဆုတောင်းခြင်းဖြင့် အချိန်သုံးသူဖြစ်သည်ဟု သူ၏မိတ်ဆွေများက စံနမူနာထားပြောဆိုခဲ့ကြသည်။ အလွန်အေးချမ်းလှသည့် ဆောင်းရာသီညချမ်းအချိန်များတွင် သူသည် ဆုတောင်းခြင်းဖြင့် နိုင်ငံတော်အကွက် ဘုရားသခင်နှင့် နဘမ်းလုံးလေ့ရှိကြောင်း သူ၏ဇနီးကိုယ်တိုင်က ပြောပြခဲ့ဖူးသည်။ ဆုတောင်းရသည့် အကြောင်း ကို ဇနီးသည်အားပြန်ပြောပြရာ၊ သုံးထောင်မျှလောက်သော အသင်းသားများ၏ ဘုရားသခင်နှင့်ဆက်နွယ်မှု မည်သို့ရှိသည်ကို မသိသည့်စိတ်က ၄င်းအား ဆုတောင်းရန် တွန်းအားပေးနေသည်ဟု ဆိုခဲ့သည်။


သင်းအုပ်များနှင့် ဓမ္မဆရာများ မငြင်းနိုင်သည့် ဦးစားပေးရမည့် အရာ

ဆုတောင်းခြင်းသည် မဖြစ်မနေလုပ်ရမည့်အလုပ်ဖြစ်သည်။ ထိုအရာသည် နှုတ်ကပတ်တော်တရား ဝေငှ ခြင်းမပြုမီ အရင်လာရမည့် ဦးစားပေးဖြစ်သည်။ ဆုတောင်းခြင်းအားဖြင့်သာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဓားဖြစ်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်ကို ထိရောက်စွာအသုံးပြုနိုင်ပါသည်။ တဖန်ဝတ္တု ၆၌ တပည့်တော်တို့သည် ၄င်းတို့အတွက်သာမက ကျွန်ုပ်တို့ပါလိုက်လျှောက်ရမည့် စည်းမျဉ်းတစ်ခုကို ရေးဆွဲခဲ့ကြ သည်။ ထိုစည်းမျဉ်းမှာ “ဆုတောင်းပဌာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း” ဆိုသည့် အရေးကြီး ဆုံးသောအလုပ်များကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် တားဆီးနှောက်ယှက်တတ်သည့်အမှုအရာများကို ဖြေရှင်းကိုင်တွယ်ရန် အခြားသူများကို ခန့်အပ်ခဲ့ကြခြင်းဖြစ်သည် (အငယ် ၄)။ ထိုဆုံးဖြတ်ချက်၏ အကျိုးဆက် မှာ အသင်းတော်အတွင်း ကောင်းချီးများစွာ ကျရောက်လာစေသည့် အကြောင်းကို ရှင်လုကာက “ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏” ဟူ၍ မှတ်တမ်းတင်ခဲ့သည် (အငယ် ၇)။ အခြားသော သူများတာဝန်ယူလုပ်ဆောင်နိုင်သည့် အမှုများအတွက်သာ အချိန်ပေး၍၊ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဝေငှခြင်းအမှုတို့ကို တပည့်တော်များ လျစ်လျူရှုခဲ့ကြမည် ဆိုလျှင် မည်သို့ဖြစ်ပျက်ခဲ့ကြမည်နည်း။

ဆုတောင်းခြင်းဟူသည် အစဉ်ဦးစားပေးရမည့်အရာဖြစ်သကဲ့သို့ အစဉ်ပြုကျင့်နေရမည့်အရာလည်း ဖြစ် ပေသည်။ ကျွန်ုပ်တို့၏အသက်တာတွင် အလျင်အမြန်ဆုံးဖြတ်ရမည့်အခြေအနေမျိုး ရှိတတ်ပါသည်။ အမှုတော် မြတ်၌ အစဉ်တွေ့နေရသည့်စုံစမ်းနှောက်ယှက်ခြင်းတစ်ခုမှာ အခြားကိစ္စများအတွက် အလွန်အလုပ်ရှုပ်နေတတ် သည့်အတွက်ကြောင့် ဆုတောင်းခြင်းကို လျစ်လျူရှုသည့် အနေအထားမျိုး ဖြစ်သည်။ အိန္ဒိယနိုင်ငံသို့ သာသနာ ပြုသွားခဲ့သည့်ဟင်နရီမာတင်ဆိုသူက တရားဒေသနာဝေငှရန်အတွက်ပြင်ဆင်ရန် အချိန်များအလွန်အရေးပါ ကြောင်း စောဒကတက်ခဲ့ဖူးသည်။ သို့သော်လည်း ချားလ်စီမုန်၏ တရားဒေသနာကို နားထောင်ခဲ့ပြီးသည့်နောက် တွင် သူ၏နေ့စဉ်မှတ်တမ်း၌ “ဒီည၊ ဆရာစီမုန်ဟောကြားသွားတဲ့ တရားဒေသနာမှာ သာသနာပြုသူ တစ်ယောက် ဟာ သူရဲ့လူတွေအတွက် ဘုရားသခင်ကို နာရီဝက် အချိန်ပေးဖို့ထက် တရားဒေသနာပြင်ဆင်ဖို့ကို ငါးနာရီ လောက် အချိန်ပေးဖို့ ပိုလွယ်နေတတ်တယ်” ဟု ရေးသားခဲ့သည် (H.E. Hopkins: Charles Simeon, Hodder and Stoughton, p. 147)။ ကျွန်ုပ်တို့အားလုံး ထောက်ခံကြပါလိမ့်မည်။ နောက်တစ်ကြိမ်အတွက် တရားဒေသနာ ပြင်ဆင်ရန်အချိန်သည် ဆုတောင်းခြင်းအမှုထက်သာ၍ အရေးကြီးသည်ဟု ထင်မိပါအုံးမည်မှာ စိုးရိမ်စရာ ဖြစ် သည်။

ကျွန်ုပ်တို့ ရင်ဆိုင်တိုက်ခိုက်နေသည့် တိုက်ပွဲသည် ဝိညာဉ်တိုက်ပွဲဖြစ်သည့်အတွက် ဆုတောင်းခြင်းသည် မရှိအဖြစ် အရေးကြီးလှပါသည်။ သင်းအုပ်ဆရာနှင့်ဓမ္မဆရာတို့၏ တာဝန်ဝတ္တရားသည် အလိုလိုနေရင်းပင် စာတန်မာရ်နတ်၏ ပစ်မှတ်ဖြစ်နေပါသည်။ ယုံကြည်သူများအားလုံးကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း အသွေး အသားနှင့် သန့်ရှင်းသောဝိညာဉ်တော်တို့အကြား အစဉ်တိုက်ပွဲရှိနေသည်ကို ကျွန်ုပ်တို့သိထားကြသည်။ အောင် နိုင်ခြင်းအတွက် အဓိကအရင်းအမြစ်မှာ ဆုတောင်းခြင်းအားဖြင့်ရရှိနိုင်သော ခရစ်တော်၏တန်ခိုးတော် ဖြစ်ပါ သည်။ ဝိညာဉ်ခေါင်းဆောင်များအနေနှင့် ကျွန်ုပ်တို့ လုပ်ဆောင်နေသောအလုပ်၌ အများနှင့်မတူသော စုံစမ်း နှောက်ယှက်ခြင်းများကို ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ ထိုကဲ့သို့သော စုံစမ်းနှောက်ယှက်ခြင်းများကို ဆုတောင်း ခြင်းအားဖြင့်သာ ခွဲချမ်းစိတ်ဖြာတတ်ကြပြီး၊ ရှောင်ရှားနိုင်ပါသည်။ ကျွန်ုပ်တို့အားသွေးဆောင်ရန် ဘယ်သောအခါ မျှ အလျော့ပေးခြင်းမရှိသည့်ရန်သူအား ကျွန်ုပ်တို့တိုက်ခိုက်ရင်ဆိုင်ရာတွင် ဆုတောင်းခြင်းအားဖြင့် သတိရှိခြင်း အမှု၌ အလျော့မပေးရန်လိုအပ်သည်။ ယုံကြည်ခြင်းတိုက်ပွဲ၌ ဆုံးခန်းတိုင် တိုက်ပွဲဝင်ကြရန် အခြားသူများကို တိုက်တွန်းဦးဆောင်သည့်သူများအား အထိနာကျစေရန် ပြုလုပ်ရသည့် အလုပ်ကို အလွန်နှစ်သက်သည်။

ကျွန်ုပ်တို့ဖြတ်သန်းသွားရမည့် လမ်းခရီးတလျှောက်တွင် မယုံနိုင်လောက်အောင်များပြားသည့် စုံစမ်း နှောက်ယှက်ခြင်းများကို အကွက်ကျကျစီစဉ်ထားရာ၊ ထိုစုံစမ်းနှောက်ခြင်းအလုံးစုံကို သိနေသကဲ့သို့ အသက်ရှင် နေခြင်းသည် ရူးနမ်းရာကျပေမည်။ ကျွန်ုပ်တို့၏သိုးစုများကို လမ်းပြဦးဆောင်ခြင်းနှင့် သင်ကြားပေးခြင်းအမှုတွင် စာတန်မာရ်နတ်သည် အလွန်ကြီးမားသည့်ထောင်ချောက်များကို အကွက်စင်ထားတတ်သည်။ အထူးသဖြင့် အခြားသူများအပေါ် ကျွန်ုပ်တို့ စိတ်ပျက်လာသောအခါမျိုးတွင် ရင်ဆိုင်တတ်သည်။ လူသားတို့၏ နှလုံးသားသည် နှုတ်ကပတ်တော်ကိုလက်ခံရန်အတွက် အလွန်မာကျောသည်ကို သိလာသောအခါတွင် စာတန်မာရ်နတ်သည် ကျွန်ုပ်တို့၏အသက်တာတွင် စိတ်ပျက်ခြင်းများကို မျိုးစေ့ကြဲသွားတတ်သည်။ သို့သော်လည်း စာတန်မာရ်နတ်၏ တိုက်ခိုက်မှုအလုံးစုံကို ဆုတောင်းခြင်းအားဖြင့် ဖြတ်ကျော်နိုင်ပါသည်။ ဆုတောင်းခြင်းအားဖြင့် စိတ်ပျက် ဝမ်းနည်းခြင်းများသည်လည်း ဘုရားသခင်၏ တန်ခိုးကိုသက်သေပြရန် အခွင့်ထူးများအဖြစ် အသွင်ပြောင်းသွား တတ်ကြသည်။ ဆုတောင်းခြင်းအားဖြင့် အလွန်မာကျောလျက်ရှိသော လူတို့၏နှလုံးသားသည်လည်း အရည် ပျော်ကျကာ နူးညံ့သွားနိုင်ပါသည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ကန့်သတ်စွမ်းအင်များသည်လည်း အံ့ ဖွယ်အရာများဖြစ်လာကြသည်။ စာတန်ကိုအောင်နိုင်စေသည့် အခြေခံလမ်းစဉ်မှာ ကျွန်ုပ်တို့၏ ဆုတောင်းခြင်း များသာဖြစ်သည်။ “အစဉ်မပျက်ဆုတောင်းကြလော့” ဆိုသည်မှာ ဝိညာဉ်ပိုင်းဆိုင်ရာခေါင်းဆောင်များ နေ့စဉ် လုပ်ဆောင်ရမည့်အရာဖြစ်သည်။ ယုံကြည်ခြင်းတိုက်ပွဲဝင်ရန်အတွက် မရှိမဖြစ်လိုအပ်သောလက်နက်မှာ ဆု တောင်းခြင်းဖြစ်ပါသည်။ (၁တိ၊ ၆း၁၂၊ ဧဖက်၊ ၆း၁၈)။

ဆုတောင်ခြင်းအမှုတွင်လည်း အခြားသောအရာအမှုများကဲ့သို့ပင် ယေရှုရှင်သည် ကျွန်ုပ်တို့အတွက် ပုံ ဥပမာဖြစ်ပေသည်။ သိုးထိန်တကာတို့၏ အကြီးဆုံးသောသိုးထိန်းဖြစ်သည့် ယေရှုရှင်သည် ဆုတောင်းခြင်းအမှု ကို ဦးစားပေးရမည့်အကြောင်း ပုံသက်သေပြခဲ့သည်။ ဆုံးဖြတ်ချက်ချရတော့်မည့် အချိန်မျိုးတွင် – ဥပမာအားဖြင့် တပည့်တော်တစ်ဆယ့်နှစ်ပါးအား ရွေးချယ်ရန်အချိန်မျိုးတွင် (လုကာ၊ ၆း၁၂-၁၆) - ကိုယ်တော်ရှင် ဆုတောင်းခဲ့ သည်။ စုံစမ်းနှောက်ယှက်ခြင်းများ ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်မျိုးတွင် ကိုယ်တော်ရှင် ဆုတောင်းခဲ့သည် (ယော ၊ ၆း၁၅၊ မ ၁၄:၂၃၊ ယော၊ ၁၇)။ သူသည် မည်သူမည်ဝါဖြစ်သည်ကို မေးမြန်းရန်အချိန်၌လည်း ကိုယ်တော်ရှင် ဆုတောင်းခဲ့ပြန်သည် (လုကာ၊ ၉း၁၈-၂၂)၊ လူအများက သူ့ကိုအထင်အမြင်မှားသည့်အချိန်များတွင် ကိုယ် တော်ရှင် ဆုတောင်းခဲ့သည် (ယော၊ ၆း၁၅)။ သူချစ်မြတ်နိုးသော သူ၏မိတ်ဆွေများ ရင်ဆိုင်ရမည့်ပြဿနာ များကို ကြိုသိနေ ခဲ့သည့်အတွက် ဆုတောင်းပေးခဲ့ပြန်သည် (လုကာ၊ ၂၂း၃၂)။

ဆုတောင်းခြင်းကို အစဉ်ထိန်းရန်မှာအလွန်ခက်ခဲသည်ကို ကျွန်ုပ်တို့သိမြင်လေတိုင်း ဆုတောင်းခြင်း သည် ဝိညာဉ်တိုက်ပွဲ၌ မရှိမဖြစ်လိုအပ်သည့် လက်နက်တစ်ခုဖြစ်သည်ဆိုသည့်အချက်က ဆုတောင်းခြင်းအမှုကို ပြုနိုင်စေရန် ကူညီပေးပါလိမ့်မည်။ ကျွန်ုပ်တို့စိတ်ဆန္ဒရှိသည့်အချိန်မှသာ ဆုတောင်းခြင်းမျိုးသည် အလွန်ရူးနမ်း သော အပြုအမူဖြစ်သည်။ စိတ်ဆန္ဒမရှိသည့်အချိန်များတွင် အစဉ်အမြဲဆုတောင်းနေရန် တိုက်တွန်းနှိုးဆော်ထား သည့် သခင်ယေရှု၏မိန့်မှာချက်ရှိနေသည်ကို ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ သတိပေးရမည် (လုကာ၊ ၁၈း၁)။ ဆု တောင်းခြင်းသည် ကျွန်ုပ်တို့အသက်တာအား ပြိုလဲစေသည့်အရာမှန်သမျှကို ကျော်လွှားနိုင်စေသည့် အခြေခံကျ သော ထွက်ပေါက်တစ်ခု ဖြစ်သည်။ ခရစ်စမတ်ရာသီတစ်ခုတွင် အကျိုးမရှိသည့် သင်ကြားပေးခြင်းတို့၏ မည်သို့ ပြောင်းလဲစေခဲ့သည်ကို သက်သေခံခဲ့သော သင်းအုပ်ဆရာတစ်ဦး၏လွှမ်းမိုးမှုကြောင့် အထိနာကျနေသည့် ၄င်း၏ 

ဝိညာဉ်ပိုင်းအသက်တာကို အသက်တာကိုကြည့်ခြင်းအားဖြင့် ခွန်အားယူစရာအကြောင်း ရှိပါသည်။ 

ခရစ်တော်အတွက်နဲ့ သူလုပ်ပေးခဲ့တဲ့ ပေးဆပ်မှုတွေနဲ့အတူ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင် ပေးမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်ုပ်တော့်ရဲ့နှလုံးသားက အေးခဲနေခဲ့တာကို ကျွန်ုပ်တော်စိုးရိမ်နေခဲ့တယ်။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်အတွင်းမှာဆိုရင် ဖာက်ရွာကို ခရစ်တော်နဲ့သွားခဲ့သလို ကျွန်တော့်နှလုံးသားတွေ လောင် ကျွမ်းနေခဲ့တာကတော့ အမှန်ပါဘဲ။ ကျွန်တော်ဘယ်သောအခါမှ မမေ့လို့မရမယ့် နေ့တစ်ကနေ့တော့ ဒိုကလေ (Dolgclly) ဆိုတဲ့နေရာကနေ မာရီလက်(Mahynlletli)ဆိုတဲ့ နေရာကိုအသွား ကြာဒါအိုင် ဒရိတ် (Cader Iris) အတက်ရောက်တော့ ကျွန်တော့်ကိုယ်ကိုကျွန်တော် ဆုတောင်းရမယ်လို့ ခံစားလာခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒတွေကတော့ အရမ်းကိုမာနေခဲ့သလို ဆုတောင်းဖို့ကတော့ လောကီအရေးနဲ့ဆိုင်တဲ့ စိတ်တွေဘဲ ရှိနေခဲ့ တယ်။ ဒါပေမယ့် ယေရှုရှင်ရဲ့နာမည်နဲ့ အစပြုလိုက်လို့ သိပ်မကြာခင် အချိန်အတွင်းမှာ ကျွန်ုပ်ကို ချည်နှောင်နေ တဲ့အရာတွေ ဖြေပေးလိုက်သလိုပါဘဲ၊ ခိုင်မာတဲ့ ကျွန်တော့်နှလုံးသားလည်း သိမ်မွေ့လာခဲ့တယ်။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့ နှင်းခဲတွေ အရေဖျော်ကုန်သလို ခံစားခဲ့ရတယ်။ ဒီလိုနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကတိအပေါ်မှာ ကျွန်တော့်ရဲ့ယုံကြည်စီချက်မှုတွေ မွေးဖွားလာခဲ့တယ်။ တစ်နေရာရာကနေ လွတ်မြောက်လာ သလိုခံစားလာပြီးတော့ ကျွန်တော့်မျက်ရည်တွေ ပေါက်ပေါက်ကျခဲ့တယ်။ ဒီလိုနဲ့ ဘုရားသခင်ရဲ့ အလည် အပတ်ပြုမှုကို အသက်တာမှာ ခံစားလာပြီးတော့၊ ကယ်တင်ခြင်းရဲ့ဝမ်းမြောက်ခြင်းတွေကို ပြန်လည်ခံစားခဲ့ ရသလို၊ အင်ဂျလ်လစီတွင် ကျန်ခဲ့တဲ့ ကျွန်တော် ထိန်းကျောင်းနေရတဲ့ သိုးစုစီမှာလည်း ဘုရားသခင် အလည် အပတ်ဖို့ စတင်ဖို့ ကြေးတော့တာပါဘဲ။ ဒီလိုနဲ့ အသင်းတော်မှာရှိကြတဲ့ ယုံကြည်သူ တွေအားလုံးကို ဆုတောင်း ခြင်းနဲ့အတူ ကျွန်တော် ပွေ့ဖက်ခဲ့ တယ်။ ဒါ့အပြင် အသင်းတော်မှာပါဝင်ဆက်ကပ်ကြတဲ့ အဖွဲ့တော်ဆောင်တွေကို သူတို့ရဲ့နာမည် ခေါ်ပြီးတော့ ဆုတောင်းပေးခဲ့တယ်။ အဲဒီလိုနဲ့ သုံးနာရီလောက် အချိန်ကုန်ဆုံးသွားခဲ့တယ်။ ကျွန်တော့်ရဲ့ ဆုတောင်းသံကတော့ လှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံး တက်လာသလိုပါဘဲ၊ နောက်ဆုံးတော့ ငိုကြွေးမှု တွေနဲ့အတူ ကျွန်တော်မျောသွားတော့တာပါပဲ။ ဒီလိုနဲ့ကျန်ရှိနေသေးတဲ့ ကျွန်တော့်ရဲ့ အချိန်တွေ၊ အခြား အခြားသော စိုးရိမ်ပူပန်မှုတွေအတွက် ခရစ်တော်လက်ထဲမှာ လုံးလုံးလျားလျား ဆက်ကပ် အပ်နှံလိုက် တဲ့နောက် ကျွန်တော့်ရဲ့ ဆုတောင်းခြင်းကို အဆုံးသတ်လိုက်တယ်။ လမ်းခရီးက တောင်တက်ခရီးတစ်ခု ဆိုပေမယ့် ကျွန်တော်တစ်ယောက်တည်း ဖြစ်နေခဲ့တယ်။ ဘုရားသခင်နဲ့ ကျွန်တော် အချိန်သုံးနေခဲ့တာကို ဘယ်အရာကမှ ကြားဝင်လာပြီး ပျက်ဆီးသွားခွင့် ကျွန်တော်မပေးခဲ့ပါဘူး။ အဲဒီအချိန်ကနေစပြီးတော့ အသင်းတော်အတွက်နဲ့ ကျွန်တော့်အတွက်ပါ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းတရားကို မြော်လင့်သော သူအဖြစ် ကျွန်တော်အသက်တာ ပြောင်းလဲခဲ့ပါတော့တယ်။ (Quoted by Dr. Martyn Lloyd-Jones in The Puritans: their Origins and Successors, ban- ner of Truth, p. 189f)

ဆုတောင်းရန်အတွက် စိတ်ဆန္ဒကင်းမဲ့ခြင်းသည် ကျွန်တော်တို့၏ မမှန်ကန်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သည်ဟု ဆိုနိုင်သကဲ့သို့၊ ထိုအရာအား အဓိက ဖြစ်ပွားစေသူမှာ ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းသက်စမ်းရေရရှိစေသော ပိုက်လိုင်းဖြစ်သည်ဟုသိထားသော စာတန်မာရ်နတ်ဖြစ်ပါသည်။ စာတန် မာရ်နတ်သည် ဘုရားသခင်၏ပလ္လင်တော်သည် ကျေးဇူးတော်ပုလ္လင်တော်ဖြစ်သည့်အကြောင်းကို ကျွန်ုပ်တို့အား မသိစေလိုပါ။ ဘုရားသခင်၏ပလ္လင်တော်သည် ကျွန်ုပ်တို့အတွက် အစဉ်အမြဲ တံခါးဖွင့်ထားသည်ဆိုသည့်အချက် အားသိထားသည့် ကျွန်ုပ်တို့၏အသိတရားကို မည်သည့်အရာကမျှ သံသယဝင်အောင် မပြုစေရန် အစဉ်သတိရှိရ မည်။ ကျွန်ုပ်တို့တိုက်ခိုက်နေရသည့် တိုက်ပွဲအားအနိုင်ယူသွားမည်လား သို့မဟုတ် နောက်ဆုတ်သွားမည်လား ဆို သည်မှာ ဤအချက်ပေါ်တွင် အမြဲမူတည်နေသည်။ ဒါဝိဒ်နှင့်အခြားသောသူများအတွက် ဂေါလျက်မှာ အလွန် ကြီးမားသောစစ်သူရဲတစ်ယောက် ဖြစ်သည်ဟု ထင်မှတ်စရာအကြောင်း ရှိခဲ့သည်။ သို့သော်လည်း ဘုရားသခင် ၏ ကောင်းကြီးနှင့်အတူ ဒါဝိဒ်၏ရိုးရှင်းသောလက်နက်လေးကို ဂေါလျက်တစ်ယောက် မယှဉ်နိုင်ခဲ့ပေ။ ထိုကဲ့သို့ ပင် ကျွန်ုပ်တို့၏ရိုးရှင်းသော ဆုတောင်းခြင်းလက်နက်သည်လည်း စာတန်၏တံတိုင်းများကို ချေမှုန်းပစ်နိုင်ပါ သည် (၂ကော၊ ၁၀း၄)။


သင်းအုပ်ဆရာ၏ သူတပါးအတွက် ကြားခံဆုတောင်းပေးခြင်း

သင်းအုပ်တစ်ဦး၏အသင်းသားများအပေါ် ဂရုစိုက်တန်ဖိုးထားခြင်းသည် တိတ်ဆိတ်စွာ အများမမြင် သည့်နေရာတွင် ဆုတောင်းခြင်းအားဖြင့်ဖြစ်ရာ အချို့လူတို့မှာ မျက်မျက်ဝါးထင်ထင် မမြင်တတ်ကြပေ။ သိုးထိန်း အဖြစ်သော်လည်းကောင်း၊ ဓမ္မဆရာအဖြစ်သော်လည်းကောင်း ခေါ်ဆိုခြင်းခံသောသူတိုင်းသည် မိမိတို့အား ယုံ ကြည်၍အပ်နှံထားသော သိုးစုတို့အတွက် ကြားခံဆုတောင်းပေးသောသူများ ဖြစ်ရမည်။ ကျွန်ုပ်တို့ စောင့်ထိန်း နေ ရသည့် သိုးစုများ၏ဝိညာဉ်ရေးရာ ကျန်းမာရေးကောင်းနေစေရန် စောင့်ထိန်းခြင်းနည်းလမ်းတွင် ဆုတောင်းခြင်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကြားခံဆုတောင်းပေးခြင်း အမှုတော်မြတ်သည် ယနေ့တိုင် ယေရှုခရစ် တော်သည် အထက်ကောင်းကင်၌ ကျွန်ုပ်တို့အတွက် ပြုနေသော အမှုတစ်ခုဖြစ်သည်။ သူ၏သိုးစုများ လုံခြုံ ကျန်းမာစေရန်အတွက် ဆုတောင်းခြင်းအားဖြင့် ၄င်းတို့ကို ဘုရားသခင်ရှေ့တော်သို့ ခေါ်ဆောင်သွားသည့် အချိန်ထက် ဘုရားသခင်၏နှလုံးသားနှင့်ပိုပိုနီးသော အချိန်မရှိတော့ပါ။ 

ယုံကြည်သူများအားလုံးသည် ဝိညာဉ်တိုက်ပွဲဆင်နွှဲနေကြရသည့် အားလျော်စွာ “သန့်ရှင်းသူများ အားလုံး” (ဖက်၊ ၆း၁၈) အတွက် ချို့ယွင်းချက်မရှိ ဆုတောင်းပေးရမည်။ အချို့သောသူတို့အတွက်ဆိုလျှင် ၄င်းတို့ ကြုံတွေ့နေရသော အခက်အခဲပြဿနာများအတွက် နေ့စဉ်အထူးဆုတောင်းပေးရန် လိုအပ်သကဲ့သို့၊ ကျွန်ုပ်တို့ အားလုံးအတွက်လည်း အစဉ်တစိုက် ပုံမှန် ဆုတောင်းပေးရန်လည်း လိုအပ်ပါသည်။ ဖျားနာနေသော သူများအတွက်သာ ဆုတောင်းပေးရန်မဟုတ်။ စပါဂျွန်က ဤအကြောင်းအရာနှင့်ပတ်သက်၍ ပြက်လုံးထုတ် သယောင်ယောင်နှင့် “လူတစ်ယောက်၊ အိမ်အပေါ်ထက်မှာ ရှိတဲ့ကုတင်ပေါ်မှာ ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်ဘူး ဆိုရင် သူ့အတွက် ဆုတောင်းပေးတယ်။ အဲဒီလူဘဲ အိမ်အောက်ခန်းမှာ အဆုံးမရှိလောက်အောင် သောင်းကျန်း နေတယ်ဆိုရင် သူ့အတွက် ဆုတောင်းမပေးတော့ဘူး။ ကဲဒါမျိုးကို လိမ္မာပါးနပ်တယ်လို့ ခေါ်လို့ရမလား” ဟူ၍ ပြောခဲ့ဖူးသည်။ ကျွန်ုပ်တို့၏အခြေခံဆုတောင်းပေးရမည့် သူများမှာ ကျွန်ုပ်တို့ ဦးဆောင်နေရသောသူများအတွက် ဖြစ်ပါသည်။ အချို့သောအသင်းတော်များတွင် အသင်းဝင်များ၏စာရင်းကိုယူ၍ တစ်လတာအတွင်း ၄င်းတို့အ တွက်မည်သည့်အချိန်တွင် ဆုတောင်းပေးရမည်ဟူ၍ အချိန်ဇယားဆွဲသည့် အလေ့အကျင့် ရှိတတ်ကြသည်။ သို့ သော်လည်း အချို့သောအချိန်များတွင် အသင်းဝင်များ၏ပမာဏမှာ အလွန်များပြားလှသည့်အတွက် အဆင်မပြေ မှုလည်း ရှိနိုင်ပါသည်။ ကျွန်ုပ်တို့အသင်းတော်ရှိ အသင်းသားများ၏ နာမည်စာရင်းကိုယူထားကာ တစ်နေ့တွင် တစ်မျက်နှာစာမျှရှိသော အသင်းဝင်များအတွက် ဆုတောင်းပေးခြင်းသည် ကောင်းမွန်သည့် အကျင့်ဖြစ်သည်ဟု ကျွန်ုပ်ကိုယ်တိုင် သိခဲ့ရသည်။ ဆိုလိုသည်မှာ တစ်နေ့ကို ဆယ်ယောက် (သို့) မိသားစုဆယ်စု အတွက် ဆုတောင်းပေးနိုင်သည်။ ၄င်းထက်ပိုနည်းသည့်ပမာဏဖြင့် ဆုတောင်းပေးနိုင်ပါက ပို၍ အချိန်ပေးနိုင် သကဲ့သို့၊ ၄င်းတို့ တစ်ဦးချင်းစီတိုင်းအတွက် အသေးစိတ် ဆုတောင်းပေးနိုင်မည်ဖြစ်သည်။ သည့်ပြင်၊ ကျွန်ုပ် သွားလေရာ ရာ၌ ဆုတောင်းစာအုပ်လေးတစ်ခု အစဉ်ယူဆောင်သွားလေ့ရှိကာ အရေးကြီး ဆုတောင်းချက်များကို နေ့စဉ် သတိရနိုင်စေရန်ဖြစ်သည်။ လိုအပ်လျှင်လိုအပ်သလို ထိုဆုတောင်းစာအုပ်ငယ်လေးကို ဖြည့်စွတ်ချက် များလည်း ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်၏ဆုတောင်းမှတ်စုစာအုပ်ထဲတွင် လစဉ် မယုံကြည်သူများ ပြောင်းလဲလာ စေရန် အတွက်လည်း ဆုတောင်းချက်များ ထားရှိပါသည်။ တရုတ်နိုင်ငံသို့ သာသနာပြုသူ၊ ဝီလီယံဘန်းဆိုသူ၏ ဆုတောင်း မှတ်ဆု စာအုပ်ပါ ဆုတောင်းချက်တစ်ချက်မှာ “အိုအဖ၊ ဤချစ်စရာကောင်းသော တပည့်တော်များကို လောကနှင့်ခန္ဓာတပ်မက်ခြင်းတို့မှ ကွယ်ကာစောင့်မ ပေးမူပါ။ ကိုယ်တော်ရှင်၏ ချစ်ခြင်းမေတ္တာကို ၄င်းတို့၏ နှလုံးသား၌ အစိုးရစေပါ။ ၄င်းတို့၏စိတ်တွင် ကိုယ်တော်ရှင်၏ရုပ်ပုံကို ထင်ရှားစေကာ၊ ကျွန်ုပ်အားလည်း ဤသိုးစုများကို ဖြူစင်ရိုးသားသော ချစ်ခြင်းမေတ္တာဖြင့် မေတ္တာထားဦးဆောင်လမ်းပြနိုင်ရန် ကိုယ်တော်ရှင်၏ အဆုံးမရှိ ကျေးဇူးတရားဖြင့် လွှမ်းခြုံပေးတော်မူပါ။ သင်ယေရှုနာမ၌ ဆုတောင်းပါ၏ အာမင်” ဟူ၍ ဖြစ်သည်။ သူ၏ဆုတောင်းချက်မှာ အတုယူဖွယ်ဖြစ်ပေသည်။

အလိုလိုဆုတောင်းချင်သောစိတ်မျိုးသည် သာမန်ဖြစ်စဉ်တစ်ခုမျိုးသာဖြစ်သည်။ ဘုရားသခင်၏ လူများ အတွက် ဆုတောင်းပေးရမည်ဟူ၍ ကျွန်ုပ်တို့ခံစားသောအချက်များကို ချရေးခြင်းတွင် အဖိုးအခရှိပါသည်။ ဆုတောင်းခြင်းအမှု၌ အလေးအနက်ထားသောသူတိုင်းသည် ဆုတောင်းခြင်းနှင့်ပတ်သက်၍ အတွေးအခေါ်များ နှင့် ပြင်ဆင်မှုများတွင် အနက်ထားတတ်ကြပေသည်။ ဥပမာနေဖြင့် ရှင်ပေါလုသည်လည်း ဆုတောင်းပေးချက် များကို ရေးသားခဲ့ကြောင်း တွေ့မြင်နိုင်ပါသည်။ ဥပမာအချို့တို့ကို ဧဖက်၊ ၁း၁၅-၁၉၊ ၃း၁၄-၂၁ နှင့် ကောလောသဲ၊ ၁း၉-၁၄ တို့တွင် တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာ အစဉ်လန်းဆန်း နေစေရန်အတွက် ရှင်ပေါလုပြုလုပ်ခဲ့သည့်နည်းတူ အလှည့်ကျ ဆုတောင်းပေးခြင်းများကို အတုယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက်သာ ဆုတောင်းတတ်ရာ၊ အခြားသူများအတွက် အချိန်ပေးဆုတောင်းပေးခြင်း သည်လည်း သာ၍ကောင်းသော အကျိုးကို ဖြစ်စေတတ်ပါသည်။

ကျွန်ုပ်တို့၏ဆုတောင်းခြင်းများ လန်းဆန်းနေစေရန်အတွက် အကူအညီဖြစ်စေမည့် အခြားသောနည်း လမ်းမှာ – သည် ပုံမှန်လုပ်ဆောင်နေရခြင်းမျိုးသည် ငြီးငွေ့ခြင်းကို ဖြစ်ပေါ်စေသည့်အတွက် - ကျွန်ုပ်တို့၏ နှုတ်ကပတ်တော်လေ့လာခြင်းအားဖြင့် ခွန်အားရသောအချက်များတို့အတွက်သော်လည်းကောင်း ဆုတောင်းပေး ခြင်းမျိုး ပြုနိုင်သည်။ နှစ်ပေါင်း ကျွန်ုတို့အသက်တာအတွက်သော်လည်းကောင်း၊ အခြားသောသူများ များစွာ ကြာခဲ့သည့်အချိန်မှ ယနေ့တိုင် သမ္မာကျမ်းစွာတွင် ကျွန်ုပ်တို့ ခွန်အားယူသော အချက်များကို စာကြောင်း တစ် ကြောင်းဖြင့် အတိုချုပ် ရေးသားထားလေ့ရှိသည်။ ဥပမာပြောရမည်ဆိုလျှင် မနေ့က ကျွန်ုပ်ဖတ်ရှုသော ကျမ်းပိုဒ် မှာ ၁ပေ၊ ၄း၂ ဖြစ်သည်ဆိုလျှင် ခွန်အားရသည့်အချက်ကို “ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ပါ” ဟူ၍ ရေးသားလိုက်သည်။ ထိုအချက်က ထိုနေ့အတွက် ဆုတောင်းရမည့်အချက် ဖြစ်လာခဲ့သည်။ ယနေ့ ဖတ်ရှု သော ကျမ်းပိုဒ်မှာ ၁ပေ၊ ၄း၁၄ ဆိုလျှင် “ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဘုန်းအသေရေသည် သင့် အပေါ်၌ရှိပါစေ” ဟု ရေးမှတ်ထားကာ ကျွန်ုပ်၏ကယ်တင်ခြင်းအမှု၌ သုံးပါးတစ်ဆူ တို့၏လုပ်ဆောင် ပေးမှုတို့ကို ဆင်ခြင်သုံးသပ်ပြီးနောက် ဘုန်းတော်ထင်ရှားစေရန်မှာ ကျွန်ုပ်တို့အားကယ်တင်ရသည့် အကြောင်း ဖြစ်သည်ဟု ခွန်အားယူ၍ ကျွန်ုပ်အတွက်သော်လည်းကောင်း၊ ကျွန်ုပ်၏ဆုတောင်းစာအုပ်တွင် နာမည်မှတ်ထား သည့် သူများအတွက်ပါ ဘုန်းတော်ထင်ရှားစေခြင်း အစစ်အမှန်ဖြစ်စေရန်အတွက် ဆုတောင်းပေးသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းကို အစဉ်လန်းဆန်းနေစေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကာမူ ကျွန်ုပ်တို့၏ဆုတောင်းခြင်းများ အစဉ်လန်းဆန်းနေခြင်းသည် အရေးကြီးပါသော်လည်း ဘုရားသခင်၏ အလိုတော် အတိုင်း ဆုတောင်းခြင်းက အဓိကကျ ပါသည်။

ကျွန်ုပ်တို့ တာဝန်ယူဦးဆောင်နေရသည့် သူများအတွက် အစီအစဉ်တကျ ပုံမှန်ဆုတောင်းပေးခြင်းသည် ၄င်းတို့၌ ဂရုစိုက်မှုများနှင့် လက်တွေ့လုပ်ဆောင်ပေးမှုများကို ပေါက်ဖွားစေသည်။ ယုံကြည်သူများ လိုအပ်ချက် များကို သိနိုင်စေရန် ဆုတောင်းခြင်းကို သန့်ရှင်းသောဝိညာဉ်တော် အမြဲလိုလို အသုံးပြုခဲ့သည်ကို တွေ့မြင်နိုင်ပါ သည်။ ထိုကဲ့သို့ အစဉ်အတိုင်း ဆုတောင်းပေးခြင်းသည် အခြားသူများအပေါ် ဘုရားသခင်က မည်သည့် ကောင်း ကြီးမင်္ဂလာများအား တောင်းခံပေးရမည်ကို ကျွန်ုပ်အား သိမြင်စေတတ်သည့်အချက်မှာ အံ့ဖွယ်ဖြစ်ရာဖြစ်၍ ရှင်း ပြရန် ခက်ခဲလှပါသည်။ ထို့ပြင်၊ အကြောင်းအရာ အထူးအထွေမရှိသော်လည်း အသင်းဝင်တစ်စုံ တစ်ခု၏နာမည် များ စိတ်ထဲတွင် အလိုလိုပေါ်လာပါက ချက်ခြင်းဆုတောင်းပေးခြင်းမျိုးကိုလည်း ပြုလုပ်ရပါမည်။ ကျွန်ုပ်ကို ဆု တောင်းပေးလေ့ရှိသော သူများ၏အသက်တာတွင် ကျွန်ုပ်ကို ဆုတောင်းပေးသည့်အတိုင်း အသက်တာတွင် ထင် ရှားစွာ အသီးအပွင့်ကို တွေ့မြင်ရတတ်သည့်အတွက် ဆုတောင်းရန် တွန်းအားမပေးသော စိတ်သောအသက်တာ မျိုးကို ကျွန်ုပ်တို့စွန့်ပစ်ရန် လိုအပ်ပါလိမ့်မည်။

တစ်ခါတစ်ရံတွင် ၄င်းတို့အတွက် ကျွန်ုပ်ဆုတောင်းပေးနေသည် ဆိုသည့်အချက်ကို - ၄င်းတို့ ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ် ဆုတောင်းနေသည့်အကြောင်းကို - သိစေသင့်သည့် အခြေအနေမျိုးလည်း ရှိပါ၏။ ရှင်ပေါလုသည်လည်း စာရှုသူယုံကြည်သူများအတွက် ဆုတောင်းပေးလေ့ရှိကြောင်း၊ ၄င်းတို့အတွက် စိုးရိမ်ပူပန် မိကြောင်းနှင့် သတိတရရှိကြောင်းစသည်ဖြင့် ၄င်း၏ပေးပို့စာများတွင် ဖော်ပြလေ့ရှိသည် (ဥပမာ – ရောမ၊ ၁း၉၊ ၁ဝ၊ ဖိလေ၊ ၄-၆)။ တစ်နှစ်တွင် ခြောက်ကြိမ်ခန့်မျှလောက် အသင်းဝင်တစ်ဦးစီတိုင်းထံ ကျွန်ုပ်ဆုတောင်းပေး လေ့ရှိသည့်အကြောင်းအား “ဒီနေ့ ခင်ဗျားအတွက် ကျွန်တော်ဆုတောင်းပေးတယ်၊ ခင်ဗျားရဲ့အသက်တာကို လည်း ဘုရားသခင်ရဲ့လက်ထဲမှာ အထူးအပ်ပေးတယ်...” ဟူ၍ စာတိုလေးရေးကာ စာတိုက်မှပို့သည့် အလေ့ အထကို ကျွန်ုပ်ကျင့်သုံးလေ့ရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်ဆုတောင်းပေးသည့်သူနှင့် တိုက်တိုက်ဆိုင်ဆိုင် ဖုန်းခေါ်ပြောခြင်း များရှိခဲ့လျှင် ဖုန်းမှတဆင့် ၄င်းအတွက် ကျွန်ုပ်ဟု တောင်းပေးနေသည့်အကြောင်းကိုလည်း ပြောပြလေ့ရှိသည်။ ကျွန်ုပ်အတွက် ဆုတောင်းပေးနေသောသူများရှိသည်ဟု သိရှိလိုက်သည့်အခါတိုင်း မည်မျှ ကျွန်ုပ်ခွန်အားရသည်ကို သိမှတ်၍ အခြားသူများသည်လည်း ၄င်းတို့၏ သင်းအုပ်က ၄င်းတို့အတွက် ဆုတောင်း ပေးနေသည်ကို သိထားပါက ကျွန်ုပ်ကဲ့သို့ပင် ဝမ်းမြောက်ခွန်အားယူစရာအကြောင်း ရှိကြလိမ့်မည်မဟုတ်ပါလား။


သင်ကြားပေးခြင်းနှင့် တရားဒေသနာဝေငှခြင်းအတွက် ဆုတောင်းခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း

တမန်တော်များသည် နှုတ်ကပတ်တော်ဝေငှခြင်းအမှုကို ဆုတောင်းခြင်းနှင့် အစဉ်ဒွန်တွဲ လုပ်ဆောင်ခဲ့ကြ သည် (တမန်၊ ၆း၄)။ နေ့စဉ် ဘုရားသခင်၏ရှေ့တော်၌ ဆက်ကပ်အပ်နှံလိုက်သည်နှင့် ကျွန်ုပ်တို့သည် - နှုတ်ကပတ်တော်ဝေငှသင်ကြားပေးခြင်း အပါအဝင် - ရှေ့လျှောက်လုပ်ဆောင်ရမည့် လုပ်ငန်းဝန်တာ အလုံးစုံ တို့ကို ဘုရားသခင်နှင့်အတူ အစပြုလိုက်ခြင်းပင် ဖြစ်သည်။ နှုတ်ကပတ်တော်လေ့လာရန်အတွက် သက်ဆိုင်သော စာအုပ်များကို မပွင့်ဖတ်မှီ ရည်ရွယ်ချက်ရှိရှိ ခဏတာဆုတောင်းရန် ရပ်နားခြင်းတွင် အသီးအပွင့် ရှိပါသည်။ ထိုအသီးအပွင့်မှာ ကျွန်ုပ်တို့ဖတ်ရှုသွားမည့် နှုတ်ကပတ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြပို့ ဆောင်မှုမပါရှိပါက နားမလည်နိုင်သည့်အကြောင်းကို မိမိကိုယ်ကို သတိပေးရာရောက်စေသကဲ့သို့၊ ပြန်လည် ဝေငှရာတွင်လည်း တန်ခိုးတော်နှင့် လွှမ်းခြုံစေရန် တောင်းခံခွင့်အချိန်ကိုလည်း ဖြစ်စေသည်။ နောက် လာမည့် တရားဒေသနာအတွက် အလောတကြီးပြင်ဆင်လိုက်သည့်အချိန်တိုင်း ထိထိရောက်ရာက် နှုတ်ကပတ် တော်ကို နားမလည်တော့ဘဲ တစ်ယောက်ထဲ ရှုပ်နေသည်ကို ကျွန်ုပ်အကြိမ်ကြိမ် တွေ့ကြုံခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ပျက် ရသည့် အဓိကအကြောင်းအရင်းမှာ ကျွန်ုပ်အစပြုသည်နှင့် ဘုရားသခင်ထံပါး ဆုတောင်းခြင်းဖြင့် မတိုးဝင်သည့် အတွက်ကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီမပါဘဲ နှုတ်ကပတ်တော်ကို နားမလည်နိုင် သည့်ပုံမှာ နေ၏ အ လင်းရောင်မပါဘဲ နေနာရီကို မဖတ်နိုင်သကဲ့သို့ ဖြစ်ပါသည်။

တစ်ခါတစ်ရံတွင် တရားဒေသနာပြင်ဆင်ချိန်တိုင်းလိုလို ဆုတောင်းခြင်းမရှိနိုင်ခဲ့ပါလျှင် အခြားနည်းလမ်း တစ်ခု ကျွန်ုပ်အကြံပေးလိုသည့်အရာမှာ – တစ်လတာ (သို့) တစ်နှစ်တာလုံး ဟောပြောသွားမည့် တရားဒေသနာ အတွက် တစ်နှစ်မှာ တစ်ခေါက် (သို့) နှစ်ခေါက်လောက် တစ်မနက်လုံးအချိန်ပေး၍ ကျွန်ုပ်ဆုတောင်းလေ့ရှိသည်။ ကျွန်ုပ်၏အဓိကရည်ရွယ်ချက်မှာ ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတို့အကြောင်းမျှတမှုရှိစေရန်၊ ဩဝါဒသွန်သင် ချက်များနှင့် လက်တွေ့အကျင့်စာရိတ္တတို့အကြား ဆက်နွယ်မှုအမြဲရှိစေရန်နှင့် ဩဝါဒနှင့်ပတ်သက်သည့် ကျမ်းပိုဒ် များကို အသေးစိတ်ရှင်းပြခြင်းနှင့် အသက်တာတွင် လက်တွေ့လုပ်ဆောင်ခြင်းတို့ကို မျှတစေရန်ဖြစ်သည်။ ကျွန်ုပ် ၏ပြင်ဆင်မှုတစ်လျှောက်တွင် ဘုရားသခင်သည် ကျွန်ုပ်အပေါ် အစဉ်ကျေးဇူးကြီးမားသည်ဟု ဝန်ခံရမည်ဖြစ် သော်လည်း၊ ပြင်ဆင်မှုမစမီအချိန်တိုင်း ဆုတောင်းဆက်ကပ်ခြင်းအားဖြင့် အစပြုခြင်းသည် အလွန်အံ့ဖွယ် ပြောင်းလဲမှုများဖြစ်စေတတ်ပါသည်။

ဟောပြောခြင်းသို့မဟုတ် တရားဒေသနာဝေငှခြင်းပြုလေတိုင်း သူများ၏အသက်တာ၌ ဝေငှသွန်သင် ခြင်းမရှိမီ ကျွန်ုပ်တို့အစဉ်လိုအပ်သည့်အရာမှာ ကိုယ်ပိုင်အသက်တာ၌ ဆုတောင်းခြင်းဖြင့် ကိုယ်တိုင်လိုက် လျှောက်ခြင်းဖြစ်သည်။ ကျွန်ုပ်ပြင်ဆင်ထားသော ဒေသနာမှတ်စုကို လေးကြိမ်တိုင်တိုင် သေသေချာချာ ဖတ်ရှုပြီး မှသာလျှင် ဝေငှရန် အဆင်သင့်ဖြစ်ပြီဟု ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသည်။ လေးကြိမ်မြောက်ဖတ်ရွက်ခြင်းကို ဆု တောင်းခြင်းဖြင့် ကျွန်ုပ်အစဉ် ဆက်ကပ်အဆုံးသတ်သည်။ တရားမဟောမီအချိန်၌လည်း ကျမ်းစာ၏ သုံးနေရာ တွင် တွေ့ရသည့်ကျမ်းချက်သုံးချက်အတိုင်း “ကိုယ်တော်ရှင်ဘုရား၊ ကျွန်ုပ်အား ကိုယ်တော့်ရှေ့တော်မှောက်၌ ဟောပြောဝေငှသကဲ့သို့ ဝေငှနိုင်ရန် ကူညီဆောင်မပါ။ ကျွန်ုပ်အား ကောင်းမွန်သော မြေ၌ကျစေ၍၊ အသီးများစွာ သီးစေနိုင်ရန် ကျွန်ုပ်အသက်တာအား သေဆုံးစေတော်မူပါ။ ကျွန်ုပ်၏ရည်ရွယ်ချက်မှာ အခြားသူများက ကျွန်ုပ် အား မည်သို့ထင်မြင်ကြမည်ဆိုသည်ထက်၊ ကိုယ်တော်ရှင်၏ဘုန်းတော်အတွက် သာ၍ဖြစ်စေပါ။ ကျွန်ုပ်အား ကြောက်ရွံ့တတ်သော စိတ်ဝိညာဉ်ကို မပေးဘဲ၊ တန်ခိုး၊ ချစ်ခြင်းမေတ္တာနှင့် ဝိရိယရှိသော စိတ်ဝိညာဉ်အား ပေးသ နားတော်မူသည့်အတွက် ကျေးဇူးတင်ပါသည်” ဟူ၍ ဆုတောင်းဆက်ကပ်လေ့ရှိပါသည်။ ထို့ပြင် နှုတ်ကပတ် တော်ကို ခံယူကြမည့်သူများအတွက်ပါ ၄င်းတို့အား ဘုရားသခင်မည်မျှ တန်ဖိုးထား၍ ၄င်းတို့၏အသက်တာအား မည်သို့ဖြစ်စေချင်သည်ဆိုသည့်အသိစိတ်ဖြင့် အစဉ်ဆုတောင်းပေးပါသည်။ နှုတ်ကပတ်တော် လက်ခံရမည့်သူ များသည် မည်သူဖြစ်သည်၊ မည်သူအတွက်ကျွန်ုပ်တို့ တရားဒေသနာအားပြင်ဆင်ခဲ့ကြသည်ကို မတွေးမိတော့ဘဲ ၊ ကျွန်ုပ်တို့လုပ်ဆောင်ကြရမည့် တာဝန်ဝတ္တရားများနှင့် အခြားခြားသော ကိစ္စဝိစ္စများကြား တရားဒေသနာ ခံယူ ကြမည့်သူများကို မေ့သွားတတ်ကြသည်ကို သတိအစဉ် ပြုကြရပါမည်။ 


အလည်အပတ်သွားသည့်အခါနှင့် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ရာတွင် ဆုတောင်းခြင်း

ဆုတောင်းခြင်းသည်သာ ကျွန်ုပ်တို့၏နေ့စဉ်နှင့်အမျှ ယုံကြည်သူများထံ အလယ်အပတ်သွားသည့်အခါ တိုင်း အစပြုရာဖြစ်သင့်သည်။ အချို့သောအချိန်မျိုးတွင်မူ အရေးတကြီးကိစ္စများကြောင့် ဆုမတောင်းနိုင်ဘဲ လမ်းကြောင်းပြောင်းသွားခြင်းမျိုးလည်း ရှိနိုင်ပါသည်။ မနက်ခင်းအစပြုသည်နှင့် တစ်နေ့တာအလည်အပတ် သွားရမည့် အစီအစဉ်အတွက်သော်လည်းကောင်း၊ ဆင်ခြင်သွန်သင်ပေးရမည့် အချိန်မတိုင်မှီတွင်ပင် တွေ့ကြုံ ပြောဆိုရမည့် ပြဿနာများအတွက် နှုတ်ကပတ်တော်အတိုင်း ပြောပြသွန်သင်နိုင်စေရန် ဘုရားသခင်ထံပါး အကြံ ဉာဏ်များ ဆုတောင်းခြင်းဖြင့် တောင်းခံရမည်ဖြစ်သည်။ တစ်စုံတစ်ဦးအား ဝေငှပြောဆိုနေစဉ် ကျမ်းချက်များ နှလုံးသားထဲတွင် ပေါ်လာတတ်ပါသော်လည်း၊ ထိုကဲ့သို့ပေါ်လာခြင်းမရှိပါကမူ အစကတည်းမှ ဆုတောင်းပြင်ဆင် ခြင်းမျိုးသည် အကျိုးထိရောက်မှု ပိုမိုရှိတတ်ပါသည်။

ကျွန်ုပ်သွားရောက်လည်ပတ်သည့် အိမ်တံခါးဝရှေ့၌ရပ်၍ တံခါးခေါက်လိုက်သည့်အချိန်တိုင်း ကျွန်ုပ် ဆု တောင်းနေတတ်သည်။ ထိုသို့အလည်အပတ်ပြုရာ၌ မထင်ထားသောခက်ခဲသည့် မေးခွန်းပြဿနာများနှင့် ရင် ဆိုင်ရသည့်အချိန်များတွင် ပရောဖက်နေဟမိကဲ့သို့ ရုတ်တရက် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ အကူအညီ တောင်းခံမှုများကို ပြုလုပ်နိုင်ပါသည် (နေဟမိ၊ ၂း၄)။ သင်းအုပ်ဆရာတစ်ဦး၏ အလည်အပတ်သွားခြင်းအမှု၌ ဆုတောင်းခြင်းသည် အစဉ်တွဲနေရမည်ဖြစ်သည်။ ထိုသို့ အစဉ်ပြုလုပ်ခြင်းအားဖြင့် မိမိဝင်ရောက်လည်ပတ်သည့် မိသားစုသည်လည်း ဆုတောင်းခြင်းအမှုကို ကျင့်သားရလာ၍ ကျွန်ုပ်တို့အား ၄င်းတို့နှင့်အတူ ဆုတောင်းရန် မျှော်လင့်လာကြမည်ဖြစ်သည်။ အိမ်သူ အိမ်သားများနှင့် အတူတကွ ဆုတောင်းခြင်းသည်လည်း သင်းအုပ်ဆရာ တစ်ဦး၏ အလည်အပတ်သွားခြင်းအမှု၌ အစဉ်တွေ့မြင်နေရမည့်အရာ ဖြစ်သည်။ အလည်အပတ်ပြုပေးခြင်း သည် အသင်းသူအသင်းသားများအား ဆုတောင်းပေးရန်အတွက် အခွင့်ထူးကို ဖြစ်စေသည်။ အခွင့်သာခဲ့သည် ဆိုလျှင် အလည်အပတ်သွားရောက်သည့် အိမ်သူအိမ်သားများနှင့်အတူ အသံထွက် ဆုတောင်းခြင်းမျိုးကိုလည်း ပြုလုပ်နိုင်ပါသည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့ သီးသန့်ဆုတောင်းခြင်းမျိုး မဟုတ်တော့ဘဲ အစုလိုက် ဆုတောင်း ခြင်းမျိုး ဖြစ်လာမည်ဖြစ်သည်။ ထိုသို့ဖြင့် ဆုတောင်းခြင်းအမှု၌ ၄င်းတို့သည် တဖြည်းဖြည်းခြင်း ရဲရင့်စိတ်ရှိလာ ကြကာ နောင်တစ်ချိန်တွင်လည်း အတူတကွ အသံထွက်ဆုတောင်းရန် အခက်အခဲ ရှိတော့မည်မဟုတ်ပေ။ “အတူ တကွ ဆုတောင်းကြရအောင်”၊ “အားလုံးဆုတောင်းကြရအောင်” စသည်ဖြင့် အစပြုဖိတ်ခေါ်ခြင်းမျိုးက အတူတ ကွ ဆုတောင်းခြင်းအမှုကို လမ်းဖွင့်ပေးပါသည်။ ကျမ်းစာဖတ်ရွက်ပြီးသည့်နောက် ထိုကျမ်းစာအားဖြင့် ဘုရား သခင်သည် မည်သည့်အရာကို ပြောဆိုကြောင်း ရှင်းပြရန် ဆုတောင်းခြင်းသည် အစပြုရာ ဖြစ်သင့်ပါသည်။

ဆုတောင်းခြင်းနှင့် အလည်အပတ်သွားရောက်ခြင်းတို့သည် အစဉ်ဒွန်တွဲနေရမည် ဆိုသည့်အချက်ကို ကျွန်ုပ်တို့ကြည့်မြင်ခဲ့သည့်အတိုင်း ဆွေးနွေးအကြံပေးခြင်းအမှုတွင်လည်း ဆုတောင်းခြင်းသည် မပါမဖြစ်သည့် အရာဖြစ်ပါသည်။ ခရစ်ယာန်ခေါင်းစီးလိန်း၏ အရေးပါသည့်အပိုင်းမှာ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာနှင့် ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ ပြောပြသွန်သင်ခြင်းဖြစ်ပြီး၊ ထိုသွန်သင်ချက်များနှင့် အကျိုးကျေးဇူးများ ကို ဘုရားသခင်ထံပါး တောင်းခံခြင်းဖြစ်သည်။ ထို့ကြောင့် အခြေအနေတစ်ရပ်ရပ်အတွက် ဆွေးနွေးအကြံပေး ခြင်းအမှုတွင် သမ္မာကျမ်းစာ၏ သွန်သင်ချက်များကို သွန်သင်ပြောပြကာ၊ ဘုရားသခင်က ထိုအမှုအရာအတွက် မည်သည့်အရာကိုပြုလုပ်စေလို၍၊ လမ်းပြလိုသည်ဆိုသည့်အချက်အတွက် ဆုတောင်းခြင်းအားဖြင့် အစဉ် အဆုံး သတ်ပေးရန် လိုအပ်ပါသည်။ အကယ်၍ ဆွေးနွေးအကြံပေးခြင်းကိုခံရသည့်သူ၌ ဘုရားသခင်၏ ရှင်းလင်း ပြတ်သားသော လမ်းပြချက်ကိုသိမြင်လာခဲ့သည်ဆိုလျှင်၊ အသံထွက်၍ မိမိ၏လိုအပ်ချက်များကို တောင်းခံခြင်း အားဖြင့် အမှန်တကယ် ခွန်အား ဖြစ်စေလာမည်ဖြစ်သည်။


မည်သည့်အကြောင်း အရာမျိုးကိုမဆို ဆွေးနွေးရာတွင် ဆုဆောင်းခြင်းအမှုအား စံအဖြစ်သတ်မှတ်ခြင်း

သင်းအုပ်ဆရာတစ်ဦး၏ အလည်အပတ်သွားခြင်း၊ လူမှုရေးအရ မိတ်ဿဟာရဖွဲ့ခြင်းနှင့် မည်သည့် အကြောင်းကြောင့်ဖြစ်ဖြစ် ယုံကြည်သူများ စုစည်းလာမည့်သည်ဆိုသည်နှင့် ဆုတောင်းခြင်းအမှုကို စံအဖြစ် သတ်မှတ်ရမည်ဟု ကျွန်ုပ်တိုက်တွန်းလိုပါသည်။ ဆုတောင်းခြင်းမရှိဘဲ မည်သည့်အကြောင်းအရာကိုမဆို အခြား သော ယုံကြည်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းများ မပြုလုပ်ခြင်း၌ အကျိုးကျေးဇူးရှိသည့်အချက်ကို ကျွန်ုပ်ကိုယ် တိုင် ကြုံတွေ့ရပါသည်။ ထိုသို့ဆိုရာတွင် ဘုရားကျောင်းထဲတွင်ဖြစ်ဖြစ်၊ ဝရံဒါတစ်နေရာတွင် ဖြစ်ဖြစ်၊ ထိုင်ခုံတန်း များတွင် ဖြစ်ဖြစ်၊ နေရာတိုင်းတွင် ဖြစ်နိုင်ပါသည်။ တနင်္ဂနွေနေ့များတွင်၊ အသင်းသူအသင်းသားများထံမှ မထင် မှတ်ထားသည့်ပြဿနာများ၊ ဆွေးနွေးရန်လိုအပ်သည့် အကြောင်းအရာများ ရုတ်တရုတ် ပေါ်ပေါက်လာတတ် သည်။ ထိုသို့သောသူများအနက်၊ တစ်ဦးနှစ်ဦးတို့သည် ၄င်းတို့၏ပြဿနာ၊ အခြေအနေများနှင့်အတူ ကျွန်ုပ်တို့ ထံသို့ ရောက်လာတတ်ကြသည်။ ထို့ပြင် ထိုအခြေအနေကို ဆွေးနွေးရန်အတွက် အချိန်သည်လည်း အနည်းငယ် သာရှိသည့် အခြေအနေမျိုး ဖြစ်နေနိုင်သည်။ ထိုသို့သောအခြေအနေမျိုး၌ ကျွန်ုပ်အဆုံးသတ်မီ အခြေအနေမျိုးမှာ “ဒီအခြေအနေကို ဘုရားရှင်လက်ထဲ အပ်နှံရအောင်” ဟူ၍ ပြောကာ ဆုံးသတ်ရပါလိမ့်မည်။ ကျွန်ုပ်တို့အနေနှင့် ဆုတောင်းရန် ထိုင်နေစရာမလို၊ မတ်တတ်ရပ်ရင်း ကျွန်ုပ်တို့ (သို့) တစ်စုံတစ်ဦးက ထိုအမှုအရာအတွက် ဘုရား သခင်၏လက်တော်ထဲသို့ ဆုတောင်း အပ်နှံနိုင်ပါသည်။ ထို့ပြင် တစ်ချိန်တည်း (သို့) တစ်ထိုင်တည်းနှင့် ဖြေရှင်း၍ မရနိုင်သော အသင်းတော်တစ်ခုလုံးနှင့် ဆိုင်သည့် ပိုမိုခက်ခဲသည့် ပြဿာနာများလည်း ပေါ်ပေါက်လာနိုင်ပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ထိုပြဿနာကို ဖြေရှင်းရန် အခြားနေ့ကို သတ်မှတ်ပြီးနောက် “ကျွန်တော်တို့ ဒီအမှုကိစ္စကို အခုလောလောဆယ် ဘုရားသခင်ထဲ အပ်နှံထားမယ်၊ နောက်ပြီးတော့ ဒိကိစ္စအတွက် ပိုမိုပြည့်စုံ အောင် ဆွေးနွေးတဲ့ အချိန်ကျရင် ဘုရားသခင် လမ်းပြပေးဖို့ အကူအညီလည်း တစ်ခါတည်း တောင်းခံမယ်” ဟု ဆိုကာ ကျွန်ုပ်အဆုံးသတ်ရပါမည်။

ဤသို့ပြုလုပ်ခြင်း၌ အကျိုးကျေးဇူးများစွာ ရှိပါသည်။ ဆိုလိုသည်မှာ အသင်းသူအသင်းသားများအပေါ် ကျွန်ုပ်တို့ထားရှိသည့် ဂရုစိုက်မှုကို ကျွန်ုပ်ကိုယ်တိုင် တာဝန်ယူနေခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏ လက်တော် ထဲသို့ အပ်နှံခြင်းဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ရင်ဆိုင်နေရသည့် ပြဿနာအတွက် စိတ်ချမ်းသာမှုကို ပေးစွမ်းပေးပါသည်။ ထိုသို့ပြုခြင်းသည် ဆုတောင်းခြင်းနှင့်ပတ်သက်၍ သင်ကြားပေးခြင်းအား ဖြင့်မဟုတ်ဘဲ ပုံဥပမာအားဖြင့် ခွန်အားပေးရာ ရောက်စေသည်။ ကျွန်ုပ်တို့ စိုးရိမ်နေသည့်အရာအတွက် ကျွန်ုပ် တို့သည် ဆုတောင်းရန် မမေ့ကြောင်းကိုလည်း ပေါ်လွင်စေသည်။ မြောက်များစွာသောအချိန်များတွင် မည်သည့် အရာအတွက် ဆုတောင်းမည်ဟူ၍ ကျွန်ုပ် ချမှတ်ထားနိုင်သော်လည်း၊ အချို့သောအချိန်များတွင် ဖြစ်ပျက်နေ သည့်အခြေအနေက ကျွန်ုပ်ကို ဆုတောင်းစေရန် တွန်းအားပေးတတ်ပါသည်။ ထိုကဲ့သို့ ရင်ဆိုင် ကြုံတွေ့ နေရသည့် အခြေအနေအတွက်၊ ထိုနေရာ၌ တပါတည်းဆုတောင်းခြင်းမျိုးသည်၊ ထိုပြဿနာအား ဘုရားသခင်၏ လက်တော်ထဲ အပ်နှံခြင်းမပြုမိသည့် အခြေအနေမျိုးကို မဖြစ်စေသည့်အပြင်၊ ဆုတောင်းခြင်းနှင့် ပတ်သတ်၍ လည်း အယောက်စီတိုင်း၏ နှလုံးသားတွင် ထင်ကျန်နေစေသည်။ ထို့ပြင် တစ်လုံးတစ်ဝတည်း အတူတကွ ဆုတောင်းခြင်း၏ အရေးကြီးပုံကိုလည်း ထင်ရှားစေပါသည်။ အကြောင်းအရာ တစ်စုံတစ်ခုသည် ဆွေးနွေး တိုင်ပင်ရန် ဖြစ်လာသည်နှင့် ထိုအကြောင်းအရာတွက် ဆုတောင်းရန်မှာလည်း ထိုက်တန်သည်ဟု ဆိုနိုင်ပေသည်။ 

တယ်လီဖုန်းအားဖြင့် အခြားသူများအတွက် ဆုတောင်းပေးခြင်းသည်လည်း ဤလုပ်ဆောင်ခြင်း၏ တိုးချဲ့ မှုတစ်ခုဖြစ်ပါသည်။ အသင်းသားတစ်ဦး အရေးပေါ်ခွဲစိတ်ကုသရန်အတွက် အခြေအနေဖြစ်လာသည့် အခါတွင်၊ ကျွန်ုပ်အနေနှင့် သွားရောက်ဆုတောင်းပေးရန်မှာ အလွန်နောက်ကျနေပြီဖြစ်ရာ၊ ဖုန်းထဲမှ ဆုတောင်းပေးခဲ့ရသည် မှစ၍ ဆုတောင်းပေးခဲ့ခြင်းသည် ကျွန်ုပ်အသက်တာတွင် ပထမဆုံးဖြစ်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဖုန်းဆက် ဆုတောင်းပေးခြင်းအမှုသည်လည်း ဒုတိယအကောင်းဆုံးလုပ်ဆောင်မှု ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းအား ဖြင့် မြောက်များစွာသောသူများ ခွန်အားရကြသည်ကို ကျွန်ုပ်တွေ့မြင်ရပါသည်။ အင်တာဗျူးဝင်ရတော့မည့် သူများ၊ ဖျားနာသူများကို စောင့်ရှောက်နေရသည့်သူများ စသည်ဖြင့် အခြေအနေအမျိုးမျိုးတို့၏ ဖိအားပေးခြင်း ကို ခံစားနေရသောသူများကို ဖုန်းတစ်ချက်ခေါ်၍ ၄င်းတို့အသက်တာနှင့် ကိုက်ညီမည့် ကျမ်းချက်တစ်ချက်ကို ပြောပြရင်း ဆုတောင်းပေးခြင်းသည် ၄င်းတို့အား ခွန်အားဖြစ်စေပါသည်။ တစ်ခါတစ်ရံတွင် အခြားသူများထံမှ လည်း ရင်ဆိုင်နေရသည့် ပြဿနာများအတွက် သင့်အား ဖုန်းအရင်ခေါ်သည်လည်းဖြစ် နိုင်ပါသည်။ ထိုသို့သော အချိန်မျိုးတွင် “ ဖုန်းမချခင် ဆုတောင်းပေးပါရစေ” ဆိုသည့် နည်းဥပဒေကို ကျွန်ုပ်တို့ အစဉ် အသုံးပြုသင့်ပါသည်။ ရှင်ပေါလု ကိုယ်တိုင်သည်လည်း ဖက်အသင်းတော်ရှိ သင်းအုပ်ဆရာများနှင့်အတူ ဒူးထောက်ဆုတောင်းခဲ့သည်ကို မြင်တွေ့နိုင်ပါသည် (တမန်၊ ၂၀း၃၆)။ ထို့ကြောင့် “အခြားမလပ် ဆုတောင်းပဌာပြုကြလော့” ဆိုသည့် မိန့်မှာ အချက်အတိုင်း ကျွန်ုပ်တို့သည် အစဉ်တဆိုက် ပြုလုပ်သွားကြရမည် ဖြစ်သည် (၁သက်၊ ၅း၁၇)။


အများရှေ့ ဆုတောင်းခြင်း

အသင်းတော်အတွင်း ဆုတောင်းခြင်းအစည်းအဝေးအပါအဝင်၊ ဆုတောင်းခြင်းနှင့်ပတ်သက်လာလျှင် အခြားသောသူများအားလုံးထက် သင်းအုပ်ဆရာနှင့်ဓမ္မဆရာများကို ဆုတောင်းခြင်းဦးဆောင်ရန်အတွက် မျှော် လင့်ထားတတ်ကြပါသည်။ အချို့သော အသင်းတော်များတွင် ဆုတောင်း မှတ်တမ်းစာအုပ်များကို အသုံးပြုတတ် ကြပြီး၊ အလိုအလျှောက် ဆုတောင်းပေးမှုများကို အသုံးပြုခြင်း မပြုတတ်ကြပေ။ ထိုကဲ့သို့ ဆုတောင်း မှတ်တမ်း စာအုပ်များ အသုံးပြုဆုတောင်းတတ်ကြသည့် အများစုမှာသတ်မှတ်ထားသည့် ဆုတောင်းချက်များကို အသုံးပြု ဆုတောင်းခြင်းသည် အခြားသူများ တည်ဆောက်စရာအကြောင်းမရှိသည့် ဆုတောင်းပေးချက်များကို ရှောင်ရှား နိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် သတ်မှတ် ဆုတောင်းချက်များနှင့် လွတ်လပ်စွာဆုတောင်းပေးခြင်းများကို ပေါင်း၍ ဆုတောင်းခြင်းမျိုးမှာ အလွန်ရှားပါးလှသည်။ မည်သို့မည်ပုံ ဆုတောင်းရမည်ဆိုသည့် အကြောင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ နားလည်မှုသည် သမ္မာကျမ်းစာကို နားလည်သဘောပေါက်ခြင်းအားဖြင့် မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ နောက်ခံအသိုင်းအဝိုင်းများမှ ဖြစ်တတ်သည်ကို များစွာတွေ့ နိုင်ပါသည်။

ချမှတ်ထားသည့် ဆုတောင်းချက်များအတိုင်း ဆုတောင်းခြင်း သည် (သို့) စိတ်ထဲမှပေါ်လာသည့်အတိုင်း ဆုတောင်းသည်ဆိုသည်ထက် ဘုရားသခင်သည် ကျွန်ုပ်တို့၏ နှလုံးသားကို ကြည့်တော်မူသည့်အတွက် အဓိက အရေးကြီးဆုံး အချက်မှာ စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းခြင်း ဖြစ်ပါသည်။ လူအများရှေ့ ဆုတောင်းရသည့် အချိန်မျိုးတွင် တစ်ဦးတည်း အချိန်ယူ ဆုတောင်းခြင်းမျိုး မဟုတ်တော့ဘဲ၊ စကားလုံး အသုံးနှုန်းများကို သတိပြု ထားရန် လိုအပ်လာသည်။ ဤသို့ဆိုရာတွင် လှလှပပစကားလုံးများကို ကျွန်ုပ်တို့ ရှာကြံဆုတောင်းရမည်ဟု ကျွန်ုပ်ဆိုလိုခြင်းမဟုတ်၊ ကျွန်ုပ်တို့အသုံးပြုသည့် စကားလုံးတစ်လုံးခြင်းစီ၏ အရေးကြီးပုံကို ဆိုလိုခြင်းဖြစ် သည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ဆုတောင်းရာတွင် အသုံးပြုသည့် စကားလုံးများသည် အပြောင်းအလဲမရှိ အသံ သွင်းထားသည့် ခွေတစ်ခွေကဲ့သို့၊ နောက်လာမည့် စာကြောင်းမှာ မည်သည့်အရာဖြစ်မည်ကို အခြားသူများ သိနှင့် နေပြီးသည့် အထိဖြစ်မည်ကို ဆိုလိုခြင်းဖြစ်သည်။ ဤသို့ပြောရာတွင် လွန်ကဲလွန်းသည်ဟု ထင်ရပါသော်လည်း တစ်စုံတစ်ဦး လူအများရှေ့ ဆုတောင်းရန် ဖိတ်ခေါ်ခြင်းလိုက်သည်နှင့် မည်သည့်စကားလုံးများအား အသုံးပြု သွားမည်ကို ကျွန်ုပ်တို့ သိနေနှင့်ပြီးဖြစ်နေသည်။

လူအများရှေ့ အကောင်းဆုံးဆုတောင်းခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းအားဖြင့် နှလုံး သားမှထွက်လာသော ဆုတောင်းခြင်းမျိုးဖြစ်သည်။ အကောင်းဆုံးသောဆုတောင်းခြင်းပုံစံမှာ၊ ကျွန်ုပ်တို့ လက်တ လောဖတ်ရွက်သည့်ကျမ်းစာအရ လိုက်လျှောက်ကျင့်သုံးရန် လိုအပ်သည့်အရာများအတွက် ဆုတောင်းခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ကို နှလုံးသွင်းပါ။ ထိုသို့ကဲ့သို့ ဆုတောင်းခြင်းအမှုကို ပြုလုပ်ပေးပါက ကျွန်ုပ်တို့၏ဆုတောင်းခြင်းသည် ပုံစံတူနေတော့မည်မဟုတ်ဘဲ၊ အချိန်တိုင်း လန်းဆန်းနေမည်ဖြစ်သည်။ ထို့ ကြောင့် လူအများရှေ့ ဆုတောင်းရာတွင် အပေါ်ယံသက်သက်ဖြင့် ကျွမ်းကျင်စွာ ဆုတောင်းခြင်းဆိုသည့် စုံစမ်း ခြင်းကို သတိထားရပါမည်။ ထိုကဲ့သို့ ဆုတောင်းခြင်းမျိုးသည် ကြားနာသူ နားထောင်ကောင်းစေရန် ဆုတောင်း ခြင်းမျိုးဖြစ်ပြီး၊ နှလုံးသားမှလာသော ဆုတောင်းခြင်းမျိုး မဟုတ်ပါပေ။

ဆုတောင်းစာအုပ်များသည် အသင်းတော်ဝတ်ပြုအစည်းအဝေးအတွက် အဆင်ပြေမှုရှိစေရန် ပြင်ဆင် သည့်သဘောဖြစ်ပြီး၊ ဆုတောင်းရမည့်အရာများကို စာမှတ်တမ်းဖြင့် တစ်လုံးချင်းစီ ရွက်ဖတ်ရန် ပြင်ဆင်ထား ခြင်း မဟုတ်ပေ။ ဦးစွာပထမ ဘုရားသခင်ထံပါး ယူဆောင်လာရမည့် ကိုးကွယ်ခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ဆောင် ယူရင်း မည်သည့်အရာအတွက် ဆုတောင်းရမည်ကို ကျွန်ုပ်တို့ စဉ်းစားပြင်ဆင်ထားရပါမည်။ ဒုတိယအချက် အနေနှင့် မည်သည့်ကျမ်းပိုဒ်က မည်သို့ဆုတောင်းရမည်ကို သွန်သင်သည်ဆိုသည့်အချက်အား သုံးသပ်ဆင်ခြင် ရမည် ဖြစ်သည်။ တစ်နှစ်တာလုံးအတွက် စာအိတ်ပေါင်း ၁ဝ၄ ပြင်ဆင်ထားသည် – တနင်္ဂနွေ နေ့တိုင်းအတွက် စာအိတ်နှစ်ဖြစ်သည်။ ထိုစာအိတ်ထဲ၌ တနင်္ဂနွေနေ့နှင့်ပတ်သက်၍ ဆုတောင်းချက်များကို အကြမ်းဖြင်း ရေးမှတ် ထားသည်။ ဆုတောင်းချက်များကိုရေးချရင်း ကျွန်ုပ်တစ်ဦးတည်း ဆုတောင်းနေတတ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်မှုများကိုလည်း ကျွန်ုပ်ခံစားရပါသည်။ ထို့ပြင် ကျွန်ုပ်မှတ်သား ဆုတောင်းချက်များကို သန့်ရှင်းသောဝိညာဉ်တော်သည် အသုံးပြုခြင်းအားဖြင့် နှိုးဆော်မှုများကိုလည်း ရရှိတတ် ပါသည်။ ဆုတောင်းခြင်း၏ အရေးကြီးပုံကို ကျွန်ုပ်တို့ပိုမိုသိလာလေလေ၊ ဆုတောင်းရန်အတွက်ကျွန်ုပ်တို့ကိုယ် 

ကျွန်ုပ်တို့ပြင်ဆင်ခြင်းအမှုအတွက် အချိန်ပေးရန် အဆင်သင့်ဖြစ်လာကြမည်ဖြစ်သည်။


ကျွန်ုပ်တို့ကိုယ်တိုင်လည်း အခြားသူ များ၏ ဆုတောင်းပေးခြင်းအတွက် လိုအပ်မှု

ဤခေါင်းစဉ်နှင့်ပတ်သတ်၍ အပြောနည်းလှပါသည်။ ဤတစ်ကြိမ်တွင် မဖြစ်မနေ ဖော်ပြရပါမည်။ သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများသည်လည်း ယုံကြည်သူများ၏ ဆုတောင်းပေးခြင်းကို လိုအပ်ကြပါသည်၊ ဆု တောင်းချက်တောင်းခံရန်လည်း ဆိုင်းငံ့မနေသင့်ပေ။ “ငါ့အဘို့ ဆုတောင်းကြလော့” ဟု ဟေဗြဲဩဝါဒစာကို ရေး သားခဲ့သည့်သူက စာရှုသူအပေါင်းအား ဆုတောင်းချက်တင်ထားသည်။ ရှင်ပေါလုကိုယ်တိုင်သည်လည်း သူ၏ လုပ်ဖော်ဆောင်ဘက်မိတ်ဆွေများ၏ အကျိုးပြုပုံ (ဖိလိ၊ ၁း၁ဝ) နှင့် ၄င်းတို့အပေါ် အားကိုးရမည်ဆိုသည့် အချက် ကို သိရှိထားသဖြင့် ဆုတောင်းချက် အစဉ်တောင်းခံခဲ့သည်ကို တွေ့နိုင်သည် (ရောမ၊ ၁၅း၃၀၊ ၂ကော၊ ၁း၁ဝ၊၁၁၊ ဧဖက်၊ ၆း၁၉၊ ကောလောသဲ၊ ၄း၃)။ ကျွန်ုပ်တို့ဦးဆောင်နေရသည့် ယုံကြည်သူများအား ကျွန်ုပ်တို့သည် ၄င်းတို့နှင့်မတူသော အံ့ဖွယ်ခရစ်ယာန်များသူရဲကောင်းတစ်ဦးကဲ့သို့ ထင်မှတ်၍ ၄င်းတို့ရင်ဆိုင် ကြုံတွေ့နေသည့် စုံစမ်းနှောက်ယှက်ခြင်းများကို မကြုံနိုင်သောသူများဖြစ်သည်ဟု မထင်မှတ်ပါစေနှင့်။ ကျွန်ုပ် တို့သည်လည်း ဘုရားသခင်အပေါ် မှီခိုအားကိုးရန် လိုအပ်သည့်အကြောင်းကို ပြောပြပါ။ ကျွန်ုပ်တို့ သမ္မာ ကျမ်းစာကို ကြည့်ရာတွင် ရှင်ပေါလုနှင့်အတူ အခြားသော အမှုတော်ဆောင်များသည်လည်း အခြားသောသူများ၏ ဆုတောင်းပေးခြင်းကို တောင်းခံကြသည့်နည်းတူ ကျွန်ုပ်တို့သည်လည်း အခြားသူများအား ကျွန်ုပ်တို့အတွက် သော်လည်းကောင်း၊ အခြားသောသင်းအုပ်ဆရာများအတွက်သော်လည်းကောင်း ဆုတောင်းချက် တင်ကြရမည် ဖြစ်သည်။ စာအုပ်စာပေများတွင် ကျွန်ုပ်တို့အတွက် ဆုတောင်းပေးခြင်းများအပေါ် ကျေးဇူးတင်သည့် အကြောင်း ကို ဖော်ပြတတ်ကြပါသည်။ အလည်အပတ်သွားရောက်ရာ၌ ကျွန်ုပ်တို့အား “ဆရာ့အတွက် ဆုတောင်းပေးနေ တယ်နော်” ဟူသည့် စကားများကို ကြားရသည့်အချိန်တိုင်း ကျေးဇူးအထူးတင်ရှိကြောင်း၊ ဆက်လက်၍ ဆုတောင်းပေးရန်မှာ အလွန်အရေးကြီး လှသည့်အကြောင်းတို့ကို ပြောပြပေးပါ။ သင်းအုပ်ဆရာနှင့်ဓမ္မဆရာများ အပါအဝင် အခြားသူများအတွက် ဆုတောင်းပေးခြင်းအမှု၌ ဘုရားသခင်ရှေ့တော်ပါး မည်မျှအချိန်သုံးရမည်ကို မသိနိုင်အောင်ပင် အရေးကြီးလှပါသည်။












အခန်း ၅


ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်း


ကျွန်ုပ်တို့၏ ကိုယ်ပိုင်လျှို့ဝှက်အသက်တာ

လူမြင်နိုင်သည့် ကျွန်ုပ်တို့၏အသက်တာ၏နောက်ကွယ်တွင် ဘုရားသခင်၌ ခိုင်မာစွာ အမြစ်တွယ်နေ သည့် လျှို့ဝှက်အသက်တာ ရှိနေရမည် (ကမ္ဘာ၊ ၄၉း၂၂၊ ဆာလံ၊ ၁း၃)။ ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်းဟု ကျွန်ုပ်တို့ဆိုရာတွင် အခန်းတွင်းသို့ တစ်ဦးတည်းဝင်၍ တံခါးကိုပိတ်ကာ ကျွန်ုပ်တို့နှင့် ဘုရားသခင်အကြား အချိန် ယူခြင်းကို ဆိုလိုသည် (မဿဲ၊ ၆း၆)။ နေ့စဉ်ရက်တိုင်း အသက်ရှင်ရမည့် ဤအသက်တာနှင့်ပတ်သက်၍ ကျွန်ုပ် တို့သည် အခြားသူများကို မှန်ကန်စွာ သင်ကြားပေးကြရမည်။ ပို၍အရေးကြီးသည့်အချက်မှာ အခြားသူများကို သင်ကြားပို့ချပေးပါလျက် ကျွန်ုပ်တို့ကိုယ်တိုင် ထိုအသက်တာ၌မူ လစ်ဟင်းနေမည့် အခြေအနေမျိုး ဖြစ်သည်။ ကျွန်ုပ်တို့ စောင့်ထိန်းဦးဆောင်ရမည့် သူများသည် ဤနေရာတွင် ပမာဏမကျဟု ကျွန်ုပ် ယုံကြည်သည်။ ၄င်းတို့ အား ဂရုစိုက်လမ်းပြဦးဆောင်ရမည့် အကြောင်းနှင့်ပတ်သက်၍ နောက်လာမည့် အခန်းများတွင် ဆွေးနွေးသွား မည်ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ကျွန်ုပ်တို့အတွက် အထူးသတိပြုရမည့် အရေးအကြီးဆုံးသော အချက်မှာ ကျွန်ုပ်တို့၏ကိုယ်ပိုင် ဝိညာဉ်ပိုင်းဆိုင်ရာ တိုးတက်ရင့်ကျက်မှုရှိမရှိ ဆန်းစစ်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် သင်းအုပ်ဆရာနှင့် ဓမ္မဆရာများ ဖြစ်မလာခင်တွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမွေခံသားများ ဖြစ်ကြ ရာ၊ ထိုသားအရာ၌ ကြီးထွားမှုရှိလာစေရန် ဂရုစိုက်ပြုစုမှုများ လိုအပ်ပါသည်။ သင်းအုပ်ဆရာတစ်ဦး၏ အသက် တာ၌ အလွယ်တကွယ်ဟာသွားတတ်သည့်အချက်မှာ အခြားသောသူများ၏ ဝိညာဉ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက် များကို ဖြည့်ဆည်းပေးရမည်ဆိုသည့် အပြင်၏ချုပ်နှောင်မှုကိုခံလေ့ရှိသည့် အချက်ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးသည် ဆိုးကျိုးများသာ ဖြစ်ပေါ်စေတတ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့ကိုယ်တိုင် ဝိညာဉ်ပိုင်းဆိုင် ရာ ကျန်းမာနေမှသာလျှင် အခြားသူများကို အကူအညီပေးနိုင်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာ၌ ဘုရားသခင်နှင့်အချိန်သုံးခြင်း အသက်တာအပေါ်ပိုမိုအချိန်ပေးခြင်းက ဘုရားသခင်နှင့်မိတ်ဿဟာရဖွဲ့ခြင်းအမှု သည် အမှုတော်ထမ်းဆောင်ခြင်း အမှုထက်သာ၍အရေးကြီးသည်ဟု လက်ခံသည့်သဘော ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့နှင့်အတူ မိတ်ဿဟာရဖွဲ့ခြင်းအမှုကို၊ ကျွန်ုပ်တို့၏ သင်းအုပ်တစ်ဦး၏ လုပ်ဆောင်ရမည့် အရာများနှင့် သမ္မာကျမ်းစာ သင်ကြားပေးခြင်းတို့ထက် ပိုမိုအလေးထား အလိုရှိပါသည်။


ဘုရားသခင်အား ချစ်မြတ်နိုးခြင်းသည် ကျွန်ုပ်တို့၏ ဦးစားပေး ဖြစ်ရမည်

ကျွန်ုပ်တို့အသက်တာ၏ ဦးစားပေးအရာမှာ ဘုရားသခင်ကို ချစ်မြတ်နိုးခြင်း ဖြစ်ရမည်။ ပညတ်တရားတို့ ၏ အချုပ်တွင်လည်း ဤသဘောဖြစ်သည်ဟု ဖော်ပြထားပါသည် (လုကာ၊ ၁၀း၂၆-၂၈)။ ရှင်ပေါလုသည်လည်း အသင်းတော်ထံသို့ ပို့ခဲ့သည့်စာတွင် “ငါတို့သခင်ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိ စေသတည်း” ဟူ၍ အဆုံးသတ်ထားသည် (ဖက်၊ ၆း၂၄)။ သားတော်ဘုရားသခင်သည် ခမည်းတော် ဘုရား ၏ ချစ်ခြင်းမေတ္တာဖော်ပြရာ ဖြစ်သည့်အတွက်၊ ကျွန်ုပ်တို့သည် ခရစ်တော်၌ မွေ့လျော်ခြင်း နှင့် မေတ္တာထားခြင်း မရှိလျှင် ဘုရားသခင်နှင့် ဘယ်သောအခါမျှ စည်းချက်ကိုက်ညီနိုင်မည် မဟုတ်ပေ။ သင်းအုပ်ဆရာအမှုအား ပေတရုထံပါး ယေရှုရှင် ပြန်လည်မိန့်ကြားခဲ့စဉ်တွင်၊ ပေတရုလုပ်ဆောင်ရမည့် အလုပ်၏တွန်းအားမှာ မိမိ၏ သခင်အား ချစ်ခြင်းမှဖြစ်ရမည်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ထိုသို့သော မေတ္တာ မပါရှိခဲ့လျှင် ဘုရားသခင်၏ စိတ်တော်နှင့် မည်သို့နှင့်မျှ တွေ့နိုင်မည် မဟုတ် (ယော၊ ၂၁း၁၅-၁၇)။ ခရစ်တော်ကို ကျွန်ုပ်တို့ ပိုမိုချစ်လာလေ လေ၊ ထိုချစ်ခြင်းမေတ္တာကို အစဉ်တိုက်ခိုက်နေသည့် ကျွန်ုပ်တို့ရန်သူ၏ တိုက်ခိုက်ခြင်းမှ ထိုမေတ္တာကိုသာ၍ ကာကွယ် ကြမည်ဖြစ်သည်။ သင်းအုပ်ဆရာနှင့် ဓမ္မဆရာအမှုတို့၏ လေးစားဖွယ်ရာကောင်းပုံပေါ်ခြင်းနှင့် အများရှေ့ မျက်နှာရခြင်းဆိုသည့်အချက်များကြောင့် သင်းအုပ်ဆရာဖြစ်နေခြင်းကို မှားယွင်းစွာကျေနပ်နေနိုင် ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်အပေါ်ထားသည့် မေတ္တာအား ဂရုစိုက်သည်မှန်လျှင် ထိုကဲ့သို့သော ထောင်ချောက်များ ကို ရှောင်ကြဉ်သည်။

ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်းအပေါ် ကျွန်ုပ်တို့ အထူးအာရုံစိုက်ကြည့်သည့်အခါတွင် ကျွန်ုပ်တို့၏ အသက်တာတွင် သတိပြုဆင်ခြင်ရမည့် နေရာသုံးနေရာ ရှိပါသည်။ ပထမအချက်မှာ ကျွန်ုပ်တို့၏ အသက်တာ တွင် ဘုရားသခင်နှင့် မည်သို့ လျှောက်လှမ်းသနည်းဆိုသည့် အချက်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် နောက်ကဲ့သို့ မည်သူတစ်ဦး တစ်ယောက်ကမျှ ဘုရားသခင်နှင့်လျှောက်လှမ်းခြင်းအသက်တာတွင် မှန်ကန်သည်ဟူ၍ မရှိခဲ့ပေ “နောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏” (ကမ္ဘာ၊ ၅း၂၄)။ ဘုရားသခင်အား သူ၏မျက်စိဖြင့် မြင်ခဲ့ခြင်း ဖြစ်သည်။ ဟေဗြဲဩဝါဒစာရေးသားခဲ့သူက သူ၏ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမျိုးပင် ဖြစ်သည် ဟု ပြန်လည်သတိပေးခဲ့သည် (ဟေဗြဲ၊ ၁၁း၅၊၆)။ တစ်စုံတစ်ဦးနှင့်အတူ လျှောက်လှမ်းခြင်းဆိုသည်မှာ ထိုသူ လျှောက်သည့်နည်းတူ လျှောက်လှမ်းရင်း မိတ်ဖွဲ့ရန်ဖြစ်သည်။ ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်း၏ ထင်ရှား သည့် ရည်ရွယ်ချက်တစ်ခုမှာ နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီမှုရှိမရှိ မိမိကိုယ်ကို ဆန်း စစ်ရန်အတွက် ဖြစ်ပါသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ သီးသန့်အချိန်ယူသည်ဟု ဆိုသည်တွင် ပုဂ္ဂိုလ်တစ်ဦးက ၄င်း၏အရင်းနှီးဆုံးမိတ်ဆွေနှင့် ရင်ဖွင့်မိတ်ဿဟာရဖွဲ့သကဲ့သို့ ဖြစ်သည် (ဗျာ၊ ၃း၂၀)။ ဘုရားသခင်နှင့် သီးသန့် အချိန်ယူရခြင်း၏ ဒုတိယအချက်မှာ ကျွန်ုပ်တို့၏ ဝိညာဉ်ပိုင်းဆိုင်ရာ အသက်တာကို အားဖြည့်ရန်အတွက် ဖြစ် သည်။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့ဦးဆောင်နေရသည့် သူများကဲ့သို့ပင် ခန္ဓာအားဖြင့်သာ အသက်ရှင်သော သူများ မဟုတ်ပါ။ ကျွန်ုပ်တို့၏ အတွင်း ဝိညာဉ်များသည်လည်း ပြန်လည်ရွေးနှုတ်ကယ်တင်ခြင်းကို ခံရပြီးသည့် နောက် ရရှိထားသည့် အသစ်သောအသက်တာသည် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတို့အားဖြင့် ဂရုစိုက်မှုကို အော်ဟစ်ငိုကြွေးနေပါသည်။ ကျွန်ုပ်တို့၏ အတွင်းလူသည် နေ့စဉ်နေ့တိုင်း ခွန်အားဖြည့်ဆည်းဖို့ရန် လိုအပ်သည် (၂ကော၊ ၄း၄)။ ကျွန်ုပ်တို့၏ သခင်ယေရှုနှင့် တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းသည် ကျွန်ုပ်တို့ ပိုင်ဆိုင်သော အရာများအားလုံးအနက် အမွန်မြတ်ဆုံးသော အရာဖြစ်သကဲ့သို့၊ ထိုဆက်နွယ်ခြင်း၌ ယေရှုရှင်သည် ကျွန်ုပ်တို့ အား နေ့စဉ်အသက်တာအတွက် ခွန်အားသစ်များကို သွင်းလောင်းပေးနေသည်။ စပျစ်ခက်တစ်ခက်၏ ကျန်းမာ သန်စွမ်းခြင်းအကြောင်း သည် ၄င်း၏အနွယ်၌ မည်မျှခိုင်ခိုင် ဆက်နွယ်ထားသည့် အပေါ်တွင် မူတည်သည် (ယော၊ ၁၅း၅)။

တတိယအချက်အနေနှင့် ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာ တိုးတက်မှုရှိမရှိ ဆန်းစစ်ဖို့ရန် ဖြစ်သည်။ သင်းအုပ်ဆရာတစ်ဦး၏တာဝန်မှာ တစ်နေ့ပြီးတစ်နေ့ သင်းသူသင်းသားများ၏ အသက်တာသည် ခရစ်တော်နှင့် ပုံတူလာစေရန် ဖြစ်သော်လည်း၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသက်တာအတွက်လည်း မမေ့လျော့ရန် အလွန် အရေးကြီး ပါသည်။ ခရစ်ယာန်တစ်ဦး၏ အကျင့်စာရိတ္တ ကြီးထွားရင့်ကျက်လာစေရန် “ယုံကြည်ခြင်း၌ သီလကို ၄င်း၊ သီလ၌ပညာကို၄င်း၊ ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို၄င်း ကာမဂုဏ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကို ၄င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကို ပြု၍ မွေ့လျော်ခြင်းကို၄င်း၊ ထိုမွေ့လျော်ခြင်း၌ ညီအကို စုံမတ်ခြင်းကို၄င်း၊ ညီအကိုစုံမတ်ခြင်း၌ ချစ်ခြင်းမေတ္တာကို၄င်း အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့” ဟု တိုက်တွန်းထား သည် (၁ပေ၊ ၁း၅-၇)။ အထက်ဖော် အရည်အချင်းများအားလုံးကို ခရစ်တော်၌ ပုံဥပမာတွေ့နိုင်ပါသည်။ ဘုရားသခင်နှင့် သီးသန့်အချိန်ယူရခြင်း၏ အကြောင်းအရာများအနက် နောက်တစ်ချက်မှာ ခရစ်တော်၏ အသက် တာအား ဆင်ခြင်အောက်မေ့၍ မိမိအသက်တာသည်လည်း ခရစ်တော်ပုံပမာနှင့် တူညီခြင်းအမှု၌ ကြီးထွား ခြင်းရှိမရှိကို ဆန်းစစ်ရန် ဖြစ်သည်။ ဘုရားသခင်ထံပါး၌ ကျွန်ုပ်တို့လိုချင်သောအရာများကို တောင်းလျှောက် တတ်ကြရာ၊ ကိုယ်တော်သည် အံ့ဖွယ်အမှုကို ကျွန်ုပ်တို့အတွက် ပြုလေ့ရှိတတ်ပါသည်။ အခက်အခဲများစွာ ကျွန်ုပ်တို့ ရင်ဆိုင်ကြရမည်၊ အထူးသဖြင့် ဘုရားသခင်ပေးထားသည့် အမှုတော်မြတ်မှ ကြုံတွေ့တတ်သည့် အခက်အခဲများ ဖြစ်နိုင်သည်။ ထိုအခက်အခဲများကို ဘုရားသခင်သည် အသုံးပြု၍ ကျွန်ုပ်တို့၏ အသက်တာကို ပြောင်းလဲစေ၍၊ ခရစ်တော်နှင့်သဏ္ဍာန်တူခြင်း၌ ကြီးထွားရင့်ကျက်လာစေသည်။ ထိုသို့သော အရည်အချင်းများ ကို ကျွန်ုပ်တို့ပိုင်ဆိုင်မှသာလျှင် “ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှါ၄င်း၊ အကျိုးမဲ့မဖြစ် စေခြင်းငှါ ၄င်း ပြုပြင်တတ်ကြ၏” (၂ပေ၊ ၁း၈)။

ကျွန်ုပ်တို့အားလုံး၏ ရည်ရွယ်ချက်မှာ အောင်မြင်သော သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများ ဖြစ်လာကြ ရန် ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့၏ရည်ရွယ်ချက်ပန်းတိုင်မှာ လူအများ၏အောင်မြင်သည်ဟု ထင်မှတ် သည့် အသက်တာထက်၊ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆက်ကပ်ကပ်နှံသည့် အသက်တာဆီသို့သာ ဖြစ်ရ မည်။ ကျွန်ုပ်တို့၏အသက်တာ၌ ဘုရားသခင်အား ပထမဦးစားပေး အသက်တာကို ပေးအပ်ထားကာ သန့်ရှင်းခြင်း ပါရမီနှင့်ယှဉ်သော အသက်တာအားဖြင့် အသက်ရှင်သွားမည်ဆိုလျှင် အခြားလိုအပ်သော အရာများအားလုံးကို ဘုရားသခင်၏ လက်ထဲသို့ ယုံကြည်စွာ အပ်နှံထားနိုင်ပါသည် (၁ပေ၊ ၁း၁၅၊ ၁၆၊ မ၊ ၆း၃၃)။ ဤအကြောင်း အရာ နှင့်ပတ်သက်၍ ရှင်ပေါလု၏အသက်တာ၌ ပုံဥပမာကို တွေ့မြင်နိုင်ပါသည်။ ရှင်ပေါလုရေးသားခဲ့သည့် ဩဝါဒစာ တိုင်းတွင် အမှုတော်ဆောင်ခြင်းအမှု၌ ဝိညာဉ်ပိုင်းဆိုင်ရာ အောင်မြင်ခြင်းအကြောင်းကို အစဉ်ဖော်ပြ ထားသည် ကို တွေ့ရသည် (ရောမ၊ ၁၅:၂၀၊ ၁ကော၊ ၉း၂၂၊၂၇)။ ၄င်း၏ ရည်ရွယ်ချက်ပန်းတိုင်အပေါ်ထားရှိသည့် ၄င်း၏စိတ်နေ သဘောထားကို အကြိုးမာန်တက်ဖော်ပြထားသည့်တဘက်တွင်၊ ၄င်းအလိုချင်ဆုံးသောဆန္ဒမှာ ခရစ်တော်ကို သာ၍သာ၍ သိရှိခြင်းအကြောင်းကို ပြောပြထားသည်။ ခရစ်တော်ကိုသိရှိခြင်းအကြောင်း၌ ဝမ်းမြောက်ခြင်းအသက်ကို ရှင်ပေါလု သာ၍မျှော်လင့်ခဲ့သည် (ဖိလိ၊ ၃း၁ဝ)၊ ရိုးသားစွာ ဝင်ခံရပါမည်ဆိုလျှင် ထိုသို့သောရည်ရွယ်ချက် ရှိသည့် နှလုံးသားနှင့် နားလည်သဘောပေါက်ခြင်းသည် ဝိညာဉ်ပိုင်းဆိုင်ရာ ရင့်ကျက် ခြင်းပင် ဖြစ်ပေသည် (ဖိလိ၊ ၃း၁၅)။


အလုပ်သဘောအရ လုပ်ဆောင်ခြင်းအား ရှောင်ကြဉ်ခြင်း

အထူးသဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အချိန်အားလုံးကို ဘုရားသခင် ၏သိုးစုများအား စောင့်ထိန်းရန် အတွက် ဆက်ကပ်ထားသည် ဆိုလျှင်၊ ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်းအား အထူးဂရုစိုက် ကျင့်သုံးခြင်း သည် အလုပ်သဘောအရ လုပ်ဆောင်နေခြင်းကို ရှောင်ကြဉ်ရမည်။ အလုပ်သဘောအရ လုပ်ဆောင်ခြင်းဟု ဆို ရာတွင်၊ သမ္မာကျမ်းစာကို ဖတ်ရွက်ရာ၌ ကျွန်ုပ်တို့အသက်တာတွင် မည်သို့ကျင့်သုံးမည်၊ မည်သို့ ဆက်ဆိုင် မှုရှိသည် စသည်ဖြင့် ဦးစွာမဖတ်ဘဲ၊ သူတပါး၏အသက်တာကို ပြောပြ (သို့) ထောက်ပြရန်အတွက် ဖတ်ရွက်ခြင်း၊ (သို့) ကျွန်ုပ်တို့၏အတွင်း နှလုံးသားမှ ဝမ်းမြောက်စွာနှင့် လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ၊ သင်းအုပ်ဆရာတစ်ဦးနှင့် ဓမ္မဆရာတစ်ဦး၏ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားရှိသည့်အတွက် အများက မျှော်လင့်သည့်အတိုင်း ဝတ်ကျေ တန်းကျေလုပ်ဆောင်လိုက်ခြင်းမျိုးကို ဆိုလိုသည်။ အလုပ်တစ်ခုအတွက် လခပေး၍ လုပ်ဆောင်စေခြင်း၏ ကြောက်စရာကောင်းသည့် အချက်တစ်ခုမှာ အလုပ်သဘောအရသာ လုပ်ဆောင်လာတတ်သည့် စိတ်နေသဘော ထားဖြစ်သည်။ အမှုတော်ဆောင်မည့်သူများအား အပြည့်အဝထောက်ပံ့ခြင်းများ မပြုရဟု ကျွန်ုပ်ဆိုလိုခြင်း မ ဟုတ်ပါ။ သမ္မာကျမ်းစာတွင် ၄င်းတို့အား ထောက်ပံ့ရမည့်အကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည် (၁ ကော၊ ၉း၁- ၁တိ၊ ၅း၁၇၊၁၈)။ လခစားရ၍ အလုပ်သဘောအရကို ရှောင်ကြဉ်ရန် အတွက် ရှင်ပေါလုကိုယ်တိုင် သည်လည်း ရွက်ဖျင်တဲချုပ်ခြင်းအလုပ်ကို လုပ်ကိုင်ရင်း မိမိကိုယ်ကို ဝင်ငွေရှာခဲ့သည်။ သူသည် ငွေကြေး အတွက်သာ အမှုတော်ဆောင်နေခြင်း မဟုတ်သည့်အကြောင်းကို ယုံကြည်သူများကို သိစေလိုသည်။ သူ၏ ယုံ ကြည်ထင်မြင်ချက်ကို “ဘုရားသခင်၏ နှုတ်ကပတ်တရားကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည် မတူဘဲ၊ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏အလိုတော်နှင့်အညီ၊ ဘုရားသခင့်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟော ပြောကြ၏” ဟူ၍ ကောရိန္တုမြို့ရှိ ယုံကြည်သူများထံ ရေးသားပေးပို့ခဲ့သည်။ သင်းအုပ်ဆရာနှင့် ဓမ္မဆရာ များကဲ့သို့မဟုတ် နှုတ်ကပတ်တော်တရားအား မှောက်လှန်တတ်သော သူတို့သည် ၄င်းတို့အတွက် အကျိုးအမြတ် ရမှသာလျှင် အရာရာကို လုပ်ဆောင်တတ်ကြသည်။ သို့သော်လည်း ဘုရားသခင်နှင့်ကျွန်ုပ်တို့ မိတ်ဿဟာရဖွဲ့ သည့် အချိန်တိုင်းတွင် ကျွန်ုပ်တို့၏ အမှုတော်မြတ်၌ ရိုးသားစွာ ပါဝင်ခြင်းကို ခိုင်မာစေခြင်းအားဖြင့် သူတပါးအား ကျွန်ုပ်တို့ ဟောပြောကြသောအခါ ကျွန်ုပ်တို့၏ စကားလုံးများသည် ဘုရားသခင်၏ နှုတ်ထွက်စကားများဖြစ်၍ ကျွန်ုပ်တို့သည်လည်း ဘုရားသခင် စေလွှတ် သောသူများဖြစ်သည်ကို သိမှတ်လာကြမည်ဖြစ်သည်။


ဘုရားသခင်၏ တောင်းဆိုချက်မှာ အရေအတွက် မဟုတ်၊ အရည်အချင်း သာဖြစ်သည်

အချို့သောဘဝသင်ခန်းစာများကို ဖြည်းဖြည်းချင်းသင်ယူမှသာရနိုင်သည်။ ၄င်းတို့အနက် ကျွန်ုပ်အတွက် အခက်ခဲဆုံး သင်ယူခဲ့ရသည့်အချက်မှာ ဘုရားသခင်သည် မည်မျှမည်များများလုပ်ဆောင်နေသည် ဆိုသည်ထက်၊ မည်သို့သောအသက်တာရှိသည်ဆိုသည်ကိုသာ၍ မျှော်လင့်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။ သာသနာအတွက် ကျွန်ုပ်၏ပြင်ဆင်ခြင်းအလုံးစုံနှင့် အသင်းတော်ကို မည်သို့မည်ပုံ ကျွန်ုပ်ဦးဆောင်ပါသည် ဆိုသည့်အရာများ အားလုံးထက် ပိုမိုအရေးကြီးသည့်အရာမှာ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်၍ သားတော်ဘုရား၏ ကျေးဇူးတရားကို အများသူများနှင့် ဆက်ဆံရာတွင် ပေါ်လွင်စေသောအသက်တာ ဖြစ်သည်။ သူတပါးအပေါ် လွှမ်းမိုးနိုင်မှုရှိရန် အင်အား အကြီးဆုံးမှာ အသက်တာအားဖြင့် ပုံဥပမာပေးခြင်း ဖြစ်သည်။ ပုံဥပမာ ပေးနိုင်သော အသက်တာသည် ကျွန်ုပ်တို့စိတ်ဝိညာဉ်၏ ဘုရားသခင်နှင့် အချိန်ယူခြင်းမှ ပေါက်ဖွားလာသည်။ ပုဂ္ဂိုလ်တစ်ဦး၏ အသက်တာကို ပျက်ပြားစေနိုင်သည့် အကျင့်စာရိတ္တ ပျက်ပြားခြင်းသည် နေ့စဉ် ဘုရားသခင်နှင့်အချိန်ယူခြင်းကို လစ်လျူရှုခြင်း၌ အရင်းခံသည်။ နှုတ်ကပတ်တော် အလင်းတရားအောက်၌ နေ့စဉ် ပုံမှန်လျှောက်လှမ်းခြင်းက ကျွန်ုပ်တို့ကို စုံစမ်းနှောက်ယှက်ခြင်းနှင့် အပြစ်တို့ကို ခွဲခြားနားလည်စေသကဲ့သို့ ရင်ဆိုင်နိုင်သော ခွန်အားသစ်ကို ဝိညာဉ်တော်၌ မွေးဖွားစေပါသည်။ ကျွန်ုပ်တို့နှင့်အတူ သန့်ရှင်းသောဝိညာဉ်တော် အစဉ်ရှိနေခြင်းဆိုသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ဖြစ်သကဲ့သို့၊ စိန်ခေါ်ခြင်းများစွာကိုလည်း ရင်ဆိုင်ကျော်ဖြတ်ရန် ဖြစ်သည်။ ဝမ်းမြောက် စရာအကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူ အစဉ်ရှိတော်မူ၍၊ ကူညီပေးရန်အသင့်ရှိ နေသည်ဆိုသည့်အချက်ဖြစ်သည်။ ကျွန်ုပ်တို့၏အခက်အခဲများအတွက် သန့်ရှင်းသောဝိညာဉ်တော်ထံပါး ကျွန်ုပ် တို့ အကူအညီများ တောင်းခံနိုင်သည်။ စိန်ခေါ်ချက်များရှိသည်ဟုဆိုရာတွင် အခြားသူများနှင့် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ လိမ်ညာ၍ရပါသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လိမ်လည်လှည့်ဖြား၍မရခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ ဆင်ခြေပေးမှုများ (သို့) အမှန်တကယ် ဘုရားသခင်ကို လိုအားမှု ရှိမ ရှိအား စသည်ဖြင့် ကျွန်ုပ်တို့၏အတွင်းစိတ်တို့ကို အစဉ်သိတော်မူသည်။ ဧဖက်အသင်းတော်ရှင် လူကြီးများကို ရှင်ပေါလု နောက်ဆုံးအနေနှင့် “ကိုယ်ကို သတိနှင့်ကြည့်ရှုကြလော့” ဟူ၍ တိုက်တွန်းနိုးဆော်ခဲ့သည်(တမန်တော်၊ ၂၀း၂၈)။


ကျွန်ုပ်တို့၏ ဘုရားသခင်နှင့်သီးသန့်အချိန်ယူခြင်းအပေါ် အမြင်လေးမျိုး 

၁။ ကိုးကွယ်ခြင်း

ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်းကို အပိုင်းအမျိုးမျိုး ခွဲခြားနိုင်ပါသည်။ သို့သော်လည်း မည်သည့် 

အပိုင်းများပါဝင်သည်ကို ဖော်ပြကောင်း၏။ ပထမဆုံးအစပြုရမည့်အပိုင်းမှာ ကိုးကွယ်ခြင်းဖြစ်သည်။ ဓမ္မ ဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းနှစ်အုပ်လုံးတွင် ကိုးကွယ်ခြင်းဆိုသည့် စကားလုံးကို အကြောင်းအရာအလိုက် “ကိုးကွယ်ခြင်း” (သို့) “အမှုတော်၌ ပါဝင်ခြင်း” ယူ၍ ဘာသာပြန်နိုင်သည်မှာ တိုက်ဆိုင်မှု တစ်ခုမဟုတ်ပါ။ ဘုရား သခင် လက်ခံတော်မူသော လုပ်ဆောင်ချက်တိုင်းသည် ကိုးကွယ်ခြင်းအမှုကို အမှန်တကယ် လုပ်ဆောင်သောသူ များသူများ၏ လုပ်ဆောင်ချက် ဖြစ်သည်။ ထို့ပြင် သာသနာ၌ပါဝင်လုပ်ဆောင်ခြင်းဆိုသည်မှာလည်း ဘုရားသခင် ၏ ဘုန်းတော်ကို ထင်ရှားစေရန်အကြောင်း ကိုးကွယ်ခြင်းအမှု၏ တစိတ်တဒေသသာ ဖြစ်ပေသည်။

ကိုးကွယ်ခြင်းအမှုအတွက် ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သည့်အပြင်၊ ထိုကိုးကွယ်ခြင်းအမှုအတွက်ပင်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ အသစ်ပြန်လည် ဖန်ဆင်းခဲ့သည်။ အများရှေ့မှောက် ဝတ်ပြုကိုးကွယ် ခြင်းများကိုသာ ကိုးကွယ်ခြင်းအကြောင်းဖြစ်၍ တစ်ဦးချင်းစီ၏အသက်တာတွင် မေ့လျော့နေခြင်းမျိုးသည် အလွန်ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ ကျွန်ုပ်၏အသက်တာတွင်လည်း ဤသို့သောဝမ်းနည်းဖွယ်ရာအဖြစ်မျိုးကို တစ်ကြိမ်ထက်မနဲကြုံတွေ့ခဲ့ဖူးရာ ထိုအရာကိုကျော်ဖြတ်နိုင်ရန် နည်းလမ်းမျိုးစုံကိုလည်း တွေ့ရှိခဲ့ပါသည်။ ပထမဆုံးအနေနှင့် ကျွန်ုပ်၏ဆုတောင်းစာအုပ်ထဲတွင် ဘုရားသခင်၏ဂုဏ်အင်္ဂါလက္ခဏာများနှင့် ၄င်းတို့နှင့် ဆက် ဆိုင်သည့် ကျမ်းကိုးများကို ရေးသားလိုက်သည်။ ထိုအချက်များကို ကျွန်ုပ်၏တစ်နေ့တာလုံး ဆင်ခြင်ခြင်းက ဘုရားသခင်၏ ကြီးမားခမ်းနားသည့် ဂုဏ်အင်္ဂါလက္ခဏာများအား ကျွန်ုပ်၏နှလုံးသားတွင် အသစ်မွေးဖွားစေ သည်။ ဒုတိယအနေနှင့်ဓမ္မတေးသီချင်းစာအုပ်များမှလည်း ဘုရားသခင်၏ ကြီးမြတ်ခြင်းအကြောင်းများ၊ ခရစ် တော်၏ ကျေးဇူးပြု ပေးခြင်းများကို သီဆိုခြင်းသည်လည်း ကိုးကွယ်ခြင်းအမှုကို ထိရောက် စေပါသည်။ သိပ်ပြီး မရင်းနှီးသည့် တေးသွားများကို ရွက်ဆိုခြင်းသည်လည်း အသစ်သော ကိုးကွယ်ခြင်းကို ဖြစ်ပေါ်စေတတ်သည်။ တတိယအချက်အနေနှင့်၊ ဆာလံသီချင်းများကို ကျွန်ုပ်၏ကိုယ်ပိုင် ချီးမွမ်းခြင်းသီချင်းများ အဖြစ် အသုံးပြုကာ ကျယ်လောင်စွာ ဆုတောင်းတတ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကျွန်ုပ်အား မိမိ၏ကိုယ်ပိုင်နှုတ်ထွက်စကား များဖြင့် ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်လာစေရန် တွန်းအားပေးပါသည်။ ချီးမွမ်းကိုးကွယ်ခြင်းသည် ကျွန်ုပ်တို့ အလိုကျထွက်လာတတ်သည့်အရာ မဟုတ်သည့်အတွက် ချီးမွမ်းခြင်းနှင့်ဆိုင်သော ဆာလံကျမ်းများကို စာရင်းပြ စုထားလျှင်လည်း အလွန်ကောင်းပါသည်။ ဘုရားသခင်အား ကိုးကွယ်ခြင်းသည် ဘုရားသခင်အပေါ်၌ ထားရှိသည့် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာနှင့် လေးစားမှုတို့တွင် အခြေပြုထားသည့်အတွက် ကျွန်ုပ်တို့၏ ကိုးကွယ်ခြင်း အမှု၌ ကြီးထွားခြင်းသည် ထိုက်တန်သည့်အတွက် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ကျွန်ုပ်တို့အား အစဉ် ကူညီ ဆောင်မတော်မူပေးသည်။

 

၂။ ဆုတောင်ခြင်းနှင့် ပြင်ဆင်အောက်မေ့ခြင်း

ပြီးခဲ့သည့်အခန်းတွင် ကျွန်ုပ်တို့ဆုတောင်းခြင်းအကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်ရာ၊ ဘုရားသခင်နှင့် သီးသန့် အချိန်ယူခြင်းအသက်တာ၌ မရှိမဖြစ် နေရာယူထားသည်။ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်အား ကိုးကွယ် ခြင်းအမှုကို ကျွန်ုပ်တို့ပြုရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင် ထံပါး၌ ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးခံစားချက်များကို ဖော်ပြပြောဆိုခြင်း ဖြစ်သည်။ ကလေးတစ်ဦးက ၄င်း၏ဖခင်ဆီသို့ တိုးဝင်ခြင်းသည် ကျွန်ုပ်တို့၏ ဆုတောင်းခြင်း နှင့် ပမာနှိုင်းနိုင်သည်။ ရိုးရှင်းသော ဆုတောင်းခြင်းသဘောကို အခြားသောအရာများက အစားမထိုးမိစေရန် ကျွန်ုပ်တို့ အစဉ်သတိရှိရပေမည် (မဿဲ၊ ၇း၇-၁၁)။ ကျွန်ုပ်တို့သည် သိုးထိန်းများဖြစ်သည့်အတွက် သိုးများ အတွက် စိုးရိမ်စိတ်များ၊ ဂရုစိုက်မှုအလုံးစုံတို့ကို ဆုတောင်းခြင်းအားဖြင့် သိုးထိန်းရှင်ထံတော်ပါး၌ ဝန်ထုတ်များ ကို ချလိုက်သည့်သဘော ဖြစ်သည် (၁ပေ၊ ၅း၇)၊ ကျွန်ုပ်တို့အား စိတ်အနှောက်အယှက်ပေးစေသည့် အရာမှန် သမျှ အတွက် ဆုတောင်းခြင်းသည် ထိုက်တန်ပါသည်။ ကျွန်အားစိုးရိမ်စေသည့် အရာမှန်သမျှကို ဘုရားသခင် 

ရှေ့တော် ၌ ပုံအပ်ကြရမည်။

ဖြစ်ရိုးဖြစ်စဉ်အရ လုပ်ဆောင်နေခြင်း (သို့) စကားလုံးအလှအပ မည်မျှလှလှသုံးနိုင်သည်စသည်ဖြင့် မ ဟုတ်ဘဲ၊ ဆုတောင်းခြင်းအမှု၌ ကျွန်ုပ်တို့အားလုံး ကြည်လင်အေးမြသောအသက်တာ၏အရသာကို ခံစားလိုကြ ပါသည်။ ကျွန်ုပ်တို့အားလုံး ပုံမှန်လုပ်နေသည့်အမှုမှန်သမျှ၌ ဖြစ်ရိုးဖြစ်စဉ်ဆိုသည့်အန္တရာယ်ကို ရင်ဆိုင်ကြရ သည်သာ ဖြစ်သည်။ ထိုအချက်ကိုဝန်ခံရန် ရှက်ကြောက်နေခြင်းမျိုးမဟုတ်ဘဲ၊ ထိုအန္တာရာယ်ကို ရှောင်ကြဉ် ကြရမည်။ ဤသည်အတွက် ကျွန်ုပ်၏တစ်ခုတည်းသောအဖြေမှာ ထိုကဲ့သို့ ခံစားရသည့်အခါတိုင်း အာရုံစူးစိုက်၍ ဆုတောင်းရန်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်၏ဆုတောင်းချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား နေ့စဉ် ဖတ်ရှုခြင်းအပေါ် အခြေခံထားပါသည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် သမ္မာကျမ်းစာဖတ်ရွက်ခြင်းနှင့် နား လည်မှုအပေါ် တုန့်ပြန်သည့်အနေသည့် ပြုသောဆုတောင်းချက်များဖြစ်သည်ဆိုလျှင် ဆုတောင်းချက်များသည် သမရိုးကျ ဖြစ်နေတော့မည်မဟုတ်ဘဲ၊ အစဉ်လန်းဆန်းနေမည်ဖြစ်သည်။ သမ္မာကျမ်းစာမဖတ်ရွက်မီ ကျွန်ုပ် ဆု တောင်းသင့်သည်ဆိုသော်လည်း၊ သမ္မာကျမ်းစာဖတ်ရွက်ခြင်းအမှုကို ကျွန်ုပ်၏ဆုတောင်းခြင်း၏ အရင်းခံ ဖြစ်စေ သင့်ပါသည်။ ထိုသို့ ကျွန်ုပ်ပြုလုပ်ရသည့်အကြောင်းမှာ ကျမ်းစာဖတ်ရွက်ခြင်းက အသစ်သော ဆုတောင်းချက် များကို မွေးဖွားစေတတ်သောကြောင့် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်၏ စကားပြောခြင်းကို ပြန်လည်တုန့်ပြန်ရာတွင် ကျွန်ုပ်တို့၏အတိတ်ကအကြောင်းများကို ဆင်ခြင်ရန်ဖြစ်လာသည်။ ဆင်ခြင်အောက်မေ့ ခြင်းဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။ ဤနေရာတွင် ကျွန်ုပ်၏ဆုတောင်းစာအုပ်ကို အသုံးပြုရန် လိုအပ်ပြန်သည်။ ကျွန်ုပ်၏နှလုံးသားကို လွှမ်းမိုးချုပ်ကိုင်နိုင်သော ကျမ်းပိုဒ်များကို မှတ်စုရေးထား သည်။ နောက်လများတွင်ထိုမှတ်စုပြုထားသော ကျမ်းပိုဒ်များကို ပြန်လည်ဆင်ခြင်ပြန်သည်။ ထိုသို့အားဖြင့် ကျွန်ုပ်ကို ထိုကျမ်းပိုဒ်များသည် အားသစ်ကို သွန်းလောင်းပေးသည့်အပြင် ကျေးဇူးတော်ချီးမွမ်းခြင်း၊ အသက်တာ ၌ ဆက်ကပ်အပ်နှံခြင်း အသနားခံခြင်းတို့ကို မွေးဖွားစေသည်။

ဆုတောင်းခြင်းမှတ်တမ်းစာအုပ်သည် တစ်ဦးချင်းစီနှင့်ဆိုင်သည့် အရာဖြစ်သည်။ ကျွန်ုပ် အသုံးပြုသည့် စနစ်မှာ အခြားသူများနှင့် သင့်တော်ချင်မှ တင့်တော်ပေမည်။ သို့သော်လည်း ဆုတောင်းခြင်းမှတ်တမ်းစာအုပ် ပြု လုပ်ခြင်းကိုမူ ချန်ထားခဲ့၍ မရနိုင်ပါပေ။ ကျွန်ုပ်၏ ဆုတောင်းခြင်းမှတ် တမ်းစာအုပ်ကို သုံးပိုင်းခွဲထားပါသည်။ ပထမပိုင်းတွင် အရေးကြီးသည့်အချက်များဟူ၍ နေ့စဉ်နေ့တိုင်း တောင်းခံသည့် ဆုတောင်းချက်များ၊ ဒုတိယပိုင်း တွင်မူ အပတ်စဉ်တိုင်း ဆုတောင်းမေးရန် လုပ်အပ်သည်ဟု ထင်မှတ်သည့် လူများနှင့် အချက်အလက်များကို စာရင်းပြုစုထားသည်။

ဤအခန်းတွင် ဆုတောင်းခြင်း၏ အရေးကြီးပုံကို အလေးအနက်ထားသည့်သဘောဖြင့် သမ္မာကျမ်းစာ တွင် တွေ့ရသည့် တပည့်တော်များကို သင်ကြားပေးခဲ့သည့် ဆုတောင်းခြင်းတွင် တွေ့ရသည့် အခြေခံအချက်များ ကို ထည့်သွင်းထားပါသည်။ ထို့ကြောင့် ကျွန်ုပ်ဆုတောင်းရာတွင် အောက်ပါအတိုင်း အစဉ်အလိုက် ဆုတောင်း တတ်ပါသည် - ၁။ ဤကမ္ဘာ၌ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန်၊ ၂။ သတင်းကောင်း ဝေငှခြင်းအားဖြင့် အသင်းတော် ကျယ်ပြန့်လာစေရန်နှင့် ဘုရားသခင်၏နိုင်ငံတော်တည်ထောင်စေရန်၊ ၃။ ဘုရားသခင်၏ အလို တော်အား - ကျွန်ုပ်အပါအဝင် - သူ၏လူများနာခံကြစေရန်၊ ၄။ ကျွန်ုပ်အတွက် နေ့စဉ်လိုအပ်ချက် နှင့် အခြား သူများ၏လိုအပ်ချက်၊ ၅။ ကျွန်ုပ်၏ခွင့်လွတ်ခြင်းအသက်တာနှင့် ယုံကြည်သူများနှင့် မိတ်ဿဟာရဖွဲ့ခြင်း အသက်တာ၊ ၆။ ကျွန်ုပ် ရင်ဆိုင် ကြုံတွေ့နေရသည့် စုံစမ်းနှောက်ယှက်ခြင်း နှင့် ယုံကြည်သူတိုင်း ပါဝင် ရင်ဆိုင် ကြရသည့် ဝိညာဉ်တိုက်ပွဲ၊ စသည်တို့ ပါဝင်ကြသည်။ ဤအပတ်စဉ် ဆုတောင်းခြင်းပုံစံကို ဖြစ်ရိုးဖြစ်စဉ် တစ်ခု ကဲ့သို့သာ ဖြစ်သွားသည့် မရှိစေရန်အတွကတစ်ခါတစ်ရံ မကျင့်သုံးသည့် အချိန်မျိုးလည်း ထားရှိပါသည်။ သို့သော်လည်း ဤသို့သော ဆုတောင်းခြင်းပုံစံကို အသုံးပြုခြင်းသည် ကျွန်ုပ်၏ ရူပါရုံကို ပိုမိုကျယ်ပြန့်စေသကဲ့ သို့၊ လတ်တလောလိုအပ်ချက်များ အတွက်တာ အာရုံရောက်နေတတ်သော ဆုတောင်းခြင်းမျိုးကိုလည်း အလိုလို ကျော်ဖြတ်စေခြင်းသည် ၄င်း၏အားသာချက်ဖြစ်သည်။ ကျွန်ုပ်၏ ဆုတောင်ခြင်းမှတ်တမ်းစာအုပ်၏ တတိယ ပိုင်းသည် နေ့စဉ်ရက်တိုင်း မှတ်ထားသည့် အရှည်ဆုံးအပိုင်းဖြစ်သည်။ ဤအပိုင်းတွင် ကျွန်ုပ်၏ တာဝန်ဝတ္တရား အောက်၌ရှိသော အယောက်စီတိုင်း၏နာမည်များကို ရေးမှတ်ထားကာ ဆုတောင်းပေးပါသည်။ မည်သည့်နည်း လမ်းကိုမဆို ကျွန်ုပ်တို့အသုံးပြုနိုင်ပါသော်လည်း၊ ဆုတောင်းခြင်းသည် ပုံမှန်လည်ပတ်နေသည့် သဘောသက် ရောက်သွားတတ်သည့်အန္တာရာယ်မှာ ကြောက်စရာကောင်းလှပါသည်။ ထို့ကြောင့် ပုံမှန်လုပ်နေကြသဘောမ ရောက်မိစေရန် အားလပ်ရပ်များတွင် ထိုကဲ့သို့ ဆုတောင်းခြင်းမျိုးကို ဘေးချိတ်ထား၍ ထိုဆုတောင်းစာအုပ် မှတ်တမ်း မပါဘဲ ဆုတောင်းသည့် အချိန်များလည်း ရှိပါသည်။


၃။ ကျမ်းစာဖတ်ခြင်း

ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် သီးသန့်အချိန်ယူရာတွင် ကျမ်းစာဖတ်ရွက်ခြင်းသည် အစဉ်ဒွန်တွဲလျက် ရှိပါ သည်။ ခရစ်တော်အား မေတ္တာရှိခြင်း ဆိုသည့် ကျွန်ုပ်တို့၏ ပထမဦးစားပေးအသက်တာသည် သမ္မာကျမ်းစာအား နာခံခြင်း၌ ဖော်ပြနေပါသည် (ယော၊၁၄း၁၅၊ ၂၁၊ ၂၃)။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းဆိုသည်မှာ ဘုရားသခင်၏စကားတော်အား နာခံခြင်းအားဖြင့် နေ့စဉ်အသက်တာကို လျှောက်လှမ်းခြင်းဖြစ်သည်။ ဆာလံ ကျမ်း၌ ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည် ဘုရားသခင်၏တရားတော်အတိုင်း ဆင်ခြင်၍ အသက်ရှင် ခြင်းဖြစ်သည်ဟု ရှင်းပြထားပါသည်။ ဝိညာဉ်စာဖြစ်သည့် နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့အား ဝိညာဉ်ပိုင်း ဆိုင်ရာ ခွန်အားကို ပေးသည်။ နှုတ်ကပတ်တော်အားဖြင့်သာ ကျွန်ုပ်တို့ သည် ခရစ်တော်၏ ပုံသဏ္ဍာန်တော်၌ ကြီးထွားလာနိုင် ဖြစ်သည် (၁ကော၊ ၃း၁၈)။ အလုပ်သဘောသာဆောင်သော အသက်တာမျိုးကို သမ္မာကျမ်းစာ ဖတ်ရွက်ရာ၌ သတိထားရှောင်ကြဉ်ရမည်။ ကျွန်ုပ်တို့၏ အသက်တာအတွက် ဖတ်ရွက်ရမည့်အစား သူတစ်ပါးအား ပစ်မှတ်ထား၍ ကျမ်းစာဖတ်တတ်ကြသည်။ နောက်လာမည့် တရားဒေသနာအတွက် မည်သို့မည်ပုံ ပြင်ဆင်လျှင် ကောင်းမည်ဟု ဆို၍ သမ္မာကျမ်းစာကို တရားဒေသနာဝေငှရန်အတွက်သာ ဖတ်ရွက်ကြသည်။ ကျွန်ုပ်တို့၏ သမ္မာကျမ်းစာကို ကျွန်ုပ်တို့အတွက်သာ ရှေးဦးစွာရှေးရှု၍ ဖတ်ရွက်ရပါမည်။ ကျွန်ုပ်တို့အသက်တာအတွက် ရှာဖွေရရှိထားပြီးမှသာ ဘုရားသခင်၏ သိုးစုများထံ အရင်းခံပြန်လည် ဝေငှနိုင်မည်ဖြစ်သည်။

သမ္မာကျမ်းစာတစ်အုပ်လုံးကို အနက်ဖွင့်ဆိုရန်မှာ တစ်သက်တာ မကုန်ဆုံးနိုင်သည့် အလုပ်ဖြစ်ပေသည်။ အထူးသဖြင့် ကျွန်ုပ်တို့သည် သင်းအုပ်ဆရာသိုးထိန်းများဖြစ်ကြသည့်အတွက် သမ္မာကျမ်းစာတစ်အုပ်လုံးကို အသက်တာအတွက် လိုက်လျှောက်ကျင့်သုံးမှုများပြုရန် အနက်ဖွင့်ကြရမည်ဖြစ်သည်။ လိုအပ်လျှင် လိုအပ်သလို ကျွန်ုပ်တို့၏ အားနည်းချက်များကိုလည်း ချရေးသင့်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း တစ်ခါတစ်ရံတွင် တစ်နှစ် အတွင်း ကျမ်းစာတစ်အုပ်လုံးကို အပြီးမဖတ်နိုင်ပါပေ။ ထို့ကြောင့် တစ်နှစ်အတွင်း ကျမ်းစာတစ်အလုံး ဖတ်ရွက် ပြီးမြောက်နိုင်စေရန် ပြင်ဆင်ထားသည့်တစ်နှစ်တာအတွက် ကျမ်းညွှန်းများကိုအသုံးပြုခြင်းသည်လည်း အ ထောက်အကူပြုစေပါသည်။ တစ်နှစ်တာအတွင်း ကျမ်းစာတစ်အုပ်လုံးကို ဖတ်ရွက်ပြီးစီးနိုင်ခြင်း၌ မြင့်မြတ်ခြင်း အကြောင်းရှိသည်ဟု ကျွန်ုပ်ဆိုလိုခြင်းမဟုတ်။ သို့သော်လည်း သမ္မာကျမ်းစာတစ်အုပ်လုံးကို နေ့စဉ်ပုံမှန်ဖတ် ရွတ်ခြင်း၌ အကျိုးအမြတ်ရှိပါသည်။ ဤသို့ပြုလုပ်ရာတွင် ကျွန်ုပ်တို့ ရင်းနှီးမှုသိပ်မရှိသည့် ဘာသာစကားဖြင့် ရေး သားထားသော ကျမ်းစာအုပ်ကို ဖတ်ရွက်ခြင်းအားဖြင့်သော်လည်းကောင်း၊ ခွန်အားရသည့် ကျမ်းချက်များကို ရောင်စုံဖြင့်ခြယ်သခြင်းဖြင့်သော်လည်းကောင်း မှတ်သား၍ဖတ်ရွက်နိုင်ပါသည်။ ထိုသို့ပြုခြင်းအားဖြင့် နောင် တစ်ချိန်တွင် သမ္မာကျမ်းစာ၏ နက်နဲသောဓမ္မရတနာများကို ဖြည်းဖြည်းခြင်း တွေ့ရှိလာကြမည်ဖြစ်သည်။

နေ့ရက်တစ်ရက်စီတိုင်း ကျွန်ုပ်တို့သမ္မာကျမ်းစာ အခန်းတစ်ခန်းအားဖတ်ရွက်ရာတွင်လည်း၊ တိုတိုတုတ် 

တုတ် အခန်းများကို ရွေးချယ်၍ ဖတ်ရွက်သင့်သည်။ သို့မှသာလျှင် ထိုကျမ်းချက်ကို တစ်နေ့တာလုံး ဆင်ခြင် အောက်မေ့နိုင်မည်ဖြစ်သကဲ့သို့၊ ဆုတောင်းခြင်းနှင့် နာခံခြင်းအသက်တာအတွက်လည်း အခြေပြုနိုင်မည်ဖြစ် သည်။ ထိုကဲ့သို့ ကျမ်းချက်အတိုအထွာများကို ဖတ်ရွက်ရာတွင် ကျမ်းစာဖတ်ရွက်ခြင်းအတွက် အထောက်အကူ ပြုစာအုပ်စာတမ်းများ (နေ့စဉ်ခွန်အား နှင့် အခြားအခြားသော ကျမ်းစာ ဖတ်ရွက်ခြင်းအတွက် အထောက်အကူပြု စာအုပ်များ)ကို အသုံးပြု လျှင်လည်း အလွန်ကောင်းမွန်လှပါသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း (Scrip- ture Union Notes) ဆိုသည့် ကျမ်းစာဖတ်ရွက်ခြင်းအတွက် အထောက်အကူပြုမှတ်စုများမှ နှစ်အတော်ကြာ ခွန်အားယူခဲ့ ပါသည်။ အစီစဉ်တကျ သမ္မာကျမ်းစာကို အနက်ဖွင့်ထားသည့် ၄င်း၏ပုံစံမှာ အလွန် ကောင်းလှ ပါသည်။

ကျွန်ုပ်တို့သည် သင်းအုပ်ဆရာ၊သိုးထိန်းများဖြစ်ကြသည်နှင့်အညီ ကျွန်ုပ်တို့ရင်းနှီးပြီးသော ကျမ်းချက် များစွာရှိထားနှင့်ရာ၊ ထိုကျမ်းချက်များကို ဖတ်ရွက်ကြရာတွင် သိနှင့်ပြီးသားဖြစ်သည်ဟူ၍ဆိုကာ ဖတ်သည် ဆိုရုံမျှ ဖတ်သွား၍ အသက်တာအတွက် မည်သည့်အရာမှ တည်ဆောက်စရာ မရှိဖြစ်သွားတတ်ပါသည်။ ထိုသို့ သော အခြေအနေမျိုးကို ကျွန်ုပ်တို့ သတိပြုမိသည့်အချိန်အတိုင်း ထိုအခြေအနေကို ကျော်ဖြတ်နိုင်စေရန် ဘုရား သခင်ထံပါးဆုတောင်းခံ၍ အသစ်သော ခွန်အားပေးသနားရန် သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီကို တောင်းခံကြရမည် ဖြစ်သည်။ ကျွန်ုပ်အသက်တာ၌ သမ္မာကျမ်းစာ ဖတ်ရွက်ရာတွင် အစဉ်လန်းဆန်းမှုရှိစေသော အထောက်အကူပြုသည့် တစ်ခုတည်းသောနည်းလမ်းမှာ ဘုရားသခင်က ကျွန်ုပ်အား စကားပြောသည်ဟု ထင် မှတ်သည့် စာစုတစ်ခု၊ စာကြောင်းတစ်ကြောင်း၊ မှတ်စုတစ်ကြောင်း (သို့) ကျမ်းချက်တစ်ချက်ကိုမျှ မရေးဘဲ ဖတ် ရွက်ခြင်းကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ယနေ့ မနက်တွင် ၁ ပေ၊ ၁း၁-၉ ကို ကျွန်ုပ်ဖတ်ရွက်သည်ဆိုလျှင် အခန်း ငယ် ၃ တွင်ပါရှိသည့် “ငါ့တို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင်စပ်ဆိုင်သော အရာရှိသမျှတို့ကို” ဆိုသည့်စာကြောင်းက ကျွန်ုပ်၏အသက်တာကို တို့ထိရာ၊ ထိုစာကြောင်းကို ကျွန်ုပ်၏မှတ်စုထဲ၌ ချရေးလိုက် သည်။ ထိုကျမ်းချက်က ကျွန်ုပ်၏ခန္ဓာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် ဘုရားသခင်၏ထောက်ပံ့ပေးခြင်းအပေါ် ကျေးဇူးတော်ချီးမွမ်းစေပါသည်။ ထို့ပြင် ကျွန်ုပ်၏အသက်တာ၌ ဝိညာဉ် ပိုင်းဆိုင်ရာ ကြီးထွားကျင့်ကျက်ခြင်းအမှု၌သာ၍ ဦးစားပေးစေရန် ဘုရားဝတ်၌ မွေ့လျော်ခြင်းအသက်တာကို ပြန်လည်ဆင်ခြင်စေပါသည်။ အချို့သောအချိန်များတွင် သမ္မာကျမ်းစာကို အစီစဉ်တိုင်း ကျွန်ုပ်ဖတ်ရွက်တတ် သမိုင်းကြောင်းဆိုင်ရာများနှင့် အခြားသီအိုလိုသီဆိုင်ရာအမြင်များသာ တွေ့မြင်တတ်ရာ ကျွန်ုပ်၏အသက်တာ အတွက် ခွန်အားယူစရာမရှိခဲ့ပါလျှင်၊ ၄င်းတို့ကို ဖတ်ရွက်ပြီးသည့်နောက်၊ ဆာလံကျမ်း (သို့) သုတ္တံကျမ်းကို လှန် ကာ ကျွန်ုပ်၏အသက်တာအခြေအနေများအတွက် ဘုရားသခင်စကားပြောသည်အထိ ကျွန်ုပ် ဖတ်ရွက်နေတတ် သည်။ တစ်ခါတစ်ရံတွင် ဖတ်ရွက်မှတ်သားရုံနှင့် မလုံလောက်သည်ဟု ကျွန်ုပ်ခံစားရသည့်အချိန်များတွင် ဖတ် ရွတ်ထားသော ကျမ်းချက်ကို အကြိမ်ကြိမ်အခါခါ ဆင်ခြင်အောက်မေ့ခြင်းအမှုကို ကျွန်ုပ်ပြုတတ်သည့်အပြင် ဆုတောင်းမှတ်စုစာအုပ်ထဲတွင်လည်း သီးသန့်ပြန်လည် မှတ်ထားတတ်ပါသည်။


၄။ အခြားခရစ်ယာန်စာပေများ ဖတ်ရှုခြင်း

ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်းအမှုတွင် ခရစ်တော်အတွက် အသက်တာကို ဆက်ကပ်အပ်နှံခြင်း နှင့် သန့်ရှင်းခြင်းအသက်တာကို ကြီးထွားစေရန်လှုံ့ဆော်ပေးသည့် ခရစ်ယာန်ဂန္တဝင်စာအုပ်စာပေများသည်လည်း တစ်ထောင့်တစ်နေရာမှ တန်ဖိုးဖြတ်၍ မရနိုင် လောက်အောင် ဖြစ်သည်။ ထိုကဲ့သို့သော စာအုပ်များ၏ လှုံဆော် နိုင်စွမ်းသည့် အခြားသောစာအုပ်များထက် ပိုမိုကြီးမားပါသည်။ သင်းအုပ်ဆရာနှင့် ဓမ္မဆရာတို့၏ ဖြစ်လေ့ဖြစ်ထ ရှိသော အခက်အခဲတစ်ခုမှာ မိမိသိုးစုအတွက် အစေခံခြင်းအမှု၌သာ အာရုံစိုက်နေတတ်ပြီး၊ မိမိ အသက်တာ အတွက် အခြားသူများထံမှ ဂရုစိုက်အစေခံခြင်း (သို့) ကြီးထွားစေရန် ကူညီမှုပေးခြင်းများကို ဂရုမစိုက်နိုင်တော့ ဘဲ ဖြစ်နေခြင်း ဖြစ်သည်။ ထိုအခက်အခဲကို ကျော်ဖြတ်နိုင်ရန်မှာ အခြားသာသနာပြုဆရာများက ကျွန်ုပ်တို့ကို ၄င်းတို့၏စာပေများဖြင့် ခွန်အားပေးစေခြင်း ဖြစ်သည်။ ခရစ်တော်အပေါ်ထားရှိသည့် ကျွန်ုပ်၏ချစ်ခြင်းမေတ္တာ နှင့် ဘုရားသခင်၏ကယ်တင်ခြင်းအမှု၌ ဘုန်းတော်ထင်ရှားစေခြင်းအတွက် အထောက်အမပေးသည့် စာအုပ် စာစောင်များကို တစ်နေ့တွင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်မျှ ဖတ်ရွက်လိုက်ရခြင်း၏အကျိုးကျေးဇူးကို တိုင်းတာ ၍ မရနိုင်ပါ။ ဤသို့သောအချိန်မျိုးတွင် ကျွန်ုပ်၏လုပ်ငန်းနှင့်ဆက်ဆိုင်သောစာအုပ်များကို ဖတ်ရွက်ခြင်း မဟုတ် ဘဲ၊ ကျွန်ုပ်၏ဝိညာဉ်ပိုင်းဆိုင်ရာအသက်တာကို ခွန်အားပေးနိုင်သည့်စာအုပ်များနှင့်အသက်တာကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဦးတည်ဆောင်မပေးသော စာအုပ်များကို ရွေးဖတ်ပါသည်။ စီရီရာယ် ဖိုစတာကာဘက်၏ အတ္တုပ္ပတ္တိအရ၊ သူသည် လန်စီလုတ် အန်ဒယူး၏ Preces Privatae ၊ သောမတ် အေကန်ပီစ်၏ The Imitation of Christ နှင့် ဝါယ်တာဟီးလ်တွန်၏ The Scale of Perfection စသည့်စအုပ်များကို ဖတ်ရွက်ခဲ့သည့် အကြောင်းကို တွေ့ရပါသည်။ နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်သည့် စာအုပ်စာပေကောင်းများနှင့် ယနေ့ခေတ်ပေါ် စာအုပ်စာပေ များကို နှိုင်းယှဉ်ဖတ်ရွက်ခြင်းသည်လည်း အကျိုးကျေးဇူးကြီးမားလှသည်။ ဂျွန်အိုဝင်၏ The Glory of Christ ဆိုသည့်စာအုပ်ထက် ကျွန်ုပ်ကို အထောက်အကူပြုပေးနိုင်သည့်စာအုပ်မရှိတော့သော်လည်း၊ ထိုစာအုပ် ကို ဖတ်ရွက်ပြီးသည့်နောက်၊ ဂျင်းပတ်ကာ၏ Knowing God ဆိုသည့်စာအုပ်နှင့် နှိုင်းယှဉ်ဖတ်ရွက်ပါသည်။ ထို ကဲ့သို့ စာအုပ်များကိုဖတ်ရွက်ရာတွင် စာအုပ်တိုင်း၌အားသာချက်၊ အားနည်းချက်များနှင့် ကျွန်ုပ်အား အထောက် အကူ ပြုသည့် စာအုပ်များကို တွေ့မြင်ရမည်ဖြစ်သကဲ့သို့ အခြား ကျွန်ုပ်တို့ မရင်းနှီးသည့် ရီချက်ဘာစတာ၏ Everlasting Rest၊ အန်ဒယူ ဘိုနာ၏ Heavenly Spring. ဂျွန်ဘိုင်ယန်း၏ The Pilgrim's Progress နှင့် The Holy W ရောဘတ်မူရီး၏ M’Cheyne's Memoirs and Remains, ဝီလီယာန်လော၏ A Serious Call to a Devout and Holy Life၊ ဟင်နရီစကောကာယ်၏ The Life of God in the Soul of Man နှင့်အေဒဘစာအုပ် လူယ် တိုဇာ၏ Knowledge of the Holy ဆိုသည့် စာအုပ်များသည်လည်း ဖတ်ရွက်ရန် ထိုက်တန်သော စာအုပ် များ ဖြစ်ကြသည်။ အထက်ပါ အများစုမှာ ခေတ်အဆက်ဆက် အစမ်းသပ်ခံခဲ့သည့် ဂန္ထဝင်စာအုပ်မျာ ဖြစ်ကြ သည်။ ထို့ပြင် ယနေ့ခေတ် စာရေးဆရာများ၏ စာအုပ်ကောင်းများကို လည်း တတ်နိုင်သမျှ များများ ရှာဖွေဖတ်ရှု ရပါမည်။ သို့သော် ဂန္တဝင်စာအုပ်ကောင်းများသည် ကျွန်ုပ်တို့အသက်တာအတွက် အလွန်အကျိုးပြုသည့်အတွက် ၄င်းတို့အား ဖတ်ရွက်ရန် လက်မလွတ်မိပါစေနှင့်။ ထိုသို့ဖတ်ရွက်ရာတွင် တစ်ထိုင်တည်းနှင့် မြောက်များစွာ ဖတ် ရွက်ခြင်းမျိုးမဟုတ်ဘဲ၊ အခန်းလိုက် သို့မဟုတ် တစ်ခါဖတ်လျှင် တစ်မျက်နာ၊ နှစ်မျက်နာ စသည်ဖြင့် ကျွန်ုပ်ဖတ် ရွက် တတ်ပါသည်။ ထိုသို့ဖတ်ရွက်ပြီးသည့်နောက်၊ သမ္မာကျမ်းစာကို တစ်ခေါက်ပြန်လည်ဖတ်ရွက်ပြီး ကျမ်းစာ ဖတ်ရွက်ခြင်းနှင့် စာအုပ်များကို ဖတ်ရွက်ခြင်းမှ ခွန်အားရသည့်အချက်များနှင့်အတူ ဆုတောင်းခြင်းဖြင့် ကျွန်ုပ် အဆုံးသတ်တတ်ပါသည်။ နေ့ရက်တစ်ရက်စီတိုင်းဖတ်ရွက်ရန် ကျွန်ုပ်တို့ရွေးချယ်သောစာအုပ်၏စံမှာ ကျွန်ုပ်တို့ ၏ဝိညာဉ်အား ခရစ်တော်ထံပါးသို့ ဦးဆောင်သော စာအုပ်မျိုးဖြစ်ရပါမည်။ အကယ်၍ စာအုပ်တစ်အုပ်ကို စတင် ဖတ်ရွက်လိုက်ရာ အကျိုးထူးခြင်းမျိုးမရှိခဲ့ပါက၊ ထိုအရာမှာ ဝိညာဉ်ပိုင်းဆိုင်ရာ ခြောက်သွေ့စေခြင်းမျိုး သက် သက်ဖြစ်၍ အခြားစာအုပ်ကို ပြောင်းလဲ ဖတ်ရွက်ပါသည်။

ကျွန်ုပ်တို့၏ ဘုရားသခင်နှင့်သီးသန့် အချိန်ယူခြင်းအပေါ် ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် လျှောက်လှမ်း ခြင်း အသက်တာသည် မှီခိုနေပါသဖြင့် ဘုရားသခင်နှင့် သီးသန့်အချိန်ယူခြင်းအားဖြင့်သာလျှင် ကောင်းမွန် ကြွယ်ဝသည့် အသက်တာကို မွေးဖွားစေပါသည်။ အသင်းအုပ်ဆရာများနှင့် ဓမ္မဆရာများမှာ ကျွန်ုပ်တို့ရန်သူ၏ အဓိက ပစ်မှတ်သားကောင်များဖြစ်ကြရာ၊ ၄င်း၏ အကြီးမားဆုံး စွမ်းဆောင်အားမှာ ဘုရားသခင်နှင့် လျှောက် လှမ်း လျက်ရှိသော ခြေလှမ်းများကို ဖြိုလှဲစေခြင်း ဖြစ်သည်။ ဖြစ်နိုင်မည်ဆိုလျှင်၊ ကျွန်ုပ်တို့၏အတွင်းပိုင်းဆိုင်ရာ အသက်ရှင်ခြင်းထက်၊ အပြင်ပိုင်းဆိုင်ရာအသက်ရှင်ခြင်းများကိုသာ ဦးစားပေးစေရန် နည်းလမ်းမျိုးစုံဖြင့် တိုက် တွန်းသွေးဆောင်နေမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်ခြင်းများအားလုံးကို ဘုရားသခင်ထံ ပုံအပ်ထားခြင်း မျိုးမရှိလျှင် ကျွန်ုပ်တို့အသက်တာရှိ ငြိမ်သက်ခြင်းကို ရှုံးဆုံးကြရမည့် အချက်အား သူသိနေသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်မိတ်သာဟာရဖွဲ့ခြင်းအမှုအား လျစ်လျူရှုကြပါလျှင် ဘုရားသခင် ခန့်အပ်ထား သည့် အမှုတော်မြတ်ကို ကျွန်ုပ်တို့ထမ်းဆောင်နိုင်ခြင်းရှိတော့မည် အဟုတ်ကြောင်းကို သူသိနေသည်။ ဘုရား သခင်နှင့် အဆက်အသွယ်ပျက်သွားသည်နှင့် ဘုရားသခင်၏လမ်းပြပို့ဆောင်မှုကို သတိမထားမိတော့ဘဲ၊ စုံစမ်း သွေးဆောင်မှုအောက်သို့ ဆုံးရှုံးနှစ်မြှပ်သွားမည်ကို သူသိနေသည်။ သို့သော်လည်း တစ်ဘက်တွင် ဝမ်းမြောက် စရာကောင်းသည့်အချက်မှာ ဘုရားသခင်နှင့် ကျွန်ုပ်တို့အစဉ် တွဲလျှောက်နေပါလျှင်၊ ကိုယ်တော်ပေးထားသည့် ကတိတော်များကြောင့် ငြိမ်သက်ခြင်းရှိသည်၊ ကိုယ်တော်ရှင် ကျွန်ုပ်တို့နှင့်အတူ အစဉ်ရှိသည်ကို ကျွန်ုပ်တို့သိ သည်၊ ဘုရားသခင်ခေါ်ဆိုသည့်နေရာတွင် ကျွန်ုပ်တို့ရှိနေကြောင်း သေချာမှုရှိပေသည်။ သန့်ရှင်းသောဝိညာဉ် တော်၏ လမ်းပြပို့ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင် ခန့်အပ်ပေးထားသည့် ကျွန်ုပ်တို့အတွက် အခွင့် ထူးဖြစ်သော အမှုတော် မြတ်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည် ဖြစ်သည်။






















အခန်း ၆


လေ့လာဆည်းပူးခြင်း

လေ့လာဆည်းပူးခြင်း နှင့် ထိရောက်သော သာသနာပြုခြင်း

သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများအတွက် လေ့လာဆည်းပူးခြင်းသည် ဦးစားပေးလုပ်ဆောင်ရမည့် အရာတစ်ခုဖြစ်သည်မှာ သိသာထင်ရှားနေသည့်အပြင်၊ အခွင့်ထူးတစ်ခုလည်း ဖြစ်ပေသည်။ ကျွန်ုပ်တို့၏ အသင်း သားများအပေါ် တာဝန်ဝတ္တရားများစွာရှိပါသောကြောင့် ထိုခေါ်ဆိုမှုအတွက် လိုအပ်သည့် လေ့လာဆည်းပူးခြင်း သည်လည်း ဒွန်တွဲပါလာသည်။ ကျွန်ုပ်တို့အနေနှင့် နေ့စဉ်ရက်ဆက် နှုတ်ကပတ်တော် ဆည်းပူးမှုများကို အချိန်ယူ နေကြခြင်းအပေါ် အခြားသူများ (သို့) ယုံကြည်သူအချို့တို့၏ မနာလိုချင်ဖွယ်အခြေအနေမျိုးနှင့်လည်း သိသာ ထင်ရှားစွာ ကြုံတွေ့နိုင်ပါသည်။ နှုတ်ကပတ်တော်လေ့လာရန်အတွက် လိုအပ်လာသည့် အခြေအနေတိုင်း အတွက် ကျွန်ုပ်တို့၏ မွန်မြတ်ပါသော အခွင့်ထူးကို အစဉ် သတိရနေသင့်ပါသည်။

အောင်မြင်သောအမှုတော်မြတ်လုပ်ငန်း၌ လေ့လာဆည်းပူးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်း ပြဦးဆောင်မှုတို့အကြား အတိုက်အခံဖြစ်ခြင်းများ လုံးဝမရှိပါပေ။ ယုံကြည်သူအချို့က နာရီပေါင်းများစွာ လေ့ လာဆည်းပူးနေခြင်းခြင်းအမှုသည် အမှုတော်လုပ်ငန်း၌ ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီဆောင်ပေးနိုင်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ထင်မှတ်တတ်ကြပါသည်။ သို့သော် သာသနာပြုခြင်းအမှု၌ သန့်ရှင်းသောဝိညာဉ်တော်၏ကောင်းကြီးမင်္ဂလာ အများဆုံးလက်ခံရရှိသောသူမှာ သမ္မာကျမ်းစာအား ဘုရား သခင်၏အကူအညီဖြင့် အချိန်အများဆုံးပေးကာ လေ့လာဆည်းပူးသောသူများသာ ဖြစ်ကြပါသည်။ ချားလ်စပါ ဂျီအွန်က ဤအချက်နှင့်ပတ်သတ်၍ အောက်ပါအတိုင်း သင်းအုပ်ဆရာများသင်တန်းတစ်ခုတွင် အောက်ပါ အတိုင်းပြောခဲ့ပါသည် –

ကျွန်တော်တို့တတွေ၊ အများစုဟာ တရားစင်မြင့်ပေါ်မှာ မတ်တတ်ရပ်ပြီးတော့၊ တစ်ပတ်မှာ နှစ်ခါသုံးခါ လောက် စကားလုံးတွေကို လှိုင်းလုံးကြီးတွေလို စီတန်းပြီး ပြောလိုက်ရုံဘဲလို့ ထင်မှတ်နေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ သမ္မာကျမ်းစာကို လေ့လာဆည်းပူးခြင်းအမှုမှာ လုံ့လဝိရိယ မထုတ်ကြဘူး ဆိုရင်တော့၊ ကျွန်တော်တို့ရဲ့ တရားဒေသနာတွေဟာ သနားစရာ ကျိုးပဲ့နေတဲ့ ဒေသနာတွေ ဖြစ်နေပါလိမ့်မယ်။ ဘုရားသခင်ကို ယုံကြည်တယ်လို့ပြောပြီးတော့ နှုတ်ကပတ်တရားကို မလေ့လာတဲ့ ညီအကို တစ်ယောက်အကြောင်း ကျွန်တော် ကြားဖူးတယ်။ သူရဲ့အသင်းသူအသင်းသားတွေအားလုံးကတော့ သူ့အပေါ် ယုံကြည်မှုမရှိကြပါဘူး။ သူတို့ပြော ကြတာကတော့ တစ်နေရာရာကိုသွားပြီးတော့ သူရဲ့လှပတဲ့ ဒေသနာကို သွားပြောပြပါစေ။ ဘာကြောင့်လဲ ဆိုတော့ သမ္မာကျမ်းစာကို သူလေ့လာတဲ့အချိန်တိုင်း လေ့လာ ပြင်ဆင်မှုမရှိတဲ့အတွက် သူ့နှုတ်ခမ်းဖြားထိပ် ကိုရောက်လာကြတဲ့စကားလုံးမှန်သမျှကို ဆင်ခြင်မဲ့စွာ ပြော နေတာတွေက သည်းခံလို့ မရနိုင်တော့အောင်ပါဘဲ။ ဒါကြောင့် လူတစ်ယောက်က တရားဒေသနာ ဝေငှမယ်လို့ဆိုတိုင်း ဒီကောင်းကင်အောက်မှာ သူ့ရဲ့ တရား ဒေသနာအတွက် ပြင်ဆင်ထားခြင်းထက် ပိုမိုထိ ရောက်တဲ့အရာတော့ ရှိတော့မှာမဟုတ်ပါဘူး။ (C.H. Spurgeon: AnAll. Round Ministry, Banner of Truth, p. ၁၃၃၁)။

လေ့လာဆည်းပူးခြင်းအမှုမှာ ကြောက်စရာအန္တရာယ်တွေမရှိဘူးဟု ကျွန်ုပ်ဆိုပါလျှင် ရှုးနှမ်းရာကျပါ လိမ့်မည်။ လေ့လာရင်း၊ လေ့လာရင်းနှင့်ပင် ရှုပ်ထွေးမှုများရှိလာနိုင်သည့် အခြေအနေမျိုးလည်း ရှိပါသည်။ မှား ယွင်းနေသည့် တွန်းအားတစ်ခုကြောင့် ကျွန်ုပ်တို့နှုတ်ကပတ်တော်ကို လေ့လာဆည်းပူးနေသည်လည်း ဖြစ်နိုင်ပေ ၏။ ဂျွန်အိုဝင်ဆိုသူ ဖြူရီတန်ဘုန်းတော်ကြီးတစ်ဦးက အသက်အရွယ်ရလာသည့်နောက်တွင် ၄င်းငယ်စဉ်က ကြိုး စားအားထုတ်ခဲ့ခြင်းများသည် အသင်းတော်၌ ဩဇာအာဏာရှိလာစေရန်အတွက် ဖြစ်သည်ဟု ဝန်ခံခဲ့သည်။ ဒေး ဗဒ်ဘရိန်းနန့်ဆိုသူ၊ အမြောက်အမေရိကရှိလူနီများထံသို့ သာသနာပြုခဲ့သူက နှုတ်ကပတ်တော် နက်နက်နဲနဲ လေ့လာခြင်းအမှုသည် သူ၏မာန်မာနကို နိုးစွဲပေးတတ်သည်ဟု ဖွင့်ပြောခဲ့ဖူးသည်။ သို့သော်လည်း နောက်ဆုံး တွင် သူက “လေ့လာဆည်းပူးခြင်းအတွက် ကျွန်တော့်ရဲ့ အချိန်အများစုကိုနိုင်ခြင်းရဲ့ အဖြေက ကိုယ့်ကိုယ်ကို ဟုတ်လှပါ ပြီဆိုတဲ့ စိတ်နေသဘောထားရဲ့ အောက်မှာ နစ်မွန်းနေလို့ပါဘဲ” ဟု ပြောဆိုခဲ့သည်။ မှန်ပါသည် ဒေးဗဒ် ဘရိန်းနန့် နည်းတူ ကျွန်ုပ်တို့၏လုပ်ငန်းဝန်တာများအတွက် ကျွန်ုပ်တို့ အားလုံး လေ့လာဆည်းပူးခြင်း အမှုတွင် အာရုံစိုက် အချိန်ပေးကြရမည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့ကိုကိုယ် စိတ်ကြီးဝင်နေမည်မှာ စိုးရိမ်စရာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ၏ရန်သူစာတန်မာရ်နတ်၏ ဖြားယောင်းသွေးဆောင်သောတန်ခိုးသည် ကျွန်ုပ်တို့၏ ကောင်းကွက်များကို ဆိုးကွက် များအဖြစ်သို့ ပြောင်းလဲသွားစေရန်ဖြစ်ရာ၊ နှုတ်ကပတ်တော်အား ကျွန်ုပ်တို့၏ လေ့လာဆည်းပူးခြင်းနှင့်လည်း သက်ဆိုင်နေပါသည်။ ထိုအခြေအနေများကို ရင်ဆိုင်ရန်အတွက် အကောင်းဆုံး သောအရာမှာ အန္တရာယ်ရှိသည့် အရာများကို ကြိုတင် သတိထားခြင်းပင် ဖြစ်ပါသည်။

နှုတ်ကပတ်တော်တရားကို လေ့လာဆည်းပူးလိုသည့် သင်းအုပ်ဆရာများနှင့်ဓမ္မဆရာများကို အသင်း တော်၌ အလွန် လိုအပ်ပါသည်။ ယနေ့ခေတ်ရေစီးကြောင်းအရဆိုရပါလျှင် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်စီ သို့ ရောက်ရှိရန်မှာ အလွန်ပင် ခက်ခဲမှုရှိပါသည်။ ခရစ်တော်၏သိုးစုများသည် ဘုရားသခင်၏ စိမ်းလန်းသော နှုတ်ကပတ်တော် ကျက်စားရာ နေရာအတွက် သိုးထိန်းများအပေါ်တွင် မှီခိုနေရသည်။ သိုးထိန်းများသည်လည်း ၄င်းတို့၏ကိုယ်ပိုင်နှုတ်ကပတ်တော်ကို နားလည်ခြင်းသဘောပေါက်ခြင်းအားဖြင့် ၄င်းတို့၌ပေးအပ်ထားသော အမှုတော်မြတ်ကို တည်တံ့ခိုင်မြဲစေသည်။ ကျွန်ုပ်တို့၏အသက်တာတွင် ဖြည့်တင်းမှုမရှိဘဲ အစဉ်အတိုင်း တပါး သူများကို ရေလောင်းနေပါလျှင် များမကြာမှီ ကျွန်ုပ်တို့၏ အသက်တာသည်လည်း ခြောက်သွေ့လာက ဆက်လက်၍ ဝေမျှနိုင်တော့မည်မဟုတ်ပါ။


အခြားသူများကို သင်ပြပို့ချခြင်းနှင့် ကျွန်ုပ်တို့၏ ဘုရားသခင်ထံ နာခံခြင်းအသက်တာ

ဖရ၏သာသနာပြုခြင်း၌ အောင်မြင်ခြင်းကို ရရှိခဲ့သည်။ သူ၏သာသနာပြုခြင်းအကြောင်းကို ခြုံကြည့် မည်ဆိုလျှင် သင်ကြားပို့ချခြင်းများနှင့်သာ သက်ဆိုင်တော်မူသည် “အကြောင်းမူကား ဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေးစောင့်လျှောက်ခြင်းငှါ၄င်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်း ငှါ၄င်း သဘောကျသောသူဖြစ်၏” ဟု နှုတ်ကပတ်တော်၌ ဆိုထားသည် (ဇရ၊ ၇း၁၀)။ ဤနေရာ၌ ဧဇရ၏ နှုတ်က ပတ်တော်အပေါ် လေ့လာဆည်းပူးခြင်းအကြောင်းကို အစပြုလမ်းခင်းထားကြောင်းကို ရှင်းလင်းစွာ တွေ့နိုင်ပါသည်။ ဓမ္မဟောင်းကျမ်းတွင်ပါရှိသည့် ကျမ်းအုပ်များကို လေ့လာခြင်းအားဖြင့် ဇေရ၌ များစွာသော လုပ်ငန်းများကို လုပ်ဆောင်နေခဲ့ရပါသော်လည်း နှုတ်ကပတ်တော်လေ့လာခြင်းအမှု၌ အချိန်ပေးလုပ်ဆောင်ခဲ့ သည်ကို ကျွန်ုပ်တို့ တွေ့မြင်ဖြစ်သည်။ ထို့ပြင် မှန်ကန်သောလမ်းစဉ်ဖြစ်သည့် – လေ့လာဆည်းပူးခြင်း၊ ထို့နောက် ကိုယ်တိုင် နာခံလိုက်လျှောက်ခြင်း၊ ထိုနောက်မှ အခြားသူများကို ထိရောက်စွာ ဦးဆောင်ခြင်း စသည်ဖြင့် လိုက် လျှောက်ကျင့်သုံးနာခံ ကျင့်သုံးခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ အခြားသူများကို သင်ကြားပို့ချခြင်း မပြု မှီ သူကိုယ်တိုင်က ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း နာခံကျင့်သုံးခဲ့ပါသည်။ 

နှုတ်ကပတ်တော်ကို လေ့လာဆည်ပူးရာ၌ အကောင်းမြင်စေသောနည်းလမ်းမှာ မိမိကိုယ်တိုင် နာခံခြင်း ရှိစေရန်ဆိုသည့် အမြင်နှင့် လေ့လာခြင်းဖြင့်ဖြစ်သည်။ မိမိအအတွက်မဟုတ်ဘဲ အခြားသူများကသာ နာခံကြ စေ ရန်ဟူသည့် ရည်ရွယ်ချက်နှင့် နှုတ်ကပတ်တော်တရားကို လေ့လာခြင်းသည် အချိန်တိုင်း စာတန်မာရန်နတ် အကွက်ဆင်ထောင်ချောက် ဖြစ်ပါသည်။ တစ်စုံတစ်ဦးအား ရည်ရွယ်၍ ဟောကြားရမည့် တရားဒေသနာများ ရှိခဲ့ သည့်ဆိုလျှင်ပင် နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ဆင်ခြင်အောက်မေ့သည်နှင့် ကျွန်ုပ်တို့၏အသက်တာတွင် ထို အချက်အတွက် အလျှင်ဦးစွာ ဆန်းစစ်ရမည် ဖြစ်သည်။ ထို့နောက်မှသာ ကျွန်ုပ်တို့အမှန်တကယ် လိုက်လျှောက် ရန် ကြိုးစားနေသည့် အရာများကို အခြား သူများအား တဖန်ပြန်လည် သင်ကြားပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ကျွန်ုပ်တို့၏ စံနမူနာပြရမည့်အသက်တာနှင့် ဆက်နွယ်မှုရှိနေပါသည်။ ကျွန်ုပ်တို့၏ နှုတ်ကပတ် တော် အပေါ်လေ့လာဆည်းပူသည့်အရာများကို အသက်တာတွင် အမှန်တကယ် လုပ်ဆောင်ခြင်းမျိုး မရှိပါက ပညာရေးသဘောအရသာ ဖြစ်သွားပါလိမ့်မည်။ အသက်တာတွင်မရှိဘဲ နှုတ်ဖျားဖြင့်သာ သင်ပေးတတ် သော သူများ၏အသက်တာ၌ စစ်မှန်သော အရာများသည် အချိန်တိုအတွင်း ပျောက်ကွယ်သွား တတ်ကြပါသည်။ ဇရ၏ နှစ်ရှည်ကြာလွှမ်းမိုးနိုင်သော ဦးဆောင်မှု၏လျှို့ဝှက်ချက်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လေး လေးနက်နက် လေ့လာဆည်းပူးခြင်း ဖြစ်ပါသည်။ နှုတ်ကပတ်တော်တရားကို လေ့လာဆင်ခြင်ခြင်း၌ နာခံခြင်း အသက်တာဖြင့် လိုက်လျှောက်ကျင့်သုံးပါမှ ကျွန်ုပ်တို့သည် အလုပ်သဘောဆောင်သည့် လေ့လာဆည်းပူးခြင်းကို ရှောင်ကြဉ်နိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် စစ်မှန်သော သင်းအုပ်ဆရာနှင့် ဓမ္မဆရာများ မဖြစ်မခြင်း သာမန် ခရစ်ယာန်များသာ ဖြစ်ကြသည်။


မည်သည့်နေရာတွင် လေ့လာဆည်းပူးရမည်ကို ဆုံးဖြတ်ခြင်း

 နှုတ်ကပတ်တော်ကိုလေ့လာရန် ကျွန်ုပ်တို့ရွေးချယ်သည့်နေရာမှာ အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့ တွင် ရွေးချယ်ရန် များများစားစား မရှိပါသော်လည်း၊ ရွေးချယ်မှုပြုရာတွင် အလေးအနက်ထားရန် လိုအပ်ပါ သည်။ ကျွန်ုပ်တို့လူသားများသည် အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်တတ်သူများဖြစ်ကြသည့်အပြင် ပတ်ဝန်းကျင် အခြေ အနေအရ ပြောင်းလဲတတ်သောသူများလည်း ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့အနေနှင့် အခန်းတစ်ခန်း (သို့) စားပွဲခုံတစ်ခုံကို နှုတ်ကပတ်တော် လေ့လာရန် ရွေးချယ်ထားသည်ဆိုလျှင် ထိုနေရာသို့ ရောက်သွားသည်နှင့် နှုတ်ကပတ်တော်ကို လေ့လာဆည်းပူးရန် လွယ်ကူစေပါသည်။ အကယ်၍ နှုတ်ကပတ်တော် လေ့လာရန်အတွက် အခန်းငယ်လေးတစ်ခုကို သီးသန့် သင်ရရှိနိုင်ပါက မည်မျှပင် အခန်းကျဉ်းလေးဖြစ်နေပါစေ အလွန် အဆင်ပြေစေ ပါသည်။ နှစ်နှင့်ချီ အတွေ့ အကြုံအရ နှုတ်ကပတ်တော်ကို လေ့လာရန်အတွက် အိမ်အပေါ်ထပ်ကို ပို၍သဘောကျ နှစ်သက်မိပါသည်။ အိမ်အောက်ထပ် လေ့လာပါက တံခါးလာခေါက်သောသူကို တံခါးဖွင့်ပေးရန်လည်း လိုအပ်နိုင် သကဲ့သို့၊ ဟိုသွားသည်သွားနှင့် အချိန်ကုန်သွားနိုင်ပါသည်။ အစပထမပိုင်းတွင် နှုတ်ကပတ်တော်ကို ကျွန်ုပ် လေ့လာရန် ရွေးချယ်ခဲ့သည့်နေရာမှာ အိမ်အောက်ထပ်တွင်ဖြစ်ပြီး၊ ထို့ပြင် အိမ်ရှေ့တံခါးပေါက်နှင့်နီးသည့် နေရာ ဖြစ်၍ တံခါးခေါင်းလောင်းသံက ကျွန်ုပ်ကို အမြဲလို အနှောက်အယှက် ပေးလေ့ရှိပါသည်။ ထို့ပြင် အိမ်ရှေ့ ဧည့်ခန်းတွင်နှင့် တစ်အိမ်လုံးတွင် ပြောနေကြသည့် စကားလုံးများကို ကျွန်ုပ်ကြားနေရသည်။ ထို့ပြင် အိမ်သို့ အ လည်လာသောသူများက ကျွန်ုပ်ရှိနေသည်ကို လှမ်းမြင်နိုင်ရသည့်အတွက် ကျွန်ုပ်အတွက် အခက်အခဲ အနှောက် ယှက်များ ပိုဖြစ်စေပါသည်။ အချို့သောသူများမှာမူ အိမ်၌ သမ္မာကျမ်းစာကို လေ့လာခြင်းထက် ဘုရားကျောင်း၌ အနှောက်ယှက်ကင်းစွာ လေ့လာရခြင်းကို ပိုမိုနှစ်သက်တတ်ကြသည်။ မိမိ၏အိမ်၌ အခန်းလွတ်တစ်နေရာ မရှိပါက ထိုအရာကို စဉ်းစားသင့်ပါသည်။ ထို့ပြင် လိုအပ်သော စာအုပ်များကို လိုက်ရှာနေရ၍ အချိန်များလည်း ကုန်လွန်တတ်ပါသဖြင့် ကျွန်ုပ်တို့၏စာအုပ်များအားလုံးသည်လည်း တစ်နေရာတည်းတွင် စုစုစည်းစည်းရှိနေသင့် ပါသည်။ အားနည်းချက်တစ်ခုမှာ မမျှော်လင့်ထားသော သူများရောက်လာတတ်ခြင်းသည်လည်း တစ်နေရာတည်း တွင် စုစုစည်းစည်းရှိနေသင့်ပါသည်။ ကျောင်းရှိရုံးခန်းတွင် သမ္မာကျမ်းစာလေ့လာခြင်း၌ ကျွန်ုပ်တွေ့ရှိသောဖြစ် သည်။ ထို့ပြင် တစ်ခါတစ်ရံတွင် ဆန့်ကျင့်ဘက်အမျိုးသမီးများရောက်လာတတ်သည်ကိုလည်း ကျွန်ုပ် နှလုံးသား ထဲတွင် အမြဲတမ်း ကြိုတင်စဉ်းစားတတ်ပါသည်။ ဆန့်ကျင့်ဘက် အမျိုးသမီးတစ်ဦးနှင့် ကျွန်ုပ်တို့နှစ်ဦးတည်း ဘယ်သောအခါမျှ ဘုရားကျောင်း၌ ဖြစ်စေ၊ အိမ်၌ဖြစ်စေ တွေ့ဆုံတိုင်ပင်ခြင်းများမပြုရန် စည်းကမ်းတစ်ခုကို ကျွန်ုပ်ချမှတ် ကျင့်သုံးပါသည်။ မိမိ၏အိမ်၌လည်း ကျွန်ုပ်၏အမျိုးသမီးမရှိပါက မည်သည့် အမျိုးသမီးကိုမှ တွေ့ဆုံ တိုင်ပင်ခြင်းများကို မပြုတတ်ပါ။ လိင်မှုကိစ္စကြောင့် အချို့သောသူများပြိုလဲခဲ့ကြသည့်အတွက် ဤသို့သော စုံစမ်းနှောက်ရှက်ခြင်းများကို ကျော်ဖြတ်နိုင်ရန် သင်းအုပ်ဆရာများအနေနှင့် ကြိုတင်ပြင်ဆင်မှုများကို ပြုထား သင့်ပါသည်။


စည်းကမ်းရှိခြင်းအား အစားထိုးရန် မရှိ

နှုတ်ကပတ်တော် လေ့လာခြင်းအမှုအား လစ်လျူရှုရန်အတွက် အခြားသူများထက် ကျွန်ုပ်တို့သည် စုံစမ်း နှောက်ရှက်ခြင်း ခံကြရမည် ဖြစ်သည်။ လေ့လာဆည်းပူးခြင်းအမှုသည် အချိန်ပေးရန် လိုအပ်သည်သာမက၊ စည်း ကမ်းရှိရန်လည်း အလွန်ပင် လိုအပ်ပါသည်။ တစ်နေ့တာကို ကျွန်ုပ်တို့အစပြုသည်နှင့် အခြားသော အကြောင်းအ ရာမျိုးမျိုးတို့က ကျွန်ုပ်တို့၏နှလုံးသားကို ကြိုတင်နေရာယူ လွှမ်းမိုးနေတတ်ပါသည်။ မထင်မှတ်ဘဲ ပေါ်လာတတ် သည့်အခြေအနေများ ရှိလာတတ်ရာ ကျွန်ုပ်တို့၏နှုတ်ကပတ်တော်လေ့ခြင်းအတွက် အချိန်မပေးနိုင်စေရန် ချိန်း ခြောက်မှုများနှင့် ကျွန်ုပ်တို့ကြုံတွေ့နိုင်ပါသည်။ အရေးပေါ်ကိစ္စတိုင်းသည် အရေးကြီးသည့် ကိစ္စများ မဟုတ်ကြ ပါ။ “ဘာတွေက ကျွန်တော်တို့ရဲ့ နှုတ်ကပတ်တော် လေ့လာဆည်းပူးခြင်းအမှုအတွက် အတားအဆီးတွေ ဖြစ်သ လဲ” ဆိုသည့် မေးခွန်းကို အစဉ်အတိုင်း မိမိကိုကိုယ်မေးကာ  အခြေနေအရပ်ရပ်အတွက် အဖြေရှာထားရမည်။

ကျွန်ုပ်၏အမြင်အား ပြောရမည်ဆိုလျှင် ပေးပို့စာများကို ဖြေကြား ရေးသားရခြင်းသည်လည်း ပြန်လည် နှုတ်ကပတ်တော်လေ့လာခြင်းအတွက် အတားအဆီးတစ်ခု ဖြစ်သည်ဟု ထင်မိပါသည်။ ပေးပို့စာများ လက်ခံရ သည်ကို ကျွန်ုပ်နှစ်သက်မိပါသော်လည်း၊ ပြန်လည်ဖြေကြားပေးရန်မှ အချိန်များစွာပေးရသည့်အတွက် အခက် အခဲများ ရှိတတ်ပြန်သည်။ ပေးပို့စာများ တဖြည်းဖြည်းများလာကာ ကျွန်ုပ်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာမည် ကို ကျွန်ုပ်စိုးရိမ်မိပါသည်။ မနက်မိုးလင်းသည်နှင့် ပေးပို့စာများ ရောက်လာတတ်ရာ ထိုစာများကို မည်သို့ တုန့်ပြန် ရမည်ဟူ၍ ကျွန်ုပ်တို့ ချက်ခြင်းဆိုသလို စတင်အလုပ်ရှုပ်ရပါတော့သည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ မျှော်လင့် ထားသည်ထက် အချိန်များ ပိုမိုကုန်လွန်သွားတတ်ပါသည်။ ထို့ကြောင့် မနက်အစောပိုင်းတွင် ထိုပေးပို့စာများကို ပြန်လည်ဖြေကြားခြင်းမပြုရန် ကျွန်ုပ်စည်းကမ်းချက် ချမှတ်ထားသည်။ ပေးပို့စာများကို ပြန်လည်ဖြေကြားပေး ခြင်းအမှုသည် သမ္မာကျမ်းစာအားလေ့လာဆည်းပူးခြင်းအမှုလောက် အရေးကြီးသည်မဟုတ်၍၊ ညနေပိုင်း အချိန် များ (သို့) အခြားသူများက လာရောက် နှောက်ယှက်နိုင်သည့်အချိန်များတွင် ပြုလုပ်လေ့ရှိသည်။ အထူးသဖြင့် ညနေစာ မစားမှီ (သို့) စားပြီးသည့် အချိန်များတွင် ပေးပို့စာများကို ပြန်လည်ဖြေကြားပေးတတ်ပါသည်။

အကယ်၍ သင်သည် ဘုရားသခင်၏သိုးစုများကို ထိန်းကျောင်းခြင်းအမှုနှင့် နှုတ်ကပတ်တော် သင်ကြား ပေးခြင်းအမှုအတွက် သင်၏အသက်တာတစ်ခုလုံးကို ဆက်ကပ်ထားသည်ဆိုလျှင်၊ သင်၏မနက်ပိုင်းအချိန်ကို နှုတ်ကပတ်တော်လေ့လာရန်အတွက် အတတ်နိုင်ဆုံး သတ်မှတ်ထားရပါမည်။ ချို့ယွင်းချက် အချို့ရှိနိုင်ပါသော် လည်း၊ ပုံမှန်အားဖြင့် မနက်ပိုင်းသည် သင်၏နှုတ်ကပတ်တော် လေ့လာရန်အတွက် သီးသန့်အချိန် ဖြစ်နေရပါ မည်။ ဘုရားသခင် အံ့ဖွယ်အသုံးပြုခဲ့သည့် ပုဂ္ဂိုလ်တိုင်း ထိုကဲ့သို့ ပြုမူကျင့်သုံးခဲ့ကြရာ ၄င်းတို့၏အတွေ့အကြုံမှ ကျွန်ုပ်တို့ သင်ယူကြရမည်။ ဂျေအိပ် ဂျိုဝတ်သည် Fifth Avenue Presbyterian အသင်းတော်၌ အမှုတော် ဆောင်ရန် ဖိတ်ခေါ်ခြင်းကိုလက်ခံခဲ့ပြီးသည့်နောက် လန်ဒန်မြို့ Westminster Chapel ၌ သင်းအုပ်ဆရာ ဖြစ် လာခဲ့သည်။ သူ၏ အစီစဉ်ကို မိတ်ဆွေတစ်ယောက်ထံ အောက်ပါအတိုင်း ပြောပြခဲ့သည် –

“ဟိုဟိုဒီဒီနဲ့ တစ်နေ့တာလုံးလျှောက်သွားစေတဲ့ နာရီတိုင်းကို ကျွန်တော် တိုက်ခိုက်တွန်းလှန်တယ်။ ဒီနယ် မှာရှိတဲ့ သာသနာပြုတွေ နှုတ်ကပတ်တော် လေ့လာဖို့အတွက် သူတို့ရဲ့အချိန်တွေကို ဘယ်လိုအသုံးပြု ကြတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ နှုတ်ကပတ်တော် လေ့လာဖို့ အချိန်မရှိတော့လောက် အောင်ကို အပြင်ပိုင်းက ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုအခြေအနေမျိုး ကို အတိုက်အခံ လုပ်သွားမယ်။ အထင်လွဲရင်လည်း လွဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲကြပါစေ။ ကျွန်တော်ကတော့ အိမ်ရောက်ပြီဆိုတာနဲ့ နှုတ်ကပတ်တော် လေ့လာဆည်းပူးဖို့အတွက် သတ် မှတ်ထားတဲ့ မနက်ပိုင်းအချိန်ကို ဘာနဲ့မှလဲမှာမဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့ရဲ့ တရားပလ္လင်ကို နား ထောင်ဖို့ ထိုက်တန်တဲ့ တရားဒေသနာကို ယူဆောင်လာတဲ့သူတွေဘဲ ရှိစေချင်ရင်တော့ ကျွန်တော်တို့ အားလုံး ပြင်ဆင်မှုရှိကြရမယ်။ နယူးယောက်မှာ ကျွန်တော်ရဲ့ ဦးစားပေးအလုပ်က တရားဒေသနာ ဟောပြောခြင်းဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်” (A. Porritt: John Henery Jowett, Hodder and Stoughton, p. 146)

ဒေါက်တာ ဒဗလူအီး ဆန်စတာကလည်း ဤသို့ ပြောခဲ့သည်

“သူ့ရဲ့ မနက်ခင်းအချိန်တွေမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နက်နက်နဲနဲ လေ့လာပြီးတော့၊ လူတွေ စီမှာ ကြားပြောတဲ့သူ၊ သူ့ရဲ့ နှုတ်ကပတ်လေ့လာတဲ့အချိန်ကို ဘယ်သူကမှမနှောက်ယှက်စေလိုတဲ့သူ၊ သူ နေ့လည်စာစားတဲ့အထိ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်အား လေ့လာခြင်းနှင့် ဆင်ခြင် အောက်မေ့ခြင်း တို့ကို အပတ်တကုတ် ကြိုးစားတဲ့သူဟာ၊ သူထိန်းကျောင်းနေတဲ့ သိုးစုတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်အမှန်ကို တိုက်ကျွေးနိုင်တဲ့လူဖြစ်သလို၊ သူ့အတွက် အောင်မြင်မှုဆုလာဒ်တွေလည်း သေချာပါ တယ်။

အဲဒီလိုပြောတဲ့အခါမှာ သူ့ရဲ့တရားဒေသနာကို နားထောင်ဖို့ လူတွေအများလာကြမယ် (လာ လည်း လာနိုင်ပါသည်) လို့မဆိုလိုပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အသင်းသူအသင်းသား တွေရဲ့ အသက်တာမှာ မျှော်လင့်ခြင်းတွေနဲ့ ရင့်ကျက်ကြီးထွားလာမှာကိုတော့ ကျွန်တော် အတတ်ပြောရဲ ပါတယ်။ အရေအတွက်အရကြီးမားလာမယ်လို့တော့ မပြောရဲပေမယ့်၊ အသက်တာမှာတော့ ကြီးထွား လာကြမှာ အမှန်ပါဘဲ။ (Power in Preaching, qotedby Paul Sangster in Dr. Sangster, Epworth, p. 277f မှကောက်နှုတ်သည်)။

ပေးပို့စာများပင်လျှင် ကျွန်ုပ်တို့ကို ဤမျှလောက် အတားအဆီးဖြစ်စေသည်ဆိုလျှင် ဖုန်းခေါ်ဆိုခြင်းက ပို၍ကြီးမားသော အနှောက်အယှက်တစ်ခု ဖြစ်ပါလိမ့်မည်။ ဖုန်းတစ်ချက်ထမြည်လိုက်သည်က ကျွန်ုပ်တို့၏ နှုတ်ကပတ်တော် လေ့လာနေသည့် အခိုက်အတန့်ကို မည်မျှလောက် အနှောက်အယှက် ဖြစ်စေသည်ကို ကျွန်ုပ်တို့ သတိမထားတတ်ကြပေ။ ပြဿနာနှင့်ရင်ဆိုင်နေရသည့်သူများ ဖုန်းခေါ်လာလျှင် ကျွန်ုပ်တို့အားလုံး ပြန်လည် ပြောဆိုရန် စိတ်ဆန္ဒရှိကြသည်သာ ဖြစ်သည်။ အခက်အခဲများ၊ ပြဿနာများ ရှိစေအုန်း၊ မနက်ပိုင်း ဖုန်းခေါ်ဆိုခြင်း များ မပြုရန် ပြောပြထားလျှင် သာ၍ ကောင်းပါသည်။ မနက်ကိုးနာရီမှ နေ့လယ် ဆယ့်နှစ်နာရီအတွင်း မည်သူ ကမျှ ဖုန်းမခေါ်ကြရန် ပြောပြထားရာ သုံးနာရီလုံးလုံး အနှောက်အယှက်မရှိ နှုတ်ကပတ်တော်ကို ကျွန်ုပ် လေ့လာ ဖတ်ရှုနိုင်သည်ကို တွေ့ရ ပါသည်။

အထူးသဖြင့် ကျွန်ုပ်တို့သည် ကိုယ်တိုင် မိမိ၏အချိန်ကို ခွဲခန့်သတ်မှတ်ရသည်ဆိုလျှင် နံနက်ခင်းတိုင်း ကျွန်ုပ်တို့အား တွန်းအားပေးနေသည့် တွန်းအားတစ်ခုရှိနေရန်မှာ ပို၍အရေးကြီးပါသည်။ ကျွန်ုပ်အား စည်းကမ်း တကျ လုပ်ဆောင်နိုင်သောသည့် အသေးအဖွဲကိစ္စများကိုလည်း လျစ်လျူရှုမထားသင့်ပါ။ ဥပမာ - ကျွန်ုပ် နှုတ်က ပတ်တော် လေ့လာသည့် အချိန်တိုင်း၊ ဖိနပ်စီး၍ မလုပ်ပါ။ ဖိနပ်စီးခြင်းဆိုသည်မှာ သက်တောင့်သက်သာရှိခြင်း သဘောကို ဆောင်သည့်အတွက် အလုပ်လုပ်ချိန်တွင် ရူးဖိနပ်ကို ကျွန်ုပ် ဝတ်ဆင်တတ်ပါသည်။ အခြားသူများ အတွက် အကျိုးထူးချင်မှထူးမည်ဖြစ်သော်လည်း၊ ကျွန်ုပ်အတွက်မူ ထိုသို့ပြုခြင်းအားဖြင့် အလုပ်လုပ်ရာတွင် လေးနက်မှုရှိစေပါသည်။

နှုတ်ကပတ်တော်တရား လေ့လာဆည်းပူးရန် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များသည် ကျွန်ုပ်တို့၏ ခံစားချက် များကြောင့် မဖြစ်စေရန် အလွန် အရေးကြီးပါသည်။ ခံစားချက် (သို့) အခြေအနေသဘောအရ ကျွန်ုပ်တို့ လေ့လာ ဆည်းပူးမှုများကို ပြုလုပ်တတ်လျှင် အချိန်တိုအတွင်းပင် ပျင်းရိခြင်းများ ဝင်လာရုံတင်မက၊ ကျွန်ုပ်တို့၏ ပထမ ဦးစားပေးရမည့် အရာများမှာလည်း အလွဲလွဲအချော်ချော် ဖြစ်သွားနိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့စိတ်ရှိသည့် အ တိုင်းသာ လုပ်ဆောင်ပါလျှင် အလုပ်များစွာ လုပ်ဆောင်နိုင်တော့မည်မဟုတ်ပါ။ မည်သို့ပင် ကျွန်ုပ်တို့ ခံစားကြပါ စေ၊ ဆုံးဖြတ်ချက် ခိုင်မာစွာချ၍ နှုတ်ကပတ်တရားကို လေ့လာဆည်းပူးပါက၊ စိတ်လှုပ်ရှား စရာများကို ကျွန်ုပ်တို့ မြင်တွေ့လာမည် ဖြစ်ပြီး၊ ကျွန်ုပ်တို့ မျှော်လင့်မထားသည့် အရာများသောသမ္မာတရားများကို ရှာဖွေတွေ့ရှိလာကာ လန်းဆန်းမှုများကိုလည်း ရရှိလာကြမည်။

နှုတ်ကပတ်တော်လေ့လာဆည်းပူးရာတွင်ထားအပ်သည့် နောက်ထပ်စည်းကျမ်းချက်တစ်ခုမှာ မည်သည့် အရာကို အလျှင်ဦးဆုံး လေ့လာမည်ဟုဆိုကာ အစီစဉ်တကျ လုပ်ဆောင်သွားရန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်၏ရှေ့တွင် ရှိနေသည့် လုပ်ဆောင်ရမည့် အရာများကိုကြည့်ကာ လုပ်ချင်စိတ်များပင် ပျောက်သွားသည် အထိ ဖြစ်တတ်ပါသည်။ ထိုအခြေအနေကို ကျော်ဖြတ်နိုင်ရန်အတွက် စာရွက်တစ်ရွက်ကို လုပ်ဆောင်ရမည့် အရာများကို အစီစဉ်ကျ ရေးသားပြီးသည့်နောက် ၄င်းတို့အား ပြီးမြောက်ရန် လိုအပ်သည့် အချိန်အပိုင်းအခြားကို ခန့်မှန်းရေးသားထားလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းက ဆုံးဖြတ်ရန် ခက်ခဲသည့် အခြေအနေမျိုးကို ဆုံးဖြတ်နိုင်ရန် ကူညီသကဲ့သို့၊ မလုပ်ချင်တော့လောက်အောင် စိတ်ပျက်သွား သည့်အခြေအနေမျိုးကိုလည်း ကျော်လွှားစေနိုင် ပါသည်။ ထို့ပြင် မလုပ်လိုက်မိသည့် အချက်မရှိအောင်လည်း အထောက်အကူပြုပေးပါသည်။ ခေါင်းစည်းတစ်ခု တည်းအောက် လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့၌ အာရုံဆူးစိုက်နိုင်မှု အကန့်အသတ် ရှိကြသည်ကို ကျွန်ုပ်တို့အားလုံး လက်ခံကြပါသည်။ အလုပ်တစ်ခုကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ထိုအလုပ်အပေါ် ငြီးငွေ့လာနိုင်သည်။ ထို့ကြောင့် အခြားသောအလုပ်တစ်ခုကို ပြောင်းလုပ်လိုက်ခြင်းအားဖြင့် ပထမအလုပ်၌ ငြီးငွေ့ မှုရှိသော်လည်း၊ ဒုတိယအမှု၌မူ လန်းဆန်းမှုများနှင့် အစပြုနိုင်သည်ကို တွေ့ရပါသည်။ ကျွန်ုပ်၏ မနက်ပိုင်း အချိန်ကို အမြဲလို နှစ်ချိန်ခွဲ၍ အလုပ်လုပ်တတ်သည်။ ထို့ကြောင့် ကျွန်ုပ်အနေနှင့် လေ့လာဆည်းပူးရန် အကြောင်း အရာနှစ်ချက် အမြဲရှိသည်။ ထို့သို့ပြုလုပ်ခြင်းအားဖြင့် အလုပ်နှစ်ကို တစ်ပြိုင်နက်တည်း အပြီးသတ် လုပ်ဆောင် နိုင်သည်ကို တွေ့ရပါသည်။

ဖိအားများနှင့်ရင်ဆိုင်ရချိန် – အထွေထွေ စာပေများ ဖတ်ရှုခြင်းအတွက် အချိန်သတ်မှတ်ခြင်း

သင်းအုပ်ဆရာနှင့် ဓမ္မဆရာများအနေနှင့် တရားဒေသနာ ပြင်ဆင်ရာ၌ ဖိအားများနှင့် ရင်ဆိုင်ရသည့် အချိန်မျိုးရှိတတ်သည့်အတွက် အထွေထွေစာပေများကို ဖတ်ရှုရန်အတွက် အချိန်ပေးခြင်းမျိုးကို လိုအပ်သည့် အချိန်လည်း ရှိနိုင်ပါသည်။ နောက်တပတ်အတွက် (သို့) နောက်တစ်ခေါက် အတွက် တရားဒေသနာ ပြင်ဆင်ရမည် ဆိုသည့် စိတ်ကြောင့် ဖိအားများနှင့် ကျွန်ုပ်တို့ တစ်ခါတစ်ရံ ရင်ဆိုင်ကြရသည်။ ဤသို့သော အခြေအနေမျိုးတွင် ကျွန်ုပ်ကိုယ်တိုင်လည်း စိတ်ပျက်ဖူးသည်ကို ဝန်ခံရပေမည်။ သို့သော်လည်း ယခုတွင်မူ မိမိကိုယ်ကို သနားနေခြင်း သည် အမှုတော်ဆောင်ခြင်း၌ နေရာမရှိဟုဆိုဟာ အနည်းငယ် ပိုမိုကောင်းလာပြီဟု မိမိကိုယ်ကို ထင်မိပါသည်။ ကျွန်ုပ်တို့အနေနှင့် နှုတ်ကပတ်တော်အား နေရာအနှံ့လိုက်လာ၍ မဖတ်ရှုအားဘဲဖြစ်နိုင်သည် သို့မဟုတ် ထိုနှုတ်က ပတ်တော်နှင့်ဆက်နွယ်နေသည့် မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့၏ တရားဒေသနာဝေငှချက်များက အစီစဉ် အခြားအခြားသော စာအုပ်များကို မဖတ်ရွက်အားသည်လည်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့၏ တရားဒေသနာ ဝေငှချက်များက အစီစဉ်ကျနေမည်ဆိုလျှင် ကျွန်ုပ်တို့၏ နှုတ်ကပတ်တော်အပေါ် လေ့လာဆည်းပူ ခြင်းနှင့် ဖတ်ရှုခြင်းများသည် နှစ်ရှည်ကြာသည်နှင့်အမျှ သတိပင်မထားလိုက်သည့်အချိန်များ၌ တိုးတက် နားလည် မှုများ ရှိလာမည်ကို တွေ့ရမည် ဖြစ်သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးကို အစီစဉ်ကျ ခြုံငုံလေ့လာ၍ ဩဝါ များကို လေ့လာခြင်းထက် ပိုမိုကောင်းမွန်သော နည်းလမ်း မရှိပါ။ 

တစ်ပတ်တာ အစီစဉ် ရေးဆွဲထားခြင်း

ကျွန်ုပ်တို့အားလုံး တစ်ပတ်တာအတွင်း တူညီသည့် အချိန်ပမာဏရှိကြသော်လည်း၊ သေသေချာချာ ဂရု တစိုက် အစီစဉ်ဆွဲနိုင်သောသူသာလျှင် အချိန်ပမာဏအများဆုံးကို ရရှိပါသည်။ သင်းအုပ်ဆရာတစ်ယောက် အနေနှင့် အပတ်စဉ် တရားဒေသနာများကို အကောင်းဆုံး ပြင်ဆင်နိုင်ရန်အတွက် တစ်နေ့ကို လေးနာရီမျှကြာ နှုတ်ကပတ်တော်ကို လေ့လာရန် လိုအပ်သည်ကို ကျွန်ုပ်ကောင်းမွန်စွာ နားလည်ထားသည်။ ဤသို့ လုံးပန်းနေရ သည့် အခြေအနေအောက်တွင် ငြီးငွေ့သွားခြင်းမရှိစေရန် ကျွန်ုပ်၏ အစီအစဉ်များကို စနစ်တကျရေးဆွဲရန် ထား ရန် လိုအပ်သည်။ သင်းအုပ်ဆရာတစ်ယောက်စီတိုင်း၏ လုပ်ငန်းတာဝန်များမှာ အမျိုးမျိုးကွဲပြားကြရာ၊ ၄င်းတို့၏ အခြေအနေအလိုက် အစီစဉ်များကို စနစ်တကျ ရေးဆွဲထားကြရန် လိုအပ်သည်။ အထောက်အကူပြုပါမည် အကြောင်း သာမန်တပတ်တာအတွင်း ကျွန်ုပ်၏အချိန်သုံးပုံများကို တင်ပြလိုပါသည်။ တပတ်တွင် တနင်္ဂနွေ တစ် ရက်တည်း၌ တရားဒေသနာဝေငှရန် အချိန်နှစ်ချိန်ရှိသည်။ တစ်ချိန်မှာ ကလေးငယ်များအတွက် အထူးသီးသန့် အချိန် ဖြစ်သည်။ တနင်္လာနေ့ညနေပိုင်း၌ အသင်းတော်၌ ဆုတောင်းခြင်းကို ကျွန်ုပ်ရပြန်သည်။ ကြာသာပတေး ညတိုင်း နှုတ်ကပတ်တော် အတူတကွ လေ့လာခြင်းများကို ပြုလုပ်ကြသည်။ ထို့ပြင် လူငယ် အစီစဉ်များ၌ တရား ဒေသနာ ဝေငှရန်သော်လည်းကောင်း၊ တက္ကသိုလ်ကျောင်းများရှိ ခရစ်ယာန်ပေါင်းစုံအစည်းအဝေးမျိုး၌ တရား ဒေသနာ ဝေငှရန်အတွက်သော်လည်းကောင်း၊ အသင်းတော်ရှိ အမျိုးသမီးအစီစဉ်၌ သော်လည်းကောင်း၊ စသည် ဖြင့် အခြားအခြားသော အဖွဲ့အစည်း သို့မဟုတ် မိသားစုများထံမှ အကြောင်းအမျိုးမျိုးအတွက် တရား ဒေသနာ ဝေငှရန်အတွက် ဖိတ်ကြားခြင်းများကိုလည်း ထပ်လောင်းရန် လက်ခံရတတ်သေးသည်။ ဖိတ်ကြား အစီအစဉ် မှန် သမျှအတွက် ခေါင်းညိတ်ရန်မှာ အလွန် လွယ်ကူပါသော်လည်း၊ ထိုအစီအစဉ်များအတွက် ပြင်ဆင်ရန်အတွက်မူ အလွန်ပင် ခေါင်းခြောက်စေနိုင်ပါသည်။ ထို့ပြင် အသင်းတော်၌ အသုဘ သို့မဟုတ် အခြားအထူးအစီအစဉ်များ ရှိနေတတ်လျှင် ဖိတ်ကြားထားခြင်းအား လက်ခံထားသည့် အစီအစဉ်များက ကျွန်ုပ်တို့အပေါ် ဖိအားများစွာ ကျရောက်စေသည်။ ထိုသို့ဖြင့် အပတ်စဉ် တနင်္ဂနွေနေ့ တရားဒေသနာ ပြင်ဆင်ခြင်းအချိန်ကို ဖိတ်ကြားထားသည့် အစီအစဉ်တွင် ဝေငှရမည့် တရားဒေသနာအတွက် အချိန်ပေးခြင်းက အစားထိုး ဝင်ရောက်လာတတ် ပေသည်။ ဤသို့သော အခြေအနေကို ရှောင်ကြဉ်နိုင်ရန်အတွက် အခြား အခြားသော အစီစဉ်များ၌ (မည်မျှပင် ထိုအစီစဉ်၌ လူများပါစေ သို့မဟုတ် စိတ်ဝင်စားဖွယ် ကောင်းပါစေ) တရားဒေသနာ ဝေငှရန် ဖိတ်ကြားခြင်းများကို ကျွန်ုပ် ပြတ်ပြတ်သားသား ငြင်းဆိုသည်။ ထိုသို့ဆိုရာတွင် ဘုရားသခင်သည် ကျွန်ုပ်အတွက် ကိုက်ညီမည့် အစီအစဉ်များ နှင့် ဖိတ်ကြားမှုများကို ကျေးဇူးတော်အားဖြင့် စနစ်တကျ ပြင်ဆင်ပေးတတ်ပေသည်။ 

တနင်္ဂလာနေ့ မနက်အစော ပိုင်းတွင် ညနေပိုင်း ဆုတောင်းအစည်းအဝေးတွင် ခွန်အားပေးရန်အတွက် ကျွန်ုပ် ရှေးဦးစွာ ပြင်ဆင်သည်။ ဤ တွင် ဆုတောင်းခြင်းအစီစဉ်၌ ခွန်အားပေးနိုင်ရန်အတွက် ကျမ်းပိုဒ်တစ်ပိုဒ်ကို ပြင်ဆင်သည်။ အများဆုံး ဆယ်မိနစ်ခန့်သောအချိန်ကို ဤနေရာတွင် ကျွန်ုပ်အသုံးပြုပါသည်။ ဤသို့ပြုရခြင်း အကြောင်းမှာ ဆုတောင်းခြင်း အစီအစဉ်သည် သမ္မာကျမ်းစာလေ့လာဆည်းပူးခြင်း၏ အဓိကအကြောင်းအရင်း မဟုတ်သည့်အတွက်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ အတူတကွ ဆုတောင်းကြရန် လာရောက်ကြခြင်း၏ အဓိက ရည်ရွယ်ချက် ဆုတောင်းခြင်း၏ အကျိုးရလဒ်တိုတိုနှင့်လိုရင်းကို ပြောရမည်ဖြစ်သောကြောင့် ၄င်းအတွက် ပြင် ဆင်ရန်မှာ နာရီဝက်နှင့် လုံလောက်သည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။ 

ဆုတောင်းအစည်းအဝေးအတွက် ပြင်ဆင်ပြီးသည့်နောက်၊ ယခုလာမည့် တနင်္ဂနွေနေ့တွင် မည်သည့် ကျမ်းပိုဒ်မှ ဝေငှရမည်ကို ဆုံးဖြတ်ပြန်သည်။ အကယ်၍ ကျွန်ုပ်သည် သမ္မာကျမ်းစာကို အစီစဉ်လိုက်ဟောကြား နေပါက သို့မဟုတ် သမ္မာကျမ်းစာပါ လူပုဂ္ဂိုလ်များအကြောင်းကို ဟောကြားနေပါက မည်သည့်ကျမ်းပိုဒ်မှ တရား ဒေသနာဝေငှရမည်နည်းဟူ၍ ပူပန်စရာအကြောင်း မရှိတော့ပေ။ ဤသည်မှာ နှုတ်ကပတ်တရားကို အစီစဉ်တကျ ဟောကြားခြင်း၏ အားသာချက်ဖြစ်သည်။ မည်သည့်ကျမ်းချက်ကိုမှ မည်သည့်တရားဒေသနာကို ဝေငှနေရမည် ဟူ၍ စိုးရိမ်စရာအကြောင်း မရှိနိုင်တော့ပေ။

ဤသို့ပြင်ဆင်ရာတွင် သက်ဆိုင်ရာ နှုတ်ကပတ်တော်နှင့် စပ်လျဉ်း၍ ကျွန်ုပ်၏ ဦးခေါင်းထဲဝင်လာသည့် ထင်မြင်ယူဆချက်မှန်သမျှကို စာရွက်တစ်ခုပေါ်တွင် ရေးချပါသည်။ ဤသို့ရေးကျရာတွင် မနက်ပိုင်း အစီစဉ် အတွက် တစ်မျိုး၊ ညနေပိုင်းအစီစဉ်အတွက် တစ်ဖုံဟူ၍ ဖြစ်သည်။ ထို့ပြင် ခေါင်းထဲဝင်လာသည့် ထင်မြင် ယူဆချက်များကို အစီစဉ်ကျကျ ရေးချ ခြင်း မပြုသေးဘဲ၊ စိတ်ထဲ ဝင်လာသည့် အရာများအားလုံးကို ချက်ခြင်း ရေးချတတ်ပါသည်။ ထို့နောက် ထိုလုပ်ဆောင်ချက်နှစ်ချက်ကို ချန်ထားလိုက်သည်။ ချန်ထားလိုက်သည်ဟု ဆို ရာတွင် စားဖွယ်ရာတစ်ခုခုကို ချက်ပြုတ်ရန် အသင့်ပြင်ချန်ထားသည့် သဘောမျိုးဖြစ်သည်။ ဤနေရာတွင် အင်္ဂါ နေ့သည် ကျွန်ုပ်၏နားရက်ဖြစ်ကြောင်းကို ပြောပြလိုသည်။ ပထမရက်ဖြစ်သော တနင်္လာနေ့တွင် ဤသို့ ပြင်ဆင် မှုများကို ပြုလုပ်ရခြင်းမှာ နောက်လာမည့် နေ့ရက်များတွင် ပြန်လည်လန်းဆန်းရန်အတွက် ရက်ချိန်ပိုရသည့် အတွက်ဖြစ်သည်။ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် အခြေခံကျသော ပြင်ဆင်မှုများသည် တပတ်တာ ကျန်ရက် များတွင် ထိုပြင်ဆင်ထားသော တရားဒေသနာကို မည်သို့မည်ပုံ ဝေငှရမည်ဆိုသည့် အခြေခံလိုအပ်ချက်များကို သတိမထားမိလိုက်သည့် အချိန်များတွင် ဦးနှောက်ထဲ၌ စုဆောင်းမိနေတတ်သည်။ တနင်္လာနေ့တွင်ပင် ကြာသာပ တေးနေ့ သမ္မာကျမ်းစာ လေ့လာခြင်း အတွက်ကိုလည်း ပြင်ဆင်ထားပါသည်။

ဗုဒ္ဓဟူးနေ့တွင်မူ ကြာသာပတေးနေ့တွင် ပြုလုပ်မည့် သမ္မာကျမ်းစာလေ့လာခြင်းအတွက် အကြမ်း ပြင် ဆင်ထားသည့်အရာများကို အချောသတ်ပါသည်။ ထိုပြင်ဆင်မှုကို မနက်အစောပိုင်း၌ အချောမသတ်နိုင်ပါက၊ (သင်းအုပ်ဆရာ တစ်ဦးအနေနှင့် လုပ်ဆောင်ရမည့် အခြားကိစ္စများ မရှိခဲ့ပါလျှင်)၊ နေ့လယ်ပိုင်း နောက်ပိုင်းတွင် အပြီးသတ်နိုင်အောင် လုပ်ဆောင်ပါသည်။ ညနေပိုင်းတွင် သင်ကြားပေးမည့် အရာများကို ထိုကြာသာပတေး၌ လေ့လာပြင်ဆင်မှုများကို ကျွန်ုပ်မပြုလုပ်တတ်ပါ။ အကယ်၍ ကြာသာပတေးနေ့တိုင်အောင် ကျွန်ုပ်၏ ပြင်ဆင်မှု များကို အဆုံးသတ်နိုင်ခြင်း မရှိခဲ့ပါလျင် ဗုဒ္ဓဟူးနေ့ညတစ်ညလုံး ကျွန်ုပ် စိတ်မကောင်းဘဲ ဖြစ်နေရသည်။ နောက် မနက်မိုးလင်းသည်နှင့် အလောတကြီး သင်ကြားပေးမည့် သင်ခန်းစာကို အဆုံးသတ်ပြင်ဆင်ရသည့်အတွက် ဖိ အားများ ဖြစ်လာတတ်သည်။ ကျွန်ုပ်တို့ အမှန်တကယ် ဖိအားများအောက် ကျရောက်နေသည့် အချိန်များတွင် ဘုရားသခင်သည် အမှန်တကယ် ကူညီလမ်းပြပေးပါသော်လည်း၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်လုပ်ဆောင်မှုကြောင့် ခံရ ပါသော ဖိအားများအတွက် ဘုရားသခင်အား အကူအညီပေးရန် ကျွန်ုပ် မတောင်းလျှောက်ရဲပါပေ။

ကြာသာပတေးမနက်ပိုင်းတွင် တနင်္ဂနွေနေ့ မနက်ပိုင်းအစီအစဉ်အတွက် ပြင်ဆင်ထားသော တရားဒေသ နာကို အချောသတ်၍၊ သောကြာနေ့မနက်ပိုင်းတွင်မူ တနင်္ဂနွေညနေပိုင်း တရားဒေသနာကို အချောသတ်ပါသည်။ စနေနေ့မနက်တွင်မူ ပြင်ဆင်ထားသော တရားဒေသနာများကို အသေအချာ ပြန်လည်စစ်ဆေး၍၊ လက်တွေ့ လေ့ကျင့်မှုများကို ပြုလုပ်ပါသည်။ ထို့နောက် ပိုနေသေးသည့် အချိန်များရှိပါက နောင်လာမည့်အပတ်တွင် ဖိတ် ကြားထားသည့် အစီအစဉ်များအတွက် ပြင်ဆင်ခြင်းများကို ပြုလုပ်သည်။ ဖိတ်ကြားထားခြင်းမျိုး မရှိပါက၊ တနင်္လာနေ့တွင် ပြင်ဆင်ရမည့် အရာများအတွက် ကြိုတင် ရွေးချယ်မှုများကို ပြုလုပ်ပါသည်။ ဤစနစ်သည် နှစ်ပေါင်းသုံးဆယ်လုံးလုံး သမရိုးကျ ကျွန်ုပ်လုပ်ဆောင်ခဲ့သည့် စနစ်ဖြစ်ပါသည်။ ဤအရာများအားလုံးကို ခြုံ ကြည့်လိုက်ပါက အခြားသော စာအုပ် များ ဖတ်ရှုရန် အချိန်မရှိတော့သည်ကို သင် တွေ့မြင်ရပါမည်။ အခြားသော အမြင်ဖြင့်ကြည့်မည်ဆိုလျှင် နှစ်ပေါင်းသုံးဆယ်လုံးလုံး ကျွန်ုပ်လေ့လာခဲ့သည့်အရာမှာ သမ္မာကျမ်းစာတစ်ခု တည်း၌သာ အခြေပြုသည်ကို တွေ့မြင်နိုင်ပါလိမ့်မည်။ ခြားနားကြသည့် အခြေအနေအမျိုးမျိုးတို့အတွက် ကွဲပြား ခြားနားသည့် အစီစဉ်များကို လိုအပ်ကြပါသော်လည်း - အကန့်အသတ်ရှိသော ကျွန်ုပ်တို့၏ အချိန်များကို အကျိုး ရှိစွာ အသုံးပြုလိုပါက စည်းကမ်းနှင့်ဆောက်တည်ထားသော အစီအစဉ်တို့ကို လွဲရှောင်၍မရနိုင်ပါပေ။

စာအုပ်စာပေများ

သင်းအုပ်ဆရာတစ်ဦး၏ စာအုပ်စာပေများသည် အိမ်တစ်အိမ် ပရိဘောဂများသဖွယ် အရေးပါလှပါ သည်။ ဆယ့်ရှစ်ရာစုအဆုံးပိုင်းနှင့် ဆယ့်ကိုးရာစုအစပိုင်း၌ လူငယ်များကို သာသနာပြုရန်အတွက် သင်တန်း ပေးရာတွင် အလွန်နာမည်ကြီးခဲ့သူမှာ ဒေါက်တာ ဒေးဗိဒ်ဗိုကွီ ဖြစ်ရာ၊ သူ၏ သင်တန်းကျောင်းမှာ ဗိုကို အကယ်ဒမီ ဟူ၍ အမည်ရသည်။ ဒေါက်တာဗိုကွီက သာသနာပြုများနှင့်ဆိုင်သော အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေး နွေးမှုများဖြစ်ခဲ့ရာ သူမေးခဲ့သည့် မေးခွန်းတစ်ခုမှာ “သာသနာပြုတစ်ယောက်ရဲ့ စာကြည့်တိုက်အတွက် ငွေကြေး ဘယ်မျှလောက်အသုံး ပြုသင့်သည်နည်း” ဟူ၍ မေးခဲ့သည် (I.Muray: The Puritan Hope, Ban- ner of Truth, p. 148)။ ကျွန်ုပ်တို့အားလုံး ကိုယ့်အထင်နှင့်ကိုယ် အဖြေပေးနိုင်ကြပါသော်လည်း၊ ဤမေးခွန်းတွင် စာအုပ်စာပေ၏ အရေးကြီးလှပုံကို ဖော်ပြထားသည်မှာ ထင်ရှားပါသည်။

စာအုပ်စာပေများသည် နှုတ်ကပတ်တော် လေ့လာဆည်းပူးခြင်း၌ လိုအပ်သောလက်နက်များ ဖြစ်ကြ သည်။ စာအုပ်စာပေဖတ်ရှုခြင်းအတွက် တစ်စိတ်တစ်ဒေသ အရေးပါလှပါသည်။ သာသနာလုပ်ငန်း အတွက် မရှိမဖြစ် လိုအပ်သောလက်နက်များ ဖြစ်ကြသည်။ စာအုပ်စာပေဖတ်ရှုခြင်းအတွက် အချိန်သည် အလွန် တန်ဖိုးကြီးမားလှပေရာ၊ အစဉ်မတည်မြဲသည့် တည်းစေလိုပါ။ ကျွန်ုပ်တို့စိတ်နှင့် အတွင်းလူတို့ကို သန်မာစေသာ စာအုပ်စာပေများကို ဖတ်ရှုရမည်။ ဖတ်ရှုရန် တန်ဖိုးရှိသည့် စာအုပ်တစ်အုပ်ကို နေ့လရှည်ဖတ်ရှုခြင်းသည် ဟို နည်းနည်း ဒီနည်းနည်း ဖတ်ရှုခြင်းမျိုးထက် ပိုမိုကောင်းမွန်ပါသည်။ တစ်နေ့တွင် နာရီဝက် စာဖတ်ရန် အချိန်ပေး လျှင် နှစ်များကြာလာသည်နှင့်အမျှ ကျွန်ုပ်တို့ဖတ်ရှုသော စာအုပ်စာပေပမာဏမှာလည်း အလွန်များပြားမည် ဖြစ် ကြောင်းကို နှလုံးသွင်းထားရပါမည်။ 

ကျွန်ုပ်တို့ စတင်ဖတ်ရှုရမည့် စာအုပ်စာပေများမှာ သမ္မာကျမ်းစာနှင့် စပ်လျဉ်းသော မူရင်းဘာသာ စကား များဖြစ်သည့် ဟေဗြဲနှင့် ဂရိဘာသာများကို အနက်ဖွင့်ပေးသည့် စာအုပ်ကောင်းများ ဖြစ်ရမည်။ ဒုတိယအနေနှင့် သမ္မာကျမ်းစာတစ်အုပ်လုံးကို အနက်ဖွင့်ထားသည့် စာအုပ်မျိုးကို ဖတ်ရှုရမည်။ ကျွန်ုပ်တို့ ဝေငှနေသည့် တရား ဒေသနာအခြေပြုရာ ကျမ်းအုပ်မှ စတင်ဖတ်ရှုရမည်။ တတိယအနေနှင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းဆိုင်ရာ အစီစဉ် တကျ ရေးသားထားသော သီဩလိုဂျီစာအုပ်တစ်အုပ်ကို ဖတ်ရှုရမည်။ ထို့ပြင် သင်သည် အစီစဉ်တကျ ရေးသား ထားသော သီဩလိုဂျီစာအုပ်တစ်အုပ်ကို သိရှိထားပါက သင်၏သမ္မာကျမ်းစာ တစ်အုပ်လုံးအပေါ် အနက်ဖွင့်ချက် နှင့် နှိုင်းယှဉ်ခြင်းအားဖြင့်လည်း သမ္မာကျမ်းစာက မည်သို့ပြောဆိုထားသည်ကို နက်နက်နဲနဲ လေ့လာဆည်းပူး နိုင်မည်ဖြစ်သည်။ ထို့ပြင် ဖတ်ရှုနေသည့် စာအုပ်၏လိုအပ်ချက်များကိုလည်း ထပ်လောင်း၍ ဖြည့်စွက်လာနိုင် မည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ခရစ်ယာန်တို့၏ ဩဝါဒနှင့်စပ်လျဉ်း၍ အရေးကြီးသည့် အချက်တိုင်းကို ရေးချမှတ်သားခြင်းသည်လည်း ကျွန်ုပ်တို့မှတ်ဥာဏ်တွင် ပို၍ထင်ကျန်စေသည်။ သင်းအုပ်အရာကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်သောကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် ဆရာများနှင့်ဓမ္မဆရာများ၏ တာဝန်ဝတ္တရားမှာ ကျွန်ုပ်တို့ လည်း ကျွန်ုပ်တို့ ယုံကြည်သောအရာများ၌ သေသေချာချာ နှံ့နှံ့စပ်စပ် နားလည်သင်ယူထားမှသာလျှင် ဖြစ်နိုင်ပေ မည်။ စတုတ္ထအနေနှင့် နှစ်တာရှည်ခဲ့သော်လည်း ယနေ့တိုင် စာရှုသူများ၏ အသက်တာကို ပြောင်းလဲစေသော ခရစ်ယာန် ဂန္တဝင်စာအုပ်စာပေများကို ဖတ်ရှုရမည်။ ပဉ္စမအနေနှင့် ယုံကြည်သူများ၏ နေ့စဉ်အသက်တာ ဖြစ် သည့် မည်သို့  ပြုမူပြောဆိုရမည်၊ သာသနာလုပ်ဆောင်ခြင်းနှင့် ဧဝံဂေလိဝေငှခြင်း စသည့်စာအုပ်စေပေများကို ဖတ်ရှု ရပါမည်။ ဆဌမအနေနှင့် ယုံကြည် သူရဲကောင်းများ၏ အတ္တုပ္ပတ္တိများကို ဖတ်ရှုရမည်။ ထိုကဲ့သို့ ဖတ်ရှုခြင့် အားဖြင့် ၄င်းတို့၏ ယုံကြည်ခြင်းများနှင့် ပေးဆပ်မှုတို့သည် ကျွန်ုပ်တို့အတွက် စံနမူနာယူစရာများ ဖြစ်စေပါ သည်။ နောက်ဆုံးအနေနှင့် ထွက်ရှိနေသည့် ခေတ်ပြိုင်စာအုပ်များကို လည်းဖတ်ရှုပါမည်။ သို့မှသာ ကျွန်ုပ်တို့ သည် အမြင်ကျယ်၍ ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် သတင်းများနှင့် အဆက်အသွယ် ပျက်မသွားစေရန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဝေငှခြင်းအမှုသည် ကောင်းမွန် ပြင်ဆင်သွေးထားသည့် နှလုံးသား မျိုးကိုတောင်းခံသည်ဖြစ်ရာ၊ အင်္ဂလိပ်ပညာပိုင်းကိုလည်း ကျွန်ုပ်တို့လျစ်လျူရှုချန်ထားခဲ့ရန် မဟုတ်ပေ။ ကျွန်ုပ် တို့၏ နေ့စဉ်သတင်းကိုပင် ဖတ်ရှုခြင်းအားဖြင့် ခရစ်ယာန်တစ်ဦးအနေနှင့် မည်သို့တုန့်ပြန် ယုံကြည်ရမည်ဟူ၍ နေရာတိုင်းတွင် အချိန်ပေးနိုင်ပါသည်။

လေ့လာဆည်းပူးခြင်း၏ အသီးအပွင့်များအား သိုလှောင်ထားခြင်း

  ထိရောက်သော ဓမ္မဆရာတိုင်းသည် နှုတ်ကပတ်တော်တရားကို လေ့လာခြင်းမှ ပူးပွင့်လာသော အသီး အပွင့်များကို အစဉ်အတိုင်း တိုးပွားစေသည့်အပြင် သိုလှောင်ထားတတ်ကြသည်။ နှုတ်ကပတ်တော်၏ နက်နဲ သောအရာများကို ဟောကြားနေစဉ်ထက် ပြင်ဆင်နေသောအချိန်တွင် ကျွန်ုပ်တို့ ပိုမိုတွေ့မြင်ကြပါသည်။ ကျွန်ုပ် တို့ တူးဖော်တွေ့ရှိထားသော အရာမှန်သမျှကို ချမှတ်ရေးသားခြင်းသည် အနာဂတ်သာသနာလုပ်ငန်းအတွက် မရှိ မဖြစ် လိုအပ်ပါသည်။ ကျွန်ုပ် မည်သို့မည်ပုံ လုပ်ဆောင်သည်ကို အခြားသောသူများအား ဝေငှရာတွင် အထောက် အကူဖြစ်စေသည်ကို တွေ့မြင်ရပါသည်။ ထိုသို့ ကျွန်ုပ်၏နည်းစနစ်ကို ဝေငှပါရာတွင်  ကျွန်ုပ်လုပ်ဆောင်သည့် အ တိုင်း တိတိကျကျ ကူးယူ လုပ်ဆောင်ရန် ရည်ရွယ်ခြင်း မဟုတ်ပဲ၊ စာရှုသူများလည်း ကျွန်ုပ်၏ လုပ်ဆောင်ခြင်း များကို ကြည့်ခြင်းအားဖြင့် အသစ်သစ်သောအကြံဥာဏ်ကောင်းများကို ရရှိကြကာ နှုတ်ကပတ်တော် ဆည်းပူး ခြင်းမှ သီးပွင့်သော အသီးအပွင့်များကို အကောင်းဆုံး အသုံးပြု နိုင်စေရန် ဖြစ်ပါသည်။

ပထမအနေနှင့် သမ္မာကျမ်းစာကို အက္ခရာစဉ်အတိုင်း (Biblical Index)လေ့လာမှုကို ကျွန်ုပ်ပြုပြီးနောက်၊ ခေါင်းစည်း အက္ခရာစဉ်အတိုင်း (Subject index) ကျွန်ုပ်လေ့လာပါသည်။ ကျွန်ုပ်၏ နည်းစနစ်မှာ သမ္မာကျမ်းစာ တစ်ခန်းစီတိုင်းအတွက် ကဒ်ပြားတစ်ကဒ်စီ ထားထားပါသည်။ အခန်းကြီးအားလုံးအတွက် ခေါင်းစည်းများ ကြို တင် ရှာဖွေထားရန် မလိုအပ်ပါ။ သို့သော်လည်း ကျွန်ုပ်တို့ ကျမ်းစာဖတ်ရှု၍ ခွန်အားရသည့်အတိုင်း ခေါင်းစည်း များကို မှတ်သားထားနိုင်ပါ သည်။ ဥပမာအနေနှင့် ဖိလိပ္ပိ ၁း၆ ကို လေ့လာကြည့်ပါစို့။ အကယ်၍ ထိုကျမ်းချက်မှ ခရစ်ယာန်များ၏အသက်တာတွင် ဘုရားသခင်၏အမှုပြုခြင်းကို ကျွန်ုပ်ဖတ်ရှုရသည့်အတွက် – အသင့်ရှိထား သော ကဒ်ပြားပေါ်တွင် ဖိလိပ္ပိ၊ ၁း၆ ဟု ရေးကာ (A. N. other: A Helpful book p. 100 ကို ကိုးကား ဖတ်ရှုပါ)၊ ယုံကြည်သူများ၏ အသက်တာတွင် ဘုရားသခင်၏ အမှုပြုခြင်းသည် ဘုရားသခင်၏ သစ္စာရှိခြင်းနှင့် ဆက်ဆိုင် နေသည့်အတွက် ဖိလိပ္ပိ၊ ၁း၆ ၏ ခေါင်းစည်းအောက်တွင် – ဘုရားသခင်၏ သစ္စာရှိခြင်း ဟူ၍ ရေးသားရပါသည် (A. N. other: A Helpful book p. 100 ကို ကိုးကား ဖတ်ရှုပါ)။ ကျွန်ုပ်တို့၏ အသက်တာ၌ ကောင်းမြတ်သည့် အမှုတော်မြတ်အား ပြုလုပ်ခြင်းအပေါ် ဘုရားသခင်၏သစ္စာရှိခြင်းအကြောင်းကို ဖော်ပြပေးသည်။ ထို့ပြင် ဤ ကျမ်းပိုဒ်တွင် ခေါင်းစည်း အက္ခရာ စဉ်တစ်ခု ကိုလည်း ကောက်ယူနိုင်ပါသည်။ ဤကျမ်းချက်တွင် ဖြစ်ပျက်သည့် အရာမှာ ကျွန်ုပ်တို့ ဒုတိယအကြိမ် မွေးဖွားရာမှ အစပြုသည့်အတွက် အသစ်တဖန် မွေးဖွားခြင်း ဟုဆို၍ ခေါင်းစည်း အက္ခရာစဉ်ကို ရေးသားနိုင်ပါသည်။ ထိုသို့ပြုခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်း အကြောင်းနှင့် သက် ဆိုင်သောကျမ်းပိုဒ်ကို ကျွန်ုပ်ရှာဖွေသည့်အခါတွင် ကျွန်ုပ်ပြင်ဆင်ထားသော ခေါင်းစည်းအက္ခရာစဉ်က အလွယ် တကူ ရှာဖွေနိုင်ရန် ကူညီပေးမည်ဖြစ်သည်။ 

တစ်ခါတစ်ရံ အနက်ဖွင့်ကျမ်းများကို ဖတ်ရှုရင်းမှ ဖတ်ရှုနေသည့် ကျမ်းပိုဒ်နှင့် လုံးဝမသက်ဆိုင်သည့် အတွေးအခေါ်ကောင်းလေးများ ပေါ်လာတတ်လေ့ရှိသည်။ ထိုအတွေးအခေါ်လေးများကို ကျွန်ုပ်တို့ ချက်ခြင်း ဆိုသလို မှတ်သားထားခြင်းမရှိပါက မေ့တတ်သောကြောင့် သို့မဟုတ် ဖတ်ရှုသည့်ကျမ်းပိုဒ်ကို မမှတ်မိတော့ သည့်အတွက်ကြောင့် မေ့ပျောက်သွားမည်မှာ သေချာပါသည်။ ဤပြဿနာကို ခေါင်းစည်းအက္ခရာစဉ် ပြုလုပ် ခြင်းအားဖြင့် ဖြေရှင်းနိုင်ပါသည်။ လေ့လာရင်းနေရင်းနှင့် ခေါင်းစည်းအက္ခရာစဉ် စာရင်းပြုစုခြင်းသည် အာရုံစူး စိုက်မှုကို နည်းပါးစေပါသည်။ ထို့ကြောင့် နှုတ်ကပတ်တော်လေ့လာနေစဉ်တွင်မူ ထွက်ပေါ်လာသော အကြံဉာဏ် များ၊ နှုတ်ကပတ် တော်တရားများကို စာရွက်ကြမ်းတစ်ရွက်ပေါ်တွင် အကြမ်းရေးသားပြီးသည့် နောက်မှသာလျှင် ခေါင်းစည်း အက္ခရာစဉ်စာအုပ်တွင် ပြန်လည် အချော သတ်မှတ်စုပြုပါသည်။

“စာကို ကြိုးစား၍ကြည့်ခြင်းအမှုသည် ကိုယ်ကို နှောက်ယှက်ခြင်းအကြောင်း ဖြစ်၏” ဟု ဆိုကာ ဒေသနာ ကျမ်းကို ရေးသားခဲ့သည့် သူက လက်တွေ့စံစံ ပြောပြထားပါသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့အနေနှင့် စာပေလိုက် စားကြီး၏ အရေးကြီးပုံကို သိရှိနားလည်သကဲ့သို့၊ ၄င်းကို အလွန်အကျွန် လေ့လာခြင်း၏ အကျိုးရလဒ်ကိုလည်း သတိထားကြရမည် ဖြစ်သည်။ နှုတ်ပတ်တော်အား လေ့လာဆည်းပူးခြင်းသည် ပညာလေ့လာသည့် သဘော အဆင့်လောက်နှင့် အဆုံးမသတ်ပါပေ။ ၄င်း၏ရည်ရွယ်ချက်မှာ ဘုရားသခင်၏သိုးစုများကို ကျွေးမွေးပြုစုရန် အတွက် ဖြစ်ပါသည်။ သိုးထိန်းတစ်ဦး သို့မဟုတ် ဆရာတစ်ဦးအနေနှင့် ဘုရားသခင် ခေါ်ဆိုရာတွင် အားသာချက် တစ်ခုမှာ ကျွန်ုပ်တို့၏အချိန်များအားလုံးကို လေ့လာခြင်းအမှု တစ်ခုတည်းအတွက် ပေးထား၍ မရခြင်းပင် ဖြစ် သည်။ အလွန်အကျွံလေ့လာခြင်းသည် ကောင်းကျိုးကို မပေးတတ်၊ လေ့လာခြင်း အမှုမှန်သမျှသည် ကျွန်ုပ်တို့၏ လက်တွေ့အသက်ရှင်ခြင်းနှင့်အစဉ် ဒွန်တွဲ နေရကြရမည် ဖြစ်သည်။ 

သမ္မာကျမ်းစာ၏ ညွှန်ကြားချက်များ

တိမောတေအား ရှင်ပေါလု အကြံပြုခဲ့သည့် အရာများသည် ရှင်းလင်းပျက်သားသည့် ညွှန်ကြားချက်များ ဖြစ်ကြပါသည် ...“ငါမလာမှီတိုင်အောင်၊ ကျမ်းစာကိုဖတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်း ကို ကြိုးစား၍ ပြုလော့။ ဗျာဒိတ်တော်ကိုခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေး သောဆုကျေးဇူးကို မပြုဘဲမနေနှင့်။ သင်၏ တိုးပွါးခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့ - သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သောဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သ ခြင်းငှါ ကြိုးစားအားထုတ်လော့” (၁တိ၊ ၄း၁၃-၁၅၊ ၂တိ၊ ၂း၁၅)။ 

လေ့လာဆည်းပူးခြင်းအမှုသည် ဘုရားသခင်၏နှုတ်ကပတ်တော်တရားအပေါ် ကျွန်ုပ်တို့၏တန်ဖိုးထားမှု နှင့် အမှုတော်မြတ်၌ မည်မျှ ဆက်ကပ်မှုရှိကြောင်းကို ပေါ်လွန်စေပါသည်။ ကျွန်ုပ်တို့၏အကောင်းဆုံး ကြိုးစား အားထုတ်မှုကိုတောင်းခံပါသည်။ လေ့လာဆည်းပူးခြင်းအမှု၌ ကျွန်ုပ်တို့အားလုံး လုံ့လဝိရိယစိုက်ထုတ်ကြရမည်။ အခြားသူများထံ၌ မျှော်လင့်ထားသည့်နည်းတူ ကျွန်ုပ် တို့အပေါ်၌ ဘုရားသခင် မျှော်လင့်သည် မဟုတ်ပါ။ ကျွန်ုပ် တို့မည်သည့်အရာကို တတ်နိုင်သည်ဆိုသည့်အချက်ကို ဘုရားသခင်သည် ကြိုသိနေသည့်နည်းတူ၊ ထိုတတ်နိုင် သည့်အရာကိုသာ မျှော်လင့်တော်မူသော ဘုရားသခင်ဖြစ်တော်မူသည်။ ကျွန်ုပ်တို့အား တွန်းအားပေးသည့်အ ကြောင်းသည် ဘုရားသခင်သိမှတ်မည်ဆိုသည့်မျှော်လင့်ချက်ပင်ဖြစ်သည်။ “သတင်းကောင်း၏အမှုတော်ဆောင်” ဆိုသည့် သူ၏စာအုပ်တွင် အေဒဗလူပင့်ခ်က “ပျင်းရိသော သူကဲ့သို့မဟုတ်ဘဲ “ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်” ရမည်ဟု တိုက်တွန်းထား သည် (၂တိ၊ ၂း၁၅)။ လယ်သမားတစ်ဦးက လယ်ခင်းထဲတွင် အချိန်အသုံးများသကဲ့သို့၊ ရုံးထိုင်တစ်ဦးက ၄င်း၏ ရုံးခန်းတွင် အချိန်သုံးများသကဲ့သို့ အလုပ်သမားက ၄င်း၏အလုပ်ရုံတွင် အချိန်သုံးများသကဲ့သို့ နှုတ်ကပတ်တော် ၏အမှုတော်ဆောင်သည် မနက်ပိုင်းစောစီးစွာ နိုးတတ်သောသူ သို့မဟုတ် ညနက်မှသာ အိပ်တတ်သောသူဖြစ်နေ ပါစေ၊ သူတို့အချိန်အများစုကို နှုတ်ကပတ်တော်လေ့လာဆည်းပူးခြင်းအမှု၌ ပေးရမည်။ မိမိဘက်မှ ကြိုးစားအား ထုတ်မှုမရှိဘဲ ဘုရားသခင်က အသုံးပြုမည်ဟူ၍ မျှော်လင့်စရာအကြောင်း မရှိပါပေ။ “သိမှတ်ခြင်း” ဆိုသည့် စကားလုံးမှာ အလုပ်ရုံသုံးစကားလုံးဖြစ်ရာ သတ်မှတ်ထားသည့် စံချိန်စံနှုန်းသို့ ရောက်ရှိခြင်းဆိုသည့် သဘော ဆောင်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ဆောင်ရွက်နေသောအမှုကို စစ်ကြောစီရင်လာသောအခါ ရှက်ကြောက် ခြင်းအလျင်းမရှိစေရန် ကျွန်ုပ်တို့ အစဉ်သတိရှိနေရမည်။ ကျွန်ုပ်တို့၏တာဝန်ဝတ္တရားမှာ ဘုရားသခင်၏ နှုတ်က ပတ်တရားကို ဝေငှဟောပြော အသက်ရှင်ခြင်းအားဖြင့် အသင်းသူအသင်းသားအပေါင်းတို့သည်လည်း ဘုရားသ ခင်၏သန့်ရှင်းခြင်း၌ ကြီးထွားကြမည်အကြောင်းနှင့် ဘုရားမှု၌မွေ့လျော်ခြင်းဆိုသည့် အသက်တာကို ရရှိလာကြ စေရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ခုတည်းသောအလုပ်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်အား မှန်မှန်ကန်ကန် လိုက်လျောညီထွေစွာ ဟောကြားဝေငှကြရန်ဖြစ်သည်။ ဘရီစ်စတောလ် တရားဒေသနာဟောကြားပြီးသည့် နောက် ဂျော့ဝိုက်ဖီးလ်ဆိုသူက “ထောင်နဲ့ချီတဲ့လူတွေရှေ့မှာ ဘုရားသခင်က သူ့ရဲ့ ကြောက်စရာကောင်းတဲ့ တရား စီရင်ခြင်းတွေ၊ အစဉ်တည်မြဲတော်မူတဲ့ ကတိတော်တွေနဲ့ ပတ်သက်ပြီးတော့ တရားဒေသနာဟောကြားခွင့်ကို ကျွန်တော်တို့ကို ပေးခဲ့တယ်။ လူတွေအားလုံး စိတ်ပျက်သွားတာတို့၊ ထင်မြင်ချက်တစ်ခုလိုဘဲ သတ်မှတ်ခံသွား တာတို့မရှိအောင် ဘုရားသခင် ကူညီခဲ့ပါတယ်။ ဒီနေရာမှာ ဘုရားသခင်က သူ့ရဲ့နှုတ်ကပတ်တော်ကို မှန်ကန်စွာ လေ့လာပိုင်းခြားပို့ကိုလည်း သင်ကြားပေးခဲ့တယ်”ဟု ဆိုခဲ့ဖူးပါသည်။ အားလုံး ဆာလံ ၁၁၉ ကို နေ့စဉ်မပျက်၊ အပိုင်းခွဲ၍ သော်လည်းကောင်း၊ သိုးထိန်းတစ်ယောက်၊ ဆရာတစ်ယောက်အနေနှင့် ကျွန်ုပ်တို့ တစ်ခန်းလုံးသော် လည်းကောင်း ဖတ်ရှုသင့်ပါသည်။ ထိုသို့အားဖြင့် နှုတ်ကပတ်တော်တရားအပေါ်ထားရှိသည့် တန်ဖိုးကို ကျွန်ုပ်တို့ ကို ပိုမိုနက်နက်စွာ နားလည်လာကြမည်ဖြစ်သည်။ နေ့စဉ်နှင့်အမျှ နှုတ်ကပတ်တော်လေ့လာဆည်းပူးခြင်းအမှုကို ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ ဖြစ်မလာစေရန် သတိပြုပါ။ ကျွန်ုပ်တို့ဖတ်ရှုနေသောအရာသည် ဘုရားသခင်၏ နှုတ်ထွက်စကားဖြစ်သည်ကို အစဉ်မှတ်သားပါ။ ဝိညာဉ်တော်၏လမ်းပြမီးမှောင်းထိုးပေးခြင်းမရှိသော နှုတ်က ပတ်တော် လေ့လာခြင်းမှန်သမျှသည် အသီးမသီးသောအပင်နှင့် တူပါလိမ့်မည်။ ဆယ့်ခြောက်ရာစုခန့်က ရစ်ချက် စိစ်ဆိုသည့် ဘုန်းကြီတစ်ပါးက “နှုတ်ကပတ်တော်တရား၌ ဝိညာဉ်တော်ဘုရားလှုပ်ရှားတော်မူရာ ကျွန်ုပ်၏အထဲ တွင်လည်း ဝိညာဉ်တော်ဘုရား အတူပါရှိပါမှ နှုတ်ကပတ်တော်ကို ရှုမြင်နိုင်မည်ဖြစ်သည်” ဟု ဆိုစမှတ်ပြုခဲ့ပါ သည်။ ကျွန်ုပ်တို့သင်ကြားပေးနေသော သူများက နှုတ်ကပတ်တော်လေ့လာရန်အတွက် မည်မျှလောက် ကျွန်ုပ်တို့ အချိန်ပေးရသည်ကို မသိပါသော်လည်း၊ ကျွန်ုပ်တို့၏ သခင်ကိုယ်တော်မြတ်သိတော်မည်သည့်အချက်ကို သော မတ်ဂွတ်ဝင်းဆိုသူက “ရိတ်သိမ်းသောသူ တစ်ဦးရရှိသောဆုလဒ်သည် ရိပ်သိမ်းရန်အတွက် တံစဉ်ကို သွေးနေ သည့် အချိန်အတွက်လည်းပါသည်” ဟု လှပစွာ ဖော်ကျူးခဲ့ပါသည်။

အခန်း ၇

တရားဒေသနာ ဟောပြောခြင်း

စစ်မှန်သောသိုးထိန်းများနှင့် ဓမ္မဆရာများအားလုံးတို့သည် ထိုးထိန်းရှင်ဖြစ်တော်မူသည့်သခင် ခရစ်တော် ၏ခေါ်ဆိုခြင်းကို ခံရ၍ တာဝန်ပေးအပ်ခြင်းခံရသူများ ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ပုံသက်သေဖြစ်ရာ တရားဒေသနာဝေငှခြင်းအမှုသည် ကျွန်ုပ်တို့ ဦးစားပေးလုပ်ဆောင်ရမည်အရာ ဖြစ်လာသည်။ လူအများရှေ့ ခရစ် တော်သာသနာအစပြုခဲ့သည့် အချိန်သည် တရားဇရပ်၌ “ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပါ်၌ တည်တော် မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာအကြောင်းကို ကြားပြောစေခြင်းငှါ ငါ့ကို ဘိသိက် ပေးတော်မူပြီ၊ ကြောမှုသော သူတို့၏အနာကို ပျောက်စေခြင်းငှါ၄င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိပြန်မြင်စေခြင်းအကြောင်းကို ပြစေခြင်းငှါ၄င်း၊ ညှဉ်း ဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှါ၄င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြော စေခြင်းငှါ၄င်း၊ ငါ့ကို စေလွတ်တော်မူပြီဟု လာသတည်း” (လုကာ၊ ၄၁၈- ၁၉) ဟေရှာယ၌ ရေးထားသော နှုတ်ကပတ်တော်ကို ရွက် ဖတ်၍ ဖြစ်သည်။ သုံးနှစ်တာအတွင်း ခရစ်တော်၏ ဦးစားပေး အလုပ်မှာ တရားဒေသနာဝေငှခြင်းဖြစ်သည်ကို ခရစ်ဝင်ကျမ်းများအားလုံး ရှင်းလင်းစွာ ဖော်ပြထားသည်။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏စကားတော်အားဖြင့် ဖြစ်၏’ ဟု ရောမ ၁ဝး၁၇ တွင် သောမတ်ဂွတ်ဝင်း ဆိုသူက နှုတ်ကပတ်တော်တရားတိုင်း၌ ခရစ်တော်အား ကျွန်ုပ်တို့ဟောပြောပါလျှင် လူသားများယုံကြည် လက်ခံ လာကြမည်ဖြစ်သည်။ ထို့ပြင် နှုတ်ကပတ်တော်ထဲ၌ ဖော်ပြထားသည့် ဘုရားသခင်၏အလိုတော်အားလုံးကို ဟောပြောခြင်းအားဖြင့် လူသားများသည် ခရစ်တော်အား ယုံကြည်ခြင်းအမှု၌ ကြီးထွားရင့်ကျက်လာကြမည် ဖြစ် သည်။

တရားဒေသနာ ဟောပြောခြင်းနှင့် ပတ်သက်ပြီး ယခုခေတ် အမြင်

ယနေ့ခေတ်အသင်းတော်တွင် တရားဒေသနာဝေငှခြင်း၏အနှစ်မှာ တဖြေးဖြေးပျောက်ဆုံးလာခဲ့ပြီ ဖြစ် သည်။ ထုံးတမ်းအစဉ်လာအရ နှုတ်ကပတ်တော်ဝေငှခြင်းအမှုအရသာ လုပ်ဆောင်နေကြတော့သည်။ ခေတ် ဟောင်းတွင် ကျန်ခဲ့ပြီဖြစ်သော စနစ်တစ်ခုဟု မြင်လာကြသည်။ ထိုကဲ့သို့ ထင်မှတ်ရသည့် အချက်တစ်ချက်မှာ ယနေ့ခေတ်ရေစီးကြောင်းတွင် တစ်စုံတစ်ဦးက အခြားသူတစ်ဦးအား မည်သည့်အရာကို ပြုလုပ်ရမည်၊ မည်သည့် အရာကို ရှောင်ကြဉ်ရမည်စသည်ဖြင့် ပြောဆိုနေခြင်းမျိုးသည် သိပ်တွေ့ရတော့သည်မဟုတ်။ မည်သို့ပင်ဖြစ်စေ ကာမူ ယနေ့အမြင်သည့် အတွေးအခေါ် ထင်မြင်ချက်များသည် “ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည် အကြောင်း” (၁ပေ၊ ၄း၁၁) ဟောပြောရန် ခေါ်ဆိုခြင်းခံထားရသည့် သင်းအုပ်ဆရာများ နှင့် ဓမ္မဆရာများအတွက်တော့မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်တို့သည် အမှန်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကို ဆွဲကိုင်ထားမည်ဆိုပါက ကျွန်ုပ်တို့၏ ကိုယ်ပိုင်အသက်တာအပါအဝင် အခြားသူများ၏ အသက်တာကိုလည်း မှန်ကန်သောလမ်းသို့ ဦးဆောင်နိုင်မည်မှာ အလွဲသေချာပါသည်။ တရားဒေသနာဝေငှခြင်းသည် နှုတ်ကပတ်တော် အတိုင်း ဖြစ်နေရမည်၊ နှုတ်ကပတ်တော်အတိုင်း မဟုတ်တော့ပါက လွဲမှားနေပြီဟု သိမှတ်ရမည်။

ဘုရားသခင်ပေးသနားတော်မူသော တရားဒေသနာဝေငှခြင်းကျေးဇူးသည်လည်း အခြားသော ဆုကျေး ဇူးများကဲ့သို့ အလွဲသုံးစွား သုံးနေကြသည်ကို တွေ့နိုင်ပါသည်။ အချို့သောသူများသည် အသင်းတော်၏ တရား ဒေသနာဟောကြားရမည့်ပလ္လင်ကို လူအများအား စုရုံးရုံသက်သက်အတွက်သာ အသုံးပြုလာတော့သည်။ အ သက်တာတွင် လိုက်လျှောက်ကျင့်သုံးရန်အတွက် ဟောပြောခြင်းများ မရှိတော့ပါပေ။ နှုတ်ကပတ်တော်တရား များ ဝေငှခြင်းမျိုးမရှိတော့ဘဲ ၄င်းတို့၏အတွေးအခေါ် ထင်မြင်ယူဆချက်များကိုသာ ထင်ကြေးပေးဝေငှတတ် ကြသည်။ သို့သော်လည်း ကျွန်ုပ်တို့အတွက်မှာမူ လူသားတို့၏ အတွေးအခေါ်များကို ဝေငှပြောဆိုခြင်းမျိုးမဟုတ် ဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်တရားကို အမှန်ဟောပြောရန် ဖြစ်သည်။

နှုတ်ကပတ်တော်ဝေငှခြင်းအမှုသည် အလွန်အရေးကြီးပါသည်ဟု နားလည်ထားသော အသင်းတော်များ တွင်ပင် သတိမထားမိဘဲ လမ်းလွဲသို့ ရောက်သွားနိုင်သည်။ အခြားအစီအစဉ်များသည် တရားဒေသနာဟောပြော ခြင်းနေရာ၌ အစားထိုးနေရာ ယူလာနိုင်သည်။ ယနေ့ခေတ် အခြေအနေအပေါ် နှုတ်ကပတ်တော်အားဖြင့် ချိန်ထိုး ခြင်းများ၊ အုပ်စုလိုက် နှုတ်ကပတ်တော် ဆွေးနွေးခြင်းများအပေါ် အာရုံစိုက်ကာ တရားဒေသနာ ဟောပြောခြင်း နေရာကို အစားထိုးလာတတ်ကြသည်။ အုပ်စုလိုက် နှုတ်ကပတ်တော်လေ့လာခြင်းကို မကောင်းဟု ဆိုလိုခြင်း မဟုတ်၊ လက်တွေ့တွင် အလွန်အသုံးဝင်သောစနစ်ဖြစ်ပါသည်။ သို့သော်လည်း တရားဒေသနာဝေငှခြင်းကို အစား ထိုးရန် မဟုတ်ပါ။ ဝတ်ပြုကိုးကွယ်ခြင်းကို နားလည်သဘောပေါက်ခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာများစွာကို ကျွန်ုပ်တို့ခံစားကြရပါသော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းထက် သီချင်းဆိုခြင်းအမှု အတွက် အချိန်ပိုမိုပေးမိပါက အလွန်အန္တရာယ်ရှိသည်ကို ကျွန်ုပ်တို့ သိထားရပါမည်။ ဤအချက်ကို မြင်လာနိုင်စေ ရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံးကြိုးစားကြရပါမည်။ မည်သည့်အချိန်တွင် တရားဒေသနာဟောကြားရမည်၊ သင် ကြားပေးရမည် စသည်ဖြင့် အချိန်များကို ကျွန်ုပ်တို့စနစ်တကျ ချမှတ်ထားရပါမည်။ တရားဒေသနာဟောကြား ခြင်းအမှုသည် ကျွန်ုပ်တို့၏ ဦးစားပေးရမည့်အရာဖြစ်သည်။ ထို့နောက်မှ ချီးမွမ်းသီခြင်း သီဆိုချီးမွမ်းခြင်းသည် နှုတ်ကပတ်တော်တရား၌ ကြီးထွားရန်အကြောင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုသည်မှာ သီဆိုချီးမွမ်း ခြင်းသက် သက်မဟုတ်ဘဲ၊ နှုတ်ကပတ်တော်တရားတော်ကို သေသေချာချာ ဆင်ခြင်အောက်မေ့ခြင်း ဖြစ်သည်အကြောင်း ကို ဆက်လက်သင်ကြားပေးရမည်ဖြစ်သည် (ကောလောသဲ၊ ၃း၁၆)။ ဝတ်ပြုကိုးကွယ်ခြင်း နှင့် သီဆိုချီးမွမ်းခြင်း တို့အပြီး နှုတ်ကပတ်တော်တရားအား ဆင်ခြင်နားထောင်ခြင်းသည်လည်း မရှိမဖြစ်လိုအပ်ပါသည်။

သင်ကြားပို့ချခြင်းနှင့် တရားဒေသနာ ဟောကြားခြင်းတို့၏ ခြားနားချက်

သင်ကြားပို့ချခြင်းနှင့် တရားဒေသနာဟောကြားခြင်းတို့၏ရည်ရွယ်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ် တော်ကို နားလည်သဘောပေါက်မှုရှိစေရန်ဖြစ်သော်လည်း တမန်တော်ဝတ္တုထဲတွင် ၄င်းတို့၏ခြားနားချက်ကို ရှင်း လင်းစွာ ဖော်ပြပေးထားသည်။ တမန်တော်၊ ၅း၄၂ တွင် တပည့်တော်များက တရားဒေသနာ ဟောကြားခြင်းအမှု နှင့် သင်ကြားပို့ချခြင်းတို့ကို မည်သို့မည်ပုံ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ ၄င်းတို့၏ ခြားနား ချက်ကို ဖော်ပြသည့်အချက်နှစ်ချက်ကို ကျွန်ုပ်တို့ အတူတကွကြည့်သွားမည်။ သင်ကြားပေးခြင်းတွင် နှုတ်ကပတ် တော်တရားကို အခြားသူများ နားလည်လာစေရန် ကျွန်ုပ်တို့ရည်ရွယ်သည်။ ယုံကြည်ချက် ဩဝါဒများမှစ၍ နား လည်ဆုပ်ကိုင်လာကြစေရန် ကျွန်ုပ်တို့ရည်ရွယ်သည်။ နှုတ်ကပတ်တော်ဟောပြောခြင်းတွင်မူ ကြားနာသူများအ နေနှင့် နာယူထားသည့်နှုတ်ကပတ်တော်တရားအား လိုက်လျှောက်လိုစိတ်ရှိလာစေရန်အတွက် သွေးဆောင်ခြင်း ကို ကျွန်ုပ်တို့ရည်ရွယ်ပါသည်။

ဤခြားနားချက်ကို လျစ်လျူရှုခြင်းသည် အခက်အခဲများကို ဖြစ်ပေါ်စေပါသည်။ လက်တွေ့ အသက်ရှင် ရန်အတွက် အခြေခံအုတ်မြစ်များကို ချထားပေးခြင်းမရှိဘဲ၊ အခြားသူများကို မည်သို့မည်ပုံ အသက်ရှင်ရမည်ဟု

တိုက်တွန်းနိုးဆော်ခြင်းသည် ကြားနာသူများ၏အသက်တာတွင် အထိနာစေနိုင်ပါသည်။ မိမိဘာလုပ်သည်ကို နား မလည်ဘဲ ခံစားချက်တို့၏နိုးဆော်တုန့်ပြန်မှုတို့ဖြင့် အသက်ရှင်နေသော ယုံကြည်သူများကို များစွာတွေ့နိုင်ဖြစ် သည့်နည်းတူ၊ ကြားနာသူတို့အတွက် ပျက်ဆီးဆုံးရှုံးခြင်းအကြောင်းပါသည်။ ဤသို့သည်မှာ တရားဒေသနာဆရာ ၏တာဝန်မကျေပွန်မှု ဖြစ်ပါသည်။ နှုတ်ကပတ်တော်ဟောကြားခြင်းတွင်မူ သင်ကြားပေးခြင်းနှင့် ဟောကြားဝေငှ ခြင်းဆိုသည့် အမှုနှစ်ခုလုံးကို ဘက်ညီစွာ ညှိထိမ်းရသည်ကို တွေ့မြင်နိုင်ပါသည်။ ပထမတွင်၊ ကြားနာသူများ နှုတ် ကပတ်တော်ကို နားလည်လာစေရန်အတွက် နှုတ်ကပတ်တော်ကို သေချာစွာ ရှင်းလင်းပို့ချခြင်းကို ပြုလုပ်ပေးရ သည်။ ထို့နောက် ကြားနာသူယောက်ျားမိန်းမ၊မရွေး၊ နှုတ်ကပတ်တော်အပေါ်နာခံမှုအသက်တာရှိလာစေရန် တိုက် တွန်းနိုးဆော်ရမည်ဖြစ်သည်။ သင်ကြားပေးခြင်းနှင့် ဟောပြောခြင်းဆိုသည့် စကားလုံးနှစ်ခုလုံးကို ကြည့်ရှုကြည့် ပါက တရားဒေသနာဟောကြားခြင်းတွင် တွေ့မြင်နိုင်ပါသည်။ နားလည်စေရန် သင်ကြားပေးခြင်းတစ်ခုရှိလေ တိုင်း၊ အသက်တာတွင် လိုက်လျှောက်ရန် တိုက်တွန်းရသည့်အတွက်ဖြစ်သည်။ ကျွန်ုပ်တို့ သင်ကြားပေးသော သူ တို့ကို ကျွန်ုပ်တို့ ပိုမိုသိလေလေ၊ တရားဒေသနာဟောပြောလေတိုင်း သင်ကြားပေးခြင်းနှင့် လိုက်လျှောက်ကျင့်သုံး ရန် တိုက်တွန်းခြင်းများကို အချိုးချအသုံးပြုရမည်ကို ကျွန်ုပ်တို့အစဉ်သတိပြုရမည် ဖြစ်သည်။ တမန်တော်ဝတ္တု တွင် တွေ့ရသည့် တမန်တော်များ၏လုပ်ဆောင်ပုံမှာ သတိပြုရန် အရေးကြီးပါသည်။ နှုတ်ကပတ်တော်ကို သိထား နှင့်သည့် ဂျူးလူမျိုးများအကြားတွင်မူ ၄င်းတို့ဦးစားပေးလုပ်ဆောင်ကြသည့်အရာမှာ တရားဒေသနာဟောပြော ခြင်းဖြစ်သည်ကို တွေ့ရသည်။ နှုတ်ကပတ်တော်ကို အနည်းငယ်သာသိရှိထားသည့် တပါးအမျိုးသားများထံတွင်မူ သင်ကြားပေးခြင်းကို ဦးစားပေးကြပြီး၊ နောက်မှ တရားဒေသနာဟောပြောခြင်းကို ဦးစားပေးထားသည်ကို တွေ့ရ ပြန်သည်။ ကျွမ်းကျင်သော တရားဟောဆရာတစ်ယောက်သည် ၄င်း၏အသင်းသူအသင်းသားများအနေနှင့် ၄င်း တို့၏အသက်တာတွင် နာခံခြင်းရှိလာစေရန်အတွက် နှုတ်ကပတ်တော်ကို မည်မျှနားလည်ထားကြရမည်ကို ကောင်းစွာ နားလည်ထားသောသူ ဖြစ်သည်။

ကျွန်ုပ်တို့၏ တရားဒေသနာဟောကြားခြင်း၏ နောက်ခံကောက်ကြောင်း

တရားဒေသနာဟောပြောခြင်းနှင့် ဆက်လျဉ်း၍ လက်တွေ့ဆန်သောအချက်များကို မစဉ်းစားမှီ၊ အောင် မြင်သောသာသနာပြုခြင်းကို ရရှိရန်အတွက် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ပြင်ဆင်မှုကို အစဉ်ထိန်းသိမ်း ကြရမည် ဖြစ်သည်။ ပထမအနေနှင့် ကျွန်ုပ်တို့ကိုယ်တိုင် နှုတ်ကပတ်တော်ကို ပိုမိုသိရှိလာအောင် ကြိုးစားလေ့ လာကာ၊ အသက်တာတွင် အလျင်ဦးစား လိုက်လျှောက်ကျင့်သုံးကြရမည် ဖြစ်သည်။ ဘုရားသခင်၏ အလိုတော် အလုံးစုံကို ကျွန်ုပ်တို့သည် ဝေငှသွားကြပါမည်ဆိုလျှင် ကျွန်ုပ်တို့၏အနေနှင့် နှုတ်ကပတ်တော်ကို အသေးစိတ် သိထားကြရမည် ဖြစ်သည်။ ထိုသို့ သိရှိရန်မှာလည်း နှုတ်ကပတ်တော်တစ်အုပ်လုံးကို တစိုက်မတ်မတ် လေ့လာ ခြင်းအားဖြင့်သာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့ တစ်သက်တာလုံးလုပ်ဆောင်ရမည့်အမှုဖြစ်ရာ၊ ပျင်းရိခြင်းမျိုးအ တွက် နေရာမရှိပါပေ။ ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်သည့် ကျမ်းအုပ်များမှ တရားဒေသနာများ ဟောကြားတတ်သည့် အကျင့်ကို သတိရှိကြရမည် ဖြစ်သည်။ ဓမ္မသစ်ကျမ်းကို ကျွန်ုပ်တို့ ပိုမိုရင်းနှီးတတ်ကြရာ၊ ဓမ္မဟောင်းကျမ်းကို ကျွန်ုပ်တို့ လျစ်လျူရှုတတ်ကြသည်။ သင်းအုပ်ဆရာများ၊ ဓမ္မဆရာများအနေနှင့် ဘုရားသခင်၏ လူများကို ဓမ္မ ဟောင်းကျမ်းရှိ ကျက်စားရာနေရာစီသို့သာမက ဓမ္မသစ်ကျမ်းရှိ ကျက်စားရာ နေရာစီသို့ပါ ဦးဆောင်လမ်းပြကာ နှုတ်ကပတ်တော်တရားအား တိုက်ကျွေးခွန်အားပေးရမည် ဖြစ်သည်။ သိုးစုများအနေနှင့် ၄င်းတို့ကို ၄င်းတို့ ဘယ် သောအခါမျှ ဦးဆောင်ကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏သိုးစုများကို စိမ်းလမ်းသော ကျက်စားရာနေရာစီသို့ ဦး ဆောင်လိုပါက နယ်မြေသစ်များကို ကျွန်ုပ်တို့ ရှာဖွေကြရပါမည်။

ဒုတိယအနေနှင့် အခြားစာပေများကို ဖတ်ရွက်ခြင်းသည်လည်း အလွန်တန်ဖိုးရှိပါသည်။ ဦးစားပေးဖတ် ရှုမည့်စာရင်းတွင် သီအိုလိုဂျီစာအုပ်များ ဖြစ်သင့်ပါသည်။ ခွန်အားရရှိပါသည်ဆိုလျှင်၊ ကျွန်ုပ်တို့အနေနှင့် ခရစ် ယာန်ဂန္တဝင်စာအုပ်များနှင့် ယနေ့ခေတ်တွင် ထင်ရှားသော သီအိုလိုဂျီစာအုပ်များနှင့် အနက်ဖွင့်ကျမ်းစာအုပ်များ ကို ညီတူညီမျှ ဖတ်ရှုသင့်ပါသည်။ နှစ်နှင့်ချီ အားလုံးက ထောက်ခံသည့်စာအုပ်စာပေများသည် ကျွန်ုပ်တို့အတွက် ပိုမိုအကျိုးပေးတတ်သည် မှန်သော်လည်း၊ ယနေ့ခေတ်အတွက် ဘုရားသခင်က မည်သည့်အရာများကို သင်ကြား ပေးသည်ကို နားလည်ရန်အတွက် နှုတ်ကပတ်တော်ကို လေ့လာခြင်းကို ကျွန်ုပ်ပိုနှစ်သက်ပါသည်။ မည်သို့ပင် ဖြစ် စေကာမူ အခြားသောစာအုပ်စာပေများကို ဖတ်ရွက်ခြင်းအမှုကို အတတ်နိုင်ဆုံး အချိန်ပေးသင့်ပါသည်။ အတ္တုပ္ပ တ္တိစာအုပ်များကို ဖတ်ရွက်ခြင်းအားဖြင့်လည်း အခြားသူများ၏ စိတ်နေသဘောထားနှင့် ယုံကြည်ခြင်းများကို ကျွန်ုပ်တို့ လေ့လာသင်ယူနိုင်ပါသည်။ ဤနေရာတွင် ခရစ်ယာန်သူရဲကောင်းများ၏အတ္တုပ္ပတ္တိစာအုပ်များကို အ လျင်ဖတ်ရှု၍ အခြားအခြားသော အတ္တုပ္ပတ္တိစာအုပ်များကိုလည်း အချိုးညီမျှစွာ ဖတ်ရှုကြရန် အရေးကြီးပြန် သည်။

တတိယအနေနှင့် အတွေ့အကြုံများက ကျွန်ုပ်တို့၏တရားဒေသနာများကို ပိုမိုထိရောက်မှုရှိစေသည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေ့အကြုံများအားဖြင့်၄င်း၊ ကျွန်ုပ်တို့အစေခံနေသည့်သူများ၏ အတွေ့အကြုံများအား ဖြင့်၄င်း ဖြစ်နိုင်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခက်ခဲသည့် အတွေ့အကြုံများအား ရင်ဆိုင်ဖြတ်သန်းနိုင် ရန် ဆန္ဒရှိသကဲ့သို့ ဖြတ်သန်းရင်ဆိုင်ပြီးသည့်နောက်တွင်လည်း သူ၏အံ့ဖွယ်ရည်ရွယ်ချက်ကို နားလည်စေလို သည်။ ထိုကဲ့သို့ အခက်အခဲများကို ဖြတ်သန်းလာခဲ့သည့်နောက် ဝိညာဉ်ပိုင်းဆိုင်ရာ သမ္မာတရားများကို ပိုမို နား လည်ဆုတ်ကိုင်စေရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြုပြင်တော်မူသည်။ ဓမ္မကောလိပ်တစ်ခုတွင် ဓမ္မပညာ သင် ကြားနေသည့် ကျောင်းသားတစ်ဦး၌ ၄င်းသင်ယူနေသည့် နှုတ်ကပတ်တော်တရားကို လက်တွေ့တွင် မည်သို့မည်ပုံ ဆက်စပ်မှုရှိသည်ကို နားမလည်နိုင်မှု အရှိသည့်အပေါ် ကျွန်ုပ်ဝမ်းနည်းမိပါသည်။ ထိုသို့သောအခြေအနေထက် ခဏတာ အလုပ်တစ်ခုတွင် ဝင်ရောက်လုပ်ဆောင်ဖြစ်သည်။ အမှုတော်မြတ်တွင် ဘုရားသခင်အသုံးပြု၍ အသီး အပွင့်များစွာသောသူတစ်ဦး၌ ဘဝအတွေ့အကြုံနှင့် ပတ်သက်၍ ပို၍ပြောစရာရှိမည်ကို ခူးဆွတ်ရသော ဂျွန်မက် နီးလ်ဆိုသူသည် သူ၏အဘဝအစပိုင်းတွင် ရထားဘူတာရုံ၌ လက်မှတ်အရောင်းဌာနတွင် စာရေးဘဝနှင့် အစပြုခဲ့ သည်။ သူ၏ဘဝနောက်ကြောင်းနှင့် စပ်လျဉ်း၍ “သာသနာပြုတစ်ဦးဖြစ်လာဖို့အတွက် ရထားဘူတာပြင်တင်း ပေါက်လေးတစ်ခုမှာ ထိုင်နေတဲ့သူတစ်ဦးဟာဆိုရင် များစွာသောလူတွေရဲ့သဘောသဘာဝကို လေ့လာခွင့်ရရှိခဲ့ တယ်” ဟူ၍ ပြန်လည် ပြောပြတတ်လေ့ရှိသည် (A. Gammiie: Re. fJohn Mcneil: His Life and Work, Peckering and Inglis, p. 39)။ သိုးထိန်းတစ်ဦး တစ်ယောက်အနေနှင့် နှုတ်ကပတ်တော်တရားဒေသနာ ဟော ပြောရာတွင် အပေါ်ယံသက်သက်သာ ဟောကြားခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျကျဟောပြောရန် အလွန်အရေး ကြီးပါသည်။ သင်းအုပ်ဆရာဖြစ်ရခြင်း၏ အားသာချက်တစ်ခုမှာ မိမိဂရုစိုက်နေရသောအသင်းသူအသင်းသား များ၏လိုအပ်ချက်ကို သိရှိထားသဖြင့် လိုအပ်သည်များကို အလိုက်သင့်ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ ဤနေ ရာတွင် ၄င်းတို့၏ လိုအပ်ချက်ကို သိလေတိုင်း၊ ကျွန်ုပ်တို့အနေနှင့် ၄င်းနှင့်ကိုက်ညီသော တရားဒေသနာကို ချက် ခြင်းပြင်ဆင်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် ကြားနာသူ၏အသက်တာကို အရှက်ရစေ သည့် အခြေအနေမျိုးကို ဖြစ်စေပါသည်။ သို့သော်လည်း ကျွန်ုပ်တို့အနေနှင့် ၄င်းတို့ကို လိုအပ်ချက်ကို နားလည် သဘောပေါက်လျက် ၄င်းတို့ကြုံတွေ့နေသည့် အခက်အခဲများကြားတွင် သွားရောက်ကူညီလျက်၊ ကျွန်ုပ်တို့၏ ခွန် အားပေးတိုက်တွန်းမှုများသည် ထိမိလဲစရာမဟုတ်ဘဲ အထောက်အကူဖြစ်စေ၍ တည်ဆောင်စရာဖြစ်စေရမည် ဖြစ်သည်။

စတုတ္ထအနေနှင့် အခြေအနေအရပ်ရပ်၌ တရားဒေသနာအတွက် လိုအပ်သည့် အကြံဉာဏ်များကို အစဉ် စုဆောင်းရန် မေ့လျော့ခြင်းမျိုးမရှိသင့်ပေ။ သမ္မာကျမ်းစာဖတ်ရွက်ခြင်းများကို ကျွန်ုပ်နားထောင်ရာတွင်၄င်း၊ သင် ကြားပေးခြင်းနှင့် တရားဒေသနာများကို ခံယူရာတွင်၄င်း (သို့) ကျွန်ုပ်၏ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနှင့် အခြားသော စာအုပ်စာပေများကို ဖတ်ရှုခြင်း (သို့) အချက်အလက်များကို စုဆောင်းတတ်ပါသည်။ အကယ်၍ ရေးမှတ်၌လည်း ကောင်း၊ တရားဒေသနာအတွက် လိုအပ်သည့် အကြံဉာဏ်များထားခြင်းမရှိပါက ကျွန်ုပ်မေ့သွားတတ်သည်။ မည် သည့်အရာကို ကျွန်ုပ်ခေတ္တရပ်နားကာ မှတ်သားတတ်သည်။ ထို့ပြင် ၄င်းတို့နှင့် ဆက်ဆိုင်လုပ်ဆောင်နေပါစေ ရရှိ လာသောအကြံဉာဏ်များကို စုဆောင်းမှတ်ထားရန် မည်မျှလောက်သော အကြံဥာဏ်များကို ကျွန်ုပ်စုဆည်းခဲ့ သည်ကို မရေတွက်သည့်ကျမ်းကိုးများကို ၄င်းတို့နှင့် တပါးတည်း ရေးချသိမ်းဆည်းထားပါသည်။ နိုင်သော်လည်း၊ အရေးကြုံလာသည့် အချိန်တိုင်း ၄င်းတို့သည် အစဉ်သင့် ရှိနေကြပါသည်။

ပဉ္စမအနေနှင့်၊ နှုတ်ကပတ်တော်တရားအတွက် လေ့လာဆည်းပူးခြင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ဖော်ပြရာ တွင် နှစ်လချီ ကျွန်ုပ်တို့လေ့လာဆည်းပူးထားသည့် အကြောင်းအရာများကို မေ့လျော့သွားခြင်းမရှိအောင် စနစ်တ ကျစီစဉ်မှုများထားရှိရမည် ဖြစ်သည်။ ကျွန်ုပ်တို့အတွက် အရေးကြသည့်အခါတွင် လိုအပ်သည့်အရာများကို ကိုး ကားရန်အတွက် စာအုပ်များကို ပြန်လည်ဖတ်ရှုခြင်းများအတွက် အချိန်ကုန်လွန်ခြင်းမရှိတော့ဘဲ၊ စုဆည်းထား သောအရာများကို ဖတ်ရှုလိုက်၍ ရရှိနိုင်သည့်အကျိုးကျေးဇူးကို တွက်ချက်ထားရန်မှာ အလွန်အရေးကြီးပါသည်။

တရားဒေသနာ ဟောပြောရန် ပြင်ဆင်ခြင်း

တရားဒေသနာပြင်ဆင်ခြင်း သို့မဟုတ် မိန့်ခွန်းပြောရန်ပြင်ဆင်ခြင်းတို့သည် တစ်ဦးတစ်ယောက်၏ကိုယ် ပိုင်စည်းစနစ်နှင့် သက်ဆိုင်သည်။ ကျွန်ုပ်ကိုယ်တိုင် ကျွန်ုပ်၏စည်းစနစ်ကို ဝေငှပြောဆိုရခြင်းမှာ နှစ်ပေါင်းမြောက် များစွာ သူတစ်ပါးအတွက် အထောက်အကူဖြစ်စေသည့်အတွက်ဖြစ်သည် သို့သော်လည်း၊ မည်သို့သော နည်းစ နစ်ကို ကျွန်ုပ်တို့ အသုံးပြုစေကာမူ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် နာခံသောအသက်တာရှိခြင်းသည် အစဉ် ရှေးရှုရမည့်အရာ ဖြစ်သည်။ နှုတ်ကပတ်တော်တရားကို ကျွန်ုပ်တို့ပြင်ဆင်လေတိုင်း ကျွန်ုပ်တို့၏စိတ်နေသဘော ထားသည် ဘုရားသခင်အပေါ် လုံးလုံးမှီခိုလိုခြင်းနှင့် ကိုယ်တော်ရှင် ဖော်ပြပေးသော နှုတ်ကပတ်တော်တရားအား နာခံ၍ သူတပါးထံ ပြန်လည်ဝေငှရန် ဖြစ်ရမည်။ ပြင်ဆင်ပုံပြင်ဆင်နည်း ကျွန်ုပ်တွင် နှစ်မျိုးရှိပါသည်။

ပထမတစ်မျိုးမှာ နှုတ်ကပတ်တော်တစ်ချက်က ကျွန်ုပ်အသက်တာကို တို့ထိသည်ဟု ခံစားလိုက်သည့်နှင့် အနက်ဖွင့်ရန် အကြံအဥာဏ်များပေါ်လာချိန်တွင် ဖြစ်သည်။ ထို့နောက် စာရွက်တစ်ရွက်ကို ယူကာ စိတ်ထဲတွင် ပေါ်လာသည့်အရာတိုင်းအား အစီစဉ်ကျရေးချပါတော့သည်။ ထို့ပြင် ထိုကျမ်းချက်နှင့် ကိုက်ညီသော အခြားကျမ်း ချက်များကို ကိုးကား၍၊ ကိုက်ညီသည့် ပုံဥပမာများနှင့် လိုက်လျှောက်ကျင့်သုံးရန်အတွက် ကိုက်ညီသော အတွေး အခေါ်များကိုလည်း ထည့်သွင်းရေးထားလိုက်သည်။ ထွက်လာသမျှသော ထင်မြင်ယူဆချက်များအားလုံးကို အစီ စဉ်မကျဖြစ်နေစေကာမူ ရေးချထားသည်။ ထို့နောက် ကျွန်ုပ်၏ထင်မြင်ယုံကြည်ချက်များနှင့် တက်နိုင်သမျှသော အရာများကို ရေးချပြီးသည့်နောက်တွင်မူ အခြားအခြားသောကျမ်းချက်များ၊ အနက်ဖွင့်ကျမ်းများနှင့် ကျွန်ုပ်၏ အ က္ခရာစဉ် စာရင်းကို ထပ်မံကြည့်ရှုလေ့ရှိသည်။ ထိုသို့ပြုလုပ်ပြီးသောနောက်တွင် အခြေခံကျသည့် အချက်များကို အစီစဉ်ကျပြန်လည်ရေးချလိုသည်။ အခြေခံအချက်များ ပြီးစီးသည့်နောက် နိဒါန်းကို ရေးချသည်၊ နိဒါန်းပြီးသည့် နောက် မည်သို့လိုက်လျှောက်ရမည်ကို အကျဉ်းချုံးရေးချပြန်သည်။ ထိုသို့အပြီး တရားဒေသနာတစ်ပုဒ်လုံးကို ကျွန်ုပ်၏ အတွေ့အကြုံများနှင့် ပေါင်းစပ်၍ အချောသပ်ရေးသားပြန်သည်။ ဒုတိယနည်းလမ်းမှာ ကျမ်းအုပ်တစ် အုပ်ကို အစီစဉ်ကျ ကျွန်ုပ်လေ့လာခြင်းအားဖြင့် ဖြစ်သည်။ ဤသို့လေ့လာခြင်းသည် ကျွန်ုပ်၏အလေ့အဓ သမိုင်း များ၊ စာလုံးတစ်လုံးခြင်းစီ၏အနက်အဓိပ္ပါယ်များကို အတတ်နိုင်ဆုံးတစ်ခု ဖြစ်ပါသည်။ ဤနေရာတွင် ကျမ်းပိုဒ် တစ်ပိုဒ်တွင် ပါရှိသည့်နောက်ခံဖြင့် ဝေငှရမည်ကို တစ်ပြိုင်နက်တည်း ကျွန်ုပ်စဉ်းစားတတ်ပါသည်။ အခြေခံလေ့ လာပါသည်။ ထိုသို့ စေ့စေ့စပ်စပ်လေ့လာနေရင်း မည်သည့်နည်း လမ်းလေ့လာချက်များပြီးစီးသည့်နောက်တွင် ရွေးချယ်ထားသည့် ကျမ်းပိုးတစ်ခုလုံးကို ခြုံ၍မြင်သာစေမည့် စကားစုသို့မဟုတ် ကျမ်းချက်တစ်ချက်ကို ရွေး ချယ်ရပြန်သည်။

တရားဒေသနာ ဟောကြားရာတွင် ကျွန်ုပ်တို့လေ့လာထားသမျှကို ပြောပြရန်အတွက် ကြိုးစားခြင်းမျိုး သည် ကြောက်စရာကောင်းလွန်းလှသည်။ ထိုသို့ပြုမိပါက ကျွန်ုပ်တို့ပြောသမျှကို နားမလည်စေအောင် ပြုလိုက် သည့်သဘောဖြစ်သွားနိုင်သည်။ ပြင်ဆင်ခြင်း၌ အချိန်များစွာ အသုံးပြုရခြင်းဟုဆိုရာတွင် ကြားနာသူများအား လေ့လာထားသမျှသောအရာတို့အား အကုန်အစင်ပြောပြရန် မဟုတ်ပါ။ ကျွန်ုပ်တို့၏ တရားဒေသနာဟောကြား ခြင်းအမှုသည် အတတ်နိုင်ဆုံးရိုးရှင်းမှုနေရပါမည်။ ဆရာကောင်းတစ်ဦး၏လက်က္ခဏာမှာ ခက်ခဲရှုပ်ထွေးသည့် ပုဒ်စာများကို လွယ်ကူနားလည်စေရန် ပြုလုပ်နိုင်စွမ်းရှိခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် မည်သည့်စကားလုံးအ သုံးအနှုန်းကို အသုံးပြုရမည်ဆိုသည့်အချက်ကို အစဉ်သတိရှိနေရပါမည်၊ သို့ဟုတ်ပါက ဝေငှချက်များသည် ပလုံး ပထွေးဖြစ်ကာ ဘုရားသခင်၏တရားတော်အမှန်သည် ရှုပ်ထွေးနေသော စကားလုံးများအောက် ပျောက်ဆုံးသွား နိုင်ပါသည်။ သမ္မာကျမ်းစာကို အစီစဉ်ကျအနက်ဖွင့်ကာ တရားဒေသနာဟောကြားခြင်း၏အကျိုးကျေးဇူးမှာ အစီ စဉ်အတိုင်း သွားနေသည့်အတွက် တရားဒေသနာများကို ရွေးချယ်ပြောဆိုနေရခြင်းမျိုးမဟုတ်ဘဲ၊ အရှိကိုအရှိအ တိုင်း ဟောကြားရသည့်အတွက် ကြားနာသူတစ်ယောက်စီတိုင်းသည်လည်း ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ကို ခံစားကြရပါသည်။

သမ္မာကျမ်းစာကို နက်နက်နဲနဲအနက်ဖွင့်တရားဒေသနာပြင်ဆင်ခြင်းဟုဆိုရာတွင် အလွန်အရေးကြီးသည့် အချက်မှာ၊ ကျွန်ုပ်တို့၏စိတ်ထဲတွင် ရှိနေနှင့်သည့်အချက်များကို ပံ့ပိုးနိုင်ရန်အတွက် နှုတ်ကပတ်တော်အား အသုံး ပြုခြင်းမျိုးမဟုတ်ဘဲ၊ နှုတ်ကပတ်တော်သည်သာ တရားဒေသနာဇ်အရင်းခံ ဖြစ်ရပါမည်။ သမ္မာကျမ်းစာကို အစီ စဉ်တကျ၊ ကျမ်းအုပ်အစဉ်တိုင်းအားဖြင့်၄င်း၊ သမ္မာကျမ်းစာထဲမှ လူပုဂ္ဂိုလ်တို့အားဖြင့်၄င်း ဟောပြောခြင်း၏ အ ကျိုးကျေးဇူးတစ်ခုမှာ ဘုရားသခင်သည် ၄င်း၏အံ့ဖွယ်တန်ခိုးတော်အားဖြင့် ကြားနာသူတို့၏ အသက်တာတွင် လိုအပ်ချက်များကို အချိန်ကိုက် ဖြည့်ဆည်းပေးသည့် အချက်ပင်ဖြစ်သည်။ သိုးထိန်းတိုင်း နှင့် ဓမ္မဆရာတိုင်း ဤ သို့သော အခြေအနေမျိုးကို ပြန်လည်သက်သေခံရန် အခြေအနေအသီးသီးရှိကြမည်မှာ သေချာပါသည်။ ကျွန်ုပ် သည်လည်း အာဗြဟံ၏အသက်တာကို ဝေငှရာ ၄င်း၏ဇနီးသည် စာရာသေလွန်သွားသည့်အကြောင်းသို့ ရောက် လာရာ၊ အာဗြဟံ၏စိတ်နေသဘောထားကို ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောပြီးနောက် တနင်္ဂနွေနေ့တစ်ရက် တွင် ကျွန်ုပ်မရင်းနှီးသည့် မုဆိုးမတစ်ဦးရှေ့သို့ရောက်လာကာ သူမသည်လည်း ကွယ်လွန်သွားသည့် ၄င်း၏ခင်ပွန်း သည်အတွက် ဝမ်းနည်းပူဆွေးနေရကြောင်းနှင့် ယုံကြည်ခြင်းအမှု၌ အားနည်းနေကြောင်းကို ပြောပြသည်။ ထို့ပြင် အာဗြဟံ၏အသက်တာနှင့် စပ်လျဉ်း၍ တရားဒေသနာကို ကြားနာလိုက်ရသည့်အတွက် စိတ်နေသဘောထားများ ပြောင်းလဲသွားသည်ကို သက်သေလာခံခဲ့သည်။ ထို့ပြင် ၁ ကော တစ်အုပ်လုံးကို တရားဒေသနာပြင်ဆင်ရာ အခန်း ကြီး ၇ သို့အရောက်တွင် တစ်ခန်းလုံးကို တရားဒေသနာတစ်ပုဒ်ပြင်ဆင်လိုက်သည်။ ထိုစဉ်ခါ၌ အသင်းတော်တွင် အိမ်ထောင်ရေးအဆင်မပြေသည့် လင်မယားရှိနေမှန်းကို ကျွန်ုပ်မသိခဲ့။ ၄င်းတို့၏အခြေအနေမှာ ဆုံးဖြတ်ရန် အ လွန်အခက်အခဲဖြစ်နေသည့် အခြေအနေသို့ ရောက်နေချိန်ဖြစ်သည်။ ထိုတနင်္ဂနွေနေ့ချင်းတွင်ပင် ထိုလင်မယား နှစ်ယောက်ကို ပြန်လည်သင့်မြတ်စေရန် ဘုရားသခင်လမ်းပြဦးဆောင်နိုင်ခဲ့သည်။ အကယ်၍ ကျွန်ုပ်သည် ထိုတ ရားဒေသနာကို ရည်ရွယ်ချက်ရှိရှိဖြင့် ရွေးချယ်ခဲ့ပါမည်ဆိုလျှင်၊ ၄င်းတို့အနေနှင့် ကျွန်ုပ်အား ၄င်းတို့၏အခြေအနေ အား သိထားနှင့်သည့်အတွက် ၄င်းတို့အား ရည်ရွယ်ထိုးနှပ်ရန် ထိုဒေသနာအား ရွေးချယ်ဟောပြောသည်ဟု ထင် မှတ်မှားစရာအကြောင်း ရှိသည်။ သို့သော်လည်း တရားဒေသနာမှာ အစီစဉ်အလိုက်ဖြစ်နေရာ ၄င်းတို့၏ အခြေအ နေကို ကျွန်ုပ်လုံးဝမသိထားပါသော်လည်း၊ ဘုရားသခင်သည် ၄င်းတို့၏ အခြေအနေလိုအပ်ချက်ကို သိထားနှင့် သောသူ ဖြစ်ပါသည်။

ချားလ်စီမုန်၏ တရားဒေသနာများသည် ကျွန်ုပ်၏အသက်တာ၌ အလွန်လွမ်းမိုးနိုင်စွမ်းရှိပေသည်။ ၄င်း၏ တရားဒေသနာများ၌ လိုက်လျှောက်ကျင့်သုံးခြင်းအပိုင်းကို အလေးအနက်ထား ပြင်ဆင်ထားသည်ကို တွေ့မြင်နိုင် ပါသည်။ ကျွန်ုပ်တို့သည်လည်း တရားဒေသနာပြင်ဆင်ရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်တရားအား အသက်တာတွင် မည်သို့ လိုက်လျှောက်ကျင့်သုံးရမည်ကို အချိန်ပေး ပြင်ဆင်ရပါသည်။ ကြားနာသူများအနေနှင့် တရားဒေသနာကို နှိုင်းယှဉ်၍အသက်တာတွင် မည်သို့လုပ် ဆောင်ရမည်ဆိုသည်အတွက် အချိန်သိပ်မရှိကြပါ။ ထို့ကြောင့် သမ္မာကျမ်းစာကို ရှင်းပြဝေငှပြီးသည့်နောက် အသက်တာတွင် မည်သို့မည်ပုံ ဆက်စပ်မှုရှိ၍ မည်သို့ မည်ပုံ လိုက်လျှောက်ကျင့်သုံးရမည်ကို ရှင်းရှင်းလင်းလင်းပြောကြား၍ နှုတ်ကပတ်တော်ကို အမှန်တကယ်လုပ် ဆောင်လာကြသူများဖြစ်စေရန် တိုက်တွန်းနိုးဆော်ရမည်ဖြစ်သည်။

သမ္မာကျမ်းစာ၏ သွင်ပြင်လက္ခဏာများကို ကျွန်ုပ်တို့၏တရားဒေသနာဟောပြောသည့် နည်းလမ်းတိုင်း တွင် ပေါ်လွင်နေစေရမည် ဖြစ်သည်။ အစီစဉ်အတိုင်း တရားဒေသနာဝေငှဟောပြောခြင်းအကြောင်းသည် ကျမ်း အုပ်တစ်အုပ်လုံးမှ ရွေးချယ်ကောက်နှုတ်၍ ဝေငှဟောပြောခြင်းကို ကန့်သတ်သည်ဟု မဆိုလိုပါ။ ထို့ပြင် သမ္မာ ကျမ်းစာမှ လူပုဂ္ဂိုလ်များကိုလည်း ၄င်းတို့၏ အသက်တာမှ သင်ခန်းစာယူစရာများ၊ ပယ်စရာအချက်များဟူ၍ ပြင် ဆင်ရင်း တရားဒေသနာကိုလည်း ဟောပြောသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးကို အစီစဉ်ကျ တရားဒေသနာဝေ ငှခြင်းအား အထိရောက်ဆုံးဒေသနာဝေငှခြင်းပုံစံဖြစ်သည်ဟု ဆိုရခြင်းမှာ ထိုသို့ ဟောပြောခြင်းအားဖြင့် ဘုရား သခင်၏အကြံအစဉ်အားလုံးကို ဟောပြောနိုင်သည့်အတွက် ဖြစ်ပါသည်။ သို့ရာတွင် ဤတစ်နည်းတည်းသာ မှန် ကန်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ စနစ်တစ်ခုတည်းကိုသာ အသုံးပြုခြင်းမျိုးသည် ငြီးငွေ့မှုကို ဖြစ်ပေါ်စေနိုင် သည်။ ကျွန်ုပ်တို့၏ သခင်ယေရှုသည်လည်း တရားဒေသနာဝေငှခြင်းကို ပုံစံအမျိုးမျိုးအသုံး ပြုခဲ့ပါသည်။ ကိုယ်တော်၏ တောင်ပေါ် ဒေသနာတွင် စာရိတ္တနှင့်ဆိုင်သည့် အရာများကို တိုက်ရိုက် ဝေငှသင်ကြားပေးခဲ့သည်။ ကြားနာသူများ၏အာရုံကို ဖမ်းစားနိုင်ရန်အတွက် နေ့စဉ်ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အသုံးပြု၍ ဟော ပြောသည့်အချိန်များလည်း ရှိသေးသည်။ တစ်ခါတစ်ရံတွင် ပုံဥပမာများကိုလည်း အသုံးပြုရင်း တရား ဒေသနာဟောကြားသည့်အချိန်လည်း ရှိသည်။ ထို့ပြင် မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်ပြောပြ၍ ဟောကြားခြင်းများလည်း ရှိပေသည်။ ထို့ကြောင့် သမ္မာကျမ်းစာကို အနက်ဖွင့် ဟောကြား ခြင်းဟုဆိုရာတွင် ပုံစံတစ်မျိုးထဲကို တသမတ်တည်းအသုံးပြုရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကျမ်းအုပ်တစ်အုပ် ကို အနက်ဝေငှရာတွင် အန္တရယ်ရှိသည့်အချက်တစ်ချက်မှာ ကျမ်းအုပ်တစ်အုပ်တည်း၌ အချိန်ကြာမြင့်စွာ အသုံး ပြုခြင်းဖြစ်ပါသည်။ သမ္မာကျမ်းစာကို အနက်ဖွင့်ဟောကြားခြင်းဟုဆိုရာတွင် ငြီးငွေ့ဖွယ်ကောင်းစေသည့် ပုံစံတူ တရားဒေသနာဟောကြားခြင်းမျိုးကို မဆိုလို။ ကျွန်ုပ်အနေနှင့် သမ္မာသစ်ကျမ်းမှ ရောမသြဝါဒစာကို အနက်ဖွင့် ဟောကြားရာတွင် ရတ္တတစ်ပတ် ၁ဝ ပတ်ကို သီးသန့်အချိန်ထား၍ ထိုဆယ်ပတ်ပြီးသည့် နောက်တွင် လုံးဝပုံစံမ တူတော့သည့် တရားဒေသနာကို ပြန်လည်အသုံးပြုပြန်သည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် တရားဒေသနာ ဆရာ အပါအဝင်၊ ကြားနာသူအားလုံး လန်းလန်းဆန်းဆန်းဖြင့် အသစ်မှ ပြန်လည်အစပြုသလို ခံစားကြရပါသည်။ ရော မဩဝါဒစာနှင့် စပ်လျဉ်း၍ စိတ်ကိုလန်းဆန်းစေသည့် အခြားသောတရားဒေသနာမှာ ရောမဩဝါဒစာတွင် တွေ့ရ သည့် အာဗြဟံ သို့မဟုတ် ယောသပ်တို့၏အသက်တာကို ဟောပြောခြင်းမျိုး ဖြစ်ပါသည်။ 

ဧဝံဂေလိတရားဟောပြောခြင်း

မယုံကြည်သောသူများ ယုံကြည်လာ၍ ကယ်တင်ခြင်းရောက်စေရန် သတင်းကောင်းဝေငှရခြင်းအခွင့် သည် အလွန်မွန်မြတ်သော အခွင့်ထူးတစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်အမြင်ဖြင့် ပြောရမည်ဆိုလျှင် တနင်္ဂနွေနေ့တစ် ရက်တွင် အစည်းအဝေးနှစ်ကြိမ်ရှိသည် ဆိုလျှင် တစ်ကြိမ်မှာ ကယ်တင်ခြင်းသတင်းကောင်းကို အလေးပေးသည့် ဧဝံဂေလိ တရားဒေသနာဝေငှခြင်းအတွက် အချိန်သုံးရမည်ဟု ယုံကြည်သည်။ ကျွန်ုပ်၏အတွေ့အကြုံအားဖြင့် ဆိုလျှင် မြောက်များစွာသောသူများသည် ယုံကြည်ပြီးသောသူများထံ တရားဒေသနာဝေငှခြင်းအားဖြင့် ပြောင်းလဲ လာတတ်ကြသည်။ မယုံကြည်သူတစ်ဦးက ဘုရားသခင်၏တရားဒေသနာကို ကြားနာရာတွင် “ဒီဒေသနာက ဘာ လို့ ငါနားမလည်နိုင်တာလဲ၊” သို့မဟုတ် “ဒီက ယုံကြည်သူတွေလို ဘာကြောင့်မို့လို့ ငါခွန်အားမရနိုင်ရတာလဲ” ဟု ၄င်းကိုယ်ကို မေးခွန်းထုတ်တတ်လေ့ရှိကြသည်။ ထို့ပြင် အစည်းအဝေးနှစ်ကြိမ်ရှိသည့်အနက် တစ်ကြိမ်ကို ကယ် တင်ခြင်းတရားဒေနာဝေငှဖို့ရန်အတွက် ရည်ရွယ်ရခြင်း၌ အားသာချက်တစ်ခုမှာ မယုံကြည်သူများအတွက် အခွင့် ထူးဖြစ်သကဲ့သို့ ယုံကြည်ပြီးသောသူတို့မှာလည်း မယုံကြည်သေးသော ၄င်းတို့၏ သူငယ်ချင်းများအား ဘုရား ကျောင်းသို့ ခေါ်လာစေရန် တွန်းအားကို ဖြစ်ပေါ်စေသည်။

မည်သို့ပင်ဖြစ်စေကာမူ တနင်္ဂနွေနေ့တိုင်း ကယ်တင်ခြင်း သတင်းကောင်းနှင့်စပ်လျဉ်း၍ တရားဒေသနာ ဝေငှခြင်းသည် လွယ်ကူသည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။ အပတ်စဉ်တိုင်း အစဉ်လန်းဆန်းမှုရှိနေစေရန်မှာ အ လွန်အရေးကြီးပါသည်။ အပတ်စဉ်တိုင်း တွေ့မြင်နေရသည့် ယုံကြည်သူများနှင့် ပြောင်းလဲခြင်းမရှိနိုင်သေးသည့် မယုံကြည်အချို့တို့ကြောင့် စိတ်ပျက်သွားခြင်းမရှိအောင် မိမိကိုယ်ကို ထိန်းသိမ်းနိုင်ရမည်။ ယုံကြည်သူ အများစု ရှိသည့်အတွက် ကယ်တင်ခြင်းသတင်းကောင်းနှင့် စပ်ဆိုင်သည့် တရားသနာကို ဟောပြောခြင်း မရှိတော့ခြင်းမျိုး သည်လည်း မကောင်းပေ။ ထိုသို့သောပြဿနာကို ဖြေရှင်းရန်အတွက် ကယ်တင်ခြင်းသတင်းကောင်းလည်း ပါ သည့်အပြင် ယုံကြည်သူများအား ကြီးထွားစေမည့်ကျမ်းပိုဒ်များကို ရွေးချယ်ဟောပြောရမည် ဖြစ်သည်။ ဥပမာ ကျွန်ုပ်တို့အနေနှင့် ခရစ်ဝင်ကျမ်းလေးကျမ်းကို ဟောပြောရာတွင် ယုံကြည်သူများကို သွန်သင်သည့်သဘော သက်ရောက်သကဲ့သို့ တပည့်တော်များက ကယ်တင်ခြင်းသတင်းကို စတင်၍ ဝေငှသည်ကိုလည်း တွေ့ရသည့်အ တွက် ကျွန်ုပ်တို့သည် သတင်းကောင်းကို ဝေငှဟောကြားရန် လိုအပ်ကြောင်း ဟောပြော၍ရပါသည်။ တမန်တော် ဝတ္တုအားဖြင့် ကျွန်ုပ်တို့ဟောကြားရာတွင် ယုံကြည်သူများကို သွန်သင်ပေးသည့်နည်းတူ၊ တပည့်တော်များ ကြွေး ကြော်ခဲ့ကြသည့် တရားဒေသနာအားဖြင့် လူသားများပြောင်းလဲကြသည့်အတိုင်း ကယ်တင်ခြင်းသတင်းကို ကျွန်ုပ် တို့ဟောပြောကြပြန်သည်။ ယောဘဝတ္တုထဲ၌ တွေ့ရသည့်မေးခွန်းများသည်လည်း ယုံကြည်သူများအတွက် ဖြစ် သည့်နည်းတူ မယုံကြည်သူများနှင့် ဆက်ဆိုင်သည့် တရားဒေသနာများပါရှိကြပါသည်။ သတင်းကောင်းဝေငှခြင်း အမှုသည် ခက်ခဲသောအမှုဖြစ်ပါသည်။ ကျွန်ုပ်တို့အနေနှင့် ချို့ယွင်းချက်မရှိရလေအောင် စေ့စေ့စပ်စပ် အစပြုရ မည်။ ယုံကြည်သူများသာ ရင်းနှီကျွမ်းဝင်သည့် စကားလုံးများကို ကျွန်ုပ်တို့အသုံးပြုကြရမည်။ ကယ်တင်ခြင်း သ တင်းကောင်းဟောပြောရာတွင် သမ္မာကျမ်းစာ၏စကားလုံးများဖြစ်သော နောင်တရခြင်း၊ ယုံကြည်ခြင်းနှင့် ဖြောင့် မတ်စေခြင်းစသည့် အခက်အခဲရှိသည့် စကားလုံးများကို အသုံးပြုကြရမည်။ ကျွန်ုပ်တို့အား ကြားနာသူများက နားလည်ပေးခြင်း မဟုတ်ဘဲ၊ ကျွန်ုပ်တို့ဘက်မှ ကြားနာသူများ အမှန်တကယ်နားလည်လာစေရန် အဘက်ဘက်မှ ကြိုးစားအားထုတ်ကြရမည်။ ကျွန်ုပ်တို့ကိုယ်ကို “တကယ်လို့ သတင်းကောင်းကို ပထမဦးဆုံး အချိန်ကြားရတယ် ဆိုရင် ငါဘယ်လိုတုန့်ပြန်မလဲ” သို့မဟုတ် “နောင်တရခြင်းဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို ယနေ့ခေတ်က ဘယ်လို နားလည်ပြီးတော့၊ သမ္မာကျမ်းစာရဲ့အဓိပ္ပါယ်နဲ့ ဘယ်လိုကွာခြားမှုရှိပါသလဲ” စသည်ဖြင့် မေးခွန်းများကို မေးရပါ မည်။ ကြားနာသူများအပေါ်ထားရှိသည့် ကျွန်ုပ်တို့၏မေတ္တာနှင့် ဂရုစိုက်မှုတို့ကို ၄င်းတို့နေရာ၌ နေရာယူ၍ ခံစား ပေးရန် အားထုတ်မှုတွင် တွေ့မြင်နိုင်ပါသည်။

မှားယွင်းသော ထင်မြင်ယူဆချက်များမရှိရလေအောင် ကျွန်ုပ်တို့ ကြိုးစားအားထုတ်ကြရမည်။ ကျွန်ုပ်တို့ ၏ရန်သူကြီးသည် ဘုရားသခင်နှင့် ကယ်တင်ခြင်းသတင်းတို့နှင့်ပတ်သက်၍ မှားယွင်းသောအမြင်များ အစဉ်တိုင်း ရှိစေလိုသောသူ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တစ်ပါးတည်းသာလျှင် လူသားတို့၏နှလုံးသားကို ဘုရားသခင် ၏ဘုန်းထင်ရှားစေနိုင်ပါသော်လည်း သူနှင့်အတူ လုပ်ဆောင်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်နေသည်။ ထိုဖိတ်ခေါ်လုပ် ဆောင်ခြင်း၏တစိတ်တဒေသမှာ ဘုရားသခင်၊ ကယ်တင်ခြင်းသတင်းကောင်း၊ ခရစ်ယာန်အသက်တာစသည်တို့ နှင့် စပ်လျဉ်းသည့် သင်ကြားပေးခြင်းတို့တွင် မှားယွင်းသော ထင်မြင်ယူဆချက်များမရှိစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ဟောပြောသောတရားဒေသနာများကို အစဉ်တစိုက်သတိပြုကြရပါမည်။ တပည့်တော်များက ဂျူးလူမျိုးများထံ တရားဒေသနာ ဟောပြောကြသည်တွင် ၄င်းတို့အနေနှင့် ကြားနားသူများမှာ ဘုရားသခင်၏ပညတ်တော်တရားအကြောင်းကို သိထားနှင့်သည်ဟု ယူဆနိုင်ကြသည်။ ပညတ်တော်တရားအား ဖြင့် တရားဒေသနာဟောပြောရာတွင် ပညတ်တော်သည် နောင်တတရားနှင့်ယုံကြည်ခြင်းတရားထံသို့ ဦးဆောင် လမ်းပြပေးသော ဘုရားသခင်ပေးအပ်ထားသည့် အထိန်းဖြစ်သည်။ ထို့ပြင် တစ်ပါးအမျိုးသားများထံ သတင်း ကောင်းဝေငှရာတွင် ဤအချက်ကို ချန်လှပ်ထားခြင်းမျိုး မပြုခဲ့ပါ။ ဖန်ဆင်းရှင်၏ဖန်ဆင်းခြင်းအမှုမှစ၍ ဝေငှခဲ့ ကြသည်ကို တမန်တော်ဝတ္ထု၌ တွေ့မြင်နိုင်ပါသည် (တမန်၊ ၁၇:၂၄)။ မည်သူ၏ပညတ်တရားကို ကျွန်ုပ်တို့ ချိုး ဖြတ်ထားသည်ကို သိမှတ်ထားမှသာလျှင် ဘုရားသခင်၏ပညတ်တရားတော်သည် ကျွန်ုပ်တို့၏အပြစ်ကို ဖော်ပြ ညွှန်းဆိုနေသည်ကို သိရသကဲ့သို့ ကမ္ဘာဦးကျမ်း ၁ နှင့် ၃ အကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို နားလည် ထားရမည်နည်းတူ ရှင်ယောဟန် ၁ နှင့် ၃ အကြားတွင်လည်း မည်သည့်အရာများရှိသည်ကို နားလည်ခြင်း စသည် ဖြင့် သမ္မာကျမ်းစာကို နှံ့နှံ့စပ်စပ် နားလည် သဘောပေါက်ထားကြရမည်။

သတင်းကောင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာမှန်သမျှ ချန်လှပ်ထားခြင်းမရှိလေအောင် ကြွေးကြော် ခြင်းအမှုကိုပြုနိုင်ရန် ကျွန်ုပ်တို့ သတိအစဉ်ရှိနေရမည်။ အကြောင်းအရာ စုံလင်စွာဝေငှနိုင်ရန်အတွက် တစ်ကြိမ် တည်း ဟောပြောခြင်းဖြင့် မဖြစ်နိုင်ပါသော်လည်း အဓိကအချက်များကို မကျန်မိစေရန် သတိထားရပါမည်။ ဤ အချက်ကိုအစဉ်သတိရနေစေရန်အတွက် တပည့်တော်များပြုကျင့်ခဲ့သည့် အဓိကအချက်ခြောက်ချက်ဖြင့် ကျွန်ုပ် ကိုယ်ကျွန်ုပ် အကြိမ်ကြိမ် သတိပေးတတ်ပါသည်။ ကြားနာသူများအနေနှင့် ၄င်းတို့ကြားနာရသည့် သတင်းသည် တစ်ခုတည်းသော ဘုရားသခင်ဖြစ်တော်မူထသော၊ ဖန်ဆင်းရှင်ဘုရား၊ ပညတ်တရားတို့ကို ပေးသောသူသောသူ ထံမှဖြစ်ကြောင်းကို တပည့်တော်များသည် အလေးအနက်ထား၍ ပြောပြတတ်ကြပါသည်။ ပထမအချက်- သတ် မှတ်ထားသောအချိန်၊ ဘုရားသခင်က ရွေးချယ်ထားသော သူ၏လူမျိုးစုများထံပေးထားသည့် အချိန်သည် ရောက် ရှိခဲ့ပြီဖြစ်သည်။ ခရစ် တော်အားဖြင့် ဘုရားသခင်သည် သူ၏လူမျိုးများထံ အလည်လာ၍ ရွေးနှုတ်ခဲ့သည် (တမန်၊ ၂း၁၆-၂၁)။ ဒုတိယအချက် – လူ့သမိုင်းတွင် ဘုရားသခင်ဆင်းကြွလာခြင်းကို ဘုရားသခင် စေလွှတ်တော်မူသော ခရစ်တော်မေရှိယအား လူသားများက ငြင်းပယ်၊ သတ်ဖြတ်ခဲ့ကြရာ သုံးရက်မြောက်သောနေ့တွင် ဘုရားသခင် ကိုယ်တိုင် ပြန်လည်ထမြောက်စေခဲ့သည် (တမန်၊ ၂း၂၃၊၃၆)။ တတိယအချက် - သူ၏အသေခံပေးခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်းတန်ခိုးတော်အားဖြင့် ခရစ်တော်သည် အပြစ်တရားကိုအောင်နိုင်၍၊ ယုံကြည်သူတိုင်းအတွက် ဘုရားသခင်၏နိုင်ငံတော်တံခါးကို ဖွင့်ပေးခဲ့သည်။ ကယ်တင်တော်မူခြင်းအကြောင်းကို အခြားမည်သူတစ်ဦး တစ် ယောက်ထံ၌မျှ ဤလောကတွင်မရှိပါ (တမန်၊ ၄း၁၂)။ စတုတ္ထအချက် – ယနေ့ကမ္ဘာမြေကြီးတွင် ဘုရားသခင်၏ တန်ခိုးတော် အမှန်လှုပ်ရှားတော်မူသည်ဆိုသည့်အချက်ကို ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်း အ ကြောင်းနှင့် အသင်းတော်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုတို့တွင် ထင်ရှားနေသည် (တမန်၊ ၄း၃၃၊ ရောမ၊ ၁း၄၊ ဧဖက်၊ ၁း၁၉၊၂၀)။ ပဉ္စမအချက် - ဤသည်မှာ ဘုရားသခင်၏ နိုင်ငံတော်အစပြုရာအကြောင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်ယေရှုခရစ်တော်သည် တရားသူကြီးအဖြစ် နောက်တစ်ကြိမ် ပြန်လည် ကြွ လာတော်မူ၍ ဘုရားသခင်၏ နိုင်ငံတော်သည် စုံလင်စွာ တည်ထောင်ခြင်း ရှိလိမ့်မည် (တမန်၊ ၃း၂၀၊ ၂၁၊ ၁၇း၃၀၊ ၃၁၊ ၂သက်၊ ၁း၇-၁၀)။ ဆဌမအချက် - ထို့ကြောင့် အမျိုးသမီး၊ အမျိုးသားအပေါင်းတို့သည် ၄င်းတို့၏အပြစ် ဖြေ လွှတ်ရန်အတွက် နောင်တရ၍ ခရစ်တော်၏နာမတော်၌ ဗတ္တိဇံကို ခံယူကာ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လက် ခံကြရမည်ဖြစ်သည် (တမန်၊ ၂း၂၈)။ ယခုတွင် သတင်းကောင်းဟောပြောခြင်းဟုဆိုရာတွင် အထက်ပါ အချက်များ ကို ပြောပြလိုက်ရုံနှင့် မပြီးပါ။ ၄င်းတို့တွင် ကျွန်ုပ်တို့ဟောပြောရမည့် အရာအားလုံး၏အခြေခံအုတ်မြစ် ဖြစ်ပါ သည်။ တစ်နည်းဆိုရလျှင် ဤအချက်များသည် နှုတ်ကပတ်တော်တစ်ခုလုံးကိုအသုံးပြု၍ ထိုအချက်ကို ဝေငှ ဖော်ပြရန် ဖြစ်သည်။ 

သတင်းကောင်းဟောပြောရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ခရစ်တော်သည် မည်သူဖြစ်၍ သူ၏လုပ်ဆောင်ချက်များကို ရှင်းလင်းတိကျစွာ ပြောပြနိုင်ရန်ဖြစ်သည်။ သတင်ကောင်းဝေငှခြင်းနင့် တရား ဒေသနာဟောပြောခြင်းတွင်သာမက အရာရာတွင် ခရစ်တော်၏ကြီးမြတ်တော်မူသော ဘုန်းထင်ရှားစေခြင်းအမှု ကို ဘုရားသခင်သည် ရည်ရွယ်နှစ်သက်တော်မူသည်။ သတင်းကောင်းဟောပြောခြင်းတွင် အသေခံ၍ ရှင်ပြန် ထမြောက်ကာ၊ ဘုန်းတော်ဝင်စားတော်မူသော ကယ်တင်ရှင်အကြောင်းကို ဟောပြောခြင်းမရှိပါက ထိုဟောပြော ခြင်းသည် ဆုံးရှုံးသောဟောကြားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ဝေငှသော တရားဒေသနာအားလုံးသည် ကိုယ်တော် နှင့် တနည်းတဖုံ ဆက်နွယ် မီးမှောင်းထိုးမှုရှိနေရပါမည်။ ခရစ်တော်၏သတင်းကောင်းကို ကျွန်ုပ်တို့ ဟောပြောရာ တွင် ကယ်တင်ခြင်း၏ အကျိုးကျေးဇူးဖြစ်သော ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား ပြန်လည် သင့်မြတ်စေခြင်း (၂ ကော၊ ၅း၁၈-၂၁)၊ ဖြောင့်မတ်စေခြင်း (၁ကော၊ ၁း၃၀၊ ၆း၁၁)၊ ကျိန်ခြင်းတရားမှ လွတ်မြောက်စေခြင်း (ယောဟန်၊ ၃း၁၈၊ ရောမ၊ ၈း၁၊ ၁ကော၊ ၁၁း၃၂)၊ ဘုရားသခင်၏ပိုင်ဆိုင်သော အမျိုးအနွယ်ဖြစ်ခြင်း (တမန်၊ ၂း၄၁၊ ၄၇၊ ၁ကော၊ ၁း၂၊ ၆း၁၊ ၂။ ၁၆း၁၊ ၁၅၊ ၁ ပေ၊ ၂း၄-၁ဝ)၊ ဘုရားသခင်၏နိုင်ငံသားဖြစ်ခြင်း (၁ကော၊ ၆း၁ဝ၊ ကောလောသဲ၊ ၁း၁၃)၊ ဝိညာဉ်တော်ဆုကျေးဇူး (တမန်၊ ၂း၃၈၊ ၁ကော၊ ၂း၁၂)၊ ထာဝရအသက် (ယော၊ ၃း၁၆၊ ၁၁:၂၅၊ ၂၆)၊ နှင့် ရှင်ပြန်ထမြောက်ခြင်းနှင့်ယှဉ်သော မျှော်လင့်ခြင်း (၁ကော၊ ၆း၁၄၊ ၁၅း၁၂-၅၇) စသည့်တို့ကိုလည်း ချန်လှပ် မ ထားသင့်ပါပေ။ ဤအကျိုးကျေးဇူးများသည် နှုတ်ကပတ်တော်တစ်ခုလုံးကို အသုံးပြု၍ အသေးစိတ် အနက်ဖွင့် ဝေငှရန် တိုက်တန်သော အချက်များ ဖြစ်ကြပါသည်။

သတင်းကောင်းကို ပြန်လည်တုန့်ပြန်ရန် ဘုရားသခင်၏ တောင်းခံချက်များကိုလည်း ကျွန်ုပ်တို့ ရှင်းပြ ပေးရမည်။ ပင်တေကုတ္တေပွဲနေ့တွင် လူပေါင်းများစွာက “အဘယ်သို့ ပြုရပါမည်နည်း” (တမန်၊ ၂၃ ဟူ၍၄င်း၊ ဖိလိ ပ္ပိထောင်မှူးကလည်း “အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ ပြုရပါမည်နည်း” (တမန်၊ ၁၆း၃ဝ) ဟူ၍၄င်း မေးမြန်လာသောအခါ တပည့်တော်များက အလေးအနက်ထားကာ ပြန်လည်ပြောကြားခဲ့ကြ ပါသည်။ လူအုပ်ကြီးအား “သင်တို့၏ အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောဆုကျေးဇူးတော်ကို ခံရကြလိမ့် မည်” ဟု တပည့်တော်များက တုန့်ပြန်ခဲ့ကြသည် (တမန်၊ ၂း၃၈၊၃၉)၊ ဖိလိပ္ပိထောင်မှူးအားလည်း “သခင်ယေရှုကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပြန်လည် ရှင်းပြခဲ့ကြသည် (တမန်၊ ၁၆း၃၁)။ နောင်တရခြင်း နှင့် ယုံကြည်ခြင်း တို့သည် အကြိမ်ကြိမ် ရှင်းပြရန် လိုအပ်ပါသည်။ ထို့ပြင် ပေးဆပ်ရမည့် အရာများကိုလည်း ကြားနာသူများအား ပြောပြထားရမည်။ ဤအချက်ကို လျစ်လျူရှု၍ တရားဟောရန် ဖြစ်နိုင်ပါသော်လည်း ကိုယ်တော်၏တရားဒေသနာ ဟောကြားခြင်းတွင် အစဉ်တ စိုက် ပြောကြားခဲ့သည်ကို တွေ့နိုင်ပါသည်။ ပေးဆပ်ရမည့် တန်ဖိုးတို့ကို ကြိုတင်သိမှတ်သုံးသပ်ခြင်း မရှိသောသူ တစ်ယောက်အနေနှင့် ဘုရားသခင်၏ တပည့်တော် ဖြစ်မလာနိုင်ပါပေ။ ဘုရားသခင်နောက် လိုက်လျှင် ပေးဆပ် ရမည့် အရာများ၊ နောက်ဆက်တွဲ အခြေအနေများကို ရှင်းပြပြောဆိုရန် ကျွန်ုပ်တို့ ကြောက်ရွံ့နေဖို့ မလိုပါပေ။ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသောသူတစ်ယောက်သည် ဘုရားသခင်နောက် အမှန်တကယ် လိုက်လို သော ဆန္ဒရှိပေသည်။

ကယ်တင်ခြင်းသတင်းကောင်းကို ဟောကြားခြင်းအားဖြင့် ရရှိလာမည့်အကျိုးရလဒ်ကို သိထားရမည်။ မယုံကြည်သောသူများ ပြောင်းလဲလာစေရန် ကျွန်ုပ်တို့ မျှော်လင့်သည်။ ကျွန်ုပ်တို့မျှော်လင့်ထားသောအရာနှင့် ရရှိ သည့်အရာများအကြား အမြဲဆက်နွယ်မှုရှိပါသည်။ တရားဒေသနာဟောပြောခြင်းအမှုသည်လည်း အခြားသော ခရစ်ယာန်အသက်တာကဲ့သို့ပင် “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်” ဆိုသည့် အမှု အရာတစ်ခုဖြစ်ပါသည် (ဟေဗြဲ၊ ၁၁း၆)။ တရားဟောပြောခြင်းသည် ယုံကြည်ခြင်းနှင့်ယှဉ်သော အလုပ်တစ်ခုပင် ဖြစ်သည်။ တရားဟောပြောသည့်အခါတိုင်း သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကပတ်တော်အားဖြင့် တန်ခိုး တော်နှင့် အပြစ်ကိုဖော်ပြလှုပ်ရှားတော်မည်ဟု ယုံကြည်ခြင်းအမှု၌ ရဲရင့်ခြင်းရှိသူများ ဖြစ်ရမည် (၁ကော၊၂း၄၅)။ တရားဟောဆရာနှင့် တိုက်ရိုက်တွေ့ဆုံခြင်းမရှိဘဲ၊ ပြောင်းလဲသောသူ ပို၍မများနိုင်ပါ။ အခြားနည်းအားဖြင့် ဆိုရ ပါလျှင်၊ ကျွန်ုပ်တို့ကို အစည်းအဝေးပြီးသည့်နောက်ပိုင်းတွင် လာရောက်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်နိုင်ပါသည်။ သို့မဟုတ် သီးသန့်အချိန်များတွင်လည်း လာရောက်တွေ့ဆုံမှုများကို ခံရတတ်ပါသည်။ ဤနေရာတွင် အပြစ်ကို ဖော်ပြခြင်း၊ ဘုရားသခင်၏သန့်ရှင်းခြင်းအကြောင်းနှင့် မာန်မာနတရား၏ကြောက်မတ်ဖွယ်အကြောင်းတို့ကို သ တိပြုဆက်ဆံပြောဆိုရပါမည်။ ၄င်းတို့၏အသက်တာတွင်အလုပ်လုပ်နေသည်ဆိုလျှင်၊ ၄င်းတို့သည် သန့်ရှင်း သောဝိညာဉ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်ဖြစ်သည်ဟူ၍၄င်း၊ မည်မျှပင် အခက်အခဲများ များပြားပါစေ နှုတ်ကပတ်တော်၏ မိန့်မှာချက်များကို နာခံလာကြမည် ဖြစ်သည်။ အသစ် တဖန်မွေးဖွားခြင်းထက် ဝမ်းမြောက်စရာအကြောင်း မရှိနိုင်တော့ပါပေ။

ကလေးငယ်များထံ တရားဒေသနာ ဝေငှခြင်း

အပတ်စဉ်တိုင်း ကလေးငယ်များအတွက် တရားဒေသနာဟောပြောရန်အတွက် ကျွန်ုပ်စိတ်ရှိပါသည်။ ကလေးငယ်များသည်လည်း အသင်းဝင်များ၏ တစ်စိတ်တစ်ဒေသဖြစ်ကြရာ၊ ၄င်းတို့အား ဝတ်ပြုကိုးကွယ်ခြင်း တွင် ပါဝင်လာကြစေရန် မိဘများက ဆွဲခေါ်၍ မိသားစုလိုက် ဝတ်ပြုစည်းဝေးတက်ရောက်ကြစေရန် ကျွန်ုပ် အစဉ်ခွန်အားပေးတတ်ပါသည်။ သိုးထိန်းနှင့် ဓမ္မဆရာများအနေနှင့် ကျွန်ုပ်တို့ သည် အသက်အရွယ် အပိုင်းအခြား အသီးသီးတို့အတွက် တာဝန်ဝတ္တရား ရှိကြပါသည်။ သိုးပေါက်လေးများအတွက် နို့ကို ထောက်ပံ့ပေးရမည် ဖြစ်သ ကဲ့သို့၊ အရွယ်ရောက်ပြီးသော သိုးစုများကို စိမ်းလန်းသော ကျက်စားရာအရပ်စီသို့ ဦးဆောင်ပေးကြရမည့် တာဝန် ကျွန်ုပ်တို့တွင်ကိုယ်စီရှိကြပါသည်။ သမ္မာကျမ်းစာထဲ၌ပင် အသက်အရွယ်အသီးသီးအတွက် ရည်ရွယ် ထားသည်ကို တွေ့ရသည့်အတိုင်း ကျွန်ုပ်တို့သည်လည်း အသက်ရွယ် အသီးသီးတို့အတွက် အလေး ထားကြရ မည်။ ယေရှုရှင်ကိုယ်တိုင်က ဘုရားသခင်၏ နိုင်ငံတော်သည် အရွယ်ရောက်ပြီးသောသူများအတွက်သာမက၊ ကလေးငယ်များအတွက်ပါ ဖွင့်ထားသည်ဟု သင်ကြားပေးခဲ့သည် (မာကု၊ ၁၀း၁၄)။ ကလေးငယ်များ၏ အသက် တာပြောင်းလဲခြင်းနှင့်ကျေးဇူးတော်တရား၌ ကြီးထွားခြင်းအသက်တာရှိစေရန်မှာ သင်းအုပ်ဆရာတို့၏ လုပ် ဆောင်ရမည့် တာဝန် ဝတ္တရားများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကလေးငယ်များကို အသင်းတော် အစီစဉ်များတွင် ပါဝင်စေခြင်းအားဖြင့် ၄င်းတို့သည် အသင်းတော်၏မိသားစုဝင်များဖြစ်သည်ဆိုသည့်အကြောင်းနှင့် အသင်းတော် က ၄င်းတို့ကို မည်မျှတန်ဖိုးထားသည်ဆိုသည့်အကြောင်းတို့ကို နားလည် ခံစားသင့်ပါသည်။ ကလေးငယ်များ အတွက် ပုံမှန်တရားဒေသနာဟာကြားခြင်းအားဖြင့်သာ ၄င်းတို့နှင့်ကျွန်ုပ်တို့အကြား မိဿဟာရဖွဲ့မှ ရှိနိုင်ပေ သည်။ သို့မဟုတ်ပါက အခြားနည်းလမ်းအားဖြင့် မိဿဟာရဖွဲ့ခြင်းရှိရန်မှာ မလွယ်ကူပါပေ။ ဤအရာကို ကျွန်ုပ် တို့ အလေးထား၍ ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်သည်။ ကလေးငယ်များ၏မိဘများအားလည်း ကလေးငယ် များကို ဦးဆောင်လမ်းပြပေးရန် တိုက်တွန်းမှုများလည်း ပြုလုပ်ပေးရမည်။ သို့မှသာလျှင် မိသားစုလိုက် ခရစ် ယာန်အသက်တာ ကြီးထွားဖို့ရန်အတွက် တိုင်ပင်ညှိနှိုင်းဆောင်ရွက်မှုများ ပြုနိုင် မည်ဖြစ်သည်။

ကလေးငယ်များထံ တရားဒေသနာဟောပြောခြင်းအမှုသည် အခြားသာသာနရပြုခြင်း၏ ရည်ရွယ်ချက် နှင့် ကွာခြားချက်အလျဉ်းမရှိပါပေ။ ကလေးငယ်များထံ နှုတ်ကပတ်တော်တရားဖွင့်ပြရန်၊ သားတော် ယေရှုခရစ်၌ ဘုရားသခင်၏ဖော်ပြခြင်းအကြောင်းကို ပြောပြရန်နှင့် ကယ်တင်ခြင်းအမှုသည် ခရစ်တော်အားဖြင့် ပြီးမြောက် ခဲ့ပြီဖြစ်ကြောင်းကို သက်သေခံဟောပြောဖို့ရန်သည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြောပြ ခြင်းများအားလုံးသည် သမ္မာတရားကိုဖွင့်ပြသည့် အကြောင်းအရာများသာဖြစ်ရပါမည်။ အခြားသော ယုံကြည်သူ များကို သင်ကြားပေးရန် လိုအပ်သည့် အခြေခံအုတ်မြစ်များသည်လည်း ကလေးငယ်များအတွက် ဖြစ်ပါသော် လည်း၊ ရှင်းလင်းပို့ချချက်များသည် သာ၍ရိုးရှင်းသည့် ပုံစံများဖြင့်ဖြစ်သင့်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ကလေး ငယ်များ ကိုယ်တိုင်ပါဝင်လှုပ်ရှားစေခြင်းအားဖြင့် ကလေးငယ်များ၏အာရုံကိုသာ၍လည်း ၄င်းတို့၏ နှလုံးသား တွင် အမှတ်ရစေပါသည်။ ရုပ်ပုံကားချပ်များ၊ လွှမ်းမိုးနိုင်စွမ်းရှိစေသကဲ့သို့၊ သင်ကြားပေးသည့် အကြောင်းအရာ များကို ပရိုဂျက်တာများစသည့် အထောက်အကူပြုပစ္စည်းများသည် အလွန်အရေးပါသည်ဟု ဆိုနိုင်ပါသော် လည်း ၊ ၄င်းတို့၌သာ အချိန်ကုန်သွားခြင်းမရှိစေရန် သတိပြုရပါမည်။ အထောက်အကူပြုပစ္စည်းများသည် အထူး စီမံပြုလုပ်ထားသည့်အရာများ ဖြစ်နေရန်မလိုအပ်ပါ။ ပြောပြလိုသည့်အချက်များကို ရှင်းလင်းပျက်သားစွာ ဖော် ပြပေးနိုင်သည့်အရာများဖြစ်ရန်သည် သာ၍အရေးပါ၏။ ကျွန်ုပ်တို့ပြောပြနေသည့်အရာကို မြင်တွေ့နိုင်သည့် အရာတစ်စုံတစ်ခုအားဖြင့် ပြောပြနိုင်ပါလျှင် ထိုအရာကို ကျွန်ုပ်တို့သာ၍ မှတ်မိနေနိုင်ပါသည်။

ကလေးမဆန်ဘဲ သမ္မာတရား၏အနှစ်သဘောကို ဆောင်ကျဉ်းပေးနိုင်သည့်အချက်များကို စဉ်းစား အကြံ ထုတ်ရန်မှာ လွယ်ကူသည့် အလုပ်တော့မဟုတ်ပါပေ။ ကလေးငယ်များထံ ပြောပြရမည်ဆိုသည့်အချက်ကြောင့် သမ္မာကျမ်းစာနှင့်မကိုက်ညီသောပုံပြင်များကို ကျွန်ုပ်တို့အသုံးပြုပြောဆိုတတ်ကြသည်။ မည်သည့် သင်ခန်းစာ သည် ခက်ခဲ၍၊ မည်သည့်အကြောင်းအား သင်ကြားပေးရမည်ဟူ၍ ကြိုတင်ဆုံးဖြတ် ရွေးချယ်ထားခြင်းသည် ကလေးငယ်များအား သင်ကြားပေးခြင်းအမှုတွင် အသီးအပွင့်များစွာကို သီးပွင့်စေပါသည်။ (အရွယ်ရောက်ပြီး သောကလေးများ နားလည်နိုင်လောက်သည့်မေးခွန်းများဖြင့် ကျွန်ုပ်တို့အဆုံးသတ်တတ်ကြသည်။) ဆုလဒ်ဆောင် ပေးမည်ဟုဆို၍ ခရစ်ယာန်တို့ ယုံကြည်ရာဩဝါဒများကို အပိုင်းပိုင်းဖြင့် သင်ကြားပေးခြင်းသည်လည်း အကျိုး ကျေးဇူးထူးလှပါသည်။ ကလေးများကို မေးခွန်းများမေး၍ အလွတ်ကျက်မှတ်စေ၍ ဖြေကြားစေခြင်းသည်လည်း ကလေးများကို ဝမ်းမြောက်စေသည့်အပြင် တိုးတက်မှုများကိုလည်း ဖြစ်ပေါ်စေပါသည်။ နည်းတူ၊ နောက် သင်ခန်းစာအတွက် မည်သည့်အရာကို သင်ကြားပေးရမည်နည်းဟူ၍ တွေးပူမှုမျိုးကိုမရှိစေပါ။  “ငါသည် အဘယ် သူနည်း” ဟုဆိုသည့် စာအုပ်၌အက္ခရာစဉ်အတိုင်းသင်ကြားပေးမှုများကို ကျွန်ုပ် သင်ကြားခဲ့ပေးဖူးပါ သည်။ ထိုစာအုပ်ထဲ၌ အက္ခရာစဉ်အလိုက် သမ္မာကျမ်းစာရှိ လူပုဂ္ဂိုလ်များ၏ပုံကို ဖော်ပြထားရာ မည်သူမည်ဝါဖြစ်သည် ကို သိသောသူအား လက်ထောင်စေလေ့ရှိသည်။ ထို့ပြင် ကလေးငယ်များကို ၄င်းကိုယ်တိုင် မှတ်စုများပြုလုပ်စေ ရန် တိုက်တွန်းနိုးဆော်၍ နောက်ဆုံးတွင် ဆုလာဒ်များ ကျွန်ုပ်ပေးတတ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကလေးငယ်များနှင့် ကျွန်ုပ်အကြား ဆက်နွယ်မှုကို ကြီးထွားစေသကဲ့သို့ တနင်္ဂနွေနေ့၌ သင်ကြားပေးခြင်းအမှု သည် အိမ်အထိတိုင်အောင် စီးဆင်းသွားစေပါသည်။

ကလေးငယ်များထံထိရောက်စွာ သင်ကြားပေးနိုင်ရန်အတွက် ကြိုးစားအားထုတ်မှု၊ ရိုးသားဖြူစင်မှု၊ ဖြတ်လတ်မှုနှင့် သဘာဝကျမှုတို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့အနေနှင့် ဘုရားသခင်၏ သမ္မာတရားကို မည်သို့ မည်ပုံ ကလေးများထံ သင်ကြားပေးရမည်စသည်ဖြင့် အရိုးရှင်းဆုံးနည်းလမ်းများကို ရှာဖွေတွေ့ရှိသည်အထိ ကြိုးစား အားထုတ်ကြရမည် ဖြစ်သည်။ အထင်သေးသည့်ပုံစံဖြင့် ကလေးငယ်များကို ဘယ်သောအခါမျှ မပြောသင့်ပေ။ ကလေးငယ်များတွင် ရိုးသားခြင်းအမှန်ကို ပိုင်းခြားနိုင်သည့် အရည်အချင်းများ ကိုယ်စီ ရှိကြရာ၊ ၄င်းတို့ကို အမှန် တကယ်ဂရုစိုက်ခြင်းရှိမရှိကို ခဏခြင်း ရိပ်မိနိုင်ကြပါသည်။ ကလေးငယ်များသည် အမြဲလို သွက်သွက်လက် လက်နေချင်ကြသူများဖြစ်ရာ ကျွန်ုပ်တို့ဘက်မှလည်း ၄င်းတို့နှင့်အညီ လိုက်လျောညီထွေစွာ လုပ်ဆောင်မှုများ လည်း ပြုလုပ်ရပါမည်။ ဤသို့ဆိုရာတွင် မှားယွင်းစွာ သို့မဟုတ် အလွန်အကျွံ လှုပ်ရှားမှုများကို ပြုလုပ်ရန် ဆိုလို ခြင်းမဟုတ်ပါ။ သဘာဝဆန်ဆန် ကျွန်ုပ်တို့အနေနှင့် ကလေးငယ်များနှင့် တစ်သားတည်းဖြစ်နေရမည် ဖြစ်သည်။ သင်ကြားပေးခြင်းအမှုတွင်လည်းကောင်း၊ တရားဒေသနာဟောကြားခြင်းတွင်သော်လည်းကောင်း ကျွန်ုပ်တို့သည် ပင်ကိုယ်အမှန် ဖြစ်နေရမည်။ 

အစည်းအဝေးများတွင် ကလေးငယ်များကို ကျွန်ုပ်တို့ထိရောက်စွာသင်ကြားပေးနိုင်ပါက၊ ပါဝင်သူ အ ယောက်စီတိုင်းသည်လည်း ခွန်အားရ၍၊ ကလေးငယ်များကို ရည်ရွယ်၍ ဟောကြားသော တရားသတင်းသည် အရွယ်ရောက်ပြီးသူများအတွက်လည်း ဖြစ်လာပါသည်။ ကလေးငယ်များကို ထိရောက်စွာ ကျွန်ုပ်တို့သင်ကြား ပေးနိုင်လေလေ၊ အရွယ်ရောက်ပြီးသောသူများနှင့် မည်သို့ဆက်ဆံရမည်ကို ကျွန်ုပ်တို့ ပိုမိုသိလေလေပင် ဖြစ် သည်။ ထိုကြောင့် ကလေးများထံဟောကြားမည့် တရားဒေသနာသည်လည်း အခြားသော တရားဒေသနာများကဲ့ သို့ အလေးအနက်ထား ပြင်ဆင်ရေးမှတ်ထားကြရမည် ဖြစ်သည်။

မှတ်စုများ (သို့) အပြည့်အစုံ ရေးသားထားသော တရားဟောချက်များ

မှတ်စုများအား အသုံးပြု၍ သို့မဟုတ် အပြည့်စုံရေးသားထားသော တရားဟောချက်များကို အသုံးပြု၍ တရားဟောရမည်လားဆိုသည်မှာ ကျွန်ုပ်တို့ကိုယ်ပိုင် ကြိုက်နှစ်သက်သည့် ပုံစံပေါ်မူတည်သည်။ မည်သည့်နည်း လမ်းကိုသုံးပါစေ၊ ထိုနည်းလမ်းမှ ထိုနည်းလမ်းဘဲဆိုသည့် စိတ်နေသဘောထားမျိုး မရှိသင့်ပါပေ။ သာသနာ လောက၌ ကျွန်ုပ်အစပြုခဲ့စဉ် ၇နှစ် ကာလပတ်လုံး တရားဒေသနာမှန်သမျှကို ပြည့်ပြည့်စုံစုံရေးသား၍ ဟောကြား ခဲ့သည် (ယခုလည်း အချိန်ရှိလျှင် ထိုသို့ပြုလုပ်တတ်ပါသည်။) ထိုသို့ပြုလုပ်ခြင်းအားဖြင့် မည်သည့်စကားလုံးကို အသုံးပြုရမည်၊ မည်သို့မည်ပုံ ဟောပြောရမည် စသည်ဖြင့် အကြံဉာဏ်ကောင်းများကို ရရှိစေပါသည်။ ထိုကဲ့သို့ အပြည့်အစုံ ရေးသားပြီးသည့်နောက်တွင် လက်ထဲတွင် ရောင်စုံဘောပင်တစ်ချောင်းဖြင့် အဓိအရေးပါသည့် အချက်များကို မှတ်မိနေစေရန် ထပ်မံ၍ မှတ်သားခြင်းသည် ကျွန်ုပ်၏အလေ့အထတစ်ခုပင်ဖြစ်ပါသည်။ ထိုသို့ ဖြင့် ကြားနာသူတိုင်းသည် ကျွန်ုပ်၏ရှေ့တွင် ပြည့်စုံစွာရေးသားထားသော တရားဟောချက်ရှိနေသည်ကို သတိမ ထားမိကြတော့ပေ။ သို့သော် တရားဟောချက်များကို အပြည့်အစုံ မရေးနိုင်သည့်အချိန်များတွင် အဓိကအချက် များကို မှတ်စုထုတ်ထားလျှက်၊ ခက်ခဲသည့်ကျမ်းပိုဒ်များကိုရှင်းပြရန်မူ စကားလုံးများရွေးချယ်၍ ရေးထားတတ် ပါသည်။

ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဟန်

တရားဒေသနာဟောကြားရာတွင် ကျွန်ုပ်တို့သည် ကိုယ်ပိုင်ဟန်မျိုးကိုသာ အသုံးပြုရပါမည်။ ကျွန်ုပ်တို့ တရားစတင်ဟောကြားသည်ဆိုသည်နှင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမိမိပင် သတိမထားမိဘဲ ကျွန်ုပ်တို့ နှစ်သက် သောတရားဟောဆရာ၏ပုံစံများ သို့မဟုတ် ကျွန်ုပ်တို့၏ဆရာပုံစံများအတိုင်းပြောင်း၍ စတင်ဟောပြောတတ် ကြပါသည်။ လွန်ခဲ့သည့်နှစ်များစွာတွင် ကျွန်ုပ်၏ခြေရာအတိုင်း ပုံစံတူတရားဟောတတ်သည့် တပည့်နှစ်ယောက် ရှိခဲ့ဖူးပါသည်။ ထိုတပည့်နှစ်ယောက်မှာ ကျွန်ုပ်တရားဟောသည့် ပုံစံအတိုင်း လိုက်ယောင် ဟောတတ်ကြသည်။ ထိုသူတို့အတွက် ဘုရားသခင်ထံပါး ကျွန်ုပ် ကျေးဇူးတော် ချီးမွမ်းပါသည်။ သို့သော် ကျွန်ုပ်တို့၏ သူတစ်ပါးအပေါ် လွှမ်းမိုးမှုသည် ထိရောက်ကောင်းမွန်ပါသည်ဟု ဆိုနိုင်သော်လည်း၊ အမှုတော်လုပ်ငန်း၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ဖြစ်သည်အတိုင်း ပင်ကိုယ်ဖြစ်နေရန်မှာ အလွန်အရေးကြီးပါသည်။ ဘုရားသခင်က အခြားသူများနှင့်မတူဘဲ ကျွန်ုပ်တို့ကိုကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အရည်အချင်းများ ကိုယ်စီပေးထားသည်ကိုသတိရှိရန်မှာ အလွန်အရေး ကြီး ပါ၏။

တစ်ဘက်တွင် ကိုယ်ပိုင်ဟန်ဟုဆိုရာ၌ သူတစ်ပါးကို ထိခိုက်နစ်နာစေသည့် အပြုအမူများကို ဆိုလိုခြင်း မဟုတ်ပါ။ အချို့သောအပြုအမူများသည် ကျွန်ုပ်တို့၏ ဖြစ်တည်ခြင်း၏ အစိတ်အပိုင်းများဖြစ်ကြရာ၊ ထိုအရာကို သတိရှိစွာ စောင့်ထိန်းကြရပါမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်တရားကို ဟောကြားရာ၌ နှောက်ယှက် ဖျက် ဆီးတတ်သည့် အပြုအမူမှန်သမျှကို ကျွန်ုပ်တို့ ကျပ်တည်းစွာ ထိန်းချုပ်ရမည်။ ဤနေရာတွင် ကျွန်ုပ်တို့ ယုံကြည် ရသည့်သူများ၏ အကောင်းမြင် ဝေဖန်သုံးသပ်ချက်များသည် အလွန်ပင်အရေးပါ၏။ အကယ်၍ ကျွန်ုပ်တို့သည် အိမ်ထောင်သည်များ ဖြစ်သည်ဆိုလျှင် ကျွန်ုပ်တို့၏ဇနီးသည် ဤအခြေအနေကို ကူညီထောက်ပံ့ပေးရန် အကောင်းဆုံးသောပုဂ္ဂိုလ် ဖြစ်ပါသည်။ အကယ်၍ အိမ်ထောင်မရှိသောသူဖြစ်သည်ဆိုလျင် ကျွန်ုပ်တို့ ယုံကြည် ရသော သူတစ်စုံတစ်ဦး၏ ဝေဖန်သုံးသပ်မှုကို လိုလိုလားလား လက်ခံရပါမည်။

မမေ့အပ်ပါသော အမှန်တရား

ကျွန်ုပ်တို့၏ တရားဟောပြောခြင်း အမူအရာမှန်သမျှတွင် ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော် အ ပေါ် မှီခိုရသည်။ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးမရှိလျှင် ကျွန်ုပ်တို့သည်လည်း အားအင်မရှိဘဲ ရွက်လွှင့်နေ သကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်တို့ဘက်မှ မည်မျှပင်ပြင်ဆင်မှုရှိနေပါစေ၊ သန့်ရှင်းသောဝိညာဉ်တော်မပါလျှင် ကျွန်ုပ် တို့၏စကားလုံးများသည် သဲထဲရေသွန်သည့်သဘောသာ ဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နာမ တော်အားဖြင့် အမှုတော်ဆောင်လျက်၊ ကိုယ်တော်၏လက်တော်သည် ကျွန်ုပ်တို့၏အပေါ်တွင်တည်ရှိ၍၊ ကိုယ် တော်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ပြောဆိုသည့်အချိန်တိုင်း ကိုယ်တော်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ နှုတ် လျှာပါးစပ်တွင် အစဉ်ရှိတော်မူသည်။

တရားဒေသနာအား ပျက်ဆီးစေသည့်အရာများ

တရားဒေသနာကို အဓိကပျက်ဆီးစေသည့်အရာမှာ မာန်မာနတရား ဖြစ်သည်။ ဤအချက်ကို အမှန်ပြု ပြင်ရန်အတွက် အကောင်းဆုံးသောနည်းလမ်းမှာ မာန်မာနတရား၏ အန္တရာယ်ပေးနိုင်မှုကို လက်ခံ၍၊ ကျွန်ုပ်တို့ ယုံကြည်ကိုးစားသောမိတ်ဆွေများထံမှ အကောင်းမြင်သောဝေဖန်ချက်များကို လက်ခံဆင်ခြင်ခြင်းဖြစ်သည်။ မာန်မာနနှင့် ဆက်ကျင်ဘက်ဖြစ်သော စိုးရိမ်စိတ်သည်လည်း တရားဒေသနာ ဟောပြောခြင်းအမှုကို ဒုက္ခပေး တတ်ပါသည်။ စိုးရိမ်စိတ်မရှိခဲ့ဖူးပါဟုဆိုလျှင် မှားယွင်းရာကျပါလိမ့်မည်။ အစည်းအဝေးတစ်ခုတွင် တရားဒေသနာဟောပြောနေစဉ်တွင် စိုးရိမ်စိတ်များ ကျွန်ုပ်အထဲမှပေါ်လာသည်။ သမ္မာတရားဝေငှပြောဆိုနေခြင်း သည်လည်း အဆင်မပြေဖြစ်ခဲ့သည်။ ထိုသို့သောအခြေအနေမျိုးတွင် ဘုရားသခင်၏ ရွေးကောက်တော်မူခြင်း အကြောင်းအား မိမိကိုယ်ကို ပြန်လည်သတိပေးရပါမည်။ ထိုကဲ့သို့သော အခြေအနေများကို ကြုံတွေ့ စေခြင်းတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား သမ္မာတရားကို သင်ကြားပေးသည့်ဆရာများ ရှိသင့်ရှိထိုက်သည့် နှိပ်ချခြင်း အသက်တာကို ထားရှိစေရန် ရည်ရွယ်သည့်နည်းတူ၊ ကိုယ်တော်အပေါ် အစဉ်အမြဲမှီခိုရန်လိုအပ်ကြောင်းကို သင် ကြားစေလို၍ ဖြစ်သည်ဟု ကျွန်ုပ်သတိပြုမိပါသည်။ ကျွန်ုပ်ဘက်မှ ညံ့ဖျင်းစွာ ဟောပြောခဲ့သည်ဟု ခံစားရသည့် တရားဒေသနာကို ဘုရားသခင်သည် လူပေါင်းမြောက်များစွာအကြား အံ့ဖွယ်အလုပ်လုပ်ခဲ့သည့် အဖြစ်မျိုးလည်း ကျွန်ုပ်ကြုံတွေ့ခဲ့ဖူးပါသည်။ တရားဒေသနာဟောပြောခြင်းအမှုကို ဒုက္ခပေးတတ်သည့် တတိယအချက်မှာ တရား ဒေသနာနားထောင်ခြင်းအမှုတွင် အားနည်းတတ်သည့်သဘောပင် ဖြစ်သည်။ ပိုဆိုးသည့်အချက်မှာ သူတစ်ပါး၏ တရားဒေသနာ ဟောပြောခြင်းကို ကျွန်ုပ်တို့ နားထောင်ရာတွင် ဝေဖန်ရန် ရှာကြံနေသောသူများ ဖြစ်နေတတ်ခြင်း ဖြစ်သည်။ ထိုကဲ့သို့သောပရိယာယ်မျိုးကို ကျွန်ုပ်တို့ အစဉ်သတိရှိနေရမည်။ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ နာခံတတ် သော နှလုံးသားရှိသူများဖြစ်အောင် ထိန်းကျောင်းရမည်။ တစ်ပါးသူများကို ကျွန်ုပ်တို့၏တရားဒေသနာအား နား ထောင်စေလိုသကဲ့သို့ ကျွန်ုပ်တို့သည်လည်း သူတစ်ပါး၏တရားဒေသနာကို နားထောင်ကြရမည်။ အကယ်၍ အခြားသူများ၏ တရားဒေသနာများကိုအမြဲနားထောင်ရန် ကျွန်ုပ်တို့တွင်အချိန်မရှိပါက၊ ကျွန်ုပ်တို့၏ ဝိညာဉ် အသက်တာကို တိုးတက်ကြီးထွားစေမည့် တရားဒေသနာခွေများကို နားထောင်ခြင်း သို့မဟုတ် စာအုပ်စာပေများ ကို ရွေးချယ်ဖတ်ရှုရမည်။ အကယ်၍ ကျွန်ုပ်သည် အခြားသူများ၏တရားဒေသနာဟောကြားခြင်းကို နားထောင် လိုခြင်းမရှိတော့ဘဲ ကိုယ်ကသာ အစဉ်အတိုင်း ဟောကြားနေလိုစိတ်ရှိနေသည်ဆိုလျှင်၊ အလုပ်ဆန်သော အမှု တော်ဆောင်ခြင်းသည် အသက်တာတွင် နေရာယူလာပြီဖြစ်သကဲ့သို့၊ ကျွန်ုပ်၏ခရစ်ယာန်အသက်တာသည် လည်း ရပ်တန့်သွားတော့သည်။

အကြီးမြတ်ဆုံးသော အခွင့်ထူး

ဤကမ္ဘာပေါ်တွင် တရားဒေသနာဟောကြားခြင်းနှင့် နှုတ်ကပတ်တော်သင်ကြားပေးခြင်း အမှု တို့ထက် မြင့်မြတ်သောအလုပ်မရှိတော့ပါပေ။ဘုရားသခင်၏သားတော် နောက်ထပ်တစ်ကြိမ်ပြန်လည် ကြွလာသည်အထိ ကျွန်ုပ်တို့သည်အပ်နှင်းထားသော ခရစ်တော်၏ဖော်မကုန်သောကြွယ်ဝခြင်းကို ဟစ် ကြွေးရင်း လူသားတိုင်းအတွက်ပြင်ဆင်ထားသည့် ဘုရားသခင်၏ကြီးမြတ်သောကယ်တင်ခြင်း သတင်း ကောင်းကို ရိုးရှင်းစွာ ဝေငှသွားကြရန် ဖြစ်သည် (ဖဖက်၊ ၃း၈၊၉)။ ဤအမှုထက် သာ၍ ကြီးမြတ်သော အခွင့်ထူး မရှိတော့ပါပေ။

အခန်း ၈

သင်းအုပ်ဆရာ၏ ဂရုစိုက် စောင့်ရှောက်ခြင်း ဝတ္တရား

သင်းအုပ်ဆရာ၏လုပ်ငန်းတာဝန်၌ ပါဝင်ဖူးခြင်းမရှိသည့်သူအတွက် သင်းအုပ်ဆရာတစ်ဦး၏ လုပ်ငန်း တာဝန်တွင် မည်သည့်အရာများ ပါဝင်သည်ကို နားလည်သဘောပေါက်ခြင်းမရှိ၍ လေးစားနိုင်မည် မဟုတ်ပေ။ “သာမန်သင်းဝင်တစ်ဦး” ဆိုသည့် ဆောင်းပါးတွင် ဆန်စတာ ဆိုသူက သာမန် အသင်းသူ၊ သင်းသားများ အနေနှင့် “သင်းအုပ်ဆရာတစ်ဦး၏တာဝန်ကို ရှင်းလင်းစွာ နားလည်နိုင်မည်မဟုတ်”ဟုရေးသားခဲ့သည် (the British Weekly of the 24th April, 1952)။ အသင်းတော်၏ပြင်ပတွင် သင်းအုပ်ဆရာတစ်ဦး၏ လုပ်ငန်းတာဝန်မှာ တစ် ပါတ်တွင် တနင်္ဂနွေနေ့တစ်ရက်၌ အစည်းအဝေး နှစ်ကြိမ်ကျင်းပရမည်ဟုသာ ထင်မှတ်ထားသည့် သူများစွာကို တွေ့မြင်နိုင်ပါသည်။ တချို့သောသူများအတွက်ဆိုလျှင် သင်းအုပ်ဆရာတစ်ဦး၏လုပ်ငန်းတာဝန်မှာ တစ်ပတ်တွင် အစည်းအဝေး နှစ်ခါကျင်းပသည်ထက်ပိုသည်ဟု ဆိုသောသူအချို့လည်း ရှိပါသည်။ ၄င်းတို့အတွက် “သင်းအုပ် ဆရာတစ်ဦး၏တာဝန်” မှာ သင်းဝင်အမျိုးသမီးများထံသို့ အလည်အပတ်သွားရောက်ကာ လက်ဖက်ရည် အတူ သောက်ဝိုင်းဖွဲ့ကာ စကားပြောရန်ဖြစ်သည်ဟုသာ ထင်မှတ်ထားကြပြန်သည်။ အထက်ပါ ထင်မြင်ချက်များကို ကြည့်ခြင်းအားဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးမှာ အမှန်တကယ်ရှိကြောင်း သက်သေထူနိုင်ပါသည်။ အကယ် စင်စစ် တနင်္ဂနွေနေ့ တစ်ရက်တွင် လုပ်ဆောင်ချက်များသည် ရေခဲထိပ်ဖျားမျှသာ ရှိပါသည်။ သင်းအုပ်ဆရာများ နှင့် ဓမ္မဆရာများ၏တရားဟောချက်များ၏ ကုလားကာနောက်ကွယ်၌ နာရီပေါင်းများစွာ အချိန်ပေး၍ လေ့လာ ပြင်ဆင်မှုများနှင့် မအားမလပ်ရလောက်အောင် အသင်းသူအသင်းသားများအကြား ပေးဆပ်ပါဝင်မှုများ ပြောမ ကုန်အောင် ရှိနေကြသည်။ သင်းအုပ်ဆရာ၏ဂရုစိုက်စောင့်ရှောက်ခြင်းဝတ္တရားမျိုးသည် ဤကမ္ဘာပေါ်တွင် အခြား မရှိတော့သကဲ့သို့၊ စိန်ခေါ်မှုအကြီးမားဆုံးသော လုပ်ငန်းတာဝန်ဖြစ်ကာ၊ ထိုအတွက် ဆုလာဒ်သည်လည်း ရှိနေနှင့် ပါသည်။

သိုးများကို ထိန်းကျောင်းခြင်း အမှုသည် သင်းအုပ်ဆရာ၏ လုပ်ငန်း ဝန်တာနှင့် တူညီသည်

သိုးထိန်းခြင်းအမှုသည် သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်ခြင်း ဝတ္တရားနှင့်တူညီရာ၊ ခရစ်တော်၏ သိုးစုများကို တစ်ဦးချင်း လက်တွေ့ကျကျ ဝိညာဉ်ပိုင်းဆိုင်ရာ ဂရုစိုက်စောင့်ရှောက်ပေးရခြင်းအမှု ဖြစ်သည်။ ဤ နေရာတွင် သင်ကြားပေးခြင်းနှင့်အတူ အစဉ် ဒွန်တွဲလျက် ရှိပါသည်။ အချို့သော သင်းအုပ်များနှင့် ဓမ္မဆရာများ အနေနှင့် ၄င်းတို့သည်သင်းအုပ်ဆရာဆုကျေးဇူးထက် သင်ကြားပေးခြင်းဆုကျေးဇူးကို ပို၍ ရရှိကြသည်ဟု အပြန်အလှန် ခံစားတတ်ကြသည်။ “သူကတော့ သင်းအုပ်ဆရာထက်၊ သင်ကြားပေးခြင်းမှာ ပိုကောင်းပါတယ်” သို့မဟုတ် ဆန့်ကျင်ဘက် ဖြစ်သော “သူကတော့ သင်ကြားပို့ချတာထက် သင်းအုပ်ဆရာဆိုရင် ပိုကောင်းမယ်နဲ့ တူ တယ်” စသည်ဖြင့် ကျွန်ုပ်တို့ ကြားလေ့ကြားထ ရှိနိုင်ပါသည်။ သို့သော်လည်း ဤအရည်အချင်းနှစ်မျိုးလုံးသည် ခွဲခြား၍ မရသည့်အတွက် နှစ်ဘက်စလုံးတွင် အကျိုးရှိစေရန်အတွက် အစွမ်းကုန် ကြိုးစားကြရန် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ 

သင်းအုပ်ဆရာတစ်ဦး၏လုပ်ဆောင်ချက်များသည် ဓမ္မဆရာတစ်ဦး၏လုပ်ဆောင်ချက်များထက် သာ၍ လစ်လျူရှုခြင်းခံရတတ်သည်ကို တွေ့မြင်နိုင်ပါသည်။ သင်ကြားပို့ချပေးခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အနေ နှင့် ကြိုတင်စီမံမှုများပြုလုပ်နိုင်သည်။ ဥပမာ – ရှေ့တစ်ပတ်တွင် မည်မျှလောက် သင်ကြားပေးခွင့်ရှိ၍၊ မည်မျှ လောက်သော အချိန်ကိုမည်မျှလောက်ခွဲ၍သုံးမည်စသည်ဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်သည်။ ထို့ပြင် ဘုရားသခင် ၏နှုတ်ကပတ်တော်ကို အနက်ဖွင့်သင်ကြားပေးရန် ကျွန်ုပ်တို့၏ပြင်ဆင်မှုကို ကြိုတင်ပြင်ဆင်နိုင်ကြောင်းကို လည်း စီစဉ်ထားနိုင်သည်။ သို့သော် သင်းအုပ်ဆရာတစ်ဦး၏ ဝတ္တရားအတွက်မှာမူ ကြိုတင်ခန့်မှန်း၍ ပြင်ဆင် ထားခြင်းမျိုးမရှိနိုင်ပေ။ ယခုအပတ်တွင် တွေ့ကြုံရသည့် အဖြစ်အပျက်များကို ရင်ဆိုင် ဖြေရှင်းသကဲ့သို့ နောင် လာမည့် အပတ်အတွက်လည်း ထိုကဲ့သို့ ပြုလုပ် မည်ဟု တထစ်ချ မဆုံးဖြတ်နိုင်ပေ။

သင်းသူသင်းသားများကို စောင့်ရှောက်ခြင်းအမှုနှင့် သင်ကြားပေးခြင်းအမှုတို့ကို မခွဲခြားသင့်ပေ။ တရား ဟောခြင်းနှင့် သင်းအုပ်ဆရာ၏ဂရုစိုက်စောင့်ရှောက်ခြင်းဝတ္တရားတို့သည် တစ်ခုနှင့်တစ်ခု ကူညီကြသည်။ အ လည်အပတ်သွားရောက်ခြင်းက ၄င်းတို့၏ပြဿနာများ၊ စုံစမ်းနှောက်ယှက်ခြင်းများကို ကျွန်ုပ်တို့သည် အလေး အနက်ထားသည်ဟူ၍ ပြသခြင်းအားဖြင့် ကျွန်ုပ်တို့၏ တရားဒေသနာကို ပိုမိုထိရောက်မှုရှိစေသည်။ ကျွန်ုပ်တို့ ရင်းနှီးသောသူများထံသို့ ၄င်းတို့၏အခြေအနေတို့ကို နားလည်သဘောပေါက်ရင်းဖြင့် တရားဒေသနာကို ဝေငှခြင်း ၌ ပိုမိုထိရောက်မှုရှိတတ်သည်ကို ကျွန်ုပ်တို့ပင် သတိမထားမိသည့်အချိန်များလည်း ရှိပါသည်။ ကျွန်ုပ်တို့၏ အလည်အပတ်သွားရောက်ခြင်းနှင့် ခွန်အားပေးတိုင်ပင်ပေးခြင်းတို့ကြောင့် အသင်းသူအသင်းသားများတို့သည် လည်း ကျွန်ုပ်တို့နှင့်အတူ သင်ကြားခံယူခဲ့သည့် နှုတ်ကပတ်တော်များကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုခွင့် ရှိ ကြရာ၊ တစ်ဦးချင်းစီအား နှုတ်ကပတ်တော်တရား၌ နက်နက်နဲနဲ အခြေတည်နိုင်စေရန် ကူညီပေးနိုင်သည့်အတွက် ကြီးမားသည့် အကျိုးကျေးဇူးများကို တွေ့မြင်နိုင်ပါသည်။

ဂရုစိုက် စောင့်ရှောက်ရခြင်းဝတ္တရား၏ နောက်ခံအကြောင်းအရင်း

သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်ခြင်းဝတ္တရား၌ ဖြည့်ဆည်းရမည့် ရည်ရွယ်ချက်များကို အခန်း ၃ တွင် ဖော်ပြခဲ့ပြီးဖြစ်ရာ - ၄င်းတို့မှာသိုးစုများကိုကျွေးမွေးပြုစုခြင်း၊ ဘုရားသခင်၏အလိုတော်အလုံးစုံကို ကြွေး ကျော်ခြင်း၊ ခရစ်တော်ထံပါး အယောက်စီတိုင်းကို စုံလင်စွာအပ်နှံခြင်း၊ ဘုရားသခင်၏လူများကို အစေခံခြင်း အမှု တော်၌ ပါဝင်လာစေရန် ပြင်ဆင်ပေးခြင်းနှင့် ဘုရားသခင်၏လူများအား လူကိုများသော တံငါများဖြစ်စေခြင်း စ သည်တို့ဖြစ်ကြသည်။ အထက်ပါ ရည်ရွယ်ချက်များကို မထားရှိပါက၊ အများက မျှော်လင့်သည့်အတွက်ကြောင့် သာ သင်းအုပ်ဆရာတစ်ယောက်အနေနှင့် အလည်အပတ်သွားရောက်ခြင်းကိုပြုလုပ်ကာ၊ တစ်ပတ်တွင် ဘယ်နှစ် အိမ်မျှလည်ပတ်နိုင်သည်ဟုဆိုကာ မိမိအလုပ်ကို ကောင်းမွန်စွာနှင့်အဆုံးသတ်နိုင်သည်ဟုဆိုရင်း အလုပ်သဘော အရ ဖြစ်လာစေသည့် မာရ်နတ်၏ထောင်ချောက်အောက် ကျွန်ုပ်တို့အလွယ်တကူ ကျရောက်သွား ကြမည်ဖြစ် သည်။ အကြိမ်အရေအတွက် မည်မျှအလည်အပတ်ပြုနိုင်သည်ဟူသည့် အချက်မဟုတ်ဘဲ၊ အထက်ဖော်ပြပါ ရည် ရွယ်ချက်များကို အလည်အပတ်ပြုသည့်အချိန်တိုင်း ယုံကြည်သူတို့၏အသက်တာတွင် မည်မျှလောက် နက်နဲ အောင် ပြုလုပ်နိုင်သည်ဟူသည့်အချက်သည် သာ၍အရေးကြီးပါသည်။ အရေအတွက်ထက် အရည်အချင်းသည် သာ၍အရေးကြီးပါသည်။ ဤရည်ရွယ်ချက်များကို ကျွန်ုပ်တို့ ဖြည့်ဆည်းရာတွင် ကျွန်ုပ်တို့၏ရူပါရုံမှာ ယုံကြည် သူအယောက်စီတိုင်း ယုံကြည်ခြင်းအမှု၌ ကြီးထွား၍ ခရစ်တော်၌ ဝမ်းမြောက်ခြင်း အလျှံပယ်ရှိစေရန် ဖြစ်သည် (ဖိလိ၊ ၁း၂၅၊ ၂၆)။ ကျွန်ုပ်တို့ ၏တာဝန်မှာ ထိုဝမ်းမြောက်ခြင်းကို အခြေခိုင်စေ၍ ကြီးထွားမှု ရှိစေရန် ပျိုးထောင်ပေးခြင်း ဖြစ်သည်။


ကျွန်ုပ်တို့အပါအဝင် လူတိုင်း သင်းအုပ်ဆရာ၏ ဂရုစိုက် စောင့်ရှောက်ပေးခြင်းကို လိုအပ်သည်

ကျွန်ုပ်တို့နှင့်သက်ဆိုင်သည့် မိဿဟာရ အဖွဲ့အစည်းကို မျက်စိထဲမြင်လိုက် သည်နှင့် တစ်ယောက်မကျန် ကျွန်ုပ်တို့အားလုံး ဂရုစိုက်စောင့်ရှောက် ပေးခြင်းကို လိုအပ်သည်မှာ ထင်ရှားပါသည်။ သိုးများနှင့် ကျွန်ုပ်တို့အား နှိုင်းယှဉ် ဖော်ပြရသည့် အကြောင်းအရင်းတစ်ခုမှာ ကျွန်ုပ်တို့၏ ချိနဲ့ပျက်ဆီးလွယ်သောအသက်တာကြောင့် ဖြစ် သည်။ ထိုးထိန်းတစ်ဦးအနေနှင့် ကျွန်ုပ်တို့သည် သိုးစုများအတွက် အချိန်ကုန်ရုန်းကန်နေရသည့်အတွက် မိမိ၏ လိုအပ်ချက်များကိုပင် သတိမထားမိတော့ဘဲဖြစ်တတ်သည်။ ဤသို့ဖြစ်လာသည်နှင့် ကျွန်ုပ်တို့သည်အလုပ် သဘောဆောင်သော အမှုတော်ဆောင်ခြင်းဆိုသည့် ထောင်ချောက်အောက်ကျရောက်နေပြီဟု ဆိုနိုင်သည်။ “သိုးထိန်းများ ၏သိုးထိန်းရှင်မှာ မည်သူနည်း” ဆိုသည့်မေးခွန်းသည် ဤနေရာတွင်သော့ချက်ဖြစ်သည်။ အဖြေမှာ သခင်ယေရှု ခရစ်တော်သည် ကျွန်ုပ်တို့၏သိုးထိန်းရှင်းဖြစ်သည့်အတွက်၊ သူ၏သိုးထိန်းများဖြစ်သော ကျွန်ုပ်တို့ကို ဂရုစိုက် စောင့်ရှောက်ပေးမည့်သူကို ပြင်ဆင်ပေးမည်ဖြစ်သည်။ အချို့သောအဖွဲ့အစည်းများတွင် သင်းအုပ် ဆရာများကို ကြည့်ရှုစောင့်ရှောက်ပေးရမည့်သူဟူ၍ တာဝန်ခန့်အပ်ထားခြင်းမျိုး ရှိပါသည်။ ထိုကဲ့သို့ ပြုလုပ် ခြင်းအားဖြင့် ကောင်းကျိုးများစွာကို ဖြစ်ပွားစေပါသည်။ သို့သော်လည်း ၄င်းတို့၏ ဖွဲ့စည်းပုံတွင် နယ်မြေဒေသ ပိုင်းခြားမှုများ ထားရှိသည်ကတစ်ကြောင်း၊ အမှန်တကယ် ပြဿနာဖြစ်ပြီးသည့်နောက်၌သာ ပြဿနာဖြေရှင်းရန် ရောက်လာနိုင်ကြသည်ကတစ်ကြောင်းသည်ဖြင့် အားနည်းချက်အချို့ရှိပြန်သည်။ အသင်းတော်တစ်ပါးတွင် သင်းအုပ်ဆရာ ကိုယ်တိုင်သည် တစ်စုံတစ်ဦး၏ ဂရုစိုက်စောင့်ရှောက်ခြင်းကိုခံရန် လိုအပ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာက သွန်သင်ထားသည်အတိုင်း သင်းထောက်လူကြီးများကို စစ်မှန်စွာ ရွေးချယ် ခန့်အပ်ထားမည်ဆိုပါက သင်းအုပ်ဆရာအား ဂရုစိုက်ရမည့်ဝတ္တရားကို သင်းထောက်လူကြီးတစ်ယောက် ယောက်က တာဝန်ယူရ မည် ဖြစ်သည်။

ကျွန်ုပ် သင်းအုပ်ဆရာတာဝန်ထမ်းဆောင်ခဲ့သည့် အသင်းတော်နှစ်ပါးတွင် အသင်းသူအသင်းသားများကို သင်းအုပ်၏အဖွဲ့နှင့် သင်းထောက်လူကြီးများ၏ အဖွဲ့ဟူ၍ နှစ်ဖွဲ့ခွဲထားပါသည်။ အဖွဲ့လိုက်ခဲ့ရာတွင် သင်းသူသင်း သားများ နေထိုင်သည့် နေမြေဒေသအလိုက် သင်းထောက်လူကြီးများက တာဝန်ယူဂရုစိုက်နိုင်မည့် အနေအထား ကို ကြည့်၍ အဖွဲ့ခွဲထားပါသည်။ သင်းအုပ်ဆရာတစ်ယောက်အနေနှင့် သင်းဝင်အားလုံးကို ဂရုစိုက် စောင့် ရှောက်ရမည့်တာဝန်သည် ကျွန်ုပ်၏တာဝန်ဖြစ်သော်လည်း၊ ကျွန်ုပ်ကိုယ်တိုင်သည်ပင်၊ ကျွန်ုပ်နေထိုင်ရာ ရပ်ကွက် တွင်းရှိ သင်းထောက်လူကြီး၏ ဂရုစိုက်စောင့်ရှောက်မှုအောက်တွင် ရှိနေပါသည်။ သင်းထောက်လူကြီး များ ၄င်းတို့အပါအဝင်၊ ၄င်းတို့၏ဇနီးသည်များ၊ မိသားစုတစ်ခုလုံးကို ဂရုစိုက်ရန်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်သကဲ့ သို့၊ ကျွန်ုပ်အပါအဝင်၊ ကျွန်ုပ်၏ဇနီးသည်၊ မိသားစုအားလုံးသည်လည်း တာဝန်ရှိသည့် သင်းထောက်လူကြီး၏ ဂရုစိုက်စောင့်ရှောက်ခြင်းအောက်တွင် ရှိနေကြပါသည်။ ကျွန်ုပ်တို့သည်လည်း ဂရုစိုက်စောင့်ရှောက်မှုကို အစဉ် လိုအပ်ကြောင်းနှင့် အားနာကြောက်ရွံ့ခြင်းမရှိဘဲ ဂရုစိုက်စောင့်ရှောက်ပေးရန် ထိုသင်းထောက်လူကြီးကို ခွန်အား ပေးရသည်။ ဤသည်တွင် ကျွန်ုပ်တို့သည်လည်း ဂရုစိုက်စောင့်ရှောက်ခြင်းကို လိုအပ်သကဲ့သို့ နိမ့်ချခြင်းနှင့်အတူ လူတကာကို ရိုးသားစွာ ဆက်ဆံရင်း ကျွန်ုပ်တို့သည်လည်း သူတစ်ပါးကို ဂရုစိုက်စောင့်ရှောက်ခြင်းများ ပေးနိုင် မည်ဖြစ်သည်။


ဂရုစိုက် စောင့်ရှောက်ရန်အတွက် အခြေခံလိုအပ်ချက်များ 

အမျိုးသားနှင့်အမျိုးသား၊ အမျိုးသမီးနှင့်အမျိုးသမီး ဆက်ဆံရမည်။ ဤနည်းဗျူဟာသည် အရေးအကြီး ဆုံးဖြစ်သည့်အတွက် ထိုအချက်ကို လစ်လျူရှုခြင်းကြောင့် အမှုတော်မြတ်အတွက် ဘုရားသခင်၏ ရွေးကောက် ထားသော အချို့သော ယောက်ျားသားများ ပျက်ဆီးဆုံးရှုံးခဲ့ကြရသည်။ ထို့ကြောင့် ဤအခြေအနေကို ကြည့်ခြင်း အားဖြင့် အရည်အချင်းအချို့နှင့်လိုက်လျှောက်ကျင့်သုံးခြင်းတို့ကို လိုအပ်ကြောင်းတွေ့နိုင်သည်။ ဤအခြေအနေ မျိုးကို စဉ်းစားသုံးသပ်ခြင်းမရှိဘဲ လက်လွတ်စဖွယ် ကိုင်တွယ်ရန် မဟုတ်ပေ။ ကျွန်ုပ်တို့သည် အမျိုးသမီးဘဲဖြစ် ဖြစ်၊ အမျိုးသားဘဲဖြစ်ဖြစ် အားလုံးအပေါ်ပြုစုစောင့်ရှောက်ရန် တာဝန်ရှိပါသည်။ အမျိုးသမီးဖြစ်စေ၊ အမျိုး သားဖြစ်စေ အစည်းအဝေးပြီးသည့်နောက်ပိုင်းတွင် အကူအညီပေးရန် လာရောက်တောင်းခံခြင်းမျိုး ကျွန်ုပ်တို့ ကြုံတွေ့ကြရပါသည်။ ထိုကဲ့သို့သောအခြေအနေမျိုးကို ဘုရားသခင်ရှေ့တော်၌လုပ်ဆောင်သည့် အစေခံ တစ်ဦး ကဲ့သို့ ကျွန်ုပ်တို့ တုန့်ပြန်ကြရမည်။ အကယ်၍ အကူအညီတောင်းသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသည် ဆို လျှင် အသင်းတော်ရှိ ကွက်ပြစ်တစ်နေရာရာတွင် အခြားသူများရှိခိုက်တွေ့ဆုံ ဖြေရှင်းပေးရမည်။ အိမ်တွင်ဆိုလျှင် လည်း ကျွန်ုပ်၏အမျိုးသမီးရှိနေခိုက်တွင် တွေ့ဆုံဖြေရှင်းပေးရမည်။ တစ်ကြိမ်တည်းနှင့်အပြီးသတ်နိုင်ပါက နောက်ဆက်တွဲတွေ့ဆုံခြင်းများ မရှိစေတော့ဘဲ အပြီးသတ်စေပါ။ အကယ်၍ တစ်ကြိမ်တွေ့ဆုံ ဖြေရှင်းပေး ခြင်းအားဖြင့် မဖြစ်နိုင်ပါက နောက်ထပ် တစ်ကြိမ် တွေ့ဆုံရန်လိုအပ်မှုများ ရှိလာလျှင် သင့်အား ကူညီပေးနိုင်မည့် အမျိုးသမီးတစ်ဦးကို အဖော်ခေါ်သွားပါ။ အကယ်၍ ကျွန်ုပ်တို့ ကူညီလိုသည့် အမျိုးသမီးက အခြားသူများကို အဖော်ခေါ်လာခြင်းအား မလိုလားပါက ပိုမို၍ ဆင်ခြင်ရန် အထူးလိုအပ်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်က ထိုအခြေ အနေကို အခြားသူအား လွှဲပြောင်းပေးလိုစိတ်မရှိပါက ကျွန်ုပ်တို့၏ စိတ်နေသဘောထားကို ပြန်လည်စမ်းစစ်ရန် လိုအပ်ပါသည်။ ဆုံးဖြတ်ရန် ခက်ခဲသည့် အခြေအနေမျိုး ရှိလာခဲ့လျှင်တစ်စုံတစ်ဦး နှင့် (လက်ထပ်ပြီးသူ ဖြစ်ပါက ဇနီးသည်နှင့်တိုင်ပင်ပါ) တိုင်ပင်ခြင်းများလည်း လိုအပ်လာပါမည်။ တစ်ဦးချင်း တိုင်ပင်ဆွေးနွေးခြင်း၏ အန္တရာယ် တစ်ခုမှာ လာရောက်တိုင်ပင်သောသူသည် (အထူးသဖြင့် ဆန့်ကျင့်ဘက်လိင်ဖြစ်နေပါက) အတိုင်ပင်ခံသောသူ အပေါ် မှီခိုအားကိုးမှု များပိုပိုလာမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဦးချင်း အကြံပေးတိုင်ပင်ခြင်းသည် ရေရှည် အတွက် မကောင်းပါပေ။

ကျွန်ုပ်တို့ဘက်မှ အကာအကွယ်တံတိုင်းများကို ကောင်းစွာ ပြင်ဆင်ထားသော်လည်း ဘုရားသခင်က မည်သို့သောစုံစမ်းနှောက်ရှက်ခြင်းမျိုးမှ ကယ်တင်မည်ကို ကျွန်ုပ်တို့ ဘယ်သောအခါမျှမသိနိုင်ပေ။ အသင်းတော် ၌ အမျိုးသမီးများနှင့် တိုင်ပင်ဆွေးနွေးမှုများ ရှိရန်လိုအပ်လာလျှင် ကျွန်ုပ်၏ အထွေထွေအတွင်းရေးမှူး (သို့) အသင်းတော်ရှိ ပြာတာအားတွေ့ဆုံလိုသည့်အမျိုးသမီးကို ရုံးခန်းသို့ခေါ်ဆောင်လာစေခြင်းအားဖြင့် တစ်စုံ တစ် ယောက်သည် ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ရှိနေသည်ကိုသိစေရန် ကျွန်ုပ်အမြဲပြုလုပ်တတ်သည်။ ထိုကဲ့သို့ပင် အိမ်တွင်လည်း ကျွန်ုပ်၏ဇနီးသည်က ခရီးဦးကြိုပြု၍ အရင်ဧည့်ခံပေးတတ်သည်။ ထို့ပြင် အခွင့်သာပါက “ကျွန် တော်က အမျိုးသမီးကိုလည်း ခင်ဗျားရဲ့အခြေအနေကို ပြောပြပါလား။ အဲဒီလိုဆိုရင် ကျွန်တော်တို့ နှစ်ယောက် လုံး ခင်ဗျားအတွက် ဆုတောင်းပေးလို့ရတာပေါ့” ဟူ၍လည်း ကျွန်ုပ်၏အမျိုးသမီးကိုပါ ပြောပြရန် တိုက်တွန်း တတ်ပါသည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့လင်မယားအကြား ဆက်နွယ်မှုကိုလည်း သာ၍ခိုင်မာစေပါသည်။ အသက် တာ လဲပြိုသွားခြင်းမရှိစေရန်နှင့် ခရစ်တော်၏နာမတော်အတွက် ကျွန်ုပ်တို့ဘက်မှ အဘက်ဘက်တွင် ပါးနပ် စွာဖြင့် ဆုံးဖြတ်ချက်ချကာ စုံစမ်းနှောက်ယှက်ခြင်းများဝင်မလာစေရန် တံတိုင်းများကို တည်ဆောက်ထားကြရ မည်။ ၁ ကော၊ ၁၀:၁၂ တွင် အမျိုးသမီးများကို မည်သို့ဆက်ဆံ ဂရုစိုက်ရမည်နှင့် ပတ်သက်၍ ဖော်ပြပေးထားပါ သည်။

အသင်းသူအသင်းသားများ၏ နာမည်နှင့်အခြေအနေများကိုသိအောင် ကျွန်ုပ်တို့ဘက်မှ အားစိုက် အချိန် ပေးရမည်။ သင်းအုပ်ဆရာတစ်ဦး၏ ဂရုစိုက်စောင့်ရှောက်ခြင်း၏ အခြေခံအချက်မှာ မိမိ၏သိုးစုများကို ကောင်း မွန်စွာသိထားပြီး၊ ခရစ်တော်၌ တစ်ဦးချင်းအပေါ်မေတ္တာထားရန် ဖြစ်သည်။ ယေရှုရှင်က သူနှင့်သူ၏ သိုးစုများ အကြား ဆက်နွယ်မှုကို “ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏” ဟု ဆိုကာ ဖော်ပြခဲ့သည် (ယော၊ ၁၀း၁၄)။ ကောင်းသောသိုးထိန်းများသည် ၄င်းတို့၏ သိုးများကို သိသ ကဲ့သို့၊ ၄င်းတို့၏သိုးများသည်လည်း ၄င်းတို့၏သိုးထိန်းကို အသိအမှတ်ပြုကြသည်။ တစ်စုံတစ်ယောက်ကို သိရန် အတွက် သူ၏နာမည်နှင့် အကျင့်စာရိတ္တကိုသိရမည်။ ကျွန်ုပ်တို့အား ပေးအပ်ထားသည့် ဘုရားသခင်၏ လူများ သည် ငါးဆယ်ဖြစ်ဖြစ် ငါးရာဖြစ်ဖြစ် ၄င်းတို့တစ်ဦးချင်းစီ၏နာမည်ကို ကျွန်ုပ်တို့သိထားရမည်။ ဤသို့ နာမည် များကို သိထားခြင်းသည် လေးစားတန်ဖိုးထားခြင်းကို ဖော်ပြရာရောက်ပါသည်။ ရှင်ပေါလုသည်လည်း ထိုကဲ့သို့ လေးစားမှုကို သူ၏ဩဝါဒစာများစွာတွင် ဖော်ပြထားခဲ့သည်။ အထူးသဖြင့် ရောမဩဝါဒစာ နောက်ဆုံး အခန်းတွင် ယုံကြည်သူ မြောက်များစွာ၏ နာမည်များကို ဖော်ပြရင်း နှုတ်ဆက်ခြင်းများ ပြုခဲ့သည်ကို တွေ့မြင်နိုင် ပါသည်။

အချို့သောသူများသည် အခြားသောသူများထက် နာမည်အလွယ်တကူ မှတ်ထားနိုင်ကြသည်။ သို့သော် လည်း နာမည်များကိုမှတ်မိနိုင်စေရန် အထောက်အကူပြုသည့်နည်းလမ်းအချို့ရှိပါသည်။ အဲဒီဘက်တွင်သင်းအုပ် ဆရာအနေနှင့် စတင်လုပ်ဆောင်ရန် ရောက်ရှိ လာခဲ့ပြီး သည့်နောက် အလေ့အထတစ်ခုကို ကျွန်ုပ် ပြုလုပ်ခဲ့သည်။ ရောက်ခါစ အချိန်တွင်ရာနှင့်ချီသော အသင်းသူသင်းသားများအကြား ၄င်းတို့တစ်ဦးချင်းစီ၏ နာမည်များကို မှတ် သားရန်အတွက် ကျွန်ုပ်တွင် အခက်အခဲအချို့ ရှိခဲ့ပါသည်။ ၄င်းတို့၏နာမည်များကို ကျွန်ုပ်အလွတ်ရထားရမည် ဆိုသည့်စိတ်နှင့်၊ အစပိုင်းရက်များတွင် သွားလေရာရာ၌ စာအုပ်ငယ်လေးတစ်အုပ် ယူဆောင်သွားကာ တွေ့သမျှ သော အသင်းသူအသင်းသားတို့၏နာမည်ကို ချရေးတတ်သည်။ ပထမဆုံးအနေနှင့် စကားပြောဖြစ်သောသူများ ကို ကျွန်ုပ်ယူဆောင်တတ်သည့် ဘောပင်နှင့်စာအုပ်လေးအတွက်တောင်းပန်ကာ “ကျွန်တော်အနေနဲ့ ခင်ဗျားရဲ့ နာမည်ကို မှတ်မိနေအောင်လို့ ကျွန်တော်ရေးချရမှာမို့ ကူညီပေးပါ” ဟု ဆိုတတ်သည်။ ထိုသို့ဖြင့် အိမ်သို့ ပြန် ရောက်လာသည်နှင့် ကျွန်ုပ်၏စုတောင်းမှတ်စုစာအုပ်တွင် ၄င်းတို့နာမည်ကို ပြန်လည်ရေးသားလိုက်သည်။ အ ကယ်၍ ကိစ္စတစ်ခုခုနှင့်ပတ်သက်၍ပြောဖြစ်ခဲ့ပါက ပို၍မှတ်မိနိုင်လေအောင် ထိုကိစ္စနှင့်ပတ်သက်၍ အကြောင်း အရာတစ်ခုခုကိုလည်း ရေးသားထားသည်။ လူပုဂ္ဂိုလ်တစ်ယောက်စီတိုင်းအတွက် ဆုတောင်းပေးခြင်းအားဖြင့် ၄င်းတို့ကို ကျွန်ုပ်တို့နှလုံးသားမှ အမှန်တကယ် မှတ်မိနိုင်လာပါသည်။ ရက်များကြာလာသည့်နောက်တွင် စာရွက် လေးများကို အသုံးပြုခြင်းကို လျော့ချပြီးသည့်နောက် တဖြေးဖြေးခြင်း လူရုပ်နှင့်တွဲ၍ မှတ်မိလာသည်။ တစ်ချို့ သောအချိန်များတွင် ကျွန်ုပ်တွေ့ဖူးသောသူများကို ပြန်လည်စုံတွေ့သည့်အချိန်၌ပင် ၄င်းတို့နာမည်ကို အစဖော်မရ သည့်အချိန်များလည်း ရှိတတ်သည်။ ထိုသို့သောအခြေအနေများအတွက် ကျွန်ုပ်ရေးသားထားသည့် နာမည် စာရင်းများကို အသေးစိတ်ပြန်လည်လေ့လာကာ မည်သူမည်ဝါဖြစ်သည်ကို ပြန်လည်စဉ်းစားရပြန်သည်။ ရှိရင်း ဆွဲ အသင်းသူအသင်းသားများကို ကြိုတင်သိရှိထားသည့်အတွက် အသင်းသူအသင်းသား အသစ်များ တိုးပွားလာ လျှင်လည်း အလွယ်တကူ မှတ်မိလာနိုင်သည်။ လူတစ်ယောက်၏နာမည်ကို ကျွန်ုပ်တို့၏ သိထားခြင်းသည် ထို ပုဂ္ဂိုလ်တစ်ဦး၏ အသက်တာကိုသိရှိရန် အခြေခံကျပါသည်။ တစ်စုံတစ်ဦးကို မှတ်မိရန် လွယ်ကူနိုင်ပါသော် လည်း၊ အချို့လူများကိုမှတ်မိရန် အချိန်အတော်ကြာတတ်ပါသည်။ အချို့သူများသည် ပွင့်လင်းကြ၍၊ အချို့လူများ မှာ အလွန်ပင် အရှက်ကြီးတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ သင်းအုပ်ဆရာတစ်ဦး၏ တာဝန်မှာ လူပေါင်း များစွာနှင့် ဆက်ဆံရသောတာဝန်ဖြစ်ပေသည်။

အသင်းသူအသင်းသားများ၏နာမည်နှင့် အခြေအနေများကို သိရှိထားခြင်းက ၄င်းတို့အတွက် ဆုတောင်း ပေးနိုင်ရန် အခြေခံချသည်။ ဤအရာနှင့်ပတ်သက်၍ ဆုတောင်းခြင်းအသက်နှင့်ပတ်သက်သည့် အခန်းတွင် ဖော် ပြခဲ့ပြီးဖြစ်သည်။ ဆုတောင်းခြင်းသည် သင်းအုပ်ဆရာတစ်ဦး အသင်းသူအသင်းသားများအပေါ် ဂရုစိုက် စောင့် ရှောက်ခြင်းအမှု၌ အထွဋ်အမြတ်ဖြစ်သည်။ ကျွန်ုပ်တို့ သွားရောက်လည်ပတ်နိုင်ခြင်း မရှိပါက၊ ဆုတောင်းပေးနိုင် ပါသည်။ ကျွန်ုပ်တို့နှင့်အတူ ဆုမတောင်းချင်လျှင်လည်းဆုတောင်းပေးလို့ရသည်။ ကျွန်ုပ်တို့အား သင်းအုပ်ဆရာ နှင့် ဓမ္မဆရာအမှုတို့၌ခွဲခန့်ထားရခြင်းမှာ အခြားသူများအတွက် အစားထိုးဆုတောင်းပေးရန် ဖြစ်သည်။ ကျွန်ုပ်တို့ ၏ သိုးထိန်ရှင်ကြီးဖြစ်တော်မူသည့် ယေရှုရှင်၏ ယခုလက်ရှိလုပ်ဆောင်နေသည့် အလုပ်များအနက်တစ်ခုမှာ ယုံကြည်သူများအတွက် ဆုတောင်းပေးခြင်းဖြစ်သည်မှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ (ဟေဗြဲ၊ ၇း၂၅)။ ကိုယ် တော်၏ သိုးစုများအတွက် ကျွန်ုပ်တို့ ဆုတောင်းပေးနေစဉ်အချိန်ထက် ကိုယ်တော်၏နှလုံးသားနှင့် ပိုမိုနီးသော အချိန်မရှိနိုင်တော့ပါပေ။ အသင်းသူအသင်းသားများအတွက် ဆုတောင်းပေးခြင်းထက် ၄င်းတို့၏ ဝိညာဉ်ပိုင်း ဆိုင်ရာလိုအပ်ချက်များကို ပိုမိုသိစေသော အခြားနည်းလမ်းမရှိတော့ပါပေ။ အခြားသူများကို ဆုတောင်းပေးသော အခါတွင် သန့်ရှင်းသောဝိညာဉ်တော်၏တို့ထိမိကို ကျွန်ုပ်တို့သည် ခံစားရပြီး ၄င်းတို့ကို ဖုန်းခေါ်ဆိုခြင်း၊ သတင်း မေးမြန်းခြင်းတို့ပြုရန်အတွက် တွန်းအားဖြစ်စေသည်။ ဆုတောင်းခြင်းမရှိဘဲ ထိုကဲ့သို့သောတွန်းအားမျိုးကို သိ ရန်မှာ မဖြစ်နိုင်ပေ။

တူညီသောချစ်ခြင်းမေတ္တာကို သင်းဝင်တစ်ဦးချင်းစီအပေါ် ကျွန်ုပ်တို့ထားရှိကြရမည်။ သိုးထိန်းရှင် ခရစ် တော်အပေါ်နှင့် သိုးစုများအပေါ်ထားရှိရမည့်မေတ္တာသည် သင်းအုပ်ဆရာတစ်ဦး၏ အခြေခံစိတ်နေသဘောထား ဖြစ်သည် (ယောဟန်၊ ၂၁း၁၅-၁၇)။ ကျွန်ုပ်တို့ သူတပါးကိုအစေခံကြရသောအကြောင်းအရင်းသည် ချစ်ခြင်း မေတ္တာအားဖြင့် ဖြစ်ရမည်။ သက်သေပြရန်လိုအပ်သည်ဆိုလျှင်လည်း မည်မျှပင်ခက်ခဲနေပါစေ ကျွန်ုပ်တို့ ရင် ဆိုင်ကြရမည်ဖြစ်သည် (၁ယော၊ ၂း၇၊ ၃း၂၊၂၁၊ ၄း၁၊၇၊ ၁၁၊ ၃ယော၊ ၂း၅၊၁၁)။ သင်းအုပ်ဆရာတစ်ဦး၏ အောင်မြင်ခြင်းသည် ၄င်း၏ဂရုစိုက်မှုတွင် အခြေတည်သည်။ စလဘေရီမြို့ရှိ စိန့်မတ်ကျောင်း၌ အမှုတော်မြတ်ကို အစပြုခဲ့သော ဘုန်းတော်ကြီးဝိလီယာန်ဝတ်ဆိုသူက ငယ်စဉ်ဘဝ၌ သင်းအုပ်ဆရာဘဝအစပြုရခြင်း၏ စိန်ခေါ်မှု ကြီးမား ကြောက်မတ်ဖွယ်ကောင်းပုံကို ဝန်ခံခဲ့သည်။ ထိုစဉ်က ၄င်းအလွန်အားကိုးရသည့် သင်းထောက်လူကြီးက ၄င်းကို မြောက်မြားစွာ အကူအညီပေးခဲ့သည်။ ထိုအသင်းထောက်လူကြီးက “မင်းဘာမှမစိုးရိမ်နဲ့၊ အသင်းသူ အသင်းသား တွေကို မင်းက အမှန်တကယ်ဂရုစိုက်တယ်ဆိုတာကို သူတို့တွေသိမြင်ကြပါစေ။ အဲဒီလောက်ဆိုရင် လုံလောက်ပြီ” ဟု ပြောပြခဲ့ဖူးကြောင်း သူသက်သေခံခဲ့သည် (W.Wand Changeful Page, Hodder and Stoughton, p. 98)။ 

သင်းအုပ်ဆရာတာဝန်ကို ကျွန်ုပ်တို့စတင်၍ ထမ်းဆောင်ပြီဆိုသည်နှင့် ပထမဆုံးကြုံတွေ့တတ်သည့် စုံစမ်း နှောက်ယှက်ခြင်းမှာ အသင်းတော်အတွင်း၌ မှန်ကန်စွာစည်းစနစ်များရှိစေနိုင်ရန် သင်းဝင်တိုင်းအား မရပ်မနားဘဲ မည်သည့်အရာကိုပြုပြင်ရမည်၊ မည်သည့်အရာက မည်သို့ဖြစ်သင့်သည်၊ ထိုအရာက ထိုကဲ့သို့ မဟုတ်သင့် စသည် ဖြင့် အမှန်ပြင်ရန် ကြိုးစားနေခြင်းသည့်အတွက် အသင်းသူသင်းသားများအပေါ် မေတ္တာပြရန် လျစ်လျူရှုတတ်ခြင်း ဖြစ်သည်။ ချားလ်ဝါးလ်ဆိုသူက အေဒင်းဘက်၌ သူ၏ကနဦးသာသနာပြုချိန်တွင် အသက် တာကို ပြောင်းလဲစေခဲ့သည့် အခိုက်အတတ်နှင့်ပတ်သက်၍ “တစ်နေ့မှာ အာသာကဲရစ်ဆိုတဲ့ ဆရာတစ်ပါး ကျွန်တော့်ဆီ အလည်အပတ်ရောက်လာခဲ့တယ်။ သူဟာ အမြဲတမ်း သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်တဲ့သူဖြစ်သလို၊ အားလုံးက ပြောကြ တဲ့အတိုင်း သူဟာ အမြဲတမ်း ကြည့်ကောင်းနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ ကျွန်တော်တို့ စကားအပြန်အလှန် ပြောပြီးတဲ့ အချိန်အနည်းငယ်မှာ သူ့ရဲ့ငွေရောင်ဆံပင်တွေကို တစ်ချက်သပ်လိုက်ပြီးတော့ ကျွန်တော့်ရဲ့ သာသနာ ပြုခြင်းအသက်တာကို ပြောင်းလဲစေတဲ့ အမှာစကားတစ်ခုကို ပြောသွားခဲ့တယ်။ သူ ဘာပြောခဲ့လဲဆိုရင်တော့ “ဥယျဉ်ကြီးထဲမှာရှိသမျှကတော့ လှပလွန်းနေပါပြီ – အားလုံးနီးပါးပါဘဲ။” သူတစ်ချက် နားလိုက်သည်၊ ကျွန်တော်လည်း သူဘာဆက်ပြောမည်ကို စောင့်နေခဲ့သည်။ ထိုနောက်ဆက်၍ သူက ကျွန်တော့် ၏ ပုခုံးကို ဖခင်တစ်ဦးကဲ့သို့ ပုတ်ကာ “ငါ့သား၊ မင်းပျိုးထောင်ထားတဲ့ ဥယျဉ်ကြီးကတော့ ပွင့်ဖူးလာအုံးမယ့် ပန်းပွင့်တစ်ပွင့်ကို စောင့်နေဆဲပါဘဲ။ အဲဒီပန်းပွင့်မပါဘဲ ဘယ်သာသနာပြုကမှ သူတို့ရဲ့ လုပ်ဆောင်ခြင်းဟာ ပြည့်စုံတယ်လို့ ဆိုလို့ရမှာ မဟုတ်ပါဘူး။ ငါတို့တွေဟာ ငါတို့ဖြစ်သင့်တယ် ဆိုတဲ့အရာတွေ အားလုံးတောင် မဖြစ်နိုင်ပါဘူး၊ ငါတို့တွေကို ဆူဆုံးမပြီး ဦးဆောင်ဖို့လိုတယ်ဆိုတာ သံသယမရှိပါဘူး၊ ဒါပေမယ့် မင်းသာ လိုအပ်နေတဲ့တစ်ခုကို လုပ်ဆောင်မယ် ဆိုရင် တော့ ငါတို့တွေ ဒီ့ထက် ပိုကောင်းနိုင်ကြပါတယ်။ အဲဒါကတော့ ငါတို့ကို သင်ကြားပေးနေမယ့်အစား၊ ငါတို့ကို မင်း အမှန်တကယ် မေတ္တာထားတယ်ဆိုတာ ပြပေးဖို့ပါဘဲ” ဟု အံ့ဖွယ် ပြောခဲ့သည် (C. Warr: The Glimmering Landscape, Hodder and Stoughton, p.117)။

ကျွန်ုပ်တို့၏ သိုးစုများအပေါ်ထားသည့်မေတ္တာသည် ဖခင်တစ်ဦးက သားသမီးများအပေါ်ထားသည့် မေတ္တာမျိုးဖြစ်ရမည် (၁ယော၊ ၂း၁၈၊၂၈)။ သင်းသူသင်းသားများ၏လိုအပ်ချက်များသည် ကျွန်ုပ်တို့၏ နှလုံးသား တွင် အမြဲရှိနေရမည်။ ၄င်း၏သိုးစုများနှင့်ခွဲခွာစဉ် ဆယ်မွလ်ရူးသားဖို့တ်ဆိုသူက “ပျောက်ဆုံးသော ဝိညာဉ်တွေ ကြားထဲမှာ မင်းတို့တွေ ခရစ်တော်နဲ့ယှဉ်တဲ့ အလုပ်တစ်ခုခုကို လုပ်ဆောင်နေမလားလို့ ငါတွေးနေခဲ့မိတယ်၊ ငါ အိပ်နေတဲ့အချိန်မှာလည်း မင်းတို့ကို တမ်းတမိတယ်၊ ခရစ်တော်နဲ့ မင်းတို့အကြားမှာ ဘယ်လိုအခြေအနေမျိုး ရှိနေမလဲဆိုတာ ငါ အရမ်းကြားချင်မိတယ်။ မင်းတို့တွေဟာ နေ့ရောညပါ ငါ့ရဲ့ အတွေးထဲမှာ မင်းမူနေကြတယ် လေ။ မင်းတို့တွေ ခဏမှေးသွားတဲ့ အချိန်အတောအတွင်းမှာ ကွယ်ကာရာကျောက်ဆောင်ကြီးရဲ့ အပြင်တစ်နေရာ ကို ရောက်သွားကြမှာကို ငါ အရမ်းစိုးရိမ်နေမိတယ်” ဟု ရေးသားခဲ့ဖူးသည်။ ထိုကဲ့သို့သော ချစ်ခြင်းမေတ္တာက သင်းအုပ်ဆရာနှင့် သင်းသူသင်းသားများကြားတွင် ရစ်ပတ်ချည်နှောင်ထားပါသည်။ အသင်းတော်အတွင်း သင်းအုပ်ဆရာတစ်ယောက်အနေနှင့် အသင်းတော်ရှိ အချို့သောသူတစ်ဦးဦး သို့မဟုတ် အုပ်စုတစ်စုနှင့် သီးသန့် မိတ်ဖွဲ့ခြင်းကို (အခက်အခဲများ ရှိတတ်ပါသော်လည်း) ရှောင်ကြဉ်ပါ။ သို့မှသာလျှင် အသင်းသူအသင်းသား အားလုံးအတွက် သင်သည် တမ်းတူညီမျှ မိတ်ဆွေကောင်းသဖွယ် ဖြစ်နိုင်မည်။ အသင်းသားတိုင်း ချစ်စရာ ကောင်းချင်မှကောင်းမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့အနေနှင့် တန်းတူမေတ္တာပြရမည် ဖြစ်သည်။ မေတ္တာပြရန် အလိုအပ်ဆုံးသောသူသည် အခက်ခဲဆုံး ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံ ထိုကဲ့သို့ ခက်ခဲနေရခြင်းမှာ ထိုသူတို့ အပေါ် မေတ္တာထားရန် မည်သူမျှမကြိုးစားခဲ့ကြ၍လည်း ဖြစ်တတ်သည်။ ၄င်းတို့ကို ချစ်ခြင်းမေတ္တာကို ပြရမည့် စာရင်းတွင် ထိပ်ဆုံး၌ နေရာပေးရမည်။ လူများက ကျွန်ုပ်တို့၏ မေတ္တာထားသည်ကို သိလာသည့်အခါတွင် ကျွန်ုပ် တို့ ပြောဆိုသော အရာများကို လက်ခံလာကြသည်။ ဆူဆုံးမခြင်းများကိုပင် ကြည်ဖြူစွာ လက်ခံလာနိုင်သည်။ ဩဂတ်စတင်း ဆိုသူက “ငါ့ကို အရင်ချစ်ပါ၊ နောက်မှ ငါ့အကြောင်းကို ကြိုက်သလိုပြောကြ” ဟု ဆိုခဲ့ဖူးသည်။ ရစ်ချက်ဘက်စ်တာ၏ အသင်းသူသင်းသားများကလည်း“ကျွန်တော်တို့ကို လုံးလုံးလျားလျား အမြဲတမ်း ချစ်နေတဲ့ သူရဲ့ အကြောင်းနဲ့ ပတ်သက်လို့ကတော့ အကောင်းဘဲ ပြောစရာ ရှိတယ်” ဆိုကြပြန်သည်။

ကျွန်ုပ်တို့၏ သိုးစုများအပေါ်ထားရှိသည့်မေတ္တာကို လက်တွေ့ပြသရန်မှာ ကျွန်ုပ်တို့၏အချိန်ကို စိတ်ပါ လက်ပါပေးခြင်းဖြင့် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို (ကျွန်ုပ်တို့မိသားစုလည်း ပါသည်) ချစ်ပြီဆိုလျှင် ကျွန်ုပ်တို့ ၏အချိန်ကို ပေးရမည်ဖြစ်သည်။ အခြားသူများကို ဂရုစိုက်နေရသည့်အတွက်ကြောင့် မိသားစုကို အချိန်မပေးနိုင် ခြင်းမျိုး မရှိသင့်ပေ။ အချိန်ကို အကျိုးရှိစွာစောင့်ထိန်းခြင်းသည် သင်းအုပ်ဆရာတစ်ဦး အမြဲဆင်နွဲနေရသည့် တိုက်ပွဲတစ်ခုဟုဆိုနိုင်သည်။ ကျွန်ုပ်တို့တွင် အချိန်အကန့်အသတ်နှင့်သာ (အထူးသဖြင့် နှုတ်ကပတ်တော် လေ့လာ ခြင်းနှင့် ပြင်ဆင်ခြင်းတို့အတွက် အချိန်သုံးသည့် မနက်ပိုင်း အချိန်များ) ရှိကြသည်မှာ ထင်ရှားပါသည်။ မည်သို့ပင် ဖြစ်စေကာမူ တစ်ပတ်အတွင်းအချိန်တစ်ချိန်ကို ၄င်းတို့နှင့်သီးသန့်အချိန်ပေးရန် ခွဲခန့်စီမံထားနိုင် ပါသည်။ အစပိုင်း တွင် ၄င်းတို့အနေနှင့် ထိုကဲ့သို့အချိန်ပေးခြင်းကို တန်ဖိုးမထားတတ်ကြဘဲ ဖြစ်နိုင်ပါသည်။ ဝတ်ပြုစည်းဝေးနှင့် အစည်းအဝေး အပြီးတို့သည် ထိုကဲ့သို့သော အချိန်အတွက် အကောင်းဆုံးဖြစ်တတ်သည်ဟု ကျွန်ုပ် ထင်ပါသည်။ သင်းအုပ်အများစုသည် သင်းသူသင်းသားများ ကုန်သွားသည်အထိ ဘုရား ကျောင်းရှေ့တွင် ရှိနေတတ်ကြသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သိုးစုများကို ဂရုစိုက်သည်ဟု ဆိုရာတွင် အမှန်ပြုရမည့် အပြုအမူ ဖြစ်ပါ သည်။ အစည်းအဝေးတစ်ခုတွင် အရမ်းပင်ပန်းပါသဖြင့် အလျင်အမြန်ပင် ကျွန်ုပ်ထွက်သွားခဲ့သည့်အကြောင်းကို ဝန်ခံရပါမည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့ ဝတ်ပြုအစည်းအပြီး ကျွန်ုပ်တို့သည် သင်းသူသင်းသားများအကြား မတ်တတ်ရပ် စကားပြောဆိုရာတွင် အထူးသဖြင့် ရှက်ကြောက် တတ်သောသူများကို အတတ်နိုင်ဆုံး စကားပြောနိုင်ရန် ကြိုးစားကြရမည်။ ဤသို့ပြုလုပ်နိုင်ရန်အတွက် အခြား သူများက ကျွန်ုပ်ချုပ်ခြင်းမရှိဘဲ ကျွန်ုပ် တို့ကိုယ်တိုင် မိမိကိုယ်ကို ထိန်းချုပ်တွေးခေါ်နိုင်သောသူများဖြစ်ရပါမည်။


သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်တတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း

သိုးထိန်းဆိုသည့်အသုံးအနှုန်းသည် သင်းအုပ်ဆရာနှင့်ဓမ္မဆရာဆိုသည့် တာဝန်ဝတ္တရားကိုသာ ဖော်ပြ ပေးသည် မဟုတ်။ သိုးထိန်းတစ်ယောက်အနေနှင့် စိတ်ဝိညာဉ်များ၏ ဆရာဝန်လည်း ဖြစ်ရမည်။ ပရောဖက် ဟေရှာယက မေရှိယနှင့် ၄င်း၏ သိုးစုတို့ကို ဖော်ပြရာတွင် “မိမိတို့ သိုးစုတို့ကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူ မည်။ သိုးသူငယ်တို့ကို ချီ၍ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည့်ညှင်းစွာ ပို့ဆောင်တော် မူမည်” ဟု ရေးသားခဲ့သည် (ဟေရှာ၊ ၄၀း၁၁)။ ဤကျမ်းပိုဒ်အား ကြည့်ခြင်းအားဖြင့် သိုးစုတို့တွင် အခြေအနေ အသီးသီးရှိကြောင်းကို တွေ့မြင်နိုင်ပါသည်။ တစ်ချို့မှာ သိုးသူငယ်များဖြစ်၍၊ အရွယ်ရောက်ပြီး သိုးများလည်း ရှိ သကဲ့သို့ တစ်ချို့မှာ ဒဏ်ရာများရထားသည့်အတွက် ဂရုစိုက်ရမည့် သိုးများလည်း ရှိသေးသည်။ သခင်ယေရှုက ၄င်းတို့ကို ၄င်းတို့နှင့်သင့်တော်သော ကျက်စားရာစီသို့ အစဉ်ဦးဆောင်လျက်ရှိသည်။ ချိနဲ့နေသောသိုးကို တွန်း မောင်းခြင်းမပြုဘဲ လက်တော်ဖြင့် ပွေ့ချီ၍ ကူညီပေးသည်။ အယောက်စီတိုင်းအတွက်နှင့် အမှုတော်ဆောင်တိုင်း အတွက်ပါ လိုအပ်ချက်တို့ နှင့်အညီ ကိုယ်တော်သည် ကူညီဆောင်မတော်မူပေးခဲ့သည်။

ကျွန်ုပ်တို့၏ ပြုစုစောင့်ရှောက်ရမည့် တာဝန်ဝတ္တရားမှာ ဘုရားသခင်ပေးတော်မူသော အတွင်းပိုင်းမှ လုပ်ဆောင်ရန် ဖြစ်သည်။ ကျွန်ုပ်တို့ ဖော်ပြပြီးခဲ့သည့်အတိုင်း သိုးစုများအတွက် ဆုတောင်းခြင်းအမှုထက် သာ၍ ကူညီပေးနိုင်သော အခြားအမှုမရှိတော့ပါ။ ကျွန်ုပ်တို့၏ သိုးစုများအပေါ်ဖြည့်ဆည်းလိုသည့် စိတ်ဆန္ဒမှာ သမ္မာ ကျမ်းစာအတိုင်း တစ်ဦးချင်းစီအတွက် ဖြစ်ရပါမည်။ ကျွန်ုပ်တို့ဘက်မှ သိုးစုများ၏ အခြေအနေ နှင့် လိုအပ်ချက် များကို ဖြည့်ဆည်းကုသပေးနိုင်ရန်အတွက် သမ္မာကျမ်းစာ၏ သွန်သင်ပေးခြင်းများကို လိုအပ်ပါသည်။ နေ့စဉ် ကျွန်ုပ်တို့၏ သမ္မာကျမ်းစာလေ့လာဆည်းပူးခြင်းအမှုသည် တရားဟောရန်နှင့် သင်ကြားပို့ချပေးရန်အတွက်သာ မ ဟုတ်ဘဲ သင်းသူသင်းသားများကို တစ်ဦးချင်းဂရုစိုက်စောင့်ရှောက်ခြင်းအတွက်လည်း ဖြစ်ရပါမည်။ အခြားသူ များနှင့် ထိပ်တိုက်တွေ့ဆုံမှသာလျှင် ကျွန်ုပ်တို့သည် ဆရာဝန်များ ဖြစ်ကြသည်ဟု ကိုကိုယ်ကို မထင်အပ်။ လူနာ တစ်ယောက်ဖျားနာ၍ ဆရာဝန်အား အကြည့်အရူပြုရန် ဖင့်ဖိတ်သည့်အချိန်တွင် သင်ကြားခဲ့သည့် အကြောင်း အရာများအားလုံးက ထိုလူနာမှာ မည်သည့်ရောဂါခံစားနေရသနည်း၊ မည်သည့်ဆေးဝါးကို အသုံးပြုသင့်သနည်း၊ မည်သို့သော အခြေအနေတွင်ရှိနေသနည်းစသည်ဖြင့် သူ့ကို စဉ်စားသုံးသပ်စေမည် ဖြစ်သည်။ သူ၏ ရည်ရွယ် ချက်မှာ လူနာပျောက်ကင်းလာစေရန်အတွက် ဖြစ်သောကြောင့် အခြေအနေကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ ရောဂါကို ထုတ်ဖော်ပြောပြရသည်။ အဆိုးဝါးဆုံး အခြေနေမျိုးနှင့် ကြုံတွေ့ချိန်မှသာမဟုတ်ဘဲ လူနာအား လှည့်ပတ်ကြည့်နေစဉ် ကာလတလျှောက်တွင်လည်း လူနာ၏ကျန်းမာရေးနှင့်ကိုက်ညီသည့် လမ်းညွှန်ချက်များကို ပြောပြရင်း အမြဲလို ခွန်အားပေးရပြန်သည်။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း လူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီနှင့် နှုတ်ကပတ်တော်၏ လမ်းပြသွန်သင်မှု များနှင့်အတူ အခြေအနေအရပ်ရပ်ကို သုံးသပ်ရမည်ဖြစ်သည်။ ထို့နောက် နှုတ်ကပတ်တော်၏ သွန်သင်ချက်များ ကို လမ်းညွှန်ပေးကြရမည်။ ကျွန်ုပ်တို့၏ ဂရုစိုက်စောင့်ရှောက်ခြင်းဝတ္တရားသည် တစ်ပွဲထိုးအတွက်သာ မဟုတ် ဘဲ အစဉ်တဆိုက် ဖြစ်နေရမည်။ တွေ့ဆုံခွန်အားပေးသည့် အချိန်တိုင်းတွင်လည်း ၄င်းတို့၏ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားတိုးတက်ပါမည်အကြောင်း ခရစ်ယာန်အသက်တာနှင့်ယှဉ်သော အပြုအမူများကို စွာနားထောင်ပေးကြ ရင်း၊ ၄င်းတို့လိုအပ်သော လမ်းညွှန်ချက်များကိုလည်း သွန်သင်ပေးရမည်။ ၄င်းတို့၏ ခံစားချက်များ၊ ရင်ဖွင့်ချက် များကို ကောင်းမွန်စွာနားထောင်ပေးကြရင်း၊ ၎င်းတို့ လိုအပ်သော လမ်းညွန်ချက်များကိုလည်း တိတိကျကျ ချပေး နိုင်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ အသင်းသူသင်းသားများသည် ဘုရားသခင်၏ နှုတ်ကပတ် တော်အတိုင်း လိုက်လျှောက်အသက်ရှင်ကြရန်နှင့်ပြောသည့်အတိုင်း အသက်ရှင်ကြရန်ဖြစ်သည်။ သုတ္တံကျမ်းထဲ တွင် “အချိန်တန်၍ ပြောသောစကားသည်လည်း အလွန်လျောက်ပတ်၏” ဟု ဖော်ပြထားည့် သုတ္တံစကားသည် သင်းအုပ် ဆရာတို့ ပြုအပ်သော ကျင့်ဝတ်ဖြစ်ပါသည် (၁၅း၂၃)။


သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်ခြင်းအမှုတွင် အဓိကျသော စကားလုံးများ

သင်းအုပ်ဆရာ၏ဂရုစိုက်စောင့်ရှောင်းခြင်းအမှုတွင် အဓိကကျသောစကားလုံးလေးလုံးကို ဓမ္မသစ်ကျမ်း ထဲတွင် ဖော်ပြထားရန်၊ ထိုလေးခုလုံးသည် တန်းတူ အရေးပါပါသည်။ ၄င်းတို့မှာ၊ ခွန်အားပေးခြင်း၊ တိုက်တွန်း ခြင်း၊ သတိပေးသွန်သင်ခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ဖြစ်သည်။ ဘုရားဝတ်၌ မွေ့လျော်ခြင်းအတွက်သော် လည်းကောင်း၊ ဧဝံဂေလိလုပ်ဆောင်ခြင်းအတွက်သော်လည်းကောင်း၊ မိမိ၏ဆုကျေးဇူးများကို အသုံးပြုရန် အတွက်သော်လည်းကောင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာ၌ မိမိလုပ်ဆောင်ရမည့်နေရာကို ရှာဖွေခြင်း၌သော်လည်း ကောင်း ခရစ်ယာန်တစ်ဦးစီတိုင်းသည် ခွန်အားပေးမှုကို လိုအပ်ကြပါသည်။ တစ်ဦးကိုတစ်ဦး ခွန်အားပေးကြ ရမည့်တာဝန်မှာ ယုံကြည်သူတိုင်းအတွက်ဖြစ်သော်လည်း၊ သင်းအုပ်ဆရာအတွက်မူ အထူးဆောင်ရွက်ရမည့် တာဝန်ဝတ္တရား ဖြစ်ပါသည်။ ၄င်းတို့ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏လူများကို ခွန်အားပေး ရန် ရွေးချယ်ထားသည့်အတွက်ကြောင့် ဤသည်မှာ အံ့ဖွယ်ကိစ္စတစ်ခုတော့မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝလျက် ကျွန်ုပ်တို့သည် အခြားသူများကို ခွန်အားပေးသည်။ အလည်အပတ်သွားရောက်သည့် အခါ တွင်သော်လည်းကောင်း၊ တစ်စုံတစ်ဦးနှင့် /တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ချိန်တွင်သော်လည်းကောင်း၊ ကျွန်ုပ်တို့ ၏ အဓိကရည်ရွယ်ချက်မှာ ထိုသူကို ခွန်အားပေးရန်ဖြစ်သည်။ ခွန်အားပေးရန် အထူးလိုအပ်သော ရှက်တတ် သောသူများနှင့် အားနွဲ့သောသူများကို ရှင်ပေါလု ရွေးချယ်ခွန်အားပေးခဲ့သည်ကို တွေ့ရပါသည် (၁သက်၊၅း၁၄)။

ခွန်အားပေးခြင်းနှင့်အတူ တိုက်တွန်းနိုးဆော်ခြင်းသည်လည်း အစဉ်ဒွန်တွဲလျက်ရှိပါသည်။ ၄င်းတို့နှစ်ခုကို ခွဲထား၍မရနိုင်သော်လည်း၊ တိုက်တွန်းနိုးဆော်ခြင်းတွင် လမ်းပြပေးခြင်းမျိုးသည် ခွန်အားပေးခြင်း၌ ရှိသည် ထက်သာ၍ ပိုနေသည်။ တိုက်တွန်းနိုးဆောင်ခြင်းက ကျွန်ုပ်တို့ မည်သည့်အရာကို ပြုလုပ်ရမည်ကို ပြောပြသည်။ ပုံဥပမာနှစ်ခုကို ပြောပြရမည်ဆိုလျှင် “ထိုကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူ အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့” (ဂလာတိ၊ ၆း၁၈) နှင့် “သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့” (ဖိလိ၊ ၄း၄) တို့ဖြစ်သည်။ ထိုကျမ်းချက် နှစ်ချက် လုံးသည် မည်သည့်အရာကို လုပ်ဆောင်ရမည်အား ပြောပြနေသည်။ သမ္မာကျမ်းစာက ဝိညာဉ်ပိုင်းဆိုင်ရာတွင် ပြု လုပ်ရမည့်အရာများကို ကျွန်ုပ်တို့အား အစဉ်အမြဲ ပြောပြနေပါသည်။ တိုက်တွန်းနိုးဆော်ခြင်းအမှုတွင် ကျွန်ုပ်တို့ သည် နှုတ်ကပတ်တော်အားဖြင့် လျှောက်လှမ်းရမည့် အသက်တာလမ်းခရီးအား တစ်ဦးကိုတစ်ဦး ပြောပြနေခြင်း ဖြစ်သည်။ အကြင်လင်မယားတစ်တွဲနှင့် ကျွန်ုပ်တို့သည် တိုင်ပင်ပြောဆိုရာတွင် တစ်ဦးကိုတစ်ဦး ချစ်ခင်ကြရန် တိုက်တွန်းရသည်။ ကလေးများကိုသွန်သင်ပြောပြရာတွင် ၄င်းတို့၏မိဘများအား ရိုသေကြရန် တိုက်တွန်းရ သည်။ ကျွန်ုပ်တို့၏ သွန်သင်ချက်များမှာ ရင်းနှီးပြီးသောအရာများ ဖြစ်နေသော်လည်း အစဉ်တိုင်း ဆက်လက် သွန်သင်ကြရမည်သာ ဖြစ်သည်။

သတိပေးသွန်သင်ခြင်း - ဤသည်တွင် ခွန်အားပေးခြင်းနှင့်တိုက်တွန်းခြင်းတို့ ပါဝင်ပါသော်လည်း၊ လိုအပ်လျှင် လိုအပ်သလို သတိပေးခြင်းနှင့် သွန်သင်ခြင်းများကို ပြုလုပ်ရမည် ဖြစ်သည်။ သတိပေးခြင်းနှင့် သွန် သင်ခြင်းများကို ကျွန်ုပ်တို့သည်ပြောပြရမည်ဆိုသော်လည်း၊ သင့်လျှော်သည့်အချိန်များတွင် ချီးကျူးစရာများရှိ လျှင် ချီးကျူးစကားဆိုရပေမည် ၁၊ ၁၁း၁၂)၊ ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် သွန်သင်ခြင်းကို လက်ခံရန် လွယ်ကူ စေပါသည်။ သတိပေးသွန်သင်ခြင်းအမှုသည် သင်းအုပ်ဆရာ၏ တာဝန်ဝတ္တရားများအနက် တစ်ခုဖြစ်သည်ဟု ဓမ္မသစ်ကျမ်းက ဖော်ပြထားပါသည် (၁သက်၊ ၅း၁၂)။ ရုပ်တုဆင်းတုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ သတိ ပေးရ မည် (၁ယော၊ ၅း၂၁) သို့မဟုတ် သိုးယောင်ဆောင်သော ဝံပုလွေများ အကြောင်း သတိပေးရမည် (တမန်၊ ၂၀း၂၉)။ သတိပေး သွန်သင်ခြင်းသည် လက်ခံသည့်သူက မည်သို့တုန့်ပြန်မည်ကို ပြောရခက်သည့်တွက် ခွန်အားပေးခြင်း နှင့် တိုက်တွန်းနိုးဆော်ခြင်းတို့ထက်သာ၍ ခက်ခဲပါသည်။ သို့သော်လည်း ဤအချက်ကြောင့် သတိပေး သွန်သင် ခြင်းအမှုကို ရပ်ဆိုင်းလိုက်ခြင်း မပြုအပ်။ အယောက်စီတိုင်း တစ်ကြိမ်မဟုတ်တစ်ကြိမ် သတိပေး သွန်သင်ပေးခြင်းကို လိုအပ်ကြပါသည်။ ကျွန်ုပ်ကိုယ်တိုင်လည်း သင်းထောက်လူကြီးများ၏ ပြုစုစောင့် ရှောက်ခြင်းကို လိုအပ်သည်ဟု ကျွန်ုပ်ဖော်ပြခဲ့ပြီးဖြစ်သည်။ အေဒင်ဘက်တွင် ကျွန်ုပ်အမှုတော်စဆောင်စဉ်က အင်္ဂလန်အနောက်ဘက်ခြမ်းရှိ အသင်းတော်တစ်ခု၏ နှစ်ပတ်လည်အစည်းအဝေးတစ်ခု၌ တရားဒေသနာ ဟောပြောရန် ဖိတ်ကြားခြင်းကို ကျွန်ုပ်လက်ခံခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် နိုဝင်ဘာနောက်ဆုံးပတ်သည် ကျွန်ုပ်တို့အသင်းတော်၏ သာသနာ့နှစ်ပတ်လည် ညီလာခံနေ့နှင့်သွားတိုက်ဆိုင်နေသည်။ ထိုနှစ်ကုန်ပိုင်းတွင် ကျွန်ုပ်အား ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသည့် သင်းထောက် ကျွန်ုပ်၏အိမ်သို့ရောက်ရှိလာပြီးနောက် ကျွန်ုပ်ကို ခွန်အားပေးတိုက်တွန်းသည့်အပြင်၊ ညီလာခံနေ့၌ ပျက်ကွက်ခဲ့သည့်အတွက် ကျွန်ုပ်ကို သတိပေးခဲ့သည်။ သူ၏ သတိပေးပုံမှာ “သာသနာလုပ်ငန်းဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့အသင်းတော်မှာ သာသနာလုပ်ငန်း အတွက် ဘယ်လိုဘယ်ပုံ ပါဝင်ရမလဲ ဆိုတာကို ဘုရားသခင်ကဖွင့်ပြတဲ့အချိန်အခါမျိုးမှာ ဆရာလည်း ကျွန်တော် တို့နဲ့အတူ ရှိသင့်တယ်မဟုတ်လား” ဟူ၍ ဖြစ်သည်။ ကျွန်ုပ်သည်လည်း ထိုသူ၏သွန်သင်သတိပေးခြင်းကို မှန် သည်ဟုလက်ခံလျက်၊ နောင်နှစ်များတွင် နိုဝင်ဘာနောက်ဆုံးပတ်နှင့်တိုက်ဆိုင်သည့် တရားဒေသနာဟောပြော ရန် ဖိတ်ကြားခြင်းတို့ကို လက်မခံဘဲ နေတော့သည်။ ထိုသင်းထောက်၏ သတိပေးသွန်သင်ခြင်းမှာ မှန်ကန်၍ တည်ဆောက်စရာအကြောင်းဖြစ်သည်။ အခြားသူများကို သတိပေးသွန်သင်ရာတွင်အသင်းအုပ်ဆရာများနှင့် ဓမ္မဆရာများတစ်ခါတစ်ရံ စိုးရိမ်စိတ်များ ရှိနိုင်ပါသော်လည်း၊ ထိုစိုးရိမ်စိတ်သည်ပင် ကျွန်ုပ်တို့ သတိပေးနေခြင်း မှာ ပေါ့ပေါ့တန်တန် မဟုတ်ကြောင်းကို ပေါ် လွင်စေသည် မဟုတ်ပါလား။

တိုင်ပင်ဆွေးနွေးခြင်းကို အများအားဖြင့် ဝတ်ပြုစည်းဝေးပြီးဆုံးသည့်နောက်တွင် သို့မဟုတ် တွေ့ဆုံရန် အတွက် ချိန်းချက်ခြင်းပြုလုပ်၍သော်လည်းကောင်း စသည့်အချိန်များတွင် ပြုလုပ်တတ်ပါသည်။ အားအင်ချိနဲ့ သူ၊ မကျန်းမာသူများထံသို့ ကျွန်ုပ်တို့အလည်အပတ်သွားသည့်အချိန်များတွင် သို့မဟုတ် ပြဿနာများအတွက် လမ်းညွှန်မှုများ လာရောက်တောင်းခံလာကြသောအချိန်များတွင် ကျွန်ုပ်တို့သည် တိုင်ပင်ဆွေးနွေးမှုများကို ပြု လုပ်ရပါသည်။ တိုင်ပင်ဆွေးနွေးမှုဟု ဆိုရာတွင် တစ်ချိန်တည်း၌ ခွန်အားပေးခြင်း၊ တိုက်တွန်းနိုးဆော်ခြင်း နှင့် သတိပေးသွန်သင်ခြင်းများ အားလုံး ပါဝင်ကြသည်။

အထိရောက်ဆုံး တိုင်ပင်ဆွေးနွေးခြင်း အမှုကို ဘုရားသခင် မှုတ်သွင်းတော်မူသော နှုတ်ကပတ်တော်အား သွန်သင်ဟောပြောရာမှ သန့်ရှင်းသော ဝိညာဉ်အားဖြင့်သာ ဖြစ်သည်။ သူသည် တိုင်ပင်ဘက်ပင် မဟုတ်ပါလား။ နှုတ်ကပတ်တော်တရားအား နာခံသည့် ယုံကြည်သူအယောက်စီတိုင်းအတွက် သူသည် အတိုင်ပင်ခံ ဖြစ်တော်မူ သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် တစ်စုံတစ်ယောက်ကို ခွန်အားပေး၍၊ နောက်တစ်ယောက်ကို တိုက်တွန်း နိုးဆော်ကာ၊ သတိပေးလျက် မှန်ကန်သောလမ်းကို ပြသပေးတတ်ပါသည်။ အကောင်းဆုံးသော တိုင်ပင်ဆွေးနွေး ခြင်းအမှုသည် နှုတ်ကပတ်တော်ကိုဟောပြော၍ လိုက်လျှောက်ကျင့်သုံးခြင်းအားဖြင့်သာ ဖြစ်သည်။ နှုတ်ကပတ် တော်ကို အနက်ဖွင့် ဟောပြောရာတွင် ဘုရားသခင် ပေးထားတော်မူသည် မူမြတ်လှသော လိင်သဘောတရား နှင့် လက်ထပ်ထိမ်းမြှားခြင်းတို့၏မွန်မြတ်ပုံတို့ကို အခြေအနေပေးလျှင်ပေးသည့်အတိုင်း ဟောပြောပေးရမည် ဖြစ် သည်။ ယောသပ် သို့မဟုတ် ဒါဝိဒ်မင်းတို့အသက်တာကို ပုံဥပမာယူ၍ ဟောပြောခြင်းအားဖြင့်သော်လည်း ကောင်း၊ “သင်တို့သည် မတရားသောမေထုန်ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါ၄င်း (၁သက်၊ ၄း၃) ဆိုသည့် ဓမ္မသစ် ကျမ်းများကို ကိုးကား၍ ဟောပြောနိုင်ပါသည်။ အတိတ်ကို ပြန်ကြည့်မည်ဆိုလျှင်၊ ထိုကဲ့သို့သော တရားဒေသနာများကို ဟောကြားပြီးသည့်နောက် မြောက်များစွာသော လူတို့အရေအတွက်ကိုပင် မမှတ်မိ လောက်အောင် များ ပြားခဲ့ပြီဖြစ်သည်။ ကျွန်ုပ်စီသို့ လာရောက်ကြပြီး တိုင်ပင်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြသည့် ထိုသို့သော အခြေအနေမျိုးသည် နှုတ်ကပတ်တော်ဟောကြားခြင်း၏ နောက်ဆက်တွဲသီးပွင့်လာသည့် တိုင်ပင် ဆွေးနွေးပေးရခြင်း ဖြစ်ပါသည်။ ဟောပြောသွန်သင်ခြင်းကို လစ်လျူရှုခြင်းအားဖြင့် ဖြစ်ပေါ်လာသည် ယနေ့ ခေတ်အချို့သော တိုင်ပင်ဆွေးနွေးမှုများသည် တရားဒေသနာမျိုးလည်း ရှိနိုင်ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏ တရားဒေသနာများသည် လက်တွေ့ဆန်၍ စောင့်ရှောက်ပျိုးထောင်လိုသည့်သဘောဆောင်ပါလျှင် ကျွန်ုပ်တို့သည် သင်းသူသင်းသားများကို အခြားသူများအား ဂရုစိုက်ရန်အတွက် သင်ကြားပေးရုံသာမက ၄င်းတို့ကို ၄င်းတို့ မည်သို့ဂရုစိုက်ရမည်ကိုလည်း တပါတည်း သင်ကြားပေးရာရောက်ပါသည်။

တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏တိုင်ပင်ဆွေးနွေးမှုများသည် မမျှော်လင့်ဘဲ ဖြစ်သွားတတ်သည့် အချိန်များ 

လည်းရှိပေသည်။ တစ်ခါတစ်ရံ လမ်းမပေါ်ရှိလူအစုအဝေးတို့တွင် ဖြစ်သွားတတ်သကဲ့သို့၊ ဝတ်ပြုအစည်းအဝေး ပြီးဆုံးသည့်နောက် အရေးကြီးသည့် ကိစ္စများပေါ်လာသည့်အတွက် တိုင်ပင်ဆွေးနွေးခြင်းများ ဖြစ်မြောက်သွား နိုင်ပါသည်။ ထိုကြောင့် ထိုကဲ့သို့ သောအချိန်အခါမျိုးတွင် ကျွန်ုပ်၏နေ့စဉ် အချိန်စာရင်းတွင်လည်း ဖြစ်နိုင်သကဲ့ သို့ အာရုံပြောင်းစေသည့် တယ်လီဖုံးခေါ်ဆိုခြင်းမျိုး၌လည်း ဖြစ်နိုင်ကြောင်းကို အစဉ်သတိပြုရသည်။ ဂျွန်နယူး တွန်ဆိုသူမှာ တယ်လီဖုန်းခေါ်ဆိုခြင်းပေးခြင်းမျိုးကို မခံခဲ့ရသော်လည်း၊ ၄င်း၏အိမ်သို့ အလည်အပတ်လာရောက် သောသူများနှင့် ပတ်သက်၍ “ကျွန်တော့်ရဲ့ နှုတ်ကပတ်တော်လေ့လာတဲ့ အခန်းတံခါးကို လာခေါက်သံကြားရတဲ့ အချိန်တိုင်း၊ ဘုရားသခင်ထံကလာတဲ့ သတင်းတစ်ခုကို ကျွန်တော်အမြဲကြားရသလိုပါဘဲ။ အဲဒီသတင်းဟာ ကျွန် တော့်ကို သွန်သင်ပေးဖို့လည်း ဖြစ်နိုင်သလို၊ စိတ်ရှည်ဖို့ သင်ခန်းစာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဘုရားသခင် စီကနေ လာတဲ့ သတင်းစကားဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့တော့ကောင်းမှာဘဲ” ဟု ဆိုခဲ့ဖူးသည်။ ပုံ မှန်ဖုန်းပြောနေကျအခြေအနေမှသော်လည်းကောင်း၊မမျှော်လင့်သောပြဿနာမျိုးအတွက် ဖုန်းခေါ်ဆိုခြင်းမှသော် လည်းကောင်း တိုင်ပင်ဆွေးနွေးခြင်းများပြုလုပ်ရန်အကြောင်း ဖြစ်လာနိုင်ပါသည်။ ကျွန်ုပ်တို့တစ်နေ့တာအတွက် ရွေးချယ်ထားသည့် ကျမ်းတစ်ပိုဒ်ပင် အခြားသူများအတွက် လိုအပ်နေသည့် ခွန်အားလည်း ဖြစ်နေနိုင်သည်။

တိုင်ပင်ဆွေးနွေးခြင်းအမှု၏တစ်စိတ်တစ်ဒေသမှာ ကျွန်ုပ်တို့ထက် ပိုမိုကျွမ်းကျင်၍ ကူညီပေးနိုင်သော သူများသို့ တိုင်ပင်လိုသူများကို ဦးဆောင်ပေးခြင်းလည်းဖြစ်ပါသည်။ ဘုရားသခင်ရွေးကောက်ထားသောသူများ ထံမှ ဖော်မကုန်နိုင်လောက်သည့် အတွေ့အကြုံများကို ရယူနိုင်ပါသည်။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများ ရရှိခဲ့သည့် ငြိမ်သက်ခြင်းကို မျှဝေနိုင်ပါသည်။ ကျွန်ုပ်အမှုတော်မြတ်၌ စတင်ပါဝင်စဉ်က ၄င်းတို့၏သမီးလေး မ တော်တဆယဉ်တိုက်မှုကြောင့်ဆုံးသွားရှာသည့် အိမ်ထောင်မိသားစုထံ အလည်အပတ်သွားစဉ်ကလောက် အကူ အညီမဲ့နေသည်ဟု ခံစားရခြင်းမျိုး ယနေ့ထိတိုင်မရှိသေးပါ။ သို့သော် ထိုယဉ်တိုက်မှုမဖြစ်မှီက ၄င်းတို့၏သား တစ်ယောက်သေဆုံးသွားသည့် အခြားအိမ်ထောင်စုတစ်စုရှိနေရာ၊ ကျွန်ုပ်၏အလည်အပတ်ပြု ခွန်အားပေးပြီး သည့်နောက် ၄င်းတို့ကိုဆက်လက်၍ နောက်မှခွန်အားပေးတိုက်တွန်းရန် ကျွန်ုပ် တာဝန်လွှဲထားလိုက်သည်။ ထိုသို့ တစ်ဦးကိုတစ်ဦးပြောဆိုနေကြရင်း - ခွန်အားပေးတိုက်တွန်းနိုးဆော်ခြင်းအကြောင်းများဖြစ်လာကာ တစ်ဦးနှင့် တစ်ဦးကြား ၄င်းတို့တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် မျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်းတို့ကို တိုင်ပင်ဆွေးနွေးသည့် သဘော အဖြစ် မျှဝေလာနိုင်သည်ကို တွေ့ရသည်။

မေးခွန်းများသည် သင်းအုပ်ဆရာ၏လုပ်ဆောင်မှုတွင် အထောက်အကူဖြစ်စေသကဲ့သို့ အထူးသဖြင့် တိုင်ပင်ဆွေးနွေးခြင်းများပြုလုပ်ရာတွင် အလွန်အရေးပါလှပါသည်။ ဆီလျော်သောမေးခွန်းများကို မေးမြန်းခြင်း ဖြင့် ပြောဆိုဆက်ဆံမှုကိုပြေပြစ်စေပြီး၊ ကွေ့ပတ်ပြောနေခြင်းများကို ဘေးရှင်းစေနိုင်သည်။ ရှင်ပေါလု ကိုယ်တိုင် သည်လည်း မေးခွန်းများမေးမြန်းခဲ့သည်။ ဂလာတိပြည် ယုံကြည်သူများထံ ရေးသားခဲ့သည်တွင် “သမ္မာတရားကို  နားမထောင်စေခြင်းငှါ အဘယ်သူ ပြုစားသနည်း” (ဂလာတိ၊ ၃း၁)၊ “သို့ဖြစ်လျှင် သင်တို့ခံရသော မင်္ဂလာကား အဘယ်မင်္ဂလာနည်း” (ဂလာတိ၊ ၄း၁၅) စသည်ဖြင့် မေးမြန်းခဲ့သည်။ အနာဂတ်ရှေ့ရေးအတွက် တွေးပူနေရ သောသူ တစ်ယောက်ကို အကူအညီပေးနိုင်ရန်အတွက် “သင့်အနာဂတ် ဘယ်လိုအခြေအနေမျိုးအတွက် စိုးရိမ် ပူပန်မှုတွေရှိသလဲ” ဟူ၍မေးမြန်းနိုင်သကဲ့သို့၊ ခရစ်ယာန်အသက်တာတွင် အခက်ကြုံနေရသော “ဘုရားသခင်နဲ့ ဆက်နွယ်မှုတွေ အစဉ်ရွှင်လန်းနေစေဖို့ သင့်အသက်တာမှာ ဘယ်အရာက ဟန့်တားထားသလဲ” သို့မဟုတ် “ခရစ်တော်၌ အစဉ်ဝမ်းမြောက်နိုင်ခြင်းအတွက် သင် မည်သို့အသက်ရှင်နေသလဲ” ဟူ၍လည်ကောင်း မေးမြန်း နိုင်ပါသည်။ ထိုကဲ့သို့ မေးမြန်းခြင်းသည် ထိုပုဂ္ဂိုလ်၏ပြဿနာအမှန်နှင့် တိုက်ဆိုင်နေပါက ပြောဆိုတိုင်ပင်ရန် အတွက် လွယ်ကူစေပါသည်။ အကယ်၍ ထိုသူမှာ ဝိညာဉ်ပိုင်းဆိုင်ရာကျန်းမာနေပါလျှင် ထိုအရာနှင့်ပတ်သက်၍ ပြောစရာများစွာ ထို သူ၌ ရှိနေမည် ဖြစ်သည်။

တိုင်ပင်ဆွေးနွေးခြင်းအမှု၌ ကျွန်ုပ်တို့၏အဓိကရည်ရွယ်ချက်မှာ ယုံကြည်သူတစ်ဦးအား ၄င်းအသက်တာ ၏ အခြေအနေမှန်ကိုသိ၍၊ ဘုရားသခင်၏ရည်ရွယ်ချက်ကို သိနားလည်၍၊ လုပ်ဆောင်ရမည့်အရာများကို လမ်း ညွှန်ပြောပြရန်ဖြစ်သည်။ ခွန်အားပေးရုံသက်သက်သာမဟုတ်ဘဲ တိုက်တွန်းခြင်း၊ ခွန်အားပေးသွန်သင်ခြင်းများကို လည်း လိုအပ်လျှင် လိုအပ်သလို ပြုလုပ်ရမည်ဖြစ်သည်။ ဘုရားသခင်၏လူများအပေါ် ဘုရားသခင်ထားရှိသည့် မနာလိုစိတ်နှင့် စပ်လျဉ်း၍ သူ၏လူများကို သတိပေးသွန်သင်ရန်မှာ အလွန်ခက်ခဲတတ်ပါသည် (၁ကော၊ ၁၀း ၂၂)။ ဆွေးနွေးတိုင်ပင်ခြင်းများပြုလုပ်ရာတွင် ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ လာရောက်တိုင်ပင်သူကို ကျေနပ်စေရုံ အတွက် အဓိကမဟုတ်ဘဲ၊ ဘုရားသခင်ဝမ်းမြောက်ရန်အတွက် ဖြစ်သည်။ ကျွန်ုပ်တို့၏သွန်သင်ပေးခြင်းများသည် ချစ်ခြင်းမေတ္တာအားဖြင့်ဖြစ်၍၊ ခရစ်တော်၌ သမ္မာတရားအမှန်ကို ပြောပြပေးရန် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ် တော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးကိုလည်း အတည်ပြုခြင်းအားဖြင့် ရှင်းလင်းစေသည် (ရောမ၊ ၉း၁) ကျွန်ုပ်တို့၏ တိုင်ပင်ဆွေးနွေးမှုများကို စဉ်းစားသုံးသပ်ကြရန် ကျွန်ုပ်တို့၏သိုးစုများကို အစဉ်အားပေးရမည် (၁ကော၊ ၁၀း၁၅)။ ထိုကဲ့သို့ ကျွန်ုပ်တို့ ခွန်အားပေးတိုက်တွန်းရာတွင် ကျွန်ုပ်တို့သည် အခွင့်အာဏာရှင်များကဲ့သို့ မဟုတ်ဘဲ၊ လမ်းညွှန် လမ်းပြပေးသောသူများကဲ့သို့၊ ဘုရားသခင်၏လမ်းပြပေးမှုအောက်တွင် ဘုရားသခင်၏ တရားဒေသနာ အမှန်ကို သာ ဟောပြောရန် စိတ်ဆန္ဒကိုသာ မွေးထားရမည် (၂ကော၊ ၄း၂)။


ကျွန်ုပ်တို့၏အကန့်အသတ်များကို နားလည်သဘောပေါက်ခြင်း

ကျွန်ုပ်တို့အားလုံး သင်းအုပ်ဆရာတစ်ဦး၏ တာဝန်ဝတ္တရားအောက် ဆုံးဆုံးနစ်မြှပ်ကာ အချိန်ကုန် တတ်ကြသည်။ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုသည် ကျွန်ုပ်တို့၏သင်တန်းတက်ရောက်မှုများနှင့် အတွေ့အကြုံတို့ အပေါ်တွင်မဟုတ်ဘဲ၊ ဘုရားသခင်၏အစွမ်း၌ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအပေါ်တွင် ဖြစ်ရမည်။ ထို့ ကြောင့် သင်းအုပ်ဆရာလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားမှန်သမျှသည် ဆုတောင်းခြင်းအမှုနှင့် ဆက်နွယ်နေရပါ မည်။ ဘုရားသခင်၏ကျေးဇူးတော်တရားမပါရှိပါက ကျွန်ုပ်တို့ပြုနေသော ခွန်အားပေးခြင်း၊ တိုက်တွန်းနိုးဆော် ခြင်း၊ ဆုံးမသွန်သင်ခြင်းနှင့် တိုင်ပင်ဆွေးနွေးမှုများအားလုံးသည် အချဉ်းနှီးသက်သက်ပင် ဖြစ်သည်။ နောက်ဘက် မှဆုတောင်းခြင်းဖြင့် အစဉ်တွဲနေရမည် (ရောမ၊ ၁၅း၅၊၆)။ နှုတ်ကပတ်တော်အတိုင်း တိုင်ပင်ဆွေးနွေးမှုများ ကျွန်ုပ်တို့ ပြုလုပ်ရာတွင် ဆေးဆရာဝန်များနှင့် စိတ်ရောဂါဆရာဝန်များကို ဆန့်ကျင်ရန်မဟုတ်ပါ။ “ခင်ဗျား အနေနဲ့ ဆေးဆရာဝန်နဲ့ တွေ့ရင်ကောင်းမယ်ထင်တယ်” ဟု ပြောရမည့် အချိန်အခါမျိုးကိုလည်း ကျွန်ုပ်တို့ သတိထားတတ်ရပေမည်။ ဤသို့သော အခြေအနေမျိုးကို ကျွန်ုပ်တို့သတိမထားမိပါက လူတစ်ယောက်၏ ကျန်းမာရေးကို ဝိညာဉ် ပိုင်းဆိုင်ရာထဲသို့ အတင်းဆွဲထည့်ရန် ကြိုးစားနေရာရောက်၍ ကြီးမားသည့်ဆုံးရှုံးခြင်း များကို ဖြစ်ပေါ်စေပါသည်။ ဤသို့သော အခြေအနေမျိုးကိုသိရှိနိုင်ရန်အတွက် ဝိညာဉ်ပိုင်းဆိုင်ရာလိုအပ်ချက် များကို ပြောပြသွန်သင်ပေးရင်း ၊ ထိုအရာများသည် ၄င်း၏လိုအပ်ချက်များဟုတ်မနေပါက၊ ဝိညာဉ်ပိုင်းဆိုင်ရာ မဟုတ်တော့ဘဲ အခြားသောနယ် ပယ်များတွင် မည်သို့မည်ပုံစမ်းသပ်ချက်များကို လုပ်ဆောင်ရမည်ဟု စဉ်းစား ပေးရမည့် အချိန်များလည်း ရှိနိုင် သည်။ ထိုသို့သောအခြေအနေမျိုးတွက် ကျွန်ုပ်တို့ အချိန်ဆွဲနေ၍ မရပေ။

ကျွန်ုပ်တို့၏တတ်စွမ်းနိုင်မှု အကန့်အသတ်များကို ပြသရန် နည်းလမ်းမှာ ခွန်အားပေးတိုက်တွန်းခြင်းများ ပြုလုပ်သည့်အချိန်တိုင်း အခြားသူများနှင့်အတူ ကျွန်ုပ်တို့သည်လည်း တန်းတူဖြစ်သည့်သဘောကို အမြဲပြသရန် ဖြစ်သည်။ “သင်” ဆိုသည့် စကားလုံးထက် “ကျွန်တော်တို့” ဆိုသည့် စကားလုံးကို ရိုးသားဖြူစင်စွာ အသုံးပြုနိုင် ရပါမည်။ ခရစ်ယာန်တို့အသက်ရှင်ခြင်း၌ အကြီးမားဆုံးရည်ရွယ်ချက်ကိုညွှန်းဆိုရာတွင် ရှင်ပေါလုက ဖိလိပ္ပိ အသင်းတော်ထံသို့ “ညီအကိုတို့၊ ငါကိုင်မည့်ပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသောအမှုတစ်ခုဟူမူကား၊ နောက်ကျသောအရာတို့ကိုမမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှါ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ထို့ကြောင့် စုံ လင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည်” (ဖိလိပ္ပိ၊ ၃း၁၃-၁၅)။ ကျွန်ုပ်တို့ တိုင်ပင် သွန်သင်ပေးသောသူများနှင့်အတူ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ မိသားစုဝင်များအနေနှင့် တူညီသည့် စစ် မြေပြင်တွင် တိုက်ပွဲဝင်နေရကြောင်းကို ကျွန်ုပ်တို့အမြဲတမ်းသတိပြုနေရပါမည်။ ကျွန်ုပ်တို့၏ ယဇ်ပရောဟိတ် မင်းကြီးသည်လည်း ကျွန်ုပ်တို့ကဲ့သို့ပင် အခြေအနေအရပ်ရပ်၌ စုံစမ်းခြင်းကိုခံခဲ့ပြီးသူ ဖြစ်သည်။ သို့သော်လည်း ကိုယ်တော်၌ အပြစ်တစ်စုံတစ်ခုမျှမရှိခဲ့ပေ။ ထိုကဲ့သို့ပင် ကျွန်ုပ်တို့သိုးထိန်းများသည်လည်း သိုးစုများနှင့်အတူ အေးအတူပူအမျှ ခံစားကြရမည်မှာ ပုံသက်သေရှိပြီး ဖြစ်သည့်အတွက် ခွန်အားယူစရာ အကြောင်းရှိပါသည်။


ကျွန်ုပ်တို့၏ အကြီးမားဆုံး ယုံကြည်စိတ်ချမှု

ကျွန်ုပ်တို့သည် သင်းအုပ်ဆရာတစ်ဦး၏ တာဝန်ဝတ္တရားအတိုင်း သူတစ်ပါးကို ပြုစုစောင့်ရှောက်သည် တွင် ကျွန်ုပ်တို့တွင် ယုံကြည်စိတ်ချစရာအကြောင်း ရှိပါသည်။ ထိုယုံကြည်စိတ်ချမှုမှာ ဘုရားသခင်သည် သူ၏ များ၏ အသက်တာတွင် ကောင်းမွန်သည့်အလုပ်တစ်ခုကို အစပြုသည်နှင့် အဆုံးတိုင်အောင် ပို့ဆောင်ပေးသည် ဆိုသည့် ကတိစကား၌ ဖြစ်သည်။ ကျွန်ုပ်တို့၏ခွန်အားပေးခြင်း၊ တိုက်တွန်းနိုးဆော်ခြင်းနှင့် ခက်ခက်ခဲခဲဆုံး သွန် သင်ပေးခြင်းတို့၏ နောက်ကွယ်တွင် ဝှက်ထားသည့် လုပ်ဆောင်မှုတစ်ခုမှာ ယုံကြည်သူအယောက်စီတိုင်း၌ ကျိန်း ဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် လူမတတ်စွမ်းနိုင်သည့် တန်ခိုးစွမ်းအားနှင့် ဆက်လက်၍ လုပ် ဆောင်သွားမည်ဆိုသည့်အချက် ဖြစ်သည်။ သူတစ်ပါး၏ တုန့်ပြန်မှုများသည် မှန်ကန်မှုရှိလာကြမည်ဆိုသည့် ယုံ ကြည်မှုသည် လူ၏တက်စွမ်းနိုင်သည့်သဘောတွင် ကျွန်ုပ်တို့သည် ကိုးစားခြင်းမဟုတ်ဘဲ၊ ဘုရားသခင်၏ ပြောင်း လဲစေနိုင်သောတန်ခိုးအပေါ်တွင်သာ ကိုးစားယုံကြည်ခြင်း ဖြစ်သည်။ ဤအချက်ကို ရှင်ပေါလုကလည်း ကြွေး ကျော်ခဲ့ပါသည် (၂သက်၊ ၃း၄၊ ဖိလေမုန်၊ ၂၁)။ ဤသို့သောယုံကြည်စိတ်ချမှု ကျွန်ုပ်တို့တွင် မရှိပါကမူ ကျွန်ုပ်တို့ သည် အရှုံးပေးကြမည်ဖြစ်သော်လည်း၊ ထိုယုံကြည်စိတ်ချမှုကို ဆုတ်ကိုင်ထားပါက ကျွန်ုပ်တို့သည် ရဲရင့်ခြင်းနှင့် အတူ ခွန်အားအပြည့်ဖြင့် သင်းအုပ်ဆရာတို့၏တာဝန်ဝတ္တရားတို့ကို ကျေပွန်စွာထမ်းဆောင်နိုင်ကြမည် ဖြစ် သည်။












အခန်း ၉


သင်းအုပ်ဆရာ၏ ဂရုစိုက် စောင့်ရှောက်ခြင်း - လက်တွေ့ကွင်းဆင်းခြင်း

သင်းအုပ်ဆရာတစ်ဦး၏ ဂရုစိုက်စောင့်ရှောက်ခြင်းကို လက်တွေ့ကြည့်မည်ဆိုလျှင် အခြေအနေ အသီး သီး၌ မြောက်များလှသော လုပ်ငန်းတာဝန်များကို တွေ့ရမည်ဖြစ်သည်။ ဤအခန်းတွင် ကျွန်ုပ်အသုံးပြုခဲ့သည့် နည်းစနစ်များကို ဖော်ပြပေးထားရာ ဤနည်းလမ်းများသည် အကောင်းဆုံးဖြစ်သည်ဟု မဆိုလိုပါ။ သို့သော်လည်း ဤကဲ့သို့ နည်းလမ်းများကိုဖော်ပြပေးထားခြင်းအားဖြင့် သာသနာနယ်၌စတင်၍ ဝင်ရောက်ခါစ အမှုတော်ဆောင် များအနေနှင့် နည်းစနစ်အချို့တို့ကို ကိုးကားအသုံးပြုနိုင်စေရန်အတွက်နှင့် အမှုတော်ဆောင် သက်တမ်းရှိပြီးသော သူများသည်လည်း အထောက်ကူပြုစေနိုင်မည့် အချက်အချို့တို့ကို ရရှိနိုင်စေရန် ဖြစ်ပါသည်။


အသင်းသားများ၏ အိမ်သို့ လှည့်လည် ဆုတောင်းပေးခြင်း

နာမည်ကြီးသင်းအုပ်ဆရာတစ်ဦးက အသင်းသားအိမ်တစ်အိမ်သို့ အလည်အပတ်သွားရောက်ခြင်းနှင့် ပတ်သက်၍ပြောသည့် အကြောင်းအရာမှာ မှတ်သားဖွယ်ကောင်းလှပေ၏။ ထိုသင်းအုပ်ဆရာ၏ သင်းထောက် တစ်ဦးမကျန်းမာဘဲ ရှိနေချိန်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသင်းအုပ်မှာ ထိုသင်းထောက်၏ အိမ်နီးချင်း အိမ်တွင် အလည်အပတ်ရောက်သွားခဲ့ရာ၊ သင်းထောက်၏ အခြေအနေအား မေးမြန်းရန် အတွေးဝင်လာခဲ့သည်။ သင်းထောက်၏အိမ်သို့အရောက်၊ အိမ်တံခါးဝမှ သင်းထောက်မှာ ခေါင်းကလေးပြူထွက်လာပြီး သင်းအုပ်ဆရာ ကို တွေ့သည်နှင့် “ကျွန်တော် အဲ့ဒီလောက်ထိတော့ မဖျားသေးဘူးနဲ့တူတယ်” ဟု တအံ့တဩ ပြောလိုက်သည်။ သင်းအုပ်ဆရာနှင့် ဓမ္မဆရာတို့အနေနှင့် အကြိမ်ကြိမ်အခါခါ အလည်အပတ်မသွားသင့်သည့် အခြေအနေမျိုး ရှိပါ သော်လည်း၊ သင်းအုပ်ဆရာတို့၏ အလည်အပတ်သွားခြင်းသည် အိမ်တိုင်ရာရောက်လည်ပတ်ကာ၊ အိမ်ရှင်များ ဘက်မှလည်း ကျွန်ုပ်တို့၏အဖွဲ့လိုက်ဖြစ်ဖြစ်၊ တစ်ဦးချင်းဖြစ်ဖြစ် အလည်အပတ်ရောက်လာခြင်း အပေါ် အံ့ဩ ခြင်းမျိုး မရှိသင့်ပါပေ။

သင်းအုပ်ဆရာတစ်ဦး၏ အလည်အပတ်သွာခြင်းသည် လူမှုရေးကိစ္စထက် ပိုပါသည်။ မည်သို့ပင်ဖြစ်စေ ကာမူ ကျွန်ုပ်တို့၏ အလည်အပတ်သွားရောက်ခြင်းသည် ၄င်းတို့ကို ဂရုစိုက်သည့်သဘောကို ပြသရသည့် အတွက် တစ်နည်းတစ်ဖုံ လူမှုရေးကိစ္စလည်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ကျွန်ုပ်တို့၏အလည်အပတ် သွားရောက်ခြင်း သည် သာမန်သဘောမျိုး လုံးဝမဖြစ်သင့်။ အိမ်ရှင်များဘက်မှ ကျွန်ုပ်တို့ကို ၄င်းတို့၏ အိမ်ခန်းများ မည်မျှလှပ သည်၊ သားသမီးများ မည်မျှလိမ္မာရေးခြားရှိကြသည် စသည်တို့ကို လိုက်လံပြသရန်အတွက်သာ မ ဟုတ်ပေ။ တစ်ခါတစ်ရံ ဤကဲ့သို့သော အခြေအနေမျိုးကို မကြုံစေရန်အတွက် မထင်မှတ်သည့်အချိန်တွင် အလည်အပတ် သွားရောက်ခြင်းကို ပြုလုပ်သင့်ပါသည်။ တစ်ဘက်တွင်လည်း၊ ထိုကဲ့သို့ သတင်းပို့ထားခြင်းမရှိဘဲ အလည်အပတ် သွားရောက်ခြင်းမျိုး ပြုလုပ်သည့်အခါ အိမ်သူအိမ်သားများ မရှိတတ်ခြင်း သို့မဟုတ် အိမ်ရှင်များဘက်မှ ဧည့်ခံရန် အဆင်မပြေမှုများနှင့်လည်း တွေ့ကြုံနိုင်ပါသည်။ သင်းသူသင်းသားများ၏ အခြေအနေကို ပိုသိလေလေ၊ မည်သို့ ချဉ်းကပ်ရမည်ကို ကျွန်ုပ်တို့ ပိုမိုကျွမ်းကျင်လေလေ ဖြစ်ပါလိမ့်မည်။ အကယ်၍ ကျွန်ုပ်သည် မိသားစုမရှိသော သက်ကြီးအဘိုးအိုနှင့် အဘွားအိုတို့အား အလည်အပတ်သွားမည်ဆိုလျှင် ကြိုတင်သတင်းပေး ထားခြင်း မရှိ တတ်။ သို့မဟုတ်ပါက ၄င်းတို့အနေနှင့် ကျွန်ုပ်သွားရောက်လည်ပတ်မည့်အတွက် ပြင်ဆင်မှုများကို ပင်ပင်ပန်း ပန်းပြုလုပ်ကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အကယ်၍ ညားခါစလင်မယား သို့မဟုတ် မိသားစုတစ်စုထံ အလည်အပတ်သွားမည်ဆိုလျှင် ကြိုတင်၍ (ဖြစ်နိုင်လျှင် တစ်ပတ်ကြိုတင်၍) သတင်းပေး ထားတတ်သည်။ လင်မယား နှစ်ယောက်စလုံးရှိနေသည့် အချိန်မျိုးကို ရွေးချယ်သတ်မှတ်သည်၊ ထို့ပြင် ကလေးငယ်များ၏ အနှောက်အယှက် မဖြစ်စေနိုင်မည့် အချိန်ကိုလည်း ရွေးချယ်ခြင်းမျိုးကို ပြုလုပ်ရပါသည်။ ကျွန်ုပ်တို့ အနေနှင့် လူအသီးသီးတို့၏ အခြေအနေအရပ်ရပ်ကို သတိပြုတတ်ရပါမည်။ အလည်အပတ်သွားရန် တစ်ပတ် ကြိုတင် ပြင်ဆင်ခြင်းသည် အသင်းသူသင်းသားတို့၏အခြေအနေကို အထူးသိရှိထားရန် လိုအပ်ပါသည်။ အလည် အပတ်သွား၍ ပြင်ဆင်ထားသောမိသားစုများကို အသင်းတော်၌တွေ့ဆုံချိန်၌ “ခင်ဗျားတို့ရဲ့အိမ်ကို အလည်အပတ် လာဖို့ ကျွန်တော် ပြင်ဆင်နေပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ် ကြာသာပတေးနေ့တွေဆိုရင် အဆင်ပြေပါ့ မလား” ဟူ၍ လူကိုယ်တိုင် တွေ့ဆုံ၍ မေးမြန်ခြင်းသည်လည်း သာ၍ ကောင်းပါသည်။

သင်းအုပ်ဆရာတစ်ဦး၏ အလည်အပတ်ပြုခြင်းသည် တစ်ဦးတစ်ယောက်ကမျှ ၄င်းတို့အိမ်သို့ လာ ရောက်လည်ပတ်ခြင်း မရှိသေးဟု အပြောမခံရုံအတွက် ပြီးမြောက်ရမည့် အလုပ်တစ်ခုမဟုတ်ပါ။ ရောမမြို့ရှိ ယုံ ကြည်သူများထံ ရှင်ပေါလုအလည်အပတ်သွားလိုရခြင်း၏ ရည်ရွယ်ချက် “သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ပါသော ကောင်းကြီးမင်္ဂလာပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ၏” ဟု ဖော်ပြ ထားပါသည် (ရောမ၊ ၁၅း၂၉)။ ဤရည်ရွယ်ချက်မှာ စံထားသင့်သည့် ရည်ရွယ်ချက်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏လမ်းပြသွန်သင်မှုအောက်တွင် ယုံကြည်သူများ၏ဝိညာဉ်ပိုင်းဆိုင်ရာ တိုးတက်ကြပါမည် အကြောင်းရည်ရွယ်လျက် နှုတ်ကပတ်တရားကိုပြောပြရန် ကျွန်ုပ်တို့အစဉ်သင့်ဖြစ်နေရပါမည်။ ကျွန်ုပ်တို့၏ အလည်အပတ်သွားခြင်းသည် အစဉ်အတိုင်း အကောင်းဘက်က ဖြစ်နေရမည်၊ အိမ်သူအိမ်သားများ၏ ဝိညာဉ်ပိုင်း ဆိုင်ရာ တိုးတက်စေရန် ဖြစ်နေရမည်။ ကျွန်ုပ်တို့၏မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည် ကျရောက်ခြင်းက ကျန်းမာခြင်းကို ဆောင်ပေသကဲ့သို့ ကျွန်ုပ်တို့၏ အလည်အပတ်သွားရောက်ခြင်းသည်လည်း အိမ်သူအိမ်သား များအပေါ် ဘုရားသခင်၏ ကျေးဇူးတော်တရားကို ထွန်းလင်းစေရမည်။ သင်းအုပ်ဆရာတစ်ဦး အလည်အပတ် သွားရောက်ခြင်းအမှု၌ ကိစ္စအကြောင်းအရာအမျိုးမျိုးကို တိုင်ပင်ဆွေးနွေးခြင်းများကို ပြုလုပ်ရမည်။ အခွင့်ရှိ သည့်အချိန်တိုင်း ယေရှုခရစ်တော်၏ လုပ်ဆောင်ပေးခြင်းနှင့်စပ်လျဉ်း၍ ပြောပြပေးရမည်။ ဤအလုပ်သည် အလှပြ ပရိသတ်အကြိုက် လုပ်ဆောင်ရမည့် အလုပ်မျိုးမဟုတ်။ နိမ့်ချခြင်းအသက်တာနှင့် စည်းလုံးခြင်း ရှိစေရန် ဘုရားသခင်၏လူများကို တိုက်တွန်းရာတွင် ခရစ်တော်၏ စိတ်နေသဘောထားရှိရမည်ဟု သွန်သင်နိုးဆော်ရန် ရှင်ပေါလု တွေဝေနေခြင်းမရှိခဲ့ပါ (ဖိလိ၊ ၂း၁မှ)။ ထိမ်းမြှားခြင်းနှင့်ပတ်သက်၍ အရှုပ်အထွေးများကို ကိုင်တွယ်ရာ တွင် ခရစ်တော်နှင့်အသင်းတော်အကြား ဆက်နွယ်မှုကို ရှင်ပေါလုပြောပြခဲ့သည် (ဧဖက်၊ ၅)။ ထိုကဲ့သို့ တစ်ဦးနှင့် တစ်ဦးကြား ပြောဆိုညှိနှိုင်းနေသည့်အချိန်တွင် ခက်ခဲသည့် ပြဿနာများပေါ်လာပါက မည်သို့ မည်ပုံ ပြောရမည်၊ မည်သို့ပြုလုပ်ပါက နှစ်ဦးနှစ်ဘက်လုံးတည်ဆောက်စရာ အကြောင်းဖြစ်မည်စသည်ဖြင့် ဘုရားသခင်က လမ်းဖွင့် ပေးရန်အတွက် စိတ်ထဲမှဆုတောင်းခြင်းအမှုကိုလည်း ချက်ချင်းဆိုသလို ပြုလုပ်ရပါမည်။ အခြားယုံကြည်သူများ ကို ဝေဖန်ကြသည့် အခြေအနေမျိုးနှင့်လည်း မလွဲမသွေ ကျွန်ုပ်တို့ကြုံကြရမည် ဖြစ်သည်။ ထိုသို့သော အခြေ အနေမျိုးအတွက် အကောင်းဆုံးသောဖြေရှင်းချက်မှာ အယောက်စီတိုင်းကို အကောင်းဘက်မှမြင်၍ ပြောပြခြင်း နှင့် ဆုတောင်းပေးခြင်းတို့ ဖြစ်ပါသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် တစ်စုံတစ်ဦး၏ ဝေဖန်သံကို သံယောင်လိုက် ခြင်းမှကာကွယ်ပေးသကဲ့သို့၊ ဝေဖန်တတ်သောသူများကိုလည်း ဆင်ခြင်မှုကို ဖြစ်စေပါသည်။ သာ၍အရေးကြီး သည့်အချက်မှာ တစ်စုံတစ်ဦးကို ကျွန်ုပ်တို့လမ်းပြသွန်သင်မည်ဆိုလျှင် ထိုသူ၏အားနည်းချက်များကို မြင်သည် ထက် ထိုသူ၏အားသာချက်များကို မြင်တတ်ခြင်းသည် အလွန်အရေးကြီးပါသည်။ ပထမဆုံးအကြိမ် အလည် အပတ်သွားခြင်းမဟုတ်ပါက (အခြားအရေးကြီးသည့် အကြောင်းအရာကိစ္စများ မရှိပါက) နာရီဝက်ဆိုသည့် အချိန်ပါမာဏသည် အကောင်းဆုံးသောအချိန်ဖြစ်သည်ဟု ကျွန်ုပ်ထင်ပါသည်။ အလည်အပတ်သွားရောက်ခြင်း ၏ အချိန်တစ်ဝက်အတွင်း အလည်အပတ်သွားရောက်သည့် မိသားစုနှင့်ပတ်သက်သည့် အထွေထွေကိစ္စများကို တိုင်ပင်ပြောဆိုကြရင်း၊ ၄င်းတို့အတွက် ကျွန်ုပ် ဆုတောင်းပေးတတ်ပါသည်။ ကျွန်ုပ်တို့၏အလည်အပတ်သွား ရောက်ခြင်းသည် ယုံကြည်သူများ၏ အခြေအနေကို စေ့စေ့စပ်စပ်သိကာ ၄င်းတို့အား ကိုယ်ပိုင် ဆုတောင်းသည့် အချိန်များတွင် ထည့်သွင်းဆုတောင်းပေးရန်ဖြစ်သည်ကို ဘယ်သောအခါမှမမေ့အပ်ပါပေ။ ထို့နောက် ကျန်အချိန် တစ်ဝက်ကို သမ္မာကျမ်းစာဖတ်ရွက်၍ အသက်တာတွင် လိုက်လျှောက်ကျင့်သုံးနိုင်စေရန် နှုတ်ကပတ်တော် သွန် သင်ခြင်းအားဖြင့် ကျွန်ုပ်အချိန်သုံးတတ်သည်။

သွားရောက်လည်ပတ်သည့် မိသားစုများအနေနှင့် ကျွန်ုပ်တို့၏အလည်အပတ်သွားရောက်ခြင်း အချိန် သည် ရှည်လှသည်ဆိုသည်ထက် တိုတောင်းလှသည်ဟု ခံစားကြသည်က ပို၍ကောင်းပါသည်။ အေဒင်ဘက်မြို့ ရှိ စိန့်ဂျော့ဘုရားကျောင်း၏ ဘုန်းတော်ကြီးအလက်ဂျန်ဒါး၏ အလည်အပတ်သွားရောက်ခြင်းများသည် အချိန်ခဏ တာအတွင်းသာ ဖြစ်တတ်သော်လည်း၊ အားလုံးကခွန်အားရသည်သာမက လေးစားကြရသည်။ သူ၏ အောက်မေ့ ဖွယ်စာအုပ်ငယ်လေးတစ်အုပ်တွင် ရောဘတ်စိစ်ဆန်ဆိုသည့် အမျိုးသမီးက “သူဟာ သူလုပ်ချင်တဲ့အလုပ် အားလုံးကို မလုပ်နိုင်ခဲ့ပေမယ့်၊ ကျွန်မတို့ဆီ အလည်အပတ်လာတဲ့အခါ ဘယ်လိုစိတ်နေ သဘောထားမျိုးရှိလဲ ဆို တာကိုတော့ သိကြပါတယ်။ သူဟာ အကြာကြီးမလည်သလို၊ စကားတွေလည်း အများကြီးမပြောပေမယ့်၊ သူ ပြောတဲ့အရာ တိုင်းဟာ တိကျပျက်သားပြီးတော့၊ မှန်ကန်သလို၊ ထိရောက်မှု ရှိလှပါတယ်။ ခွန်အားယူစရာနှင့် ငြိမ် သက်ခြင်းယူစရာအကြောင်းတွေနဲ့ဘဲ ပြည့်နေပါတော့တယ်။ ကျွန်မ ဘယ်တော့မှမမေ့မဲ့ တစ်ခေါက်ကတော့၊ ဧည့်ခန်းထိုင်ခုံတန်းရှေ့မှာ မတ်တတ်ရပ်ကာ အောက်ဖော်ပြပါအတိုင်း ခွန်အားပေးပြီးတော့ ဆုတောင်းပေးခဲ့ တယ်။

“ကိုယ်တော်ဟာ အားနွဲ့တဲ့သူတွေအတွက် အောင်နိုင်ခြင်းပါ စိတ်ပင်ပန်းနေတဲ့သူတွေကိုလည်း အစဉ် ဖေးမသူပါ ခက်ခဲကြမ်းတမ်းနေတဲ့အချိန်တိုင်းမှာ ကိုယ်တော်ဟာ ရဲရင့်ခြင်းပါ အထက်အရပ်ကနေလာ တဲ့ ကိုယ်တော်ရဲ့ ကူညီဆောင်မမှုဟာ အစဉ်အတိုင်း သက်ရောက်နေပါတယ်။”

ထိုစကားလုံးက တစ်နေ့တာလုံးကို ခွန်အားဖြစ်စေမည်မှာ သံသယဖြစ်ဖွယ်မရှိနိုင်ပေ။” အထက်ပါ ခွန် အားပေးစကားမှာ ဟေရှာယ ၄၀း၂၇-၃၁ စကော့လန်ဘာသာဖြင့် စကားပြေပြန်ထားသောစာအုပ်မှ ကိုးကား ချက် ဖြစ်ပါသည်။ ကျွန်ုပ်တို့အလည်အပတ်သွားရောက်ရာ၊ မည်သူတစ်ဦးမျှ အိမ်၌ရှိမနေပါလျှင် ကျွန်ုပ်တို့ လာရောက် လည်ပတ်သွားသည့်အကြောင်း စာတိုလေးများကို ထားခဲ့ခြင်းသည်လည်း တန်ဖိုးရှိလှပါသည်။ ထိုသို့ ပြုလုပ် ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အချည်းနှီးအချိန်ဖြုန်းခြင်းမျိုး မဟုတ်သည့်အပြင် နောက်တစ်ကြိမ် အလည်အပတ် ပြုရာတွင် အဆင်ပြေမှုရှိစေရန်အတွက် လမ်းခင်းထားသည့်သဘောလည်း ဖြစ်စေပါသည်။ အထက်က ဟေရှာယပါ ကျမ်းပိုဒ်မျိုးကို ကိုးကား၍ “တကယ်လို့ ခင်ဗျားတို့က အိမ်မှာရှိနေခဲ့မယ်ဆိုရင်တော့ ပရောဖက်ရေးခဲ့တဲ့ ဒီကျမ်းပိုဒ်လေးနဲ့ ခင်ဗျားတို့ကို ခွန်အားပေးဖြစ်ပါလိမ့်မယ်” ဟု ရေးသား၍ ချန်ထားခဲ့နိုင် သည်။ ဤသို့ ပြုလုပ်ခြင်း သည် အလည်အပတ်သွားရောက်ခြင်းကို အချည်းနှီး လုံးဝမဖြစ်စေတော့ပါ။


ဧဝံဂေလိဝေငှရန် လှည့်လည်သွားခြင်း

အသင်းသူအသင်းသားများထံသို့ အလည်အပတ်သွားရောက်ခြင်းဝတ္တရားအပြင်၊ ခရစ်ယာန်မဖြစ်သေး သည့် သူများထံသို့လည်းသွားရောက်၍ အလည်အပတ်ရှိရမည် ဖြစ်သည်။ သင်းအုပ်ဆရာကောင်းများအနေနှင့် ကျွန်ုပ်တို့သည် ဝိညာဉ်ပိုင်းဆိုင်ရာဆရာဝန်များဖြစ်သည်သာမက၊ ဝိညာဉ်ပိုင်းဆိုရာ ဝမ်းဆွဲဆရာမများလည်း ဖြစ် သည်။ ဤကဲ့သို့ အလည်အပတ်သွားခြင်းတွင် ကြီးမားလှသည့် ဆုကျေးဇူးများကို ရနိုင်ပါသော်လည်း၊ အခြား သောသင်းအုပ်ဆရာ၏ တာဝန်ဝတ္တရားများက ထိုအမှုအတွက် အချိန်မပေးနိုင်အောင် ဖြစ်စေတတ်ပါသည်။ ထို ကဲ့သို့သော အခြေအနေအတွက် အဆင်ပြေနိုင်မှုရှိစေရန်အတွက် တစ်ပတ်တွင်တစ်ရက်ကို မယုံကြည်သောသူ များထံသို့ အလည်အပတ်သွားရန် ရက်သတ်မှတ်ထားပါသည်။ မည်သူမည်ဝါထံလည်ပတ်ရမည်မှာ တနင်္ဂနွေ ဝတ်ပြုအစည်းအဝေးပြီးသည့်နောက် မိမိကိုယ်ကိုကိုယ် လာရောက်မိတ်ဆက်သောသူများသည် အဓိက တွန်း အားဖြစ်စေပါသည်။ တစ်ခါတစ်ရံတွင် ခရစ်ယာန်တို့၏ ယုံကြည်ခြင်းဩဝါဒများကို သိလိုသည်ဟု ဆိုတတ်သော သူများလည်း ပေါ်လာတတ်ပါသည်။ ကျွန်ုပ်၏ယေဘုယျစည်းမျဉ်းမှာ လင်မယားနှစ်ဦးလုံးရှိနေလျှင် အလည် အပတ်ပြု၍၊ သီးသန့်တစ်ဦးတည်းရှိနေသောသူအတွက်မူ ၄င်းတို့နှင့်လိင်ခြင်းတူသောသူတစ်ယောက်ကို ကိုယ် စားလွှတ်၍ ဝေငှသက်သေခံစေသည်။

ကျွန်ုပ်၏အလည်အပတ်သွားခြင်းရှေ့တွင် ဖုန်းဖြင့်ဖိတ်ခေါ်ခြင်း၊ စာဖြင့်ဖိတ်ခေါ်ခြင်းများ ရှိသည်။ မိသားစုရှိသောသူများအတွက် မည်သည့်ရက်မည်သည့်ညသည် အဆင်ပြေပါမည်ဟု ချက်ခြင်းပြောရန် မလွယ် ကူပေ။ ကျွန်ုပ်ဘက်မှလည်း မည်သည့်ရက်မည်သည့်အချိန်သည် သင့်တော်မည် နည်းဟူ၍ အကြံပေးစာများ ရေးသားကာ၊ ၄င်းတို့ဘက်မှအဆင်ပိုပြေမည့် အချိန်ရှိနေပါက အားနာခြင်းမရှိဘဲ ချက်ခြင်းဖုန်းခေါ်ပြောဆိုနိုင် ကြောင်းကိုလည်း တပါးတည်းအသိပေးထားသည်။ ကလေးများအိပ်ရာဝင်သွားပြီးသည့်နောက်ပိုင်း အချိန်များ သည်လည်း မိဘများနှင့် တိုင်ပင်ဆွေးနွေးခွန်အားပေးရန် အကောင်းဆုံးအချိန် ဖြစ်တတ်သည်။ ထို့ပြင် ထိုသို့သော အချိန်မျိုးသည် တစ်နေ့တာလုံးပင်ပန်းခဲ့ပြီးသည့်နောက် အိမ်မှုကိစ္စများကိုလည်း အပြီးသတ်အနားယူချိန်ဖြစ် သည့်အတွက် ဖြစ်သည်။ အကျိုး အမြတ်ရှိသော ဝိညာဉ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများ ရရှိနိုင်ရန် ဖြစ်သည်။ အနှောက်အယှက်မှန်သမျှကို ရှင်းနိုင်သမျှရှင်း၍ အချိန်ယူကြရမည်။

အလည်အပတ်သွားရောက်ခြင်းအမှုနှင့် ပတ်သက်၍ သားဖွားတော့မည့်အချိန်၌ အချိန်မှီရောက်ရှိလာ သည့် ဝမ်းဆွဲဆရာမတစ်ယောက် အဖြစ် မိမိကိုယ်ကို ခံစားရခြင်းသည် အလွန်ပင် စိတ်လှုပ်ရှား စရာကောင်း ပါသည်။ အတိတ်ကို ကျွန်ုပ်ပြန်ကြည့်လိုက်သည့်အချိန်တိုင်း တရားဒေသနာဝေငှခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ် လျှက်ရှိရာ ကယ်တင်ခြင်း သတင်းကောင်းကို ကြားနာလိုသည့် လင်မယားများ သို့မဟုတ် တစ်စုံတစ်ဦး အမြဲရှိနေကြောင်းကို တွေ့မြင်နိုင်ပါသည်။ ဤကဲ့သို့ အလည်အပတ် သွားရောက်ခြင်း သည် ၄င်းတို့၏ ဝိညာဉ်အသက်တာ၌ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုကို ပြသရာ သဘောရောက်ပါသည်။ ဖြစ်နိုင် မည်ဆိုလျှင် ပုံမှန် နှုတ်ကပတ်တော် အတူတကွလေ့လာခြင်းအစီစဉ်များကိုလည်း ဆက်လက်၍ ပြုလုပ်နိုင်ပါ သည်။ ကျွန်ုပ်ကိုယ်တိုင် ဤကဲ့သို့သောအစီစဉ်မျိုးကို တစ်ပတ်တွင်တစ်ယောက်၊ နှစ်ယောက်မျှအတွက်သာ လက်တွေ့ကျကျ လုပ်ဆောင်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော အစီစဉ်အတွက် အကူအညီပေးနိုင်သော သူများကိုလည်း လက်တွဲခေါ်ကာ ပါဝင်မှုများရှိစေခြင်းသည် အလွန်အရေးကြီးပါသည်။ လူအနည်းစုတစ်စုကို ရှင်ပေတရုဩဝါဒစာ ပထမစာစောင်အား လအတော်ကြာ သင်ကြားပေး ခဲ့သည်ကို ကျွန်ုပ်မှတ်မိ နေသေးသည်။ ၁ပေကို ရွေးချယ်လေ့လာရသည့် ကျွန်ုပ်၏ရည်ရွယ်ချက်မှာ ခရစ်ယာန်တို့၏ဩဝါဒများစွာ ၁ ပေ တိုတိုတုတ် တုတ်ဖော်ပြထားသည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ပြင် လာရောက်ကြသောလူအချို့တို့ကို ကျွန်ုပ်တို့၏ တနင်္လာ နေ့ ညနေပိုင်းဆုတောင်းခြင်းအစီစဉ်တွင် ပါဝင်ကြရန် ဖိတ်ခေါ်မှုပြုပြန်သည်။ ကျွန်ုပ်တို့အတွက် မိနစ်သုံးဆယ်ကို သတ်မှတ်ထားသည်။ ဤသို့ပြုလုပ်ရခြင်းမှာ ကျွန်ုပ်တို့စုစည်းကြသောအချိန်ကို စည်းကမ်းဖြင့် ပြုလုပ်သည်ကို သိကြ စေရန် ဖြစ်သည်။ ထိုသို့ဖြင့် ၁ပေဩဝါဒစာကို ကျမ်းချက်တစ်ချက်ခြင်းကို ဖြေးဖြေးခြင်း၊ အတတ်နိုင်ဆုံး ရိုးရှင်းနိုင်သမျှ ရိုးရှင်းအောင် ရှင်းပြပေးသည်။ ဤသို့ဖြင့် နောက်ဆုံးပိုင်းသို့ ရောက်ရှိလာသောအခါတွင်၊ အချို့ သောသူတို့သည် ကယ်တင်ခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းကို ခံစားကြရာ၊ သမ္မာကျမ်းစာလေ့လာခြင်း၏ အကျိုးကျေးဇူးတို့ကို တွေ့မြင်ကြရသည်။ ဤကဲ့သို့သော နှုတ်ကပတ်တော် အတူတကွ လေ့လာဆည်းပူးခြင်းနှင့် ပတ်သက်၍ ဤထက်ပို၍ ကျွန်ုပ် ခွန်အားပေးလိုသည်သာမက သင်ကြားပို့ချလိုပါသည်။


ဆေးရုံသို့ သွားရောက် လည်ပတ်ခြင်း

ဆေးရုံသို့ သွားရောက်လည်ပတ်ခြင်းသည်လည်း သင်းအုပ်ဆရာများ ဦးစားပေးရမည့် လုပ်ငန်းများ အနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၄င်းတို့၏ ကျန်းမာရေးအခြေအနေ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေမျိုး၌ ၄င်းတို့ကို ခွန်အားပေးတိုက်တွန်းရန် ကျွန်ုပ်တို့အား ပိုမိုလိုအပ်သည့်အချိန်မျိုးမှာ မရှိသလောက်ကို ရှားပါး လှပါသည်။ ပထမဆုံးအကြိမ် အလည်အပတ်သွားခြင်းကို အစောဆုံး ကျွန်ုပ်တို့ ပြုနိုင်လေလေ၊ ဧည့်ဝတ်ကျေပွန် မှုကို ကျွန်ုပ်တို့တွေ့မြင်ရလေလေ ဖြစ်သည်။ လူနာကိုခွန်အားပေးသည့် သက်ရောက်သည့်အပြင်၊ ကျွန်ုပ်တို့သည် ၄င်းတို့၏ ကျန်းမာရေး အခြေအနေအပေါ် အမြဲဂရုစိုက်နေသည်ကို ထင်ရှားစေရာ ရောက်သည်။

ဆေးရုံများသို့ အလည်အပတ်သွားရောက်ခြင်းသည် သာမန်လည် ပတ်ချိန်များထက် အခွင့်အရေးများကို ပို၍ ရစေပါသည်။ သတင်းမေး ခွန်အားပေးရန် ဖျားနာနေသော မိတ်ဆွေများ သို့မဟုတ် ဆွေမျိုးများ ရှိနေသည်ဆို လျှင် သာမန်လည်ပတ်ခြင်းအစီစဉ်ကို ခဏပြောင်းထားရ ပါမည်။ လူနာများကို သွားရောက်လည်ပတ်သော အချိန်ကို အခြားလာရောက်လည်ပတ် သတင်းမေးသောသူများနှင့်သာ ပျော်ရွှင်ဖွယ်ဖြစ်အောင် ပြုလုပ်ခြင်းအား ဖြင့် ကုန်လွန်စေခြင်းသည် လုံးဝမကောင်းပါ။ အတတ်နိုင်ဆုံး လူနာနှင့်စကားပြောနိုင်အောင် ကြိုးစားရမည် ဖြစ် သည်။ ထိုသို့ အလည်အပတ်သွားရာတွင် တာဝန်ရှိသော သူနာပြုများကို အလျှင်မေးမြန်း၍ ဝင်ရောက် မေးမြန်း ခြင်းက အဆင်ပြေချောမွေ့စေသည့်အပြင်၊ အပြန်တွင်လည်း ကျေးဇူးတင်ကြောင်းဖော်ပြပြောဆိုခြင်းက ကောင်း မွန်သည့် ကျင့်ဝတ်ပင်ဖြစ်ပါသည်။

ဆေးရုံသို့ အလည်အပတ်သွားရောက်ခြင်းအမှုတွင် ဂရုစိုက်ဆင်ခြင်ရမည့်အရာများစွာ ရှိပါသည်။ အ ကယ်၍ တစ်စုံတစ်ဦးက ဆိုးဆိုးရွားရွားဖြစ်နေသည်ဆိုလျှင်၊ အချိန်ကြာမြင့်စွာ စကားမပြောနိုင်တော့သည့် အ တွက် နှစ်မိနစ်သုံးမိနစ်တာမျှ ကျမ်းစာဖတ်၍ ကျန်းမာရေးအတွက် ဘုရားသခင်ထံတော်ပါး ဆုတောင်းခြင်းဖြင့် အချိန်သုံးသင့်ပါသည်။ ထိန့်လန့်နေသော လူနာတစ်ယောက်အား တစ်ကြိမ်တည်းနှင့် အချိန်ကြာမြင့်စွာလည်နေ ခြင်းထက်၊ နှစ်မိနစ်သုံးမိနစ်ကြာမျှ အဖန်ဖန်လည်ပတ်သတင်းမေးခြင်းက ပို၍ကောင်းပါသည်။ အကယ်၍ လူနာ က အနည်းငယ်ကျန်းမာပြီး ဧည့်သည်များကို ဧည့်ခံစကားပြောနိုင်သည်ဆိုလျှင် ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်သည် အကောင်းဆုံးသော အချိန်ပမာဏ ဖြစ်ပါလိမ့်မည်။ အကယ်၍ အချိန်ပိုရသည်ဆိုလျှင် ထိုလူနာ၏ ခံစားချက်များ နှင့် အခြေအနေများကို ပိုမိုသိရှိအောင် ပြုလုပ်ရပါမည်။ “မိတ်ဆွေအတွက် ဘာတွေဆုတောင်းပေးစေချင်လဲ” စသည်ဖြင့် မေးခွန်းများကိုမေးခြင်းသည်လည်း သင့်အတွက်သော်လည်းကောင်း၊ ၄င်းတို့အနေနှင့် မပြောရဲမဆိုရဲ သည့်အရာများကို ပြောပြရန်အတွက် အခွင့်အလမ်းများကိုဖွင့်ပေးနိုင်ပါသည်။ ထိုကဲ့သို့ တိုင်ပင်ပြောဆိုကြခြင်း အားဖြင့်သင့်တော်သည့် ကျမ်းချက်ကိုရွေးချယ်ခွန်အားပေးနိုင်မည်ဖြစ်သည့်အပြင် အတူတကွ စိုးရိမ်ပူပန်နေ သည့် အရာများကို ဘုရားသခင်ထံပါး ဆုတောင်းဆက်ကပ်နိုင်မည် ဖြစ်သည်။ အကယ်၍ လူမမာအတွက် ကိုက် ညီသည့် ကျမ်းပိုဒ်တစ်ပိုဒ်ကိုတွေ့ရှိထားလျှင် ထိုကျမ်းပိုဒ်ကို ကဒ်ပြားတစ်ခုပေါ်တွင် ရေးထားလေ့ရှိပြီး လူမမာ များထံသို့ သွားရောက်လည်ပတ်လေတိုင်း ထိုကဒ်လေးကို ၄င်းတို့အတွက် ကျွန်ုပ် ချန်ထားတတ်ပါသည်။

အိမ်တွင်ဖြစ်စေ၊ ဆေးရုံတွင်ဖြစ်စေ ကျွန်ုပ်တို့ အလည်အပတ်သွားသည့်အခါ၊ တစ်ခါတစ်ရံတွင် ထိ ရောက်မှုမရှိသလို ကျွန်ုပ်တို့ခံစားတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့၏ဖြေသိမ့်ခြင်းမှာ ဆုတောင်းခြင်း သာဖြစ်ရမည်၊ ဘယ်သောအခါမျှ အရှုံးမပေးသင့်ပေ။ သောမတ်ဘိုစတွန်၏ရည်ရွယ်ချက်မှာ အသင်းသူသင်း သားတို့၏ အိမ်စီသို့ တစ်နှစ်လျှင်တစ်ခေါက်နှုန်း သွားရောက်လည်ပတ်နိုင်ရန်ဖြစ်သည်။ သေလုဆဲဆဲ ဖြစ်နေသည့် အမျိုးသမီးအိုထံသို့ အလည်အပတ်ရောက်သွားခဲ့သည့် အဖြစ်အပျက်ကို ဂျာနယ်တစ်ခုတွင် ဤသို့ရေးသားခဲ့ သည်။ “အမျိုးသမီး မသေခင်ည၌ဖြစ်သည်၊ သွားရောက်ခွန်အားပေးသော်လည်း ကျွန်ုပ်ကိုယ်ကို မကျေမနပ်နိုင် ဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ်၏စိတ်နှလုံးသားထဲမှ ဘုရားသခင်ထံ ဆုတောင်းလိုက်သည်။ ထို့နောက် အမျိုး သမီးထံပြန်လှည့်၍ ခွန်အားပေးစကားဆိုလိုက်သည့်အခါတွင် ထိုအမျိုးသမီးသည်လည်း နှစ်သိမ့်ခြင်းရှိသည် သာမက ကျွန်ုပ်သည်လည်း အလွန်ပင် ဝမ်းမြောက်နေခဲ့သည်။ နောက်ဆုံး ထိုအမျိုးသမီး ဆိုလိုက်သောစကားမှာ “မင်းကတော့ မင်းရဲ့ချစ်သူတွေနဲ့ မတားတဲ့မေထုန်မှာ ပျော်ပါးနေခဲ့တယ်။ အခုတော့ ငါ့ဆီကို မင်းပြန်လာပြီ ပေါ့လို့ ကိုယ်တော်က ကျွန်မကို ပြောနေတယ်” ဟူ၍ဖြစ်သည်။ ဤနေရာတွင် ဘိုစတွန်၏ လုပ်ရပ်မှာ အတုယူ ဖွယ် ဖြစ်ပါသည်။ ခက်ခဲသော သို့မဟုတ် စိတ်ပျက်စရာကောင်းသော အလည်အပတ်ပြုခြင်းကို ဖြေရှင်းရန် အတွက် အကြိမ် မည်မျှထပ်မံ၍ လည်ပတ်ရမည်ဟူ၍မဟုတ်ဘဲ၊ ဆုတောင်းခြင်းကို သာ၍အားထုတ်လျက် ထပ်မံ အလည်အပတ် ပြုရမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဇွဲလုံ့လအားစိတ်မှုအားဖြင့် သီပွင်းလာသော ဝိညာဉ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု များအပေါ်ဘုရားသခင်က ဂုဏ်ပြုခြင်းလောက် ဝမ်းမြောက်ဖွယ် ရာအကြောင်း မရှိနိုင်တော့ပါပေ။


စာပေးပို့ခြင်းအားဖြင့်

ဓမ္မသစ်ကျမ်း၌တွေ့ရသည့် ပေးပို့စာများကိုယ်တိုင်က သင်းအုပ်ဆရာ၏လုပ်ငန်းတာဝန်၌ စာပေးပို့ခြင်း သည် မည်မျှအရေးကြီးသည်ကို ဖော်ပြနေသည်။ ဓမ္မာသစ်ကျမ်းပါ ပေးပို့စာအများစုသည် သင်းအုပ်ဆရာ အနေ နှင့် ပေးပို့ရသည့် စာအမျိုးအစားများ အများစုဖြစ်ပြီး၊ အချို့မှာ ဖိလေမုန်၊ တိမောသေ နှင့် တိတု တို့ထံ တစ်ဦးချင်း စီသို့ ရေးသားသည့် စာများလည်း ဖြစ်သည်။ အချို့သော အချိန်များတွင် သင်းအုပ်ဆရာအနေနှင့် ကိုယ်တိုင် သွားရောက်လည်ပတ်ခြင်းများအတွက် မဖြစ်နိုင်သည့် အခြေအနေမျိုး ရှိတတ်ရာ ထိုကဲ့သို့သော အခြေအနေ မျိုးတွင် စာရေးသားပေးပို့ခြင်းသည် ကြိုတင်ပြင်ဆင်ခြင်းနှင့် လမ်းစဖွင့်ပေးသည့် သဘောမျိုးကို ဖြစ်စေပါသည်။ အဲဖ်ဒဗလူ ဘိုဟန် ဆိုသူ၏ အတုပ္ပတ္တိစာအုပ်ထဲတွင် သင်းအုပ်ဆရာ၊ လုပ်ငန်းတာဝန်၌ စာရေးသားပေးပို့ခြင်း၏ အရေးပါပုံကို အောက်ပါအတိုင်းရေးသားခဲ့သည် – 

သင်းအုပ်ဆရာတစ်ဦး၏လူများထံ မည်သို့မည်ပုံချဉ်းကပ်ရမည်ဟူ၍ ပြင်ဆင်မှုများတွင် မကြာခဏ ဆိုလို အဆင်မပြေမှုများ ရှိတတ်ပါသည်။ အထူးသဖြင့် လူငယ်များထံသို့ ချဉ်းကပ်ရန်ဖြစ်သည်။ အကယ်စင်စစ် ၄င်းတို့၏ဆုံးဖြတ်ချက်တစ်ခုက ၄င်းတို့၏အနာဂတ်၌ တောက်ပြောင်နေသည့် ဝမ်းမြောက်ခြင်းနှင့် အသုံးဝင်ခြင်း တို့ကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။ သည့်အတွက် သင်းအုပ်ဆရာတစ်ယောက် အနေနှင့် ဤအခြေအနေ ကို ဂရုတစိုက်ကိုင်တွယ်သွားရမည် ဖြစ်သည်။ တစ်ဦးချင်းတွေ့ဆုံ၍ မေးမြန်းခြင်းကို ကျွန်ုပ်ပြုသင့်ပါသလား။ သို့သော် ထိုကဲ့သို့ လူတွေ့မေးမြန်းခြင်းသည် ရှက်စရာကောင်းသည့် အခြေအနေကို ဖြစ်ပေါ်စေသည်။ ကျွန်ုပ် အနေနှင့် ပြောသင့်ပြောထိုက်သည့် စကားများကို ပြောချင်မှလည်း ပြောနိုင်မည်၊ မဆင်မခြင်သုံးသပ်မှုများ ကိုလည်း လွဲမှားစွာချမှတ်နိုင်ပါသည်။ သို့သော်လည်း စာရေးသားပေးပို့ခြင်းအားဖြင့် မည်မျှလောက်ထိရောက် မှုရှိသည်ကို ကျွန်ုပ်ပြောပြချင်ပါသည်။ ကျွန်ုပ်၏ စားပွဲတွင်ထိုင်ရင်း ကျွန်ုပ်ပြောလိုသည့်အရာများကို တိတိကျကျ ရေးချနိုင်သည်။ ကျေနပ်မှုမရှိမခြင်း စာကြောင်းတစ်ကြောင်းကို အဆုံးမသတ်ဘဲနှင့်လည်း နေနိုင်သည်။ ကျွန်ုပ် ပြောလိုသည့်စကားလုံးကို မှန်ကန်စွာရရှိရန် ခဏနား၍လည်း စဉ်းစားနိုင်သည်။ ရေးပြီးသွားသည့်တိုင် ကျေနပ်မှု မရှိပါက ထိုစာကို ဆုပ်ဖြဲပစ်နိုင်ပြီး၊ ထပ်မံ၍ ရေးသားနိုင်ပါသည်။ အချိန်ပေး စဉ်းစားနိုင်သည့်အတွက်ကြောင့် မည်သို့ မည်ပုံပြောရမည်၊ မည်သည့်စကားလုံးကို သုံးရမည် စသည်ဖြင့် စိတ်ပူနေရန် မလိုတော့ပေ။ ဘေးနားမှ အခြားသူတစ်ယောက်၏ ဖိအားမျိုးမရှိသဖြင့် ကျွန်ုသည် အလွန်လွတ်လပ်ပေသည်။ အလွန်အရေးကြီးသည့် အချက်ကြောင့် တွေ့ဆုံမေးမြန်းခြင်းကို ခံရသည့်သူ၏ ရှက်ကြောက်ခြင်း၏ အရှိန်ကိုလည်း ကျွန်ုပ် ခံစားစရာ မလိုပေ။ ကျွန်ုပ်အတွက် အေးအေးဆေးဆေးနှင့် လွတ်လွတ်လပ်လပ် စဉ်းစား၍ စုဆောင်း ရေးသားနိုင်ပါသည်။ စာကို လက်ခံရရှိသည့် သူဘက်မှလည်း ကြည့်မည်ဆိုလျှင် ကောင်းကွက်များစွာကို တွေ့မြင်နိုင်ပါသည်။ လက်ခံသူသည်လည်း ထိုစာကိုဖတ်စဉ် တစ်ယောက်တည်း ဖြစ်နေမည်။ မေးမြန်း သူသည်လည်း သူ့နံဘေးတွင် ရှိမနေသည့်အတွက် လွတ်လပ်မှုအပြည့်ရှိသည်။ မည်သို့မည်ပုံ ပြုမူနေထိုင် ၍ ပြန်ပြောရမည်ဟူ၍ စဉ်းစားစရာ အကြောင်းမရှိပေ။ သူ့အနေနှင့် သူ့ကိုရည်ရွယ်၍ ရေးသားထား သောစာကို အလေးအနက်ထား၍ ဖတ်ရှုနိုင်သည်။ သူကိုယ်တိုင်တစ်ယောက်တည်း တိတ်ဆိတ်စွာ ဖတ်ရှုနိုင်သကဲ့သို့ တစ်ခါတစ်ရံတွင်လည်း ဖော်ပြပါမေးခွန်း များကို တစ်ဦးတည်း စဉ်းစား ဖြေဆိုခွင့်လည်း ရှိပေသည်။ ကျွန်ုပ်၏ရေးသားချက်တွင် ၄င်း၏ကိုယ်ပိုင်ကိစ္စများကို ထိုးနှက်ချက်များပါရှိနေလျှင်လည်း သူသည် အချိန်ယူ၍စဉ်းစားကာ သူ၏ကောင်းကျိုးအတွက်ရေးသားထားသည့် အကြောင်းကို သုံးသပ်နိုင် သည်။ ထို့ပြင် ကျွန်ုပ်၏ ရေးသားချက်ကို နားလည်သဘောပေါက်သည်ဆိုလျှင်လည်း အခြေအနေအရပ် ရပ် ကိုမည်သို့မည်ပုံ ရင်ဆိုင်၍ မည်သည့်အရာ ပေးဆပ်ရမည်အတွက် စဉ်းစားသုံးသပ်ခွင့် ရှိပြန်သည်။ ထိုသို့ဖြင့် သူ၏အသက်တာထဲ၌ ပေးပို့လိုက်သည့် စာအကြောင်းအရာသည် စိမ့်ဝင်သွားပြီး၊ သူ၏ ပုံမှန် အသက်ရှင်ခြင်းတွင် တွေ့မြင်လာရသည်။ ဤသည့်အတွက် သာသနာဆရာတို့၏ အမှုတော်မြတ် လုပ်ငန်း တွင် စာရေးသားပေးပို့ခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် အကျိုးအမြတ်မျိုးကို ဖြစ်ထွန်းစေပါ သည်။” (F.W. Boreham : My Pilgrimage, Epworth, p 541) လင်မယားကိစ္စနှင့် ပတ်သက်သော ပြဿနာများကို ကျွန်ုပ်တို့ မလွဲမသွေ နည်းလမ်းမှာ စာရေးသားပေးပို့ခြင်းအားဖြင့် ဖြစ်ပါသည်။ ဖုန်းဖြင့် ခေါ်ဆိုမှု ရင်ဆိုင်ကိုင်တွယ်ကြရမည့် အတွက် ၄င်းတို့၏ အဆင်ပြေချောမွေ့စေမည့် ပြုရာတွင် လင်မယား နှစ်ယောက်မှ တစ်ဦးကသာ ဖုန်းကိုဖြေဆိုနိုင် သည့်အတွက် တစ်ယောက်က နောက်တစ်ယောက်အတွက် ကိုယ်စားပြောရန် အခက်အခဲ ရှိနိုင်ပါသည်။ သို့သော်လည်း ခင်ပွန်းသည်နှင့် ဇနီးသည် နှစ်ဦးလုံးထံသို့ စာရေးသားပေးပို့ခြင်း၏ အားသာချက်မှာ ၄င်းတို့နှစ်ဦး လုံး အတူတကွ စာကိုဖတ်ရှုနိုင်သည့်အပြင် ကျွန်ုပ်တို့အလည်အပတ်ပြုခြင်းကို လက်ခံနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများကို ရှိနိုင်စေရန်လည်း လမ်းဖွင့် ပေးရာ ရောက်ပါသည်။


ဂရုစိုက် စောင့်ရှောက်ခြင်း အတွက် ဖွဲ့စည်းပုံ အခြေခံများ

သင်းအုပ်ဆရာ၏ ဂရုစိုက်စောင့်ရှောက်ခြင်းအမှု၌ သမရိုးကျဖြစ်နေခြင်းသည် အကောင်းဆုံးဖြစ်ပါ သော်လည်း ဖွဲ့စည်းပုံအခြေခံများ လိုအပ်ပါသည်။ သမရိုးကျလုပ်ဆောင်နေမှုနှင့် အခွင့်ထူးများတွေ့ဆုံခြင်းတို့ သည် အကောင်းဆုံးအခြေအနေများဖြစ်ကြပါသော်လည်း၊ ၄င်းတို့၏နောက်တွင် ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံ ကောင်းများ အမြဲရှိနေ၍ ဖြစ်သည်။ ကျွန်ုပ်ကျင့်သားရနေသာအကျင့်တစ်ခုမှာ တစ်နေ့တာအတွက် ကျွန်ုပ်၏ အသက်တာကိုတို့ထိသော ကျမ်းချက်တစ်ချက်အား တစ်နေ့တာလုံး ဆင်ခြင်အောက်မေ့ရန်အတွက် နေ့စဉ် ရေးချ တတ်ခြင်း ဖြစ်သည်။ သင်းအုပ်ဆရာတစ်ယောက်အနေနှင့် အခွင့်အခါရသည့်အချိန်တိုင်း ထိုကျမ်းချက်ကို ဝေငှ၍ ခွန်အားပေးတတ်ပါသည်။ လမ်းမပေါ်တွင် တွေ့သောသူကိုလည်း ဖြစ်နိုင်သကဲ့သို့၊ မထင်မှတ်ဘဲ ဝင်လာသည့် ဖုန်းခေါ်ဆိုသောသူအားလည်း ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် စာဖြင့်လည်း တစ်စုံတစ်ဦးကို ရေးသားပေးပို့ တတ်ပါသည်။ နေ့ရက်တစ်ရက်စီတိုင်းသည် အမျိုးမျိုးသော လူမှုဆက်သွယ်ခြင်းများနှင့် ပြည့်နှံ့နေရာ မည်သူ သည် ခွန်အားပေးတိုက်တွန်းခြင်း၊ သွန်သင်ဆုံးမခြင်းတို့ကို အလိုအပ်ဆုံးသောသူဖြစ်သည်ကို သတိထားမိရန်မှာ အလွန်အရေးကြီးပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ နေ့စဉ်ကြုံတွေ့နေရသော တွေ့ဆုံခြင်းများနှင့် ဖုန်းခေါ် ခြင်းများအားဖြင့်လည်း အလုပ်လုပ်နိုင်သည်ကို သိမှတ်လျက် ကြုံတွေ့လာသမျှသော အခြေအနေအရပ်ရပ် တို့ကို အနှောက်အယှက်များဟု မမြင်ဘဲ အခွင့်အရေးများအဖြစ် ရှုမြင်တတ်ရမည်။ ဂရုစိုက်စောင့်ရှောက်ခြင်းအတွက် အခြေခံအုတ်မြစ်ကို ဆုတောင်းခြင်းဖြင့် အစပြုရပါသည်။ အစောပိုင်းတွင် ဖော်ပြခဲ့သည့်တိုင်း၊ သင်းအုပ်ဆရာ တစ်ယောက်အနေနှင့် မိမိဝတ္တရားရှိသောသူများအတွက် ဆုတောင်းပေးခြင်းအားဖြင့် တစ်နေ့တာကို အစပြုရ မည်ဖြစ်သည်။ မနက်အစပြုဆုတောင်းချိန်တွင် တစ်နေ့တာလုံး၌ အခွင့်ထူးများကို လမ်းဖွင့်ပေးရန် ဆုတောင်း ခြင်းသည်လည်း တစ်နေ့တာလုံး၌ အခြေအနေအရပ်ရပ်၌ ကျွန်ုပ်တို့ကို သတိထားပြုစေသည့်အတွက် အမှန် တကယ် အခွင့်အခါကောင်းများကိုလည်း တွေ့မြင်ခွင့်ကို ရရှိပါသည်။

သင်းအုပ်ဆရာတစ်ယောက်၏ဝတ္တရားဖြစ်သော ဂရုစိုက်စောင့်ရှောက်ခြင်းကို အစီစဉ်တကျဖြစ်စေရန် အတွက် ဦးစားပေးရမည့်အရာများကို သတ်မှတ်ရမည်။ မယုံကြည်သူများ ခရစ်တော်၌ ပြောင်းလဲယုံကြည်လာ ကြသည်ကို ကြည့်၍ ပျော်ရွှင်ရန်မှာ အလွန်လွယ်ကူသကဲ့သို့ ၄င်းတို့၏အသက်တာ ကြီးထွားကျင့်ကျက်ခြင်း အတွက်ကိုလည်း လျစ်လျူရှုမိရန် အလွန်လွယ်ကူတတ်ပါသည်။ ၄င်းတို့ပြောင်းလဲသည့်အချိန်မှစ၍ ၄င်းတို့၏ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားရင့်ကျက်ရန်အတွက် ပျိုးထောင်ရန်မှာ အလွန်အရေးကြီးပါသည်။ ၄င်းတို့သည် ထို အခြေအနေအတွက် အဆင်သင့်ဖြစ်နေသကဲ့သို့ အလိုအပ်ဆုံးအခြေအနေ၌လည်း ရှိနေကြသည်။ သင်းအုပ်ဆရာ များအနေနှင့် တစ်ချိန်တည်းတွင် လိုက်လံသတင်းမေးခွန်အားပေးရန်အတွက် ဖြစ်လာသည့်အခါတွင် ပြောင်းလဲခါ စယုံကြည်သူသစ်များအတွက် တစ်ဦးချင်းတိုက်တွန်းခွန်အားပေးရန်အတွက် အချိန်ပေးရန် အလွန်ခက်ခဲတတ်ပါ သည်။ အချိန်အနည်းငယ် ကြာလာသည်နှင့်အမျှ ၄င်းတို့ကို တပည့် တော်ဖြစ် သင်တန်းများတတ်ရောက်စေခြင်း သို့မဟုတ် အကြိမ်ကြိမ် တွေ့ဆုံမှုရှိနိုင်အောင် အချိန်ပေးခြင်းအားဖြင့် သွန်သင်ပေးနိုင်ပါသည်။ ထို့ပြင် ပြောင်းလဲ ခါစယုံကြည်သူများကို နုနယ်သေးသည့် ယုံကြည်သူများနှင့် မိတ်ဆက်ပေးခြင်းသည်လည်း တမူထူးခြားသည့် အသီးအပွင့်ကို သီးပွင့်စေနိုင်ပါသည်။ ထို့ပြင် တစ်ဦးချင်းစီ ဂရုစိုက်စောင့်ရှောက်ခြင်းကို ခံစားနိုင်ကြရန်အတွက် ဆုတောင်းဆက်ကပ်ခြင်းအားဖြင့် ယုံကြည်သူသစ်များကို ၄င်းတို့နှင့်လိင်ခြင်းတူသောရင့်ကျက်ပြီး ယုံကြည်သူ များနှင့် ချိတ်ဆက်ရန်အတွက် ဆုတောင်းဆပ်ကပ်ခြင်းအားဖြင့် ယုံကြည်သူသစ်များကို ပေးရမည် ဖြစ်သည်။ အကယ်၍ ရင့်ကျက်ပြီးသောယုံကြည်သူက၊ ယုံကြည်သူအသစ်နှင့်အတူ တပည့်တော်ဖြစ်ခြင်းသင်တန်းသို့ လာ ရောက်နိုင်ပါလျှင် ပိုမို၍ ထိရောက်မှု ရှိမည်ဖြစ်ပါသည်။

ထိုနောက် ဖျားနာသူများနှင့် ဆင်းရဲဒုက္ခရောက်သောသူများစီသို့ ဦးလှည့်ရမည်။ ဤသူများကြားတွင်ပင် မည်သူတို့ကိုဦးစားပေးရမည်ဟူ၍ မှန်ကန်သောဆုံးဖြတ်ချက်ချရန် အရေးကြီးပြန်သည်။ အချို့သောသူများမှာ အထူးသဖြင့် သက်ကြီးရွယ်အိုများမှာ ဆေးရုံ၌ ရက်လရှည်နေကြရမည့် သူများ ဖြစ်သည်။ အချို့သောသူများမှာ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်သူများလည်း ရှိနိုင်သည်။ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင် နေရသောသူများသည် ပထမဦးစားပေးများဖြစ်ရမည်။ စိတ်ပျက်ဝမ်းနည်းနေသည့်သူများကို ခွန်အားပေးရန် ဖုန်းခေါ်ဆိုမှုများကို ကျွန်ုပ်တို့လက်ခံရရှိနိုင်ပါသည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့ ပထမဆုံးလုပ်ဆောင်ရမည့် အရာမှာ စိတ်ပျက်ဝမ်းနည်းနေသည့် ခရစ်ယာန် ဟုတ်မဟုတ် လေ့လာရမည်ဖြစ်သည်။ ၄င်း၏အပြစ်ကျူးလွန်မှု နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတို့ကို ချင့်ချိန်၍ တိုင်ပင်တိုက်တွန်းရမည် ဖြစ်သည်။ အကယ်၍ ယုံကြည်သူ တစ်ဦးမဟုတ်ခဲ့ပါက၊ ထိုသူသည် မယုံကြည်သူဖြစ်ရာ ခရစ်ယာန်တစ်ဦးကို တိုက်တွန်းခွန်အားပေးသည့်နည်းတူ ပြောဆိုဆက်ဆံရန် မဖြစ်နိုင်ပေ။ အကယ်၍ ယုံကြည်သူတစ်ယောက်ဖြစ်နေသည်ဆိုလျှင်၊ ခန္ဓာပိုင်းကျန်းမာရေး ကြောင့်လား သို့မဟုတ် စိတ်ပိုင်းကြောင့်လားဟူ၍ သတိပြုရမည်။ ဥပမာအနေနှင့် တစ်စုံတစ်ယောက်သည် စိတ် ကျရောဂါအခံမျိုးရှိခဲ့သူလည်း ဖြစ်နိုင်သည်။ အကယ်၍ အဓိကပြဿနာမှာ ဝိညာဉ်ပိုင်းဆိုင်ရာ ဖြစ်နေသည်ဆို လျှင် ကျူးလွန်ထားသည့်အပြစ်များကို ဝန်ချတောင်းပန်ရန်နှင့် အကယ်၍ မိမိ၏အပြစ်ကို သတိပြုမိခြင်း မရှိပါ က အပြစ်ဖော်ပြခြင်းများကို သမ္မာတရားအတိုင်း ပြုလုပ်ပြီး ဘုရားသခင်၏ အကြံအစဉ်ကောင်းများကို ပြောပြ သွန်သင်ပေးရမည် ဖြစ်သည်။ စာတန်မာရ်နတ်၏လုပ်ဆောင်ချက်များကိုလည်း တိုက်ခိုက်ရင်ဆိုင်ကြရမည် ဖြစ် သည်။ စိတ်ဖိစီးမှုခံစားနေရသောသူကို ကူညီရန်မှာ အချိန်များစွာ လိုအပ်သကဲ့သို့ စိတ်ရှည်သီးခံနိုင်စွမ်းလည်း လိုအပ်ပါသည်။ အကယ်၍ ပြဿနာသည် ဝိညာဉ်ပိုင်းဆိုင်ရာကြောင့်မဟုတ်ဘဲ ကျန်းမာရေးကြောင့် ဖြစ်နေသည် ဆိုလျှင် ဆေးဝါးကုသမှုကိုခံယူရန် ထိုသူကို ကျွန်ုပ်တို့ ခွန်အားပေးတိုက်တွန်းကြရမည် ဖြစ်သည်။ ၄င်း၏စိတ်ဖိ စီးမှုကြောင့် ကျွန်ုပ်တို့၏တိုက်တွန်းမှုကို လက်မခံခြင်းမျိုးလည်း ရှိနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တာဝန်မှာ ဆေးဝါးကုသခြင်းသည်လည်း ဘုရားသခင်၏အကြံအစဉ်ပင် ဖြစ်သည်ဟု ဆိုကာ သစ္စာရှိစွာ တိုက်တွန်းနိုးဆော် ရန် ဖြစ်ပါသည်။

အသစ်သောအတွေ့အကြုံများကြားမှ ယုံကြည်သူခရစ်ယာန်များ - လက်ထပ်ထိမ်းမြှားတော့မည့် ယုံ ကြည်သူများ၊ သားသမီးရခါစ ယုံကြည်သူများ စသည်တို့သည်လည်း ကျွန်ုပ်တို့၏ ဦးစားပေးစာရင်းတွင် ပါဝင်ရ ပါမည့်သူများဖြစ်သည်။ အပျိုလူပျိုတို့ထိမ်းမြှားရန်အတွက် စေ့စပ်မှုများပြုလုပ်ထားပါက ၄င်းတို့ထံသို့ ပွင့်လင်း စွာ အကြံပေးစာများရေးသားခြင်းနှင့် ဂုဏ်ယူလေးစားကြောင်း ရေးသားပေးပို့ခြင်းသည်လည်း များစွာ တန်ဖိုးရှိ ပါသည်။ ဤကဲ့သို့သော အကြံပေးချက်များကို စိတ်အားထက်သန်စွာ လက်ခံတတ်ကြရာ၊ ၄င်းတို့၏အစီစဉ်နှင့် ပြင်ဆင်မှုများအတွက်လည်း ဆုတောင်းပေးနိုင်မည် ဖြစ်သည်။ ကျွန်ုပ် လက်ထပ်ထိမ်းမြှားပေးရမည့် စုံတွဲအား လုံးကို အနည်းဆုံး အချိန်တစ်ချိန်မျှယူ၍ သမ္မာကျမ်းစာအတိုင်း လင်မယားတို့ အတူတကွ ဘဝကိုရှင်သန်ခြင်းနှင့် ပတ်သက်၍ သင်ကြားပို့ချမှုများကို ပြုလုပ်ပေးခဲ့သည်။ ထိုသို့ သင်ကြားပို့ချရာတွင် လင်မယားနှစ်ဦးလုံးနှင့် မိတ် ဿဟာရ ကောင်းမွန်စွာဖွဲ့နိုင်ခြင်းအားဖြင့် နောင်လာမည့်အနာဂတ်တွင် အခက်အခဲပြဿနများနှင့် ၄င်းတို့ ရင် ဆိုင်ကြုံတွေ့ရသည့် အချိန်များတွင်လည်း ကျွန်ုပ်တို့ကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံတိုင်ပင်ရဲမည် ဖြစ်သည်။ ဤသို့ အချိန်အနည်းငယ်လေး သင်ကြားပို့ချပေးမှုကို “မိသားစု တည်ထောင်သူများ” ဆိုသည့် ခရစ်ယာန် အိမ်ထောင်ရေး စာအုပ်ကို လက်ဆောင်ခြင်းအားဖြင့် အားဖြည့်လေ့ရှိသည်။ ကလေးရခါစ ယုံကြည်သူများထံသို့သွား၍ မွေးဖွား လာသည့် ကလေးငယ်အတွက် ကျေးဇူးတော်သင့်ပါသည်။ အထူးသဖြင့် ကျွန်ုပ်၏ဇနီးသည်က သားဖွားမိခင်များ ကို ဆေးရုံတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ ချက်ချင်းဆိုသလို သွားရောက် သတင်းမေးတတ်ပါသည်။ ကလေးနို့စို့နေ သည့်အချိန်များ၌ ကျွန်ုပ်ရောက်သွားသည့်အခါမျိုးတွင် သားမွေးခါစမိခင်အနေနှင့် ရှက်တတ်သည့် အခြေနေမျိုး ရှိတတ်ရာ မိန်းမအချင်းချင်းအတွက်မူ ပြဿနာမရှိပေ။ ထို့ကြောင့် သူမအနေနှင့် မိခင်များကို ခွန်အားပေးခြင်း အမှု၌ ကျွန်ုပ်ထက် ပို၍လုပ်ဆောင်နိုင်သည်။

အရေးပေါ်ကိစ္စများအတွက် လုပ်ဆောင်နေရသည့် အခြေအနေကြောင့် သင်းအုပ်ဆရာ၏ ပုံမှန် အလည် အပတ်ပြုအပ်သည့် ဝတ္တရားကို ဘေးချိန်မထားမိစေရန် အလွန်အရေးကြီးပါသည်။ လက်ရှိဖြစ်နေသည့် အရေး ပေါ်ကိစ္စများအတွက်သာ ကျွန်ုပ်တို့၏ခွန်အားနှင့် အချိန်များကို ရင်းနှီးထားမည်ဆိုလျှင် ပြဿနာများစွာကို ကြို တင်ကာကွယ်မှု ပြုပေးနိုင်သည့် ပုံမှန်အလည်အပတ်သွားခြင်းသည် အာယုတ်သွားနိုင်သည်။ ကြိုတင်ကာကွယ် ခြင်းသည် ကုသခြင်းထက်သာ၍ကောင်း၏ဟု စကားပုံရှိသည့်အတိုင်း ပုံမှန်အလည်အပတ်သွားခြင်းသည် အရေး ပေါ်ကိစ္စများကို ဖြေရှင်းနေခြင်းထက် သာ၍ကောင်းတတ်ပါသည်။ သင်းအုပ်ဆရာတစ်ဦး၏ သိုးစုများအပေါ် ကြည့်ရှုစောင့်ရှောက်ရမည့် တာဝန်နှင့် အလည်အပတ်သွားရမည့် ဝတ္တရား၏ပြဿနာတစ်ခုမှာ အပြီးသတ် ကုန် ဆုံးသည်ဟူ၍ မရှိနိုင်ခြင်း ဖြစ်သည်။ မည်မျှပင်ကျွန်ုပ်တို့ကြိုးစားပါစေ လုံလောက်ပြီဟူ၍ မရှိနိုင်ပေ။ ကြိုးစား လေလေ လုပ်ဆောင်စရာ ပို၍များလေလေပင် ဖြစ်သည်။ ထိုကဲ့သို့သောအခြေအနေကြောင့် ကျွန်ုပ်တို့ အားယုတ် သွားရန် မဟုတ်ပေ။ သို့သော် ဘုရာသခင်သည် ကျွန်ုပ်တို့ မတတ်စွမ်းနိုင်လောက်သည့် အဆင့်ထက် ပို၍ တောင်း ခံခြင်းမရှိသည်ကို သိမှတ်လျက် (လူများအနေနှင့် ကျွန်ုပ်တို့ကို မတတ်နိုင်သည့်အထိပင် မျှော်လင့်ကောင်း မျှောင် လင့်နိုင်ကြပါသည်)၊ ကျေးဇူးတော်တရားကြောင့် အမှုတော်မြတ်၌ ပါဝင်ခွင့်ရှိရာ၊ လူမျက်နှာကိုထောက်၍ ဆောင် ရွက်ခြင်းမျိုးမဟုတ်ဘဲ၊ ဘုရားသခင်အား ကျေနပ်စေသောသူများဖြစ်ရန် အမှုတော်ကို သစ္စာတရားနှင့်အတူ ဝမ်း မြောက်ဝမ်းသာစွာဖြင့် ထမ်းဆောင် ကြရမည်ဖြစ်သည်။


ကိုယ်ရေးကိုယ်တာ အစီစဉ်များ

သင်းအုပ်ဆရာတစ်ဦး၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းရွက်နိုင်ရန်အတွက် ကျွန်ုပ်တို့သည် လုပ် သင့်လုပ်ထိုက်သည့်အရာများနှင့် ဦးစားပေးရမည့်အရာများကို ရေးချခြင်းအားဖြင့် ပိုမိုတွင်ကျယ်အောင်ပြုလုပ် သကဲ့သို့ တစ်ချိန်တည်းတွင်ပင် ထိုအစီအစဉ်များသည် ကိုယ်ကျောက်ကုန်းကို ပြန်ရိုက်မည့်တုတ်များ မဖြစ်စေ ရန်လည်း သတိထားရပြန်သည်။ ဤအချက်ကို ကျွန်ုပ်ရေးသားရခြင်းမှာ ကျွန်ုပ်၏ ကိုယ်ပိုင်အသက်တာတွင် လုပ် ဆောင်ရမည့် လုပ်ငန်းတာဝန်များ များပြားလာသည်နှင့်အမျှ မိမိကိုယ်ကိုကိုယ် ဝန်ထုတ်ဝန်ပိုးဖြစ်စေရန် ဘုရား သခင်ရည်ရွယ်ထားသည့် အစီစဉ်ထက်ပင် ကျွန်ုပ်ကိုကျွန်ုပ်အလုပ်ထဲ၌ နှစ်မွန်းနေခဲ့ဖူးသည့် အတွေ့အကြုံ ရှိခဲ့ဖူး သည့်အတွက် ဖြစ်ပါသည်။ တစ်ချိန်တည်းတွင်ပင် သင်းအုပ်ဆရာများအားလုံးသည်လည်း ကျွန်ုပ်ကဲ့သို့ပင် မြောက်များစွာသော တာဝန်ဝတ္တရားတို့ကို ပြီးမြောက်ချင်သူများဖြစ်ကြပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ် တို့၏အသက်တာသည် သိုးထိန်းရှင်ကြီးဖြစ်တော်မူသည့် ခရစ်တော်နှင့်ဆက်နွယ်မှု အစဉ်ရှိ၍ ကိုယ်တော်၏ လမ်းပြသွန်သင်မှု နှင့် ငြိမ်သက်ခြင်းတို့ကို လက်လွှတ်မဆုံးရှုံးသင့်ပါပေ။

အသင်းတော်တိုင်း ၄င်း၏အရွယ်အစားအရ သို့မဟုတ် ၄င်း၏နှစ်ရှည်ကြာရပ်တည်လာခဲ့သည့် အချိန် အရ၊ တည်နေရာအနေအထားနှင့် သင်းအုပ်ဆရာတို့၏ ဦးဆောင်မှုများအရ အစီစဉ်တို့မှာ အသီးသီး ခွဲပြားခြား နားကြပါသည်။ ထို့ကြောင့် သင်းအုပ်တစ်ဦး၏ လုပ်ငန်းတာဝန်နှင့်ပတ်သက်၍ ကျွန်ုပ်၏အစီစဉ်များကို ဖော်ပြရာ တွင် ထိုအစီအစဉ်အတိုင်း လိုက်လျှောက်ရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ အကြံဉာဏ်ကောင်းများ ရရှိနိုင်ကြမည် ပါအကြောင်း ရည်ရွယ်၍ ရေးထားရခြင်းဖြစ်သည်။ ကျွန်ုပ်၏အကျင့်တစ်ခုမှာ မည်သူမည်ဝါအား အလည်အပတ် ပြု၍ ဆုတောင်းပေးရမည်၊ လာမည့်ရက်ပိုင်းအတွင်း မည်သို့ဆီသို့ သွားရောက်ဆုတောင်းပေးရမည်ဟူ၍ စာရင်း ပြုထားသော ကျွန်ုပ်၏ဒိုင်ရီယာစာအုပ်ကို သွားလေရာရာ၌ ဆောင်ထားတတ်သည်။ အခြေအနေ အကြောင်း ကြောင်းကြောင့် ကျွန်ုပ်မမျှော်လင့်ထားသော အလည်အပတ်သွားရန် အကြောင်းများလည်း ရှိတတ်ပါသည်။ ဤသို့သောအခြေအနေများ ရှိလာလေတိုင်း ထိုကိစ္စများကိုဦးစားပေး၍ သွားရောက်လည်ပတ်မှုများ ပြုလုပ် သကဲ့သို့ ထိုကိစ္စများကြောင့် ပုံမှန်လည်ပတ်မှုများကိုလည်း မထိခိုက်အောင် ဂရုစိုက်သည်။ ထိုသို့ပြုလုပ်ခြင်း အားဖြင့် သင်းအုပ်ဆရာတစ်ယောက်အနေနှင့် သွားရောက်လည်ပတ်ရမည့် ကိစ္စများအတွက် အခက်အခဲမရှိ ပုံမှန်လည်ပတ်နိုင်စေပါသည်။

တနင်္လာနေ့လည်ပိုင်းတိုင်းကို ဆေးရုံသို့အလည်အပတ်သွားရန် ကျွန်ုပ်အချိန်သတ်မှတ်ထားသည်။ ခွဲစိတ် ကုသမှုများအတွက် ဆေးရုံသို့ အခြားရက်များတွင် တက်ရောက်ရသည့်သူများ ရှိခဲ့လျှင်လည်း၊ ခွဲစိတ်ခန်းမဝင်ခင် တစ်ရက်အလိုတွင် သွားရောက်ဆုတောင်းပေးခြင်း၊ နှုတ်ကပတ်တော်အားဖြင့် ခွန်အားပေးခြင်း၊ သို့မဟုတ် ၄င်း တို့အတွက် ကြိုတင်ရေးထားသောကျမ်းပိုဒ်ကဒ်လေးများကို ၄င်းတို့အား လက်ဆောင်အဖြစ်ပေးတတ်သည်။ အကယ်၍ လူနာအားဆေးကုသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်၍ တွေ့ဆုံခွင့်မရှိပါက ထိုကဲ့ သို့ ကျမ်းပိုဒ်ကဒ်လက်ဆောင်ပေးခြင်းသည် အလွန်အကျိုးပြုပါသည်။

တနင်္လာနေ့ညနေပိုင်း – ဆုတောင်းအစည်းအဝေးမစမှီ၊ လေးဆယ့်ငါးမိနစ်ကြာမျှသောအချိန်ကို ကျွန်ုပ် အား တွေ့ချင်သောသူများအတွက် အချိန်ပေးထားပါသည်။ ထိုလေးဆယ့်ငါးမိနစ်ကို ဆယ့်ငါးမိနစ်စီခွဲကာ သုံးချိန် ပြန်လည်ခွဲထားသည်။ ဆယ့်ငါးမိနစ်ဆိုသည့်အချိန်မှာ မများလှသော်လည်း အကျိုးအကြောင်း ကိစ္စတော်တော် များများအတွက် ဆွေးနွေးရန် လုံလောက်မှုရှိသကဲ့သို့ အချိန်သတ်မှတ်ထားသည့်အတွက်ကြောင့်လည်း တွေ့ဆုံလို သောသူများကလည်း အချိန်ကို လေးစားကြသည်။ အကယ်၍ ဆယ့်ငါးမိနစ် နှင့် မလုံလောက်ပါက အခြားသော ဆယ့်ငါးမိနစ်တစ်ချိန်ကို သတ်မှတ်ပေးရခြင်းမျိုးကိုလည်း ပြုလုပ်ပေးရသည်။ အစပိုင်းတွင် ရေးသားသတိပေး ထား ဟူသည့်အတိုင်း၊ အခြားသူများနှင့် ကျွန်ုပ်တွေ့ဆုံသည့်အချိန်တိုင်း သင်းထောက်လူကြီးတစ်ဦးဦးက အလှည့် ကျ ဧည့်ကြိုပြုလုပ်ပေးရန် အကူအညီတောင်းအတွက်လည်း အခက်အခဲမရှိအဆင်ပြေကြသည့်အပြင်၊ ကျွန်ုပ် အနေနှင့် ထားပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် လာရောက်တွေ့ဆုံသောသူများ ဆန့်ကျင်ဘက် အမျိုးသမီးနှင့် တိုင်ပင်ခြင်းပြုရာတွင်လည်း နှစ်ဦးတည်းမဟုတ်တော့ပေ။ ထိုသို့ အပတ်စဉ်တိုင်း တွေ့ဆုံရန်အတွက် လမ်းဖွင့် ထားပါက ပြဿနာများ ကြုံတွေ့နေရသောသူများအတွက် လာရောက်ဆက်သွယ်ရန်အတွက်လည်း လွယ်ကူ ချောမွေ့စေပါသည်။ ဒေါက်တာ ဆန်းစတာ၏သားဖြစ်သူ ပေါလ်ဆန်းစတားက သူ့ဖခင်၏စကားလုံးကို ကိုးကား ၍ မည်ကဲ့သို့သောကိစ္စများနှင့်ရင်ဆိုင်၍ ဖြေရှင်းရသည်ဖြစ်စေ သင်းအုပ်ဆရာ၏ဖြစ်တည်ခြင်းကို အောက်ပါ အတိုင်း ဖော်ပြခဲ့သည် - 

“မြို့လယ်ခေါင်က အသင်းတော်ကြီးတစ်ပါးမှာ အမှုတော်ထမ်း ဆောင်တဲ့သူတစ်ဦးအနေ နဲ့ ဖျားနာနေတဲ့ သူတွေကို အလည်အပတ်ပြုဆုတောင်းပေးခြင်းအမှုနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ဒီထက်မက ကျွန်တော် ပိုလုပ်နိုင်အုံးမယ်လို့ ထင်ပါတယ်။ အများအားဖြင့် သင်းအုပ်ဆရာ ပြုအပ်တဲ့ တာဝန်ကို ကျွန်ုပ်ရဲ့ အသိုင်းအဝိုင်း ကြားထဲမှာ အများဆုံးလုပ်ဖြစ်ပါတယ်။ အချိန်မဖြုန်းမိစေဖို့အတွက်ကိုတော့ သတ်မှတ် ထားတဲ့အချိန်တွေမှာ အလည်အပတ်သွား ဆုတောင်းပေးခြင်းကို ပုံမှန်လုပ်ဖြစ်ပါ တယ်။

“ကျွန်တော့်ရဲ့ အချိန်အများစုကို ဒီလိုအသုံးပြုဖြစ်ပါတယ်” “ကျွန်တော့်ရဲ့မှတ်စုချိန်းချက်စာအုပ်ကို ကောက်ယူလိုက်ပြီး၊ ဘယ်သူဘယ်ဝါနဲ့ ချိန်းထားသလဲ၊ ဘယ်သူက ဘယ်အပိုင်းမှာ ခွန်အားပေးစရာလိုသလဲ၊ ဘယ်သူက အခုချက်ခြင်းသွားပြီးတော့ ဆုတောင်းပေးဖို့ လိုအပ်သလဲဆိုပြီးတော့ တစ်ခုခြင်း သေသေချာချာ ပြန် ဖတ်တယ်။”

“လိင်တူဆက်ဆံ (အထူးသဖြင့် ယောက်ျားလေးများ) တတ်တဲ့ သူအချို့က လာပြီးတော့ သူတို့လိုချင်တဲ့ အဖြေကို ဘာသာတရားမှာ တွေ့နိုင်သလားဆိုပြီးတော့ လာမေးတဲ့အချိန်မျိုးလဲရှိတယ်။ တစ်ချို့ကျတော့ ဆုလုံးဝ မတောင်းဖူးတဲ့ သူတွေလည်း ရောက်လာ တတ်တယ်။ တစ်ချို့ကတော့လည်း ဆုတောင်းခြင်းကို တာဝန်သဘော ကြောင့် လုပ်နေရတယ်၊ ဘယ်လိုမှကို ဝမ်းမြောက်ဝမ်းသာ ဆုတောင်းတယ်ဆိုတာမျိုး မရှိတဲ့သူတွေလည်း ရှိပြန် တယ်။ ဘုရားသခင်နဲ့ မိတ်ဿဟာရဖွဲ့ခြင်းအသက်တာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မသိတဲ့သူတွေက ရှိသေး တယ်။ တရားဒေသနာကြားသိလိုက်ရတဲ့အတွက် မြည်းစမ်းချင်တဲ့သူတွေလည်းရှိတယ်။ ဒါ့ပြင် လိင်ဆန္ဒကို မိမိ ဘာသာဖြေတတ်တဲ့သူတွေလည်း ရောက်လာကြပြီးတော့ သူတို့ရဲ့ ပြောမကုန်တဲ့ အရှုပ်ထုပ်တွေကို လာပြီးရင်ဖွင့် တတ်ကြတယ်။ လူတွေအားလုံး ဒီကိစ္စနဲ့မကင်းဘူးမဟုတ်လားဆိုပြီး ဆင်ခြေပေးနိုင်ဖို့ ရောင်လည်လည် လုပ်နေ တတ်ကြတယ်။ အိမ်ထောင်ရေး ပြဿနာကြုံတွေ့ကြတဲ့သူတွေလည်း တစ်ပုံကြီးပါဘဲ၊ အရွယ်မရောက်သေးတဲ့ သားသမီးတွေကို ကြုံရာခိုင်းတတ်တဲ့ မိဘတွေကိုလည်း မိဘဆိုတာဘာလဲ ဆိုပြီး မိဘရဲ့ သားသမီးတွေ အပေါ် ထားရှိရမယ့် တာဝန်ဝတ္တရားတွေကို ရှင်းပြရသေးတယ်။ လမ်းပေါ်ရောက်နေတဲ့ ကလေးတွေအချို့ကိုလည်း မိဘ ကို ရိုသေကြဖို့ကို ပြောပြသွန်သင်ရတယ်။ ဆင်းရဲတဲ့သူတွေလည်း စိတ်ဓာတ်တွေကျလို့ စိုးရိမ်ကြောင့်ကျနေတဲ့ ခွန်အားပေးရပြန်တယ်။ ယုံကြည်ခြင်းအမှုမှာ အားနည်းတဲ့သူတွေ၊ စိုးရိမ်ကြောင့်ကျနေတဲ့သူတွေ၊ ညှဉ်းပန်းနှိပ် စက်ခံရတဲ့သူတွေ၊ ဘဝကို အရှုံးပေးလိုက်တာဘဲ အေးတယ်ဆိုတဲ့သူတွေ အဲဒီလို လူအမျိုးမျိုးအဖုံဖုံကြားထဲမှာ ကျွန်တော် တစ်ယောက် အလုပ်ရှုပ်နေတာပါဘဲ။”

“အမှုတော်မြတ်မှာ ကျွန်တော့်ရဲ့ ပါဝင်မှုတွေကို ပြန်ကြည့်မိလေတိုင်း၊ လူပေါင်းများစွာနဲ့ ဆက်ဆံခဲ့ရတာ ထင်ရှားပါတယ်။ သူတို့ရဲ့အတွက် ကျွန်တော်ကောင်းကျိုး ဘယ်လောက်ထိလုပ်ဆောင်ခဲ့တယ်ဆိုတာ ဘုရားသခင် ဘဲ သိပါတယ်။ အတော်ကို ပင်ပန်းခဲ့ပါတယ်။ ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒါကိုလည်း ဘုရားသခင် သိပါတယ်။ ကျွန်တော့်ရဲ့ အဝတ်အစားတွေကိုတောင် မလှဲနိုင်လောက်အောင် အိပ်ရာထဲ ပလတ်လဲခဲ့တဲ့ ညတွေ များခဲ့ပါပြီ” ဒါပေမယ့် ကျွန်တော်ဝမ်းမြောက်ပါတယ်၊ ထပ်ပြောချင်တယ်၊ အမှုတော်မြတ်မှာပါဝင်ခွင့်ရတဲ့ အ တွက် ကျွန်တော် တကယ်ကို ကျေနပ်ပါတယ်။ ဒီအရာတွေကို စွမ်းဆောင်နိုင်ဖို့ ခွန်အားပေးတဲ့ ဘုရားသခင်ရဲ့ ကောင်း မြတ်ခြင်းအပေါ်မှာ အံ့ဩလို့ မဆုံးပါဘူး။ ဘယ့်သူ့ရဲ့ အလုပ်ကိုမှာ ကျွန်တော့်မှာ အားကျမနာလိုစရာကို မရှိတော့ ပါဘူး” (P.Sangster: Dr. Sangster Epworth, p. 134f)

ထို့ပြင် အသင်းတော်၌ အစည်းအဝေးမရှိသည့် ဗုဒ္ဓဟူးနေ့ညနေပိုင်းတိုင်းကို မယုံကြည်သူများအား လည် ပတ်ရန်အတွက် ကျွန်ုပ်အချိန်သတ်မှတ်ထားသည်။ ဤကဲ့သို့ သတ်မှတ်ထားခြင်း မရှိပါက အသင်းတော်အတွင်း အခြားကိစ္စများပေါ်လာတတ်ကာ မယုံကြည်သောသူများအတွက် အချိန်မပေးနိုင်ဘဲ ဖြစ်သွားတတ်သည့်အတွက် ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဧဝံဂေလိဝေငှခြင်းအမှုကို လုပ်ဆောင်ရာ နှစ်ရှည်ကြာလည်လျှင် အသီးအပွင့်များ စွာကို တွေ့မြင်ရပါသည်။ တစ်ပတ်တာ၏ကျန်အချိန်များတွင်မူ အသင်းတော်ရှိ ခေါင်းဆောင်များနှင့် မိသားစုများ ကို အလှည့်ကျလည်ပတ်ခြင်းကို ဦးစားပေး လုပ်ဆောင်ရပါသည်။ ကျွန်ုပ်တစ်ယောက်တည်း (ကျွန်ုပ်၏ အဖွား အရွယ်များမှအပ) အမျိုးသမီးများသာရှိသည့် အိမ်များသို့ ဘယ်သောအခါမျှ အလည်အပတ်သွားရောက်ခြင်း မရှိပေ။ အကယ်၍ လိုအပ်မှုများရှိပါ၊ အိမ်သို့လာရောက်ရန် ဖိတ်ခေါ်လေ့ရှိသည်။ အိမ်၌မူ ကျွန်ုပ်၏ဇနီးသည် ကျွန်ုပ်နှင့်အတူရှိနေပြီး၊ မေးမြန်းတိုင်ပင်မှုများတွင် ပါဝင်နိုင်သည် သို့မဟုတ် အသင်းတော် အစည်းအဝေးအပြီး ကော်ဖီသောက်သည့်အချိန်များတွင် ဇနီးသည်နှင့်အတူ အသင်းတော်ရှိ အမျိုးသမီးငယ်များကို တွေ့ဆုံမေးမြန်း ခြင်းများ၊ တိုင်ပင်ခွန်းအားပေးခြင်းများကို ပြုလုပ်တတ်ပါသည်။


လုပ်ငန်းတာဝန်များကို ခွဲခန့်မှတ်သားပေးခြင်း

အသင်းတော်၏ မိတ်ဿဟာရဖွဲ့ခြင်းသည် သာ၍ ကြီးမားလေလေ ကိစ္စဝိစ္စ ပို၍များလေလေ ဖြစ်ရာ သင်းအုပ်ဆရာ၏ တာဝန်ဝတ္တရားနှင့် အလည် အပတ်သွားရောက်ခြင်းအမှု၏ လိုအပ်မှုမှလည်း သာ၍ ကျယ်ပြန့် လေလေ ဖြစ်သည်။ သင်းအုပ်ဆရာကိုယ်တိုင် သွားရောက်တိုင်ပင်ဆွေးနွေးပေးရသည့် ပြဿနာများသည်လည်း တိုးပွားလေလေဖြစ်သည်။ ကျွန်ုပ်၏ဒုတိယ မြောက်အသင်းတော်သည် အလွန်ကြီးမားသည့် အသင်းတော်ဖြစ်ရာ၊ အိမ်ခြေရှစ်ဆယ်မှ ကိုးဆယ်မျှလောက်ရှိသော ယုံကြည်သူများ၏အိမ်ကို အစီစဉ်ကျ အလည်အပတ် သွားရောက် ပြီးသည့်နောက်တွင် ကျွန်ုပ်၏တာဝန်မှာ ယုံကြည်သူများ၏အခက်အခဲပြဿနာများကို ဖြေရှင်းပေးရန်နှင့် အကြံ ဥာဏ်တောင်းခံသူများကို နှုတ်ကပတ်တော်အတိုင်း အကြံဉာဏ်ပေးခြင်းစသည့် အမှုအရာတို့တွင် ဆက်ကပ်ရ မည်ကို နားလည်လာသည်။ ထိုသို့သောအခြေနေက လုပ်ငန်းတာဝန်များကို မည်သို့မည်ပုံခွဲခန့်မှတ်သား ပေးရ မည်ကို သင်ယူစေခဲ့သည်။

ပထမဦးဆုံး လုပ်ငန်းတာဝန် ခွဲခန့်မှတ်သားခြင်းအမှုကို သင်းအုပ်နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းတွင်း၌ ဖြစ်ရမည်။ လန်ဒန်မြို့နှင့် အေဒင်ဘတ်မြို့တို့တွင် ကျွန်ုပ်အမှုတော်ထမ်းရွက်စဉ် ကျွန်ုပ်အား ကူညီပေးမည့် လူငယ် တစ်ယောက်နှင့် အမျိုးသမီးအဖွဲ့ဝင်တစ်ဦးတို့ကို ထားရှိပါသည်။ ပြဿနာများ ပေါ်လာတိုင်း မည်သို့ဖြေရှင်းရမည် ကို ကျွန်ုပ်ကိုယ်တိုင် သုံးသပ်နိုင်သည့် ပြဿနာများဖြစ်တတ်သကဲ့သို့၊ အချို့သောပြဿနာ များမှာမူ တစ်စုံတစ်ဦး (သင်းထောက်လူကြီး သို့မဟုတ် အမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး)နှင့် တိုင်ပင်ရပါသည်။ မကျန်းမာသော သင်းဝင်အိမ်နှင့် အိမ်၌သာလှောင်ပိတ်နေတတ်သည့် သူတို့ထံသို့အလည်အပတ်ပြုရန် ကျွန်ုပ်၏အကူနှင့် အမျိုး သမီးတာဝန်ရှိသူတို့ကို ခွဲခန့်ပေးထားသည်။ အချို့သောသူတို့ကို တစ်ပတ်တစ်ခါဟူ၍၄င်း၊ အချို့ကို တစ်လ တစ်ခါ ဟူ၍၄င်း၊ အချို့တို့ကိုသုံးလတစ်ကြိမ်ဟူ၍၄င်း အချိန်သတ်မှတ်၍ အလည်အပတ်သွားရောက် ဆုတောင်းပေးကြ သည်။ အေဒင်ဘတ်မြို့၌မူ တောင်နှင့်မြောက်ဟူ၍ နေရာနှစ်ရာခွဲကာ တစ်လတစ်ကြိမ် အလှည့်ကျသွား၍ အ လည်အပတ်ပြု ဆုတောင်းပေးရပါသည်။ ကျွန်ုပ်ကိုယ်တိုင် သွားရောက်လည်ပတ်သင့်သည်ဟု ထင်သော မိသားစုများရှိခဲ့လျှင် ကျွန်ုပ်ကိုချက်ခြင်းသတင်းပို့ရမည်ဟု ၄င်းတို့နားလည်ထားကြသည်။ ဆေးရုံသို့ အလည် အပတ်သွားဆုတောင်းပေးခြင်းအမှုတွင်မူ၊ ရှေးဦးစွာ ကျွန်ုပ်ကိုယ်တိုင် သွားရောက်သတင်းမေး ဆုတောင်းပေး ကာ၊ နောက်ပိုင်းတွင် လိုအပ်လျှင်လိုအပ်သလို ကျွန်ုပ်အပါအဝင် ကျွန်ုပ်၏အကူ နှင့် တာဝန်ရှိ သူတို့ ဟူ၍ လူနာ၏ ကျန်းမာရေးအခြေအနေအပေါ်မူတည်၍ အလှည့်ကျ သွားရောက်လည်ပတ်ခြင်းများပြုလုပ်ရန် ခွဲခန့်တတ်ပါ သည်။

ကျွန်ုပ်အကူ၏တာဝန်မှာ ကျောင်းသားကျောင်းသူများနှင့် လူငယ်ပိုင်းဆိုင်ရာကို ဦးဆောင်ရန်ဖြစ်ပြီး၊ တာဝန်ရှိအမျိုးသမီး၏ တာဝန်မှာ အမျိုးသမီးရေးရာ အထူးသဖြင့် အိမ်ထောင်မရှိသေးသော အများသမီးများကို ဦးဆောင်ရန်ဖြစ်သည်။ အပတ်စဉ် တနင်္ဂလာနေ့တိုင်း ပြီးခဲ့သည့်အပတ်က အခြေအနေအရပ်ရပ်ကို ပြန်လည် တိုင်ပင်စီစစ်ရန်နှင့် ယခုပတ်အတွက် အစီစဉ်သစ်များကို ရေးဆွဲကြရန် ကျွန်ုပ်တို့ နေ့လယ်စာအတူ စားသုံးတတ် ကြသည်။ ထို့ပြင် တစ်လတာ၏ ပထမပတ်တနင်္ဂလာနေ့တိုင်း မနက် ၈ နာရီမှစ၍ တွေ့ဆုံကြက တစ်လတာ အတွင်း လုပ်ဆောင်ခဲ့သမျှသော အရာတို့ကို ပြန်လည်သုံးသပ်ရင်း ဆုတောင်းခြင်းဖြင့် အချိန်ယူကြသည်။

အသင်းလိုက်လုပ်ဆောင်ရသည့်အတွက် တစ်ဦးနှင့်တစ်ဦးကြား နားလည်ပေးမှုနှင့် ဂရုစိုက်ပေးခြင်းများ လိုအပ်ပါသည်။ အပတ်စဉ်ပြုလုပ်သည့် အစည်းအဝေးမျိုးသည် အချိန်ကန့်သတ်ချက်များရှိရာ၊ ကျွန်ုတို့အနေနှင့် လိုအပ်ချက်များကို တိုင်ပင်ဆွေးနွေး၍ အဆုံးမသတ်နိုင်သောအကျိုးအကြောင်းတစ်ချို့တို့ကို ပစ်ပါယ်ထားခြင်း မျိုးမရှိဘဲ လစဉ်ရှိတတ်သည့် အစည်းအဝေးတွင် ပြန်လည်သုံးသပ်ခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။ အသင်း လိုက်လုပ်ဆောင်ရသည်ဖြစ်သော်လည်း တစ်စုံတစ်ဦးသည် ခေါင်းဆောင်နေရာတွင်ရှိနေရမည် ဖြစ်သည်။ အထူး သဖြင့် အတွေ့အကြုံမရှိသေးသည့် ဝန်ထမ်းသစ်များရှိနေသည့် အခြေအနေမျိုးတွင် ခေါင်းဆောင်မှုမှာ အလွန် အရေးကြီးလှပါသည်။ အသင်း၏ခေါင်းဆောင်ဖြစ်သူက တစ်ဦးနှင့်တစ်ဦးကြား ရိုးသားမှုရှိစေရန်နှင့် နားလည် ဂရုစိုက်ပေးမှုများရှိစေရန် တိုက်တွန်းခွန်အားပေးရမည်။ သင်းဝင်များအနေနှင့် သူတစ်ပါးအတွက် လုပ်ဆောင် ပေးနေရသည့်အတွက် စိတ်ပင်ပန်းမှုများရှိလာနိုင်ရာ ခေါင်းဆောင်အနေနှင့်  ၄င်းတို့၏ ခန္ဓာပိုင်းဆိုင်ရာ၊ ဝိညာဉ် ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရပါမည်။ ခေါင်းဆောင်အနေနှင့် အဖွဲ့ဝင်များကို ၄င်းတို့ကိုယ် ၄င်းတို့မပေးတတ် (မပေးနိုင်သည့်)နားရက်များ ပေးတတ်ရမည်၊ မိမိကိုယ်ကိုလည်း နားရက်များပေးတတ်ရမည်။ ဤသည်မှာ ခေါင်းဆောင်ကောင်းတို့၏ လက္ခဏာတစ်ခုဖြစ်ပါသည်။

ဒုတိယလုပ်ငန်းတာဝန် ခွဲခန့်မှတ်သားခြင်းအမှုကို အသင်းတော်၏ဦးဆောင်သူတို့အထဲတွင် ခွဲခန့်မှတ် သားရမည် ဖြစ်သည်။ သင်းဝင်စာရင်းကို သင်းထောက်လူကြီး၏အရေအတွက်အရခွဲခန့်၍ ၄င်းတို့၏အခြေအနေ အရပ်ရပ်ကို တာဝန်ယူကြရသည်။ ၄င်းတို့အနေနှင့် တာဝန်ယူရသော သင်းသူသင်းသားများအတွက် မနက်တိုင်း ဆုတောင်းပေးရန်ဖြစ်သည်။ ဤသို့အားဖြင့် အသင်းသူအသင်းသားအားလုံး တစ်ယောက်မကျန် ဘုရားသခင်၏ လက်တော်ထဲ၌ ဆက်ကပ်အပ်နှံခြင်းကို ခံကြရမည်ဖြစ်သည်။ သင်းသူသင်းသားများကို ကျွန်ုပ်တို့၏ စိတ်နှလုံး သား၌ အမြဲအမှတ်ရစေသောတွန်းအားမှာ ၄င်းတို့အတွက်ကိုယ်စား ဆုတောင်းပေးခြင်းဖြစ်သည်။ ဤနှစ်သက် ဖွယ် အပြုအမူကို ကျင့်သားရနေစေရန်အတွက် သင်းထောက်လူကြီးများကို အစဉ်အတိုင်း ကျွန်ုပ် ခွန်အားပေး တိုက်တွန်းလျက်ရှိသည်။ 

အသင်းသူအသင်းသားများကို ကြည့်ရှုစောင့်ရှောက်ခြင်းအမှု၌ အခြေခံကျကျ သင်းထောက်လူကြီးများ ကို ခွန်အားပေးနိုင်ရန် ၄င်းတို့အနေနှင့် ဘာလုပ်သင့်သည်ကို အဆက်မပျက် လိုက်လံပြောပြသွန်သင်နေခြင်းကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ၄င်းတို့တာဝန်ယူရသော အသင်းသူအသင်းသား၏ အခြေအနေသတင်းကို ပြောပြခြင်း အားဖြင့် ၄င်းတို့ကိုပါဝင်လာစေရန် မျှော်လင့်ခြင်းက ပို၍ကောင်းမွန်ပါသည်။ တစ်စုံ တစ်ဦး ဆေးရုံသို့ တတ်ရ သည်ဆိုသည်နှင့် ကျွန်ုပ်ကိုယ်တိုင် သို့မဟုတ် တာဝန်ရှိသူတစ်ဦးက ထိုအသင်းဝင်ကို စောင့်ရှောက်ရန် တာဝန်ရှိ သည့် အသင်းတော်လူကြီးအား ချက်ခြင်း သတင်းပေးပို့ပါသည်။ ပြဿနာတစ်ခုခု ပေါ်လာခြင်းသည် ယုံကြည် စိတ်ချမှုကို ဖျက်ဆီးစေခြင်းမဟုတ်ဘဲ၊ ပုံမှန်လုပ်နေကျအတိုင်း ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ထိုသို့သော အ ခြေအနေမျိုးတွင် သွားရောက်ကြည့်ရှုရမည်ဟူ၍ ဘယ်သောအခါမျှအမိန့်ပေးခြင်းမျိုးမပြုခဲ့ပါသို့သော် သတင်း ကြားထားသည့်အတွက် ၄င်းတို့၏တာဝန်ကို ကျေပွန်စေရမည်ဟူသည့်စိတ်ဖြင့် တစ် နည်းမဟုတ်တစ်နည်း ပိုမို၍ အကျိုးထိရောက်မှုရှိစွာ သွားရောက်လည်ပတ်ကြပါသည်။ 

ထိုကဲ့သို့ အဖွဲ့ခွဲ၍ ဂရုစိုက်စောင့်ရှောက်ခြင်းအမှုကို တိုးတက်စေသည့် လမ်းစဉ်တစ်ခုမှာ အဖွဲ့ခွဲအသီး သီးလေးလတွင် တစ်ကြိမ်တွေ့ဆုံ၍ ဆုတောင်းခြင်းအစီစဉ်ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအစည်းအဝေးသို့ မတက် ရောက်နိုင်မည့် အသင်းသူအသင်းသားများအား ၄င်းတို့နှင့်သက်ဆိုင်သည့် သင်းထောက်လူကြီးများထံ သတင်းပို့ ကြရန် ခွန်အားပေး၊ တိုက်တွန်းထားရမည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် တစ်နှစ်လျှင် သုံးကြိမ်၊ မည်သူမည်ဝါ ပျက် ကွက်၍၊ မည်သူမည်ဝါသည် အထူးဂရုစိုက်သွန်သင်ခြင်း လိုအပ်သည်ဟူ၍လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦးကြား သင်းအုပ်ဆရာအပါအဝင်၊ တာဝန်ရှိသင်းထောက်လူကြီးများနှင့် အသင်းသူအသင်းသားများအကြား မိဿဟာရ ဖွဲ့ခြင်းအမှုကို သာ၍နက်နဲအောင် ဖြစ်လုပ်နိုင်ပါသည်။ ထို့ပြင် တစ်နှစ်လျှင်တစ်ကြိမ် တာဝန်ရှိသည့် သင်းထောက် လူကြီးအား ၄င်းတာဝန်ယူရမည့် သင်းဝင်စာရင်းအားပေးအပ်၍ စစ်ဆေးမှုများပြုလုပ်စေ၍၊ ၄င်း၏ထင်မြင် ယူဆချက်များနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ ဤသည်မှာ တစ်နှစ်တာအတွင်း အိမ်တွင်းအောင်းတတ်သည့် အသင်းဝင်များထံ လည်ပတ်ဆုတောင်းပေးခြင်း ရှိမရှိကို စစ်ဆေးရာတွင် အလွန် အထောက်အကူပြုသကဲ့သို့၊ အသစ်ဝင်ရောက် အသင်းသားသစ်များအား စာရင်းသွင်းလျက် မည်သည့်အဖွဲ့ခွဲတွင် ထည့်သွင်းရမည်ဟူ၍လည်း အခြေအနေအရပ်ရပ်ကို လွယ်ကူချောမွေ့စေပါသည်။ ထို့ပြင် အသင်းတော်၏ စည်း မျဉ်းစည်းကမ်းများ၊ နည်းဥပဒေသများနှင့်ပတ်သက်၍ တစ်နှစ်တာအတွင်း အသင်းဝင်များသည် မည်သို့သော အခြေအနေတွင် ရှိနေကြသည်ကိုလည်း သုံးသပ်ရန်အတွက် လွယ်ကူစေပါသည်။ အသင်းသူအသင်းသားတို့အား ပြုစုစောင့်ရှောက်ခြင်းအမှု၌ ကျွန်ုပ်တို့အချိန်ပေးနိုင်လေလေ၊ စည်းမျဉ်းဥပဒေများအရ ထိမ်းသိန်းရခြင်းအမှု အတွက် လိုအပ်မှုနည်းလေလေ ဖြစ်သည်။

လုပ်ငန်းတာဝန်များခွဲခန့်မှတ်သားခြင်းအမှုကို ပြုလုပ်ရမည့် တတိယနေရာမှာ အသင်းတော်တစ်လုံးတွင် ပါဝင်လှုပ်ရှားကြသည့် အဖွဲ့အစည်း အသီးသီးတို့တွင် ဖြစ်ရမည်။ ကျွန်ုပ်တို့အသင်းတော်တွင် လူငယ်အစီစဉ်ဟူ၍ ၄င်း၊ အမျိုးသမီးအစည်းအဝေးဟူ၍၄င်း၊ ၃၅ အဖွဲ့ဟူ၍၄င်း (အသက် မှ ၄၅ အကြား)၊ ၄၅ အဖွဲ့ဟူ၍၄င်း (အသက် ၄၅ နှစ်ကျော်သောသူများ ကျောင်းသားရေးရာဟူ၍၄င်း ကဏ္ဍအသီးသီးရှိပါသည်။ ကဏ္ဍအသီးသီး၌ ၄င်းတို့ အ ချင်းချင်း မိတ်ဿဟာရဖွဲ့ခြင်း အစီစဉ်ရှိလေတိုင်း တစ်ယောက်နှင့်တစ်ယောက် ဆုတောင်းပေးခြင်းအားဖြင့် အချိန်သုံးရန် တိုက်တွန်းခွန်အားပေးရမည်။ တစ်နှစ်တစ်ခါ ကဏ္ဍတစ်ခုစီတိုင်းရှိ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အသင်း တော်ကို ပြုစုစောင့်ရှောက်နိုင်ရေးအတွက် လက်တွဲပါဝင်ကြရန် ခွန်အားပေးခြင်းများ နှင့် ၄င်းတို့ဘက်မှ လိုအပ် သည်များကို သတိပေးပြောပြခြင်းများကို တိုင်ပင်ပလှယ်ရင်း အချိန်သုံးတတ်ပါသည်။

စတုတ္ထမြောက်နယ်ပယ်မှာ ယုံကြည်သူတစ်ဦးချင်းစီ၏အသက်တာတွင် ဖြစ်သည်။ ယုံကြည်သူသင်းဝင် တစ်ဦးချင်းစီ၏ စိတ်နှလုံးသားထဲတွင် ၄င်းတို့သည်လည်း တာဝန်ဝတ္တရားကိုယ်စီရှိကြသည်ဟု နားလည်သဘော ပေါက်ထားကြရပါမည်။ အများထက် အိမ်တွင်းအောင်းတတ်သည့် အသက်ကြီးရွယ်အိုများထံ အလည်အပတ် သွားရောက်၍ ခွန်အားပေးရန်အတွက် ပိုမိုအချိန်ပေးရန် ခေါင်းဆောင်များအနေနှင့် စီစဉ်သင့်ပါသည်။ ကျွန်ုပ်တို့ ၏ပတ်ဝန်းကျင်တွင် အထူးသဖြင့် အိမ်တွင်းအောင်းတတ်သောသူများမှာ အမျိုးသမီးကြီးများဖြစ်တတ်ရာ၊ တာ ဝန်ရှိသော အမျိုးသမီးအဖွဲ့ဝင်ထဲမှ တစ်ဦးက အခြားအမျိုးသမီးများကို သင်တန်းများပေးရာ၊ ထိုသို့ဖြင့် အမျိုး သမီးသုံးလေးဦးတို့သည်လည်း သက်ကြီးရွယ်အိုအမျိုးသမီးများကို ပို၍ဂရုစိုက်စောင့်ရှောက်နိုင်လာကြသည်။ ယုံ ကြည်သူသစ်များကို စောင့်ရှောက်နိုင်ရန်အတွက် အထက်ပါ လက်ဆင့်ကမ်း သင်တန်းပေးခြင်း နည်းဗျူဟာကို ကျွန်ုပ်အသုံးပြုရင်း၊ အသင်းတော်ကြီးထွားတိုးတက်ရန်အတွက် ၄င်းတို့၏အသက်တာကို ပေးဆပ်ပါဝင်လာကြ ရန် ခွန်အားပေးတိုက်တွန်းခြင်းများ ပြုလုပ်ရသည်။

အထက်ဖော်ပြပါ ဂရုစိုက်စောင့်ရှောက်ခြင်းအတွက် ချမှတ်ထားသည့် ကဏ္ဍတစ်ခုစီတိုင်း၌ ကိုယ်ပိုင် ဂရု စိုက်စောင့်ရှောက်ခြင်းကဏ္ဍကို ပြန်လည်ဖွဲ့စည်းထားရမည်။ ဆယ့်ရှစ်ရာစု အနှောင်းပိုင်းမှစ၍ ဆယ့်ကိုး ရာစု အစပိုင်းတွင် ချားလ်စီမုန်ဆိုသူက သူ၏ပတ်ဝန်းကျင်အတွင်း၌ “ပတ်ဝန်းကျင်ကို အလည်အပတ်ပြုခြင်း’” ဆို သည့်စနစ်ကို ဖွဲ့စည်း၍ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်။

“နှစ်ပတ်လည်ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲတစ်ခုတွင် တရားဒေသနာ ဟောကြားရာ၌ အသင်းတော်၏ လုပ်ဆောင်ချက်ကို အောက်ပါအတိုင်း ဖော်ပြခဲ့သည် – “ဒီစနစ်ကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ လုံ့လဝီရိယ ရှိပေမယ့် ဆင်းရဲတဲ့လူမမာတွေကို ရှာဖွေမယ်၊ ဒါပြီးရင် သူတို့လိုအပ်တဲ့ ကျန်းမာရေး အ တွက် ဖြည့်ဆည်းမယ်၊ ဒါ့ပြင် သူတို့တွေရဲ့ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို သွန်သင်ပေးဖို့ပါဘဲ။” သူနေထိုင်ရာ ပတ်ဝန်းကျင်ကို နေရာအပိုင်းအခြားခွဲထားပြီးနောက် သက်ဆိုင်ရာနေရာဒေသတွင် အားကိုးရသည့် အမျိုးသားနှင့် အမျိုသမီး တစ်ဦးစီတို့ကို တာဝန်ယူရန် ခွဲခန့် ထားသည်။ လိုအပ်နေသော သူများနှင့် စိုးရိမ်ကြောင့်ကျနေသော သူများကို ခန့်အပ်တာဝန်ပေးထားသော သူနှစ်ဦးက ဆက်လက်၍ ရှာဖွေစောင့်ကြည့်ရန်အတွက် တာဝန်ယူရသည်။ ထို့နောက် ၄င်းတို့နှစ်ဦးလိုအပ်သည့် အကူအညီများကို သူ့ဘက်မှလည်း ဖြည့်ဆည်းပေးရပါသည်။ တစ်လ တစ်ကြိမ် တာဝန်ရှိသူအားလုံးနှင့် ချားလ်စီမုန်ကိုယ်တိုင် တွေ့ဆုံ၍ ၄င်းတို့ရင်ဆိုင်တွေ့ကြုံရသည့် အခက်အခဲ ပြဿနာများကို တိုင်ပင် တွေးနွေးတတ်ကြပါ သည်”(H. Hopkins: Charles Simeon of Cambridge, Hodder and Stoughton, p. 47)

ဤသို့ဖြင့် နှစ်ပေါင်းငါးဆယ်ကျော်အောင် ချားလ်စီမုန်သည် ရပ်ကွက်တိုင်းအလည်အပတ်ပြုသည့်စနစ် ကို ကျင့်သုံးခဲ့သည်ဖြစ်ရာ၊ ရရှိလာသည့်အပွင့်မှာ သေးငယ်သည့် အသီးအပွင့်မျိုး မဟုတ်ခဲ့ပေ။ ဤသည်မှာ သား ကို ဆရာနှင့် ဓမ္မဆရာတို့ ပြုအပ်သော အလုပ်ပင် ဖြစ်ပါသည်။ 

ပြီးခဲ့သည့်အခန်းနှင့် ယခုလက်ရှိအခန်းတို့၏ရည်ရွယ်ချက်မှာ သင်းအုပ်ဆရာတစ်ဦး၏ လုပ်ငန်းတာဝန် များ၏ အရေးပါပုံကို ဖော်ပြထားသည်မှန်သော်လည်း အရေအတွက်မဟုတ်ဘဲ စစ်မှန်သော အရည်အချင်းသည် အမှန်ပင် အရေးကြီးသည့်အကြောင်းကို မမေ့ထားအပ်ပေ။ လုပ်ဆောင်ရမည့်အရာများအတွက် အလျှင်စလို မပြု မိစေဘဲ ကျွန်ုပ်တို့သည် မည်သူမည်ဝါဖြစ်သည်ဆိုသည့်အချက်ကို အမြဲတမ်း သတိရှိနေရပါမည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ပိုင်းဆိုင်ရာအခြေခိုင်မှုက ကျွန်ုပ်တို့၏အသုံးခံနိုင်မှ စွမ်းဆောင်ရည်ကိုသတ်မှတ်ပေးပါသည်။ သင်းအုပ် ဆရာတစ်ဦး၏လုပ်ငန်းတာဝန်မှာ ပြောမကုန်အောင် များပြားလှသည့်အတွက် ကျွန်ုပ်တို့၏ကိုယ်ပိုင် ဘုရားသခင် နှင့်အချိန်ယူခြင်း၊ မိသားစုအတွက်အချိန်ပေးခြင်း စသည်တို့အတွက်ပင် အချိန်မပေးနိုင်တော့သည့် စုံစမ်းနှောက် ယှက်မှု၌ အလွယ်တကူကျရောက်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်း သည် အခြားသောအရာများအားလုံးတက် ပို၍ တန်ဖိုးထားရမည့်အရာဖြစ်ပါသည်။

ထိုကြောင့် သင်းအုပ်ဆရာတို့၏တာဝန်ဝတ္တရားမှာ စိုးရိမ်စရာအလုပ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ရှင် ပေါလုဆိုခဲ့သည့်အတိုင်း “ကိုယ်ကာယငြိမ်ဝပ်ခြင်းအလျှင်းမရှိ။ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံကြရ၏။” (၂ကော၊ ၇း၅)၊ အခြားသော ယုံကြည်သူများအတွက် အတိုက်အခံများ ရင်ဆိုင်ခဲ့သည် (ကောလောသဲ၊ ၂း၂)၊ “အသင်း တော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့်ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ်နှောင့်ယှက်ခြင်းကို ငါခံရ၏” (၂ကော၊ ၁၁း၂၈) စသည့် သင်းအုပ်ဆရာပေးဆပ်ရမည့်အရာများကို ကျွန်ုပ်တို့နားလည်ထားကြမည်ဖြစ်သော်လည်း မိမိ၏ သိုးစုတို့ကို စေတနာစိတ်ဖြင့် သစ္စာရှိစွာစောင့်ရှောက်သော သိုးထိန်းတစ်ဦး၌ရှိသော ဝမ်းမြောက်ခြင်းအမှုကို နှိုင်းယှဉ်နိုင်သည့် ဝမ်းမြောက်ခြင်း မရှိနိုင်တော့သည့်အတွက် အဆုံးတိုင် ပေးဆပ်ကြရမည်ဖြစ်သည်။



အခန်း ၁ဝ


ဝတ်ပြုစည်းဝေးခြင်း

ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းအမှု၌ ယုံကြည်သူခရစ်ယာန်များကို ဦးဆောင်ခြင်းအမှုအား ရရှိ သောအခွင့်ထူးထက် သာ၍ကြီးမားသော အခွင့်ထူးများမှာ အနည်းငယ်မျှသာ ရှိသည်။ ဝတ်ပြုကိုးကွယ်ခြင်း အစီ စဉ်သည် တရားပလ္လင်ပေါ်မှ ဖြစ်နိုင်သကဲ့သို ပလတ်ဖောင်းလမ်းပေါ်တွင်လည်း ဖြစ်နိုင်သည်။ လူစုကြီးထံသို့ ဟောပြောခြင်းဖြစ်နိုင်သကဲ့သို့ မိသားစု ဝတ်ပြုကိုးကွယ်ခြင်းလည်း ဖြစ်နိုင်သည်။ ဤသို့ ကြီးမြတ်လှသည့် ဝန်တာအတွက် ကျွန်ုပ်တို့၏ ဆိုးရိမ်မှုများ ရှိတတ်သော်လည်း၊ ထိုအမှုကို ထမ်းဆောင်ခြင်း ၌လည်း ကြီးမားသည့် ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ ခံစားရပါသည်။


ကြိုတင်လုပ်ဆောင်ရမည့် အခြေခံအချက်များ

ဝတ်ပြုအစည်းအဝေးသို့ မည်သူမျှရောက်မလာသေးမှီ ဝတ်ပြုစည်းဝေးမည့် တည်နေရာအနေအထား ကို ကြိုတင်လေ့လာထားသင့်ပါသည်။ ဝတ်ပြုစည်းဝေးခြင်းအများစုသည် တရားပလ္လင်ပေါ်မှ ဟောပြောဝေငှ ခြင်းအားဖြင့် အစပြုသည်မဟုတ်။ အချို့သောအချိန်များတွင် စင်ပေါ်မှသော်လည်းကောင်း၊ စားပွဲခင်း၍သော် လည်းကောင်း ဖြစ်တတ်ပါသည်။ ထို့နောက် သီချင်းစာအုပ်များရှိမရှိ သေချာစစ်ဆေးသည်။ သီချင်းစာအုပ်များ မရှိဘဲ မည်သည့်သီချင်းဆိုမည်ဟု ရှေ့မှဦးဆောင်ခြင်းမျိုးက စိတ်အနှောက်အယှက် ဖြစ်စေသည်။ ထို့နောက် သောက်ရေရှိမရှိ ပြန်လည်စစ်ဆေးသည်။ တရားဟောနေစဉ်တွင် ရေကို ကျွန်ုပ် အမြဲမသောက်တတ်သော်လည်း၊ မမျှော်လင့်လဲ လည်ချောင်းခြောက်သွားသည့် အခြေအနေမျိုးအတွက် အသင့်ထားရှိရခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကြိုတင်ပြင်ဆင်ခြင်းမရှိပါက အရေးကြုံခါ တစ်စုံတစ်ဦးက အသင်းတော်မီးဖိုချောင်သို့ အပြေးအလွှားသွားကာ တရားဟောနေစဉ်တွင် ရှေ့ကဖြတ်လျှောက်၍ ရေဗူးလာထားပေးခြင်းမျိုးသည် ပရိသတ်များကို စိတ်အနှောက် အယှက်ဖြစ်စေတတ်ပါသည်။

အကယ်၍ တရားဒေနာကို ပလ္လင်ပေါ်မှဟောပြောရမည်ဆိုလျှင် ထိုပလ္လင်၏အနိမ့်အမြင့်ကို တရားဟော မည့်သူ၏ အရပ်အမောင်းနှင့် ကိုက်ညီအောင် ညှိထားရသည်။ ကျွန်ုပ်သည်လည်း အရပ်ပုသောသူ တစ်ယောက် ဖြစ်သောကြောင့် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသည့် အတွက် ဤသို့ အကြံပေးရခြင်း ဖြစ်သည်။ ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ကျွန်ုပ်ဘယ်သောအခါမျှ မမေ့နိုင်မည့် အခြေအနေတစ်ရပ်မှာ ခရစ် ယာန်တက္ကသိုလ်အဖွဲ့အစည်းမှ ဦးစည်းသော အစည်းအဝေးတစ်ခုတွင် ဖြစ်သည်။ ထိုစဉ်က ကျွန်ုပ်သည်လည်း တရားဒေသနာဟောကြားရန်အတွက် ဖိတ်ခေါ်ခြင်းကိုခံခဲ့သည်။ ကျွန်ုပ်၏ရှေ့တွင် အခြားတရားဟောဆရာ တစ်ဦးကိုလည်း ဖိတ်ကြားထားရာ၊ ထိုသူက ကျွန်ုပ်၏ အရင်တရားဟောဝေငှသည်။ ၄င်းဟောကြားပြီးသည့် နောက် ကျွန်ုပ်၏အလှည့်ရောက်လာရာ၊ များလှစွာသာ လူများစီသို့ ကျွန်ုပ်၏အာရုံရောက်နေရာ တရားပလ္လင်၏ အနိမ့်အမြင့်ကို သတိထား မစစ်ဆေးမိဘဲ ဖြစ်သွားသည်။ တရားဟောရန်အတွက် ကျွန်ုပ်သည်လည်း ရှေ့သို့ ထွက်လာခဲ့ပြီ ဖြစ်သည်။ ပလ္လင်ကို ကြည့်လိုက်သည့်အခါ ကျွန်ုပ်လန့်သွားသည်။ တရားပလ္လင်ပေါ်ရှိ စာအုပ်တင် ရမည့်နေရာကိုပင် ကျွန်ုပ် မနည်းမော့ကြည့်ရသည့် အခြေအနေမျိုးဖြစ်သည်။ ကျွန်ုပ်ရှေ့ ဟောပြောသွားသော ဆရာ၏ အရပ်အမောင်းမှာ ခြောက်ပေကျော်ဖြစ်သည့်အတွက် ၄င်းအတွက်မူ အခက်အခဲမရှိ၊ အဆင်ပြေသည်။ ကျွန်ုပ်ဘာလုပ်ရမှန်းပင် မသိတော့အောင် ဖြစ်သွားသည်။ သို့နှင့် သတိဝင်လာပြီး သီချင်းတစ်ပုဒ်ကို ရွေးချယ် သီဆိုစေပြီး အခြေအနေက ကျွန်ုပ်၏တရားဒေသနာကို အမှန်တကယ် အဟန့်အတား ခြေတင်ခုံနှစ်ခုကို ယူကာ အဆင်ပြေအောင် ချိန်ညှိလိုက်ရသည်။ ထိုသို့သောအခြေအနေက ကျွန်ုပ်၏တရားဒေသနာကို အမှန်တကယ် အဟန့်အတား ဖြစ်စေခဲ့ပါသည်။ ထိုကဲ့သို့ပင် သင်သည် အရပ်အမောင်း မြင့်သောသူ ဖြစ်သည်ဆို လျှင်လည်း ပြ ဿနာတစ်ချို့ရှိနိုင်ပြန်သည်။ တရားပလ္လင်သည် သင့်အတွက် အလွန်နိမ့်နေမည်ဆိုလျှင် သင်သည် ကုန်းကုန်း ကွ ကွဖြင့် ဖြစ်နေမည်ဖြစ်ရာ၊ သင်၏အသံကို ကြားသင့်သလောက် ကြားနိုင်ကြမည်မဟုတ်ပေ။ ထို့ပြင် တရားပလ္လင် ပေါ်တွင် ကြည့်မကောင်းသည့် လက်ထောက်ရပ်ခြင်း အလေ့အထရှိလာနိုင်ရာ လူများ၏ ပြောဆိုခြင်းကို ခံရနိုင် ပါသည်။ တရားဟောရန် အခြားဧည့်သည်များရှိခဲ့သည်ဆိုလျှင်လည်း အိမ်ရှင်ဘက်မှ ၄င်းတို့အား ဘုရားကျောင်း အတွင်းရှိ နေရာအထားအသိုများ အားလုံးကို ကြိုတင် လိုက်လံပြသထားရမည် ဖြစ်သည်။

ဤအရာများအားလုံးကို စစ်ဆေးပြီးသည့်နောက် ခဏတဖြုတ်ထိုင်ကာ များမကြာမှီ အချိန်အတွင်း လာ ရောက်ကြမည့် သူများအတွက် ဆုတောင်းပေးတတ်ပါသည်။ တရားဒေသနာဟောကြားပေးမည့် သူများ ဖြစ် သည့်အတိုင်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘက်မှ လိုအပ်ချက်များကိုသာ ဦးစားပေးပြင်ဆင်မှုများ၌ အလုပ်ရှုပ်နေ တတ်ရာ လာရောက်နားထောင်ကြမည့်သူများအတွက် ကျွန်ုပ်တို့ မစဉ်းစားပေးသည့် အခြေအနေမျိုးလည်း ရှိ တတ်သည်။ ထို့ကြောင့် လာရောက်ကြမည့်သူများအတွက် ခေတ္တဆုတောင်းပေးခြင်းမျိုးက ဝတ်ပြုအစည်း အဝေး၏အမြင်ကို ပြောင်းလဲစေပါသည်။ လာရောက်ကြမည့်သူများကို နှုတ်ကပတ်တော်တရား ဆာလောင် သောသူများ ဖြစ်စေချင်သည့်အပြင် အပြန်တွင်လည်း ခွန်အားယူသွားသောသူများ ဖြစ်စေချင်သည်။ ထို့ပြင် ဝတ်ပြုစည်းဝေးစဉ်အတွင်း ဘုရားသခင်အတူပါရှိမှုကို အယောက်စီတိုင်း ခံစား၍၊ ခရစ်တော်၏ ဘုန်းတန်ခိုး တော်ကို အယောက်တိုင်းအား ကျွန်ုပ်တို့ မြင်စေချင်သည်။

ဒုတိယမြောက်အထောက်အကူပြုပေးသည့် ကြိုတင်ပြင်ဆင်မှုမှာအစည်းအဝေးအတွက် အခြားသူများ နှင့်အတူ ဆုတောင်းခြင်းပင်ဖြစ်သည်။ ဝတ်ပြုအစည်းအဝေးမစမှီအချိန်တွင် တစ်ယောက်ထဲ နှစ်မိနစ် သုံးမိနစ်မျှ ဘုရားသခင်နှင့်အချိန်ယူခြင်းမျိုးလည်း လိုအပ်သည့် အချိန်အခါ ရှိတတ်ပါသည်။ ထို့ပြင် အစည်းအဝေး မစတင်မှီ ဝိညာဉ်ရေးရာခေါင်းဆောင်များ သို့မဟုတ် အသင်းတော်လူကြီးများ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံလျက် ဟိုကြောင်း ဒီအကြောင်းပြောနေမည့်အစား ဝတ်ပြုအစည်းအဝေးအတွက် အတူတကွဆုတောင်းခြင်းမျိုးကို သာ၍ ပြုလုပ် သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ၄င်းတို့ဘက်မှ အမှုတော်မြတ်တွင် ပါဝင်နိုင်သော အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု တိုက်တွန်းခွန်အားပေးရမည်။ ခေါင်းဆောင်များအနေနှင့် ဝတ်ပြုစည်းဝေးမစမှီ နာရီဝက်လောက် ကြိုတင်ရောက်ရှိလာကြပြီးနောက် ဆယ့်ငါးမိနစ်ကြာမျှ ဝတ်ပြုစည်းဝေးအတွက် ဆုတောင်းခြင်းမျိုးအတွက် အချိန်ပေးခြင်းသည် အလွန်အရေးကြီးပါသည်။ ဤသို့ပြုလုပ်ခြင်း အားဖြင့် ဝတ်ပြုစည်းဝေး အစပြုခြင်းကို ငြိမ်ဝပ်စွာဖြင့် အစပြုစေနိုင်သည်။ ဤကဲ့သို့သော အပြုအမူများကို လုပ်ဆောင်နိုင်ရန်အတွက် အကျင့် ဖြစ်စေရန် လုံ့လဝိရိယစိုက်ထုတ်ခြင်းသည် အသင်းတော်၏လုပ်ငန်းအမှုတို့၌ အလွန်အရေးကြီးပါသည်။ လုပ်ဆောင်မှု တစ်ခုစီတိုင်း အကောင်းမွန်ဆုံးပြီးမြောက်နိုင်စေရန်အတွက် ကျွန်ုပ်တို့၏အစပြုခြင်းကို အစဉ်ပြောင်းလဲ ပြင်ဆင် ထားရမည်ဖြစ်သည်။ ထိုကဲ့သို့ ဆုတောင်းခြင်းအကျင့်ကို စတင်ခါစဆိုလျှင် သင်ကိုယ်တိုင် စောစီးစွာ ရောက်ရှိ နှင့်ပြီးသော သူတို့အား “ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ အချိန်သုံးရင် မကောင်းဘူးလား” ဟု ဆိုကာ ဦးဆောင် ပေးရမည် ဖြစ်သည်။ သင်းအုပ်ဆရာတစ်ဦ၏ ဦးစားပေးလုပ်ဆောင်ချက်မှာ ဆုတောင်းခြင်းနှင့် တရားဒေသနာ ဟောပြောခြင်း ဖြစ်သည်ဆိုလျှင်၊ ဤကဲ့သို့ အတူတကွဆုတောင်းခြင်းသည် အသင်းတော်လူကြီးများ၏ အမှု တော်မြတ်၌ ပါဝင်ရသော အခွင့်ထူး ဖြစ်ပါသည်။


ပုံမှန်ဖြစ်နေခြင်း

ဝတ်ပြုအစည်းဝေးနှင့် အခြားအစည်းအဝေးများအားလုံး အချိန်မှန်မှန် ပြုရမည်။ ဝတ်ပြုအစည်းအဝေး 

အတွက် ကျွန်ုပ်တို့အချိန်သတ်မှတ်လိုက်သည် ဆိုသည်နှင့် ထိုအချိန်၌ အသင်းသူအသင်းသားများ ရောက်ရှိလာရန် ကျွန်ုပ်တို့မျှော်လင့်ပါသည်။ အချိန်ကိုက်ရောက်ရှိလာရန် ကြိုးစားသောသူများကို ချီးမွမ်းထိုက်ပါ၏။ အကယ်၍ သတ်မှတ်ထားသည့် အချိန်၌ စတင်နိုင်ခြင်းမရှိပါက၊ “သတ်မှတ်ထားတဲ့ အချိန်မှာရောက်တော့ရော ဘာထူးလဲ၊ အ မြဲတမ်း အစပြုနောက်ကျတတ်တာဘဲ” ဟု ပြောစရာဖြစ်လာမည်။ ဤသို့သောအခြေအနေမျိုးက လာရောက် လေ့လာသည့်ဧည့်သည်များကို စိတ်အနှောက်အယှက်ဖြစ်စေသကဲ့သို့ စောစီးစွာရောက်လာသောသူများ အား လည်း အားလျော့စေပါသည်။ အသင်းတော်၏ ခေါင်းဆောင်များနေနှင့် ပုံဥပမာကို ကျွန်ုပ်တို့ပြရမည် ဖြစ်သည်။ သတ်မှတ်ထားသော အချိန်မရောက်သေးမှီပင်လျင် ကျွန်ုပ်တို့ထိုင်ရမည့်နေရာတွင် နေရာယူ၍ အစပြုရန် အဆင် သင့်ဖြစ်နေကြရမည်။ ကျွန်ုပ်တို့၏အချိန်မှန်ခြင်းကို နာရီသဖွယ် အခြားသူများကြည့်မြင်နိုင်ရမည်။ ဝတ်ပြု အစည်းအဝေးကို သတ်မှတ်ထားသည့်အချိန်တိုင်း အစပြုနိုင်လာသည်နှင့်အမျှ လူတိုင်းသည်လည်း အချိန်မှန်မှန် ရောက်လာကြမည် ဖြစ်သည်။

ဝတ်ပြုဦးဆောင်ခြင်းနှင့်ပတ်သက်၍ အခြားသူများနှင့်တိုင်ပင် ညှိနှိုင်းခြင်းကို ကျွန်ုပ်နှစ်သက်ပါသည်။ ဦး ဆောင်သူများကို ကျွန်ုပ်လေ့လာအကဲခက်သည့်အခါတွင် တရားပလ္လင်ကို မည်သို့မည်ပုံ တက်ရောက်ကြသည်ကို လည်း လေ့လာဖြစ်ပါသည်။ တစ်ချို့မှာတရားပလ္လင်ပေါ်သို့ ခုန်တက်တတ်ကြသည်။ တစ်ချို့မှာ လေကားဆင့်နှစ် ဆင့်ကို တစ်ပြိုင်တည်း အဆင့်ကျော်၍ တရားပလ္လင်ပေါ်တက်ရောက်တတ်သည်။ တစ်ချို့မှာ လူငယ်များ ဖြစ် သော်လည်း တရားပလ္လင်ပေါ်သို့ အဘိုးကြီးများကဲ့သို့ ချိနဲ့ချိနဲ့ဖြင့် တက်သွားတတ်ကြသည်။ တရားပလ္လင်ပေါ်သို့ ကျွန်ုပ်တို့တတ်လှမ်းသွားသည့်ပုံစံက ကျွန်ုပ်တို့၏တာဝန်ဝတ္တရားအပေါ် ကျွန်ုပ်တို့မည်သို့သဘောထား သည်ကို ထင်ရှားစေသည်။ ကျွန်ုပ်တို့၏လှုပ်ရှားမှုများက ကျွန်ုပ်တို့၏ စိတ်နေသဘောထားကို ပေါ်လွင်စေပါသည်။ ထိုသို့ သောအခြေအနေများတွင် ကျွန်ုပ်တို့ကိုယ်တိုင်သည်လည်း ကိုယ်ကိုကိုယ်စမ်းစစ်ရန် အလွန်အရေး ကြီးပါသည်။  ကြီးမြတ်လှသော ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားဖြစ်သည်ကိုသိမှတ်လျက်၊ အခြားတဘက်တွင် ထို တာဝန်ဝတ္တရား ကို ဖြည့်ဆည်းလိုသောစိတ်အပြည့်နှင့် တရားပလ္လင်ပေါ်သို့ ကျွန်ုပ်တို့လျှောက်လှမ်းရမည် ဖြစ်သည်။ “သန့်ရှင်း သောဝိညာဉ်တော်ကို ကျွန်ုပ်အားကိုးပါ၏” ကျွန်ုပ်ကိုခွန်အားနှင့် ပြည့်စုံသောကိုယ်တော်အားဖြင့် အရာအားလုံးကို ကျွန်ုပ်တတ်နိုင်၏ “ဟူ၍ မိမိကိုယ်ကို ခွန်အားပေး၍ ဘုရားရှင်အပေါ်မှီခိုရန် လိုအပ်မှုကို အ အောက်မေ့နေရမည် ဖြစ်သည်။ ထို့ပြင် အများရှေ့မှောက်ရပ်ပြီးသည့်နောက်ပိုင်းတွင်လည်း မိနစ်အနည်းငယ်မျှအတွင်းဆုတောင်းခြင်း အမှုလည်းပြုလုပ်သင့်ပါသည်။ ထိုကဲ့သို့ ဆုတောင်းချိန်တွင် မည်သည့်အရာအတွက် ဆုတောင်းသွားသည်ကို မသိလိုက်သည့် အခြေအနေမျိုး မဖြစ်သင့်ပေ။ ဘုရားသခင်အပေါ်မှီခိုအားကိုးရန် လိုအပ်မှုအတွက် မိမိကိုယ်ကို သတိပေးရာတွင် ပိုသွားသည်ဟူ၍ မရှိပါ။ “ဘုရားသခင်ရဲ့ အတူပါရှိမှုနဲ့ သန့်ရှင်း သောဝိညာဉ်တော်ရဲ့ ကူညီ ဆောင် မမှုတို့ကို ရရှိခံစားဘို့ ကျွန်တော်တို့ အတူတကွ တိတ်ဆိတ်စွာ ဆုတောင်းခြင်းနဲ့အတူ အချိန်အနည်းငယ် သုံးကြရ အောင်” ဟု လူထုကိုလည်း အတူတကွ ဆုတောင်းရန် ဖိတ်ခေါ်သင့်ပါသည်။

ဝတ်စားဆင်ယင်မှုသည် လူတစ်ဦးတစ်ယောက်အတွက် အလွန်အရေးပါသည့်အရာဖြစ်သည်။ အချို့ သောနေရာဒေသများတွင် ဝတ်လုံရှည်ကြီးများကို ဝတ်ဆင်ခြင်းသည် အထူးအဆန်းဖြစ်နေတတ်သော်လည်း အချို့သောသူများအတွက် အထူးအဆန်းမရှိတတ်ပါပေ။ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုက ကျွန်ုပ်တို့သည် ခရစ် တော်၏ ကိုယ်စားပြုသောသူများ ဖြစ်ကြသည်ကို ထင်ရှားစေသည့် အခွင့်ထူးတစ်ရပ် ဖြစ်ပါသည်။ ဘုရားသခင် သည် ကျွန်ုပ်တို့၏ ဝတ်စားဆင်ရင်မှုတို့ကို ကြည့်သောသူမဟုတ်သော်လည်း ကမ္ဘာသူကမ္ဘာသားများအနေနှင့် ကျွန်ုပ်တို့၏ ဝတ်စားဆင်ယင်မှုတို့ကို ကြည့်ရှုကြရာ၊ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို မည်မျှအလေးအနက်ထားသည်ကို သိရှိထင်ရှားစေသည်။ ကျွန်ုပ်တို့သည် သန့်ရှင်း၍၊ စတိုင်ကျ နေရမည်ဖြစ်သော်လည်း၊ အများသူများ၏မျက်စိအမြင်ကို ဘုရားသခင်အား ကိုးကွယ်ခြင်းအမှုနှင့် နှုတ်ကပတ် တော်ကို နားထောင်ခြင်းအမှုမှ ရှောင်လွဲသွားလောက်စေသည့် အဝတ်အစားမျိုးတော့ မဖြစ်သင့်ပါပေ။

ကျွန်ုပ်တို့၏အပြောအဆိုများသည်လည်း အများရှေ့ ပြောနေကျ အသံနေအသံထားကဲ့သို့ပင် ဖြစ်ရပါ မည်။ တရားပလ္လင်ပေါ်၌ ကျွန်ုပ်တို့အသံနှုန်းသည် အပြင်၌ ကျွန်ုပ်တို့သုံးသော အသံနှုန်းထားကဲ့သို့ပင် ဖြစ်ရပါ မည်။ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်း မည်သို့မည်ပုံခြားနားမှုရှိသည်ကို သတိမထားတတ်ကြပေ။ ထို့ကြောင့် ကျွန်ုပ် တို့အပေါ်၌ ရိုးသားမှုရှိသောသူ တစ်စုံတစ်ယောက်အား ကျွန်ုပ်တို့၏ အသံနေအသံထားမှာ မည်သို့မည်ပုံ ရှိသည် ကို မေးမြန်းတိုင်ပင်သင့်ပါသည်။ အထူးသဖြင့် အများရှေ့ ကျွန်ုပ်တို့ဆုတောင်းသည့်အခါတွင် ဤအရာကို သတိ ပြုရပါမည်။ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ သတိမထားမိသော်လည်း၊ အခြားသူများ၏ဆုတောင်းသံကို ကျွန်ုပ်တို့ နား ထောင်သည့်အခါ “ဒီလူကတော့ ဆုတောင်းသံကတစ်မျိုးပါလား” ဆိုပြီး သတိပြုမိနိုင်ပါသည်။ အကြောင်းအရာ တစ်ခုခုကို ရှင်းရှင်းလင်းလင်း ကြားသိစေနိုင်ပါမည်အကြောင်း သာမန်ပြောဆိုရာတွင် ကျွန်ုပ်တို့ အသုံးပြုသော အသံနှုန်းထားထက် ပို၍အားစိုက်သင့်သည့် အချိန်မျိုးရှိပါသော်လည်း၊ တမင်အသံပုံစံပြောင်း၍ လုပ်ဆောင်ရ ခြင်းမျိုးကိုမူ ကျွန်ုပ်တို့ ရှောင်ကြဉ်ရမည် ဖြစ်သည်။

အချို့သောအသံများသည် အခြားသောအသံများထက် နားထောင်ရန် ပို၍လွယ်ကူပါသည်။ ကျွန်ုပ်တို့ ပြောဆိုသောအကြောင်း အရာတစ်စုံတစ်ခုသည် အခြားသူပြောဆိုသော အကြောင်းအရာနှင့် တူညီသည်ဆိုသော် လည်း၊ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ အသံလုပ်ပုံ ညံ့ဖျင်းမှုကြောင့် အဓိပ္ပါယ်ပေါ့သွားခြင်းမျိုး ဖြစ်နိုင်သည်။ ဤသို့ ကျွန်ုပ်တို့ပြောတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့၏ အားနည်း ချက်တို့ကို အံ့ဖွယ်အသုံးပြုနိုင်ကြောင်းကို ကျွန်ုပ်တို့ အစဉ်သိမှတ်ပါသည်။ သို့သော် တရားဒေသနာကို ကောင်းမွန် စွာ ဟောပြောဝေငှနိုင်သောသူများဖြစ်စေရန်အတွက်၊ ကျွန်ုပ်တို့၏စကားအပြောအဆိုများကို အလိုက် သင့်ပြောင်း လဲရာ၌ အသုံးပြုတတ်ရပါမည်။ မည်မျှပင် ဆွဲဆောင်မှုရှိသော စကားသံပင်ဖြစ်ပါစေ၊ အသံပြောင်း လဲမှုမျိုး မရှိပါက ငြီးငွေ့ဖွယ်ဖြစ်လာစေသည်။ ကျွန်ုပ်တို့၏ အသံပြောင်းလဲမှုများသည် ကျွန်ုပ်တို့ဟောကြားရမည့် တရား ဒေသနာအပေါ်တွင် မူတည်နေသည်။ အကယ်၍ ကျွန်ုပ်တို့ပုံပြင်တစ်ပုဒ်ကို ပြောပြနေသည်ဆိုလျှင် ကျွန်ုပ် တို့၏အသံနေအသံထားအား ထိုပုံပြင်၏အသွားအလာက လွှမ်းမိုးရမည်။ လျင်လျင်မြန်မြန်ဖြစ်ပျက်သည့် အ ကြောင်းအရာများကို ကျွန်ုပ်တို့ပြောဆိုချိန်တွင် လျင်လျင်မြန်မြန်ဖြင့် အသံကို ပြောထွက်ရမည်၊ ပြောနေသည့် အကြောင်းအရာ၌ စိတ်လှုပ်ရှားစရာများပါလာလျှင် ကျွန်ုပ်တို့၏အသံ၌လည်း ထိုစိတ်လှုပ်ရှားမှုကို ပေါ်လွင်စေရ မည်။ အရေးပေါ်ကိစ္စများကို ပြောလျှင်လည်း ကျွန်ုပ်တို့၏အသံ၌ ပေါ်လွင်နေရမည်။ အကယ်၍ မြင့်မြတ်သော အကြောင်းအရာများကို ကျွန်ုပ်တို့ပြောဆိုရာ၌ ကျွန်ုပ်တို့၏အသံနှုန်းကို အနည်းငယ်နှေးကွေးစေပြီး ဆွဲထားရ သည့်အခြေအနေမျိုးဖြင့်လည်း အသံထွက်ရန်လိုအပ်ပါသည်။ ဤနေရာတွင် အဖြစ်အများဆုံးသော အမှားတစ်ခု မှာ ရုတ်တရက် ကျွန်ုပ်တို့၏အသံကို ဆွဲကျလိုက်သည့်အတွက်ကြောင့် ကြားနာသူများအနေနှင့် ဘာပြောလိုက် မှန်းမသိဘဲ တရားဒေသနာအား အဆက်စပ်ပျက်သွားစေသည့် အခြေအနေမျိုး ဖြစ်ပါသည်။


ဝတ်ပြုစည်းဝေးခြင်းတွင် ပါဝင်သော အခြား အစိတ်အပိုင်းများ 

အသင်းတော်တစ်ပါး၏ဓလေ့ထုံးတမ်းများက ၄င်း၏ဝတ်ပြုစည်းဝေးခြင်းကို ကောင်းသည့်ဘက်မှသော် လည်းကောင်း၊ မကောင်းသည့်ဘက်မှသော်လည်းကောင်း အမျိုးမျိုးလွှမ်းမိုးမှုရှိနိုင်သည်။ ထိုကဲ့သို့သော ထုံးတမ်း စဉ်လာမရှိပါဟုဆိုသော အသင်းတော်များပင်လျှင် ၄င်းတို့လုပ်ဆောင်နေကျသည့် အစီစဉ်များသည် ၄င်းတို့၏ ထုံးတမ်းစဉ်လာပင် ဖြစ်ပါသည်။ အချို့သောဓလေ့ထုံးတမ်းများသည် တိုးတက်ပြောင်းလဲရန် ဖြစ်ကြသည်။ “သီ ချင်းငြီး၍ ဆုတောင်းခြင်း” ဆိုသည့် ရှေးဓလေ့ပုံစံများသည်လည်း ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိသည်ဟု သိ သာထင်ရှားစေသော အရာများဖြစ်သည်ဟု လူကို ထင်မှတ်စေတတ်သည်။


ဝတ်ပြုစည်းဝေးခြင်း

ဆုမတောင်းခင် ချီးမွမ်းခြင်းအရင်လာသည်ဖြစ်စေ၊ ဆုတောင်းပြီးသည့်နောက် ချီးမွမ်းခြင်း အရင်လာရ မည်ဟူသည့်အချက်မှာ အရေးကြီးသည်မဟုတ်၊ ဆုတောင်းချီးမွမ်းသောသူသည် အမှန်တကယ် နံဝိညာဉ် နှင့်၄င်း၊ သစ္စာနှင့်၄င်း ကိုးကွယ်သလားဆိုသည့်အချက်က ပို၍အရေးကြီးပါသည်။ ကောင်းမွန်စွာ ဖွဲ့စည်းထားခြင်းမရှိ သည့် ဝတ်ပြုအစည်းအဝေးသည် သန့်ရှင်းသောဝိညာဉ်တော်မပါဘဲ ဖွဲ့စည်းထားသည့် စည်းမျဉ်းစည်းကမ်းများ ဖြင့် ဝတ်ပြုစည်းဝေးခြင်းကို ဦးဆောင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့တွင် မည်ကဲ့သို့သော ဓလေ့ထုံးတမ်းများနှင့် ယုံ ကြည်ခံယူချက်များရှိစေကာမူ၊ ဝတ်ပြုစည်းဝေးခြင်း၌လုပ်ဆောင်သမျှသော အမှုအရာတို့သည် ဘုရားသခင် ရှေ့ တော်၌ လက်ခံတော်မူသော ယဇ်ပူဇော်ခြင်းများဖြစ်ရန်အတွက် နံဝိညာဉ်နှင့်၄င်း၊ သစ္စာနှင့်၄င်း ဝတ်ပြုကိုးကွယ် ကြရမည်ဖြစ်သည် (ယော၊ ၄း၂၄)။


ဝတ်ပြုကိုးကွယ်ခြင်းအတွက် ဖိတ်ခေါ်ခြင်း

ဝတ်ပြုကိုးကွယ်ခြင်းကို အများအားဖြင့် “ဝတ်ပြုကိုးကွယ်ခြင်းအတွက် ဖိတ်ခေါ်ခြင်း” သို့မဟုတ် “ဝတ် ပြုကိုးကွယ်ခြင်းဆီသို့ တိုးဝင်းခြင်း” ဟူ၍ ကျမ်းပိုဒ်တစ်ပိုဒ်၊ နှစ်ပိုဒ်တို့ကို ဖတ်ရွက်ပြီး အစပြုတတ်ပါသည်။ ဤသို့ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ သတိမထားမိသော ဓလေ့ထုံးတမ်း တစ်ခုဖြစ်သည်ဟု ကျွန်ုပ်သတိ အမြဲပေးတတ်ပါသည်။ ဝတ်ပြုစည်းဝေးသို့ လာရောက်ကြသည့် အနည်းစုကသာ ဘုရာသခင်ကို ကိုးကွယ်ရန် စိတ်နှလုံးပြင်ဆင်ထားကြပြီး အများစုမှာ အပြင်ဘက်မှ အတွေးများကို ယူဆောင် လာကြပြီး အလွယ်တကူ တည်ငြိမ်အောင်မပြုနိုင်ကြပေ။ ပထမဆုံး သမ္မာကျမ်းချက်ကိုဖတ်ရွက်ရသည့် ရည်ရွယ်ချက်မှာ ဝတ်ပြုအစည်း အဝေးတစ်ခုလုံးအား ဘုရားသခင်ဘက်သို့ အာရုံစိုက်လာစေရန်နှင့် ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ဖြစ်စေ လိုသည်၊ ဘုရားသခင်ထံချဉ်းကပ်လျှင် မည်သို့မည်ပုံချဉ်းကပ်ရမည် စသည်ဖြင့် လိုအပ်သည်များကို လမ်းဖွင့်ပေး ရန်အတွက် ဖြစ်သည်။ ဖတ်ရွက်မည့်ကျမ်းချက်များကို သေသေချာချာ ရွေးချယ်ထားရမည်။ ထိုကဲ့သို့ ရွေးချယ် ထားသည့် ကျမ်းပိုဒ်များ၏အရေးကြီးပုံကို ကျွန်ုပ်တို့အလေးနက်ထားလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် လည်း ထိုကျမ်းပိုဒ်များဖြင့် ယုံကြည်သူများ၏အသက်တာတွင် အလုပ်လုပ်လေလေဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် ကျမ်းပိုဒ်များ သို့မဟုတ် ဝတ်ပြုစည်းဝေး၏ ခေါင်းစည်းနှင့်ကိုက်ညီမည့် ကျမ်းပိုဒ်ကိုရွေးချယ်ရာတွင် အစပြု ချီးမွမ်းတော့မည့် သီချင်းနှင့်ကိုက်ညီအောင် ရွေးချယ်သင့်ပါသည်။ သို့မဟုတ် အစပြုစုတောင်းရန်အတွက် အခြေ နိုင်မည့် ကျမ်းပိုဒ်ကိုလည်း ရွေးချယ်နိုင်ပါသည်။ တစ်နှစ်တာအတွင်း ဝတ်ပြုစည်းဝေးတွင် ဖတ်ရွက်ရန်အတွက် ကျမ်းပိုဒ်များကို စုဆောင်းထားရန် ကျွန်ုပ်တိုက်တွန်းလိုပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အစည်းအဝေးနှင့် ကိုက်ညီသည့် ကျမ်းချက်များကို အလွယ်တကူ အလိုက်သင့်ရွေးချယ်နိုင်မည် ဖြစ်သည်။ အမျိုးမျိုးသော ကျမ်း ချက်များကိုလည်း ကျွန်ုပ်တို့ ရွေးချယ်ဖတ်ရွက်ရမည်။ ထိုသို့အားဖြင့် ထူးဆန်းသော ကျမ်းချက်များကို လူများ ကြားသိလာကြရာ တစ်ခါမျှမစဉ်းစားဖူးသည့် အရာများကိုလည်း စဉ်းစားလာတတ်ကြမည်။ တရားဒေသနာ အတွက် မှတ်စုတိုများနှင့်အတူ ဖတ်ရွက်ရမည့်ကျမ်းချက်လေးများကို ကပ်ခွါနိုင်သည့် စာရွက်လေးများပေါ်တွင် ကျွန်ုပ် ရေးချအသင့်ပြင်ဆင်ထားတတ်ပါသည်။ ထိုကဲ့သို့ ရွေးချယ်ရေးထားတတ်ပါသော်လည်း၊ ထိုကျမ်းပိုဒ်ကို အမြဲတမ်း ဖတ်ရွက်သွားမည်ဟူ၍တော့ မုတ်ချမပြောနိုင်ပေ။ ဝတ်ပြုစည်းဝေးမစမှီတွင် ဆုတောင်းလေ့ရှိရာ၊ ထိုအချိန် အတောအတွင်း၌ စိတ်ထဲ၌တို့ထိသည့် ကျမ်းချက်များပေါ်လာနိုင်သည့် အတွက်ဖြစ်ပါသည်။ တစ်ခါ တစ်ရံ ထိုကဲ့သို့ ကျမ်းချက်များကို ပြောင်းလဲလိုက်ခြင်းက အစည်းအဝေး တက်ရောက်လာသည့် သူများအကြား ကျွန်ုပ်တို့ သတိမထားမည့်သည့်သူ တစ်စုံတစ်ဦးအတွက် အလွန်အရေးကြီးသည့် ကျမ်းပိုဒ်မျိုး ဖြစ်နေတတ် သည်။

တစ်နေ့သော ညနေပိုင်းအစည်းအဝေးမစမှီ အချိန်တွင်ဖြစ်သည်။ ကျွန်ုပ်၏ကိုယ်ပိုင် အခန်းကျဉ်းလေး ထဲ၌ ဆုတောင်းနေစဉ်တွင် ရွေးချယ်ထားသည့် ကျမ်းပိုဒ်ကို ပြန်ဖတ်လိုက်သည်။ ထို့နောက် သိပ်မကြာခင် အချိန် လေးအတွင်းမှာပင် ကျမ်းစာကိုဖတ်နေရာမှ ကျွန်ုပ်အားတို့ထိသည့် ကျမ်းပိုဒ်တစ်ပိုဒ်ကို တွေ့ရှိကာ ထိုကျမ်းပိုဒ်ကို အစားထိုးအသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ထိုညနေ အစည်းအဝေးပြီးသွားသည့်နောက်တွင် ဖုန်းမြည်လာ သည်။ သူ၏နာမည်ကိုဖြင့်မပြောပြခဲ့ပေ။ သူက “ဆရာဘာကြောင့်မို့ အစပြုဖို့ အဲဒီကျမ်းပိုကို ရွေးချယ်ဖတ်ရွတ် ခဲ့ရတာလဲ” ဟု မေးလာသည်။ ကျွန်ုပ်လည်း အဖြစ်အပျက်ကို ရှင်းပြလိုက်သည်။ ထို့နောက် သူက ဘုရားသခင် ဆီမှ အဝေးတစ်နေရာသို့ ထွက်သွားပြီးသည့်နောက်တွင် ထိုကျမ်းပိုဒ်အားဖြင့် ဘုရားသခင်သည် သူ့အား ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်းနှင့် ထိုညနေခင်း၌ ဘုရားကျောင်းသို့ မည်သို့မည်ပုံ ရောက်ရှိသွားခဲ့သည်ကို မသိသော်လည်း၊ ပထမဆုံးကြားသိလိုက်သည့် ထိုကျမ်းချက်က ၄င်း၏အသက်တာကို ပြန်လည် ဆွဲယူလိုက်သည့်အကြောင်း ရှင်း ပြနေလေတော့သည်။ ထိုအရာမှာ တိုက်ဆိုင်မှုသက်သက်မဟုတ်သည့် အကြောင်းကို ထိုသူ အမှန်သိနေပါလိမ့် မည်။


ဓမ္မတေးများ၊ ချီးမွမ်းကိုးကွယ် သီချင်းများ

ဓမ္မတေးများ၊ ချီးမွမ်းကိုးကွယ်သီချင်းများနှင့်စပ်လျဉ်း၍ ဝတ်ပြုဦးဆောင်သူက အကုန်လုံး တာဝန်ယူပြီး သည့်နောက် တရားဒေသနာ ဟောပြောခြင်းလာသည်။ ဤသည်မှာ ကိုက်ညီသင့်လျော်သည့် အစီစဉ်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သီဆိုချီးမွမ်းသွားသော ဓမ္မတေးများ၊ ချီးမွမ်းကိုးကွယ် သီချင်းများအားဖြင့် တရားဒေသနာဟောပြောခြင်းအတွက် လမ်းခင်းပေးသည်။ ဝတ်ပြုစည်းဝေးကို ဦးဆောင်ခြင်းနှင့်စပ်လျဉ်း၍ ဆု တောင်းတိုင်ပင်ခြင်းများ အစဉ်ရှိသင့်ပါသည်။ ထိုသို့အားဖြင့် မည်သည့်အခါတွင် မည်သည့် ချီးမွမ်းတေးကို သီဆို ရသည်ဆိုသည့် စည်းဝါးကို ရရှိနိုင်မည်ဖြစ်သည်။ အစတွင် သီဆိုချီးမွမ်းမည့် တေးသီချင်းများသည် ဘုရားသခင် ၏ဘုန်းတော်ကို ချီးမွမ်းခြင်းများ သို့မဟုတ် အသက်တာကို နှုတ်ကပတ်တော်နာခံစေရန် ပြင်ဆင်မှုပေးသည့် တေးသီချင်းများကို ရွေးချယ်ခြင်းအားဖြင့် ဝတ်ပြုစည်းဝေးတစ်ခုလုံးကို ဘုရားသခင်ဘက်သို့ အာရုံစုဆည်းစေ နိုင်မည် ဖြစ်သည်။ တရားဒေသနာမဟောပြောမှီအချိန်တွင် သီဆိုသောတေးမှာ နှုတ်ကပတ်တော် ခံယူရန်အတွက် နှလုံးသားကိုပြင်ဆင်ပေးသော သီချင်းမျိုး ဖြစ်ရမည်။ တရားဒေသနာ ပြီးစီးသွားသည့်နောက်တွင်လည်း တရား ဒေသနာနှင့်ကိုက်ညီပြီး နှုတ်ကပတ်တော်တရားကို လက်တွေ့ကျင့်ဆောင်ရန် တွန်းအားဖြစ်စေသည့် တေးသွား မျိုး ဖြစ်သင့်ပါသည်။ အခြားသီဆိုသော တေးသွားများအားလုံးသည်လည်း ဝတ်ပြုစည်းဝေးခြင်းနှင့် ကိုက်ညီသည် တေးသွားများ ဖြစ်သင့်ပါသည်။

ဝတ်ပြုစည်းဝေးခြင်းတွင် အမြဲတမ်းလို ဦးဆောင်ပါဝင်တတ်သောသူများအနေနှင့်လည်း ၄င်းတို့ ရွေးနေ ကျနှစ်သက်ရာသီချင်းကိုသာ အကြိမ်ကြိမ် ရွေးချယ်သီဆိုခြင်းများလည်း ရှိနိုင်သည်။ ထိုကဲ့သို့သော အပြုအမူ များကို ရှောင်ကြဉ်ကြရင်း ကိုက်ညီမှုရှိသည့် တေးသီချင်းမှန်သမျှကို သီချင်းစာအုပ်တစ်အုပ်လုံး၌ ရှာဖွေ ရွေး ချယ်၍ သီဆိုသင့်ပါသည်။ ထပ်ခါထပ်ခါ သီဆိုခြင်းများကို ရှောင်ကြဉ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ သီချင်း စာအုပ်တစ်အုပ်၌ သီဆိုသောသီချင်းများကို သီဆိုသည့် နေ့ရက်မှတ်ထားရမည်။ ဤသို့ပြုလုပ်ခြင်းသည် ကိုက်ညီ ပါသော်လည်း မသီဆိုသေးသောသီချင်းရှိပါလျက်နှင့် သီဆိုပြီးသောသီချင်းကို ထပ်မံ၍ ရွေးချယ်သီဆိုခြင်း မရှိ တော့အောင် ကာကွယ်သည့်သဘောဖြစ်သည်။ အကယ်၍ ရက်အနည်းငယ်က သီဆိုပြီးသောသီချင်းသည် ယခု နေ့အတွက် အလွန်သင့်လျော်သည်ဆိုလျှင် တုန့်ဆိုင်းခြင်းမရှိဘဲ ထိုသီချင်းကို ရွေးချယ်သီဆိုနိုင်ပါသည်။ နှုတ်က ပတ်တော်တရားဟောပြောရန် ကျွန်ုပ်ပြင်ဆင်သည့်အခါတိုင်း ၄င်းနှင့်ကိုက်ညီမည်ထင်သည့် သီချင်းခေါင်းစဉ် များကိုလည်း တစ်ပါတည်းရွေးချယ်ထားတတ်ပါသည်။ မျှော်လင့်ထားသည်ထက်ကိုက်ညီသည့် သီချင်းများ ကိုရှာဖွေတွေ့ရှိသည့်အတွက် ၄င်းတို့အနက် မည်သည့်သီချင်းက သီဆိုခဲ့ပြီးသောသီချင်းဖြစ်၍၊ မည်သည့်သီချင်း က သီဆိုခြင်း မရှိသေးဟူ၍ ပြန်လည် ရွေးချယ်ရပြန်သည်။

အသင်းသူအသင်းသားများအတွင်း အချို့သောသူများမှာ အခြားသူများထက် နားလေးတတ်ကြ သည့်အတွက် သီချင်းနံပါတ်များကို နှစ်ကြိမ်အော်ခေါ်ပေးခြင်းက အလွန်အထောက်အကူပြုပါသည်။ တစ်ခါတစ်ရံတွင် အသင်းတော်သို့ ပထမဆုံးအကြိမ်ရောက်လာသော သူများအနေနှင့်ဝတ်ပြုစည်းဝေးခြင်း ကျွန်ုပ်တို့၏ အသံကိုနားမယဉ်သေးသည် အခြေအနေမျိုးလည်း ရှိတတ်သည်။ သီချင်းနံပါတ်ကို ကြေညာလိုက် သည်နှင့် တစ်ပြိုင်နက် ထိုသီချင်း၏ အရှေ့ဆုံးစာသားတစ်ကြောင်း နှစ်ကြောင်းလောက်ကို ဆက်လက်၍ ဖတ် ပေးပါ။ “ယေရှုမြတ်နာမ” ဟု ဆိုသည်ထက် “ယေရှုမြတ်နာမချိုသာလှ” ဟု တိုင်ပေးခြင်းက ပို၍ ထိရောက်မှု ရှိပါ သည်။ အရေးကြီးသည့်အချက်မှာ ဖတ်ရွက်လိုက်သည့်စာကြောင်းသည် အဓိပ္ပါယ်ပြည့်ပြည့်စုံစုံ ဖြစ်ရမည်။ တချို့ သော သီချင်းများအတွက် ချို့ယွင်းချက်ရှိနိုင်ပါသည်။

သီချင်းဦးဆောင်ခြင်းအားဖြင့် ပရိတ်သတ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ဦးဆာင်ရန် ကျွန်ုပ်တို့ မည်မျှ ပင် စိတ်ဆန္ဒကြီးမားပါစေ ကျွန်ုပ်တို့ကိုယ်တိုင်သည် ၄င်းတို့၏အာရုံကိုစုစည်းစေမည့် အဓိက မျက်စိဖြင့် မြင်နိုင် သော အရာများဖြစ်သည်ကို မမေ့လိုက်ပါနှင့်။ သီချင်းများကို ကျွန်ုပ်တို့ရွေးချယ်ရာတွင် ဖြစ်စေ၊ သီဆိုရာတွင် ဖြစ်စေ ကျွန်ုပ်တို့သည် ဘုရားသခင်ထံပါး စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းယဇ်ကို ယူဆောင်နေသည့် ပုံဥပမာကို ပြသရင်း၊ ၄င်းတို့သည်လည်း ကျွန်ုပ်တို့နှင့်အတူ စီးမြောလာကြစေရန် ဦးဆောင်နိုင်ရမည်။ အပေါ်ယံ သီချင်းဆို ခြင်းကို တွေ့မြင်နိုင်သည့် အချိန်အခါမျိုးမှာ နောက်ကျ၍ဖြစ်စေ၊ စောနေသေး၍ဖြစ်စေ သို့မဟုတ် အစည်းအဝေး ပြီးသည့်နောက် ကောဖီဖြစ်ဖြစ် နေရာတည်ခင်းရန်အတွက် သီချင်းများကို သီဆိုသည့်အချိန်ဖြစ်သည်။ သီချင်းဆို ခြင်းသည်လည်း ဆုတောင်းခြင်းကဲ့သို့ပင် ဝိညာဉ်ပိုင်းနှင့်ဆိုင်သော လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် အလွန် ရေးကြီးပါသည်။ အကယ်စင်စစ် သီချင်းဆိုခြင်းသည် ဆုတောင်းခြင်းဖြစ်ရာ စကားအားဖြင့်ပြောခြင်းမဟုတ်ဘဲ သီဆိုခြင်းအားဖြင့် ဘုရားသခင်ထံပါ ဟစ်အော်ဆုတောင်းခြင်းတစ်မျိုးပင်ဖြစ်သည်။


လူအများရှေ့ သမ္မာကျမ်းစာ ဖတ်ရွတ်ခြင်း

တိမောသေကို အလေးအနက် ဆွဲကိုင်ထားရန် ရှင်ပေါလု၏ဆုံးမစကားမှာ “ကျမ်းစာကိုဖတ်ခြင်း၏ တိုက် တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းကိုကြိုးစား၍ပြုလော့” ဟူ၍ဖြစ်သည် (၁တိ၊ ၄း၁၃)။ ကျွန်ုပ်၏ အတွေ့အကြုံများကို ပုံသေပြော၍ မရနိုင်သော်လည်း၊ ကျွန်ုပ်ခရီးသွားရောက်သည့် နေရာအများစုတွင် လူအများ ရှေ့ သမ္မာကျမ်းစာ ဖတ်ရွက်ခြင်းကို အရေး တကြီး မလုပ်ဆောင်ကြသည်ကို တွေ့ရသည်။ ကျမ်းစာလုံးဝ ဖတ်ရွက် ခြင်းမရှိဘဲ၊ ကျမ်းညွန်းလောက်ကိုသားပေး၍ တရားဟောမည့်သူက တရားဟောသွားသည့် နေရာမျိုးလည်း ကျွန်ုပ် ရောက်ခဲ့ဖူးပါသည်။ ဤသို့သော အပြုအမူမျိုးကို အကျင့်တစ်ခုသဖွယ်ဖြစ်လာနိုင်ရာ ကျွန်ုပ် လုံးဝ ခွန်အား မပေးပါ။ အခြားသူများနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတူတကွ မတ်တက်ရပ်ရင်း ဖတ်ရွက်၍ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းကို ကျွန်ုပ်အလွန်နှစ်သက်ပါသည်။ သမ္မာကျမ်းစာဖတ်ရွက်ခြင်းနှင့် စပ် လျဉ်း၍ ကျွန်ုပ်သည် အလေးထားသကဲ့သို့ အခွင့်တစ်ခုဖြစ်သည်ဟုလည်း ယုံကြည်သည်။

အများရှေ့သမ္မာကျမ်းစာဖတ်ရွက်ခြင်းသည် ဝတ်ပြုစည်းဝေး၏ တစိတ်တဒေသဖြစ်ရာ ပရိတ်သတ် အား လုံး အလွယ်တကူ ပါဝင်နိုင်သည့် အငန်းအတာလည်း ဖြစ်သည်။ ထို့ကြောင့် ထိုသို့ သမ္မာကျမ်းစာ ဖတ်ရွက်ခြင်း အမှုကိုပြုလုပ်ရာတွင် ဖတ်ရွက်ကြရုံသက်သက်မျိုးမဟုတ်ဘဲ၊ သမ္မာကျမ်းစာ၏ သွန်သင်ခြင်းကို အလေးအနက် ထား သွန်သင်ကြရမည် ဖြစ်သည်။ သမ္မာကျမ်းရွက်ခြင်းအမှုသည်လည်း သီချင်းနံပါတ်များကို ရွေးချယ်သကဲ့သို့ ပင် ပရိတ်သတ်အားလုံး ကြားသိနိုင်စေရန်အတွက် ရှင်းလင်းပျက်သားမှုနှင့် နှစ်ကြိမ်လောက် ကျမ်းညွှန်းကို အော် ခေါ်ပေးမှု စသည်တို့ကို ပြုလုပ်ရမည်။ ကျမ်းစာဖတ်ရွက်သည့် အခါတွင်လည်း ပုရိသတ်များဘက်မှ လိုက်၍ ရွတ် ဖတ်လွယ်စေရန်အတွက် အပိုင်းအပိုင်းဖြတ်၍ ရွက်ဖတ်ခြင်းအမှုကို အကျင့်လုပ်သင့်ပါသည်။ အကယ်၍ ကျွန်ုပ် တို့အသုံးပြုသော ကျမ်းစာအုပ်များ တူညီခြင်းမရှိပါက ပရိတ်သတ်များ စိတ်ရှုပ်ထွေးသွားခြင်းမရှိစေရန် ကြိုတင် ပြောပြထားခြင်းမျိုးလည်း ရှိသင့်ပါသည်။ ရှေ့ထွက်ဖတ်ရမည့်သူများအနေနှင့် ရွေးချယ်ထားသော ကျမ်းချက်ကို အစည်းအဝေးမစမှီကတည်းက ကြိုတင်၍ နားလည်သဘောပေါက်အောင် ဖတ်ထားရပါမည်။ ထိုသို့အား အမှန် တကယ် ရှေ့ထွက် ဖတ်ရွက်သည့်အခါတွင် အဓိပ္ပါယ်ရှိရှိ ဖတ်ရွက်ပေးနိုင်မည် ဖြစ်သည်။ ကျက်သေရေရှိရှိ၊ အား ကြိုးမာန်တတ် ဖတ်ရွက်ကြရန်အတွက် ၄င်းတို့ကို တိုက်တွန်းခွန်အားပေးရမည်။ ဖတ်ရွက်ပြီးသည့်နောက်တွင် လည်း မည်သို့စကားပြောရမည်ဟူ၍ တိုင်ပင်ခြင်းမျိုးကိုလည်း ပြုအပ်ပါသည်။ “ဖတ်ရွက်သွားသည့် ကျမ်းပိုဒ် အားဖြင့် အယောက်စီတိုင်းအပေါ်ဘုရားရှင် ကောင်းကြီးပေးပါစေ” ဟု ဆိုသည့် ရင်းနှီးပြီးသော အသုံးအနှုန်းမျိုး ကြောင့်လည်း သမ္မာကျမ်းစာဖတ်ရွက်ခြင်း၏အရှိန်ကို တခါတရံ ပျောက်သွားစေတတ်ရာ၊ မည်သည့်အရာမျှ မ ပြောဘဲ အဆုံးသတ်လိုက်သည့်အခါမျိုးသည်လည်း ပို၍ကောင်းတတ်ပါသည်။ ရှေ့ထွက်ပြီး သမ္မာကျမ်းစာ ဖတ် ရွတ်မည့်သူအား အစည်းအဝေးမစတင်မှီတွင် အသင်းတော်လူကြီးများ သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာ ခေါင်း ဆောင်များနှင့်အတူ ဝတ်ပြုစည်းဝေး ခြင်းမစမှီတွင် ဆုတောင်းရန် ဖိတ်ခေါ်တတ်ပါသည်။ ထိုသို့ဆုတောင်းခြင်း အားဖြင့် အများရှေ့တွင် ရွက်ဖတ်သော ကျမ်းပိုဒ်အားဖြင့် နှုတ်ကပတ်တော် တရားကို နာခံကြရန်အတွက် ကြားနာ သူတို့၏နှလုံးသားတွင် ဘုရားသခင် ပြင်ဆင်ပေးရန် ဖြစ်သည်။ သူတစ်ပါးကိုသာ ကျမ်းစာဖတ်ရွက်ရန် ကျွန်ုပ်တို့ လွှဲလွှဲချတတ်နေပြီဆိုလျှင် ကျွန်ုပ်တို့၏ စိတ်နေသဘောထားကို ပြန်လည် ဆန်းစစ်၍ ပြင်ဆင်သင့်ပြီဟု ကိုယ့်ကို ကိုယ် နားလည်ထားရမည်။ ဘုန်းတော်ကြီး တေလာစမစ်၏ အတ္တုပတ္တိကို ဖတ်ရွက်ခဲ့ပြီးသည့် နောက် တွင် ကျွန်ုပ်၏ စိတ်နေသဘောထားများ ပြောင်းလဲသွားခဲ့သည်။ သမ္မာကျမ်း စာလေ့လာသင်ယူစဉ် ကျောင်းသား ဘဝတုန်းက ဖြစ်သည်။ အစ်လီင်တုန် အသင်းတော်သို့ သွားရောက်၍ ပါဝင်ကူညီရန် စေလွတ်ခြင်းခံခဲ့ရသည်။ 

“အစည်းအဝေးမစတင်မှီ အရမ်းစိတ်လှုပ်ရှားနေခဲ့ရာ၊ အသင်းတော်တွင် သူလုပ်ဆောင်ရမည့် အပိုင်း အား တာဝန်ကျေပွန်စွာလုပ်ဆောင်နိုင်ရန်အတွက် ဘုရားသခင်ထံမှအကူအညီကို တစ်နာရီကြာမျှ တောင်းခံခဲ့သည်ဟု သူကဆိုသည်။ အသင်းတော်သို့ ရောက်ရှိသွားသည့်အခါတွင် သူ့အား လုပ်ဆောင် ရန် ပေးအပ်သည့်အရာမှာ ကျမ်းစာသင်ခန်းစာ ဖတ်ရွက်ခြင်းသက်သက် ဖြစ်သည်။ ဤသို့ဖြင့် ဗုဒ္ဓဟူးနေ့ သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ သူ့ထံသို့ စာတစ်စောင်ရောက်လာသည်။ ထိုစာထဲတွင် ကျမ်းစာသင်ခန်း စာကို (ရောမသြဝါဒစာ အခန်းကြီး ၈ ဖြစ်သည်) သူဖတ်ရွက်စဉ်က အသင်းတော်၏ အထိန်းတော်ကြီး (နှစ်ကြာရှည် အမှုထမ်းခဲ့ပြီး) ပြောင်းလဲသွား သည့် အကြောင်းကို ထိုအသင်းတော်၏ သင်းအုပ် ဆရာက ဝမ်းမြောက်ဝမ်းသာ သတင်းပေးရေးသားထားခြင်း ဖြစ်သည်။” (E.L. Langston: Bishop Taylor Smith, Marshall, Morgan and Scott, p.33)


အသိပေးခြင်းများ (သို့) သတင်းပေးခြင်းများ

ရေးသားချိတ်ဆွဲထားခြင်းအားဖြင့်၄င်း၊ ကြေညာခြင်းအားဖြင့်၄င်း ပြုလုပ် အပ်သော အသိပေးခြင်းသည် အမြဲတမ်း အတူတကွ စုရုံးလာ ကြသည့် ဘုရားသခင်၏ လူများအကြား အသိပေးခြင်းအပိုင်းအတွက် လက်တွေ့ ကျသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သည်။ ထိုကဲ့သို့ ရေးသားချိတ်ဆွဲထားခြင်း သို့မဟုတ် ကြေညာခြင်းတို့ ကို မပြုလုပ်လိုဘဲ အခြား နည်းလမ်းတစ်ခုမှာ ကွန်ပြူတာဖြင့် ရိုက်နှိပ်၍ တတ်ရောက် လာကြသည့် အယောက် စီတိုင်း၏ လက်ထဲသို့အရောက်ပို့ခြင်း ဖြစ်သည်။ ထိုသို့ လက်ထဲအရောက်ထည့်ပေးရာတွင် သတိပြုရမည့် အရာ များရှိပါသည်။ အစည်းဝေးအစပြုချိန်တွင် အသိပေးစာစောင်ကို လက်ကမ်းနိုင်ပါသည်။ သို့သော် ၄င်းတို့အနေနှင့် ထိုအသိပေးစာထဲ၌ အာရုံ ရောက်သွားတတ်ပြီး ဝတ်ပြုစည်းဝေးအတွက် အာရုံစိုက်မှုလျော့နည်းသွားခြင်းမျိုး ရှိ နိုင်ပါသည်။ အကယ်၍ သတင်းစာစောင်များကို အစည်းဝေးအဆုံး၌ ပေးပြန်လျှင်လည်း စိတ်ကို ကြားနာပြီးသော တရားဒေသနာမှ ပျံလွန်စေပြန်မည်။ အစည်းအဝေးအတွင်း လက်ကမ်းပေးပြန်လျှင်လည်း အစည်းအဝေး၏ အရှိန်ကို အနှောက်အယှက် ဖြစ်စေပြန်သည်။ မည်သို့ပင်ဖြစ်စေကာမူ အကောင်းဆုံးနှင့် အသင့်တော်ဆုံး နည်း လမ်းကို ရွေးချယ်ခြင်းအားဖြင့် အသင်းတော်တွင်း သတင်းများကို အယောက်စီတိုင်း သိထားကြရမည်။ ကျွန်ုပ်တို့ အသင်းတော်တွင် ဗုဒ္ဓဟူးညနေတိုင်း လူငယ်အစီစဉ်ရှိပြီး၊ ကြာသာပတေး ညနေပိုင်းတိုင်း အမျိုးသမီးအစီစဉ် ရှိ သည်ကို အယောက်စီတိုင်းသိထားကြသော်လည်း၊ အနည်းစုကသာ မည်သူမည်ဝါ ဆေးရုံတက်ရောက်နေရသည်၊ မည်သည့်မိသားစုက အလုပ်ကြောင့် အိမ်ပြောင်းရတော့မည်ဖြစ်ရာ ယခုပတ် တနင်္ဂနွေနေ့ဝတ်ပြုစည်းဝေးခြင်း သည် ၄င်းတို့အတွက် နောက်ဆုံးပါဝင်ခြင်းဖြစ်သည်၊ မည်သူနှင့် မည်သူတို့ စေ့စပ်ကြသည်၊ အာဖရိကတိုက်သို့ သွားရောက်ကြသော သာသနာပြုအဖွဲ့များ ကျန်းမာစွာနှင့် ပြန်လည်ရောက်ရှိလာကြသည် စသည်တို့ကို သိထား ကြပါသည်။ အသင်းတော်ကြီးမားလာသည်နှင့်အမျှ အသင်းတော်အတွင်း တစ်ဦးနှင့်တစ်ဦးသိမြင်၍ လိုအပ် သည်များကို ဆုတောင်းပေးရန်မှာလည်း ပိုမိုခက်ခဲလာလေလေဖြစ်ပါသည်။ သို့သော်လည်း ကောင်းမွန်စွာ ပြင် ဆင်ထားသည့် အသင်းတော်တွင် အသိပေး သတင်းစာစောင်များက အသင်းတော်အတွင်း မိသားစုစိတ်ဓာတ်ကို ခိုင်မာစေတတ်ပါသည်။ ဤသို့ဖြင့် အသင်းသူအသင်းသားများအားလုံး အသိပေးစာရွက်များကို နားထောင်ကြ သည်။


လူအများရှေ့ ဆုတောင်းခြင်း

တရားဒေနာဟောကြားရန် ပြင်ဆင်ခြင်းအတွက် အရေးကြီးသည့်နည်းတူ လူအများရှေ့ ဆုတောင်းခြင်း အတွက် မိမိကိုယ်ကိုပြင်ဆင်ခြင်းသည် အရေးကြီးပါသည်။ နှုတ်မြွတ်ရုံသက်သက်မဟုတ်ဘဲ နှလုံးသားမှ အမှန် တကယ်ဆုတောင်းနိုင်ရန်အတွက် အစဉ်သတိရှိရန် လိုအပ်ပါသည်။ ပထမဆုံး ကျွန်ုပ်တို့ ဆုတောင်းသည့်အခါ တွင် ဘုရားသခင်အား ကိုးကွယ်ခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်းနှင့် ဘုရားသခင်၏မျက်မှောက်တော်ကို ဆာ ငတ်ခြင်းတို့ကို ဖော်ပြရန်ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။ အခြားသောအကြောင်းအရာများ ထပ်လောင်းပါဝင် နိုင်သကဲ့သို့ အထက်ဖော်ပြပါအချက်များသည်လည်း အစီစဉ်ကျကျဖြစ်နေရမည်ဟု သတ်မှတ်ရန်လည်း မဟုတ် ပါပေ။ သို့သော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်အတွက် ကမ္ဘာဦးကတည်းက ဖန်ဆင်းခြင်းခံ၍၊ ခရစ်တော်၌အသစ်တဖန် ပြန်လည်ဖန်ဆင်းခြင်းခံရသောသူများဖြစ်ရာ၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ ရန်ဆိုသည့် ရည်ရွယ်ချက်က ဆုတောင်းခြင်း၏အခြေခံအုတ်မြစ် ဖြစ်နေရမည်။ ဘုရားသခင်နှင့် သားတော်ကိုး ကွယ်ခြင်းအမှုထက် မည်သည့်အရာမျှ ယုံကြည်သူတို့၏နှလုံးသားကို ပြင်ဆင်မှုမပေးနိုင်ပါ။ ထိုသို့ ကိုးကွယ်နေ ရင်းဖြင့် အားလုံးမဟုတ်လျှင်ပင် အများစုမှာ ၄င်းတို့၏အပြစ်ကြီးမားပုံနှင့် ဝန်ချတောင်းပန်ရန် လိုအပ်ခြင်းများ ကို တွေ့မြင်လာကြသည်။ အချို့သောသူများဆိုလျင် ဘုရားသခင်က ၄င်းတို့ကိုလက်ခံနိုင်ပါ့မလား ဆိုပြီး ယုံကြည် ရခက်နေနိုင်သည်။ ထိုသို့သောလူများကို ကျွန်ုပ်တို့၏စိတ်နှလုံးတွင်ထား၍ ဘုရားသခင်၏ တရားပလ္လင် ရှေ့တော် သို့ တိုးဝင်ချဉ်းကပ်ရင်း ခွင့်လွှတ်ခြင်း ကတိတော်အတွက် အသနားခံကြရမည် ဖြစ်သည်။ အကယ်၍ အစည်းဝေး အစပိုင်းတွင် ဝန်ချတောင်းပန်ခြင်းများ ပြုလုပ်ခြင်းမရှိထားပါက အစည်းဝေးတလျှောက် တစ်စုံတစ်ဦးသည် ၄င်း ၏အပြစ်များအတွက် အခက်ခဲရှိနေနိုင်ပါသည်။ ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူရှိခြင်းသည် ကျွန်ုပ်တို့၏ ခံစား ချက်များပေါ်တွင်မူတည်ခြင်း မရှိသော်လည်း၊ ကိုယ်တော် ကျွန်ုပ်တို့နှင့်အတူရှိနေခြင်းကို ခံစားခွင့်ပေးပါသည်။ ကျွန်ုပ်တို့အနေနှင့် အယောက်စီတိုင်းသည် ဘုရားသခင်ကျွန်ုပ်တို့နှင့်အတူ အမြဲရှိသည် ဆိုသည့် အတွေ့အကြုံကို ခံစား နိုင်စေရန် ဆုတောင်းကြရမည် ဖြစ်သည်။

ဒုတိယအနေနှင့် ကျွန်ုပ်တို့၏ဆုတောင်းခြင်းမှာ အခြားသူများအတွက် ကိုယ်စား ဆုတောင်းပေးခြင်း ဖြစ် 

သည်။ ကျွန်ုပ်တို့အတွက်ပင် ဆုတောင်းရန် မထိုက်တန်ပါဟု ခံစားတတ်ပါသော်လည်း၊ ကျွန်ုပ်တို့အား အစိုးရ သည့် သူများအပါအဝင် အခြားသူများတို့အတွက် ကျွန်ုပ်တို့ အမြဲတမ်း ဆုတောင်းပေးရပါမည် (၁တိ၊ ၂း၁)။ အများ ရှေ့ ဆုတောင်းခြင်း၏တန်ခိုးမှာ တစ်စုံတစ်ယောက်က ရှေ့မှဆုတောင်းနေစဉ် အခြားသူများသည်လည်း ၄င်းနှင့်အတူ လျှို့ဝှက်ဆုတောင်းကြပြီး “အာမင်” ဟူ၍ အတူတကွ အဆုံးသတ်ခြင်း၌ ပေါ်လွင်ပါသည်။ ဆုမတောင်းခင် တောင်းလျှောက်သွားမည့် အချက်များနှင့် အဘယ့်ကြောင့်ဆုတောင်းပေးရမည် ဆိုသည့်အချက် များကို ပြောပြပေးခြင်းအားဖြင့် ပရိတ်သတ်တို့ကိုလည်း သင်၏ဆုတောင်းခြင်း၌ အလွယ်တကူ ပူးတွဲပါဝင် လာစေနိုင်မည် ဖြစ်သည်။ ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများသည် အမှန် တကယ် ဆက်နွယ်မှု ရှိနေခြင်းကို ပိုမိုသိလေလေ ဆုတောင်းခြင်းအမှုသည် ပို၍အဓိပ္ပါယ်ရှိ လေလေဖြစ်သည်။ ဤအတွေ့အကြုံနှင့် ပတ်သတ်၍ ကျွန်ုပ်တွေ့မြင်ခံစားခဲ့ဖူးပါသည်။ အမှုတော်ဆောင်ခါစအချိန်တွင်ဖြစ်သည်၊ တစ်နေ့သော အားလပ် ရက်၌ အထင်ကရရှိသော အသင်းတော်တစ်ပါးသို့ သွားရောက်ပါဝင်ခဲ့သည်။ စောစီးစွာ ထိုအသင်းတော်သို့ ကျွန်ုပ်တို့ ရောက်ရှိသွားပါသော်လည်း ဝတ်ပြုစည်းဝေးရာခန်းမကြီးထဲ၌ နေရာမရှိတော့သဖြင့် အပြင်တစ်နေရာ၌ သာ နေရာယူခဲ့ရသည်။ တရားဒေသနာဆရာကို ထိုနေ့၌ ကျွန်ုပ်မတွေ့လိုက်ရပေ။ ထိုနေရာမှာ တီဗီရှိပါသော်လည်း၊ ရုပ်ကိုမမြင်ရ အသံသာ ကြားနေရသည်။ ကျွန်ုပ် မှတ်ထားအမိဆုံးသော အဖြစ်အပျက် တစ်ခုမှာ အသင်းသားထဲမှ တစ်စုံတစ်ဦးက ၄င်းရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ဆုတောင်း ချက် တင်ပြထားရာ၊ ထိုအရာနှင့်စပ်လျဉ်း၍ ဆုတောင်းပေးရန်အတွက် တရားဒေသနာဆရာက အစပြုပြောဆို နေသည့် အချိန်ဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့ မည်သို့မည်ပုံဆုတောင်းရသည်နှင့်ပတ်သက်၍ မည်သို့ သူ၏ယုံကြည်ကြောင်းကို အတိုချုပ်ပြောသွားခဲ့သည်။ တရားဒေသနာဆရာကို ကျွန်ုပ်မတွေ့ခဲ့ရပါသော်လည်း အခက်အခဲကြုံနေရသည့် အသင်းသားအပေါ် ၄င်းထားရှိသည့် စိတ်နေသဘောထားကို ကျွန်ုပ်နားလည်ခဲ့သည်။ ၄င်းနည်းတူ အသင်းသူ အသင်းသားအားလုံး အတူတကွ ခံစားပါဝင်ခဲ့ကြသည်ကို ကျွန်ုပ်ကောင်းကောင်း ခံစားခဲ့ ရသည်။ ထိုကဲ့သို့ ဆုတောင်းခြင်းတစ်ခုတည်းကပင် ဘုရားသခင်၏မိသားစုဝင်များ ဖြစ်ရခြင်း၏ အကျိုးကျေးဇူး ကို သတိရခံစားစေခဲ့ ရာ ကျွန်ုပ်အတွက် တစ်သက်မမေ့နိုင်တော့သောအတွေ့ အကြုံတစ်ခု ဖြစ်ခဲ့ပါသည်။

ဆုတောင်းပေးသောကိစ္စများနှင့် ရည်ရွယ်ချက်များသည်လည်း အလွန်အရေးကြီးပါသည်။ အများရှေ့ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းသည် အရေးပေါ်ကိစ္စများအတွက်သာမဟုတ်ဘဲ၊ ဝိညာဉ်ပိုင်းဆိုင်ရာ ဦးစားပေး ဖြစ် သည့် ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားခြင်း၊ သန့်ရှင်းသောအသက်တာ၊ ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ကျွန်ုပ်တို့၏ ပတ် ဝန်းကျင်များအတွက်လည်း ဖြစ်ရပါမည်။ ကျွန်ုပ်၏ လုပ်နေကျအလေ့အထတစ်ခုမှာ အပတ်စဉ်တိုင်းအတွက် စာအိတ်နှစ်အိတ်စီဆိုပြီး စာအိတ်ပေါင်း ၁၀၂ အိတ်ကို ပြင်ဆင်ထားသည်။ ထိုစာအိတ်များထဲတွင် တရားဒေသနာ ပြင်ဆင်နေရင်းမှ စိတ်ထဲတွင်ပေါ်လာသည့် ဆုတောင်းချက်များကို ရေးချတတ်ပါသည်။ အခြားသူများကို ဆု တောင်းပေးရန်အတွက် အချက်လေးချက်ကို သေသေချာချာ ကျွန်ုပ်ရွေးချယ်ထားတတ်ပါသည်။ အပတ်စဉ် ရွေး ချယ်သော ဆုတောင်းချက်များ တစ်ခုနှင့်တစ်ခု မတူရလေအောင် ရွေးချယ်ရပါသည်။ ရွေးချယ်ထားသော ဆု တောင်းချက်များကို တသက်မှတ်တည်း အသုံးပြုရန်မဟုတ်ဘဲ၊ တစ်ခါတစ်ရံ အစည်းအဝေးမစမှီတွင် ပေါ်လာ သည့် ဆုတောင်းချက်တစ်ချို့လည်း ရှိတတ်ရာ၊ ထိုဆုတောင်းချက်များကို ဆုတောင်းဖြစ်သည့် အချိန်များလည်း ရှိတတ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းအမှုကို စည်းကမ်းရှိစေ၍၊ ဖြစ်ပျက်နေသည့် အကျိုးအကြောင်းများနှင့် ဆက်နွယ်မှုရှိနေရာ ဆုတောင်းခြင်းကို အသက်ဝင်စေပါသည်။

အများရှေ့ ဆုတောင်းခြင်းတွင် အသုံးပြုသော အသုံးအနှုန်းများ ဝေဖန်မှုများရှိတတ်ရာ နူးညံ့သိမ်မွေ့စွာ အသုံးပြုတတ်ရန်မှာ အလွန်အရေးကြီးပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ နှလုံးသားကို ကြည့်တော်မူသည့် အတွက်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးခံစားချက်များသည်၊ ကျွန်ုပ်တို့ အသုံးပြုသော စကားလုံးအသုံးအနှုန်းများထက် ပို၍ အရေးကြီးသည်။ သို့သော်လည်း၊ ဆုတောင်းရာ၌ အသုံးပြုသော အသုံးအနှုန်းများအား ကြားရသူ အယောက် စီတိုင်းအတွက် ထိမိလဲစရာမဟုတ်ဘဲ၊ ထိမိတည်ဆောက်စရာ ဖြစ်စေရန်အတွက် ကျွန်ုပ်တို့ အလေးအနက်ထား ကြရမည်။ “ကိုယ်တော်ဘုရား၊‘ကိုယ်တော်ဘုရား၏” သို့မဟုတ် “အရှင်ဘုရား”၊ ‘အရှင်ဘုရား၏” ဟူ၍ စကား အသုံးအနှုန်းများကို ကျွန်ုပ်တို့အတွက် ကိုက်ညီ၍ ပုံမှန်အသုံးပြုနိုင်မည့် အသုံးအနှုန်းများအား ရွေးချယ်ထား သင့်သည်။ အဆင်ပြေလျှင်ပြေသလို အသုံးပြုသွားမည်ဆိုသည့် စိတ်နေသဘောထားမျိုးသည် မသင့်တော်ပါပေ။ “ကိုယ်တော်ရှင်ဘုရား”၊ “ဆုတောင်းပါ၏” “အော်ကိုယ်တော်၊” စသည့်စကားလုံးများကို ကျွန်ုပ်တို့ ဆုတောင်းရာ တွင် ကြိမ်ဖန်များစွာ အသုံးပြုတတ်ကြသည်ကို သင်သတိပြုမိပါလိမ့်မည်။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများသည် လူထုထံသို့ ရွတ်ပြခြင်းမျိုးမဟုတ်ဘဲ၊ ဘုရားသခင်ထံသို့ အမှန်တကယ် တောင်းလျှောက်ခြင်းမျိုး ဖြစ်သင့်ပါ သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ဆုတောင်းနေကြသည့်အတွက် “ကျွန်ုပ်တို့ ဆုတောင်းပါ၏” ဟူ၍ တောက်လျှောက် ဆုတောင်းနေချိန်တိုင်း စကားဆက်တစ်ခုအဖြစ် အသုံးမပြုသင့်ပါ။ ဤသို့ဖြင့် ကျွန်ုပ်တို့၏ ဘုရားသခင်ထံ အာရုံ မပြုတော့သည့် ဆုတောင်းခြင်းပုံစံများသည် ကျွန်ုပ်တို့သတိမထားမိလိုက်သည့် အခိုက်အတန့်လေးအတွင်းမှာပင် အကျင့်တစ်ခုကဲ့သို့ တွယ်ကပ်သွားတတ်ပါသည်။ ဤအရာနှင့်ပတ်သက်၍လည်း မည်သူကမျှ မထောက်ပြရဲ တော့ဘဲ တစ်သက်လုံးဆွဲကပ် ထင်ကျန်နေသည့် အခြေအနေထိပင် ဖြစ်နိုင်ပါသည်။

အစည်းအဝေးတစ်ခု၏ အစိတ်အပိုင်းအားလုံး သို့မဟုတ် ဘုရားသခင်၏လူများ စုရုံးခြင်းအကြောင်း သည် အယောက်စီတိုင်းအတွက် ကျေးဇူးတရားခံစားစေရန် ဖြစ်ရမည်။ ဂုဏ်တော်ချီးမွမ်းခြင်း၊ ကျမ်းစာဖတ်ရွက် ခြင်း၊ သင်ကြားပို့ချခြင်းနှင့် တရားဟောကြားခြင်းဟူ၍ ကဏ္ဍတစ်ခုစီတိုင်းမှ ဘုရားသခင်အား စောင့်မျှော်သော သူတိုင်း နှုတ်ကပတ်တော် ခွန်အားရရှိကြရမည်။ တစ်ပတ်တာ အစည်းအဝေးအတွက် တစ်ပတ်တာ ကြိုတင်၍ ပြင်ဆင်ထားရသည်မှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပါသည်။ သမ္မာကျမ်းစာဖတ်ရွက်ခြင်းက ဝတ်ပြုကိုးကွယ် ခြင်းဆီသို့ စီးမျောသွားစေသည့် ကျမ်းချက်ဖြစ်ရမည်။ သာသနာပြုတစ်ဦး၏ ဆုတောင်းချက် ပေးပို့စာ သို့မဟုတ် အသင်းသားတစ်ဦးဦး၏ ဆုတောင်းချက်တင်ပြခြင်းတို့က ကျွန်ုပ်တို့၏ဆုတောင်းခြင်းအသက်တာကို တောက် လောင်စေရမည်။ ဝတ်ပြုစည်းဝေးခြင်း၌ ဘုရားသခင်၏လူများကို ဦးဆောင်ရာ၌ အကောင်းဆုံးသော တစ်ခု တည်းသောနည်းလမ်းမှာ ကျွန်ုပ်တို့နှင့်ဘုရားသခင်ကြား အချိန်ယူလျှောက်လှမ်းမှုကို ပြင်ဆင်ခြင်းဖြစ်သည်။ ရို ဘတ်မူရီးအန်ချဲနီ၏ အသင်းသူအသင်းသားများက ၄င်းတို့၏သင်းအုပ်ဆရာ တရားဟောရန်ထွက်လာသည့် အချိန်တိုင်း သူသည် ဘုရားသခင်၏ရှေ့တော်မှ တည့်တည့်မတ်မတ် လျှောက်လာခြင်းဖြစ်သည်ဟု အားလုံးက သိ မှတ်ကြသည်မှာ အံ့ဖွယ်ဖြစ်ပါသည်။











အခန်း ၁၁


ဦးဆောင်ရမည့် တာဝန်ဝတ္တရား

ခရစ်တော်၏သိုးစုများအား ထိန်းကျောင်းသောသူသည် ကိုယ်တော်၏သိုးများကို ဦးဆောင်ရမည် ဖြစ် သည်။ ခေါင်းဆောင်မှုသည် ဘုရားသခင်၏လူများကို ထိန်းကျောင်းသွန်သင်ပေးမည့် သူများအား ပေးအပ်ထား သည့် တာဝန်ဝတ္တရားဖြစ်သည်။ မြောက်များစွာသောအချိန်များတွင် ကျွန်ုပ်တို့၏ ခေါင်းဆောင်မှုဝန်တာသည် လျစ်လျူရှုခြင်းကိုခံ၍ ဝမ်းနည်းစရာအကျိုးရလဒ်များကို ပေါက်ပွားစေခဲ့မှာ မျက်ဝါးထင်ထင် ရှိခဲ့ပါသည်။ ၁၉၄၅ ခုတွင် အင်္ဂလန်နိုင်ငံအသင်းတော်၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လေ့လာသုံးသပ်ချက်တွင် ဤသို့ဆိုထားပါ သည် – “လူတစ်ဦး၏ ရူပါရုံ၊ အမြင်၊ လုပ်ဆောင်မှုတို့ကြောင့် နေရာတိုင်းတွင် အတူညီသည့် အခြေအမျိုးကို တွေ့ မြင်နိုင်ပါသည်။ အကယ်စင်စစ် ဝိညာဉ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များသည် အခြေအနေအရပ်ရပ်ကို ပြောင်းလဲနိုင် သည့် အရည်အချင်းများ ရှိနေကြသော်လည်း၊ အထူးသဖြင့် ရွာငယ်လေးများတွင် ခေါင်းဆောင်မှုဆောင်ရာ အား နည်းချက်တို့ကြောင့် ဖြစ်သင့် ပြောင်းလဲသင့်သလောက် ပြောင်းလဲတိုးတက်ခြင်းမရှိဘဲ ဖြစ်နေရသည်” (Towards the Conversion of England, p.3)။ 

ယနေ့ခေတ်တွင် အရာများစွာ ပြောင်းလဲခဲ့ပြီ ဆိုသော်လည်း၊ ခေါင်းဆောင်မှုအတွက် လိုအပ်၍ အရေးပါ သော နည်းစနစ်မှာ ယနေ့တိုင် ပြောင်းလဲခြင်း မရှိသေးပေ။ ဘယ်သော အခါမျှ ခေါင်းဆောင်များ၏ ဝိညာဉ်ပိုင်း ဆိုင်ရာ တိုးတက်မှုထက်ပို၍ ယေရှုခရစ်တော်၏ အသင်းတော်သည် တိုး တက်နိုင်မည် မဟုတ်ပါ။ အသင်းအဖွဲ့ တစ်ခုစီတိုင်း၌ အသင်းခေါင်းဆောင်တစ်ယောက် အမြဲရှိသည်။ အဖွဲ့ဝင် အယောက်စီတိုင်းသည် တန်းတူ အရေး ကြီးသည် ဆိုသော်လည်း တစ်စုံတစ်ယောက်က ဦးကို ဦးဆောင်ရမည်ဖြစ်သည်။ တူရိယာဝိုင်း တစ်ခုစီတိုင်းတွင် ၄င်းတို့ကို ဦးဆောင်သည့် ဂီတမှူးတစ်ဦးရှိရမည်။ ဦးဆောင်သူမရှိပါက၊ အသင်းတစ်သင်းသည် လားရာမရှိ၊ စည်းမရှိဖြစ်သည်။ ဂီတမှူး မရှိသော တူရိယာဝိုင်းသည်လည်း အရှက်ကွဲရုံမှတပါး အခြားရစရာ မရှိပါ။ ဘုရား သခင်၏ လူများ၌လည်း ထိုကဲ့သို့ပင် ဖြစ်ပါသည်။ သုံးနှစ်ကြာမျှ ယေရှု ခရစ်တော်သည် သူ၏တပည့်တော်များနှင့် အတူ ဤလောက၌ ကျင်လည် ခဲ့စဉ်က ကိုယ်တော်သည် ခေါင်းဆောင်ဖြစ်ခဲ့သည်။ ကောင်းကင်သို့ ပြန်လည် ကြွသွားသည့်နောက်တွင် တပည့်တော်များအကြား ပေတရုသည် ဦးဆောင် သူဖြစ်လာခဲ့သည်။ ထို့ပြင် ပေတရုနှင့် အခြားသောတပည့်တော်များသည် ၄င်းတို့ စတင် တည်ထောင်ခဲ့သောအသင်းတော်များ၌ ခေါင်းဆောင်နိုင်မည့် သူများကို ခေါင်းဆောင်ခန့်အပ်ခဲ့ကြပြန် သည်။ တမန် တော်ရှင်ပေါလုက အသင်းတော်တစ်ပါး၌ သင့်တော်သည့် ခေါင်းဆောင်ခြင်းမရှိပါက ကိစ္စအားလုံး ဗုံတို့သည် အစီစဉ်ကျမဖြစ်နိုင်ကြောင်းကို တိတုအား ရှင်းပြပြောဆိုခဲ့ သည် (တိတု၊ ၁း၅)။ ကောင်းမွန်သည့် ခေါင်းဆောင် ခြင်းမရှိသည့်နေရာတိုင်း၌ ပျက်ဆီးရှုံးဆုံးခြင်းသည် အလိုလို လိုက်လာတတ်ပါသည်။ အသင်းတော်၏ မဖြေရှင်း နိုင်သော ပြဿနာပေါင်းများစွာကို နောက်ကြောင်းလိုက်ပါ မည်ဆိုလျှင် ထိရောက်မှုမရှိသည့် ခေါင်းဆောင်မှုကို ပြန်လည် ခြေရာခံမိမည် အမှန်ဖြစ်သည်။


ခေါင်းဆောင်မှုဆိုသည်မှာ ဆုကျေးဇူး ဖြစ်သကဲ့သို့ခေါ်ဆိုခြင်းလည်း ဖြစ်သည်

ခေါင်းဆောင်မှုဆိုသည်မှာ အခြားသော ဝိညာဉ်ဆုကျေးဇူးများကဲ့သို့ပင်၊ ခရစ်တော်၏ ခန္ဓာကိုယ်ဖြစ် သော အသင်းတော်တည်ဆောက်ခြင်း အလို့ငှါ ဖြစ်သည်။ ထို့ကြောင့် ဦးဆောင်ရန်အတွက် ကျွန်ုပ်တို့ ခေါ်ဆိုခြင်း ခံရပါသည်ဆိုလျှင် မိမိကိုယ်ကို စိတ်ကြီးဝင်၍ လုပ်ဆောင်နေရသည်ဟု မထင်မှတ်သင့်ပါ။ ခရစ်တော်၏ ကိုယ် ခန္ဓာ၌ ဝတ္တရားရှိသော သင်းအုပ်ဆရာနှင့် ဓမ္မဆရာစကားလုံးနှစ်လုံးတို့သည် ခေါင်းဆောင်မှု၏ လုပ်ဆောင်ချက် များကို ဖော်ပြနေသည် မဟုတ်ပါလား။ သိုးထိန်းတစ်ဦး၏တာဝန်မှာ  ၄င်း၏သိုးတို့ကို စိမ်းလန်းနေသော ကျက် စားရာအရပ်သို့ ဦးဆောင်ရမည်ဖြစ်သကဲ့သို့ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင်လည်း လုံခြုံ အောင် ကွယ်ကာရမည်ဖြစ်သည်။ အချိန်တိုင်း ၄င်း၏သိုးစုများ ကောင်းကျိုးအတွက် ဦးဆောင်၍ လုပ်ဆောင်ရ မည့်သူ ဖြစ်သည်။ ဓမ္မဆရာသည်လည်း ၄င်း၏ ဆုံးမသွန်သင်ပေးခြင်းအားဖြင့် ဦးဆောင်ရမည် ဖြစ်သည်။ မိမိတို့၏တွေးခေါ်ယူဆချက်များ မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှန်ကန်စွာ ပို့ချပေးရမည့်အတွက် ခရစ်ယာန် လောက၌ ကျင်လည်သော ဓမ္မဆရာများအနေနှင့် တိကျသေချာ မှုရှိ နေရမည် (၁ပေ၊ ၄း၁၁)။

အသင်းတော်တွင်း ခေါင်းဆောင်မှုအခန်းတွင် တစ်ဦးတစ်ယောက်တည်းက ဦးဆောင်ခြင်းမျိုး မဟုတ်ဘဲ မျှမျှတတ ခွဲခန့်ထားခြင်းမျိုး ရှိနေ ရမည်။ ဤသည်မှာ ကနဦးအသင်းတော်များ၌လည်း ပြုကျင့်ခဲ့ကြသည့် ပုံစံမျိုး ဖြစ်သည် (တမန်၊ ၁၄း၂၃)။ ခေါင်းဆောင်များအနေနှင့် ၄င်းတို့၏အသင်းဝင်များထဲမှ တစ်ဦးဦးသည်လည်း ခေါင်း ဆောင်ဖြစ်သည်ကိုလည်း အထူးအလေးထား သတိပြုရန် လိုအပ်ပါသည်။ ဤသည်မှာ အသင်းတော်အတွင်း အထူးစီမံထားသော ဖွဲ့စည်းပုံဖြစ်သည့်အတွက်ကြောင့် ကျွန်ုပ်တို့အနေနှင့် လစ်လျူမရှုသင့်ပါပေ။ ခင်ပွန်းသည် နှင့်ဇနီးသည်တို့သည် တန်းတူဖြစ်ကြသော်လည်း ခေါင်းဆောင်မှုအပိုင်းသည် ခင်ပွန်းသည်အပေါ်၌ မူတည်နေ သည်။ သားသမီးများအားလုံးသည် အရေးပါသောသူများ ဖြစ်ကြပါသော်လည်း ပြဿနာများဖြစ်လာသည့် အချိန် တိုင်း ကျွန်ုပ်တို့အရင်ဆုံး မေးမြန်းတတ်ကြသည်ပင်။ တစ်ချို့သော အခြေအနေမျိုးတွင် အကြီးဆုံးကို ကျွန်ုပ်တို့ လုပ်ဖော်ဆောင်ဖက်များကို ဦးဆောင်ရန်အတွက် “သင်းအုပ်ဆရာ” တစ်ဦးတည်းက လက်တွဲညီသော ခေါင်းဆောင်မှုအခန်းကဏ္ဍများရှိလာရန် ဦးဆောင်လမ်းပြရမည့် အခြေအနေမျိုးလည်း ရှိသင့်သည့် အချိန်များ လည်း ရှိပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အသင်းအဖွဲ့တစ်ခုစီတိုင်း၌ ခေါင်းဆောင်တစ်ဦးတော့ အမှန်ရှိနေရပါ သည်။ ခေါင်းဆောင်များကပင်လျှင် ၄င်းတို့ကိုယ်၄င်းတို့ ခေါင်းဆောင်ဖြစ်သည်ဟု အခေါ်မခံချင်ကြပါသော်လည်း အရေးကြုံလာသည့် အခါတိုင်း ခါးစီးခံ၍ ရှေ့ထွက်လာတတ်ကြရာ အသင်းဝင် တစ်ယောက်စီတိုင်းက ၄င်းကို အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သည်ဟု သတ်မှတ်ကြသည်ပင် ဖြစ်သည်။ သို့သော်လည်း ခေါင်းဆောင်များ အနေနှင့် ၄င်းတို့ကို ဦးဆောင်ရမည့် သူတစ်စုံတစ်ဦးအား သတ်သတ်မှတ်မှတ် ရွေးချယ်သင့်ပါသည်။ ထိုကဲ့သို့ သတ်မှတ်ရွေးချယ်ခြင်းက နားလည်မှုလွဲမှားခြင်းများနှင့် ပြဿနာများကို ကြိုတင်ရှောင်ရှားထားနိုင်စေသည်။ ခေါင်းဆောင်မှ အခန်းကဏ္ဍ၌ ထိရောက်စွာ ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ဥက္ကဌ (သို့) ဆုံးဖြတ်ပေးမည့် ဦး ဆောင်သူ တစ်ဦးတစ်ယောက်ရှိရန်လိုအပ်သည်။ ခေါင်းဆောင်ခြင်းအမှုကို ရှောင်လွှဲခြင်းအမှုသည် အသက်ရှင် ခြင်းအကြောင်းကို ငြင်းပယ်ခြင်း သို့မဟုတ် နှုတ်ကပတ်တော်တရားကို ငြင်းပယ်ခြင်း ပင်ဖြစ်သည်။

ဓမ္မသစ်ကျမ်းတွင် ခေါင်းဆောင်မှုနှင့်ပတ်သက်၍ အလေးအနက်ဖော်ပြထားသည်ကို တွေ့မြင်နိုင်ပါ သည်။ “သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသောအမှုအရာကို တောင့်တသည်ဟူသော စကား သည် မှန်သောစကားဖြစ်၏။” ဟူသည့် ကျမ်းချက်က ကနဦးအသင်း တော်၏ ခေါင်းဆောင်ခြင်းအပေါ် ယေဘုယျ လက်ခံသည့်သဘောကို တွေ့မြင်နိုင်ပါသည် (၁တိ၊ ၃း၁)။ ရောမ ၁၂ တွင်လည်း ရှင်ပေါလုက တစ်စုံတစ်ဦး၏ ဆု ကျေးဇူးသည် ခေါင်းဆောင်အရာဖြစ်နေသည်ဆိုလျှင် ထိုဝတ္တရား၏ ကြောက်စရာကောင်းသော စုံစမ်းနှောက် ယှက်ခြင်းများနှင့် ကြီးလေးသောဝတ္တရားသဘောအကြောင့် “လုံ့လဝိရိယနှင့်အုပ်ချုပ်စေ” (အငယ် ၈) ဟု အလေး အနက် တိုက်တွန်းထားပြန်သည်။

ကျွန်ုပ်တို့အနေနှင့် ဦးဆောင်ရန်အတွက် မယုံကြည်သူများကဲ့သို့ ကြောက်ရွံ့မနေသင့်ပါ။ ခရစ်ယာန် ခေါင်းဆောင်မှုသည် ခရစ်တော်၏ပုံဥပမာ၌အခြေပြုနေပါသည်။ သခင်ခရစ်တော်၏ သာသနာပြုခြင်းကို ပြန် လည်ကြည့်ရှုမည်ဆိုလျှင် သူသည် ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို အထင်အရှား တဘက်တွင်လည်း အစေခံ ကျွန်တစ်ဦး ဖြစ်ပေသည်။ ဤသဘောတရားကို ၄င်း၏ တပည့်တော်များ၏ ခြေကိုဆေးကြောခြင်းအားဖြင့် ဖော် ပြပေးခဲ့သည် (ယော ၁၃)။ ကိုယ်တော်၏ပုံဥပမာကို ကျွန်ုပ်တို့လိုက်လျှောက်ပါလျှင် ဝိညာဉ်ပိုင်းဆိုင်ရာ ခေါင်း ဆောင်မှုတွင် ကျွန်ုပ်တို့သည် အမှန်ထိရောက်မှုရှိမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ခေါင်းဆောင်များ ဖြစ်ကြပါသော် လည်း၊ တဘက်တွင် အစေခံကျွန်များ ဖြစ်ကြပေသည်။ ခရစ်ယာန်တို့၏ ခေါင်းဆောင်မှုသည် ရုပ်ဝတ္တုများအပေါ် အခြေပြု၍ စစ်မှန်သော တည်ဆောက်သောအရာမျိုး မဟုတ်ပေ။ သိုးများကို ထိန်းကျောင်းခြင်းနှင့် သင်ကြား ပို့ချခြင်းအမှုတို့ကို ရာထူးတစ်ခုကဲ့သို့မမှတ်ဘဲ လုပ်ဆောင်ရမည့် ဝတ္တရားတစ်ခု ဖြစ်သည်ဟု ကျွန်ုပ်တို့ မှတ်ယူ ထားရပါမည်။ တိမောသေသည် သင်းအုပ်အရာနှင့် ဓမ္မဆရာအရာဆိုသည့် ဆုကျေးဇူးကို ရရှိထားသည်ကို သိနေ သဖြင့် သူ့အား “ဘုရားသခင်၏ကျွန်သည် ရန်မတွေ့၊ ခပ်သိမ်းသောသူတို့အား ဖြေးညှင်းစွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်း၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်” (၂တိ၊ ၂း၂၄) ဟု ဆိုကာ အစေခံကျွန်တစ်ဦး၏ သဘောကို ဆောင်ရန် တိုက်တွန်းခဲ့သည်ကို တွေ့နိုင်ပါသည်။

ခရစ်တော်၏ပုံဥပမာအတိုင်း ဦးဆောင်သည့် ခရစ်ယာန်ခေါင်းဆောင်မှုသည် စံနမူနာပြခြင်းအားဖြင့် ဦး ဆောင်ခြင်း ဖြစ်သည်။ “သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူဖြစ်ကြလော့” ဆိုသည့် တိုက်တွန်းချက်မှာ အရှေ့အလယ်ပိုင်းရှိ အသင်းတော်များမှ ခေါင်းဆောင်များကို အလေးအနက်ထားပေးပို့ခဲ့သည့် တိုက်တွန်းချက် ဖြစ်သည်။ ဤသည်မှာ လူထုအပေါ် နိုင်ထက်စီးနင်းပြု၍ အုပ်ချုပ်ခြင်း၊ ကိုယ်တိုင် လုပ်ဆောင်ခြင်းမရှိဘဲ၊ အခြား သူများကို လုပ်ဆောင်ရန် အမိန့်ပေးခြင်းမျိုးနှင့် ဆက်ကျင်ဘက် ဖြစ်သည်။ ခေါင်းဆောင်များအနေနှင့် ကျွန်ုပ် တို့၏ပုံသက်သေများသည် ကျွန်ုပ်တို့၏ မိသားစုများမှ အစပြုရမည်ဖြစ်သည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့သည် လည်း အခြားသူများကို ဦးဆောင်ရန် ရှုံးနှိမ့်သောသူများပင် ဖြစ်ကြသည် (၁တိ၊ ၃း၄၊၁၂)။ အခြားသော ခေါင်း ဆောင်ခြင်းများနှင့် မတူသည့် ခရစ်ယာန်ခေါင်းဆောင်မှု၏ ခြားနားချက်မှာ နှိမ့်ချခြင်း (တမန်၊ ၂၀း၁၉) နှင့် မိဘများက သားသမီးများအပေါ်ထားရှိသည့် သနားကြင်နာခြင်းမျိုး ဖြစ်သည် (၁သက်၊ ၂း၇၊၁၁)။ ဤအရာ များနှင့် ပတ်သက်၍ ယေရှုရှင်သည် ၄င်း၏ တပည့်တော်များ၏နှလုံးသားတွင် စွဲမြဲစွာ ထင်ကျန်စေရန် ပုံသက်သေ ပြပေးခဲ့သည် (ယော၊ ၁၃း၁၂−၁၇၊ ၁ပေ၊ ၅း၅)။ ခရစ်ယာန်ခေါင်းဆောင်များအနေနှင့် “ကျွန်တော့်ရဲ့ အသက်တာကနေ ကြားသမျှ၊ မြင်သမျှအရာတွေအားလုံးကို ကျင့်သုံးပါ - ကျွန်တော်လည်း သခင်ခရစ်တော်ရဲ့ ပုံဥပမာကို လိုက်လျှောက်သကဲ့သို့ ကျွန်တော့်ရဲ့ပုံသက်သေကို အတုယူပါ” ဟု ပြောဆိုနိုင်ရပါမည် (ဖိလိ၊ ၄း၉၊ ၁ကော၊ ၁၁း၁)။


ခေါင်းဆောင်မှုအား လက်တွေ့ ဆောင်ရွက်ခြင်း

ခေါင်းဆောင်မှု အတတ်ပညာသည်လည်း အခြားသော ဆုကျေးဇူးများ အရည်အချင်းတတ်စွမ်းနိုင်သော အရာများကဲ့သို့ပင် တိုးတက်မှုရှိစေရန် လိုအပ်ပါသည်။ ၄င်းတို့သည် လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းအားဖြင့် ၄င်း၊ နှုတ်ကပတ်တော်သင်ယူလိုသော စိတ်ဆန္ဒအားဖြင့်၄င်း၊ အခြားသူများထံမှ သင်ယူခြင်းအားဖြင့်၄င်း၊ ကျွန်ုပ် တို့၏အမှားများမှ သင်ခန်းစာယူ၍၄င်း တိုးတက်ကြီးထွားကြပါသည်။ ကျွန်ုပ်တို့ သတိမထားမိသည့် တိုင်အောင် ကျွန်ုပ်တို့သည် သူတစ်ပါးကို ကျွန်ုပ်တို့၏ အကျင့်စာရိတ္တအားဖြင့် တချိန်လုံး ဦးဆောင်နေကြပါသည်။ ဤသို့သော အခြေအနေမျိုးကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပါသည်။ ဘဏ်တစ်ခုတွင် ဝန်ထမ်းများ၏ဆက်ဆံမှု ကျဲသွားသည် ကို ကျွန်ုပ် ခတ္တခဏနားမလည်နိုင်ဘဲ ဖြစ်ဖူးသည်။ ဝန်ထမ်းများအားလုံးကို ကျွန်ုပ်ကြည့်သည့်အခါ ဝမ်းမြောက် သည့် မျက်နှာထားများရှိကြသည့်အပြင်၊ အားလုံး ဝိုင်းဝန်းလုပ်ဆောင်နေကြပါသည်လည်း၊ ကာစတန်မာများ အပေါ် ၄င်းတို့၏အားရုံစူးစိုက်မှုမှာ လုံးလုံးပျက်ပြေနေသည် မှာသိသာထင်ရှားလှပါသည်။ နောက်ဆုံး ကျွန်ုပ်သိ လိုက်ရသည့်မှာ အသစ် ရောက်လာသော မန်နေဂျာသည် ကာစတွန်မာများနှင့် ဆက်ဆံရေးကျဲသောသူ ဖြစ်သည် ကို ကျွန်ုပ်သိလိုက်ရသည်။ ထိုမန်နေဂျာ၏ စိတ်နေသဘောက ၎င်း၏ဝန်ထမ်းအပေါ် သတိမထားမိခဲ့သော်လည်း အကျိုးသက်ရောက်မှုများစွာ ဖြစ်စေခဲ့သည်။ ထိုကဲ့သို့ပင် စားသောက်ဆိုင်တစ်ဆိုင်၌ စိတ်အားထက်သန်၍၊ စေ တနာအား ထက်သန်သည့် မန်နေဂျာတစ်ဦးကြောင့် ဝန်ထမ်းများ အားလုံးအပေါ်တွင်လည်း သိသိသာသာ ရောင် ပြန်ဟတ်သည်ကို ကျွန်ုပ်သတိထားမိခဲ့သည်။ ထိုကဲ့သို့ပင် အသင်းတော်၏ အဖွဲ့အစည်း၌လည်း ဖြစ်ပါသည်။ လူ များ၏ ချီးမွမ်းခြင်းကို မကြည့်ဘဲ၊ ဘုရားသခင်၏မျက်နှာကို ကျွန်ုပ်တို့ရှာဖွေမည်ဆိုလျှင်၊ ကျွန်ုပ်တို့၏ လူများ သည်လည်း ထိုကဲ့သို့ပင် ဖြစ်ကြလိမ့်မည် (၁သက်၊ ၂း၆)။ အလုပ်သဘောမျိုးအရမဟုတ်ဘဲ၊ အချိန်ပြည့် အခြားသူများကို အစေခံခြင်းအမှု၌ ကျွန်ုပ်တို့ ပေးဆပ်ပါမည်ဆိုလျှင် (၂ကော၊ ၁၂း၁၄-၁၅) အခြားသူများသည် လည်း ကျွန်ုပ်တို့ကဲ့သို့ပင် လုပ်ဆောင်လာကြမည် ဖြစ်သည်။ ခွဲခြားခြင်း၊ မျက်နှာသာပေးခြင်းမျိုး မရှိဘဲ ကျွန်ုပ်တို့ ဦးဆောင်ပါက၊ အသင်းသူအသင်းသားများအားလုံး ဦးဆောင်ခြင်း၏လှပမှုကို မြင်လာကြမည် ဖြစ်သည်။ ၄င်းတို့ ၏ အသက်တာတွင် ဝမ်းမြောက်ခြင်းမရှိသည့် မျက်နှာများတွေ့နေခဲ့ပါက၊ ၄င်းတို့၏ အသက်တာတွင် ကျွန်ုပ်တို့၏ စိတ်နေသဘောထားများ ရောင်ပြန်ဟတ်နေသည်လားဟူ၍ ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ ပုံသက်သေများအတိုင်း အခြားလူများ အတုယူလိုက်နာရန်မှာ အချိန်များစွာကို ရင်းနှီးရမည်ဖြစ်၍၊ ကျွန်ုပ်တို့၏ ပုံ သက်သေသည် အစဉ်အတိုင်း ဖြစ်နေရမည်။ ကျွန်ုပ်တို့၏ ပုံသက်သေများကို လျစ်လျူရှုခြင်း သို့မဟုတ် အလေး ပေးမှု လျော့နည်းသွားခြင်းမျိုး မရှိရန်မှာ အလွန် အရေးကြီးပါ၏။

ကျွန်ုပ်တို့၏ ဆုံးဖြတ်နိုင်စွမ်းများဖြင့် ကျွန်ုပ်တို့ဦးဆောင်သည်။ ခေါင်းဆောင်များအနေနှင့် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးရာ တာဝန်ဝတ္တရားများအတွက်သော်လည်းကောင်း၊ ခရစ်တော်နှင့်စပ်လျဉ်း၍ အခြားသူများ၏ အ သက်တာနှင့် ပတ်သက်၍လည်း များစွာ ဆုံးဖြတ်ချက်ချရမည့်အရာများနှင့် ကြုံတွေ့ရင်ဆိုင်ကြရသည်သာ ဖြစ် သည်။ အချို့သူများအတွက် ဆုံးဖြတ်ချက်ချရန်မှာ အလွန်ခက်ခဲရာ ဖြစ်တတ်သည်။ သို့သော်လည်း ခေါင်းဆောင် များအတွက် မဟုတ်ရပေ။ ခေါင်းဆောင်တစ်ဦးအနေနှင့် တစ်ချိန်တည်း၌ “ဟုတ်တယ်” “မဟုတ်ဘူး” ဟူ၍ မပြော သင့်ပေ။ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးသည့်နောက် “ဟုတ်တယ်” သို့မဟုတ် ““မဟုတ်ဘူး” ဟူ၍ အဖြေ တစ်ခုကိုသာ ပြက်ပြက်သားသား ပြောရမည်။ ဤသို့ဆိုရာတွင် အဖြေတစ်ခုကို ပြောလိုက်သည့် အချိန်တိုင်း အ လျင်အမြန် ဆုံးဖြတ်၍ ပြောရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ ပြဿနာတစ်ခုစီတိုင်းအတွက် ဆုတောင်း ဆက်ကပ် ခြင်း ရှိရမည်။ တစ်ခါတစ်ရံတွင် ချက်ခြင်းဆိုသလို သန့်ရှင်းသောဝိညာဉ်တော်သည် အဖြေပေးတတ်သကဲ့သို့၊ တစ်ခါတစ်ရံ ၌လည်း ဘုရားသခင်၏ အချိန်ကို ကျွန်ုပ်တို့ စောင့်စားခြင်းအားဖြင့် အနာဂတ်အတွက် လိုအပ်သည့် လမ်းညွှန်ချက်များကို ဖော်ပြပေးတတ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်သဘောထားကို အသေအချာ နားလည် သဘော ပေါက်ထားပြီးနောက်၊ ဘုရားသခင်က ထိုကြီးမားသည့်ကိစ္စအတွက် ကျွန်ုပ်တို့အပေါ် မည်သို့မြင်သည်ကို ကျွန်ုပ် တို့ ရှင်းလင်းစွာ သိထားရမည်ဖြစ်သည်။ ဆုံးဖြတ်ချက်ချရတော့မည် ဖြစ်သော်လည်း ဆုံးဖြတ်ချက်ချရန် ခက်ခဲ သည့် အခြေအနေမျိုးတွင် အကျွန်ုပ်တို့ကို ကျွန်ုပ်တို့ ပြန်လည်သုံးသပ်ရန်မှာ အဓိကကျပါသည်။ ဖြစ်နိုင်ခြေရှိ သည့် အရာများအားလုံးကို ကျွန်ုပ်တို့ ချိန်ဆရမည်။ ထိုကဲ့သို့ ပြုလုပ်ရာတွင် အချက်အလက်များ အားလုံးကို ရေး ချမှသာလျှင် ကျွန်ုပ် အားရမှုရှိပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မည်သည့်အချက်က အရေးပါ၍ မည်သည့် အ ချက်က ချန်လှပ်ထားနိုင်သည်ဟူ၍ တွက်ချက်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ ကျွန်ုပ်တို့ ပြုလုပ်ရင်း၊ ကျွန်ုပ်တို့၏ လက်ရှိအခြေအနေနှင့် အဆုံးသတ်တို့ကို ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်အား တိုင်ပင်ကာ အခြေအနေ အရပ်ရပ်ကို တိုးတက်မှုရှိအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။

  ကျွန်ုပ်တို့၏တွန်းအားနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ကျွန်ုပ်တို့ ဦးဆောင်သည်။ မှားယွင်းသော စိတ်အား ထက်သန်မှုမျိုးကို ကျွန်ုပ်အားပေးခြင်းမရှိ။ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ခြင်းက ယုံကြည်စိတ်ချမှုများကို အ လျင်အမြန် ဆုံးရှုံးစေပါသည်။ မည်သည့်အရာ လုပ်မည်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချပြီးသည့်နောက်မှသာ စိတ်နှလုံး အလုံးစုံနှစ်ထားသည့် အသက်တာကို ပြသရမည်။ ရှင်းလင်းပျက်သားသည့် ရှုံပါရမရှိဘဲ ဧဝံဂေလိ လုပ် ငန်း သို့မဟုတ် အသင်းတော်နှင့်စပ်ဆိုင်သော လုပ်ငန်းတစ်ခုခုကို မှားယွင်းစွာ အကောင်အထည် ဖော်မိရန်မှာ အ လွန်လွယ်ကူလှပါသည်။ ထိုသို့သော အခြေအနေများကြောင့်၊ ကျွန်ုပ်တိုင် တွန်းအားများသည် ပျောက်လျှ၍၊ စိတ် အားထက်သန်မှုတို့သည်လည်း ဟာလာဟင်းလင်းဖြစ်သွားတတ်ကြသည် မဟုတ်ပါလား။ အစပိုင် ကတည်းက သံသယရှိနေသည်ကို ရိုးသားစွာဝန်ခံခြင်းက၊ စိတ်တစ်ပိုင်းတစ်စဖြင့် လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းပါ သည်။ ခေါင်းဆောင်များက ဦးဆောင်ရမည်ဖြစ်ပြီး၊ အခြားသူများကို စိတ်ကျေနပ်မှုပေးလိုသောဆန္ဒက ခေါင်း ဆောင်များကို မမောင်းနှင်သင့်ပေ။ စစ်မှန်သော စိတ်အားထက်သန်ခြင်းက သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ ခြင်းမှလာ၍၊ထိုသို့အားဖြင့်သာလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်ပေးထားသော ရူပါရုံအား ကောင်းစွာသိရှိကာ၊ အ ခြားသူများကိုလည်း နာခံခြင်းရှိလာစေရန် နိုးဆော်နိုင်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ အချုပ်ကို ပြောရ မည်ဆိုလျှင် ကျွန်ုပ်တို့၏တွန်းအားနှင့် စိတ်အားထက်သန်မှုတို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း ကိုယ် တော်၏ လူများအတွက် ဖြစ်သည်ဟူ၍ ရှင်းလင်းစွာသိသော ရူပါရုံအပေါ်၌သာ မူတည်သည်။

ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားယူရန် အဆင်သင့်ဖြစ်ခြင်းဖြင့် ကျွန်ုပ်တို့ဦးဆောင်သည်။ အချို့လူများသည် တာဝန်ယူလိုရန်အတွက် ကြောက်ရွံ့တတ်ကြသဖြင့် ရှောင်လွဲသွားရန် လမ်းစရှာတတ်ကြသည်။ သို့သော် ခေါင်း ဆောင်များသည် ရှောင်လွဲခြင်းမရှိ၊ ရှုံးကန်ကျော်ဖြတ်သွားတတ်ကြသည်။ ဤသို့ဆိုရာတွင် တာဝန်တစ်ခု၏ ဝန်တာအလေးကို မသိကြ၍ မဟုတ်ဘဲ၊ စိန်ခေါ်မှုကို ကျော်ဖြတ်၍၊ ရရှိထားသည့် ဝတ္တရားကို အပြီးသတ်ရန် စိတ် ဆန္ဒရှိသူများ ဖြစ်သည်။ တာဝန်ဝတ္တရားတစ်ခုတိုင်းစီက နောက်ထက် တာဝန်ဝတ္တရားတစ်ခုစီသို့ ဦးဆောင်သည်။ အကယ်၍ တာဝန်ဝတ္တရားတစ်ခုကို ကျွန်ုပ်တို့အပြီးသတ်နိုင်သည်ကို သက်သေပြနိုင်လေတိုင်း အခြားတာဝန် ဝတ္တရားအတွက် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ပြင်ဆင်နေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ရူပါရုံတစ်ခုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏လှုံ့ဆော်ပေးနိုင်စွမ်းဖြင့် ကျွန်ုပ်တို့ဦးဆောင်သည်။ ခေါင်းဆာင်များ သည် အနာဂတ်ကို မျှော်ကြည့်နေသောသူများ ဖြစ်ရမည်။ အသင်းတော်တွင်း၌ပင် အချို့သောသူများ ရှိရင်းစွဲ အရာများနှင့်ပင် ကျေနပ်နေတတ်ကြသော်လည်း၊ ခေါင်းဆောင်များအနေနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ အနာဂတ်နှင့်ယှဉ်သော အရာများကို ရှာဖွေနေရပါမည်။ ခေါင်းဆောင်များအနေနှင့် ပြဿနာအခက်အခဲများနှင့် (ဥ ပမာ - အဆောက်အဦး တိုးချဲ့ဆောက်လုပ်ရန်အတွက်၄င်း၊ ကြီးမားသည့် အသုံးစားရိတ်အတွက်၄င်း၊ သို့မဟုတ် ဧဝံဂေလိလုပ်ငန်းသစ်အတွက်၄င်း စသည့် ကိစ္စများနှင့်) ရင်ဆိုင်ကြရသည်တွင် အစဉ်အတိုင်း အမြင်သစ်များနှင့် ပြန်လည်အစပြုရန် ဆုတောင်းလုပ်ဆောင်တတ်ကြသည်။ ဤအဆင့်၌ ဝိညာဉ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၏ တာဝန်တစ်ခုမှာ အကောင်အထည်ဖော်သွားမည့် စီမံကိန်းတစ်ခုလုံးကို အသေးစိတ် လိုအပ်သည့်အရာများအား လေ့လာသွားရမည်ဖြစ်သည်။ သို့မှသာလျှင် အသင်းတော်တစ်ခုလုံးကို ထိုစီမံကိန်းအတွက် စည်းစည်းလုံးလုံး ပါ ဝင်လုပ်ဆောင်လာနိုင်ကြရန် နိုးဆော်ခွန်အားပေးနိုင်မည် ဖြစ်သည်။

လုပ်ဆောင်အပြီးသတ်ရမည့် အလုပ်တစ်ခုကို စနစ်တကျ အချိန်ကိုက် အပြီးသတ်လုပ်ဆောင်နိုင်ခြင်း အားဖြင့် ကျွန်ုပ်တို့ဦးဆောင်ပါသည်။ သူတစ်ပါးကို နိုးဆော်တိုက်တွန်းခွန်အားပေးနိုင်ခြင်းသည် ခေါင်းဆောင်မှု အခန်း၏ တစိတ်တပိုင်းဖြစ်သော်လည်း၊ ထိုအရာတစ်ခုတည်းနှင့်တော့ လုံလောက်ခြင်းမရှိ။ ဝိညာဉ်ခေါင်းဆောင် များအနေနှင့် အသင်းတော်၏ လိုအပ်ချက်များ အစီစဉ်များအားလုံးကို ကြိုတင်ခေါင်းထဲ၌ ရေးဆွဲထားနိုင်ရမည် ဖြစ်ပြီး ချက်ခြင်းလုပ်ဆောင်ရမည့် အရာများနှင့် ရည်ရှည်လုပ်ဆောင်ရမည့်အရာများကို စနစ်တကျ ချမှတ်ထားရ ပါမည်။ အသင်းတော်အတွင်း အစည်းအဝေးရှိလေတိုင်း “တို့တွေရဲ့ ဝိညာဉ်ပိုင်းအခြေအနေက ဘယ်လိုလဲ” ဆိုသည့် အဆိုသွင်းချက်မျိုးသည် လူကိုတွေဝေစေသည့်အပြင်၊ အမြတ်ထွက်ခြင်းများကိုလည်း ဖြစ်ပေါ်စေပါ သည်။ “ဒီလိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ၊” “ကျွန်တော်တို့ရဲ့ ရူပါရုံကို ဘယ်အချန်မှာ ဘယ်လို အ ကောင်အထည် ဖော်ကြမလဲ၊” “ကျွန်တော်တို့တွေထဲက ဘယ်တစ်ယောက်က ဘယ်အခန်းမှာ အားကြိုးမာန်တတ် ပါဝင်သင့်သလဲ၊” “ဒီအစီစဉ်တွေကို ဘယ်သူက အကောင်အထည်ဖော်ရမလဲ” စသည့် မေးခွန်းအများတွင် ခေါင်း ဆောင်မှု ပညာကို တွေ့မြင်နိုင်ပါသည်။ ပညာရှိစွာစီစဉ်၍၊ ဆုံးဖြတ်ချက် ခိုင်မာစွာ ကျွန်ုပ်တို့ အကောင်အထည် ဖော်ကြရမည်။ (ဒေသနာ၊ ၃း၁၊၃) “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ ကောင်းကောင်အောက်၌ ကြံစဉ် သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။ -- ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသော အချိန် လည်းရှိ၏။” ဟု ဆိုထားသည့်အတိုင်း မှန်ကန်သောအချိန်ကို သေချာရွေးချယ်နိုင်ခြင်းသည်လည်း လိမ္မာပါးနပ် သော ခေါင်းဆောင်မှု၏ တစိတ်တဒေသ ဖြစ်ပါသည်။ စီစဉ်ထားသည့် စီမန်ကိန်းတစ်ခုကို မှားယွင်းသောအချိန်၌ မဆင်မခြင် အစပြုမိပါက အစီစဉ်တစ်ခုစီတိုင်းကို ထိခိုက်ပျက်ဆီးစေနိုင်ပါသည်။

ယုံကြည်ခြင်းအား အမှန်တကယ် အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့ဦးဆောင်သည်။ ယုံ ကြည်သူ ခရစ်ယာန်များအားလုံး ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြပါသော်လည်း အချို့မှာ ယုံကြည်ခြင်းအရာ၌ အားကြီးကြပါသည်။ ခရစ်ယာန်ခေါင်းဆောင်များသည် တစ်နည်းတစ်ဖုံ ဘုရားသခင်ကို ယုံကြည်ကိုးစားလိုသည့် စိတ်ကို ပေးအပ်ခြင်းခံထားကြရာ ဘုရားသခင်၏လူများကို အနာဂတ်ခရီး၌ ဦးဆောင်နိုင်ကြသည်။ ကျွန်ုပ်တို့ ဦးဆောင်နေသောသူများအနေနှင့် ကျွန်ုပ်တို့ကို ဘုရားသခင်ပေးသနားတော်မူသော ယုံကြည်ခြင်းအမှု၌ မျှော်လင့် ကိုးစားတတ်ကြသည်။ ခရစ်ယာန်ခေါင်းဆောင်များအနေနှင့် တစ်ဦးနှင့်တစ်ဦး တိုက်တွန်း နိုးဆော်ကြသည့်အပြင်၊ အခြားသူများကိုလည်း အလိုက်အထိုက် တိုက်တွန်းနိုးဆော်၊ ခွန်အားပေးခြင်းများကို ပြုလုပ်ပေးရမည်ဖြစ်သည်။ ဟေဗြဲဩဝါဒစာကို ရေးသားခဲ့သောသူက ယုံကြည်ခြင်းနှင့် ပတ်သက်၍ “သင်တို့ကို အုပ်သောသူတို့ကို အောက် မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ ယုံကြည်ခြင်း ကို မှီအောင်လိုက်ကြလော့၊” (ဟေဗြဲ၊ ၁၃း၇)၊ ဟူ၍ဖတ်ရှုသူများကို တိုက်တွန်းနိုးဆော်ထားသည်။ ယုံကြည်ခြင်း နှင့်ယှဉ်သော အသက်တာကို မသေမှီ အချိန်အတွင်း ဘုရားသခင်၏လူများ လိုက်လျောက် နိုင်ကြမည်ဟု ကျွန်ုပ် မျှော်လင့်မိပါ၏။

အခြေအနေအရပ်ရပ်၌ သည်းခံနိုင်စွမ်းအားဖြင့် ကျွန်ုပ်တို့ဦးဆောင်သည်(၁တိ၊ ၄း၅)။ အသင်းတော် အား လုံးခက်ခဲသည့် အချိန်များကို ဖြတ်သန်းသွားကြရသည်သာ ဖြစ်သည်။ စာတန်မာရ်နစ်၏ အမျိုးမျိုးသော လုပ် ကြံခြင်းများ၊ နေရာဒေသနှင့် လူဦးရေများပြားလာသည့်အတွက်ကြောင့် ပြဿနာများ ဖြစ်ပေါ်လာတတ်ရာ အရာရာမှားယွင်းသွားပြီဟု ထင်မှတ်ရာမှတဆင့် အခြေအနေ တဖြည်းဖြည်းဆိုးသွမ်းမှုများနှင့် ရင်ဆိုင်ကြရသည်။ ထို ကဲ့သို့သောအခြေအနေများကြောင့် ခေါင်းဆောင်များမှာ ဖိအားများလာကာ၊ အခြေအနေအရပ်ရပ်ကို ရင်မဆိုင် နိုင်ဘဲ ဖြစ်သွားတတ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဝိညာဉ်ခေါင်းဆောင်များအနေနှင့် အရောင်ကတမ်းမဖြစ် သင့်။ ကြီးမားသည့်ပြဿနာများဟု ထင်မှတ်ထားသည့် အရာများထက် မှန်ကန်သည့်အရာများကို လက်ရဆုပ် ကိုင်ကာ မားမားမတ်မတ် ရပ်တည်ရမည်။ ဘေးပတ်ဝန်းကျင်၌ မည်သို့ပင် ဖြစ်နေစေကာမူ၊ ရှေ့ကိုသာ အာရုံစိုက် ရန်မှာ ခေါင်းဆောင်များ၏ တာဝန်ဖြစ်သည်။ မည်ကဲ့သို့သော အခက်အခဲများမဆို၊ မုန်တိုင်းများကဲ့သို့ပင် အချိန် နှင့်အမျှ တိတ်ဆိတ်သွားကြသည်သာ ဖြစ်သည်။ မုန်တိုင်းကြားမှ လှေငယ်လေးဖြစ်သော အသင်းတော်သည် လည်း၊ ထိုကဲ့သို့သောမုန်တိုင်းများကို ကျော်ဖြတ်၍ ရပ်တည်လာခဲ့သည်။ ကြောက်စရာကောင်းသည့် တစ်ခု တည်းသောအရာမှာ လှေငယ်လေးကို စွန့်ပစ်စရာမလိုဘဲနှင့် စွန့်ပစ်သွားခြင်း ဖြစ်သည်။ အားကြိုးမာန်တတ် ဦးဆောင်ရမည့် အခြေအနေများကို သိမှတ်နိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့ ဦးဆောင်သည်။ ခေါင်းဆောင်များအနေနှင့် ဦးဆောင်နေသော လူများအခက်ကြုံလာသည့်အခါတိုင်း၊ ချက်ခြင်းဆိုသလို ပြန်လည်ခွန်အားပေး မွမ်းမံ၍ စိတ် ပျက်ခြင်းများ မရှိအောင် အခြေအနေအရပ်ရပ်ကို ပြန်လည် သုံးသပ်ပေးရမည်။ အသင်းတော်သည်လည်း၊ ၄င်း လုပ်ဆောင်ရမည့် လုပ်ငန်းဝန်တာ၌ ရှုံးကန်မှုများ ရှိလာလေတိုင်း၊ ကျွန်ုပ်တို့သည်လည်း ထိုအခက်အခဲမှ ရှုံးထွက် နိုင်ရန်အတွက် ဦးဆောင်ရမည် ဆိုသည့်စိတ်နှင့် မိမိကိုယ်ကို အလျှင်အမြန် တွန်းအားပေးရမည်။ သဘောနှင့်သာ ဖြစ်ပျက်သွားတတ်သော်လည်း၊ ကျွန်ုပ်တို့အနေနှင့် ကျွန်ုပ်ခေါင်းဆောင်မှုအများစုမှာ ချိနဲ့နေတတ်သကဲ့သို့၊ မဆင် မခြင်အဖြစ် တို့ကိုယ် ကျွန်ုပ်တို့ “အခုချိန်က ဘုရားသခင်ရဲ့လူတွေအတွက် ဦးဆောင် ဒီအတွက်ဘဲ ဘုရားသခင်က ငါ့ကို ခေါ်ထားတာ” ဟူ၍ တိုက်တွန်းပေးမယ့်သူ လိုတယ်။ ဒီအတွက် ငါ ပျက်ပျက်သားသား ဦးဆောင်ရမယ်၊ ခွန် အားပေးရမည့် အချိန်များလည်း ကြုံရမည်။ ထို့ပြင် ခေါင်းဆောင်မှုကဏ္ဍ၌ ပါဝင်လုပ်ဆောင်နေသောသူများ အကြား၌လည်း အချင်းချင်း ခွန်အားပေးရမည့် အချိန်များလည်း ရှိပါသည်။


ခေါင်းဆောင်မှု နယ်ပယ်များ

သင်ကြားပေးခြင်းအားဖြင့် ကျွန်ုပ်တို့ဦးဆောင်ရမည်။ ဆုံးမသြဝါဒပေးတတ်ခြင်းသည်လည်း ခေါင်း ဆောင်မှု၌ မရှိမဖြစ် လိုအပ်သောအရာဖြစ်သည် (၁တိ၊ ၃း၂)။ သင်ကြားပေးခြင်းက အခြားနယ်ပယ်မှ လူအများ သတိမထားလိုက်မိသည့် ခေါင်းဆောင်မှု၏ လမ်းစဉ်ပေါ်တွင် ကျွန်ုပ်တို့ကို တည်စေပါသည်။ ကျွန်ုပ်တို့သည် သမ္မာ တရားအတိုင်း နှုတ်ကပတ်တရားကို ကျွန်ုပ်တို့မှ အစပြု၍ အခြားသူများ၏ အသက်တာ၌ လိုက်လျှောက်စေခြင်း သည် သူ၏နိုင်ငံတော်၌ ခေါ်သွင်းတော်မူသော ဘုရားသခင်၏အလိုတော်အတိုင်း အသက်ရှင်ရန် ကျွန်ုပ်တို့ တိုက် တွန်းနိုးဆော်ခြင်းဖြစ်သည် (၁သက်၊ ၂း၁၂)။ သမ္မာကျမ်းစာကို စနစ်တကျဖြင့် အစီစဉ်တကျဖြစ်သည်ကို အတက် အပ် ကျွန်ုပ်ပြောနိုင်ပါသည်။ ဝိညာဉ်ဆုကျေးဇူး သင်ကြားပေးခြင်းသည်သည် အလွန်ထိရောက်သည့် ဦးဆောင် ခြင်းမျိုးများနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများ၊ အငြင်းအခုံများ ရှိနေသည့် အခြေအနေမျိုးအတွက် ၁ ကော၊ အခန်း ကြီး ၁၂ ၌ ဝိညာဉ်ဆုကျေးဇူးများ၏ရည်ရွယ်ချက်များကို လေ့လာ၍ အခန်းကြီး ၁၃ ၌ပါသော ချစ်ခြင်းမေတ္တာကို လည်း ချန်လှပ်မထားဘဲ လေ့လာလိုက်လျှောက်ပါက အကောင်းဆုံးသော ဖြေရှင်းချက်ကို ရရှိစေပါသည်။ ကြီးမားသည့် အဆောက်အအုံကြီးဆောက်လုပ်ရန်အတွက် ကျွန်ုပ်တို့ ပြဿနာ အခက်အခဲများကြုံခဲ့ဖူးရာ၊ ထိုအခြေအနေအတွက် ကြီးမားသည့် ယုံကြည်ခြင်းတိုက်ပွဲမျိုးကို ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပါသည်။ ထိုအခြေအနေ အတွက် အကောင်းဆုံးသော ပြင်ဆင်မှုမှာ ဧဇရဝတ္တုကို လေ့လာခြင်းဖြစ်သည်။ ထိုကျမ်းအုပ်ကို လေ့လားခြင်း အားဖြင့် နာခံခြင်းနှင့် ယုံကြည်ခြင်းအသက်တာကို ပြန်လည် နိုးထစေခဲ့ပါသည်။

သင်ကြားပေးခြင်းအမှု၌ ကျွန်ုပ်တို့၏ ဦးဆောင်မှုတာဝန်သည် လူအများရှေ့၌ သင်ကြားပေးခြင်းမျိုးသာ မဟုတ်ဘဲ၊ လိုအပ်သည့် အခြေအနေအရပ်ရပ်တို့၌လည်း သင်ကြားပေးခြင်းကို ကျင့်သုံးရပါမည်။ ဆွေးနွေးတိုင် ပင်ရန် အကြောင်းအရာ တစ်ခုခုပေါ်လာလေတိုင်း “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တို့တွေ ဆွေးနွေးတိုင်ပင်ခြင်း မရှိ ခင်မှာ၊ နှုတ်ကပတ်တော်က ဘယ်လိုပြောထားသလဲဆိုတာ အရင်ကြည့်ကြအောင်” ဟူ၍ ပြောဆိုခြင်းသည် အလွန်သင့်မြတ်ပါသည်။ သင်းအုပ်ဆရာတစ်ဦးအနေနှင့် အသင်းသူအသင်းသားများထံသို့ အလည်အပတ်သွား သည့်အချိန်များတွင် သွားရောက်လည်ပတ်သော အိမ်သူအိမ်သားများသည် သမ္မာတရားလမ်းမှ လွဲနေတတ်သည် ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ထိုသို့သောအခြေအနေများနှင့်တွေ့ကြုံရတိုင်း ရှက်ကြောက်ခြင်းမရှိဘဲ “ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မာကျမ်းစာက ဘယ်လိုပြောထားသလဲ ဆိုတာ ကြည့်ရအောင်” ဟူ၍ အလျင်အမြန် ပြောရပါမည်။ ထိုကဲ့သို့သော အစပြုခြင်းမျိုးကို ကျွန်ုပ်ဘက်မှစတင်၍ မပြုလုပ်ပါက အခြားမည်သူ တစ်ဦး တစ်ယောက်မျှ ပြုလုပ်လိမ့်မည် မဟုတ်ပါ။

ဝတ်ပြုစည်းဝေးခြင်းအမှု၌ ကျွန်ုပ်တို့ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့ ဦးဆောင်ပါသည်။ အခြား ယုံကြည်သူများ၏ သက်သေခံဝေငှခြင်းအမှုသည် ဝတ်ပြုစည်းဝေးကို ဦးဆောင်သောသူ (သင်းအုပ်ဆရာ) အပေါ် များစွာမူတည်နေပါသည်။ ချီးမွမ်းခြင်းအမှုအားဖြင့်သော်လည်းကောင်း၊ အလှူငွေကောက်ခံခြင်းအမှုအားဖြင့် လည်းကောင်း၊ သမ္မာကျမ်းစာ ဖတ်ရွက်ခြင်းအမှုအားဖြင့်လည်းကောင်း ကျွန်ုပ်တို့၏ ဦးဆောင်ပုံ ဦးဆောင်နည်း များဖြင့် အခြားသူများကို ဦးဆောင်နေပါသည်။ အစီစဉ်တစ်ခုခုအတွက် ကျွန်ုပ်တို့၏ပြင်ဆင်မှု (ဝိညာဉ်ပိုင်းဆိုင် ရာ ပြင်ဆင်မှုအပါအဝင်) သည် ချက်ခြင်းဆိုသလို ဝတ်ပြုအစည်းအဝေး တက်ရောက်သူများ၏ အသက်တာတွင် ရောက်ပြန်ဟတ်ပါသည်။ အယောက်စီတိုင်းကို ကျွန်ုပ်တို့ အကူအညီတောင်းလိုက်သည့် အချိန်တိုင်း၊ ၄င်းတို့လုပ် ဆောင်ရမည့် တာဝန်များကိုလုပ်ဆောင်နိုင်ရန်အတွက် အသေးစိတ်လမ်းညွှန်ချက်များပေးခြင်းအားဖြင့် ၄င်းတို့ကို ကူညီပေးရာရောက်ပါသည်။ အချို့သောသူများအတွက် အခြားအခွင့်ထူးများပေါ်လာသည့်အချိန်တိုင်း ထိုအခွင့် ထူးများကို လက်လွတ်မခံမိစေရန် တိုက်တွန်းခွန်အားပြုပေးရန်လည်း ကျွန်ုပ်အနေနှင့် အကြံပေးချင်ပါသည်။ ဝိညာဉ်ဆုကျေးဇူးများသည် တစ်ဦးတစ်ယောက်၏အတ္တစိတ်ကို ကျေနပ်စေရန်အတွက်သာမဟုတ်ဘဲ၊ အသင်း တော်တစ်ခုလုံး တည်ဆောက်စရာဖြစ်သည့်အတွက်ကြောင့် အသင်းတော်၏ ဝတ်ပြုစည်းဝေးခြင်းအမှုမျိုးတွင် ပင် ဦးဆောင်သူ၏ စိတ်တိုင်းကျသဘောအတိုင်းသာ မဟုတ်ဘဲ၊ ဝတ်ပြုစည်းဝေးလာသောသူ အယောက်စီတိုင်း တည်ဆောက်စရာအကြောင်းရှိစေရန် စီစဉ်ဦးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် သင်းအုပ်ဆရာများအနေနှင့် ကျွန်ုပ် တို့သည် ဝတ်ပြုစည်းဝေးလာရောက်သောသူတိုင်းအား ဝတ်ပြုကိုးကွယ်ခြင်းဆိုသည်မှာ ဂုဏ်တော်သီချင်းများ သီဆိုခြင်းအားဖြင့် သို့မဟုတ် ချီးမွမ်းဆုတောင်းခြင်းအားဖြင့်သာ မဟုတ်ဘဲ နေ့စဉ်ရက်တိုင်း ကျွန်ုပ်တို့၏ အသက် တာကို ဆက်ကပ်အပ်နှံခြင်းအားဖြင့်လည်း ဖြစ်သည်ကို အစဉ်ပြောပြတိုက်တွန်းရမည် (ရောမ၊ ၁၂း၁)။ ထိုကဲ့သို့ ဆက်ကပ်အပ်နှံသော အသက်တာရှိမှသာလျှင် လူအများရှေ့ ကျွန်ုပ်တို့၏ ဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင် လက်ခံတော်မူမည်ဖြစ်သည်။ ဝတ်ပြုစည်းဝေးခြင်းအပေါ် ကျွန်ုပ်တို့၏သုံးသပ်စီစဉ်ချက်များအားဖြင့် အသင်း တော်၌ ဘုရားသခင်ထံပါး ကျေးဇူးတော်ကိုသာ၍ ချီးမွမ်းရန်အခွင့်ပိုရနိုင်ပါသည်။ အသင်းသူအသင်းသားများ အား ဘုရားသခင်တပါးတည်းကိုသာ ဗဟိုပြုသည့် စိတ်သဘောထားအားဖြင့် တည်ဆောက်စရာအကြောင်းများ ရှိရန်အတွက် အစဉ်ခွန်အားပေးရန် လိုအပ်ပါသည်။ ထို့ပြင် တစ်ခါတစ်ရံ၌ မည်သည့်သီချင်း၊ မည်သည့် ကျမ်းပိုဒ် တို့ကို ရွေးချယ်ရမည်ဟူ၍ အကြံပေးမှုများကိုလည်း ပြုလုပ်ရန် လိုအပ်ပါသည်။ အရေးကြီးဆုံးသောအချက်မှာ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ခြင်းသည် အခြားသူတစ်စုံတစ်ယောက်က လက်ခံရန်အတွက်မဟုတ်ဘဲ ဘုရားသခင် လက်ခံသော ဝတ်ပြုစည်းဝေးခြင်းဖြစ်ရန် ဖြစ်သည်။ မြောက်များစွာသောအချိန်၌ ထိုအချက်ကို ကျွန်ုပ်တို့ မေ့ လျော့နေတတ်ကြပေသည်တကား။

ဆုတောင်းခြင်းအပေါ် ကျွန်ုပ်တို့အလေးထားသည့်အသက်တာအားဖြင့် ဦးဆောင်ရမည်။ တပည့်တော် များက အသင်းတော်အတွင်းရှိစီမံခန့်ခွဲခြင်းအမှုအတွက် အခြားသူများကိုတာဝန်ပေးအပ်ရင်း ဆုတောင်းခြင်း အ မှုကိုသာ၍ အလေးပေးသည့်ပုံဥပမာကို ကနဦးအသင်းတော်က ယနေ့ယုံကြည်သူများအတွက် ပြသခဲ့ကြသည် (တမန်၊ ၆း၄)၊ သင်းအုပ်ဆရာနှင့် ဓမ္မဆရာတို့၏ တာဝန်ဝတ္တရားအားကြည့်မည်ဆိုလျှင် ဆုတောင်းခြင်းအမှုကို လို အပ်ကြောင်း တွေ့မြင်နိုင်သကဲ့သို့ ဦးစားပေးရန်အတွက် အလွန်အရေးကြီးသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ကျွန်ုပ်တို့ ဘုရားသခင်နှင့်ဆုတောင်းအချိန်သုံးခြင်းကို ဘုရားသခင်နှင့်ကျွန်ုပ်တို့ကိုယ်တိုင်သာ သိကြပါသည်။ ဤ အကြောင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကြည့်ခဲ့ပြီးဖြစ်ရာ မည်မျှအရေးကြီးကြောင်းကို ထပ်မံပြောပြရန် လို အပ်မည်မထင်။ ကျွန်ုပ်တို့ကျရှုံးကြရသည့် အရင်းမြစ်မှာ ထိုနေရာ၌ရှိပါသည်။ ထိုကဲ့သို့ တစ်ဦးချင်း ဘုရားသခင် နှင့်ဆုတောင်းခြင်းအားဖြင့် (ဝိညာဉ်ခေါင်းဆောင်များ၏ တစိတ်တပိုင်းဖြစ်သာ လျို့ဝှက်သော့ချက်) အချိန်ယူပြီး နောက်မှ တစ်နည်းတစ်ပုံ အခြားသူများကိုလည်းဦးဆောင်ရမည် ဖြစ်သည်။ အစည်းအဝေးတစ်ခုကို ဆုတောင်း ခြင်းဖြင့် အစပြု၍ ဆုတောင်းခြင်းဖြင့် အဆုံးသတ်ခြင်းသည် ကောင်းမွန်သော ဓလေ့ထုံးတမ်းသက်သက် မဟုတ် ပေ။  ထိုကဲ့သို့အစပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည်ဆွေးနွေးသွားမည့် အချက်များအတွက် ဘုရားသခင်အပေါ် ကိုး စားယုံကြည်ကြောင်းကို ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ပြန်လည်သတိပေးရာရောက်သကဲ့သို့၊ ဆုတောင်း အဆုံးသတ် ခြင်းအားဖြင့် ဆွေးနွေးတိုင်ပင်မှုများအားလုံးကို စည်းဝေးသဘောသာမှတ်ယူခြင်း မဟုတ်တော့ဘဲ ဘုရားသခင်၏ လက်တော်ထဲ၌ အပ်နှံလိုက်သည့် သဘောကို ဖြစ်စေပါသည်။

လုပ်ငန်းကိစ္စများအတွက် အကြိမ်ကြိမ် အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံတတ်ကြသကဲ့သို့ ဆု တောင်းခြင်းအမှုအတွက်လည်း အကြိမ်ကြိမ်တွေ့ဆုံသင့်သည်။ ဆုတောင်းခြင်းအမှုသည် ၄င်းတို့၏လုပ်ငန်း ဝန်တာဖြစ်နေရမည်။ ထို့ကြောင့် လုပ်ငန်းနှင့်ဆုတောင်းခြင်းအမှုအတွက် အစည်းအဝေးရှိလေတိုင်း နှစ်ပိုင်းခွဲထား ရပါမည်။ သို့သော် လုပ်ငန်းကိစ္စအတွက် ကျွန်ုပ်တို့သာ၍ အချိန်ပိုပေးတတ်ကြသည်။ ဆုတောင်းခြင်းအတွက် ညနေခင်းပိုင်းအချိန် တစ်ချိန်ကို သီးသန့်သတ်မှတ်ခြင်းက ဆုတောင်းခြင်းအမှုအတွက် ဦးစားပေးသည့် သဘော ကိုပေါ်လွင်စေသည်။ မည်သည့်အရေးကိစ္စအတွက်မဆို ဆုတောင်းခြင်းအားဖြင့် အလျင်ဦးစွာ ဆက်ကပ်အပ်နှံ ခြင်းအမှုသည် အလွန်အရေးကြီးပါသည်။ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများသည် ဆုတောင်းခြင်းအမှု၌ ပိုမို အချိန်ပေးပါက ဆွေးနွေးတိုင်ပင်ရမည့်ကိစ္စများကို အချိန်တိုအတွင်း အောင်မြင်စွာ ဆွေးနွေးနိုင်သည်မှာ ကျွန်ုပ်၏ လက်တွေ့တွေ့မြင်ခဲ့ရသော အတွေ့အကြုံ ဖြစ်ပါသည်။ ဆွေးနွေးတိုင်ပင်ရမည့် ကိစ္စအကြောင်းအရာ၏ ဖိအား ကြောင့် အစပြုဆုတောင်းရန်အတွက် အချိန်မပေးလိုက်သည့် အစည်းအဝေးမျိုးသည် အဖြေရှာရန်အတွက် ပိုမို ခက်ခဲသည့် အခြေအနေမျိုးကိုသာ ဖြစ်စေတတ်သည်။ ထိုကဲ့သို့ဖြစ်ခြင်းမှာ အံ့ဩဖွယ်ကိစ္စတော့ မဟုတ်ပါပေ။ အသင်းတော်၌ မည်ကဲ့သို့သောကိစ္စပြဿနာမျိုးကိုမဆို တိုင်ပင်ဆွေးနွေးရာတွင် ဆွေးနွေးခြင်းမပြုမှီ၌ ဆုတောင်း ရန်အတွက် အချိန်ပေးကိုပေးရမည်။ ဆုတောင်းခြင်းအမှုသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ချိုသာစေသကဲ့သို့၊ တောင်းခံသော လမ်းပြဦးဆောင်ခြင်းအတွက်လည်း အဖြေကို ရရှိစေပါသည်။

သင်းအုပ်ဆရာတစ်ဦး အစပြုလုပ်ဆောင်အပ်သောအရာများဖြင့် ကျွန်ုပ်တို့ဦးဆောင်ရပါမည်။ ကျွန်ုပ်တို့ ၏ ရှေ့မှောက်ရောက်လာသည်အထိ ဦးဆောင်ရမည့်အရာများကို စောင့်စားခြင်းသည် ပညာမရှိရာ ဖြစ်ပေသည်။ ကျွန်ုပ်တို့ကိုယ်တိုင် အစပြုဦးဆောင်ရပေမည်။ ဥပမာဆိုရလျှင် မိဘများအားလုံး မိခင်ဖခင်ဝတ္တရားကို မသိကြ သော်လည်း အစပြုခဲ့ကြသည်။ ညားခါစလင်မယားတို့အတွက် မိဘတို့၏ဝတ္တရားသင်တန်းအား တစ်နှစ်ကို နှစ် ကြိမ်မျှ သင်တန်းပေးခြင်းများ သို့မဟုတ် ပြန်လည်သုံးသပ်ခြင်းများကို ပြုလုပ်ပေးရန်မှာ အလွန်အရေးပါ၏။ ကျွန်ုပ်တို့အား ဘုရားသခင်သည် သိုးထိန်းများအဖြစ် ခွဲခန့်မှတ်သားထားရာ၊ ခရစ်ယာန်များအကြား ခြားနားချက် များနှင့် လိုအပ်ချက်များကို ကျွန်ုပ်တို့နားလည်လာသည်နှင့်အမျှ လိုအပ်သလို ကျွန်ုပ်တို့ဦးဆောင် အစပြုကြရမည် ဖြစ်သည်။ အချို့သောပြဿနာများမှာ ဖြေရှင်းရန်အတွက် အလွန်ခက်ခဲသည်ဆိုသော်လည်း ထိုအချက်သည်က ပင် ဖြေရှင်းကိုင်တွယ်ရန် အလွန်အရေးကြီးသည့်အချက် ဖော်ပြပေးနေသကဲ့သို့၊ အဖြေကိုရှာတွေ့နိုင်ခြင်းက လည်း ကျွန်ုပ်တို့အား ကြီးမားသည့် ကျေနပ်မှုကို ပေးစွမ်းပါသည်။ အချို့သော ပြဿနာများကို အချိန်ကြာကြာ ချန်လှပ်ထားလေလေ၊ ဖြေရှင်းရန် ပိုမိုခက်ခဲလေလေ ဖြစ်လာနိုင်သည်။ ဂျော့ဝိုက်ဖီးလ်ဆိုသူက သူ၏နေ့စဉ် မှတ်တမ်းစာအုပ်တွင် သောကြာနေ့၊ ဇန်နဝါရီ ၂ဝ၊ ၁၇၃၈ -

“တစ်မနက်လုံး တရားဒေသနာတစ်ခုအတွက် ကျွန်ုပ် ပြင်ဆင်နေခဲ့သည်။ နိုင်ငံရပ်ခြားသို့ ကျွန်ုပ် ရောက် ရှိ ပြီးသည့်နောက် လက်ထပ်ပေးရသော လင်မယားလေးတွဲအနက်၊ စစ်သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို လက်ထပ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ တရားဒေသနာဝေငှရန် ပျော်ရွှင်စွာပြင်ဆင်နေခြင်း ဖြစ်သည်။ ထို အမျိုး သားက သူ၏မိန်းမကို ချန်ထားခဲ့ရန် ဆုံးဖြတ်ချက်ချခဲ့သော်လည်း သူ့အား လက်ထပ်ခဲ့စဉ်က ပြုလုပ်ခဲ့သည့် ကတိသစ္စာစကားနှင့် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ ပြန်လည်သတိပေး တိုက်တွန်းအားပေးခဲ့ရာ သူ၏မိန်းမကို ပြန်လည် ပေါင်းသင်းခဲ့သည်။ ဤသည်မှာ သိုးစုတို့က ၄င်းတို့၏ သိုးထိန်းအပေါ် မေတ္တာထား သည့်အတွက်ကြောင့် ခရစ်တော်အားဖြင့်နာခံကြသည့် သဘောပင် မဟုတ်ပါ လား။” 

သင်းအုပ်ဆရာတစ်ဦးအနေနှင့် ကျွန်ုပ်တို့အစပြု တိုက်တွန်းရမည့်အရာမှာ သင်းသူသင်းသားများကို လိုက်လံအားပေးခြင်း၊ တပည့်တော်ဖြစ်စေခြင်းတို့ကို လုပ်ဆောင်ရန်လည်း ဖြစ်နိုင်ပါသည်။

တစ်ခါတစ်ရံ ခေါင်းဆောင်မှုတွင် ခက်ခဲတတ်သည့်အရာမှာ အသင်းတော်စည်းကမ်းချက်များနှင့် ပတ် သက်၍ အစပြုလမ်းခင်းပေးရန် ဖြစ်သည်။ အသင်းတော်၏စည်းမျဉ်းစည်းကမ်းများသည် ရေပန်းစားသည့် အရာ များ မဟုတ်သကဲ့သို့ အသင်းတော်အများစုကလည်း ကျင့်သုံးကြခြင်းမရှိသည်မှာ ဝမ်းနည်းစရာ အလွန်ကောင်းပါ သည်။ ထိုကဲ့သို့သော အခြေအနေမျိုးသည် အသင်းတော်၌ ဘုရားသခင်အတွက် ထားရှိသည့် ချစ်ခြင်းမေတ္တာ လျော့နည်းလာသည်ကိုပြသပေးသကဲ့သို့ အမြန်နိုင်ဆုံးဖြေရှင်းရန် အလွန်အရေးကြီးသည်ဟူသည့် အချက်ကို လည်း မီးမောင်းထိုးပေးနေပါသည်။ အသင်းတော်ခေါင်းဆောင်များကိုယ်တိုင်က အသင်းတော်စည်းကမ်းချက် များနှင့် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခြင်း မရှိပါက အသင်းသူအသင်းသားများဆိုလျှင် မည်သို့မျှ သဘောမပေါက်နိုင်မည်မှာ သေချာပါသည်။ အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ ရေးဆွဲ၍၊ ကြိုတင် ရှင်းပြထားခြင်းရှိမှသာလျှင် ကောင်းမွန်စွာ လှုပ်ရှားဆောင်ရွက်နိုင်မည် ဖြစ်သည်။ အခြေအနေအရ အခု နေအခုဆွဲဆိုသည့် စည်းကမ်းမျိုးတွင် နားလည်မှုလွဲမှားခြင်းများ အစဉ်ရှိတတ်ပါသည်။ လိမ္မာပါးနပ်သော ခေါင်း ဆောင်မှု၌ ကြိုတင် ပြင်ဆင်ထားမှု အမြဲရှိပါသည်။

ဧဝံဂေလိစိတ်သဘောနှင့် ဧဝံဂေလိလုပ်ဆောင်မှုများကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့ ဦး ဆောင်ရပါမည်။ အသင်းတော်အနေနှင့် အသင်းတော်အတွင်းကိုသာ ကြည့်ရှုခြင်းမျိုးမဟုတ်ဘဲ အပြင်ပိုင်းကို လည်း ကြည့်ရှုရန်လိုအပ်ပါသည်။ ရှိနှင့်သောသိုးစုများကို ဂရုစိုက်စောင့်ရှောက်ရုံနှင့် မလုံလောက်ပါပေ၊ ပြင်ပ၌ ရှိနေကြသော၊ ဘုရားသခင်အလိုရှိသည့် ပျောက်သောသိုးများကိုလည်း ရှာဖွေခေါ်ဆောင်လာရန် အလွန်အရေး ကြီးပါသည်။ အသင်းတော်အား ဦးဆောင်သူများမှာ အစည်းအဝေးတစ်ခုခုကျင်းပလေတိုင်း ဧဝံဂေလိလုပ်ငန်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများကို ချန်လှပ်မထားသင့်ပေ။ မည်သည့်အစီစဉ်များရှိ၍ မည်သည့်အခြေအနေ သို့ရောက်နေပြီဟူ၍ အသင်းတော်၏ ဧဝံဂေလိလုပ်ဆောင်မှုများကို အစဉ်သုံးသပ်ရပါမည်။ ခေါင်းဆောင်များ ကိုယ်တိုင်က ကိုယ်တိုင်ပါဝင်ခြင်းအားဖြင့် ပုံသက်သေပြရင်း ဦးဆောင်ရမည်။ ကျွန်ုပ်ကိုယ်တိုင်လည်း တစ် ယောက်ခြင်းစီ သက်သေခံ ဧဝံဂေလိလုပ်ဆောင်ခြင်းအမှုကို လွယ်ကူသည်ဟု မထင်ခဲ့ပါသော်လည်း ကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြည့်သောအခါ နှစ်ထောင်းအားရမှုများ ရှိလာသည်ကို တွေ့ရပါသည်။ အသင်းတော်နီးနားရှိ အိမ်များထံသို့ အလည်အပတ်သွား၍ သက်သေခံရန် အစီစဉ်ဆွဲထားသောနေ့မှာ အပတ်စဉ်ညနေတိုင်း ဆုတောင်း ရန် အချိန်ဆွဲထားသောနေ့နှင့် တထပ်တည်းဖြစ်ရာ တစ်နေ့တာလုံး ဧဝံဂေလိလုပ်ဆောင်ခဲ့သည့် အရာများကို ဆု တောင်းချိန်တွင် သက်သေခံရင်း အခြားသောအသင်းသားများကိုလည်း ဧဝံဂေလိလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ခွန်အားပေးတိုက်တွန်းနိုင်ပါသည်။ ထိုကဲ့သို့ တစ်အိမ်တက်တစ်အိမ်ဆင်း လည်ပတ်သွားလာရန် အခြားသူများ လည်း လက်တွဲပါဝင်လာစေရန် တိုက်တွန်းရန်အတွက် ကျွန်ုပ်သည်လည်း ထိုအဖွဲ့ဝင်တစ်ဦးဖြစ်ရမည်ကို သတိ ထားမိလိုက်သည်။ ထိုနေ့ရက်၌ ကျွန်ုပ်သည် ဆုတောင်းဦးဆောင်ရန် တာဝန်ကျလျှင်လည်း အခြားသူတစ်ဦးဦးကို တာဝန်လွဲပြောင်းလိုက်သည်။ ကျွန်ုပ်မှာမူ တစ်အိမ်တက်တစ်အိမ်ဆင်း ဧဝံဂေလိလုပ်ဆောင်ခြင်းအားဖြင့် အခြား သောအသင်းသူ၊အသင်းသားများနှင့် တနည်းတဖုံ မိတ်ဿဟာရဖွဲ့ခွင့်ကိုရရှိပါသည်။ ပြန်၍ သုံးသပ်ကြည့်ပါလျှင် ခေါင်းဆောင်များကိုယ်တိုင်က ပါဝင်၍ ဧဝံဂေလိလုပ်ငန်းတွင် အားကြိုးမာန်တတ်ရှိသည်ကို တွေ့ရပါလျှင် အခြား သောသူများသည်လည်း အရင်နှင့်မတူ အားကြိုးမာန်တတ်ပါဝင်လာကြသည်ကို သိသိသာသာ တွေ့မြင်နိုင်ပါ သည်။ အကယ်၍ အများရှေ့ ဆုတောင်းခြင်းအခွင့်ကို ကျွန်ုပ်တို့ရရှိလျှင်လည်း ပါးနပ်စွာ မယုံကြည်သေးသော သူများအတွက်လည်း ဆုတောင်းပေးခြင်းကို ပြုလုပ်ရပါမည်။ ဤသည်မှာ ကျွန်ုပ်တို့၏ သိုးစုများနှင့် ပတ်သက်၍ ဦးဆောင်ရမည့်အပိုင်း အကုန်အစင် ဖြစ်ပါသည်။

ပါးနပ်၍စွမ်းဆောင်နိုင်သော သဘာပတိဦးစီးမှုအားဖြင့် ကျွန်ုပ်တို့ဦးဆောင်ရပါမည်။ သဘာပတိ ဦး ဆောင်မှု အခန်းကဏ္ဍသည် မဖြစ်မနေ သင်းအုပ်အပေါ်တွင် ကျရောက်တတ်ပါသည်။ အသင်းတော်တစ်ပါး သို့မ ဟုတ် မိတ်ဿဟာရတစ်ခုခုက တစ်စုံတစ်ဦးကို “သင်းအုပ်ဆရာ” သို့မဟုတ် “သာသနာပြုသူ” အဖြစ် ခေါ်ဆို ခန့်အပ်လိုက်သည်နှင့် သူ၏လုပ်ငန်းတာဝန်မှာ သဘာပတိဦးဆောင်ရန် အပိုင်းအတွက် ခန့်အပ်လိုက်သည့် သဘောမျိုးပင် ဖြစ်ပါသည်။ ထိုသို့မဟုတ်ခဲ့ပါလျှင်လည်း တစ်စုံတစ်ဦးသည်၊ ဦးဆောင်ခြင်းအပိုင်း၌ သာ၍ ဆု ကျေးဇူးရသောကြောင့် ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေကာမူ သင်းအုပ်ဆရာဆိုသည်မှာ ဘုရားသခင်၏လူများက ယုံကြည်ကိုးစားရမည့်သူ ဖြစ်သည့်အတွက်ကြောင့် သူ့ကို ထင်ရှားအရေးပါသည့် သူတစ်ဦးအဖြစ် ကျွန်ုပ်တို့ ရှုမြင်ရပါမည်။ သာမန်စည်းဝေးမှုမျိုးမဟုတ်၊ ခေါင်းဆောင်မှုပိုင်းတွင် တာဝန်အသီးသီးရှိကြသည့် ဦးဆောင်သူ များနှင့်စည်းဝေးရာ၌ သဘာပတိအနေဖြင့် ဦးဆောင်ရခြင်းသည် အလွန်ကွာခြားပါသည်။ ယေဘုယျအားဖြင့် လိ မ္မာပါးနပ်သော သဘာပတိတစ်ဦး၏တာဝန်မှာ ဆွေးနွေးသွားမည့်အချက်များကို အစီစဉ်တကျ အစည်းအဝေး တက်ရောက်သူများကို အချက်ချချ ဦးဆောင်သွားနိုင်ရန်၊ ထို့ပြင် အကြံပေးဖြည့်စွတ်လိုသောသူများကို အခွင့် အရေးပေးနိုင်စေရန် ဖြစ်သည်။ ဆိုရပါလျှင် သဘာပတိဆိုသည်မှာ ဆွေးနွေးသွားမည့်အရာများကို အားလုံး မြင် သာအောင် ပုံဖော်နိုင်စွမ်းရှိသူ ဖြစ်ရမည်။ ဤအချက်များကို သင်းအုပ်ဆရာတစ်ဦးတွင် တွေ့ရမည့် အချက်များ ဖြစ်သော်လည်း၊ ခြားနားမှုတော့ ရှိနေပါသေးသည်။ သဘာပတိဖြစ်သည်ဆိုသော်လည်း၊ သူသည် သင်းအုပ်ဆရာ ဆိုသည့် ဖြစ်တည်ခြင်းသည်လည်း ပျောက်မသွား၊ ခေါင်းဆောင်များအနက် ခေါင်းဆောင်သောသူ ဖြစ်ပေသည်။ အစည်းအဝေးတလျှောက် ဆွေးနွေးတင်ပြချက်များအားလုံးကို သူသည် ဂရုတစိုက်ပါဝင် နားစွင့်ပေးရမည့်အပြင်၊ လိုအပ်ချက်များနှင့် လမ်းညွှန်ချက်များကို ချပေးနိုင်ရန်အတွက် သင်းအုပ်တစ်ဦး၏ ဂရုစိုက်ပေးခြင်းကိုလည်း ဒွန် တွဲဖြည့်ဆွတ်ပေးရပါမည်။ သိုးထိန်းတစ်ဦးထားရှိရမည့် ရည်ရွယ်ချက်ပန်းတိုင်များကို လွဲချော်သွားပါမည်ဆို လျှင် သူသည် ရှုံးနိမ့် သောသူ ဖြစ်သည်။ ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်ရာ၌ ဆုံးဖြတ်ချက် ချမှတ်ရန်အတွက် အခြားသူများက သတိမထားမိ သို့မဟုတ် မဆိုမပြုရဲခဲ့လျှင်လည်း သူက ချီတုန့်ချီချ ဖြစ်မနေဘဲ ဦးဆောင် ဆုံးဖြတ်ချက်ချပေးရမည်။ ထိုသို့ဆိုရာတွင် အမြဲတမ်း သူကြီးကသာ ဦးဆောင် ဆုံးဖြတ်ချက်ချရမည်ဟူ၍ မဆို လိုပါပေ။ အစည်းအဝေးမထိုင်ခင်ကတည်းက သူ့အနေနှင့် အသေးစိတ် ပြင်ဆင်ထားရပါမည်။

ခေါင်းဆောင်များနှင့် အသင်းတော်ဦးဆောင်သူများ၏အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးစေသည့် သော့ချက်မှာ ဆုတောင်းခြင်းအားဖြင့် ကြိုတင်သုံးသပ်ထားခြင်းအားဖြင့်၄င်း ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါ သည်။ ထိုသို့ဆိုရာတွင် အစည်းအဝေးပြုလုပ်ရာ၌ မည်သည့်အရာမျှ တိုင်ပင်စရာ မရှိတော့အောင်မျိုး မဖြစ်စေဘဲ အားလုံးအတူတူ တိုင်ပင်ဆွေးနွေးများ ရှိစေရန်အတွက် ဟန်ချက်ညီမှုလည်း ရှိနေရပါမည်။ အစည်းအဝေး၌ တင် ပြသွားရမည့် အချက်များကို စာရင်းပြုရင်း ကျွန်ုပ်၏ ထင်မြင်ချက်များနှင့် အဆိုတင်သွင်းလိုသော အရာများကို စာရွက်တစ်ရွက်ပေါ်တွင် သီးသန့်ရေးချခြင်းအမှုကို ကျွန်ုပ်အမြဲပြုတတ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် စည်း ဝေးနေချိန်၌ ကျွန်ုပ်အား ဆုံးဖြတ်ချက်ချရန် အကြောင်းဖန်လာပါက ရေးချထားသည့် စာရွက်အသင့်ရှိနေရာ အလွယ်တကူ ဆုံးဖြတ်ချက်များ ချက်မှတ်နိုင်စေသည်။ အလွန်အရေးကြီးသည့် အချို့သော အကြောင်းအရာများ အတွက် နောက်ဆုံးပိုင်းတွင်သာ ဆွေးနွေးခြင်းများပြုလုပ်တတ်ရာ အချိန်အနည်းငယ်သာ ရှိတော့သည့်အတွက် မှားယွင်းသည့် ဆုံးဖြတ်ချက်များကို ချမှတ်မိစေတတ်သည်။ ထို့ကြောင့် ဆွေးနွေးတိုင်ပင်ကြမည့် အချက်များကို ၄င်းတို့၏ အရေးပါမှုအလိုက် အစီစဉ်တကျ ကြိုတင် ချမှတ်ထားသင့်ပါသည်။ အချို့သော အခြေအနေများတွင် လိုအပ်လျှင်လိုအပ်သလို အစီစဉ်များကိုပြန်လည်၍ ချိန်စသင့်သော အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ ခေါင်း စဉ်တစ်ခုချင်းစီနှင့် ပတ်သက်၍ စာရွက်တစ်ရွက်စီတိုင်းတွင် ၄င်းတို့နှင့်စပ်လျဉ်း၍ ကျွန်ုပ်ထင်မှတ်ယူဆသော အ ချက်အလက်များကိုလည်း ကြိုတင်ရေးမှတ်ထားတတ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အချို့သော အချက် များကို ဆွေးနွေးရာ၌ “ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အမြင်က ဒီလိုရှိတယ်” ဟုဆို၍၄င်း ကျွန်ုပ်၏ ထင်မြင် သုံးသပ်ချက်များကို တင်ပြနိုင်သကဲ့သို့၊ “ဒီအချက်နဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ယောက်ကများ အကြံကောင်း တွေရှိပါသလား၊ ဘယ်လိုဆွေးနွေးချင်ပါသဲ” ဟူ၍ အခြားသူများ၏ တင်ပြဆွေးနွေးချက်များကိုလည်း သုံးသပ် ကာ ဆုံးဖြတ်ချက်များကို အတူတကွ ချမှတ်နိုင်ပါသည်။ ကျွန်ုပ်၏ ထင်မြင်သုံးသတ်ချက်များကို စာရွက်ထဲ၌ ကြို တင်ရေးထားသည် ဆိုသော် လည်း ကျွန်ုပ်တို့ဘက်မှ ကျွန်ုပ်တို့၏ ထင်မြင်ချက်များကို ရှေးဦးစွာ တင်ပြပြောဆို ခြင်းများ ပြောစရာမလိုဘဲ အခြားသူများ၏ ဆုံးဖြတ်ချက်များကို ကြားသိခြင်းအားဖြင့် အဆင်ပြေသွားသည့် အခြေအနေမျိုးလည်း ရှိတတ်ပါသည်။ ခွဲပြားမှုများကို ဖြစ်စေနိုင်သည့် အစည်းအဝေးများအတွက်မူ ကျွန်ုပ်တို့ ဘကမှ အထူးဂရုစိုက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားသင့်ပါသည်။ ထိုကဲ့သို့သော အချက်အလက်များ အ တွက် သမ္မာကျမ်းစာက မည်သို့မည်ပုံဆိုထားသည် ဟူ၍၄င်း၊ အစပြုချိန်၌ ဝိညာဉ်တော်၏လမ်းပြမှုကို တောင်းခံ ရင်း အစည်းအဝေးကို အစပြုသင့်ပါသည်။

ခေါင်းဆောင်များမှာ အစည်းအဝေးရှိရာသို့ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ထားသည့် နှလုံးသားဖြင့် သွား ရောက်တက်ရောက်ခြင်းနှင့် အဖွဲ့ဝင်အားလုံး၏ စိတ်နှလုံးကို သိမှတ်၍ စည်းဝေးခြင်းတို့၌ အလွန်ကွာခြားမှုကို ဖြစ်စေနိုင်သည့် စွမ်းအားရှိပါသည်။ ဆုံးဖြတ်ထားသည့် စိတ်နှလုံးသားဖြင့် အစည်းအဝေးကို တက်ရောက်ရာ တင်ပြလာသည့် အချက်အလက်များကို ငြင်းဆန်ရန် အဆင်သင့်ဖြစ်နေတတ်သည်။ သို့သော်လည်း အဖွဲ့ဝင် အား လုံး၏ စိတ်နှလုံးကို သိမှတ်ခြင်းက အခွင့်အလမ်းများစွာကို ဖွင့်ပေးထားပါသည်။ ထိုသို့အားဖြင့် တစ်ဦးနှင့် တစ်ဦး ကြား ကျွန်ုပ်တို့၏ နားလည်သုံးသပ်မှုများနှင့် ယုံကြည်ချက်များကို မျှဝေကြကာ၊ အားလုံးအတွက် အကျိုးထူးမည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာမည်ဖြစ်သည်။


ခေါင်းဆောင်တစ်ဦးနှင့်တစ်ဦးကြား ဆက်နွယ်မှု

ခေါင်းဆောင်မှုဆိုသည်မှာမျှဝေရမည့် အရာမျိုးဖြစ်သည်။ အချို့သော သူတို့သည် ဤသဘောာတရားကို ပစ်ပယ်သွားကြရာ အလွန်ဆုံးရွားသည် အကျိုးဆက်များနှင့် ရင်ဆိုင်နေကြရသည်။ ခေါင်းဆောင်မှုအဝန်းတာကို မျှဝေကြရသည့် အဓိကအချက်မှာ ကျွန်ုပ်တို့အယောက်စီတိုင်းကို တစ်ဦး၏တစ်ဦးအောက် စည်းကမ်းတကျ ဖြစ် တည်စေ၍ ဖြစ်သည်။ ဘုရားသခင်၏လူတိုင်း စည်းကမ်းအောက်ရှိနေရပါမည်ဆိုလျှင် အဘယ့်ကြောင့် ခေါင်း ဆောင်များသည်လည်း မရှိရပါမည်နည်း (တမန်၊ ၂၀း၃ဝ)။ ခေါင်းဆောင်များအနက် ဦးဆောင်နေသောသူပင် လျှင် အခြားသူများ၏ ဦးဆောင်ဂရုစိုက်မှုအောက်၌ ရှိနေရပါမည်။

လုပ်ဖော်ဆောင်ဘက် ခေါင်းဆောင်များနှင့် ကျွန်ုပ်တို့အကြား တစ်ဦးနှင့်တစ်ဦး ခွန်အားပေးတိုက်တွန်းမှု ရှိနိုင်ရန် ၄င်းတို့၏ဝိညာဉ်ပိုင်းဖြစ်ဖြစ်၊ ခန္ဓာပိုင်းဖြစ်ဖြစ် လိုအပ်ချက်အသီးသီးကို ကျွန်ုပ်တို့ သိကိုသိထားရပေ မည်။ အခြားသူများ၏ပြဿနာများကို ဆွေးနွေးခွန်အားပေးရန် အလွန်စိတ်အားထက်သန်သောသူများသည် ၄င်း တို့၏ ပြဿနာများကိုမူ အခြားသူများထံ ပြောပြရန်မှာ အလွန်အားနဲတတ်ကြသည်ဟူသည့် အချက်က ကျွန်ုပ်ကို အံ့ဩစေပါသည်။ ဝိညာဉ်ပိုင်းဆိုင်ရာခေါင်းဆောင်များ အတူတကွစုရုံး၍ ဆုတောင်းရန် အချိန်သုံးခြင်းသည် အ လွန်တန်ဖိုးရှိသကဲ့သို့၊ တစ်ဦးနှင့်တစ်ဦးကြား ရင်ဆိုင်နေရသည့် ပြဿနာများကို ဝေငှခွန်အားပေးခြင်းသည် လည်း အလွန်မွန်မြတ်ပါသည်။ ပွင့်လင်းစွာ ရင်ဖွင့်ပြောဆိုခြင်းက ခေါင်းဆောင်များအကြား အလွန်ကြီးမားသည့် ခွန်အားမျိုးကို ဖြစ်ထွန်းစေသည်။ အထူးသဖြင့် အခြားသူများကို ခွန်အားပေးချင်သောသူများအတွက် ဖြစ်သည်။ ဆုတောင်းအပြီး၊ ထိုကဲ့သို့သော ဝေငှပြောကြခြင်းက ကျွန်ုပ်တို့၏စိတ်နှလုံးများကို နွေးထွေးစေသည့်နည်းတူ၊ တစ်ဦးနှင့်တစ်ဦးကြား စည်းလုံးမှုကို ခိုင်မြဲစေသည်။ အကယ်၍ ကျွန်ုပ်တို့၏လုပ်ဖော်ဆောင်ဘက် ခေါင်းဆောင် တစ်ဦးတစ်ယောက်သည် ဤသို့ဝေငှရန်အတွက် မပြောတတ်မဆိုတတ်ဖြစ်နေပါက ကျွန်ုပ်တို့ဘက်မှ အစပြုပေး ရပါမည်။ ထိုသို့ဖြင့် ၄င်းသည်လည်း အလိုက်သင့် ကျွန်ုပ်တို့နှင့် တိုင်ပင်ရင်ဖွင့် ပြောဆိုတတ်လာမည်ဖြစ်သည်။ ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦးကြား အားနည်းချက်များကို ရင်ဖွင့်ပြောဆိုခြင်းက အစပိုင်းတွင် မကြာခဏ ဖော်ပြ သ တိပေးသော ဟန်ဆောင်ခြင်းအသက်တာ ဝင်မလာစေရန် တားစီးပေးပါသည်။ 

ယေဘုယျအားဖြင့် ကျွန်ုပ်တို့၏ လုပ်ဖော်ဆောင်ဘက် ခေါင်းဆောင်များနှင့် လူ့ဘဝအကြောင်းဖြစ်ဖြစ်၊ အသင်းတော်နှင့်ပတ်သက်၍သော်လည်းကောင်း၊ အသင်းသူအသင်းသားများ၏ အခြေအနေနှင့်ပတ်သက်၍ သော်လည်းကောင်း အတတ်နိုင်ဆုံး ဝေငှပြောဆိုခွန်အားပေးကြရပါမည်။ ထိုသို့ဆိုပြုလုပ်ရန် တစ်ခုတည်းသော တားဆီးမှုမှာ ကျွန်ုပ်တို့အကြားထားရှိသည့် ယုံကြည်စိတ်ချမှုကို ထိပါးစေသည်အထိ ပြောဆိုခြင်း စည်းကမ်းများ နှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းရမည့်အရာ ဖြစ်သည်။ သင်းအုပ်ဆရာအနေနှင့် ကျွန်ုပ်တို့သည် အသင်းတော်စည်းမျဉ်းများကို တွေ့ထားပါက၊ ကျွန်ုပ်တို့၏လုပ်ဖော်ဆောင်ဘက်ခေါင်းဆောင်များနှင့် ထိုအချက် ကို အလျှင်အမြန်တိုင်ပင်ခြင်းသည် အခြေအနေအရပ်ရပ်တို့ကိုသာ၍ ကောင်းမွန်စေသည့်အပြင် ကိုင်တွယ် ဖြေ ရှင်းရန် အချိန်ရောက်လာလျှင်လည်း အံ့ဩသွားခြင်းမရှိကြတော့ဘဲ ဘုရားသခင်၏ လမ်းပြကူညီခြင်းအားဖြင့် ဖြေရှင်းနိုင်ကြမည် ဖြစ်သည်။ တစ်ခါတစ်ရံတွင် အသင်းသားတစ်ဦးဦးနှင့် စကားစမီပြောဆိုရာတွင် “ဒီအခြေ အနေကို အသင်းတော်ခေါင်းဆောင်တွေကို တဆင့်ပြောခွင့်ပေးနိုင်မလား၊ အဲဒီလိုလုပ်မှ သူတို့တွေလည်း ဒီအခြေ အနေအတွက် ဆုတောင်းပေးနိုင်ကြမှာလေ” ဟူ၍ ပြောဆိုခြင်းသည်လည်း အလွန်သင့်မြတ်ပါသည်။ တစ်ခါ တစ်ရံတွင် “ဒီကိစ္စကို ကျွန်ုပ်တော့်ကို တိုင်ပင်ပြောဆိုပေမယ့်၊ အမှန်တော့ ဒီကိစ္စကို အသင်းတော်လူကြီးတွေ အားလုံးနဲ့ဆိုင်တယ်၊ သူတို့ကို ကျွန်တော် ပြန်ပြောရလိမ့်မယ်” ဟူ၍ ပြောရမည့် အချိန်များလည်း ရှိပါသည်။ ဤ သို့ ရိုးသားဖြူစင်သော ပြောဆိုဆက်နွယ်မှုများကို ကျွန်ုပ်တို့အစဉ်ပြုလုပ်သွားပါမည်ဆိုလျှင်၊ အသင်းတော် ခေါင်း ဆောင်များ၏ အပိုင်းသည် မရှိမဖြစ်လိုအပ်သော အပိုင်းဖြစ်သည်။ ခေါင်းဆောင်များဘက်မှာ အခြားသူများ၏ ယုံကြည်စိတ်ချမှု ရှိလောက်အောင် ရိုးသား၍ ဘုရားသခင်ထံပါး ဆက်ကပ်အပ်နှံသောသူများ ဖြစ်ရမည်။ ဤ သည်မှာ ကျွန်ုပ်တို့ အစဉ်အတိုင်း ကြိုးစား၍သတိရှိနေရမည့် အချက်ဖြစ်ပါသည်။

ယုံကြည်စိတ်ချမှုအပေါ် အခြေပြု၍ အကြောင်းအလုံးစုံတို့ကို ဆွေးနွေးခြင်းအမှု၌ ပါဝင်ကြသော ခေါင်း ဆောင်များအားလုံးကို စနစ်တကျဖွဲ့စည်းထားရန်မှာ အလွန်အရေးကြီးပါသည်။ ဤသို့ စနစ်တကျ ဖွဲ့စည်းရန် လို အပ်သည်ဟု ဆိုသည်ထက် အတွေ့အကြုံများက ထိုကဲ့သို့ စနစ်တကျ ဖွဲ့စည်းထားသော ခေါင်းဆောင်မှုမျိုး မရှိ၍ မဖြစ်သည်ကို ပြောပြနေပါသည်။ ယုံကြည်စိတ်ချမှုမျိုး မရှိတော့ပါက ခေါင်းဆောင်များသည်လည်း တစ်ဦးနှင့် တစ်ဦး ပွင့်လင်းရိုးသားစွာ ကိစ္စအရပ်ရပ်ကို နှီးနှောတိုင်ပင်ကြတော့မည်မဟုတ်ပါ။ ယုံကြည်စိတ်ချမှု ဆိုသည့် စိတ်သဘောကို ကျွန်ုပ်တို့ အစဉ် မထိန်း သိမ်းပြန်ပါက အသင်းသူအသင်းသားများဘက်မှလည်း ၄င်းတို့၏ ကိစ္စ ပြဿနာများကို ရင်ဖွင့်ဝေငှရန်အတွက် ချီတုန်ချီချဖြစ်လာကြမည် ဖြစ်သည်။ ယောင်္ကျားများအနေနှင့် အချို့သော ကိစ္စများကို ၄င်းတို့၏အမျိုးသမီးများထံ ပြောပြချင်ကြသည်မှာ သဘာဝဖြစ်သည်ဟု ဆိုနိုင်သော်လည်း သင်းအုပ် ဆရာများအနေနှင့် ၄င်းပါဝင်ပတ်သက်နေသော ကိစ္စနှင့်ပတ်သက်၍ အလုံးစုံ အသေးစိတ်မပြောအပ်ပါ။ အချို့ သောကိစ္စများတွင် ချို့ယွင်းချက်များရှိပါသော်လည်း၊ ဖော်ပြပါအချက်သည် သင်းအုပ်ဆရာ တစ်ယောက်အတွက် အရေးပါသည် အချက်ဖြစ်ပါသည်။ ချို့ယွင်းချက်ဟု ကျွန်ုပ်ဆိုသည့်အရာမှာ အသင်းတော်အတွင်းရှိ  အကြင် လင်မယား စုံတွဲတစ်တွဲနှင့် ပတ်သက်၍ အမျိုးသမီးအရေးနှင့် ပတ်သက်လာလျှင် သင်းအုပ်ကတော်လည်း ပါဝင် ဖြေရှင်းပေးခြင်းများ ပြုလုပ်ပေးနိုင်သည့် အခြေအနေမျိုးကို ဆိုလိုခြင်းဖြစ်သည်။ ဤသို့သော အခြေအနေမျိုး အတွက် သင်းအုပ်ဆရာသည် သူ၏ဇနီးသည်နှင့်အတူ ပြောဆိုတိုင်ပင်မှုများရှိ၍ – အခြားသောခေါင်းဆောင် များနှင့်လည်း တိုင်ပင်မှုရှိနေရမည်။ အကောင်းဆုံးသောနည်းလမ်းပုံစံမှာ အသင်းသူအသင်းသားများ အားလုံး သည် မည်သည့် အကြောင်းအရာကိစ္စများကိုမဆို သိခွင့်ရှိ၍၊ အယောက်စီတိုင်း ထင်မြင်ချက်၊ ဖြေရှင်းချက်တို့ကို ရိုးသားပွင့်လင်းစွာ ပြောဆိုခွင့်ရှိကြခြင်းအားဖြင့် တစ်ဦးအပေါ်တစ်ဦး ယုံကြည်စိတ်ချမှုကို တည်ဆောက်ခြင်း ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များဘက်မှ သိအပ်သည့် အကြောင်းအချို့အတွက် သင်းအုပ်ဆရာကတော် ကို ချဉ်းကပ်လာသည့်အချိန်တွင် သင်းအုပ်ကတော်အနေနှင့် “အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်မ ဘာမှ မသိရပါဘူး၊ ကျွန်မယောက်ျားက သူ့အပေါ်ထားရှိသည့် အသင်းတော်နှင့်ပတ်သက်တဲ့ ယုံကြည်မှုကို အလေးထားတယ်” ဟု ဆို ခြင်းအားဖြင့် သင်းအုပ်လင်မယားသည်လည်း အများ၏လေးစားမှုကိုခံရကြမည်ဖြစ်သည်။ 

ကျွန်ုပ်တို့၏လုပ်ဖော်ဆောင်ဘက်ခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်လေတိုင်း အားလုံးသဘော တူ အကန့်အကွက်မရှိလေအောင် ကျွန်ုပ်တို့အစဉ်ကြိုးစားကြရမည်။ အကန့်အသတ်မရှိခြင်းအတွက် မဖြစ်နိုင် သည့် အခြေအနေမှာ အနည်းစုသာ ရှိပါသည်။ တစ်စုံတစ်ဦးက အခြေအနေ ကိစ္စတစ်ခုအပေါ် ဝိညာဉ်ပိုင်းဆိုင်ရာ အမြင်ဖြင့် မကြည့်တော့ဘဲ၊ လောကအမြင်ဖြင့်လည်းကောင်း၊ ကိုယ်ပိုင်အမြင်ဖြင့်လည်းကောင်း ဆုံးဖြတ်ချက်ချ လိုက်လျှင်၊ သို့မဟုတ် ခေါင်းဆောင်တစ်ဦးဦးက ဝိညာဉ်အသက်တာ၌အားနည်းနေ၍၊ ဖြစ်ပျက်နေသည့် အ ကြောင်းအရာအပေါ် လျစ်လျူရှုထားပါက ဝမ်းနည်းစရာအခြေအနေများ ဖြစ်ပေါ်လာပါတော့သည်။ မည်သို့ပင် ဖြစ်စေကာမူ အကန့်အကွက်မရှိ စည်းလုံးခြင်းအမှုက ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ပန်းတိုင် ဖြစ်ရပါမည်။ စည်းလုံး ညီညွှတ်မှုမရှိခြင်းကို လွှတ်ထားလိုက်ခြင်းက အလွန် ကြောက်စရာကောင်းပါသည်။ ပုံပမာနှိုင်းရမည်ဆိုလျှင် စို စွတ်သောအရာတစ်ခုပေါ်တွင် ဆေးရောင်သုတ်လိမ်းလိုက်ပါသော်လည်း၊ သစ်သားသည် အစိုဖြစ်နေသည့်တွက် လုပ်ဆောင်သမျှတို့ကို အချိန်ကြာလာသည်နှင့်အမျှ ပျက်ဆီးယိုယွင်းစေသည့် သဘောမျိုးပင် ဖြစ်သည်။

ထင်မြင်ယူဆချက်တို့ လက်တွေ့နှင့်တစ်သားတည်းမကျတော့ပါက အစည်းအဝေးသည်လည်း ချက်ခြင်း ဆိုသလို တင်းမာလာတတ်သည်။ ထိုကဲ့သို့သော အခြေအနေအား ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ နှစ်ဦး သို့မဟုတ် သုံးဦးက ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ လမ်းပြဦးဆောင်မှုကို ပြန်လည်တောင်းခံရန် ဖြစ်သည်။ ဤသည်တွင် ကျွန်ုပ်ပြုလုပ်တတ်သည့် နည်းလမ်းတစ်ခုမှာ ဆွေးနွေးနေသော ကိစ္စအတွက် စိတ်ခံစားမှုအပြင်းဆုံး သို့မဟုတ် သူ၏ဆုံးဖြတ်ချက်ကိုသာ လိုလားနေသောသူအား ဆုတောင်း၍ ဘုရားသခင်၏လမ်းပြမှုကို ရှာစေရန် အတွက် ရွေးချယ်တတ်သည်။ ထို့ပြင်၊ ဆုံးဖြတ်ရန်ခက်ခဲနေသည့် ကိစ္စအတွက် ချက်ခြင်းဆုံးဖြတ်ချက်လိုက် သည်ထက်၊ အချိန်ယူကာ အကန့်အကွက်မရှိသည့် အခြေအနေတစ်ခုကို ပါးနပ်စွာ ချမှတ်နိုင်စေရန်အတွက် ပြန် လည်ဆွေးနွေးရန် အခြားသော ရက်ကို ရွေးချယ်လိုက်ခြင်းမျိုးကိုလည်း ပြုလုပ် သင့်ပါသည်။ ထိုသို့ဖြင့် ပြန်လည် ဆွေးနွေးမည့် နေ့ရက်မတိုင်ခင် အားလုံးဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ လမ်းပြပေးမှုကို တောင်းခံကြရန် လည်း တိုက်တွန်းရပါမည်။ အားလုံးသဘောမတူနိုင်ပါသော်လည်း တစ်စုံတစ်ဦး၏ဆုံးဖြတ်ချက်ကိုသာ အတည် ပြုယူရတော့မည့် အခြေအနေမျိုးသို့ ရောက်သွားခဲ့ပါလျှင်လည်း ထိုကဲ့သို့သောအတည်ပြုခြင်းက ကျွန်ုပ်တို့ အကြား ကွဲပြားစေမည့် တွန်းအားမျိုးမဖြစ်စေရန် သဘောတူသည့် အခြေအနေဖြစ်အောင် ရှင်းပြတိုက်တွန်းပေး ရမည် ဖြစ်သည်။ ထို့နောက်မှ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ဆုံးဖြတ်ချက်ချရာ၌ ထိုဆုံးဖြတ်ချက်သည် အားလုံး၏ ဆုံးဖြတ်ချက်ဖြစ်သည်ဟု သဘောတူရမည်။ ကျွန်ုပ်အနေနှင့် “ဒီဆုံးဖြတ်ချက်က ကျွန်ုပ်အနေနဲ့ ဆိုရင်တော့ လက်ခံမှာမဟုတ်ဘူး”ဟူ၍ ပြောချင်လျှင်ပြော၍ရသည်ဆိုသော်လည်း၊ စုပေါင်းလုပ်ဆောင်ခြင်း အမှုကို ကျွန်ုပ်ယုံကြည်၍သော်လည်းကောင်း၊ ကျွန်ုပ်တစ်ဦးတည်း အရာအားလုံးကို ပြည့်ပြည့်စုံစုံ မြင်နိုင်စွမ်း မရှိသည်ကိုလည်းကောင်း၊ ထိုဆုံးဖြတ်ချက်ကို ကျွန်ုပ်၏ဆုံးဖြတ်ချက်အနေနှင့်သော်လည်းကောင်း၊ အကောင် အထည်ဖော်သွားမည့် လုပ်ဆောင်ချက်များသည်လည်း ကျွန်ုပ်နှင့်ဆိုင်သော အရာများဖြစ်သည် ဟူ၍ ခံယူရမည်။ ထိုကဲ့သို့ ခံယူချက်မရှိပါက အဖွဲ့အစည်း၏ စည်းလုံးမှုကို ယိုယွင်းစေတတ်ပါသည်။ ဤသို့အားဖြင့် စည်းလုံးမှု အတွက် ခေါင်းဆောင်များ၏ ကြိုးစားခြင်းအမှု၌ ရှုံးနှိမ့်ခြင်းကို မြင်တွေ့ရသည့်အတွက် ဇဝီဇဝါ ဖြစ်သွားတတ်ကြ သည်။

ခေါင်းဆောင်များ၏ ဝိညာဉ်ပိုင်းဆိုင်ရာစည်းလုံးမှုသည် အသင်းသူအသင်းသားများ၏ ဝိညာဉ်ပိုင်းဆိုင် ရာ စည်းလုံးခြင်း၏အရင်းခံဖြစ်ပါသည်။ အငြင်းပွားခြင်းများမှ သွယ်ဖယ်၍ စည်းလုံးခြင်းစီသို့ ယုံကြည်သူများကို ဦးဆောင်လမ်းပြရန်မှာ ကျွန်ုပ်တို့အစဉ်ပြုအပ်သော တာဝန်ဖြစ်ပါသည်။ သင်းအုပ်ဆရာတစ်ဦးအနေနှင့်၊ ကျွန်ုပ် သည် အသင်းတော်အစည်းအဝေးများကို သဘာပတိအနေဖြင့် ဦးဆောင်ရမည်။ ကျွန်ုပ်၏မူဝါဒများကို အားလုံး က လက်ခံကြမည် မဟုတ်သော်လည်း၊ အယောက်စီတိုင်းနှင့် မိတ်ဖွဲ့ရန် ဖြစ်ပြီး၊ အခြားသီးသန့် လူတစ်စုနှင့်သာ မိတ်ဖွဲ့ရန်အတွက် ဘယ်သောအခါမျှ မကြိုးစားပါပေ။ ခေါင်းဆောင်မှုကဏ္ဍ၌ ကျွန်ုပ်တို့တွင် အခြားသူများထက် ပို၍ရင်းနှီးသော မိတ်ဆွေမျိုးရှိနေပါက ကိစ္စတစ်ခုခုကို ဆုံးဖြတ်ရာ၌ ကိုယ်တိုင် သဘောတူနားလည်၍ မဟုတ်ဘဲ ခင်မြင်သူရင်းနှီးသူ ဖြစ်သည့်အတွက် သူ့ဘက်နှင့် ရပ်တည်ပေးခြင်ဆိုသည့် စုံစမ်းနှောက်ယှက်ခြင်းအောက် ကျ ရောက်ရန် အလွန်လွယ်ကူပါသည်။ ဤသို့သော အခြေအနေမျိုးကို ကျွန်ုပ်တို့အသက်တာ၌ နေရာမပေးသင့်၊ အစဉ်တစိုက် ဂရုစိုက်ရှောင်လွဲကြရန် အလွန်အရေးကြီးပါသည်။

ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှု ကျွန်ုပ်တို့ပြုလုပ်ရာတွင် အန္တရာယ်ရှိသည့်အချက်မှာ ကျွန်ုပ်တို့ ကိုယ်ကျွန်ုပ်တို့ အတိုင်းထက်အလွန်အရေးကြီးသည်ဟု ထင်မှတ်တတ်သည့် အချက်ဖြစ်သည်။ အသင်းတော်၌ ဆိုင်ရာဆိုင်ရာ တာဝန်ကို ထမ်းဆောင်ရာတွင် အရေးကြီးသောသူဖြစ်ခြင်းနှင့် အရေးကြီးသောသူ ဖြစ်သည်ဟု မိမိ ကိုယ်ကို ထင်မှတ်နေခြင်းအကြား အလွန်ခြားနားမှုရှိပါသည်။ ဝိညာဉ်ပိုင်းဆိုင်ရာ မာန်မာနကြီးခြင်းကို ရှောင်ပယ် ၍၊ ကျွန်ုပ်တို့သည် အစေခံများဖြစ်ကြသည် ဆိုသည့်အချက်ကို နေ့စဉ်အသက်တာ၌ ပုံသက်သေပြကြရပါမည်။ ကျွန်ုပ်တို့၏ လိမ္မာကျွမ်းကျင်မှုအလုံးစုံတို့သည် ဘုရားသခင်ထံမှလာသည်ကို (၂ကော၊ ၃း၅) ကျွန်ုပ်တို့ သိထား သည့်အပြင် “စိုက်ပျိုးသောသူမတတ်နိုင်၊ ရေးလောင်းသောသူ မတတ်နိုင်၊ကြီးပွားစေနိုင်သော ဘုရားသခင်သာ တတ်နိုင်၏” ဟူ၍လည်း နှုတ်ကပတ်တော်က ဆိုထားသည် မဟုတ်ပါလော (၁ကော၊ ၃း၇)။
























အခန်း ၁၂


တာဝန်ဝတ္တရားများ ခွဲဝေပေးခြင်း

တာဝန်ဝတ္တရားများခွဲဝေပေးခြင်း အခန်းကဏ္ဍသည် ထိရောက်အောင်မြင်သောခေါင်းဆောင်ခြင်း၌ မရှိ မဖြစ်လိုအပ်သော အခန်းဏ္ဍဖြစ်သကဲ့သို့ အစဉ်တစိုက် အလေးပေးသုံးသပ်နေရမည့် အခန်းဏ္ဍလည်း ဖြစ်သည်။ ခေါင်းဆောင်ခြင်းဆိုသည်မှာ အခြားသောသူများကိုလည်း ခေါင်းဆောင်များဖြစ်လာစေရန် တိုက်တွန်းနိုးဆော်နိုင် ခြင်းဟူ၍ အနက်ဖွင့်မည်ဆိုလျှင်၊ ခရစ်တော်၏ခန္ဓာကိုယ်၌ မိမိတို့နှင့်သက်ဆိုင်သော တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စေရန်အတွက် တစ်ယောက်ချင်းစီ၏ အရည်အချင်းများကို အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေရန် တွန်းအားပေးနိုင်ခြင်းကိုလည်း ခေါင်းဆောင်မှုဖြစ်သည်ဟု ဆိုရပေမည်။ သင်းအုပ်ဆရာများနှင့် ဓမ္မဆရာတို့အား ရည်ညွှန်းသော “ကြီးကြပ်သူ၊ဦးဆောင်သူ” (over- secr) ဆိုသည့် ရာထူးဂုဏ်ပုဒ်က လုပ်ဆောင် မှုရှိသမျှ အကုန်လုံးကို မိမိကိုယ်တိုင် လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ အခြားသူများလည်း လုပ်ဆောင်လာကြရန် ဖြစ်သည်ကို ညွှန်းဆိုနေသည်။ ခေါင်းဆောင်များ၏ အရည်အချင်းတစ်ခုမှာ သင်ကြားပေးနိုင်ခြင်း ဖြစ်သည် (၁တိ၊ ၃း၂) ဟုဆိုရာတွင် ဩဝါဒနှင့် အသက်တာဆိုင်ရာ သင်ကြားပေးချက်များကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ၊ လိုအပ် သည့် သတင်းအချက်အလက်များနှင့်အတူ ကျွမ်းကျင်မှုတို့ကို လက်ကမ်းသင်ကြားပေးခြင်းအားဖြင့် ယုံကြည်သူ အယောက်စီတိုင်းသည်လည်း ဘုရားသခင်ရွေးကောက်ထားသည့်အတိုင်း သက်ဆိုင်ရာအခန်းကဏ္ဍ၌ တာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန် ဖြစ်သည်။

သာသနာပြုခြင်းသည် အသင်းတော်တစ်ခုလုံး၏ တာဝန်ဝတ္တရားဖြစ်သည်ဆိုလျှင် ကျွန်ုပ်တို့အနေနှင့် တာဝန်ဝတ္တရားများ ခွဲဝေမှတ်သားပေးခြင်းအမှုကို အသိမှတ်ပြုရပါမည်။ မြင့်မြတ်လှသည့် တာဝန်ဝတ္တရားဖြစ် သော သင်းအုပ်ဆရာ သို့မဟုတ် ဓမ္မဆရာအမှု၌ ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ကျွန်ုပ်တို့ခံရသည်ဆိုလျှင်၊ မည် သည့်အရာမျှ အကျိုးကျေးဇူးမပေးသည့် “ခရစ်ယာန်ဘုန်းတော်ကြီး” (clergy)၊ သို့မဟုတ် “လူဝတ်ကြောင်” (laity ) စသည့် ရာထူးဂုဏ်ပုဒ်များကို ခေါက်ထားရမည် ဖြစ်သည်။ ဤကဲ့သို့သော အတွေးအခေါ်မျိုးက ကျွန်ုပ်တို့၏ သာ သနာလုပ်ငန်းကို “တသီးပုဂ္ဂလနှင့်ဆိုင်သောသာသနာ” မျိုးကို ဖြစ်ပေါ်စေသည်။ တာဝန်ရှိသည့် သင်းအုပ်ဆရာ အပေါ် အကြောင်းအရာအမျိုးမျိုးအတွက် မျှော်လင့်ထားကြသည်။ ဤကဲ့သို့သောထောင်ချောက်မျိုးကို ရှောင်ရှား နိုင်စေရန်မျှဝေမှုရှိသော ခေါင်းဆောင်ခြင်းကို အလေးထားဆောင်ရွက်၍၊ “သာသနာပြု”တစ်ဦးသည်လည်း ခေါင်း ဆောင်များအထဲမှ ဦးဆောင်ရန် တာဝန်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို သိထားရပါမည်။ သည့်ထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ရှောင်ရှားနိုင်ရန်မှာ တာဝန်ဝတ္တရားများကို အသင်းတော်တစ်ခုလုံးရှိ ယုံကြည်သူအယောက်စီ တိုင်းအား ၄င်းတို့နှင့်ကိုက်ညီစွာ ခွဲဝေလုပ်ဆောင်စေခြင်း ဖြစ်ပါသည်။ ဤစနစ်ကို အသုံးပြုရသည့် ရည်ရွယ်ချက် မှာ အသင်းတော်၏ ခေါင်းဆောင်ဖြစ်သော သခင်ခရစ်တော်ကိုယ်တိုင်က သူ၏အသင်းတော် တည်ဆောက်ခြင်း နှင့်ကိုက်ညီမည့် ဆုကျေးဇူးများကို မျှဝေပေးထားသည့်အတွက် ဖြစ်သည်။ ဘုရားသခင်ပေးထားသည့် ဆုကျေးဇူး များကို ချက်ချင်းမသိနိုင်ပါသော်လည်းဘဲ၊ တာဝန်ဝတ္တရားများကို ခွဲခန့်ပေးခြင်းအားဖြင့် တဖြည်းဖြည်းခြင်း သိ ထားနိုင်ပါသည်။ အကယ်၍ တာဝန်ဝတ္တရားများကို ခွဲဝေလုပ်ဆောင်စေခြင်းမရှိပါက ထိုဆုကျေးဇူးများသည် တိမ် ကောနေကြအုံးမည်သာ ဖြစ်သည်။ လိမ္မာပါးနပ်စွာ တာဝန်ဝတ္တရား ခွဲဝေလုပ်ဆောင်စေခြင်းက သင်းအုပ်ဆရာ၏ တာဝန်ဝတ္တရားကို သာ၍ထွန်းလင်း တောက်ပစေပါသည်။ 

ယနေ့တိုင် အသုံးတည့်ပါသေးသော စနစ်ဟောင်းများ

မောရှေအား၊ သူ၏ယောက္ခမဖြစ်သူယေသရောက တာဝန်ဝတ္တရားများ ခွဲဝေခြင်းနှင့်ပတ်သက်၍ အကြံ 

ပေးခဲ့သည့် အဖြစ်အပျက်ထက် အခြားသောကျမ်းပိုဒ်များတွင် ထိရောက်သော ပုံဥပမာမျိုးတွေ့မည်မဟုတ်။ “ဘု ရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို၄င်း၊ ထာဝရဘုရားသည် ဣသရေလလူအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို၄င်း၊ မိဂျန်ယဇ်ပရောဟိတ်ဖြစ်သော မော ရှေ၏ယေက္ခမယေသရော ကြားသည်ရှိသော်” (ထွက်၊ ၁၈း၁) ဟူ၍ အစပြုထားသည်။ ဤအခန်း၌ မောရှေ၏ အခြေအနေကို သတိထားမိသောအချက်က ကျွန်ုပ်တို့အတွက် ကိုးကားဆင်ခြင်ရန်အတွက် အလွန် အထောက် အကူ ဖြစ်စေပါသည်။

နက်ဖြန်နေ့၌ မောရှေသည်၊ လူများကိုတရားစီရင်ခြင်းငှါ ထိုင်လေ၏။ နံနက်မှစ၍ ညဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာ နေကြ၏။ မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများ တို့အား ပြုသောအမှု အဘယ်သို့နည်း။ သင်သည် တယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ ညဦးတိုင်အောင်သင့်ရှေမှာ အဘယ်ကြောင့်နေရကြသနည်းဟု ဆို၏။ မောရှေကလည်း၊ ဤသူတို့သည် ဘုရား သခင်၏ အယူတော်ကိုခံလို၍ ကျွန်ုပ်ထံသို့လာသောကြောင့် ဤသို့ဖြစ်၏။ သူတို့သည် အမှုရှိလျှင် အကျွန်ုပ်ထံသို့ လာ၍ သူတို့၏အမှုကို သင်ချရ၏ဟု ယောက္ခမအားပြောလျှင်၊ ယောက္ခမက၊ သင်ပြုသော အမှုသည်မတော် မသင့်ဖြစ်၏။ သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန်လေး၏။ တယောက်တည်း မတတ်နိုင်သော အ မှုဖြစ်၏။ ငါ့စကားကို နားထောင်လော့။ ငါ့အကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သောအမှု၌ လူများတို့၏ အမှုကိုစောင့်လျက် ဘုရားသခင် အထံ တော်သို့ဝင်၍ လျှောက်ရမည်။ သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာ လမ်း၊ ပြုရသောအမှုကိုလည်း ပြရမည်။ ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံ လျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။ ထိုသူတို့သည် ခပ်သိမ်းသော အချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကိုခံကြစေ။ ငယ်သောအမှုကို အ လိုလိုစီရင်ကြစေ။


တာဝန်ဝတ္တရား ခွဲဝေပေးခြင်း မရှိသည့်အတွက် ဝမ်းနည်းစရာ နောက်ဆက်တွဲများ

လူထုအတွက်စီမံခွဲခန့်ခြင်းအမှုသည် အလွန်အရေးကြီး၍ လုပ်ငန်းတာဝန်များသကဲ့သို့၊ သိုးစုများကို စောင့်ထိန်းသင်ကြားပေးခြင်း အမှုသည်လည်း တစ်ဦးတစ်ယောက်တည်းနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်သော အရာ မဟုတ်သည်ကို ကျွန်ုပ်တို့ သိထားရပါမည်။ အကယ်၍ တာဝန်ဝတ္တရားများ ခွဲဝေပေးခြင်းမပြုပါက၊ သင်သည် မိမိ ကိုယ်ကိုမိမိ အနာတရဖြစ်စေသကဲ့သို့၊ အခြားသူများကိုလည်း ထိခိုက်နာကျင်စေနိုင်ပါသည်။ မောရှေ၏ အခြေ အနေဖြစ်သည် (အငယ်၊ ၁၄)၊ ကျွန်ုပ်တို့ တစ်ဦးတည်းကသည် အရာအလုံးစုံတို့ကိုကို သတိထားခဲ့သော ယေသ ရော၏အမြင်သည် လိမ္မာပါးနပ်သော အမြင်လုပ်ဆောင်နေပါက၊ ကျွန်ုပ်တို့သည် များစွာသောအမှုတို့ကို ဂရုမစိုက် မိလိုက်ဘဲ၊ အခြားသူများသည်လည်း ၄င်းတို့ကို ဂရုမစိုက်မိသလိုခံစားရကာ ထိခိုက်နစ်နာမှုများ ရှိလာနိုင်ပါ သည်။ တာဝန်ရှိသူတစ်ဦးသည် လုပ်ဆောင်ရမည့် အလုပ်အား အကောင်းဆုံးလုပ်ဆောင်နေသည်ဟု ဆိုစေအုံး တော့၊ ပြီးမြောက်နိုင်ရန်အတွက် အချိန်ကြာမြင့်နိုင်သည့်အချက်ကို ယေသရော သတိထားခဲ့မိသည်။

တာဝန်ခွဲဝေပေးခြင်းမရှိပါက ကျွန်ုပ်တို့ကိုယ်တိုင် တစ်ယောက်တည်း ရှုံးကန်နေရပြီး၊“ခေါင်းမီးတောက်” အောင်ပင် ခံစားရပါသည်။ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ဒုက္ခပေးရာရောက်သကဲ့သို့၊ ကျွန်ုပ်တို့ကို ကူညီလိုသော သူ များအားလုံးကိုလည်း စိတ်ပျက်စေရာရောက်ပါသည်။ အကယ်စင်စစ် ၄င်းတို့သည် ကျွန်ုပ်တို့အား ကူညီပေးချင် ကြပါသော်လည်း၊ ကျွန်ုပ်တို့ တကိုယ်ကောင်းစံ၍ တာဝန်ခွဲဝေပေးလိုခြင်း ၄င်းတို့ စိတ်ပျက်နေကြရသည်။ နောက်ဆုံးရလဒ်မှာဖြင့် အားလုံးစိတ်ပျက်ကြရပြီးနောက်၊ အသင်းတော်တစ်ခုလုံးပင် ဇဝီဇဝါဖြင့် ရပ်တန့်သွားနိုင် သည်။ ထိုသို့သော အခြေအနေမျိုးအားဖြင့် ဘုရားသခင် ဘုန်းတော်ထင်ရှားခြင်း မရှိပါပေ။ ဘုရားသခင်သည် အလုပ်အားလုံးကို သိမ်းကြုံးလုပ်ဆောင်ရန်အတွက် အလိုရှိသောသခင်တစ်ဦး မဟုတ်ပါပေ။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ ရူပါရုံနှင့် လမ်းစဉ်များပျောက်မသွားစေရန် ကျွန်ုပ်တို့ကို အစဉ်ကူညီပေးကြမည့်သူများကိုလည်း ပြင်ဆင်ပေးသော ဘုရားသခင် ဖြစ်သည်။ 

ခေါင်းဆောင်မှုတာဝန်၏ အစိတ်အပိုင်းတစ်ခုမှာ အသစ်သောရူပါရုံများကိုရေးဆွဲဦးဆောင်ရင်း၊ အ ကောင်အထည်ဖော်ပြီးသော တာဝန်များကို အခြားသောသူထံပါး လွှဲပြောင်းပေးနိုင်စွမ်း ဖြစ်သည်။ လုပ်ငန်း တာ ဝန်များကို တာဝန်ခွဲဝေခြင်းကိုမပြုတော့သည်နှင့် လက်တလောပြဿနာများနှင့်သာ ကျွန်ုပ်တို့သည် တစ်ယောက် ထဲ ရှုံးကန်နေရသည်ဖြစ်၍ ရူပါရုံသစ်များအတွက် အချိန်မပေးနိုင်တော့ဘဲ ဖြစ်သွားပေမည်။ ထို့ပြင် ကျွန်ုပ်တို့ အား စောင့်ကြည့်နေသောသူများရှေ့တွင် ကျွန်ုပ်တို့သည် ဘယ်သောအခါမျှ မပြိုလဲနိုင်သောသူများ ဖြစ်သည်ဟု မိမိကိုယ်ကို ထင်မှတ်စေပါသည်။ ပိုဆိုးသည့်အချက်မှာ၊ ကျွန်ုပ်တို့သည် အသင်းတော်တိုးတက်မှုအတွက် လုပ် ဆောင်နေပါသည်ဟု ဆိုသော်လည်း အသင်းတော်၏ တိုးတက်မှုကို ပိတ်ပင်သော အတားအဆီးများ ဖြစ်သွားနိုင် သည်။ ဒေးဗစ်ဝတ်ဆင်ဆိုသူက သူ၏အတွေ့အကြုံအားဖြင့် အောက်ပါအတိုင်း ပြောပြခဲ့သည်။ 

“အမှုတော်ဆောင် (သို့) သာသနာပြုတစ်ဦးသည် ပုလင်းတစ်လုံး၏လယ်တိုင် (သို့) အဝတစ်ခုဟု ပမာနှိုင်း နိုင်ရာ၊ သူ့အား ဖြတ်သန်းသွားခြင်းမရှိဘဲ မည်သည့်အရာမျှ ဝင်ထွက်သွားလာခြင်း မဖြစ်နိုင်ပေ။ သူ၏ ထောက်ခံခြင်း၊ အကြံပေးခြင်းမရှိပါက မည်သို့သော အစည်းအဝေးကိုမျှ ကျင်းပခွင့်မရှိ။ ဆုတောင်းခြင်း အစီစဉ် (သို့) ကျမ်းစာလေ့လာခြင်းအစီစဉ်တို့၌ သင်းအုပ်ဆရာပါဝင်ခြင်း မရှိသည့်အတွက်ကြောင့် ပျက် ဆီးပြိုလဲသွား သော ခရစ်ယာန်များစွာကို ကျွန်ုပ်မြင်ဖူးပါသည်။ သင်းအုပ်ဆရာသည် ပုလင်းလယ်တိုင် (သို့) အဝဆိုသည့်အတွေး အခေါ်သည် အသင်းတော်၏ ကြီးထွားခြင်းရင့်ကျက်ခြင်းတို့ကို မည်သည့် အကြောင်းကြောင့်မျှ ဖြစ်နိုင်ချေမရှိစေ ပါ။ အသင်းတော်တွင်း၌ တစ်စုံတစ်ဦးအတွက်သာ နေရာရှိနေတော့ သည့်အတွက်ကြောင့် သင်းသူသင်းသား များသည် ၄င်းတို့အား ဘုရားသခင်ပေးထားသည့် ဝိညာဉ်ဆုကျေးဇူးတို့ကို တိုးတက်အောင် မပြုလုပ်နိုင်ဘဲ ရှိနေတော့သည်။ ဤသို့သော အခြေအနေများကြောင့် ဝိညာဉ်တော်၏မီးသည် ပုလင်းထဲ၌ ပေါက်ကွဲသွားသည့် နောက် အယောက်စီတိုင်း တာဝန်ယူဆောင်ရွက် နိုင်မည့် ကိုယ်ပိုင်အိမ်များ၌ မိတ်ဿဟာရဖွဲ့ခြင်းနှင့် ဝတ်ပြု ကိုးကွယ်ခြင်းများ ရှိလာသည်မှာ သံသယ ရှိရန် မလိုအပ်ပေ။ အသစ်သောစပျစ်ရည်အတွက် အသစ်သော စပျစ် ရည်သိုမှီးရာ မရှိပါက ပေါက်ပြဲခြင်း များကို အကျိုးဆက်အနေနှင့် အမှန်မြင်ကြရမည် ဖြစ်သည်။ (DavidWastson: I Believe in the Chruch, Hodder ans Stoughton, p. 246)

အရာရာရှုံးနှိမ့်ခဲ့ပြီးသည့်နောက် ကျွန်ုပ်တို့ရှိနေသည်ဖြစ်စေ၊ ထွက်သွားရတော့မည်ဖြစ်စေ ထိုကဲ့သို့သော အခြေအနေမျိုးအတွက် ထောက်ခံအားပေးချက်ဟူ၍ မရှိပါပေ။ မောရှေကဲ့သို့ ကျွန်ုပ်တို့အား အကောင်းမြင်ဝါဒ ဖြင့် ထောက်ပြပြောဆိုတတ်သောသူများကို ကျွန်ုပ်တို့ ကောင်းမွန်စွာနားထောင်သင့်ပါသည်။ ထိုကဲ့သို့ပြုရန် အ တွက် မောရှေတစ်ယောက် နှိမ့်ချခြင်းသဘောကို အတိုင်းအတာတစ်ခုထိပေးဆပ်ရမည် ဆိုပါသော်လည်း အကျိုး အမြတ်မှာမူ သူအတွက်သာမက၊ ဘုရားသခင်၏လူများအားလုံးအတွက် အလွန်အရေးကြီးနေခဲ့သည်။ ယောသ ရော အကြံပေးခြင်းနောက်၌ ဘုရားသခင်၏အသံကို မောရှေတစ်ယောက် သတိထားခဲ့သည်။ ထို့ကြောင့် ကျွန်ုပ် တို့အား အခြားသူများက အကြံပေးသည်ဖြစ်စေ၊ ဝေဖန်သည်ဖြစ်စေ၊ ဘုရားသခင်၏အလိုတော်ကို အစဉ် အ တိုင်း နားစွန့်နေကြရမည် ဖြစ်သည်။


တာဝန်ဝတ္တရား ခွဲဝေရန် ကြံ့ကြာနေခြင်း

တာဝန်ဝတ္တရားများခွဲဝေပေးရန်၌ ရှုံးနှိမ့်ရခြင်းများ၏နောက်ကွယ်တွင် အကြောင်းအရာများစွာ ရှိနေ 

တတ်ကြရာ ၄င်းတို့ကို ကျွန်ုပ်တို့ကုသဖြေရှင်းနိုင်ရန်အတွက် အစဉ်တစိုက် ကြိုးစားကြရမည်ဖြစ်သည်။ အချို့ သောအချက်များကိုဝန်ခံရန် အလွန်ခက်ခဲရာ၊ တစ်စုံတစ်ဦးကို တာဝန်လွှဲပြောင်းပေးလိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် နေရမရတော့ဘဲ နေရတော့မည် သို့မဟုတ်၊ အများ၏အမြင်ရှေ့မှောက်တွင် တွေ့ရတော့မည် မဟုတ်တော့ ပါဟူ၍ စသည်ဖြင့် စိုးရိမ်စိတ်များ ဝင်လာတတ်ခြင်းဖြစ်သည်။ လူထု၏အချစ်တော်ဖြစ်ခြင်းမှ ပယ်ဖျက်ခြင်း ခံရ မည်ကို ကျွန်ုပ်တို့စိုးရိမ်တတ်ကြသည်။ တာဝန်လွှဲပြောင်းပေးမည့်သူက အမှန်တကယ်ပင် ထိုအလုပ်ကို လုပ် ဆောင်ရာ၌ ကျွန်ုပ်တို့ထက် ပိုမိုလုပ်ဆောင်နိုင်ပါသော်လည်း၊ မျက်နှာမရတော့မည်ကို စိုးရိမ်သဖြင့် အများရှေ့ တွင် သူများထက် ပိုလုပ်နိုင်ပါသည်ဟုဆိုကာ ဟန်ဆောင်နေခြင်းမျိုးသည် သာ၍ ကြောက်စရာကောင်းပါသည်။ သို့မဟုတ် တာဝန်များလွှဲပြောင်းရန် ကျွန်ုပ်တို့ နှေးကွေးနေရခြင်း၏ အကြောင်းအရင်းမှာ အလွန်ကပ်စီးနဲနေသော ကြောင့်လဲ ဖြစ်နိုင်သည်။ ဤကဲ့သို့သော အချက်အလက်များကို သတိပြုရမည်ဆိုသကဲ့သို့၊ စိတ်ကူးနှင့်ပင် ထို အတွေးများကို မတွေးမထားသင့်ပါပေ။ အမှုတော်ဆောင်ရန်အတွက် အခြားသူများထံ၌ ဘုရားသခင်ပေးထား သော ဆုကျေးဇူးများအပေါ် မနာလိုစိတ်မထားဘဲ၊ ဝမ်းမြောက်ခြင်း ရှိရပါမည်။ အသင်းတော်ကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်နိုင်ငံကဲ့သို့ မမြင်ဘဲ၊ ခရစ်တော်၏ နိုင်ငံအဖြစ် မြင်ရန် လိုအပ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရား သခင်၏ အမှုတော်မြတ်၌ အောင်မြင်စွာပါဝင်သည်ဟုဆိုလျှင်၊ တာဝန်လုပ်ငန်းများ မျှဝေပေးခြင်းကို ကျွန်ုပ်တို့ အစဉ် အားစိုက်ထုတ်ရပါမည်။ တာဝန်ခွဲဝေပေးခြင်းအမှုသည် သာ၍ကြီးမားသည့် ပန်းတိုင်များထံသို့ လမ်းပြ ပေးရာ၊ ဦးစားပေးရမည့် အရာဖြစ်ပါသည်။

နောက်တစ်ချက် ကျွန်ုပ်တို့သုံးသပ်ရမည့်အချက်မှာ လွှဲပြောင်းပေးလိုက်သည့် အလုပ်ကို ကောင်းမွန်စွာ မ ပြီးမြောက်မည်ကို စိုးရိမ်ခြင်း ဖြစ်သည်။ အချို့သောသူတို့သည် အခြားသူများကို ယုံကြည်ရန်အတွက် ကြောက်ရွံ့ နေတတ်သည်။ တာဝန်လွှဲပြောင်းခြင်းခံသူက ထိုတာဝန်ကို ကောင်းမွန်စွာလုပ်နိုင်ပါ့မလားဟူ၍ ကျွန်ုပ်တို့ အလွန် အမင်း စိုးရိမ်တတ်ကြသည်။ သို့မဟုတ် ထိုနောက်ကွယ်၌ ကျွန်ုပ်တို့၏ မာန်မာနတရားပါနေသည်ဆိုလျှင် အလျင် အမြန် ဖျောက်ဖြတ်ပစ်ရန် အရေးကြီးပါသည်။ ကျွန်ုပ်တို့၏စိုးရိမ်ကြောက်ရွံ့ခြင်းများကို အသေအချာ သုံးသပ် ပြီးသည်နှင့် တာဝန်မျှပေးလိုက်သောပုဂ္ဂိုလ်အား အတတ်နိုင်ဆုံးကူညီမှုများပေးနိုင်ရန် အာရုံစိုက်ရမည်။ ထိုသို့ဖြင့် ဖြစ်နိုင်ခြေရှိသည့် ပြဿနာများအတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့ ယုံကြည် စိတ်ချရသောသူထက် ကျွန်ုပ်တို့အနေနှင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါသည်ဆိုသော်လည်း၊ ၄င်းတို့အား ကျွန်ုပ်တို့က တာဝန်များပေးဝေလုပ်ဆောင်ခြင်းမရှိစေပါက ၄င်းတို့အနေနှင့် အခွင့်ကောင်းများစွာကို လက်လွတ် ဆုံးရှုံးသွားနိုင်သည်ကို စဉ်းစားပေးရပါမည်။ တဖြည်းဖြည်းခြင်း သင်ယူလာကြရင်း ၄င်းတို့သည် ကျွန်ုပ်တို့ထပ် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်လာနိုင်ပါသည်။


တာဝန်ဝတ္တရား ခွဲဝေပေးခြင်း၏ အကျိုးကျေးဇူးများ

လိမ္မာပါးနပ်စွာ အလုပ်များကိုခွဲဝေနိုင်ခြင်းက လုံလောက်သော စွမ်းဆောင်နိုင်မှုကို မွေးဖွားစေပါသည်။ အာဒံစမစ်ဆိုသူက ဝါယာကြိုးအလုပ်ရုံတစ်ခုတွင်လေ့လာရာမှ အလုပ်များကိုခွဲဝေခြင်း၏ အကျိုးရလဒ်ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

“ဝါယာကြိုးတစ်မျဉ်ကို တစ်ယောက်က ဆွဲထုတ်တယ်၊ နောက်တစ်ယောက်က ဖြောင့်စေတယ်၊ တတိယ တစ်ယောက်ကတော့ လိုအပ်တဲ့အတိုင်းအတာလောက်ကို ဖြတ်တယ်၊ လေးယောက်မြောက်က အမှတ် အသား ပြုတယ်၊ ငါးယောက်မြောက်သူက ဝါယာကြိုးအမျဉ်လေးရအောင် သွားနဲ့ကိုက်ရတယ်။ ဝါယာ ခေါင်းလုပ်ဖို့ အတွက်တော့ နှစ်ယောက်သုံးယောက်လောက် လိုအပ်ပြန်တယ်။ ဒါ့ပြင် ဝါယာခေါင်းနဲ့ ဝါယာကြိုးတို့ကို ဆက်သွယ်ရတဲ့အလုပ်ကလည်းရှိသေး၊ နောက်ဆုံးမှာ ထုပ်ပိုးရသည်လည်း အလုပ်တစ်ခု ပါဘဲ” (Vol. 1, p 8)

အထက်ပါအချက်နှင့်ပတ်သက်၍ ဂျွန်ဂါလ်ဘရက်ဆိုသူကလည်း အောက်ပါအတိုင်း ဆက်လက်၍ ဖော်ပြထားပါသည် –

“လူ ၁ဝ ယောက်က အထက်ပါအလုပ်ကို ခွဲလုပ်ကြမယ်ဆိုရင် တစ်နေ့မှာ အခုပေါင်း ၄၈ဝဝ ခု လုပ်နိုင်ပါ လိမ့်မယ်ဆိုပြီးတော့ စမစ်က တွက်ချက်ထားတယ်။ အကယ်၍ တစ်ယောက်တည်းကသာ လုပ်ဆောင် မယ်ဆိုရင် တော့ တစ်နေ့မှာ တစ်ခုထက်ပိုရင်တောင်မှ အခု နှစ်ဆယ်လောက်ဘဲ လုပ်နိုင်မှာပါ (John Kenneth Galbraith: The Age of Uncertainty, p. 23)

အလုပ်ရုံအခြေအနေမျိုးကို ကျွန်ုပ်တို့၏လူနေမှုပတ်ဝန်းကျင်တွင် သုံးမရနိုင်ပါသော်လည်း၊ အသင်း တော်၌ တစ်စုံတစ်ဦးက အရာရာကိုလုပ်ဆောင်ရန်ကြိုးစားခဲ့ပါလျှင် - သင်ကိုယ်တိုင် ရူးနှမ်းစွာ ကြိုးစားလုံးပန်း နေခဲ့လျှင် ``အသင်းတော်၏တိုးပွားကြီးထွားမှုကို နှောက်နှေးစေသကဲ့သို့၊ အလုပ်များကို ဝေမျှလုပ်ဆောင်ခြင်း အားဖြင့်၊ ဘုရားသခင်က ဆုကျေးဇူးများကို စည်းလုံးညီညွှတ်စွာ လုပ်ဆောင်ကြရာမှ အသင်းတော်၏ ဝိညာဉ်ပိုင်း ဆိုင်ရာကို တိုးတက်စေနိုင်ပါသည်။ ဘုရားသခင် လေးစားတန်ဖိုးထားသော တာဝန်ဝတ္တရားများ လွှဲပြောင်းပေး ခြင်းအမှုကို ကျွန်ုပ်တို့ ကျင့်ဆောင်နိုင်သည်နှင့် အယောက်စီတိုင်းသည် တန်ဖိုးထားခြင်းခံရသည်ဟု ခံစားကြရ ကာ၊ အားလုံးကျေနပ်မှုကိုရရှိကြ၍၊ အလုပ်များသည်လည်း အစီစဉ်ကျပြီးဆုံးသွားသည်ကို တွေ့မြင်သည်။ ဤချက်ကိုပင် ယေသရောက မောရှေကို သတိပြုရန်တိုက်တွန်းခဲ့ခြင်းဖြစ်သော်လည်း ယနေ့ထက်တိုင်ပင် မှန်ကန် အကျုံးဝင်နေဆဲပင် ဖြစ်သည်။

တာဝန်များကိုခွဲဝေပေးခြင်းက လုပ်ငန်းတာဝန်ဝတ္တရား၏ ဝန်ထုပ်ဝန်ပိုးကိုပေါ့ပါးစေသည့်အတွက် ကျွန်ုပ်တို့အပေါ်ကျရောက်သည့် ဖိအားကိုလျော့ချပေးသည်။ လုပ်ဆောင်ရမည့်အလုပ်များ များပြားမှုအပေါ် ကျွန်ုပ်တို့ဂုဏ်ယူနိုင်ပါသော်လည်း၊ အခြားသူများပါဝင်သင့်သည့်အလုပ်များကိုမူ မနာလိုဝန်တိုမှုမျိုးမရှိဘဲ ခွဲဝေ ပေးရမည်ဖြစ်ပြီး၊ အားလုံးအတူတူ အလုပ်၏အကျိုးကို ခံစားကြရမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝန်ထုပ်ဝန်ပိုးများ ကို အခြားသူများက မျှဝေသယ်ဆောင်ပေးခြင်းအားဖြင့် ရရှိလာနိုင်သည့် အကျိုးရလဒ်မှာ ကျွန်ုပ်တို့၏လုပ်ငန်း၌ ဖိအားများနည်းလာပြီးနောက်၊ အသစ်သော အမြင်များကိုလည်း မွေးဖွားစေနိုင်ပါသည်။

တာဝန်များကိုဝေမျှခြင်းသည် တာဝန်ဆက်ခံမှုကိုသေချာစေသည့်နည်းတူ၊ ဝိညာဉ်ဆုကျေးဇူးများကို လည်းသီးပွင့်စေသည့်အပြင်၊ ခေါင်းဆောင်မှုအငန်းအတာကိုလည်း တိုးတက်ပြောင်းလဲစေနိုင်ပါသည်။ တာဝန် များဝေမျှပေးခြင်းသည် ကျွန်ုပ်တို့ကိုအထောက်အကူပြုပေးသည့်အပြင်၊ ကျွန်ုပ်တို့နှင့်အတူ ပါဝင်လုပ်ဆောင် သောသူများကိုလည်း ဘုရားသခင်၏အသင်းတော်ကျယ်ပြန့်စေရန်အတွက် အခွင့်အလမ်းများစွာကို ဖွင့်ပေးပါ သည်။ ကျွန်ုပ်တို့အား အရည်အချင်းများကို ပေးသနားတော်မူသည့် ဘုရားသခင်သည် အခြားသူများကိုလည်း ထို ကဲ့သို့သော တန်းတူအရည်အချင်းများကို ပေးထားပါသည်။ ကျွန်ုပ်တို့အား ယုံကြည်အားကိုး၍ လုပ်ငန်းတာဝန် များ အပ်နှင်းထားသောသူများထံ၌ ဝိညာဉ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ပြသရန်အတွက် သက်သေပြရန် ရှိသည်။ ၄င်းတို့သည် ကျွန်ုပ်တို့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည်ဖြစ်၍ ကျွန်ုပ် တို့အား တာဝန်ပေးရန်အတွက် ယုံကြည်စိတ်ချသူများ ဖြစ်ကြသည်။ တာဝန်ဝတ္တရားများ ခွဲဝေပေးခြင်းအမှု၌ ရှုံးနိမ့်ခြင်းအား အဘယ့်ကြောင့် ပြစ်မှုတစ်ခုကဲ့သို့ မြင်ရသည်မှာ အခြားသူများကို ဘုရားသခင်ပေးထားသည့် ဝိညာဉ်ဆုကျေးဇူးများကို အဟန့်အတားဖြစ်စေခြင်းကြောင့် ဖြစ်သည်။ မနာလိုစိတ်သဘောမျိုးလုံးဝမရှိဘဲ ဗနဘ က တမန်တော်ပေါလုအတွင်းရှိ စွမ်းဆောင်နိုင်စွမ်းကို သတိမထားမိဘဲ၊ အမှုတော်မြတ်၌ ပါဝင်ရန် မတိုက်တွန်းခဲ့ ပါလျှင် ယနေ့အသင်းတော်၌ အလွန်ကြီးမားသည့် ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရပါလိမ့်မည်။ လိမ္မာပါးနပ်သော တာဝန် ဝတ္တရားများခွဲဝေလုပ်ဆောင်စေခြင်းက အခြားသူများ၏ ဝိညာဉ်ဆုကျေးဇူးကို ကြီးထွားစေရန် ကူညီပေးသကဲ့ သို့၊ သင်းအုပ်ဆရာတစ်ဦး သို့မဟုတ် ဓမ္မဆရာတစ်ဦး အနေနှင့် အမှုတော်မြတ်သာ၍ ကျယ်ပြန့်စေရန်အတွက် 

ပေးအပ်ထားသည့် တာဝန်ဝတ္တရားကို ဖြည့်ဆည်းရာရောက်ပါသည် (ဧဖက်၊ ၄း၁၂)။


တာဝန် ဝတ္တရား ခွဲဝေရမည့် နယ်ပယ်များ

သင်းအုပ်ဆရာများ ဘုတ်အဖွဲ့ ရှိလာသည်နှင့် တစ်ပြိုင်နက် တာဝန်ဝတ္တရား ခွဲဝေခြင်းသည်လည်း အစပြုပါသည်။ ခေါင်းဆောင်များအနက် ဦးဆောင်သူတစ်ဦးရှိရသည့် အကြောင်းအရင်းမှာ ကျွန်ုပ်တို့ လုပ်ဆောင် ရသည့်လုပ်ငန်းမှာ စုပေါင်းလုပ်ငန်းဖြစ်သည့်အပြင်၊ တာဝန်ဝတ္တရားခွဲဝေရာ၌ အစပြုလမ်းခင်းပေးရန် တစ်စုံ တစ်ဦးကို လိုအပ်သည့်အတွက်ဖြစ်သည်။ အကြမ်းအားဖြင့် ကျွန်ုပ်ရင်းနှီးသောဘုတ်အဖွဲ့ကို ရေးချရမည် ဆိုလျှင်၊ လက်ထောက်တစ်ယောက်၊ အမျိုးသမီးအလုပ်သမ၊ အတွင်းရေးမှူးနှင့် ဒုတိယမြောက်ကူညီပေးသူတစ်ယောက် ဟူ၍ ဖြစ်ပေမည်။ လက်ထောက်တစ်ယောက်အနေနှင့် ကျမ်းစာကျောင်းဆင်းတစ်ယောက် ဖြစ်ရမည်ဖြစ်ပြီး၊ အနည်းဆုံး ကျွန်ုပ်နှင့် နှစ်နှစ်ကြာမျှ လက်တွဲနိုင်မည့်သူ ဖြစ်သင့်ပါသည်။ ပထမနှစ်တွင်မူ ထိုလက်ထောက်သည် အခြေအနေအရပ်ရပ်ကို သင်ယူကာ၊ ဒုတိယမြောက်နှစ်တွင်မူ တာဝန်အများစုကို ယူနိုင်သောသူ ဖြစ်လာသင့်ပါ သည်။ အသင်းတော်ရှိ ဦးဆောင်ခြင်းအပိုင်းတွင်လည်း ၄င်း၏အထောက်အကူပြုခြင်း အလွန်အဖိုးတန်သော ပါ ဝင်မှုတစ်ခုဖြစ်ပြီး၊ အသင်းတော်သည်လည်း ၄င်း၏ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ခွန်အားရစရာအကြောင်း ရှိပါ သည်။ ထို့ပြင် အသင်းတော်ဘက်မှလည်း ထိုလက်ထောက် (သင်းထောက်) သည်သာ၍ ကျယ်ပြန့်သော ခေါင်း ဆောင်မှုကို တက်လှမ်းနိုင်စေရန်လည်း တဘက်တလမ်းမှာ အကူအညီပေးရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့နှင့် ရေ ရှည်လက်တွဲနိုင်မည့် အကြောင်းကိုရည်ရွယ်၍ ဒုတိယမြောက်ကူညီပေးမည့်သူမှာ ကျွန်ုပ်ထက်သာ၍ အသက် ကြီးသောသူ ဖြစ်သင့်ပါသည်။ ထို့နောက် အတွင်းရေးမှူးတစ်ဦး၏ တာဝန်ဝတ္တရားမှာလည်း သင်းအုပ်ဘုတ်အဖွဲ့ တွင် အလွန်အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်လှုပ်ရှားသည်။ အသင်းတော်၏ ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်နှင့် ဘုတ်အဖွဲ့၏ စည်းလုံးခြင်းများကိုလည်း ပါးနပ်စွာ ကိုင်တွယ်ကြရမည့်အတွက် ၄င်း ၏တာဝန်မှာ အလွန်အရေးပါပါသည်။ တစ်နေ့ကုန် ရုံး၌ထိုင်နိုင်သောသူဖြစ်၍၊ အသင်းဝင်များရုံး၌ မရှိလျှင် လည်း၊ သူမသည် လာရောက်သော ဧည့်သည်များကိုဧည့်ခံရင်း၊ ဝင်လာသမျှသောဖုန်းတို့ကို ပြန်လည် ဖြေကြား ရင်းဖြင့် လိုအပ်သည့်အရာများကို ဖြည့်ဆည်းမှတ်တမ်းယူရမည့်သူ ဖြစ်သည်။ ဤကဲ့သို့သောဘုတ်အဖွဲ့တွင်၊ အခြားသော အဖွဲ့အစည်းများကဲ့သို့ပင်၊ တစ်ခါတစ်ရံတွင် ညွှန်ကြားချက်များပေးရမည့် အချိန်ရှိရပါမည်။ တာဝန် များကိုလည်း စနစ်တကျ ခွဲဝေပေးရန်လည်း အလွန်အရေးကြီးပါသည်။ သင်းအုပ်ဆရာများအနေနှင့် ကျွန်ုပ်တို့၏ တာဝန်မှာ ဘုတ်အဖွဲ့တွင် လက်တွဲပါဝင်ကြသောသူများကို အချိန်ပေး၍၊ ၄င်းတို့၏လိုအပ်ချက်များ ဖြည့်ဆည်း ပေး၍သော် လည်းကောင်း၊ ခွန်အားပေး၍ တစ်ဖုံ ၄င်းတို့နှင့် အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းအားဖြင့် သော်လည်း ကောင်း အတူတကွ အချိန်သုံးရပါမည်။ အဖွဲ့ဝင်များအားလုံး အတူရှိနေမှသာလျှင် အစည်းအဝေးများ ပြုလုပ်ခြင်း သည် အကောင်းဆုံးဖြစ်၍၊ တစ်ဦးချင်းတာဝန်ယူရသည့် လုပ်ငန်းများကို အချင်းချင်း ဆုတောင်းပေး ခြင်းအားဖြင့် ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းပေးနိုင်ကြမည် ဖြစ်သည်။ တစ်ဦးအတွက် တစ်ဦးအသေးစိတ်မျှဝေ ဆုတောင်း ပေးခြင်းအမှုထက် မည်သည့်အရာမျှ ဘုတ်အဖွဲ့ဝင်အားလုံးကို စည်းလုံးစေနိုင်စွမ်း မရှိပါ။

ဘုတ်အဖွဲ့ထဲသို့ လူသစ်တစ်ဦးဝင်လာရမည့် အကြောင်းရှိလာလေတိုင်း၊ ၄င်းလုပ်ဆောင်ရမည့် တာဝန် ဝတ္တရားများကို ကျွန်ုပ်အနေနှင့် မည်သို့မည်ပုံလုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့်အရာများ လိုအပ်ကြောင်း စသည် ဖြင့် အသေးစိတ်မှတ်စုထုတ်ပေး၍၊ ဘုတ်အဖွဲ့ဝင်အားလုံးနှင့် တိုင်ပင်မိတ်ဆက်ခြင်းများကို ပြုလုပ်ပေးရပါမည်။ ပထမဆုံးအစည်းအဝေးပြုလုပ်ရန် ကျွန်ုပ်လုပ်ဆောင်သည့်အချက်များမှာ - ပထမတစ်ချက် ရက်သတ်မှတ်သည်၊ တစ်ရက်ကြိုတင် သို့မဟုတ် တစ်လကြိုတင်၍ လုပ်ငန်းကိစ္စများ၏အခြေအနေကို ပြန်လည်သုံးသပ်သည်၊ ဒုတိ ယတစ်ချက် အဖွဲ့အဝင်အသီးသီးတို့အား လုပ်ငန်းနှင့်သက်ဆိုင်၍ ၄င်းတို့နားမလည်သောအရာများ ရှိခဲ့ပါလျှင် အမြန်နိုင်ဆုံး မေးမြန်းရန်အချိန်ပေးသည်၊ တတိယတစ်ချက် အဖွဲ့ဝင်များအားလုံး တိုင်ပင်ဆွေးနွေးရာတွင် စည်း လုံးမှု၊ ရိုးသားပွင့်လင်းမှုတို့ရှိစေရန် ခွန်အားပေးရပါသည်။

ညွှန်ကြားချက်တစ်ခုစီတိုင်းသည် ရိုးရှင်း၍ နားလည်သဘောပေါက်လွယ်ကူရမည်။ အကယ်၍ အစည်း အဝေး၌ ကျွန်ုပ်ပါဝင်နိုင်ခြင်း မရှိခဲ့ပါက၊ ကျွန်ုပ်ထက် အသက်ကြီးသောသင်းထောက်က ဦးဆောင် ကျင်းပရပါ မည်။ ထိုအသက်ကြီးသော သင်းထောက်မရှိပါက၊ အစည်းအဝေးသည် သင်းထောက်ငယ်၏ပခုံးပေါ်တွင် သက် ရောက်မည်ဖြစ်သည်။ အကယ်၍ အစည်းအဝေးကို ဦးဆောင်မည့်သူသည် သံယရှိဖွယ်ရှိသည်ဟု ကျွန်ုပ်ခံစားမိပါ က၊ အစည်းအဝေးကိုကျင်းပရန် မဖြစ်နိုင်သေးကြောင်းကို နားလည်မှုဂရုတစိုက်၊ အသေးစိတ် ပြောဆိုညွှန်ကြား ချက်များသည် ဘုတ်အဖွဲ့အစည်းလွဲမှားခြင်းများမရှိစေရန် ကြိုတင်၍ အကြောင်းကြားထားသင့်ပါသည်။ အကြား ခိုင်မာသောဆက်နွယ်မှုကို ဖြစ်ပေါ်စေပါသည်။

 တာဝန်ဝတ္တရားများကို ခွဲဝေပေးခြင်းအမှု၌ ရှုပ်ထွေးခြင်း မရှိစေရပါ။ လူငယ်သင်းထောက်၏ တာဝန်မှာ လူငယ်များနှင့် ကျောင်းသားများကို ဝတ္တရားမှာ ၄င်းနှင့်ကိုက်ညီသော တာဝန်ဖြစ်သည်။ အကယ်၍ သူသည် ဦးဆောင်ရမည် ဖြစ်သည်။ ၄င်း၏ အသက်အရွယ်ကြောင့် ထိုတာဝန် လက်ထပ်ထိမ်းမြှားပြီးသောသူ ဖြစ်နေပါက၊ လက်ထပ်ထိမ်းမြှားခါစ စုံတွဲများကိုလည်း ခွန်အားပေး၊ တိုက်တွန်းရမည် ဖြစ်သည်။ အမျိုးသမီးပိုင်းဆိုင်ရာ ဦး ဆောင်သောအမျိုးသမီးသည်လည်း အသင်းတော်၏အမျိုးသမီးရေးရာကိစ္စများကိုတာဝန်ယူရမည်၊ အထူးသဖြင့် လက်ထပ်ထိမ်းမြှားခြင်း မရှိသေးသော အမျိုးသမီးများကို ၄င်းတို့လက်တွဲဖော်များမှာ ယုံကြည်သူများ ဖြစ်သင့် ကြောင်းကို တိုက်တွန်းပြောပြပေးရပါမည်။ ဘုရားကျောင်းသို့ရောက်မလာနိုင်ကြသော အသက်ကြီးပိုင်း အဖိုး အဖွားများကိုမူ ထိုခေါင်းဆောင်နှစ်ဦးလုံးက အလည်အပတ်သွား၍ ခွန်အားပေးတိုက်တွန်းရပါမည်။ အသက်ကြီး ပိုင်းအများစုမှာ အမေအိုများဖြစ်တတ်ရာ အမျိုးသမီးဦးဆောင်သူအနေနှင့် ပို၍တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ် သည်။ အသက်ကြီးသောသင်းထောက်ကမူ အရင်ဦးစွာ ကျွန်ုပ်၏လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန် ဖြစ် ပြီး၊ အထူးသဖြင့် ခက်ခဲသည့်ပြဿနာများကို နေ့စဉ်နှင့်အမျှ ဂရုစိုက်ပါဝင်ကူညီပေးရမည် ဖြစ်သည်။ ထို့ပြင် အ သင်းသူအသင်းသား အိမ်များစီသို့ အလည်အပတ်သွားခြင်းတွင်လည်း ခွန်အားပေးခြင်းများကို ပြု၍၊ ၄င်းတို့၏ ရင်ဖွင့်ဆုတောင်းခံချက်များကို ကောင်းသောအမြင်ဖြင့် ရှုမြင်တတ်သောသူ ဖြစ်ရမည်။

သင်းအုပ်ဘုတ်အဖွဲ့အဝင်များ၌လည်း ထပ်လောင်း၍ တာဝန်ဝတ္တရားများခွဲဝေပေးခြင်းအမှုကို လုပ် ဆောင်ပေးရမည် ဖြစ်သည်။ လူငယ်ပိုင်းကိုဦးဆောင်သော လက်ထောက်သည်လည်း ကျောင်းသားများအဖွဲ့ကို အစည်းအဝေးများ ဦးဆောင်ပေးခြင်းအားဖြင့် ကျောင်းသားများအကြားတွင်လည်း တာဝန်များ ခွဲဝေလုပ်ဆောင် စေခြင်းကို ဆင့်ပွားဖြစ်စေရပါမည်။ အမျိုးသမီးပိုင်းဆိုင်ရာ ဦးဆောင်သူသည်လည်း အမျိုးသမီးများအကြား ဆက်ကပ်နိုင်သောသူတို့ကို စုစည်း၍ အသင်းတော်ရှိ အမျိုးသမီးများကို ပုံမှန်အလည်အပတ်သွားရောက် ခွန်အား ပေး၊ တိုက်တွန်းခြင်းများ ရှိစေရန် အမျိုးသမီးအဖွဲ့ကို ဖွဲ့စည်းဦးဆောင်ရမည် ဖြစ်သည်။

ဘုတ်အဖွဲ့ဝင်တစ်ဦးစီတိုင်း ၄င်းတို့သွားရောက်လည်ပတ်ခဲ့သော မိသားစုများ၏အခြေအနေကိုအတို ချုပ်ရေး၍ တနင်္ဂနွေနေ့၌ ကျွန်ုပ်ထံအပ်ကြခြင်းအားဖြင့် တနင်္လာနေ့တွင်ပြုလုပ်မည့် အစည်းဝေးအတွက် ပြင် ဆင်မှရှိနိုင်ရန် ဖြစ်သည်။ အစည်းအဝေးပြုလုပ်သည့် အချိန်များတွင်လည်း ကျွန်ုပ်သိသင့်သိထိုက်သည် ဆိုသည့် အချက်အလက်များရှိပါက ၄င်းတို့ဘက်မှ ပွင့်လင်းစွာ အကြံပေးခြင်းများပြုနိုင်ရန် စီစဉ်ရပါမည်။ ထိုသို့ ပြုလုပ် ခြင်းအားဖြင့်သာ အသင်းသူအသင်းသားများအိမ်သို့ မည်သည့်အကြောင်းအရာကြောင့် လည်ပတ်ရသည်ကို သိရှိ နားလည်၍၊ အသင်းတော်တစ်ခုလုံးကိုလည်း ဝိညာဉ်ပိုင်းဆိုင်ရာတွင် တိုးတက်စေရန်အတွက် လမ်းဖွင့်ပေးပါ သည်။

အသင်းအဖွဲ့တစ်ခုတွင် ကျွန်ုပ်တို့ ပါဝင်လုပ်ဆောင်နေပြီဆိုသည်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ အပြောင်းအလဲအချို့ 

တို့ကို ကျွန်ုပ်တို့ရင်ဆိုင်ကြရမည် ဖြစ်သည်။ အသင်းအဖွဲ့၏အသင်းဝင်များသည်သာ၍ ကြီးမားသောတာဝန် ဝတ္တ ရားများကိုလုပ်ဆောင်ရန် ဘုရားသခင်က ပြင်ဆင်ပေးသောအရာ ဖြစ်ပါသည်။ ထို့ကြောင့် အသစ်ရောက်လာ သောအသင်းဝင် သို့မဟုတ် အဖွဲ့ဝင်များအတွက် လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းပြအချိန်ပေးရန် ဘယ် သောအခါမျှ ပေါ့လျော့ခြင်းမရှိသင့်ပါပေ။ ဒေါက်တာအလက်ဂျန်းဒါးဆိုသူက သူ၏တာဝန် ဝတ္တရားလုပ်ဆောင်မှု နှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြုလုပ်ခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။

“သူရေးသားခဲ့သော စာပေါင်းများစွာက သူ၏လုပ်ငန်းကို စေ့စေ့စပ်စပ် လုပ်ဆောင်တတ်ပုံကို ဖော်ပြနေ သည်။ အသစ်ခန့်အပ်ထားသော သူ၏လက်ထောက်အား ‘လာမယ့်စနေနေ့မှာညနေစာ အတူစားကြမယ်၊ မင်းနဲ့ အတူ မှတ်စုတစ်အုပ် ယူလာခဲ့ပါ။ အသင်းသူအသင်းသားတွေကို ပထမဆုံးအနေနဲ့ အလည်အပတ် သွားမယ်ဆိုရင် ဘာတွေလိုအပ်သလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆရာမင်းကို အသေးစိတ် ပြောပြပေးမှာမို့ပါ” ဟူ၍ သူ၏ စာတစ်စောင်တွင် အဆုံးသတ်ရေးသားထားခဲ့သည်။ ဘာလ်မာကာရာမြို့မှတဆင့် နောက်ထပ် သူ၏ လက် ထောက်ထံ ပို့လိုက်သော စာတစ်စောင်ထဲတွင် “ဒီစာက မင်းဆီကို ဒီကနေ ပထမဆုံးအနေနှင့် ဆရာရေးလိုက် တဲ့စာပါ။ ဒီစာကိုရေးရတဲ့ အကြောင်းရင်းကလည်း ဆရာ့အလုပ်နဲ့ ပတ်သက် ပြီး ကိစ္စအများစုကို မင်းလက်ထဲမှာ ချန်ထားခဲ့တဲ့အတွက် ဒီစာကိုရေးလိုက်ရခြင်း ဖြစ်တယ်။ တစ်ပတ်မှာ ဒီ့ပြင် အသင်းသူ၊အသင်းသားတွေရဲ့ အိမ်တွေကို အလည်အပတ် သွားရောက်ဆုတောင်းပေးခြင်း အငန်းအတာအပြင် ငါးရက်၊ ငါးရက်အတွင်း တစ်နေ့ကို နှစ်နာရီကနေသုံးနာရီလောက် မကျန်းမာတဲ့သူတွေအတွက် အချိန်ပေးပါ။ အဲဒီ့လို နေ့စဉ်သွား ရောက်တွေ့ဆုံတဲ့သူတွေရဲ့ အခြေအနေမှတ်တမ်းတွေကို အပြည့် စုံဆုံးရေးသားပြီးတော့ ဆရာ့ဆီကိုပို့ပေးပါ။ အိမ်မှာနေတုန်းကလည်း ဆရာ့ရဲ့ လုပ်ဖော်ဆောင်ဘက်တွေ က အဲဒီလို့အမြဲလုပ်နေကျပါ။ ဒေးဗစ်ဆန်းဆိုတဲ့ အသင်းတော်လူကြီးဆိုရင် အခြေအနေအရပ်ရပ်နဲ့ ပတ် သက်ပြီးတော့ အသေးစိတ်ရေးတတ်သလို ဆရာ့ကိုလည်း အမြဲသတင်းပို့တတ်တဲ့သူပါ။ သူ့ရဲ့ အစီရင်ခံ စာတွေကို ဆရာဖတ်လိုက်တိုင်း အသင်းသူအသင်းသားတွေရဲ့အိမ်ကို ကိုယ်တိုင် အလည်အပတ် သွားသ လိုပါဘဲ” ဟူ၍ ဆက်လက်ဖော်ပြထားပါသည်။ (G.F. Barbour: Alexander Whyte, Hodder and Stoughton, p. 358)

အသင်းအဖွဲ့နှင့်လုပ်ဆောင်ရခြင်းကို ကျွန်ုပ်အလွန်နှစ်သက်ပါသည်။ အထူးသဖြင့် အသင်းအဖွဲ့နှင့် လုပ် ဆောင်ရာမှ ကျွန်ုပ်လှမ်းမမြင်နိုင်သော ကိစ္စရပ်များကို အခြားသောသူများက တွေ့မြင်၍ ဖြည့်စွတ်လုပ်ဆောင်နိုင် သည့်သဘောကို ကျွန်ုပ်အလွန်နှစ်သက်သည်။ အကယ်၍ သင်သည် အသင်း၏ ခေါင်းဆောင်တစ်ဦး ဖြစ်နေပါက၊ အသင်းဝင်အားလုံးကို ဂရုစိုက်ရမည့် တာဝန်ဝတ္တရားရှိနေရာ၊ အသင်းဝင်တို့ တစ်ဦးနှင့်တစ်ဦးကြား စည်းလုံးခြင်း မရှိမရှိ၊ မည်သည့်အရာများလိုအပ်သည် စသည်ဖြင့် အသေးစိတ် သတိပြုဖြည့်ဆည်းပေးရန် တာဝန်ရှိပါသည်။ ထိုသို့ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အသင်းဝင်အားလုံးစုံနေသည့် အချိန်မျိုးတွင် “ကျွန်တော်တို့ရဲ့ အကြားမှာ ဆွေးနွေးတိုင်ပင်ရမယ့် ပြဿနာအခက်အခဲအချို့ရှိပါသလား” ဟူ၍ မေးမြန်းခြင်းကို ပြုလုပ်အပ်ပါသည်။ ထိုသို့ အားဖြင့် ကျွန်ုပ်တို့အကြား တစ်ယောက်သတိမထားမိသည့်အရာကို နောက်တစ်ယောက်က သတိထားမိတတ်ရာ ပြဿနာများကို အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်သည်။ သို့မဟုတ် တစ်စုံတစ်ဦးကို “ဘာတွေမှားနေလဲ” ဟု သီး သန့်မေးရန် လိုအပ်သည့်အချိန်များလည်း ရှိပါသည်။ မည်ကဲ့သို့သောလမ်းစဉ်ကိုမဆို ကျွန်ုပ်တို့ အသုံးပြုသည် ဖြစ်စေ၊ အဆင်မပြေသည့် အခြေအနေရှိနေလျက် ကိစ္စအားလုံး အဆင်ပြေသယောင် ဟန်ဆောင်ခြင်းမျိုးကို လုံး ဝ မပြုအပ်ပါပေ။ မည်ကဲ့သို့သောပြဿနာမျိုးကိုမဆို ကျွန်ုပ်တို့ဖြေရှင်းရသည်တွင် အမြန်နိုင်ဆုံးကိုင်တွယ် ဖြေ ရှင်းခြင်းသည် ပြဿနာ၏ အကျိုးဆက်အနေနှင့် ရရှိတတ်သော အနာအစာများကို လျော့ချစေပါသည်။ အသင်း အဖွဲ့အားလုံး တစ်ချိန်မတုတ် တစ်ချိန်တွင် ပြဿနာအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ ကြရသည်သာ ဖြစ်သည်။ ထိုပြဿနာများကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်းက အသင်းအဖွဲ့ကို အားနည်းစေခြင်း မဖြစ်စေဘဲ၊ သာ၍ပင် ခွန် အား ဖြစ်စေပါသည်။

တာဝန်ဝတ္တရားများခွဲဝေပေးခြင်းကို ကျင့်သုံးရမည့် နောက်တစ်နေရာမှာ အသင်းတော်ရှိ ဝိညာဉ်ရေးရာ ခေါင်းဆောင်များအဖွဲ့တွင် ဖြစ်သည်။ ၄င်းတို့ကို ဓမ္မသစ်ကျမ်းထဲ၌ ‘သင်းထောက်များ” ဟူ၍ ခေါ်ဆို ထားသည်ကို တွေ့ရသည်။ သို့သော် “သင်းထောက်များ” ဆိုသည့် ခေါင်းစည်းသည် အရေးမကြီးဘဲ၊ သူတို့ လုပ်ဆောင်သော အရာများသာ၍ အရေးကြီးပါသည်။ “သင်းထောက်များ” ၏ရာထူးကို ကျွန်ုပ်ယုံကြည်သည်မှာ ၄င်းတို့ကိုလည်း အခြားသောသာသနာပြုများကဲ့သို့ပင် လက်တင်ဆုတောင်း၍ ဘိတ်သိပ်ပေးရမည်ဟု ယုံကြည်သည်။ 

ဦးဆောင်နေရသော သင်းထောက် သို့မဟုတ် သင်းအုပ်ဆရာသည် အသင်းတော်ရှိ လုပ်ငန်းတာဝန် အား လုံးကို တစ်ယောက်တည်း သိမ်းကျုံးလုပ်ဆောင်နေတတ်သည့် အချိန်ရှိတတ်သော်လည်း ထိုသို့ မဖြစ်သင့်ပါပေ။ တာဝန်ဝတ္တရားများခွဲဝေပေးခြင်းကို ထိရောက်မှုရှိစေရန်အတွက် နည်းလမ်းကောင်းမှာ ခေါင်းဆောင်များအကြား အသင်းတော်မိတ်ဿဟာရဖွဲ့ခြင်းကို အဖွဲ့ခွဲ၍ ဦးဆောင်စေခြင်း ဖြစ်သည်။ ထိုသို့ အဖွဲ့များခွဲလိုက်ခြင်းအားဖြင့် သင်းအုပ်၏ဘုတ်အဖွဲ့ဝင်များသည်လည်း သင်းထောက်များ၏ အုပ်ချုပ်ဂရုစိုက်မှုကို ခံရကြစေရန်အတွက် ဖြစ် သည်။ သင်းအုပ်နှင့်သင်းအုပ်ဘုတ် အဖွဲ့ဝင်များအားလုံးသည်လည်း အခြားအသင်းသူအသင်းသားများကဲ့သို့ပင် ဂရုစိုက်စောင့်ရှောက်မှုကို လိုအပ်သောသူများပင် ဖြစ်ပါသည်။ ခေါင်းဆောင်အသီးသီးတို့သည် ၄င်းတို့၏ တာဝန် ဝတ္တရားအလိုက်၊ အသင်းတော်သို့ ဝတ်ပြုစည်းဝေးရန် ရောက်လာသောသူများကို ဧည့်ဝတ်ပြုနေရာပေးခြင်း၊ အ သင်းသူအသင်းသားများကြား တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်ပေးခြင်း၊ လူငယ်အခန်းကဏ္ဍ၊ စသည်ဖြင့် အသင်းတော်၏ အခန်းကဏ္ဍ အသီးသီးအလိုက် ဟာကွက်မရှိအောင် တာဝန်ယူနိုင်ရန် စနစ်တကျ တာဝန် ခွဲဝေ ပေးနိုင်ရမည်။

အသင်းတော်တွင်း ဝိညာဉ်ရေးရာခေါင်းဆောင်များတွင် တာဝန်ဝတ္တရားခွဲဝေပေးရာတွင် လိမ္မာပါးနပ်ခြင်း မှာ အလွန်အရေးကြီးပါသည်။ တာဝန်ဝတ္တရားများ ခွဲဝေပေးရာတွင် ဦးဆောင်သူတစ်ယောက် (သို့) ခေါင်းဆောင် တစ်ဦးဦး၏ ဆုံးဖြတ်ချက်မျိုးမဟုတ်ဘဲ ဘုတ်အဖွဲ့အားလုံး အတူတကွ ပါဝင်လုပ်ဆောင်ရပါမည်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဖွဲ့ဝင်တစ်ဦးကို လုပ်ငန်းတစ်ခုအပ်နှင်းလိုက်ရာတွင် “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တို့အားလုံး သူ့လက်ထဲမှာ ရာနှုန်းပြည့်အပ်ထားဖို့ ဆုံးဖြတ်တယ်” ဟူ၍ စကားရှိထားပါက၊ ထိုကိစ္စနှင့် ပတ်သက် ၍ တစ်ခုခုဖြစ်လျင်ပင် ထိုသူကသာကိုင်တွယ်ဖြေရှင်းရပါမည်။ အထက်ပါကဲ့သို့ ပြောဆိုထားခြင်းမရှိပါက၊ အ သင်းဝင်အားလုံးသည် ကိစ္စရပ်အသီးသီးအတွက် စည်းလုံးညီညွှတ်စွာ ဆုံးဖြတ်တိုင်ပင်ကြရမည် ဖြစ်သည်။ မည် သူတစ်ဦးတစ်ယောက်ကမျှ အသင်းတော်ရှိ ဝိညာဉ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၏ (၄င်းတို့က ဘုရားသခင်က ရွေးချယ်ထားသည့်အတွက်) သဘောတူထောက်ခံခြင်းမရှိဘဲ အသင်းတော်သို့လာရောက်၍ သင်းအုပ်ဆရာ တာ ဝန်ကိုယူခြင်း၊ အစည်းအဝေးတစ်ခုခုကျင်းပရာ၌သော်လည်းကောင်း တရားဒေသနာ ဝေငှဟောပြောခြင်းတို့ကို ပြုလုပ်ရန် ခွင့်မပြုသင့်ပါပေ။ ညီညွှတ်စွာသော ပညာသဘောနှင့် စည်းလုံးသောလုပ်ဆောင်ခြင်းတို့၌ လုံခြုံခြင်း ရှိ သည်။ “ငါက ပိုသိတယ်” ဟူသည့် စိတ်သဘောမျိုးက ပျက်ဆီးခြင်း နှင့် အယုံအကြည်မဲ့ခြင်းဆိုသည့် မျိုးစေ့ကို စိုက်ပျိုးစေသည်။


အောင်မြင်သော တာဝန်ဝတ္တရား ခွဲဝေခြင်း၏ သဘောသဘာဝများ

တာဝန်ဝတ္တရားများခွဲဝေပေးခြင်း မပြုမှီ ကျွန်ုပ်တို့၏ကိုယ်ပိုင် အရေးကြီးအလုပ်များကို သေချာစွာ သိ မှတ်ရပါမည်။ တာဝန်ဝတ္တရား ခွဲပေးလိုက်သည်ဟုဆိုရာတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဓိကလုပ်ငန်းများကို ဘေးချိတ်လိုက်ခြင်းမဟုတ်ဘဲ၊ ထိုအဓိကအလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခြားအခြားသော ဝတ္တရားတာဝန်အချို့ကို ခွဲပေးလိုက်ခြင်းသာ ဖြစ်သည်။ သင်းအုပ်ဆရာ သို့မဟုတ် ဓမ္မဆရာများအနေနှင့် ကျွန်ုပ် တို့၏ အဓိကဦးစားပေးတာဝန်ဝတ္တရားမှာ အသင်းတော်နှင့်စပ်လျဉ်း၍ ဆုတောင်းခြင်းနှင့် သင်ကြားပေးခြင်းတို့ ဖြစ်ကြသည်။ 

တာဝန်ဝတ္တရားများခွဲဝေပေးရန်အတွက် ဖြစ်နိုင်သည်ဆိုသည့်အချိန်တိုင်း ကျွန်ုပ်တို့ ခွဲဝေပေးရန် အတွက် နှောက်နှေးခြင်းမရှိသင့်ပေ။ ကျွန်ုပ်တို့ယခုလုပ်ဆောင်နေသည့် အလုပ်သည် ကျွန်ုပ်တို့၏ပထမဦးစားပေး မဟုတ် သည့်အပြင်၊ တစ်စုံတစ်ဦးသည် အားနေ၍ ထိုအလုပ်ကို လုပ်နိုင်ပါသည်ဆိုလျှင် ထိုအလုပ်ကို ထိုသူအား ပေး လိုက်ရမည်။ တာဝန်ဝတ္တရားခွဲဝေပေးခြင်းဆိုသည်မှာ မည်သည့်ဝန်ထုပ်ဝန်ပိုးမျှမရှိ၊ လွယ်ကူသည့် အလုပ် တစ်ခု တော့မဟုတ်ပေ။ တာဝန်ဝတ္တရားများကို ကျွန်ုပ်တို့လွှဲပေးလိုက်သည်နှင့်တစ်ပြိုင်နက်၊ ထိုလွှဲပြောင်းပေးခံ ပုဂ္ဂိုလ် သည် အမှန်တကယ် အလုပ်၌ စိတ်ချမှုရှိနိုင်သလား၊ မရှိနိုင်သလားဟူ၍ သတိဖြင့်ကြည့်ရှုရန်အတွက် ကျွန်ုပ်တို့ တွင် တာဝန်ရှိလာသည်။

တာဝန်ဝတ္တရားများ ခွဲဝေပေးရန်အတွက် အရည်အသွေးကို ပထမနည်းလမ်းမှာ စမ်းသပ်ခြင်း ဖြစ်သည်။ အသင်းတော်အတွင်းသို့ ရောက်လာကြသောသူတိုင်းအား အခွင့်အရေးအသီးသီးပေး၍ ၄င်းတို့အား အသင်းတော် တိုးတက်ပါမည်အကြောင်း ကျွန်ုပ်၏စိတ်သဘောကိုပြောရပါလျှင်၊ အသင်းတော်၏လုပ်ငန်းအခန်းကဏ္ဍအသီး သီး၌ တာဝန်ရှိသောသူတိုင်း ၄င်းတို့၏သက်ဆိုင်ရာအလုပ်ကို ကူညီပေးနိုင်မည် အကူတစ်ယောက်စီရှိလျှင် ကောင်းသည်ဟု ကျွန်ုပ်ခံယူထားသည်။ ဥပမာ - အတွင်းရေးမှူး၌အကူတစ်ယောက်၊ အလုပ်ပေါ်မူတည်၍ တစ် ယောက်ထက်လည်း ပိုနိုင်သည်။ ထိုသို့အားဖြင့် ထိုလက်ထောက်သည် မိမိခေါင်းဆောင်၏နေရာကို တစ်နေ့ကျ လျှင် အစားထိုးနိုင်မည်ဟု သေချာပေါက်ပြောခြင်းမဟုတ်ဘဲ၊ ထိုကဲ့သို့ လက်ထောက်ထားခြင်းအားဖြင့် ထိုလက် ထောက်အတွက် အခြားအခြားသော အခွင့်အလမ်းများကို တွေ့မြင်ရရှိကာ အသင်းတော်ကို တစ်နည်းမဟုတ် တစ်နည်း တိုးတက်စေရန် ပါဝင်လှုပ်ရှားလာစေနိုင်မည် ဖြစ်သည်။

ဤအချက်နှင့်ပတ်သက်၍ ကျွန်ုပ်၏စိတ်ထဲတွင်တွေ့ကြုံခဲ့သည့် အဖြစ်အပျက်တစ်ခုကိုသွား၍ သတိရမိ သည်။ ထိုစဉ်က ကျွန်ုပ်တို့သည် အသင်းတော်အတွင်းရေးမှူး ကိုင်တွယ်နေရသည့် လုပ်ငန်းကိစ္စများကို လျော့ချ ပေးရန်အတွက် လမ်းစရှာနေသည့် အချိန်ဖြစ်သည်။ တိုက်ဆိုင်စွာပင် ထိုအချိန်က အသင်းတော်သို့ အသင်းဝင်ရန် အတွက် တောင်းခံလာသော စုံတွဲတစ်တွဲကို တွေ့ဆုံမေးမြန်းရန်အတွက် စီစဉ်ထားသည့်အချိန်နှင့် တိုက်ဆိုင်နေ သည်။ ထိုလင်မယားတို့က အသင်းတော်လူကြီးများကို ၄င်းတို့၏အိမ်၌ ကော်ဖီအတူသောက်ရန် ဖိတ်ခေါ်ခဲ့ သည်။ ထိုသို့ဖြင့် ၄င်းတို့လင်မယားနှစ်ဦးကို တွေ့ဆုံမေးမြန်းများ ပြုလုပ်ခဲ့ကြသည်။ အခြားသော အသင်းသူ အသင်းသားများနှင့်လည်း မိတ်ဆက်ပေးခဲ့ကြသည်။ ထို့ပြင် ထိုလင်မယားတွင် ဘုရားသခင် ပေးထားသည့် အခြားအခြားသော အရည်အချင်းများလည်း ရှိနေသည်ကို သိလိုက်ရသည်။ အိမ်ထောင်ဦးစီးအား အသင်းတော် ၏အတွင်းရေးမှူးအား ကူညီလုပ်ဆောင်ပေးနိုင်ပါမည်လားဟု တောင်းခံခဲ့သည်။ ထိုသူမှာ ပေးအပ်ထားသည် တာဝန်ကို အမှန်တကယ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သည့်အပြင် အခြားသူများကိုလည်း ဂရုစိုက်ရာ၌ အ လွန်ကျွမ်းကျင်သောသူဖြစ်သည်ကို တွေ့သည်။ ဤသို့ဖြင့် နေ့ရက်လများစွာ ကြာလာပြီးသည့်နောက်တွင် သူ၏ အကူတာဝန်ကို အခြားတစ်ယောက်အား လွှဲပြောင်းလိုက်ပြီး အသင်းတော်၏အားထားရသော သင်းထောက် တစ်ဦး ဖြစ်လာခဲ့သည်။ မှန်ပါသည် - မှန်ကန်သော တာဝန်ဝတ္တရားများ ခွဲဝေပေးခြင်းအားဖြင့် ယုံကြည်သူများကို ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးများအား ကျွန်ုပ်တို့ မျက်ဝါးထင်ထင် တွေ့မြင် နိုင်ပါသည်။ ဘုရားသခင်က ယုံကြည်သူတိုင်းကို ပေးအပ်ထားသည့် ဝိညာဉ်ဆုကျေးဇူးများကို ကျွန်ုပ်တို့အမှန် တန်ဖိုးထားသည်ဆိုပါလျက် တာဝန်ဝတ္တရားများခွဲဝေပေးခြင်းအမှုကို ကျွန်ုပ်တို့လျစ်လျူရှုနေပါလျှင် သံသယဖြစ်ဖွယ်ရှိနေသည်။

တာဝန်ဝတ္တရားများကို ခွဲဝေလုပ်ဆောင်စေရာတွင် မရေမရာ၊ မသေမချာမျိုးမဟုတ်ဘဲ အသေအချာ စီမံ ပြီးမှသာ လုပ်ဆောင်ရပါမည်။ ယေသရော၏အကြံပေးချက်အရ မောရှေသည်လည်း ၄င်းကို ကူညီနိုင်မည့် သူများအား အသေအချာရွေးချယ်ခဲ့ပါသည်။ “ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာ အုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။ ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရား စီရင်ကြစေ။ ထိုသို့ ဘုရားသခင်အခွင့်နှင့်ပြုလျှင် သင်သည် ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာ ပြည်သို့ ငြိမ်ဝပ်စွာသွားကြလိမ့်မည်ဟု ပြောဆို၏။ မောရှေသည်လည်း ယောက္ခမ၏စကားကိုနားထောင်၍ စကား ရှိသည်အတိုင်းပြုလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲက ရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ၌ ခန့်ထားလေ၏” (၂၁၊၂၅)။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အချင်းများသည်လည်း ပညာအရည်အချင်းများနည်းတူ အရေးကြီးပါသည်။ ၄င်းတို့၏ ဝိညာဉ်ဆုကျေးဇူး နှင့်ပတ်သက်၍ ကျွန်ုပ်တို့အနေနှင့်သံသယများရှိနိုင်ပါသော်လည်း ၄င်းတို့၏ခရစ်ယာန်အသက်တာနှင့် ဂုဏ်သိ က္ခာတို့အပေါ်တွင်မူ သံသယမရှိသင့်ပါပေ။ လူတစ်ဦး၏ဖြစ်တည်ခြင်းကို ကျွန်ုပ်တို့အစဉ်လေးစားခြင်း ရှိနေရ မည်။ ထို့ပြင် ပေးအပ်သောအလုပ်အပေါ်တွင် စိတ်ပါသောသဘောမျိုးရှိနေပါကလည်း ဤအချက်ကို အလေး ထားရပါမည်။ ဤသို့သောသဘောကို အောင်နိုင်ကျော်ဖြတ်ရမည်ဆိုပါသော်လည်း၊ တစ်ခါတစ်ရံ ၄င်းတို့အတွက် ၄င်းတို့ ထမ်းဆောင်နေရသောအလုပ်မှာ ဝန်ထုပ်အလွန်လေးနေသည့်အတွက်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် မှားယွင်းသော ဝန်ထုပ်များကိုထမ်းစေခြင်းအားဖြင့် ၄င်းတို့ကို ဖိအားပေးသလို ဖြစ်သွားနိုင် သည်ကို သတိပြုရမည်။ နားလည်ပေးခြင်းနှင့် စာနာပေးခြင်းတို့သည် နေရာတိုင်း၌ လိုအပ်သည်နည်းတူ ဤနေရာ တွင်လည်း လိုအပ်ပါသည်။

ရှင်းလင်းပျက်သားသော ဖော်ပြချက်များနှင့် သေချာတိကျသော လမ်းညွှန်ချက်များသည် တာဝန်ဝတ္တရား များ ခွဲပေးရာတွင် မရှိမဖြစ် လိုအပ်ပါသည်။ အသေအချာတိုင်ပင်၍ ပေးအပ်မည့်တာဝန်ကို မျက်စိထဲ ထင်ရှားစွာ မြင်လာနိုင်သည်အထိ ဖြစ်နေရမည်။ ကျွန်ုပ်တို့ကိုယ်တိုင်က ရှင်းလင်းပြက်သားမှုမရှိပါက ကျွန်ုပ်တို့ ချဉ်းကပ်နေ သည့် သူ၌လည်း ရှင်းလင်းပြက်သားမှုရှိနိုင်မည်မဟုတ်။ ယေသရော၏ အကြံပေးခြင်းကိုနာခံ၍ (၂၂ ၂၆)၊ မောရှေ သည် ခက်ခဲသည့်ပြဿနာများကို ဖြေရှင်းရန်မူ သူ့စီသို့ယူဆောင်လာရန် ညွှန်ကြားခဲ့သည်။ (အငယ် ၂၁)တွင် တွေ့ ရသည့်အတိုင်း တာဝန်လွှဲပြောင်းပေးခြင်း တစ်ခုတိုင်းတွင် ထပ်မံ၍ တာဝန်များခွဲဝေပေးခြင်းကို တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်၊ တစ်ဆယ်ဟူ၍ တွေ့မြင်ရသည်။ ကျွန်ုပ်တို့၏နှလုံးသားတွင် အလုပ်တစ်ခုပေါ်လာသည်နှင့် ထိုအလုပ်ကို မည်သို့မည်ပုံကိုင်တွယ်ရမည်ကို စဉ်းစားရန် ထိုအလုပ်ကို စိတ်ဝင်စားသောသူနှင့် ကျွန်ုပ်တို့ တိုင်ပင် ဆွေးနွေးရတော့မည် ဖြစ်သည်။ စိတ်ဝင်စားမှုမရှိသောသူတစ်ဦးကို တာဝန်ဝတ္တရားများ ခွဲဝေပေးလိုက်ခြင်းသည် မတရားသည့်အပြင် စိုးရိမ်စရာ၊ ဝမ်းနည်းစရာအလွန်ကောင်းလှပါသည်။ ကျွန်ုပ်တို့၏သခင်သည်လည်း သူ၏ တပည့်တော်များကို တာဝန်ဝတ္တရားများပေးခဲ့သည်ဆိုသော်လည်း၊ သုံးနှစ်လုံးလုံး သေချာစွာညွှန်ကြားချက်များ ကို ပြသလမ်းညွှန်ခဲ့သည်။ ရှင်ပေါလုသည်လည်း တိမောသေ၊ တိတုအစရှိသောသူများကို နှစ်လကြာရှည် ၄င်းနှင့် အတူခရီးသွားစေပြီး အမှုတော်မြတ်နှင့်စပ်လျဉ်း၍ သင်ကြားပေးခဲ့သည့် အပြင်၊ နောက်ပိုင်းတွင်လည်း စာများ အားဖြင့် လမ်းညွှန်သွန်သင်ခဲ့သည်ကို တွေ့နိုင်သည်။ ထို့ပြင် ရှင်ပေါလုက တိမောသေအားလည်း “သက်သေ အများရှိသည်နှင့် ငါ့ထံ၌ ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်း နိုင်သောသူတို့၌ အပ်ပေးလော့” (၂တိ၊ ၂း၂) ဟူ၍လည်း တိုက်တွန်းခဲ့သေးသည်။

အသစ်သောတာဝန်ဝတ္တရားများကို ခွဲဝေပေးရမည်ဆိုလျှင် စိတ်အားဖြင့်သာ မှတ်သားခြင်းမျိုးမဟုတ်ဘဲ ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် ရေးချထားခြင်းထားသင့်ပါသည်။ ရေးချထားသော အချက်များကို မိတ္တူနှစ်ရွက် ရှိနိုင်ပါကသာ၍ ကောင်းပါသည်။ ထိုသို့အားဖြင့် တစ်ရွက်ကိုတိုင်ပင်မည့် သူအားပေးထားခြင်းဖြင့် “အရေးကြီးတဲ့ အချက်တွေကို ကျွန်တော်တို့ မေ့မထားမိအောင်ပါ။ စာရွက်ထဲမှာပါတဲ့အချက်တွေက ကျွန်တော်တို့ တိုင်ပင် ဆွေး နွေးသွားမယ့်အချက်တွေ ဖြစ်ပါတယ်။ အချိန်လည်း သက်သာစေလို့ပါ” ဟု ဆို၍ အစပြုနိုင်ပါသည်။ ကျွန်ုပ်တို့ ရည်ရွယ်ထားသည့် ရည်မှန်းချက်များကို တည်ဆောက်ပြောဆိုခြင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းနှင့်ပတ်သက်၍ အသေးစိတ်ပြောဆိုခြင်း၊ ဖြစ်နိုင်ချေရှိသည့် ပြဿနာများကိုတွေဝေခြင်းမရှိဘဲ ပြောဆိုထားခြင်းတို့သည် အလွန် ကောင်းမွန်သောစနစ်ဖြစ်ပါသည်။

သာသနာပြုသက်တမ်းအစပိုင်းတွင် အသင်းတော်သို့ လာရောက်လည်ပတ်၍ ပါဝင်သူများထံသို့ ကျွန်ုပ် အလည်အပတ်သွားလေ့ရှိခဲ့ပါသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အခြားတစ်ယောက်ကို တာဝန်လွှဲ ပြောင်းပေးလိုက်ရာ အခြားသူများနှင့်အတူ ထိုသူကိုဦးဆောင်စေပြီး ထိုကဲ့သို့ အလည်အပတ်သွားခြင်းအမှုကို ကျွန်ုပ်ကိုယ်တိုင် လုပ်စရာမလိုတော့ဘဲ အဆင်ပြေစွာ ကယ်တင်ရှင်ယေရှု၏အကြောင်းကို ဟောပြောခြင်းကို လည်ပတ်စေနိုင်ခဲ့သည်။ အလုပ်အား လွဲပြောင်းပေးလိုက်သည်ဟုဆိုသော်လည်း ကျွန်ုပ်အနေနှင့်၄င်းတို့၏ အ လည်အပတ်သွားရောက်ခြင်း အခြေအနေကို တစ်ပတ်တစ်ခါမေးမြန်းရန် အချိန် သတ်မှတ်ထားသည်။ ထို့အပြင် ထိုကဲ့သို့ လုပ်ဆောင်ခြင်း၏အရေးပါပုံကိုလည်း အမြဲလိုပြောပြပေးသည်။ အလည်အပတ်သွားရောက်သူ တစ် ယောက်စီကို အနည်းဆုံးတစ်နှစ်လျှင် တစ်ခေါက် အသင်းတော်၏ ညနေပိုင်းဆုတောင်းခြင်း အစီစဉ်မစမှီတွင် တွေ့ဆုံ၍ ခွန်အားပေးတိုက်တွန်းမှုများ ပြုလုပ်ပေးပါသည်။ ထို့သို့ပြုလုပ်ပေးခြင်းအားဖြင့် ၄င်းတို့လုပ် ဆောင်နေ သောအလုပ်သည် သာမန်လုပ်ငန်းတစ်ခုမဟုတ်ဘဲ၊ ဘုရားသခင်၏အမှုတော်မြတ်၏ အလုပ်ဖြစ်သည်ကို သိစေ ရန်ဖြစ်သည်။ အကယ်၍ သင်ကိုယ်တိုင် အလည်အပတ်ပြုလုပ်နိုင်ခြင်းမရှိပါက ၄င်းတို့ကို တာဝန်လွှဲပေးရန် အ တွက် ရှက်ကြောက်စရာမရှိပါပေ။ တဝန်များခွဲဝေပေးရာတွင် အသေးစိတ်ရှင်းပြပေးရန်မှာ အလွန်အရေးကြီးပါ သည်။ တာဝန်ဝတ္တရားများကို ခွဲဝေပေးရာတွင် အချိန်များစွာ ကုန်လွန်တတ်သော်လည်း နောင်လာမည့် အနာဂတ် အတွက် အချိန်ကိုစုဆောင်းထားသည့် သဘောပင် ဖြစ်သည်။ အနာဂတ်၌ နားလည်မှု လွဲမှားခြင်း နှင့် အမှားများ မကျူးလွင်ခြင်းမှာလည်း ယနေ့ ကျွန်ုပ်တို့၏အချိန်ကို အသုံးပြုခြင်းအပေါ်၌ မူတည်နေသည်။ ထို့ပြင် ထိုကဲ့သို့ ပြု လုပ်ခြင်းအားဖြင့် အခြားသူများကို တာဝန်ဝတ္တရားများ မည်သို့ခွဲဝေပေးရမည်ဟူ၍ သင်ကြားပေးသည့် သဘော လည်း သက်ရောက်ပါသည်။

ပြန်လည်သုံးသပ်ခြင်း၊ သေချာမှုရှိမရှိ ပြန်လည်စမ်းစစ်ခြင်းစသည့် လုပ်ဆောင်ချက်များသည် တန်ဖိုး ဖြတ်၍မရသောအရာများ ဖြစ်သည်။ အကယ်၍ တာဝန်ပေးလိုက်သော တာဝန်လုပ်ငန်းသည် အလွန်အရေးပါ သောတာဝန်ဖြစ်နေပါက ပါးပါးနပ်နပ်ဖြင့် တာဝန်ယူသူလည်း လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ရင်း ကျွန်ုပ်တို့ အကြားတွင်လည်း အဆက်ဖြတ်မသွားစေရန်အတွက် စီစဉ်မှုများရှိထားသင့်ပါသည်။ တာဝန်ပေးခြင်းကို ခံရ သောသူနှင့်အတူ ဆုတောင်းဆပ်ကပ်ပြီးသည့်နောက် မည်သည့်အချိန်၊ မည်သို့မည်ပုံပြန်လည် သုံးသပ်ခြင်းများ ကို သုံးလတစ်ကြိမ် သို့မဟုတ် ထိုထက်ရှည်လျားသောလတို့ကို သတ်မှတ်ထားသင့်သည်ကို ကြိုတင်ဆွေးနွေး ထားရမည်။ ချာလ်းစီမုန်၏သာသနာပြုခြင်း ပတ်သက်၍ ရှေ့ကအခန်းများတွင် ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်သည်။ နှစ်ငါးဆယ်ကြာ သူ၏အမှုတော်ဆောင်သက်တမ်း အောင်မြင်ခဲ့ရခြင်း၏လျှို့ဝှက်ချက်မှာ လစဉ်လတိုင်း တာဝန် ခွဲပေးထားသော အသင်းသူအသင်းသားများထံမှ အစီရင်ခံစာများကိုရယူကာ၊ အစည်းအဝေး အမြဲပြုလုပ်နိုင်ခြင်း ကြောင့် ဖြစ်သည်။ အခက်အခဲပြဿနာအချို့ရှိလာလျှင် သူကိုယ်တိုင် ဖြေရှင်းပေးတတ်သည်။ လုံးလုံးလျားလျား တာဝန်ပေးခြင်းသဘောနှင့် လိုအပ်လျှင်လိုအပ်သလို ဖြည့်ဆည်းကူညီပေးခြင်းဟူသည့် အခြေခံလိုအပ်ချက်နှစ်ခု လုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အသင်းဝင်တိုင်း၏နေအိမ်များသို့လည်း အုပ်စုခွဲကာ ခေါင်းဆောင်များ ခန့်အပ် ထားခြင်းသည်လည်း အသင်းတော်၏တိုးတက်မှုနှုန်းကိုမြင့်မားစေပါသည်။ ကနဦးအစမှ ရည်ရွယ်ချက် စည်းမျဉ်း စည်းကမ်းများကို ပြောပြထားခြင်းမရှိပါက၊ တစ်ဦးနှင့်တစ်ဦးကြား ရင်းနှီးမှုရှိရုံမျှအပ၊ အသင်းသူအသင်းသား များ အသက်တာကြီးထွားရန်အတွက် မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ အချိန်ကြာလာသည်နှင့် အမျှ ငြီးငွေ့ဖွယ်ရာ အလုပ်တစ်ခုကဲ့သို့လည်း ဖြစ်လာနိုင်ပါသည်။ ထို့ပြင် အဖွဲ့ခေါင်းဆောင်အားလည်း ထိုတာဝန်၏ အရေးကြီးပုံ၊ ရည်ရွယ်ချက် များကို ကောင်းမွန်စွာ ပြောပြထားပေးရပါမည်။ သို့မှသာလျှင် သူကိုယ် တိုင်လည်း 

စည်းစနစ်ကျကျ ဦးဆောင်နိုင်မည် ဖြစ်သည်။

ရိုးသားခြင်းနှင့်ပွင့်လင်းခြင်းတို့သည် အောင်မြင်ခြင်းအတွက် မဖြစ်မရှိအရေးပါကြရာ၊ တာဝန်ဝတ္တရား တစ်ခုကို အခြားသောသူတစ်ဦးအား ခွဲဝေပေးသည့်အချိန်တိုင်း “ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရိုးသားပွင့်လင်းစေ ချင်ပါတယ်၊ ကျွန်တော်တို့အကြားထဲမှာ ဒီအလုပ်နဲ့ပတ်သတ်ပြီးတော့ အရှုပ်အထွေးမရှိစေချင်ပါဘူး။ သဘောမ တူရင် သဘောမတူတဲ့အကြောင်းပြော၊ သဘောတူတယ်ဆိုရင်လည်း သဘောတူတဲ့အကြောင်းကို ပွင့်ပွင့် လင်း လင်းပြောပြပါ။ ဒါမှဘဲ ကျွန်တော်တို့တွင် ညှိနှိုင်းနိုင်မှာ မဟုတ်လား။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရိုးသားဖြူစင်မှုရှိမှဘဲ ကျွန်တော်တို့အလုပ်ကို အကောင်အထည်ဖော်တဲ့အခါ ကြားစကားတွေကို နားမယုံဘဲ တစ် ယောက်ကိုတစ်ယောက်ယုံကြည်စိတ်ချစွာနဲ့ လက်တွဲလုပ်ဆောင်နိုင်မှာမဟုတ်လား။ မင်းဘက်ကနေ ငါအမြဲ ရပ် တည်သွားမှာပါ။ ကြားစကားရှိလာတိုင်း ကျွန်တော်တို့တွေ အမြန်နိုင်ဆုံး တွေ့ဆုံဖို့ကလည်း အရေးကြီးပါတယ်” ဟူ၍ တိုင်ပင်ပြောဆိုထားလေ့ရှိပါသည်။ အလုပ်တာဝန် ခွဲဝေပေးခြင်းခံရသူတို့ကို အပြည့်အဝ ကျွန်ုပ်တို့ ခိုင်မာ စွာ ရပ်တည်ပေးရမည်။ လုပ်ဆောင်ရမည့် အရာများအတွက် ညွှန်ကြားပေးရမည့်နည်းတူ၊ ခွန်အားလည်း ပေးရပါ မည်။ ထိုကဲ့သို့ ကျွန်ုပ်တို့ပြုလုပ်ပါက တာဝန်ရှိသောသူသည်လည်း ကျွန်ုပ်တို့၏ တည်ဆောက်စရာဖြစ်သော သွန်သင်ချက်များကို နားထောင်သွားမည် ဖြစ်သည်။

တစ်ခါတစ်ရံတွင် တာဝန်ဝတ္တရားများကို ခွဲဝေပေးခြင်းအမှုသည် အလွန်ခက်ခဲတတ်သည် ဆိုပါသော် လည်း၊ မဖြစ်မဖြစ် လိုအပ်နေသောအချက်လည်း ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် အမှားအယွင်း မရှိစေရန် ပြင် ဆင်ထားခြင်းနှင့်အတူ စွန့်စားလိုက်ရသည့် အချိန်များလည်း ရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကျွန်ုပ်တို့ သည် လွဲပြောင်းပေးခြင်းခံရသည့် သူ၏အရည်အချင်းအပေါ်တွင် မှီခိုယုံကြည်ခြင်းမျိုး မဟုတ်ဘဲ ၄င်း၏အသက် တာ၌ ဝိညာဉ်တော်ဘုရား၏ လုပ်ဆောင်မှုကိုသာလျှင် ယုံကြည်ကိုးစားရပါမည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့ မထင်ထား သော အံ့ဖွယ်ဘုရားသခင်၏ တန်ခိုးလက္ခဏာများကို ၄င်းတို့၏အသက်တာတွင် တွေ့မြင်၍၊ ဘုရားသခင်၏ ဘုန်း တော်သည်လည်း ထင်ရှားမည် အမှန်ဖြစ်သည်။














အခန်း ၁၃


မိသားစု နှင့် အားလပ်ချိန်များ

မိသားစုနှင့်အားလပ်ချိန်တို့သည် ခွဲ၍မရ အစဉ်ဒွန်တွဲနေသော အရာများ ဖြစ်သည်။ ဤအချက်နှစ်ချက်ကို လစ်လျူရှုလိုက်သည်နှင့် ပျက်ဆီးခြင်းသည် ချက်ခြင်းပင် ဆိုက်ရောက်လာပါလိမ့်မည်။ ကျွန်ုပ်တို့သည် အိမ်တွင် အလွယ်တကူအနားယူတတ်ကြပါသည်။ သိုးထိန်းများအနေနှင့် အခြားသော အိမ်ထောင်ဦးစီးများကို ၄င်းတို့၏ အိမ်ထောင်၌ ဖြစ်စေချင်သည့်အတိုင်း ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏မိသားစုတွင် ဖခင်ကောင်း တစ်ဦး ဖြစ်ရ ပါမည်။ ထို့ပြင် ကျွန်ုပ်တို့သည် အခြားအိမ်ထောင်ဦးစီးများက စံနမူနာယူရန် ပုံသက်သေလည်း ဖြစ်ရမည်။ ကျွန်ုပ် တို့၏အိမ်ထောင်မိသားစု၏ အရေးကြီးမှုအပေါ် ကျွန်ုပ်တို့ ဂရုစိုက်မှုမရှိသရွေ့ ကျွန်ုပ်တို့ သည် သမ္မာကျမ်းစာကို သစ္စာတရားဖြင့် ဟောပြောသောသူများ မဖြစ်နိုင်ပေ။ ကျွန်ုပ်တို့ထံ၌ နည်းခံသောသူများ အားလုံး ကျွန်ုပ်တို့ဟော သောတရားဒေသနာအတိုင်း အသက်ရှင်သည်၊မရှင်သည်ကို စောင့်ကြည့်ရန် အခွင့်ရှိကြ ပါသည်။ 

ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသော အသင်းတော်ခေါင်းဆောင်များ၏ အရည်အချင်းတွင် မိသားစု၌ ဝိညာဉ်ပိုင်းဆိုင်ရာဦးဆောင်နိုင်မှုနှင့် ချိတ်ဆက်ဖော်ပြထားသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့နှင့်အနီးဆုံးသော သူများအတွက်ပင်လျှင် ကျွန်ုပ်တို့သည် အသုံးမဝင်ပါက အခြား၊ အခြား သောသူများအတွက် ကျွန်ုပ်တို့ မည်သို့ အသုံးဝင်နိုင်ပါမည်နည်း။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အသက်တာကို လျစ်လျူရှုလျက် အခြားသူများ၏အသက်တာကို ပြုစုစောင့်ရှောက်ခြင်းသည် ရှက်ဖွယ်ကောင်းသည့်နည်းတူ၊ ကျွန်ုပ်တို့မိသားစု၏ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက် ကို မဖြည့်ဆည်းနိုင်ဘဲ အခြားသူများကို ဂရုစိုက်ခြင်းသည်လည်း ထိုနည်း၄င်းပင် ဖြစ်သည်။ သိုးထိန်းတစ်ဦး အနေ နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဇနီးသည်များ၏ သိုးထိန်းများဖြစ်ကြပါသည်။ ထိုသို့ပြုရာတွင် တာဝန်ဝတ္တရား သ ဘောမျိုးဖြင့်မဟုတ်ဘဲ ၄င်းတို့အပေါ် ကျွန်ုပ်တို့ထားရှိသည့် မေတ္တာအားဖြင့်ဖြစ်ရမည်။ ကျွန်ုပ်တို့၏ ဇနီးသည် များကို ကူညီရာ၌ အကောင်းမွန်ဆုံးနည်းလမ်းမှာ ကျွန်ုပ်တို့ ဘုရားသခင်နှင့်အချိန်ယူခြင်းကို အစဉ်ဂရုစိုက်ခြင်း ပင် ဖြစ်သည်။ သို့မှသာလျှင် ကျွန်ုပ်တို့သည် လူမြင်သည်ဖြစ်စေ၊ မမြင်သည် ဖြစ်စေ တည်ကြည် သောအသက် တာကို ပိုင်ဆိုင်မည်ဖြစ်သည်။ ဘုရားဝတ်၌မွေ့လျော်သော ကျွန်ုပ်တို့၏မိသားစုသည် ဘုရားဝတ်၌ မွေ့လျော်ခြင်း အသက်တာ၏သက်သေ ဖြစ်သည်။ ကျွန်ုပ်တို့၏မိသားစုသည် ကျွန်ုပ်တို့ဟောပြောသော တရားဒေသနာများကို ကျင့်သုံးရ မည့်နေရာဒေသဖြစ်သည့်အတွက် ကျွန်ုပ်တို့၏အသက်တာကို သက်သေပြရန်အတွက် အရေးကြီးဆုံး သောနေရာ ဖြစ်သည်။ ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ကျွန်ုပ်တို့ကို အစဉ်တစိုက် စောင့်ကြည့်နေကြ သည်ဖြစ်ရာ၊ ကျွန်ုပ်တို့ သာသနာပြုဆရာများ အားလုံး ပုံသက်သေပြနိုင်သောသူများ ဖြစ်ရမည်။ ဤပုံသက်သေ တွင် ကျွန်ုပ်တို့ မိသားစုဝင်များဆက်နွယ်မှုသည် အခြားခြားသော ပုံသက်သေများအားလုံးထက် သာ၍အရေးကြီး ပါသည်။ ကျွန်ုပ်တို့၏မိသားစုကို ကျွန်ုပ်တို့ လျစ်လျူရှုလိုက်သည်နှင့် ကျွန်ုပ်တို့သည် သာသနာနှင့်ဆက်နွယ်သည့် အခြား ခြားသော အမှုများအားလုံးကိုလည်း လျော့ပေါ့စေသည့် သဘောပင် ဖြစ်သည်။ သာသနာပြုဆရာများ၏ မိသားစု သည် စာတန်မာန်နတ်၏ အဓိကတိုက်ခိုက်ရာ ပစ်မှတ်ဖြစ်ရာ၊ မိသားစုကို ပြိုလဲနိုင်လိုက်သည်နှင့် ကျွန်ုပ်တို့၏ အ သုံးတော်ခံနိုင်ခြင်းအလုံးစုံသည်လည်း အလိုလို ပြိုလဲသည်သာ ဖြစ်သည်။


ဖိအားပေးသည့် အချက်များကို သိရှိထားခြင်း

သင်းအုပ်ဆရာမိသားစု၌ ကြုံတွေ့လေ့ရှိသည့် ဖိအားများကိုကြိုတင်သိရှိထားပါလျှင် ကျွန်ုပ်တို့ကို များစွာ အထောက်အကူပြုပေးနိုင်ပါသည်။ အဓိကဖိစီးမှုကို ဖြစ်စေနိုင်သည့် အချက်များအနက် တစ်ချက်မှာ ကျွန်ုပ်တို့၏ နေအိမ်သည် အလုပ်လုပ်ရာ အလုပ်ရုံကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။ အိမ်၌ ကျွန်ုပ်တို့အလုပ်လုပ်သည်၊ အိမ်၌ တိုင် ပင်ဆွေးနွေးခြင်းများကို ပြုလုပ်သည်၊ အိမ်သို့ အသင်းသူအသင်းသားများ လာရောက်ကြ၍ ၄င်းတို့၏ ပြဿနာ များကို လာရောက်ပြောဆိုကြသည်။ အကယ်၍ အိမ်တွင်ကျွန်ုပ်တို့ရှိမနေပါက ကျွန်ုပ်တို့၏ ဇနီးသည်က တာဝန် ယူဧည့်ခံရပြန်သည်။ ဤကဲ့သို့သော အခြေအနေမျိုးကို ဆရာဝန်များ၊ ရှေ့နေများ စသည့်အခြားခြား လုပ်ငန်း နယ် ပယ်တွင်ရှိကြသောသူတို့၌ ဖြစ်လေ့ဖြစ်ထမရှိပေ။ ကျွန်ုပ်တို့၏အိမ်သည် လုပ်ငန်းနယ်ပယ်တစ်ခုထက်ပို၍ ဆေး ရုံတစ်လုံးနှင့် ပို၍တူပါသည်။ ဖြစ်နိုင်မည်ဆိုလျှင် ကျွန်ုပ်တို့၏လုပ်ငန်းအခြေပြုရာကို အိမ်၌မဟုတ်ဘဲ၊ တစ်နေရာ ရာ၌၊ အသင်းတော်ရုံးခန်းမျိုး၌ ဖြစ်သင့်ပါသည်။ ထိုကဲ့သို့ အသင်းတော်ရုံးခန်း၌ ရုံးထိုင်ခြင်းသည် အသင်းသူ အသင်းသားများနှင့်လည်း အချိန်တိုင်းလိုလိုပင် ချိန်းချက်ထားခြင်းမရှိဘဲ တွေ့ဆုံရသည့် အခြေအနေမျိုးရှိသည့် အတွက် အကောင်းဆုံးဖြစ်သည်ဟူ၍လည်း မဆိုနိုင်ပါပေ။ ကျွန်ုပ်တို့၏ပုံမှန်နှုတ်ကပတ်တော်လေ့လာခြင်း အချိန် အတွက် လိုအပ်သောစာအုပ်များနှင့် အခြားအခြားသော ကိရိယာများကို ဟိုတစ်နေရာ၊ ဒီတစ်နေရာမျိုး၌ မဟုတ် ဘဲ၊ တစ်နေရာတည်း၌ စုစုစည်းစည်းရှိနေရပါမည်။ 

ကျွန်ုပ်တို့၏အိမ်သည် အလုပ်ရုံကဲ့သို့ဖြစ်နေပါက ကြောက်စရာဝေးသည်ဟူ၍ မရှိသလိုခံစားလာပြီး၊ ကျွန်ုပ်တို့၏မိသားစုအတွက် အချိန်ကောင်းသည့်အချက်မှာ ကျွန်ုပ်တို့သည်ဘယ်သောအခါမျှ အလုပ်နှင့်ဝေးသည် ဟူ၍ မရှိသလိုခံစားလာပြီး၊ ကျွန်ုပ်တို့၏မိသားစုအတွက် အချိန်ကိုပင် မပေးနိုင်လောက်အောင် ဖြစ်သွားတတ်ပါ သည်။ တစ်နေ့လျှင် ကိုးနာရီ ငါးရက်ကြာ ကျွန်ုပ်တို့ရုံးတွင် အလုပ်လုပ်လျှင်မူ ရုံးချိန်ပြီးသည်နှင့် ကျွန်ုပ်တို့၏ အ လုပ်များအားလုံးကို မနက်ဖြန်ရောက်သွားသည်အထိ ရုံးခန်းထဲ၌ ချန်လှပ်ထားနိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့၏ စာ ကြည့်စားပွဲကို သန့်ရှင်းစွာမထားပါကလည်း ကျွန်ုပ်တို့ကို နောက်ဆံတင်းအောင် အမြဲဖြစ်စေတတ်သည်။ အခြား ထပ်၍ ပြောရပါလျှင် မိသားစုလက်ဆုံစား နေသည့်အချိန်၌လည်း ဖုန်းဝင်လာ၍ အသင်းတော်နှင့်ပတ်သက်သည့် ကိစ္စများကို မထင်မှတ်ဘဲ ဆွေးနွေးသွားရသည့် အခြေအနေမျိုးလဲ ရှိလာနိုင်သည်။ အသင်းတော်နှင့်ပတ်သက်၍ အချိန်တိုင်းပြောနေခြင်းမျိုးသည်လည်း မိသားစုများ စုံလင်စွာရှိနေသည့် အချိန်မျိုးတွင် ရှောင်ရှားသင့်သည့်အရာ ဖြစ်သည်။ သာသနာပြုတောင်ထဲ ကျွန်ုပ်စဝင်ခါစချိန်တွင် ဤအရာနှင့်ပတ်သက်၍ သင်ခန်းစာတစ်ခုကို သင်ယူခဲ့ ရပါသည်။ အင်္ဂလန်တောင်ပိုင်းရှိ အသင်းတော်တစ်ပါးတွင် ကျွန်ုပ်တရားဟောပြောရန် အခွင့်ရှိခဲ့သည်။ တစ်မနက် တွင် အသင်းအုပ်ဆရာနှင့်အတူ ၄င်း၏ဇနီးသည်၊ ဆယ်ကျော်သက်အရွယ် ကလေးများနှင့်အတူ မနက်စာ စားဖြစ် ခဲ့ကြသည်။ ထိုအသင်းတော်နှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် ပြဿနာအချို့တို့ကိုလည်း ကျွန်ုပ်သိထားခဲ့သည်။ သို့နှင့် တနင်္ဂနွေနေ့ မနက်စာဝိုင်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းလိုက်သည်။ ချက်ခြင်းဆိုသလိုပင် ကျွန်ုပ်၏ ခြေကို တစ်ချက်သတိပေးခြင်းကို ခံလိုက်ရသည်။ အိမ်ရှင်က ကျွန်ုပ်မေးသည့်အရာကိုမဖြေဘဲ အခြားသော အ ကြောင်းအရာကို လွဲပြောလိုက်သည်။ ကလေးများထသွားပြီးသည့်နောက်မှသာ ကျွန်ုပ်ဘယ်သောအခါမျှ မမေ့ တော့မည့် သင်ခန်းစာတစ်ခု၊ ယနေ့ထိတိုင် ကျင့်သုံးနေဆဲဖြစ်သည့် သင်ခန်းစာကို ၄င်းက ရှင်းပြပြောဆိုခဲ့သည်။ ထိုသင်ခန်းစာမှာ သားသမီးများရှိနေသည့်အချိန်တွင် အသင်းတော်နှင့်ပတ်သက်၍ မည်သည့်ကဲ့သို့သော ပြဿနာ မျိုးရှိသည်ဖြစ်စေ သို့မဟုတ် မည်ကဲ့သို့သော ဝေဖန်ခြင်းများရှိစေအုံးတော့ မဆွေးနွေးရပါဟူသည့် အချက်ဖြစ် သည်။ ၄င်းတို့အနေနှင့် ၄င်းတို့၏သားသမီးများကို ပြဿနာများမှာ များပြားလွန်းသည်ဖြစ်ရာ မှားယွင်းသော အမြင်ဖြင့် အသင်းတော်နှင့်ပတ်သတ်၍ အသင်းအုပ်ဆရာ ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာများမှာ များပြားလွန်း သည်ဖြစ်ရာ မှာယွင်းသောအမြင်ဖြင့် ကြီးထွားလာခြင်း မရှိစေရန်ဖြစ်သည်။ 

ကျွန်ုပ်တို့၏မိသားစုအကြား လျှို့ဝှက်ချက်များသည်လည်း ရှောင်လွဲ၍ မရသောအရာများ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ မိသားစုအရေးကိစ္စကို အသေးနိုင်ဆုံး ဖြစ်အောင် ကြိုးစားကြရပါမည်။ ဤအခြေအနေ ကို ဖြေရှင်းရန်အတွက် အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ ကျွန်ုပ်တို့ကိုယ်တိုင် ပုံသက်သေပြဦးဆောင်ရင်း ပြဿနာများကို အခွင့်အရေးများအဖြစ် ပြောင်းလဲနိုင်သောသူဖြစ်အောင် မိမိကိုယ်ကို ခွန်အားပေး တိုက်တွန်းရ မည်။ အပြောဟူသည် အလွန်လွယ်ကူကြောင်းကို ကျွန်ုပ်သိပါသည်။ အကယ်၍ ကျွန်ုပ်တို့သည် အနှောက်အယှက် များကို မနှစ်သက်ပါက၊ ကျွန်ုပ်တို့၏ မိသားစုဝင်များသည်လည်း နှစ်သက်ကြမည်မဟုတ်ပါ။ တစ်စုံတစ်ယောက် ရောက်လာသည် သို့မဟုတ် ဖုန်းဝင်လာသည်နှင့် ကျွန်ုပ်တို့က ငြီးထွားရင်းကြိုဆိုလိုက်သည်နှင့် ကျွန်ုပ်တို့၏ မိ သားစုများသည်လည်း ကျွန်ုပ်တို့နည်းတူ လိုက်လုပ်ကြမည်သာ။ ထိုကဲ့သသို့မဟုတ်ဘဲ စစ်မှန်သော ဝမ်းမြောက် ပျော်ရွှင်ခြင်းနှင့်အတူ ဧည့်သည်များကိုတွေ့ဆုံပြောဆိုပါက၊ မိသားစုတစ်စုလုံးကိုလည်း အလိုလို လိုက်ပါလာကြ မည်ဖြစ်သည်။ ကျွန်ုပ်တို့နှင့်လာရောက်တွေ့စုံသောသူများ အဆင်ပြေစေရန်အတွက် တီဗီမရှိသော အခန်း တစ် ခန်း၌ တွေ့စုံခြင်းစသည့် လက်တွေ့ဆန်ဆန် လိုအပ်ချက်များမှာလည်း အလွန်အရေးပါပေ၏။ ကြည့်ချင်သော တီဗီလိုင်းကို ဧည့်သည်တစ်ယောက်ရောက်လာသောကြောင့် ရပ်လိုက်ရခြင်း၊ ပိတ်လိုက်ရခြင်းမျိုးသည် ကလေး များကို မကျေမနပ် ဖြစ်သွားစေနိုင်သည်။ ထိုကဲ့သို့သော အခြေအနေများကို ကျွန်ုပ်တို့ ရှောင်ရှားနိုင်ပါသည်။

ကျွန်ုပ်တို့၏သားသမီးများသည် အခြားသောကလေးများထက် ပို၍ကျဉ်းကြပ်သည့်ဘောင်အတွင်း ရှိနေ သည်ဟူသော ခံစားချက်ဖြင့် ကြီးထွားလာနိုင်ကြသည်။ အသင်းသူအသင်းသားများသည်လည်း ကျွန်ုပ်တို့၏ သား သမီးများအပေါ် အထူးစိတ်ဝင်စားတတ်ကြသည်။ ဤသည်မှာ ကျွန်ုပ်တို့မိသားစုကို အသင်းသားများက ဂရုစိုက် သည့်သဘောကို ဆောင်နေပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့၏သားသမီးများကို သင်းအုပ်ဆရာ၏ သား သမီးများ ဖြစ်သည့်အတွက်မည်သို့မည်ပုံ အသက်ရှင်ရမည်ဟူ၍ ဖိစီးမှုများမရှိစေရန် သွန်သင်ဆုံးမထားရပါ မည်။ တစ်ခါတစ်ရံ သင်းအုပ်ဆရာဖြစ်သည့်အားလျော်စွာ အသင်းသူအသင်းသားများ၏ ကျွန်ုပ်တို့အပေါ် အလေး ထားဆက်ဆံမှုတို့ကြောင့် သာမန်လူများကဲ့သို့ ကျွန်ုပ်တို့နေထိုင်၍မရသလို ဖြစ်သွားစေရာ၊ အခက်အခဲအချို့ ရှိ တတ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ သားသမီးများသည်လည်း အများကဲ့သို့ပင် သာမန်လူများသာ ဖြစ်ကြောင်းကို ပြောပြထားရမည် ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် သားသမီးများကို၊ ဟန်ဆောင်ခြင်း အလျဉ်းမရှိ ၄င်းတို့၏အဖြစ်မှန်အတိုင်း အသက်ရှင်နိုင်ရန် ကူညီပေးရမည်။ အခြားသောကလေးများကဲ့သို့ပင် မိဘကို ရိုသေ လေးစားရမည်ဟူ၍၄င်း အကြောင်းအမျိုးမျိုးတို့ကို လိုက်လျောညီထွေစွာ ပြောပြသွန်သင်ရပါမည်။ ကျွန်ုပ်တို့ သည်လည်း ကျွန်ုပ်တို့ပင်ကိုယ်အတိုင်း အမှန်ဖြစ်နေလျှင် သားသမီးများသည်လည်း ၄င်းတို့ဖြစ်သည့်အတိုင်း အမှန်ဖြစ်နေကြမည် ဖြစ်ပေ၏။ ပြဿနာမှာ အသင်းသူအသင်းသားများက ကျွန်ုပ်တို့၏သားသမီးများကို မည်သို့ ထင်မြင်သည်ဆိုသည်ထက် ကျွန်ုပ်တို့တွေးထင် သကဲ့သို့ ကျွန်ုပ်တို့၏ သားသမီးများသည်လည်း တွေးထင် နေခြင်းဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်။

သင်းအုပ်ဆရာများနှင့် ၄င်းတို့၏ဇနီးသည်များသည် ၄င်းတို့၏သားသမီးများ ဘုရားကျောင်းသွားရန် ခိုင်း သင့်မခိုင်းသင့်ကို အကောင်းဆုံးသိသောသူများ ဖြစ်ကြသည်။ သားသမီးများကို သင်းအုပ်ဆရာ၏သားသမီးများ ဖြစ်၍ဟူသောစိတ်ဖြင့် အတင်းခိုင်းစေခြင်းမပြုရန်မှာ အလွန်အရေးကြီးပါသည်။ ကလေးငယ်များအနေနှင့် ၄င်း တို့အတွက် မည်သည့်အရာသည် အကောင်းဆုံးဖြစ်သည်ကို မသိဟုဆိုထားသည့်အတိုင်း ငယ်ရွယ်စဉ်ကတည်း က ကျွန်ုပ်တို့၏ကလေးများအား ဆယ်ကျော်သက်အရွယ်မရောက်မခြင်း ၄င်းတို့အနေနှင့် ဘုရားကျောင်းရှိ အစီ စဉ်များတွင် အစဉ်ပါဝင်ကြစေရန် ကောင်းမွန်စွာ သွန်သင်ပေးရမည်ဟု ကျွန်ုပ် ယုံကြည်သည်။ မိသားစုနှင့် ပတ်သက်၍ အတွေးအခေါ်ကောင်းတစ်ခုမှာ အလုပ်များကို အတူတကွ လုပ်ဆောင်ခြင်းဟု ဆိုထားသည်။ မိသား စုတွင် ကျွန်ုပ်တို့တစ်ဦးစီတိုင်း၌ မိမိဝါသနာထုံရာ အလုပ်တစ်ခုခု ကိုယ်စီရှိပါသော်လည်း၊ကျွန်ုပ်တို့အားလုံး စိတ် ဝင်စားသည့်အရာကို လုပ်ဆောင်ခြင်းမျိုးသည်လည်း မိသားစုကို များစွာအထောက်အကူ ဖြစ်စေသည်။ တစ် ယောက်နှင့်တစ်ယောက်ကြား ခြားနားခြင်းများကို နားလည်၍ မိသားစုလိုက် စည်းစည်းလုံးလုံး တိုင်ပင်ညီစွာ ပါ ဝင်ကြရမည်။ ကျွန်ုပ်တို့သည် မည်သူမည်ဝါဖြစ်သည်ဆိုသည့်အတွက်ကြောင့် ကျွန်ုပ်တို့၏မိသားစုဝင်တစ်ဦးဦး ကို အတင်းအဓမ္မခိုင်းစေခြင်းမျိုး မပြုလုပ်သင့်ပါ။ သို့မဟုတ် သားသမီးတစ်ဦးဦး ပါဝင်လုပ်ဆောင်စေခြင်း မရှိပါ လျှင် ကျွန်ုပ်တို့အပေါ် အခြားသူများ အမြင်မကြည်မှုများ ဖြစ်သွားမည်ဟူသည့် စိုးရိမ်စိတ်ကြောင့် ကလေးများကို အတင်းစေခိုင်းခြင်း မပြုသင့်ပါပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏မိသားစုကို အသုံးပြု၍ ကျွန်ုပ်တို့အား နှိမ့်ချ ခြင်းသဘောရှိရန်နှင့် ကျေးဇူးတရားကို နေ့စဉ်လိုအပ်ကြောင်းကို သိစေပါသည်။

မိသားစုစုံစုံလင်လင် အတူတကွဆုတောင်းခြင်းအမှုကို ဦးဆောင်ရန်နှင့် အခြားသောသူများထက် သင်း အုပ်နှင့် သင်းအုပ်ကတော်တို့အတွက် ပိုမိုလွယ်ကူသည်ဟူ၍ မရှိပါ။ အခြားသူများက ကျွန်ုပ်တို့ကို ကြည့်နေသည် ဆိုသည့်အချက်ကြောင့် မိသားစုလိုက်ဆုတောင်းခြင်းအမှုကို မပြုအပ်ပေ။ ကလေးများငယ်သေးသည့်အချိန်တွင် အတူတကွ ဆုတောင်းရန်ဖြစ်နိုင်ပါသော်လည်း၊ ၄င်တို့အသက်ကြီးလာ၍ ကျောင်းတက်လာကြသော အခါတွင်မူ၊ ကျောင်းတက်ချိန် မတူညီတော့သဖြင့် ညနေစာပင် လက်စုံစားရန်မှာ အလွန်ခက်ခဲလာတတ်ပါသည်။ အတိတ် တွင် မိသားစုလိုက်စားပွဲဝိုင်းထိုင်ကြရင်း၊ ကျမ်းစာဖတ်ဆုတောင်းကာ ညစာအတူစားသည့် အဖြစ်အပျက်ကို ပြန်ကြည့် လေတိုင်း ကျွန်ုပ်ကြည်နူးနေတတ်ပါသည်။ သို့သော်လည်း ကလေးငယ်များ၏ ကျောင်းချိန်မှာ မတူညီကြတော့သဖြင့် ကျွန်ုပ်တို့ မိသားစုခြောက်ယောက်အတွက် အတူစုံညီ လက်စုံစားရန်မှာ မဖြစ်နိုင်တော့ပေ။ မည်သို့ပင် ဖြစ် စေကာမူ အားလုံးစုံလေ့ရှိသည့် အချိန်များကို လက်လွတ်မခံဘဲ အတူတကွ ကျမ်းစာဖတ်၊ ဆုတောင်းရင်းဖြင့် အချိန်သုံးတတ်ရန်မှာ အလွန်အရေးကြီးပါသည်။ ထိုသို့ဆုတောင်းရာတွင် နွေးထွေးသော ကျွန်ုပ်တို့၏ အသင်းတော်အတွက် ဘုရားသခင်ထံ ကျေးဇူးတော်ချီးမွမ်းခြင်း၊ မိသားစုအတွင်းရှိနေသည့် ပြဿနာ များကို ကူညီ ဖြေရှင်းပေးရန် အသနားခံခြင်း၊ အသင်းတော်ကြီးထွားစေရန်အတွက် မိသားစုဝင်များအားလုံး စည်းလုံးစွာ ပါဝင်နိုင် စေခြင်းအတွက် စသည်ဖြင့် ဆုတောင်းကြသည်။

ကျွန်ုပ်တို့၏နေအိမ်သည် ကျွန်ုပ်တို့အလုပ်၏ အခြေခံအလုပ်လုပ်ရာနေရာဖြစ်နေခြင်းက အခြေခံကျ သော ပြဿနာဖြစ်နေပါက၊ သင်းအုပ်ဆရာတစ်ဦး၏ အလုပ်ချိန်များသည်လည်း ကျွန်ုပ်တို့၏မိသားစုကို ဖိအား ပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ အလုပ်ကိုသာ ဦးစားပေး လုပ်ဆောင်နေတတ်သည့်အတွက် ကျွန်ုပ်တို့၏မိသားစုကို လျစ်လျူရှုမိသွားသည့် အဖြစ်မျိုးဖြစ်နိုင်ရာ ၄င်းတို့၏ဘဝတွင် အမာရွက်ကြီးသဖွယ် ဖြစ်သွားနိုင်ပါသည်။ ထို့ ကြောင့် ကျွန်ုပ်တို့နောက်ဆုံးကြည့်ခဲ့သော တာဝန်ဝတ္တရားများကို ခွဲဝေပေးခြင်းဆိုသည့် အခန်းကဏ္ဍသည် အလွန် အရေးကြီးသည်ဟု ဖော်ပြခဲ့ရခြင်းဖြစ်သည်။ မိသားစုနှင့် ညနေတိုင်း အချိန်မှန်မှန်ရှိနိုင်ရန်အတွက် အစည်း အား လုံးကို တက်ရောက်စရာမလိုအောင် တာဝန်များခွဲထားပေးသင့်သည်။ “ငါ့မိသားစုက ငါ့ကိုဘယ်အချိန်မှာ အလို အပ်ဆုံးလဲ။ အလုပ်လည်းပြီးရမယ်၊ မိသားစုအတွက်လည်း အချိန်ပေးနိုင်အောင် ငါ့ရဲ့ တစ်နေ့တာ လုပ်ငန်းတွေ ကို ဘယ်လို အချိန်ဇယားဆွဲရင်ကောင်းမလဲ” ဟူသည့်မေးခွန်းကို ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ အကြိမ်ကြိမ်မေး၍ သုံး သပ်သင့်ပါသည်။ မိသားစု၏အခြေအနေမှာ အချိန်တိုင်းပြောင်းလဲနေသည့်အတွက် အထက်ပါမေးခွန်းကို အကြိမ် ကြိမ် သုံးသပ်သင့်ပါ၏။ မိသားစုအတွက် အချိန်ပေးရန် အကောင်းဆုံးအချိန်မှာ ကလေးငယ်များ ငယ်ရွယ်သော အချိန်ကတည်းမှစ၍ အသက်ကြီးလာသည်အထိ ၄င်းတို့နှင့်ကိုက်ညီစွာ အချိန်ပေးတတ်ခြင်းဖြစ်သည်။ ကလေး များ ငယ်ရွယ်စဉ်မူ ညအိပ်ချိန်သည် အလွန်အရေးပါသော အချိန် ဖြစ်သည်။ ခင်ပွန်းသည်များသည်လည်း ကလေး များကို ရေချိုးပေခြင်း၊ စာဖတ်ပေးခြင်းနှင့် ဆုတောင်းပေးခြင်းအမှုတို့တွင် ပါဝင်ကြသည်ကို အမျိုးသမီး များက အလွန်နှစ်သက်ကြသည်။ ကလေးများ အနည်းငယ် အသက်အရွယ်ရလာသည်နှင့် ၄င်းတို့ရှိနေစဉ်တွင် အခြားသူ များနှင့် တိုင်ပင်ခြင်းများကိုလက်ခံသတ်မှတ်ခြင်းသည် မှန်ကန်သော သတ်မှတ်ခြင်းမဟုတ်ပါပေ။ ထို့ပြင် ကလေး များ အသက်ကြီးလာကြသည်နှင့်အမျှ ညနေပိုင်း၌ ၄င်းတို့၏အလုပ်နှင့်ပတ်သက်၍သော်လည်းကောင်း၊ ၄င်းတို့ စိတ်ဝင်စားသောအရာ တစ်ခုခုနှင့်ပတ်သက်၍သော်လည်းကောင်း အဖော်ပြုကာ အချိန်ပေးရပါမည်။ ၄င်းတို့ အ တွက် တစ်နေ့ကို နှစ်နာရီသို့မဟုတ် အနည်းဆုံး တစ်နာရီအချိန်ပေးရမည်ဖြစ်သည်။ ထိုအချိန်သည် ၄င်းတို့ အ တွက်ဖြစ်သည်ကို ကလေးငယ်များသိပါစေ။

ကျွန်ုပ်တို့သည် အမြဲလို အလုပ်ရှုပ်နေတတ်သောသူများ ဖြစ်ကြသည်။ သို့သော်လည်း ကျန်ခဲ့သည့် အ 

တိတ်ကို ပြန်၍ကြည့်ပါလျှင် ကျွန်ုပ်တို့သည် လိုသည်ထက်ပို၍ အလုပ်ရှုပ်နေခဲ့သည်ကို သတိပြုမိပါလိမ့်မည်။ မိ သားစုများ ကျွန်ုပ်တို့ကို လိုအပ်သောအချိန်များတွင် အချိန်မပေးနိုင်သည့် ပြဿနာက ကျွန်ုပ်တို့သည် အလွန် အ လုပ်များသောကြောင့် မဟုတ်ပေ။ အချိန်ပေးရန် ဖြစ်နိုင်ပါလျက်နှင့် ကျွန်ုပ်တို့က သတ်သတ်မှတ်မှတ် မရှိသည့် အတွက်ကြောင့်သာ ဖြစ်သည်။ မိသားစုက ကျွန်ုပ်ကို အမြဲလိုအပ်နေကြပါသည်။ နေ့စဉ်ရက်တိုင်း ၄င်းတို့နှင့်အတူ ရင်းရင်းနှီးနှီး ပြောဆိုတိုင်ပင်ခြင်းအားဖြင့် ၄င်းတို့၏ လိုအပ်ချက်များကို မသိမသာ လျော့ချစေပါသည်။ များစွာ သောအချိန်တို့တွင် “ဖေကြီး အလုပ်ရှုပ်နေတယ်ဟေ့”၊ “သွားကိုသွားရမယ်ဟေ့” ဟုဆိုကာ ပြောခဲ့၊ ပြုခဲ့မိသည့် အရာများသည် မိသားစုကို မှားယွင်းစွာဆက်ဆံလိုက်သည့် သဘောမျိုးဖြစ်သည့်အပြင် ၄င်းတို့သည်လည်း ကျွန်ုပ် အပေါ်တစ်မျိုးကြီး ခံစားနိုင်သည့် အခြေအနေမျိုးဖြစ်ခဲ့ရာ၊ ယခုတွင် ထိုသို့ ကျွန်ုပ်မပြုတော့ပါ။ ထိုသို့ဆိုရာတွင် မိ သားစုဝင်တစ်ဦးဦး၏ အလိုကျသည့်အချိန်တိုင်း အမှုတော်မြတ်၌ အချိန်မပေးတော့ဘဲ မိသားစု၌သာ အချိန်သုံး နေရမည်ဟု ကျွန်ုပ်ဆိုလိုခြင်း မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်၏အလိုတော်မှာ ကျွန်ုပ်တို့၏ အနီး ဆုံးသောသူများအပေါ် အချိန်မပေးနိုင်လောက်အောင် ကျွန်ုပ်တို့ အလုပ်ရှုပ်နေရန်မဟုတ်ပေ။

ကျွန်ုပ်တို့သည် အချိန်ကိုခွဲခန့်စီမံရမည့် သူများဖြစ်ကြသည့်အတွက်ကြောင့် ကျွန်ုပ်တို့၏အသက်တာ တွင် ဖြစ်ပေါ်နေသည့် ဖိအားပေးအခြေအနေများကို ကျွန်ုပ်တို့၏အမှုတော်မြတ်နှင့် ကျွန်ုပ်တို့၏မိသားစုအပေါ် ထားရှိသည့် မေတ္တာစိတ်တို့အကြား ကောင်းမွန်စွာ ဂရုစိုက်ဆင်ခြင်ခြင်းမရှိပါက အချိန်ကြာလာသည်နှင့်အမျှ ပြ ဿနာများသာ သာ၍ ကြီးစိုးလာကြမည်ဖြစ်သည်။ ကလေးငယ်များ ညအိပ်ချိန်တွင် ကျွန်ုပ်တို့ အတူရှိနေရန် အချိန်ပေးရမည်။ အကယ်စင်စစ် ကျွန်ုပ်တို့သည် ညနေပိုင်တိုင်းလိုလို အမြဲ အပြင်ထွက်နေရသောသူ ဖြစ်သော် လည်း၊ အိမ်ပြန်ချိန်ကို ပုံမှန်ဖြစ်အောင် သတ်မှတ်ထားရမည်။ အိမ်တွင် ကျွန်ုပ်တို့အလုပ်လုပ်ရသည် ဆိုလျှင် လည်း၊ နေ့လည်အချိန်များတွင် ဇနီးသည်နှင့်အတူ နေ့လည်စာအတူစားသုံးနိုင်ရန် အချိန်ကို သတ်မှတ်ထားရ မည်။ ကျွန်ုပ်တို့မိသားစုသည် အခြားသော အသင်းသူအသင်းသား မိသားစုများထက် အသင်းတော်အတွက် ပို၍ ဆုတောင်းခြင်း၌ အချိန်သုံးသောသူများဖြစ်ရမည်။ ဤကဲ့သို့သောဆုတောင်းခြင်းမျိုးသည် တန်ဖိုးမဖြတ်နိုင်သော အရာများ ဖြစ်သည်။ ကျွန်ုပ်တို့၏ အိမ်ကိုလာရောက်ကြပြီး ဝမ်းမြောက်ပျော်ရွှင်စွာ ပြန်သွားတတ်သည့်လူများကို ကြည့်ပြီး ကျွန်ုပ်တို့၏ကလေးများအသက်တာ၌ ခရစ်ယာန်အသက်တာ တဖြည်းဖြည်းခြင်း လွှမ်းမိုးလာနိုင်ပါ သည်။ သင်းအုပ်ဆရာ မိသားစု၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်ခြင်းသည် ကြီးမားသော အကျိုးကျေးဇူးကို သီးပွင့်စေသကဲ့သို့၊ ဝမ်းမြောက်ခြင်းအကြောင်းလည်း ဖြစ်ပေသည်။


သင်းအုပ်ကတော်ကို ဖိအားပေးသည့် အဓိက အချက်များ

ကျွန်ုပ်တို့၏လုပ်ငန်းသဘောအရမဖြစ်သင့်၊ မဖြစ်ထိုက်သောဖိအားမျိုးကြားထဲမှ ကျွန်ုပ်တို့၏ ဇနီးသည် များကို ကာကွယ်ပေးရန်မှာ အရေးကြီးဆုံးအချက်များထဲမှ တစ်ချက်အပါအဝင် ဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ငန်း တွင် ၄င်းတို့သည် ကျောထောက်နောက်ခံများဟု ထင်ရပါသော်လည်း အကယ်စင်စစ်၄င်းတို့သည် အရာရာ၏ ရှေ့ ပိုင်းတွင် ဦးစားပေး ဆက်နွှယ်နေသောသူများ ဖြစ်ကြသည်။ ဆရာကြီး ချာလ်းစီမုန်ဆိုသူသည် ၁၇၉၆ ကတည်းက အသင်းတော်လူကြီးများနှင့် သာသနာပြုဇနီးသည်တို့ အတွက် သီးသန့်စည်းဝေးခြင်းများကို ပြုလုပ်ခဲ့သူဖြစ်ရာ၊ သူသည် ထိုခေတ်ထိုခါကတည်းက ခေတ်ရှေ့ပြေးမြင်ခဲ့သူတစ်ဦးပေသည်။ အမှုတော်ဆောင်များ၏ ဇနီးသည် များကို “သာသနာပြုသော အမျိုးသမီးများ၊ အမှုတော်ဆောင်များ၏ ကိုယ်ပွား၊ ခင်ပွန်းသည်များ၏ လုပ်ငန်းတွင် အရေးကြီးဆုံးသော ပုဂ္ဂိုလ်များ” ဟု ရည်ညွှန်းခဲ့သည်။ (Hi, Hopkins: Simon of Cambridgem Hodder and Stoughton, p. 120)

အခြားလုပ်ငန်းနယ်ပါယ်ရှိ အလုပ်လုပ်နေကြသော ဇနီးသည်များအားလုံးထက် ကျွန်ုပ်တို့၏အမျိုးသမီး 

များသည်သာ၍ ပေးဆပ်ကြရသည်။ အခြားသော ဇနီးသည်များကဲ့သို့ ကျွန်ုပ်တို့၏ ဇနီးသည်များသည် ကျွန်ုပ်တို့ အလုပ်နှင့်သီးသန့်ခွဲနေ၍ မရနိုင်ပေ။ အခြားနယ်ပယ်မှ ဇနီးသည်များသည် ၄င်းတို့ခင်ပွန်းသည်များ၏လုပ်ငန်းနှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိကြသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ဇနီးသည်များမှာ ထိုသို့မဟုတ်၊ ၄င်းတို့ သည် ကျွန်ုပ်တို့ကိုသာ လက်ထပ်ထိမ်းမြှားခြင်းမဟုတ်ဘဲ၊ ကျွန်ုပ်တို့၏အလုပ်ကိုပါ ပေါင်းသင်းကြရသည်။ အ ဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏အလုပ်ကြားတွင် ရှင်သန်နေကြရသည့်အတွက် ဖြစ် ပါသည်။ အများအားဖြင့် ကျွန်ုပ်တို့၏ဇနီးသည်ရှိရာနေရာသည် ကျွန်ုပ်တို့၏ရုံးခန်းဖြစ်သကဲ့သို့ အိမ်လည်း ဖြစ်ပါ သည်။ သူမအနေနှင့် အိမ်၌ရှိနေလျှင် လာသောဧည့်သည်များအတွက် ကော်ဖီဖျော်ပေးခြင်းနှင့် ဧည့်ဝတ်ပြုခြင်း တို့ကို အဆက်မပျက် ပြုလုပ်ပေးနေရသည်။ ပတ်ဝန်းကျင်၏ပစ်ပယ်ခြင်းကို ခံနေရသည်ဟု ခံစားသောသူ အများ စုသည် သင်းအုပ်ဆရာနှင့် ဆရာကတော်တို့အပေါ် အလွန်စိတ်ဝင်စားမှီခိုလိုကြရာ၊ ၄င်းတို့ကို နွေးဆွေးစွာ ကျွန်ုပ် တို့ ကြိုဆိုဆက်ဆံရပြန်သည်။ ဤသည်က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား မည်သည့်အရာမျှ ပြန်လည် တုန့်ပြန် ပေးစွမ်းနိုင်မှ မရှိသောသူများကို အထူးသဖြင့် မေတ္တာပြကြရသည်ဖြစ်သည်။ ထိုအချက်သည်ပင် လောကသား များအတွက် အဆန်းပြောစရာပင် မဟုတ်ပါလား။ 

ကျွန်ုပ်တို့အတွက် နံနက်ပိုင်း သမ္မာကျမ်းစာလေ့လာခြင်းအမှုသည် မည်မျှအရေးပါ၍ သတ်သတ်မှတ် မှတ်ရှိနေရမည်ဟူသည့်အချက်ကို ကျွန်ုပ်တို့၏ဇနီးသည်ထက် မည်သူမျှပို၍သိနိုင်မည်မဟုတ်ပေ။ အိမ်၌ သူမရှိ နေချိန်တွင် အလွန်အရေးကြီးသည့် ကိစ္စများမဟုတ်ပါက သူမကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းလိုက်သည်။ ဤသည် မှာ လွယ်ကူသော အလုပ်တော့မဟုတ်။ အိမ်သို့ရောက်လာ၍ သို့မဟုတ် ဖုန်းဖြင့်သော် လည်းကောင်း ကျွန်ုပ်တို့နှင့် တွေ့ဆုံစကားပြောလိုသူများကို ၄င်းတို့၏အခြေအနေ၊ အကျိုးအကြောင်းအလိုက် ကျွန်ုပ်တို့နှင့် တိုက်ရိုက်တွေ့ဆုံ ခွင့်ပြုသင့်မပြုသင့်ကို သုံးသပ်ရသည်။ အရေးမကြီးသည့်ကိစ္စများဖြစ်သည်ဟု သုံးသပ်နိုင်သည်ဆိုအုံးတော့ “ကျွန်မယောက်ျားကလာမယ့် တနင်္ဂနွေနေ့အတွက် ပြင်ဆင်နေတာမို့လို့၊ နောက်ကျမှ ပြန်လာတွေ့ပါလား၊ ဒါမှမ ဟုတ် ဖုန်းပြန်ဆက်လိုက်လေ” ဟု ပြောရန်မှာ အလွန်ခက်ခဲသည့် အရာမျိုးဖြစ်သည်။ အကယ်၍ အရေးကြီး ကိစ္စ များဆိုလျှင်လည်း ကျွန်ုပ်တို့အား ချက်ခြင်းတွေ့ဆုံစေသည်။ ထိုသို့ပြုခြင်းအားဖြင့် သမ္မာကျမ်းစာ လေ့လာရာတွင် အာရုံပျက်သွားခြင်းနှင့် ဖြစ်နိုင်ချေရှိသော အမှားများကို ရှောင်ရှားနိုင်စေသည်။ လူပျင်းများ ကျွန်ုပ်တို့အိမ်သို့ ရောက်လာ၍ ပိုက်ဆံလာတောင်းကြသည့်အဖြစ်သည်လည်း ကျွန်ုပ်တို့၏ဇနီးသည်များကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေ သည်။အထူးသဖြင့် ကျွန်ုပ်တို့ခရီးသွားနေသည့်အချိန်မျိုးတွင်ဖြစ်သည်။ လာတောင်းကြသူအများစုမှာ ယောက်ျား သားများဖြစ်တတ်ရာ၊ ၄င်းတို့စိတ်ကျေနပ်မှုမရှိပါက ပြန်လည်ချိန်းခြောက်မှုများပင် ပြုလုပ်သွားတတ်သေး သည်။ ၄င်းတို့ကို ပိုက်ဆံပေးလိုက်ခြင်းမျိုးသည် ရှောင်ရှားရမည့် ထောင်ခြောက်တစ်ခု ဖြစ်သည်။ ၄င်းတို့၏ ပြော မကုန်သော အကြောင်းပြချက်များကို နားထောင်ကြည့်သည့်အခါ အားလုံးမှာ လိမ်ညာလှည့်ဖြားမှုများသာ ဖြစ်နေ သည်။ သို့သော်လည်း အမှန်တကယ် လိုအပ်နေသောသူများကို မကူညီမိမည်ကိုလည်း ကျွန်ုပ် စိုးရိမ်မိပါသည်။ ပိုက်ဆံပေးခြင်းထက် စားစရာ သို့မဟုတ် လက်ဆောင်များပေးကမ်းခြင်းအားဖြင့် ပါဝင်ရန် ကျွန်ုပ်တို့ သင်ယူထား ပါသည်။ ထပ်မံတလဲလဲ ပြန်လာတတ်လျှင် ကျွန်ုပ်တို့ရှိနေမှသာလျှင် ကူညီရန် ကျွန်ုပ်တို့၏ဇနီးသည်များကို ပြော ဆိုထားရပါမည်။

မိသားစုတစ်စုတွင် ငွေကြေးနှင့်ပတ်သက်၍ ဖိအားကို အထူးသဖြင့် ခံရသူမှာ အိမ်ထောင်ရှင်မ ဖြစ်သည်။ ကျွန်ုပ်တို့မှာမူ ကျွန်ုပ်တို့၏အချိန်အများစုသည် လုပ်ဆောင်ရမည့် အရာများနှင့်သာ ပြည့်နေသည့် အတွက်ကြောင့် အိမ်တွင်းလိုအပ်ချက်များကို သတိမထားမိဘဲ ရှိနေကြသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ ဇနီးသည်များမှာမူ တစ် နေ့ပြီးတစ်နေ့ ထွက်လိုက်ဝင်လိုက်၊ ဈေးသွားဈေးဝယ်ပြုရသည်ဖြစ်၍၊ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ဝင် ငွေနှင့် မမျှတော့သည့် သားသမီးများ၏ ကျောင်းစားပြဿနာများအနက် တစ်ခုမှာ မိသားစုတစ်စု၏ ဝင်ငွေထက် လိုအပ်သည့် ငွေပမာဏကပိုများနေသည့် အခြေအနေဖြစ်သည်။ ဘဝတွင် အခက်ခဲဆုံးသော ငွေရေးကြေးရေးနှင့် ပတ်သက်သည့်ကိစ္စသည် ကျွန်ုပ်တို့၏စိတ်နှလုံးသားတွင် ပထမဦးစားပေးမဟုတ်သင့်ပါသော်လည်း၊ ပေါ့ပေါ့ ဆ ဆတွေးရမည့်အကြောင်းအရာတော့မဟုတ်ပေ။ ကျွန်ုပ်တို့၏အသက်တာကြီးထွားစေရန်နှင့် ယုံကြည်ခြင်း၌ သာ ၍ခိုင်မာစေရန်အတွက် ဘုရားသခင်သည် နည်းလမ်းမျိုးစုံ အသုံးပြုသည့်အနက် ငွေကြေးကိစ္စသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝင်ငွေမည်မျှပင်ဖြစ်စေကာမူ၊ ကျွန်ုပ်တို့သည် ဘုရားသခင်ခေါ်ဆိုသော နေ ရာတွင်ရှိနေသည်ကို အမှန်သိပါက ရောင့်ရဲခြင်းအသက်တာရှိရမည်။ ထိုသို့ဆိုရာတွင် ကျွန်ုပ်တို့၏ဝင်ငွေသည် ကျွန်ုပ်တို့အတွက် လုံလောက်ခြင်းရှိမရှိ တစ်စုံတစ်ယောက်က မေးမြန်းလာသောအခါတွင် အမှန်အတိုင်း မပြော ဘဲ နေရမည်ဟူ၍မဆိုလိုပေ။ နားလည်မှုလွဲမှားမည်ကို စိုးရိမ်သဖြင့် ကျွန်ုပ်၏လခငွေနှင့်ပတ်သက်၍ ကျွန်ုပ် ဘယ် သောအခါမျှ စတင်၍ မဖွင့်ပြောခဲ့ဖူးပါ။ သို့ပါသော်လည်း ကျွန်ုပ်တို့မိသားစု၏ လိုအပ်ချက်ကို ဘုရားသခင်သည် တစ်နည်းမဟုတ်တစ်နည်း ဖြည့်ဆည်းပေးခဲ့သည့်အတွက် ကျေးဇူးတော်ချီးမွမ်း၍ မကုန်နိုင်ပေ။ အကောင်းဆုံး သောနည်းလမ်းမှာ စိတ်ပျက်သွားခြင်းမရှိအောင် ဘုရားသခင်၏လူများထံမှ မည်သည့်အရာကိုမျှ မျှော်လင့် ကိုး စားခြင်းမရှိဘဲ အသက်ရှင်ခြင်းအားဖြင့် မမျှော်လင့်သောပေးကမ်းခြင်းများကို ကျွန်ုပ်တို့ခံစားကြရမည် ဖြစ် သည်။ ဘုရားသခင်၏လူများက သိုးထိန်းများကို ပြန်လည်ထောက်ပံ့ရန်အတွက် သမ္မာကျမ်းစာက သွန်သင်ပေး ထားပါ သော်လည်း ထိုအကြောင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့က စကားစရမည်မဟုတ်ဘဲ၊ အခြားသူတစ် ယောက်က အစပြုစေရန်အတွက် ဘုရားသခင် အလုပ်လုပ်မည်ဆိုသည့် အချက်ကို ယုံကြည်ထားရမည်။

ငွေရေးကြေးရေးနှင့်ပတ်သက်၍ ဖိအားများရှိလာသည်နှင့် ကျွန်ုပ်တို့၏ဇနီးသည်အား အကြောင်းစုံ သေ ချာစွာရှင်းလင်းပြောပြက ရိုးသားမှုအပြည့်ရှိစေရန် ကြိုးစားကြရမည်။ ထိုသို့ပြုမှသာလျှ အိမ်ထောင်ရေး၌လည်း စည်းလုံးမှု၊ နားလည်ပေးနိုင်မှုတို့ကို အပြည့်အဝရရှိမည် ဖြစ်သည်။ ခက်ခဲသည့်ပြဿနာများကို အမြဲတမ်း ချင့်ချိန် ရမည်။ ကျွန်ုပ်တို့ရရှိသည့် လခငွေနှင့်ရောင့်ရဲတတ်အောင် ကျွန်ုပ်တို့နေရမည်ဖြစ်ပြီး၊ အသင်းတော် ခေါင်းဆောင် မှုကဏ္ဍတွင် ပါဝင်ကြသော ခေါင်းဆောင်တချို့မှာ အပြင်မှ လုပ်အားခဝင်ငွေကောင်းများ ရရှိတတ်ရာ၊ ၄င်းတို့နှင့် အပြိုင် နေထိုင်စားသောက်ခြင်းမျိုးကို ကျွန်ုပ်တို့ရှောင်ကြဉ်ရမည် ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်ပိုင်ဆိုင်သော ဥစ္စာ စည်းစိမ်များဖြင့် အခြားသူများကို ကျွန်ုပ်တို့ မဆွဲဆောင်လိုပါ။ ကျွန်ုပ်တို့၏ ငွေရေးကြေးရေး အကန့်အသတ် ရှိနေ ခြင်းကို အခြားသူများတွေ့မြင်လာကြသည့်အခါ ကျွန်ုပ်တို့ကိုမေတ္တာပြသည့်အနေနှင့် လက်ဆောင်ပစ္စည်းများ ပေးလာခြင်းကိုပင်၊ ကျွန်ုပ်တို့၏မာန်မာနကို တိုးဆူသကဲ့သို့ဖြစ်ကာ ခါးသီးမှုများလည်း ဖြစ်လာနိုင်ပါသည်။ ကျပ် တည်းဆင်းရဲလွန်းသော မိသားစု၌ကြုံတွေ့ရသည့် ပြဿနာအများစုမှာ ငွေရေးကြေးရေးနှင့် ဆက်နွယ်နေသည်။ နှစ်ပေါင်းနှစ်ဆယ်ကြာ အမှုတော်မြတ်၌ ပါဝင်ပြီးသည့်နောက်မှသာ ကျွန်ုပ်တို့မိသားစု ရက်ရှည်အားလပ်ရက် တစ်ခေါက်သာ ရှိနိုင်ခဲ့ပါသော်လည်း၊ ကျွန်ုပ်တို့၏ကိုယ်ပိုင် ပိုက်ဆံဖြင့်သွားခဲ့ရခြင်း ဖြစ်သောကြောင့် အလွန်ပီတိ ဖြစ်ခဲ့ရသည်။ ထို့ပြင် အသင်းတော်ထံ၌ မည်သည့်နေရာ၊ မည်သည့်အတွက် ငွေဘယ်လောက်ကို အသုံးပြုခဲ့သည် ဟူ၍တိုင်ပင်ရှင်းပြခြင်းမလိုအပ်တော့သည့် ခံစားမှုကိုရရှိလိုက်သည်မှာ အလွန်ဝမ်းမြောက်စရာကောင်းပါသည်။ အသင်းတော်အနေနှင့်သော်လည်းကောင်း၊ သင်းအုပ်ဆရာကိုယ်တိုင်သော်လည်းကောင်း၊ ၄င်း၏အိမ်ထောင် မိသားစု၌ ၄င်း၏ဖြစ်တည်ခြင်းအမှန်ကိုမြင်နိုင်ရန်မှာ အလွန်အရေးကြီးပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ် တို့၏ ဝင်ငွေများလောက်ငှခြင်းမရှိပါက ဖိအားများသည်လည်း ပိုများလာတတ်ပါသည်။

ဤပြဿနာများကိုဖြေရှင်းရန်အတွက် အချို့သောသူတို့၏ဖြေရှင်းချက်မှာ သင်းအုပ်ဇနီးကိုယ်တိုင် ပြင် သို့ထွက်၍ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ခြင်းဖြစ်သည်။ ဤဖြေရှင်းချက်အပေါ် ကျွန်ုပ်ဆန့်ကျင်ရသောအချက် နှစ်ချက်ရှိပါသည်။ ပထမတစ်ချက် - ထိုသို့လုပ်ဆောင်ခြင်းသည် လက်ထပ်ထိမ်းမြှားခြင်းကို အန္တရာယ်ဖြစ်စေနိုင် ပါသည်။ အများအားဖြင့် သင်းအုပ်ဆရာများ၏အလုပ်မှာ ညနေခင်းပိုင်းတွင် ဖြစ်တတ်သည့်အတွက် အမျိုးသမီး နှင့်အချိန်သုံးရန်မှာ အနည်းငယ်မျှသာ ရှိတော့သည်။ ထိုသို့ဖြင့် လင်မယားကြား တင်းမာမှုများ ဖြစ်လာသည်။ ဤ နေရာတွင် “မင်းအသင်းတော်မှာ ခေါင်းဆောင်တဲ့သူတစ်ယောက်ဘဲ၊ အဲဒီလို ပြဿနာမျိုးနဲ့ မကြုံရပါဘူးကွယ်၊ ဟုတ်တယ်မဟုတ်လား” ဟူ၍လည်း မှားယွင်းသောသုံးသပ်ခြင်းဖြင့် စုံစမ်းခြင်းမျိုးကိုလည်း ခံနိုင်ပါသည်။ အလုပ် ဖြစ်ဖြစ်၊ အိမ်တွင်ဖြစ်ဖြစ် မိသားစုရှိ ဇနီးသည်၏တာဝန်မှာ အလွန်ကြီးမားလှပါသည်။ ဒုတိယအချက် - ဇနီး သည်ဖြစ်သူ အလုပ်သွားနေသည့် အချိန်တွင်၊ အမျိုးသမီးများထံမှ အကြောင်းအမျိုးမျိုးနှင့် ပတ်သက်၍ မေးမြန်း ခြင်းများ ရှိလာတတ်ရာ၊ ကျွန်ုပ်တို့ တစ်ယောက်တည်း ရှိနေသည်ထက် ဇနီးသည်ရှိနေပါက ပို၍အဆင်ပြေမည့် အခြေအနေမျိုးလည်း ရှိတတ်သည့် အချက်ကြောင့် ဖြစ်သည်။

ကျွန်ုပ်တို့၏ဇနီးသည်တို့ကို ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏သားသမီးများအပါအဝင်၊ အခြားသူများက မြင့်မား စွာမျှော်လင့်ထားကြသည်။ ကျွန်ုပ်တို့၏အမျိုးသမီးများသည် ကျွန်ုပ်တို့ကဲ့သို့ အသင်းတော်မှာ ဝင်ငွေ ရကြသော် လည်း၊ အားလုံးက သူမကို ဝင်ငွေရသောသူကဲ့သို့ပင် ဆက်ဆံတတ်ကြသည်။ သင်းအုပ်ဆရာများဖြစ်သည့် အား လျော်စွာ ကျွန်ုပ်တို့၏လုပ်ငန်းတာဝန်မှာ နှုတ်ကပတ်တော်ကို သင်ကြားပေးခြင်းနှင့် ဟောပြောဝေငှခြင်း ဖြစ်သည့် အတိုင်း ကျွန်ုပ်တို့၏အမျိုးသမီးများကိုလည်း အမှုများ၌ စိတ်ဝင်စားကျွမ်းကျင်ကြမည်ဟု အသင်းတော် တစ်ခု လုံးက ထင်မှတ်တတ်ကြသည်။ ထိုကဲ့သို့ ထင်မှတ်မှုသည် မှန်ကန်သောအချိန်များရှိသကဲ့သို့ အချို့သော သင်းအုပ် ဆရာ၏ဇနီးသည်များသည် ထိုသို့ထင်မှတ်ခံခြင်းဖိအားအောက်တွင် ရှုံးကန်နေကြရပြန်သည်။ ထိုသို့ဖြင့် လင် မယားအကြားတွင်လည်း ဖိအားပိုမိုများလာကာ၊ နှစ်ဦးလုံး၏ဝိညာဉ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကို ပျက် ဆီးစေပါသည်။ ကနဦးမှစ၍ နားလည်မှု ရှိထားရပါမည်။ ခင်ပွန်းသည်ကို ဘုရားသခင်က သင်းအုပ်ဆရာ အဖြစ် ခေါ်ဆိုသည်သည့်အချက်က ၄င်း၏အမျိုးသမီးကိုလည်း အသင်းတော်၏ အမျိုးသမီးရေးရာအား ဦးဆောင် ရမည် ဟူ၍ မဆိုလိုပါ။ သူမ၏ အဓိကတာဝန်မှာ သူမ၏ ခင်ပွန်းနှင့်သားသမီးများကို ဂရုစိုက်ပြုစုရန်ဖြစ်သည်။ ထို့ပြင် သူမသည် အသင်းတော်ရှိ အခြားသောအမျိုးသမီးများကဲ့သို့ပင် သူမရရှိထားသော ဝိညာဉ်ဆုကျေးဇူး များကို အသုံးပြုတတ်ရန် အသင်းတော်၌ ပါဝင်ရမည် ဖြစ်သည်။ ဤအပိုင်းကို အကောင်အထည်ဖော်စေနိုင်ရန် ကျွန်ုပ်တို့ ဘက်မှ သူမကိုကူညီပေးရန် လိုအပ်ပါသည်။ နောက်ပိုင်းအချိန်များတွင်မူ သူမကိုယ်တိုင်က ဘုရားသခင်၏ လမ်း ပြဦးဆောင်မှုကို သဘောပေါက်၍၊ ဦးဆောင်ရန်အတွက် ရွေးချယ်ခြင်းခံရပါက၊ သူ့အား ဖိအားပေး၍ တာဝန်ယူ ခိုင်းခြင်းမျိုး မဟုတ်သည့်အတွက်ကြောင့် အလွန်သင့်မြတ်သည်ဖြစ်ရာ သူမကို အသင်းတော်၏အမျိုးသမီးကဏ္ဍ အား ဦးဆောင်ခွင့်ပြုနိုင်ပါသည်။ လန်ဒန်မြို့တွင်တာဝန်ထမ်းဆောင်ခဲ့သည့် သာသနာပြုဆရာကြီး ဝီလီယံဝင်းဆို သူက သူ၏ဇနီးသည်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

“သူမဟာ အလွန်လိမ္မာပါးနပ်တဲ့သူ တစ်ယောက်ပါ။ အသင်းတော်ကိစ္စရပ်တိုင်းမှာ ဘယ်သောအခါမှ သူမ ဦးဆောင်ခြင်းကို တာဝန်ယူ ဦးဆောင်ခြင်းမျိုး မရှိပါဘူး။ သို့သော်လည်း အစည်းအဝေးမျိုး ရှိလေ တိုင်း၌ အလေးအနက်ထား၍ ပါဝင်တတ်သည်။ ထိုသို့ဖြင့် အသင်းတော်တစ်ခုလုံးက သူမ၏အရည်အချင်းများ ကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာပြီးနောက်၊ ၄င်းတို့ကဲ့သို့ တန်းတူထားကာ လက်ခံလာ ကြတော့ သည်။ သူမသည်လည်း ကျွန်ုပ်ကဲ့သို့ပင် အသင်းတော်အတွက် အရေးပါသောသူ ဖြစ်လာခဲ့ သည်။ ထိုကဲ့သို့သော အသိပညာရှိနေခြင်းအပေါ် ကျွန်ုပ်ဝမ်းမြောက်သကဲ့သို့ သူမသည်လည်း ဝမ်း မြောက်လျက်ရှိပေ၏။” (W. Wand: Change- ful Page, Hodder and Stoughton, p. 97)။

အထီးကျန်ဆန်ခြင်း၊ မနာလိုဝန်တိုခြင်းနှင့် သံသယရှိခြင်းသည်တို့ အမျိုးသမီးအနေနှင့် တွေ့ကြုံရသော ပြဿနာများဖြစ်သည်ကို ကျွန်ုပ်တို့ အစဉ်သတိရှိနေရမည်။ အထီးကျန်ဆန်ခြင်းတွင် ပုံစံအမျိုးမျိုးရှိသည်။ သင်း အုပ်ဆရာများ၏အလုပ်မှာ ညနေပိုင်းအချိန်တွင် အများဆုံးဖြစ်တတ်သည့်အတွက် ညနေပိုင်းတိုင်း အပြင်ထွက် တတ်သည့် ခင်ပွန်းသည် အိမ်၌မရှိခြင်းကြောင့် အထီးကျန်ဆန်ခြင်းများကို အမျိုးသမီးများ အများဆုံး ခံစားတတ် ကြသည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် ၄င်းတို့နှင့်အတူနေပေးနိုင်သော သူတစ်ဦးဦး၊ အမျိုးထဲမှ အန်တီဖြစ်ဖြစ် တစ်စုံ တစ်ဦးကို ၄င်းတို့နှင့်အတူ အိမ်၌ထားပေးရမည် ဖြစ်သည်။ အထီးကျန်ဆန်ခြင်းကို သာ၍ဖြစ်ပေါ်စေသည် အချက် တစ်ချက်မှာ သင်းအုပ်ဆရာကတော်၏ နေရာရာထူး ဖြစ်ပါသည်။ အသင်းတော်အမျိုးသမီးများနှင့် ပေါင်းသင်း ဆက်ဆံရာတွင် မျက်နှာလိုက်သည်ဟူသည့် အထင်မှားမှုများမရှိစေရန်အတွက် ဆင်ဆင်ခြင်ခြင် နေရပြန်သည့် အတွက် အခက်အခဲများနှင့် သူမကြုံရပြန်သည်။ တစ်စုံတစ်ဦးအား သူမအနေနှင့် စကားအနည်းငယ် ပိုပြောလိုက် သည်နှင့် ထိုအပြောခံရသောသူသည် အခြားအမျိုးသမီးများထံ ပြန်လည် ကြွားဝါပြောဆိုတတ်ခြင်းမျိုးလည်း ရှိ ပြန်သည်။ ထို့ကြောင့် သူမသည် ပြောဆိုရမည့်အရာများကို အမြဲတမ်းလိုလို ဆင်ခြင်နေရတော့သည်။ အထူး သဖြင့် အသင်းတော်ကိစ္စများနှင့်ပတ်သက်၍ ပြောဆိုရာတွင် သူမသည် သူမ၏အမျိုးသားကိုယ်စား ပြောနေရ သည့်အတွက် သတိထားရပါသည်။ အသင်းတော်ပြင်ပမှ အမျိုးသမီးများ (သို့) အခြားသော သင်းအုပ်မျာ၏ ဇနီးသည်များနှင့် မိတ်ဆွေဖွဲ့ခြင်းသည် ကောင်းသည် ဆိုပါသော်လည်း၊ လွယ်ကူသော အလုပ်တော့ မဟုတ်ပါပေ။ ကျွန်ုပ်တို့၏ဇနီးသည်များသည် အခြားသော အမျိုးသမီးများကဲ့သို့ပင် သူငယ်ချင်းမိတ်ဆွေများ လိုအပ်ကြရာ ကျွန်ုပ်တို့ဘက်မှ ဘုရားသခင်ထံပါး သူမအတွက် စစ်မှန်သော မိတ်ဆွေသူငယ်ချင်းများ လမ်းပြပို့ဆောင်ပေးရန် ဆုတောင်းခံခြင်းသည်လည်း အလွန်အရေးကြီးပါသည်။ အသင်းတော်အရေး၌လည်း အပြောအဆို လိမ္မာပါးနပ် သောသူဖြစ်ရန်အတွက် ၄င်းတို့ကို ဘုရားသခင်က ကူညီဆောင်မပေးနိုင်ပါသည်။ 

သူမခင်ပွန်း၏ အချိန်အများစုကို သိမ်းပိုက်ထားနိုင်သူဟု ထင်ရသည့်သူများကြောင့်၊ အထူးသဖြင့် အမျိုး သမီးဖြစ်ခဲ့ပါလျှင် သင်းအုပ်ဆရာ၏ဇနီးသည်အနေနှင့် သဝန်တိုမှုများ ဖြစ်တတ်ပါသည်။ ဇနီးဖြစ်သူမှာ အိမ် ထောင့်တစ်နေရာတွင် မီးပူတိုက်ခြင်း သို့ မဟုတ် အိမ်မှုကိစ္စတစ်ခုခုကို လုပ်ကိုင်နေချိန်တွင် ခင်ပွန်းဖြစ်သူမှာ အိမ် ရှေ့ခန်းတွင် အသားကျထိုင်နေရင်း၊ ကော်ဖီတစ်ခွက်နှင့်အတူ ဧည့်သည်တစ်ဦးနှင့် စကားပြောသည့် အချိန်မျိုးရှိ တတ်သည်။ ထိုသို့ စကားပြောတိုင်ပင်ပြီးသည်နှင့် ခင်ပွန်းသည်ဖြစ်သူမှာ အောင်မြင်စွာဖြင့် အခြားသူကို ခွန်အား ပေးနိုင်သည်ဟူ၍ အပြုံးမျက်နှာဖြင့် ထွက်လာချိန်တွင် ဇနီးသည်အတွက်မှာမူ မျက်နှာကြီးညိုမည်းနေပြီး တစ်စုံ တစ်ခုနှင့် ယောက်ျားကိုပစ်ပေါက်လိုသော စိတ်များပေါက်နေတတ်သည်။ ဤနေရာတွင် နှစ်ဦးနှစ်ဘက်လုံး၏ လုပ်ဆောင်ချက်တို့ကို နားလည်ထားရပါမည်။ ဇနီးသည်ဖြစ်သူအနေနှင့် မိမိခင်ပွန်းသည်၏ ဘုရားသခင်ခေါ်ဆို ခွဲ ခန့်ပေးထားသော လုပ်ငန်းသဘောကို လေးစားနားလည်၍ မည်သူမည်ဝါနှင့် စကားပြောတိုင်ပင်သည်ဖြစ်စေ နား လည်ပေးရပါမည်။ ခင်ပွန်းသည်အမျိုးသားကလည်း မိမိ၏ဇနီးသည်၏စိတ်သဘောကို နာကျင်စေခြင်း မရှိစေရန် မိမိဆက်ဆံပြောဆိုသောသူများ အထူးသဖြင့် အခြားအမျိုးသမီးများနှင့် တိုင်ပင်ဆွေးနွေးမှုများ ရှိလာသည့်အခါ တွင် ဘောင်တစ်ခုကို သတ်မှတ်၍ စောင့်ထိန်းရမည့် အရာများကို ထိန်းသိမ်းရပါမည်။ ဤအခြေအနေအတွက် လင်မယားနှစ်ဦးကြား ရိုးသားမှုရှိရန် နှင့် ပွင့်လင်းစွာ မိမိခံစားရသည့် အရာများနှင့် ဖြစ်စေချင်သည့် အရာများကို သေသေချာချာ တိုင်ပင်ကြရမှာ အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့ဆက်ဆံရသောသူများကို လင်မယား နှစ်ဦး လုံးက သိခွင့်ရှိလေလေ ကျွန်ုပ်တို့၏ ဆက်နွယ်မှုမှာလည်း ခိုင်မာလေလေပင် ဖြစ်ပါသည်။ ထို့ကြောင့် တစ်စုံ တစ် ဦးနှင့် ကျွန်ုပ်တိုင်ပင်သည့်အချိန်တိုင်း “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့ဇနီးကို ပြောလို့ရမလား၊ ကျွန် တော်တို့ လင်မယားနှစ်ယောက်လုံး ဒီကိစ္စအတွက် ဆုတောင်းပေးရအောင်လို့ပါ” ဟူ၍ ကျွန်ုပ်မေးတတ်သည်။ အချို့သောသူများတွေက လက်မခံတတ်ကြပေ။ သို့သော်လည်း တစ်ရာတွင် ကိုးဆယ့်ကိုးရာခိုင်နှုန်းမှာ သဘော တူ တတ်ကြပါသည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့၏ဇနီးသည်လည်း ကျွန်ုပ်တို့၌ပါဝင်လာကာ၊ နှစ်ဦးကြား လျှို့ဝှက် ထားရမည့် အချက်များမရှိတော့ပေ။ ဤသို့သောကိစ္စများသည် အသေးအဖွဲကိစ္စများ ဖြစ်သည်ဟုဆိုသော်လည်း ကျွန်ုပ်တစ်ယောက်တည်း လုပ်ဆောင်နေခြင်းထက် ကျွန်ုပ်၏ဇနီးသည်ပါ ပါဝင်ကူညီတိုင်ပင်ပေးခြင်းမျိုးက အ လွန်ပင်အရေးကြီးပါသည်။ ယုံကြည်ကိုးစားမှု၏အရေးပါမှုသည်လည်း ထည့်တွက်ဆင်ခြင်စရာဖြစ်သည်။ လူ များသည် ၄င်းတို့၏အခက်အခဲပြဿနာများနှင့် အပြစ်များကို အခြားသူများထံပြောပြသည်ထက် သင်းအုပ်ဆရာ နှင့် သင်းအုပ်ကတော်တို့ထံ ပို၍ရင်ဖွင့်ပြောတတ်ကြသည်။ ထိုကဲ့သို့သောအခြေအနေမျိုးက ကျွန်ုပ်တို့ကို အထူး သဖြင့် ကျွန်ုပ်တို့၏ဇနီးသည်ကို ခေါင်းစားစေတတ်ပါသည်။ တစ်ခါတစ်ရံတွင် အသင်းသူအသင်းသားများ၏ ဝန် ထုပ်ဝန်ပိုးများ၏ဖိအားကြောင့် ကျွန်ုပ်တို့ သင်းအုပ်ဆရာများ၌ ဝန်များတက်လာတတ်ရာ၊ ထိုဝန်များကို ဇနီးသည် ဖြစ်သူက ကူညီထမ်းပေးချင်သည်ဆိုအုံးတော့၊ ကိစ္စအားလုံးကိုအိတ်သွန်ဖာမှောက်၍ ဇနီးသည်ကို မပြောပြသင့် ပေ။ ဇနီးသည်ကိုပြောပြသည်ဆိုအုံးတော့ တစ်ဦးပေါ်တစ်ဦး ယုံကြည်စိတ်ချမှုကို အချိုးဖောက်ဘဲ လုပ်ဆောင် သင့်ပါသည်။ ထို့ပြင် အသင်းတော်တွင်းရှိ ခေါင်းဆောင်များ အကြားတွင်လည်း ယုံကြည်စိတ်ချမှု၏ အရေးပါပုံကို ကျွန်ုပ်တို့ကိုယ်တိုင် ပုံသက်သေပြရပါမည်။ ကျွန်ုပ်တို့၏ ဇနီးသည်အား “ဖေကြီးက မပြောပြတဲ့ကိစ္စတွေနဲ့ ပတ် သက်ပြီးတော့ တစ်စုံတစ်ဦးက မေကြီးကို မေးမယ်ဆိုရင် “မသိဘူး” လို့ ရိုးသားစွာ ဖြေနိုင်ပါစေ” ဟု ပွင့်လင်းရိုး သားစွာ ပြောပြကျင့်သုံးနိုင်ရန် နှစ်ဦးကြားနားလည်မှုဖြင့် ပြောပြထားနိုင်ပါက အကောင်းဆုံး ဖြစ်ပါသည်။ တစ်ဦး နှင့်တစ်ဦးကြား ဖွင့်ပြောပြနိုင်သည့် အကြောင်းအရာများရှိလျှင် ဖွင့်ပြောရန်အတွက် လျှို့ဝှက်ထားခြင်း မရှိသင့် ပေ။

ခင်ပွန်းသည်အတွက် ဇနီးသည်တစ်ဦးအနေနှင့် အကောင်းဆုံးပေးဆပ်နိုင်သည့်အရာမှာ မိမိယောက်ျား ကို ယုံကြည်စိတ်ချမှုရှိသောသူအဖြစ် ပေါ်လွင်စေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏သင်ကြားပေးခြင်းနှင့် ပတ်သက်၍ သော်လည်းကောင်း၊ ပြဿနာများကို ချက်ချင်းလိုလို ဖြေရှင်းရမည့်အရာများအတွက်သော်လည်းကောင်း ကျွန်ုပ် တို့၏ဇနီးသည်သည် ကျွန်ုပ်တိုအပေါ်မှီခို၍၊ ရိုးသားပွင့်လင်းစွာ ပြောပြအားပေးရမည်။ သူမ၏ အကြံပေးခြင်း များကို တစ်ခါတစ်ရံ လက်ခံရန်ခက်ခဲတတ်ပါသော်လည်း၊ထိုအကြံပေးခြင်း၏ နောက်ကွယ်ရှိ မေတ္တာတရားသည် ကျွန်ုပ်တို့အတွက် မီးမှောင်းထိုးပေးရာဖြစ်နေတတ်ပါသည်။

လက်ထပ် ထိမ်းမြှားခြင်းအား စောင့်ထိန်းခြင်း

ကျွန်ုပ်တို့သည်ခင်ပွန်း၊ ဇနီးသည်များဖြစ်သည့်အားလျော်စွာ ကျွန်ုပ်တို့ ထိမ်းမြှားမင်္ဂလာဆောင်ခြင်း အ ကြောင်းကို ချစ်ခြင်းမေတ္တာ၊ နားလည်ပေးခြင်းတို့နှင့်အတူ တစ်ယောက်ကိုတစ်ယောက် ကူညီပေးကြရပါသည်။ စကော့လန်နိုင်ငံ၌ သာသနာပြုသောဆရာကြီးတစ်ဦးဖြစ်သည့် ရိုဘက်ရိန်းနီးဆိုသူကို လူများစွာက အထင်အမြင် မှား၍ မကောင်းကြောင်းပြောခံနေရသည့်အချိန်တွင် “ဆရာ့ကိုကြည့်ရတာ၊ ဘယ်မှမဖြစ်သလိုဘဲ၊ ဘယ်လိုလုပ် ပြီးတော့ အေးအေးဆေးဆေးနေနိုင်ရတာလဲ” ဟု တစ်စုံတစ်ဦး၏ မေးလာသောမေးခွန်းကို သူက “ဒါက ဒီလိုရှိ တယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်က အိမ်မှာအရမ်းပျော်နေတာ” ဟု ပြန်လည်ဖြေပေးခဲ့သည် (Quoted in Fraser of Tain, by John Carson, p. 113 မှ ကိုးကားပါသည်)။ သာသနာလုပ်ငန်း၌ ကျွန်ုပ်တို့ ပြသရမည့် မေတ္တာတရားမှာ ကျွန်ုပ်တို့၏ အိမ်ထောင်မှ အစပြုရမည်။ ဒေါက်တာဝီလီယံဆန်စတာဆိုသူက လက်ထပ်ပြီး များမကြာမှီအချိန်လေးမှာပင် “တစ်ချိန်တည်းမှာ ငါဟာ သာသနာပြုကောင်းတစ်ယောက်နဲ့ ခင်ပွန်းကောင်းတစ် ယောက် မဖြစ်နိုင်ပါဘူး’ ဟု သူ၏ဇနီးသည်ကို ပြောပြခဲ့သည်။ ထိုအချက်နှင့်ပတ်သက်၍ သူ၏သားက “အဖေ ပြောခဲ့တဲ့အရာနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် “ခင်ပွန်းကောင်း” ဆိုတဲ့ စကားလုံးကို ကျွန်ုပ်တို့ အနက်ဖွင့် တဲ့အပေါ်မှာ လုံးဝမူတည်ပါတယ်။ အကယ်၍ ခင်ပွန်းကောင်းတစ်ယောက်လို့ပြောတဲ့အခါမှာ ဇနီးသည်က အဝတ် ကိုလျှော်ရင် ခင်ပွန်းသည်က ဘေးနားကနေပြီး အဝတ်လှန်းပေးတယ်၊ ဒါမှမဟုတ် အိမ်မှုကိစ္စတွေမှာ ဝိုင်းလုပ်ပေး တယ်၊ ဒါ့ပြင် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဇနီးသည်ကို အားလပ်ရက် ခေါ်သွားတတ်တယ်။ ဒါတွေအားလုံးဟာ ခင်ပွန်းကောင်း တစ်ယောက်ရဲ့ လက္ခဏာတွေသာဆိုရင်တော့ ကျွန်တော့်အဖေဟာ အအဖေအားလုံးထဲမှာ အဆိုး ဆုံးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် “ခင်ပွန်းကောင်း တစ်ယောက်ဟာ သူ့ရဲ့ ဇနီးသည်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်တဲ့သူ၊ သူ့ရဲ့မေတ္တာတွေကို နေ့စဉ်ရက်ဆက်ဖော်ပြနေတဲ့သူ၊ သူလုပ်သမျှအလုပ်တိုင်းအတွက် ဇနီးသည်ရဲ့ကူညီမှုကို တောင်းခံတဲ့သူ၊ ဒါ့ပြင် လင်မယား နှစ်ယောက်လုံးထက် ပိုပြီးအရေးကြီးတယ်လို့ သူယုံကြည်တဲ့ အမှုအပေါ်မှာ လုံးလုံးလျားလျား အသက်တာကိုပုံအပ်ထားတဲ့သူဆိုရင်တော့ ကျွန်တော့်ရဲ့အဖေဟာ ‘ခင်ပွန်းကောင်း’ တစ် ယောက်အစစ်အမှန်ပါဘဲ။” ဟု ပြန်လည်ရေးသားခဲ့သည်။ “သူတက်စွမ်းနိုင်သည်” ဆိုသည့် စာအုပ်တွင် ဒေါက်တာ ဆန်စတာဆိုသူက သူ၏ဇနီးသည်ကို ရည်ညွှန်း၍ “ကျွန်ုပ်၏ ချစ်ဇနီး၊ မာဂရက်နဲ့ ဆိုရင် ချစ်မေတ္တာ ထားဖို့ အတွက် လွယ်ကူသလို၊ ချစ်မေတ္တာကို အစဉ်တည်ဖို့အတွက်လည်း လွယ်ကူတဲ့သူဖြစ်တယ်” ဟူ၍ ရေးသားခဲ့သည်။ ထိုစာအုပ်ထွက်ပြီး နောက်တစ်နှစ်တွင် The Readers Digest ဆိုသည့် နာမည်ကြီး စာစောင်တွင် ဇနီးသည်အား ရည်မှတ်သည့် သူ၏စာကို အကောင်းဆုံးသော မှတ်ကျောက်တင်ခြင်း အဖြစ် သတ်မှတ်ခဲ့သည် (P Sangser: Dr. Sangster, Epworth, p. 68)။ ဤနေရာတွင် ဒါက်တာဆန်စတာ၏ ဆိုလိုရင်း မှာ သာသနာပြု ဆရာကောင်း တစ်ယောက်နှင့် ခင်ပွန်းကောင်းတစ်ယောက်တို့ကို ခွဲခြား၍ မရနိုင်ကြောင်းကို ဖော်ပြလိုခြင်း ဖြစ်သည်ဟု ကျွန်ုပ် နှစ်ကြာလာသည်နှင့်အမျှ သိလာခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သင်းအုပ် ဆရာ တစ်ဦးအနေနှင့် သူ၏မေတ္တာကို ဇနီးသည်ဖြစ်သူအား ပြောရုံသက်သက်ပင်မဟုတ်ဘဲ ဖော်ဆောင်ပြသပေး ရန်မှာ အလွန်အရေးကြီးသော အခြေခံ အချက် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏အိမ်ထောင်မိသားစုကို စောင့်ထိန်းရန်အတွက် အဓိကသော့ချက်မှာ ဆုတောင်းခြင်း၌သော် လည်းကောင်း၊ အတူတကွအချိန်သုံးခြင်း၌သော်လည်းကောင်း အချိန်သုံးရန်ဖြစ်သည်။ အတူတကွ ဆုတောင်း ခြင်းအတွက် အရေးကြီးသောအချက်မှာ ရိုးသားမှုနှင့် ဖြစ်တည်ခြင်းအမှန်တို့ ဖြစ်သည်။ ကလေးများ ငယ်ရွယ်စဉ် အချိန်၌လည်း အတူတကွဆုတောင်းရန်မှာ ငယ်လွန်းသေးသည့်အတွက် အခက်အခဲရှိနိုင်သည့်နည်းတူ၊ အသက် အရွယ် ကြီးလာသည့်အချိန်တွင်လည်း ၄င်းတို့တက်ရောက်ရသည့် ကျောင်းအတန်းချိန်များ မတူညီတော့သည့် အတွက် ပြဿနာအချို့တို့ ရှိလာပြန်သည်။ မည်သို့ပင်ဖြစ်စေကာမူ အတူတကွဆုတောင်းခြင်းသည် အခြားသော အကျိုးကျေးဇူးများ များစွာရှိပါသော်လည်း၊ အထူးသဖြင့် မိသားစုအကြား မိမိတို့နှင့်ဆိုင်ရာ ဆိုင်ရာကို ပွင့်လင်း စွာပြောဆိုနိုင်ခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ပြန်လည်ဆင်ခြင်နိုင်ခြင်းတို့သည် အလွန်အကျိုး ထူးပါသည်။ တစ်နေ့တာလုံး၌ မိသားစုဝင်အားလုံး တိတ်တဆိတ်အချိန်ရသည့် တစ်ခုတည်းသောအချိန်မှာ ည အိပ်ယာဝင်ခါနီးအချိန် ဖြစ်တတ်ပါသည်။ နှစ်ပေါင်းများစွာ တစ်နေ့တာ၏ အဆုံးပိုင်း၌ ကျွန်ုပ်တို့မိသားစုအတူတ ကွ ဆုတောင်းခြင်းဖြင့်အချိန်သုံးခဲ့ကြပါသည်။ ကျွန်ုပ် အိမ်ပြန်နောက်ကျတတ်သော အချိန်များ၌လည်း ကျန် မိသားစုဝင်များအားလုံး ဆုတောင်းခဲ့နှင့်ပြီး ဖြစ်သည်။ ထိုကဲ့သို့ ဆုတောင်းခြင်း အချိန်များအပြင် တစ်ပတ်တွင် အနည်းဆုံးတစ်ခါ အထူးသဖြင့် ကျွန်ုပ်အလုပ်နားသောနေ့တွင် ဆုတောင်းခြင်းအစီစဉ်ကို မိသားစုလိုက် ထပ် လောင်းအချိန်သုံးပါသည်။

ထိုကဲ့သို့ မိသားစုစုံစုံလင်လင် တွေ့ဆုံနိုင်ရန်အတွက် တစ်ပတ်တွင် တစ်ရက်နားရန်အတွက် သတ်သတ် မှတ်မှတ်ရှိထားရပါမည်။ ထိုကဲ့သို့ အားလပ်ရက်ကိုသတ်မှတ်ရခြင်းသည် ကျွန်ုပ်တို့လုပ်ဆောင်နေသော အလုပ် အတွက် လန်းဆန်းသောစိတ်ကို ပြန်လည်ဖြစ်စေရန် အရေးကြီးသည့်နည်းတူ၊ ကျွန်ုပ်တို့၏ မိသားစု ပျော်ရွှင်စွာ အချိန်သုံးရန်အတွက် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။ ကျွန်ုပ်တို့၏ နားရက်များကို သတ်မှတ်ရာတွင် အသင်းသူအသင်းသားများလည်း သိအောင် ပြောပြထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အသင်းတော်ရှိ အတွင်းရေးမှူး သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် အရေးမကြီးဘဲဖုန်းခေါ်ခြင်း၊ လာရောက်လည်ပတ်ခြင်း များမရှိစေရန် ဖြစ်သည်။ သို့သော်လည်း မဖြစ်မနေအရေးကြီး ကိစ္စများအတွက် ကျွန်ုပ်တို့သည် အချိန်တိုင်း အ ဆင်သင့် ဖြစ်နေကြောင်း အားလုံးကို အသိပေးထားခြင်းအားဖြင့် အရေးကြီးကိစ္စများ ရှိလာသည့် အချိန်တိုင်း ကျွန်ုပ်အား ဖုန်းခေါ်ရန်အတွက် ချီတုန်ချီချ မဖြစ်စေရန်ဖြစ်သည်။ တစ်ပတ်တာအတွင်း အားလပ်ရပ် သက်မှတ် ရာတွင် အသင်းတော်အတွင်း၌ ဝတ်ပြုစည်းဝေးခြင်းအစီစဉ်မရှိသည့်နေ့များကို ကျွန်ုပ် သတ်မှတ်ရွေးချယ်ပါ သည်။

ဇနီးနှင့်အတူ သားသမီးများအားလုံး ကျွန်ုပ်တို့၏အားလပ်ရက်ကို အတူတကွခံစားနိုင်ရန်မှာ အလွန် အရေးကြီးပါသည်။ ဤသို့သောအားလပ်ရက်တွင် အခြားသော ကိစ္စများကို ပတ်ပြောနေခြင်းမျိုး မဟုတ်ဘဲ မိသားစုအတွက် အချိန်ကိုလုံးလုံးပေး၍ ၄င်းတို့နှင့်သက်ဆိုင်သည့် အရာကိစ္စများကိုသာ ပြောဆိုနားထောင် ပေးရ မည်ဖြစ်သည်။ တိတိကျကျ ပြောရပါလျှင် သတ်မှတ်ထားသော အားလပ်ရက်တွင် အစည်းအဝေးများ၌ ဟော ပြောပွဲသို့ တက်ရောက်ခြင်းများ၊ တရားဟောခြင်းများကို ရှောင်ပါသည်။ အကယ်၍ နားနေရက်မျိုးတွင် နာရေးသာရေးရှိခဲ့ပါက အခြားနေ့များကို ပြန်လည်အစားထိုးရပါမည်။ ဤကဲ့သို့ အားလပ်ရက်များကို လက်တွေ့ ကျကျ အကောင်အထည်ဖော်လုပ်ဆောင်ရမှာ လွယ်ကူသောအလေ့အကျင့်တစ်ခုတော့ မဟုတ်ပေ။ တစ်ပတ်တာ အတွင်း အကြောင်းအမျိုးမျိုး၊ အလုပ်အဖုံဖုံ ပြောင်းလဲသွားနိုင်သည့်အတွက်ကြောင့် ကျွန်ုပ်တို့၏ အစီစဉ်များ သည်လည်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့် အချိန်များလည်း ရှိတတ်သည်ကို နားလည်ထားရပါမည်။ မည်သို့ပင်ဖြစ်စေကာမူ မိသားစုတစ်စုလုံးအတွက် အားလပ်ရက်သတ်မှတ်ထားသည့်အတိုင်း အချိန်မသုံးနိုင်ခဲ့ပါ လျှင်လည်း အစားထိုး၍ အခြားရက်များကို မိသားစုနှင့်အတူ အချိန်သုံးရပါမည်။

တစ်ရက်တာ အားလပ်ရက်အပြင်၊ မိသားစု စုံစုံလင်လင် ညစာအတူစားနိုင်မည့် အချိန်တစ်ချိန်ကိုလည်း အချိန်သတ်မှတ်ထားသင့်ပါသည်။ ဤသို့ ကျွန်ုပ် အမှန်တကယ် အကောင်အထည်ဖော်ရာတွင် လွယ်ကူခြင်း မရှိ ပါသော်လည်း ထိုကဲ့သို့ အချိန်များကို သတ်မှတ်ထားခြင်းအားဖြင့် လူတွေ့ ခွန်အားပေးရမည့်အချိန်များ၊ အစည်း အဝေးများ၊ အသင်းသူအသင်းသားများအိမ်သို့ အလည်အပတ်သွားခြင်းများ စသည်ဖြင့် အစီစဉ် အသီးသီးတို့ အ တွက်လည်း အချိန်များကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်များစွာ အထောက်အကူ ပြုပေးပါသည်။ ကလေးများ ကျောင်းတက် အရွယ်ရောက်လာသည့် အချိန်တွင် စနေနေ့သည် အလွန်အရေးပါသည့်နေ့ဖြစ်သည့်အတွက် စနေနေ့မနက်ပိုင်း၌ တရားဒေသနာများကို အပြီးပြင်ဆင်ပြီးနောက် ကျန်နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်တို့ကို လည်း သားသမီးများနှင့် ပြန်လည်အချိန်ပေးနိုင်ရန် စီစဉ်ထားပါသည်။ အကယ်၍ သားသမီးများသည် ကျွန်ုပ်တို့ ၏ပါဝင်လုပ်ဆောင်ခြင်းများကို မလိုအပ်လျှင်လည်း၊ သူတို့၏ဘေးပတ်ဝန်းကျင်ရှိနေခြင်းက အလွန်အရေးပါ သည်။ ထိုသို့သော အခြေအနေများ၌ ကျွန်ုပ်တို့ကို မည်သည့်အလုပ်မျှ မလုပ်ဘူးဟု ထင်မှတ်မှားခြင်းများကို လည်း ကြောက်ရွံ့စိုးရိမ်နေခြင်း မရှိသင့်ပေ။ တစ်ခါတစ်ရံတွင် ကျွန်ုပ် အားလပ်ရက်များ၌ အနားယူသည့် အချိန် တိုင်း မိမိလုပ်နေကျအလုပ်များကို မလုပ်တော့သည့်အတွက် မိမိကိုယ်ကို မလုံမလဲခံစားဖူးပါသည်။ အင်လိကန် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် စတီဗင်ဆိုသူက မိသားစုအတွက် အချိန်ပေးခြင်းနှင့်ပတ်သက်၍ အမှန်တရား တစ်ခုကို အောက်ပါအတိုင်းပြောခဲ့သည်။ ခြောက်နှစ်ကြာမျှ အမှုတော်ဆောင်ပြီးသည့်နောက် သူတွေ့ကြုံခဲ့သည့် အရာကို “တစ်နေ့တော့ ကျွန်တော်ဇနီးရယ်၊ ကလေးတွေရယ်၊ ကလေးလက်တွန်းလှည်းလေးကို တွန်းရင်းနဲ့ လမ်း လျှောက်ထွက်လာခဲ့တယ်။ ဒီလိုနဲ့ တစ်ဘက်ခြံက ကျွန်တော်ရဲ့ လုပ်ဖော်ဆောင်ဘက်က ကြည့်နေရင်း “ဟား ဆရာ၊ ကျွန်တော် ဆရာနဲ့ အတူနေလာတာ ခြောက်နှစ်ရှိသွားပြီ၊ ဒါပေမယ့် ဒီနေ့တွေ့နေရတဲ့ မြင်ကွင်းက ဆရာ့စီ ကနေ ကျွန်တော်သင်ယူခဲ့တဲ့ သင်ခန်းစာတွေထဲမှာ အကောင်းဆုံး သင်ခန်းစာပါဘဲ” ဆိုပြီး ကျွန်တော့်ကို ပြောသွား ခဲ့တယ်” ဟု မှတ်စု ရေးသားခဲ့သည် (S. Verney: Fire in Coventry, Hodder and Stoughton, p. 57)။


အပန်းဖြေခြင်းနှင့် အားလပ်ချိန်များ

ကျွန်ုပ်တို့၏ဇနီးသည်အပါအဝင် မိသားစုများနှင့်အချိန်သုံးခြင်းသည် အပန်းဖြေခြင်းနှင့် အားလပ်ချိန်များ ၏ အဓိကရည်ရွယ်ချက် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ ထပ်မံ၍ ဂရုစိုက်ရမည့် အခန်းကဏ္ဍအချို့ရှိနေပါ သေးသည်။ ကျွန်ုပ်တို့၏ ဇနီးသည်နှင့် သားသမီးများကို အချိန်ပေးခြင်းအပြင် ခန္ဓာပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ အတွက်လည်း အချိန်ပေးရန်မှာ အရေးပါသောအခန်းကဏ္ဍ ဖြစ်ပါသည်။ ဖြစ်နိုင်လျှင် တစ်ပတ်တွင် တစ်နာရီ၊ သို့ မဟုတ် နှစ်နာရီမျှလောက်ကို ကျွန်ုပ်တို့၏ အလုပ်နှင့်ပတ်သက်ခြင်း လုံးဝမရှိသည့် အလုပ်တစ်ခုခုကို လုပ်ဆောင် ရန် အချိန်ပေးထားရမည်။ ဤသို့သောအရာများအတွက် အချိန်ပေးရန် တစ်ခါတစ်ရံ ကျွန်ုပ်အနေနှင့် အလုပ် အ ရမ်းရှုပ်သည်ဟု မိမိကိုယ်ကိုထင်ခဲ့ဖူးပါသည်။ သို့သော်လည်း အမှုတော်ဆောင်ခြင်း၌ သက်တမ်းများ ရလာသည် နှင့်အရ ကျွန်ုပ်၏ အတွေ့အကြုံများက ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ကျွန်ုပ်၏အလုပ်ကို ပြန်လည်လုပ်ဆောင် ချိန်၌ ခွန်အားသစ်များဖြင့် ပြန်လည်လုပ်ဆောင်နိုင်သည်ကို သင်ယူစေခဲ့သည်။ ဝိညာဉ်ပိုင်းဆိုင်ရာသည် အရေး အကြီး ဆုံးသောကိစ္စဖြစ်သော်လည်း၊ ကိုယ်ကာယကိုဆုံးမခြင်းသည်လည်း အနည်းငယ်သော အကျိုးကိုပေးတတ် သည့်အချက်ကို ချန်လှပ်ထား၍မရပါပေ (၁တိ၊ ၄း၈)။ ထို့ကြောင့် ကိုယ်ကာယကျန်းမာရေးကိုလည်း ကျွန်ုပ်တို့ အနေနှင့် လျစ်လျူရှု၍ မရပါပေ။ ဤကိစ္စနှင့်ပတ်သက်၍ အနားယူသွားပြီဖြစ်သော အသင်းတော် လူကြီးတစ်ဦး ကို ကျွန်ုပ်ကျေးဇူးကြွေးရှိခဲ့သည်။ အေဒင်ဘတ်မြို့ကို ကျွန်ုပ်ရောက်သွားစဉ်က လေ့ကျင့်ခန်းမလုပ်ဖူးသည့် ကျွန်ုပ် ၏နေ့စဉ်အသက်တာကို သတိထားမိသည့် ထိုအသင်းတော်လူကြီးက ကျွန်ုပ်အား ဂေါက်သီး ရိုက်ကစားရန် အကြံ ပေးခဲ့သည်။ ထူးထူးခြားခြားဖြစ်လာမည်ကိုတော့ ကျွန်ုပ် မမျှော်လင့်ခဲ့သော်လည်း သူ၏အကြံပေးခြင်းကို ခေါင်း ငြိတ်မိခဲ့သည်။ ရက်အနည်းငယ်အတွင်း ထိုအသင်းတော်လူကြီး ဂေါက်သီးရိုက်တံများနှင့်အတူ ကျွန်ုပ်၏အိမ်ရှေ့ သို့ရောက်လာခဲ့သည်။ ထိုသို့ဖြင့် ကျွန်ုပ်အားသည့် ကြာသာပတေးနေ့တိုင်း ဂေါက်သီးရိုက်ဖြစ်ခဲ့သည်။ ဂေါက်သီး သမားတစ်ဦးတော့ ဖြစ်မလာပါသော်လည်း ကျွန်ုပ်၏အလုပ်နှင့်ပတ်သက်၍ ပြောင်းလဲမှုများစွာကို ဖြစ်စေခဲ့ပါ သည်။

ဒေါက်တာအဖ်ဒဗလျူးဘိုးမဲန်းဆိုသူက ခရစ်ကတ်ကစားနည်းကိုကစားခြင်းအားဖြင့် စိတ်ဖြေအနားယူ တတ်သည့် အကြောင်းကို ဤသို့ ရေးသားခဲ့သည်။

“ဒီကစားနည်းကို ကျွန်တော်အချိန်ပေးကစားရတဲ့ အကြောင်းအရင်းသုံးချက်ရှိပါတယ်။ (၁) ဒီကစားနည်း ကို ကျွန်တော် နှစ်သက်တယ်။ (၂) အဲဒီကစားနည်းကို ကစားမှ ကျွန်တော့်ရဲ့ စိတ်အားလုံး အနားရတယ်။ ကမ်းခြေနေရာမျိုးကိုသွားရင်တောင်မှ အတွေးထဲမှာ တရားဒေသနာတွေဘဲ ထွက်နေတယ်လေ။ (၃) အဲဒီကစား နည်းကိုကစားရင်းနဲ့ အပြင်ကလူတွေနဲ့ မိတ်ဆွေဖြစ်ပေါင်းသင်းရတာကို ကျွန်တော်နှစ်သက် တယ်။ ကျွန်တော့်ရဲ့ အားလပ်ရက်တွေမှာ ကျွန်တော့်ကို စိတ်အသက်သာစေနိုင်ဆုံး တစ်ခုကို ပြောပါဆို ရင်တော့ ဒီကစားနည်းကိုဘဲ ပြောပြရမှာပါ။” (F.W. Boreham: My Pilgrimage, Epworth, 16)။

ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့လုပ်ငန်းနှင့် လုံးဝခြားနားသောစိတ်ဝင်စားမှုတစ်ခုခုကိုလိုအပ်ကြပါသည်။ ထို သို့အားဖြင့် ကျွန်ုပ်တို့၏ စိတ်များကို ကျွန်ုပ်တို့၏ အလုပ်မှအနားပေး၍ရမည် ဖြစ်သည်။ တစ်နေ့တာလုံး အခြား သူများ၏ပြဿနာများကို ဖြေရှင်းပေးရင်းနေရာမှ တစ်နေ့တာ၏အဆုံးပိုင်းတွင် မိမိဖြေရှင်းပေးခဲ့သည့် ပြဿနာ များကို မေ့ပစ်လိုက်ဖို့ရန်မှာ အလွန်ခက်ခဲသည့် အလုပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အလုပ်နှင့် လုံးဝခြားနားသော၊ ကျွန်ုပ်တို့ စိတ်ဝင်စားသည့် အရာများသည် ထိုခက်ခဲသည့် အလုပ်ကို အလွယ်တကူ ပြောင်းနိုင်ရန်အတွက် အဓိက ကူညီပေးသည့်အရာများ ဖြစ်သည်။ ကျွန်ုပ်အနေနှင့်ပြုလေ့ရှိသော၊ စဉ်းစားလေ့ရှိသောအရာမှာ ဓါတ်ပုံရိုက်ခြင်း နှင့် တံဆိတ်ခေါင်းများကိုစုဆောင်းခြင်း ဖြစ်သည်။ ဒေါက်တာဘိုးမဲန်းတစ်ယောက် မျက်စိကြောင်၍ အိပ်မရသော ညများတွင် သူ့အားအိပ်လို့ရရန် ကူညီပေးသောအရာမှာ ၄င်းကြည့်ခဲ့သည့် ခရစ်ကတ်ပွဲများကို ပြန်လည် မြင် ယောင်ခြင်းဖြစ်သည်။

ယနေ့ခေတ်အခြေအနေက ကျွန်ုပ်တို့ကို အားလပ်ရက်များအတွက် ဦးစားပေးရန် ဖြစ်လာစေခဲ့သည်။ အားလပ်ရက်များ၏ အဓိကဝမ်းမြောက်ရခြင်းမှာ အားလပ်ရက်အတွက် အစီစဉ်ဆွဲခြင်း နှင့်သွားရောက် အပန်း ဖြေခြင်းတို့ဖြစ်သည်။ အားလပ်ရက်များတွက် ကျွန်ုပ်တို့ရရှိသည့် လခငွေမှ အသုံးပြုရမည်။ တစ်နှစ်တာ ဝင်ငွေ ၏ ၁၂ ရာခိုင်နှုန်းကို အသုံး ပြုရန်အတွက် ကျွန်ုပ် စုဆောင်းထားပါသည်။ ဘယ်သောအခါမျှ ကျွန်ုပ်တို့၏အခြေ အနေက ကျွန်ုပ်တို့ကို သူ့ဘာသူ အားလပ်ရက်များအတွက် အချိန်ဆွဲပေးမည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ အားလပ် ရက်များအတွက် ကျွန်ုပ်တို့ ချွေတာမနေသင့်ပေ။ အားလပ်ရက်များနှင့်ပတ်သက်၍ ကျွန်ုပ် သေသေချာချာ သုံး သပ်ပြီးသည့်နောက် နောက်ဆုံးအဖြေရသည့်အရာမှာ တစ်လလုံးလုံး မိသားစုနှင့် အချိန်သုံးခြင်းသည် အကောင်း ဆုံးဖြစ်သည်ကို တွေ့ရသည်။ ကျွန်ုပ်အနေနှင့် အားလပ်ရက် အနားယူနေသည်ကို ခံစားနိုင်ရန်အတွက် တစ်ပတ် အချိန်ယူရသည်။ စတုတ္ထအပတ်သို့ ရောက်လာသည့် အချိန်တွင် ကျွန်ုပ်၏အလုပ်များကို ပြန်လည်လုပ်ကိုင်ရန် စိုင်းပြင်းနေခဲ့ပြန်သည်။ ထိုကဲ့သို့ အားလပ်ရက်များအကြား တစ်ရက်တစ်လေတွင် နှုတ်ကပတ်တော် ဟောပြော ရန် သတိရသည့်အချိန်များရှိတတ်ရာ၊ တရားဟောချက်များကိုလည်း ပြင်ဆင်ဖြစ်သည့် နေ့များရှိပါသည်။ ထိုသို့ သော အားလပ်ရက်များတွင်လည်း အနှောက်အယှက်များစွာရှိနိုင်ပါသည်။ ဒေါက်တာ အလက်ဂျန်းဒါးဝိုက်၏ တ ပည့်တစ်ယောက်၊ ဒေါက်တာဝိုက်ထံမှ ၄င်းမမေ့နိုင်သော အမှာစကားတစ်ခုမှာ အားလပ်ရက်ကောင်းကောင်း ယူ ရန် ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုအမှာစကားနှင့်ပတ်သက်၍ ထိုလူကြီးက ဆက်လက်ပြီး “သူပြောတဲ့အကြံကို လိုက်နာလိုက်လို့ ကျွန်တော်အပါအဝင် အသင်းတော်မှာရှိတဲ့ သူတွေ ဘယ်အခါက နောင်တရဖူးလို့လဲ” (Dr. G.H. Morrison in The British Weekly, December 8, 1910)။

ကျွန်ုပ်တို့၏မိသားစုနှင့် အားလပ်ရက်များအတွက် အစီစဉ်ဆွဲသည့်အခါတွင် “ဘယ်အချိန်မှာ ငါအလုပ် လုပ်ရမလဲ” ဟူ၍ မိမိကိုယ်ကိုမေးရမည်။ ပျင်းရိခြင်းကြောင့်မဟုတ်ဘဲ ပိုမိုကောင်းမွန်သည့်အရာများ ဖြစ်လာစေ ရန်အတွက် “ဆုတောင်းခြင်းအတွက်ရယ်၊ မိသားစုအတွက်ရယ် အပန်းဖြေဖို့အတွက်ကို ဘယ်အချိန် သတ်မှတ် ရ မလဲ” ဟူ၍စဉ်းစားရမည်။ ထိုသို့ဖြင့် အစီစဉ်များအားလုံးရေးဆွဲပြီးသည့်နောက် ကျန်ခဲ့မည့်အဖွဲ့ဝင်များကို အလုပ် ပေးထားရမည်။ ဤသို့အားဖြင့် သင်းအုပ်ဆရာတစ်ဦးသည် အားလပ်ရက်ယူရင်း အလုပ်လည်းမပျက် အဆင်ပြေ ချောမွေ့နိုင်မည် ဖြစ်သည်။

















အခန်း ၁၄


အန္တရာယ်များကို အခွင့်အရေးများဖြင့် ကျော်ဖြတ်ခြင်း

သာသနာနယ်၌တွေ့ကြုံနေရသည့် ပြဿနာများနှင့်ပတ်သက်၍ သာသနာပြုသူများ အစည်းအဝေးတစ်ခု တွင် တိုင်ပင်ဆွေးနွေးကြရာ၊ စုံစမ်းနှောက်ယှက်ခြင်းများကို မည်သို့ ကျော်လွန်ဖြတ်သန်းရမည်နှင့် ပတ်သက်၍ ရင်ဖွင့်ကြရာ၊ သာသနာပြုဆရာတစ်ဦးက ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ စိတ်ပျက်စရာအကောင်းဆုံးနေ့တွေမှာ ဥ မင်လှိုင်ခေါင်းထဲဖြတ်သန်းသွားနိုင်ဖို့ တစ်ခုတည်းသောအလင်းရောင်ရယ်ဆိုလို့ ရထားရဲ့ မီးအလင်းတစ်ခုလေးဘဲ ဖြစ်တယ်ဟူ၍ ပုံပမာနှိုင်း၍ ပြောပြသွားခဲ့သည်။ တန်းဖိုးရှိသည့်အရာမှန်သမျှကို အတားအဆီးမရှိဘဲ အလွယ်တ ကူ ရယူနိုင်သည်ဟူ၍မရှိသဖြင့် အတားအဆီးအခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်သွားကြရမည်သာ ဖြစ်သည်။ အမှုတော်မြတ်တွင် ကျွန်ုပ်တို့ပါဝင်ရရှိသည့် အခွင့်ထူးနှင့် အမှုတော်မြတ်၌ ပေးဆပ်ရမည့်အရာများကို ကျွန်ုပ်တို့ ကောင်းမွန်စွာချိန်ညှိတတ်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက အခက်အခဲစုံစမ်းခြင်းများနှင့် ကျွန်ုပ်တို့ ကြုံတွေ့ရ သောအခါတွင် အလွယ်တကူပင် လမ်းလွဲသွားကြတတ်ပါသည်။


တာဝန်ဝတ္တရား မျိုးစုံ

ရှင်ပေါလုက တိမောသေအား “ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်တို့ကို အကုန်အစင်ပြုလော့” ဟု သွန်သင်ထားသည် (၂တိ၊ ၄း၅)။ အကယ်စင်စစ် ရှင်ပေါလုသည် ပြုရမည့်ဝတ်တို့ကို စာရင်းဖြင့် အတိအကျ အကုန်အစင်ဖော်ပြထားခြင်းမရှိခဲ့ပေ။ တာဝန်ဝတ္တရားအမျိုးစုံခြင်းက သာသနာပြုခြင်း၏ဝမ်းမြောက်ဖွယ်ရာ အ နှစ်ဖြစ်သကဲ့သို့၊ အခက်အခဲများစွာရင်ဆိုင်ရမည့်အကြောင်းရင်းလည်း ဖြစ်ပါသည်။ ရက်သက်တစ်ပတ်အတွင်း လက်ထပ်ထိမ်းမြှားတော့မည့် စုံတွဲတစ်တွဲကို တိုင်ပင်သွန်သင်ပေးရသည့်နည်းတူ၊ ကျန်နာရီများတွင်လည်း အိမ် ထောင်ရေး အဆင်မပြေသည့် လင်မယားနှစ်ဦးကို ပြန်လည်သင့်မြတ်အောင် သွန်သင်ရပြန်သည်။ ဘုရားသခင် ပေးထားသော ကလေးငယ်အတွက် ကျေးဇူးချီးမွမ်းသည့် မိသားစုထံသို့ အလည်အပတ်သွားနိုင်သကဲ့သို့၊ များမကြာမှီ အချိန်တွင်း ဇာပနာအခန်းအနားသို့ သွားရောက်အားပေးရသည့် အခြေအနေမျိုးလည်း ရှိပြန်သည်။ ထိုတစ်ရက်တည်း၌ ပင်လျှင်၊ ကျောင်းတစ် ကျောင်း၌ ဟောပြောပေးရခြင်း၊ အသင်းတော်ရှိ လူကြီးများနှင့်အတူ အစည်းအဝေးကို ပြန်လည်ဦးဆောင်ပေးရခြင်းများ ဆက်တိုက်ဆက်တိုက် ကြုံတွေ့နိုင်ပါသည်။ တစ်နေ့တာ အစီ စဉ်များအပြီး အိမ်သို့ရောက်ရောက်ခြင်းပင် စိတ်ပျက်ဝမ်းနည်းခြင်းများစွာနှင့် ရင်ဆိုင်နေရသော သူတစ်စုံတစ် ယောက်က တိုင်ပင်သွန်သင်ပေးရန်အတွက် စောင့်နေတတ်ပြန်သည်။ စာတိုက်မှလည်း ပြန်၍ရေးရန်လိုအပ်သော စာများရောက်ရှိလာသကဲ့သို့၊ အစီရင်ခံစားများ ရေးရန်လိုအပ်ပြန်သည်။ တစ်နေ့တာ တစ်ကိုယ်ရေ လုပ်ဆောင် ရမည့်အရာများအပြင်၊ သင်းအုပ်ဆရာ၏ အရေးကြီးဆုံးအလုပ်ဖြစ်သည့် သမ္မာကျမ်းစာ သင်ကြားပေးရန် အ တွက် လေ့လာပြင်ဆင်ခြင်းများသည်လည်း ရှိနေသေးသည်။ အသင်းတော်တွင်းကိစ္စနှင့် အခြားအခြားသော ကိစ္စ များ၏ဖိအားက နှုတ်ကပတ်တော် မလေ့လာနိုင်လောက်အောင်အထိ ဖိအားပေးနိုင်ပါသည်။ ဤကဲ့သို့သော အခြေအနေများကို ဟန်ချက်ညီစွာပဲ့ကိုင်နိုင်ရန်အတွက် ဦးစားပေးလုပ်ဆောင်ရမိ အရာများကို သတ်သတ်မှတ် မှတ် ဆုံးဖြတ်ရပါမည်။ သင်းအုပ်ဆရာပြုအပ်သည့် အခြားကိစ္စများမပါသေး၊ သမ္မာကျမ်းစာလေ့လာခြင်းနှင့် ပြင်ဆင်ခြင်းအတွက် မနက်ပိုင်းကိုအချိန်ပေးထားပါက ထိုအမှုအရာအတွက် ကျွန်ုပ်တို့သည် ပထမဦးစားပေးနိုင် မည်ဖြစ်သည်။ ညနေပိုင်းအချိန်ကိုမူ သင်းအုပ်ဆရာပြုအပ်သောဝတ်တို့ကို လုပ်ဆောင်ရန်အတွက် ဘုရား ကျောင်း၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ တစိုက်မတ်မတ် လုပ်ဆောင်ရမည်။ ဤသို့ လုပ်ဆောင်နိုင်ရန်အတွက် အခြားမလို အပ်သည့် အရာများစွာကိုမလုပ်မိစေရန် ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ စည်းကမ်းသတ်မှတ်ရပါမည်။ အသင်းတော်နှင့် မသက်ဆိုင်သည့် ကျောင်းတွင်းစည်းဝေးခြင်းများ၊ ခရစ်ယာန်မိတ်ဿဟာရဖွဲ့ခြင်းများကို လျော့ချခြင်းသည် လိ မ္မာပါးနပ်သော အစီစဉ်တစ်ခုပင် ဖြစ်သည်။


လူမှု့ရေးနှင့် လူ့ကျင့်ဝတ် ပြဿနာများ

ကျွန်ုပ်တို့သည် လုပ်ငန်းမျိုးစုံကို ကိုင်တွယ်နေရသည့်နည်းတူ ထိုလုပ်ငန်းများနှင့်အတူ ရောယှက်နေသည့် ယနေ့မျက်မှောက် လူနေမှုပုံစံများနှင့် လူ့ကျင့်ဝတ်ပြဿနာများကို မလွဲမသွေ ရင်ဆိုင်ကြရသည်သာ ဖြစ်သည်။ အထူးသဖြင့် အိမ်ထောင်ရေးကိစ္စများ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။ အိမ်ထောင်ရေးကိစ္စများကို ဖြေရှင်း တိုင် ပင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အချိန်အများစု ကုန်သွားစေနိုင်သည်။ ကျွန်ုပ်တို့၏ လူမှုပတ်ဝန်းကျင်၏ လိုအပ်ချက် တို့ကို ဖြည့်ဆည်းကူညီတော့မည်ဆိုသည်နှင့် မတူညီသည့် လူတန်းစားအမျိုးမျိုးတို့နှင့်ပတ်သက်၍ ဖြေရှင်းပေးရ တော့မည် ဖြစ်သည် (၁ကော၊ ၆း၉-၁၁)။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်တို့၏ ပထမဦးစားပေးဖြစ်သည့် နှုတ်က ပတ်တော် သင်ကြားပေးခြင်းအမှုကိုမေ့လျော့ခြင်းမရှိဘဲ၊ ကျွန်ုပ်တို့၏အချိန်များအားလုံးကို ထိုသို့သောသူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအမှု၌ မကုန်လွန်စေသင့်ပါ။ နှုတ်ကပတ်တော်သင်ကြားပေးခြင်း အမှု သည် ဘုရားသခင်က ကျွန်ုပ်တို့ကိုခေါ်ဆိုသော နေရာမှန်ဖြစ်သည်ကို သင်သိပါက၊ သင်းအုပ်ဆရာ၏ဝတ်ကို သိရှိ နားလည်၍ ထိုဆုကျေးဇူးကိုရရှိထားသော အခြားတစ်ယောက်အား ယုံကြည်သူတစ်ဦးချင်းစီတိုင်းကို ဂရုစိုက်စေ ရန် တာဝန်လွဲပေးထားလိုက်ပါ။ တာဝန်လွှဲပြောင်းပေး၍ရသည့်အရာများကို ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ဆောင်ခြင်း အားဖြင့် ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ခေါင်းပူစေနိုင်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ အဓိကဖြစ်သော နှုတ်ကပတ်တော် သင်ကြားပေးခြင်းအမှုကို လျစ်လျူရှု မေ့လျော့သွားတတ်ပါသည်။ သာသနာပြုလုပ်ငန်းတွင် စဝင်ခါစအချိန်တွင် စိတ်ဓာတ်ကျသောသူများစွာနှင့် ကျွန်ုပ်တွေ့ဆုံဆက်ဆံခဲ့ဖူးပါသည်။ ထိုအခြေအနေအတွက် ကျွန်ုပ်၏ တုန့်ပြန် ချက်မှာ ၄င်းတို့၏ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် ဖြစ်သည်။ သို့နှင့် ကျွန်ုပ်၏ဝိညာဉ်ဖခင်တစ်ဦးအား ကျွန်ုပ်၏ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။ ချက်ခြင်းဆိုသလို ကျွန်ုပ် ဆုံးမခြင်း ကို ခံလိုက်ရသည်။ သူက ကျွန်ုပ်ကို ထိုကဲ့သို့ဆက်လက်လုပ်ဆောင်သွားမည်ဆိုလျှင် ကျွန်ုပ်အနေနှင့် အကူအညီ လိုသော သူများကို တစ်နေ့ပြီးတစ်နေ့ ပိုမိုတွေ့ဆုံဖြေရှင်းပေးရမည်ဖြစ်ပြီး၊ ကျွန်ုပ်အား ဘုရားသခင်အဓိက ခွဲခန့် ခေါ်ဆိုထားသည့် နှုတ်ကပတ်တော် သင်ကြားပေးခြင်းနှင့် ဟောပြောခြင်းဆိုသည်အမှုတို့မှ လမ်းကြောင်းပြောင်း သွားမည်ဟု ဆုံးမသွန်သင်ခဲ့သည်။ သူ၏ဆုံးမခြင်းသည် အချိန်မှန်ခဲ့ပါသည်။ စိတ်ပျက်ဝမ်းနည်းသူများကို ကျွန်ုပ် တို့ အစဉ်ကူညီချင်ကြသည်သာ ဖြစ်သည်။ သို့သော်လည်း ၄င်းတို့၏လိုအပ်ချက်မှာ ဝိညာဉ်ပိုင်းဆိုင်ရာ လိုအပ် ချက်များမဟုတ်ပါက၊ ၄င်းတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းကူညီပေးနိုင်မည့် အခြားသူတစ်ယောက်နှင့် အမြန်နိုင် ဆုံး မိတ်ဆက်ပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ အမှုအရာကိစ္စအားလုံး၌ ကျွန်ုပ်တို့ ကျွမ်းကျင်သည်ဟူ သော စိတ်သဘောမရှိစေရန် အစဉ်သတိရှိရမည်။ သက္ခာတော်ရဆရာကြီး အလက်ဂျန်းဒါးဖရာဇာဆိုသူက အဲလ် ဘတ်ဒင်းတွင် ၄င်းကို၄င်းမိတ်ဆက်ရာတွင် “ သာသနာလုပ်ငန်းဆိုတာက အလွန်အရေးကြီးတဲ့ လုပ်ငန်းဖြစ်တဲ့အ တွက် အခြားလုပ်ငန်းတွေကို ကျွန်တော်ဂရုစိုက်အားမှာမဟုတ်ပါဘူး။ စစ်မှန်သော အမှုတော်မြတ်တစ်ခုတည်းမှာ ဘဲ ကျွန်တော် အာရုံစိုက်ပြီးအလုပ်လုပ်မှာပါ။ ကျွန်တော့်ကို အယူသည်းလိုက်တာလို့ထင်ချင်လည်း ထင်ကြပါစေ၊ မုန့်ကြိတ်ဆုံတစ်ခုလိုဘဲ ကျဉ်းမြောင်းပြီးတော့ လည့်အားကောင်းကောင်းနဲ့ စားလို့ကောင်းတဲ့ ဂျုံမှုတ်ကောင်းတွေ ထွက်လာကြသလို ကျွန်တော်လည်း အဲဒီလ ဖြစ်သွားမှာပါ” ဟု ပြောဆိုခဲ့သည်။


လူများကို တပေါင်းတစည်းတည်းထားခြင်း

လူများကို တပေါင်းတစည်းတည်း ဦးဆောင်ခြင်းအမှုသည် အချိန်တိုင်းလိုလို ခက်ခဲသည့်အလုပ်တစ်ခု 

ဖြစ်ပါသည်။ ခရစ်ယာန်များအားလုံး အခြေခံယုံကြည်ချက်များအားလုံး၌ တူညီကြသော်လည်း၊ အခြားဒုတိယဦး စားပေး ယုံကြည်ချက်များ၌ ကွဲပြားမှုသည် ကျွန်ုပ်တို့၏ နောက်ကြောင်းသမိုင်းများအလိုက် အသီးသီးကွဲပြားကြ သည်။ ကားလ်ဗင်းနစ်နှင့် အာမီနီယံနီဇင်၊ ဘုရားသခင်၏အနန္ဒတန်ခိုးဖြင့် အရာခပ်သိမ်းအပေါ်အစိုးရခြင်း၊ ဘုရား သခင်၏ အလိုတော်စသည့် စကားလုံးများကို ကြားလိုက်ရသည်နှင့် ခရစ်ယာန်များအကြား တမျိုးကြီးဖြစ်သွား စေနိုင်ပါသည်။ အသင်းတော်အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မိမိတို့ဆွဲကိုင်ရာယုံကြည်ချက်တို့ကြောင့် ခရစ်ယာန် များ အခွဲခွဲအပြားပြား ဖြစ်ခဲ့ရပါသည်။ လူအများစုသည် မိမိတို့၏ယုံကြည်ချက်ကိုပင် နားလည်ခြင်း၊ ဆင်ခြင်သုံး သပ်ခြင်း လုံးဝမရှိဘဲ၊ ဘိုးဘေးတို့ဆွဲကိုင်လာသည့်အတိုင်း ဆွဲကိုင်ကာ၊ တယူသန်စွာ အညင်းအခုံ ပြုလုပ် တတ် ကြပါသည်။ သင်းအုပ်ဆရာများအနေနှင့် ကျွန်ုပ်တို့သည် ဤကဲ့သို့သောအခြေအနေအသီးသီးတို့ကို နားလည်ထား ရမည့်အပြင် လူများကို စုစည်းဦးဆောင်ကြရမည် ဖြစ်သည်။ ဤယုံကြည်ချက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ အမြင်ကိုတင်ပြရာတွင် စနစ်တကျ လိုက်လျောညီထွေစွာ ဖြစ်နေရပါမည်။ ဤသို့ဆိုရာတွင် ကျွန်ုပ်တို့၏ ယုံကြည် ချက်များကို ပုတ်သင်ညိုကဲ့သို့ နေရာအလိုက် အရောင်ပြောင်းရမည်ဟုဆိုလိုခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ ယုံကြည် ချက်ကို ပြောပြရာတွင် မလိုမုန်းတည်းမှုများနှင့် ခါးသီးမှုများမရှိလေအောင် ပြောတတ်ရမည်ဟု ဆိုလိုခြင်းဖြစ် သည်။ တစ်ချိန်တည်းမှာပင် အသေးစားယုံကြည်ခြင်းများက ကျွန်ုပ်တို့ကိုသင်းမခွဲသင့်ကြောင်းကိုလည်း သင် ကြားပေးရပါမည်။ ခွဲပြားစေသည့်အရာများမှန်သမျှကို ကျွန်ုပ်တို့အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရမည်။ ကျွန်ုပ်တို့ ဘက်မှာ “နှုတ်ကပတ်တော်က ဘယ်လိုပြောထားသလဲဆိုတာ ကြည့်ရအောင်” ဟု ဆိုကာ အမြဲတမ်း ဆွေးနွေးမှု ကို အစပြုရပါမည်။ လိမ္မာပါးနပ်သော သင်းအုပ်ဆရာတစ်ဦးသည် ပြဿနာများကို ခြံစည်းရိုးခတ်ခြင်း မပြုဘဲ၊ လေး စားဖွယ်ကောင်းစွာဖြင့် ဝိညာဉ်တော်၏လမ်းပြမှုအတိုင်း အငြင်းပွားဖွယ်ရာပြဿနာများကို ဖြေရှင်းတတ်ပါ သည်။ တစ်ရာစုလောက်က အသင်းတော်တွင်း၌ အရေပြားလှီးခြင်းနှင့် ကျွန်စနစ်တို့သည် အဓိကဖြေရှင်းနေရ သော ပြဿနာများဖြစ်ရာ ရှင်ပေါလုက လိမ္မာပါးနပ်စွာ ဖြေရှင်းပေးခဲ့သည်ကို ဥပမာယူရပါမည် (၁ကော၊ ၇း၁၇-၂၄)။


သင်းအုပ် ဆရာဖြစ်ရန် ရွေးခေါက်ခေါ်ဆိုခြင်းအပေါ် မှားယွင်းသော ထင်မြင် နားလည်မှု

သာသနာပြုလုပ်ငန်းတွင် ကျွန်ုပ်တို့သတိပြုမည့်သည့်ပြဿနာတစ်ခုမှာ ကျွန်ုပ်တို့၏လုပ်ငန်းနှင့်ပတ် သက်၍ ဘေးလူများ၏ အမြင်မှားယွင်းခြင်း ဖြစ်သည်။ တစ်ချို့က ကျွန်ုပ်တို့၏အလုပ်သည် တနင်္ဂနွေနေ့ တစ်ရက် တည်းအတွက်သာဖြစ်သည်ဟု ထင်တတ်ကြသည်နည်းတူ၊ တစ်ချို့ကလည်း အသင်းတော်ကိစ္စနှင့် ပတ် သက်၍ လုပ်ဆောင်ရမည့်အရာများအားလုံးကို တစ်ယောက်တည်း အောင်မြင်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်ကြ ပြန်သည်။ ကျွန်ုပ်တို့ကို ဧဝံဂေလိဆရာကဲ့သို့သော်လည်းကောင်း သင်းအုပ်ဆရာကဲ့သို့ တစ်ဖုံ မျှော်လင့် ထားကြ ပြန်သည်။ ဤဝိညာဉ်ဆုလဒ်နှစ်ခုလုံးမှာ လုံးဝကွဲပြားခြားနားပါသည်။ သို့သော်လည်း ဧဝံဂေလိဆရာအ ဖြစ် ဆုကျေးဇူးရခြင်းနှင့် ဧဝံဂေလိအမှုလုပ်ဆောင်ခြင်းဟူသည် မတူညီကြပါပေ (၂တိ၊ ၄း၅)။ သို့သော် သာမန် လူများ အနေနှင့် ဤအချက်ကိုနားလည်ရန် ခက်ခဲတတ်ပါသည်။ ထို့ပြင် သင်းအုပ်ဆရာတို့၏ အရေးပါပုံကို အလွန်အကျူး အထင်ကြီးသည့်သူများရှိသည့်နည်းတူ၊ မည်သည့်အရေးမျှ ဂရုမစိုက်သည့်သူများလည်း ရှိပြန် သည်။ အသင်းတော်တစ်ခုလုံးက အသင်းတော်၏အောင်မြင်မှုသည် သင်းအုပ်ဆရာ၏ ကြိုးစားလုပ်ဆောင်မှုအ ပေါ်တွင် မူတည်နေသည်ဟု ယူဆကြရာ၊ သင်းအုပ်ဆရာအား ဘောလုံးပရိတ်သားများက ဘောလုံးအသင်း တစ်သင်း၏ နည်းပြတစ်ဦးခဲ့သို့သာ ကြည့်ရှုတတ်ကြသည်။ အသင်းအောင်နိုင်ခြင်းမရှိတော့သည်နှင့် အခြား တစ် ယောက်၏ အစားထိုးခံရသည့် အခြေအနေမျိုးကို ခံရပြန်သည်။ ကျွန်ုပ်အမှုတော်ဆောင်ခဲ့သော ပထမဦးဆုံး အသင်းတော်၌ လိမ္မာပါးနပ်သော သင်းတော်လူကြီးတစ်ဦးက အမှုတော်ဆောင်ခြင်းနှင့်ပတ်သက်၍ ဤသို့ ပြောခဲ့ သည်။ “ပထမ ဆုံးနှစ်မှာ ဆရာ့ကို အားလုံးက ဘုရားတစ်ဆူလို ကိုးကွယ်ကြမယ်၊ ဒုတိယနှစ်မှာတော့ ဆရာ့ကို သူတို့စပြီး ဝေဖန်ကြမယ်၊ သုံးနှစ်မြောက်မှာတော့ ဖယ်ကြတော့တာဘဲ” ဟူ၍ဖြစ်သည်။ ၄င်းပြောခဲ့သည့် အချက် မှာ အမှန်တကယ် မဖြစ်ခဲ့သော်လည်း သူ၏စကားလုံးတွင် ကျွန်ုပ်တို့သတိပြုရမည့် ဘေးစကားများနှင့် ကျွန်ုပ်တို့ ၏ အလုပ်ကို အသေအချာ ခွဲခြားနားလည်ထားရမည့် အမှန်တရားတစ်ခုတော့ ပါနေသည်။ ထိုကဲ့သို့ မှားယွင်း သော ထင်မြင် ယူဆချက်တို့ကို ချက်ခြင်းပြောင်းလဲ၍ မရနိုင်ပေ။ ပြောင်းလဲမှုများ ဖြစ်နိုင်စေရန် အတွက် ကျွန်ုပ်တို့ ဘက်မှာ အချိန် နှင့်အမျှ နှုတ်ကပတ်တော်ကို အစီစဉ်တကျဟောပြောဝေငှခြင်းအားဖြင့် ပြဿနာနှင့် ဆက်ဆိုင်သည့် အချက်များ သို့ရောက်လာသောအခါ နှုတ်ကပတ်တော်၌ရှိနေသည့် အဖြေများက ဖြေရှင်းပေး သွားမည် ဖြစ်သည်။ အသင်းသူ အသင်းသားများက မည်သို့ပင်ပြောနေကြသည်ဖြစ်စေ ကျွန်ုပ်တို့ဘက်မှ နှုတ်ကပတ်တော်အတိုင်း ရပ်တည်ရ မည်ဖြစ်သည်။ စစ်မှန်သောနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့အမှန်တိုက်ကြွေး ပါလျှင်မူ အချိန်ကြာ လာသည်နှင့်အမျှ ၄င်းတို့နားလည်လာကြမည်ဖြစ်သည်။ ၁ကော၊ ၄း၁ အားဟောပြော စဉ်တွင် ချားလ်စီမုန်က “ခရစ်တော်ရဲ့ အမှု တော်ဆောင်တွေဟာ အလွန်အကျွန် မြောက်စားခြင်းကိုခံရကြသလို၊ မဟုတ်မမှန်ဘဲနဲ့လဲ ရှုတ်ချခြင်းကို ခံရကြပါတယ်။ ဘယ်လိုဘဲဖြစ်နေပါစေ သူတို့အနေနဲ့ ဘုရားသခင်ကပေး အပ်ထားတဲ့ သူတို့ရဲ့ တာဝန်ကို သစ္စာတရား နဲ့အတူထမ်းဆောင်ကြရမှာပါ။ လူတွေပြောတဲ့ စကားတွေကို နားမစွင့်ဘဲနဲ့ နောက်ဆုံးသောနေ့မှာ ကျွန်တော်တို့ကို တရားစီရင်မယ့် ဘုရားသခင်ရဲ့ မျက်နာကို ကြည့်ပြီးတော့ လုပ်ဆောင်ရမှာပါ” ဟု ဝေငှခဲ့သည်။


အတိုက်အခံများနှင့် ဝိညာဉ်တိုက်ပွဲ

အခက်ခဲဆုံးရင်ဆိုင်ရန် အခြေအနေများအနက်တစ်ခုမှာ ယုံကြည်သူများထံမှလာသော အတိုက်အခံများ ဖြစ်သည်။ စာတန်သည် ယုံကြည်သူများအား စွတ်စွဲဖျက်ဆီးသောသူ ဖြစ်နေသည့်အတွက် ထိုကဲ့သို့ ဖြစ်ပျက်နေ ခြင်းအတွက် ကျွန်ုပ်တို့အံ့ဩစရာအကြောင်း မရှိပါ။ အသင်းတော်တွင် စည်းချက်ညီစေရန်နှင့် တစ်လုံးတစ်ဝ တည်းရှိစေရန်အတွက် ကျွန်ုပ်တို့၏ကြိုးစားမှုများကို ဘက်လိုက်ခြင်းမရှိသည့်အတွက် အနည်းငယ်သော သူများ ကသာလျှင် ထောက်ခံကြမည် ဖြစ်သည်။ နှုတ်ကပတ်တော်တရားအတိုင်း ဟောပြောသွန်သင်ပေးသည့် ကျွန်ုပ်တို့ ၏အပြုအမူကို မနှစ်သက်သောသူများ၊ ရှေးထုံးတမ်းစဉ်လာများနှင့် ရာထူးဂုဏ်များကိုသာ ကြည့်သောသူများက ကျွန်ုပ်တို့ကို အထင်မြင်လွဲ၍ ဝေဖန်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်တို့ အလိုအပ်ဆုံးသော အချိန်များ တွင် လူများက ကျွန်ုပ်တို့ကို စွန့်ပစ်သွားနိုင်ပါသည်။ ကျွန်ုပ်တို့၏အခြေအနေမှာ – ပထမအချက်အနေနှင့် ကျွန်ုပ် တို့၏ ခရစ်တော်၏ ခြေရာတော်ကို လိုက်လျှောက်ကြသည်။ ဒုတိယအချက်မှာ ခရစ်တော်၏ ခြေရာတော်ကို လိုက်လျှောက်ခြင်းဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူအစဉ်ရှိသည် ဆိုသည့်စိတ်ချမှုကိုလည်း ရရှိစေပါ သည်။ ထိုစိတ်ချမှုသည် ကျွန်ုပ်တို့အား မှန်ကန်သောအရာကို မြဲစွာစုပ်ကိုင်ထားနိုင်ရန်အတွက် ခွန်အားကို ပေး သည် (၂တိ၊ ၄း၁၆-၁၈)။ ထင်မြင်လွဲမှားခြင်းများနှင့် ရင်ဆိုင်နေရချိန်တွင် ချားလ်စီမုန်ဆိုသူက “ရန်သူ စာတန်မာန် နတ်က ကျွန်တော့်ကို ဘယ်လိုဘဲပြောနေပါစေ၊ ကျွန်တော့်စိတ်တွေကို ပျက်ပြားသွားအောင် မလုပ်နိုင်ပါဘူး။ ဘာ လို့လဲဆိုရင် ကျွန်တော့်အတွက် ဘုရားသခင် ဘာတွေလုပ်ပေးထားခဲ့သလဲ ဆိုတာကို သူအကုန်လုံးမှ မသိတာ” ဟု ဆိုခဲ့ဖူးသည်။ ဤသို့သောအခြေအနေမျိုးသည် အမှုတော်ဆောင်လုပ်ငန်း၌ ရှောင်လွဲ ၍ မရသော အခြေအနေများ ဖြစ်ပါသည်။ လူငယ်လေးတစ်ယောက်အနေနှင့် သင်းအုပ်အရာနှင့်ဆရာအရာ၌ ခန့်အပ်ထားခြင်းခံရသူ တိမော သေထံသို့ ရှင်ပေါလုက စစ်သုံးစကားလုံးအားအသုံးပြုရင်း လေးလေးနက်နက်ဖြင့် “ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ၊ ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းသောတိုက်လှန်ခြင်းကို ပြုစုလော့။ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲ ကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့” ဟူ၍ တိုက်တွန်းထားသည် (၁တိ၊ ၁း၁၈၊ ၆း၁၂၊ ၂တိ၊ ၂း၃)။ ယုံကြည်သူများကို ပြုစုရန်နှင့် ပျောက်ဆုံးသောဝိညာဉ်များကို လမ်းပြခေါ် ဆောင်ရန်အတွက် မည်သည့်အခါမျှ ကျွန်ုပ်တို့တွန့်ရှုံ့ခြင်း မရှိသင့်ပါ။ ကျွန်ုပ်တို့၏အဓိကအရင်းအမြစ်မှာ ဘုရား သခင်ပြင်ဆင်ပေးထားသော စစ်လက်နက်စုံကို ဝတ်ဆင် ရန် ဖြစ်သည် (ဧဖက်၊ ၆း၁ဝ)။ ဘုရားသခင်ပြင်ဆင်ပေး ထားသော ဝတ်စုံတစ်ခုစီတိုင်းကို အသေအချာ ဝတ်ဆင်ထားမှသာလျှင် တိုက်ခိုက်ဝင်ရောက်လာသမျှကို ကျွန်ုပ် တို့ ကာကွယ်နိုင်မည် ဖြစ်သည်။ စစ်ဝတ်စုံကို ဝတ်ဆင်ပြီးမှသာလျှင် စစ်လက်နက်နှစ်ခုကို ယုံကြည်စိတ်ချစွာ ကိုင်ဆွဲနိုင်မည် ဖြစ်သည်။ နှုတ်ကပတ်တော်ထက် မည်သည့် လက်နက်ကမျှ တန်ခိုးစွမ်းအား မရှိသကဲ့သို့၊ ဆုတောင်းခြင်းထက် မည်သည့်အရာမျှ အခြေအမြစ် ခိုင်သည်ဟူ၍ မရှိနိုင်ပါ။ ဂျွန်နူးတွန်ဆိုသူက သာသနာဆရာ ပေါက်စလေး တစ်ယောက်ကို “အခြားအရာတွေ အားလုံးထက် မင်းအနေနဲ့ မမေ့ထားရမယ့်အရာက ဘုရား သခင်ရဲ့ကျေးဇူးတော် ပလ္လင်ကိုဝင်ခွင့်အမြဲရှိတယ်ဆိုတဲ့အချက်ပါဘဲ” ဟူ၍ ဝိညာဉ်တိုက်ပွဲ၌ အလိုအပ်ဆုံးသော အချက်ကို သတိပေးပြောပြခဲ့သည်။


စုံစမ်းခြင်းများ

စုံစမ်းခြင်းများသည် သာသနာပြုလုပ်ငန်းတွင် တစိတ်တဒေသမှ အမြဲပါနေသောအရာ ဖြစ်သည်။ ထိုစုံ စမ်းခြင်းများကို မီးထွန်းပြီးရှာရန်မဟုတ်သော်လည်း၊ ရင်ဆိုင်ကြုံတွေ့လာသောအခါတွင် အံ့ဩစရာအကြောင်း မရှိသင့်ပေ (၂ကော၊ ၆း၃-၁ဝ)။ ၄င်းတို့ကို အုပ်စုသုံးစု ခွဲနိုင်ပါသည်။ အုပ်စုကို ကျွန်ုပ်တို့ လူဖြစ်လာသည်နှင့် အမျှ ကြုံတွေ့နေရသည့်၊ နာကျင် ခြင်းများ၊ မတော်တဆထိခိုက်မှုများ၊ ဝမ်းနည်းပူဆွေးမှုများကို ဘုရားသခင်၏ အစေခံများလည်း တွေ့ကြုံကြရပါသည်။ ဘုရားသခင်သည် ထိုကဲ့သို့သောအခြေအနေများကို အသုံးပြု၍ သူ၏ ကျွန်များကို အခြားသူများအား နှစ်သိမ့်မှုပေးနိုင်ရန်အတွက် ပုံသွင်းတော်မူသည်။ မာတင်လူသာက စုံစမ်းနှောက် ခြင်းများသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပေးတော်မူသော အကောင်းဆုံးသင်ခန်းစာများဖြစ်သည်ဟု ကြွေး ကျော်ခဲ့ဖူးသည်။ ဒုတိယအုပ်စုမှာ လူပေါင်းစွာက ကျွန်ုပ်တို့ကို အလွန်အကျွန် အထင်ကြီးခြင်းကြောင့် သို့မဟုတ် မှားယွင်းစွာ စွတ်စွဲခြင်းကြောင့် သို့မဟုတ် နားလည်မှုလွဲမှားခြင်းတို့ကြောင့် ဖိဆီးမှုများတစ်ဆပြီးတစ်ဆ ပိုပိုများ ပြီး အဆုံးမသတ်နိုင်တော့မည့်အလား စိတ်ရောကိုယ်ပါမောပန်းလာပြီး အလွန်အကျွံ ကျွန်ုပ်တို့ခံစားရသော စုံစမ်း ခြင်းမျိုး ဖြစ်သည်။ တတိယအုပ်စုမှာ အလုပ်အရမ်းများသည့်အတွက် ကျွန်ုပ်တို့ခံစားရသည့် အခက်အခဲများ ဖြစ် သည်။ လူအမျိုးမျိုးနှင့် ကျွန်ုပ်တို့ဆက်ဆံရသည်။ အလုပ်အတွက် အချိန်များအနားတမ်းသတ်မှတ်၍ လုပ်ဆောင် ရသည်။ အသင်းသူအသင်းသားများအားလုံးကို တန်းတူညီမျှ ဆက်ဆံပေါင်းသင်းနိုင်ရန်အတွက် အလိုက်သင့် သီး သန့်နေရခြင်းကြောင့် အထီးကျန်စံသည့် သဘောများလည်း ပေါ်လာတတ်သည်။ ခေါင်းဆောင်နေရခြင်း၏ ဝန် ထုတ်ဝန်ပိုးသည်လည်း တဖြည်းဖြည်း လေးလံလာသည်။ ယုံကြည်စိတ်ချရအောင်လည်း အစွမ်းကုန် မိမိကိုယ်ကို မိမိ ထိန်းသိမ်းနေရသည်စသည်ဖြင့် နောက်ဆုံးမိမိကိုယ်ကိုပင် ငြင်းပါယ်ရင်းနှင့် ဘဝမှာအလွန်ပင် ခက်ထန်လှပေ သည်။

သာသနာလုပ်ငန်း၌ မည်မျှခက်ခဲမှုများရှိလိမ့်မည်ကို ကြိုတင်သုံးသပ်၍ ပြင်ဆင်ထားသောသူ ရှိပါသော် လည်း အနည်းစုသာ ဖြစ်ပါလိမ့်မည်။ သာသနာပြုလုပ်ငန်းနှင့်ပတ်သက်၍ ဂျွန်နူတွန်ဆိုသူက “သာသနာလုပ်ငန်း ဆိုတာက တမန်တော်ယောဟန်စားခဲ့ရတဲ့ စာအုပ်လိုပါဘဲ၊ ခါးပေမယ့်ချိုတဲ့အရသာတော့ ရှိတယ်။ အစပိုင်းမှာ ချိုတဲ့အရသာကို ကျွန်တော်တို့ အရင်မြည်းစမ်းခွင့်ရပေမယ့်၊ ဘယ်တော့မှ နောက်မလှည့်တော့ဘဲ အဆုံးထိတိုင် သစ္စာရှိသွားမယ်ဆိုရင်တော့ ခါးသက်သက် အရသာတွေကို ကျွန်တာ်တို့သိလာရမှပါဘဲ”ဟူ၍ ဆိုခဲ့ဖူးပါသည်။ ဘုရားသခင်ရဲ့အစီစဉ်ထဲမှာ ဘယ်စုံစမ်းခြင်းကိုမဆို အချည်းနှီးမဖြစ်စေပါဘူး။ ဝိညာဉ်ကျေးဇူးတရားများ ဖြစ်ကြ သည့် သန့်ရှင်းခြင်း၊ နားလည်နိုင်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်းနှင့် ရိုးသားဖြူစင်သော ချစ်ခြင်း တို့သည် ကျွန်ုပ်တို့ ရင်ဆိုင်နေ ရသော စုံစမ်းခြင်းများ၏ နောက်ကွယ်တဘက်၌ ရှိနေကြပါသည် (၂ကော၊ ၆း၆)။ အမှုတော်ဆောင်လုပ်ငန်း၌ အခက်အခဲဆုံး စုံစမ်းခြင်းခံရသည့်အချိန်မှာ ကျွန်ုပ်တို့၏မိသားစုနှင့်ပတ်သက်၍ ဆုံး ဖြတ်ရတော့မည့် အချိန်အခါမျိုးတွင် ဖြစ်သည်။ ရင်ဆိုင်ကျော်ဖြတ်ရမယ့်အခက်အခဲတွေကို ကျွန်တော်တို့ကိုယ် တိုင် ခါးစည်းခံနိုင်သည်ဆိုသော်လည်း ကျွန်ုပ်တို့ချစ်သောသူတို့အတွက်မူ ကျွန်ုပ်တို့ ချီတုန်ချီချ ဖြစ်နေတတ်ပါ သည်။ ၄င်းတို့ကို ကျွန်ုပ်တို့မခံစားစေလိုကြပေ။ ကျွန်ုပ်တို့မိသားစု ကောင်းမွန်စွာနေထိုင်နိုင်ရေးနှင့် ဘုရားသခင်၏ လူများ ကောင်းမွန်စွာနေထိုင်နိုင်ရေးတို့သည် ဘုရားသခင်၏ အလိုတော်နှင့် လွဲမည် မဟုတ်ဟု ထင်မှတ်ခြင်းသည် လက်ခံထိုက်သော သုံးသပ်ချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက်သာမက၊ ကျွန်ုပ်တို့၏မိသားစုအတွက် အလွန် ကြီး မားသည့် ပေးဆပ်မှုတစ်ခုကို ပြုရတော့မည့် အခြေအနေမျိုးရှိခဲ့လျှင်ပင် ဘုရားသခင်၏ သစ္စာရှိမှုအပေါ် သံသယ မရှိဘဲ အလိုတော်အတိုင်း အသက်ရှင်သွားရမည့်အချိန်များလည်းရှိပါသည်။ ဘုရားသခင်သည် ဘယ်သောအခါ မျှ ကျွန်ုပ်တို့အပေါ် အဘယ်ကြွေးမျှတင်မည်မဟုတ်။ သာသနာပြုခြင်း၌ ကြုံတွေ့ရသည့် စုံစမ်းခြင်းများကို ကျော် လွှားနိုင်ရန်အတွက် စိတ်ရှည်ခြင်းနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းဆိုသည့် မွန်မြတ်သောသဘောတို့ကို လိုအပ် ပါသည်။ စစ်သားတစ်ယောက်ကဲ့သို့ အခက်အခဲများကို ဖြတ်ကျော်ရင်း၊ လယ်သမားတစ်ဦးကဲ့သို့ စိတ်ရှည် သည်းခံမျှော်လင့်လျက်၊ အားကစားသမားတစ်ဦးကဲ့သို့ မိမိကိုယ်ကို ထိန်းချုပ်နိုင်သောသူဖြစ်ရန် လိုအပ်ပါသည် (၂တိ၊ ၂း၅၊၆)။ အချို့သောသူများကွ စိတ်ရှည်သည်းခံခြင်းတို့ကို လက်လွှတ်လိုက်ကြသည်ရှိစေအုံး၊ ကျွန်ုပ်တို့က တော့ လုံးဝမလွတ်စတမ်း ဆွဲကိုင်ထားရပ်တည်နေရမည် (၁သက်၊ ၅း၁၄)။ ယုံကြည်သူအများစုတို့သည် အသစ် ပြောင်းလဲခြင်းဆိုသည်ကို အရိုးခံအတိုင်း မနှစ်သက်တတ်ကြပေ။ ဤအတွက်ကြောင့် ကျွန်ုပ်တို့သည် စိတ်ရှည် သည်းခံခြင်းနှင့်အတူ ထုံးတမ်းစဉ်လာများအတိုင်းမဟုတ်ဘဲ သမ္မာကျမ်းစာ၌ သွန်သင်ပေးထားသည့်အတိုင်း နောင်လာနောက်သားများအတွက် ရည်ရွယ်၍ သင်ကြားပို့ချရပေမည်။ ကောက်ရိုးမီးတောက်သဘောသာ အမှု တော်မြတ်၌ပါဝင်ခြင်းထက် ရေရှည်စီမံကိန်းအားဖြင့် အမှုတော်မြတ်၌ လုပ်ဆောင်ခြင်း၏အားသာချက်မှာ နှုတ်ကပတ်တော်တရား အမှန်တကယ် စိုက်ပျိုးမျိုးစေ့ကျ၍ ဘုရားသခင်၏အလိုတော်အတိုင်း ပြောင်းလဲခြင်း များ၊ တိုးပွားခြင်းများစသည့်အသီးအပွင့်များ သီးပွင့်စေရန် စိတ်ရှည်ခြင်းခံခြင်းသဘောကို လမ်းဖွင့်ပေးသည့် အချက် ဖြစ်ပါသည်။


ပျင်းရိခြင်း

ကျွန်ုပ်တို့ကို အန္တာရာယ်ပေးနိုင်သည့်အရာတိုင်းသည် အခက်အခဲများဖြင့် အမြဲလိုဒွန်တွဲ၍ ရှိနေတတ် သည်။ သို့သော် ပျင်းရိခြင်းကို ပထမဆုံးအနေနှင့် ကျွန်ုပ် ဖော်ပြရခြင်းမှာ ပျင်းရိခြင်းသည် အန္တာရာယ်ပေးနိုင်သည့် အရာဖြစ်သည်ဟု ဆိုလိုခြင်းထက်၊ ပျင်းရိခြင်းသဘောကို ရှောင်လွဲမျက်ကွယ်ပြုပါက ရူးနမ်းရာဖြစ်သွားလိမ့် မည်ဟူသည့်သဘောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏အလုပ်အများစုပိုင်းသည် လူမမြင်သည့်အရာများ ဖြစ်ကြ သည်။ သီးသန့် ဆုတောင်းအချိန်ယူခြင်း၊ နှုတ်ကပတ်တော်အတွက် ပြင်ဆင်ခြင်းနှင့် သင်းသူ သင်းသားများအိမ်သို့ အလယ်အပတ်သွားခြင်း စသည်တို့ဖြစ်သည်။ တစ်နေ့တွင် မည်သည့်အချိန်တွင်အလုပ်စ၍၊ မည်သည့်အလုပ် အ တွက် မည်မျှသောအချိန်ကို ပေးရမည်ဟူ၍ ကျွန်ုပ်တို့ကိုယ်တိုင် သတ်မှတ်ကြသည်။ ပျင်းရိခြင်းနှင့် သတ်မှတ် ထားသော အချိန်အတိုင်း မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းတို့သည် ကျွန်ုပ်တို့အပေါ် လူများ၏ ယုံကြည်ကိုးစားမှုကို ပျက်ဆီးစေပါသည်။ ကျွန်ုပ်တို့အားလုံးသည် ရုံးဝန်ထမ်းများကဲ့သို့ အချိန်မှန်မှန် ရုံးတတ်သောသူများ ဖြစ်သည့် နည်း၊ ဆရာဝန်တစ်ဦးကဲ့သို့ နာမကျန်းသောသူများကို လှည့်လည်ပြုစုစောင့်ရှောက်ရန်အတွက် အချိန်စာရင်းကို လည်း စနစ်တကျရေးဆွဲထားရပါမည်။ သူ၏မိတ်ဆွေတစ်ဦးထံပို့လိုက်သော ပိုစ့်ကတ်၌ဒေါက်တာအလက်ဂျန်း ဒါးဝိုက်ဆိုသူက အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

“မည်သည့်အရာကမျှ သင်းအုပ်ဆရာဝတ်ကို မဖျက်ဆီးစေပါအံ့။ ယိုယွင်းပျက်ဆီးသော သင်းအုပ်ဆရာ ဆိုသည့်အရာတွင် ခရစ်တော်၏အသွေးတော်အားဖြင့် ကျွန်ုပ်၏အတွင်းစိတ်၌ ငြိမ်သက်ခြင်းကိုမပေး။ ဖိတ်ကြားခံ ခြင်း အလုံးစုံနဲ့ အခွင့်အရေးအလုံးစုံတို့ကို အသင်းသူအသင်းသားမျာ၏ အိမ်ထောင်မိသားစု ကောင်းရာကောင်း ကျိုးအတွက် အစဉ်အလေးထားစဉ်းစားပေးပါ” (GE. Barbour: Alexander Whhyte, odder and Stoughton ́p. 528)


စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျခြင်းဟူသည် သိမ်မွေ့ သည့်သဘောရှိသော်လည်း ကြောက်စရာအကောင်းဆုံး ဖြစ်သည်။ လူပေါင်းမြောက်များစွာဖြင့် ကျွန်ုပ်တို့ ပေါင်းသင်းဆက်ဆံရသည့်အတွက် ၄င်းတို့၏ဝိညာဉ်ရေးရာကြီးထွားမှုက ကျွန်ုပ်တို့ကို အတိုင်းထက်လွန်သော ဝမ်းမြောက်ခြင်းကို ပေးစွမ်းနိုင်သည့်နည်းတူ၊ ၄င်းတို့၏ ရှုံးနှိမ့်ခြင်းတို့က ကျွန်ုပ်တို့ကို အလွန်အကျွံ ဝမ်းနည်းမှုကို ဆောင်ကျဉ်းပေးနိုင်ပါသည်။ ကျွန်ုပ်တို့အား အကြီးမားဆုံးသော ဝမ်း မြောက်ခြင်းကိုပေးသောသူများသည် ကျွန်ုပ်တို့အား ဝမ်းနည်းမှုဆုံးသောသူများလည်း ဖြစ်နိုင်ပါသည်။ ရှင်ပေါလု ကိုယ်တိုင်ကလည်း “ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏’ (၁သက်၊ ၃း၈)ဟူ၍ ရေးသားနိုင်ခဲ့သည်။ ဤအချက်နှင့် ဆန့်ကျင် လက်အခြေအနေကိုလည်း ရှင်ပေါလု သိရှိထားပါ သည်။ ဘုရားသခင်၏လူများ၌ ကျွန်ုပ်တို့၏ နေ့ရက်များကို ချိုမြိန်စေသောသူများ ရှိနိုင်သည် နည်းတူ၊ ခါးသီး စေနိုင်သော သူများရှိကြသည်ဖြစ်၍၊ ကျွန်ုပ်တို့ကို အားတက်စေသောသူရှိသကဲ့သို့ ကျွန်ုပ်တို့ကို အနက်ဆုံးသော ဝမ်းနည်း ခြင်းတွင်းထဲသို့ တွန်းပို့သောသူတို့လည်း ရှိပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကဲ့သို့ ဤကမ္ဘာလောကတွင် အဘယ်သူမျှ ခံစားကြရလိမ့်မည် မဟုတ်ဟု ထင်ရလောက်အောင် ခံစားနေရပြီး၊ ဟိုးအဝေးဆုံးသော နေရာများ စီသို့ ထွက်ပြေးသွားချင် စိတ်များပေါ်လာသည်အထိပင် အခြေအနေအရပ်ရပ်မှာ ခက်ခဲလွန်းလှပါသည်။ ကျွန်ုပ် ဘက်မှ သစ္စာရှိရှိဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းကို စေ့စေ့မြေ့မြေ့နားထောင်ကြသည်ဆိုသော်လည်း နောက်ဆုံး တွင် သမ္မာတရားလမ်းမှ လွဲသွားကြသောသူများလည်း ရှိနိုင်ပါသည်။ ရှင်ပေါလုကပင် ဂလာတိအသင်းတော်စီသို့ “ယခုမူကား၊ ငါသည် သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သလော” (ဂလာတိ၊ ၄း ၁၆ )ဟူ၍ပင် ရေးသားရသည့်အဆင့်ထိရှိခဲ့သည်။ တပည့်တော်ဖြစ်ခြင်းအတွက် ပေးဆပ်ရမည့်အရာများမှာ အလွန် ကြီးမားပါသည်ဟုဆို၍ နောက်လှည့်သွားကြသောသူများအတွက် ကျွန်ုပ်တို့သည် အမှန်ပင် ခံစားကြ ရပါသည်။


ဝေဖန်မှုများကြောင့် ယိမ်းယိုင်လွယ်ခြင်း

ဝေဖန်မှုများအပေါ် ယိမ်းယိုင်လွယ်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း ပေါ်ပေါက်လာတတ်သည်။ အသင်း တစ်သင်း ကောင်းမွန်စွာကစားနေနိုင်ပါလျှင် အားလုံးက အသင်းကိုအားပေးထောက်ခံကြသည်။ တစ်ခုခု လွဲမှား ရှုံးနိမ့်သွားပြီဆိုသည်နှင့် ထိုအသင်း၏အသင်းခေါင်းဆောင် သို့မဟုတ် နည်းပြကို ခေါင်းပုံချကြတော့သည်။ အ ခြားသူများနှင့်မတူဘဲ ကျွန်ုပ်တို့ကိုသာ၍ အခြားလူများက ဝေဖန်မှုများပြုလိုကြသည်မှာ ရှောင်လွဲမရသော အခြေ အနေတစ်ရပ်ဖြစ်သည်။ အနည်းငယ်သောဝေဖန်မှုလေးကြောင့် အသင်းတော်တစ်ခုလုံး ကျွန်ုပ်တို့၏ ဦးဆောင်မှု အောက်မှ လမ်းလွဲကြပြီး ကျွန်ုပ်တို့သည်လည်း ဟန်ချက်ညီအောင် မနည်းပြန်ထိန်းရသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ ဝေဖန်မှုများ အသံကျယ်လာလေလေ ကျွန်ုပ်တို့ကို ကျွန်တော်တို့ ယုံကြည်မှုသည်လည်း နည်းလေ လေဖြစ်ကာ ရှုံးနှိမ့်ခြင်း၊ အောင်မြင်မှုကင်းခြင်းစသည့်အငွေ့အသက်များကို စတင်ခံစားလာကြရသည်။

“အမေရိကန်နိုင်ငံရှိ မတ်သိုဒိင့်အဖွဲ့အစည်းရှိ သင်းအုပ်ဆရာ အယောက် ၃ဝဝ တွင် အားလုံးသည် ၄င်းတို့ လုပ်ငန်း၌ပျော်ရွှင်ကြပါသော်လည်း၊ အများစုမှာ သံသယစိတ်နှင့်အထီးကျန်ဆန်သော စိတ်တို့၏ တိုက် ခိုက်မှုအောက်မှာ အလူးအလဲခံစားနေကြရသည်။” (Scoolish Baptis, October, 1987)

သံသယဆိုသည်မှာ ရှုပ်ထွေးခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့၏ အမြစ်တည်ရာဖြစ်သည်။ မည်ကဲ့သို့သော စိတ် ပျက်ဝမ်းနည်းခြင်းများ ကျွန်ုပ်တို့ကြုံတွေ့ နေရပါစေ၊ ဆာလံ ၄၂ နှင့် ၄၃ တွင် ဒါဝိဒ်မင်းကြီးက မိမိကိုယ်ကို မေးခွန်းမေးခဲ့သည့်နည်းတူ ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ကို ပြန်လည် မေးတတ်ရန် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့ သင်ကြားပေးသော နှုတ်ကပတ်တော်သမ္မာတရားလမ်းမှ လမ်းလွှဲသွားသောသူများရှိခဲ့ပါလျှင်၊ ၄င်းတို့အ ပေါ် မေတ္တာအမှန်ရှိသည်ဆိုအုံးတော့၊ ၄င်းတို့ပြန်လည်၍ ကျွန်ုပ်တို့နှင့် ပူးပေါင်းနိုင်ရန်အတွက် နှုတ်ကပတ်တော် အကုန်အစင်ကို မပြောတော့ဘဲ၊ ၄င်းတို့ ကြိုက်နှစ်သက်ရာများကိုသာ ၄င်းတို့နှင့်ရော၍ ပြောရမည်ဟု မဆိုလိုပေ။ ၄င်းတို့အား ကျွန်ုပ်တို့ ပြောဆိုခဲ့သောအရာများသည် သမ္မာတရားဖြစ်သည်ကို သိလာစေရန်အတွက် ဝိညာ်ဘုရား အပေါ် ကျွန်ုပ်တို့ လုံးဝမှီခိုရမည်ဖြစ်သည် (၂ကော၊ ၄း၂)။ အကယ်၍ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ သံသ ရှိနေလျှင် သို့ မဟုတ် ရှုံးနိမ့်မည်ဟု စိုးရိမ်နေလျှင်၊ “ကျွန်ုပ်တို့ လုပ်ဆောင်နေသောအမှုတော်မြတ်သည် ဘုရားသခင်၏ ဂရုဏာ တော်အားဖြင့် ဖြစ်သည်ဟု မိမိကိုယ်ကို ပြန်လည်သတိပေးရမည် (၂ကော၊ ၄း၁)။ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ ရွေးချယ်သည်မဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင်က ရွေးချယ်ခွဲခန့်ထားခြင်းဖြစ်သည်။ ဘုရားသခင်၏ ခွဲခန့်ထား ခြင်း ဖြစ်သည်ဟူသည့် စိတ်ချမှုနှင့်အတူ ကျွန်ုပ်တို့အား ဘုရားသခင်ပေးအပ်ထားသည့် ဝိညာဉ်ဆုကျေးဇူးများကို သာ၍ တောက်လောင်လာစေရန် မီးထိုးပေးရမည် (၂တိ၊ ၁း၆)။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြောက်ရွံ့ တက်သော စိတ်ဝိညာဉ်ကို ပေးထားခြင်းမဟုတ်ကြောင်းကို သိမှတ်လျက် တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်း သော စိတ်သဘောကို ပေးထားသည်ဟူ၍ အသက်ရှင်ပါ (၂တိ၊ ၁း၇)။ အကယ်၍ ဝေဖန်မှုများသည် မှန်ကန်နေ သည်ဆိုလျှင်၊ ထိုဝေဖန်မှုများကို ဘုရားသခင်၏ ဆုံးမခြင်းအဖြစ်ခံယူ၍ ပြန်လည်ပြုပြင်ရန် ဖြစ်သည်။ အကယ် ၍ ဝေဖန်သူများသည် မမှန်မကန် ဝေဖန်ခဲ့ကြသည်ဆိုလျှင် ၄င်းတို့ကို ကယ်တင်ရှင်ကိုယ်တိုင် ပြုခဲ့သည့် နည်းတူ ဘုရားသခင်လက်တော်ထဲ၌ အပ်နှံလိုက်ပါ (၁ပေ၊ ၂း၂၁-၂၃)။ ထိုကဲ့သို့သော အခြေအနေများအတွက် ယေရှုခရစ် တော်၏ ခြေရာတော်အတိုင်း လိုက်လျှောက်ခွင့်ရသည်ဟုမှတ်ယူရင်း ဘုရားသခင်ထံပါး ကျေးဇူးတော် ချီးမွမ်း လိုက်ပါ (၁ကော၊ ၄း၁-၅)။ ကိုယ်တော်ဘုရား၌ သင်သည်မှန်ကန်၍၊ သင်၏စိတ်နှလုံး၌ ကြည်လင်နေ လျှင်၊ အခြား အပြင်ပိုင်းအရာများအားလုံးကို ဘုရားတာဝန်ထားလိုက်ပါ။


အခြားသူများ၏ ပြဿနာများတွင် အလွန်အကျွံ ပါဝင်မိသောကြောင့် ဖိအားများလာခြင်း

နေ့စဉ်နှင့်အမျှ ပြဿနာပေါင်းများစွာရင်ဆိုင်နေရသောသူများနှင့် ကျွန်ုပ်တို့သည် ဆက်ဆံနေရသည့် အ တွက် ကျွန်ုပ်တို့၏စိတ်နှလုံးသားသည်လည်း ပြဿနာများနှင့်ယှဉ်သောအရာများသာ ညိုဆွဲလာတတ်ရာ၊ ကျွန်ုပ် တို့၏ နှုတ်ကပတ်တော်ဟောပြောခြင်းနှင့် သင်ကြားပေးခြင်းတို့သည်လည်း နှုတ်ကပတ်တော်အား အရှိကို အရှိ အတိုင်း သို့မဟုတ် အစီစဉ်တကျ မဟုတ်တော့ဘဲ ပြဿနာအပေါ်၌သာ ဗဟိုပြုသော တရားဟောချက်များ ဖြစ်လာနိုင်ပါသည်။ အကယ်စင်စစ် နှုတ်ကပတ်တော်ကို အခြားမည်သည့်အရာမျှ မရည်ရွယ်ဘဲ အရှိကိုအရှိအ တိုင်း ဟောပြောလိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့ပင် သတိမထားမိလိုက်ဘဲ အသင်းသူအသင်းသားများ၏ ပြဿနာ များကို ဖြေရှင်းပေးနိုင်သည့် တန်ခိုးစွမ်းအားသည် နှုတ်ကပတ်တော်၌ ရှိနေနှင့်ပြီးဖြစ်သည်။ ၄င်းတို့၏ ပြဿနာ အခက်အခဲများကို သိထားခြင်းသည်လည်း နှုတ်ကပတ်တော်အတိုင်း မည်သို့ဖြစ်သည်၊ မည်သို့ပြုလုပ်ရမည် ဆိုသည်ကို နှုတ်ကပတ်တော်၌ရှိသည့်အတိုင်း ဟောပြောနိုင်သောအခွင့်ထူးကို ရရှိစေပါသည်။ တစ်ဘက်တွင် လည်း တစ်စုံတစ်ဦး၏ပြဿနာကိုသာ မီးမှောင်းထိုးရှာ၍ ထိုသူအတွက် တရားဒေသနာကို ပြင်ဆင်၍ တိုက်ခိုက်ရ မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ၄င်းတို့အတွက် ကျွန်ုပ်တို့ပေးနိုင်သော အကောင်းဆုံးအဖြေမှာ ၄င်းတို့အား သခင် ခရစ်တော်ကို ထင်ရှားစွာတွေ့မြင်စေ၍၊ ကိုယ်တော်ရှင် ကူညီဆောင်ပေးသောအရာများကို ရိုးရှင်းစွာ ပြောပြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းပေးရသည့် ပြဿနာအများစု၏ လွှမ်းမိုးမှုများသည် ညအိပ်ရာဝင်ချိန်များ အထိပင် ကျွန်ုပ်တို့၏စိတ်ထဲတွင် ဆွဲထင်ကျန်နေတတ်ပါသည်။ အသင်းသူအသင်းသားတို့၏ ပြဿနာအချို့ အတွက် ကျွန်ုပ်တို့ ရိုးသားစွာမျက်ရည်ကျရသည့် အချိန်များလည်းရှိနိုင်ပါသည်။ ၄င်းတို့၏ အခြေအနေများ အ တွက် မည်သို့နည်းနှင့်မျှ ကျွန်ုပ်တို့ခေါက်ထား၍မရသော အခြေအနေမျိုးလည်း ရှိပါသည်။ ရှင်ပေါလုသည် လည်း အသင်းသူအသင်းသားများ၏ဖိအားများ သူ့အပေါ်မည်မျှသက်ရောက်မှုရှိသည်ကို ကောင်းစွာနားလည်ထားသည့် အတွက် “ထိုအမှုမှတပါး အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့် ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ်နှောင့်ရှက် ခြင်းကို ငါခံရ၏။ ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း’ဟူ၍ ရေးသားခဲ့သည် (၂ကော၊ ၁၁း၂၈-၂၉)။ အခြား သူများ၏ ပြဿနာများကို ကျွန်ုပ်တို့ ဂရုစိုက်မျှဝေတိုင်ပင်ပေးရာတွင်၊ ၄င်းတို့၏ပြဿနာများအား ဘုရားသခင် လက် တော်ထဲသို့ လုံးလုံးလျားလျား ပြန်လည်အပ်နှံသောသူများ ဖြစ်ရန်အတွက် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ ဆင်ခြင်ရန် အလွန်အရေးကြီးပါသည်။ အခြားသူများကို ကျွန်ုပ်တို့ကူညီပေးရင်း ကျွန်ုပ်တို့သည်လည်း စိတ်ပိုင်း ဆိုင်ရာ သဘောအရ ၄င်းတို့နှင့်အတူ ၄င်းတို့ရင်ဆိုင်နေရသော ပြဿနာများထဲ ရောပါသွားနိုင်သည့် အန္တရာယ် များလည်း ရှိပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့နှင့် ဆန့်ကျင်ဘက်လိင်များနှင့် တိုင်ပင်ဆွေးနွေးပေးခြင်းများ ပြုလုပ် သည့် အခါတွင် ထိုကဲ့သို့သော ပြဿနာများကို တွေ့မြင်တတ်ပါသည်။ ထိုနည်းလည်းကောင်းပင် အခြားသူများ ရင်ဆိုင်ကြုံတွေ့ နေရသည့် စုံစမ်းနှောက်ယှက်ခြင်းများကို ဖြေရှင်းပေးနေရင်းဖြင့် ဓမ္မသစ်ကျမ်း၌ ဖော်ပြထား သည့် အတိုင်း “ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသော ဒုစရိုက်ကို ပြုမိလျင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသော သင်တို့သည် အပြစ်သွေး ဆောင်ခြင်းနှင့် ကိုယ်တိုင် လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူး ညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့” (ဂလာတိ၊ ၆း ၁) သတိဖြင့် ဆင်ခြင်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် မကြားချင်၊ မမြင်ချင်သော အပြစ်ကျူးလွန်ခြင်းနှင့် ယှဉ်သော စုံစမ်းနှောက်ခြင်းများကို ကျွန်ုပ်တို့အား လာ၍အသိပေး၊ ကြားသိမြင်စေတတ်ကြရာ၊ ထိုအရာများကို အသုံးပြု၍ စာတန်မာန်နတ်သည် ကျွန်ုပ်တို့ကို ပျက်ဆီးဆုံးရှုံးသို့ရောက်စေရန်အတွက် ထပ်ဆင့် ဖြားယောင်းသွေး ဆောင်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် ထိုကဲ့သို့လာရောက်ကြ၍ ၄င်းတို့၏အခြေအနေအရပ်ရပ်ကို တိုင်ပင် ပြောဆိုရာ၌ မည်သည့်အကျိုးကျေးဇူးမျှမရှိသော အခြေအနေမျိုးရှိလာပါက ကန့်သတ်ချက်များလည်း အသေ အချာ သတ်မှတ်ထားသင့်ပါသည်။

ဖိအားများသည် ပုံစံအမျိုးမျိုးဖြင့် လာတတ်ကြသည်။ အစပိုင်းကတည်းက ငွေကြေးနှင့်ပတ်သက်သည့် ဖိအားများအကြောင်းကို ကျွန်ုပ်တို့ဖော်ပြထားခဲ့ပြီးသည့်အတိုင်း အသင်းတော်၌ သင်းအုပ်ဆရာကို ထောက်ပံ့ နိုင်ခြင်းမရှိသည့် အခြေအနေများတွင် အထူးသဖြင့် အခက်အခဲများ ရှိတတ်ပါသည်။ အသင်းတော်မှ ထောက်ပံ့ နိုင်ခြင်း မရှိပါက ရှင်ပေါလုပြုလုပ်ခဲ့သည့် ရွက်ဖြင်တဲထိုးစနစ်ဖြစ်သည့် ကိုယ်တတ်စွမ်းရာအပိုင်းမှ ဝင်ငွေရှာခြင်း သည်လည်း လုပ်ဆောင်အပ်သောအရာ ဖြစ်သည်။ ဤသို့ပြုလုပ်ရာတွင် ငွေနောက်လိုက်သည့် သဘောမဟုတ်ဘဲ အသင်းတော်အား ဝန်ထုပ်မပေးလို၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေခြင်းမျိုးဖြစ်ပါသည်။ ကျွန်ုပ်တို့ လုပ်ဆောင် နေသောအလုပ်အရ လူများစွာနှင့်ဆက်ဆံနေရသည့်အတွက် လူများစွာက ကျွန်ုပ်တို့ကို ဖိအားပေးနိုင်ပါသည်။ တစ်ခါတစ်ရံ တစ်နေ့ကို ဆယ့်လေးနာရီကြာ၊ တစ်ပတ်လျှင် ခုနှစ်ရက်လုံးလုံး အလုပ်လုပ်နေရသည့် အချိန် များ လည်းရှိပါသည်။ ဖြေရှင်း၍မကုန်တော့မိ ပြဿနာများကြားကတစ်ဘက်၊ အပတ်စဉ်တိုင်းအတွက် တရားဟော ချက်များကို ပြင်ဆင်ရခြင်း စသည်ဖြင့် ဖိအားများစွာ အဆမတန်ခံစားရနိုင်ပါသည်။

အထူးသဖြင့် ကျွန်ုပ်တို့မိသားစုတွင် ဖိအားများနှင့် ရင်ဆိုင်ကြုံတွေ့ရလေတိုင်း ကျွန်ုပ်တို့ဘက်မှ သေချာ ဂရုစိုက်မှုမရှိပါက ကျွန်ုပ်တို့၏အမျိုး ကျွန်ုပ်တို့၏ အိပ်စက်ချိန်များကိုလည်း ထိခိုက်စေလာသည်။ ဖိအား၏ သမီး သည် ပထမဦးဆုံးခံစားရသောသူ ဖြစ်တတ်သည်။ ဖိအားများကြောင့် လွှမ်းမိုးမှုတို့ကြောင့် ကျွန်ုပ်တို့ တဖြည်း ဖြည်း မောပန်းလာနိုင်သည်။ ထို့ပြင် ကျွန်ုပ်တို့အလုပ်ကို ပိုမိုကြိုးစားလုပ်ကိုင်လာကြသည်။ သို့သော်လည်း အ လုပ်ပြီးသည်ဟူ၍မရှိ။ ပို၍ပို၍သာ မောပန်းလာရသည်။ အသင်းတော်အတွင်း အပြောင်းအလဲများနှင့်အတူ အ သင်းသူအသင်းသားများသည်လည်း စည်းစည်းလုံးလုံးရှိနေကြမည့်အစား၊ သွေးကွဲနေကြသည့် အခြေအနေမျိုး က ကျွန်ုပ်တို့ကို ဖိအားအများဆုံးပေးတတ်ပါသည်။ အချို့သောကိစ္စများအတွက် မည်သို့ကိုင်တွယ်မည်ဟူ၍ပင် စဉ်းစားချိန်မရှိလိုက်ဘဲ ဖြစ်ပျက်သွားသည့် အခြေအနေမျိုးနှင့်လည်း ကြုံတွေ့ကြရမည်သာ။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့မလုပ်ဆောင်နိုင်သည့်အရာများကို အသင်းသူအသင်းသားများက လုပ်ဆောင်ရန် တောင်းခံလာတော့ မည့် အခြေအနေမျိုးနှင့်လည်း ကြုံတွေ့နိုင်ပါသည်။ “ခေါင်းမီးတောက်သည်” ဆိုသည့်စကားလုံးသည် ဤသို့သော အခြေအနေအတွက် အမှန်ပင် ဖြစ်နေတော့သည် မဟုတ်ပါလား။

ဖိအားတစ်ခု၏ အတိုင်းအတာသည် ကျွန်ုပ်တို့အခြေအနေ၏ ဆိုးဝါးမှုကို ပြသနေသည်မဟုတ်။ ၄င်းမှာ လုပ်ငန်းတစ်ခု၏တန်ဖိုးကို ပြောပြနေခြင်းသာ ဖြစ်သည်။ သင်းအုပ်ဆရာများဖြစ်ကြသော ကျွန်ုပ်တို့ဘုရားသခင် ၏ လူများအတွက် ဘယ်သောအခါမျှ အရှုံးပေးရမည်မဟုတ်။ ကျွန်ုပ်တို့အနေနှင့် ခက်ခဲသောအရာများကို ခါး စည်းခံရမည်၊ သာ၍ခက်ခဲသော အခြေအနေများကို ခါးစည်းခံနိုင်ကြရမည် ဖြစ်သည်။ ဤသည်မှာ “ခရစ် တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့အလိုငှါ ငါကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏” (ကောလောသဲ၊ ၁း၂၄) ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့၏လုပ်ဆောင်ရမည့် အရာပင်ဖြစ်သည်။ သို့သော် အချို့သော ဖိအားများသည် ကျွန်ုပ်တို့ကြောင့် ဖြစ်တတ်သည့်အတွက် ဂရုတစိုက်ဆင်ခြင်သုံးသပ်ရန် လိုအပ်ပါသည်။ ဤကဲ့ သို့သော အခြေအနေများကို ဖြေရှင်းရန်အတွက် ကျွန်ုပ်တို့သည် ဆုတောင်းခြင်းနှင့်အတူ တိတ်ဆိတ်စွာ အချိန်ယူ ရင်း၊ ကျွန်ုပ်တို့ဦးစားပေးလုပ်ဆောင်ရမည့် အရာများကို စနစ်တကျ ရေးချထားပါမည်။ အကယ်၍ ကျွန်ုပ်တို့သည် အားလပ်ရက်များကို လျစ်လျူရှုနေခဲ့လျှင်ဆိုလျှင် ပြန်လည်၍အစားထိုးရပါမည်။ စပါးဂျွန်ကနက်ဆိုသည့် သူ တစ်ဦး၏ ပုံပြင်ကို “နက်ဆိုတဲ့သူတစ်ယောက်ဟာ သူ့ရဲ့ခြံနံဘေးမှာ ထင်းစိုက်ဖို့အတွက် တစ်ပုံတစ်ခေါင်းကြီး ရှိ တဲ့သူပေါ့။ အဲဒီထင်းတွေကို မီးစိုက်ဖို့ အဆင်ပြေရလေအောင် သူ့ရဲ့လွှနဲ့စပြီးတော့ ဖျက်တော့တာပါဘဲ။ တကယ် တော့ အလုပ်ကို ပြန်ပြန်ပြီးဖို့ဆိုရင်တော့ သူ့ရဲ့လူဟာ ပြန်သွေးဖို့ လိုနေခဲ့တယ်။ အဲဒါကို သူ့ရဲ့အိမ်နီးချင်း တစ် ယောက်က ကြည့်နေရင်းနဲ့ “နက်ရယ်၊ မင်းရဲ့အလုပ်ကို ခဏနားပြီးတော့ မင်းရဲ့လွှကို အခုပြန်သွေးလိုက်ပါလား၊ အဲဒါဆိုရင်တော့ အလုပ်က ပိုမြန်မှာပေါ့” ဟု အကြံပေးလိုက်တယ်။ နက်က ဘာပြန်ပြောလိုက်လဲဆိုတော့ “မင်း ငါအလုပ်လုပ်နေတာကို လာရှုပ်နေတာလား။ ငါမှာက လှသွေးဖို့ကို အချိန်အပေးနိုင်လောက်အောင် အလုပ်ရှုပ်နေ တာ မင်းမမြင်ဘူးလား”ဆိုပြီး ပြန်ပြောလိုက်တော့တယ်” ဟူ၍ ပြောခဲ့ဖူးသည်။ ကျွန်ုပ်တို့ သည်လည်း သာသနာ ပြု ညီလာခံများသို့ တက်ရောက်ရန်အတွက် မအားလောက်အောင်လည်း ဖြစ်နေနိုင်ပါသည်။ ထိုကဲ့သို့သော ညီလာခံ များသည် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသော အရာ များလည်း ဖြစ်ပါသည်။ ဤသို့သော အခြေအနေများနှင့် ပတ်သက်၍ အတိတ်ကို ကျွန်ုပ်ပြန်ကြည့်လေတိုင်း ယူ ကြုံးမရခဲ့သည့် အချက်နှစ်ချက်ရှိသည်။တစ်ချက်မှာ – တစ်နှစ်တွင် တစ်ခေါက်ပင် သာသနာပြုညီလာခံသို့ မတက် ရောက်ခဲ့ခြင်း၊ နှစ်အချက်- အားလပ်ရက် ပုံမှန်မယူခဲ့ခြင်းတို့ဖြစ်သည်။ နှစ်ပေါင်းသုံးဆယ်ကြာ သင်းအုပ် ဆရာအရာ၌ ထမ်းဆောင်ခဲ့ပြီးသည့်နောက် ဤနှစ်ချက်သည် ကျွန်ုပ်တို့၏အသင်းတော်အတွက် အားသစ်ကို သွန်း လောင်းပေးသည့် နည်းတူ၊ ကျွန်ုပ်ကိုယ်တိုင်အတွက်လည်း ခွန်အားသစ်ကို ရရှိစေပါသည်။


တခါတရံ ထွက်ပြေးတိမ်းရှောင်လိုစိတ်

အခြားသူများ၏ ခြံထဲရှိ ပျိုးပင်များသည် သာ၍ စိမ်းလန်းနေတတ်သည်ဟု တစ်ခါတစ်ရံ ခံစားရသည်မျိုး အမှုတော်လုပ်ငန်း၌ရှိတတ်ပါသည်။ သို့သော်လည်း ၄င်းတို့၏အခြေအနေ၊ ပေးဆပ်မှုများ၊ ပြဿနာများ စိတ်စိတ် ချခြင်းများကို ခံစား ရပါမည်ဆိုလျှင် ကျွန်ုပ်တို့ ၄င်းတို့၏ ဖြစ်တည် ခြင်းများကို အားကျချင်မှ အားကျပါလိမ့်မည်။ အလွန်ခက်ခဲသည့်ဖိအားများ ကျွန်ုပ်တို့အပေါ်ကျရောက်သည့်အချိန်များ၊ ဝမ်းနည်းခြင်းများကသာ လွှမ်းခြုံလာ သောအခါ ကျွန်ုပ်တို့လုပ်ချင်သည့် တစ်ခုတည်းသောအရာမှ အဝေးဆုံးသို့ ထွက်ပြေးသွားလိုစိတ် ဖြစ်သည်။ ကျွန်ုပ်ကိုယ်တိုင်လည်း တစ်နေရာရာသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများကို ပြုလုပ်ချင် ခဲ့သော်လည်း၊ ၄င်းတို့မှာ ကျွန်ုပ်အတွက် အဖြေမဟုတ်မှန်ကို သိခဲ့ရသည်။ အိုက်ဇက်ဝိုက်ဆိုသူက လူငယ် အမှုတော်ဆောင်တစ်ဦးနှင့်အတူ လက်တွဲအလုပ်လုပ်ခဲ့ဖူးရာ၊ ဆယ့်ရှစ်လကြာ အတူတကွလုပ်ဆောင်ပြီးသည့် နောက် ထိုလူငယ်လေးက ဝိုက်ထံ၌ အခြားပြောင်းရွှေ့ရန်အတွက်ပို့ခဲ့သည်ကို အောက်ပါအတိုင်း ပြန်စာရေးသားပေးခဲ့သည် – 

“စိတ်ဓာတ်ကျစရာ အကြောင်းတွေနဲ့ပြည့်နေတဲ့ မင်းပို့လိုက်တဲ့စာကို အခုဘဲ ဆရာရှေ့မှာထားပြီး ဖတ် နေမိတယ်။ ဖော်ပြပါအချက်တွေကို ကြည့်မယ်ဆိုရင်တော့ အကုန်လည်းမှန်တယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမယ့် ရေရှည်အတွက် စဉ်းစားပြီးတော့ မင်းကို ဆရာအကြံအချို့ပေးချင်တယ်။ ၁ − ဆောက်တန် တွန်မှာ မင်းအားဖြင့် ဘုရားသခင်ပြုခဲ့တဲ့ အံ့ဖွယ်အမှုတွေကို ပြန်ပြီးတော့ စဉ်းစားကြည့်ပါ။ ၂ – မင်းအား ဖြင့် ဘုရား သခင်က အချို့အချို့သော လူတွေရဲ့ အသက်တာမှာ အံ့ဖွယ်အမှုကိုပြုနေခဲ့ပြီ။ ဘာလို့ သူတို့ကို ယောက်က ပိုချစ်ပြီးလေးစားမှုပေးလို့လဲ။ ၄ – အဲဒီမြို့မှာ ဘယ်သူထားခဲ့ရမှာလဲ။ ၃ – မင်းထက် အသင်း တော်က ဆရာကို ဘယ်တစ်ယောက်က မင်းထက်ပိုပြီးတော့ ဘုရားသခင် အသုံးပြုလို့လဲ။ ၅ - တကယ် လို့ မင်းဒီကနေ ထွက်သွားမယ်ဆိုရင် ဘယ်ကိုသွားမှာလဲ။ ဒီနေရာထက် ပိုပြီး ဆိုးတဲ့နေရာကိုလည်း မင်း ရောက်သွားတာလည်း ဖြစ်နိုင်တယ်မဟုတ်လား။ ၆ – အခုအခြေအနေက မင်းကို ခွန်အားယုတ်သွားလေအောင် စာတန်ကမင်းကို ဖြားယောင်းသွေးဆောင်နေတာမျိုးကော မဟုတ်လောက်ဘူးလားဆိုတာ စဉ်းစားကြည့်ပါအုံး။ ၇ ကျွန်ုပ်တို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းဟာ လူတွေတွေးထင်တဲ့ အထင်အမြင်တွေနဲ့ ဖြစ် နိုင်ခြေတွေအပေါ်မှာမူ တည်မနေ ဘဲနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးအားဖြင့် ဖြစ်တယ်ဆိုတာကို သတိရ ပါ။ ဘုရားသခင်ကသာ အလုပ်လုပ် မယ်ဆိုရင် ဘယ်သူက တားနိုင်တော့မှာလဲ။ ဒီအချက်တွေကို သေသေချာချာ သုံးသပ်ကြည့်ပါ။ ဝမ်းမြောက် စရာအကြောင်းနဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်း တွေအတွက် မင်းရဲ့ အတွေးတွေကို အာရုံစိုက်လိုက်ပါ။ ကျေးဇူးတော်ချီးမွမ်းခြင်းအသက်တာဟာ ကျွန်ုပ် တို့၏ဝိညာဉ်ကို ခွန်အားပေးသည့်နည်းတူ အသစ်သောလုပ် ဆောင်မှုတွေကို ဖြစ်ပေါ်စေတယ်။”(D. Fountain: Isasc Watts Remembered, Henry E. Walter, p. 81)

ထိုသို့ဖြင့် လူငယ်လေးသည်လည်း ဝိုက်၏အကြံပေးခြင်းကို လက်ခံခဲ့ရာမှ သိသာထင်ရှားသော အောင်မြင်မှုများကိုတွေ့ရသည့်အပြင် စုံစမ်းနှောက်ရှက်ခြင်းတွေကိုလည်း အောင်မြင်ခဲ့သည်။ ကျွန်ုပ် အစဉ် လေး စားခဲ့သည့် သင်းအုပ်ဆရာတစ်ဦး ရှိခဲ့ပါသည်။ ထိုသင်းအုပ်ဆရာက ၄င်း၏အသက်တာ၌ ခုနှစ်နှစ်ကြာ အမှုတော် ဆောင်ခဲ့သည့်နောက်တွင် ၄င်းကြုံတွေ့ခဲ့သောအရာများကို ကျွန်ုပ်အားသက်သေခံခဲ့သည်။ ထိုခုနှစ် နှစ်အတွင်း အခြားတစ်နေရာသို့ ပြောင်းရွေ့ရမည့် အခြေအနေများစွာကို ကြုံတွေ့ခဲ့ရကြောင်း၊ အထူးသဖြင့် အသင်းတော် တွင် ပြဿနာများကို ကြုံတွေ့ခဲ့၍ ထွက်ပြေးတိမ်းရှောင်ချင်သော စိတ်များရှိခဲ့ကြောင်း၊ သို့သော်လည်း စိတ်ရှည် သည်းခံခြင်းနှင့်အတူ သစ္စာရှိစွာရပ်တည်ခဲ့ရာ ဘုရားသခင်၏အံ့ဖွယ်လက်ရာများကို မြင်တွေ့ခဲ့ရကြောင်း စသည် ဖြင့် သက်သေခံခဲ့ဖူးသည်။ ကြုံတွေ့နေရသည့် အခက်အခဲများသည် ဘုရားသခင်၏လူများကို စွန့်လွှတ်ရန် အ တွက် အကြောင်းပြချက်များ လုံးဝမဟုတ်သင့်ပေ။ အကယ်စင်စစ် ထိုအခက်အခဲများသည် အသင်းတော် အနေ နှင့် စောင့်ထိန်းကွယ်ကာပေးမည့် သင်းအုပ်ဆရာတစ်ဦး လိုအပ်ကြောင်းကို မီးမှောင်းထိုးပေးသည့် အရာများသာ ဖြစ်သည်။


မာန်မာနနှင့် ၄င်း၏ကြောက်စရာကောင်းသော အန္တာရာယ်များ 

သာသနာလုပ်ငန်း၌ ကျွန်ုပ်တို့ အစဉ်တစိုက်ဂရုစိုက်ရမည့် အခြားသောအန္တာရာယ်ပေးနိုင်သည့် အရာများ 

စွာ ရှိနေပါသေးသည်။ ၄င်းတို့အနက် ကြောက်စရာအကောင်းဆုံးမှာ မာန်မာနတရား ဖြစ်သည်။ အခြားသူများကို ဦးဆောင်အစေခံခြင်း၊ သို့မဟုတ် နှုတ်ကပတ်တော်သင်ကြားပေးခြင်းနှင့် တရားဒေသနာ ဝေငှခြင်းအမှုသည်ပင် လူကိုထင်ရှားစေသည့် လုပ်ငန်းဖြစ်ပါသည်။ ကျွန်ုပ်တို့အနေနှင့် အမှုတော်လုပ်ငန်းတွင် မှားယွင်းသော အတွေး အခေါ်များဖြင့် ကျော့ကွင်းမိက အလွယ်တကူ သာယာနေမိနိုင်သည်။ သတိမထားမိဘဲ ကျွန်ုပ်တို့သည် လူများ၏ အထင်ကြီးမှုအပေါ် သာယာနေမိရင်း၊ ကျွန်ုပ်တို့သည်လည်း အခြားသူများကဲ့သို့ပင်လျှင် သာမန်လူများ ဖြစ်သည် ကို မေ့လျော့ရင်းဖြင့် လူများ၏ ထောက်ခံမှုနှင့် အားပေးမှုများကိုသာ ရှာဖွေနေနိုင်သည်။ ဂျွန်နူးတွန်ဆိုသူက အမှု တော်မြတ်၌ ထင်ပေါ်ကျော်ခြင်းသည် ရေခဲပြင်ပေါ်တွင် လမ်းလျှောက်ခြင်းနှင့်တူသည်ဟု ပါမာနှိုင်းခဲ့ဖူးသည်။ ဘုရားသခင်၏ အမှုတော်မြတ်၌ ကျွန်ုပ်တို့အားလုံး အမှန်တကယ်အောင်မြင်ချင်ကြသော်လည်း၊ ထိုအောင်မြင် ခြင်းက ကျွန်ုပ်တို့ ဦးမော့စေသောအရာဖြစ်ကာ၊ နှိမ့်ချခြင်းတရားနှင့် သာ၍သာ၍ ဝေးသွားစေသည့် အရာမျိုး ဖြစ် နိုင်ပါသည်။ ဂျွန်တောတွန်ဆိုသူကလည်း ချာလ်းစီမုန်ဆိုသူအား အမှုတော်မြတ်၌ လိုအပ်သော အချက်သုံးချက်မှာ “၁၊ နှိမ့်ချခြင်း ၂၊ နှိမ့်ချခြင်း ၃၊ နှိမ့်ချခြင်း” ဟူ၍ အမှာစကားပြောခဲ့ဖူးသည်။ စီမုန်ကိုယ်တိုင်ကလည်း သူ၏ နေ့စဉ် မှတ်တမ်းစာအုပ်တွင် “ကိုယ့်အကြောင်းကို ဘယ်တော့မှ မပြောနဲ့” ဟူ၍ နှစ်ကြိမ်တိုင်တိုင် ရေးခဲ့ပါသည်။ ကျွန်ုပ် တို့အပါဝင်၊ အခြားသူများအား ကျွန်ုပ်တို့သည် “မြေအိုးသက်သက်” သာဖြစ်သည့်အကြောင်း ကျွန်ုပ်တို့အသက် တာ၌ တည်ဆောက်စရာရှိသမျှတို့သည် ဘုရားသခင်ထံမှ ဖြစ်ကြောင်းကို ဘယ်သောအခါမျှ မမေ့ရန် ပြောပြ သတိပေးနေရပါမည် (၂ကော၊ ၄း၇)။

တမန်တော်ရှင်ပေါလုသည်လည်း မြင့်မားသောစံချိန်စံနှုန်းများနှင့် ပုံဥပမာများကို သတ်မှတ်၍ အသက် တာရှင် ပုံဥပမာပြသခဲ့ပါသော်လည်း၊ သူသည် အပြစ်သားများအနက် အပြစ်အကြီးဆုံးသောသူ ဖြစ်သည့် အ ကြောင်းကို မေ့ထားခြင်းမရှိခဲ့ပေ (၁တိ၊ ၁း၁၅)။ ရှေ့သို့ဦးဆောင်နေရမည့်သူတစ်ယောက်အနေနှင့် အမြဲတမ်းလို လို အောင်မြင်သောသူတစ်ယောက် ဖြစ်နေစရာလိုအပ်သည်ဟု မထင်မှတ်သင့်ပေ။ ကျွန်ုပ်တို့သည်လည်း အခြား သော လူသားများကဲ့သို့ပင် မစုံလင်သောသူများဖြစ်ကြောင်း ရိုးသားစွာဖြင့် အခြားသူများနှင့် ဆက်ဆံ အသက်ရှင် ပါက ၄င်းတို့အတွက်လည်း ဖွင့်လင်းမှုရှိကာ၊သာ၍ အကျိုးကျေးဇူးများကို ရှိစေမည် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး အခြားသူများနှင့် အဆင့်အတန်း တစ်ခု တည်းထား၍ ရှင်ပေါလု ပြောခဲ့သည့် “ပေါလုကား အဘယ်သူနည်း။ အာ ပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရားသည် အသီးသီးတို့အား အခွင့်ပေးသနားတော် မူသည်နှင့် အညီ၊ သင်တို့ကို ယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။ ငါသည် စိုက်ပျိုးသောသူ ဖြစ် ၏။ အာပေါလုသည် ရေလောင်းသောသူ ဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား၊ ဘုရားသခင်ပေတည်း။ စိုက် ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေနိုင်သောဘုရားသခင်သာလျှင် တတ်နိုင် တော်မူ၏” (၁ကော၊ ၃း၅-၇) ဆိုထားသည့်ကျမ်းချက်အတိုင်း အသက်ရှင်ရန် အလွန်အရေးကြီးပါသည်။

ခရစ်တော်ထံပါးသို့ အခြားသူများကို ဦးဆောင်ခြင်းမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့ထံပါးသို့ စုရုံးခြင်းများ၊ ဘုရား သခင်အား ကိုးကွယ်ပူဇော်သည်ထက်၊ ကျွန်ုပ်တို့အား လေးစားကြောက်ရွံ့သွားစေရန်အတွက် မှားယွင်းစွာ ကျွန်ုပ် တို့ အားထုတ်ကြိုးစားနေနိုင်သည်။ ကျွန်ုပ်တို့ကိုယ်တိုင်က ထိုသို့ မရည်ရွယ်ဘဲနေသည် ထားအုံး အခြားသူများ ကိုယ်တိုင် ကျွန်ုပ်တို့ကို ရုပ်တုသဖွယ် ကိုးကွယ်နေကြသည်လည်း ဖြစ်နိုင် သည်။ ဤနေရာတွင် ကျွန်ုပ်တို့ အနေနှင့် အစဉ်သတိထားရမည့် နှစ်ချက်ရှိပါသည်။ ပထမတစ်ချက်မှာ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့သိသကဲ့သို့ အခြားသူများက ကျွန်ုပ်တို့ကိုသိနေခဲ့ပါလျှင်၊ ၄င်းတို့သည် ကျွန်ုပ်တို့အား ကောင်းမွန်စွာဆက်ဆံကြတော့မည် မဟုတ်ပေ။ ဒုတိယအချက်မှာ - ကျွန်ုပ်တို့သည် ကြယ်များလင်းလက်နေခြင်းကိုသတိပြုရခြင်းမှာ နေမင်းကို မတွေ့ရသည့်အတွက်ကြောင့် ဖြစ်သည်။ ထိုနည်းလည်းကောင်းပင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် လမ်းလွဲ နေသည်ဆိုလျှင် လူများ၏ စိုးမိုးမှုကိုခံကြရသည်သာ ဖြစ်သည်။ သိုးထိန်းအနေနှင့် ကျွန်ုပ်တို့ကို လူတကာကမေ့ ထား နိုင်ရန်မှာ မဖြစ်နိုင်ပါ သော်လည်း ကျွန်ုပ်တို့ထက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ယေရှုကို သာ၍သိမြင်လာကြ စေရန် အတတ်နိုင်ဆုံး ကြိုးစားကြရမည် ဖြစ်သည်။ အကယ်စင်စစ် “ခရစ်တော်ကိုသာ ကြည့်ကြပါ၊ ခရစ်တော် ကိုသာ ကြည့်ကြပါ” ဟူ၍ ပြောဆိုဦးဆောင်နေကြရမည်။ ထိုကဲ့သို့ ကျွန်ုပ်တို့ မပြုခဲ့ပါလျှင်၊ လူသားများက ကျွန်ုပ်တို့ကို မည်မျှ အောင်မြင် သောသူဖြစ်သည်ဟု ထင်ကြပါစေ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့သည် ရှုံးနှိမ့်သူများသာ ဖြစ်ကြသည်။ အတွေ့ အကြုံများအရ ပြောရပါလျှင်လည်း လူကိုကိုးကွယ်ခြင်းအကြောင်းသည် ဘယ်သောအခါမျှ တည်မြဲသည် မဟုတ်၊ အမြဲလိုလိုပင် လွဲချော်မှုများ ရှိနေတတ်သည်ကို ဘုရားသခင် သိထား တော်မူပေ၏။

မနာလိုခြင်းနှင့်လောကီဆန်ခြင်းသည်လည်း မာန်မာနထောင်လွှားခြင်းမှ သီးပွင့်လာခြင်းဖြစ်သည်။ အသင်းတော်ကြီးများတွင် လုပ်ဆောင်သောသာသနပြုများနှင့် ကျွန်ုပ်တို့ထက်သာ၍ အောင်မြင်ကြသောသူများ အပေါ် ကျွန်ုပ်တို့အနေနှင့် မနာလိုမှုများရှိနိုင်ပါသည်။ ဖိလိပ္ပိ၊ ၁း၁၅ ထဲတွင် အမှုတော်ဆောင်များအကြား မနာလိုမှုများ၊ ငြူစူမှုများရှိနိုင်သည်ကို ဖော်ပြထားပါသည်။ ရှင်ပေါလုရောက်လာခြင်းနှင့် အခြားသောတရား ဟောဆရာ များ၏ အရှိန်မှာ မှေးမှိန်သွားသဖြင့်  မနာလိုငြူစူစိတ်များ ရှိလာသည်မှာ ထင်ရှားပါသည်။ ထိုသို့ဖြင့် ၄င်းတို့သည် အောင်မြင်သော တရားဟောဆရာများ ဖြစ်လာအောင်သာ၍ ကြိုးစားလာကြသော်လည်း စိတ်ထား မှာမူ မမှန်ကန် နိုင်တော့ပေ။ ထို့ပြင် ကျွန်ုပ်တို့အားအမှုတော်ဆောင်ရန် ဖိတ်ခေါ်သည့် အသင်းတော်၏ အရွယ် အစား၊ သို့မဟုတ် ရာထူးနေရာတို့၏ အနိမ့်အမြင့်တို့အလိုက် စုံစမ်းနှောက်ယှက်ခြင်းများ ဝင်လာနိုင်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့၏လုပ်ဖော်ဆောင်ဖက်တစ်ဦးဦးအပေါ် ကျွန်ုပ်တို့ မနာလိုမှုရှိနေပါလျှင် ထိုသူ အတွက် ဘုရားသခင်ထံ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆက်လက်၍ ဘုရားသခင် အသုံးပြုသောသူဖြစ်လာစေရန် အတွက် ကျွန်ုပ်တို့၏ နေ့စဉ် ဆုတောင်းခြင်း၌ ထည့်သွင်းဆုတောင်းပေးရမည် ဖြစ်သည်။ ထိုကဲ့သို့သော တုန့်ပြန်မှုကို ဘုရားသခင် လက်ခံ တော်မူ၍ မနာလိုခြင်းကို ဖယ်ရှင်းပေးပါလိမ့်မည်။ ကျွန်ုပ်တို့၏အမှုတော် ဆောင်လုပ်ငန်းတွင် လောကီဆန်သော လုပ်ငန်းသဘောအရ လုပ်ဆောင်နေရသော စိတ်သဘောမျိုးလည်း ရှိနိုင်ပါသည်။ လောကီသားများသည် ရာထူး ဂုဏ်ရှိန်များကိုမက်မောကြသည့်နည်းတူ ကျွန်ုပ်တို့သည်လည်း အသင်းတော်၌ သို့မဟုတ် အမှုတော်မြတ်၌ ရာထူး ဂုဏ်ရှိန်များနောက် တကောက်ကောက်လိုက်နေသောသူများ လည်း ဖြစ်သွားနိုင်သည်။ အကယ်၍ ကျွန်ုပ်တို့သည်သာ ဘုရားသခင်၏အလိုတော်ထဲ၌ရှိနေပါလျှင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ မနာလိုစရာအကြောင်း မရှိပါ ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ဖြစ်သည်အတိုင်း ကျွန်ုပ်တို့အား ဖန်ဆင်းတော်မူ၍၊ ကျွန်ုပ်တို့ ရရှိထားသော ဆုကျေးဇူးများသည်လည်း သူ၏အလိုတော်အားဖြင့် ပေးအပ်ထားခြင်း ဖြစ်ပါသည်။ ဝိညာဉ်ရေးရာ၌ အောင်မြင် ခြင်းဆိုသည်မှာ လူများ၏အမြင်၌ အရာမျိုး မဟုတ်သကဲ့သို့၊ ဘုရား သခင်လူများက သတ်မှတ်သော အရာမျိုးနှင့် လည်း မဆက်ဆိုင်ပေ။ ဘုရားသခင်ရှေ့တော်၌ အောင်မြင်ခြင်း ဆိုသည်မှာ ကိုယ်တော်ရှင်ပေးထားသော အမှုကို ကျွန်ုပ်တို့ ဖြစ်သည်အတိုင်း ပြီးမြောက်အောင်လုပ်ဆောင်ခြင်း ဖြစ်သည်။


အသင်းတော်အား ထိခိုက်စေခြင်း

သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများအတွက် ကြောက်စရာအကောင်းဆုံးသောအရာမှာ ကျွန်ုပ်တို ့သည် အများအတွက် ကောင်းကျိုးများစွာ ဆောင်ကျဉ်းပေးနိုင်သကဲ့သို့၊ အကယ်၍ တာဝန်ပျက်ကွက်ခဲ့ပါက ဆိုးကျိုး များစွာကိုလည်း ဖြစ်ပေါ်စေနိုင်သောအချက်ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်၏အသင်းတော်ကို ဘယ်သော အခါမျှ ပျက်ပြားစေမည်မဟုတ်၊ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ဘယ်သောအခါမျှ ရှုပ်ထွေးစေမည်မဟုတ်၊ ဘုရားသခင်ကိုသစ္စာပေါက်၍ လူသားများ၏ဝိညာဉ်ကို သတ်ဖြတ်မည်မဟုတ်ပါ” ဟူ၍ ဂျွန်ဘရောင်း၏ ဆု တောင်းသံသည် ကျွန်ုပ်တို့၏ နှုတ်ဖြား၌လည်း အစဉ်ရှိနေအပ်ပါသည်။ ရစ်ချက်ဘက်စတာဆိုသူက သာသနာပြု ဆရာများ ၄င်းတို့ကို ၄င်းတို့ အစဉ်တစိုက် စစ်ဆေးရန် လိုအပ်ရသည့် အချက် (၈) ချက်ကို အောက်ပါအတိုင်း ဖော် ပြခဲ့သည် -

“(၁) ကောင်းကင်တစ်ခုလုံးနဲ့ဆိုင်တဲ့ဆုလဒ်ကို သင်ရမည် မရဘူးဆိုသည်မှာ သင့်အပေါ်၌ မူတည်နေ သည်။ သန့်ရှင်းသော ခွဲခန့်ခေါ်ဆိုခြင်းက သင့်ကို အာမခံချက်မပေးနိုင်ပေ။ (၂) အခြားသော သူများကဲ့ သို့ပင် သင်သည်လည်း အပြစ်၌ အထုံပါသောသူ ဖြစ်သည်။ (၃) အမှုတော်ဆောင်များသည် အခြားသော သူများထက် စုံစမ်းနှောက်ယှက်ခြင်းကိုသာ၍ ခံကြရ၏။ (၄) ကျွန်ုပ်တို့၏ ရန်သူသည် ၄င်း၏အထက် မြက်ဆုံးသော တိုက် ကွက်များကို သင့်အပေါ်သို့ ကျရောက်စေမည် ဖြစ်သည်။ အကယ်၍ သင်သည် သူ့ကိုတစ်ဘက်၌နေ၍ ဦးဆောင် သောသူဖြစ်နေပါက၊ ဘုရားသခင် ခွင့်ပြုချက်မှန်သမျှကို ချန်လှပ်ထား မည်မဟုတ်ဘဲ သင့်ကို အမိအရ စာတန် တိုက်ခိုက်ပါလိမ့်မည်။ (၅) မြောက်များစွာသောသူတို့၏ အကြည့် တို့သည် သင့်အပေါ်တွင် ဖြစ်ကြသည့်အတွက်၊ သင်လဲပြိုသည်ကို များစွာသောသူတို့က ကြည့်ရှုကြပါ လိမ့်မည်။ (၆) သင်၏ အပြစ်ကျူးလွန်ခြင်းသည် အခြား သူများ၏ အပြစ်ထက်သာ၍ ဆက်ကွင်းများ စေပါသည်။ ဘာသာရေးနှင့်ပတ်သက်၍ လူများသည် သာ၍ယုံကြည် သက်ဝင် ရှိတတ်ကြနည်းတူ၊ နာကျည်းမှုတို့သည်လည်း သာ၍ခါးသီးတတ်ပါသည်။ (၇) ဘုရားသခင်နှင့် နှုတ်ကပတ်တော်တရားတို့အား ရိုသေ လေးစားခြင်းသည် အခြားသောသူများ၏အသက်တာတွင် အခြေတည် သည် မဟုတ်၊ သင်၏ အသက်တာတွင် အခြေတည်ပါ၏။ (၈) သင်၏နှုတ်ကပတ်တော်ကို နားထောင်သောသူများ ၏ ဝိညာဉ်များနှင့် သင့်လုပ်ဆောင်မှု၏ အောင်မြင်ခြင်း အကြောင်းတို့သည် သင့်ကိုယ်သင် အစဉ်စမ်းစစ်ခြင်း အပေါ်တွင် မှီ ခိုနေသည်။”

သင်းအုပ်ဆရာများ လမ်းလွှဲသွားသည်နှင့် တပြိုင်နက်၊ ၄င်းတို့နှင့်အတူ မြောက်များစွာသောသူတို့သည် လည်း ပြိုလဲကြရပါသည် (မလာခိ၊ ၂း၅-၈)။ နှစ်ပေါင်းကြာရှည်စွာ ဘဝတစ်ခုကို တည်ဆောက်ပြီးသည့်နောက် ဘာမဟုတ်သည့် အကြောင်းအရာလေးတစ်ခုကြောင့် ဘဝတစ်ခုလုံး ပျက်ဆီးသွားရသည့် လူတစ်ယောက်၏ အသက်တာထက် ဤကမ္ဘာပေါ်တွင် စိတ်ပျက်ကြေကွဲစရာကောင်းသော မြင်ကွင်းရှိတော့မည်မဟုတ်ပေ။ ကျွန်ုပ် တို့ရင်ဆိုင်ကြုံတွေ့ကြရသည့် စုံစမ်းနှောက်ယှက်ခြင်းများအောက် ရှုံးနှိမ့်သွားခြင်းမရှိစေရန် မိမိ ကိုယ်ကို ထိန်း သိမ်းခြင်းအမှုတို့၌ မဆင်မခြင်နေထိုင်ခြင်းသည် ကိစ္စမရှိပါဟု လုံးဝမဆိုသင့်ပါပေ။ ရှင်ပေါလုကိုယ်တိုင်က “သူ တပါးကို ဆုံးမပြီးမှ ကိုယ်တိုင် ရှုံးသောသူမဖြစ်ရမည် အကြောင်း ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏” ဟူ၍ ဖော်ပြသတိပေးခဲ့သည် (၁ကော၊ ၉း၂၇)။

အခွင့်အရေးဆိုသည်မှာ ၄င်းနှင့်ဆက်ဆိုင်သည့် ပေးဆပ်ရသော လုပ်ငန်းတာဝန်မရှိဘဲ ဝမ်းမြောက်စွာ ရ ရှိနိုင်သည်မဟုတ်။ သင်းအုပ်ဆရာများနှင့် ဓမ္မဆရာများသည်လည်း အခြားသူများထက်သာ၍ ကြီးမားသော တ ရားစီရင်ခြင်းကို ခံကြရမည် (ယာကုပ်၊ ၃း၁)။ ကျွန်ုပ်တို့သည် သိုးထိန်းများဖြစ်သည့်အလျှောက် သိုးများကို ထိန်း ကျောင်းရမည့် တာဝန်ရှိသည့်နည်းတူ၊ သင်ကြားပေးသော ဆရာများဖြစ်သည့် အားလျော်စွာ မိမိသင်ကြားပေး သောအရာကို ကိုယ်တိုင် ကျင့်သုံးကြရပါမည်။ သိုးထိန်းများဖြစ်သည့်အတိုင်း သိုးထိန်းရှင်ကြီးကိုယ်တိုင် လုပ် ဆောင်ခဲ့ပြသည့်နည်းတူ သိုးခြံထဲသို့ အခြားသောသိုးများကိုလည်း ကျွန်ုပ်တို့ လမ်းပြဦးဆောင်ရမည် ဖြစ်သည်။ ထို့ပြင် လူသားများ ကယ်တင်ခြင်း ရစေနိုင်သည့် တစ်ခုတည်းသော ကယ်တင်ခြင်းတရားကို သစ္စာရှိရှိ သင်ကြား ဟောကြားကြရမည်။ ဤတရားကို ဟောကြားခြင်းနှင့်အတူ၊ ဤတရားနှင့် ဆက်ဆိုင်ခြင်း မရှိသည့်အရာများကို ဟောကြားခြင်းအမှု၌ ကြောက်မတ်ဖွယ်ရာ ပြစ်တင်ရှုတ်ချခြင်သည်လည်း အတူပါရှိနေသည် (ဂလာတိ၊ ၁း၈)။ ရှင်ပေါလုက မှန်ကန်သော သတင်းကောင်းကို မပြော ပါလျှင် “အမင်္ဂလာရောက်ပါစေ” ဟူ၍ ကြွေးကျော် ခဲ့သည်။ မိမိ၏သိုးစုများအတွက် အသက်ပင်စတေးသွားသည့် ခရစ်တော်၏ပုံဥပမာကို ကျွန်ုပ်တို့သက်ဆုံးတိုင် နှုတ်ကပတ် တော်တရားတစ်ခုတည်းကိုသာ ဟောပြောရင်း လိုက်လျှောက်ကြရမည်ဖြစ်သည်။ အမှုတော်လုပ်ငန်း၌ ကျွန်ုပ်တို့ ၏ဖြစ်တည်ခြင်းအမှန်ကို နားလည်သဘောပေါက်ခြင်းသည် အလွန်မွန်မြတ်သည့် အရာဖြစ်သည်။ ထိုသို့ သိရှိ ထားမှသာလျှင် အမှုတော်အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်မှီခိုတတ်ကြမည် ဖြစ်သည်။ အာအေတိုဇာ ဆိုသည့် ဆရာတစ်ဦးက သူ့အား လက်တင်ဆုတောင်းပေးခြင်းမပြုမှီ ၄င်းဆုတောင်းခဲ့သည့်ပုံစံကို အောက်ပါအ တိုင်း ပြန်လည် ရေးသားခဲ့သည် –

“ကိုယ်တော်ရှင်ဘုရားသခင် ကျွန်ုပ်သည် ကိုယ်တော်၏ ကြီးမား၍သန့်ရှင်းတော်မူသော ခေါ်ဆိုခြင်းအား ဖြင့် ရွေးချယ်ခြင်းခံရပါသော်လည်း၊ ကျွန်ုပ်သည် မြေမှုန့်နှင့်ပြာမှလာသော လူတစ်ယောက်သာ ဖြစ်သည် ကို မေ့လျော့သွားခြင်းမရှိလေအောင် ကူညီဆောင်မတော်မူပါ။ ထို့ကြောင့် ကယ်တင်ရှင်ဘုရား ကျွန်ုပ် အား အများအတွက် ကောင်းကြီးဖြစ်စေပါမည် အကြောင်း ကျွန်ုပ်၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများမှ ကျွန်ုပ်အား ကွယ်ကာစောင့်မတော်မူပါ။ အကျွန်ုပ်အား ကိုယ်တော်၏ဝိညာဉ်တော်နှင့် ပြည့်ဝစေ၍၊ ကိုယ် တော်ဘုရား၏ ခွန်အားနှင့်အတူ ကိုယ်တော်ရှင်၏အလိုတော်အတိုင်း နှုတ်ကပတ်တော်တရားကို ရှေ့ ဆက်ဝေငှသွားလို၏။ ကိုယ်တော်သာလျှင် ဦးဆောင်တော်မူပါ။ ရွေးနှုတ်ကယ်တင်တော်မူသော ချစ်ခြင်း မေတ္တာတော်အကြောင်းကို ကျွန်ုပ်၏ ကိုယ်ခန္ဓာတည်နေသရွေ့ ကျွန်ုပ်ပေးဆပ်သွားပါမည်။” (The Prayer of a Minor Prophet, the Alliance Weekly, May 1950)။


အခွင့်အရေးများနှင့် နစ်နာမှုများ

အမှုတော်မြတ်၌ အမှန်တကယ်ဖြစ်ပျက်နေသည့်အရာများနှင့် ဖြစ်နိုင်ချေအရှိဆုံး တွေ့ကြုံရမည့် ပြဿ နာများ၊ အခက်အခဲများနှင့်အတူ ၄င်းတို့အား မည်သို့ အောင်မြင်နိုင်ပါမည်ဟူ၍ နှုတ်ကပတ်တော်၌ တွေ့ရသော နည်းလမ်းများကို ကျွန်ုပ်တို့လေ့လာခဲ့ပြီးဖြစ်သည်။ မည်သို့ပင် အခက်အခဲများ များစွာရှိစေကာမူ ကျွန်ုပ်တို့အား ဘုရားသခင် ရွေးချယ်ထားသည့် အခွင့်ထူးသည် သာ၍မွန်မြတ်နေပါသည်။ ဘုရားသခင်၏သမ္မာတရားကို ဟော ပြောခြင်းနှင့် ဘုရားသခင်၏သိုးစုတို့ကို စောင့်ရှောက်ရခြင်းအမှုထက်သာ၍ မြတ်သောအခွင်ထူး ဤကမ္ဘာပေါ်၌ ရှိနိုင်တော့မည် မဟုတ်ပါ။ ကျွန်ုပ်တို့၏အမှုတော်မြတ်ကို မှန်ကန်စွာရှုမြင် ပါလျှင် ခရစ်တော်၏ သာသနာလုပ်ငန်း တိုးချဲ့ခြင်းတွင် ကျွန်ုပ်တို့ပါဝင်နေခြင်းဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ ပုံဥပမာ ဖြစ်သည်နည်းတူ၊ ကျွန်ုပ်တို့၏အရင်းတည်ရာလည်း ဖြစ်ပေသည်။ ကိုယ်တော်ရှင်၏ခြေရာတော်အတိုင်း အများ ဆုံး လျှောက်လှမ်းသောသူသာလျှင် ကိုယ်တော်နှင့် မိတ်ဿဟာရဖွဲ့ခြင်းသဘောကို အနားလည်ဆုံးသောသူ ဖြစ် သည်။ မှန်ကန်သော အမှုတော်ဆောင်ခြင်းမှန်သမျှသည် ကိုယ်တော်၏သာသနာတော်ကို လူအများအား ချပြပေး ခြင်း ဖြစ်သည်။ ဝမ်းနည်းကြေကွဲဖွယ်ရာများဖြင့် စာတန်မာန်နတ်သည် ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျအောင် ကြိုးစား သည့်နည်းတူ၊ ဘုရားသခင်သည်လည်း ယုံကြည်သူတစ်ဦးချင်းစီတိုင်း၏ သစ္စာရှိခြင်းနှင့် ဘုရားသခင် အပေါ် ၄င်းတို့ထားရှိသည့် မေတ္တာတရားအားဖြင့် ပြန်လည် ခွန်အားပေးတတ်ပါသည် (တမန်၊ ၂၈း၁၅၊ ၂တိ၊ ၁း၁၆)။ သင်းအုပ်ဆရာတစ်ဦး၏အလုပ်မှာ များစွာပေးဆပ်ခြင်းနှင့် ဆက်ဆိုင်ပါသည် (၁ကော၊ ၁၅း၃၁)။ သို့ပါသော် လည်း ကျွန်ုပ်တို့၏ ဝိညာဉ်သားသမီးများ၏ ယုံကြည်ခြင်း၌ တိုးတက်ခြင်းအမှုကို တွေ့မြင်ရခြင်းသည် ကျွန်ုပ်တို့ ၏ အသက်တာ၌ ကြီးထွားရင့်ကျက်ခြင်းရှိသည်ထက် သာ၍ဝမ်းမြောက်ခြင်း အကြောင်းရှိပါသည်။ ရာစုနှစ် များစွာက ဖလယ်ဘယ်လ်ဆိုသူက ဤသို့ ဖော်ပြခဲ့သည် –

“အို ညီအကိုတို့ - ဒီလောက်ကြွယ်ဝချမ်းသာတဲ့ သခင်ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့ ဘယ်သူက ဆုမတောင်း၊ မလေ့လာဘဲနေမှာလဲ။ ဘုရားသခင်ရဲ့ရှေ့မှာ တစ်နေ့ကျရင် “ကိုယ်တော်ရှင်ပေးတဲ့ သား သမီးတွေ ကျွန်တော့်မှာဒီလောက်ရှိပါတယ်”လို့ ပြောနိုင်ဖို့ ကျွန်ုပ်တို့တွေဟာ လူတွေတည်ဆောက်စရာ အကြောင်း နဲ့၊ ခိုင်ခံ့လာကြပါစေဆိုပြီးတော့ ကြုံတွေ့နေရတဲ့ ဆင်းရဲခြင်းနဲ့ ခက်ခက်ခဲခဲ ပေးဆပ်ရတဲ့ အ လုပ်တွေက ထိုက်တန်တယ် မဟုတ်လား။ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်သား၊သမီး တစ်ယောက်ယောက်က ခရစ်တော်ထံမှာ ကျွန်ုပ်တို့ကို လက်ညိုးညွှန်ရင်း “ကိုယ်တော်ရှင်ဘုရား၊ သူ့ကြောင့်မို့ ကျွန်တော် ပြောင်းလဲလာ တာပါ။” နောက် တစ်ယောက်ကလည်း “သူ့ကြောင့်မို့ ကျွန်တော် မပြိုလဲဘဲနဲ့၊ နှစ်သိမ့် ခြင်းကိုရခဲ့တာပါ။” နောက်တစ်ယောက်က ထပ်ပြီးတော့ “သူ့ကြောင့်မို့ ကျွန်တော့်ရဲ့သံသယတွေ ပျောက်သွားပြီးတော့၊ ကိုယ် တော်အပေါ်မှာထားတဲ့ မေတ္တာတွေလည်း ပြန်လည်နိုးကြားလာတာပါ၊ နှုတ်ကပတ်တော် လမ်းထဲကနေ လွဲမသွားအောင် ကျွန်တော် ကူညီခဲ့တယ်။ သူ့လိုလူကို မြင်တွေ့ခဲ့ပြီး၊ သူ့ရဲ့အသံကို နာမတော် ဘုန်းကြီးပါ စေသော”ဆိုပြီး ပြောလာကြ လိမ့်မယ်။” ကြားခွင့်ပေးခဲ့တဲ့အတွက် ကိုယ်တော်ရှင်ကို ကျေးဇူးတင်ပါတယ်၊”(John Flavel: VI. Banner ofTruth, p.579)

ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်ခြင်းများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အသက်တာတွင် သက်သေခံ ရမည်ဆိုလျှင် ပြော၍ မကုန်နိုင်လောက်အောင်ပင် ရှိနေပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ခဲ့သည့် အခက်အခဲ ပြဿနာ

 များသည်လည်း မိခင်တစ်ဦးက ရင်သွေးလေးကိုဖွားမြင်လိုက်သည့်အချိန်တွင် သူမခံစားခဲ့သော နာကျင်ခြင်းများ ကို မေ့ပျောက်သွားသကဲ့သို့ပင် ဖြစ်သည်။ သည့်ထက်မက ကျွန်ုပ်တို့အတွက် အကြီးမြတ်ဆုံး ဝမ်းမြောက်ခြင်း သည် ခရစ်တော် ပြန်လည်ကြွလာတော်မူသောအခါတွင် ကျွန်ုပ်တို့၏ ဝိညာဉ်သားသမီးများ ကောင်းကင်နိုင်ငံ၌ စုဝေးသောအချိန်ဖြစ်ပါလိမ့်မည် (၁သက်၊ ၂း၁၉)။ ဘုရားသခင်၏ ဂရုဏာတော်ကြောင့် ကျွန်ုပ်တို့သည် အံ့ဖွယ် များစွာကို ပိုင်ဆိုင်ကြရမည် ဖြစ်သည် (၁သက်၊ ၂း၂ဝ)။ ကျွန်ုပ်တိုလုပ်ဆောင်မှုများကို ယခုချိန်တွင် လောကသား များကပြစ်တင်ရှုပ်ချနေကြပါစေ၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်သခင်သည်ဖြင့် ထိုသို့ပြုလုပ်မည်မဟုတ်ပေ။ ကိုယ် တော်၏ အမည်နာမအားဖြင့် ကျွန်ုပ်တို့ပေးဆပ်ခဲ့သမျှ အရာများအားလုံးအတွက် ဆုလာဒ်ရှိသည့်အတွက် ကျွန်ုပ် တို့၏လုပ်ဆောင်ခဲ့သမျှ အရာများသည် အလဟသမဟုတ်သည်ကို တွေ့မြင်ကြရမည် ဖြစ်သည် (၁ကော၊ ၁၅း၅၈)။ ကိုယ်တော်ကြောင့် ကျွန်ုပ်တို့ခံစားခဲ့ရသည့် ဖိအားများနှင့်ပြဿနာများကို ပြန်လည်တမ်းတနေတော့ မည်မဟုတ်။ လက်ဝါးကပ်တိုင်ကို ထမ်းရင်း ကိုယ်တော်၏ ရှေ့တော်၌ထားသော ဝမ်းမြောက်ခြင်းကို သိုးထိန်းရှင် ကြီးနှင့်အတူ ကျွန်ုပ်တို့ကိုယ်တိုင် ဝင်းစားကြရတော့မည် ဖြစ်သည်။ သိုးထိန်းတစ်ဦး၏ ဝမ်းမြောက်ခြင်းအတွက် အရာရာပေးဆပ်ရန် ထိုက်တန်သည်မဟုတ်ပါလား။


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?