နိူးထမှုသမိုင်း နှင့် ဝိညာဉ်လူဖြစ်ခြင်း
သေသေချာချာဖတ်စေခြင်ပါတယ် ။ ရိတ်သိမ်းပွဲရဲ့နောက်ဆုံးနိူးထမှုကိုသင်တို့အားဖြင့် ဖြစ်စေမှာကိုသိစေခြင်လို့ပါ ကမ္ဘာ လူဦးရေရဲ့ ၅၈ ရာခိုင်နှုံးရှိတဲ့ အာရှဒေသဟာ သခင်ဘုရားရဲ့ နောက်ဆုံးရွေးတဲ့နေရာဖြစ်ပါတယ်။ အသင်းတော်အမိုင်းရဲ့ အကြီးမားဆုံး နိူးထမှုအမှုကိုအာရှမှာဖြစ်စေလိမ့်မယ်။
ထိုရေကန်သည် နွား တစ်ဆယ့်နှစ်ကောင်ပေါ်တွင်တည်လျက်ရှိ၏ နွားတို့သည်အတွင်းသို့နောက်ခိုင်း၍ အရှေ့ အနောက် တောင် မြောက် အရပ် လေးမျက်နှာသို့ မျက်နှာမူလျှက် သုံးကောင်စီမျက်နှာပြုကြ၏။
( ၃ဓမ္မ ၇: ၂၅ )
ဆရာယုဒသန်၏မူ ဘာသာပြန်ရာတွင် အရပ် ၄ မျက်နှာကို မူရင်းအစဉ်တိုင်းမဟုတ်ပဲ မြန်မာမူ အသုံးအတိုင်းဘာသာပြန်ထားခြင်းကိုတွေ့ရပါတယ် မူရင်းတွင်ကား ဤ သို့မဟုတ်ပေ။
It stood upon twelve oxen, three looking toward north, and three looking toward the west, and the three looking toward the south, and the three looking toward the east: and the sea was set above upon them, and all their parts were inward.
( 1 Kings 7: 25 ) KJV
ဆရာ ယုဒသန်ရဲ့ ဘာသာပြန်မှုမှာ ရှောလမုန်ရဲ့ ဗိမာန်တော်မှာရှိတဲ့ ကြေးဝါကန်ကိုထမ်းထားတဲ့ နွား ၁၂ ကောင် နေရာအထား အသို ဘာသာပြန်ချက် နေရာလွဲနေတာကိုတွေ့ရတယ်
ဖြစ်ခဲ့တဲ့ သမိုင်းကိုပြန်ကြည့်တဲ့အခါ မှာ ကမ္ဘာ့နိူးထမှုဟာ နွားမျက်နှာမူရာ အ၇ပ်အတိုင်း
အစီအစဉ်အတိုင်းနိူးထမှု ဖြစ်ခဲ့တာဖြစ်တယ် ကြေးဝါကန်ထဲကရေဟာ သဘာဝရေမဟုတ်ဘူး
ဧဖက် ၅: ၂၇ အရ ကျနော်တို့ ကို သန့်ရှင်းစေဘို့ ဆေးကြောပေးတဲ့ နှုတ်ကပါတ်တော်ရေဖြစ်တယ်
နှုတ်ကပါတ်တော်ပြန့်ပွားခြင်းကြောင့် နိူးထမှုကိုဖြစ်စေခဲ့တာပဲဖြစ်တယ်
နိူးထမှုကမိုင်းကိုကြည့်ရင် ထိုနွားများ မျက်နှာမူရာ မူရင်းမှာရေးထားတဲ့အစဉ်အတိုင်း
ကြီးမားတဲ့ နိူးထမှုကိုတွေ့ရမှာဖြစ်တယ်
ယေရုရှလင်ဟာ ကမ္ဘာ မြေရဲ့အလယ်လောက်မှာရှိတာတွေ့ရတယ်
1,three looking toward north
မြောက်ဘက် အရပ်ကို တမန်တော်မှာ လေ့လာတဲ့အခါ ပထမဆုံးဧဝိဂေလိတရားသွားတယ်
ရှမာရိ ဆီးရီးယား တူရကီ ကိုဖြတ်ပြီး ဥရောပတခွင်ကိုရောက်သွားပါတယ်
AD ၁၁၀၀ လောက်မှာ ဥရောပတခွင်လုံး ခရစ်ယာန်သာသနုာပြန့်နေပါပြီ
ဒါဟာ မူရင်းကျမ်းစာရဲ့ ပထမ နွား ၃ ကောင်ရဲ့ မျက်နှာမူရာအရပ်ဖြစ်နေတယ်
2. and three looking toward the west,
ဒုတိယ နွား ၃ ကောင်မျက်နှာမူရာ အနောက်ကမ္ဘာခြမ်း ဖြစ်တဲ့ အမေရိကားတိုက်ကို
၁၄၉၂ မှာ စပိန်နိူင်ငံသား ကိုလံဘတ် အားဖြင့် သာသနာစရောက်ပြီး နှစ်အနည်းအတွင်း
ကိုလံဘတ်ကလုပ်တာတော့ မဟုတ်ဘူး ကိုလံဘတ်နဲ့ ညှင်းပန်းခံ ခရစ်ယာန်တွေပါသွားပြီး
သူတို့အားဖြင့် အသက်ဖြစ်တဲ့နှုတ်ကပါတ်တော်ကြောင့်
ဘုန်းတော်ထင်းရှားတဲ့ နိူးထမှုကို တွေ့ရတယ်
3. and three looking toward the south
တတိယ နွား ၃ ကောင် မျက်နှာမူ၇ာ တောင်အရပ်ကိုတော့ အာဖရိကတိုက် လူမဲတွေကြားမှာ ၁၈၀၀ ပြည့်နှစ်လောက်ကစပြီး
ခရစ်တော်ရဲ့ ဧဝံဂေလိ ကယ်တင်ခြင်းကို ယုံကြည်သက်ဝင်လက်ခံလာတာ ခုထိတွေ့မြင်နေရတုန်းပါပဲ ခုချိန်ထိလဲ သာသနာပြုပေါင်းများစွာ ပေးဆပ်ခြင်းနဲ့ သွားနေကြတယ် သမိုင်းအရတော့ David Livingston, Mary Slessor, C T Studd နဲ့
ထောင်ချီတဲ့ သာသနာပြုတွေစခဲ့ကြတာကြောင့်လိုမှတ်သားဘူးတယ်
4. and three looking toward the east:
စတုတ္ထ နွား မျက်နှာမူရာ အရှေ့ကမ္ဘာခြမ်းကို လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်လောက်က
စတင်ရောက်လာရောက်လာပြီး နိူးထမှုဟာ မြင်သာနေပြီ အကြီးဆုံးအသင်းတော်
အာရှမှာရှိတယ် ဖွင့်ပြချက်အသစ်တွေ အာရှကအမှုဆောင်တွေအားဖြင့်ကြားနေရပြီ
နွား ၃ ကောင်ဆီရဲ့ မျက်နှာမူရာတွေမှာ and ဆိုတာပါတယ် ပြီးနောက်ဆိုတဲ့သဘောပါ
ဒီတော့ နောက်ဆုံးနိူးထမှုမှာ အရင် ၃ နေရာမှာမပါခဲ့တဲ့ မြန်မာဝိညာဉ်လူတွေပါစေချင်တယ်
ဝိညာဉ်လူဖြစ်ဘို့ ကြိုးစားစေချင်ပါတယ် တချို့ကတော့ ကြိုးစားလို့မရဘူးလို့ထင်တဲ့သူလဲရှိတယ်
ကျေးဇူးတော်ရဲ့ ပထမပိုင်းချေဖျက်ပေးခြင်းလိုပဲ တည်ဆောက်ပေးခြင်းကျေးဇူးတော်ကို
အလိုလိုဖြစ်လာမယ်လို့ စိတ်ကူးယဉ်ဆန်ဆန်ကိုးကွယ်နေသူတွေလဲရှိတယ်
ကျွဲခြေရာခွက်လောက်ထဲမှာနေရင်တော့ ကူးစရာမလိုဘူး ကမ္ဘာအဆင့်သွားရင်တော့လိုမယ်
ပေါလုက တော့ ဒီလိုပြောတယ်
ငါသည်အခြားသောတမန်တော်တို့ထက်သာ၍ကြီုးစားတယ်
လို့ ပြောတယ်
နိူးထမှုသမိုင်းကို အဓိကပြောခြင်တာတော့ မဟုတ်ဘူး ခေါင်းစဉ်မှာပါတဲ့ ဝိညာဉ်လူဖြစ်စေခြင်တာပါ...
( သင်ထားတာကိုပြောတာမဟုတ်ဘူး ကိုယ်တိုင်ဖြတ်ခဲ့တာကို ပြောခြင်းဖြစ်တယ်)
လူတယောက်မှာ ကိုယ်စီနိူးထမှုဖြစ်ဘို့ ဆိုတာလဲ ဘုရားက ကမ္ဘာမျက်နှာနဲ့ပဲပြောတာမြင်ပါ
လူတယောက်ရဲ့ မြောက်အရပ်ဟာ ဦးခေါင်းပဲဖြစ်တယ်
ဦးခေါင်းမှာပါတဲ့ မျက်စေ့ကနေ နားကနေ အတွင်းထဲက ဦးနှောက်ကို နှုတ်ကပါတ်တော်သွင်းပါ
ဖတ်ပါ နားထောင်ပါ လေ့လာပါ မှတ်သားပါ
စွဲမြဲနားလည်သဘောပေါက်လာတဲ့အခါ နောက်ကြောင်းအေးပါလိမ့်မယ် ဧဝံဂေလိဝတ်စုံမှာ နောက်ကျော အကာမပါဘူးဆိုတာသတိရပါ အထက်မမှာ English ကျမ်းမှာ နွားတွေရဲ့ နောက်ပိုင်းကိုနှုတ်ကပါတ်တော် ရေရဲ့ အောင်မှာ ထားတာသတိထားမြင်စေချင်ပါတယ်
နောက်ကျောလုံဘို့ဆိုတာ နှုတ်ကပါတ်တော်တည်းဟူသော အသက်ဖြစ်စိတ်ချထားဘို့ပါပဲ
အသက်ဖြစ်တဲ့ နှုတ်ကပါတ်တော်ထွက်ဘို့ဆိုတာ အရိုးမရှိတဲ့ လျာကိုပဲသုံးဘို့မဟုတ်ဘူး
နေရာမထ face-book ထဲကနေပြောနေဘို့ အော်နေဘိုလောက်မဟုတ်ဘူး
သင်ဘယ်လောက်သိတယ်ဆိုတာထက်
သင်ဘယ်လောက်အသက်ဖြစ်လာတယ်ဆိုတာ
လူရဲ့တောင်ပိုင်းအရပ်ဖြစ်တဲ့ သင့်ခြေလှမ်းလှုပ်ရှားမှုက ပိုအရာရောက်တယ်
အသက်ဖြစ်တဲ့ လူဟာ အသက်တရားနှုတ်ကပါတ်တော်ကို လူရှေ့ အရောက်မသွားပဲ
ပြောနေသမျှ သင့်အသက်ဟာ အသေပဲ အသေကပြောတဲ့စကားဟာ အပုတ်ပဲထွက်မယ်
ဒေါသပါတဲ့စာ နှိုင်လိုမင်းထက်စကားပဲထွက်မယ်
အရှေ့ဘက်က ရင်မအေးချမ်းနှိုင်ဘူး
ဘာသာရေးအနှိုင်လိုမှု ကျမ်းစာသိခြင်းငြင်းခုန်မှုတိုင်းဟာ အသက်နှုတ်ကပါတ်တော်မဟုတ်ဘူး ဒုတိယမွေးဖွားခြင်းဆိုတာ ချစ်ခြင်းအသက်ဖြစ်တာပါ
နှုတ်ကပါတော်အသက်ဖြစ်ခြင်းဆိုတာ ရင်ထဲကလာတဲ့ ချစ်ခြင်းတရားသာဖြစ်တယ်
ချစ်ခြင်းကြောင့်အသေခံခြင်း အပြစ်တရားကိုမြုပ်နှံလိုက်ခြင်း အသက်ရဲ့ရှင်ပြန်ထမြောက်ခြင်း
ဒီအရာအားလုံးဟာ ဝိညာဉ်တော်အားဖြင့်သာဖြစ်တယ် သင့်သိခြင်းကြောင့်မဟုတ်ဘူး
ကြားဘူးတာ ဖတ်ဘူးတာ အသက်ဖြစ်ခြင်းမဟုတ်ဘူး အသိဖြစ်ခြင်းပါ
အသက်ဖြစ်ဘို့ ဝိညာဉ်လူဖြစ်ဘို့ ဆိုရင်
၁. ဦးခေါင်းက မျက်စေ့ နား ကနေ နှုတ်ကပါတ်တော်ကို လေးနက်စွာ ဖတ်ရှုနားထောင်ခြင်း
၂. ထိုနှုတ်ကပါတ်တော်ကို ဘဝနောက်ရေးအေးချမ်းလုံခြုံ မှုခံစားရတဲ့ထိဖြစ်စေပါ
၃. ခန္ဒာ ကိုယ်ကိုသုံးပြီး လူတွေကိုတည်ဆောက်စရာဖြစ်စေပါ ပြောပါ ကူညီပါ
၄. ရင်ထဲကလာတဲ့ ချစ်ခြင်းနဲ့ ချစ်ခြင်းအရှင် ခရစ်တော်နဲ့ မိတ်ဆက်ပေးပါ
ကမ္ဘာ လူဦးရေရဲ့ ၅၈ ရာခိုင်နှုံးရှိတဲ့ အာရှဒေသတာ သခင်ဘုရားရဲ့ နောက်ဆုံးရွေးတဲ့နေရာဖြစ်ပါတယ် အသင်းတော်အမိုင်းရဲ့ ကြီးမားတဲ့ အမှုကိုအာရှမှာဖြစ်မယ်
ဘာကြောင့်လဲဆိုတော့ မသဲ ၁၉: ၃၀ နဲ့ ၂၀: ၁၆ မှာ အတိအကျပြောထားလို့ပဲ
နောက်ကျပေမဲ့ အရင်ကျဘို့ဆိုရင် ဝိညာဉ်လူတွေလိုမှာမို့ပဲ
( ဝိညာဉ်လူဆိုတာ ခန္ဒာတပ်မက်ခြင်းကိုသတိမထားမိတော့ဘူး
ဘုရားကတော့ အဲဒီလူလိုအပ်ချက်ကို အမြဲသတိထားပြည့်ပေးလိမ့်မယ် )
ဘုန်းတော်ထင်ရှားပြီး ပြည့်စုံကြွယ်ဝတဲ့ ဝိညာဉ်လူ စစ်စစ် များဖြစ်ကြပါစေ
Alex
Comments
Post a Comment