ဆင်ခြင်စရာ သင့်အသက်တာ
ဘုရားသခင်၏ သတိပေးချက်
ယနေ့၊ နက်ဖန်၊ ဤမည်သောမြို့သို့ သွားကြ
ကုန်အံ့။ ထိုမြို့၌
တစ်နှစ်ပတ်လုံးနေ၍
ကုန်သွယ်သ ဖြင့် အမြတ်ရအောင် ပြုကြအုန်အံ့ဟု
ဆိုတတ်သောသူ တို့
နားထောင်ကြလော့။ နက်ဖန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို
သင်တို့မသိကြ။
သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ
ကွယ်ပျောက်တတ်သော အခိုးအ
ငွေ့ဖြစ်၏။ (ယာကုပ် ၄း၁၃-၁၄) ချစ်သောမိတ်ဆွေ၊ အထက်ပါဘုရားသခင်၏
သတိပေးချက်အတိုင်း ကျွနု်ပ်တို့အသက်သည်
တ
ကယ်တိုတောင်းသော အသက်တာဖြစ်ပါ၏။ ဆန့် သော လက်မကွေးမှီ၊
ကွေးသောလက်မဆန့်မီ
ကျွနု်ပ် တို့အသက်သည် ကုန်ဆုံးတတ်ပါသည်။ လွန်ခဲ့သော
(၁၉၉၉)ခုနှစ်ကို
ပြန်လည်သုံးသပ်ကြည့်ပါ။ တစ်ချို့ မိတ်ဆွေများ၊
တစ်ချို့ဆွေမျိုးများ၊
တစ်ချို့မောင်နှမများ သေဆုံးခဲ့သည်ကို တွေ့ရပေမည်။
ထို့အပြင်
လုပ်ဖော် ဆောင်ဖက် အမှုတော်ဆောင်တစ်ချို့လည်း ခေါ်တော်
မူခြင်းခံရသည်ကို
တွေ့ရပေမည်။
သို့သော် စာဖတ်သူမိတ်ဆွေနှင့်
ကျွနု်ပ်သည် အသက်မသေဘဲ ကျန်းမာရွှင်လန်းစွာ
ခသ ၂ဝဝဝထဲ
ဝင်ရောက်ခွင့်ရခဲ့သည်မှာ ဘုရားသခင်၏ ကျေးဇူး
တော်သက်သက်ကြောင့်ပင်
မဟုတ်ပါလော။ ထို့ ကြောင့် မိမိအသက်တာကို
ပြန်လည်ဆန်းစစ်လျက်
သုံးသပ်စေလိုပါသည်။
တစ်ချို့လူတို့၏
အထင်
ခသ ၂ဝဝဝထဲသို့ ဝင်စားခွင့်ရသော တစ်ချို့
သောသူတို့သည် ဘုရားသခင်၏
ကျေးဇူးတော်ကို
ချီး မွမ်းမည့်အစား အရာခပ်သိမ်းသည် သူတို့၏ ကြိုးစား
လုပ်ကိုင်ခြင်းကြောင့်သာ
ဤသို့ အကျိုးခံစားရကြောင်း
ထို့ကြောင့်အဘယ်သူကိုမှ
ကျေးဇူးတင်စရာမလို ကိုယ် လုပ်မှ ကိုယ်ရသည်ဟု
ထင်မြင်ယူဆသူများလည်း
ရှိ၏။ ထို့ကြောင့် အနာဂတ်ကာလအတွက် ဤသို့
ကြံစည်ကြလေသည်။
ယနေ့၊ မနက်ဖန် ဤမည်သော မြို့သို့သွားမည်
ထိုမြို့မှာ
တစ်နှစ်ပတ်လုံးနေပြီး
ကုန်သွယ်မည်။ အ မြတ်များများရအောင် လုပ်မည်ဟု
စဉ်းစားကြသည်။ သူတို့စဉ်းစားသည့်အတိုင်းလုပ်လျှင် ရကိုရမည်ဟု
ထင်
တတ်ကြသည်။
သို့သော် ဘုရားသခင်က ထိုသို့သော သူများကို သတိပေးထားပါသည်။
လူထင်သည် အ
တိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေ ခြင်း သို့ပို့သော
လမ်းတစ်မျိုးရှိ။ (သုတ္တံ ၁၄း၁၂)
အထင်နှင့်အမြင်
ဤနေရာ၌ အမြင်လွှဲသွားသော ကျမ်းစာထဲရှိ
မိသားစုတစ်စုအကြောင်းကို
ဝေငှလိုပါသည်။
အချိန် ကား တရားသူကြီးအုပ်စိုးသော ကာလဖြစ်သည်။ ယုဒ
ပြည်ဗက်လင်မြို့သားဖြစ်သော
ဧလိမလက်နှင့် မယား နောမိ၊ သားနှစ်ယောက်
မဟာလုန်နှင့်ခိလျုန်တို့သည်
ထာဝရဘုရားကို ကိုးကွယ်သော မိသားစုဖြစ်ကြသည်။
ဘုရားသခင်၏
ဂတိတော်နယ်မြေထဲမှာ နေသောသူ များလည်း ဖြစ်ကြသည်။ သို့သော်
မကြာမီ အစာခေါင်း
ပါးခြင်းဘေးသည် ဣသရေလပြည်၌ ဆိုက်ရောက်လာ သောအခါ
ဧလိမလက်နှင့်မိသားစုသည်
ဘုရားကို ဆက်လက်အားကိုးမည့်အစား အစားအစာပေါများရာ
မောဘပြည်သည်
ဘုရားမဲ့လူမျိုးများ နေထိုင်ရာဒေသ ဖြစ်လေသည်။
ထို့အတူ
ကျွနု်ပ်တို့ယုံကြည်သူများ
သည်လည်း ဘုရားသခင်နှင့်မှန်ကန်လျက် ဘုရားထား
ရာနေရာမှာ
နေလျက်နှင့် ဒုက္ခပြဿနာနှင့် ကြုံတွေ့ရ သောကာလရှိတတ်လေ၏။ ထိုအခါ
ကျွနု်ပ်တို့သည်
ဘုရားသခင်ကို ကိုးစားမည့်အစား ဧလိမလက်မိသားစု ကဲ့သို့
စာတန်လူများကို
ကိုးစားမိတတ်လေသည်။
ဧလိမလက်နှင့်မိသားစုသည် မောဘပြည်သို့
သွားလျှင် အစာခေါင်းပါးဘေးမှ
လွတ်မည်ဟု ထင်
သည့်အတိုင်း ဆယ်နှစ်တာကာလတွင် အဆင်ပြေခဲ့ပါ ၏။
သို့သော် သားနှစ်ယောက်တို့သည် မယုံကြည်
သူ မိန်းမများနှင့်
အိမ်ထောင်ဖက်ခဲ့သည်သာမက
ဆယ်နှစ်ခန့်ကြာသောအခါ သားအဖ သုံးယောက်စ လုံး
သေဆုံးခဲ့ရလေသည်။
ထို့ကြောင့် မမျှော်လင့်ဘဲ လင်သားသုံးယောက်စလုံး
သေဆုံးသောအခါ
မုဆိုးမ သုံးယောက်ကျန်ရစ်ခဲ့လေသည်။ မောဘပြည်သို့
ပြောင်းရွှေ့လျှင်
အဆင်ပြေမည်ဟု ထင်ခဲ့ကြသော် လည်း ယခုမှာမူ
အထင်နှင့်အမြင်
တက်တက်စင်လွဲခဲ့ ရလေသည်။
ဤအဖြစ်အပျက်လေးကို သုံးသပ်ကြည့်ပါက လူ့ဘဝအသက်တာသည် တကယ်မပိုင်ကြောင်း
သိရှိ
နားလည်ရပါသည်။ ဤဝတ္ထုသည် တကယ့်အဖြစ် အ ပျက်ဖြစ်ပါသည်။ အကယ်၍
ယောကျာ်းသုံးယောက်
စလုံး မသေပါက သားသမီးများကြီးပြင်းလာပါက
နောက်ထပ်မယုံကြည်သူများနှင့်
အိမ်ထောင်ပြုကြပါ လိမ့်မည်။ ထိုအခါ
သားစဉ်မြေးဆက်ငရဲသို့သာ
လားရ မည့်အခြေအနေဆိုးမှ ဘုရားသခင်သည် ယုံကြည်သူ
ယောကျင်္ားများကို
အိမ်တော်သို့ သိမ်းယူခဲ့ခြင်းဖြစ်လေ သည်။ ဤသည်မှာ
ဘုရားသခင်၏
မကုန်နိုင်သော ဂရုဏာနှင့်သစ္စာဖြစ်လေ၏။ ဤသို့သောအဖြစ်ကို
ကျွနု်ပ်တို့ဆရာတော်
ဦးတင်မောင်ထွန်းက မဆီလျော် သော ကောင်းကြီးဟု
ခေါ်ဆိုထားပါသည်။
ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည်
မကုန်သောကြောင့် ငါတို့သည်
ဆုံးရှုံးခြင်းသို့
မရောက်ပဲ နေကြ၏။ (မြည် ၃း၂၂)
ကျန်ရစ်သော မုဆိုးမသုံးယောက်ကိုကြည့်ပါ။
နောမိ၏ ချွေးမဩရပေသည် ယောက္ခမကို
နမ်း၍
မိမိတို့အမျိုးတို့ထံပြန်သွား၏။ ရုသမူကား ယောက္ခမ၌
မှီဝဲဆည်းကပ်လျက်၊
ယုဒပြည်ဗက်လင်မြို့သို့ ပြန်လာ ၏။
ချစ်သောမိတ်ဆွေ လူသည် မိမိသွားရာလမ်း ကို
စိတ်ထဲမှာ ကြံစည်၏။
သို့သော်လည်း သူ၏
ခြေရာတို့ကို ထာဝရဘုရားစီရင်တော်မူ၏ (သု ၁၆း၉)။
ထို့ကြောင့် မိမိကြံစည်ထားသည့်အတိုင်း
အမှန်တကယ်ဖြစ်လာမည်ဟူ၍ တွက်ချက်၍
မရနိုင်။
တစ်ခါတစ်ရံ ဖားကန့်သို့သွားပြီး ကျောက်သွားတူးလျှင်
သိန်းရာချီပြီးရမည်ဟု
ထင်သော်လည်း ကျောက်မရဘဲ ငှက်ဖျားရပြီး
ပြန်လာရသူများလည်းရှိ၏။
ထို့ကြောင့် မှန်းချက်နှင့်နှမ်းထွက်မကိုက်ပဲ
စိတ်ပျက်နေသူများ
မြောက်များစွာရှိလေသည်။ ထို့ကြောင့် ချစ်သောမိတ် ဆွေ
ဤနှစ်သစ်ထဲမှာ
မိမိအသက်တာကို မည်သို့ အသုံးပြုမည်နည်း။
အကယ်၍
မိုးမပြိုဘူး၊ ပြိုသည်ရှိသော်
ကျွနု်ပ်တို့မြန်မာလူမျိုးများအနာဂတ်အတွက် ကြိုတင်ပြင်ဆင်တော့မည်ဆိုလျှင်
အကယ်၍ မိုးမပြို
ဘူး၊ ပြိုသည်ရှိသော် မည်သို့ပြင်ဆင်မည်နည်းဟူ၍
ပြောဆိုတတ်ကြလေ၏။
ပြောဆိုသည့်အတိုင်းလည်း အဆိုး၊
အကောင်းများကို
ထည့်တွက်ပြီး
ကြိုတင်ပြင် ဆင်မှုများ လုပ်ကြလေသည်။ ချစ်သောမိတ်ဆွေ၊
လောကအရာများအတွက်
ဤသို့ဖြင့် ကြိုတင်ပြင်ဆင် တတ်ကြသည်မှန်လျှင်
ကျွနု်ပ်တို့အသက်တာအတွက် ဤသို့ဖြင့် ကြိုတင်ပြီး ပြင်ဆင်ဖို့သာ၍
မသင့်ပေဘူးလား။
အဘယ့်ကြောင့်ပြင်ဆင်စရာလိုပါသနည်း။
ကျွနု်ပ်တို့အသက်တာသည် ကျွနု်ပ်မပိုင်သော
ကြောင့် ကြိုတင်ပြင်ဆင်ဘို့
အမှန်လိုအပ်ပါသည်။
ကျမ်းစာ၌ ပရောဖက်ဟာနနိအကြောင်းကို လေ့လာ လျှင်
ဝမ်းနည်းဖွယ်ရာအဖြစ်များ
တွေ့ရပေမည်။ သူ သည် ဣသရေလလူတို့အား
မုသာ၌သာခိုလှုံတတ်မည့်
အကြောင်း ပြုတတ်၏။ ဘုရားသခင်စေလွှတ်သော
ပရောဖက်မဟုတ်။
ထို့ကြောင့် ထာဝရဘုရားမိန့်တော် မူသည်ကား သင်သည်
ထာဝရဘုရားကို
ပုန်ကန် စေခြင်းငှာ သွန်သင်သောကြောင့် သင့်ကို မြေပြင်မှ
ငါပယ်ရှင်းမည်။
ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိအား
ယေရမိမိန့်ဆို၏။
ထိုသို့နှင့် အညီ ပရောဖက်ဟာနနိသည် ထိုနှစ်တွင် သတ္တမလ၌
သေလေ၏။ (ယေရမိ
၂၈း၁၂-၁၇)
ချစ်သောမိတ်ဆွေ သင်နှင့် ကျွနု်ပ်ကို
ဘုရား သခင်သည် ဟာနနိကဲ့သို့ ယခုနှစ်
ခသ ၂ဝဝဝအတွင်း
တွင် သေရမည်ဟု မိန့်ဆိုခဲ့လျှင် ကျွနု်ပ်တို့ဘာလုပ်ကြ
မည်နည်း။
ယခုနှစ်တွင် အမှန်သေမည်ကို သိမည်ဆို လျှင်
ကြီးကျယ်သောအဆောက်အဦးကို
ဆောက်ပါ ဦးမည်လော။ ဈေးဆိုင်များကို
တိုးချဲ့ပြီး
ဖွင့်လှစ်ဦး မည်လော။ ဆင်ခြင်ကြည့်ပါ။ ကျမ်းစာ၌ သူ့ဝိညာဉ်အ
တွက် မိုက်မဲစွာ
ပြင်ဆင်သော သူဌေးတစ်ဦးကို တွေ့ ရ၏။ ထိုသူဌေးက ငါသည်
အဘယ်သို့ပြုရမည်နည်း။
အသီးအနှံများကို သိုထားစရာအရပ်မရှိ။ ပြုမည့်အကြံ
မူကား
ငါ့တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ
ငါ့အသီးအနှံဥစ္စာရှိသမျှကို
ထားမည်။ ငါ့ ဝိညာဉ်အားလည်း အချင်းဝိညာဉ်
သင်သည် နှစ်
ပေါင်းများစွာ သုံးဆောင်ရန် သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်
စွာနေလော့။
စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြု လော့။ ငါပြောမည်ဟု
သူဌေးအကြံရှိ၏။
ထိုသို့ အကြံ ရှိစဉ်တွင် ဘုရားသခင်က အချင်းလူမိုက်၊
ယနေ့ညဉ့် ပင်
သင်၏ ဝိညာဉ်ရုပ်သိမ်းရန် အချိန်ရောက်လိမ့် မည်။ သို့ဖြစ်၍
သင်သည်
ပြင်ဆင်သိုထားသော ဥစ္စာ ကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား
မိန့်တော်မူ
ပါသည်။ ထို့ကြောင့် သူဌေးသည် အကြံအစည်နှင့် ပြင်ဆင်မှုသည်
လောကဥစ္စာ၊
ဘဏ္ဍာများစွာရှာ ဖွေသိုထားလျှင် သူ့ဝိညာဉ်အတွက် အကျိုးရှိလိမ့်မည်
ဟု မှားယွင်းစွာ
ယူဆခဲ့၏။ ထို့ကြောင့် ဘုရားသခင်က ထိုသူကို လူမိုက်ဟု
ခေါ်တွင်ခြင်းဖြစ်လေ၏။
ထိုသူဌေး သည် သေရမည့်နေ့ကို မစဉ်စား ဥစ္စာရွှေ
ငွေရှိလျှင် ထာဝရ
အသက်ရှင်သန်နိုင်မည်ဟု ထင်ခဲ့၏။ ထို့ ကြောင့်
ဥစ္စာပစ္စည်းကိုသာ
ဦးစားပေးရှာနေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ခရစ်တော်က
ထိုသို့သောလူတို့အား
စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု
မိန့်တော်မူခဲ့၏။
(လု ၁၂း၁၅)
ချစ်သောမိတ်ဆွေ ကျွနု်ပ်တို့သည်လည်း ဟာန
နိကဲ့သို့ ယခုနှစ်တွင်
သေဆုံးနိုင်ပါ၏။
သူဌေးကြီး ကဲ့သို ယနေ့ညတွင် ဘုရားသခင်က ကျွနု်ပ်တို့အသက်
ကို
နှုတ်ပစ်နိုင်ပါသည်။ ကျွနု်ပ်တို့အသက်တာကို ကျွနု်ပ်တို့မပိုင်ပါ။
ယနေ့ကြိုးစားပြီး
ရှာဖွေစုဆောင်း နေသော ဥစ္စာပစ္စည်းများ သေဆုံးသွားသောအခါ
ပါ မသွားနိုင်ပါ။
အကြောင်းမူကား ငါတို့သည် ဤလောကထဲ သို့
အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍
ထွက်သွား
လျှင်လည်း အဘယ်အရာကိုမျှယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ (၁တိ
၆းရ)
သို့ဖြစ်၍ မည်သို့ပြုကြမည်နည်း။
တမန်တော်တို့၏အသက်တာ
တမန်တော်ပေတရုသည် စုတေပြီးနောက်
သူဟောပြောခဲ့သော သမ္မာတရားကို
ယုံကြည်သူများ
မှတ်မိစေခြင်းငှာ ကြိုးစားအားထုတ်ခဲ့ပါ၏။ (၂ပေ ၁း၁၂-၁၅)
တမန်တော် ရှင်ပေါလုသည် ဘုရားချမှတ်ပေး
ထားသော ပြေးလမ်းကို
အဆုံးတိုင်ပြေးခဲ့ကြောင်း
ယုံကြည်ခြင်းတရားကို စောင့်ရှောက်ခဲ့ကြောင်း
ကောင်းစွာ သော
တိုက်လှန်ခြင်းကို ပြုခဲ့ကြောင်း ယခု စုတေရသော်လည်း
သူ့အတွက်
ဓမ္မသရဖူသိုထား လျက်ရှိကြောင်း အတည့်အလင်း သက်သေထား ခဲ့ပါ၏။ (၂တိ
၄း၆-၈)
ချစ်သော စာဖတ်သူ သင်နှင့်ကျွနု်ပ် အသက်
တာကို ပြန်လည်ဆင်ခြင်ကြည့်ရအောင်။
ငါတို့အတွက်
အသက်ပေးခဲ့သော ဘုရားရှင်အတွက် ဤနှစ်သစ်မှာ ကျွနု်ပ်တို့
မည်သို့ပြုမူကြမည်နည်း။
ဧဝံဂေလိတရား ဟောပြောခြင်းအားဖြင့်ゞင်း၊
ဘုရားအမှုတော်ဆောင်
များအား ပံ့ပိုးခြင်းအားဖြင့်ゞင်း၊
မိမိပိုင်ဆိုင်သောဥစ္စာ
များကို ဆင်းရဲသားတို့အား ဝေမျှခြင်းအားဖြင့်ゞင်း၊
ကျန်ရှိသော
အသက်တာကို အသုံးခံကြပါစို့။
ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား ၏
အမှုတော်တို့ကို ကြားပြောရဦးမည်။
(ဆာလံ ၁၁၈း ၁၇)
နာမတော်မြတ်၌
(ခေကြိုင်း)
Comments
Post a Comment