ကယ်တင်ခြင်းရသည်ကို စိတ်ချနေရမည်

        ချစ်သော ဓမ္မမိတ်ဆွေ ယခုလ စာစောင်မှာ ကယ်တင်ခြင်းစိတ်ချမှုရှိနေသူဖြစ်ဖို့

ဝေငှလိုက်ပါ သည်။

        ကျွန်တော် လွန်ခဲ့တဲ့လအနည်းငယ်က ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်သို့

ဧဝံဂေလိခရီးပြုရာ ဟားခါးမြို့ရှိ ဦးကြီးတစ်ယောက်ကို ]]ဦးကြီး၊ ယေရှုခရစ်

 ြွကလာလျှင် ချီဆောင်ခြင်းခံဖို့ သေချာလား၊}}ဟု မေး ရာ ]]သေချာတယ်}}

ဟုဖြေသည်။ ]]ဘယ်လိုကြောင့် စိတ်ချနေလဲ၊}}ဟု ထပ်မေးရာ ယေရှုကို ကယ်တင်ရှင်

ဖြင့် ယုံကြည်လက်ခံလို့ပါဟု ဖြေပါသည်။  ဒီလိုဆိုရင်

ယေရှုယုံကြည်ပြီးနောက်

ဒုစရိုက်ပြုမိလျှင် ငရဲမီးထဲ မကျနိုင်ဘူးလား၊ ဟုပြန်မေးရာ သူက ]]ငရဲမကျရ

အောင် မိမိအပြစ်ဝန်ချတောင်းပန်ရမည်}}ဟု ပြန်ဖြေ့ ပါသည်။ ထိုအခါ ကျွနု်ပ်က

ပြုမိတဲ့ဒုစရိုက်မတောင်း ပန်မှီ သေဆုံးလျှင် ဘယ်ရောက်မလဲဟု ချောင်ပိတ်မေး

ပြန်တော့ ငရဲမီးထဲကျမှာပေါ့}}ဟု ဖြေပါ၏။ မိတ်ဆွေ ယနေ့ခရစ်ယာန်ဘာသာဝင်

၇၅%မှာ ယေရှုခရစ်၏ ကယ်တင်ခြင်းကို သေချာသဲကွဲစွာ သဘောပေါက်ပုံ မရှိကြပါ။

သို့ဖြစ်၍ တချို့ခရစ်ယာန်များ ကယ်တင် ခြင်းကိုရဖို့ ယုံလည်းယုံ၊

ခုန်လည်းခုန်နှင့် ကောင်းတာ ကို လုပ်၍ ကောင်းကင်ဘုံတက်လိုက်၊ မကောင်းတာ

ကို ပြုမိလို့ ငရဲဘုံဆွဲချခံလိုက်နှင့် ပင်ပန်းစွာ အသက် ရှင်နေသော

ခရစ်ယာန်များ ဒုနှင့်ဒေးရှိသည်မှာ ဝမ်း နည်းစရာပင်။

အပြစ်တရား                                                       ဦးစွာအပြစ်တရားအစ နားလည်ဖို့လိုပါသည်။  ]]ဒုစရိုက် ကား

ပညတ်တော်ကို လွန်ကျူးခြင်းဖြစ် သတည်း}} (၁ယော ၃း၄)။ ဤကျမ်း၏

ဆိုလိုရင်းမှာ လူအာဒံနှင့် ဧဝတို့ လူဖြစ်စက အပြစ်ကင်းစင်ပါသည်။

ထိုအချိန်တစ်ခုတည်းသော ဘုရားပညတ်မှာ ]]ကောင်း မကောင်းကို သိကျွမ်းရာ အပင်

....၏ အသီးကို မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်}}ဟု  လူကို

ပညတ်ထားတော်မူ၏။ (က ၂း၁၆-၁၇)။ လူအာဒံဧဝတို့ ထိုပညတ်ကို လွန်ကျူးခဲ့ကြသော

ကြောင့် ဒုစရိုက်အပြစ်ရှိလာရသည်။ အာဒံနှင့်ဧဝ၌ ရှိလာခဲ့သော

ယင်းဒုစရိုက်အပြစ်ကြောင့် မျိုးဆက် လူသားဖြစ်သူတိုင်း၌ မွေးရာပါ

ဗီဇအပြစ်ဆက်ခံလာရ ပါတော့သည်။ ယင်းကို မွေးရာပါအပြစ်(သို့)ဗီဇအပြစ်

ဟုခေါ်သည်။ ဤကို ဒါဝိဒ်က ]]အကျွနု်ပ်သည် မွေးစ ကပင် အပြစ်ပါလျှက်ရှိပါ၏။

အမိဝမ်းထဲမှာ  ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏}} (ဆာလံ ၅၁း၅) ဟူ၏။

ဤအကြောင်းအရာဟူမူကား အပြစ်တရား သည် တစ်ယောက်သူ (အာဒံ)အားဖြင့် ဤလောက

သို့ဝင်၍ လူအပေါင်းသည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။}}

(ရောမ၊ ၅း၁၂)ဟူ၏။ ကျမ်းစာ၌ ]]လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့

ရောက်သည်နည်းတူ (၁ကော ၁၅း၂၂) ဟူ၏။ သို့ဖြစ်၍ လူသားတိုင်းသည် မွေးကတည်းက

ပါလာရသောအပြစ်ကြောင့် ခန္ဓာသေပြီး၊ ဝိညာဉ်သည် လည်း ထာဝရငရဲမီးအိုင်သို့

ရောက်မည်ဖြစ်သည်။ အကြောင်းမှာ ]]အပြစ်တရား၏ အခကားသေခြင်း ပေ တည်း}} (ရော

၆း၂၃)ဟူ၏။ ဤအခမှာ မိတ်ဆွေနှင့်  ကျွနု်ပ်ပြုမိတဲ့လူသတ်ခြင်း၊

သူ့ဥစ္စာခိုးခြင်း၊ သူ့မယား ပြစ်မှားခြင်းတို့၏ အခမဟုတ်ပါ။

အာဒံကျူးလွန်ခဲ့တဲ့ ဒုစရိုက်အခကွင်းဆက်သာဖြစ်၍ မိတ်ဆွေက တစ် သက်လုံး

ဒုစရိုက်ကို လုံးဝရှောင်နိုင်ဦးတော့ မွေးရာပါ အပြစ်၏ အခဖြစ်သည့်

ငရဲမီးအိုင်နှင့် မလွတ်နိုင်သေး ပါ။

ဒုစရိုက်အပြစ်

        ဒုစရိုက်အပြစ်ဟူသည်မှာ မိမိလက်၊ ခြေတို့ဖြင့် ကျူးလွန်သော

မကောင်းမှုများကို ဆိုလိုသည်။ သို့ရာတွင် ကျမ်းစာ၌ ]]လူအတွင်းနှလုံးထဲက

မကောင်း သော ကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့်

မှားယွင်းခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့ ဥစ္စာကိုခိုးခြင်း၊

လောလလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊

ငြူစူခြင်း၊ သူ့အသေရေ ကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း

ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှ ထွက် လာ၍ လူကို ညစ်ညူးစေသည်}}ဟူ၏။

(မာကု ရး၂၀-၂၃)

        ချစ်သောမိတ်ဆွေ မည်သူမဆိုသည် အထက် ပါ ဒုစရိုက်အပြစ်နှင့်

ကင်းစေနိုင်ကြသည် မဟုတ်။ ရှောလမုန်မင်းက ဘုရားသခင်အား ]]မပြစ်များတတ် သော

လူတတ်ယောက်မျှ မရှိသည်ဖြစ်၍}} (၃ရာ ၈း၄၆)ဟု ဆုတောင်းသည်ကို တွေ့ရ၏။

သစ်ပင်တိုင်း ၌ အနာမကင်းသကဲ့သို့ လူတိုင်းဒုစရိုက်ပြုသည့် အပြစ်

ရှိသည်မျာ ဧကန်အမှန်ဖြစ်ပေသည်။ ကျမ်းစာတစ် ချက်၌ ]]လူအပေါင်းတို့သည်

ဒုစရိုက်ကိုပြု၍ ဘုရား သခင်ရှေ့တော်၌ အသရေပျက်ကြပြီ}} (ရော ၃း၂၃)

ဆိုလိုသည်မှာ လူသားဖြစ်သူတို့မှာ ဘုရားစံချိန်လုံးဝ  မမှီနိုင်ဘဲ၊

ဒုစရိုက်ထဲကျင်လည်နှစ်မွန်းနေသူများ ဖြစ်သည်ဟုဆိုသည်။

ပညတ်တရား

        ပညတ်တရားဆိုလို့ ၆၁၃ခုရှိသည်။ လိုက်နာ စောင့်စည်းမည့်ပညတ်က ၂၄၈ချက်နှင့်

ရှောင်ကြဉ်ရ မည့်ပညတ် ၃၆၅ခု ပေါင်း ၆၁၃ခုက ပညတ်တော် (၁၀)ပါးမှ

ဖြာထွက်လာခဲ့ပါသည်။ ဤအချက်အားလုံး လူသားများထဲ ပိုပြီးလိုက်နာသူနှင့်

အနည်းကျဉ်းလိုက် နိုင်သူဟူ၍ ရှိမည်ဖြစ်လည်း ဘုရားရှင်ရှေ့မှာ အတူတူ

အနူနူပင်။ သို့ဖြစ်လျှင် အဘယ့်ကြောင့် မလိုက် လျှောက်နိုင်ကြနည်း။

အဖြေဇစ်မြစ်မှာ လူတို့၏ နှလုံး သားက ယိုယွင်းပျက်စီးနေ၍ ဖြစ်ပါသည်။ (ယေရ

၁ရး၉) ]]ထို့ကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူမျှ

ဖြောင့်မတ်ရာသို့ မ ရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။}} (ဂါ ၃း၁၃)။ သို့ဖြစ်

၍ ပညတ်တရားက အဘယ်သူမျှ စုံလင်ခြင်းသို့ မပို့နိုင် ၍

ရှေးပညတ်တရားဟောင်းမှာ အားမရှိ၊ အကျိုးကို မပေးနိုင်၍

ပယ်ရှင်းခြင်းသို့ရောက်ရ၏ (ဟေဗြဲ ရး၁၈-၁၉)။ အခုဤပညတ်နှစ်ပါးကို ဆင်ခြင်

ကြည့်ပါ။

သူ့မယားကိုပြစ်မှားခြင်း

        ဤပညတ်နှင့်ပတ်သက်၍ ယေရှုမိန့်တော်မူ သည်မှာ ကိလေသာသဏစိတ်နှင့် သူ့မယားကို

ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ (မဿဲ

၅း၂၇-၂၈)ဟူ၏။ ချစ်မိတ်ဆွေ ဤပညတ်ကို မိမိကိုယ်မိမိ မညှာမတာစမ်းစမ်းကြည့်

ပါ။  မကျင့်နိုင်မှန်း ရိုးသားစွာ ဝန်ခံရပါလိမ့်မည်။

လူ့အသက်သတ်ခြင်း

        တစ်ချိန်က ယေရှုခရစ်သည် ကျမ်းတတ်ဖာရိ ရှဲတို့ကို ]]မောရှေသည် ပညတ်တရားကို

သင်တို့အား ပေသည်မဟုတ်၏လော။ ထိုတရားကို သင်တို့တစ်စုံ တစ်ယောက်ကမျှ

မကျင့်။ ငါ့ကို သတ်အံ့ငှာ အဘယ့် ကြောင့် ရှာကြံကြသနည်း}} ဟူ၏။ (ယော

ရး၂၀)။ အကြောင်းမှာ မိမိညီအစ်ကိုကို မုန်းသူသည် လူ့ အသက်ကို

သတ်သောသူဖြစ်ခြင်းကြောင့်တည်း (၁ယော ၃း၁၅)။

ပညတ်တရားပေးရခြင်း

        သို့ဖြစ်ပါလျှင် ဤသို့ကောင်းမြတ်တဲ့ပညတ် တရားကို ဘယ့်အတွက်ကြောင့်

ပေးအပ်ခဲ့သနည်း (ရောမ ရး၁၂)။ ပညတ်တရားဟူသည် လူ၌အပြစ်ရှိ ကြောင်း ဖော်ပြ၏။

(ရော ၃း၂၀)။ လူ့မျက်နှာ၌ အမဲ စက်ရှိနေသည်ကို ကြေးမုံမှန်က ဖော်ပြသကဲ့သို့

ဖြစ်၏။ သို့ရာတွင် ယင်းကြေးမုံမှန်က မျက်နှာရှိ အမဲ စက်ကို

မဆေးပေးနိုင်ပါ။ သို့ရာတွင် ရေရှိရာသို့ သွား ပြီး မိမိ၏ မျက်နှာကို

ဆေးဖို့လိုကြောင်း ညွှန်ပြပေးပါ သည်။

        ထိုးနည်းတူစွာပင် ပညတ်တရားသည် အပြစ်ရှိ ကြောင်း ဖော်ပြ၍ ယေရှုထံသို့

ပို့ဆောင်ပေးသော  အထိန်ဖြစ်သည် (ဂါ ၃း၂၄)။ ထို့ကြောင့် ပညတ်ကို

ကြိုးစားကျင့်လေလေ မိမိ၏ အားနည်းချက်ကို သိလာ လေလေ အပြစ်နွံထဲရှိနေတာကို

ထင်ရှားစေပြီး ကယ်တင်မည့်သူကို တောင်းတလေလေဖြစ်ပေလိမ့် မည်။ ဤသည်တို့မှာ

ပညတ်တရားပေးခဲ့ရခြင်း၏ အကြောင်းရင်းဖြစ်သည်။

ကောင်းမှုကုသိုလ်

        နောက်တစ်ခုက ကောင်းမှုကုသိုလ်ဖြစ်သည်။ တချို့ခရစ်ယာန်များက

အကျင့်ကောင်းမှု ကုသိုလ် လုပ်ပါမှ ကောင်းကင်ဘုံရောက်မည်ဟု စိတ်ကူးနေ

ကြသည်။ ]]အကျွနု်ပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်း မရှိပါ။ ပြုဘူးသမျှသော

ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူကြပါ၏}} (ဟေရှာ ၆၄း၆)။

သို့ဖြစ်၍ လူသည် ကုသိုလ်ပြုခြင်းအားဖြင့် အဘယ်သို့

ဘုရားသခင့်မျက်နှာရနိုင်မည်နည်း။ (ယောဘ ၂၅း၄) ဆိုလိုသည်မှာ

အပြစ်မရှိလောက်အောင် ကောင်းသော အကျင့်ကိုကျင့်သော သူတော်ကောင်းတစ်စုံတစ်

ယောက်မျှ မြေကြီးပေါ်မှာမရှိ။ (ဒေသ ရး၂၀)။ အဲသရောပိကပ္ပလီလူသည်

အရေအဆင်းကိုင်း၊ ကျားသစ်သည် အကွက်အကျားကို မပြောင်းလဲနိုင် သကဲ့သို့

ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့သည် သုစရိုက် ကို အစဉ်ပြုခြင်းငှာ

မတတ်နိုင်ပါ။  (ယေရ ၁၃း၂၃)။ ထို့ကြောင့် အပြစ်ရှိလူသားတိုင်းက ပညတ်တရား

အားဖြင့်လည်းကောင်း၊  ကောင်းမှုကုသိုလ်ဖြင် ့လည်း ကောင်း

အကျင့်သီလအားဖြင့်လည်းကောင်း၊ ငရဲမီးမှ လွတ်ရာလမ်းမရှိကြောင်း

သိစေချင်ပါသည်။

ဓမ္မဟောင်းအပြစ်ဖြေခြင်း

        ကယ်တင်ခြင်းကို စိတ်ချမှုမရှိသူဖြစ်ဖို့ရန် ဓမ္မ ဟောင်းကာလ၏

အပြစ်ဖြေရာယဇ်ပူဇော်ခြင်းကို ရှင်း လင်းလိုပါသည်။ ဓမ္မဟောင်းကာလ၌

အကျင့်သီလ အားဖြင့်လည်းကောင်း၊ ပညတ်တရား၏ အကျင့်ဖြင့် လည်းကောင်း၊

အပြစ်လွှတ်ခြင်းခံရသည်မဟုတ်ပါ။ တိရစ္ဆာန်၏ အသွေးကို

အမှီပြုယုံကြည်ခြင်းအားဖြင့် သာလျှင် အပြစ်လွွှတ်ခြင်းကျေးဇူးကို

ရရှိခံစားပါသည်။ ကျမ်းစာ၌ အသွေးသွန်ခြင်းမရှိလျှင် အပြစ်လွှတ်ခြင်း မရှိ

(ဟေဗြဲ ၉း၂၂)ဟူ၏။ သို့ဖြစ်၍ ဓမ္မဟောင်း ကာလ၌

တစ်နှစ်တစ်ကြိမ်အပြစ်ပူဇော်ဖို့ အပြစ်အနာ ကင်းစင်သော တိရစ္ဆာန်တစ်ကောင်ကို

ယူလာရသည်။ ဆိတ်၊ နွား၊ သိုး စသည့် ယဇ်ကောင်ကို အလှည့်ကျ ယဇ်ပုရောဟိတ်က

ယင်းယဇ်ကောင်အပေါ် မိမိလက် နှစ်ဖက်တင်လျက် ထိုသူ့အပြစ်နှင့် ပရိတ်သတ်၏

အပြစ်များကို ဖော်ပြ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရ သည်။ အသွေးမူကား

ဇလုံထဲရှိရေနှင့် ရောထားရ သည်။

        ထို့နောက် ဒုတိယတဲတော်ခန်းထဲသို့ဝင်၍ အပြစ်ဖြေရှင်းနိုင်ဖို့

ထိုအသွေးကို ယဇ်ပူဇော်ရ၏။ (ဟေဗြဲ ၉းရ)။ ဆိုလိုသည်မှာ

မိမိတစ်ကြိမ်ပူဇော်လျှင်  တစ်နှစ်တာအတွက် အပြစ်လွှတ်ခြင်းရလေ၏။ ထိုသို့

ယဇ်ပူဇော်ပြီး တစ်နှစ်အတွင်း ပြုမိတဲ့အပြစ်ကြောင့် မီးငရဲကျစရာမလို။

အကြောင်းမှာ တစ်ကြိမ်ပူဇော်ပြီး တဲ့အသွေးကတစ်နှစ်လုံး၏ အပြစ်ဆေးကြောပြီး

ဖြစ် သောကြောင့်တည်း။ သို့သော် အပြစ်ပူဇော်၍ တစ်နှစ် ကုန်ဆုံးတဲ့အခါ

အပြစ်ပြုမိ၍ သေလျှင်မူကား အပါယ် ငရဲသို့ ဧကန်အမှန်လားရပေတော့မည်။ အကြောင်း

ရင်းမှာ ယဇ်ပူဇော်သက္ကာအသွေးတော်၏ တန်ခိုးသည် တစ်နှစ်စာအတွက်သာ

အာမခံနိုင်သောကြောင့် ဖြစ်ပါသည် (ဟေဗြဲ ၉းရ)။

ဓမ္မသစ်အပြစ်ဖြေခြင်း

        ယခုကာလ၌မှာမူ ယဇ်ပုရောဟိတ်မင်းဖြစ်တဲ့ ယေရှုခရစ်တော်သည် ငါတို့အဖို့

ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်၊ နွားတို့၏ အသွေးနှင့်မဟုတ်။

မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တစ်ခါ တည်းဝင်တော်မူ၏ (ဟေဗြဲ

၉း၁၁)။ ထိုအလိုတော်နှင့် အညီ ယေရှုခရစ် ကိုယ်တော်ကို တစ်ခါတည်း ပူဇော်

သောအားဖြင့် ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ ၏ (ဟေဗြဲ ၁ဝး၁၀)။

ကျမ်းစာ၌မိမိကိုယ်ကို တစ်ခါ တည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးစေတော်

မူပြီ (ဟေဗြဲ ရး၂၇) ဟူ၏။

        သို့ဖြစ်၍ ယနေ့ခရစ်တော်၏ အသွေးတော် သည် တစ်နှစ်တာအတွက်မဟုတ်။

ငါတို့အပြစ်ရှိသမျှ (၁ယော ၁းရ)။ မွေးရာပါအတိတ်ကအပြစ်၊ ပစ္စုပ္ပန် အပြစ်နှင့်

အနာဂတ်သေသည့်နေ့အထိ ပြုမိဦးမည့် အပြစ်ရှိသမျှကို ကားတိုင်၌တစ်ကြိမ်တည်း

ပူဇော်ခြင်း ဖြင့် အမှုပြီးစေတော်မူခဲ့ပြီ။ ထို့ကြောင့်လည်း ကားတိုင် ပေါ်

အရှင်ယေရှုမိန့်မှာခဲ့သည်မှာ ]]အမှုပြီးပြီ}} (ယော ၁၉း၃၀)ဟူ၏။

ဆိုလိုတဲ့အဓိပ္ပါယ်မှာ လူသားဖြစ်သူတို့ ၏ အပြစ်အတွက် ပူဇော်ခြင်းအမှုသည်

ပြီးစီးလေပြီ ဟူ၏။ သို့ဖြစ်၍ အပြစ်လွတ်ခြင်းရဖို့ လူ့ဖက်မှ ပြုလုပ်

စရာမရှိ။ လုပ်ဖို့လည်း မလိုအပ်ပါ။ ထိုအရှင်သည် ဤကပ် ကာလအဆုံးÛ၌ တစ်ခါတည်း

ကိုယ်ကို ပူဇော် သောအားဖြင့် အပြစ်များကို ပယ်ရှင်းခြင်းပေါ်ထွန်း တော်မူ၏

(ဟေဗြဲ ၉း၂၆)။ ခရစ်တော်သည် ကျမ်းစာ လာသည့်အတိုင်း ငါတို့အပြစ်ကြောင့်

အသေခံတော် မူ၏။ သင်္ဂြုလ်ပြီးမှ ကျမ်းစာလသည့်အတိုင်း သုံးရက် မြောက်နေ့၌

ထမြောက်တော်မူ၏။ သင်သည် သခင် ယေရှုကို ယခုပင်ကယ်တင်ရှင်နှင့်

အရှင်သခင်အဖြစ် စိတ်နှလုံး ထဲ၌ ယုံကြည်၍ နှုတ်ဖြင့်ဝန်ခံပါက ကယ်

တင်ခြင်းသို့ ရောက်မည်အမှန်ဖြစ်သည်။ (ရော ၁ဝး၉)။

ကယ်တင်ခြင်းစိတ်ချမှု

        ချစ်သော ဓမ္မမိတ်ဆွေ ယနေ့ယေရှုခရစ်ကို မိမိ၏ ကယ်တင်ရှင်အဖြစ်

နှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည် သေခြင်းမှ ထမြောက်စေတော်မူပြီဟု

စိတ်နှလုံး၌ ယုံကြည်လျှင် ဘုရားသခင်၏ သားဖြစ်ခွင့် ရခဲ့ပါသည်။ (ယော ၁း၁၂)။

ထိုသို့ သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏

ဝိညာဉ်တော်ကို သင်တို့စိတ်ဝိညာဉ်ထဲသို့  ဘုရားသခင်စေလွှတ်တော်မူ၏ (ဂလာ

၄း၆)။ ချစ် သော ဓမ္မမိတ်ဆွေ၊ ယေရှုခရစ်ကို မိမိ၏ ကယ်တင် ရှင်အဖြစ်

အခုယုံကြည်သည်နှင့် တစ်ပြိုင်နက် သင့် စိတ်နှလုံးထဲသို့ သားတော်ယေရှု၏

ဝိညာဉ်ကို ဘုရား သခင်က စေလွှတ်ကျိန်းဝပ်စေခဲ့ပြီ။ ထိုအချိန်မှစ ကယ်

တင်ခြင်းသို့ ရောက်၍ ထာဝရအသက်ပါ။ တစ်ပြိုင် တည်းရခဲ့သည်။ ကျမ်းစာ၌

]]သားတော်ကိုရသော သူသည် အသက်ကိုရ၏။ သားတော်ကို မရသော သူမူကား အသက်ကိုမရ}}

ဟူ၏ ထို့ပြင် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရ အသက်ကို

ကိုယ်တိုင်ရ သည်ဟု သိစေခြင်းငှာ ဤအရာများကို ငါရေး၍ ပေးလိုက်၏}} (၁ယော

၅း၁၁-၁၃)။ ထိုသို့သားတော်ကို ယုံကြည်သော သူတိုင်းက ထာဝရအသက်ရပြီးကြောင်း

ဘဝမ ပြောင်းမှီမှာ ကျမ်းစာဖြင့် သိရှိစိတ်ချ နိုင်ပါသည်။

        သို့မှသာ ရွေးနှုတ် (ျွစေအကမန) ချီဆောင်ခြင်း နေ့ရက်တိုင်အောင် ငါတို့

စိတ်နှလုံးအထဲ၌ ကျိန်းဝပ် နေပါသည် (ဧဖက် ၄း၃၀)။ သို့ရာတွင် ဒုစရိုက်ကို

ပြုမိလျှင် ဝိညာဉ်တော်မှာ စိတ်နာနေပါသည်။ ဒုစရိုက် ကို ထပ်ခါထပ်ခါပြုလျှင်

ဆုံးမခြင်း၊ ဒဏ်ခတ်ခြင်းကို အမှန်ခံရမည်ဖြစ်သည်။ နောက်ဆုံး မိမိခန္ဓာ

သေသည် အထိ ဘုရားသခင် ဆုံးမစီရင်နိုင်ကြောင်း သတိပြုပါ (၁ကော ၁၁း၃၀)။

သို့သော် ဝိညာဉ်မူကား ယေရှုခရစ် ၏ နေ့ရက်၌ ကယ်တင်ခြင်း ရောက်မည်ဖြစ်သည်

(၁ကော ၅း၁-၅)။

        ချစ်သော ဓမ္မမိတ်ဆွေ ယုံကြည်သူသည် သားတော်၏ လက်ထဲမှာ အဘယ်သူမျှ

မနှုတ်မယူနိုင် ပါ။ ထိုထက်မက ခပ်သိမ်းသောသူတို့ထက် ကြီးမြတ် တော်မူသော

ခမည်းတော်၏ လက်မှ မနှုတ်မယူနိုင်ရာ (ယော ၁ဝး၂၈း၂၉)။ ]]အသက်စာစောင်၌လည်း

ထိုသူတို့၏ အမည်နာမကို ငါသည်အလျင်းမချေ}} (ဗျာ ၃း၅) ဟူ၍ ယေရှုခရစ်တော်က

အာမခံထား ပါသည်။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက် ကိုလည်း ငါပေး၏။

ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည် (ယော

၁ဝး၂၇-၂၈)ဟူ၏။ ထို့ကြောင့် ဤနှုတ်ကပတ်တော် စကားများ အားဖြင့်

အနာဂတ်တမလွန်အရေး၌ မိမိယုံကြည်ပါ သည်ဟု ပြောဆိုနေသူတစ်ဦးချင်းက

]]ကယ်တင်ခြင်းရ သည်ကို စိတ်ချနေရမည်}} ဖြစ်ပါကြောင်း မေတ္တာဖြင့်

ဝေငှလိုက် ရပါသည်။

                        အမှုတော်မြတ်၌

                        ဒေါက်တာပေါလ်ခေကျိုင်း

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?