အခန်း (၃၃) - ယဇ်ပူဇော်ဆက်ကပ်ခြင်း
(Offering)
ဓမ္မဟောင်းကျမ်း၌ဝတ်ပြုရာကျမ်း (Liviticus)သည် တတိယမြောက်သည့်ကျမ်းဖြစ်သည်။ ဤသို့နာ
မည်ပေးရခြင်းသည် လေဝိလူမျိုးဖြစ်သည့်ယစ်ပုရောဟိတ်မင်းများမည်ကဲ့သို့အမှုဆောင်ရမည်ကိုရေးသားထား
သောကြောင့်ဖြစ်သည်။ ဤကျမ်းဤအဓိကတွေ့ရသည့်ဝေါဟာရတစ်လုံးမှာ အပြစ်ဖြေခြင်း (Atonement)ဖြစ်
သည်။ (ဝတ် ၁၆း၃၄) ဤဝတ်ပြုရာကျမ်းရှိ စကားလုံးတိုင်းသည် ဘုရားသခင်ကမောရှေအားဘီစီ ၁၄၉၀၌ ရက်
ပေါင်းသုံးဆယ်အတွင်း မိန့်မှာချက်များဖြစ်ပေသည်။ ဤကျမ်း၌ထာ
ဝရဘုရားသခင်သည်မောရှေအားမိန့်တော်မူသည်။ ထာဝရဘုရားသည်မောရှေအားဆင့်ဆိုသည်မှာ စသည့်ဖြင့်ဤစာပိုဒ်ပေါင်းအကြိမ်ငါးဆယ်မကတွေ့ရ
သည်။ နောက်ဆုံးအခန်းသုံးခန်းသည် မောရှေအားထာဝရသခင်က သိနတောင်ပေါ်(Mt, Sinai)ဣသရေလ
လူမျိုးများအားမိန့်မှာသည့်ပညတ်တရားများဖြစ်ပေသည်။
တချို့ကျမ်းတတ်ပုဂ္ဂိုလ်များသည် ဤကျမ်းကိုမောရှေစီရင်ရေးသားခဲ့သည်မဟုတ်ဟုပြောဆိုသူလည်း
ရှိသည်။ မောရှေခေတ်လွန်ပြီးနောက်ယဇ်ပုရောဟိတ်များကရေးသားပြီး မောရှေကိုအမွှန်းတင်ချီးမွမ်းလိုသော
ကြောင့်မောရှေရေးခဲ့သည်ဟုဆိုကြသည်။ ဤကဲ့သို့ယူဆရခြင်းသည် ဤကျမ်း၌ရှိသောတရားဒေသနာ၏အရင်း
အမြစ်၊ ပညတ်တရား၏အခြေခံနှင့် သဘောသဘာဝများကိုမသိနားမည်သောကြောင့်ဖြစ်ပေသည်။ မောရှေအ
ချိန်အခါပြီးနောက်နှစ်ပေါင်းတစ်ထောင်ခန့်တွင် ဣသရေလလူမျိုးများသည် ဗာဗုလုန်ရှင်ဘုရင်က သိမ်းယူပြီး
သားဖြစ်သည်။ ထို့ကြောင့်ယဇ်ပုရောဟိတ်များက ဤကျမ်းကိုမည်ကဲ့သို့ရေးနိုင်မည်နည်း။ဤကျမ်းရေးဘို့ထို
အချိန်အခါတွင် အခြေအနေမပေးခဲ့ပေ။
သခင်ယေရှုခရစ်တော်ကလည်း ဝတ်ပြုရာကျမ်းကိုမောရှေရေးခဲ့ကြောင်း ထောက်ပြခဲ့သည်။ မောရှေ
စီရင်ရေးသားခြင်းမရှိခဲ့လျှင် ခရစ်တော်ကလည်းညွှန်းလိမ့်မည်မဟုတ်ပေ။ ယနေ့ခေတ်အခြေအနေအရ ကြည့်
လျှင်ဤဝတ်ပြုရာကျမ်းကို ဖတ်ရှုလေ့လာသူယုံကြည်သူများမရှိသလောက်နည်းပါးသည်။ ဤကျမ်းသည် ဓမ္မ
ဟောင်းကျမ်း၌ဝတ်ပြုခြင်းကိုးကွယ်မှုဆိုင်ရာသာဖြစ်သဖြင့် ယနေ့ဓမ္မဆရာများကိုးကားရာကျမ်းသာဖြစ်သည်
ဟုဆိုသည်။ ဤကဲ့သို့ခံယူလျှင်လွှဲမှားသွားနိုင်သည်။
ကျွန်တော်တို့သည် ဝတ်ပြုရာကျမ်းကိုနားမလည်လျှင်
ဟေဗြဲသြဝါဒစာစောင်ကိုလည်းနားမလည်နိုင်ပေ။ ၎င်းအပြင်ခရစ်တော်၏ပြီးမြောက်ခဲ့သောလုပ်ဆောင်မှုများ
ကိုလည်းနားမလည်နိုင်ပေ။ ဤဝတ်ပြုရာကျမ်းသည်ဓမ္မဟောင်းကျမ်း၌ တန်ဘိုးအရှိဆုံး၊ အမွန်မြတ်သောကျမ်း
တစ်ကျမ်းဖြစ်သည်ကိုနားလည်သဘောပေါက်ရမည်။ ဤကျမ်းရှိယဇ်ပုရောဟိတ်များ၏ လုပ်ထုံးလုပ်နည်းနှင့်
ကျင့်စဉ်များကိုအနှစ်တစ်ထောင်ကာလ၌လည်းယုဒလူမျိုးများကဆက်လက်ကျင့်သုံးလိမ့်မည်။ ယနေ့အချိန်
တွင် သူတို့သည် တိုင်းတပါး၌လှည့်လည်နေထိုင်နေရသောကြောင့် ပြည့်စုံအောင်မကျင့်နိုင်ကြချေ။
ဝတ်ပြုရာကျမ်းတွင်ခရစ်တော်ယေရှုဘုရားသခင်လုပ်ဆောင်လိမ့်မည့်အမှုနှင့်ထာဝရဘုရားအားဝတ်ပြု
ရာ၌ လိုက်နာရမည့်စည်းကမ်းများ၊ ပရိသတ်များလိုက်လျှောက်ရမည့်ပညတ်တရားများ၊ ထိမ်းမြားခြင်းဆိုင်ရာ
ကျင့်ထုံးနှင့်လင်မယားကွာရှင်းပြတ်စဲမှုဆိုင်ရာ တရားဥပဒေသများ၊ ၎င်းအပြင်ကျွန်နဲ့သခင်ဆိုင်ရာ ဥပဒေ၊
တရားစီရင်ရေးဆိုင်ရာဥပဒေ၊ အခွန်အတုတ်ဆိုင်ရာဥပေ၊ လူသတ်မှုဆိုင်ရာဥပဒေနှင့် အနားယူရန်ရက်သတ္တ
ပတ်ဆိုင်ရာနည်းလမ်းကျင့်စဉ်နှင့် ပြည်သူ့ကျန်းမာရေးနီတိများ၊ လူမှုရေးဆိုင်ရာကျင့်စဉ်များစသည်တို့ဖြင့်စုံ
အောင်ရေးသားထားလေသည်။
ဤပစ္စုပ္ပန်အချိန်ကာလ၌လည်း အုပ်ချုပ်ရေးသမားများနှင့် ခေါင်းဆောင်များသည် ငြိမ်ဝပ်သောလောက
ကမ္ဘာဖန်တီးလိုလျှင် ဤဝတ်ပြုရာကျမ်းကိုဖတ်ရှုလေ့လာပြီး အကောင်အထည်ဖေါ်လျှင်အမှန်တကယ်မိမိအုပ်
ချုပ်ခံလူတန်းစားအား ငြိမ်ဝပ်စွာ ရှေ့ဆောင်လမ်းပြနိုင်လေသည်။ ဤကျမ်းတွင်အဓိနှစ်ပိုင်းခွဲခြားထားလေ
သည်။ ၎င်းမှာ -
(၁) ယဇ်ပူဇော်ခြင်းဖြင့်ဘုရားခံတိုးဝင်ချဉ်းကပ်နိုင်ခြင်း (ဝတ် ၁-၁၆)
(၂) သန့်ရှင်းစင်ကြယ်ခြင်းနှင့်သီးသန့်ခွဲခြားခြင်းဖြင့် ဘုရားသခင်နှင့်အတူလျှောက်လှမ်းခြင်း
(ဝတ် ၁၇-၂၇) - စသည်တို့ဖြစ်သည်။
ဤကျမ်း၏အဓိသွန်သင်ချက်မှာ - အပြစ်ကိုမည်ကဲ့သို့ဖယ်ရှားခြင်းနှင့်အကြီးမားဆုံးပညတ်တရားနှစ်
ချက်မှာ သန့်ရှင်းကြလော့ နှင့် စင်ကြယ်ကြလော့ဟူ၍ဖြစ်သည်။ အသွေးတော်ဆိုသည့်ဝေါဟာရကိုအကြိမ်
ပေါင်း(၈၇) ကြိမ်ရေးသားထားသည်။
ယဇ်ပူဇော်ဆက်ကပ်ခြင်းငါးမျိုးရှိသည်။ ၎င်းမှာ -
(၁) မီးရှို့ရာယဇ် (The Burn Offering)
(၂) ဘောဇဉ်ပူဇော်ရာယဇ် (The Meat Offering)
(၃) မိဿဟာယယဇ် (The Peace Offering)
(၄) အပြစ်ဖြေရာယဇ် (The Sin Offering)
(၅) ဒုစရိုက်ဖြေရာယဇ် (The Trespass Offering)
ဤယဇ်ကိုလည်းနှစ်မျိုးထပ်မံ၍ ခွဲခြားထားလေသည်။ အထက်ပါယဇ်သုံးမျိုးမှာ အမွှေးနံ့သာရှို့ရာယဇ်ပူ
ဇော်ခြင်းဖြစ်၍ နောက်ဆုံးယဇ်နှစ်မျိုုးမှာအပြစ်အတွက် ယဇ်ပူဇော်ခြင်းဖြစ်ပေသည်။
၁။ မီးရှို့ကာယဇ်ပူဇော်ခြင်း (The Burn Offering)
(ဝတ် ၁း၁-၁၇)
ဤပူဇော်ခြင်းကိုပူဇော်သောသူ၏တတ်နိုင်သည်အင်အားကိုလိုက်၍ သုံးမျိုးသုံးစားခွဲခြားထားသည်။
တချို့တတ်နိုင်သူသည ်နွားကိုပူဇော်၏။ အလယ်အလတ်တတ်နိုင်သူသည် ဆိတ်ကိုပူဇော်ရ၏။ ဆင်းရဲသူများ
သည် ခို(သို့)ငှက်တစ်ခုခုကိုပူဇော်ရ၏။ အတောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေပူဇော်ခံမည့်တိရစ္ဆာန်သည်
သန့်ရှင်းရသည်။ အသေကောင်ကိုထိခြင်း၊ အသေကောင်အသားကိုစားသုံးထားသည့်တိရိစ္ဆာန်မဖြစ်ရ။ ဤယဇ်
ပူဇော်ခြင်းသည် ခရစ်တော်ကိုပုံဆောင်ထားသဖြင့် အလွန်သန့်ရှင်းရလေသည်။ ၎င်းအပြင်ဣသရေလလူမျိုး
များမစားအပ်သောတိရစ္ဆာန်များကိုမပူဇော်ရပေ။
သန့်ရှင်းသောတိရစ္ဆာန်(သို့)အိမ်မွေးတိရစ္ဆာန်သည်အသင့်လျှော်ဆုံးသောယဇ်ကောင်ဖြစ်သည်။ အ
ဘယ့်ကြောင့်ဆိုသောယဉ်ပါးသောကြောင့်ဖြစ်သည်။ ထိုနည်းတူယဇ်ကောင်သည် အသေခံသည့်တိုင်အောင်
မငြင်းဘဲယဉ်ပါးစွာလိုက်သကဲ့သို့ခရစ်တော်သည်လည်း လက်ဝါးကပ်တိုင်ပေါ်သေသည့်အခါ ပါးစပ်မဟခဲ့
ပေ။ (ဟေ ၅၃း၇) ဆိတ်အုပ်နှင့်နွားအုပ်ထဲမှရွေးချယ်ထားသောယဇ်ကောင်သည် အပြစ်အနာဆာကင်းရှင်း
ရလေသည်။ အထီးဖြစ်ရမည်။ အမကိုမသုံးရချေ။ ဣသရေလလူမျိုးများအား ဘုရားရှင်မိန့်မှာသည့်အတိုင်း
တသွေမတိမ်းလိုက်နာရပေသည်။ ဘုရားရှင်သည်သူတို့အားသူတို့အဘို့ယဇ်ပူဇော်သည်ဟုမထင်မှတ်စေခဲ့
ပေ။ အဘယ်ကြောင့်ဆိုသော် သားတော်ခရစ်တော်ဘုရားသည် အပြစ်အနာဆာကင်း၍ ပြည့်စုံသောယဇ်
ကောင်ဖြစ်သည်ကိုသိနားလည်ဘို့အလိုတော်ရှိလေသည်။
မာလခိပရောဖက်အချိန်တွင် ပရိသတ်များသည်ယဇ်ပူဇော်သောအခါ မျက်စိကန်းသောတိရစ္ဆာန်များ၊
ခြေစွံ့သောအကောင်နှင့်အနာရှိသောအကောင်များကိုယဇ်ပူဇော်ခဲ့ကြောင်း၊ ပညတ်တရားကိုမလိုက်ဘဲအပြစ်
ကျူးလွန်ခဲ့ကြောင်းတွေ့ရှိရသည်။ (မာလ ၁း၈)
ယဇ်ပူဇော်လိုသောသူသည် ယဇ်ကောင်ကိုယူဆောင်လျက်အပြင်ခန်းမသို့ဝင်လာစဉ်ယဇ်ပုရောဟိတ်
သည် ယဇ်ပလ္လင်ဘက်သို့ယဇ်ကောင်ကိုဆွဲခေါ်ရလေသည်။ ၎င်းနောက်တဲတော်တံခါးသို့မျက်နှာမူလျက်နေစေ
ပြီး၊ ယဇ်ပူဇော်သူသည်လက်ကိုဆန့်တန်းပြီးယဇ်ကောင်ပေါ်သို့တင်ထားရလေသည်။ ဤသို့ပြုမူရခြင်းသည် ယဇ်ပူဇော်ယဇ်ပူဇော်သူနှင့်ယဇ်ကောင်သည် တလုံးတဝတည်းဖြစ်ကြောင်း၊ ထိုယဇ်ကောင်နှင့်အတူတူသေ
ထိုက်သူဖြစ်ကြောင်းဝန်ခံခြင်းဖြစ်လေသည်။
၎င်းနောက်ယဇ်ကောင်ကိုယဇ်ပူဇော်သူကသတ်ရသည်။ သို့
သော်လည်းခို(သို့) ငှက်တမျိုးမျိုးဖြစ်လျှင်ယဇ်ပုရောဟိတ်ကယဇ်ပူဇော်သူ(အပြစ်သား)အတွက်လည်ပင်း
လှည့်ပြီး သတ်ဖြတ်ရသည်။ ယဇ်ကောင်သတ်ပြီးနောက်အသွေးကိုယဇ်ပုရောဟိတ်ကယူပြီး မီးရှို့ရာယဇ်
ပလ္လင်အတွက်အသုံးပြုသည်။ (ဝတ် ရး၈)အသားကိုလည်းအတုံးလိုက်ခုတ်ထစ်ပြီး၊ အသဲ၊ အူနှင့်ပေါင်သား၊
အတောင်နှင့်လက်အသားများကိုရေဖြင့်စင်ကြယ်အောင်ဆေးကြောရသည်။ ၎င်းနောက်လေဝိသားသမီးများ၊
သည်၎င်းအသား၊ ဦးခေါင်းနှင့်ဆီဥအားလုံးယူဆောင်လာပြီး၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်၌တင်ထားရလေသည်။
အသားနှင့်ကျန်သည့်ကလီစာများ ခုတ်ထစ်ရခြင်းသည်ပြည့်စုံခြင်း၏လက္ခဏာဖြစ်သည်။
ယဇ်ကောင်သည်ကျေးငှက်ဖြစ်လျှင် ယဇ်ပုရောဟိတ်ကခေါင်းကိုလိမ်ဖြတ်ပြီး အသွေးကိုယဇ်ပလ္လင်
နားမှာညှစ်ရသည်။ ၎င်းနောက်ယဇ်ကောင်ကိုမပြတ်အောင်နှစ်ခြမ်းခွဲ၍ ဇာလုတ်နှင့်အမြီးကိုဆွဲထုတ်ပြီးပြာရှိ
သောနေရာသို့စွန့်ပစ်ရလေသည်။ အသားကိုယဇ်ပလ္လင်ပေါ်ရှိ ထင်းစပေါ်၌တင်ရလေသည်။
မီးရှို့ရာယဇ်၏ပုံဆောင်ခြင်းသည် အဘယ်သို့နည်း။ မီးရှို့ရာယဇ်ပူဇော်ခြင်းသည်အပြစ်ဖြေရာအတွက်
မဟုတ်ချေ။ အပြစ်အတွက်သည်အပြစ်ဖြေရာယဇ်ပူဇော်ခြင်းရှိလေသည်။ မီးရှို့ရာယဇ်ပူဇော်ခြင်းသည် စင်ကြယ်
ခြင်းနှင့်အပြစ်တင်ခြင်းကင်းလွတ်ခြင်းအတွက်ပူဇော်ခြင်းကိုပုံဆောင်သည်။
ရှင်ပေါလုက ရောမအသင်းတော်အား“ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခ
ဏာ၊ ဘုရားသခင်နှစ်သက်တော်မူသောလက္ခဏာနှင့်ပြည့်စုံသောယဇ်ကိုသင်တို့သည်ပူဇော်၍သင်တို့ပြုအပ်
သောဝတ်ကိုပြုရမည့်အကြောင်း၊ ဘုရားသခင်၏ဂရုဏာတော်ကိုထောင်ထား၍ သင်တို့ကိုငါတိုက်တွန်းနိုး
ဆော်၏” ဟုရေးသားထားလေသည်။ (ရော ၁၂း၁)
ဘုရားသခင်သည်အသက်ရှင်ခြင်းဖြင့် ပူဇော်ဆက်ကပ်ရန်အလိုရှိပေသည်။ ထိုကြောင့်ဘုရားသခင်က
ကျွန်ု်ပ်တို့အားလုံးအား အသက်ရှင်ခြင်းအားဖြင့် ပူဇော်ရန်ပြင်ဆင်ထားလေသည်။ အသက်ကြီးရင့်လာသော
အခါမိမိအသက်တာဆက်ကပ်အပ်နှံလျှင် မိမိ၌ခွန်အားလျှော့နဲသောကြောင့် အားရကျေနပ်မှုမရှိနိုင်ချေ။ သို့
သော်လည်းဤမီးရှို့ရာယဇ်ပူဇော်ခြင်းသည် ခရစ်တော်ကိုပုံဆောင်ခြင်းရှင်ပေါလုအားဖြင့် သိနိုင်သည်။ သူက
“ခရစ်တော်သည်ငါတို့ကိုချစ်တော်မူသောအားဖြင့် ဘုရားသခင်ရှေ့တော်၌မွှေးကြိုင်သောအနံ့ရှိစေခြင်း
ငှာ ကိုယ်ကိုကိုယ်ဆက်ကပ်၍ယဇ်ပူဇော်လျက်၊ ငါတို့အတွက်စွန့်တော်မူသည်နည်းတူ သင်တို့သည်မေတ္တာ
တရား၌ ကျင်လည်ကြလော့”ဟုမိန့်တော်မူခဲ့သည်။ (ဧဖက် ၅း၂)
ခရစ်တော်ယေရှုဘုရားသည်မိမိကိုယ်ကိုလက်ဝါးကပ်တိုင်ပေါ်၌ ယဇ်ပူဇော်ခဲ့လေသည်။ သူသည်ကျွန်ုပ်
တို့အတွက် ယဇ်ပူဇော်သောယဇ်ကောင်ဖြစ်ပြီး သူတို့တလုံးတဝတည်းတကိုယ်တည်းဖြစ်ရန်ရည်ရွယ်ခဲ့လေ
သည်။ ထိုကြောင့်ခရစ်တော်သည် ကျွန်ုပ်တို့အတွက်အသေခံပြီး ပူဇော်ခံခဲ့သည်ဟုဝန်ခံရမည်။ သားတော်
ယေရှုဘုရားသည် ခမည်းတော်စေခိုင်းချက်အာလုံးကိုပြည့်စုံပြီးမြောက်စေ၍ ကျွနု်ပ်တို့အားအရာရာ၌စံနမူနာ
ယူစေရန်လည်းထားရစ်ခဲ့ပေသည်။ ခရစ်တော်ဘုရားသည် ခမည်းတော်အလိုတော်အတိုင်းပြည့်စုံစွာဆောင်
ရွက်သဖြင့်ခမည်းတော်ဘုရားကလည်း“ထိုသူသည် ငါချစ်မြတ်နိုးရာငါ၏သားပေတည်း”ဟုကောင်းကင်မှမိန့်
တော်မူခဲ့လေသည်။
ဣသရေလလူမျိူးများသည်မိမိအတွက်မီးရှို့ရာယဇ်ကိုပူဇော်ပြီးသော်လည်းတခြားသူတပါးအတွက်
လည်းမီးရှို့ပူဇော်ရန်ရှိသေးသည်။ ဤပူဇော်ခြင်းသည်လည်း သားစဉ်မြေးဆက်အတွက် ယဇ်ပူဇော်ခြင်းဖြစ်
သည်။ (ထွ ၂၉း၄၂)
မီးရှို့ရာယဇ်ကိုနေ့စဉ်နေ့တိုင်း၊ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်မီးရှို့ပူဇော်ရလသည်။ ယဇ်ပုရောဟိတ်
များသည် မိမိအဝတ်ကိုချွတ်ပြီး ယဇ်ပုရောဟိတ်အဝတ်၊ ပိတ်ချောဝတ်ရုံကိုဝတ်ဆင်လျက်ပူဇော်ရလေသည်။
မီးရှို့ပြီးလျှင်ပြာကိုခတ်ယူပြီၤးနောက်၊ ဝတ်ရုံကိုချွတ်ကာမိမိအဝတ်ကိုဝတ်ဆင်လျက် ပရိသတ်တည်းခိုရာအရပ်
အပြင်ဘက်၌သွန်ချရလေသည်။
ပြန်လာလျှင် ပြန်၍ယဇ်ပုရောဟိတ်ဝတ်ရုံကိုဝတ်ဆင်ပြီးမီးရှို့ရာယဇ်ကိုပူ
ဇော်ရပြန်သည်။ ပူဇော်သည့်အချိန်တိုင်း၌ ဤကဲ့သို့ပြုမူရလေသည်။ ဤကဲ့သို့ယဇ်ပုရောဟိတ်များအမြဲတမ်း
ပူဇော်နေရခြင်းသည်ခရစ်တော်သည်ကျွန်ုပ်တို့အတွက်အမြဲတမ်းပူဇော်ပေးနေခဲ့ခြင်းကိုပုံဆောင်လေသည်။
ထို့အတူကျွနု်ပ်တို့သည်လည်းတသက်မှာတစ်ကြိမ်သာဆက်ကပ်အပ်နှံခြင်းသည်လုံလောက်ပြီဟု မယူဆသင့်
ပေ။ နေ့စဉ်နေ့တိုင်းဘုရားအသုံးတော်ခံရန် မိမိအသက်တာကိုဆက်ကပ်အပ်နှံရပေမည်။
၂။ ဘောဇဉ်ပူဇော်ရာယဇ် (The Meat Offering)
(ဝတ် ၂း၁-၁၆)
ဘောဇဉ်ပူဇော်ရာယဇ်ကိုသုံးမျိုးတွေ့ရသည်။ ၎င်းတို့မှာ -
(၁) မီးဖို၌မဖုတ်ရသော မုန့်ညက်
(၂) သံပြားပူနှင့်လုပ်သောမုန့်နှင့်
(၃) အိုးကင်းနှင့်ကြော်သောမုန့် စသည်တို့ဖြစ်သည်။
ဘောဇဉ်ပူဇော်သက္ကာတွင် ဆီ၊ ဆားနှင့် လောဗန်စသည်တို့ကိုမီးရှို့ပူဇော်ရလေသည်။ ၎င်းအထဲတွင်
တဆေးလုံးဝမပါရှိရ။ ယဇ်ပုရောဟိတ်သည်ထိုဘောဇဉ်ပူဇော်သက္ကာမှမုန့်ညက်ယူဆောင်လာပြီး၊ ၎င်းမှလက်
တစ်ဆုပ်စာယူ၍ ယဇ်ပလ္လင်ပေါ်မှာ တင်ပြီး၊ မီးရှို့ပူဇော်ရလေသည်။ မီးရှို့ရာပလ္လင်ပေါ်မှာမုန့်ညက်တမျိုးတည်း
မပူဇော်ရပေ။
ကျန်ကြွင်းသောဘောဇဉ်ပူဇော်သက္ကာသည်အာရုန်၏သားစဉ်မြေးဆက်အမျိုးအနွယ်အတွက်ဖြစ်ပေ
သည်။ ယဇ်ပူဇော်ရသောသူမစားရပါ။ ပူဇော်သက္ကာပေါ်သို့ပျားရည်မလောင်းရ။ တဆေးလည်းမထဲ့ရ။ သံလွင်
ဆီၤသာလောင်းရပေသည်။ ပါလက်သိနပြည်သူများသည် သံလွင်ဆီကိုအမြဲတမ်းသံးုစွဲလျက်ရှိပေသည်။
အဓိကစားသုံးသောဆီတမျိုးဖြစ်သည်။ ထိုကြောင့်အသက်ပေးသောသန့်ရှင်းသောဝိညာဉ်တော်ကိုလည်းပုံ
ဆောင်လေသည်။
ဆားသည် မပုပ်သိုးသောဓါတ်တစ်မျိုးဖြစ်သည်။ လောဗန်သည်မီးပေါ်ရှို့လျှင် မွှေးကြိုင်သောအနံ့ထွက်
လာသည်။ ထိုကြောင့်မုန့်ညက်နှင့်ရောပြီး အမွှေးအကြိုင်အနံ့ထွက်ရန်စီမံထားသဖြင့်တခြားပူဇော်သက္ကာ၌သုံးစွဲ
လျက်မရှိပေ။ တဆေးသည်မုန့်ညက်ထဲ၌မပါရှိစေရ။ တဆေးသည်အများအားဖြင့်အပြစ်ကိုပုံဆောင်ထားသည်။
ပျားရည်လည်းမုန့်ညက်ပေါ်မလောင်းရ။ ပျားရည်သည်ပူလာလျှင် အချဉ်ဓါတ်ပြောင်းသွားနိုင်သည်။
မုန့်ညက်အားဖြင့်ပူဇော်ခြင်းသည် ဘာကိုပုံဆောင်ထားပါသနည်း။ မုန့်ညက်သည်အလွန်ပျော့ပျောင်းပြီး
အဖိုးတန်သည့်စားစရာတစ်ခုဖြစ်သည်။ မုန့်ညက်လုပ်သည့်ဂျုံမျိုးစေ့သည် တော၌သဘာဝအလျောက်မြက်ပင်
ကဲ့ပေါက်လေ့မရှိချေ။ ကောင်းမွန်စွာထွန်ယက်ပြီးမှသာလျှင် မျိုးစေ့ကြဲရသည့်အပင်ဖြစ်သည်။ လူကကြိုးစား
စိုက်ပျိုးသောအခါ သံလွင်ဆီကဲ့သို့လူအများသုံးစွဲရသည့်စားစရာဖြစ်လာရလေသည်။ ထိုကြောင့်မုန့်ညက်အား
ဖြင့်ပူဇော်ရခြင်းသည် ကောင်းသောပူဇော်ခြင်းဖြစ်ပေသည်။
ဤပူဇော်သက္ကာသည်ဂျုံစေ့သက်သက်မဟုတ်ပေ။ ၎င်းဂျုံစေ့ကိုအမှုန့်ကြိတ်ပြီးနယ်၍ သံပြားပေါ်တင်
ကာဖုတ်ရသောအမှုန့်ဖြစ်သည်။ ၎င်းအမှုန့်ကိုယဇ်ပုရောဟိတ်ထံသို့ပူဇော်ရန်အပ်နှံပေးရသည်။ ပူဇော်သောသူ
သည်သူ၌မှုန့်ညက်ပြုလုပ်ရန်ကရိယာမရှိလျှင် ယဇ်ပုရောဟိတထံဂျုံစေ့ကိုယူဆောင်လာပြီး၊ မှုန့်ဖြစ်အောင်အ
ဆင့်ဆင့်ပြုလုပ်ပေးရသည်။
ဘောဇဉ်ပူဇော်သက္ကာသည် မီးရှို့ရာယဇ်နှင့် အတူပူဇော်ရလေသည်။ မီးရှို့ရာယဇ်သည်ကျွန်ုပ်တို့၏
ကိုယ်ခန္ဒာပူဇော်ခြင်းကိုပုံဆောင်ပြီး ဘောဇဉ်ပူဇော်ခြင်းသည် ကျွနု်ပ်တို့၏အသက်ဝိညာဉ်ပူဇော်ခြင်းကိုပုံ
ဆောင်လေသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်အားကိုယ်ခန္ဓာပူဇော်ဆက်ကပ်သည်သာမက အသက်ဝိညာဉ်
ကိုပါ ဆက်ကပ်အပ်နှံရပေသည်။ အသုံးတော်ခံရန်ပေးဆပ်ရပေမည်။ အသက်ဆိုသည်မှာ ကိုယ်ခန္ဓာခွန်အား
ကိုသာမဆိုဘဲ ခန္ဓာ၊စိတ်၊ ဝိညာဉ်သုံးပါးစလုံး၏ ခွန်အားကိုဆိုလိုသည်။
မှုန့်ညက်တစ်ဆုပ်ကိုမီးရှို့ပူဇော်ပြီးနောက် ကျန်ကြွင်းသောမှုန့်အားလုံးသည် ယဇ်ပုရောဟိတ်အတွက်
ဖြစ်ပေသည်။ ဤအရာသည် ဘုရားသခင်၏ဧဝံဂေလိသာသနာတော်အတွက်ထောက်ပံ့ခြင်းကိုပုံဆောင်ထား
လေသည်။ ခရစ်တော်သည်ဘောဇဉ်ပူဇော်သက္ကာ၌ဂျုံစေ့လုံးကဲ့သို့ပုံသက်သေ၏ပြည့်စုံရာကရာနီတောင်ကုန်း
ပေါ်လက်ဝါးကပ်တိုင်၌ခန္ဓာကိုယ်ထုထောင်းကြေမွခြင်းခံခဲ့ရလေသည်။ ထိုကြောင့် ခရစ်တော်သည် ဆီ၊ ဆား၊
နှင့်လောဗန်ရောနှောထားသောဘောဇဉ်ပူဇော်သက္ကာကဲ့သို့ဖြစ်ခဲ့ရလေသည်။ ဤဆီ၊ ဆားနှင့် လောဗန်အ
မွှေးအကြိုင်သည်ခရစ်တော်ကိုယ်ခန္ဓာထဲ၌ပြည့်စုံခဲ့သောကြောင့် အပြစ်နှင့်ပျက်စီးယိုယွင်းပုပ်သိုးခြင်းမရှိဘဲ အသက်ရှင်စေသော“အသက်မုန့်” လူတိုင်းစားသင့်စားအပ်သော အစာဖြစ်လာခဲ့လေသည်။
၃။ မိဿဟာယယဇ် (The Peace Offering)
(ဝတ် ၃း၁-၁၇)
မိဿဟာယယဇ်ကိုအပြစ်အနာအဆာကင်းသောနွား၊ သိုးဖြင့်ပူဇော်ရပြီး၊ အထီၤး(သို့)အမတစ်ကောင်
ကောင်ကိုရွေးချယ်ရလေသည်။ ပူဇော်သောသူသည် တိရစ္ဆာန်ကိုပရိသတ်စည်းဝေးရာတဲတော်အပြင်ဝန်းသို့
ခေါ်ဆောင်လာပြီး ခေါင်းပေါ်၌လက်တင်၍သတ်ပြီး၊ အသွေးကိုယဇ်ပုရောဟိတ်ကခံယူပြီးလျှင်ယဇ်ပလ္လင်အနား
လေးဘက်၌ ဖြန်းရလေသည်။
ယဇ်ကောင်ကိုနှစ်ခြမ်းခွဲပြီးနောက် အသဲနှင့် အူများကိုဆွဲထုတ်ပြီး ယဇ်ပလ္လင်ပေါ်တင်၍ မီးရှို့လေသည်။
အသားကိုယဇ်ပုရောဟိတ်နှင့် ပူဇော်သူတို့ကစားရလေသည်။ ရင်အုပ်သားကိုယဇ်ပုရောဟိတ်နှင့်သူ့သားသမီး
များအတွက်ဖြစ်သည်။ လက်ယာဘက်ပေါင်သားကိုထာဝရဘုရားသခင်အားချီၤမပူဇော်ပြီး နောက်ယဇ်ပုရော
ဟိတ်အား ပေးအပ်ရလေသည်။ ကျန်သည့်အသားကိုပူဇော်သောသူအတွက်ဖြစ်ပေသည်။
ဤမိဿဟာယယဇ်ပူဇော်ခြင်းသည် နှစ်မျိုးနှစ်စားရှိသည်။ (ဝတ် ရး၁၁-၂၁) ပထမအမျိုးသည်ကျေးဇူး
တော်ချီးမွမ်းလျက် မိဿဟာယဖွဲ့ခြင်းဆိုင်ရာယဇ်ဖြစ်ပြီး နောက်တမျိုးမှာသစ္စာဝတ်ကိုဖြေလျက် ဝမ်းမြောက်ရွှင်
လန်းစွာပူဇော်ရသောယဇ်ဖြစ်ပေသည်။ ကျေးဇူးတော်ချီးမွမ်းခြင်းမိဿဟာယယဇ်သည် ပူဇော်သောနေ့၌ အကုန်အစင်စားကြရသည်။ ဒုတိယအမျိုးဖြစ်သည့် ယဇ်ကိုပူဇော်လျှင်နောက်နေ့မနက်တိုင်အောင်ယဇ်ကိုထား
နိုင်သည်။ သို့သော်သုံးရက်ထက်ကျော်အောင်မသိမ်းဆည်းရ။ သုံးရက်ကျော်လျှင်စပ်လာသဖြင့် မီးရှို့ဖျက်ဆီး
ပစ်ရမည်။
ယဇ်ပူဇော်သူသည် ကျန်ကြွင်းသောအသားကိုသုံးရက်မြောက်သောနေ့မှစားသုံးလျှင်သူယဇ်ပူဇော်
သောသက္ကာကိုထာဝရဘုရားလက်မခံပေ။ ထိုအသားကိုတခြားတန်ဆာပလာများရောနှော၍ စားသံးုလျှင်
ထာဝရဘုရားရှေ့တော်၌ မသန့်ရှင်းမစင်ကြယ်သည့်အပြစ်များငြိစွန်းသဖြင့်အပြစ်ကျရောက်နိုင်သည်။ ထို
အသားသည်မသန့်ရှင်းသောအရာနှင့် ထိနေလျှင်မစားရ။ စားသောသူသည်ဧကန်အမှန်သေရလိမ့်မည်။
ယဇ်ပူဇော်သောသူသည် တစ်ဦးတည်းမစားရ။
အိမ်သူအိမ်သားအားလုံး၊ ကျွန်မိန်းမယောကျ်ားများ၊ ကိုယ်
ပိုင်လုပ်ငန်းမလုပ်ကိုင်သောလေဝိအမျိုးများကိုခေါ်၍ အတူတကွ ရွှင်လန်းစွာစားကြရမည်။ (တရား ၁၂း
၅-၁၂) စားသောက်သောအခါ ယဇ်ပလ္လင်များရှိရာ တဲတော်၏အပြင်ခန်း၌ စားသောက်ကြရသည်။
ဤမိဿဟာယယဇ်ပူဇော်ခြင်းသည် ထာဝရဘုရားသခင်က ပူဇော်သူအား မိဿဟာယဖွဲ့၍လူ့
ဇာတိခံယူကာ ကြွမြန်းလာခဲ့ရသည်။ ခရစ်တော်၏ အသားသည် စားစရာအကောင်းဆုံးဖြစ်သည်ဟုဆို
သည်။ (ယော ၆း၅၃၊ မ ၂၆း၂၆-၂၉)
မိဿဟာယယဇ်ပူဇော်ခြင်းသည် သခင်ဘုရား၏ညစာစားပွဲအားဖြင့် ပြည့်စုံခဲ့ကြောင်းတွေ့ရသည်။
ကျွနု်ပ်တို့သည်ယုံကြည့်ခြင်းအားဖြင့် ခရစ်တော်၏အသားကိုစား၊ အသွေးကိုသောက်ရသောကြောင့်၊ မိဿ
ဟာယယဇ်၏အမှန်တကယ်ပြည့်စုံခြင်းကိုလက်တွေ့ခံစားကြရလေသည်။
၄။ အပြစ်ဖြေရာယဇ် (The Sin Offering)
(ဝတ် ၄း၁-၃၅)
အထက်ပါယဇ်ပူဇော်ခြင်းသုံးမျိုုးသည် မီးရှို့ရာယဇ်၊ ဘောဇဉ်နှင့် မိဿဟာယယဇ်ဖြစ်သည်။ ဤယဇ်
များသည်မွှေးကြိုင်ဘို့ရာယဇ်ပလ္လင်ပေါ်တင်၍မီးရှို့ရသောယဇ်ဖြစ်သည်။ ဤယဇ်များသည် အပြစ်ဖြေရာယဇ်
နှင့်ဒုစရိုက်ဖြေရာယဇ်တို့ဖြစ်သည်။ နှစ်မျိုးစလုံးကိုအပြစ်ဖြေရာယဇ်ဟူ၍လည်းခေါ်နိုင်သည်။ ဤယဇ်နှစ်မျိုး
သည်တခြားယဇ်များနှင့်မတူညီချေ။ ဤနှစ်မျိုးသည်အပြစ်အတွက်ပူဇော်သောကြောင့်မွှေးကြိုင်သောမုန့်မရှိ
ချေ။
အပြစ်ဖြေရာယဇ်ပူဇော်ပွဲကိုတစ်နှစ်တစ်ကြိမ်ကျင်းပသောအခါ ယဇ်ပုရောဟိတ်သည်မိမိကိုယ်တိုင်
အပြစ်ဖြေရာယဇ်အရင်ပူဇော်ပြီးနောက်ပရိသတ်အားလုံးအတွက် အပြစ်ဖြေရာယဇ်ကိုပူဇော်ရလေသည်။
ထိုကြောင့် အပြစ်ဖြေရာယဇ်ကိုတစ်နှစ်လုံးအတွက် တစ်ကြိမ်သာပူဇော်ရလေသည်။
ဤပူဇော်သက္ကာကိုဆီဘိသိက်ခံရသော ယဇ်ပုရောဟိတ်နှင့်ရှင်ဘုရင်များအတွက် သော်၎င်း၊ ပြည်သူ
များအားလုံးနှင့် ပရိသတ်များအားလုံးအတွက် သော်၎င်း၊ ပူဇော်ပေးရလေသည်။ ပူဇော်သက္ကာသည်အပြစ်
အနာကင်းရှင်းရမည်၊ ပရိသတ်စည်းဝေးရာတဲတော်၌ ထာဝရဘုရားနေရှေ့တွင် ယဇ်ကောင်ကိုသတ်ရလေ
သည်။ ယဇ်ပုရောဟိတ်အတွက် ယဇ်ပူဇော်ရာတွင် နွားထီးတစ်ကောင်ကိုခေါ်လာပြီး၊ နွားခေါင်းပေါ်တွင် လက်တင်ပြီးနောက်သတ်ရသည်။
ပရိသတ်အပြစ်အတွက် ယဇ်ပူဇော်လျှင်ပရိသတ်လူကြီးများကနွားထီးတကောင်ကိုဆွဲခေါ်ပြီးလျှင်ယဇ်
ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ပြီး နောက်သတ်ရသည်။ အုပ်ချုပ်သူမင်းများအပြစ်အတွက် ပူဇော်လို
လျှင်ဆိတ်မတစ်ကောင်ယူုူဆောင်ပြီး ခေါင်းပေါ်၌လက်တင်လျက်သတ်ရလေသည်။
ဤယဇ်ပူဇော်ခြင်းလေးမျိုး၌ အသွေးကိုအသုံးပြု၍ပူဇော်ခြင်းသာကွဲပြားခြားနားလေသည်။ ယဇ်ပုရော
ဟိတ်နှင့် ပရိသတ်အတွက်ယဇ်ပူဇော်ရာတွင် အသွေးကိုယဇ်ပုရောဟိတ်ကတဲတော်ရှိသန့်ရှင်းရာအခန်းသို့ယူ
ဆောင်လာပြီး လက်ညိုးဖြင့်သွေးဖြင့်သွေးထဲနစ်၍ ယဇ်ပလ္လင်နံဘေးထရံ၌ခုနှစ်ကြိမ်ဖြန်းပြီးနောက်သွေးအနည်း
ငယ်ကိုယူကာ ပလ္လင်ရှေ့နား၌သုတ်လိမ်း၍ကျန်သောသွေးကိုပလ္လင်လေးဘက်၌ သွန်းလောင်းရလေသည်။
ဘုရင်မင်းများနှှု့် ပြည်သူပြည်သားများအတွက် ယဇ်ပူဇော်လိုလျှင် အသွေးကိုတဲတော်အထဲသို့ယူ
ဆောင်လာပြီး သွေးတချို့ကိုယဇ်ပလ္လင်ထိပ်၌သုတ်လိမ်းပြီး ကျန်တချို့ကိုယဇ်ပလ္လင်ဘေးဘက်၌သွန်းလောင်း
ရလေသည်။ ယဇ်ပုရောဟိတ်နှင့်ပရိသတ်အတွက်ပူဇော်သက္ကာသည်အရေခွံခွာပြီး၊ ဆီဥနှင့် ကျောက်ကပ်ကို
ဖုံးသောဆီ၊ ကျောက်ကပ်နှစ်လုံး၊ အသည်းတို့ကိုယဇ်ပလ္လင်ပေါ်တင်၍မီးရှို့ရလေသည်။ ကျန်သောအရခွံ၊ ဦး
ခေါင်းနှင့် ပေါင်သား၊ အသားမှန်သမျှတို့ကိုအပြင်သို့ဆောင်ပြီး တဲအပြင်ဘက်သန့်ရှင်းရာနေရာတနေရာ၌
မီးရှို့ပစ်ရလေသည်။
သို့သော်လည်း ဘုရင်များနှင့်တိုင်းပြည်သားအတွက် ပူဇော်သက္ကာဖြစ်သည့် ဆီဥအားလုံးကိုပလ္လင်ပေါ်
မှာမီးရှို့ပြီး၊ ကျန်သည့် အသားများကိုအပြင်သို့ မထုတ်ဆောင်ဘဲနဲ့ယဇ်ပုရောဟိတ်ရှိရာအခန်း၌ချက်စားကြရ
သည်။ ယဇ်ကောင်၏အသားသည် သန့်ရှင်းသောအသားဖြစ်သည့်အလျောက်အဝတ်အစားနှင့်ထိကပ်ခဲ့လျှင်
သန့်ရှင်းရာအခန်း၌သာဆေးကြောသန့်စင်ရလေသည်။ ယဇ်ကောင်အသားကိုမြေကြီးဖြင့်ချက်လျှင်ချက်ပြီး
နောက်မြေအိုးကိုထုချေဖျက်ဆီးပစ်ရလေသည်။ ကြေးအိုးဖြင့်ချက်လျှင်သန့်ရှင်းပြောင်လက်အောင်တိုက်ချွတ်
ဆေးကြောရလေသည်။ (ဝတ် ၆း၂၄-၂၉)
အပြစ်ဖြေရာယဇ်နှင့် ပါတ်သက်၍ ကျွန်ုပ်တို့မှတ်သားစရာနှစ်မျိုးတွေ့ရသည်။ အသွေးကိုတဲတော်ထဲသို့
ယုူဆောင်လာပြီး နံရံ၌ ပက်ဖြန်းကာ အသားကိုတဲအပြင်ဘက်တနေရာသို့ထုတ်ဆောင်သွားရလေသည်။
ဤအရာသည် ဆင်ခြင်ဘို့ရန်ဖြစ်သည်။
ထိုနည်းတူစွာ ခရစ်တော်ယေရှုဘုရားသည်လည်း ကျွနု်ပ်တို့အပြစ်အတွက် ယဇ်ကောင်ကဲ့သို့မြို့အပြင်
ဘက်ရှိရာကရာနီတောင်ကုန်းဦးခေါင်းခွဲအရပ်၌အသေခံခဲ့လေသည်။ သူ၏အသွေးတော်ကိုခမည်းတော်ဘုရား
၏ပလ္လင်သို့ကျွန်ုပ်တို့အတွက်သွန်းလောင်းခဲ့လေသည်။ ခရစ်တော်၏ကိုယ်ခန္ဓာသည်ကျွန်ုပ်တို့အတွက်မြို့အပြင်
၌အသေခံခဲ့လေသည်။
၅။ ဒုစရိုက်အပြစ်ဖြေရာယဇ် (The Trespass Offering)
(ဝတ် ၅း၁-၆း၇) အပြစ်ဖြေရာယဇ်ပူဇော်ခြင်းသည်ဘုရားသခင်အားပြစ်မှားသည့်အပြစ်အားခွင့်လွှတ်ခြင်းတရားရရှိစေရန်ပူဇော်ဆက်ကပ်ခြင်းဖြစ်ပြီး၊ ဒုစရိုက်အပြစ်ဖြေရာယဇ်ပူဇော်ခြင်းသည်လူလူချင်းပြစ်မှားသည့်အပြစ်နှင့် သန့်ရှင်း
သောတန်ဆာများအားမထေမဲ့မြင်ပြစ်မှားသည့်ဒုစရိုက်အပြစ်အတွက်ခွင့်လွှတ်ခြင်းရရန်ယဇ်ပူဇော်ဆက်ကပ်
ခြင်းဖြစ်သည်။
တစ်ဦးသည်သိလျက်နှင့် ငြင်းဆန်သည့်အပြစ်၊ မသန့်ရှင်းမစင်ကြယ်သောအရာကိုထိခြင်းအပြစ်၊ ဘုရား၏တန်ဆာပစ္စည်းများအားပြစ်မှားသည့်အပြစ်၊ သူတစ်ပါးအားလိမ်ညာခြင်းအပြစ်၊ ပိုင်ရှင်အခွင့်မရှိဘဲယူ
သုံးခြင်း၊ ခိုးဝှက်ခြင်းစသည့်အပြစ်များအတွက်ခွင့်လွတ်ခြင်းရရန်ယဇ်ပူဇော်ဆက်ကပ်ရလေသည်။ ဤအရာ
အားလုံးသည် အပြစ်ဖြစ်၍ယဇ်ပူဇော်ရလေသည်။
ဒုစရိုက်အပြစ်ဖြေရာယဇ်ကိုမိမိတတ်နိုင်သ့်အလျောက်သုံးမျိုးရှိသည့်အနက်တမျိုးမျိုးကိုရွေးယူ၍
ပူဇော်ရလေသည်။ ဤယဇ်အတွက်ဆိတ်မတစ်ကောင်(သို့)ခိုနှစ်ကောင်(သို့)ချိုးငှက်နှစ်ကောင်ရွေးယူ၍ပူ
ဇော်ရလေသည်။ တိရစ္ဆာ်န်များမတတ်နိုင်လျှင်မုန့်သက်တသြ၏ဆယ်ပုံတစ်ပုံကိုယူ၍ပူဇော်ရလေသည်။ ခို
(သို့) ချိုးကလေးတစ်ကောင်သည် ဒုစရိုက်အပြစ်အတွက်ပူဇော်ပြီး၊ တစ်ကောင်သည်မီးရှို့ရာယဇ်အတွက်
ဖယ်ထားရလေသည်။ မုန့်ညက်အပေါ်၌လည်းဆီမလောင်းရ။ လောဗန်မုန့်ရာမတင်ရ။
လူတစ်ဦးတစ်ယောက်ကထာဝရဘုရား၏သီးသန့်စင်ကြယ်စေသောအရာကိုထိ၍အပြစ်ရှိလျှင်(သို့)
ပိုင်ရှင်မသိဘဲဥစ္စာပစ္စည်းယူမိ ခိုးယူမိ၍ ပြန်ပေးဆပ်လိုလျှင် ငါးဆပြန်လျော်ပေးရလေသည်။ သူတပါးအား
မထေမဲ့မြင်ပြု၍ ပြစ်မှားခြင်းထိခိုက်နစ်နာစေ၍ပြစ်မှားခြင်းနှင့် သူ့ဥစ္စာကိုဖျက်ဆီးစေ၍ပြစမှားမိလျှင်ဒုစရိုက်အ
ပြစ်ခွင့်လွှတ်ခြင်းရရန်တောင်းပန်ပြီး နောက်ဤယဇ်ပူဇော်သက္ကာကိုပူဇော်ဆက်ကပ်ရလေသည်။
Comments
Post a Comment