ဖန်ဆင်းရှင် ထာဝရဘုရား
ညစာစားပွဲမှ ဘုရားမဲ့ဝါဒီ
၂ဝဝရခုနှစ်၊ ဇန်နဝါရီ (၁၃)ရက် ညက ဖြစ်ပါ
သည်။ ဂျာမဏီသံရုံးမှ
ဖိတ်ကြားချက်အရ
ညစာစားဖို့ သံအမတ်ကြီးအိမ်သို့
ကျွန်တော့အမျိုးသမီးနှင့်အတူ
သွားရောက်ခဲ့ပါသည်။ ゞင်းညစာစားပွဲ၌
အခြားနိုင်ငံ မှ
သံအမတ်များ၊ ရန်ကုန်ရောက် ဂျာမဏီလူမျိုးများ
မြန်မာပြည်မှ
အငြိမ်းစား လူကြီးများ၊ အမျိုးသား၊ အမျိုး သမီးများနှင့်
စည်ကားလျက်ရှိပါသည်။
ထုံးစံအတိုင်း ခြံဝင်းမြက်ခင်ပြင်တွင် ထိုညစာကို
ပြင်ဆင်ထားသည့် အတွက် မစားခင်မှာ ဖျော်ရည်
အမျိုးမျိုးကို သောက် ရင်းမတ်တပ်ရပ်လျက်
စကားစမှီ ပြောကြသည်ကို တွေ့ရလေသည်။
တော်တော်ကြာစကားပြောကြပြီးမှ
သံအမတ်ကြီး ကိုယ်တိုင်ထွက်လာ၍ မောင်းတလုံးယူ
ပြီး
တီးလိုက်သောအခါ အားလုံး တိတ်ဆိတ်စွာ နေကြ သည်ကို တွေ့ခဲ့ရလေသည်။
ထိုအခါ
သံအမတ်ကြီးက ယခုအချိန်ကစပြီး ပြင်ဆင်ထားသော ညစာကို ကြိုက်
သလောက်ထည့်ပြီး
ကြိုက်တဲ့စားပွဲမှာ ထိုင်စား နိုင် ကြောင်း စသည်ဖြင့်
ကြော်ငြာလိုက်သောအခါ
ကျွန် တော်လည်း ကြိုက်သလောက် ဟင်းမျိုးစုံထည့်ပြီး
စားပွဲတစ်ခုမှာ
ဝင်ထိုင်လိုက်ပါသည်။
မစားမှီ ကျေးဇူးတော်ချီးမွမ်းပြီး
မျက်စိဖွင့်သည် နှင့်
အနီးအနား၌ရှိနေသော
ဘုရားမဲ့ဝါဒီတစ်ယောက် ၏ ကဲ့ရဲ့ဝေဖန်ခြင်းကို
ရင်ဆိုင်ခဲ့ရလေသည်။
ထိုသူ ကား လွန်ခဲ့သော အနှစ်နှစ်ဆယ်ကတည်းက အင်ဂျင်
နီယာဒေါက်တာဘွဲ့ကို
ရခဲ့ပြီး ဂျာမဏီနိုင်ငံ၌ ယခု အချိန်ထိ
နေထိုင်လျက်ရှိသော
ဗမာလူမျိုးတစ်ဦးဖြစ်ပါ သည်။ ထိုသူ၏ ပြောပြချက်အရ
သားမယားနှင့်အတူ
ဂျာမဏီနိုင်ငံမှာ နေထိုင်ရာမှ ယခုမြန်မာပြည်သို့ ခေတ္တခဏ
အလည်လာကြောင်း
သိရှိရပါသည်။ သူ၌ သားတစ်ယောက် သမီးနှစ်ယောက်ရှိကြောင်း
သိခဲ့ရ လေသည်။
ကျွန်တော်ဆုတောင်း ချီးမွမ်းပြီးသောအခါ
ထိုဒေါက်တာက ဆရာကြီး ထမင်းမစားမှီ
ဘာများရေ
ရွတ်နေတာလဲ ဘာကိုးကွယ်သလဲဟု မေးလေသည်။ ကျွန်တော်က ကျွန်တော်ဟာ
ရေမြေတောတောင်
ဖန် ဆင်းရှင် ထာဝရဘုရားကိုးကွယ်တဲ့ စစ်မှန်သော ခရစ်
ယာန်ဖြစ်ပါတယ်။
ဒါကြောင့် ထမင်းဟင်းကို ဖန်ဆင်း တဲ့ ဘုရားအား
ကျေးဇူးတင်စကားပြောကြောင်း
ရှင်းပြပါသည်။ ထိုဒေါက်တာက တကယ်ပြောတတ်
ဆိုတတ်တဲ့
ဆရာတစ်ပါးပါလား။ စစ်မှန်တဲ့ ခရစ်ယာန် ဆိုတော့ မစစ်မှန်တဲ့
ခရစ်ယာန်ရှိနေသလားဟု
ထပ် မေးသောအခါ ကျွန်တော်က မှန်ပါတယ်။ ခရစ်ယာန် အတု
အယောင်တွေလည်းရှိပါတယ်။
သူတို့ကတော့ ခရစ်ယာန်ဘာသာဝင် နာမည်ခံ
ခရစ်ယာန်တွေဖြစ်
တယ်။ ခရစ်တော်၏ ဝိညာဉ်မရတဲ့သူတွေပါလို့ တိုးတိုး
လေးနှင့်
ရှင်းပြခဲ့ပါသည်။
ထိုအခါ ဒေါက်တာက ခင်ဗျားက ဘုရားရှိ
တယ်ဆိုတာ ဘယ်လိုသက်သေပြမှာလဲ မြင်မှမမြင် ရဘဲ။
အကယ်၍
ဘုရားရှိခဲ့ရင်
ခင်ဗျားပြောသလိုသာ ဖန်ဆင်းရှင် ထာဝရ
ဘုရား မေတ္တာရှင်ဘုရား
တန်ခိုးရှင်ဘုရားရှိခဲ့ရင်
ဒီကမ္ဘာကြီးမှာ အခုလိုပြဿနာတွေ ဘေးဒုက္ခတွေ
ဖြစ်နေပါ့မလား။
ကြည့်ပါ တချို့နိုင်ငံမှာ စစ်ဖြစ်နေ တယ်။
တချို့နိုင်ငံမှာ
အစာခေါင်းပါးပြီး လူတွေသေနေ ကြတယ်။ တချို့နိုင်ငံမှာ
ရေကြီးပြီး
ရေလွှမ်းမိုးခြင်း ကြောင့် စိုက်ခင်းတွေ ပျက်စီးနေတယ်။
တချို့နိုင်ငံတွေ
ပျက်စီးနေတယ်။ တချို့နိုင်ငံတွေ လေမုန်တိုင်းဘေး
ကြောင့် တိုက်တာ
အဆောက်အဦးများ ပျက်စီးနေကြ တယ်။ ဒါတွေကို ကြည့်ပါ။
ခင်ဗျားပြောတဲ့
တန်ခိုးရှင် ထာဝရဘုရားဟာ အမှန်ရှိခဲ့ရင် ဘာဖြစ်လို့
မထိန်းချုပ် သလဲ။
လက်ပိုက်ကြည့်နေတာလည်း သူဖန်ဆင်းထား တဲ့ လောကကြီးကို
ပစ္စလက်ခတ်ပစ်ထားတာလဲ။
ဘာမှ မထိန်းချုပ်တာကို ကြည့်ခြင်းအားဖြင့် ထိုဘုရား
သခင်မရှိကြောင်း
ထင်ရှားပါတယ်ဟူ၍ ကျွနု်ပ်အား ၁၅ မိနစ်ခန့်
လက်ချာရိုက်ခဲ့ပါတယ်။
မမြင်လို့ မရှိဟု
ပြောနိုင်သလား။
ထိုပုဂ္ဂိုလ်သည် ဒေါက်တာဘွဲ့ရထားသော်
လည်း သူ့ပညာက သူ့ဉာဏ်မျက်စိကို
ကွယ်ထား ကြောင်း
သိရလေသည်။ သူသည် ဗမာလူမျိုးတစ် ယောက်ဖြစ်သော်လည်း
ဗုဒ္ဓဘာသာလည်းမဟုတ်။
အခြားဘုရားတစ်ပါးပါးကိုလည်း အယုံအကြည်မရှိ။ ထိုသူသည်
ဘုရားမဲ့ဝါဒီဖြစ်ကြောင်း
ကျွန်တော်သိ သောအခါ အားမနာတော့ဘဲ ထိုသူအား
စတင်ပြီး
သက်သေခံခဲ့ရလေသည်။ ဒေါက်တာကို တစ်ခုမေး ချင်ပါတယ်။
စိတ်တော့မရှိပါနှင့်။
ကျွန်တော်က ချင်း အမျိုးသားဆိုတော့
ပွင့်ပွင့်လင်းလင်းဘဲ
ပြောတတ် ပါတယ်။ ဒေါက်တာအနေနဲ့ ဘုရားဆိုတာ
မျက်စိနှင့်
မမြင်နိုင်လို့ မယုံဘူးဆိုတော့ အခုအချိန်မှာ ဂျာမဏီမှာ
ကျန်ခဲ့တဲ့
ဇနီးနှင့်သားသမီးများကို ရန်ကုန်ကနေ မမြင်နိုင်တဲ့အတွက်
မရှိဘူးလို့
ကျွန်တော်ပြောရင် လက်ခံနိုင်မလားဟု မေးလိုက်ရာ ကြောင်ပြီး ခဏ
ကြည့်နေပြီးမှ
ဒေါက်တာက ဘယ်လက်ခံလို့ရမလဲ။ သူတို့က ရှိနေတာကို ကျွန်တော်
ကိုယ်တိုင်ရှိကြောင်း
သိသည်ဟု ဖြေကြားလေသည်။
ထိုအခါ ကျွန်တော်က လကမ္ဘာမှာ ရေမရှိ၊
လေမရှိ သက်ရှိသတ္တဝါမရှိဆိုတဲ့
သိပ္ပံပညာရှင်တွေ
ပြောတဲ့ စကားဟာ ကျွန်တော်မယုံဘူးဆိုရင် ဒေါက်တာ
ဘယ်လိုပြောမလဲ။
မတွေ့မမြင်လို့ မဖြစ်နိုင်ဟု ပြောမလား။ ဒေါက်တာကိုယ်တိုင်
လကမ္ဘာမ
ရောက်ဘူးပေမဲ့။ ထိုစကားကို ယုံတယ်မဟုတ်လားလို့ မေးတဲ့အခါ
ထိုဒေါက်တာက
ယုံပါတယ်။ ဒါကတော့ ရှင်းပါတယ်။ လကမ္ဘာရောက်ပြီး
ပြန်လာတဲ့လူတွေ
ပြောတဲ့စကားဘဲဟု ဖြေလေသည်။ ထိုအခါ ကျွန်တော် က မှန်ပါတယ်။
ဘုရားဆိုတာက
နာမ်ဝိညာဉ်ဖြစ်တယ် (ယော ၄း၂၄)။ ဒါကြောင့် ကာယမျက်စိနှင့်
မမြင်နိုင် ဘူး။
ဂျာမဏီမှာရှိတဲ့ ဒေါက်တာရဲ့မိသားစုကို ကျွန်
တော်ကာယမျက်စိနှင့်မမြင်သော်လည်း
ဒေါက်တာ စကားကိုယုံပြီး ရှိတယ်လို့
ကျွန်တော်လက်ခံနိုင်သလို
ထိုနာမ်ဝိညာဉ်ဘုရားနှင့်အတူနေပြီး ဤလောကကို
ြွကလာတဲ့
ယေရှုခရစ်စကားကို ယုံကြည်လျှင် ဘုရား ရှိကြောင်း ဒေါက်တာက
လက်ခံနိုင်မှာပါဟူ၍
ရှင်းပြ ခဲ့လေသည်။
ယေရှုရှိကြောင်း
မငြင်းနိုင်ပါ
ဒေါက်တာအနေနှင့် ၂ဝဝရခုနှစ်ဟာ ခရစ်
သက္ကရာဇ်မဟုတ်ဟု မငြင်းနိုင်ပါ။
ဤသက္ကရာဇ် ကို
ကမ္ဘာက အသုံးပြုပြီး နှစ်လတွေကို ပိုင်းခြား၍ အသုံး
ပြုကြပြီ။
ယေရှုခရစ်သာ ဤလောကမှာ ပေါ်ထွန်းခြင်း မရှိခဲ့ဘူးဆိုရင်
ထိုခရစ်သက္ကရာဇ်လည်း
ဖြစ်လာစရာ အကြောင်းမရှိဘူး။ ယေရှုခရစ်ဟာ ဧကန်အမှန်
ဤလောကကို
ြွကလာခဲ့တယ်။ မြွကလာမှီ မျက်မြင် မရသော နာမ်ဝိညာဉ်ဘုရားရဲ့
ရင်ခွင်တော်မှာ
နေလာ ခဲ့တယ်။ ကျမ်းစာ၌ ဤသို့ဖော်ပြထားသည်။ ဘုရား သခင်ကို
အဘယ်သူမျှ
မမြင်စဖူးသော်လည်း ခမည်း တော်၏ ရင်ခွင်၌ရှိသော တပါးတည်းသော
သားတော် (ယေရှု)
သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ (ယော ၁း၁၈)။
ထိုသားတော်
ယေရှုဟာ ဒီလောကမှာ (၃၃)နှစ် ကြာနေထိုင်ခဲ့တယ်။ မျက်စိကန်းသူတွေ
မြင် စေတယ်။
နတ်ဆိုးတွေ မောင်းထုတ်တယ်။ လေပြင်း မုန်တိုင်းတွေ
ငြိမ်းစေနိုင်တယ်။
သေသူကိုပင် ရှင်စေ တယ်။ လေပြင်းမုန်တိုင်းတွေ
ငြိမ်းစေခဲ့တယ်။
ထိုယေရှု ခရစ်ကို ကြည့်လျှင် ဘုရားသဏ္ဍာန်(ဝါ)ဂုဏ်တော်ကို
မြင်ရမည်။
ကျမ်းစာ၌ ]]ထိုသားတော် ယေရှုသည် မျက်မြင်မရသော ဘုရား၏
ပုံသဏ္ဍာန်တော်ဖြစ်၏}}
(ကော ၁း၁၅)ဟု
ဖော်ပြထားပါသည်။ မိုးကောင်းကင် ကို
ကျွန်တော်တို့
မရောက်ဖူးသော်လည်း ကောင်းကင် မှ လာသော ယေရှုကပြောပြလို့
ကောင်းကင်ရှိကြောင်း
သိရတယ်။ ဘုရားကို မမြင်ဘူးသော်လည်း မြင်ဘူးတဲ့
ယေရှုပြောပြလို့
သိခဲ့ရတယ်။ ကျမ်းစာ၌ ဘယ်လို ဖော်ပြသလဲဆိုရင်
]]လူ၏သက်သေကို
ယုံရလျှင် ဘုရားသခင်၏ သက်သေကိုသာ၍ ယုံဖွယ်ရာ အကြောင်းရှိ၏။
ယခုဆိုခဲ့ပြီးသော
သက်သေကား ဘုရားသခင်သည် မိမိသားတော်(ယေရှု)၏ အ ကြောင်းကို
သက်သေခံချက်
ဖြစ်သတည်း}} (၁ယော ၅း၉)
ထို့အပြင် အရှင်ယေရှုကိုယ်တိုင် သက်သေခံ
သည်မှာ ငါ့ကိုမြင်သောသူသည်
ခမည်းတော်(ဘုရား)
ကိုမြင်၏ (ယော ၁၄း၉)။ ကျွန်တော်ကတော့ ထိုဘုရား
ကိုတွေ့ပြီ။
သေရင် ကောင်းကင်ဘုံ ဧကန်အမှန် ရောက်မည်ဟု သက်သေခံသောအခါ
ထိုဒေါက်တာက
ခင်ဗျားဟာ သိပ်ကံကောင်းတဲ့လူဘဲ ကျွန်တော် က တော့ သေရင်
ဘယ်ဘဝရောက်မယ်ဆိုတာ
အခုထိ မသိသေးဘူး။ သေခါနီးကျရင်တော့ ကျွန်တော်လည်း
ခင်ဗျားပြောတဲ့
ဘုရားကို ရှာကောင်းရှာမှာပေါ့ဟု ဝန်ခံခဲ့လေသည်။
ဝိညာဉ်နှိုးဆော်ချက်
ထိုအချိန်ကစပြီး ကျွနု်ပ်တို့၏
ပတ်ဝန်းကျင်မှာ ဘုရားမဲ့ဝါဒီများ
မြောက်များစွာ
ရှိမည်ကိုゞင်း၊ ထိုသူတို့ အား
ဘုရားရှိကြောင်း၊ မည်သို့
သက်သေခံ ရှင်းပြရ
မည်ကိုゞင်း၊ ဝိညာဉ်တော်၏
ဖွင့်ပြခြင်းခံရ၍ ဤ
ဆောင်းပါးကို
ရေးသားရခြင်းဖြစ်ပါသည်။
အံ့ဩဘွယ်ရာ
ကျမ်းစာသက်သေ
ချစ်သောမိတ်ဆွေ ဘုရားရှိကြောင်း ထင်ရှား
သော သက်သေတစ်ချက်မှာ ကျမ်းစာကို
ဖတ်ပြီး
သိနိုင်ပါသည်။ နှစ်ပေါင်း (၁၆ဝဝ)အတွင်းမှာ ဘုရား သန့်ရှင်း
သူတွေက
အချိန်မတူ၊ နေရာဒေသမတူ၊ လူမျိုးမတူ၊ အဆင့်အတန်းမတူ၊
အချင်းချင်းမသိ
မကျွမ်းကြသော သူတွေက ရေးလိုက်သော ကျမ်းစာ (၆၆)စောင်ကို
ပေါင်းချုပ်လိုက်သောအခါ
ကျမ်းစာ တစ်အုပ်ဖြစ်လာသည်။ ဖတ်ကြည့်သောအခါ ရှေ့
နောက်ညီညွတ်မှုရှိ၏။
အမှားလုံးဝမရှိ။ မှန်ကန် ကြောင်း
အထောက်အထားများစွာရှိသည်။
ကျမ်းစာ တစ်အုပ်လုံး ဖတ်ကြည့်လျှင် ဇာတ်ကောင်သည်
ဘုရားဖြစ်ကြောင်း
တွေ့ရသည်။ ဤကျမ်းစာသည် လူ့ပညာ၊ အတွေးအခေါ်နှင့်
ရေးသည်မဟုတ်။
သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းခြင်းခံရ သော
ဘုရားသခင်၏
သန့်ရှင်းသူများ ရေးသားထား သော စာဖြစ်လို့ အပြစ် ရှာ၍
မတွေ့နိုင်။
ဤကျမ်းစာ သည် အံ့ဩဖွယ်ရာ ၊ ဘုရားရှိကြောင်း သက်သေတစ်ခု
ဖြစ်လေသည်။ (၂တိ
၃း၁၆-၁၇။ ၂ပေ ၁း၂၀-၂၁)။ အရှင်ယေရှုက ထိုကျမ်းစာပင် ငါ၏
သက်သေဖြစ်၏။ (ယော
၅း၃၉)ဟု မိန့်တော်မူပါသည်။
အံ့ဩဘွယ်ရာ
ဘုရားလက်ရာ
ဘုရားသခင်ကို မတွေ့မမြင်နိုင်သော်လည်း
ဖန်ဆင်းထားသော ဘုရားလက်ရာများကို
ကြည့်ခြင်း
အားဖြင့် ဘုရားသခင်ဧကန်အမှန်ရှိကြောင်း သိနိုင် သည်။
အဘယ်သို့နည်းဟူမူကား၊
ဖန်ဆင်းတော်မူ သော အရာများကို ထောက်ရှုသဖြင့်
မျက်မြင်မရသော
ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလ မှစ၍ ထင်ရှားလျှက်ရှိ၏
(ရောမ ၁း၂၀)။
ချစ်သော မိတ်ဆွေ၊ ဤလောက ကမ္ဘာရှိ၊ ရေမြေ၊ တောတောင်
သဘာဝများကိုゞင်း၊ မိုးကောင်ကင်ရှိ နေ၊
လ၊ ကြယ်၊ နက္ခတာရာတို့ကိုゞင်း၊
ကြည့်ရှုလေ့လာသောအခါ
အံ့ဩဘွယ်ရာ ဘုရားလက်တို့ကို မြင်ရပေမည်။
ပင်လယ်အောက်ရှိ
သတ္တဝါများမှစ၍ လေ့လာ၍ မကုန်နိုင်အောင် များပြားလှသော
သစ်ပင်ပန်းမန်များ ဘယ်ပန်းချီမျှ မမှီနိုင်သော ရှုခင်းများ
ထိုအရာများကို
ကြည့်လျှင်
ဖန်ဆင်းရှင်ဘုရားရှိကြောင်း၊ ထင်ရှားလျက် ရှိပါသည်။
အိမ်မည်သည်ကား
တစုံတယောက်သော သူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို
တည် ဆောက်သော
သူကား၊ ဘုရားသခင်ပေတည်း (ဟေဗြဲ ၃း၄)။
ဘုရားလူတို့၏
သက်သေ
ချစ်သောမိတ်ဆွေ၊
ဒီကမ္ဘာကြီးလုံးကြောင်းကို ကိုယ်တိုင်ပတ်၍ လေ့လာပြီး၊
လှည့်မကြည့်နိုင်သော်
လည်း လှည့်ပတ်၍ လေ့လာပြီး သူတို့၏ သက်သေခံ ချက်ကို
လက်ခံယုံကြည်လျက်
ကမ္ဘာကြီးလုံးသည်ကို မိတ်ဆွေသည် သံသယမရှိဝန်ခံသည်
မဟုတ်ပါလော။
ထို့အတူ မိတ်ဆွေကိုယ်တိုင် မတွေ့ဘူးသော်လည်း ဘုရားသခင်နှင့်
ထိတွေ့သော
သူတို့၏ သက်သေခံ ချက်ဖြင့် ဘုရားရှိကြောင်း သိနိုင်လေသည်။ တမန်
တော် ဟောဟန်က
သက်သေခံခဲ့သည်မှာ ရှေးဦးစွာက ပင် ဖြစ်၍ ငါတို့သည်
ကိုယ်တိုင်ကြားလျက်
ကိုယ် မျက်စိနှင့်မြင်လျက် စေ့စေ့ကြည့်ရှု၍
လက်နှင့်စမ်း
သပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်က
ပတ်တော်နှင့်ဆိုင်သော
အရာကို သင်တို့အား ပြသ၏။ ထိုအသက်သည် ထင်ရှားခဲ့ပြီ။
ငါတို့လည်း
မြင်ရကြပြီ (၁ယော ၁း၂)။ ကေဖသည် ကိုယ်တော် မြင်ပြီးမှ
တကျိပ်နှစ်ပါးသော
သူတို့မြင်ရကြ၏။ ထိုနောက် ညီအစ်ကို ငါးရာမက
တပြိုင်နက်မြင်ရကြ
၏။ ထိုသူတို့ တွင် အများသော သူတို့တွင် အသက်ရှင်
ကြသေး၏။
အချို့တို့သည် အိပ်ပျော်ကြပြီ။ ထို့နောက် ယာကုပ် မြင်ရ၏။
ထိုနောက်
တမန်တော် အပေါင်း တို့သည် မြင်ရကြ၏။ နောက်ဆုံးတွင် ငါ
(ရှင်ပေါလု)
ကိုယ်တိုင် မြင်ရ၏ (၁ကော ၁၅း၅-၈)။ သို့ဖြစ်၍ ဤမျှလောက်
များစွာသော
သက်သေအပေါင်းတို့ သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍
ယုံမှား
သံသယဖြစ်စေ ရာမရှိ။ ဤအရာ၌ ဘုရားလူတို့တွင် ဖြစ်သော သက်သေများကို
ပြော၍မကုန်နိုင်။
ဤ ကမ္ဘာအနှံ့အပြားမှာ ရှိတော်မူ၏။
အစမ်းခံသော ဘုရား
ချစ်သော မိတ်ဆွေ၊ အထက်ပါတင်ပြခဲ့ပြီး သော
ဘုရားရှိကြောင်း သက်သေများကို
မိတ်ဆွေ
ကိုယ်တိုင်စိတ်ထဲမှာ သံသယစိတ်ရှိပါက နောက်ဆုံးမှာ
ကိုယ်တိုင်ကိုယ်ကျ
စမ်းသပ်၍ ရပါသည်။ အသက်ရှင် သော ဘုရားသခင်သည်
အစမ်းခံသော
ဘုရားဖြစ် ပါသည်။ ဆာလံဆရာဒါဝိဒ်က ထာဝရဘုရား ကောင်း
မြတ်တော်မူသည့်အကြောင်းကို
မြည်းစမ်း၍ သိမှတ် ကြလော့ (ဆာလံ ၃၄း၈)။
မှန်ပေ၏။
ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်းသူ တိုင်း
ဘုရားအသက်ရှင်ကြောင်း
သက်သေသည် ကိုယ်စီရှိကြ၏။ အမှုရောက်သည့်ကာလ၌ ငါ့ကို
အဓိဋ္ဌာန်ပြုလော့။
ငါသည် ကယ်လွှတ်မည်။ သင်သည် လည်း ငါ့ကို
ချီးမွမ်းရလိမ့်မည်
(ဆာလံ ၅ဝး၁၅)။ ချစ်သောမိတ်ဆွေ ဘုရားသခင်ရှိမရှိကို
အမှန်တကယ်
သိလိုလျှင် သစ္စာဖြင့် ပဋ္ဌာနာပြုကြည့်ပါ။ အသက်ရှင် သော ဘုရားသခင်၏
အဖြေမစခြင်း
လက်တော်ကို ကိုယ်တိုင်မြင်တွေ့ရပေလိမ့်မည်။
တခါက ခရစ်တော်
နောက်လိုက်တပည့်တော်တစ်ယောက်သည်
သေခြင်း မှ ရှင်ပြန်ထမြောက်သေ သခင်အပေါ်
အယုံအကြည်
မရှိသောကြောင့် လက်တော်၌ သံရိုက်ရာချက်ကို မမြင်
သံရိုက်ရာချက်ကို
လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေး တော်ကိုလည်း
လက်နှင့်မစမ်မသပ်ရလျှင်
အကျွနု်ပ် မယုံဟုဆို၏။ ထိုအခါ အရှင်ယေရှုက
ထိုသူဖြစ်သော သောမအား သင်၏ လက်ညှိိုးကို ဆန့်၍ ငါ့လက်ကို
ကြည့်လော့။
သင်လက်ကိုဆန့်၍
ငါနံဘေးကို စမ်းသပ် လော့။ ယုံမှားခြင်းမရှိနှင့်။
ယုံလော့ဟု
မိန့်တော်မူ၏။ သောမကလည်း အကျွနု်ပ်၏အရှင် အကျွနု်ပ်၏
ဘုရားသခင်ပါတကားဟု
လျှောက်၏။ ယေရှုကလည်း သင်သည် ငါ့ကိုမြင်သောကြောင့်
ယုံကြည်ခြင်းရှိ၏။
ငါ့ကိုမမြင်ဘဲ ယုံကြည်သောသူတို့သည် မင်္ဂလာရှိ၏ဟု
မိန့်တော်မူ၏
(ယော ၂ဝး၂၇-၂၉)
ချစ်သော ဓမ္မမိတ်ဆွေ၊ သင်သည် သောမကဲ့
သို့ မြင်ပြီးမှ ယုံကြည်လိုပါသလား။
နှုတ်ကပတ်တော်
အတိုင်း ရိုးရိုးလေးယုံကြည်လျှင် မိတ်ဆွေသည်သာ၍ မင်္ဂလာရှိသော
သူဖြစ်၏။
ဤဆောင်းပါးကို ဖတ်ရှုသူ အတိုင်း အသက်ရှင်သော ထာဝရဘုရားဟူသည်
ဧကန်အမှန်ရှိကြောင်း
သက်သေရကြပါစေသော်ဟု မေတ္တာဖြင့် ရေးသားလိုက်ပါသည်။
နာမတော်မြတ်၌
ညီအစ်ကိုပေါလ်ခေကျိုင်း
Comments
Post a Comment