အခန်း (၂၄) - ဗာဗုလုန်မြို့ကြီး
(Babylon The Great)
၁။ ဘာသာရေးဗာဗုလုန်မြို့ကြီး (လျှို့ဝှက်သောဗာဗုလုန်မြို့ကြီး) ဗျာ ၁ရး၁-၁၈
ဗျာဒိတ်ကျမ်းအခန်း ၁၇နှင့် ၁၈၌ရေးသားထားသော နောက်ဆုံးသောကာလ၌ပြန်လည်တည်ထောင်
လာမည့် ဗာဗုလုန်မြို့တော်ကြီးအကြောင်းအရာသည် အံ့သြဖွယ်ရာတစ်ခုဖြစ်သည်။ ဤအခန်းနှစ်ခုကို လေ့လာ
ကြည့်သောအခါ နားလည်ရန်ခက်ခဲမှုများလည်းရှိနေသည်။ သို့သော်လည်း အကြောင်း
အရာအားလုံးကိုဆက်စပ်ကြည့်သောအခါ နက်နဲသော်လည်း နားလည်နိုင်လေသည်။ ဗျာ ၁၇ ၌မိန်းမတစ်ဦးကိုဖေါ်ပြထားပြီး သူ့ကို
နက်နဲသောအရာ၊ ဗာဗုလုန်မြိုု့ကြီး၊ ပြည်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏ အမိဟူ
၍ သမုတ်ထားကြောင်းသိရသည်။
သို့သော်လည်း မိန်းမနှင့်မြို့ကြီးသည်အကြောင်းအရာတစ်ခုတည်းကိုဆိုလို
ခြင်းမဟုတ်ချေ။ အခန်း ၁၈၌ မြို့ကိုဗာဗုလုန်မြို့တော်ကြီးဟူ၍ ခေါ်ထားလေသည်။ ဗျာ ၁၇၌ ထိုမိန်းမကိုဘုရင်
ဆယ်ပါးကသတ်ဖြတ်လိုက်လေသည်။ သို့သော်လည်း ဗျာ ၁၈၌“ထိုနောက်မှ”ဟုရေးသားထားသောကြောင့် မိန်းမအသေသတ်ခံရပြီးနောက် ဗာဗုလုန်မြို့ကြီးမည်ကဲ့သို့ဖြစ်ပျက်မည်ကို ရေးသားထားသဖြင့် မိန်းမနှင့် မြို့
ကြီးသည်တစ်ဦးတည်းကိုသာဆိုလိုခြင်းမဟုတ်ချေ။ သို့သော်လည်း သူတို့၏ စရိုက်လက္ခဏာအားလုံးသည် တူ
ညီလေဟန်ရှိလေသည်။
မိန်းမ၏ဘွဲ့နာမမှာ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီးဟုခေါ်ဝေါ်သမုတ်ထားလေသည်။ “နက်နဲသော
အရာ”သည်ရှင်ပေါလု၏သြဝါဒစာစောင်ထဲတွင်လည်းများစွာတွေ့ရသည်။ အသင်းတော်ကိုလည်း နက်နဲသော
အရာဟုခေါ်သည်။ ဤနက်နဲသောအရာကိုဓမ္မဟောင်းခေတ်၌ ပရောဖက်များလည်းမသိရှိနိုင်ပေ။ (ဧဖက် ၃း ၁-၂၁) ခရစ်တော်၌သတို့သမီးရှိကြောင်းကိုရှင်ပေါလုအား ဖေါ်ပြပြီး (ဧ ၅း၂၃-၃၂)အန္တိခရစ်၏သတို့သမီးကိုဗာဗု
လုန်မြို့ကြီးဟုခေါ်သည်။
အဘယ့်ကြောင့်လူကိုမြို့နာမယ်မှည့်သနည်း။ (ဗျာ ၂၁း၉-၁၀) တွင်“….လာခဲ့ပါ၊ သိုး
သူငယ်၏သတို့သမီးကိုငါပြမည်…. ထိုအခါ သန့်ရှင်းသောယေရုရှလင်မြို့သည် ဘုရားသခင်အထံတော်မှဆင်း
သက်သည်ကိုငါအားပြလေ၏” ဟုဆိုလေသည်။ ဤစကားသည် မြို့တွင်း၌နေထိုင်သောသန့်ရှင်းသူများအား
ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် နက်နဲရာဗာဗုလုန်သည်အန္တိခရစ်၏ သတို့သမီးဖြစ်လေသည်။ ဤအ
ရာကိုကြည့်ခြင်းအားဖြင့် မြို့ဟုဆိုရာတွင် အမှန်တကယ်မြို့ကိုဆိုလိုခြင်းမဟုတ်ကြောင်းသိသာနိုင်သည်။ အဖွဲ့
ချုပ်နှင့် ၎င်းအဖွဲ့၏ဝါဒလမ်းစဉ်နှင့်ဘာသာရေးများကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ အားဖြင့်ကြည့်လျှင် အသင်း
တော်သည် ခရစ်တော်၏အသင်းတော်ဖြစ်ပြီး ဒုတိယအကြိမ်ဝိညာဉ်တော်၌ အသစ်တဖန်မွေးဖွားခြင်းခံသူများ
၏အသိုင်းအဝိုင်း၊
၎င်းအဖွဲ့သားများစုစည်းထားသောလူတန်းစားတရပ်ဖြစ်သည်။ ထိုနည်းတူနက်နဲသောအရာ
ဗာဗုလုန်မြို့ကြီးသည်လည်း အန္တိခရစ်၏သတို့သမီးဖြစ်ပြီး ဒုတိယအကြိမ်ဝိညာဉ်တော်ထဲ၌ မွေးဖွားခြင်းမခံရ
သေးသူများထဲမှ ဝင်ရောက်လာပြီး စုစည်းထားသော အစည်းအရုံး၊ အဖွဲ့တစ်ခုဖြစ်သည်။
ဗာဗုလုန်မြို့သည် ဥဖရတ်ခေါ် ယူဖရေးတီးစ်မြစ်ကမ်းပါးပေါ်၌ တည်ရှိသောမြို့ဖြစ်သည်။ ၎င်းမြစ်သည်
ဧဒင်ဥယျာဉ်မှစီးထွက်သောစတုတ္ထဖြစ်တစ်မြစ်လည်းဖြစ်သည်။ ထို့ကြောင့်စာတန်သည် ဗာဗုလုန်မြို့အဖြစ်
ဗဟိုပြုပြီး အာဒံနှင့်ဧဝကိုလည်း စုံစမ်းခြင်းပြုခဲ့လေသည်။
ဧဒင်ဥယျာဉ်ခေတ်ကာလပြီးနောက်ကမ္ဘာကိုရေအားဖြင့် မလွှမ်းမိုးမှီ လူသားများ၏ အပြစ်သည်အလွန်
ကြီးမားခဲ့သည်။ ထို့ကြောင့်ဘုရားသခင်သည် ရေအားဖြင့် အပြစ်သားအားလုံးကိုတရားစီရင်ခဲ့လေသည်။ သို့
သော်လည်း နောဧအချိန်ရေလွမ်းမိုးပြီးနောက်လည်းဗာဗုလုန်၌ရဲတိုက်တည်ဆောက်ခြင်းဖြင့် ဘုရားကိုအံတု
ဆန့်ကျင်ယှဉ်ပြိုင်ခဲ့လေသည်။ ထိုအချိန်၌ လူမျိုးအသီးသီးမရှိသော်လည်း စာတန်သည် လူ့စိတ်ထဲဝင်ရောက်
နှောက်ယှက်မှုပြုကာ ရဲတိုက်တည်ဆောက်စေခြင်းအားဖြင့် လူမျိုးများကွဲပြားစပြုစေခဲ့သည်။ ဗာဗုလုန်ရဲတိုက်ကို
စတင်တည်ဆောက်သူမှာ နိမ်ရောဒ(Nimrod)ဖြစ်သည်။ (က ၁၀း၈-၁၀)
ထိုနေရာဒေသသည် ဖောက်ပြန်ရေး
သမားများစုစည်းနေထိုင်ကျက်စားရာဒေသဖြစ်သဖြင့် ဗာဗုလုန်မြို့နှင့် စပ်ဆိုင်သောကိုးကွယ်ယုံကြည်မှုစတင်
အမြစ်တွယ်လာရာဇစ်မြစ်နေရာလည်းဖြစ်ပါသည်။ သူတို့၏ ကိုးကွယ်သည့်ဘာသာသည် ကမ္ဘာပေါ်၌အကောင်း
ဆုံးသောဘာသာတရပ်ဖြစ်သည်ဟုခံယူပြီး ဝိညာဉ်ရေးနယ်ပယ်၌ နက်နဲသောအရာလည်းစတင်သန္ဓေတည်ခဲ့
သည်။ ထို့ကြောင့် လူတစ်ဦးဘာသာဝင်ဖြစ်လာသောအခါ ယဇ်ပုရောဟိတ်ထံ၌ ဝန်ချတောင်းပန်ရလေသည်။
ဤဓလေ့ထုံးစံကြောင့် ယဇ်ပုရောဟိတ်သည်အလိုအလျှောက်အခွင့်တန်ခိုးကြီးလာကာ အသင်းတော်အပေါ်
၌ လွမ်းမိုးအုပ်ချုပ်ခွင့်ရရှိလေသည်။ ဤအယူအဆသည်လွန်ခဲ့သော ရောမကက်သလစ်ဂိုဏ်း၌ အုပ်ချုပ်သော
ဂိုဏ်းချုပ်များ၏အုပ်ချုပ်ပုံစံနစ်နှင့် တပုံစံတည်းဖြစ်သည်။
ဗာဗုလုန်လူမျိုးဖြစ်စေ၊ အာရှုရိလူမျိုးဖြစ်စေ၊ အီဂျစ်နိုင်ငံသားဖြစ်စေ သူတို့အမှုတော်ဆောင်အဖွဲ့သို့ဝင်
ရောက်ပါက မိမိ၏ရိုးရာယဉ်ကျေးမှုများကို စွန့်လွှတ်ရပြီး၊ ပညတ်တရားနှင့် ပြည့်နှက်သောဂိုဏ်းချုပ်ကဲ့သို့ကျင့်
ကြံနေထိုင်ရပြီး လျှို့ဝှက်ထားသော ညီအစ်ကိုများ၏ အကိုင်းအခက်သဖွယ် ဖြစ်သွားရလေသည်။ ဗာဗုလုန်မြို့
သည်စာတန်ကျက်စားရာနေရာဖြစ်သဖြင့် ၎င်းကိုမေဒိ၊ ပေရသိနိုင်ငံက သိမ်းပိုက်လိုက်သောအခါ စာတန်သည်
အာရှမိုင်းနားရှိ ပေရဂံမြို့သို့ပြောင်းရွှေ့ကျက်စာလာခဲ့သည်။ ရှင်ယောဟန်လက်ထက်၌ပြောင်းရွှေ့လာခြင်းဖြစ်
သည်။ (ဗျာ ၂း၁၂၊ ၁၃)
ပေရဂံအသင်းတော်၌ ဂိုဏ်းချုပ်အက်ဒီလာစ်(Attalus)သေပြီးနောက် B.C ၁၃၃ တွင်ဗာဗုလုန်ယဖ်ပု
ရောဟိတ်အခွင့်အရာကို ရောမသို့ပြောင်းရွှေ့ခဲ့လေသည်။ အီထယူးစကေးလူမျိုးများ(Etruscare) သည်လေဒီ
ယား(Lydia) မှအီတလီရောမသို့ပြောင်းရွှေ့လာသောအခါ ဗာဗုလုန်ဘသာရေးှင့်ယဉ်ကျေးမှုအယူအဆအား
လုံးကို လည်းသယ်ဆောင်လာခဲ့သည်။ နောက်ပိုင်း၌ အင်ပါယာမင်းများသည် အသင်းတော်၏အုပ်ချုပ်မှုစနစ်
ကို လက်ခံကာနိုင်ငံအုပ်ချုပ်ရေး၌ ၎င်းစနစ်ကိုကျင့်သုံးခဲ့သည်။ ဘီစီ ၇၄ ခုနှစ်၌ ဂျူးလီယက်ဇီဇာ (Julius Caesar) သည် အီထယူးစကေး၏ ပုပ်ရဟန်း(Pontiff of Etruscan) ဖြစ်လာသည်။
ဘီစီ ၆၃၌သူသည်ဗာဗုလုန်
ဘာသာအခွင့်အရေးအားလုံးကို သိမ်းပိုက်ယူပြီး အကြီးမားဆုံးသော ပုပ်ရဟန်းမင်းဖြစ်လာသည်။ အဘယ့်
ကြောင့်ဆိုသော် ပေရဂံနယ်၌ ဘုရင်ခံရာထူးကို ခံယူထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပထမဦးဆုံးရောမ
အင်ပါယာမင်းသည် ဗာဗုလုန်မှ ဆက်ခံထားသောဘုရင်ဖြစ်သဖြင့် ဗာဗုလုန်ဘာသာရေးအရ ကျင့်သုံးနေသော
စနစ်ဖြင့် အုပ်ချုပ်လေသည်။ အေဒီ ၃၇၆ တိုင်အောင်ရောမ အင်ပါယာမင်းများသည် ပုပ်ရဟန်းမင်းကြီး အဖြစ်ခံ
ယူပြီး နိုင်ငံကိုအုပ်ချုပ်ရလေသည်။ အင်ပါယာမင်း ဂလေရှာ (Emperor Gratian) သည်ခရစ်ယာန်များ၏ကန့်
ကွက်မှုကြောင့် ရွေးကောက်ပြီး ၁၂နှစ်တိုင်ပုပ်ရဟန်းအဖြစ် အုပ်ချုပ်ခဲ့လေသည်။ ထို့ကြောင့် အေဒီ ၃၆၆ခုနှစ်မှ
စ၍ဗာဗုလုန်သည်လည်း ဗာဗုလုန်ဘာသာရေးနှင့် ရောမအင်ပါယာကို ပးူပေါင်းစေကာ ကမ္ဘာပေါ်၌ သာဘာရေး
စနစ်တစ်ခုကို ထူထောင်စေခဲ့သည်။
ဒမတ်ဆကပ်စ်မှ ဂိုဏ်းချုပ်အားပုပ်ရဟန်းမင်းအဖြစ်ရွေးကောက်ပြီး နောက်များမကြာမှီ ဗာဗုလုန်ဘာ
သာရေးအယူအဆနှင့်ထုံးစံဓလေ့များကိုရှေ့တန်းတင်လာခဲ့တော့သည်။ မယ်တော်မာရိအားဝတ်ပြုကိုးကွယ်
ခြင်းကို အေဒီ ၃၈၁မှစတင်ခဲ့လေသည်။ ဘာသာရေးနေ့ထူးနေ့မြတ်များသည် ဗာဗုလုန်၏ဘာသာရေးအယူအ
ဆမှတဆင့်ခံယူပြီးကျင့်သုံးခြင်းသာဖြစ်သည်။ ခရစ်တော်ရှင်ပြန်ထမြောက်သည့်နေ့ကို(Easter) အီစတာဟူ၍
ခေါ်ဝေါ်စေသည်။ ၎င်းသည်ကျမ်းစာနှင့်မကိုက်ညီပေ။ ထိုအီစတာသည်ဗာဗုလုန်၌ နတ်မင်းသမီးတပါး၏နာမည်
ဖြစ်ပေသည်။ ဓမ္မဟောင်းခေတ်၌ ဂျုးလူမျိုးများသည် ဤနတ်သမီးများကို ပူဇော်ရန်အမိန့်ထုတ်ပြန်ခဲ့သည်။ စိတ်ပုတီး (Rosary) အသုံးပြုခြင်းသည်လည်း ရုပ်တုဆင်းတုကိုးကွယ်မှုမှ စတင်ခဲ့သည်။ လက်ဝါးကပ်တိုင်ကို
အထိမ်းအမှတ်တံဆိပ်အဖြစ်အသုံးပြုခြင်းသည်လည်း သမ္မာကျမ်းစာ၏သွန်သင်ခြင်းနှင့် မကိုက်ညီချေ။
ဤ
အရာများသည် ခါလဒဲနှင့် အီဂျစ်ပြည်၌ရှိသော “Tau”ဟုခေါ်သည့် ဒဏ္ဍာရီအယူအဆများမှ မြစ်ဖျားခံလာခြင်း
ဖြစ်သည်။ “Tammuze” ဟုခေါ်သည့်ဗာဗုလုန်နိုင်ငံဒဏ္ဍာရီပုံပြင်မှ ဆင်းသက်လာပြီး၊ ၎င်းနှင့် တပုံစံတည်းပင် ယနေ့အသင်းတော်ဂိုဏ်းများ၌ ကျင့်သုံးနေလေသည်။ ၎င်းမှာအိမ်ထောင်မပြုဘဲနေခြင်း (Celibacy)၊ ဆံချခြင်း
(Tonsure) နှင့် ရဟန်းသံဃာတော်နှင့်သီလရှင်များအားသာသနာဘောင်သွင်းခြင်း (The Order of Monks
And Nuns)များသည် သမ္မာကျမ်းစာ၌မတွေ့ရသောကျင့်စဉ်များဖြစ်သည်။ ၎င်းကဲ့သို့အမှုဆောင်ရန်ကျမ်းစာသွန်
သင်ချက်နှင့် သြဝါဒလည်းမရှိချေ။ အိမ်ထောင်မပြုဘဲအမှုဆောင်ခြင်းသည် နတ်ကိုးကွယ်သည့် ဘာသာမှယူ
ထားခြင်းဖြစ်သည်။
“Mystery” ဟူသောနက်နဲသည့်အရာကို အသင်းတော်သည်အနက်မဖွင့်ဘဲ လျှို့ဝှက်စွာထားရစ်ခဲ့
သည်။ ၎င်းမှာနှစ်ခြင်းခံခြင်းဖြင့် ဝိညာဉ်အသက်တာပြောင်းလဲ၍ အသစ်ဖြစ်ခြင်း၊ သခင်ဘုရား၏စားပွဲမှမုန့်နှင့်
စပျစ်ရည်သည် ယေရှု၏အသွေးသားစစ်စစ်ပြောင်းလဲသွားသည့် “Transubsatantiation”ဟူသောဝေါဟာရ
အဖြစ်နက်နဲသည်ဟုခံယူခြင်း၊ (Holy Water)သန့်ရှင်းသောရေ၏နက်နဲခြင်း၊ ပလ္လင်တော်၌မီးထွန်းခြင်း၊ တီးမှုတ်
ခြင်းအသံ၏နက်နဲခြင်း၊ စသည့်အရာများသည် နားမလည်နိုင်သည့် နက်နဲသောအရာဟုခံယူကျင့်သုံးသော်
လည်း၊ ဗာဗုလုန်ဘာသာရေးနှင့် ယဉ်ကျေးမှုမှဆင်းသက်လာသောအဆောင်အယောင်တန်ဆာများသာဖြစ်
သည်။
ရှင်ယောဟန်လက်ထက်၌ ဤအရာများအားလုံးသည် အမှန်တကယ်လျှို့ဝှက်ထားသောအရာများဖြစ်
သည်။ အဘယ့်ကြောင့်ဆိုသော် အသင်းတော်သည် မတိုးတက်၊ မကြီးမားသေးသော အချိန်ကာလဖြစ်သည်။
သို့သော်လည်း “ဝှက်ထားလျက်ရှိသောအဓမ္မအရာသည် ယခုပင်ပြုပြင်ဆဲရှိ၏”ဟုမိန့်ဆိုထားသည်။ (၂သက်
၂း၇) သို့သော်လည်း များမကြာမှီ ဝှက်ထားသောအရာကို သိရှိနားလည်နိုင်သည်။ နက်နဲသောအရာဗာဗုလုန်
မြို့ကြီးနှင့် ပြည့်တန်ဆာတို့၏အမိ၊ စသည်တို့ကိုယခုအခါတွင်မည်သည့်အရာကိုဆိုလိုကြောင်းလွယ်ကူစွာ
သိရှိနားလည်နိုင်သည်။ ရှင်ယောဟန်သည် ဤနက်နဲသောဗာဗုလုန်မြို့ကို ရူပါရုံထဲ၌တွေ့ရှိခဲ့လေသည်။ ၎င်း
သည် လောကီအသင်းတော်အဖြစ်ဖေါ်ပြခြင်းဖြစ်သည်။
ဗျာ ၁ရး၄၌ မိန်းမသည်အဝတ်နီ၊ အဝတ်မောင်းကိုဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်တန်ဆာ၊ ပုလဲတန်
ဆာတို့ကိုဆင်ထား၏ဟုဆိုသည်။ စက်ဆုပ်ရွံရှာဘွယ်သောအရာနှင့်၎င်း၊ မိမိမတရားသောမေထုန်၏ညစ်ညမ်း
ခြင်းနှင့် ၎င်းပြည့်သောရွှေခွဖလားကိုကိုက်လျက်ရှိ၏ဟုလည်းဆိုသည်။ (ဗျာ ၁ရး၄) ယခုပစ္စုပ္ပန်အချိန်၌ဝတ်
ဆင်ထားသောဂိုဏ်းချုပ်များ၏ဝတ်ရုံအရောင်(၅)မျိုးရှိလေသည်။ ဝတ်ရုံသည် ခရမ်းရောင်၊ နီမောင်းသောအ
ရောင်ဖြစ်ပြီး၊ သရဖူ၌လည်း ရွှေ၊ စိန်နှင့် ပုလဲတို့ဖြင့်တန်ဆာဆင်ထားလေသည်။
ဤအရာသည် ဗျာဒိတ်ကျမ်း
ရှိ မိန်းမတစ်ဦး၏ဝတ်စားဆင်ယင်မှုှနှင့် ထိုမိန်းမသည် သားရဲအပေါ်၌စီးသည်နှင့်တူညီနေသည်မဟုတ်လော။
၎င်းအပြင်မိန်းမသည် သန့်ရှင်းသူ၏အသွေး၊ ယေရှု၏သက်သေခံတို့၏အသွေးနှင့်ယစ်မူးသည်ဟုဆိုပြန်သည်။
မိန်းမသည် သားရဲပေါ်၌စီးသည်မှာ ဘေးဒဏ်ကာလတွင် အသင်းတော်အားအန္တိခရစ်မှထောက်ခံမှုအ
ပြည့်အဝပေးခြင်းကိုဆိုလိုသည်။ ထိုအချိန်တွင် အသင်းတော်သည် နိုင်ငံရေး၌ပါဝင်စွက်ဖက်ပြီး နိုင်ငံကိုလည်း
အုပ်ချုပ်လိမ့်မည်။ ဤအရာသည် မိန်းမ၏အိပ်မက်အရ တကမ္ဘာလုံး၌ အသင်းတော်တစ်ပါးတည်းဖြစ်လာပြီး၊ သူ
သည်ခေါင်းဆောင်လိမ့်မည်ဟု မက်သည့်အတိုင်း နောက်ဆုံးသောကာလ၌ဖြစ်ပေါ်လာလိမ့်မည်။
ဤအရာသည် တမန်တော်ရှင်ယောဟန်ကလည်း ထိုပြည့်တန်ဆာထိုင်သောရေကား၊ အသီးသီးဘာ
သာစကားကိုပြောသောလူမျိုးအစုစုဖြစ်သည်ဟုဆိုသည်။ ဤသူများသည် စစ်မှန်သောအသင်းတော်ချီဆောင်
ခြင်းခံပြီးနောက် မတရားသောအသင်းတော်၊ ညစ်ညမ်းသောလောကီဆန်သည့်အသင်းတော်(သို့)ကျန်ရစ်သည့်
အသင်းတော်(အန္တိခရစ်၏သတို့သမီး)၊ နာမည်ခံခရစ်ယာန်အသင်းတော်(ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍
မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ) စသည်တို့သည် လောက၌ ကျန်ရစ်ပြီး ကြီးမားသောအသင်းတော်
တစ်ပါးဖြစ်လာလိမ့်မည်။ သို့သော်လည်း များမကြာမှီ ဆယ်နိုင်ငံသည် အင်အားကြီးမားလာပြီး၊ ထိုမိန်းမအုပ်ချုပ်
သည်ကို ပုန်ကန်ဆန့်ကျင်၍ မိန်းမတည်းဟူသော အသင်းတော်ကို အသေသတ်လျှက် အသားကိုလည်းစား
လိမ့်မည်။ သူ၏စည်းစိမ်အားလုံးကိုဖျက်ဆီး၍၊ သူ၏အသင်းတော်ကိုလည်း မီးအားဖြင့်ရှို့၍ဖျက်ဆီးပစ်လိုက်
သည်။ (ဗျာ ၁ရး၁၆)
ဤအချင်းအရာသည် သားရဲအားဦးချကိုးကွယ်ရန်စိုက်ထူသည့်အချိန်၌ဖြစ်ပေါ်လိမ့်မည်။ အန္တိခရစ်သည် မိမိရုပ်တုမှတစ်ပါး တခြားမည်သည့်ရုပ်တုကိုမျှဦးချရှိခိုးဘို့အခွင့်လုံးဝပေးလိမ့်မည်မဟုတ်။
မိန်းမသည်သားရဲအပေါ်၌စီးနေခြင်းသည် စစ်မှန်သောအသင်းတော်ချီဆောင်ခြင်းခံပြီးနောက်ကျန်ရစ်
သည့်အသင်းတော်သည် အန္တိခရစ်ထဲမှ အခွင့်အရေးရရှိခံစားခြင်းကိုဆိုလိုပေသည်။ သားရဲ(အန္တိခရစ်)နှင့်
မိန်းမ(လောကီအသင်းတော်) တို့သည် တမျိုးတည်းမဟုတ်ချေ။ ကွဲပြားခြားနားလေသည်။ လောကီအသင်း
တော်အုပ်ချုပ်မှုစနစ်သည် အန္တိခရစ်နှင့်မတူညီပေ။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်၏ကိုယ်ခန္ဓာ(အသင်း
တော်)သည်ပစ္စုပ္ပန်ကာလ၌ ဤမှောင်မိုက်ကမ္ဘာထဲ၌တည်ရှိနေသောကြောင့်ဖြစ်သည်။ (နီမောင်းသောသားရဲ
အကြောင်းကို အန္တိခရစ်အခန်း၌ လေ့လာပါ။)
ဘုရင်ဂျီဘာသာအရကြည့်လျှင် ၎င်းအသင်းတော်သည် အသက်ရှင်လျက်၊ ကြီးထွားလာပြီး ကမ္ဘာ့အ
သင်းတော်ကြီး (Universal Church)ဖြစ်လာကာ လောကီရှင်ဘုရင်များ၏ညစ်ညမ်းသောအမှုနှင့် မိသဟာ
ယဖွဲ့ရောနှောသွားလိမ့်မည်။ ဘေးဒဏ်ကာလ၌ အသေခံသောသူတို့၏အသွေးကို တဖန်ပြန်သောက်လိမ့်
မည်။ ဗျာဒိတ်ကျမ်းအခန်း(၁၇)သည် လူတို့နားမလည်နိုင်အောင် နက်နဲသောအရာမဟုတ်ပေ။ ဤနေရာ၌
မိန်းမ၏အလုပ်ကို ပရောဖက်ပြုထားသည်မှာ ပုပ်ရဟန်းမင်းအသင်းတော်၏ သမိုင်းနှင့် နီးကပ်စွာဆက်နွယ်
ပတ်သက်နေပြီး ဖြစ်ပျက်သည့် အချိန်ကာလသည်လည်းတူညီနေကြောင်း တွေ့ရသည်။
၂။ စီးပွားရေးဗာဗုလုန်မြို့ (ဗျာ ၁၈း၁-၂၄)
ဗျာ ၁၈း၁၌ “ထိုနောက်မှ”ဟူ၍ရေးသားထားသဖြင့်၊ မည်သည့်အရာများဖြစ်ပါသနည်း။ အခန်း(၁၇)
၌နက်နဲသောဗာဗုလုန်မြို့တော်ကြီးပျက်စီးသွားပြီးနောက်ဟူ၍ ရေးသားခြင်းဖြစ်ပါသည်။ ဗာဗုလုန်မြို့သည်အ
တိတ်ကာလသမိုင်း၌ ပျက်စီးခဲ့ပြီးကြောင်းထင်ရှားစွာတေ့ွရှိရပါသည်။ ဒါပေမဲ့ ယခုတဖန်ဤမြို့သည် အဘယ့်
ကြောင့်ပြောဆိုနေရသနည်း။ ဤအခန်း(၁၈)၌ ရှိသောဗာဗုလုန်သည် အသစ်တဖန်ရှင်သန်လာသော ဗာဗုလုန်
မြို့သစ်ဖြစ်လာသည်။ ဤကျမ်းစာပါအကြောင်းအရာသည် တစ်မျိုးတည်းဆိုလိုသည်မဟုတ်။
အခန်း(၁၇) ကို
ဖလားခုနှစ်ခုပါရှိသော ကောင်းကင်တမန်ကပြောပြပြီးလျှင် အခန်း(၁၈)သည်ကြီးစွာသော ကောင်းကင်တမန်
တစ်ပါးက ကောင်းကင်မှ ဆင်းသက်လာပြီး ပြောပြခြင်းဖြစ်သည်။ ဤကောင်းကင်တမန်က ဗာဗုလုန်မြို့ကြီး
ပြိုလဲပြီ (၁၄း၈) ဟုပြောဆိုပြီးနောက် ဤမြို့ကြီးကို တဖန်ရည်ညွှန်းပြောဆိုခြင်းဖြစ်လေသည်။
ရှေးခေတ်ဗာဗုလုန်မြို့ပြကြီးသည် နိမ်ရောဒ (Nimrod)လက်ထက်၌ကြီးကျယ်သော မြို့ကြီးဖြစ်ခဲ့သည်။ (က ၁၀း၁၀) ၎င်းနောက်နေဗုဒ်ခပ်နေဇာမင်းကြီးဘုရင်(ဘီစီ ၆၀၆-၅၆၃)ဖြစ်လာသောအခါ ပို၍ကြီးကျယ်ခန်းနား
ထယ်ဝါသည့် မြို့တော်ကြီးဖြစ်လာခဲ့သည်။
ဟေရုဒ်သုတ(စ်) (Herodotus)ကဤမြို့သည်စတုရန်းပုံစံရှိ၍ တစ်
ဘက်လျှင်(၁၅)မိုင်စီရှိပြီး၊ မြို့အဝန်းမှာ ၆၀မိုင်ရှိလေသည်။ ၈၇ပေထူသောမြို့တံတိုင်းကာရံထားပြီး၊ အမြင့်မှာ
၃၅၀ပေမြင့်လေသည်။ အမြင့်ပေ ၁၀၀စီတွင် အဆင့်တစ်ဆင့်စီတည်ဆောက်ထားလေသည်။ အဆင့်တိုင်းတွင်
မိုးပျံပန်းဥယျာဉ်တည်ဆောက်ထားလေသည်။ တံတိုင်းပတ်လည်၌မျှော်စင် ၂၅၀ခုဖြင့်ပြီးလေသည်။ အဝေးမှ
ကြည့်လျှင်ပန်းများဖြင့်ဝေဆာနေသောတောင်တစ်ခုပမာတွေ့မြင်ရလေသည်။ မြို့ရိုးတံတိုင်းပေါ်၌ မြင်းရထား
ခြောက်စီးယှဉ်၍သွားလာနိုင်သည်။ ၎င်းနောက်မြို့တွင်းတွင် တူးမြောင်းကြီးများလည်းဖောက်လုပ်ထားလေ
သည်။ ၎င်းတူးမြောင်းကို ယူဖရေးတီးစ်မြစ်ထဲသို့စီးဆင်းစေသည်။
တူးမြောင်းနံဘေး၌လမ်းများဖောက်လုပ်
ထားသည်။ မြို့တွင်း၌ဈေးဆိုင်ကြီးသို့ဦးတည်သည့်လမ်းမကြီးများစွာရှိသည်။ တောင်မှမြောက်အထိလမ်းပေါင်း
ဆယ်ငါးလမ်းဖောက်လုပ်ထားလေသည်။ ယူဖရေးတီးစ်မြစ်သည် မြို့အလယ်သို့စီးဆင်းပြီး၊ နံဘေးပတ်လည်
သည်ဗာဗုလုန်မြို့တည်ဆောက်ထားလေသည်။ လမ်းမကြီးတိုင်းသည်ပေ(၁၅၀)ကျော်ကျယ်လေသည်။ မြစ်
၏အဝင်အထွက်တွင် ကြေးဝါဖြင့်ပြုလုပ်ထားသောတံခါးပေါက်များစွာရှိသဖြင့် ညအချိန်၌လည်း အလင်းရောင်
တောက်ပနေသည်။ ယူဖရေတီးစ်မြစ်ကိုတံတားကြီးဖြင့်ကူးရပြီး တံတားနှစ်ဘက်၌လည်းကြီးကျယ်သော နန်း
တော်ကြီးများတည်ဆောက်ထားလေသည်။
၎င်းနန်းတော်များသည် ဧည့်ဂေဟာများလည်းဖြစ်သည်။ ၎င်းနေရာ
နှင့်မနီးမဝေးတွင်ဗာဗုလုန်ရဲတိုက်(Tower of Bable)ကိုတွေ့ရသည်။ အမြင့်၇၅ပေမြင့်သောမျှော်စင်၈ခုအပါ
အဝင်တွေ့ရသည်။ ထိပ်သို့တက်ရောက်ရန်လှေကားကိုကွေ့၍ ဆောက်လုပ်ထားသည်။ အပေါ်ထိပ်ဆုံးတွင် ဘုရားရှိခိုးကျောင်းရှိသည်။ အမြင့်မှာပေပေါင်း ၆၆၀မြင့်လေသည်။ ၎င်းရှိခိုးဆောင်ထဲတွင် အဖိုးတန်သောဘာ
သာရေးပစ္စည်းမျိုးစုံတွေ့ရသည်။ ရွှေရုပ်တုတစ်ခုသည် ၄၅ပေမြင့်၍ အမေရိကန်ဒေါ်လာ ၁၇၅၀၀ တန်၍ ၎င်း
အဆောင်ရှိပစ္စည်းတန်ဆာအားလုံးသည် ဒေါ်လာသန်း ၂၀၀ ဖြင့်ညီမျှလေသည်။
ဗာဗုလုန်မြို့သည် ကမ္ဘာ့အံ့သြဖွယ်ရာခုနှစ်မျိုးပါဝင်လေသည်။ ၎င်းမှာမိုးပျံပန်းဥယျာဉ်ဖြစ်သည်။ ဤ
ဥယျာဉ်သည် စတုရန်း ၄၀၀ ပေရှိ၍ အမြင့်ပေ ၃၅၀၌တည်ဆောက်ထားလေသည်။ ၁၀ပေကျယ်သော လှေ
ကားများဖြင့်သွားရောက်နိုင်သည်။ ဤဥယျာဉ်တော်သည် ကျောက်ပြားများဖြင့် တည်ဆောက်ထားသဖြင့် အ
လွန်ခိုင်ခန့်လှပေသည်။ ကျောက်ပေါ်၌ မြေဖို့၍ ပန်းများစိုက်ထားသဖြင့် ပန်းများကတောင်ပမာလှပနေသည်။ နေဗုဒ်ခပ်နေဇာ၏မိဘုရားစိတ်ရွှင်လန်းစေရန်တည်ဆောက်ပေးခဲ့သောဥယျာဉ်ဖြစ်သည်။ ဤမိဘုရားသည် မေဒိတောင်ပေါ်၌ နေခဲ့သဖြင့် ဤကဲ့သို့စိတ်ကြိုက်တည်ဆောက်ပေးရခြင်းဖြစ်သည်။ ထိုခေတ်နိုင်ငံသားများ
နှင့် မှူးမတ်မျအရာရှိများ၏အကျင့်စရိုက်များကို ဗေလရှာဇာမင်း၏စားပွဲကြီး (Belshazzar’s Feast)အကြောင်းဖတ်လျှင်သိနိုင်သည်။ (ဒံ ၅း၁-၃၁)
ဗာဗုလုန်မြို့သည် ကမ္ဘာပေါ်တွင်အလှပဆုံးသောမြို့ဖြစ်သည်။ သို့သော်ယင်းမြို့သည် ထာဝရဘုရား
သခင်ကို စွန့်ပယ်၍ကျောခိုင်းသွားသဖြင့် ဖျက်ဆီးခြင်းခံခဲ့ရသည်။ ဗာဗုလုန်အင်ပါယာနှင့် ဣသရေလလူမျိုးများ
သည် အနီးကပ်ဆုံးမိတ်သဟာယရှိသော လူမျိုးနှစ်မျိုးဖြစ်သည်။ ဒံယေလကျမ်း၏အများဆုံးအပိုင်းနှင့် ယေရမိ
ကျမ်းအပါအဝင်ဓမ္မဟောင်းကျမ်း (၁၁) ကျမ်းနှင့် ဓမ္မသစ်(၄)ကျမ်းတို့တွင် ဗာဗုလုန်အကြောင်းကို ဖေါ်ပြထား
လေသည်။ ဗျာဒိတ်ကျမ်းသည် ဒံယေလကျမ်း၏နောက်ဆက်တွဲအဖြစ် ဗာဗုလုန်မြို့တော်ကြီးသည် လုံးဝဖျက်
ဆီးခြင်းခံရမည့်အကြောင်းဗျာဒိတ်ကျမ်းနောက်ဆုံးအပိုင်း၌ ထိမ်ချန်ခြင်းမရှိပဲ ပြတ်သားစွာကြိုတင်ဟောကိန်း
ထုတ်ထားခဲ့လေသည်။
ဓမ္မဟောင်း၌ရှိသောရှေးခေတ်ဗာဗုလုန်မြို့ကြီးသည် ပျက်စီးသွားခဲ့ပြီးဖြစ်သည်။ သို့သော်၎င်းမြို့ပြန်
လည်တည်ဆောက်၍ တဖန်ဖျက်ဆီၤးခြင်းခံရမည်ဖြစ်သောကြောင့် မေးစရာနှစ်ချက်ရှိလာခဲ့သည်။
(၁) ဓမ္မဟောင်း၌ ဗာဗုလုန်မြို့ပျက်စီးမည့် ပရောဖက်ပြုချက်အားလုံးပြည့်စုံပြီးဖြစ်သည်။ တဖန်မြို့ကိုမတည်
ဆောက်နိုင်သေး။
(၂) ပစ္စုပ္ပန်အချိန်၌ ဗာဗုလုန်မြို့ကြီးမရှိသဖြင့် ဗျာဒိတ်ကျမ်း၌ ဗာဗုလုန်မြို့ကြီးပြိုလဲပြီဟုဆိုခြင်းသည်ပုံ
ဆောင်ချက်သာဖြစ်ပြီး တကယ်ဗာဗုလုန်မြို့အစစ်မဟုတ်ချေ။
ဗာဗုလုန်မြို့ပျက်စီးခြင်းကို ဟေရှာယအနာဂတ္တိကျမ်းအခန်း ၁၃နှင့် ၁၄၌၎င်း၊ ယေရမိအနာဂတ္တိကျမ်း
အခန်း ၅၀နှင့် ၅၁၌၎င်းပရောဖက်ပြုထားသော်လည်း လုံးဝပြည့်စုံခြင်းသို့မရောက်သေးချေ။ မမွေးခင်ကပင်နာ
မည်အားဖြင့် ပရောဖက်ပြုခံသော ပေရသိဘုရင်ကုရု(Cyrus)သည် ဘီစီ ၅၄၁၌ ဗာဗုလုန်မြို့ကိုသိမ်းပိုက်ခဲ့
သည်။ ၁၂၅နှစ်၊ ဘီစီ ၇၁၂တွင် ကြိုတင်၍ပရောဖက်ပြုထားသည် (ဟေ ၄၄း၂၈-၄၅)။
ဗေလရှာဇာသည် စားသောက်ပွဲကြီးကျင်းပသောည၌၊ တံခါးစောင့်များသည် တံခါးပိတ်ရန်မေ့လျှော့ခဲ့
သဖြင့် မေဒိ - ပေရသိရန်သူများသည် တူးမြောင်းမှတဆင့်တိတ်တဆိတ်ဝင်လာကာ ဘုရင်ကိုလုပ်ကြံသတ်ဖြတ်
ပြီးမြို့ကိုလည်းသိမ်းပိုက်ခဲ့သည်။ တချို့မြို့သူ/သားများသည် သုံးရက်တိုင်အောင်ဘုရင်လုံကြံခံရခြင်းနှင့် မြို့
သိမ်းပိုက်ခံရခြင်းကိုမသိသေးချေ။ ထိုတချိန်သိမ်းပိုက်ခြင်းတွင် ဗာဗုလုန်မြို့ကိုမဖျက်ဆီးခဲ့ပေ။ နောက်နှစ်
ပေါင်းအတော်ကြာသောအခါ ဘုရင်ဒါရိ(Darius)ကိုပြည်သူများတော်လှန်ပုန်ကန်မှုဖြစ်ပေါ်လာပြီးမြို့ကိုလ
ပေါင်းနှစ်ဆယ်ဝိုင်းထားခဲ့သည်။ ဘီစီ ၅၁၆အထိမအောင်မြင်ခဲ့ချေ။ ၎င်းနောက်ကုရုရှင်ဘုရင် (Xerxers)သည်
ဘီစီ ၄၇၈ခုနှစ်၌ ဂရိနိုင်ငံမှပြန်လာပြီး ဗာဗုလုန်ကို သိမ်းပိုက်ခဲ့လေသည်။
အာလက်ဇန်းဒါးဘုရင် (Alezander The Great) သည် ဤမြို့သို့ချဉ်းကပ်၍တိုက်ခိုက်သောအခါ ဘီစီ
၃၃၁ ၌မြို့သူ/သားများသည် အရှုံးပေး၍မြို့တံခါးများဖွင့်ကာ ကြိုဆိုလက်ခံခဲ့လေသည်။ ထို့ကြောင့် မြို့ကိုမဖျက်
ဆီးခဲ့ပေ။ မြို့ကိုမဖျက်ဆီးသည်သာမက ဗာဗုလုန်ဘုရားကျောင်းကိုတည်ဆောက်ရန်လူတစ်သောင်းရှာဖွေစု
ဆောင်းပေးခဲ့သည်။
ဗာဗုလုန်ဘုရားကျောင်းတန်ဆောင်းများဆောက်လုပ်ပြီး ဗာဗုလုန်ယဉ်ကျေးမှုကြီးပွားတိုး
တက်နိုင်ရန် ရည်ရွယ်သော်လည်း အလက်ဇန်းဒါးဘုရင်အသက် ၃၃နှစ်၌ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။
အာလက်ဇန်းဒါးဘုရင်ပြီးနောက်ဆက်ခံသော ဘုရင်များသည်အချင်းချင်းတော်လှန်ကြသောကြောင့်
ပြည်သူပြည်သားများအတိဒုက္ခရောက်ခဲ့လေသည်။ ၎င်းနောက်(Seleucus) စီလူကပ်စ်သည် ဗာဗုလုန်နှင့် ထိ
စပ်နေသော စီလူစီယား (Seleusus) ကိုသိမ်းပိုက်ပြီး ဘီစီ ၂၉၃ အထိအုပ်ချုပ်ခဲ့လေသည်။ အေဒီ၂၅မှစ၍
(Strabo)က ဗာဗုလုန်မြို့ကို တဖြေးဖြေးဖျက်ဆီးပစ်ခဲ့လေသည်။ အေဒီ ၆၀တွင်တမန်တော်ရှင်ပေတရုသည်
ဗာဗုလုန်မြို့အထိ ဧဝံဂေလိခရီးထွက်ခဲ့လေသည်။ (၁ပေ ၅း၁၃)
က ၁၉း၂၄-၂၈၌သောဒုံနှင့် ဂေါမောရသည် တခဏချင်း၌ဖျက်ဆီးခံရပြီး ဒီနေ့အထိသူတို့သမိုင်းကိုပြော
ပြသူမရှိတော့ချေ။ ဗာဗုလုန်သည် တခဏချင်း၌ဖျက်ဆီးခြင်းမခံရသော မြို့ဖြစ်သည်။ (ဗျာ ၁၆း၁၇-၁၉) အေဒီ
၉၁၇ ၌(Ibu Hamkel) အိုင်ဗာဟာဂဲက ဗာဗုလုန်မြို့သည် ရွာကဲ့သို့သာကျန်ရှိသည်ဟုဆိုသည်။သို့သော်လည်း
အေဒီ ၁၀၀၀ပတ်ဝန်းကျင်တွင် ၎င်းမြို့ကိုတဖန်ပြန်လည်တည်ဆောက်ခဲ့ဟန်တူသည်။ မြို့တွင်း၌အစ္စလာမ်ဝတ်
ပြုကျောင်းနှစ်ကျောင်းရှိသည်။ ၎င်းနောက်မြို့သည် တဖြေးဖြေးဖံွံ့ဖြိုးလားပြီး ဟီလာဂျ်(Hillah)ဟူ၍နာမည်တွင်
လာခဲ့လေသည်။အေဒီ ၁၈၉၈တွင် ၎င်းမြို့၌ဟေဗြဲလူမျိုးတစ်သောင်းခန့်ရှိသည်ဟုဆိုသည်။
မြေသြဇာကောင်း
သည့်စိုက်ခင်းများယူဖရေးတီးစ်မြစ်ကမ်းနှစ်ဖက်ပေါ်တွင်များစွာရှိသည်ဟုဆိုလေသည်။ ဟေရှာယကလည်း
“ထိုမြို့၌ကာလအစဉ်လူမျိုးအဆက်ဆက်အဘယ်သူမျှမနေရ။ ထိုမြို့၍အာရပ်လူသည် တဲကိုမျှမဆောက်ရ။ သိုး
ထိန်းတို့သည် သိုးခြံကိုမျှမလုပ်ရကြ”ဟူ၍မိန့်မှာခဲ့လေသည်။ ဤအချက်သည်ရှေးဟောင်းဗာဗုလုန်ကိုပြောဆို
ခြင်းမဟုတ်။ အနာဂတ်ကာလ၌ ပေါ်ထွန်းလာမည့် ဗာဗုလုန်မြို့ကိုရည်ညွန်းပြောဆိုခြင်းဖြစ်သည်။ ယေရမိက
လည်း ဤသို့မိန့်မှာထားလေသည်။ ယေရမိ ၅၁း၄၃၌ “မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့
ခြောက်သောလွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှမနေရ။ လူသားတစ်စုံတစ်ယောက်မျှ ဤလမ်းကိုမလျှောက်ရ”
ဟုဆိုလေသည်။
ရှေးဗာဗုလုန်မြို့ကြီးကိုပြန်လည်တည်ဆောက်သူများစွာရှိသည်။ ဗာဗုလုန်မြို့ဟောင်းနေရာ၌ မြို့တော်
လေးမြို့ထပ်မံတည်ဆောက်ခဲ့လေသည်။ စီလူမီးယားမြို့ကိုဂရိမှ၊ တက်စီဟူမြို့ကို ဗာတီးယားက၎င်း၊ာအယ်လ်
ဟာဒါမြို့ကိုပါရှားက၎င်း၊ ဂူဖါမြို့ကိုစီလီက၎င်းတည်ဆောက်ခဲ့လေသည်။ ဟီလာဂျ်ကို ဒီပယင်းစ်က၎င်း၊ ဘဂ္ဂ
ဒက်အိမ်ယာများ၊ တိုင်များတွင် ဗာဗုလုန်ခေတ်အမှတ်တံဆိပ်အုတ်များဖြင့် တည်ဆောက်ခဲ့ကြောင်း ထင်ရှား
လှပေသည်။
ဟေရှာယပရောဖက်ပြုချက်ပြည့်စုံလာခြင်းကို “ထာဝရဘုရား၏နေ့ရက်”ဟူ၍သမုတ်ထားလေသည်။
(ဟေ ၁၃း၉)ဤအချိန်သည် အနှစ်တစ်ထောင်ခေတ်ကာလ၌ဖြစ်လိမ့်မည်။ အများအားဖြင့် အနှစ်တစ်ထောင်အ
စပိုင်းကာလများနှင့် ရောက်လုဆဲဆဲအချိန်ကာလများ၌ ဖြစ်နိုင်ချေများလေသည်။
အဘယ့်ကြောင့်ဆိုသော် ၊
“မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး၊ နေသည်လည်းထွက်သောအခါ မိုက်လျက်
လသည်လည်း မထွန်းမလင်းလျက်ရှိလိမ့်မည်”ဟုမိန့်မှာထားလေသည်။ (ဟေ ၁၃း၁၀၊ လု ၂၁း
၂၅-၂၇)
ဗာဗုလုန်မြို့ကို ကုရုဘုရင်သိမ်းပိုက်စဉ်က ဤသို့သောလက္ခဏာမရှိခဲ့ချေ။ ဗျာ ၁၈၌မြို့သည်တစ်နာ
ရီအတွင်း၌လုံးဝဖျက်ဆီးခြင်းခံရမည်ဟုဆိုသည် (ဗျာ ၁၈း၂၁)။ ၎င်းအပြင်အပိုဒ်ငယ် ၁၉၌ “တစ်နာရီ
အတွင်း၌ ဖျက်ဆီးခံရပြီတကား”ဟူ၍၎င်း၊ ဆက်လက်၍အပိုဒ်ငယ်၂၁၌လည်း -
“ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောကြိတ်ဆုံကျောက်ကဲ့သို့သောကျောက်
ကိုချီယူ၍ ပင်လယ်ထဲသို့ချပြီးလျှင် ထိုနည်းတူဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍နောက်တဖန်မ
ပေါ်မရှိရ”ဟုမိန့်ထားလေသည်။ ဗာဗုလုန်မြို့ကိုမီးလောင်ကျွမ်းခြင်းအားဖြင့် ဖျက်ဆီးမည်။ (ဗျာ ၁၈း
၈၊ ၉၊ ၁၈)
သောဒုံနှင့်ဂေါမောရမြို့အားကောင်းကင်မှ ကန့်မီးလောင်၍ပျက်စီးသကဲ့သို့ မီးမိုးကျ၍ ပျက်စီးသွားရ
လိမ့်မည်။(ယေရမိ ၅၀း၄၀)
သောဒုံနှင့် ဂေါမောရမြို့များသည်တခဏချင်း၌ဖျက်ဆီးခံရသော်လည်း ဗာဗုလုန်မြို့ကြီးသည်တဖြေး
ဖြေးဖြင့်ဖျက်ဆီးခြင်းခံရသည်။ အနာဂတ်ကာလ၌ပေါ်လာမည့် ဗာဗုလုန်မြို့သည် သောဒုံနှင့်ဂေါမောရကဲ့သို့
တခဏချင်း၌မဖျက်ဆီးခဲ့သော် ဟေရှာယနှင့် ယေရမိပရောဖက်ပြုချက်များပြည့်စုံအုံးမည်မဟုတ်ချေ။
ဗျာဒိတ်ကျမ်း၌ ရေးသားထားချက်များသည် လူမနေသည့်ဒေသဖြစ်လိမ့်မည်အကြောင်းကိုပြည့်စုံစေ
သည်။
အမှန်စင်စစ်၊ ဗာဗုလုန်မြို့ကြီးသည် ငလျင်ပြင်းထန်စွာလှုပ်ခြင်း၊ မိုးချုန်းခြင်းနှင့် ယခင်သောဒုံနှင့်ဂေါမော
ရမြို့ဖျက်ဆီးသကဲ့သို့ ပျက်ဆီးသွားရလိမ့်မည်။ ပထမအကြိမ်တွင်မီးဖြင့်ဖျက်ဆီးခံရပြီး၎င်းနောက် ပြင်းထန်
သောငလျင်ကြောင့်၎င်း၊ မြေကြီးအက်ကွဲ၍၎င်း၊ မြို့သည်ပင်လယ်ထဲသို့စုန်းစုန်းနစ်မြှုပ်သွားရလိမ့်မည်။ ပင်လယ်အောက်ခြေကြမ်းခင်းကဲ့သို့ ဖြစ်သွားရလိမ့်မည်။ ထို့ကြောင့် အဘယ်သူမျှမနေရတော့ချေ။ ဤကဲ့သို့
ဖြစ်လာလျှင် ကျမ်းစကား၊ ပရောဖက်ပြုချက်ပြည့်စုံရခြင်းဖြစ်သည်။ (ဗျာ ၁၆း၁၇-၁၉၊ ၁၈း၂၁)
ယခုခေတ်လူများသည်ဗာဗုလုန်မြို့ကိုပြန်လည်တည်ဆောက်နကြသည်။
ပြင်သစ်ပြည်ဘာလင်မြို့၌
အခြေစိုက်သော ပြင်သစ်ဘုရင် နပိုလီယာ(Napolem)သည် ဤဗာဗုလုန်မြို့ဟောင်းကြီးကိုစနစ်တကျပြန်လှန်
တည်ဆောက်ရန်စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်သည်။ ဤမြို့ဟောင်းနှင့်ပတ်သက်၍လည်း စာတမ်းရေးသားပြုစုခဲ့လေ
သည်။ အဘယ့်ကြောင့်ဆိုသော်သူသည်ကမ္ဘာကိုအုပ်စိုးရန်လောဘရမက်ရှိပြီး သူ့ကမ္ဘာ၏ဗဟိုဌာနချုပ်ကိုလည်း
ဗာဗုလုန်မြို့ဟောင်း၌ တည်ဆောက်ရန် ရည်ရွယ်ခဲ့လေသည်။ ဗာဗုလုန်မြို့သည်အရှေ့နှင့်အနောက်ကမ္ဘာ အလယ်၌တည်ရှိသောကြောင့် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး၊ ကူးလူးဆက်ဆံရေး၌ အဓိကကျသောဒေသဖြစ်
နိုင်ကြောင်းသူထင်မြင်ခဲ့လေသည်။
ခေတ်သစ်ဘူမိဗေဒပညာရှင်များကလည်း မက်ဆိုပိုတေးမီးယားဒေသ၊ ဆီးရီးယားဒေသနယ်မြေနှင့်
ဗာဗုလုန်ဒေသနယ်မြေများသည် ကမ္ဘာပေါ်ရှိမြေဆီအားလုံးထက်မြေသြဇာအကောင်းဆုံးတည်ရှိသောဒေသ
များဖြစ်ကြောင်းအသိအမှတ်ပြုထားသည်။ ၁၈၅၀ ခုနှစ်၌အီဂျစ်ဘုရင်သည် ယူဖရေးတီးစ်မြစ်ဝှမ်းဒေသသို့ သူ
၏စစ်ဗိုလ်လေးဦးစေလွှတ်ပြီး၊ နယ်မြေဒေသများကိုလေ့လာနိုင်ရန် ငွေကြေးအမြောက်အများသုံးစွဲခဲ့လေသည်။
၎င်းဒေသစစ်ပွဲဖြစ်ပွားသည်ကာလတွင် ဆည်မြောင်းပညာရှင်များက ယူဖရေးတီးစ်မြစ်ရေကိုတိုင်းထွာ၍ မူလ
မြေသြဇာကောင်းမွန်စေသည့် ဓါတ်သဘာဝရှိသကဲ့သို့ သိပ္ပံပညာကိုအသုံးချ၍ မြစ်ဝှမ်းဒေသ၌မြေကောင်းစေ
ရန် နည်းပညာသုံး၍ ပြုပြင်မွမ်းမံခဲ့လေသည်။
အာရေဗျဒေသသိပ္ပံပညာရှင်များသည် ဗာဗုလုန်ဒေသကို၊ အာရေဗျဒေသများနှင့် အာရှနိုင်ငံများဖြင့်
ကုန်းလမ်း၊ လေကြောင်းလမ်းများတိုးချဲ့ဖောက်လုပ်ကာ ကူးသန်းရောင်းဝယ်မှုကြီးထွားလာဘို့ ပြင်ဆင်နေကြ
သည်။ ဤကဲ့သို့တိုးတက်ဖွံ့ဖြိုးလာပါက မြို့ကြီးမြို့ငယ်များစွာ ထွန်းကားလာပြီး ဗာဗုလုန်ဒေသည်ရှေးယခင်က
ထက်အဆပေါင်းများစွာ စည်ကားတိုးတက်လာအုံးမည်။
ဗာဗုလုန်မြို့ကြီးပြန်လည်တည်ဆောက်ပြီးသည်တိုင်အောင် ခရစ်တောကြွလာမည်မဟုတ်ဟုဓမ္မကျမ်း
စာ၌မဖေါ်ပြထားပေ။ ဤအချိန်ကာလမရောက်မှီ ယုံကြည်သူများကိုသိမ်းဆည်းလိမ့်မည်။ အနာဂတ်တည်
ထောင်လာမည့် ဗာဗုလုန်မြို့တော်သည် ယခုလက်ရှိနိုင်ငံမြို့များထက်သာလွန်ပြီး အလွန်သာယာပျော်ရွှင်
ဘွယ်သော၊ စည်ကားသိုက်မြိုက်သောမြို့ကြီးဖြစ်လာလိမ့်မည်။ စီးပွားကုန်သွယ်မှုလွန်စွာတိုးတက်လာပြီး
ကမ္ဘာအရပ်ရပ်မှရွှေငွေရတနာများ၊ အမွှေးအကြိုင်နှင့် ကုန်စည်များဤဗာဗုလုန်သို့ တဖွဲဖွဲရောက်ရှိလာလိမ့်
မည်။ လူသားများသည်လည်း အဖိုးတန်သောကျောက်၊ သံနှင့်သစ်များဖြင့် တည်ဆောက်ကာအထက်တန်းကျ
ကျနေထိုင်လာလိမ့်မည်။
အစားအသောက်လည်းအလွန်ရှားပါးပြီး အဖိုးတန်သောပင်လယ်အစားအစာများ
ရိက္ခာသိုလှောင်ရုံများတွင်လည်း ကုန်စည်များနှင့် အဖိုးတန်ဟင်းသီးဟင်းရွက်၊ အမွှေးအကြိုင်များဖြင့်ပြည့်နှက်
နေလိမ့်မည်။ လမ်းပေါ်၌၎င်း၊ ပန်းခြံကွင်းပြင်၌၎င်း၊ လူများဖြင့်လူများဖြင့်အချိန်ပြည့်ပြည့်နှက်နေလိမ့်မည်။ မိုး
ကောင်းကင်၌လည်းလေယာဉ်ပုံစံအမျိုးမျိုးဖြင့် ပျံဝဲသွားလာနေကြလိမ့်မည်။ ရေပေါ်ရေအောက်၌လည်း ရေ
ယာဉ်အမျိုးမျိုးဖြင့် သွားလာလှုပ်ရှားနေကြလိမ့်မည်။ ယခုလက်ရှိနိုင်ငံများထက်နိုင်ငံများလည်းတိုးပွား၍ လာ
အုံးမည်။ ထိုနေ့ရက်တွင် ကျွန်စနစ်လည်းပြန်လည်ပေါ်ပေါက်လာလိမ့်မည်။
ယောင်္ကျားများသည် မိမိအသက်
ဝိညာဉ်များကိုရောင်းစားကြပြီး၊ အမျိုးသမီးများသည်မိမိကိုယ်ခန္ဓာကို ရောင်းစားကြလိမ့်မည်။ ဈေးဆိုင်များတွင်
ပစ္စည်းများအပြင် တိရိစ္ဆာန်အမျိုးမျိုးကိုလည်း သိုလှောင်ရုံကြီးပြုလုပ်ပြီး ရောင်းဝယ်ဖောက်ကားကြလိမ့်မည်။
ထိုနေရာ၌လည်းလူသားများပျော်ရွှင်မှုသည် နေ့ညခွဲခြား၍မရနိုင်ချေ။ ကပွဲရုံများနှင့် ပျော်ပွဲစားပွဲများ
သည် ၂၄နာရီဖွင့်ထားကြသည်။ နောဧလက်ထက်လူသားများပျော်ရွှင်မြူးတူးသည်ထက်သာ၍ ပျော်ပွဲရွှင်ပွဲများ
ကျင်းပဆင်နွဲကြလိမ့်မည်။ လူသားများသည် စိတ်နိုးဆွသည့်အပြောအဆိုများပိုမိုပြင်းထန်လာပြီး၊ ရွှေငွေစည်း
စိမ်သည်သူတို့၏ဘုရားအဖြစ်၎င်း၊ လောကပျော်ရွှင်မှုသည် သူတို့၏ဘုရင်အဖြစ်၎င်း၊ တင်မြောက်၍ သောင်း
ကျန်းလာကြလိမ့်မည်။
ထိုနေရာ၌ သီချင်းသံများ၊ ဂီတသံများ၊ ပလွှေသံများနှင့် နှဲ၊ စောင်းအသံမျာတီးခတ်၍ ပျော်ပွဲများကျင်း
ပနိုင်ရန်ကမ္ဘာ့အကောင်းဆုံးအနုပညာရှင်များလား စုစည်းလာလိမ့်မည်။ (ဗျာ ၁၈း၂၂) ညဉ့်လည်းနေ့ကဲ့သို့အ
လင်းရရှိသဖြင့် လုပ်ငန်းမျိုးစုံနှင့် ရောင်းဝယ်ရေးလုပ်ငန်းမျိုးစုံ၊ စက်မှုလက်မှုလုပ်ငန်းမျိုးစုံသည် ရပ်နားသွား
ခြင်းမရှိချေ။ ထိုအခါတွင်ဤလောကကိုအစိုးရသောဘုရား(နတ်) သည်သူတို့ကိုအုပ်စိုး၍ ဤမြို့သည်စာတန်
ကျိန်းဝပ်ကျက်စားလာသည့်နယ်မြေဖြစ်သွားလိမ့်မည်။ ဤကဲ့သို့ဖြစ်ရသောကြောင့် ပျက်စီးခြင်းခံရလေတော့
သည်။ (ဗျာ ၁၈း၂ ၌လည်း -
“သူသည် ကျယ်သောအသံနှင့်ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ နတ်ဆိုးနေရာဖြစ်လေပြီ၊ ညစ်
ညူးသောဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ” ဟုမိန့်မှာထားလေသည်။
ထို့ကြောင့် ဗာဗုလုန်သည်အံ့သြဘွယ်ရာကောင်းသောအရာတစ်ခုဖြစ်လေသည်။ နတ်ဝိဇ္ဇာအတတ်သ
မားများအားလုံးသည် ထိုနေရာ၌စုစည်းလာလိမ့်မည်။ ထိုနေရာသည် ယခုခေတ်ကျန်နော်တို့ပြင်သစ်နိုင်ငံပဲရစ်စ်
(Paris)မြို့သို့သွားချင်သည့်အလားဖြစ်လာလိမ့်မည်။ ညစ်ညူးသောဝိလညာဉ်များသည် မိုဃ်းကောင်းကင်နှင့် မြေကြီးတွင်းနက်ထဲမှထွက်လာပြီး၊ ဗာဗုလုန်ရှိလူသားများနှလုံးထဲသို့ ဝင်ရောက်နေရာယူလိမ့်မည်။ ဤဝိညာဉ်
ဆိုးများသည်လူခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး၊ လူ့သဘာဝတရားကိုဖီလာဆန့်ကျင်၍ အဓမ္မအမှုကိုပြုစေလိမ့်
မည်။ ဗာဗုလုန်မြို့ကြီးမပြိုလဲမချင်း၊ လူခန္ဓာ၌ဝင်စားသောစာတန်(အန္တိခရစ်)သည် ဤမြို့၌ကြီးစိုးနေလိမ့်မည်။
သို့သော်ဗာဗုလုန်နိုင်ငံသူ/သားများကိုဘုရားသခင်သည် သတိရအောက်မေ့တော်မူ၍ မြို့တော်ကြီးမ
ပြိုလဲခင်ဤသို့ခေါ်လိမ့်မည်။ “ငါ၏လူမျိုးတို့သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ဘေးဒဏ်များကိုခံခြင်း
နှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ သူ၏အထဲကထွက်ကြလော့”ဟုခေါ်ဖိတ်လိမ့်မည်။ (ဗျာ ၁၈း၄)
တစ်နေ့တည်း၌ ဗာဗုလုန်အပေါ်ဘေးဒုက္ခကျရောက်လိမ့်မည်။ မျက်စိတစ်မှိတ်အတွင်းလျှပ်စီးပြက်ခြင်း၊
မိုးချုန်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ပြင်းထန်စွာမြည်ဟည်းပေါက်ကွဲခြင်းဖြစ်၍ ကျောက်ကြီးကိုပင်လယ်ထဲသို့ ပစ်ချ
သကဲ့သို့ ဒေါသကြီးမားစွာဖြင့် မြေထဲသို့ပစ်ချခြင်းခံရလိမ့်မည်။ (ဗျာ ၁၈း၂၁)
လောကီရှင်ဘုရင်များနှင့် ၎င်းတို့
နှင့် မဟာမိတ်ဖြစ်သောကုန်သည်များသည် ဗာဗုလုန်ခံရသောညှင်းဆဲခြင်းဝေဒနာကိုကြောက်၍ အဝေးကရပ်
လျက် ဤသို့ပြောဆိုကြလိမ့်မည်။ “ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ သင်သည်တစ်နာရီအတွင်းအပြစ်စီရင်ခြင်းခံ
ပြီ”ဟုသူ့ကြောင့်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ မိုးကောင်းကင်သည်သူ့ကြောင့် ဝမ်းမြောက်ရွှင်လန်းခြင်းရှိလိမ့်
မည်။ အဘယ့်ကြောင့်ဆိုသော် ဗာဗုလုန်မြို့သည် နောက်တဖန်မပေါ်မရှိရ။ သို့သော်အောင်မြင်သူများအားဆု
လာဘ်နှစ်ဆချီးမြှင့်ခြင်းခံရလိမ့်မည်။
Comments
Post a Comment