အခန်း(၂၀) - စာတန်သုံးပါးတစ်ဆူ

          (THE SATANIC TRINITY) မိစ္ဆာပရောဖက် - ဗျာဒိတ် ၁၃း၁၁-၁၈

စာတန်သည် ဤလောက၏အစိုးရသော ဘုရားတစ်ပါးလည်းဖြစ်သည် (၂ကော ၄း၄)။ ထို့ကြောင့် သူ

သည်အမြင့်ဆုံးသောဘုရားသခင်ကိုပင်ဆန့်ကျင်ယှဉ်ပြိုင်ပြီးပုန်ကန်လေ့ရှိသည်။ဘုရားသခင်သည် မိမိ၌တစ်ပါး

တည်းသောသားတော်ကို လောကသို့စေလွှတ်သကဲ့သို့ စာတန်သည်လည်း အန္တိခရစ်ကို ဤလောကသို့စေ

လွှတ်နိုင်သည်။ ဘုရားသခင်ကို သခင်ယေရှုထဲ၌ ဘုရားသခင်၏ကိုယ်ခန္ဓာကို တွေ့နိုင်သကဲ့

သို့ စာတန်ကိုလည်း

အန္တိခရစ်ထဲ၌စာတန်၏ရုပ်ခန္ဓာကို တွေ့မြင်နိုင်လေသည်။ (၁တိ ၃း၁၆)

အဓမ္မအရာဖြစ်သော ဝှက်ထားသည့် အရာကိုစာတန်အားဖြင့် ထင်ရှားပေါ်ထွန်းလိမ့်မည်။ (၂သက် ၂း၇)ခရစ်တော်ထဲ၌ရှိသည့်အရာအားလုံး အန္တိခရစ်ထဲ၌ရှိနေသည်ကို စာတန်အားဖြင့်တွေ့မြင်နိုင်သည်။ 


၁။ ခရစ်တော်၌အသင်းဝင်ဖြစ်သောအသင်းတော်(Ecclesia)ရှိသည်။ စာတန်၌လည်းအပေါင်းအသင်းများ

စုစည်းထားသော (Synagogue of Satan)အပေါင်းအသင်းရှိသည်။ (ဗျာ ၂း၉၊ ၃း၉)


၂။ ခရစ်တော်၌သတို့သမီးအဖြစ် အသင်းတော်ရှိလိမ့်မည်။ (ဧ ၅း၂၅-၂၇) စာတန်၌လည်းသတို့သမီးဖြစ်

သောပြည့်တန်ဆာမရှိလိမ့်မည်။ (ဗျာ ၁ရး၁-၁၆)

၃။ ခရစ်တော်၌ပွဲခံသည့် ခွက်ဖလားရှိသည် (၁ကော ၁၀း၁၆၊ ၁၁း၂၅)။ စာတန်၌၇လည်းနတ်ဆိုးခွက်ဖ

လားရှိသည်။ (၁ကော ၁၀း၂၁)


၄။ ခရစ်တော်သည်လောက၌ သုံးနှစ်ခွဲအမှုတော်ကိုဆောင်ရွက်သကဲ့သို့ အန္တိခရစ်သည်လည်းသုံးနှစ်လော

က၌အမှုတော်ဆောင်ရွက်လိမ့်မည်။


၅။ ခရစ်တော်သည်လောက၌ နှစ်ပေါင်းသုံးဆယ်နှစ်နှစ် အသက်ရှင်ထင်ရှားပြီး အသေခံခဲ့သည်။ ဆိတ်၏

ချိုကြီးဖြစ်ခဲ့သော အလက်ဇန္ဒြီးယားဘုရင်ကြီးလည်း ကမ္ဘာပေါ်တွင် သုံးဆယ်သုံးနှစ် အန္တိခရစ်တစ်ပါး

အဖြစ်ပေါ်ထွန်းထင်ရှားခဲ့ပြီး အနိစ္စရောက်ခဲ့ရသည်။


၆။ ဘုရားသခင်သည်တစ်ဆူတည်းဖြစ်သော်လည်း ဖခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်း

သောဝိညာဉ်တော်ဘုရားဟူ၌ သံးုပါးရှိသကဲ့သို့၊ စာတန်၌လည်းသုံးပါးရှိကြောင်း ယူဆနိုင်လေသည်။


စားတန်သုံးပါးတစ်ဆူမှာ -

(၁) မြွေနဂါး - ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်သူ

(၂) သားရဲ - အန္တိခရစ် (ခရစ်တော်ကိုဆန့်ကျင်ပုန်ကန်သူ)

(၃) မိစ္ဆာပရောဖက် - ဝိညာဉ်တော်ကို ဆန့်ကျင်ပုန်ကန်သူ

စာတန်သုံးပါးတစ်ဆူ၌ ပထမနှစ်ပါးဖြစ်သော မြွေနဂါးတည်းဟူသောစာတန်နှင့်အန္တိခရစ်အကြောင်းကို ရှေ့အခန်းများ၌ ဖေါ်ပြပြီးဖြစ်၍ ဤအခန်းတွင်လည်းမိစ္ဆာပရောဖက်အကြောင်းကိုသာဖေါ်ပြရှင်းလင်းသွားမည်

ဖြစ်သည်။


တမန်တော်ရှင်ယောဟန်သည် ပင်လယ်မှထွက်လာသောသားရဲတစ်ကောင်ကိုတွေ့ပြီးမြင်နောက် မြေ

ကြီးမှထွက်လာသောသားရဲတစ်ကောင်ကိုလည်း ရူပါရုံ၌တွေသေးသည် (ဗျာ ၁၃း၁၁)။ ရှင်ယောဟန်က ထိုသား

ရဲ၍ သိုးသူငယ်၏ဦးချိုနှင့်တူသောချိုနှစ်ချောင်းရှိသည်ဟုဆို၏။ ဤသို့ဆိုခြင်းမှာ အန္တိခရစ်သည် ခရစ်တော်ကဲ့

သို့ဖြစ်သည်ဟုအနက်ဖွင့်ခြင်းပင်ဖြစ်သည်။ ဗျာဒိတ်ကျမ်း၌ ခရစ်တော်ကို သိုးသူငယ်အဖြစ်နှစ်ဆယ့်နှစ်ကြိမ်

သုံးနှုံးထားသည ်ကိုတွေ့ရသည်။ ဗျာ ၅း၆၌သိုးသူငယ်သည်ချိုခုနှစ်ခုရှိ၍ နှစ်ချောင်းမရှိကြောင်းတွေ့ရသည်။ မြေကြီးမှထွက်ပေါ်လာသောသားရဲသည် သိုးသူငယ်ကဲ့သို့ သဏ္ဍာန်ရှိသော်လည်း နဂါးကဲ့သို့စကားပြောကြောင်း

ဖေါ်ပြထားလေသည်။


မြေကြီးမှထွက်လာသောသားရဲသည် မိစ္ဆာပရောဖက်ဟူ၍လည်းသမုတ်ထားလေသည် (ဗျာ ၁၆း၁၃)။

သူ့ကိုချည်နှောင်ဖမ်းဆီးထားနိုင်လေသည် (ဗျာ ၁၉း၂၀)။ သူ့ကိုသားရဲနှင့်အတူတကွကန့်နှင့်ရောနှောထားသော

ထာဝရငရဲမီးအိုင်ထဲသို့ပစ်ချ၍ ထိုနေရာ၌ နေ့ညဉ့်မပျက်ကမ္ဘာအဆက်ဆက်ဝေဒနာပြင်းထန်စွာခံရလိမ့်မည် (ဗျာ ၂၀း၁၀)။ ထို့ကြောင့် မိစ္ဆာပရောဖက်သည် ပဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လူ့အင်္ဂါနှင့်ပြည့်စုံ၍ လူကဲ့သို့စကားပြော

လျက်၊ ခရစ်တော်ကိုယ်တိုင်ထိုသူကိုရည်ညွှန်းပြီး မိစ္ဆာပရောဖက်ပေါ်ပေါက်လိမ့်မည်ဟုကြိုတင်မိန့်မှာထား

သည်။ (မ ၂၄း၂၄)။


မြေကြီးမှ ထွက်လာသော ဒုတိယသားရဲသည် ရှင်ပြန်ထမြောက်ပြီး ခန္ဓာကိုယ်အဖြစ်ထင်ရှားလိမ့်မည်။

ကျွန်တော်တို့သိသည့်အတိုင်း အန္တိခရစ်သည် ပြန်ထမြောကပြီးဖြစ်သည့် ယုဒရှကာရုတ်ဖြစ်လျှင် မိစ္ဆာပရောဖက်

သည် ရှင်ပြန်ထမြောက်ပြီး ခန္ဓာကိုယ်အဘယ့်ကြောင့် မဖြစ်နိုင်ရမည်နည်း။ ပုဂ္ဂိုလ်နှစ်ဦးစေလွှတ်၍ ထိုသူတို့နှင့်

ယှဉ်ပြိုင်ခြင်းပြုမည်မဟုတ်လော့။ပထမသားရဲ(အန္တိခရစ်)နှင့် ဒုတိယသားရဲ(မိစ္ဆာပရောဖက်)တို့ကို အရှင်လတ်

လတ်ကန့်နှင့် လောင်သော မီးအိုင်ထဲသို့ချပစ်ခြင်းခံရလိမ့်မည် (ဗျာ ၁၉း၂၀)။


ထို့ကြောင့်ထိုနှစ်ဦးသည် သာမာန်

ကမ္ဘာလူသား၊ လောကသားနှင့်မတူ တစ်မူထူးခြင်းကြောင်းသိရသည်။ သူတို့သည် သာမာန်လူထက်ထူးဆန်း

သောကြောင့် ပင်လယ်မှ ထွက်လာသောသားရဲကဲ့သို့ ရောမရှင်ဘုရင်ကို ပြန်လည်ရှင်သန်စေပြီး၊ အန္တိခရစ်ကိုယ်

ခန္ဓာထဲသို့လည်းဝင်စားနိုင်သဖြင့် လူဉာဏ်ဖြင့်စဉ်းစား၍မရနိုင်သော အရာဖြစ်ပေသည်။ သူသည် စာတန်၏လူ

ထူးလူဆန်း (Superman)ဖြစ်သည့် အန္တိခရစ်ဖြစ်သည်။


စာတန်သုံးပါးတစ်ဆူသည် ဘုရားသုံးပါးတစ်ဆူကို ဆန့်ကျင်ပုန်ကန်လေသည်။ ခန္ဓာကိုယ်မရှိသည့် မြွေ

နဂါးသည် ခမည်းတော်ဘုရားကိုတော်လှန်ပုန်ကန်၍ ပျက်စီးခြင်း၏သားဟူသော သားရဲသည်ရှေးဟောင်းမြွေန

ဂါး၏သားဖြင်ပြီး သူသည်ခန္ဓာကိုယ်ရှိပြီးနောက် အသေသတ်ပြီးရှင်ပြန်ထမြောက်လျက် မြွေနဂါးသည် သူအား

ရာထူးအပ်နှင်းထားလိမ့်မည်။


မြေကြီးမှထွက်လာသော သားရဲသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိုဆန့်

ကျင်ဘက်ပြုလျက် မမှန်သော သက်သေခံပြီး ပရောဖက်ပြုလေသည်။ သူ၏အသံသည် နဂါးအသံကဲ့သို့ဖြစ်

သည်ဟုဆိုသည်။ နောက်ဆုံးအချိန်တွင် ဤသုံးပါးစလုံးသည် ထာဝရမီးအိုင်ထဲသို့ ချပစ်ခြင်းခံရလိမ့်မည် (ဗျာ ၂၀း၁၀)။ ထို့ကြောင့် ဘေးဒဏ်ကြီးကာလ၌ သူတို့၏အုပ်စိုးမှုသည် သုံးပွင့်ဆိုင်အုပ်စိုးခြင်းဟုဆိုသည်။

အန္တိခရစ်သည် ဤလောကနိုင်ငံ၌ အကြီးဆုံးသောဘုရင်အဖြစ်စိုးစံမည်ဖြစ်သည်။


ရှေးကာလ၌စာတန်

သည်။ ရှေးကာလ၌စာတန်သည်ဤလောကနိုင်ငံကို ခရစ်တော်လက်သို့အပ်ပေးဘူးခဲ့သည်။ သို့သော်လည်း

ခရစ်တော်သည် စာတန်ပေးသောဤလောကကို လက်မခံခဲ့ချေ (မ ၄း၈-၁၀)။ စာတန်သည် မိမိကိုယ်ကို ချီး

မြောက်ပြီး မိမိသည် ဘုရားဖြစ်ကြောင်း ကြော်ငြာလိမ့်မည် (၂ သက် ၂း၄)။ မိစ္ဆာပရောဖက်သည် ဘုရင်တစ်

ပါးမဟုတ်ချေ။ သူသည်မိမိကိုယ်ကို မချီးမြောက်ချေ။ သားရဲကို ချီးမြောက်ပေးသည်။ မိစ္ဆာပရောဖက်သည် သန့်

ရှင်းသော ဝိညာဉ်တော်ဘုရားနှင့် သားတော်ယေရှုဘုရား၏ အမှုတော်ဆောင်ရွက်ခြင်းကို လိုက်တု၌ အမှု

ဆောင်သည်။


သူ့အားဖြင့် လူအများသည် ပင်လယ်မှထွက်သော ပထမသားရဲကိုကိုးကွယ်ဝတ်ပြုစေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကဲ့သို့ အသက်မှုတ်သွင်းနိုင်သော အခွင့်ရထားသည်။ သန့်ရှင်းသော ဝိညာဉ်

တော်သည် လူ့နှလုံး၌ တံဆိပ်ခတ်ထားသကဲ့သို့ (ဧ ၄း၃၀) မိစ္ဆာပရောဖက်သည်လည်း သားရဲတံဆိပ်အဖြစ်

အန္တိခရစ်နောက်လိုက်များကို နဖူးနှင့် လက်ပေါ်တွင်တံဆိပ်ခတ်စေကာ သေမည့်နေရာကိုစောင့်မျော်စေလေ

သည် (ဗျာ ၁၃း၁၆-၁၇)။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကယ်တင်ခြင်းနေ့ရက်ကာလတိုင်အောင် တံ

ဆိပ်ခတ်ထားလေသည်။ 


မိစ္ဆာပရောဖက်သည်လည်း အံ့သြဘွယ်ရာထူးဆန်းသည့် အမှုကိုပြနိုင်သည်။ ယောဘကိုစုံစမ်းဘို့ရန် 

ဘုရားသခင်ထံမှ အခွင့်ရသောအခါ စာတန်သည် မိုးပေါ်မှ မီးချ၍ သိုး၊ နွားအုပ်နှင့် ကျွန်များကို လောင်မြိုက်စေ

လေသည် (ယော ၁း၁၆)။ အနာဂတ်ကာလတွင် စာတန်သည် လူကိုစေခိုင်းပြီးသားရဲ၏ရုပ်တုကို သွန်းလုပ်ခိုင်း

လိမ့်မည်။ လူ၏သဘာဝမှာ အလွန်အားနည်းသည့် သတ္တဝါဖြစ်သည့်အလျောက် မျက်မြင်ရသောအရာကိုသာ ကိုးကွယ်လိုသည့် ဆန္ဒရှိသည်။


မောရှေသည် ဣသရေလလူမျိုးများကို အီဂျစ်ပြည်၌ ကျွန်ဘဝမှခေါ်ထုတ်ပြီး

နောက်၊ တောင်ပေါ်တွင် ဘုရားနှင့် ကြာရှည်စွာအချိန်ယူသောအခါ ဣသရေလလူများသည်အာရုန်ထံစုဝေး

ရောက်ရှိလာပြီး“ထပါ၊ ငါတို့ရှေ့မှာ ဘုရားတို့ကို လုပ်ပါ”ဟူ၍ နွားရုပ်ကိုသွန်းလုပ်ခိုင်းဘို့ တောင်းခံပြီးလုပ်စေခဲ့

သည် (ထွ ၃၂း၁-၆)။ ထိုနည်းတူမိစ္ဆာပရောဖက်သည်လည်း လူ့ဆန္ဒအတိုင်းကိုးကွယ်ဝတ်ပြုလေ့ရှိသော ဓလေ့

ကို ကိုးကွယ်စေရန် အလွန်အံ့သြဘွယ်အဖြစ် သားရဲပါးစပ်ဟစေလျက် စကားကိုပင်ပြောထွက်စေလိမ့်မည်။


သားရဲ၏ရုပ်တုသည် နေဗုခ်ခနေဇာမင်းကြီးဒုရလွင်ပြင်၌ တည်ထောင်ခဲ့သော ရွှေရုပ်တုကို အမှတ်ရစေ

သည် (ဒံ ၃း၁-၃၀)။ တံပိုးခရာ၊ စောင်း၊ ပလွေ၊ပတ်သာစသည့်တူရိယာများတီးခတ်သည့်အခါတွင် လူအမျိုးမျိုး

သည် ရွှေရုပ်တုရှေ့၌ ဦးချဝတ်ပြုခိုင်းလေသည်။ ထိုနည်းတူ အန္တိခရစ်ကြီးစိုးသည့်အချိန်ကာလ၌လည်း ထိုသို့

ဦးချဝတ်ပြုခိုင်းလိမ့်မည်။ မိစ္ဆာပရောဖက်အားဖြင့် လူအမျိုးမျိုး၊ ကျွန်ကြီး၊ ကျွန်ငယ်၊ ကြီးငယ်မရွေးအားလုံးနဖူး

၌သော်၎င်း၊ လက်ပေါ်၌သော်၎င်း၊ သူ၏တံဆိပ်အမှတ်လက္ခဏာကို ခတ်နှိပ်ရလိမ့်မည်။ တံဆိပ်လက်မခံသူ 

မည်သူမဆို ရောင်းဝယ်ဖောက်ကားခြင်း၊ မပြုရတော့ချေ။ ဤတံဆိပ်သည် အပယ်ငရဲနှင့် သက်ဆိုင်သော အမှတ် လက္ခဏာဖြစ်သည်။


ဤကမ္ဘာပေါ်ရှိနိုင်ငံများသည်လည်း စည်းလုံးညီညွတ်ကြပြီး အန္တိခရစသည်ဤနိုင်ငံများ၏ ခေါင်းဆောင်

ကြီးဖြစ်လိမ့်မည်။ သားရဲအမှတ်တံဆိပ်မခံသူသည် လုံးဝအခွင့်အရေးမခံစားရသော လူတန်းစားဖြစ်မည်။ ၎င်း

တံဆိပ်ကိုလည်း သံပူအားဖြင့် ခပ်နှိပ်လျက် မပျက်စီးနိုင်တော့ချေ။ သားရဲတံဆိပ်၏ အရေအတွက်ကိန်းဂဏန်း

မှာ (၆၆၆)ဖြစ်သည်။ လူသား၏တံဆိပ်အမှတ်ဖြစ်ပြီး ဘုရား၏အမှတ်လက္ခဏာမဟုတ်ချေ။


လူသားကိုခြောက်

ရက်မြောက်နေ့၌ဖန်ဆင်းထားသည်။ ဖိလ္လိတ္တိ လူစစ်သားဂေါလျက်သည် ခြောက်ပေမြင့်ပြီး ဘုရားသခင်အားပုန်

ကန်ဆန့်ကျင်သူနှင့် နှှိုင်းယှဉ်ထားသည်။ သူကိုင်ဆောင်သည့်လက်နက်ကရိယာမှာ ခြောက်မျိုးဖြစ်သည်။ သူ၏

လှံတံသည် သံခြောက်ပိဿအချိန်ရှိသည်။ (၁ရာ ၁ရး၄-၇) ဗာဗုလုန်ဘုရင်နေဗုဒ်ခနေဇာတည်ထောင်ခဲ့သော ရွှေရုပ်တုသည်လည်း အတောင်ခြောက်ဆယ်မြင့်ခဲ့ပြီး ခြောက်တောင်ကျယ်ဝန်းလေသည်။ ရုပ်တုရှေ့မှာ ဝတ်ပြု

ကိုးကွယ်ရန် တူရိယာခြောက်မျိုးဖြင့် တီးမှုတ်ရလေသည်။ (ဒံ ၃း၁-၇)


သားရဲ၏ ရုပ်တု 


ထိုအချိန်ကာလတွင် သားရဲ၏အမှတ်တံဆိပ်ကို လွယ်ကူစွာတွေ့မြင်နိုင်ရန်လကျ်ာလက်ဖမိုးပေါ်၌ ခပ်ထားကြသည်။ နေ့စဉ်နေ့တိုင်းရောင်းဝယ်ဖောက်ကားသည့်ဈေး၊ ဆိုင်၊ စတိုးဆိုင်ကြီးများတွင် ယောကျာ်း

မိန်းမ မဆိုသားရဲကို အရိုအသေပြုကိုးကွယ်ကြလိမ့်မည်။ သားရဲကို မကိုးကွယ်သူများ ငတ်မွတ်ခေါင်းပါးခြင်း

ဒုက္ခများစွာတွေ့ကြရလိမ့်မည်။ ၎င်းအပြင် သားရဲကိုဝတ်မပြုသူများကို ရှာဖွေ၍ခေါင်းဖြတ်သတ်သည့် နေရာသို့

အဓမ္မခေါ်ဆောင်သွားပြီး ခေါင်းဖြတ်အဆုံးစီရင်လိမ့်မည် (ဗျာ ၂၀း၄)။

ထိုနေ့ရက်ရောက်လျှင် အန္တိခရစ်တော်နောက်လိုက်များက လည်ပင်းဖြတ်သတ်မည့်သူနာမည်စာရင်းကို နေ့တိုင်းကြေငြာနေလိမ့်မည်။ တနည်းအားဖြင့် သားရဲကို ဝတ်မပြုသူများအားသတိပေးခြင်းလည်းဖြစ်သည်။


ဘေးဒဏ်ကြီးကာလနောက်ဆုံးအချိန်သို့ရောက်သောအခါ သခင်ယေရှုခရစ်တော်သည် ဒုတိယအကြိမ်ကြွလာ

၍စာတန်ကိုလည်းအဆုံးမရှိသော တွင်းနက်ကြီးထဲတွင် ချည်နှောင်ထားလိမ့်မည်။ (ဗျာ ၂၀း၃) အနှစ်တစ်

ထောင်ကာလကုန်ခါနီးအချိန်တွင် စာတန်ကို ခေတ္တခဏပြန်လွတ်၍ တရားစီရင်ပြီး ကန့်နှင့်လောင်သောထာဝရ

မီးအိုင်သို့ပြန် တဖန်ချပစ်ခြင်းခံရလိမ့်မည်။ ထိုနေရာတွင် ကမ္ဘာအဆက်ဆက်ဝဒနာပြင်းစွာခံရလိမ့်မည်။ 

မိစ္ဆာပရောဖက် (သန့်ရှင်းသောဝိညာဉ်တော်အားဆန့်ကျင်သူ) ကိုလည်း ဖမ်းဆီး၍ ဤထာဝရမီးအိုင်သို့

ချပစ်လိမ့်မည် (ဗျာ ၁၉း၂၀)။


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?