မေတ္တာဓါတ်နှင့် မြတ်စွာဘုရား
ယခုတလော ကျွနု်ပ်ပတ်ဝန်းကျင်မှာ မေတ္တာ ခေါင်းပါးခြင်းများ တွေ့နေရပါသည်။
ထိုအခါ တချိန် က
ခရစ်တော်မိန့်မှာခဲ့သော နှုတ်ကပတ်တော်ကို ပြေး ပြီး
သတိရမိပါသည်။
မတရားသော အမှုတို့သည်
များပြားသဖြင့် အများသော သူတို့၏
ချစ်ခြင်းမေတ္တာသည်
ခေါင်း ပါးလိမ့်မည် (မဿဲ ၂၄း၁၂)
ဤကျမ်းစာငည် ယနေ့တိုင်အောင် မှန်ကန်
လျက်ရှိပေသည်။ လင်နှင့်မယားအကြား
မေတ္တာခေါင်း ပါးမှု၊ မိဘနှင့်သားသမီးအကြား
မေတ္တာခေါင်းပါးမှု၊လုပ်ဖော်ဆောင်ဖက်အကြား
မေတ္တာခေါင်းပါးမှု၊ အ လုပ်ရှင်နှင့် အလုပ်သမားအကြား
မေတ္တာခေါင်းပါးမှု
အမျိုးမျိုးကိုတွေ့မြင်နေရပါသည်။
လင်နှင့်မယားအကြား
မေတ္တာဓါတ်
ချစ်စ၊ ခင်စ၊ ကြင်နာစ ဟူသော စကားအတိုင်း
အိမ်ထောင်ကျခါစက တစ်ယောက်နှင့်
တစ်ယောက်
ငုံထားလောက်မတတ် ချစ်တတ်ကြသည်မှာ ဓမ္မတာ ပင် ဖြစ်ပါသည်။
အိမ်ထောင်သက်ကြာလာ၍
ခလေး များ ရလာသောအခါမူကား တချိန်က ဖုံးဖိခဲ့သမျှ
အကျင့်ဟောင်းများ
ပေါ်ထွက်လာပြီး ကတောက်က ဆ ဖြစ်လာကြရပါသည်။ လင်သားက
စိတ်ညစ်ပြီး
အရက်သောက် ဖဲရိုက်၊ အမျိုးသမီးက အိမ်မှာဆူပူ
သောင်းကျန်းလာသောအခါ
တချိန်က မေတ္တာဖြင့် တည်ဆောက်ထားသော အိမ်ထောင်သည်
စိတ်ညစ်
စရာကောင်းသော အိမ်ထောင်သည်ဖြစ်လာရလေ သည်။
လွန်ခဲ့သော ဇူလိုင်လကဖြစ်ပါသည်။ ကျွနု်ပ်
နေသော ရပ်ကွက်တွင်
လင်မယားနှင့်သားသမီးများ
ခြံလုပ်ပြီး နေထိုင်ကြပါသည်။ အမျိုးသားမှာ အရက်
သမားဖြစ်ပြီး
အိမ်ပြန်လာတိုင်း မိသားစုအားလုံးကို ဆူဆဲ၊ ရိုက်နှက်လျက်၊
ညစဉ်ညတိုင်း
အရှင်လတ်လတ် ငရဲ၏ ဝေဒနာကို ခံစားနေကြရပါသည်။ တစ်နေ့တွင်
ထိုအရက်သမား၏
မိန်းမအား ဧဝံဂေလိ ဝေငှခွင့်ရခဲ့ ပြီး သူ့မိန်းမထံမှ
အကြောင်းစုံကို
သိခွင့်ရခဲ့လေသည်။
ထိုအခါ အရက်သမား၏ မိန်းမက ဆရာရယ်
ဒီလိုယောကျင်္ားမျိုးနှင့် နေရတာထက်
တစ်ယောက် တည်း
တောလွင်ပြင်မှာ နေရတာက ပိုကောင်းလိမ့် မယ်လို့
ကျွန်မထင်ပါတယ်။
တခါတခါ ကျွန်ဆုတောင်း မိပါတယ်။ ဒီလိုမျိုး အရက်သောက်ပြီး
မိသားစုကို
ညှင်းဆဲနေတဲ့ ယောကျာ်းမျိုး မြန်မြန်သေရင် အေး တယ်လို့ပေါ့။
ဆရာရယ်
ကျွန်မလုံးဝမခံနိုင်တော့ဘူး။ ကျွန်မတို့မိသားစုကို
မလုပ်ကျွေးတဲ့အပြင်
ဒုက္ခပေး နေတဲ့ ယောကျာ်းကို လုံးဝ မသနားတော့ဘူး။ သေရင်
တောင်
ဝမ်းနည်းမည့် လူရှိမယ်မထင်ဘူး။ တစ်ခါတော့ အပြတ်ကွာရှင်းမယ် စသဖြင့်
ကျွနု်ပ်အား
ရင်ဖွင့်ခဲ့ သည်ကို ယနေ့တိုင် ကျွနု်ပ်နားမှာ ကြားယောင်နေ
ဆဲပါ။
ထိုအခါ ကျွနု်ပ်တို့၏ ဝိညာဉ်ဖခင်ဆရာကြီး
ဦးတင်မောင်ထွန်း ပြောနေကျ
စကားတစ်ခွန်းကို
သတိရမိပါသည်။ ထိုစကားမှာ ]]မေတ္တာဓါတ်ပျက် သွားပြီ}}ဟူသော
စကားပေတည်း။
တစ်ချိန်က တစ်ယောက်နှင့် တစ်ယောက်
မေတ္တာမျှခဲ့ကြသော ထိုလင်မယား၏
အိမ်ထောင် သည်
ယခုအခါ မေတ္တာဓါတ်များ ပျက်ပြယ်သွားချေပြီ။
အဘယ့်ကြောင့်ဆိုသော်
တစ်ယောက်အပေါ် တစ် ယောက် ကြင်နာခြင်း၊
မြတ်နိုးယုယခြင်း၊
မိတ်သဟာ ယဖွဲ့ခြင်းများ မရှိကြတော့ချေ။ တစ်ယောက်သေရင်
တောင်
တစ်ယောက်သောသူက ဝမ်းသာမလိုလိုဖြစ် နေလေပြီ။ ဤသည်ကို
မေတ္တာဓါတ်ပျက်နေပြီဟု
ခေါ်လေသည်။
သားအဖကြား
မေတ္တာဓာတ်
အဖေနှင့်သားဆိုသည်မှာ သဘာဝအားဖြင့်
ချစ်ခင်ကြင်နာခြင်း၊ ရင်းနှီးစွာ
အကျွမ်းတဝင်ဖြစ်ခြင်း၊
ပွင့်လင်းစွာ ဆက်ဆံခြင်းစသည့် သဘာဝများရှိပေ သည်။
သို့သော်
တစ်ခါတစ်ရံ စကားမခေါ်မပြောနိုင် လောက်အောင် ခါးသီးမှု၊
မုန်းတီးမှုများလည်း
ဖြစ်လာ တတ်သည်။
တစ်ခါက အဗရှလုံသည် သူ၏နှမ တာမာအ တွက်
အမျက်ထွက်ပြီး သူ့တစ်ဝမ်းကွဲညီ
အာမနုန်ကို
သူ့ကျွန်များအား သတ်စေခဲ့လေသည်။ ထို့နောက် မိမိအပြစ်ကို သိလျက်
အဗရှလုံသည်
ဂေရှုရမြို့သို့ ထွက်ပြေး၍ သုံးနှစ်နေလေသည်။ (၂ရာ ၁၃း၂၃-၃၈)။
ဒါဝိဒ်နှင့်
အဗရှလုံသည် အဖေနှင့်သားတော်စပ်မှု ရှိသော်လည်း
သုံးနှစ်တိုင်တိုင်
အတူနေခြင်း၊ အတူစား ခြင်း၊
စကားပြောခြင်းလုုံးဝမရှိတော့ပါ။
ထို့နောက် ဗိုလ်ချုပ် ယွာဘ၏
စီရင်မှုကြောင့်
အဗရှလုံကို ဂေရှုရ မြို့မှ ပြန်ခေါ်ခဲ့သော်လည်း အဗရှလုံသည်
ရှင်ဘုရင်
ဒါဝိဒ်၏ မျက်နှာတော်ကို နှစ်နှစ်ပတ်လုံး မမြင်ရဘဲ
ယေရုရှလင်မြို့၌
နေလေ၏။ (၂ရာ ၁၄း၂၈)။ ဤသည် မှာ သားနှင့်အဖေကြား
မေတ္တာဓါတ်ပျက်ပြယ်သွားခြင်း
ဖြစ်လေသည်။ ချစ်သော မိတ်ဆွေ၊ သင်သည်လည်း
မိသားစုအပေါ်
မေတ္တာခေါင်းပါးနေပါသလား၊ ဘုရားသခင်အပေါ်
မေတ္တာခေါင်းပါးနေပါသလား၊
မိမိကိုယ်မိမိ ဆန်းစစ်ကြည့်ရအောင်။
ဘုရားသခင်၏
အမှုတော်နှင့်မေတ္တာဓာတ်
တစ်ခါက မိက္ခာအမည်ရှိသော ဧဖရိမ်တောင်
သားတစ်ယောက်ရှိသည်။ သူသည် အမိအား
အို အမေ၊
ပျောက်သောငွေ၊ အကျွနု်ပ်ရှေ့မှာ ကျိန်ဆဲ သော စကားကိုပြောသော
ငွေဆယ်ပိဿာသည်
အကျွနု်ပ်၌ ရှိပါ၏။ အကျွနု်ပ်၏ ယူမိပြီဟုဆိုသော် အမိက ငါ့သား
ထာဝရဘုရား
ကောင်းကြီးပေးပါစေဟု ဆို၏။ ထိုငွေဆယ်ပိဿာကို အမိအား ပြန်ပေးသော
အခါ အမိက
ငါ့သားသည် ထုသော ရုပ်ထုနှင့် သွန်းသော ရုပ်ထုကို လုပ်စရာဘို့၊
ဤငွေရှိသမျှကို
ထာဝရဘုရားအား ပူဇော်နှင့်ပြီ။ သို့ဖြစ်၍ ငါ့သား
ယခုပြန်ပေးမည်ဟု
ဆိုသော်လည်း သားသည် ထိုငွေကို အမိအား ပြန်ပေး၏။
အမိသည်လည်း
ထိုငွေ ထဲမှ နှစ်ပိဿာယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့် သူသည် ထုသော
ရုပ်ထုနှင့်
သွန်းသော ရုပ်ထုကို လုပ်၍ ရုပ်ထုတို့သည် မိက္ခာအိမ်၌ရှိ၏။
ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍
သင်တိုင်း တော်နှင့် တေရပ်ရုပ်ထုကို
လုပ်ပြီးမှ
မိမိသားတစ် ယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ ၏။ (တရား
၁ရး၁-၆)
ချစ်သော ဓမ္မမိတ်ဆွေ ထိုကာလ၌ ဣသရေ လ
ရှင်ဘုရင်မရှိ။ လူတိုင်း
မိမိစိတ်အလိုရှိသည့်အတိုင်း
ပြုသတည်း။ အမှန်မှာ မိက္ခာသည် အမေထံမှ
ငွေဆယ်ပိဿာခိုးသော
သူခိုးဖြစ်ပါသည်။ ဘုရား သခင်၏ အမှုတော်အတွက်ဆိုပြီး
တေရပ်ရုပ်ထုကို
ထု လုပ်ခြင်းသည် သမ္မာတရားနှင့် လုံးလုံးဆန့်ကျင်သော
လုပ်ဆောင်ချက်ဖြစ်ပါသည်။
ထို့အပြင် လေဝိအမျိုး မဟုတ်သော သူ့သားကို
ယဇ်ပုရောဟိတ်အရာ၌
ခန့် ထားခြင်းသည်လည်း ကျမ်းစာနှင့်မကိုက်ညီပါ။
ဓမ္မဟောင်းကာလ၌
လေဝိအမျိုးသာလျှင် အမှုတော် ဆောင် လုပ်ပိုင်ခွင့်ရှိလေသည်။
ထို့အတူ ယနေ့လည်း
ဝိညာဉ်ရေးရာ၊ ရင့်ကျက်မှုမရှိဘဲ၊ လူခန့်သော အမှု
တော်ဆောင်များ
မြောက်များစွာရှိလေသည်။
မကြာသေးမီ လေဝိအမျိုး လုလင်တစ်ယောက် သည်
ဧဖရိမ်တောင် မိက္ခာအိမ်သို့
ရောက်လာလေ သည်။
မိက္ခာက အကျွနု်ပ်နှင့်အတူနေပါ။ အကျွနု်ပ်၏ အဘ အကျွနု်ပ်၏
ယဇ်ပုရောဟိတ်လုပ်ပါ။
အကျွနု်ပ် သည် တစ်နှစ်တစ်နှစ်လျှင် ငွေအကျပ်တဆယ်နှင့်
အဝတ်စုံကိုလည်းကောင်း၊
စားစရာကိုလည်းကောင်း ပေးပါမည်ဟု ပင့်ဖိတ်သောအခါ
လေဝိလူသည်
သဘောတူလျက် မိက္ခာအိမ်၌ နေလေ၏။
ချစ်သော ဓမ–္မမိတ်ဆွေ ယနေ့လည်း ဘုရား
သခင်၏ အမှုတော်အတွက် ဆက်ကပ်ကြသောအခါ
ဘုရားသခင်ကို
ချစ်၍ အမှုတော်ဆောင်နေတာလား။ လေဝိလူကဲ့သို့ စားဝတ်နေရေး၊
ထောက်ပံ့ကြေးငွေကို
မျှော်ကိုးပြီး အမှုတော်ဆောင်နေတာလား မိမိကိုယ်ကို
ဆန်းစစ်ကြပါစို့။
ချစ်သော ဓမ္မမိတ်ဆွေ မိက္ခာအိမ်၌ ဆက်ကပ်အမှုတော်ဆောင်နေသော
လေဝိလူ၏ အသက်တာ
အဖြေမှန်ကို နောက်ဆုံးပိုင်းမှာ တွေ့နိုင် ပါသည်။
ဒန်အမျိုးသားများက
အကျွနု်ပ်တို့နှင့်ြွကပါ။ အကျွနု်ပ်တို့ အဘလုပ်ပါ။
ယဇ်ပုရောဟိတ်လုပ်ပါ။
တစ်အိမ်ထောင်၌ ယဇ်ပုရောဟိတ်လုပ်တာထက်
ဣသရေလအမျိုးအနွယ်တို့တွင်
တစ်မျိုးတစ်နွယ်လုံး၌ ယဇ်ပုရောဟိတ်လုပ်တာက
ပို၍မကောင်းပေလောဟု
ပြောသောအခါ လေဝိလူသည် ဝမ်းမြောက်၍ ထိုလူ စုနောက်သို့
လိုက်လေ၏။ (တရား
၁၈း၁၁-၂၀)
ချစ်သော မိတ်ဆွေ ထိုလေဝိလူသည် ဘုရား
သခင်ကို ချစ်သောကြောင့်
အမှုတော်ဆောင်ခြင်းမ
ဟုတ်။ ငွေကိုချစ်သောကြောင့် အမှုဆောင်ခြင်းသာ
ဖြစ်လေသည်။
ထိုထက်မက သာ၍ထောက်ပံ့ပေး နိုင်သော သူနှင့်တွေ့ပါက နောက်တဖန်
ပြောင်းရွှေ့ ၍
နေမည်မှာ သေချာလေသည်။
ထို့အတူ ယနေ့ အချို့အမှုတော်ဆောင်များ
သည် ဘုရားသခင်ကို ချစ်၍
အမှုတော်ဆောင်နေခြင်း
မဟုတ်။ မိမိစားဝတ်နေရေးပြဿနာဖြေရှင်းရေးကို
ရှေ့တန်းတင်ပြီး
အမှုတော်ဆောင်နေခြင်းသာဖြစ် သည်။ ထို့ကြောင့်
မည်သည့်အသင်းတော်၊
မည်သည့် အဖွဲ့အစည်းက ထောက်ပံ့ကြေးပိုကောင်းသလဲဆိုပြီး
သာသည့်အဖွဲ့အစည်းဘက်မှာ
ပြောင်းရွှေကနေကြ သည်မှာ မထူးဆန်းပေ။
ထောက်ပံ့ကြေးငွေ
လုံလုံ လောက်လောက်ရသော်လည်း အမှုတော်အောင်မြင် ခြင်းမရှိ၊
ပြောင်းလဲခြင်းမရှိ၊
နိုးထမှုမရှိခြင်းသည် ဧဝံဂေလိဓာတ်သဘာဝ
ပျက်စီးနေသောကြောင့်
ဖြစ် လေသည်။
ကနဦးအသင်းတော်ခေတ်ကာလ၌ ရောမ အစိုးရ၏
ညှင်းဆဲခြင်းကြောင့် အရပ်ရပ်သို့
ကွဲပြားကြ ၏။
ထိုသူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော် တည်းဟူသော
ဧဝံဂေလိတရားကို
ဟောပြောကြ၏။ဖိလိပ္ပုသည်လည်း ရှမာရိမြို့သို့သွား၍
ခရစ်တော်၏
အကြောင်းကို ဟောလေ၏။ လူအစုအဝေးတို့သည် ကြား၍ ဖိလိပ္ပုပြုသော
နမိတ်လက္ခဏာကို
မြင်သော အခါ သူ၏စကားကို တညီတညွတ်တည်း နားထောင် ကြ၏။ (တ
၈း၁-၈)
ချစ်သော ဓမ္မမိတ်ဆွေ ဖိလိပ္ပု ဧဝံဂေလိဆရာ
လုပ်ရာတွင်
မည်သည့်အဖွဲ့အစည်းကမှ
လခမပေး ကြပါ။ သူခံစားရသော ဘုရားသခင်၏ မေတ္တာကို
တုန့် ပြန်သော
အားဖြင့် စေတနာသန့်သန့်ဖြင့် ဧဝံဂေလိ တရားကို
ဟောပြောသောအခါ
ဘုရား၏ မေတ္တာ ဓာတ်စီးလျက် လူတွေပြောင်းလဲလာကြောင်း တွေ့ရ
၏။
မေတ္တာဓာတ်နှင့်
မြတ်စွာဘုရား
သို့ဖြစ်၍ အမှုတော်ဆောင်နေသည်ဖြစ်စေ၊
ကျမ်းစာကျောင်းဖွင့်လှစ်နေသည်ဖြစ်စေ၊
ဘော်ဒါ ဆောင်ဖွင့်နေသည်ဖြစ်စေ၊
မေတ္တာဂေဟာဖွင့်
နေ သည်ဖြစ်စေ ကျမ်းစာဘာသာပြန်နေသည်ဖြစ်စေ
ဘယ်ရည်ရွယ်ချက်နှင့်
ပြုလုပ်ပါသလဲ။ ငွေကြေး အ ထောက်အပံ့ရရှိရေးအတွက်လား။
ဘုရားသခင်နှင့်
ဘုရားသခင်ဖန်ဆင်းထားသော လူများကို ချစ်၍ လုပ်ခြင်းလားဟူ၍
စမ်းစစ်ချိန်တန်ပါပြီ။
ကျွနု်ပ်တို့ ဘယ်အမှုကိုလုပ်သည်မဆို
ဘုရား သခင်၏
မေတ္တာဓာတ်ပျယ်ပြယ်သွားပြီဆိုလျှင်
ဘာ တစ်ခုမျှ အောင်မြင်မည်မဟုတ်။
ခရစ်တော်ဘုရား က
အင်မတန်ကြိုးစားပြီး ပင်ပန်းစွာ အမှုတော်ဆောင် နေသော
ဧဖက်အသင်းတော်ကို
ဤသို့မိန့်မှာခဲ့လေ သည်။
သင်၏
အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းကို ငါသိ၏။
သို့သော်လည်း
သင်သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌
အပြစ်တင်စရာရှိ၏
(ဗျာ ၂း၃-၄)
ထို့ကြောင့် ဘာဘဲလုပ်လုပ် မေတ္တာမပါလျှင်
အချည်းနှီးသာဖြစ်ကြောင်း
သဘောပေါက်လျက်
မေတ္တာဓာတ်နှင့် မြတ်စွာဘုရား၏ အလိုတော်နှင့်အညီ
အမှုဆောင်ကြပါစို့။
နာမတော်မြတ်၌
ညီအစ်ကိုဇေန
Comments
Post a Comment