စုံလင်သော နှလုံးသား

လောကမှာ ကြောက်စရာ အကောင်းဆုုံး

        လောကမှာလူတွေက ဘယ်အရာသည် ကြောက် စရာ အကောင်းဆုံးဖြစ်သလဲဟု မေးလျှင်

(ဗှီှု) ရောဂါ၊ ကင်ဆာရောဂါစသဖြင့် ဖြေဆိုကြပေလိမ့် မည်။ တစ်ချို့ကတော့

သေခြင်းတရားဟာ ကြောက်စ ရာ အကောင်းဆုံး ဖြစ်သည်ဟု ပြောကြပေလိမ့်မည်။

သို့သော် ခရစ်တော်ကို ရရှိထားသော ယုံကြည်သူများ အတွက် အထက်ပါအရာတို့သည်

ကြောက်စရာ မ ဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော ခရစ်တော်ဘုရား သည်

ထိုသေခြင်းတရားကိုပင် အောင်ခဲ့သည်မ

ဟုတ် လော။ ယခုအသက်ရှင်နေချိန်မှာ

ကြောက်စရာအ ကောင်းဆုံးသောအရာသည် အင်မတန်မှ ဖောက်လွှဲ၊ ဖောက်ပြန်ပြုတတ်သော

လူ့စိတ်နှလုံးဖြစ်ပါသည်။ သမ္မာကျမ်းစာထဲမှာ ဤသို့ ဖော်ပြထားလေသည်။

        ]]စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။

အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။}}

(ယေရမိ ၁ရး-၉)။

        ]]ဆိုးညစ်သော စိတ်နှလုံးသည် ချော်မွမ်းမံ သော အိုးခြမ်းနှင့် တူ၏။ သူ၏

စိတ်နှလုံးမှာ စက် ဆုပ်ရွံ့ရှာဘွယ်သော အရာနှစ်ပါးရှိ၏။ အငြိုးထား

ခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက်ထားသော သူ၏ ဒုစရိုက်အပြစ်သည်

ပရိတ်သတ်ရှေ့မှာ ထင်ရှားလိမ့် မည်။}} (သုတ္တံ ၂၆း၂၅-၂၆)

အဗရှလုံ၏ နှလုံးသား

        အဗရှလုံသည် ရှင်ဘုရင်ဒါဝိတ်၏ သားဖြစ်ပါ သည်။ ဣသရေလတစ်မျိုးလုံးတွင်

အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသောသူတစ်ယောက်မျှမရှိ။ ခြေ ဖဝါးမှသည်

ဦးထိပ်တိုင်အောင် အပြစ်တစ်ခုမျှ မရှိ။ ဆံပင်ကောင်းသောသူလည်းဖြစ်၏။

အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသော သူသည်

စီရင်တော်မူခြင်းကို ခံအံ့သောငှာ ရှင်ဘုရင် ထံတော်သို့ လာသောအခါ အဗရှလုံက

သင်သည် အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင် ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော

ဣသရေလအမျိုး အနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော် အဗရှလုံက သင့်အမှုသည်

ဟုတ်မှန်လျောက်ပတ်ပေ၏။ သို့သော် လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ

နားမ ထောင်ဟု ပြောဆိုတတ်၏။ တဖန်တုံ ငါသည် ဤပြည် ၌ တရားစီရင်သော

မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည်အပေါင်းတို့သည်

ငါ့ထံသို့ လာ၍ ငါသည် တရားစီရင်မည်ဟု ဆိုတတ်၏။ လူ တစ်စုံတစ်ယောက်သည်

ရိုသေစွာပြု၍ ချဉ်းကပ်သော အခါ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကို ကိုင်

လျက် နမ်းလေ့ရှိ၏။ ထိုသို့ စီရင်တော်မူခြင်းကို ခံအံ့ သောငှာ

ရှင်ဘုရင်ထံတော်သို့ လာသော ဣသရေလ အမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍

သူတို့စိတ် နှလုံးကို ခိုးလေ၏ (၂ရာ ၁း၁၆)။ အဗရှလုံ အနေဖြင့်

ဤသို့စိတ်စေတနာရှိသယောင်နှင့် ချိုသာစွာ ဆက်ဆံ နေခြင်းသည်

စိတ်စေတနာအမှန်မဟုတ်။ အဘဒါဝိတ် အရိုက်အရာကို ခံလို၍ အကောက်ကြံ၊

စည်းရုံးနေခြင်း ဖြစ်သည်။ လေးနှစ်လွန်သောအခါ အဗရှလုံသည်

ရှင်ဘုရင်ထံတော်သို့ဝင်၍ ထာဝရဘုရားသည် အ ကျွနု်ပ်ကို ယေရုရှလင်မြို့သို့

တဖန်ဆောင်တော်မူလျှင်  ဘုရားသခင်ဝတ်ကို အကျွနု်ပ်ပြုပါမည်ဟု ကိုယ်တော်

ကျွန်သည် ထာဝရဘုရားအား သစ္စာကတိပြုသည် အတိုင်းသွား၍ သစ္စာဝတ်ကို

ဖြေရမည်အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင် ရှင်ဘုရင်က

ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ထိုအခါ အဗရှ လုံလသည် ထ၍

ဟေဗြုန်မြို့သို့သွား၏။ သို့ရာတွင် လျှို့ဝှက်သော သူတို့ကို

 ဣသရေလအမျိုးအနွယ်ရှိသမျှ သို့ အနှံ့အပြားစေလွှတ်သဖြင့် သင်တို့သည်

တံပိုးမှုတ် သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြဲမြို့၌

နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟုမှာထား လေ ၏။ အဗရှလုံ၏

နှလုံးသည်အင်မတန်မှ ကောက်ကျစ် စဉ်းလဲပါ၏။ ချစ်သောမိတ်ဆွေ

မိမိစိတ်နှလုံးကို စစ် ဆေးကြည့်ရအောင်။ အဗရှလုံကဲ့သို့ ဘုရားကို ခုတုံး

လုပ်ပြီး မိမိအကျိုးကို ရှာနေပါသလား။

ဖုံးဖိခဲ့သမျှ ပေါက်ကွဲခဲ့ပြီ

        တစ်ခါက အဗရှလုံသည် သူနှမတာမာကြောင့် အာမနုန်အား အလွန်အမျက်ထွက်သော်လည်း

ကောင်းသောစကား၊ မကောင်းသောစကားကိုမပြော။ သို့ရာတွင် မိမိနှမတာမာကို

ရှုတ်ချသောကြောင့် အာမနုန်အား အငြိုးထားလေ၏။ ထို့နောက် နှစ်နှစ်

ပြည့်သောအခါ သိုးမွွှေးညှပ်ပွဲကိုခံ၍ ရှင်ဘုရင်၏ သားတော်အပေါင်းတို့ကို

ခေါ်ဖိတ်လေ၏။ အဗရှလုံ ပူဆာသောကြောင့် ရှင်ဘုရင်သည် အာမနုန်မှစ၍

သားတော်ရှိသမျှလိုက်ရသော အခွင့်ကို ပေးတော်မူ၏။  အဗရှလုံကလည်း အာမနုန်သည်

စပျစ်ရည်ကို သောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာ မနုန်ကို ထိုးခုတ်ကြဟု

ငါဆိုသောအခါ သေအောင် လုပ်ကြံကြ မစိုးရိမ်ကြနှင့်။ ငါစီရင်သည် မဟုတ်လော ဟု

မိမိကျွနု်ပ်တို့အား မှာထားနှင့်သည့်အတိုင်း သုူတို့သည် အာမနုန်ကို

သတ်ကြ၏။ ]]အငြိုးထားခြင်း ကို လှည့်စားခြင်းအားဖြင့် ဝှက်ထား သောသူ၏

ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့် မည်}}ဟု

သုတ္တံဆရာဟောခဲ့သည့်အတိုင်း  နှစ်နှစ်ပတ် လုံး

စောင့်ဆိုင်းချုပ်တည်းခဲ့သမျှ ပရိတ်သတ်ရှေ့မှာ အမျက်ဒေါသပေါက်ကွဲခဲ့လေပြီ။

ချစ်သော မိတ်ဆွေ သင်သည် အဗရှလုံကဲ့သို့ ကြိုးစားပြီး သည်းခံနေပါ သလား။

ဘုရားမေတ္တာမပါသော သည်းခံခြင်းသည် သည်းခံသည့် ကာလကြာညောင်းသည်နှင့် အမျှ

ပေါက်ကွဲခြင်း အင်အားလည်း ပြင်းထန်ပေလိမ့်မည်။ ထို့ကြောင့် သုတ္တံဆရာက

ဤသို့ သတိပေးထား လေသည်။

        ]]စိတ်တိုသော သူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့်အတူ

မလိုက်နှင့်}} (သုတ္တံ ၂၂း၂၄)။

        ချစ်သော မိတ်ဆွေ မိမိစိတ်ကို မကိုးစားပါနှင့်။ မိမိစိတ်နှလုံးကို

ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ (သုတ္တံ ၂၈း၂၆)။ ထို့ကြောင့်

ထာဝရဘုရားကိုသာ စိတ်နှလုံးအြွကင်းမဲ့ ကိုးစားကြပါစို့။

        ချစ်သောမိတ်ဆွေ လူ့နှလုံးသားသည် ခန့်မှန်း ၍မရသော

ရာသီဥတုကဲ့သို့ဖြစ်ပါ၏။ ချမ်းသာသော အခါ စိတ်ထားက တစ်မျိုး၊ ဆင်းရဲသောအခါ

စိတ်ထား က တစ်မျိုးဝေခွဲ၍မရနိုင်ပါ။ အောက်ပါရှင်ဘုရင်တို့၏

နှလုံးသားများကို ဆင်ခြင်ကြည့်ကြပါစို့။

ချမ်းသာသောအခါ ဘုရားနှင့် ဝေးသောနှလုံးသား

        ဩဇိမင်းသည် တန်ခိုးကြီးသောအခါ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသော

စိတ်ထသဖြင့် မိမိဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍ နံ့သာ ပေါင်းကို

မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ မီးရှို့ခြင်းငှာ ထာဝရဘုရား ဗိမာန်တော်ထဲသို့

ဝင်လေ၏။ ယဇ်ပု ရောဟိတ်တို့က အိုဩဇိမင်း ကိုယ်တော်သည် ထာဝရ ဘုရားအား

နံ့သာပေါင်းကို မီးရှို့ခြင်းမှုနှင့် မဆိုင်ပါ။ သန့်ရှင်းရာဌာနက

ထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ဘုရားသခင်ရှေ့တော်၌

အသေရပျက်လိမ့် မည်ဟု ဆိုကြလျှင် ဩဇိမင်းသည် ဒေါသစိတ်ရှိ၍ နံ့သာပေါင်းကို

မီးရှို့ခြင်းငှာ လင်ပန်းကို ကိုင်လျက် ယဇ်ပရောဟိတ်တို့ကို အမျက်ထွက်လျှင်

ယဇ်ပရော ဟိတ်တို့ရှေ့မှာ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ ၏။

ရှင်ဘုရင်ကိုယ်တိုင်လည်း ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဗိမာန်တော်မှ

အလျင်အမြန် ထွက်သွားလေ၏။ ထိုသို့ ဩဇိမင်းသည် သေသည့်တိုင် နူနာစွဲ၍

ဗိမာန်တော်သို့ဝင်သော အခွင့်ကိုမရ (၂ချုပ် ၂၆း၁၆-၂၃)။ ချစ်သောမိတ်ဆွေ

ဥစ္စာ ပစ္စည်းြွကယ်ဝ ချမ်းသာ လာသောအခါ သတိပြုပါ။ ဩဇိမင်းကဲ့သို့

မာနထောင်လွှားလျက် ဘုရားသခင်နှင့် ဝေးသော အသက်တာမရောက်ပါစေနှင့်။

        ]]အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးဝေး နေ သော သူတို့သည် ပျက်စီးခြင်းသို့

ရောက်ကြပါ၏}} (ဆာလံ ၇၃း၂၇)

        သို့သော် လူသည် ချမ်းသာတိုင်း ဘုရားနှင့် ဝေးတတ်ကြသည်မဟုတ်။

ချမ်းသာသောအခါ ဘုရား သခင်နှင့်နီးသောသူများလည်း ရှိတတ်၏။

ချမ်းသာသောအခါ ဘုရားသခင်နှင့် နီးသော နှလုံးသား

        ဟောရှဖတ်မင်းသည် ပညတ်တရားကို ကျင့် သောကြောင့် ထာဝရဘုရားသည် စောင့်မ၍

နိုင်ငံ တော်ကို ဟောရှဖတ်လက်၌တည်စေတော်မူသဖြင့် ယုဒပြည်သား

အပေါင်းတို့သည် လက်ဆောင်များကို ဆောင်ခဲ့ကြ၏။ ဂုဏ်အသရေနှင့်

စည်းစိမ်ဥစ္စာများ သော်လည်း ထာဝရဘုရားလမ်းတို့၌ စိတ်စွဲလမ်း၍ မြင့်သော

အရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ် ရှားတော်မူ၏။ ဤသို့ဖြင့်

ဟောရှဖတ်မင်းသည် စည်းစိမ်ချမ်းသာတိုးပွားသော်လည်း အသက်ရှင်သော ဘုရားကို

မမေ့လျော့ဘဲ ဘုရားသခင်ကိုသာ၍ ဆည်း ကပ်လေ၏။ တခါတရံ ကျွနု်ပ်တို့သည်

ကောင်းကြီးပေး သော အရှင်ထံသို့ တိုးဝင်မည့်အစား ကောင်းကြီးမင်္ဂ လာ၌

ကျေနပ်လျက်နေတတ်ကြ၏။ ချစ်သောဓမ္မမိတ် ဆွေ သင်သည် ကောင်းကြီးရသောအခါ

ကောင်းကြီး ပေးသော ဘုရားသခင်ကို မေ့လျော့ပါသလား။

        တချို့သော နှလုံးသားများမူကား၊ ဆင်းရဲခံ သောအခါ ဘုရားသခင်ထံ

ပြန်လှည့်မည့်အစား ဘုရား သခင်ကို ကျိန်ဆဲသောသူ များလည်းရှိတတ်၏။

ဆင်းရဲခံရသောအခါ ဘုရားကို ပြစ်မှားသော နှလုံးသား

        အာခတ်မင်းသည် အသက်နှစ်ဆယ်ရှိသော် နန်းထိုင်î၍ ယေရုရှလင်မြို့၌

တဆယ့်ခြောက်နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘဒါဝိတ်ကဲ့သို့ မကျင့်။

ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍ ဗာလဘုရားတို့အဘို့

ရုပ်တုဆင်းတုများကို သွန်းလေ ၏။ ထိုမင်းသည် ယုဒပြည်၏ အဝတ်တန်ဆာကို ချွတ်၍

ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။ အာခတ်မင်းသည် ဆင်းရဲဒုက္ခခံရသောအခါ

ထာဝရ ဘုရားကိုသာ၍ ပြစ်မှား၏။ ကျွနု်ပ်တို့ မြန်မာလူမျိုးတို့၌ ]]ခလုတ်ထိမှ

အမိတ၏}} ဟူသော စကားပုံရှိပါ၏။ မှန်ပါ၏။ ဤသို့သော သူလည်း

တစ်ချို့ရှိပေမည်။ သို့သော် ဆင်းရဲဒုက္ခရောက်တိုင်း လူခပ်သိမ်းတို့သည်

ဘုရားဖက်သို့ ပြန်မလှည့်တတ်ပါ။ ယခုလည်း အာခတ် မင်းကို ကြည့်လိုက်ပါ။

ဆင်းရဲခံလေလေ ဘုရားကို ပြစ်မှားလေလေဖြစ်နေသည်ကို တွေ့ရလိမ့်မည် (၂ချုပ်

၂၈း၁-၂၂)။ ချစ်သော မိတ်ဆွေ သင်သည်လည်း ဆင်းရဲခံသောအခါ ဘုရားသခင်ကို

ပြစ်မှားနေပါသ လား။

ဆင်းရဲခံရသောအခါ ဘုရားထံ တိုးဝင်သော နှလုံးသား

        တစ်ချို့သော နှလုံးသားများသည် ဆင်းရဲခံ သောအခါ ဘုရားသခင်ကို

ကျိန်ဆဲကြသော်လည်း တစ်ချို့မှာ ဆင်းရဲဒုက္ခရောက်တော့မှ ဘုရားဖက်သို့

လှည့်လာသူများရှိကြောင်း တွေ့ရ၏။ မနာရှေမင်းကို ကြည့်ပါ။ အစပိုင်းမှာ

ဘုရားစကားကို နားမထောင်။ ထို့ကြောင့် ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ဗိုလ်

မင်းများကို အသုံးပြုပြီး တိုက်စေခဲ့ကြောင်း တွေ့ရ ၏။ ထိုမင်းကို

အာရှုရိလူတို့သည် ဆူးတော၌ ဖမ်းမိပြီး သံကြိုးနှင့် ချည်နှောင်ပြီးမှ

ဗာဗလုန်မြို့သို့ ဆောင်သွား ကြောင်းတွေ့ရ၏။ ထိုအခါ မနာရှေသည်

ဆင်းရဲဒုက္ခခံ ရသောအခါ မိမိဘုရားသခင်ကို တောင်းပန်၍ အလွန် နှိပ်ချလျက်

ဆုတောင်းပဌနာပြုသောစကားကို ဘုရား သခင်နားထောင်နာယူ၍

မနာရှေအုပ်စိုးရင်းပြည် ယေရုရှလင်မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ

ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏ (၂ချုပ် ၃၃း၁-၂၀)

        ဓမ္မသစ်ကျမ်း၌ ပျောက်သောသားငယ်သည် လည်း ြွကယ်ဝချမ်းသာသောအခါ

ဘုရားသခင်နှင့် ဝေးခဲ့သော်လည်း ဆင်းရဲဒုက္ခရောက်ပြီး ဝက်စာကိုပင်

စားရလုမတတ်ငတ်လာသောအခါ နောင်တရလျက် ဖခင်အိမ်သို့ ပြန်လာကြောင်း တွေ့ရ၏

(လု ၁၅း၁၁-၂၄)။ ချစ်သော ဓမ္မမိတ်ဆွေ သင်သည် ဆင်းရဲခံသော အခါ ဘုရားဖက်သို့

လှည့်ပါသလား။ ဆာလံဆရာ ဒါဝိဒ်မင်းမူကား ဤသို့စပ်ဆိုပါ၏။

        ]]အကျွနု်ပ် ဆင်းရဲမခံမှီ လမ်းလွဲပါ၏။ ယခုမူ ကား ဗျာဒိတ်တော်အတိုင်း

ကျင့်စောင့်ပါ၏။ အထုံး အဖွဲ့တော်တို့ကို သွန်သင်ခြင်းငှာ အကျွနု်ပ်ဆင်းရဲ

ခံရသော ကျေးဇူးသည် ကြီးပါ၏ (ဆာလံ ၁၁၉း၆၇၊ ၇၁)။

        ချစ်သောမိတ်ဆွေ သင်သည် စိတ်ထားအမျိုး မျိုးကို တွေ့ရပြီ။

ချမ်းသာြွကယ်ဝသောအခါ ဘုရားကို မေ့တတ်သော နှလုံးသား ချမ်းသာြွကယ်ဝသောအခါ

ဘုရားကိုသာ၍ ဆည်းကပ်သော နှလုံးသား၊ ဆင်းရဲခံ သောအခါ ဘုရားကို ပြစ်မှားသော

နှလုံးသား၊ ဆင်းရဲ ခံသောအခါ ဘုရားသခင်နှင့် နီးသောနှလုံးသားများကို

ဆင်ခြင်ခဲ့လေပြီ။

        ဘုရားသခင်နှင့် နှစ်သက်သော စိတ်သဘော မှာ အရာခပ်သိမ်းတို့၌

ထာဝရဘုရားသခင်ကို ကြောက်တတ်သော နှလုံးသားဖြစ်ပါသည်။ ဆင်းရဲ သည် ဖြစ်စေ၊

ချမ်းသာသည်ဖြစ်စေ၊ ဘယ်အခြေ အနေမျိုးမဆို ဘုရားသခင်နှင့်အတူရှိသော

နှလုံးသား ကို ဘုရားသခင်နှစ်သက်ပါသည်။ ကျမ်းစာ၌ဘုရား သခင်က ဒါဝိတ်အား

ငါ့စိတ်တော်နှင့်တွေ့သောသူဟု ခေါ်ပါ၏။ (၁ရာ ၁၃း၁၄)။ ဒါဝိဒ်မင်း၏ အကျင့်။

အကြံ၊ အပြုအမူကို ကြည့်ပါက သူ့မယား၊ ကြာခိုသော သူ၊ လူသတ်သမားဖြစ်ကြောင်း

တွေ့ရမည်။ သို့သော် ဒါဝိတ်၏ စိတ်သဘောကို ကြည့်ပါ။ အခါခပ်သိမ်းတို့၌

ထာဝရဘုရားရှေ့တော်၌ နှိမ့်ချတတ်သော သဘော၊ ကျိုးပဲ့သော စိတ်ထားရှိကြောင်း

တွေ့ရ၏။ ဒါဝိဒ်က ဥရိယမယားနှင့် ပြစ်မှားပြီးသောအခါ စပ်ဆိုသော ဆာလံ ၅၁ကို

ဖတ်ကြည့်ပါ။

        ]]ဘုရားသခင်နှစ်သက်သော ယဇ်မူကား ကျိုးပဲ့ သော စိတ်ပေတည်း။ အိုဘုရားသခင်

ကိုယ်တော် သည် ကျိုးပဲ့ေြွကမွသော နှလုံးသားကို ငြင်းပယ်တော် မမူတတ်ပါ။}}

(ဆာ ၅၁း၁၇)

        ချစ်သော ဓမ္မမိတ်ဆွေ၊ ဘုရားသခင်သည် စုံ လင်သော စိတ်သဘောကို ယုံကြည်သူ

အယောက် တိုင်း၌  ရှိစေလိုပါ၏။ လူဖြစ်ရသောကြောင့် ဤသို့

စိတ်သဘောမျိုးမည်သို့ ရှိနိုင်မည်နည်းဟူ၍ တစ်ချို့ ပြောတတ်ကြလေသည်။

မှန်ပါသည်။ လူဆိုသည်မှာ စုံလင်သော စိတ်သဘောမျိုး မိမိကိုယ်ကို

မိမိကြိုးစား၍ မရနိုင်။ စုံလင်သော စိတ်ထားရှိသူမှာ ဤကမ္ဘာ၌

ယေရှုခရစ်တော်တစ်ပါးတည်းရှိပါသည်။ ထို့ကြောင့် ယေရှုခရစ်ကို မိမိနှလုံးထဲ၌

ရရှိပါက ထိုစိတ်သဘော မျိုး ရရှိပေလိမ့်မည်။

        ]]ယေရှုခရစ်၌ ရှိသော စိတ်သဘောကို သင်တို့ ၌လည်း ရှိစေကြလော့}}။ (ဖိ ၂း၅)

 

                        နာမတော်မြတ်၌

                            ခေကြိုင်း

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?