မဿဲ ၂၄:၁၃ ကို ခေတ်ကာလပိုင်းခြား၍ လေ့လာခြင်း
ခရစ်ယာန်ယုံကြည်သူ အများစုသည် မဿဲခရစ်ဝင် ၂၄:၁၃ တွင် ပါရှိသော "အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်" ဟူသော ကျမ်းချက်ကို ဖတ်ရှုသောအခါ စိုးရိမ်စိတ် ဝင်လေ့ရှိကြသည်။ "ငါ အဆုံးထိ မတည်ကြည်နိုင်ရင် ငါ့ကယ်တင်ခြင်း ပျောက်သွားမလား" ဟူသော မေးခွန်းများ ပေါ်လာတတ်သည်။ သို့သော် သမ္မာကျမ်းစာကို လေ့လာရာတွင် "မည်သူ့ကို ပြောသနည်း၊ မည်သည့်အချိန်ကာလအတွက် ပြောသနည်း" ဟူသော ခေတ်ကာ