ရယူခြင်းနှင့် ဆုံးရှုံးခြင်း
ချစ်သော ဓမ္မမိတ်ဆွေ၊ မင်္ဂလာပါလို့တောင် နှုတ်ခွန်းဆက်ဘို့ ခက်ခဲနေသော
ယခုကာလမှာ အခု Aလိုဆောင်းပါးရေးခွင့်ပေးတော်မူသော
ဘုရားသခင်၏
ကျေးဇူးတော်ကို
ရှေးဦးစွာ ချီးမွမ်းပါရစေ။
ကျွန်တော်ဟာ ယုံကြည်သူများ တောင်းဆိုမှု
ကြောင့် မလေးရှားနိုင်ငံမှာ
တစ်နှစ်ပတ်လုံး မှာ သွားရောက်ခဲ့ပါတယ်။ ယခု
ဘုရားသခင်ပို့ဆောင်လို့ ကျန်းမာစွာ ပြန်လည်
ရောက်ရှိခဲ့ပါသည်။တစ်နှစ်တာအတွင်း
ကြုံတွေ့ခဲ့တာ ကတော့
ပြောမကုန်နိုင်အောင်ဘဲများပြားခဲ့ပါသည်။
မိတ်ဆွေရဲ့ ပတ်ဝန်းကျင်ကို
တစေ့လောက် ဝှေ့ရမ်းပြီး ခဏကြည့်စမ်းပါ။
စစ်တိုက်နေတာ ၊
ရန် ဖြစ်နေတာတွေကို တွေ့ရမယ်။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့
ထင်ပါသလဲ။
ရှင်ယာကုပ်ကတော့ ဒီလို အဖြေပေးပါတယ်။ ]]သင်တို့ အင်္ဂါများ၌
စစ်ပြိုင်သော
ကိလေသာကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။ သင်တို့သည်
တပ်မက်၍မရကြ။
လူ့အသက်ကို သတ် ၍လည်းကောင်း၊ အလွန်လိုချင်သော လောဘစိတ် ရှိ၍
လည်းကောင်း၊
အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ ခြင်း
စစ်တိုက်ခြင်းကိုလည်းပြု၍
မခံရကြ}} (ယာကုပ် ၄း၂၀)။
မိမိတပ်မက်သော
စိတ်ဆွဲငင်
ဖြားယောင်း ခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်
ခြင်းသို့
ရောက်တတ်၏။ တပ်မက်သော စိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကို
ဘွားတတ်၏။
ဒုစရိုက် သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဘွားတတ်၏။ (ယာကုပ်
၁း၁၅)လို့
ပြောထားပါတယ်။
ဒီနေရာမှာ တရုတ်ပုံပြင်ထဲက ဒင်္ဒကဘညေဓ
ပိုးကောင်အကြောင်း ဝေငှချင်ပါတယ်။
ဒီပိုးကောင်ကို
တရုတ်လို င်္ကဘညေ လို့ ခေါ်ပါတယ်။ င်္ကဘညေ ပိုးကောင် ဟာ
တွားသွားချိန်မှာ
တွေ့သမျှအရာအားလုံး သူ့ ကျောပေါ်ပစ်တင်ရတာကို နှစ်သက်တဲ့
ပိုးကောင်
ဖြစ်ပါတယ်။ စားလို့ကောင်းမှန်းမသိ၊ စားလို့ မရ မှန်းမသိ၊
လမ်းပေါ်တွေ့သမျှ
အရာတွေကို သူ့ကျော ပေါ်ကောက်တင်တတ်လို့ င်္ကဘညေ ဟာ
ပစ္စည်းတွေပိပြီး
ရှေ့ဆက်ဖို့ခြေလှမ်းတွေ နှေးကွေးခဲ့ရ ပါတယ်။ ဒါပေမဲ့
င်္ကဘညေ ဟာ
ခေါင်းထောင်ပြီး လေးလံတဲ့ပစ္စည်းတွေနဲ့ မောမောပန်းပန်း၊ မရပ်မနား
ရှေ့ဆက်ပြီး
တွားနေ တတ်ပါတယ်။
င်္ကဘညေ လောဘကြီးတဲ့ ပိုးကောင်ဖြစ်ပါတယ်။
င်္ကဘညေ ရဲ့ကျောဟာ ထင်သမျှပစ္စည်းတွေ
မကျအောင်
ထိန်းထားနိုင်တာကြောင့် နောက်ဆုံးမှာ ကျောပေါ်က ပစ္စည်းပိပြီး
ဆက်လက်မသွားနိုင်တဲ့အထိ
ဖြစ်ရပါ တယ်။
ဒီလိူအဖြစ်ကို မြင်ကြတဲ့
စိတ်ကောင်းရှိသူတွေ က င်္ကဘညေ တွားသွားနိုင်အောင်
သူ့ကို ပိနေသော
ပစ္စည်းတွေကို ဖယ်ရှားပေးကြတယ်။ ဒါပေမဲ့ င်္ကဘညေ ဟာ သူ့အပေါ်က
အရာတွေကို
ဖယ်ရှားပေးသူတွေကို ကျေးဇူးမတင်တဲ့အပြင်
ဖယ်ရှားလိုက်တဲ့အရာတွေကို
မရမက သူ့ကျောပေါ်ပြန်လည်ကောက်တင်တတ်ပါ တယ်။
င်္ကဘညေမှာ လောဘကြီးတာမကဘူး၊ အမြင့်ကို
တွားတတ်တဲ့
အကြိုက်တစ်မျိုးရှိသေးတယ်။
ကျော ပေါ်က လေးတဲ့အရာတွေနဲ့ အမြင့်ကို
တွားတတ်တဲ့
င်္ကဘညေ ရဲ့ နောက်ဆုံးအဖြစ်ကတော့ အမြင့်ပေါ်က ပြုတ်ကျပြီး
သေဆုံးရလေ့ရှိပါတယ်။
င်္ကဘညေ တွေဟာ သူတို့လိုချင်တောင့်တတဲ့အရာကို
ပိုင်ဆိုင်ခဲ့ပါသလား။
ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုပိုင်ဆိုင်ရင်း သူတို့ရဲ့
အသက်
တစ်ချောင်းကိုပါ အဆစ်ပေးဆပ်လိုက်ရပါတယ်။ ဒါ ကြောင့်
တရုတ်လူမျိုးတွေမှာ
လောဘရမ္မက်ကြီးသူ လာဘ်စားတာကို ဝါသနာထုံသူ၊
သေသည့်တိုင်
ဥစ္စာ ပစ္စည်းနဲ့ သေရသူတွေကို ဒီပိုးကောင် င်္ကဘညေ နဲ့ ခိုင်း
နှိုင်းသရော်ကြပါတယ်။
ချစ်သော ဓမ္မမိတ်ဆွေ ဒီလိုတပ်မက်ခြင်း
ဆန္ဒ ကြောင့် သေရသူတွေ
သမ္မာကျမ်းစာမှလည်း
ရှိပါ တယ်။ တစ်ခါက ဣသရေလလူတို့ဟာ ဘုရားစကား ကို
နားမထောင်လို့
ဘုရားသခင်က ဖိလိတ္တိလူတို့ လက်ထဲနှစ်ပေါင်း
(၄၀)အပ်ခဲ့ပါတယ်။
ဒီလိုအချိန်မှာ မာနော်အမည်ရှိတဲ့ သူတစ်ယောက်ရှိတယ်။
သူ့မိန်းမ က
မြုံနေတယ်။ ထာဝရဘုးရားရဲ့ ကောင်းကင်တမန် က မာနော်မယားကို
ပြောလိုက်တယ်။
သင်ဟာ က လေးမရပေမဲ့ ယခုသားယောကျာ်းဘွားမယ်။ သူ့ဆံပင် ကို
မရိတ်နှင့်။
စပျစ်ရည်ကို မသောက်နှင့်။ မစင်ကြယ် သော အရာကိုမစားနှင့်
အမိဝမ်းထဲမှစပြီးတော့
ထာဝရဘုရားသခင်ရဲ့ နာဇရိလူဖြစ်မယ်။ ဣသရေလ အမျိုးကို
ဖိလိတ္တိလူတို့လက်မှ
ကယ်နှုတ်မည့်သူ့ ဖြစ် မယ်လို့
ပြောလိုက်တယ်
(တရားသူကြီး
၁၃း၁-၇)။
အချိန်တန်တဲ့အခါ သားယောကျာ်းလေးမွေး
လာတယ်။ သူ့နာမည်ကို
ရှံဆုန်လို့မှည့်ခေါ်တယ်။
သူ ငယ်သည် ကြီးပွား၍ ထာဝရဘုရားကောင်းကြီးပေးတဲ့
သူ ဖြစ်လာတယ်။
မကြာမီ ရှံဆုန်ဟာ အရွယ်ရောက် လာတယ်။ တိမနတ်မြို့၌
ဖိလိတ္တိအမျိုးသမီးကိုတွေ့ပြီး
မိဘထံပြန်လာတယ်။ ထိုမိန်းမကို တောင်းပေးပါ။
အလွန်နှစ်သိမ့်ပါတယ်လို့
မိဘတို့အား ပူဆာခဲ့တယ်။ မိဘတွေက
အရေဖျားလှီးခြင်းမခံတဲ့
ဖိလိတ္တိမိန်းမကို ယူပေးလို့မရကြောင်း
ရှင်းပြတဲ့အခါ
ရှံဆုန်ဟာ ထိုမိန်း မကို ချစ်မြဲချစ်ခဲ့ပါတယ်။
ထိုအချိန်ကစလို့ ရှံဆုန်နှင့်
ဖိလိတ္တိလူတို့ အကြား ပြဿနာတွေ တဖြည်းဖြည်း
ကြီးလာခဲ့ပါ တယ်။
နောက်ဆုံးမှာ မိန်းမရဲ့ မိဘတွေဟာ ရှံဆုန်မ
ယားကို
အဆွေခင်ပွန်းအား
ပေးစားခဲ့ပါတယ်။
ဒါပေမဲ့ ရှံဆုန်ကတော့
ဂါဇာမြို့ကိုသွားပြီး ပြည့်တန်ဆာမိန်းမနှင့်
ဝင်နေခဲ့ပြန်ပါတယ်။
ရှံဆုန်ဟာ ထိုမိန်းမဒေလိလကို တပ်မက်တဲ့အတွက်
သူ့ခွန်အား
ဆံပင်မှာရှိကြောင်းတွေကို ထိုမိန်းမအားဖော် ပြခဲ့ပါ တယ်။
နောက်ဆုံးမှာ
ဆံပင်အရိတ်ခံရပြီး အားအင် ကုန်ခန်းခဲ့ပါတယ်။ ရှံဆုန်ဟာ
သူ့ရဲ့
လျှို့ဝှက်ချက်၊ နက်နဲတဲ့အရာများကို သူ့ရန်သူတို့အား ပြောပြခဲ့တဲ့
အတွက်
နောက်ဆုံးမှာ ရန်သူတွေရဲ့ ဖမ်းဆီးနှိပ်စက် ခြင်းကို ခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ ဖိလိတ္တိတွေဟာ
ရှံဆုန် မျက်စိကို ဖောက်ပြီးမှ
ဂါဇာမြို့ကို
ယူသွားခဲ့ပါတယ်။ ရှံဆုန်ကို ကြေးဝါကြိုးနှင့်
ချည်နှောင်ပြီး
ကြိတ်ဆုံ ကိုကြိတ်စေပါတယ်။ (တရားသူကြီး ၁၆း၂၁)။ နောက်
ဆုံးမှာ
သူတပ်မက်သော ဒေလိလအတွက်ကြောင့် အချိန်မတန်ဘဲ စရပ်ပြိုကျပြီး
နာဇရိလူ
ရှံဆုန်ဟာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ရှံဆုန်ရဲ့ အသက်တာကို
ပြန်ကြည့်ရင်
မိန်းမအပေါ်တပ်မက်မှုကြောင့် အသက် ပါ စတေးခဲ့ရတာကို
တွေ့ရမှာဖြစ်ပါတယ်။
ချစ်သော ဓမ္မမိတ်ဆွေ၊ သင့်စိတ်ထဲမှာ ဘယ်
အရာကို စွဲလမ်းတပ်မက်နေပါသလဲ၊
လောကရွှေ ငွေ
ဥစ္စာလား၊ ရာထူးရာခံလား၊ နာမည်ကျော်ကြားမှု လား၊ မိန်းမလား၊
မူးယစ်ဆေးဝါးလား၊
သေရည် သေရက် လား၊ မိမိကိုယ်ကို ဆန်းစစ်ပါ။ တမန်တော်
ရှင်ပေါလု က
ဒီလိုသတိပေးထားပါတယ်။ ]]ငွေရတတ် ခြင်းငှာ
အလိုရှိသောသူတို့သည်
အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိ ခြင်း၊
မိုက်မဲဖျက်ဆီးတတ်သော
တပ်မက် ခြင်းများ ထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သော
အားဖြင့်
လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်း တတ်ကြ၏။
အကြောင်းမူကား၊
ငွေကို တပ်မက် ခြင်း သည် မကောင်းသောအမှုအပေါင်းတို့တွင်
မူလ
အမြစ်ဖြစ်သတည်း}} (၁တိ ၆း၉-၁၀)။
ချစ်တဲ့ ဓမ္မမိတ်ဆွေ၊
ယနေ့သင်ရယူပိုင်ဆိုင် ထားတဲ့ အရာတွေဟာ
အစဉ်အမြဲပိုင်ဆိုင်ပါ့မလား။
ဒီလောကမှာ အသက်ရှင်တုန်း ပိုင်ဆိုင်တယ်လို့
ထင် ထားပေမဲ့
သေသွားတဲ့ တစ်နေ့မှာ ပါသွားပါ့မလား။ ခေတ္တခဏ၊
လောကီစည်းစိမ်အတွက်
စိတ်ဆင်းရဲ လူဆင်းရဲနှင့် ရှာဖွေခဲ့ရပေမဲ့လည်း င်္ကဘညေ
ပိုးကောင်လို
ရှံဆုန်လို သေဆုံးတဲ့ တစ်နေ့မှာ ဘာမှပါမသွားရင်
ထာဝရဆုံးရှုံးခြင်းနှင့်
ရင်ဆိုင်ရမှာကို သတိရလျက် အချိန်မနှောင်းခင်
နောင်တသံဝေဂရဘို့
ဤမျှနှင့် သတိပေးတိုက်တွန်းလိုက်ရပါတယ်။
နာမတော်မြတ်၌
ညီအစ်ကို ခေကျိုင်း
Comments
Post a Comment