ကယ်တင်ခြင်းမရအောင် စာတန်ကွယ်ထား
ကယ်တင်ခြင်းအလင်းကို မမြင်နိုင်အောင် စာတန် ဘယ်လိုလုပ်ဆောင်နေသလဲ?လူတော်တော်များများဟာ လောကပညာတွေကို တတ်မြောက်ကြပေမယ့်၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းသတင်းစကား (ဧဝံဂေလိတရား) ကို ကြားတဲ့အခါမှာတော့ နားမလည်နိုင်ဖြစ်နေကြပါတယ်။ ဒါဟာ သူတို့ "ညံ့" လို့ မဟုတ်ပါဘူး။ ဝိညာဉ်ရေးရာအရ "မျက်စိကွယ်စေခြင်း" ခံထား
ရလို့ ဖြစ်ပါတယ်။သမ္မာကျမ်းစာ (၂ ကော ၄:၄) မှာ စာတန်ရဲ့ လုပ်ရပ်ကို အတိအကျ ဖော်ပြထားပါတယ်။
"လောက၏ဘုရား (စာတန်) သည် မယုံကြည်သောသူတို့၏ စိတ်နှလုံးကို ကွယ်စေ၏။"
စာတန်သည်
လူတွေကို ဘုရားကျောင်းမတက်အောင် တားချင်မှတားပါလိမ့်မယ်။ ဒါပေမဲ့ "ခရစ်တော်၏
ကယ်တင်ခြင်းသတင်း" ကိုတော့ လုံးဝ (လုံးဝ) နားမလည်၊ မသိမြင်စေချင်ပါဘူး။ ဒီအတွက် သူဘယ်လို
နည်းလမ်းတွေ သုံးပြီး လူတွေရဲ့ မျက်စိကို ကွယ်စေသလဲ?
၁။ "ကောင်းမှုကုသိုလ်" ဟူသော ကုလားကာဖြင့် ဖုံးအုပ်ခြင်း
စာတန်၏
အကြီးမားဆုံး လှည့်ကွက်မှာ "ကောင်းတာလုပ်ရင် ကောင်းကင်ရောက်မယ်" ဆိုတဲ့
အတွေးအခေါ်ပါပဲ။ လူတွေကို ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ထင်မှတ်စေပြီး၊
"ငါ့မှာ အပြစ်မရှိဘူး၊ ဒါကြောင့် ကယ်တင်ရှင် ယေရှုကို မလိုဘူး" လို့
တွေးမိအောင် လှည့်စားထားပါတယ်။ ကိုယ့်အစွမ်းအစကို ကိုးစားနေသမျှ ကာလပတ်လုံး
ယေရှုရဲ့ ကျေးဇူးတော်အလင်းကို မမြင်နိုင်တော့ပါဘူး။
၂။ လောကစည်းစိမ်နှင့် အာရုံလွှဲထားခြင်း
"ဤလောက၏
ဘုရား" ဖြစ်တဲ့အတွက် စာတန်ဟာ ငွေကြေး၊ ရာထူး၊ ဂုဏ်ဒြပ်၊ ပျော်ပါးမှုတွေနဲ့
လူတွေရဲ့ မျက်စိကို ကန်းသွားအောင်
လုပ်ထားပါတယ်။ လူတွေဟာ လက်ရှိဘဝ အဆင်ပြေရေးကိုပဲ အာရုံစိုက်လွန်းနေတာကြောင့် ကယ်တင်ခြင်း၊
အပြစ်လွှတ်ခြင်း၊ ထာဝရအသက် အကြောင်း စဉ်းစားဖို့
အချိန်မရှိ၊ စိတ်မဝင်စားနိုင်အောင် ဖြစ်နေကြရပါတယ်။
၃။ သမ္မာတရားကို "မိုက်မဲသောအရာ" ကဲ့သို့ ထင်မှတ်စေခြင်း
စာတန်က လူတွေရဲ့ ဉာဏ် (Mind) ကို လှည့်စားပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းလမ်းစဉ်ကို ယုတ္တိမရှိဘူးလို့ ထင်အောင် လုပ်ဆောင်ပါတယ်။ "ခရစ်တော် အသေခံတာနဲ့ ငါလွတ်မြောက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား" ဆိုတဲ့ သံသယမျိုးစေ့ကို ထည့်ပေးပြီး ဧဝံဂေလိတရားကို လက်မခံနိုင်အောင် တားဆီးပါတယ်။
မိတ်ဆွေ...
လူတစ်ယောက် ကယ်တင်ခြင်းမရသေးဘူးဆိုတာ အလင်းရောင် မရှိလို့ မဟုတ်ပါဘူး။ နေမင်းကြီး
(ခရစ်တော်) က ထွန်းလင်းနေပေမယ့် စာတန်က သူတို့ရဲ့ မျက်စိကို ပိတ်ထားလို့
မမြင်ရခြင်း ဖြစ်ပါတယ်။
ဧဝံဂေလိတရားသည်သာ
စာတန်၏ အမိုက်မှောင်ကို ခွင်းနိုင်သော တန်ခိုးဖြစ်ပါသည်။
မေတ္တာဖြင့်
John Kay
Comments
Post a Comment