အခန်း (၃၄) - ပိရမစ်ကြီးမှခေတ်နှင့်ပါတ်သက်သောသွန်သင်ချက်များ

(Dispensational Teaching of The Great Pyramid)

အီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုမြို့နှင့် မျက်နှာဆိုင်လျက်တည်ရှိသောကမ္ဘာ့အ့ဘွယ်ရာခုနှစ်ပါးမှတစ်ပါးဖြစ်

သည့်ပိရမစ်ကြီးသည် နိုင်းမြစ်ပေါ်ရှိရှေးဟောင်းမြို့မက်ဖီးစ်(Memphis)အနောက်ဘက်တွင်ယနေ့ထက်တိုင်ရှိ

လေသည်။ တည်ဆောက်ခဲ့သမျှသော ပိရမစ်များ၌ အကြီးဆုံးနှင့်စံနမူနာတစ်ခုဖြစ်သည်။ ဤပိရမစ်ကြီးသည် 

ဧကရာဇ်ဘုရင်မင်းများ၏ ဂူသချုႋင်းအဖြစ်ရည်ရွယ်၍မတည်ဆောက်ထားဘဲအနန္တတန်ခိုးရှင်ကောင်းကင်ဘုံမှ

ဖန်ဆင်းရှင်၏ဉာဏ်တော်အားဖြင့်တည်ဆောက်ထားခဲ့ကြောင်း

သိသာထင်ရှားသည်။ ရှေးခေတ်ပိသုကာပညာ

ရှင်များက နက္ခတဗေဒနှင့် သချာၤပညာတို့ပူးပေါင်း၍ဖော်ထုတ်တည်ဆောက်ထားခဲ့သည်။


ဤပိရမစ်ကြီးသည် အစပိုင်းတါင် ချောမောလှပသည့်နှမ်းဖတ်ကျော်ကချောများဖြစ်တည်ဆောက်ထား

ပြီးအပေါ်ယံ၌အချောသပ်မွမ်းမံထားသဖြင့် ထိပ်အထိဘယ်သူမျှမတက်နိုင်ချေ။ အထက်ကောင်းကင်ဘုံမှ သုံး

မြောင့်တုံးတတုံးကျထားသည့်သဏ္ဍာန်အလွန်တူညီသည်။ သို့သော်လည်းခြေဖျားသာသာလောက်ကျယ်သော

လမ်းတစ်လမ်းဖြင့်အပေါ်သို့တက်ရောက်နိုင်သည်။ ထူးဆန်းသည်မှာထိပ်ဆုံးမှကျောက်တစ်လုံးလည်းပျောက်

ဆုံးနေလေသည်။ အေဒီ ၈၂၅ ခုနှစ်အထိ ဤပိရမစ်ကိုဘာကြောင့်တည်ဆောက်ခဲ့ကြောင်းအဘယ်သူမျှမသိ

ချေ။ ထိုကြောင့်မသိနိုင်သောအရာတစ်ခု(A Mystery)ဖြစ်သည်။ ကျောက်တစ်လုံးဖြင့်ဝင်ပေါက်ကိုလည်းတိကျ

စွာပိတ်ထားသဖြင့် မည်သူပိတ်ခဲ့ကြောင်းမသိနိုင်ချေ။


အစ္စလာမ်ဘာသာဝင်အလီမာမော်(A Li Mamoun)ဆိုသူသည် ကိုင်ရိုမြို့နေထိုင်၍ပိရမစ်ကြီးထဲတွင်ရ

တနာသိုက်ရှိသည်ဟု ကြားခဲ့သည်။ ထိုသို့ကြားပြီးနောက်အထဲသို့ဝင်ရောက်စူးစမ်းရန်စိတ်ဆုံးဖြတ်လိုက်သည်။

၎င်းနောက်အလီနှင့်အဖွဲ့သည်မြောက်ဘက်၌ရှိသည်ဟုထပ်မံကြားရသဖြင့် ဝင်ပေါက်မှဝင်ရောက်ပြီးမြောက်

ဘက်သို့တူးဖော်ခဲ့သော်လည်းရတနာသိုက်ရှာမတွေ့ချေ။


၎င်းလမ်းကြောင်းသည် အလယ်မှ ၂၄ပေကွာရှိအဝင်

ပေါက်ဖြစ်လာပြီး၊ ၎င်းမှအောက်သို့ပေတစ်ရာတိုင်အောက်တူးသော်လည်းရတနာသိုက်ရှာမတွေ့ချေ။ ပိရမစ်အ

တွင်း၌လည်းကျောက်မာဖြင့်သာတည်ဆောက်ထားသဖြင့် အဖွဲ့သားများသည်အလွန်ပင်ပန်းဆင်းရဲစွာတူးဖော်ရ

လေသည်။ ဤသို့ပင်ပန်း၍စိတ်ဓါတ်အကြီးအကျယ်ကျဆင်းနေစဉ်အတွင်းပိုင်းမှကျောက်ကြီးတစ်လုံးလိမ့်ကျသံ

ရသဖြင့် ပြန်အားတက်လာခဲ့သည်။ မကြာမှီ အတွင်းလမ်းတစ်လမ်းသို့ပေါက်ရောက်ပြီးသုံးမြောင့်တုံးသဏ္ဍာန်အ

ပေါ်မှဆွဲချိတ်ထားသည့် အပြားတူးဖော်တွေ့ရှိရသည်။ ၎င်းအတိုင်းဆက်လက်တူးဖော်သောအခါ ပိရမစ်အလယ်

ရှိအခန်းကျယ်ကြီးတစ်ခုသို့ရောက်ရှိသွားသည်။ အခန်းကျယ်ကြီးတွင်ရတနာထည့်သည့်သေတ္တာကိုတွေ့ရသော်

လည်း ရတနာမရှိချေ။ ပရိဘောဂတစ်ခုမှမရှိချေ။


ဤပိရမစ်သည်သချုႋင်းဂူဖြစ်ကြောင်းသက်သေခံအထောက်

အထားတစ်ခုမှမတွေ့ရချေ။ ထိုကြောင့်အလီမန်မော်တစ်ယောက်မူလရည်ရွယ်ချက်ပျောက်ဆုံးသွားခဲ့ရသည်။

ဤပိရမစ်ကြီးသည် နောက်ထပ်ဆယ်စုနှစ်များစွာမည်သည့်ပိရမစ်နှင့်လည်းမတူဘဲသီးသန့်ထူးခြားစွာ

တည်ရှိခဲ့လေသည်။ ၁၈၆၅ ခုနှစ်၌ စကော့တလန်မှ နက္ခတဗေဒပညာရှင်ပါမောက္ခပီဆာစမစ်နှင့် ဇနီးသည်ပိ၇

မစ်အနီး၌စခန်းချနေထိုင်ပြီး၊ အတွင်းအပြင်အရှည်အလျားကိုတိုင်းတာခဲ့သည်။ ဤပိရမစ်သည်မြောက်လတ္တီ

တွဒ် ၃၀ဒီဂရီ၌တည်ရှိကြောင်းတွေ့ရသည်။ ပိရမစ်၏သုံးမြောင့်ထောင့်သည် စက်ဝိုင်းအဝန်း၌ကျရောက်ကြောင်း

တွေ့ရသည်။ ပိရမစ်၏အကျယ်အဝန်းသည်၁၃ဧကရှိပြီး၊ မြို့ပြဧရိယာ၏လေးမြို့ခန့်ကျယ်ဝန်းကြောင်းတွေ့

ရှိရသည်။ ၎င်းအပြင် ဤကမ္ဘာမြေကြီး၏အလယ်ဗဟို၌တည်ရှိကြောင်းထူးဆန်းစွာတွေ့ရသည်။


ပိရမစ်ကြီး၏ရှင်းလင်းချက်

ဤပိရမစ်ကြီးသည် မာကျောခိုင်ခန့်သော နှမ်းဖတ်ကျောက်များဖြင့်တည်ဆောက်ထားသည်။ အောက်

ခြေအဆင့်ဒေါင့်ခံကျောက် (Cormerstone) X-သည် ၈လက်မအနက်ထွင်းပြီး နေရာတကျတည်ဆောက်

ထားသည်။ ကုဗပုံအတိုင်းအတာသ်ညဟေဗြဲဘာသာ၏အတိုင်းအတာအရ ၂၅.၀၂၅လက်မရှိသည်။ တဘက်စီ၏အောက်ခြေအတိုင်းအတာသည် ၃၆၅.၂၄၂၂ တောင်ရှိသည်။ တစ်နှစ်လျှင်ရက်ပေါင်း ၃၆၅.၂၄၂၂ ရက်ရှိပြီးလေးနှစ်လျှင်တစ်ရက်တိုးလာသည်ကိုအံ့သြဘွယ်ရာတွေ့ရသည်။ ဤပိရမစ်ဟအမြင့်မှာ ၂၃၂.၅၂ ကုဗ

အတိုင်းအတာ(အတောင်)ရှိလေသည်။ ပုံ “B”ကိုကြည့်ပါ။


ဤပိရမစ်သည်သံးုထောင်ပုံဖြစ်၍ ထောင့်မှန်မျဉ်းနှင့်မျဉ်းစောင်းတို့၏အချိုးသည် တစ်ဆယ်နှင့် ကိုး

ဖြစ်သည်။ ပိဝ

အလောင်းမြှုပ်နှံရန်အခေါင်းလည်းသည် ပင်လယ်ရေမျက်နှာပြင်မှ ၉ပေမြင့်တက်လာသည်။

ပိရမစ်အမြင့်အတိုင်းတက်သောအတိုင်းအတာနှင့် ကိုးဆတိုးဖြင့် ရသောကိန်းတို့ပေါင်းလျှင် ၉၁,၈၄၀,၀၀၀အ

တိုင်းအတာကိန်းတစ်ခုရသည်။ ၎င်းသည်ကမ္ဘာနှင့်နေအကွာအဝေးကိုဖော်ပြသောမိုင်ဖြစ်ကြောင်းထုူးဆန်းစွာ

တွေ့ရသည်။


သက္ကရာဇ်နှစ်အချိန်ကိုတွက်ချက်သောအဖွဲ့နှစ်ဖွဲ့ရှိသည်။ ကြယ်များကိုအခြေခံတွက်ချက်ရသော အဖွဲ့

(Sidereal) နှင့်ဥတုရာသီကိုအခြေခံ၍တွက်ချက်သောအဖွဲ့(Equinjactical) ဟူ၍ဖြစ်သည်။ ထိုသူနှစ်ဖွဲ့တို့သည် တစ်နှစ်နှင့်တစ်နှစ်စက္ကန့်ငါးဆယ်စီခြားနား၍တွက်ချက်သည်။ သို့သော်နှစ်ပေါင်း ၂၅၈၂၇ နှစ်သို့ရောက်လျှင်သူ

တို့နှစ်ဖွဲ့၏တွက်ချက်သည်လုံးဝတူညီသွားရသည်။ ထိုကြောင့် ၂၅၈၂၇နှစ်သည် စက်ဝိုင်းတစ်ခုပမာဖြစ်သည်။

ပိရမစ်၏အောက်ခြေထောင့်ဖြတ်မျဉ်း၏အလျားသည်လည်း ၂၅၈၂၇လက်မရှိလေသည်။


၁၈၃၅ခုနှစ်၌ယောဟန်ဟန်းချီးလ်(John Herschel)သည်ပိရမစ်အောက်ခြေသို့ဆင်းသည့်လမ်းကြောင်း

(BB) သည်ဓူဝံကြယ်ကိုညွှန်းလျှက်ရှိသည်ဟုယူဆသဖြင့်တွက်ချက်သောအခါ ယင်းသည် နဂါးငွေ့တန်းစုအား

တည့်တည့်ညွှန်းနေကြောင်းအံ့သြဘွယ်ရာတွေ့ရသည်။ ဤနဂါးငွေ့တန်းကြယ်စုကြီးသည်(BC)၂၁၇၀ခုနှစ်မှပေါ်

လာသည့်ကြယ်စုဖြစ်သည်။


၎င်းကို(Alpha Dracoins)ဟုခေါ်သည်။ ရှေးဟောင်းလူများသည် နေသည်မရွေ

လျားဘဲကြယ်စုများကသာနေကိုပတ်သည့်ဟုယူဆသည်။ သို့သော်နေရောင်ချည်ထွန်းရောက်သည့်ဒေသရှိ 

ကြယ်နက္ခတာရာအားလုံးသည်နေကိုဗဟိုပြု၌လှည့်နေကြောင်းကျွန်တော်တို့သိသည်။ ကျန်သည့်ကြယ်များစွာရှိ

သေးသည်။ ထိုကြယ်စုများအသီးသီးလည်ပတ်သည့်ဗဟိုချက်လည်းရှိသေးသည်။ ထိုဗဟိုပြုသည့်ဂြိုလ်တစ်ခုမှာ

“Alcyone”ဖြစ်သည်။


ဘီစီ ၂၁၇၀ ခုနှစ်၌ပိရမစ်၏ထိပ်သည် ထိုကြယ်ကိုတည့်တည့်မတ်မတ်ညွှန်းသည်။ နှစ်ပေါင်းနှစ်သောင်း

ကြာမှလည်း နဂါးငွေ့တန်းကြယ်စုသည် ပိရမစ်အောက်အတွင်းသို့ဆင်းသည့်လမ်းကြောင်း(BB)နှင့်တတန်း

တည်းကျရောက်လိမ့်မည်။ ထိပ်ချွန်သည် “Alcyone”ကြယ်ကိုညွှန်းလိမ့်မည်။ ဤပိရမစ်သည် ဘီစီ၂၁၇၀ ခုနှစ်

၌တည်ဆောက်ခဲ့ပြီး ထိုနှစ်တွင်ပိရမစ်ထိပ်သည် အနောက်ဘက်သို့အနဲငယ်စောင်းနေခဲ့သည်။ သို့ဖြစ်သော

ကြောင့် အလီမန်မော်၏လုပ်သားများသည်မြောက်ဘက်သို့တူးဖော်တွေ့ရှိခဲ့သော်လည်းမည်သည့်ရတနာမျှမ

တွေ့ရှိခဲ့ပေ။ 


ပိရမစ်ကြီး၏အလယ်ပေါက်အောက်တည့်တည့်(BB)အတိုင်းဆင်းသွား၍အလယ်တည့်တည့်သို့

ရောက်လျှင်အခန်းကျယ်ကြီးတစ်ခန်း(H) သို့ရောက်လေသည်။ ၎င်းအခန်းသည်မာကျောသောကျောက်များ

ဖြင့်တည်ဆောက်ထားပြီး၊ ပိရမစ်မြေမျက်နှာပြင်မှ ပေ ၁၀၀ခန့်အနက်တွင်တွေ့ရသည်။ အောက်အခန်းသို့

ပေါက်သည့်အလယ်ပေါက်လမ်းလေးပေမြင့်၍ သုံးပေခွဲကျယ်သည်။


ပိရမစ်အောက်လမ်းအကွာ ၉၈၅ လက်မမှစ၍ အပေါ်လမ်း (D) အတိုင်းသွားလျှင်၁၅၄၂လက်မအကွာ

မှစ၍ ၁၈၈၅လက်မအရှည်ရှိသော အခန်းပြခန်းတစ်ခုစီသို့ဦးတည်ရောက်လေသည်။ ၎င်းအခန်းသည်၂၈ပေမြင့်

၍ ၆ပေ ကျယ်ပြီး အပေါ်ပိုင်း၌ကျဉ်းသွားသ်ည။ အခန်းဝမှသုံးပေအကွာတွင် ရေတွင်း(W)တစ်ခုရှိသည်။ ၎င်းရေ

တွင်းသည်ကြီးမားသောဂူပုံသဏ္ဍာန်အဖြစ် (S)ကိုဖြတ်၍အနက်ဆုံးအတွင်းခန်း(H)သို့တဆက်တည်းပေါက်

ရောက်လေသည်။


ဤရေတွင်း၏အပေါ်ပေါက်ဝမှ မြေညီအတိုင်းလမ်းပေါက်တစ်ခုရှိပြီး ၎င်းသည် အခန်း(Q)သို့ရောက်

ရှိသွားသည်။ ၎င်းသည် ဘုရင်မ၏အခန်းဖြစ်ကြောင်းသိရသည်။ ၎င်းအခန်းသည် ၂၀၅လက်မကျယ်၍၂၂၆လက်

မရှည်ပြီး မျက်နှာကျက်မှာလည်းသုံးနားထောင့်များဖြင့်တည်ဆောက်ထားသည်။ မျဉ်းမတ်အတိုင်းအရပိရမစ်အ

လယ်ဗဟိုမျဉ်းပေါ်၌ကျရောက်သည်။


ပြခန်း၏ထိပ်ပိုင်း၌၃ပေမြင့်သောအထစ်ရှိပြီး (T)အတိုင်းခန်းမကြီးဆောင်(M)သို့၎င်း၊ (M)မှတဆင့်လမ်း

အတိုင်း(P)သို့၎င်း ၎င်းမှတဆင့်အခန်းကြီး(K)သို့ရောက်လေသည်။ ၎င်းသည် ဘုရင်၏အခန်းဖြစ်ကြောင်းသိ၇

သည်။ ၎င်းဘုရင်အခန်းသည်ချောမောသောနှမ်းဖတ်ကျောက်များဖြင့်တည်ဆောက်ထားလေသည်။ ၄၁၂လက်

မရှည်၍၂၀၆လက်မကျယ်ဝန်းလေသည်။ အမြင့်မှာ ၂၃၀လက်မမြင့်လေသည်။ ၎င်းအခန်း၌ရတနာသေတ္တာကို

သာတွေ့ရှိရလေသည်။ (C) သေတ္တာအပေါ်၌မည်သည့်မှတ်တမ်းမှတ်ရာစာများမရှိပေ။ ဤသေတ္တသည်

အလောင်းမြှုပ်နှံရန်အခေါင်းလည်းမဟုတ်ချေ။


ဤအခန်းသို့လေဝင်လေထွက်ရှိစေရန်အပေါက်နှစ်ပေါက်(VV)ရှိလေသည်။ အတွင်း၌လည်းတစ်နှစ်ပတ်လုံးသာ

အပူချိန် ၆၈ဒီဂရီဖာရင်ဟိုက်ရှိလေသည်။ ဤဘုရင်အခန်းကြီးကိုကြီးမားသော နှမ်းဖတ်ကျောက်တုံးကြီးကိုးလုံး

ဖြင့် နံရံ၌ကာရံထားသည်။ အပေါ်ခေါင်မိုး၌အပေါက်ငါးပေါက်ရှိသည်။ (G)၎င်းအပေါက်ကိုကျောက်ကြီးများ

ဖြင့် ကာထားသည်။ ဤအခန်းသည်ကျောက်ထွင်းသမားများက လက်ရွေးစင်ရွေးချယ်ထားသောကျောက်အ

ကောင်းစားများဖြင့် တည်ဆောက်ထားလေသည်။ ဘုရင်မ၏အခန်းသည် ကျောက်လွှာ၂၅လွှာမအဆင့်တွင်

တည်ဆောက်ပြီး ဘုရင်၏အခန်းသည်အလွှာပေါင်း၅၀လွှာအဆင့်တွင်တည်ဆောက်ထားလေသည်။

ဤပိရမစ်ကြီးထဲ၌ကဲ့သို့တည်ဆောက်ထားခြင်းသည် မည်သည့်အကျိုးရရှိပါသနည်း။


ဘာရည်ရွယ်ချက်

ဖြင့်ဆောက်လုပ်ထားသနည်း။ သမိုင်းမှတ်တမ်းတင်ရန်နှင့် ကြယ်နက္ခတပညာနှင့်ခေတ်ကာလကိုတွက်ချက်နိုင်

ရန်ရည်ရွယ်ထားကြောင်းသိရသည်။ အဘယ့်ကြောင့်ဆိုသော်တခြားပိရမစ်များနှင့်မတူတမူထူးခြားနေသော

ကြောင့်ဖြစ်သည်။ ဤပိရမစ်ကြီး၌အမှတ်အသားပစ္စည်းများမရှိသဖြင့် လက်စမသတ်သေးသောဗိသုကာလက်

ရာတစ်ခုဖြစ်မည်ဟုကျွန်တော်တို့ယူ၍မ၇ပါ။ အပေါ်ပိုင်းတွင် အလှအပများချယ်သပြီးစီး၍ လုံးဝအချောသပ်ထား

ကြောင်းတွေ့ရသည်။ အပေါ်သို့မတက်ရောက်နိုင်အောင်တံခါးလည်းအလုံပိတ်ထားသည်။ ဤပိရမစ်ကြီးသည်

သချာၤနှင့်နက္ခတဗေဒတို့၏ အကောင်အထည်ကိုပေါ်လွင်စေရန်သာမက ကမ္ဘာ့ဖြစ်ရပ်နှင့် ကျမ်းစာ၏သဘောကို

ဖေါ်ဆောင်၍တည်ဆောက်ထားခြင်းဖြစ်သလော။


ဟေရှာယ ၁၉း၁၉-၂၀ ၌မှတ်သားစရာကောင်းသောပရောဖက်ပြုချက်ကိုယနေ့ကျမ်းစာလေ့လာဝေ

ဖန်သူအများစုက လစ်လျှုရှုထားကြသည်။ ဤကျမ်း၌ -

“ထိုကာလ၌အဲဂုတ္တု(အီဂျစ်ပြည်)အလယ်တွင်ထာဝရဘုရားကိုပူဇော်ရာယဇ်ပလ္လင်ရှိလိမ့်မည်။ ထိုမှတ်

တိုင်သည်အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏သက်သေ

လည်းဖြစ်လိမ့်မည်ဟု”ရေးသားထားလေသည်။

ဤကျမ်းရေးသည့်အချိန်၌ ဤပရောဖက်ပြုချက်သည်မပြည့်စုံလာသေး။ “ထိုကာလ”ဤစကားလုံးသည်

ဤအပိုဒ်၌သုံးကြိမ်တွေ့ရသည်။ (အပိုဒ်ငယ် ၂၁၊ ၂၃၊ ၂၄)၎င်းသည် သခင်ဘုရား၏နေ့ရက်ကိုဆိုလိုပြီးအနာ

ဂါတ်ကာလတွင်ရှိနေသေးသည်။ 


ပရောဖက်ပြုချက်၌ထိုကာလတွင် အီဂျစ်ပြည်အလယ်၌ယဇ်ပလ္လင်နှင့် မှတ်တိုင်ရှိလိမ့်မည်။ ထိုမှတ်တိုင်

သည်အီဂျစ်ပြည်၌နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ ထိုကြောင့် ယဇ်ပလ္လင်နှင့်မှတ်တိုင်သည်နှစ်မျိုးမဟုတ်ပေ။ တမျိုးတည်းကိုဆိုလိုခြင်းဖြစ်ပေသည်။ ယဇ်ပလ္လင်(Alter) သည်ဟေဗြဲဘာသာ၌“ဘုရား၏ခြင်္သေ့”The Lion of God ကိုဆိုလိုပြီး အီဂျစ်နိုင်ငံရှိခြင်္သေ့ကိုယ်နှင့် လူဦးခေါင်းရှိမနုဿီဟ (Sphinx)ပုံရုပ်တုကိုဆိုလိုနိုင်သည်။ ၎င်း

ရုပ်တုသည်ပိရမစ်ကြီးဖြစ်ပြီး၊ တခြားပိရမစ်များထက်သာ၍ကြီးမားကြောင်းထင်ရှားသည်။ သူ၏ပုံစံသဏ္ဍာန်

သည်လည်း မှတ်တိုင်(Pillar)၏သဏ္ဍာန်နှင့်တူညီသည်။


ဤပိရမစ်ကြီး၏နေရာသည် ယဇ်ပလ္လင်နှင့်မှတ်တိုင်တည်ရှိရာ နေရာနှင့် တနေရာတည်းကျရောက်

သည်။ အဲဂုတ္တုပြည်အလယ်နှင့် ပြည်စွန်းနားဟုဆိုထားသည်။ ၁၈၆၈ ခုနှစ်၌အမေရိကန်မှပါမောက္ခ

(H.Mitchell) သည် စူးအက်တူးမြောင်း (Suez Canal)၏အဆင့်ဆင့်ဖြစ်ပေါ်လာပုံကိုအစီရင်ခံရန်အစိုး၇က

စေလွှတ်လေသည်။ သူသည် နိုင်းမြစ်ဝန်းဒေသတစ်ခုလုံးနှင့် ကမ်းခြေအားလုံးပါဝင်သောပုံကိုရေးဆွဲပြီး

အရေးကြီးသောနေရာများကိုမှတ်တမ်းရာတွင် ပိရမစ်ကြီးသည် ကမ်းခြေတစ်လျှောက်ဆွဲသည့် စက်ဝိုင်း၏

အလယ်ဗဟို၌တည်ရှိနေကြောင်းတွေ့ရှိရသည်။ (ပုံ - D ကိုကြည့်ပါ)ထိုကြောင့်သူသည် ကျမ်းချက်ကိုးကား

ချက်မပါဘဲဤပိရမစ်ကြီးသည်အီဂျစ်ပြည်အလယ်၌၎င်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းအီဂျစ်၏ပြည်စွန်းအနား

တွင်၎င်းတည်ရှိနေကြောင်းတင်ပြခဲ့သည်။ ထိုနောက်ဟေရှာယပရောဖက်ပြုချက်အတိုင်း ဤယဇ်ပလ္လင်နှင့်

မှတ်တိုင်သည် ဤခေတ်ကာလ၏ နိမိတ်လက္ခဏာနှင့်သက်သေဖြစ်ကြောင်းယူဆနိုင်သည်။ ထိုကြောင့်ဤ

အကြောင်းအရာသည် မှန်ကန်ခဲ့လျှင် ကျွန်တော်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ကူညီမစခြင်းဖြင့် ဤပိရ

မစ်ကြီးသည် မည်သည့်အကြောင်းအရာ၏ သက်သေကိုဖေါ်ပြကြောင်းဆက်လက်ရှာဖွေရမည်။


ပိရမစ်ကြီးနှင့်ခရစ်တော်ဘုရား

(The Great Pyramid and Christ)

ယောဘဝတ္ထု၌ ကမ္ဘာမြေကြီးသည်တိုက်တစ်ဆောင်နှင့်နှိုင်းယှဉ်ထားကြောင်းထူးဆန်းစွတွေ့ရသည်။ ယောဘကိုဤသို့မေးမြန်းခဲ့လေသည်။

“မြေကြီးအနှစ်ကိုငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင်ဖေါ်ပြလော့။ မြေ

ကြီးအတိုင်းအရှည်ပမာဏကိုအဘယ်သို့စီရင်သနည်းနားလည်လျှင်ပြောလော့။ မျဉ်းကြိုးကိုအဘယ်သူတန်း၍

ချသနည်း။ မြေကြီးတိုက်မြစ်ကိုအဘယ်အရပ်၌စွဲစေသနည်း။ နံနက်ကြယ်တို့သည် တညီတညွတ်တည်းသီချင်း

ဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်ကြွေးကြော်ကြစဉ်၊ တိုက်တောင့်အထွဋ်ကျောက်ကို

အဘယ်သူတင်သနည်း”ဟုယောဘ ၃၈း၄-၇ တွင်ရေးသားထားသည်။


ယခုကျွန်တော်တို့ကမ္ဘာမြေကြီးသည်အမြစ်မရှိဘဲ လေဟာနယ်ထဲတွင် တည်ရှိနေကြောင်းယောဘ

လည်းကောင်းစွာသိခဲ့သည်။ (ယောဘ ၂၆း၇) အထက်ကျမ်းချက်ရှိတိုက်သည်ယောဘနှင့်အကျွမ်းတဝင်ရှိသည့်

တိုက်ဖြစ်ကြောင်းသိရသည်။ တိုက်တောင့်အမြစ်လေးဘက်ရှိပြီး တိုက်တောင့်အထွဋ်ကျောက်တစ်လုံးတည်းရှိ

သောတိုက်သည်ဤပိရမစ်မှတပါးတခြားတိုက်မဖြစ်နိုင်ချေ။


အထက်ပါကျမ်းချက်ရှိတိုက်တောင့်အမြစ်ကျောက်နှင့် တိုက်တောင့်အထွဋ်ကျောက်တို့သည်လည်း

မတူညီချေ။ ခြားနားလေသည်။ တိုက်တောင့်အထွဋ်ကျောက်ကိုမချမခြင်း ဤတိုက်တစ်ခုလုံးအဆုံးမသတ်နိုင်

သေး။ ဤတိုက်တောင့်ထွဋ်ကျောက်ချပြီး ပြီးစီး၍ဆက်ကပ်သောအခါ ဘုရားသခင်၏သားများဖြစ်သော

ကောင်းကင်တမန်များသည် ဝမ်းမြောက်ပျော်ရွှင်၍ ဤပိရမစ်ကိုတည်ဆောက်သောသူလည်းရွှင်မြူးခဲ့ကြောင်း

သိနိုင်သည်။


ဤပိရမစ်ကြီးသည် ဝိညာဉ်ရေးဆိုင်ရာ တိုက်၏အမှတ်လက္ခဏာနှင့်လည်းတူညီပေသည်။ ကျမ်းစာ၌

တိုက်တောင့်၏အကြီးမားဆုံးသောအမြစ်ကျောက်မှာ ယေရှုခရစ်တော်ဖြစ်သည်ဟုဆိုသည်။

“ထိုတိုက်တောင့်အမြစ်ကျောက်ကား ယေရှုခရစ်တော်ဖြစ်သတည်း။ ထိုကျောက်နှင့် တိုက်လုံးသည်စေ့

စပ်၍ကြီးပွားသဖြင့် သခင်ဘုရားအဘို့အလို့ငါှ သန့်ရှင်းသောဗိမ္မာန်တော်ဖြစ်၏။


ထိုဗိမ္မာန်တော်၌လည်း ဝိညာဉ်

တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလို့ငှါ သင်တို့သည်ငါတို့နှင့်အတူတည်ဆောက်လျှက်ရှိကြ၏”ဟုဧဖက်

၂း၂၁-၂၂ ၌ရေးသားထားလေသည်။ ဗိသုကာပညာဖြင့်တည်ဆောက်ထားသောတိုက်၌ တိုက်တောင့်အထွဋ်

ကျောက်မရှိသော်လည်း ပိရမစ်ကြီးပုံစံတည်ဆောက်လျှင် တိုက်အထွဋ်ကျောက်ရှိသည့်တိုက်နှင့်တိကျစွာတူ

ညီနေပေသည်။ တိုက်တောင့်အားလုံးသည်လည်း စနစ်တကျတည်ဆောက်ထားလေသည်။ အနားငါးဘက်ရှိ

သောအထွဋ်ကျောက်သည် တခြားမည်သည့်နေရာမှအသုံးမတည့်သဖြင့် တိုက်ဆောက်သူများကပယ်ထား

သောကျောက်ဖြစ်လာသည်။ ထိုကြောင့် အကြောင်းအရာနှင့် အသုံးမတည့်သဖြင့် တိုက်ဆောက်သူများကပယ်

ထားသောကျောက်ဖြစ်လာသည်။


ထိုကြောင့် အကြောင်းအရာနှင့်ပတ်သက်၍ဤကဲ့သို့ဖတ်ရှုရပါသည်။ “တိုက်

ကိုတည်လုပ်သောသူများပယ်ထားသောကျောက်သည် နောက်တိုက်တောင့်အထွဋ်များသို့ရောက်ပြန်၏”ဟု

ဆာလံ ၁၁၈း၂၂၌ ရေးသားထားသည်။ တဖန်ဤကျောက်ကို“ထိမိ၍လဲစရာကျောက်နှင့် မှားယွင်းစရာကျောက်”

ဟူ၍လည်းဖတ်ရှုရသည်။ (၁ပေ ၂း၇-၈၊ ရော ၉း၃၂-၃၃) ထိုကြောင့် ခရစ်တော်ပယ်ထားသောကျောက်၊ ထိမိ၍

လဲစရာ၊ မှားယွင်းစရာကျောက်ဖြစ်လာရသည်။ရှင်ပေါလုကလည်း “ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှအသေခံ

သောခရစ်တော်၏အကြောင်းအရာကိုဟောပြောကြ၏။ ထိုအရာသည် ယုဒအမျိုုးသားထိမိလဲစရာဖြစ်၏။

တပါးမျိုးသား၌မူကား မိုက်မဲခြင်းဖြစ်၏”ဟု ၁ကော ၁း၂၃ ၌ ရေးသားထားသည်။


ပိ၇မစ်၏အထိပ်ဆုံးရှိကျောက်သည် မျက်နှာပြင်ငါးဘက်ရှိ၍ ကြား၌ အချွန်အဖြားငါးခုလည်းရှိသည်။ အရာဝတ္ထုတစ်ခုခုယင်းကျောက်ချွန်ပေါ်သို့ကျလျင်ကွဲအက်သွားရသည်။ သို့မဟုတ်အနာတရဖြစ်ရသည်။

ကျောက်ပေါ်သို့ကျသည်ဖြစ်စေ၊ ယင်းကျောက်သည်အရာဝတ္ထုပေါ်သို့ကျသည်ဖြစ်စေ၊ အရာဝတ္ထုသည်ကျိုးပဲ့

ကြေမွသွားရလေသည်။ (မဿဲ ၂၁း၄၂-၄၄) ထိုကြောင့် ကျွန်တော်တို့လေ့လာခဲ့သမျှအတိုင်းပငါပိရမစ်ကြီး

သည်အမှန်တကယ်ယေရှုခရစ်တော်သည် တိုက်တောင့်အမြစ်ကျောက်ဖြစ်သော ဝိညာဉ်ရေးရာတိုက်၏

သင်္ကေတဖြစ်ကြောင်းနှင့် ရှင်းလင်းဖော်ထုတ်ပေးပါသည်။



ပိရမစ်ကြီးနှင့်ခေတ်ကာလဆိုင်ရာသမ္မာတရား

(The Great Phramid and Dispensational Truth)

ဤနေရာတွင်ကျွန်တော်တို့သည် ဖြေးညှင်းစွာခြေလှမ်းလှမ်းရလိမ့်မည်။ သို့မဟုတ်လျှင် ကလာအချိန်

ကိုပုံသေသတ်မှတ်ပေးသော သူဖြစ်သွားနိုင်လေသည်။ ထိုအခါ ဦးတည်ချက်လည်းပျောက်၍ အချည်းအနှီးဖြစ်

သွားနိုင်လေသည်။ နောက်ဆုံးအပြီးသတ်ရေးဆွဲချိန်၌ တခြားအရာများသည် ထည့်သွင်းတွက်ချက်မှတ်တမ်း

ထားရသောကြောင့် ဖြစ်သည်။ ပိရမစ်အတွင်းရှိလမ်းကြောင်းနှင့် အခန်းများသည် ခေတ်ကာလအပိုင်းအခြားနှင့်

ပါတ်သက်သောသွန်သင်ချက်များအတွက် ရည်ရွယ်ထားကြောင်းထင်ရှားလှပေသည်။


ပိရမစ်ကြီးအတွင်းအောက်သို့ဆင်းသည့်လမ်းကြောင်း(BB)သည် ဘီစီ ၂၁၇၀သို့ရည်ညွှန်းသကဲ့သို့

ဤလမ်းကြောင်းသည်နဂါးငွေ့တန်းနှင့်လည်း တတန်းတည်းကျရောက်သည်။ ၎င်းနဂါးငွေ့တန်းသည် ကြယ်စု

ထဲများ၌ အကြီးမားဆုံးကြယ်ဖြစ်သဖြင့် ယင်းကြယ်သည်အကြီးမားဆုံး ရှေးမြွေဟောင်းကြီးလည်းဖြစ်ပေသည်။

ထို့ကြောင့် ကျွန်တော်တို့သည် ဤပိရမစ်၏အောက်သို့ဆင်းသည့်လမ်းကြောင်း(BB)မှတဆင့် စာတန်တည်ရှိနေ

ကြောင်းသိရှိနားလည်ရလေသည်။ ၎င်းအပြင် ယင်းလမ်းကြောင်းဖြင့် ဆက်လက်ဆင်းသွားလျှင် နောက်ဆုံးအ

ပြီးမသတ်သေးသည့် အခန်း(H)သို့ရောက်ရှိသွားသည်။ ယင်းသည်ငရဲ(Hell)ခန်းဖြစ်သည်။ လူသားများသည်

ဤအမြင့်မှ ၂၃၂.၅၂ ကုဗအတိုင်းအတာ(အတောင်)ရှိလေသည်။


ဤလမ်းကြောင်းအတိုင်းအောက်သို့ဆင်းသွားလျှင် နဂါးမြွေ၏လက်အောက်သို့ကျရောက်ပြီး သူနှင့်

အတူငရဲ၌နေ၍အသက်တာအဆုံးသတ်သွားရကြောင်းသိရှိရသည်။ လမ်းကြောင်း(BB)အတိုင်းမဆင်းဘဲ (D)

လမ်းကြောင်းဖြင့်လမ်းခွဲ၍အပေါ်သို့တက်နိုင်သည်။ ဤအရာသည်လူသားများသည်အောက်သို့မဆင်းသွားရ

အောင်ကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်လူ့ဇာတိခံယူ၍မွေးဖွားချိန်မှစ၍ ကောင်းကင်ဘုံသို့တက်နိုင်ရန်လမ်း

ဖွင့်ခဲ့ကြောင်းထင်ရှားလေသည်။ (Grand Gallrey)ဖြစ်သည့်အခန်းကျယ်ကြီးသည်အသင်းတော်စတင်သည့်အ

ချိန်မှစ၍ အသင်းတော်စချီဆောင်ခြင်းခံရသည့် နေ့ရက်တိုင်အောင်ဖြတ်သန်းရသည့်ကျေးဇူးတော်ကာလ(သို့)

အသင်းတော်အချိန်ကာလကိုကိုယ်စားပြုထားသည်ဟုယူဆရသည်။


ဤအခန်းရှည်ကြီးသည် ၁၈၈၂လက်မရှိ

ပြီး တလက်မလျှင် တစ်နှစ်ဖြင့်သတ်မှတ်သော် ယနေ့ထိအသင်းတော်ကာလမကုန်ဆုံးနိုင်သေး။ အဘယ်

ကြောင့်ဆိုသော် ဤပိရမစ်ကြီးသည် ယနေ့ထိအသင်းတော်ကြီးတည်ဆောက်သည့်ခေတ်အချိန်၌ အတိုင်းအ

တာသည် ယနေ့ကျွန်တော်တို့၏အတိုင်းအတာနှင့်မတူသောကြောင့်ဖြစ်မည်။ ဤအခန်းကြီးနှင့် ပါတ်သက်ပြီး 

ဆက်နွယ်နေသည့်တခြားအကြောင်းအရာနှင့် ဖြစ်ရပ်များလည်းရှိနေသေးသည်။ အခန်း၏အစသည်ခရစ်တော်

မွေးဖွားခြင်းဖြစ်သည်ဟုသတ်မှတ်လျှင် ၎င်းအခန်းမှစ၍ ၃၀လက်မအကွာ တွင်ရေတွင်းအပေါက်ပါးစပ်တစ်ခုရှိ

နေသေးသည်။ ၎င်းတိုင်းအောက်သို့ဆင်းလျှင် အခန်း(H)သို့ရောက်ရှိသွားနိုင်သည်။ (S)ဆိုသည့်နေရာ၌ဂူကြီး

တစ်ခုအဖြစ်ရှိနေသည်ကိုလည်းတွေ့ရသည်။


ရေတွင်းလမ်းကြောင်း(W)သည်အလွန်ကြမ်းတမ်းသည့်နှုတ်ခမ်းမျာဖြင့် တည်ဆောက်ထားကြောင်း

ယင်းရေတွင်းအပေါက်သည် သချိုင်းဂူဖြစ်၍ သခင်ယေရှုသည် ဤလမ်းကြောင်းအတိုင်းမြေကြီးထဲ(S)နေရာ၌

သုံးရက်နေပြီး သေခြင်းကိုအောင်မြင်၍ဤလမ်းအတိုင်းရှင်ပြန်ထမြောက်ခဲ့လေသည်။ ဤမြေကြီးထဲ(S)၌ နောင်

တရသောဓါးမြနှင့်တွေ့ဆုံခဲ့လေသည်။ ၎င်းသည်ပရဒိသုဘုံဖြစ်သည်။ (အပိုင်း ၁ရှိဝိညာဉ်လောက ပုံကားချပ်ကို

ကြည့်ပါ)ဤအခန်းတွင်းသို့ငေါ့ထွက်နေသည့်ကျောက်ခုနှစ်လုံးသည် အသင်းတော်ခုနှစ်ပါးကိုရည်ညွှန်းထားလေ

သည်။ ကျဉ်းမြောင်းသည့်လမ်း(T)သည်ဘေးဒဏ်ကြီးကာလကိုရည်ညွှန်းလေသည်။ ၎င်း(T)အပေါ်အခန်းြ့ကီး

၏ထိပ်မှလမ်းကြောင်း(R) သည်အသင်းတော်ချီၤဆောင်ခြင်းကိုပုံဆောင်ထားသည်။


၎င်း(R) လမ်းကြောင်းတွင်

လင်းနို့များသာရှိနေသည်။ ၎င်းသည် အတောင်ရှိ၍ပျံသန်းနိုင်သည့်ငှက်များဖြစ်သည်။ ဤနေရာသည်ချီဆောင်

ခြင်းထဲပါဝင်သူများသည်အထက်ကောင်းကင်၌ သိုးသူငယ်ညစာစားပွဲကြီး၌ပါ်ဝင်ခြင်းကိုရည်ညွှန်းထားပါသည်။ ထိုကြောင့် ဤပိရမစ်ကြီးထဲရှိ အရာအားလုံးသည်သချုႋိင်းနှင့်ဂူအတွက်ရည်ညွှန်း၌တည်ဆောက်ထားခြင်းမ

ဟုတ်ချေ။ အမှန်တကယ်ယခုခေတ်ကာလအတွက် ရည်ရွယ်၍တည်ဆောက်ထားခြင်းဖြစ်သည်။

အကယ်၍ လမ်းကြောင်း(T)သည်ဘေးဒဏ်ကာလကိုရည်ညွှန်းခဲ့သော်(M)အခန်းသည် အနှစ်တစ်

ထောင်ခေတ်ကာလကိုပုံဆောင်သည့်ပုံစံဖြစ်သည်။ ၎င်းအပြင်ဆက်လက်၍ (P)လမ်းကြောင်းသည် အနှစ်တစ်

ထောင်ခေတ်ကာလကုန်ပြီးနောက် ဂေါဂနှင့် မာဂေါဂလာဘို့ရန်လမ်းကြောင်းဖြစ်သည်။ ဘုရင်နေသည့်အခန်း

(K)သည်ကောင်းကင်သစ်မြေကြီးသစ်ကိုရည်ညွှန်းထားသည်။


တချို့သူများက ဘုရင်အခန်းသည် အလောင်းထားရန်နေရာဖြစ်သည်ဟုယူဆရသည်။ သို့သော်လည်း

ဤပိရမစ်သည်အလောင်းထဲ့ရန်သချုႋင်းမဟုတ်ကြောင်းသိပြိးဖြစ်သည်။ ဘုရင်အခန်း၌အလွန်အဖိုးတန်သော

သေတ္တာတစ်ခုသာရှိသည်။ ဤသေတ္တာသည်ကျောက်ကောင်းဖြင့်ပြုလုပ်ထားပြီး အချောသတ်ထားသည်။

အထဲ၌ဘာတစ်ခုမျှမရှိချေ။ အပြင်၌ မှတ်တမ်းစာရေးခြင်းလည်းမရှိချေ။ ဤသေတ္တာသည်တဲတော်ရှိပဋိညာဉ်

သေတ္တာနှင့်အရွယ်တူညီသဖြင့် ဤပဋိညာဉ်သည်သေတ္တာကိုပုံဆောင်ထားကြောင်းယူဆနိုင်သည်။

ဒေါက်တာဆိုင်းစ်(Dr.Seiss)က ဤပိရမစ်ကြီးသည်ဝိညာဉ်ရေးရာနှင့် ဆိုင်သောအရာကိုဖော်ပြရန်

သင်္ကေတဖြစ်ခဲ့သော၊ ယေရုဆလင်မြို့သစ်အားဖေါ်ပြသည့်အရာတစ်ခုရှိသင့်သည်ဟုဆိုသည်။


သို့ဖြစ်၍

ဆက်လက်တူးဖော်သောအခါ ပိရမစ်အလယ်မျဉ်းတည့်တည့်အပေါ်ဖက်ပေ ၁၀၀ အကွာတွင် လမ်းကြောင်း(W)

နှင့်တွေ့သည့် (J)လမ်းကြောင်းတစ်ခုလည်းရှိပြီးယင်းသည် “Q”အခန်းသို့ရောက်သည်။ “Q” အခန်းသို့မရောက်

မှီခုနှစ်ပုံတစ်ပုံနေရာတွင် အနဲငယ်ချိုင့်ဝင်နေကြောင်းတွေ့ရသည်။ ယင်းသည် ဣသရေလလူမျိုးများကွဲလွင့်သွား

ခြင်းကိုညွန်းလေသည်။ အောက်သို့ဆင်းသည့်လမ်းကြောင်း(D)သည်အမှတ်ခုနှစ်ဆယ်ဆင်းကျရခြင်းသည်

ယုဒလူမျိုးများအေဒီ ၇၀ ၌ကမ္ဘာအရပ်ရပ်သို့ကွဲပြား၍ တိုင်းတပါးလက်အောက်သို့ကျရောက်ခြင်းကိုညွန်းလေ

သည်။ လမ်းကြောင်း(J)မှတဆင့် “Q”အခန်းသို့ရောက်ရှိခြင်းသည် အနာဂတ်ကာလ၌ ယုဒလူမျိုးများပြန်လည်

ရှင်သန်လာခြင်းကိုပုံဆောင်ထားလေသည်။


ရှင်ပေါလုကတပါးအမျိုးသားများအရေအတွက်မပြည့်မှီတိုင်အောင် ဣသရေလလူမျိုးများအားမျက်

ကန်းဖြစ်စေလိမ့်မည်ဟုဆိုထားပြန်သည်။ (ရော ၁၁း၂၅)“Q”အခန်းသည် လေမရှိသဖြင့် သွားလာရန်ခက်

ခဲသည်။ ၁၈၇၂ ခုနှစ်၌ပိရမစ်အားလေ့လာသူတစ်ဦးသည် “Q”အခန်းသို့ရောက်သောအခါ တောင်ဘက်၌

လမ်းကြောင်းတစ်ခုကိုရှာဖွေတွေ့ရှိပြီး ၎င်းအားသံချောင်းဖြင့်ထိုးကြည့်သောအခါ လမ်းကြောင်းတစ်ခုပွင့်သွား

ကြောင်း(Y)တွေ့ရလေသည်။ ၎င်းလမ်းကြောင်းသည်မြောက်ဘက်သို့ခုနှစ်ပေရှည်သည်ကိုတွေ့ရသည်။ အဘယ်

ကြောင့်ဤလမ်းကြောင်းကလေးသည် အပေါ်၌မရှိဘဲ အောက်နား၌ရှိနေ၇သနည်း။


ဤအရာသည် ဣသရေလ

လူမျိုးများမျက်ကန်းဖြစ်ရခြင်းကိုပုံဆောင်လေသည်။ သို့သော်လည်း အနာဂတ်တစ်နေ့တွင်ဘုရားသခင်ထံပြန်၍

နောင်တရပြီး လှည့်လာရလိမ့်မည်။ ထိုကြောင့် “Q”အခန်းသည်ယုဒလူမျိုုးများ၏အခန်းဟုယူဆနိုင်သည်။ ၎င်းအပြင်“Q”အခန်းသည် ကျမ်းစာ၌ရေးသားထားသည့်အတိုင်းနောက်ဆုံးသောကာလတွင် ယုဒလူမျိုးများ

သည် မိမိတိုင်းပြည်သို့ပြန်လာ၍ အခြေချနေထိုင်လိမ့်မည်ကိုပုံဆောင်လေသည်။ ထိုကြောင့် ဤပိရမစ်သည်

သချုႋင်းဂူမဟုတ်ချေ။ နက္ခတဗေဒပညာရှင်နှင့်သချာၤပညာရှင်တို့ပုူးပေါင်းပြီး ကျမ်းစာနှင့် ဆိုင်သောအကြောင်း

အရာပါဝင်နေသောကြောင့် အဖိုးတန်သောကျောက်များဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။



ပိရမစ်ကြီးကိုမည်သူတည်ဆောက်ခဲ့သနည်း?

Who Built The Great Pyramid?

ဤပိရမစ်ကြီးကိုဘုရင်ချီအိုစ် (Cheops)လက်ထက်၌တည်ဆောက်ခဲ့လေသည်။ ပညာရှိဟီရိုဒိုတပ်စ်

(Herodotus)ကဤပိရမစ်ကြီးတည်ဆောက်ချိန်တွင် တခြားနတ်ဗိမ္မာန်များတည်ဆောက်ခြင်းကိုရပ်နားစေပြီး၊

လုပ်သားတစ်သိန်းယောက်ကိုအသုံးချပြီး နှစ်ပေါင်းခုနှစ်ဆယ်တိုင်တိုင်တည်ဆောက်ရလေသည်။ ယဇ်ပုရော

ဟိတ်မက်နှီဒေါ့(Manetho)သည်ထိုအချိန်နှင့်ပတ်သက်၍“ဘုရားရှင်သည် ကျွန်တော်တို့ကိုမနှစ်သက်သဖြင့်

အရှေ့ဘက်မှမထီမဲ့မြင်ပြုခံရသောလူမျိုးတစ်မျိုးသည် ကျုးကျော်ဝင်ရောက်လာပြီး၊ စစ်မတိုက်ဘဲနဲ့ကျွန်တော်

တို့ကိုနှိမ်နင်းလိမ့်မည်။


နတ်ဘုရားဗိမ္မာန်ကိုလည်းပယ်ရှားလိမ့်မည်”ဟုဆိုခဲ့သည်။ ဤဘုရင်ချီအိုစ်၏နောက်

ဆက်ခံသောဘုရင်များသည်လည်းထိုကဲ့သို့ပြုမူခဲ့သည်။ ၎င်းနောက်(Mycerius)မိုက်ဆာရစ်ယားစ်ဘုရင်စုးိစံ

သောအခါ ဗိမ္မာန်တော်ပြန်လည်ဖွင့်လှစ်၍ ဘာသာရေးရှင်သန်ခဲ့လေသည်။ ၎င်းနောက်မက်နီဒေါ့သည်ထိုဘုရင်

အားသိုးထိန်းတို့၏ဘုရင်(သို့)“Hyksos”ဟုခေါ်လေသည်။ ဤလူမျိုးသည်အာရပ်လူမျိုုးဝင်ဖြစ်ပြီး၊ အီဂျစ်နိုင်ငံမှ

တဆင့်ယုဒပြည်သို့နေထိုင်သွားသည်။ ၎င်းနောက် ယုဒပြည်၌မြို့ပြတစ်ခုတည်လေသည်။ ယင်းမြို့သည်

ယေရုဆလင်မြို့ဖြစ်သည်။


Hyrodotus က ဤပိရမစ်ကိုထိုအချိန်အခါ၌ သိုးထိန်းဟူ၍“Philition”ဟုခေါ်ဆိုခဲ့ကြောင်း၊ ၎င်းသည် ပိရမစ်ကြီး၏ဗိသုကာကြီးဖြစ်ကြောင်းဖွင့်ဟခဲ့လေသည်။ သူသည်အာရပ်လူမျိုးဖြစ်ပြီး ယုဒပြည်ရှိဖိလ္လတိဒေသ

သို့ပြောင်းရွှေ့နေထိုင်ပြီး၊ မက်နီဒေါ့အချိန်၌ “Philistine”အဖြစ်လူသိများခဲ့ကြောင်းသိရသည်။

ဤသို့ဆိုလျှင် ထိုသူသည် မည်သူနည်း။ တချို့ကထိုသူသည် “Shem”နှင့်ညီကြောင်း၊ တချို့က 

“Melchisedec”နှင့်တူကြောင်းထင်မြင်ယူဆကြသည်။ သို့သော်စာရေးသူသည် ယောဘ“Job”ဖြစ်ကြောင်း

ယူဆသည်။


အဘယ်ကြောင့်ဆိုသော် သူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက်ကြီးမြတ်သောသူ

တစ်ဦးဖြစ်ခဲ့သည်။ (ယောဘ ၁း၃) သူသည်အသက်၂၅၀နှစ်ခန့်အသက်ရှည်ခဲ့ဟန်တူသည်။ အာဗြဟံမတိုင်မှီ

ဘီစီ ၂၀၀ခန့်၌ နေထိုင်ခဲ့သူဖြစ်ကြောင်းသိရသည်။ သူအသက် ၁၇၅ ခုနှစ်မှစ၍ ဤပိရမစ်ကြီးကိုသိရှိရလေ

သည်။ ယောဘအခန်း ၃၈ ထဲ၌ အနန္တတန်ခိုးရှင်ဘုရားသည် ယောဘအားစကားပြောခဲ့သည်မှာ ဤပိရမစ်

ကြီးကိုတည်ဆောက်ခဲ့သူဖြစ်ဟန်တူကြောင်း၊ တိုက်တောင့်အမြစ်ကိုချခြင်း၊ တိုက်တောင့်အထွဋ်ကျောက်ကို

နေရာတကျတည်စေခြင်း၊ လူသားများဝမ်းမြောက်ရွှွင်လန်း၌အော်ဟစ်မြူးတူးခြင်း၊ စသည်တို့ကိုတွေ့ရှိရသည်။


ယောဘသည် ကြယ်နက္ခဗေဒနှင့် မြေတိုင်းတာရေးဆိုင်ရာ ပညာရှင်ဖြစ်ခဲ့ကြောင်း ဘုရားရှင်ကသူ့အားမိုးပွင့်

အကြောင်း(ယောဘ ၃၈း၂၂)၊ မိုးရွာခြင်းအကြောင်း(၂၈း၂၅-၂၈)၊ နှင်းခဲအကြောင်း (၂၈း၂၉-၃၀)၊ ရာသီဥတု

အကြောင်း (၂၈း၃၃-၃၄)၊ မိုးကောင်းကင်ကြယ်များအကြောင်းနှင့် ကောင်းကင်သားများအကြောင်း (၂၈း၃၁-

၃၂)၊ လျှပ်စစ်အကြောင်း (၂၈း၃၅) စသည့်အကြောင်းအရာများကိုမေးမြန်းသည်ကိုကြည့်ခြင်းအားဖြင့် သိနိုင်

သည်။


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?