ဘုရားရှင်နှင့်ကိုယ်တိုင်ထိတွေ့ခြင်း
(၂-၈-၉၈)နေ့
Dr.တင်မောင်ထွန်း-တရားဒေသနာ
ဘုရားဟူသည် မေတ္တာတော်အရှင်ဖြစ်သည်။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသည်။ သစ္စာရှင်လည်းဖြစ်သည်။ ထို့အပြင် အရာခပ်သိမ်းကိုသိတော်မူလျက် ယနေ့အသက်ရှင်နေသော ပုဂ္ဂိုလ်တော်မြတ်ဖြစ်သည်။ ဤအကြောင်းကို လူအများသိရှိလက်ခံ ကြသော်လည်း အသက်ရှင်တော်မူသောဘုရားနှင့်ပုဂ္ဂိုလ်ချင်းထိတွေ့ကြသူမှာအလွန်နည်းပါးလှပါသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရပါသနည်း။ ဘုရား
ရှင်နှင့်ကိုယ်တော်ထိတွေ့သိရှိလိုသည့်စိတ်ဆန္ဒမရှိခြင်းကြောင့်ဖြစ်သည်။ ဘုရားရှင်ကိုဆာငတ်ထိတွေ့လိုသော စိတ်ဆန္ဒရှိသူသာ ထိတွေ့သိရှိနိုင်သည်။မိရိုးဖလာ
ဤကမ္ဘာကြီး၌ မိဘဘိုးဘွားများ၏ဆင့်ကဲပြောပြချက်အရ ဘုရားသခင်ကိုသိသွားကြသူများရှိကြပါသည်။ အာဗြဟံသည် ဘုရားရှင်ကိုသိရှိသူဖြစ်သည်။ အာဗြဟံ၏ပြောပြချက်အရ ဣဇက်လည်း ဘုရားကိုသိခွင့်ရပါသည်။ ထိုမှတဆင့်ယာကုပ်နှင့် ဧသောတို့ သိရှိခွင့်ရကြသည်။ ဤသို့ဆင့်ကဲဆင့်ကဲ ဘုရားအကြောင်းကို ကြားသိကြရသော်လည်း ယနေ့လောကကြီးထဲ၌ ဘုရားကို ကိုယ်တိုင်ကိုယ်ကျထိတွေ့သိရှိကြသူ အလွန်နည်းပါးလှသည်။ ဓမ္မဟောင်းကာလ၌ ဘုရားသခင်ကို အသက်ရှင်တော်မူသော ထာဝရဘုရားအဖြစ်သိရှိနားလည်သော်လည်း ဓမ္မသစ်ကာလတွင်မူ ကားတိုင်၌အသေခံကာ သင်္ဂြိုဟ်ခြင်းခံပြီးမှ သုံးရက်မြောက် သောနေ့တွင် သေခြငးကိုအောင်၍ ရှင်ပြန်ထမြောက်လျက် အသက်ရှင်နေတော်မူသောဘုရားရှင်ဖြစ်ကြောင်း သက်သေကိုလက် တွေ့ခံစားရင်း ထိုအရှင်နှင့်အတူ အသက်ရှင်ခွင့်ရပါသည်။ အကယ်၍မရသေးလျှင် ယခုရရှိနိုင်ပါသည်။
ကမ္ဘာ့အဆက်ဆက်အသက်နှင့်ပြည့်စုံသူ
(ဗျာ၊၁း၁၇)တွင် သခင်ခရစ်တော်သည်အဦးဆုံးသောသူဖြစ်သလိုနောက်ဆုံးသောသူဖြစ်ကြောင်း၊ အသက်ရှင်သောသူ လည်းဖြစ်ကြောင်းအရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံသောသူဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ ယနေ့ လူသားတိုင်းသည် သေခြင်းကိုရင်ဆိုင်ရန်အတွက်ကြောက်ရွံ့ကြသည်။ သေခြင်းသည် လူသားတိုင်းမလွဲမသွေရင်ဆိုင်ရမည့် ဓမ္မတာ တရားတစ်ရပ်ဖြစ်သည်။ သို့ဖြစ်ပါလျက် သေခြင်းကိုလူတို့အဘယ်ကြောင့်ဤမျှကြောက်ရွံ့နေကြပါသနည်း။ သေပြီးသည့်နောက်တွင် မိမိတို့ရောက်ရမည့်နေရာနှင့်ခံစားရမည့်အကျိုးရလဒ်ကိုမသိကြရ၍ စိုးရွံ့ထိတ်လန့် နေကြခြင်းဖြစ် သည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံပြီးမှ သေခြင်းကိုအောင်၍ရှင်ပြန်ထမြောက်ကာ လူပေါင်းများစွာ ၏ရှေ့မှောက်တွင် မိမိသည်အသက် ရှင်သောဘုရားဖြစ်ကြောင်း မျက်ဝါးထင်ထင်တွေ့မြင်စေပြီး သက်သေထူခဲ့ပါသည်။ ဤအမှုအရာသည် စကားသက်သက်မဟုတ် ပါ။ သက်သေနှင့်တကွ တွဲဖက်နေသောသမ္မာတရားဖြစ်ပါသည်။
ခရစ်ယာန်မဟုတ်သောသူ
အသက်ရှင်သောဘုရားကို ဦးနှောက်နှင့်သာသိရှိပြီး နှလုံးသားနှင့်ထိတွေ့ဆက်နွယ်မှုမရှိသေးပါက ခရစ်ယာန်မဟုတ် သေးပါ။ (တမန်၊၉)တွင်ပေါလုသည်အသက်ရှင်သောဘုရားကိုသိရှိကိုးကွယ်သူဖြစ်ရုံသာမက ဘာသာတရားဘက်၌ စိတ်အားကြီး သူဖြစ်သည်။ သို့သော်ခရစ်ယာန်များအားနှိပ်စက်ညှဉ်းဆဲသူဖြစ်သည်။ နောက်ဆုံးခရစ်ယာန်များကို ချည်းနှောင်၍ ယေရုရှလင်မြို့ သို့ပို့ဆောင်ရန်အလာ ဒမာသက်မြို့သို့ သွားသောလမ်းတွင် သခင်ခရစ်တော်နှင့် တွေ့ပြီး အသက်တာပြောင်းလဲခဲ့ရလေသည်။
သခင်ခရစ်တော်သည် အသက်ရှင်တော်မူသောဘုရားရှင်ဖြစ်ခြင်းကြောင့် ရှောလုကဲ့သို့သောအတွေ့ခံလိုသူနှင့် အခြားတွေ လိုသူတိုင်းကိုလည်းအတွေ့ခံပါသည။ ရှောလု၏ ခရစ်တော်နှင့်မတွေ့မီ အသက်တာနှင့်တွေ့ပြီးနောက် အသက်တာသည် လုံးဝခြားနားပြောင်းလဲသွားပါသည်။ သူသည်ခရစ်တော်နှင့်မတွေ့မီက ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ခဲ့ သော်လည်း ခရစ်တော်နှင့် တွေ့ပြီးသည့်နောက်၌ ခရစ်တော်၏အကြောင်းကို ရဲဝံ့စွာဟောပြောဝေငှသူတစ်ဦးဖြစ်လာခဲ့ပါသည်။
စစ်မှန်သောနောင်တ
သခင်ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်ော်မူသောအရှင်ဖြစ်တော်မူသဖြင် မည်သည့်ဒုက္ခပြဿနာမျိုးမှမဆု ကျွနု်ပ်တို့အားကယ်လွှတ်နိုင်တော်မူပါသည။ လောကထဲ၌အချို့သောသူများသည် အရက်၏ကျေးကျွန်ဘဝမှ သော်လည်ကောင်း၊ အချီု့ကဖဲနှင့်လောင်းကစား၊ အချို့ကမတရားသောမေထုန်နှင် အခြားအရာများ၏ကျေးကျွန် အဖြစ်မှသော်လည်းကောင်း၊ ရုန်းမထွက် နိုင်ဘဲရှိနေကြသည်။ ကျွနု်ပ်တို့သည် ထိုအရာများကိုမကောင်းမှန်းသိရှိပြီး ထိုအရာများ၏ဖိစီးမှုအောက်မှလွတ်မြောက်ရန် စစ်မှန်သောနောင်တစိတ်နှင့် ကိုယ်တော်ကိုကိုးစား၍ ခေါ်မညဆိုပါက၊ ကိုယ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသည့် အရှင်ဖြစ်သောကြောင့် ကျွနု်ပ်တို့အားအံံ့သြဖွယ် ကယ်လွှတ်တော်မူလိမ့်မည်။
ထိုသို့သောကျေးဇူးကို ကျွနု်ပ်တို့ခံစားနိုင်ခွင့်ရခြင်းမှာ (ယော၊၁၄း၁၃)တွင် ဖေါ်ပြထားသည့်အတိုင်း ခမည်းတော်ဘုရားသည် သားတော်အားဖြင့် ဘုန်းတော်ထင်ရှားစေခြင်းအလိုငှါသဖြစ်သည်။ ထိုကတိတော်နှင့် အာမခံချက်သည် ခရစ်ယာန်များ အတွက်သာမဟုတ်ပါ။ ခရစ်ယာန်မဟုတ်သေးသူများလည်း နှလုံးသားမှကိုယ်တော် ကိုသိလိုသော သဘောဖြင့် သခင်ယေရှု၏နာမ၌ ခေါ်ကြည့်ပါက ကိုယ်တော်သည်သေခြင်းကိုအောင်၍ ရှင်ပြန်ထမြောက်တော်မူ သောအရှင်နှင့် ယနေ့အသက်ရှင်တော်မူသောအရှင် ဖြစ်ကြောင်းသက်သေကို အသက်တာ၌အမှန်ပင်ခံစားရမည်ဖြစ်ကြောင်း မေတ္တာဖြင့်အသိပေးဝေငှလိုက်ရပါသည်။
Comments
Post a Comment