သိလျှက်နှင့်ဝန်မခံခြင်း၏အကျိုး
ချစ်သောဓမ္မမိတ်ဆွေကျွနု်ပ် တို့ အမိမြန်မာပြည်၏ခရစ်ယာန် သာသနာသည် ယခုအခါ အနှစ်နှစ် ရာနီးကပ်လာလေပြီ။ ခရစ်ယာန်ဘာ သာဝင်အသင်းသူ/သားတို့သည် လည်း၊ ဘုရားသခင်၏နှုက်ကပတ် တော်ကို သိသင့်သလောက်သိခဲ့ကြ လေပြီ။ ကယ်တင်ခြင်းအကြောင်း ပြောမလား၊ ခရစ်ယာန်အသင်ရှင်ခြင်းဟောမလား၊ ခေတ်ကာလအ ပိုင်းအခြား သင်မလား၊ ပြောတက် ဟောတက်ကြလေပြီ။ သို့သော် လိုအပ်နေသည်မှာ အသိသာရှိပြီးလက် တွေ့ပိုင်းမှာ၊ နာခံခြင်း၊ လိုက်လျှောက် ခြင်း
မရှိခြင်းပေတည်း။သို့ဖြစ်၍ တချိန်က ဟေရှာ ယဟောဘူးသော အနာဂတ်စကား ဟူမူကား သင်တို့သည်၊ ကြားလျက်
ပင် အနက်ကို နားမလည်ဘဲ ကြား ကြလိမ့်မည်။ မြင်လျက်ပင် အာရုံမ ပြုဘဲ မြင်ကြလိမ့်မည်။ (မဿဲ၊ ၁၃း
၁၄)။ ဤစကားအတိုင်း ကျွနု်ပ်တို့ယုံ ကြည်သူများအသက်တာမှာ ပြည့်စုံ နေရော့သလား စဉ်းစားစရာ ဖြစ်ပါ
သည်။
ချစ်သော ဓမ္မမိတ်ဆွေများ၊ တကယ်မသိ၍၊ မနာခံခြင်းသည်၊ သည်းခံစရာ၊ ခွင့်လွတ်စရာရှိပါ၏။
သို့သော် သိလျက်နှင့် မြင်လျက်နှင့် မိမိမျက်စိကို ပိတ်သောသူဖြစ်လျှင် မူကား၊ အန္တရာယ်ကြီးလှပေ၏။
ယခုနှစ်တွင်၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်ဘက်ကို ရက် ပေါင်း(၇ဝ)ရက် တိတိဧဝံဂေလိခရီး
သွားခဲ့ပါသည်။ ထိုလမ်းခရီးစဉ်တ လျှောက် ခရစ်ယာန်ဘာသာဝင်များ ကို ဤအကြောင်း ဤအချက်ဟော
ပြောခဲ့ပါသည်။ သို့သော်၊ တခိုျ့မှာမူ သမ္မာကျမ်းစာသင်ကြားပေးခြင်းကို နားလည်သဘောပေါက်ပါလျက်နှင့်
လက်မခံဘဲ ရှိနေကြသူမြောက်များ စွာရှိကြောင်း တွေ့ရပါသည်။ တခိုျ့ မှာ၊ ကယ်တင်ခြင်းသို့ ရောက်ပြီးမှ၊
ဆယ်ဖို့တစ်ဖို့ ပေးစရာမလို၊ အပြစ် ဝန်ချစရာမလို၊ တောင်းပန်စရာမလို၊ အမြဲဆုတောင်းနေစရာ မလို၊ မလိုမလို-
ဝါဒကို ကိုင်ဆွဲပြီး၊ သိသိကြီးနှင့် ထင်ရာဆိုင်းနေသူများလည်း ရှိလေ သည်။
တခိုျ့မှာမူ ကယ်တင်ခြင်း ဆိုသည်မှာ၊ ယခု ဘဝကတည်းက ရမရ၊ မသိနိုင်၊ သေမှသိမည်ဟု ဆို
နေကြသည်။ ကယ်တင်ခြင်းကို သ ဘောပေါက်အောင် သင်ကြားသော် လည်း၊ ကယ်တင်ခြင်းကို လက်မခံဘဲ၊
မိမိအကျင့်သီလ၊ ကောင်းမှုကိုသာ မှီ ခိုအားကိုးနေသူများလည်း ရှိသည်။ ထို့ကြောင့်၊ ထိုလူစားထဲမှာ ကျွနု်ပ်တို့
သည်လည်း ပါမသွားမိအောင် သတိ ပေးလိုပါသည်။
တချိန်က ပရောဖက်ယေရ မိလက်ထက်မှာ စိတ်ခိုင်မာသော၊ ရှင်ဘုရင်တပါးရှိလေသည်။ ထိုသူ
သည် ယောရှိမင်းကြီး၏သားဇေဒကိ မင်း ဖြစ်လေသည်။ တရံရောအခါ ဇေဒကိမင်းကြီးသည် ယဇ်ပရော
ဟိတ်တို့ကို ယေရမိထံသို့ စေလွတ် ၍ ငါတို့အဘို့ ထာဝရဘုရားသခင် အား ဆုတောင်းပါလော့ဟု မှာလိုက်
၏။ ထိုအခါ ယေရမိသည် ထောင်ထဲ သို့ မရောက်သေး။
ထိုအချိန်တွင် ဘုရားသခင် ၏နှုတ်ကပတ်တော်သည် ပရောဖက် ယေရမိထံသို့ ရောက်၍ သင်တို့ကို
စစ်ကူခြင်းငှါ လာသောဖာရောဘုရင် ၏ဗိုလ်ခြေတို့သည်၊ သူတို့နေရင်း အဲ ဂုတ္တုပြည်သို့ ပြန်သွားကြလိမ့်မည်။
ခါလဒဲလူတို့သည် လာပြန်၍၊ ဤမြို့ ကိုတိုက်ယူပြီးလျှင် မီးရှို့ကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊
အကယ်စင်စစ် ခါလဒဲလူတို့သည် ငါ တို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို ၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့်။
သူတို့သည် ထွက်၍ မသွားရကြ။ ထို မျှမက သင်တို့ကို စစ်တိုက်သော ခါ လဒဲစစ်သူရဲအပေါင်းတို့ကို သင်တို့
သည် လုပ်ကြံသဖြင့်၊ သူတို့တွင် ဒဏ် ချက်ထိသောသူသက်သက်ကျန် ြွကင်းသော်လည်း သူတို့အသီးသီး၊
မိမိတို့တဲ၌ ထ၍ ဤမြို့ကို မီးရှို့ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ မင်းများတို့သည် အမျက်ထွက်၍
ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော် ယောနသန်၏အိမ်၌ လှောင်ထားကြ ၏။
ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်
သတည်း။ (ယေရမိ၊ ၃ရး၃-၁၅)
တဖန် ဇေဒကိမင်းကြီး သည် လူကို စေလွှတ်၍ ဗိမ္မာန်တော် ၏အတွင်းခန်းထဲသို့ ယေရမိကို ခေါ်
ပြီးလျှင် သင်၌ တစ်စုံတစ်ခုကို ငါမေး မြန်းမည်။ အဘယ်အရာကိုမျှ မထိမ် မဝှက်နှင့်ဟု ဆိုသော်၊ ယေရမိက အ
ကျွနု်ပ်လျှောက်လျှင်၊ အကျွနု်ပ်ကို မ သတ်ဘဲ အမှန်နေတော်မူမည်လော။
အကျွနု်ပ်သည် အကြံပေးလျှင်၊ အ ကျွနု်ပ်စကားကို နားထောင်တော်မူ မည်လောဟု ဇေဒကိကိုမေးလျှောက်
လေ၏။ ဇေဒကိမင်းကြီးကလည်း၊ ငါတို့အသက်ရှင်သောသတ္တဝါ ဖြစ် စေခြင်းငှါ၊ ဖန်ဆင်းသော ထာဝရ
ဘုရား အသက်ရှင်တော်မူသည်အ တိုင်း သင့်ကို ငါမသတ်၊ သင့်အသက် ကို ရှာသောထိုသူတို့လက်သို့ သင့်ကို
ငါမအပ်ဟု ယေရမိအား တိတ် ဆိတ်စွာ ကျိန်ဆိုလေ၏။
ယေရမိကလည်း ဣသရေ လအမိုျး၏ကောင်းကင်ဗိုလ်ခြေ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊
ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင် မှူးမတ်တို့ထံ ထွက်သွားလျှင် အ သက်ချမ်းသာရကြလိမ့်မည်။ ဤမြို့
သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့် မည်။ ကိုယ်တော်နှင့်တကွ ဆွေတော် မိုျးတော်တို့သည် အသက်ချမ်းသာ
ရကြလိမ့်မည်။
သို့မဟုတ် ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်မှူးမတ်တို့ထံ ထွက် မသွားလျှင်၊ ဤမြို့ကို ခါလဒဲလူတို့
လက်သို့အပ်၍ သူတို့သည် မီးရှို့ကြ လိမ့်မည်။ ကိုယ်တော်သည်လည်း သူတို့လက်နှင် မလွတ်ရဟု ဇေဒကိ
ကိုလျှောက်ဆို၏။ (ယေရမိ၊ ၃၈း၁၄-၁၈)။
ချစ်သော ဓမ္မမိတ်ဆွေ၊ ဇေ ဒကိမင်းကြီးသည် ထာဝရဘုရား၏ အမိန့်တော်စကားကို၊ ကောင်းမွန်စွာ
သဘောပေါက်နားလည်သော်လည်း နာခံခြင်းမရှိ၊ မိမိစိတ်ကြိုက်အတိုင်း အသက်ရှင်သောကြောင့် နောက်ဆုံး
တွင် အရှက်တကွဲ အကိုျးနည်းဖြစ်ခဲ့ ရလေသည်။ ဇေဒကိမင်းကြီး နန်းစံ ကိုးနှစ်၊ ဒသမလတွင် ဗာဗုလုန်ရှင်
ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ၊ လာ၍ယေရုရှ လင်မြို့ကို ဝိုင်းထားကြ၏။
ယုဒရှင် ဘုရင် ဇေဒကိမင်းနှင့်၊ စစ်သူရဲအ ပေါင်းတို့သည် ထိုလူများကို မြင်လျှင် ညအခါ ပြေး၍ ဥယျာဉ်တော်လမ်း သို့ လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ် ကြား တံခါးဖြင့် ထွက်ပြီးလျှင် လွင် ပြင်သို့ သွားကြ၏။
ခါလဒဲစစ်သူရဲတို့ သည်လိုက်လျက် ယေရိခေါလွင်ပြင် ၌ ဇေဒကိမင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည် ရိဗလမြို့သို့ ဆောင်သွားကြ၏။
ဗာ ဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း ၏အမှုကို စစ်ကြောစီရင်၍ ဇေဒကိ သားတို့ကို အဘမျက်မှောက်၌ သတ် လေ၏။ ယုဒမှူးမတ်အပေါင်းတို့ကို လည်းသတ်လေ၏။ ဇေဒကိမျက်စိ ကိုလည်း ဖေါက်ပြီးမှ သူ့ကို ကြေးဝါ ကြိုးဖြင့် ချည်နှောင်လေ၏။ ခါလဒဲ လူတို့သည်လည်း နန်းတော်နှင့် ဆင်း ရဲသားအိမ်တို့ကို မီးရှို့၍ မြို့ရိုးကို ဖြိုဖျက်ကြ၏။
ချစ်သောဓမ္မမိတ်ဆွေ၊ ဤ နေရာ၌ ယုဒဘုရင်ဇေဒကိသည်၊ ဖြစ်လာမည့် အခြေအနေကို မသိ၍
မဟုတ်ပါ။ ယေရမိထံမှ တိကျသော ထာဝရဘုရားသခင်၏ နှုတ်ကပတ် တော်ကို ရရှိပြီးဖြစ်ပါသည်။ သို့သော်
ဇေဒကိမင်းသည် ''လွှတ်ခြင်းအခွင့် ရှိ သည်ဟု ဝန်ခံလျက်ပင်၊ ကိုယ် တိုငုင် ပုပုပ်ပ်ပျက်ြ်ခြင်းး၏ကျွန်ြ်ဖြစ်၏်၏။
အဘယ်သို့ နည်းဟူမူကား၊ လူ ကို နိုငုင်ေ်သောအရာသည် လူ၏ူ၏သ ခင်ဖြစ်၏။'' (၂ပေ၊ ၂း၁၉)
တမန်တော်ပေါလုက ဂလာ တိအသင်းတော်ကို ဤသို့ရေးလိုက် ၏။
''ညီအစ်ကိုတို့ သင်တို့ သည် လွှတွှတ်ြ်ခြင်းးအခွငွင့််က့ကိုရုရသော သူြူဖြစ်ြ်ကြ၏။ သို့ေ့သော်လ်လည်းး ဇာ
တိပကတိအားအခွင့်ကို ပေး၍ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။'' (ဂလာတိ၊ိ၊ ၅း၁၃)
ချစ်သောမိတ်ဆွေ၊ ဇေဒကိ သည်၊ ထိုကဲ့သို့သော ဆင်းရဲဒုက္ခမှ လွတ်ရာလမ်းကို ရပြီးသောသူ ဖြစ်
ပါ၏။ သို့သော် ဇေဒကိမင်းသည်၊ ဘုရားစကားကို နားထောင်မည့်အ စား မိမိစည်းစိမ်၊ မိမိရာထူးများကို
တပ်မက်သောကြောင့်၊ နောက်ဆုံး တွင် ပျက်စီးခဲ့ရလေသည်။
ထိုနည်းတူစွာ ယနေ့ ယုံ ကြည်သူများသည်လည်း၊ ခန္ဓာကိုယ် သည် သန့်ရှင်းသောဝိညာဉ်တော်၏
ဗိမ္မာန်ဖြစ်သည်ဟုသိပြီး ဝန်ခံလျှက် ပင်၊ အရက်၊ ဆေးလိပ်၊ ကွမ်းယာများ မှီဝဲလျက်ရှိသော ယုံကြည်သူများ၊
ဘုရားသားသမီးများသည် သမ္မာအာ ဇီဝဖြင့်သာ အသက်မွေးရမည်ဟု သိ လျက်ပင် အရက်ရောင်း၊ ထီထိုး၊
လောင်းကစားပြုနေသော ယုံကြည် သူများ၊ တစ်လင်တစ်မယား၊ စနစ် သာလျှင် ဘုရားသခင်နှစ်သက်သည်
ဟု သိလျက်ဖြင့်၊ မယားငယ်ထားနေ သူများ၊ လက်ထပ်မင်္ဂလာဆောင် ခြင်းပြုပြီးမှ အတူနေခြင်းသာလျှင်
ဘုရားကြိုက်နှစ်သက်သည်ဟု သိ လျက်ပင်၊ မျက်စိမှိတ်ပြီး ဇာတိတပ် မက်ခြင်း၊ ကိလေသာလွန်ကူျးခြင်း
အားဖြင့် အပြစ်သွေးဆောင်ခြင်းခံ သောသူတို့၏နောက်ဆုံးရလဒ်သည် ဇေဒကိကဲ့သို့၊ ဆိုးကိုျးသာရမည်အ
ကြောင်း ခရစ်တော်၏မေတ္တာ၌ သတိပေးဝေငှလိုက်ပါသည်။
နာမတော်မြတ်၌
ညီအကို ဇေန
Comments
Post a Comment