အိန္ဒိယပြည်၏ တမန်တော် (ဆန္ဒာဆင်း)

(Sundar Singh) (၁၈၈၉ - ၁၉၂၉)

အအေးဓါတ်ကသူ၏ ပါးလွှွာသောအဝတ်ကိုဖြတ်ကျော်စူးဝင်လာသည်။ ဆူးညှောက်ခလုတ်များနှင့် ကျောက်ခဲ တုံးများကဖိနပ်မပါသော သူ၏ခြေထောက်ကိုပွန်းပဲ့ထိခိုက်စေသည်။ သို့သော်လည်းသူသည်ဆီးနှင်းများဖုံးလွမ်း လျက်ရှိသောတောင်တန်းများကိုဖြတ်ကျော်လျှောက်လှမ်းခဲ့သည်။ ဖြူဖွေးနေသောဆီးနှင်းများပေါ်တွင်သူ၏ခြေ ထောက်မှထွက်ကျခဲ့သော သွေးများကျကျန်ရစ်ခဲ့သည်။ ပတ်တီးစည်းရန်သူထိုင်

ချလိုက်သည်။ သူ့အနောက်မှ လိုက်လာခဲ့သောအခြားလူတစ်ယောက်က သူ့အနားချဉ်းကပ်လာပြီးစကားစမြည်ပြောလိုက်သည်။ “ခင်ဗျား ဘယ်လိုခံစားရလဲ။” “ကျွန်တော့်ရဲ့အံ့သြဘွယ်ကယ်တင်ရှင်ခရစ်တော်၌ကျွန်တော်ဝမ်းမြောက်လျက်ရှိပါတယ်” ဟူ၍ဆန္ဒာဆင်းကပြန်ဖြေလိုက်သည်။


          “ဘာကြောင့်ဖိနပ်မပါပဲ သွေးယိုစီးနေတဲ့ခြေထောက်နဲ့ဒီတောင်တန်းများကို ဖြတ်ကျော်ပြီးခရီးသွားနေ သလဲ”

          “ကရာနီကုန်းပေါ်မှာခြေထောက်ကသွေးယိုစီးခဲ့ရတဲ့သူကိုလူတွေသိမြင်စေရန် ညွှန်ပြချင်လို့ပဲ” လက်ဝါး ကပ်တိုင်၌အသေသတ်ခြင်းခံသော ကယ်တင်ရှင်ကတန်ခိုးတော်ဖြင့်ခေါ်တော်မူခဲ့ခြင်းမှာကယ်တင်ရှင်အတွက် ဒုက္ခဆင်းရဲခံရန်နှင့် တိဗက်ပြည်ကဲ့သို့ ခရစ်တော်အကြောင်းမကြားဘူးသေးသော တိုင်းပြည်များသို့ဧဝံဂေလိ တရားတော်ကိုပို့ဆောင်ရန်ဖြစ်ကြောင်းဆန္ဒာဆင်းယုံကြည်ခဲ့ပေသည်။ (ထိုအချိန်ကတိဗက်ပြည်သည် ဧဝံဂေလိ တရားတစ်ခါမျှမကြားဘူးသေးချေ။)

         

ကလေးဘဝ

          ဆာဒူးဆန္ဒာဆင်းဟု သာမန်အားဖြင့်သိသောဆန္ဒာဆင်းသည် (၁၈၈၉)ခု၊ စက်တင်ဘာလ(၃)ရက်နေ့ တွင်ပန်ဂျပ်ပြည်နယ် ရမ်ပူ(Rampur)အရပ်တွင်ဖွားမြင်ခဲ့သည်။ သူ၏မိဘများသည် ဆစ်(ခ်)ဘာသာဝင်များဖြစ် ကြပြီး မိခင်ဖြစ်သူမှာဘာသာတရားကိုကြည်ညိုလေးစားသက်ဝင်ယုံကြည်သူဖြစ်သည်။ အိပ်ယာမှနိုးလျှင်နိုးချင်း ပထမဆန္ဒားအားဝိညာဉ်ရေးရာအစာနှင့် ကောင်းကြီးများအတွက်ဆုတောင်းရန်မိခင်ဖြစ်သူကတိုက်တွန်းနှိုဆော် ခဲ့ပြီး ထို့နောက်မှသာလျှင်နံနက်စာကိုစားသောက်ခဲ့၏။


သူမသည် ဆန္ဒာဆင်းကိုအလွန်ချစ်မြတ်နိုးခဲ့ပြီး၊ သူသည် ဘာသာတရားကိုချစ်ရန်နှင့် သန့်ရှင်းသောဆဒူး(ဘာသာရေးခေါင်းဆောင်)တစ်ဦးဖြစ်လာရန်အလိုရှိခဲ့သည်။ အသက်အလွန်ပျိုစဉ်ကပင်ဆန္ဒာဆင်းသည် ဟိန္ဒူဘာသာတရား၏သန့်ရှင်းသောကျမ်းဖြစ်သည့်ဘာဂဗက်ဂီတာ (Bhagavadgita) ကိုစတင်ဖတ်ခဲ့ပြီးအသက်(၇)နှစ်သားအရွယ်၌ထိုကျမ်းကိုအလွတ်အာဂုံဆောင်ကျက်မှတ်ခဲ့ သည်။အခြားသူများအိပ်နေသောအချိန်တွင်သူသည်ဆစ်(ခ်)ဘာသာကျမ်း ဂရန့်သ်(Granth)၊ ဟိန္ဒူဘာသာရေး ကျမ်းဗေဒါ(စ်) (Vedas) သို့မဟုတ် မူစလင်ဘာသာရေးကျမ်း ကိုရမ်(Koran) တို့ကိုစိတ်အားထက်သန်စွာလေ့ လာနေသည်ကိုမကြာခဏတွေ့ရပေသည်။


အသက်ရှင်သောခရစ်တော်နှင့်တွေ့ဆုံခြင်း

          ခရစ်ယာန်ဘာသာနှင့်ပထမဆုံးတွေ့ဆုံမှုမှာ ဆန္ဒာဆင်း၏ရွာရှိသူတက်ခဲ့သောသာသနာစာသင်ကျောင်း တွင်ဖြစ်၏။ ကျောင်း၌သမ္မာကျမ်းကိုလေ့လာရန်ပြောဆိုခံရသောအခါသူ့နှလုံး၌မကျေမနပ်ဖြစ်ပေါ်ခဲ့သည်။ သူ သည်ဓမ္မသစ်ကျမ်းစာမျက်နှများကိုထင်ရှားစွာဆုတ်ဖြဲခဲ့ပြီး ခရစ်ယာန်ဘာသာကိုဆန့်ကျင်သောကျောင်းသား များ၏ခေါင်းဆောင်ဖြစ်ခဲ့သည်။ သာသနာစာသင်ကျောင်းမှထွက်ပြီး အစိုးရစာသင်ကျောင်းတစ်ခုသို့ပြောင်းကာ ခရစ်ယာန်ယုံကြည်ချက်ကိုပြောင်လှောင်သရော်ခဲ့၏။ လူအုပ်ကြီးအားတရားဟောပြောသောသာသနာပြုဆရာ များကိုကျောက်ခဲ၊ ရွှံ့တုံးများဖြင့်ပစ်ရန်လူဆိုးလူေတေများကိုမကြာခဏအားပေးအားမြှောက်တိုက်တွန်းခဲ့၏။


လူပရိပ်သတ်ရှေ့တွင်ဓမ္မသစ်ကျမ်းတစ်အုပ်လုံးကိုပင်မီးရှို့ခဲ့၏။ သို့သော်လည်းခရစ်တော်ကိုပြင်းထန်စွာဆန့် ကျင်လေ သူ့စိတ်နှလုံးထဲ၌ပို၍မချမ်းမြေ့လေဖြစ်ကာနောက်ဆုံး၌ကျမ်းစာကိုစတင်လေံလာဖတ်ရှုခဲ့၏။

တစ်နေ့သောနံနက်(၃)နာရီခန့်တွင်ငြိမ်သက်ခြင်းရရန်မိမိအိမ်အနာ၌ရှိသောရထားလမ်းပေါ်တွင်အသေခံရန်ဆုံးဖြတ်ချက်ဖြင့်အိပ်ရာမှထ၏။ ရေချိုးပြီးနောက် “အို-ဘုရားသခင်၊ အကာ်၍ဘုရားသခင်ရှိလျှင်ကျွနု်ပ်ကို ထင်ရှားပြတော်မူပါ။ ကယ်တင်ရာလမ်းကိုပြညွန်၍ငြိမ်သက်ြခ်ငးကိုပေးတော်မူပါ”ဟုဆုတောင်း၏။


အခန်းတွင်း ၌အလင်းတန်းတစ်ခုရုတ်တရက်မြင်လိုက်ပြီး အလင်းရောင်ထဲ၌သူမုန်းတီးသည့် အသက်ရှင်သော ခရစ်တော် ဘုရားကိုတွေ့ခဲ့၏။ ခရစ်တော်ဘုရားကလက်ဝါးကပ်တိုင်ပေါ်တွင်သံမှိုဖြင့်ရိုက်နှက်ခံခဲ့သောလက်ဖဝါးများကိုပြ လျက် “ငါ့ကို သင်အဘယ်ကြောင့်နှိပ်စက်ညှင်းပန်းသနည်း။ သါသည်သင်၏ကယ်တင်ရှင်ဖြစ်သည်။” ဟုမိန့် တော်မူ၏။ ဆန္ဒာဆင်း၏စိတ်နှလုံးတွင်ဝမ်းမြောက်စိတ်ဖြင့်ပြည့်လျှံသွားပြီး ဝိညာဉ်ရေးရာဆာငတ်မှုလည်းကျေ နပ်အားရမှုရှိခဲ့ကြောင်းသူသိခဲ့၏။ သူ၏အသက်တာတစ်ခုလုံးပြောင်းလဲသွားခဲ့ပြီး ဤဘုန်းအသရေကြီးမြတ် သောအတွေ့အကြုံကိုသံသယဖြစ်အောင်မည်သူကမျှမပြုလုပ်နိုင်ခဲ့ချေ။


ဒုက္ခဆင်းရဲခံရန်ခေါ်တော်မူခြင်း

          ခရစ်တော်နှင့်တွေ့ဆုံပြီးနောက်ဖခင်ကြီးထံတော်သို့ချက်ခြင်းသွားရောက်ကာ၊သူသည်ခရစ်ယာန်တစ်ဦး ဖြစ်ကြောင်းဝန်ခံခဲ့၏။အစပထမတွင် သူ၏ဖခင်ကမယုံကြည်ခဲ့ချေ။ သို့သော်လည်းမကြာမီပင်သူ၏မိသားစုအား လုံးကခရစ်ယာန်အဖြစ်ခံယူသောသူ၏ဆုံးဖြတ်ချက်အပေါ်ထိတ်လန့်တုန်လှုပ်ခဲ့၏။ မိခင်ကသူ၏ဘာသာတရား တရားကိုမစွန့်ပယ်ရန်နှင့် မိသားစုအားလုံးအရှက်တကွဲဖြစ်ရန်မပြုမူဖို့ဖခင်ကတောင်းပန်ခဲ့၏။ အလွန်ချမ်းသာ ကြွယ်ဝသောသူ၏ဦးလေးက ကြီးကျယ်ခန်းနားသောသူ၏အိမ်သို့ခေါ်ဆောင်သွားပြီးအလွန်များပြားသောအဘိုး ထိုက်တန်သည့် ကျောက်မြတ်ရတနာများနှင့်ရွှေငွေအပုံလိုက်ပြလျှက်ဆန္ဒာဆင်းအားယုံကြည်ချက်အသစ်ကို စွန့်ပယ်လျှင် ဤအရာအားလုံးပေးမည်မည်ဟုပြောခဲ့၏။


သို့သော် ခရစ်တော်ကိုချစ်သောစိတ်ကြီးမားသော ကြောင့် ခရစ်တော်ကိုငြင်းပယ်ခြင်းမပြုခဲ့ချေ။ သူ့အားအိမ်မှနှင်ထုတ်ခဲ့၏။ စားစရာ၊ နေစရာမရှိပဲအေးချမ်းသော ညတွင်သစ်ပင်တစ်ပင်အောက်၌သူအိပ်ခဲ့ရ၏။ သို့သော်လည်းအဆင့်အတန်းနိမ့်သောအစေခံများကဲ့သို့အိမ်အ ပြင်တွင် အစာစားစေပြီး အစေခံများနှင့်အိပ်စေခဲ့၏။ဤကဲ့သောဒုက္ခဆင်းရဲခြင်းများကိုသခင်ခရစ်တော်အတွက် ဝမ်းမြောက်စွာခံယူခဲ့၏။ ဤအရာမှာ သူ၏သခင်အတွက်သူအဆက်မပြတ်ထမ်းရွက်မည့်လက်ဝါးကပ်တိုင်၏အ စဦးပင်ဖြစ်အေသည်။ နောက်ဆုံးအစာတွင်အဆိပ်ခတ်ကျွေးကာသူ့အားအိမ်နှင်ထုတ်ခဲ့၏။ သူသည်အကြီးအ ကျယ်ဖျားနာကာ သေလုမတတ်ဖြစ်ခဲ့၏။ သို့သော်လည်းဘုရာသခင်သည်သူ၏မဟာအကြံအစည်ပြည့်စုံစေရန် ဆန္ဒာဆင်းအားအသက်သေခြင်းဘေးမှကယ်နှုတ်ခဲ့ပေသည်။


          ဖျားနာရာမှပြန်လည်ကျန်းမာလာသောအခါ သာသနာပြုဆရာအချို့နှင့်အတူနေကာ ကျမ်းစာလေ့လာခဲ့ ဘူးသောအရပ်ဖြစ်သည့် လူဒီရာနာ (Ludhians) အရပ်သို့သွားခဲ့၏။ ထို့နောက်ဆင်မလာ (Simla) အရပ်၌အ သက်(၁၆)နှစ်မြောက်သူ၏မွေးနေ့တွင်ဗတ္တိဇံမင်္ဂလာခံယူခဲ့သည်။ များစွာစဉ်းစားဆုတောင်းခဲ့ပြီးနော်ခရစ်တော်

အားနာခံသောအသက်တာအဖြစ်မိမိကိုယ်ကိုလုံးဝဆက်ကပ်အပ်နှံကာ ခရစ်ယာန်ဆာဒူး(ဘာသာရေးကိုင်းရှိုင်း ကြည်ညိုသည့်သူတော်စဉ်) တစ်ဦးဖြစ်ခဲ့ပေသည်။


သူ၏စာအုပ်များနှင့်ပိုင်ဆိုင်သောပစ္စည်းများကိုအခြားသူများ အားပေးကမ်းလိုက်ပြီး သင်္ကန်းဝတ်ရုံတစ်ထည်ကိုသာဝတ်ဆင်ခဲ့၏။ ဖိနပ်မပါ၊ မည်သူ၏အထောက်အပံ့မရှိဘဲ လက်ထဲတွင်ဓမ္မသစ်ကျမ်းကိုကိုင်လျက်သူ၏သခင်အတွက်အစေခံရန်ခရီးထွက်ခဲ့၏။သူ၏ဆောင်ပုဒ်မှာ “ငါဖြစ် လျှင်ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင်တော်မှတပါးအဘယ်အရာမျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။” (ဂလ၊ ၆: ၁၄)“ခရစ်တော်သည်ငါ့ ကိုချစ်၍မိမိကိုယ်ကိုဆက်ကပ်ပူဇော်ခဲ့သလိုငါသည်လည်း ခရစ်တော်ကိုချစ်လျက်ငါ့အသက်တာကို ခရစ်တော် အတွက်ဆက်ကပ်ပူဇော်ရမယ်” ဟူ၍ပြောလေ့ရှိ၏။


သူတော်စင်တစ်ဦးဘဝ

          သူသည်ကလေးငယ်တစ်ဦးသာသာဖြစ်လင့်ကစား၊ သူ၏သခင်အတွက်ငတ်မွတ်ခြင်း အအေးဒဏ်များ၊ ဖျားနာဒုက္ခဝေဒနာများသာမက ထောင်ချခြင်းကိုပင်ခံစားခဲ့ရ၏။ တစ်နှစ်ပြီးတစ်နှစ် ပန်ဂျပ်၊ ကက်ရှမီးယား၊ အာဖဂန်နစ်စတန်၊ နီပေါ နှင့်တိဗက်ပြည်ရှိတောင်ကုန်းတောင်တန်းများကိုဖြတ်ကျော်ကာ သခင်၏မေတ္တာတော် ကိုမကြားသိသေးသူများကိုကြားပြောရန်ခရီးထွက်ခဲ့၏။ မကြာခဏဆိုသလိုပင် နှောင့်ယှက်ဆီးတားမှု၊မုန်းတီးမှု များကိုကြုံတွေ့ခံစားခဲ့ရ၏။ မကြာခဏဆိုသလို နှင်ထုတ်ခံခဲ့ရပြီးတောထဲ၌ဆာလောင်ငတ်မွတ်လျက်ညတာ အချိန်ကုန်လွန်ခဲ့ရ၏။ အေးချမ်းသောလေနှင့်မိုးဒဏ်မှအကာအကွယ်ရစေရန်လိုဏ်ဂူများ၊မြေတွင်းများ၌ခိုလှုံခဲ့ရ ၏။ တခါတရံတောသားရဲကောင်များနှင့်ဂူတွင်း၌အတူအိပ်ခဲ့ရ၏။ တစ်ခုသောနံနက်ခင်၌ကျားသစ်တစ်ကောင် အိပ်ပျော်နေသည်ကိုသူတွေ့ခဲ့ရ၏။ တစ်ချိန်တွင်သူ့အနားတွင်ကျားသစ်နက်တစ်ကောင်တွေ့ခဲ့၏။


တစ်နေ့နံနက် စောစောတွင်သူ၏စောင်ထဲ၌တစ်စုံတစ်ခုရှိကြောင်းခံစားမိပြီးကြည့်လိုက်ရာမြွေဟောက်တစ်ကောင်သည်ခိုလှုံ ရာနှင့်နွေးထွေးမှုရရန်သူ၏နံဘေးတွင်နေခဲ့ကြောင်းတွေ့ခဲ့ရ၏။ ဟိမဝန္တာတောင်တန်းလမ်းခရီးများကိုဖြတ်ကျော် ရာ၌ပင်သူသည်ဖိနပ်မပါဘဲ သွားလာခဲ့ရာမကြာခဏဆိုသလိုပင်ကျောက်ခဲများ၊ ရေခဲတုံးများနှင့်ထိခိုက်ပွန်းရိ ကာသူ၏ခြေမှသွေးများယိုစီးကျဆင်းခဲ့ပေ၏။ ဤသို့ဖြင့်သူ့အား“ခြေထောက်၌သွေးယိုစီးသောတမန်တော် ” အဖြစ်သိရှိလာခဲ့ကြ၏။ မကြာခဏနှိပ်စက်ညှင်းပန်းခံရသည့်ကြားမှပင်သူ၏သည်းခံခြင်းနှင့်ဝမ်းမြောက်ခြင်းကို တွေ့ရသောကြောင့်လူတို့သည်သူ၏သတင်းစကားကိုလက်ခံချင်စိတ်ဖြစ်လာ၏။


သူသည်ရွာတစ်ရွာသိုသွား ရောက်ကာသစ်တုံးတစ်တုံးပေါ်၌ထိုင်ပြီးသီချင်းစတင်သီဆိုကျူးဧတော့၏။ မကြာမီပင်လူအများစုဝေးရောက် လာပြီးသခင်ယေရှုအါကြောင်းသူစတင်ပြောသောအခါဒေါသအမျက်ထွက်ခဲ့ကြ၏။ ကရုပီရမ်(Krupe Ram) ဆို သူကဆန္ဒာဆင်းကိုရုတ်တရက်ပြင်းထန်စွာထိုးကြိတ်လိုက်ရာဆန္ဒာဆင်းသည်မြေသို့လဲခွေကျသွား၏။ သူ့လက် ဖျားနှင့်မျက်နှာကိုကျောက်တုံးများနှင့်ဆွဲခြစ်ခဲ့၏။ ဆန္ဒာဆင်းသည်မျက်နှာမှသွေးယိုစီးကျနေသည့်ကြားမှပင် ငြိမ်သက်စွာမတ်တတ်ရပ်ကာသူ၏ရန်သူများအတွက်ဆုတောင်းပေးပြီးခရစ်တော်၏မေတ္တာတော်အကြောင်းကိုသူတို့အားပြောဆိုခဲ့၏။ နောင်အခါ ကရူပီရမ်လည်းစိတ်နှလုံးပြောင်းလဲပြီးယုံကြည်သူတစ်ဦးဖြစ်လာ၏။


          တစ်ချိန်တွင်ဓားပြများတိုက်ခိုက်လုယက်ခြင်းကြောင့်နာမည်ကြီးသောတောအုပ်တစ်ခုအတွင်း ဆန္ဒာဆင်းဖြတ်ကျော်သွားစဉ်ဓားပြ(၄)ဦးရုတ်တရက်ပေါ်လာပြီးတစ်ယောက်ကဓားတစ်လက်ဖြင့်သူ့အားသတ် ရန်ပြေးလာ၏။ဆန္ဒာဆင်းလည်းမကြာမီအသက်ဆုံးတော့မည်ကိုတွေးမိပြီးစတင်ဆုတောင်းတော့၏။ ထိုဓားပြ လည်းရုတ်တရက်အံ့အားသင့်သွားပြီးသင်ဘယ်သူလဲဟုမေးမြန်းစုံစမ်းတော့၏။ ဆန္ဒာဆင်းကသူသည် ခရစ်ယာန်ဆာဒူး(ဘုရားတရားကိုင်းရှိုင်းသူ)ဖြစ်ကြောင်းပြောကာဓမ္မသစ်ကျမ်းမှ“သူဌေးကြီးနှင့် ဆင်းရဲစား လာဇရု”အကြောင်းဖတ်ပြလိုက်ရာထိုသူသည်သူ့အပြစ်ကိုသူပြန်မြင်လာ၏။ သူသည်ဆန္ဒာဆင်းကိုဂူတစ်ဂူသို့ ခေါ်ဆောင်သါားပြီးလူ့အရိုးပုံကြီးကိုညွှန်ပြလျက်ထိုအသတ်ခံရသူးများအားလုံးအတွက်သူ၌အပြစ်ရှိကြောင်းပြောပြ၏။ ဆန္ဒာဆင်းလည်းသူ့အားခရစ်တော်ထံမှအပြစ်လွှတ်ငြိမ်းချမ်းသာခြင်းခွင့်ကိုလက်ခံရန်လမ်းပြပို့ဆောင်ခဲ့ ၏။


တိဗက်ပြည်၌

          ဆန္ဒာဆင်းသည် ခရစ်တော်အကြောင်းတစ်ခါမျှမကြားဘူးသေးသည့်ခက်ခဲကြမ်းတမ်း၍ အန္တရာယ်များ သောအရပ်ဒေသများကိုတမင်သက်သက်ရွေးချယ်ကာ ခရီးသွားခဲ့၏။သူ့စိတ်နှလုံး၌အထူးသဖြင့် တိဗက်ပြည်အ တွက်တမ်းတပူပန်ခဲ့၏။ တိဗက်ပြည်သည်အယူသည်းခြင်း၊ စုန်းကဝေအတတ်နှင့်နတ်ဆိုးကိုကြောက်ရွံ့ခြင်း၌ နစ်မြှုပ်နေခဲ့၏။ လားမားခေါ် ဘာသာရေးခေါင်းဆောင်များ၏ဖိနှိပ်ခြင်းကိုဆင်းရဲသားများခံစားခဲ့ရ၏။


ထိုပြည်ရှိ လူများမှာအခြားဘာသာဝင်များဖြစ်ပြီး ဘီးများကိုလည်စေပြီးဘီးပေါ်တွင်ရေးထားသောဆုတောင်းချက်များအ တိုင်းဆုတောင်းရန်(သို့)အလံများပေါ်တွင်ဆုတောင်းချက်များရေးထားပြီးလေထဲတွင်မြောက်နေသောအလံများ ပေါ်ရှိဆုတောင်းချက်အတိုင်းသာဆုတောင်းရန်ယုံကြည်လျက်ပြုလုပ်ကြ၏။ ထိုသူများသည် ခရစ်တော်အ ကြောင်းတစ်ခါမျှမကြားဘူးခဲ့ချေ။ ဆန္ဒာဆင်းသည်တိဗက်ပြည်သို့ကြိမ်ဖန်များစွာသွားရောက်ခဲ့၏။ တစ်ချိန်တွင် (၁၆၀၀၀)ပေမြင့်ပြီးအအေးဓါတ်လွန်ကဲနေသောအရပ်၌မြေကြီးပေါ်၌သာဆန္ဒာဆင်းအိပ်စက်ခဲ့ရဖူး၏။


          မြို့တစ်မြို့၌သူတရားဟောနေစဉ်သူ့အားနိုင်ငံခြားဘာသာဟောပြောခြင်းအတွက် ဖမ်းဆီးချုပ်နှောင်ခဲ့ ၏။သူ့အဝတ်အင်္ကျီများကိုဆုတ်ဖြဲပစ်ပြီး နက်ရှိုင်းခြောက်သွေ့သောရေတွင်းတစ်ခုထဲသို့သူ့အားပစ်ချလိုက်၏။ အခြားလူများစွာကိုပစ်ချခဲ့သောရေတွင်းဖြစ်သောကြောင့် လူသေကောင်အရိုးခွံများစုပုံနေပြီးပုပ်သိုးဆွေးမြေ့နံ စော်နေသောအသားများပေါ်သို့ကျသွားခဲ့၏။ အနံ့အသက်အလွန်ပုပ်သိုးနံစော်နေပြီးပစ်ချခံရခြင်းကြောင့်လက် မောင်းဒဏ်ရာရခဲ့ပြီးပြင်းထန်စွာနာကျင်ဝေဒနာလည်းခံစားခဲ့ရ၏။ အစာမရှိ၊ ရေမရှိ၊အိပ်၍မရဘဲ ထိုမှောင်မိုက် နေသောတွင်းနက်ကြီးထဲတွင် (၃)ရက်မျှဒုက္ခဝေဒနာခံစားခဲ့ရ၏။


တတိယညတွင်ဘုရားသခင်ထံသူဆုတောင်း နေစဉ်သူ့ခေါင်းပေါ်မှ စူးရှသောအသံတစ်သံကြားလိုက်ရပြီးရေတွင်းအဖုံးတံခါးပွင့်ကာအောက်သို့လျော့ကျထား သောကြိုးကိုကိုင်တွယ်ရန်ပြောသံကြားလိုက်ရ၏။ သူသည်ကြားရသောအသံအတိုင်းပြုခဲ့ပြီးမကြာမီရေတွင်းပြင် သို့ရောက်ရှိခဲ့၏။ သူ့အားကူညီသောလူစိမ်းသည်ရေတွင်းအဖုံးကိုပိတ်လိုက်ပြီးနောက်အမှောင်ထဲဝင်ရောက် ပျောက်ကွယ်သွား၏။ သူ့အားဘုရားသခင်ကယ်တင်လိုက်ကြောင်းသိလိုက်၏။ သူ၌လုံလောက်သောခွန်အားရှိ လျှင်ရှိချင်း၊ ဆက်လက်၍တရားဟောပြောခဲ့ရာဝိညာဉ်ရေးရာဆာငတ်နေသည့်များစွာသောလူများကယ်တင် ခြင်းကျေးဇူးခံစားခဲ့ရ၏။



နီပေါပြည်၌

          နီပေ ါပြည်သည်အိန္ဒိယပြည်၏မြောက်ဖက်တွင်ရှိပြီးဆန္ဒာဆင်းခေတ်အချိန်ကာလတွင် ဧဝံဂေလိတရား တစ်ခါမျှဟောပြောခဲ့ဖူးခြင်းမရှိသေးချေ။ ဧဝံဂေလိတရားဟောပြောခြင်းကိုထိုပြည်၌တားမြစ်ပိတ်ပင်ခဲ့၏။ ဆန္ဒာဆင်းသည်နီပေါပြည်သို့သွားရောက်ကာဧဝံဂေလိတရားဟောပြောခဲ့၏။သူသည်ဖမ်းဆီးထောင်ချခံခဲ့ရ၏။ ထောင်အတွင်း၌အခြားအကျဥ်းခံနေရသောထောင်သားများကိုခရစ်တော်အကြာင်းပြောပြခဲ့၏။ ထို့ကြောင့်သူ့ အားမြေတိုက်ခန်းထဲ၌ပိတ်လှောင်ထားခဲ့၏။ ထိုအခန်း၌သူ့အင်္ကျီအဝတ်အစားများကိုချွတ်ပြီးတိုင်တစ်တိုင်တွင် သူ့ခြေလက်များကိုချည်နှောင်ထား၏။ အလွန်ဆိုးရွားသောအနံ့အသက်များရှိသောနေရာဖြစ်၏။ စုထားသော ကျွတ်ကောင်များသည်သူ့သွေးများကိုစတင်စုပ်ယူတော့၏။ ဤကဲ့သို့ဒုက္ခဝေဒနာပြင်းထန်စွာခံစားရသည့်ကြား မှဆန္ဒာဆင်းသည်ဘုရားသခင်ထံဆုတောင်းခဲ့ပြီးချီးမွမ်းသီချင်းများကိုသီဆိုခဲ့၏။ အာဏာပိုင်များကရူးသွားပြီဟု ထင်ကာသူ့ကိုလွှတ်လိုက်၏။ ကျွတ်ကောင်များ၏သွေးစုပ်ခြင်ဒဏ်ကြောင့်သူအားနည်းသွားသော်လည်း မြို့ထဲ သို့ချက်ခြင်းသွားကာ စတင်တရားဟောခဲ့၏။


          ခပ်သိမ်းသောဒုက္ခဆင်းရဲခြင်းများကြားမှပင်“ကျွန်တော့်ကယ်တင်ရှင်အတွက်ဒုက္ခခံရတာကျွန်တော်ဝမ်း မိပါတယ်” ဟုဆန္ဒာဆင်းပြောခဲ့၏။ ဝမ်းမြောက်ခြင်းရဲ့လျှိုဝှက်ချက်ဟာဘာလဲ။“ကျွန်ုပ်တွေ့ကြုံရသောဒုက္ခဆင်း ရဲမှုများနှင့်ပျောက်ဆုံးဝိညာဉ်များအတွက်လုပ်ဆောင်မှုများကြား၌ခရစ်တော်၏လက်ဝါးကပ်တိုင်သည်ကျွနု်ပ်၏ နှစ်သိမ့်စရာအကြောင်း၊ မြှော်လင့်စရာအကြောင်း၊ ဝိညာဉ်ရေးရာအားသစ်လောင်းရာအကြောင်းဖြစ်၏။” ခရစ်တော်သည် ကျွနု်ပ်အတွက်ကောင်းကင်ဘုံကိုစွန့်လွှတ်ပြီးလက်ဝါးကပ်တိုင်၏ဝန်ထုပ်ကိုယူဆောင်ခဲ့လျှင် ကျွနု်ပ်သည် ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းကာကိုယ်တော့်အတွက်ပျောက်ဆုံးသောဝိညာဉ်များရရှိစေရန်လုပ် ဆောင်ခြင်းမှတပါးသာ၍ကြီးမြတ်သောအလုပ်မရှိတော့ပြီ”ဟုသူပြောခဲ့၏။ နီပေါပြည်၌ထောင်ချခံရသောအတွေ့ အကြုံကိုသူပြောရာ “ခရစ်တော်နှင့်အတူမျက်မှောက်တော်၌အတူရှိနေခြင်းကကျွန်ုပ်၏ထောင်ကိုမင်္ဂလာရှိသော ကောင်းကင်အဖြစ်သို့ပြောင်းလဲစေခဲ့၏” ဟုဝန်ခံခဲ့၏။


လောကကိုစိမ်ခေါ်ခြင်း

          မကြာမီအချိန်အတွင်းသူ၏ဒုက္ခဆင်းရဲခြင်းများနှင့်ထူးခြားသောအတွေ့အကြုံများနေရာအနှံ့ပြန့်နှံ့သွား ကာတစ်ကမ္ဘာလုံးရှိခရစ်ယာန်များကအိန္ဒိယပြည်၏တမန်တော်ကိုစတင်ဂရုစိုက်စိတ်ဝင်းစားခဲ့ကြ၏။ အိန္ဒိယ ပြည်အရပ်ရပ်မှခရစ်ယာန်များနှင့်ပြည်သူပြည်သားများကလူထုကြီးအားတရားဟောပြောရန်သူ့အားဖိတ်ခေါ် ခဲ့ကြ၏။သူသွားခဲ့လေရာရာတိုင်း၌ခရစ်ယာ်များအားမိမိအလိုဆန္ဒကိုငြင်းပယ်ကာလက်ဝါးကပ်တိုင်ထမ်း၍သခင် ခရစ်တော်နောက်လိုက်ကြရန်စိမ်ခေါ်ခဲ့၏။ သူ၏သာသနာပြုစိမ်ခေါ်ချက်များကမြောက်မြားစွာသောသူများအား ဆုတောင်းခြင်းနှင့်ဆက်ကပ်လုပ်ဆောင်ခြင်းပြုရန် နိုးဆော်နိုင်ခဲ့၏။သူသည်သီရိလင်္ကာနိုင်ငံ၊ မြန်မာပြည်၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့သာသနာခရီးပြုခဲ့၏။ အနောက်ဥရောပနိုင်ငံများနှင့် အင်္ဂလန် နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျနိုင်ငံများသို့လည်းသွားရောက်ခဲ့။


          သူသွားလေရာရာ၌ခရစ်တော်ကဲ့သို့သောအသက်တာဖြင့်ပုံသက်သေပြရာလူတို့ကအသိအမှတ်ပြုခဲ့ကြ ၏။အစည်းဝေးတစ်ခု၌ ဆန္ဒာဆင်းအားရည်ညွန်းလျက် သမီးငယ်လေးတစ်ဦးက“သူဟာခရစ်တော်လား”ဟူ၍ မေးမြန်းခဲ့ဖူး၏။ပျောက်ဆုံးဝိညာဉ်များကိုချစ်သောမေတ္တာနှင့်သန့်ရှင်းသောအသက်တာကြောင့်ဆန္ဒာဆင်းသည် အမှန်တကယ်သူ၏သခင်နှင့်တူခဲ့ခြင်းဖြစ်ပေသည်။



နောက်ဆုံးစကား

          (၁၉၂၉)ခု၊ ဧပြီလ (၁၈)ရက်နေ့တွင်“ကျွန်တော်တိဗက်ပြည်ဒီနေ့သွားတော့မယ်။ ဘေးအန္တရာယ်

နဲ့ခက်ခဲမှုများစွာရှိတဲ့ခရီးစဉ်ဖြစ်ပေမဲ့၊ ကျွန်တော့်တာဝန်ကိုကျေပြွန်ရန်ကျွန်တော်အကောင်းဆုံး လုပ်ဆောင်ရ မယ်”ဟူ၍မိတ်ဆွေတစ်ဦးထံစာရေးခဲ့၏။နေ့ရက်များစွာကြာညောင်းသွားပြီးသူပြန်လာသင့်သောအချိန်ဖြစ်သော်လည်းသူပြန်လာခြင်းမရှိချေ။ သူ့ထံမှသတင်းစကားတစ်ခုမျှမရခဲ့ချေ။


တိဗက်ပြည်၌မာတုရ(အာဇာနည်)အဖြစ် အသက်ဆုံးခဲ့ခြင်းဖြစ်သော်လည်းကောင်း၊တောင်တန်းများဖြတ်ကျော်စဉ်ချောက်ကမ်းပါးပေးပြုတ်ကျသေဆုံး ခြင်းသော်လည်းကောင်း၊ သူ့ကိုယ်ခန္ဓာကိုကျွဲသားရေအစိုဖြင့်ပတ်ကာနေပူထဲတွင်ထားပြီးသားရေတွန့်လိမ်ကာ အရိုးကြေမွစေသောနည်းဖြင့်အသတ်ခံရခြင်းသော်လည်းကောင်း ဖြစ်ခဲ့ပေမည်။  သူ၏နိဂုံးသည်မည်သို့ပင်ဖြစ် စေကာမူ၊ အိန္ဒိယပြည်၏တမန်တော်ဖြစ်သောဆာဒူးဆန္ဒာဆင်းသည်သူ၏ သရဖူကိုရရှိခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ် တို့ယုံကြည်စိတ်ချလျက်ရှိပေသည်။

         


Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?