စိတ်ချမှု(၅)ခု

                    ၁။ ဤသင်ခန်းစာ၌ ပါ၀င်သော မေးခွန်းများကို ဖြေဆိုရာတွင် သင်ခန်းစာ အမှတ်စဉ်အလုက် သီးခြားစာရွက်ဖြင့် ဖြေဆိုပြီး အောက်ပါ ဆက် သွယ်ရန် နေရပါလိပ်စာ အတိုင်းပြန်လည်ပေးပို့ပါရန်။

၂။ အဖြေလွှာများတွင် ဖြေဆိုသူ၏ အမည်နှင့် အမြဲတမ်း ဆက်သွယ်ရန် လိပ်စာ  အပြည့်အစုံကို အထူးသတိပြု၍ ရေးပေးပါရန်။

၃။ ဆက်သွယ်သည့်အခါတိုင်း သင်တန်းအမှတ်နှင့် မိမိ၏ အမည်ကို ထင်ရှားစွာ (လက်မှတ်မဟုတ်)ရေး

သား ပေးပို့ရန်။

ယေရှုက "ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏ အကြင်သူသည် ငါ၏အသံကိုကြာ၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါ၀င်မည်" ဟု ကတိပေး၏။ (ဗျာ ၃း၂၀) ထို့ပြင် "ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော် ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရ သော အခွင့်ကို ပေးတော်မှု၏။ (ယော၊ ၁း၁၂)။ 

ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် စိတ်နှလုံး အကြွင်းမဲ့ သင်ယုံကြည် လက်ခံသောကြောင့် သင်သည် ဘုရား သခင်၏သား/သမီး ဖြစ်လာသည်။ ခရစ်တော်သည်လည်း ကတိတော်အတိုင်း သင့်စိတ်နှလုံးထဲတွင် ကျိန်းဝပ်ပြီ။

လူအများတို့သည် မိမိတို့၏ ထင်မြင်ယူဆချက်ဖြင့် ကယ်တင်ခြင်း ရမည်ဟု အယူမှားတတ်ကြ၏။ ထို့ကြောင့် သင်သည် အများသ ဘော လိုက်ပြီး မမှားမိအောင် သတိပြုပါ။ စင်စစ် ကယ်တင်ခြင်းသည် ဘုရားကို ယုံကြည်ခြင်းဖြင့်သာ ရနိုင်၍ စိတ်၏ထင်မြင်ခြင်း၊ ယူဆခြင်းဖြင့် မရနိုင်ပါ။ ဘုရားသာလျှင် သစ္စာရှိသည်။ မှန်ကန်ဖြောက်မတ်သည်။ ထို့ကြောင့် ဘုရားနှင့် ဘုရားပြောသော စကားကိုသာ ယုံကြည်အားကိုးပါ။

ကျမ်းစာ၌ ဖော်ပြထားသည်မှာ "ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းဌါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏။" (၁ယော၊၅း၁၃)။

ခရစ်တော်ကို ယုံကြည်လက်ခံခြင်းကြောင့် အံံ့သြဖွယ်သောပြောင်းလဲမှု အမျိုးမျိုးတို့ကို ဤစာအုပ်ငယ်လေး၌ ဖော်ပြ၍ မကုန်နိုင်ပါ။ အလွန်ကြွယ်ဝချမ်းသာသော အိမ်ထောင်တစ်ခုတွင် ကလေးငယ်တစ်ဦး မွေးဖွားလာသည့်အခါ သူအမွေဆိုင်သော အိမ်၊ ခြံနှင့် ငွေကြေး အကြောင်း စုံပြောပြလျှင် သူနားမလည်တတ်သေးပါ။ သူ့ကိုချစ်သော မိဘ၊ မောင် နှမများကိုပင် သူမသိတတ်သေးပါ။

ဦးစွာ ကလေးကြီးထွားလာအောင် ကျွေးမွေးပြုစုဖို့လိုသည်သာမက ရောဂါပိုး၊ မှည့်၊ ခြင်တည်းဟူသော ဘေး အန္တရာယ်များမှ ကာကွယ် ပေးဖို့လည်း လိုအပ်ပါသည်။

ထို့နည်းတူ သင်ဘုရားသခင်၏ အိမ်သားအဖြစ် မွေးဖွားလာခဲ့သော ၀ိညာဉ်ကလေးငယ်ဖြစ်၍ သင်၏ အသက် တာတွင် ဤအချိန် အခါသည် အရေးအကြီးဆုံး ကာလဖြစ်သည်။

သို့ဖြစ်၍ သင်၏ဝိညာဉ် ရှင်သန်ကြီးထွားလာရန်နှင့် ရှေ့အသက်တာတွင် တွေ့ကြုံမည့် သွေးဆောင်မှု အန္တရယ် အမျိုးမျိုးတို့ကို အောင် မြင်မည့် တရားနှင့် တန်ခိုးကို ယခု ရှင်းပြပါမည်။

"ကယ်တင်ခြင်းအလိုငှာ နှုတ်ကပတ်တော်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည့် ဘွားစသောသူငယ်ကဲ့သို့ ထိုတရား နို့ကို အလွန်လို ချင်သောစိတ်ရှိကြလော့" (၁ပေ ၂း၂)။ မွေးစကလေးများသည် နို့ကို အစဉ်သောက်စို့သကဲ့သို့ တရားတော် ကို လိုလိုချင်ချင် အား ရပါးရ သောက်သုံးပါ။

"ညီအစ်ကိုတို့ ယခုငါသည် သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှာ လည်းကောင်း၊ သန်ရှင်းသောသူအ ပေါင်းတို့နှင့်အတူ သင်တို့အား အမွေပေးခြင်းငှာ လည်းကောင်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့်အတူ သင်တို့အား အမွေပေးခြင်းငှာ လည်း ကောင်း တတ်နိုင်သော ဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကို ငါအပ်နှံ၏" (တ၊ ၂၀း၃၂)။

ဘုရားသခင်၏ နှုတ်ကပတ် တရားတော်သည် သင်ယုံကြည်ခြင်းကြီးထွားရန် ၀ိညာဉ်အစာဖြစ်၍ နေ့စဉ်ဖတ်ရှု လေ့လာရန် သီးသန့် အချိန်ထားဖို့ လိုပေမည်။

"လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်း ဟူမှုကား နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ" ဟု (ဆာလံ ၁၁၉း၉၊ ၁၁)တွင်ဖော်ပြထားသည်။

သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှလုံးသား၌ မှတ်သား သိမ်းဆည်းသင့်သည်။ ကြီးထွား ရန် ၀ိညာဉ်အစား အစာများ အပြင် သင်တွေ့ရမည့်  ရန်သူအကြောင်းကိုလည်း ဆက်ပြီး ဖော်ပြပါရစေ။

သင်သည် ခရစ်တော်ကို ယုံကြည်လက်ခံခြင်းဖြင့် မာရ်နတ် ဘက်တော်သားအဖြစ်မှ ခွဲထွက်ပြီး ဘုရားသခင်ကို ယုံကြည်သော သူများနှင့် ပေါင်းဖော်ခြင်းကြောင့် မာရ်နတ်သည် သင့်ကို ၀န်တိုမုန်းတီးလာသည်။ ထို့ကြောင့် သင်နှင့် ဘုရားသခင်၏ မိဿဟာယကို ပျက်စီး အောင် ကြီုးစားနေသည်။

အရှင်ယေရှုခရစ်သည် သင့်ကို အသွေးတော်ဖြင့် ၀ယ်ယူခဲ့၍ သင်သည် မာရ်နတ်၏ ချယ်လှယ်စိုးမိုးခြင်းမှ ကင်းလွတ်သော်လည်း တိုက်ခိုက်မှု ပရိယာယ် အမျိုးမျိုးကို တစ်ခါတစ်ခါ တွေ့ကြုံရသေးသည်။ ထို့ကြောင့် မာရ်နတ် အောင်မြင်နိုင်ရန် ဘုရားပေးထားသော လက်နက်စုံ (ယုံကြည်ခြင်း ဖြစ်သော ဒိုင်းလွှား၊ နှုတ်ကပတ်တော်တည်းဟူသော ဓါး) ကိုအသုံးပြုရမည်။ (ဧ၊ ၆း၁၄-၁၇)။

ယေရှု၏ နမှုနာကို ကြည့်ကြပါစို့။ ယေရှုခရစ်သည် မာရ်နတ်၏ သွေးဆောင်တိုက်ခိုက်မှုကို ခံရသောအခါတိုင်း၊ ဘုရားသခင် မိန့်တော်မူသမျှအတိုင်း နှုတ်ကပတ်တော်ထဲမှ တိတိကျကျ ထောက်ပြနိုင်သောကြောင့်သာ မာရ်နတ်ကို အောင်မြင်စွာ တွန်းလှန်နိုင် ခြင်းဖြစ်သည်။ 

(မ၊ ၄း၁-၁၁)။ ထို့ကြောင့် သင်လည်း နှုတ်ကပတ်တော်ကို နှုတ်ငုံဆောင်ထားခြင်းဖြင့် ယေရှု ဖြေကြားသကဲ့သို့ ကျမ်းစာအတိုင်း တိတိကျကျ အောင်မြင်စွာ ဖြေဆိုနိုင်မည်။

သင်ခန်းစာ(၁)

ကယ်တင်ခြင်းစိတ်ချမှု

"ယုံကြည်ရုံနဲ့ ကယ်တင်ခြင်း ရမယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘုရားက လူကိုကယ်တင်မယ်ဆိုတာ ဟုတ်ရဲ့လား" စသည်ဖြင့် မာရ်နတ်က ဘုရားကိုလည်းကောင်း၊ ဘုရားသခင်၏လုပ်ငန်းများကိုလည်းကောင်း၊ သံသယစိတ်ဖြစ်ပေါ်လာ အောင် သင့်ကိုသွေးဆောင်လာ ပါက သင် မည်ကဲ့သို့ ဖြေရှင်းမည်နည်း။

သွေးဆောင်တိုက်ခိုက်လာသော မာရ်နတ်၏ စကားများကို ချေပတွန်းလှန်ရန်မှာ ဘုရားသခင်၏ နှုတ်ကပတ် တော် တစ်ခုတည်းသာ မျှော်လင့်ရာဖြစ်သည်။ သို့ဖြစ်၍ ကျမ်းစာက မည်ကဲ့သို့ လိုဆိုထားပါသနည်း။ "သက်သေခံတော် မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သား တော်ကို မရသောသူမူကား" (၁ယော၊ ၅း ၁၁၊ ၁၂)။

ဤကျမ်းပိုဒ်ကို သင့်စိတ်နှလုံးထဲ၌ သိုထားလျှင် သွေးဆောင်ခြင်းခံရသော အခါခါတိုင်း ရင်ဆိုင်တိုက်လှန်ရန် အသင့်ရှိရမည်။

ယေရှုကိုရသောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုယုံကြည် လက်ခံသောသူသည် ကယ်တင်ခြင်း ရပြီဟူ၍ သင်စိတ်ချမှု ရှိနိုင်ပြီ။

သင်ခန်းစာ(၂)

ဆုတောင်းခြင်းစိတ်ချမှု

"သူဌေးဖြစ်ရန်အတွက် ဆုတောင်းလျှင် ရနိုင်ပါမည်လား၊ လူတို့၏ဆုတောင်းသံကိုလည်း ဘုရားက နားထောင်ပါ မည်လား" စသည်ဖြင့် မာရ်နတ်က သွေးဆောင်လာပြန်ပါက သင်မည်ကဲ့သို့ ဖြေမည်နည်း။ ဘုရားသခင်သည် သင် လျှောက်ကြားသော အချက်များ ကို နားထောင်သည်သာမက သင့်လိုအပ်ချက်များကိုလည်း ကူညီလိုသည်ဟု ကျမ်းစာ၌ ဖော်ပြထား၏။ (ဟေဗြဲ၊ ၄း ၁၅။ ဖိ ၄း၆)

"ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး၊ သင်တို့ဝမ်းမြောက်စရာ အကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့၊ ထိုသို့တောင်းလျှင် ရကြလိ််မ့်မည်" (ယော၊ ၁၆း၂၄)။ 

ယေရှုသည် သူ၏တပည့်များကို ဆုမတောင်းကြဟု မဆိုခဲ့။ သင်သည်လည်း ဆုမတောင်းဖူးသည် မဟုတ်။ အခက်အခဲနှင့်ကြံု လာသည့် အခါတိုင်း ဆုတောင်းဖူးပါလိမ့်မည်။

သင်သည် ခရစ်တော်နှင့်ဆိုင်သောကြောင့် ခရစ်တော်၏နာမနှင့် ခရစ်တော်၏တန်ခိုးကို အမှီပြုပြီး တောင်းပိုင်ခွင့်ရှိသည်။ ဘုရားသခင်သည် ခရစ်တော်၏ ဆုတောင်းသံကို အဖြေပေးသကဲ့သို့ ခရစ်တော်၏နာမဖြင့် သင်ဆုတောင်းသည်ကိုလည်း အဖြေပေး မည်။

သင့်ကို ဘုရားသခင် ကူညီမစလိုသည်။ ယုံကြည်ခြင်းဖြင့် ဆုတောင်းပါ။ ဘုရားသခင်ထံမှ အဖြေရသည့်အခါ ၀မ်းမြောက်မှုကို သင်ခံစားရမည်။

သင်ခန်းစာ (၃)

အောင်မြင်ခြင်းစိတ်ချမှု

မာရ်နတ်က ပတ်ဝန်းကျင်လူမှတစ်ဆင့် သင့်ကို သွေးဆောင်နေသည်မှာ "သင့်ကို သူတပါးက မတရားပြုကျင့် တာတွေ၊ သင့်မှာ စွဲလမ်းတဲ့ အကျင့်ဆိုးတွေကို သင်ကိုးကွယ်တဲ့ ဘုရားက ကူညီမလား၊ အမှန်တကယ် တတ်နိုင်ပါ့မလား"

 မာရ်နတ်ရဲ့ စကားများမှာ ယုံကြည်ခြင်း အားနည်းသူ တစ်ယောက်၏ စိတ်နှလုံးကို ချောက်ချားစေပြီး အလွယ်တကူ အနိုင်ယူ တတ်နိုင်ယူုတတ်သည်။

သို့သော် ဘုရားသခင်၏ ကတိတော်ကို စိတ်နှလုံးတွင် သိုထားလျက်ဘုရားသခင်ကို ယုံကြည်အားကိုးသူ အဖို့ မာရ်နတ်၏ စကားကို အရေထားမည်မဟုတ်။ အောင်မြင်မှုအတွက် စိတ်ချနိုင်မည်။

"လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ် ၍ သင်တို့မခံနိုင်သော စုံစမ်းနှောက်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ၊ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောက်ယှက်ခြင်းအရာနှင့် တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်" (၁ကော ၁၀း၁၃)။

ဤဘုရားသခင်၏ ဂတိတော်ကို ကျက်မှတ်ထားလျှင် အောင်မြင်မူအတွက် သင်စိတ်ချနိုင်ပြီ။ သင်သည် ဘုရားသခင်၏ သားဖြစ်၍  အောင်မြင်မှုမှာ သင်နှင့်သာ သက်ဆိုင်သည်။

ဘုရားသခင်ကို အားကိုးပါ။ လူမတတ်စွမ်းနိုင်သော အရာဖြစ်သော်လည်း ဘုရားသခင် တတ်စွမ်းနိုင်ကြောင်း တွေ့ရပါလိမ့်မည်။ တစ်သက်လုံး စွဲလမ်းလာခဲ့သော အကျင့်ဆိုးတို့ကိုပင် ဘုရား၏စွမ်းအင်ဖြင့် ပယ်ဖျောက်ပစ်နိုင်ကြောင်း သင်တွေ့မြင်အံ့သြမိပါလိမ့်မည်။ 

သင်ခန်းစာ (၄)

အပြစ်လွှတ်ခြင်းစိတ်ချမှု

သင်သည် ခရစ်ယာန်ဖြစ်၍ သမ္မာတရားကို ကျင့်သုံးနေသော်လည်း အပြစ်ထပ်မံ ပြုလုပ်မိတတ်သည်။  ထို့အခါ မာရ်နတ်က "ဘယ့်နဲ့ ငါလူ၊ လုပ်လာပြန်ပြီပေါ့၊ ခရစ်ယာန်ဆိုယင် ဒါမျိုးမလုပ်ရဘူးဆို" ဟု သင့်ကို သရော်လာမည်။ သို့သော်ဘုရားသခင်သည် အားငယ်၍ လမ်းမှားသို့ရောက်နေသော သားသမီးများကို အပြစ်လွှတ်ရန် ကရုဏာတော် လုံ လောက်လျက်ရှိ၏။

"ကိုယ်အပြစ်တို့ ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်ေးခြင်ငှာ၊ ဘုရား သခင်သည်  သစ္စာတ ရားနှင့်လည်းကောင်း၊ ဖြောက်မတ်ခြင်းတရားနှင့် လည်းကောင်း၊ ပြည့်စုံတော်မူ၏" (၁ယော၊ ၁း၉)။

အပြစ်လွှတ်ကြောင်းစိတ်ချရအောင် ဤဂတိတော်ကို ကျက်မှတ်ပါ။ "မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူ ကား ကရုဏာ တော်ကို ခံရလိ်မ့်မည်" (သုတ္တံ ၂၈း၁၃)။

မိမိပြုခဲ့သောအပြစ်ကို တိတိကျကျ အမည်ဖြင့် ထုတ်ဖော်ဝန်ချဖို့ လိုသည်။ ပြုမိခဲ့သောအပြစ်ကို တကယ် နောင်တရသော စိတ်နှလုံးဖြင့် စွန့်ပစ်လိုစိတ်ရှိရမည်။ သို့မှသာ ဘုရားသခင် သင့်ကို အပြစ်လွှတ်ပြီး အသက်တာသစ်သို့ ပြောင်းလဲပေးမည်။ (လုကာ ၁၃း၃)။

သင်ခန်းစာ (၅)

ပဲ့ပြင်ခြင်းစိတ်ချမှု

ပြီးခဲ့သော စိတ်ချမှု (၄) မျိုးမှာ မာရ်နတ်၏ သွေးဆောင်ခြင်းကို အောင်မြင်ရန် ရည်ရွယ်၍ သွန်သင်ပေး ခြင်းဖြစ်သည်။ ယခုပ ဉ္စမ "စိတ်ချမှု" ၏ ရည်ရွယ်ချက်မှာ တစ်မျုုိးတစ်ဘာသာစီဖြစ်၏။ 

သင် ယခုပြောင်းလဲလာသော အသက်သစ်၏ ရှေ့ရေးအတွက် ဘာလုပ်ရမည်ကို တွေးတောမိပါ သလား၊ "ငါ့ဘဝကို ဘုရားသခင်ဘယ်လိုစီမံမည်နည်း၊ လမ်းညွှန်းပဲ့ပြင်ခြင်းရှိပါ့မလား" စသည်ဖြင့် စဉ်းစားမိပါသလား။ ဘုရားသခင်ကို ယုံကြည် အားကိုး လျှင် သင့်ကိုပဲ့ပြင်မည်ဟု ဂတိရှိသည်။

"ထာဝရဘုရားကို စိတ်နှလုံးကြွင်းမဲ့ ကိုးစားလော့၊ ကိုယ့်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရား ကို မျက်မှောက်ပြု လော့၊ သို့ပြုလျှင် သင်၏ လမ်းခရီး တို့ကို ပဲပြင်တော်မူမည်။" (သု ၃း၅၊၆)

ပဲ့ပြင်မှုအတွက် စိတ်ချရအောင် အထက်ပါ ကျမ်းချက်ကို ကျက်မှတ်ထားပြီး အစစအရာရာ၌  ဘုရားသခင်ကို အားကိုးလျှင် ဘုရားသခင်၏ ပဲ့ပြင်မမှုကို လက်တွေ့ ခံစားရသည်။

ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်ရာတွင် အသစ်တစ်ပိုဒ်ကို ကျက်ပြီးတိုင် အဟောင်းတစ်ပိုဒ်ကို ပြန်နွှေး ခြင်းဖြင့် စိတ်နှလုံးထဲတွင် မှတ်မိစွဲလမ်း နေစေမည်။ သို့မှသာ သွေးဆောင်ခြင်းခံရသောအခါ အောင်မြင်မှုရဖို့ စိတ်ချနိုင်မည်။

စိတ်ချမှု (၅) ခု၊ သင်ခန်းစာများ

ရှေးခရစ်ယာန်များထဲတွင် ခရစ်ယာန်တစ်စုကို ဘုရားသခင် အထူး ချီးမွမ်းသည်။ အကြောင်းမှာ သူတို့သည် နေ့စဉ် ကျမ်းစာ လေ့လာရုံမက အမှန်တရားကို စိတ်နှလုံးဖြင့် ခံယူတတ်ကြ၏။ သူတို့သည် တရားများကို စိတ်နှလုံး အကြွင်း မဲ့နာယူပြီး မှန်သည် မမှန်သည်ကို သိနိုင်ရန် ကျမ်းစာထဲတွင် စေ့စေ့လေ့လာ ရှာဖွေကြ၏။ သူတို့အကြောင်းကို ကျမ်းစာထဲတွင် ဤသို့မှတ်တမ်းတင်ထား၏။ "ဗေရိမြို့သားတွေဟာ သက်တာလော နိတ်မြို့သားတွေထက် ထူးမြတ် တယ်၊ ဘာဖြစ်လို့လဲ်ဆိုယင် သူတို့ဟာ အလွန်ကြည်ညိုတဲ့ စေတနာစိတ်နဲ့ တရားတော်ကို နာယူပြီး မှန်မမှန် ကျမ်းစာ ထဲ တွင်နေ့တိုင်း လေ့လာ ရှာဖွေကြတယ်။" (တ၊ ၁၇း၁၁)

မဖွင့်လျှင်မတွေ့

မြောက်မြားစွာသော ယနေ့ခရစ်ယာန်များသည် အမှန်တရားကို မသိကြပါ။ သူတို့အသက်တာတွင် ဒုက္ခဆင်းရဲ အမျိုုးမျိုး တွေ့ကြံုရခြင်းမှာစိတ်နှင့်လုံးဖွင့်ပြီး၊ သမ္မာကျမ်းစာကိုလေ့လာခြင်းမရှိသောကြောင့် ဖြစ်သည်။ တချို့မှာလေ့ လာခြင်း ရှိသော်လည်း ခံယူချက် သတ်မှတ်ထားပြီးသူဖြစ်၍ မိမိခံယူချက်အထောက် အထားရဖို့သာ ရှာသောကြောင့် အမှန်တရားကို မတွေ့တတ်တော့ပါ။ ထို့ကြောင့်စိတ် နှလုံးမဖွင့်(မယုံ)လျှင် အမှန်တရားကို မတွေ့နိုင်ပါ။


မြင်သော်လည်းမယုံ

ခရစ်တော်လက်ထက်ကဘာသာရေးခေါင်းဆောင်များသည် ဤအမှားမျိုးကိုသာ မှားကြ၏။ သူတို့သည် တကယ်တော့ ကယ်တင်ရှင်ကို ရှာကြသော်လည်း ခရစ်တော်ကို တွေ့မြင်လျက်နှင့် ကယ်တင် ရှင်ဟု မယူဆကြချေ။ ထို့ကြောင့် သူတို့သည် ခရစ်တော်ကို ငြင်းပယ်ပြီး ကားတိုင်တင် သတ်ပစ်ကြ၏။ အကြောင်းမှာ သူတို့သည် ထုံးတမ်းစဉ်လာနှင့် ကြိုတင်ခံယူထားကြသော ယူဆချက်များပေါ် မူတည် လုပ်ဆောင်ကြ၍ သမ္မာကျမ်းစာပေါ်မူတည် လုပ်ဆောင်ခြင်းမရှိသောကြောင့် မှားရကြ၏။ (မာကု ရး၉)။ သူတို့သည် ဘာသာရေး ခေါင်းဆောင်ဖြစ်ပြီး တရားဇရပ်တွင် သမ္မာကျမ်းစာကို သွန်သင်သော ဆရာ ဖြစ်လျက်နှင့် သူတို့၏ ထုံးတမ်းစဉ်လာနှင့် မယုံကြည်မှုကြောင့် အမှန်တရားနှင့် လွဲချော်ရ၏။ (ယော ၅း၃၈- ၄၀)။

မယုံလို့မသိ

ခရစ်တော် ပြန်ရှင်ပြီးနောက် ဧမောက်လမ်းပေါ်တွင် တပည့်တော်အချို့နှင့်အတူ လမ်းလျှောက် ရင်း တပည့်တော်များ မျက်နှာညိုးငယ်လျက် စိတ်မကောင်းကြသည်ကို တွေ့မြင်တော်မူ၏။ ထိုအခါ ယေရှုက "ပရောဖက်များ ဟောပြောတဲ့ ဒီအရာတွေကို မယုံကြည်နိုင်တဲ့ လူမိုက်တို့ ခရစ်တော်ဟာ ဒီလို အသေခံပြီး ဘုန်းတော် ခံစားရမယ်ဆိုတာ မသိဘူးလား" ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ တဖန်ဆက်လက်ပြီး မောရှေ၏ ကျမ်းများမှစ၍ ပရောဖက်ကျမ်းတိုင်အောင် ခရစ်တော်နှင့် ပတ်သတ်သော ကျမ်းချက်အားလုံး ရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြ၏။ (လု ၂၄း၂၅-၂၇)။

ဒီတပည့်တော်တွေဟာ ခရစ်တော်နဲ့အတူ လမ်းလျှောက်ပြီး အတူစကားပြောနေကြသော်လည်း ခရစ်တော် မှန်း "မသိကြ"။ သူတို့သည် ထုံးတမ်းစဉ်လာ ဘာသာရေး ခေါင်းဆောင်များမဟုတ်။ ခရစ်တော် ကို အမှန်တကယ် ချစ်ကြသူများ ဖြစ်ကြသည်မှန်သော်လည်း တရားသဘောအမှန်ကို မတွေ့ကြခြင်းမှာ "တရားသဘောကို မသိကြ သေး" သောကြောင့် ဖြစ်သည်။

ထို့ကြောင့် 

စိတ်နှလုံးကို ဖွင့်လျက် နာခံလိုသော သဘောဖြင့် နေ့စဉ်အချိန်ယူ ကျမ်းစာလေ့လာအပ်ကြောင်း သင့်ကို တိုက်တွန်းလိုပါသည်။ ခရစ်ယာန်အသက်တာ တိုးတက်ကြီးထါားခြင်း အပြင် အခက်အခဲများကို ကျော်လွန်ခြင်းနှင့် သက်ဆိုသော မေးခွန်းအချို့တို့၏ အဖြေများကို ရှေးဦးစွာ လေ့လာကြပါစို့။

ခရစ်ယာန်အသက်တာတွင် အရေးအကြီးဆုံးမှာ ဘုရားသခင်၏တရားတော်ကို ဆည်းပူးရှာဖွေပြီး လိုက်နာ ကျင့်လျောက်ခြင်း ဖြစ်သည်။ သူတို့အား အပြစ်ဒုစရိုက်မှ ကယ်လွှတ်နိုင်၏။ ထို့အပြင် ဘုရားသခင်၏ တရားတော်ကို ကြားနာခြင်းဖြင့် ယုံကြည်ခြင်း တိုးပွား လာသည်။ (ရောမ ၁၀း၁၇)

ဘုရားသခင်၏ တရားတော်သည် ကျွနု်ပ်တို့ သွားရမည့် လမ်းကို ပြညွှန်၏။ (ဆာလံ  ၁၁၉း၁၀၅)

ဘုရားသခင်၏ တရားတော်အတိုင်း ဆင်ခြင်လိုက်လျောက်ခြင်းသည် ကျွနု်ပ်တို့အသက်တာကို ဖြူစင်ဖြောင့် မတ်စေသည် (ဆာလံ ၁၁၉း၉)

ဘုရားသခင်၏ တရားတော်ကို စိတ်နှလုံးထဲမှာ သိုထားခြင်းဖြင့် လောကကို အောင်မြင်လာသည်။ (ဆာလံ ၁၁၉း၁၁)

သမ္မာကျမ်းစာသည် ဘုရားသခင်၏ ပညတ်ချက်များ၊ မိန့်မှာချက်များ၊ ကတိတော်များအဖြစ် ကြားနာ ဟောပြောရုံဖြင့် မလုံလောက် သေးပါ။ ခရစ်ယာန်အသက်တာ တစ်လျှောက်လုံး လိုက်နာကျင့်လျောက်မှသာ ကောင်းကြီးမင်္ဂလာ အဖြာဖြာကို ခံစားရမည်။ 

ကျမ်းစာကို လေ့လာရှာဖွေသည့်အခါ နားလည်ခံယူနိုင်သော စိတ်သဘော ဖြစ်ဘို့ ဆုတောင်းပါ (ဆာလံ ၁၁၉း၁၈)။ လက်တွေ့ အကျိုးကျေးဇူးခံစားနိုင်ဘို့ ဆင်ခြင်စဉ်းစားပါ။ ပေါ့ပေါ့ဆဆ မဖြေသင့်ဘဲ သေသေချာချာ စဉ်းစားပြီး ဖြေဆိုပါ။ တစ်တည်းဖြင့် သင်ခန်းစာ တစ်ခုလုံး ဖြေခြင်းထက် တရက်လျှင် မေးခွန်း သုံးလေးခု ဖြေခြင်းက ပိုကောင်းပါသည်။ သင်ခန်းစာ တစ်ခုလုံး ဖြေပြီးလျှင် ပြန်နွှေးခြင်းသည် အကျိုးများစွာ ရှိပါသည်။

သင်ခန်းစာ (၁) ၏ မေးခွန်းများ

ကယ်တင်ခြင်းစိတ်ချမှု

(က) (ယော ၅း၁၁-၁၂) ကို အလွတ်ကျက်မှတ်ပါ။

(ခ) အဖြေများကို မိမိဘာသာစကားဖြင့် လိုရင်းချုပ်ပြီး ဖြေပါ။ (ကျမ်းချက်အတိုင်း ကူးမရေးရ)

၁။ လူတွေ ကယ်တင်ခြင်း အဘယ်ကြောင့် လိုအပ်ပါသနည်း။ (ရောမ ၅း၁၂)

၂။ ဤလောကကို ခရစ်တော် မည်သည့်ရည်ရွယ်ချက်ဖြင့် ကြွလာပါသနည်း။ (၁တိ ၁း၁၅)

၃။ အပြစ်သားများကို ကယ်တင်ရန် ခရစ်တော် မည်သို့ လုပ်ဆောင်ခဲ့ပါသနည်း။ (ရောမ ၅း၈)

၄။ အပြစ်မှ လွတ်မြောက်ရန် မိမိ၏ ကြိုးစားမှုနှင့် ရနိုင်ပါသလား။ အဘယ်ကြောင့်နည်း (ဧဖက် ၂း၈-၉)

၅။ ခရစ်တော်ကို ယုံကြည်လျှင် မည်သည့် အကျိုးနှစ်ခု ဖြစ်လာသနည်း။ (ယော ၅း၂၄)

၆။ အပြစ်ဒဏ်မှ လွတ်မြောက်ရန် ကျွနု်ပ်တို့ မည်သို့ လုပ်ဆောင်ရမည်နည်း (ယော ၃း၁၆-၁၇)

၇။ (၁) ထာဝရအသက် အဘယ်မှာ ရှိသနည်း။ (၁ယော ၅း၁၁-၁၂)

(၂) သားတော် ယေရှုခရစ်ကို ရသောသူသည် မည်သည့်အရာကို ရသနည်း။

၈။ (၁) ထာသရအသက် ရပြီးကြောင်း ကျွနု်ပ်တို့ သေသေချာချာ သိနိုင်ပါသလား။ (၁ယော ၅း၁၃)

(၂) မည်သို့ သိနိုင်ပါသနည်း 

၉။ ဘုရားသခင်၏ သားဖြစ်ကြောင်း ကျွနု်ပ်တို့၏ စိတ်တွင် စိတ်ချမှု ရရန် မည်သူလုပ်ပေးပါသနည်း။ (ရောမ ၈း၁၆)

၁၀။ စိတ်ခံစားမှုသည် အစဉ်ပြောင်းလဲနေသောကြောင့် စိတ်ချမှုရှိရန် မည်သည့်အရာကို အားကိုးရမည် နည်း။ အဘယ်ကြောင့်နည်း (၁ပေ ၁း၂၅)

၁၁။ သင်ကျက်ထားသော (၁ယော ၅း၁၁-၁၂) ကိုအလွတ်ချရေးပါ။

သင်ခန်းစာယူရန်

၁။ ခရစ်တော်ကို ယုံကြည်လက်ခံသော နုနယ်သော ခရစ်ယာန်များသည် မည်သို့ နှောက်ယှက်ခြင်းကို ကြံုတွေ့တတ်ပါသနည်း။  ......................

၂။ သင်ကိုယ်တိုင် ဤကဲ့သို့ နှောက်ယှက်ခံဘူးပါသလား။  ..........................................................................

၃။ နှောက်ယှက်ခံရဘူးလျှင် မည်သို့ ရင်ဆိုင်ခဲ့ရပါသနည်း။   ..................................................................................

၄။ နောက်ထပ် ထပ်မံခံရလျှင် သင်မည်ကဲ့သို့ လုပ်သင့်ပါသနည်း။ ဘုရားသခင် မည်သို့ အာမခံချက် ပေးပါသနည်း။   ......................................


သင်ခန်းစာ (၂)၏ မေးခွန်းများ

ဆုတောင်းခြင်း စိတ်ချမှု

(က) ယော ၁၆း၂၄ ကို ကျက်မှတ်ပြီးနောက် မေးခွန်းများကို ဖြေဆိုသင့်ပါသည်။

(ခ) ကျက်မှတ်ထားသော (၁ယော ၅း၁၁-၁၂) ကိုလည်း နေ့စဉ် ပြန်၍ နွှေးပါ။

၁။ ကျွနု်ပ်တို့၏ လိုအပ်ချက်များကို ဘုရားသခင် ပေးနိုင်ကြောင်း မည်သို့ စိတ်ချနိုင်ပါသနည်း။ (ရောမ ၈း၃၂)

၂။ နေ့စဉ်လိုအပ်မှုအတွက် ကျွနု်ပ်တို့ မည်သို့ လုပ်ဆောင်နိုင်ပါသနည်း။ (ဟေဗြဲ ၄း၁၆)

၃။ ကျွနု်ပ်တို့၏ ဆုတောင်းချက်ကို ဘုရားသခင်အဖြေပေးခြင်းသည် မည်သည့် ရည်ရွယ်ချက် ရှိပါသနည်း (ယော ၁၆း၂၄)။

၄။ ဘုရားသခင်ထံ ကျွနု်ပ်တို့ ချဉ်းကပ် ၀တ်ပြုသည့်အခါ မည်သည့်အကြောင်းကြောင့် ခရစ်တော် လိုအပ်ပါသနည်း (၁တိ ၂း၅)

၅။ ကျွနု်ပ်တို့ ဆုတောင်းသင့်သည့် အချို့အရာများမှာ . . .

(မဿဲ ၁၆း၁၁)

(ဧဖက် ၆း၁၈-၁၉)

(ဖိလိပ္ပိ ၁း၉)

(ယာကုပ် ၁း၅)

၆။ ဆုတောင်းသောအခါ အဖြေမရတတ်သော အကြောင်းမှာ . . .

(၁) (ဆာလံ ၆၆း၁၈)

(၂) (ယာကုတ် ၄း၃)

၇။ ဘုရားသခင် အဖြေပေးနိုင်ရန် ကျွနု်ပ်တို့ မည်သို့ ဆုတောင်းသင့်ပါသနည်း။ (၁ယော ၅း၁၄)

၈။ ဘုရားသခင် အလိုတော်အတိုင်း ဆုတောင်းပြီးနောက် ချက်ချင်း အဖြေမရသေးလျှင် ကျွနု်ပ်တို့ မည်သို့ နေသင့်ပါသနည်း။ (ဟေဗြဲ ၁၀း၃၅-၃၆)

၉။ ခရစ်တော် အစဉ်အမြဲ လုပ်ဆောင်တတ်သော အရာကို ဖော်ပြပါ။ (မဿဲ ၁၄း၂၃)

၁၀။ သင်ကျက်မှတ်ထားသော (ယော ၁၆း၂၄) ကို အလွတ်ပြန်ရေးပါ။

သင်ခန်းစာယူရန်

၁။ "ဆုတောင်းခြင်း" ကို သင့်အသက်တာတွင် မည်သို့ ထိရောက်ရန် ဆောင်ရွက်မည်နည်း။ သင်လက်တွေ့ မည်သို့ ဆောင်ရွက်မည်ကို ရေးမှတ်ပါ။  .........................................................................................

၂။ ဘုရားသခင်ထံ သင်မည်သည့်အရာများ ဆုတောင်းရန် အချက်များ ရှိပါသနည်း။  .........................................................

သင်ခန်းစာ (၃) ၏ မေးခွန်းများ

အောင်မြင်ခြင်းစိတ်ချမှု

(က) အောင်မြင်ခြင်း စိတ််ချမှုရရန် (၁ကော ၁၀း၁၃) ကိုကျက်မှတ်ပါ။

(ခ) ကျက်မှတ်ထားသော ကျမ်းချက်အဟောင်းများကို နေ့စဉ်ပြန်လည် နွှေးပေးပါ။

၁။ ခရစ်တော်ကို ယုံကြည်သူများအား အဓိက နှောက်ယှက်သူများမှာ . . . . . . . . . . . . . . ဖြစ်သည်။ (၁ပေ ၅း၈)

၂။ မာန်နတ်အပေါ် ကျွနု်ပ်တို့ မည်သို့သဘောထားရမည်နည်း။ (ယာကုတ် ၄းရ)

၃။ စုံစမ်းနှောက်ယှက်မှု ခံရခြင်းအားဖြင့် ကျွနု်ပ်တို့ မည်သည့်အကျိုးကျေးဇူးများ ရနိုင်ပါသနည်း။ (ယာကုပ် ၁း၂၄)

၄။ စုံစမ်းနှောက်ယှက်မှုများ ခံစားရသောအခါ ကျွနု်ပ်တို့ မည်သို့ စိတ်ချနိုင်ပါသနည်း။ (၁ကော ၁၀း၁၃)

၅။ စုံစမ်းနှောက်ယှက်မှုကို အောင်မြင်ရန် မည်သူက ခွန်အားပေးပါသနည်း။ (ဖိလိပ္ပိ ၄း၁၃)

၆။ အဘယ်ကြောင့် ခရစ်တော်က ကျွန်တော်တို့ကို အောင်မြင်စေပါသနည်း။ (၁ယော ၄း၄)

၇။ သွေးဆောင်မှုသို့ လိုက်လျောမိခြင်းမှာ . . . . . . . . . . .(ယာကုတ် ၁း၁၄-၁၅)

၈။ သွေးဆောင်နှောက်ယှက်မှုကို အကျွနု်ပ်တို့ မည်သို့ တားဆီးမည်နည်း။ (ယာကုတ် ၄းရ။ မဿဲ၂၆း၄၁)

၉။ ရန်သူမာရ်နတ်ကို ရင်ဆိုင်ရန် မည်သည့်လက်နက် ရှိပါသနည်း။ (ဧဖက် ၆း၁၇)

၁၀။ မာရ်နတ်၏ တိုက်ခိုက်မှုကို ယေရှုခရစ်သည် မည်သည့်အရာဖြင့် ခုခံခဲ့ပါသနည်း (မဿဲ ၄း၄)

၁၁။ အပြစ်ကို အောင်မြင်ရန် နှုတ်ကပတ်တော်ကို အမြဲ အဆင်သင့်ဖြစ်နေရန် မည်သို့ ပြင်ဆင်ထားရ မည်နည်း။ (ဆာလံ ၁၁၉း၁၁)

၁၂။ သင်ကျက်မှတ်ထားသော (၁ကော ၁၀း၁၃) ကို အလွတ်ပြန်ရေးပါ။

သင်ခန်းစာယူရန်။

၁။ နုနယ်သော ခရစ်ယာန်များကို အများအားဖြင့် မာရ်နတ်က မည်သို့ လုပ်ဆောင်တတ်ပါသနည်း။........................................ 

၂။ သင်နှောက်ယှက်ခံရဘူးပါသလား။ ခံရလျှင် မည်သို့ တုန့်ပြန် ခုခံခဲ့ပါသနည်း။.................................................................................

၃။ တဖန် ထပ်မံ၍ နှောက်ယှက်ခံရလျှင် မည်သို့ ရင်ဆိုင် ခုခံမည်နည်း။ ……………………………………………………………………

သင်ခန်းစာ (၄) ၏မေးခွန်းများ

အပြစ်လွှတ်ခြင်းစိတ်ချမှု

(က) အပြစ်လွှတ်ခြင်း စိတ်ချနိုင်ရန် (၁ယော ၁း၉) ကို အလွတ်ကျက်မှတ်ထားပါ။

၁။ အပြစ်လွှတ်ခြင်း၏ အဓိကအကြောင်းရင်းများမှာ . . . 

(က) (ဟေဗြဲ ၉း၂၂)

(ခ) (လုကာ ၁၃း၃)

၂။ အပြစ်ဟောင်းများကို ခွင့်လွှတ်ခြင်းရပြီးသောအခါ ခရစ်ယာန်တစ်ဦးသည် အပြစ်ထပ်မံ၍ လုပ်ချင်သောစိတ်မရှိဟု ဆိုလိုပါသလား။ (၁ယော ၁း၈-၁၀)

၃။ အပြစ်ဖြေလွှတ်ခွင့်ရရန် ကျွနု်ပ်တို့ မည်သို့ လုပ်ရမည်နည်း (၁ယော ၁း၉)။ ကျွနု်ပ်တို့၏အပြစ်ကို ခွင့်လွှတ်ပေးသည် သာမက ထပ်မံ၍ မည်သို့ လုပ်ဆောင်ပေးပါသေးသနည်း။

၄။ အပြစ်ဝန်ချခြင်းမရှိလျှင် မည်သို့ ဆိုးကျိုးရှိပါသနည်း။ (ဆာလံ ၆၆း၁၈)

၅။ (ဆာလံ ၃၂း၅) တွင် အပြစ်ဝန်ချခြင်းအဓိပ္ပါယ်ကို မည်သို့ ရှင်းပြထားသနည်း။ မည်သူ့ကို ၀န်ချတောင်းပန်ရမည် နည်း။ 

၆။ အပြစ်ဝန်ချသူ၏ စိတ်နှလုံးသည် မည်သို့ ဖြစ်နေသနည်း။ (ဆာလံ ၃၈း၁၈)

၇။ ဘုရားသခင်၏ ကရုဏာတော်ကို ခံစားနိုင်ရန် အပြစ်ဝန်ချခြင်းအပြင် မည်သည့်အရာများ လိုပါသေးသနည်း။ (သုတ္တံ ၂၈း၁၃)

၈။ အပြစ်ဝန်ချပြီးသောအခါ ဒါ၀ိတ်သည် မည်သည့်အရာကို မျှော်လင့်ခဲ့ပါသနည်း။ (ဆာလံ ၅၁း၁၂)။

၉။ ကျွနု်ပ်တို့အပြစ်ကို ဘုရားသခင် ခွင့်လွှတ်သောကြောင့် သူတစ်ပါးအပေါ်တွင် ကျွနု်ပ်တို့သည် မည်သို့ စိတ်ထားရ မည်နည်း။

၁၀။ သင်ကျက်မှတ်ထားသော (၁ယော ၁း၉)ကို အလွတ်ချရေးပါ။

သင်ခန်းစာယူရန်

၁။ နုနယ်သော ခရစ်ယာန်ဖြစ်သူများကို စိတ်ညစ်စေရန် မာရ်နတ်က မည်သို့ လုပ်ဆောင်တတ်ပါသနည်း။...............................

၂။ ထိုသို့ သင်နှောက်ယှက်ခံရဘူးပါသလား။ ခံရဘူးလျှင် သင်မည်သို့ ရင်ဆိုင်ခဲ့ပါသနည်း။..........................................................

၃။ ထပ်မံ၍ နှောက်ယှက်ခံရလျှင် သင်မည်သို့ ရင်ဆိုင်မည်နည်း။..........................................................................

သင်ခန်းစာ (၅) ၏ မေးခွန်းများ

ပဲ့ပြင်ခြင်း စိတ်ချမှု

(က) ဤသင်ခန်းစာကို နားလည်နိုင်ရန် (သုတ္တံ ၃း၅-၆) ကိုဖတ်ပါ။

၁။ "သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့" ဟူသော ဘုရားသခင်၏ မိန့်မှာချက်ကို သင်မည်ကဲ့သို့ နားလည်သဘောပေါက်ပါသနည်း။ သင်မည်ကဲ့သို့ လိုက်နာ အသက်ရှင်ပါမည်နည်း။

၂။ ဘုရားသခင်၏ အလိုတော်ကို သိရန် မည်သည့်အရာကို ရှောင်ရမည်နည်း။ (ရောမ ၁၂း၂)

၃။ ဘုရားသခင်၏ ပဲ့ပြင်မှုကို ခံယူရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ (ဆာလံ ၃၇း၃)

၄။ မည်ကဲ့သို့သောသူသည် ပဲ့ပြင်ခြင်းကို ခံရပါသနည်း (ဆာလံ ၂၅း၉၊ ၃၂း၈)။ ဘုရားသခင်၏ ပဲ့ပြင်မှု ရရှိရန် လိုအပ် သောအချက်များမှာ . . 

(က) (ယာကုပ် ၁း၁၅)

(ခ) (ယော ၁၆း၃၄)

(ဂ) (ဆာလံ ၃၂း၈)

၅။ မည်သည့်နည်းဖြင့် ကျွနု်ပ်တို့ကို ဘုရားသခင် ပဲ့ပြင်ပါသနည်း။

(က) (ဆာလံ ၁၁၉း၁၀၅)

(ခ) (ယော ၁၆း၃၄)

(ဂ) (သုတ္တံ ၁၅း၂၂)

၆။ ဘုားသခင်၏ အလိုတော်သို့ လိုက်လျှောက်နိုင်ရန် ဘုရားသခင်က မည်သို့ မစပါသနည်း။ (ဖိလိပ္ပိ ၂း၁၃)

၇။ ဘုရားသခင်၏ ပဲ့ပြင်မှု ရရှိရန် မည်သို့ ဆုတောင်းသင့်ပါသနည်း။ (ဆာလံ ၂၅း၄-၅)

၈။ သင်ကျက်မှတ်ထားသော (သုတ္တံ ၃း၅-၆) ကို အလွတ်ပြန်ရေးပါ။

သင်ခန်းစာယူရန်

၁။ မည်သည့်ကျမ်းချက်သည် သင့်အတွက် ခွန်အား အရဆုံး ကျမ်းပိုဒ်ဖြစ်ပါသနည်း။ …………………

၂။ သင့်အသက်တာ၏ မည်သည့်အပိုင်းတွင် ပြုပြင်စရာများ ရှိနေပါသေးသနည်း။......................................

၃။ သင့်ဘဝရှေ့ရေးအတွက် သင်မည်ကဲ့သို့ ပြင်ဆင်ထားပြီးပါပြီနည်း။ .........................................................




Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?