စိုးရိမ်မှု နောက်ကွယ်မှ အားပေးသံ
၁။ အာဗြဟံ သေဆုံးသောအခါ၊ သားဣဇက် သည် ဂေရာချိုင့်၌ တဲဆောက်ပြီး နေလေ၏။
ဂေရာ အမျိုးသား
နွားကျောင်းသားတို့ကလည်း၊ ဤရေသည် ငါတို့ ရေဖြစ်သည်ဟု
ဣဇက်ကို
နွားကျောင်းသားတို့၏ လုယက်ပြောဆိုကြ၏။ နောက်တဖန် အခြားသော
ရေတွင်းကို တူးပြန်၏။ ထိုရေတွင်း
သည်လည်း ထပ်မံ ၍ လုယက်ခြင်းကို ခံရလေ၏။ထို့ကြောင့် ဣဇက်
သည် ထိုအရပ်မှ ဗေရရှေဘ အရပ်သို့ ပြောင်းလေ၏။
ချစ်သောမိတ်ဆွေ ဣဇက်သည် ဖခင်သေဆုံး ပြီး
အားငယ်နေချိန်၌ ယခုကဲ့သို့
သူတစ်ပါးတို့
အနိုင် ကျင့်ခြင်း၊ လုယက်ခြင်းကိုခံရသောအခါ၊ စိုးရိမ်ပူပန်
မိလေ၏။
ထို့ကြောင့် ထာဝရဘုရားသည် ထင်ရှား၏ ငါသည် သင့်အဘ အာဗြဟံ၏
ဘုရားဖြစ်၏။
မစိုး ရိမ်နှင့် ငါသည် သင်ဘက်မှာရှိ၏။ ငါသည် ကောင်း
ကြီးပေးမည်။
သင့်အမျိုးအနွယ်ကို များပြားစေမည် ဟု မိန့်တော်မူ၏။ (က၊
၂၆း၂၀-၄)
ချစ်သော မိတ်ဆွေ သင်သည်လည်း မိဘနှစ် ပါး
သေဆုံးပြီးသည့်နောက်၊
အမွေကိစ္စအတွက်
စိတ်ပူ နေပါသလား။ ဆွေမျိုးသားချင်းများ၊ ညီအစ်ကို
မောင်နှမများနှင့်
အမွေလုယက်ခြင်း၊ တရားစွဲဆိုခြင်း များ ခံနေရပါသလား၊
ထိုအမှုကိစ္စအတွက်
စိုးရိမ်နေရ ပါသလား။ ဘုရားသခင်က ဣဇက်ကို ကတိပေးခဲ့ သော
စကားကို
နှလုံးသွင်းပါ။ မစိုးရိမ်နှင့် ငါသည် သင်ဘက်မှာရှိ၏။ ငါသည်
ကောင်းကြီးပေးမည်။
၂။ ဧလိယလက်ထက် ဣသရေလ တစ်တိုင်းတစ် ပြည်လုံး၌
မိုးခေါင်ပြီး
စားစရာခေါင်းပါးနေချိန်တွင်
ဘုရားသခင်သည် ဧလိယကို ဇိဒုန်ပြည်၊ ဇရတ္တမြို့၌
နေသော
မုဆိုးမတစ်ယောက်ထံသို့ စေလွှတ်ခဲ့လေ သည်။
အကြောင်းမှာ ဘုရားသခင်သည်
ထိုမုဆိုးမ
အားဖြင့် ဧလိယကို ကျွေးမွေးဖို့ရန် မှာထားသော ကြောင့်ဖြစ်သည်။
သို့သော်
မုဆိုးမ၏ လက်ရှိအခြေ အနေကို ကြည့်ပါ။ မုန့်ပြားတစ်ပြားမျှမရှိ၊
အိုးထဲ၌ လည်း
မုန့်ညှက် လက်တစ်ဆုပ်၊ ဘူး၌လည်း ဆီအ နည်းငယ်သာရှိ၏။
]]ကျွန်မနှင့်
သားငယ်အတွက် မုန့် ဖတ်၍ စားလိုသော်ငှာゞင်း၊ စားပြီးမှ သေလို
သောငှာゞင်း၊ ထင်းစနှစ်ခုကို
ခွေပါ၏}} ဟု ဧလိယ အား
မုဆိုးမက ပြောလေ၏။
(၃ရာ၊၁ရး၁၀-၁၂)
ထိုအချိန်တွင် ဘုရားသခင်၏ ပရောက်ဖက်မှ
ပထမဦးဆုံး ပြောလိုက်သောစကားမှာ
]]မစိုးရိမ်နှင့်၊
သင်ဆိုသည့်အတိုင်း သွား၍ပြုလော့၊ သို့ရာတွင် ငါ့ အဖို့
မုန့်ပြားငယ်
တစ်ပြားကို အရင်လုပ်၍ ယူခဲ့ လော့။ နောက်မှ သင်နှင့်
သင်၏သားငယ် အဖို့
လုပ် လော့။ ထာဝရဘုရားမိန့်တော်မူသည်ကား မြေပေါ်မှ
မိုးရွားစေတော်မမူသည်တိုင်အောင်
အိုး၌ ရှိသော မုန့်ညှက် သည်လည်းမကုန်၊
ဘူးÛ၌ရှိသော ဆီသည် လည်း
မလျော့စေရ}}ဟု
မိန့်တော်မူကြောင်းကို ဆင့်ဆိုလေ၏။
(၃ရာ၊ ၁ရး၁၃-၁၄)
ချစ်သော မိတ်ဆွေသင်သည်လည်း ဆန်၊ ဆီ၊ ဆေး၊
ဆား၊ ငရုတ်၊ ကြက်သွန်
ကုန်ခန်းနေမှုအတွက် စိုးရိမ်နေပါသလား၊ ကုန်ဈေးနှုန်း
မြင့်တက်နေမှုကို
ကြည့်၍
စိတ်ပူပန်နေပါသလား။ ဘုရားသခင်၏ ကတိတော်ရှိပါသည်။ မစိုးရိမ်နှင့်၊
ဘုရားသခင်၏
နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာ ပါ။
နောက်မှ
လိုအပ်သော စား၊ ဝတ်၊ နေရေးကို ဘုရားသခင် မစတော်မူလိမ့်မည်။ (မ၊
၆း၃၃)
မုဆိုမအနေဖြင့် သူနှင့် သားငယ်မစား မ
သောက်မီ ဘုရားသခင်၏ လူဖြစ်သော
ဧလိယကို
ဦးစားပေး၍ အရင်ဆုံး ကျွေးမွေးခဲ့သည့်အတွက် မိုး ခေါင်နေ
သည့်ကာလပတ်လုံး
လောက်ငှစွာစားရလေ သည်။ ထို့အတူ မိတ်ဆွေသည်လည်း ခဲယဉ်းသည့်
ကာလတွင်
ဝလင်စွာစားသောက်နိုင်သည့် တစ်ခု တည်းသော နည်းလမ်းမှာ
ဘုရားသခင်ကို
ဦးထိပ်ထား ခြင်း၊ ဘုရားသခင်၏ လူများကို ကျွေးမွေးခြင်းသာ
ဖြစ်ကြောင်း
အသိပေးဝေငှလိုပါသည်။
၃။ တစ်ခါက ပရောဖက် ဧလိရှဲလက်ထက်တွင်
ရှုရိလူတို့သည် ရှမာရိမြို့ကို
ဝိုင်းထားလေသည်။
နံနက်စောစော၌ ဧလိရှဲ၏။ ကျွန်သည် ထ၍ အပြင်သို့
ထွက်သွားသောအခါ
မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ စစ်သည်တို့နှင့်
ဗိုလ်ခြေတို့သည်
မြို့ကို ဝိုင်းလျက်ရှိ သည်ဖြစ်၍ အိုသခင်၊ အဘယ်သို့
ပြုရမည်နည်းဟု ဧလိရှဲအား ဆိုသောအခါ
ဧလိရှဲဖြေသောစကားမှာ
မစိုးရိမ်နှင့်
ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ ဘက်၌နေသော
သူတို့ထက်သာ၍
များ ပြားကြသည် ဟုဆိုလျက် ဧလိရှဲကျွန်သည် မြင်နိုင် မည့်
အကြောင်း
မျက်စိကို ဖွင့်တော်မူပါဟု ဧလိရှဲ ဆုတောင်းသည့်အတိုင်း
ဘုရားသခင်သည် ထို
လုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့် ဧလိရှဲ
ပတ်လည်၌ရှိသော
တောင်တစ်ခုလုံးသည် မီးမြင်း၊ မီးရထားနှင့်
ပြည့်နှက်နေသည်ကို
မြင်လေ၏ (၄ရာ၊ ၆း၁၄-၁၇)
ချစ်သော မိတ်ဆွေ၊ တစ်ခါတစ်ရံသင်သည် လည်း
အဖော်မရှိ အထီးကျန်ဆန်လျှက်၊
စိုးရိမ်ဝမ်း
နည်းနေပါသလား။ ရှုရိရန်သူကဲ့သို့သော် အခက်အခဲ၊
ပြဿနာဒုက္ခများက
မိတ်ဆွေပတ်ပတ်လည်၌ ဝိုင်း ထားခြင်းကို ခံနေရပါသလား။
စာတန်လူတို့၏
တိုက် လှန်ခြင်း၊ ကဲ့ရဲ့ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းကို
ခံနေ ရပါသလား၊
မိတ်ဆွေ၏ စိုးရိမ်မှု နောက်ကွယ်မှ ဘုရား သခင်၏ အားပေးသံကို
နားထောင်ပါ။ မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိသော သူသည်
လောကဘက်၌ရှိသော
သူတို့ထက်
ကြီးတော်မူ၏။ (၁ယော၊ ၄း၄)
ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်
အဘယ်သူသည် ငါတို့တဘက်၌
နေနိုင်မည်နည်း။
(ရောမ၊ ၈း၁၃)
]]မစိုးရိမ်နှင့်။ ငါသည်
သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏
ဘုရားသခင်သည်
ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့၏
သစ္စာလကျာ်လက်ဖြင့်
ထောက်ပင့်မည်}} (ဟေရှာယ၊ ၄၁း၁၀)
၄။ တစ်ခါက ဣသရေလလူမျိုးတို့သည် ရန်သူ
လက်ထဲကျရောက်ပြီး
အခြားတိုင်းတပါးသို့
ဖမ်းသွား ခြင်းကို ခံရသောအခါ၊ ပရောက်ဖက်ကြီး ဟေရှာယ
အားဖြင့်
ဘုရားသခင်အားပေးသော ကတိတော် စကား မှာ-
]]မစိုးရိမ်နှင့်။ သင့်ကို
ငါရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။
သင့်ကိုငါဆိုင်၏။
သင်သည် ရေကို လျှောက် သွားသောအခါ သင်နှင့် အတူ ငါရှိ၏။
မြစ်တို့ကို
ရှောက်သွားသောအခါ မနစ်မွန်းရ။ မီးကို ချည်းနင်းသောအခါ၌လည်း
မလောင်ရ၊ မီးလျှံ
လည်း မညှိရ၊ အကြောင်းမူကား ငါသည် သင်၏
ဘုရားသခင်
ထာဝရဘုရား ဖြစ်၏}}
ချစ်သောမိတ်ဆွေ၊ သင်သည်လည်း တိုင်းပြည်
တာဝန်ထမ်းဆောင်ရင်း
ရှေ့တန်းစစ်မျက်နှာ
တစ်နေ ရာရာ သို့ရောက်နေပါသလား။ ရန်သူတို့၏ ထောက်
ချောက်ဆင်ထားသော
အန္တရာယ်များ၊ ရေစီးသန်သော မြစ်ချောင်းများ၊ ရေစီးသန်သော
မြစ်ချောင်းများ၊
ထူထပ်သော တောနက်မျက်မဲကြီးထဲသို့ ရောက်နေပါ သလား။
ဤသို့သော
ပတ်ဝန်းကျင်အခြေအနေကြောင့် စိုးရိမ်နေပါသလား၊ အထက်ပါဘုရားသခင်၏
အားပေးစကားကို
နှလုံးသွင်းပါ။
]]ငါသည် သင်၏
ဘုရားသခင်ဖြစ်၏။ သင်တို့ ဆံပင်သည်လည်း
အကုန်အစင်ရည်ထွက်လျက်ရှိ၏။}}
(မဿဲ၊ ၁ဝး၃၀) ]]သင်၏
ခြေရာရှိသမျှကို ရေတွက်
တော်မူသည်မဟုတ်လော}}။ (ယောဘ၊ ၃၁း၄) ]]အား ယူ၍
ရဲရင့်ခြင်းရှိကြလော့။
မစိုးရိမ်ကြနှင့်။
သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရား
သခင်ဖြစ်၍
သင်တို့နှင့်အတူ ကိုယ်တိုင်ြွကတော်မူ မည်။ သင်တို့ကို
စွန့်တော်မမူ၊
ပစ်ထားတော်မမူ}} (တရား၊ ၃၁း၆)
ချစ်သောမိတ်ဆွေ စိုးရိမ်ခြင်းအားဖြင့်
မိမိ အသက်တာကို တတောင်ခန့်မျှ
မတိုးပွားစေနိုင်ပါ။
ထို့ ကြောင့် ဘုရားသခင်က မစိုးရိမ်နှင့်ဟူ၍ အထပ်ထပ်
သတိပေးနေခြင်းဖြစ်လေသည်။
သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်
]]သင်တို့၌
စိုးရိမ်ခြင်း အမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့ဟူ၍
တမန် တော် ပေတရုက
လည်း မိန့်မှာခဲ့လေသည်}} (၁ပေ၊ ၅းရ)
စိုးရိမ်ခြင်းသည်
ထမ်းရွက်ရသော
ဝန်ထုပ်၊ ဝန်ပိုးကဲ့သို့ လေးလံလျက်ရှိသည်။ ထို့ကြောင့်
ဘုရား သခင်
ထံတော်ရှေ့တွင်ချထားရန် ဘုရားသခင်က ချစ်သော မိတ်ဆွေတို့အား
တိုက်တွန်းနေခြင်း
ဖြစ်လေ သည်။ ]]ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌
ချထားလော့။
သင့်ကိုမစတော်မူမည်}} (ဆာ၊ ၅၅း၂၂)
ငါ့အပေါ်သို့ လက်တော်ကိုတင်လျက် ကြောက်
ရွံ့ခြင်းမရှိနှင့်။ ငါသည်
အဦးဆုံးသောသူ၊
နောက်ဆုံး သောဖြစ်၏။ အသက်ရှင်သောသူလည်း ဖြစ်၏။
ကမ္ဘာအဆက်ဆက်
အသက်နှင့်ပြည်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း အစိုးရ၏။
(ဗျာ၊ ၁း၁၇-၁၈)
ချစ်သော မိတ်ဆွေ စိုးရိမ်မှုနောက်ကွယ်မှ
ဘု ရားရှင်၏
အားပေးစကားများအားဖြင့်
ငြိမ်သက်ခြင်း များ ခံစားနိုင်ကြပါစေ။
ခရစ်တော်၏ နာမတော်မြတ်၌
(ခေကြိုင်း)
Comments
Post a Comment