လူ၊ သူတော်ကောင်းတရား နှင့် သမ္မာတရား

                  လူ ဆိုသည်မှာ လောကကို ထုဆစ်ကြာသူများဟုသာ အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။

ကမ္ဘာမြေပြင်ပေါ်တွင် သက်ရှိသတ္တဝါမြောက်များစွာ ရှိသော်လည်း လူသည် အခြားသော သက်ရှိများနှင့်ကွဲပြားစွာရပ်တည်နေပေသည်။ လူမှလွဲ၍ အခြားသောသက်ရှိသတ္တဝါများကို တိရစ္ဆာန် ဟုသာခေါ်ကြပေသည်။ အကြောင်းမှာ အခြားသောသက်ရှိများသည် အိပ်ခြင်း၊ စားခြင်း၊ ကာမမှီဝဲခြင်း ထိုသုံးခုကိုသာ သိသောကြောင့်ဆိုကြပေသည်။

ထိုသို့ဆိုလျှင် လူဆိုသော သက်ရှိသည် ထို အိပ်ခြင်း

၊ စားခြင်း၊ ကာမမှီဝဲခြင်း မရှိခြင်းမဟုတ်ပေ။

ထို ၃ ပါးလုံး လူတွင်ခံစားတတ်ပေသည်။ သို့သော် ကွဲပြားသည်မှာ ကောင်းမြတ်ခြင်း နှင့် ယုတ်ညံ့ခြင်းကို ခွဲခြားကာ လုပ်သင့် မလုပ်သင့် အပေါ်တွင် ခွဲခြားသုံးစွဲမှီဝဲတတ်ကြခြင်းကြောင့် လူသည်အခြားသော အာရုံခံတတ်သူများနှင့် ကွဲပြားသွားပေသည်။ 

မည်သည့် ဘာသာရေးကျမ်းများတွင်မဆို လူသားသည် အခွင့်ထူးခံရသူများအဖြစ်ပြဆိုပေသည်။

သို့ရာတွင် ထိုအခွင့်ထူးခံ လူသတ္တဝါများတွင်ပင် ဆင်းရဲ၊ ချမ်းသာ၊ မြင့်မြတ်၊ ယုတ်ညံ့ ကွဲပြးနေရသည်မှာ အဘယ်ကြောင့်ပေနည်း။ ရခဲလှသောလူ့ ဘဝတွင် လူသားတိုင်းတောင်းတကြသည်မှာ ချမ်းသာခြင်းဟု ဆိုပါက မှားနှိုင်မည်မထင်ပေ။ ထိုသို့ ချမ်းသာခြင်းကို ရှာဖွေကြသောကြောင့် ဘာသာတရားကို ရှာဖွေ ကိုးကွယ် အားထားကြပေတော့သည်။ လူသည် ဆင်းရဲသောမှ သူတော်ကောင်းဖြစ်ချင်ကြပေသည်။ သူတော်ကောင်းသူမြတ်လောင်းတို့၏ ကျင့်ဘွယ်ကို လိုက်လျောက်ကြပေတော့သည်။

သူတော်ကောင်းတရားဆိုသည်မှာ အဘယ်သို့နည်း....

၁။ သဒ္ဒါ – ကိုးကွယ်ယုံကြည်မှုရှိခြင်း၊

၂။ သီလ – ကိုယ်၊ နှုတ်၊ စိတ်နှလုံး စောင့်ထိန်းခြင်း၊

၃။ စာဂ – ပေးကန်းစွန့်ကြဲခြင်း၊

၄။ သုတ – အကြားအမြင် ဗဟုသုတများခြင်း၊

၅။ ပညာ – အမှန်ကိုသိခြင်း၊

၆။ ဟီရိ – မကောင်းမှုပြုရမှာကို ရှက်ခြင်း၊

၇။ သြတ္တပ – မကောင်းမှုပြုရမှာကို ကြောက်ရွံ့ခြင်း စသည်တို့မှာ 

သူတော်ကောင်းတရားများပင်ဖြစ်ပေသည်။

သမ္မာကျမ်း အပါအဝင် မည်သည့် ဘာသာရေးကျမ်းများမဆို 

သဒ္ဒါ – ကိုးကွယ်ယုံကြည်မှုရှိခြင်း၊ မှလွဲလျှင် အားလုံးသောဘာသာရေးကျမ်းများမှာ ထပ်တူပင်။

လောကတွင် အသက်ရှင်စဉ်တွင် ငြင်းခုန်နေကြသည်မှာလည်း ကိုးကွယ်မှုပင်ဖြစ်ပေသည်။

သက်ဝင်ယုံကြည်မှုသည် ငြင်းခုန်နေရမည်မဟုတ်ပေ။ 

မိမိတဦးချင်းစီ၏ ပညာ – အမှန်ကိုသိခြင်း၊ ပေါ်တွင်ရပ်တည်သင့်လှပေသည်။

ငြင်းခုန်နေသူများမှာ မိမိဥာဏ်ပညာမဲ့ခြင်းကိုသာမြင်တတ်ရန်လိုပေလိမ့်မည်။

မိမိကိုးကွယ်မှုသည် အမှန်ဖြစ်သည်ဆိုပါက မိမိကိုးကွယ်ရန်သာဖြစ်ပေသည်။ တိုက်ခိုက်ရန်မဟုတ်ပေ။ ဘာသာရေးသမားအများစု လွဲနေသည်မှာ မကောင်းမှုကိုပြုရန် ရှက်ခြင်း၊ ကြောင်ခြင်းမရှိကြပေ။ မကောင်မှုအနှစ်ချူပ်မှာ ကိုယ်ရည်သွေးခြင်းပင်ဖြစ်သည်။ သူတော်ကောင်းဖြစ်ကြောင်းပြလိုခြင်းပင်ဖြစ်ပေသည်။

သမ္မာကျမ်းက မည်သို့ဆိုသနည်း...

ယုံကြည်သူများပင်လျင် ထိုမကောင်းမှုတည်းဟုသော သူတပါးအပေါ်တွင် ကိုယ်၊ စိတ်၊ နှလုံး ၃ ပါးနှင့် ပြစ်မှားနေသည်မှာ စိတ်မကောင်းစရာ ဝမ်းနည်းဘွယ်ဖြစ်ပေသည်။ မိမိဝိညာဉ်ကိုစစ်ဆေးသင့်လှပေသည်။

ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ 

အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။

(ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄း ၈)

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄ တခုလုံးသည် မိမိစိတ်ဝိညာဉ်ကို စစ်ဆေးရန်ဖြစ်ပေသည်။ သေချာစွာဖတ်သင့်လှပေသည်။ အသက်ရှင်သော ဘုရားကို ကိုးကွယ်လျက်နှင့်ပင် ဆင်းရဲနေရခြင်းမှာ ထိုဘုရားမိမိအတွင်းနှလုံးသားတွင်မတည်ကြောင်း ထင်ရှားပေသည်။ မိမိအတွင်း၌ ထိုချစ်ခြင်းတရားတည်းဟူသော ဘုရားတည်နေပါက အောင်မြင်သော်လည်း ဝါကြွားနေလိမ့်မည်မဟုတ်ပေ။

ကျေးဇူးတော်ဟု ဆိုလျက်ပင် ဝါကြွားနေတတ်ခြင်းမှာ ရှက်စရာပင်ဖြစ်ပေသည်။

မခံချင်စိတ်၊ ဆုံးရှုံးခဲ့ဘူးကြောင်း ထင်ရှားစွာပြဆိုနေခြင်းပင်ဖြစ်သည်။ တည်မြဲသောအရာများမဟုတ်ပေ။ ပညာနည်းခြင်းကို မိမိကိုယ်အမူအရာ၊ နှုတ်အမူအရာ အပြောအဆို အားဖြင့်ပြနေကြခြင်းပင်ဖြစ်ပေသည်။

ရှက်ရမည့် အရာသည် ရှက်ရမည်သာဖြစ်သည်။ ကြောက်ရမည့် အရာသည် ကြောက်ရမည်သာ ဖြစ်ပေသည်။

ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည်ပညာ၏ အချုပ်အခြာဖြစ်၏။ 

လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို အထီမဲ့မြင်ပြုတတ်ကြ၏။

(သုတ္တံကျမ်း အခန်းကြီး ၁း ၇)

မိမိကိုးကွယ်ယုံကြည်မှုသည်သာ အမှန်ဆိုပါက သက်သေရှိရပေလိမ့်မည်။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ဆိုသောကြောင့် သူတပါးကို အမှန်တကယ် ချစ်နှိုင် သင့်လှပေသည်။ ပြိုင်ဆိုင်နေခြင်းမှာ ချစ်ခြင်းမေတ္တာမဟုတ်ပေ။ တိုက်ခိုက်နေခြင်းမှာ ချစ်ခြင်းမေတ္တာမဲ့ခြင်းကိုပြနေခြင်းသာဖြစ်ပေလိမ့်မည်။

လောကကိုထုဆစ်နေသူ လူသားတယောက်တိုင်းသည် မိမိရွေးချယ်မှုအမှန်ကို သိရန်လိုပေသည်။

လောကကို အလှဆင်နှိုင်သည်မှာ ချစ်ခြင်းမေတ္တာ မှ တပါးအခြားအရာမရှိပေ။

ထိုချစ်ခြင်းမေတ္တာသည်လည်း ဘုရားသခင်သာဖြစ်ပေသည်။

တစုံတယောက်သောသူက၊ ငါသည် ဘုရားသခင်ကို ချစ်၏ဟုဆိုလျက်ပင် 

မိမိညီအစ်ကိုကိုမုန်း လျှင်၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ 

မိမိမြင်ရသော မိမိညီအစ်ကိုကို မချစ်လျှင်၊ 

မမြင်သေးသော ဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။

(ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄း ၂၀)

ချစ်ခြင်းမေတ္တာ မှ တပါးအခြားအရာမရှိပါ။ ။

Alexandar Thek Tun

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?