ယေရှုခရစ်၏ လောကကို အောင်နည်း အပိုင်း(၁)

        ခရစ်တော်ယေရှုနှင့် တပည့်တော်တို့ကို ကြည့် လျှင် သူတို့၌ ထူးခြားစွာ

တက်ြွကလျက်ရှိကြောင်း တွေ့ရမည်။ သူတို့ဟောပြောချက်များသည်လည်း

ရိုးသားပွင့်လင်စွာ ဟောပြောကြသည်။ ဆင်းရဲဒုက္ခနှင့် ပတ်သက်၍ စကားတန်ဆာဆင်၍

လှည့်ပတ်ရှောင် ရှားလျက် ဟောပြောခြင်းမရှိ၊ ဧဝံဂေလိတရားကို

အတည့်အလင်းဟောပြောကြသည်။ ဒုက္ခဆင်းရဲခြင်း မရှိဟု မျက်စိမှိတ်၍

ရှောင်ရှားခြင်းမပြု၊ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့်

သဘာဝတစ်ခုတည်းဖြစ်ကြောင့် ဆင်းရဲ

ဒုက္ခရောဂါဝေဒနာမရှိနိုင်ဟူသော အယူဝါဒ

ကဲ့သို့ ဝါြွကားမောက်မော်ခြင်းမရှိ၊ ဖြစ်သမျှသည် ဘုရားအလိုတော်ဖြစ်၍

ခေါင်းငုံ့၍သာခံမည်ဟူ၍ လည်း မသွန်သင်။ ]]ငါ}} မဟုတ်ဟူသော အနတ္တသက် သက်

အယူအဆကြောင့် ဘဝကို ပယ်ဖြတ်ရမည်ဟု မဟော။ ဉာဏစက္ခုကြည်လင်စွာဖြင့်

ဘဝကိုရဲရဲကြီး မျက်နှာမူလျက် ဘဝ၏ ဆင်းရဲဒုက္ခကိုပင် ဆုတ်ကိုင် လျက်

အောင်မြင်ခြင်းရောက်သည်တိုင်အောင် အသုံး ချရမည်ဟု သင်ကြားလေသည်။

        ဤနေရာ၌ အောင်မြင်သော အသက်တာ၊ အောင်မြင်သော ခွန်အားနှင့် မထင်ရှားသော

ဘာသာ ဝါဒဟူသမျှမှာ ပျောက်ကွယ်သွားကြလိမ့်မည်။ အ ကြောင်းမူကား

အသိမ်ဖျင်းဆုံး၊ အယုတ်ညံ့ဆုံး၊ အ သေးငယ်ဆုံးသော ပိုးမွှားတိရစ္ဆာန်မှစ၍

အမြင့်မြတ် ဆုံးသော သူတော်စင် ပုဂ္ဂိုလ်များအထိ သက်ရှိ သတ္တဝါ

အပေါင်းတို့မှာသာ၍ ပြည့်စုံြွကယ်ဝသော အသက် ချမ်းသာကို

ကြိုးပမ်းရှာဖွေလျက်ရှိသောကြောင့်တည်း။

        ဤသို့ တစ်နေ့တစ်ခြားမြင့်ရာသို့ တိုးတက်ခြင်း တရားကိုယ်ပယ်၍

ဆိုးယုတ်ပျက်စီးခြင်းကိုင်း၊ ဘေး ရန်ကို ရင်မဆိုင်၊ မတိုက်ဘဲ၊ ဘဝ၏

ဆင်းရဲကို ရှောင် ခွာခြင်းကိုင်း၊ အစရှိသည့် အယူဝါဒဟူသမျှမှာ

ပျက်စီးပပျောက်ရန်သာ ရှိလေသည်။ မပပျောက်သေး လျှင် တိမ်ကောမည်ဆဲဆဲ

မေ့ဆေးသဖွယ် ခေတ္တခဏ သက်သာစေသော ဆေးသာဖြစ်လေသည်။

        သို့ရာတွင် သခင်ယေရှုပေးတော်မူသော ဩဝါ ဒကို ဘာသာတရား၌ ထား၍မရ။

အဘယ့်ကြောင့် ဆိုသော ခရစ်တော်၏ တရားသည် တရားသက်သက် မဟုတ် တရားထဲ၌

အသက်ပါသတည်း။ ထို့ကြောင့် ခရစ်တော်၏ တရားသည် ချုပ်ခြင်း၊

ကင်းငြိမ်းခြင်းသ ဘောနှင့် ကွာခြားလှ၏။ ဘဝ၏ စွဲလန်းသော ဆန္ဒကို

ပယ်ဖျောက်ရန် ကိုယ်တော်မိန့်တော်မူသည်မဟုတ်။ ကိုယ်တော်၏ အလိုတော်ကား ဘဝ၏

အမြင့်မြတ်ဆုံး သော အခြေ၌ အသက်ရှင်ကြရန်ဖြစ်သည်။

        ဘဝကို ရွံ့ရှာစပ်ဆုပ်သည့် ဘာသာတရားမျိုး ကား မည်သည်နှင့်တူသည်ကို

ဥပမာကြည့်ကြကုန်အံ့။ တစ်ခါက အလုပ်သမားတစ်ယောက်သည် အေြွကး တင်နေသောကြောင့်

စိတ်ညစ်ရ၏။ စိတ်ညစ်ပြေ အောင် အရက်ကိုသောက်၏။ သို့သော် အမူးပြေသော အခါ

အေြွကးမကြေ။ သာ၍ အေြွကးတင်ဘို့သာရှိ၏။ ဤနည်းအားဖြင့် ဒုက္ခပြဿနာကို

ဖြေရှင်းခြင်းသည် အိပ်မွေ့ချဆေးနှင့်တူလေ၏။ ထိုသို့သော ဘာသာ တရားများ

ရှိနေသောကြောင့် ]]ဘာသာတရားဆိုသည် မှာ တိုင်းသူပြည်သားတို့၏

အိပ်မွေ့ချဆေးဖြစ်သည်ဟု}} ရုရှားပြည်သားများဆိုလေ့ရှိ၏။

        ခရစ်ယာန်ဘာသာကို ]]သည်းခံခြင်း}} စာရင်း၌ မသွတ်သွင်းနိုင်။

အဘယ့်ကြောင့်ဆိုသော် ခရစ်တော် ၏ တရားသည် ဘဝကို အသစ်တဖန်ပြုပြင်ပြောင်းလဲ

စေနိုင်သော တန်ခိုးရှိလေ၏။ ထို့ကြောင့် ခရစ်ယာန် ဘာသာကို ]]အောင်မြင်သော

အသက်}}ဟူသော အမည်မှ တစ်ပါးအခြားခေါ်ဝေါ်နိုင်ဘွယ်မရှိ။ ဤခရစ် တော်၏

တရားအားဖြင့် မည်သူမဆို အဆိုး၊ အ ကောင်း၊ တရားနှင့် မတရား၊ ဒုက္ခ၊ သုခ

ရှိသမျှတို့ကို ယူ၍ ရောြွပမ်း ချေဖျက်ပြီးလျှင် အသက်၏ အဟာရ ဖြစ်အောင်

သုံးစွဲနိုင်လေသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင် တို့သည် တူညီသော ဓါတ်သဘာဝမှ

အဟာရကို ရယူ နိုင်ကြသည်။

        သို့ရာတွင် ခရစ်ယာန်များမှာမူ ထိုသို့ သဘာဝ ချင်းတူညီခြင်းသာမက၊

သဘာဝကွဲလွဲသည့် အဆီး အတား၊ အနွံအတာ၊ အဖိအစီးအစရှိသော ]]ကားတိုင်}} မှလည်း

အဟာရထုတ်နှုတ်၍ သန်စွမ်းကြီးပွားနိုင် သည်။ ခရစ်ယာန်တို့၏ အသက်သည်

အခြားသော အသက်မျိုးနှင့်မတူ။ မည်သည့်လောကဓံနှင့် နှိမ်နင်း ဖျက်ဆီး၍

မရသော အသက်မျိုးဖြစ်၏။ နူးညံ့ပျော့ခွေ သော စိတ်မျိုးမဟုတ်။

        ရှင်ယာကုပ်မိန့်ဆိုသည်အတိုင်း  တည်ကြည်၊ ခိုင်ခံ့သော စိတ်မျိုးဖြစ်သည်။

ဘဝကို ကားတိုင်၌တင် ၍ ဒုက္ခကို မျက်နှာမူတတ်သော လူမျိုးဖြစ်သည်ဟု

ဆိုရသော်လည်း ကားတိုင်ကို ရှင်ပြန်ထမြောက်ခြင်း၌ တင်၍ ကြည့်တတ်သောကြောင့်

သုခချမ်းသာကို မျက်နှာမူလျက် ရွှင်လန်းသော လူမျိုးဖြစ်လေသည်။ အမှန်မှာ

ခရစ်ယာန်ဆိုသည်မှာ ကြုံတွေ့သမျှသော ကားတိုင်တို့ကို

]]ထမြောက်ပွဲ}}ချည်းဖြစ်စေသည်။

        ဤသို့ အောင်မြင်သော အသက်တာမျိုးကို လူ မျိုးမရွေး၊ ဒေသမရွေး၊ ကာလမရွေး၊

လိုက်နာနိုင်သည့် ပမာဏအလျှောက် နေရာအနှံ့တွေ့မြင်နိုင်လေသည်။

        ဤနေရာ၌ တရုတ်ပြည်၌ ဒုက္ခိတ ကလေးမ တစ်ယောက်အကြောင်း တင်ပြလိုက်ပါသည်။

ထိုဒုက္ခိ တ အမျိုးသမီးသည် ငယ်စဉ်အခါ ကလေးဘဝက ချီပိုး သူများဂရုမစိုက်၍

လက်ပေါ်မှကျသဖြင့်  ခါးရိုးကျိုး သွားသူဖြစ်ကြောင်းသိရ၏။ နှစ်ပေါင်းမျာ

စိတ်တို၊ စိတ်ကောက် ၊နှုတ်ကြမ်း၊ ဗွေဆိုး ဖြစ်ခဲ့၏။သူတစ်ပါး

အပြစ်ကြောင့်မိမိမှာ တစ်သက်လုံး လူစဉ်မမှီ ရုပ်ဆင်း ပျက်စီးရသဖြင့်

စိတ်တိုလျှင်လည်း အပြစ်တင်ဘွယ်မ ရှိ။ သို့သော် တစ်နေ့သ၌ မိမိခက်ထန်သော

နှလုံးထဲသို့ ခရစ်တော် ကိန်းအောင်းလာသော အခါမူကား အရာ ခပ်သိမ်း

ပြောင်းလဲ၍ ဘဝသစ်ဖြစ်လာရလေသည်။           ထိုအချိန်မှစ၍ ရွာတစ်ရွာ၌ သာသနာပြု

ဆရာမဖြစ်လာရလေသည်။ ဘုရားသခင်သည် ထိုခြေ မစွမ်းသော ဒုက္ခိတကလေးကို

ခေါ်ယူတော်မူ၍ အောင်မြင်သောတန်ခိုးတော်၏ လက်နက်သဖွယ် အသုံးပြုချေပြီ။ သူမ၏

နောက်ဆုံးအခြေအနေမှာ ဝါး

နှင့် လုပ်သောခွေးခြေကလေးကို တွန်းကာ တွန်းကာ

နှင့် သွားလာရ၏။ထိုခွေးခြေကလေးသည် သူ့ထိုင်ခုံ၊ သူတောင်ဝှေးလည်းဖြစ်၏။

တစ်နေပြီးတစ်နေ့ ခရစ် တော်၏ အသက်သရဖူကို ဆောင်းလျက်၊  တပါးကို

ခရစ်တော်၏မေတ္တာအားဝေငှရာပလ္လင်လည်းဖြစ်၏။

        ချစ်သောမိတ်ဆွေ ဤသို့သော ဒုက္ခိတဘဝ တွင် အောင်မြင်နေသူများ၊ နိုင်ငံတကာ၌

ရှိသကဲ့သို့ လူမျိုးတကာထဲမှာလည်း ရှိကြ၏။ ယနေ့မြန်မာပြည်ရှိ

အမှုတော်ဆောင်များတွင်လည်း အောင်မြင်လျက်ရှိ သော မျက်မမြင်ဆရာ

ဦးသိန်းလွင်၊ ဘုရားရှင်အမှု တော်ဆောင်နေစဉ်တွင်  လက်တဖက်ပူဇော်ရသော

ဆရာနောဧတို့ကို ကြည့်လိုက်ပါ။ မျက်စိမြင်သော သူများထက်င်း၊

ကိုယ်လက်အင်္ဂါစုံလင်သောသူများ ထက်င်း၊ သာ၍ ဝမ်းမြောက်ရွှင်လန်းနိုင်ခြင်း၊

အောင် မြင်နေခြင်းများကို ကြည့်လျှင် သူတို့အထဲ၌ရှိသော ခရစ်တော်၏

တန်ခိုးတော်ကို တွေ့မြင်နိုင်လေသည်။ ဤသို့ဖြစ်ရခြင်းသည် သူတို့၏

ကြိုးစားခြင်းအားဖြင့် မဟုတ်။ ခရစ်တော်ဘုရားကို ကိုးစားခြင်းအားဖြင့်

ဖြစ် ၏။ ထို့ကြောင့် ခရစ်ယာန်တို့၏ အောင်မြင်ခြင်း လျှို့ ဝှက်ချက်မှာ

သူတို့အထဲ၌ ကိန်းဝပ်လျက်ရှိသော ခရစ် တော်ပေတည်း။

        တစ်ချိန်က တရုတ်ပြည်၌ နိုင်ငံခြားသားများကို နှိပ်ကွပ်သည့်အချိန်တွင်

သာသနာပြုဆရာတစ်ဦး၏ အိမ်ထောင်တစ်ခုတွင် မိခင်၊ ဖခင်နှင့်သားသမီးသုံး

ယောက်ကို သတ်ဖြတ်လိုက်ကြလေသည်။ သားလေး ယောက်တို့မှာ မိမိတို့မျက်မှောက်၌

အမိ၊ အဖ၊ ညီ အစ်ကို တစ်စု အသတ်ခံရသည်ကို မြင်ကြ၍ ကိုယ် လွတ်ရုန်း

ထွက်ပြေးသောကြောင့် အသက်ချမ်း သာရာ ရကြလေသည်။

        ထို့နောက် ညီအစ်ကိုလေးယောက် ဆုံစည်း သောအခါ မိမိတို့နစ်နာမှုများအတွက်

မည်သို့တုံ့ပြန် ချေပရမည်နည်းဟု ညီညွတ်စွာ ဆုံးဖြတ်ကြလေသည်။

ထိုသူလေးဦးတို့သည် အမေရိကန်ပြည်သို့ပြန်၍ ပညာ တတ်အောင် သင်ကြားပြီးလျှင်

မိမိတို့မိသားစုကို သတ် ဖြတ်ခဲ့သော တရုတ်လူမျိုးများအတွက် သေသည့်တိုင်

အောင် အမှုဆောင်ရန် ပြဋ္ဌာန်းကြလေသည်။ စိတ် ပြဋ္ဌာန်းသည့်အတိုင်း

ပညာများစုံလင်စွာ ဆည်းပူးပြီး သောအခါ လေးဦးစလုံး တရုတ်ပြည်သို့ ပြန်လာ၍

နှစ်ပေါင်းများစွာ အနွံအတာခံလျက် အမှုတော်ကို ဆောင်ရွက်ကြလေသည်။

        ထိုလေးယောက်အနက် တစ်ယောက်သောသူ အားဖြင့် တရုတ်လူမျိုး (ီမ. ဲောနျ ့နည)

သည် ခရစ်တော်၏ တပြည့် စစ်ဖြစ်လာလေသည်။ ထို ]]ဒေါက်တာဂျိမ်း(စ်)ရင်}}

လုံံ့လဖြင့် တရုတ်ပြည်ကြီး၌ ပြည်လုံးကျွတ်ပညာသင်ကြားရေးကို

ဖြစ်မြောက်အောင် မြင်အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် သန်းပေါင်း များ

စွာသော လူတို့သည် စာတတ်ခဲ့ကြလေပြီ။

        အထက်ပါ ညီအစ်ကိုလေးဦးသည် မိမိတို့၏ ဒုက္ခကို သုခဖြစ်အောင် အသုံးချလျက်၊

နစ်နာခြင်းမှ အောင်မြင်လျက် အမြတ်ထုတ်ကြလေသည်။ ဤနည်း သည် ခရစ်တော်၏

အောင်မြင်သော နည်းလမ်းဖြစ် လေသည်။ အထက်ပါဖော်ပြသည့် အသတ်ခံရသော

သားအဖငါးယောက်တို့၏ အုတ်ဂူနှင့်ဆက်စပ်လျက် အုတ်ဂူနှစ်ခု ရှိသေး၏။

င်းတို့မှာ ထိုသူငါးဦးတို့နှင့် တစ်ပါတည်း အသတ်ခံရသော သာသနာပြု ဆရာမ

ကြီးနှစ်ဦး၏ အုတ်ဂူဖြစ်၏။

        သူတို့၏ မိခင်ကား ဩစတြေးလျတိုက်၌ နေ ထိုင်သော မုဆိုးမဖြစ်လေသည်။

ထိုမုဆိုးမသည် သမီး နှစ်ယောက် အသတ်ခံရသော သတင်းကိုကြား ရသော အခါ

သာသနာပြုဆရာအဖြစ် စေလွှတ်ချင်သော ဆန္ဒရှိသော်လည်း နောက်ထပ်စေလွှတ်စရာ အ ခြား

သားသမီးများမရှိ။ ထို့ကြောင့် တရုတ်ပြည်သို့ ကိုယ် တိုင်သွား၍

အမှုတော်ဆောင်ရန်သာရှိသည်ဟု  ဆို ကာ ဥစ္စာရှိသမျှ ရောင်းချလျက်

သမီးတို့အသတ်ခံရာ ဒေသသို့ ထွက်သွားလေ၏။ ထိုဒေသ၌ ကျောင်းတစ် ကျောင်းဖွင့်၍

ကလေးတို့ကို ပညာသင်ပေးလေ၏။ တရုတ်ပြည်သို့ သွားသောအခါ အသက်(၆၂)နှစ်ရှိ

ချေပြီ။ အနှစ် နှစ်ဆယ်တိုင်တိုင် အမှုတော်ဆောင်၍ အသက်(၈၂) နှစ်တွင်

ကွယ်လွန် သွားရှာလေသည်။

        ဤအထက်ပါ ကျန်ရစ်သူငါးဦးတို့သည် မိမိတို့ ခံရသော နစ်နာမှု၊ ရက်စက်မှု၊

ကြမ်းကြုတ်မှုများ အတွက် အံကြိတ်ပြီး တတွေးတွေး၊ တဆွေးဆွေး မနေ ကြ။

ဆင်းရဲခြင်းကို လက်နက်သဖွယ်ဆုပ်ကိုင် အသုံး ပြုလျက်

အကျိုးဆောင်အရာရောက်အောင် အသုံးပြု ကြလေပြီ။ သက်ရောက်လာသည့်အဖြစ်အပျက်၊ အ

ခြေအနေ၊ စက်ရထားကြီး၏ ဆွဲငင်ရာသို့ မလိုက် မ သွားဘဲ၊ င်းရထားပေါ်သို့

တက်ပြီးလျှင် လိုရာစခန်း သို့ရောက်အောင် မောင်းနှင်ကြကုန်၏။ လိုရာစခန်း

သို့ ရောက်လာသောအခါ အဘယ်မျှလောက် ဘုန်း ကျက်သရေ ရရှိပေမည်နည်း။

        ချစ်သောမိတ်ဆွေ သင်၌ မမျှော်လင့်ဘဲ ဆင်း ရဲဒုက္ခကျရောက်လာပါက မည်သို့

တုန့်ပြန်မည်နည်း။ အကျိုးမဲ့၊ အကြောင်းမဲ့ဒုက္ခပြဿနာမိမိအပေါ် (ဝါ)

မိမိချစ်သူများအပေါ် (ဝါ) မိမိဥစ္စာအပေါ် ကျရောက် သောအခါ ကျွနု်ပ်တို့သည်

ဝမ်းနည်းကြေကွဲ တတ်ကြ ၏။

        အခါတပါး၌ မျက်နှာဖြူဆရာဝန်တစ်ဦးသည် နှစ်ပေါင်းများစွာ ဒုက္ခခံ၍

ဆေးရုံတစ်ခုကို တည် ထောင်လေ၏။ တရုတ်ပြည်ရှိ ကွန်မြူနစ်ဂိုဏ်းသား များ

ချီတက်လာရာလမ်း၌ ထိုဆေးရုံကို တွေ့သဖြင့် ဖျက်ဆီးကြရာ နောက်ဆုံးတွင်

နံရံသာကျန်ခဲ့လေ သည်။ ဤသို့သောနစ်နာမှုအတွက် စိတ်ကြေအေးငြိမ်း ချမ်းရန်

ခဲယဉ်းပေလိမ့်မည်။ သို့ဖြစ်လျက်နှင့် ထိုခရစ် ယာန်ဆရာဝန်ကြီးသည်

စိတ်ဓါတ်မကျ။ သူ့ဆေးရုံကို ဖျက်ဆီးသော တပ်နောက်သို့ လိုက်သွား၍ ဖျားနာ

သော စစ်သားများ၊ ဒဏ်ရာရသော စစ်သည်များကို ကုသပေးလေ၏။

        ဤအချင်းအရာကို စစ်ဗိုလ်ချုပ်ကြီး ]]ချန်ကေ ရှိတ်}} မြင်သော် မိမိမယားအား

ဤလူမျိုးခြားဆရာဝန် ဟာ သူ့ဆေးရုံကို ဖျက်ဆီးတဲ့လူတွေကို ကြည့်ရှုပြုစု

နေသည်မှာ ဘယ်လိုသဘောမျိုးလဲဟူ၍ ဤသို့မေး၏။ မိမိဇနီးသည်က

ခရစ်ယာန်သဘောပေါ့ဟု ပြန်ပြော လျှင် စစ်ဗိုလ်ကြီးက ဒီလိုဆိုလျှင် ငါလည်း

ခရစ်ယာန် ဖြစ်ရလိမ့်မည်ဟု ဆိုလေ၏။ တရုတ်ပြည်ကြီး အနှံ့အ ပြား

ခရစ်ယာန်များကို မုန်းတီးလျက် နှိပ်ကွပ်လျက် နေသည့် ခေတ်ကြီးတွင်

တရုတ်ပြည်၏ သမ္မတမင်းဖြစ် သော စစ်ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ခရစ်ယာန်

ဖြစ်လာရ ခြင်းသည် ဆရာဝန်ကြီးအထဲမှ ဖြတ်စီးလာသော ခရစ် တော်၏

မေတ္တာတန်ခိုးကြောင့်ပင် မဟုတ်ပါလော။

        ကြမ်းကြုတ်ရက်စက်သော စစ်သားတစ်စုတို့ သည် ဆရာဝန်၏ လုပ်ငန်းတစ်ခုလုံးကို

အခြေအမြစ် ဖြစ်လေသည်။ အဓမ္မဖျက်ဆီးပစ်ကြသော ကာလ၌ ထိုဆရာဝန်သည်

ဘုရားကိုလည်း အပြစ်မတင်၊ လူကို လည်း အပြစ်မတင်၊ ဆင်းရဲဒုက္ခကို

ခေါင်းငုံ့ခံ၍ မနေ ထိုဒုက္ခဆင်းရဲကို လက်နက်သဖွယ် အသုံးချတတ်သော ကြောင့်

ကမ္ဘာတွင် တစ်ခါမျှမပေါ်စဖူး ထူးခြားလှသည် ဧဝံဂေလိတရားဟောခွင့် တံခါးကြီးကို

တရုတ်ပြည်၌ လမ်းဖွင့်နိုင်ခဲ့လေပြီ။ ယခုအခါ ထိုဆေးရုံကို အသစ်ပြု

ပြင်လျှက် ဆရာဝန်ကြီးလည်း မိမိလုပ်ငန်းကို မအား မလပ်ဆောင်ရွက်လျက်

ရှိလေပြီ။

        သို့သော် အကျိုးဖြစ်ထွန်းနှုန်းကို တွက်ဆသော် တသက်ပတ်လုံး

အေးအေးချမ်းချမ်းဆောင်ရွက်ခြင်း အကျိုးထက်၊ ဆင်းရဲဒုက္ခကြုံတွေ့ပြီးမှ

ဖြစ်ပေါ်လာ သော အကျိုးကား အဆပေါင်းများစွာ ကြီးမားလေ သည်။

ငြိမ်းငြိမ်းချမ်းချမ်း အမှုတော်ဆောင်နေခြင်း ထက် ခေတ္တခဏဆင်းရဲဒုက္ခပြဿနာ

ကြုံပြီးမှ စီးထွက် လာသော ဝိညာဉ်အရှိန်တန်ခိုးသည်သာ၍ အကျိုးဖြစ်

ထွန်းကားပေသည်။

        ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ မိတ်ဆွေ အသက်တာ၌ မည်သို့သော

အခက်ခဲမျိုးနှင့် ရင်ဆိုင် နေရပါသနည်း။ ရောဂါဝေဒနာလား။ ငွေရေးကြေးရေး

လား။ ချစ်သူဆွေမျိုးများသေခြင်းလား၊ သို့မဟုတ် ဥစ္စာ ဆုံးရှုံးခြင်းလား၊

အပေါင်းအသင်းများ၏ စွန့်ပစ်ခြင်း လား၊ ထိုဒုက္ခပြဿနာအလုံးစုံကို

အခွင့်ကောင်းသဖွယ် အသုံးချလျက် ဘုရားသခင်မေတ္တာဖြင့် တုန့်ပြန်ပါက

မိတ်ဆွေသည် ဤလောကကို အောင်မြင်သူဖြစ်ပေ လိမ့်မည်။

လောကကိုအောင်နိုင်ကြပါစေ။

        နာမတော်မြတ်၌

                                                (ဇေန)

 

ယေရှုခရစ်၏ လောကကိုအောင်မြင်နည်း

အပိုင်း (၂)

 

        ချစ်သောမိတ်ဆွေ၊ ဤလောက၌ အသက် တစ်ရာ မနေရသော်လည်း အမှုတစ်ရာနှင့်

ကြုံတွေ့စ ရာရှိ၏။ သြမည ေါငည ဆရာတချို့၏ ဟောပြောချက်ကို နားယောင်ပြီး၊

ဒုက္ခထဲမှာ တွေဝေနေသော ယုံကြည်သူ များစွာရှိ၏။ အထက်ပါဆရာတို့၏ ဟောပြောသော

ဒေသနာမှာ ဘုရားသားဖြစ်လျှင် ကျန်းမာရမည်။ ဘုရားသားမှန်လျှင်

ဒုက္ခဆင်းရဲမကြုံရ။ အားလုံးအ ဆင်ပြေနေရမည်။ ထိုဆရာတို့ဟောပြောသည့်အတိုင်း

ဖြစ်မည်ဆိုပါက ဤလောကဆင်းရဲဒုက္ခမှ လွတ်နိုင်စ ရာ အကြောင်းရှိ၏။

သို့သော်လက်တွေ့မှာ အထက်ပါ ဆရာတော်များဟောပြောသည့်အတိုင်း ဖြစ်မလာ။

ဒုက္ခနှင့် ကြုံလာသောအခါ စိတ်ပျက်ဝမ်းနည်းရသည် သာမက ဘုရားသခင်ကိုပါ။

အသားလွတ်အပြစ်တင် ရသည် အခြေထိဆိုးဝါးခဲ့လေသည်။

        ဆရာကြီးများဟောပြောသည့်အတိုင်း ငါတို့ များ ဘုရားသားမဖြစ်သေးတာလား၊

သို့မဟုတ် ဆရာ ကြီးများ၏ ဩဝါဒကများ မှားနေရော့သလား၊ တစ်ခုခု

တော့မှားနေကြောင်း သတိရလာကြလေသည်။ ဤ အခြေအနေထဲမှာ ရောက်နေသော ယုံကြည်သူလူ

တစ်စုများအတွက် ရည်ရွယ်ပြီး ဤဆောင်းပါးအမှတ်

စဉ်(၂)ကိုရေးသားလိုက်ရခြင်းဖြစ်လေသည်။ ဤ ဆောင်းပါးသည် ကျွနု်ပ်ကိုယ်တိုင်

အခေါက်ခေါက် အခါခါဖတ်ရှုလေ့လာခဲ့သော ဒုက္ခပြဿနာ၊ ခရစ် ယာန်အဖြေစာအုပ်ကို

မှီငြမ်းပြီး ရေးသားကြောင်း ရှေးဦးစွာ ဝန်ခံလိုပါသည်။

        ယုံကြည်သူများအကြောင်း မစဉ်းစားမှီ ခရစ် တော်၏ အသက်တာကို ရှေးဦးစွာ

လေ့လာပါမည်။ အရှင်ယေရှုခရစ်သည် ကောင်းကင်မှ ြွကလာသော  သခင်ဖြစ်ပါ၏။

        သူသည် ဘုရားစင်စစ်မှ လူ့ဇာတိခံယူလျက် မွေးဖွားခဲ့၏ (ဖိ၂း၆-၇)။

ထိုခရစ်တော်သည် လူ့ဇာတိ အဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွတ်နိုင်သော

အဖခမည်းတော်ထံ ကြီးစွာသော ေြွကးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့်

ဆုတောင်းပဌာနာပြုလျက် ကြောက်ရွံ့စရာအမှု၌ ချမ်းသာရာရခဲ့၏။ ဘုရားသား

မှန်သော်လည်း ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နား ထောင်ခြင်းအကျိုး

အကြောင်းကို သင်တော်မူ၏ (ဟေဗြဲ ၅းရ-၈)။

        ထို့အပြင်အရှင်ယေရှုသည် ဤလောက၌ ဒုက္ခ မျိုးစုံခံခဲ့လေ၏။ ကျမ်းစာ၌လာသည်ကား

ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်

စက်ခြင်းကိုခံရလေ၏ (ဟေရှာယ ၅၃း၅)။ ထာဝရဘု ရားသည် အရှင်ယေရှုကို

နှိပ်စက်ခြင်းငှာ အလိုတော် ရှိ၍ အနာခံစေတော်၏ (ဟေရှာယ ၅၃း၁၀)။ အရှင်

ယေရှုသည် ဤဒုက္ခမျိုးစုံကို ခံရသောအခါ မတတ်သာ ၍ သည်းခံနေခြင်းမဟုတ်။

မရုန်းထွက်နိုင်၍ အလျှော့ ပေးလိုက်ခြင်းလည်းမဟုတ်။ အဖခမည်းတော်၏

အကြံအစည်တော်ပြည့်စုံစေဘို့ရန် ကျေနပ်အားရစွာ ခံရခြင်းဖြစ်လေသည်။

ကျမ်းစာ၌လာသည်ကား မိမိ စိတ်ဝိညာဉ်ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်

၍အားရလိမ့်မည်။

        သို့သော်ကျွနု်ပ်တို့စောဒကတတ်လေ့ရှိသော အချက်မှာ သခင်ယေရှုထိုသို့

ပြုတော်မူသည်မှာ မှန်၏။ ကိုယ်တော်သည် နာကျည်းဖွယ်သော ရက်စက် မှုကို ခံယူ၍

ဒုက္ခဘဝကို သုခဘဝဖြစ်အောင် ပြောင်း လဲတော်မူသည်မှာ မှန်၏။

သို့သော်ထိုနည်းလမ်းက အရှင်ယေရှု၏ နည်းလမ်းသာဖြစ်သည်။ ကျွနု်ပ်တို့

လိုက်နိုင်သောနည်းလမ်းမဟုတ်ဟူသော အချက်ပေ တည်း။

        အရှင်ယေရှုသည် သူ၏ နည်းလမ်းကို ကျွနု်ပ် တို့ နည်းလမ်းဖြစ်စေတော်မူပြီ။

တမန်တော်ဝတ္ထု ရှိ တမန်တော်တို့၏ အမှုဆောင်ပုံသည် သခင်ယေရှု ကိုယ်တိုင်

တမန်တော်များအထဲ၌နေ၍ သူ့အမှုတော် ကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်လေသည်။

အထူးသဖြင့် ဆင်းရဲဒုက္ခ ခဲရာခဲဆစ်တို့နှင့် ပတ်သက် ၍ တပည့်တော်တို့၏

အမှုသည်ကိုယ်တော်နှင့်  ဆက်နွယ်လျက်ရှိ၏။ ထိုတမန်တော်တို့၌ခံရသော

ဆီးတားခြင်းအမှုများသည်  အောင်မြင်တိုးတက်ခြင်း များဖြစ်လာ၏။

ဘေးဥပါဒ်များမှ ဥဒါန်းကျူးဧဖွယ်ရာ ဖြစ်လာကုန်၏။

        ဤတမန်တော်ဝတ္ထုထဲမှ အဖြစ်အပျက်အချို့ ကို ထုတ်နှုတ်၍ ဒုက္ခဆင်းရဲ

အတားအဆီးတို့ကို မည် သို့ မျက်နှာမူရင်ဆိုင်ကြပုံအကြောင်း ဆင်ခြင်ကြည့်

ကြကုန်အံ့။ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော် တို့တက်ကြရာတွင် တင့်တယ်

တံခါး၌ ခြေဆွံသူတစ် ယောက်သည် ထိုင်လျက် ဆီး၍ တောင်းခံ၏။ ထိုအခါ မိမိတို့

အိတ်ကိုလက်ဖြင့် စမ်းကောင်းစမ်းကြလိမ့်မည်။ စမ်းသော်လည်း

ငွေတစ်ပြားတစ်ချပ်မျှ မတွေ့သဖြင့်၊ ငွေကြေးမဲ့ခြင်းတည်းဟူသော

လောကဆင်းရဲခြင်းနှင့် သာ ကြုံနေမြဲရှိလေသည်။ ကျွနု်ပ်တို့သာဆိုလျှင်

ပိုက်ဆံပေးစရာမရှိ၍ ဝမ်းနည်းစွာ ခေါင်းကုတ်ပြီး ထွက်သွားကြလိမ့်မည်။

ပိုက်ဆံမရှိလေခြင်းဟူသော၊ ဒုက္ခဆင်းရဲ၏ နှိပ်စက်ခြင်းကို ခံစားရပေမည်။

များ  သော သူတို့ပိုက်ဆံမရှိခြင်းသည် အလွန်ကြီးလေးသော

ဆင်းရဲဒုက္ခကြီးတစ်ခုဖြစ်၏။

        သို့သော် ယောဟန်နှင့် ပေတရုတို့မှာမူ ထိုဆင်း ရဲခြင်းအတွက်

ဝမ်းနည်းကြေကွဲနေမည့်အစား ပိုက်ဆံ မရှိခြင်းကိုပင်

အခွင့်အရေးသဖွယ်ရယူလျက် ]]ငါတို့၌ ရွှေငွေမရှိ။ ရှိသည်အရာကို

ငါတို့ပေးမည်။ နာဇရက်မြို့ သားယေရှု၏ နာမတော်ကြောင့် လှမ်းသွားလော့}} ဟူ

သော အံ့ဩဖွယ်စကားကို မိန့်ဆိုခဲ့လေ၏။ ခြေဆွံသူ သည် ထ၍ လှမ်းသွား၏။

ပေတရုနှင့်ယောဟန်တို့ သည် ငွေမရှိခြင်းဆင်းရဲကို တွေးပြီး ငိုေြွကးကြသည်

မဟုတ်။ ဆင်းရဲဒုက္ခကို ခေါင်းငုံ့ပြီး ခါးစည်းခံနေကြ သည်မဟုတ်။

ဆင်းရဲခြင်းကို လက်နက်သဖွယ်ဆုပ် ကိုင် အသုံးချခဲ့ကြလေသည်။ အကယ်၍

ပေတ ရုနှင့် ယောဟန်တို့၌ ပိုက်ဆံငွေကြေးရှိခဲ့ပါမူ မည်သို့ ဖြစ်မည် နည်း။

သူတောင်းစားကို ပိုက်ဆံတစ်ပြား တစ်ချပ် ပစ်ပေးရုံနှင့် ပြီးကြပေလိမ့်မည်။

        ဤတမန်တော်တို့မှာ ခရစ်တော်ကိုယ်တိုင် ရွေး ချယ်ထားသော

အထူးပုဂ္ဂိုလ်များဖြစ်သောကြောင့် ဥပမာပြုရန် ရှည်ဝေးလှသည်ဟုထင်လျှင် သာမည

အသင်းသားဖြစ်သော သတေဖန်ကို ကြည့်ကြစို့။ သူ သည် လွှတ်တော်၌

စစ်ဆေးခံရသောအခါ တစ်ဖက်မှ နေ၍ လိမ်လည်သက်သေထွက်ဆို ခဲ့ ကြသည်။ သူ့ကို

သေကြောင်း ကြံကြသည်။ သူ့အတွက် အလွန်ခံရ ခက်ပေမည်။ သို့သော် သတေဖန်သည်

ပြစ်မှားသမျှကို ခေါင်းငုံ့ခံနေသည်မဟုတ်။  တုန့်ပြန်အသုံးပြုတော်မူပြီး

သူ့အပေါ် ကျလာသမျှသော မုသားသက်သေ စကား လုံးတိုင်းသည် အလင်းရောင်သဖွယ်

ဖြစ်လာသည်။ သူ့မျက်နှာကို မြင်ရသော သူတိုင်းက ကောင်းကင် တမန်၏ မျက်နှာကို

မြင်ရကြသည်အလား ထင်ရကြ ၏။ သူ့တစ်ဖက်မှ မတရားသက်သေခံလေလေ သူ့ မျက်နှာမှာ

တောက်ပြောင်လေလေဖြစ်၍ နောက်ဆုံး တွင် ကျောက်ခဲဖြင့် ပစ်သတ်ကြလေသည်။

ထို့အပြင် အသက်မထွက်မီ ပစ်သတ်သောသူတို့အပေါ် ထို

အပြစ်ဒဏ်မသက်ရောက်ပါစေကြောင်း မေတ္တာပို့ ဆုတောင်း ပေးသွားသေး၏။

        ထိုပဌာနာသံကို ရှောလုအမည်ရှိသော သူငယ် တစ်ယောက်သည်ကြားလျှင် နှလုံး၌

လွန်စွာ ထိခိုက်၍ နောက်ဆုံး၌ ဒမာသက်မြို့လမ်းတွင် ကိုယ်တော်ရှင်

ခြေရင်းသို့ အသက်တာကို ပုံ၍ အပ်နှံရ လေသည်။ သူ့ကို ပစ်သမျှကျောက်တို့ကို

မေတ္တာ စကားလုံးနှင့် သာချေပခဲ့သောကြောင့် နောင်တွင် တမန်တော်ဖြစ် လာမည့်

ရှင်ပေါ်လုအား ခရစ်တော်အတွက် သူကယ် ဆယ်ခဲ့လေပြီ။ ဤသို့ဖြင့် သတေဖန်သည်

ရန်ကို ရန် ချင်းမတုန့်နှင်းဘဲ မေတ္တာဖြင့် တုန့်ပြန် ခဲ့သောကြောင့်

လောကဓံတရားကို နိုင်နင်းအောင်မြင်၍ နိုင်ငံတော် ပြန့်ပွားရေးအတွက်

မိမိခံရသော ဆင်းရဲခြင်းကိုပင် အသုံးပြုချေပြီ။

        သတေဖန်ကို ခဲနှင့်ပေါက်သတ်ပြီးနောက် ခရစ် ယာန်တပည့်တော်တို့သည် ဆက်လက်၍

ညှဉ်းပန်းနှိပ် စက်ခြင်းကို ခံကြရလေသည်။ တပည့်တော်တို့သည် အရပ်ရပ်သို့

ထွက်ပြေးတိမ်းရှောင်ကြရသော်လည်း ကွဲလွင့်ကြသောသူတို့သည်

ဧဝံဂေလိတရားတော်ကို  ရောက်ရာလေရာ၌ ဟောပြောကြကုန်၏။ သူတို့ကို

ပျက်စီးစေမည့် အကြံအစည်တော်တည်းဟူသော ]]ပေ}} ပေါ်၌တင်၍ မတရားသော

အာဏာတန်ခိုး တည်းဟူသော ]]တူ}}နှင့်ထုလိုက်သောအခါ ဧဝံဂေလိ တရားမီးလျှံသည်

နေရာအနှံအပြား ထွန်းလင်းပြီးသား ဖြစ်သွားလေသည်။ ယုံကြည်သူများကိုယ်တိုင်

ထိုသို့ အထုအထောင်ခံရခြင်းကြောင့် သာ၍ရင့်ကျက် သော ခရစ်ယာန်များ

သာ၍စည်းလုံးညီညွတ်သော ယုံကြည် သူများဖြစ်လာကြရလေသည်။ ဘယ်လိုနှိပ် စက်ကြ

မည်နည်းဟူ၍ နှိပ်စက်သူများပင်လျှင် အကြံအိုက် ရချေပြီ။ သို့သော်

]]နှိပ်}}လေလေ ]]ထက်}} လေလေ ရှိကုန်ကြပြီဟူသော ရလာဒ်သာအဖတ်တင် ကျန်ရစ်ခဲ့

လေသည်။ တရားလိုများသာ အဆုံးကြီးရှုံးလျက် တရားခံများမှာမူ၊

အောင်ပွဲခံလျက်ရှိကြလေပြီ။

        ချစ်သောမိတ်ဆွေ၊ ဤသို့သောဖြစ်ရပ်မှာ

ဓမ္မကျမ်းတစ်ခုလုံးပြည့်နှက်လျက်ရှိလေပြီ။ ပေါလုနှင့် သိလတို့ကို

ကြည့်ဦးမည်လော။ ထောင်အတွင်း၌ လက်ထိပ်၊ ခြေထိပ်ခတ်လျက်၊ ကျောကုန်း၌ ဒဏ်ရာ

အလျှိုးလျှိုးဖြင့် သွေးများပင် ယိုစီးလျက်ရှိကြ၏။

        ဘယ်အမှုကိုပြု၍ ဤသို့ဆင်းရဲကို ခံကြရသ နည်း။ ဧဝံဂေလိတရားတော်ကို

ဝေငှခဲ့သောကြောင့် အမြင့်မြတ်ဆုံးသော ဆုကျေးဇူးကို အခြားသူတို့အား

ဝေငှခြင်းကြောင့် ဤသို့ ဒုက္ခဆင်းရဲနှင့် ကြုံကြရသည်။ ထိုသို့သော

ဒုက္ခမျိုးကြုံတွေ့ရသောအခါ သူတို့၏ ကိုး ကွယ်ခြင်းသည်

အချည်းနှီးဖြစ်သွားပြီလော။ ဘုရား သခင်သည် သူတို့ကို မကြည့်ရှုဘဲ

မျက်နှာလွှဲသွား ပြီးလော၊ လောက၌ ဘုရားမရှိ တရားမရှိသော ငါတို့ သည်

ဤသို့ဆင်းရဲခြင်းကို ခံရချေသည်ဟု ထိုင်၍ ညည်းညူ နေကြသလော။

ထိုသို့အလျှင်းမဟုတ်ပါ သန်းခေါင်ယံ၌ ပေါလုနှင့် သီလတို့သည် သီးချင်းဆို

ကြ၏။ သီးချင်းကိုပင် သီဆိုကြလေပြီ။ ဤမျှလောက် မတရားခံနေစဉ် နှလုံးသားထဲမှ

ထွက်လာသော သီ ချင်းသံကို ကြားဖူးပါသလား။ ကျေးဇူးတော်ကို ချီးမွမ်း သော

သီချင်းသံသည် ကောင်းကင်အထက်ဘုရားရှင် ထံတော်အပါးသို့ ရောက်သွားသောအခါ

ဘုရားသခင် သည် ကြားတော်မူလျှင်မနေသာ၍ အောက်သံဖြစ် သော ငလျှင်နှင့်

စည်းဝါးလိုက်ပေးတော်မူရလေသည်။ မိုးမလင်းမီ ထောင်မှူးနှင့်မိသားစုသည်

ပြောင်းလဲလာ သောကြောင့် ခရစ်ယာန်အသင်းတော်တစ်ပါး၏ အုတ်မြစ်ကို

တည်ဆောက်နိုင်ပေသည်။ထိုအကျဉ်း သား ပေါလုသည်ထောင်ထဲမှ ဖိလိပ္ပိမြို့ရှိ

အသင်း တော်သို့ ရေးလိုက်သော ဩဝါဒစာ၌ ဝမ်းနည်းသံမ ကြားရဘဲ

ကျေးဇူးတော်ချီးမွမ်းခြင်း ပြည့်လျှံလျက်ရှိ လေသည်။ ပေါလုနှင့်သိလသည်

ဒုက္ခဆင်းရဲကို သည်း ခံရုံနေကြသည်မဟုတ်။ ဖယ်ရှောင်၍ နေကြသည် လည်းမဟုတ်

ဆင်းရဲခြင်းကို ဆွဲကိုင်ယူ၍ အသုံး ပြုကြ လေသည်။

        ဓမ္မသစ်ကျမ်းတွင် ဤသို့သော သက်သေသာဓ ကမျိုး အများရှိရာမှ ကျွနု်ပ်တို့

ကိုယ်တိုင်တစ်ခါမဟုတ် တစ်ခါကိုယ်တွေ့ကြုံရကြသောအကြောင်း တစ်ခုကို

ထပ်မံတင်ပြလိုပါသည်။ ဘုရားသခင်ထံဆုတောင်း ခြင်းကို ဂါထာတစ်ခုကဲ့သို့

အသုံးချနေသော ]]ဥုံဖွ}} ပျောက်စေဆရာကြီးအား ဤဖြစ်ရပ်မှန်ဖြင့် သတိပေး

လိုပါသည်။ ထို့အပြင် ]]ဥုံဖွ}} ပျောက်စေဆရာကြီးများ နောက်သို့

တကောက်ကောက် လိုက်ပါလွယ်သော ယုံကြည်သူ လူသစ်များကိုလည်း သတိပေးနှိုးဆော်

အပ်ပါသည်။

        အကြောင်းမှာ ပေါလုကို နှိမ်နှင်းခြင်းငှာ စာ တန်၏ စေတမန်သဖွယ်

ကိုယ်ခန္ဓာ၌ ဝေဒနာတစ်ခု ရှိကြောင်းသိရသည်။ အမှုတော်ကို ကောင်းမွန်စွာ

ဆောင်ရွက်နိုင်ရန် ဘုရားသခင်သည် ထိုဝေဒနာကို ပျောက်ကင်းအောင်

ကုသပေးသင့်သည်။ ဤရောဂါမှ ပျောက်ကင်းအောင် ပေါလုသည် သုံးကြိမ်တိုင်တိုင်

ဆုတောင်းခဲ့သည်။ သို့သော် ဘုရားသခင်ထံမှရသော အဖြေသည်

အနာငြိမ်းခြင်းမဟုတ်။ ဘုရားသခင်သည် ဂရုဏာတော်မရှိ။ လစ်လျှူရှုသကဲ့သို့

နေတော်မူ၏။ လူတွေက မတရားညှင်းဆဲသလို ဝေဒနာကလည်း ဖိစီး နှိပ်စက်

ဘုရားသခင်ကလည်း ဂရုမစိုက်ဖြင့် သုံးဌာန ၏ ဖိစီးခြင်းခံရသောအခါ

ပေါလုအနေဖြင့် နှလုံးကြေ ကွဲ စိတ်ပျက်ဝမ်းနည်းရုံသာ ကျန်တော့မည်မဟုတ်

လော။ လူတွက်နည်းဖြင့်တွက်သော် စိတ်ပျက်ခြင်းသို့ သာဆိုက်ပေမည်။

        သို့သော်ထိုသို့မဟုတ် သုံးကြိမ်တိုင်တိုင် ဆု တောင်းသည့် အဆုံး၌ပေါလုအား

ဘုရားသခင်က သင့်ဝေဒနာကို ငါသည် ပပျောက်စေမည်မဟုတ်။ သို့ သော်

ပပျောက်သည်ထက်သာ၍ ကောင်းသော အရာ တစ်ခုကို ငါပေးမည်။ ဤဝေဒနာစွဲနေစဉ်တွင်

သင်၌ အသုံးပြုနိုင်သည် ခွန်အားတန်ခိုးကို ငါပေးမည်။ ငါ၏ကျေးဇူးသည်

သင်အဖို့လုံလောက်ပေ၏။ ခွန်အား နည်းရာ၌ ငါတန်ခိုးသည် စုံလင်သည်ဟု

မိန့်တော် မူ၏။ ဘုရားသခင်၏ သဘောတော် အလိုတော်ကို ပေါလုသည်

သဘောပေါက်နားလည်သောအခါ ရော ဂါရှိလျက်ပင်ထ၍ ဝမ်းမြောက်ရွှင်လန်းခြင်း

ရှိသည်။ ခရစ်တော်အတွက် အားနည်းခြင်း၊ အနာတရပြုခြင်း၊

ညှင်းပန်းနှိပ်စက်ခြင်း၊ ကျဉ်းကျပ်ခြင်းများကို ငါနှစ် သက်စွာ

နာခံပါမည်ဟု ဝန်ခံလေ၏။ အကြောင်းမူ ကား ငါသည်အားနည်းသောအခါ

တန်ခိုးနှင့်ပြည်စုံ ၏ (၂ကော ၁၂းရ-၁၀)။

        ဤနေရာ၌ ပေါလုသည် ဝေဒနာမှ သက်သာ  ပျောက်ကင်းခြင်းကို မတွေ့ရသော်လည်း

ဝေဒနာကို အသုံးပြုနိုင်သည့်သာ၍ မြင့်မြတ်သော အခွင့်ထူးကို တွေ့လေ၏။

        အထက်ပါရှင်ပေါလု၏ ဝေဒနာနှင့် ပတ်သက် ၍ ကိုယ်ခန္ဓာကျန်းမာခြင်းပြဿနာကို

ကျွနု်ပ်တို့တိုက် ရိုက်တွေ့ရကြပြီ။ ဘုရားသခင်သည် လူတို့ကို ရောဂါ ဝေဒနာမှ

ချမ်းသာပေးပုံပေးနည်း အမျိုးမျိုးရှိသည်။ သင့်မြတ်သောနေရာဒေသ၊

တိုင်းရင်းဆေး၊ ဓါတ်စာ၊ ခွဲစိတ်ကုသခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း

စသည်တို့မှာ လည်း ဘုရားသခင်၏ နည်းလမ်းများပင် ဖြစ်ကြောင်း ဝန်ခံရပေမည်။

သို့သော် ဤသာမညနည်းလမ်းများ ထက် ထူးကဲ၍ ဘုရားသခင်ကိုယ်တိုင်

တိုက်ရိုက်တို့ ထိလျက် ကျန်းမာစေခြင်းမျိုး ဧကန်မုချရှိကြောင်း

ကျွနု်ပ်တို့ယုံကြည်ပါ၏။ ဤတန်ခိုးမျိုးကိုလောကီပညာ ဖြင့် နားမလည်နိုင်။

ဖော်ပြရှင်းလင်း၍လည်း မတတ် နိုင်သော တန်ခိုးကို တွေ့ထိခံစားသူတိုင်း

ဝန်ခံရကြ၏။

        သို့သော် ဤသို့ဘုရားသခင်၏ အနာငြိမ်းစေ ခြင်းသည်ရှိငြားသော်လည်း

ဘုရားသခင်သည် အမြဲ မပြတ်သုံးတော်မမူကြောင်းကို မှတ်သားရပေမည်။

ဘုရားသခင်ထံမှ တိုက်ရိုက်တို့ထိပြီး အနာငြိမ်းခြင်းမရ သောအခါများ၌

ကျွနု်ပ်တို့၌ ယုံကြည်တရားပျက်ကြရ လေသည်။ ဘုရားသခင်သည်အခါမရွေး တန်ခိုးပြ

လျက် ကုသပေးသည်ဟု မိတ်ဆွေယုံကြည်ခဲ့ပါမူ အနာ မငြိမ်းသောအခါ ဘုရားသခင်အပေါ်

ထင်ယောင် ထင်မှားဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရား ကို

သိထားဖို့လိုအပ်လေပြီ။

        အမှန်စင်စစ်၊ ဘုရားသခင်သည် တစ်ခါတစ်ရံ တိုက်ရိုက်အနာငြိမ်းစေပြီဟု

ကုသပေးတော်မူ၏။ တစ် ခါတစ်ရံမှာ တိုက်ရိုက်အနာငြိမ်းခြင်းမပြုဘဲနေတော်မူ

၏။ ထိုသို့အနာငြိမ်းခြင်းမပြုလုပ်သောအခါ ထိုထက် သာ၍ အကျိုးကြီးသော

ကျေးဇူးတော် တစ်စုံတစ်ရာ ကို ပေးသနားတော်မူလိုသောကြောင့်ဖြစ်၏။ ဤသမ္မာ

တရားကိုသိထားပါက ဝေဒနာတစ်စုံတစ်ခုမှ ချမ်းသာ မရသောအခါ ဘုရားသခင်အပေါ်

သံသယစိတ်မဝင် နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အသက်ကိုပင် မ နှမြောဘဲ

ပေးခဲ့သောဘုရားမေတ္တာကို စိတ်ချယုံကြည် နိုင်သောကြောင့်ဖြစ်လေသည်။

တစ်ခါတစ်ရံ ဘုရား သခင်သည် ခန္ဓာကျန်းမာခြင်းထက် ဝိညာဉ်ပါရမီနှင့်

ပြည့်ဝလျက် ရင့်ကျက်စေလိုသောအခါ ရောဂါဝေဒနာ မှ ကုသပေးခြင်းမပြုသော်လည်း

သာ၍အကျိုးကြီး သော ဆုကျေးဇူးကို ငါတို့အတွက် ပြင်ဆင်တော်မူ၏။ ထို့ကြောင့်

တမန်တော်ပေါလုက အားနည်းသည့် အ ရာမှာ ခွန်အားနှင့်ပြည့်စုံ၏ဟူ၍

ကျေနပ်နှစ်သက်စွာ သူ့ဝေဒနာကို ဝန်ခံခဲ့လေသည်။

        ထို့ကြောင့် ယုံကြည်သူတိုင်း သတိချပ်ရမည့် အရာတစ်ခုမှာ ဘုရားသခင်သည်

မိတ်ဆွေ၏ ရောဂါ ကို တိုက်ရိုက်တို့ထိပြီး တန်ခိုးတော်ဖြင့် အနာငြိမ်းစေ

နိုင်ပါ၏။ ထိုသို့ အနာငြိမ်းခြင်းကို မပေးခဲ့လျှင် ထိုဝေဒ နာကို

အကျိုးရှိအောင် အသုံးပြုနိုင်သည့် တန်ခိုးကို ပေးလိမ့်မည်။

        ရွှေလင်းယုန်ငှက်ကို ကြည့်ပါ။ မုန်တိုင်းတိုက် ခတ်သောအခါ အတောင်ကိုဖြန့်၍

မုန်တိုင်းအရှိန်ကို ပင်အားပြုလျက်၊ မုန်တိုင်းအထက် လေပြေလေညှင်း

ရှိရာအရပ်သို့ တက်သွားလေ့ရှိ၏။ ထို့အတူ ငါတို့ခရစ် ယာန်များသည်လည်း

ဤဆင်းရဲခြင်းအပေါင်း၏ အ ဟုန်ကိုပင် အားပြု၍ မြင့်မြတ်ရာသို့တက်၍ ဝိညာဉ်

ခွန်အားကို ရရှိနိုင်ကြလေသည်။ ဤသည်သာလျှင် စစ်မှန်သော

လောကကိုအောင်နည်းဖြစ်သတည်း။

        ဘုရားသခင်၏ သားဖြစ်သော မည်သည် ကား လောကကို အောင်တတ်၏။ လောကကို

အောင်ခြင်းအကြောင်းမူကား။ ငါတို့၏ ယုံကြည်ခြင်း ပေတည်း (၁ယော ၅း၄)

 

ခရစ်တော်၏ မေတ္တာ၌

ခေကြိုင်း

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?