၀ိညာဉ်မျက်စိကန်းစေသော စိတ်အားကြီးခြင်း

       ဤဆောင်းပါးသည် ဓမ္မအမှုတော်ဆောင်များ အတွက်

ရည်ရွယ်ပြီးရေးသားခြင်းဖြစ်ပါသည်။ ယနေ့ ပြောင်းလဲလာခါစ အမှုတော်ဆောင်ဖို့

ဆက်ကပ်ထား သော လူငယ်များတာအထွက်မှား ကျားကိုက်ကိုက်၊ တုံးတိုက်တိုက်

အမှုတော်မြတ်အတွက်ဆိုလျှင် သေသည် အထိ လုပ်ဆောင်မည်ဟူသော ေြွကးကြော်သံများ

ကြားနေရ၏။ အမှုတော်ဆောင်ပြီး တစ်နှစ်၊ နှစ်နှစ် လောက်ကြာသောအခါ

ယခင်စိတ်အားထက်သန်မှု များ လျော့ပါးသည်သာမက၊ အထက်

က ေြွကးကြော် သံများ

တိုးသွားသည်ကို တွေ့ရသည်။

 

ကျွနု်ပ်၏ ကိုယ်တွေ့

        လွန်ခဲ့သော ၁ဝနှစ်ခန့်က ဖြစ်ပါသည်။ ရှမ်း ပြည်အရှေ့ပိုင်း၊

ကျိုင်းတုံမြို့တွင် အမှုတော်ဆောင် လူငယ်တစ်ယောက်ကို တွေ့ဖူးပါသည်။

ထိုလူငယ်၌ အဟောအပြော၊ အသင်အပြ အလွန်ကောင်းသော ဆုကျေးဇူးရှိပါသည်။

လူငယ်များကို ပေါင်းသင်းဆက် ဆံတတ်ပြီး အဆိုအတီးဘက်တွင်လည်း ထူးချွန်သူ

တစ်ဦး ဖြစ်ပါသည်။ ထိုသူကို အသင်းသူ၊ အသင်းသား အားလုံးက

ကြိုက်နှစ်သက်ကြသည်သာမက သူ့တရား နာပရိတ်သတ်ချီးကျူးဩဘာပေးကြသည်ကို တွေ့ရ

၏။ စိတ်အားကြီးခြင်းကို ကြည့်ပြန်လျှင် အဘယ်သူမျှ မမှီနိုင်။ တခါတခါ

တရားဟောရင်း ကျိုင်းတုံမြို့တွင် အကြီးမားဆုံးသော အသင်းတော်ကို တည်ဆောက်

မည်။ သုံးနှစ်အတွင်း အသင်းသားပေါင်းထောင် ဂဏန်းရှိရမည်။

ဗိမ–္မာန်တော်ကိုလည်း အကောင်းဆုံး ခမ်းနားစွာတည်ဆောက်မည်။ ဆရာနေအိမ်မှစ၍

အသင်းတော်အတွက် တယ်လီဖုန်းများ ရှိရမည်ဟု ပြောလေ့ရှိပါသည်။

        သို့သော်မကြာပါ။ သုံးနှစ်ကြာသောအခါ သူ ပြောသည့်အတိုင်းဖြစ်မလာသောအခါ

စိတ်ဓါတ်ကျပြီး အရှက်တကွဲ အကျိုးနည်းခဲ့ရသည်။ သူ့ကိုအမျိုးမျိုး

အားပေးနှစ်သိမ့်ခဲ့သော်လည်း အမှုတော် ဆောင်လုပ် ငန်းကိုပါ စွန့်လွှတ်ပြီး

ကျိုင်းတုံမြို့မှ ထွက်ခွာခဲ့ရ ပါသည်။ ချစ်သောဓမ္မမိတ်ဆွေ သင်သည်လည်း အမှု

တော်ဆောင်ဖို့ စိတ်အားထက်သန်နေပါသလား။ အ လွန်ကောင်းပါသည်။ သို့သော်

စိတ်အားကြီးရုံနှင့် အမှု တော်မြတ်အတွက် အောင်မြင်မှုမရနိုင်ကြောင်းကို

ရှင်ပေါလုအသက်တာအားဖြင့် သတိပေးဝေငှလိုပါ သည်။ တမန်တော်ပေါလုသည်

ရှောလုဘဝ၌ ကျမ်း တတ်ဖာရိရှဲဖြစ်ကြောင်း သိရ၏။

ရှင်ပေါလု၏ သက်သေခံချက်

        ရှင်ပေါလုက ငါသည် ရှစ်ရက်မြောက်သောနေ့ ၌ အရေပြားလှီးခြင်းခံရ၏။

ဣသရေလအမျိုးဗင်္ယာမိန် အနွယ်ဖြစ်၏။ ဟေဗြဲလူမှ ဆင်းသက်သော ဟေဗြဲလူ စစ်ဖြစ်၏။

တရားအားဖြင့်ကြည့်သော် ဖာရိရှဲဖြစ်၏။ ယေရုရှလင်မြို့ ဂါမေလျေလအမည်ရှိသော

ဆရာ၏ ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်ဘဆက် ကျင် လည်သော တရားကို

သေချာစွာ သိနားလည်ခြင်းငှာ နည်းဥပဒေသကို ခံပါပြီ။ စိတ်အားကြီးခြင်းကို

မေး သော် အသင်းတော်များကို ညှင်းဆဲသောသူဖြစ်၏။ ပညတ်တရားအားဖြင့်ရသော

ဖြောင့်မတ်ခြင်းကို မေး ပြန်သော် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။

ယုဒလူရှိသမျှတို့ထက် ယနေ့တိုင်အောင် ဘုရားသခင် ဘက်မှာ

စိတ်အားကြီးသောကြောင့် ယောကျာ်းမိန်းမ တို့ကို ချည်နှောင်ပြီး

ထောင်ထဲမှာလှောင်ထား၍ တချို့ ကို အသေသတ်သည်တိုင်အောင် ခရစ်ယာန်ဘာသာ ကို

ညှင်းဆဲပါ၏။ ထို့အပြင် ယဇ်ပုရောဟိတ်မင်းများ နှင့်

ဘာသာရေးခေါင်းဆောင်တို့သည်လည်း အကျွနု်ပ် ဘက်၌ သက်သေဖြစ်ကြပါ၏။

ထိုခေါင်းဆောင်များထံ မှ အမိန့်စာကိုရယူပြီး ထိုခရစ်ယာန်ဘာသာဝင်တို့ကို

ဒဏ်ခတ်စေခြင်းငှာ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့မည်ဟု အကြံနှင့်

ဒမာသက်မြို့သို့ အကျွနု်ပ်သွားပါ ၏။ တမန်တော်ပေါလုသည် ဒမာသက်မြို့ အနီး

ရောက်သောအခါ ခရစ်တော်နှင့်တွေ့ပြီး အသက်တာ ပြောင်းလဲခဲ့၏။

ပေါလုအတွက် သခင်ဘုရားမိန့်မှာချက်

        ရှင်ပေါလု၏ အသက်တာပြောင်းလဲသောအခါ သခင်ဘုရား၏ မိန့်မှာချက်

ဗျာဒိတ်တော်မှာ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို

ပြုစိမ့်သော ငှာ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဖို့ ခန့်ထား၏ ဟု

ဗျာဒိတ်တော်ရှိ၏ (တ ၁၃း၄၇)။ ထို့ကြောင့် တမန်တော်ပေါလုအနေဖြင့်

အဓိကလုပ်ရမည့် တာဝန် မှာ တပါးအမျိုးသားများထံသို့ ဧဝံဂေလိတရားဟော

ကြားဖို့ဖြစ်ပါသည်။

မိမိအမျိုးအတွက် စိတ်အားကြီးခြင်း

        ရှင်ပေါလုကို ဘုရားသခင်ရွေးကောက်ရခြင်း ၏ အဓိကရည်ရွယ်ချက်မှာ

တပါးအမျိုးသားများထံ ဧဝံဂေလိတရား ဟောကြားဖို့ဖြစ်ကြောင်း ရှင်ပေါလု

ကောင်းကောင်းသိပါသည်။ သို့သော် သူ့လူမျိုးများ အတွက် ကျိန်ခြင်းကိုတောင်

ခံချင်သော စိတ်ရှိ ကြောင်း တွေ့ရ၏။ ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။

စိတ်နှလုံးထဲ၌ မခြားမလပ်ပူပန်ခြင်း ဝေဒနာရှိ၏။ အ ကြောင်းမူကား

ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ် ကြသော ငါ့ညီအစ်ကိုတို့အတွက် ငါသည်

ကိုယ်တိုင် ခရစ်တော်နှင့် ခွာ၍ ကျိန်ခြင်းကို ခံချင်လောက်အောင် စိတ်ရှိ၏

(တ ၉း၁၂)။

သန့်ရှင်းသောဝိညာဉ်တော်၏ သတိပေးချက်

        ယခုလည်းကြည့်ပါ။ တပါးအမျိုးသားများ ဧဝံဂေလိဟောပြောအပြီး ပင်တေကုတ္တေပွဲ

မလွန်မီ ယေရုရှလင်မြို့သို့ ရောက်ခြင်းငှာ ကြိုးစားနေသည်ကို တွေ့ရ၏။

ထို့ကြောင့် အာရှိပြည်မှာ တာရှည်စွာ မနေ ဘဲ ဧဖက်မြို့သို့ သွားလျှင်

ချည်နှောင်ခြင်း၊ ညှင်းဆဲ ခြင်း၊ နှိပ်စက်ခြင်းအမှုတို့သည်

ဆိုင်းလင့်သည်ကို ခပ်သိမ်းသောမြို့တို့၌ ရှင်ပေါလုအား သက်သေခံတော် မူ၏ (တ

၂ဝး၂၂-၂၃)

        တမန်တော်ရှင်ပေါလုသည် သူ့လူမျိုးများအ တွက် စိတ်အားကြီးနေသောကြောင့်

ဝိညာဉ်တော်၏ သတိပေးချက်ကိုပင် အမှုမထားဘဲ သူ့အလို၊ သူ့ဆန္ဒ ကို

ထိပ်တန်းတင်လျက် ဤသို့ သက်သေခံ၏။ ထိုညှင်းဆဲခြင်း တစုံတခုကိုမျှ ငါသည်

ပမာဏမပြု။ ကိုယ့်အသက်ကိုလည်း နှမြောခြင်းမရှိဟု ဆို၏ (တ ၂ဝး၂၄)။

ပရောဖက်နှင့်ယုံကြည်သူများ၏ တားမြစ်ချက်

        ထို့နောက် ရှင်ပေါလုသည် ယေရုရှလင်မြို့သို့ မရောက်ရောက်အောင်သွားရန်

ဆုံးဖြတ်ထားလေ၏။ ကဲသရိမြို့သို့ ရောက်သောအခါ အာဂဗုအမည်ရှိသော

ပရောဖက်တစ်ယောက်သည် ယုဒပြည်မှလာ၍ ပေါလု ၏ ခါးပန်းကို ယူ၍ မိမိခြေလက်ကို

ချည်နှောင်ပြီးလျှင် ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌

ချည်နှောင်၍ တစ်ပါးအမျိုးသားလက်သို့ အပ်နှံကြလိမ့် မည်ဟု သန့်ရှင်းသော

ဝိညာဉ်တော်မိန့်မှာကြောင်း ပြောဆို၏။ ထိုပရောဖက်ပြုချက်ကို ယုံကြည်သူတို့

သည် ကြားလျှင် ယေရုရှင်လင်မြို့သို့ မသွားရန် ရှင်ပေါ လုအား

ဝိုင်းတောင်းပန်လျှင် ဆီးတားကြ၏။

        သို့သော် ရှင်ပေါလုသည် တားမြစ်ချက်ကို မနာ ခံဘဲ ဤသို့မိန့်ဆို၏။

အဘယ့်ကြောင့် ငိုေြွကးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုသနည်း။ သခင်

ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည် နှောင်ခြင်းသာမက

အသေသတ်ခြင်းတိုင်အောင် ခံ ခြင်းငှာ ငါအသင့်ရှိသည်ဟု ဆို၏။ ထိုသို့

ပရောဖက် နှင့် ယုံကြည်သူများ သွေးဆောင်ခြင်းသို့ မလိုက်သော အခါ

သခင်ဘုရား၏ အလိုတော်ရှိသည်အတိုင်း ဖြစ်ပါ စေဟု ဆိုကြ၏။

သခင်ဘုရားကိုယ်တိုင် သတိပေးချက်

        ရှင်ပေါလုက သန့်ရှင်းသော ဝိညာဉ်တော်က သတိပေးသော်လည်းမရ။ ပရောဖက်

အာဂဗုအားဖြင့် တားဆီးထားသော်လည်း မနာခံ။ ယုံကြည်သူများစွာ ငိုေြွကးပြီး

ဝိုင်းတောင်းပန်သော်လည်း ဂရုမစိုက်ဘဲနေ သောအခါ

ယခုနောက်ဆုံးခရစ်တော်ကိုယ်တိုင် မိန့်မှာ ခဲ့လေသည်။ သခင်ဘုရားက

ရှင်ပေါလုကို သင်သည် ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်လော့။

ငါသည် အကြောင်းကို သင်သည်ပြော၍ သက်သေခံ သော စကားကို ဤလူတို့သည် နာမခံဘဲ

နေကြလိမ့် မည်။ သခင်ဘုရားက သွားလော့။ ငါသည် တစ်ပါး

အမျိုးသားတို့ရှိရာနေရာသို့ သင့်ကို ဝေးလှစွာ စေလွှတ် မည်ဟု ရှင်ပေါလုအား

မိန့်တော်မူ၏။ သို့သော်လည်း ရှင်ပေါလုသည်

လူမျိုးခွဲစိတ်ဓါတ်မွှန်လျက်ရှိသော ကြောင့် ထိုအမိန့်ကို မနာခံ။

ငြင်းဆန်လျက်ရှိလေ၏။ ချစ်သော ဓမ္မမိတ်ဆွေ၊ သခင်ဘုရားသည် ရှင်ပေါလုကို

ယေရုရှလင်မသွားဘဲ တစ်ပါးအမျိုးသားများထံသို့ အကြိမ်ကြိမ်

နည်းမျိုးစုံနှင့် မိန့်မှာခဲ့သော်လည်း မနာခံ သောအခါ

သခင်ဘုရားကိုယ်တိုင်ဆင်းလာပြီး ဆီးတား သော်လည်း မမြင်နိုင်ဘဲ

ဝိညာဉ်မျက်စိကန်းနေ ကြောင်း ကို တွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ရှင် ပေါလု၌

သူလူမျိုးများအတွက် စိတ်အားထက်သန် လျက် ရှိသောကြောင့် ဖြစ်လေသည်။

စိတ်အားထက်သန်မှုကြောင့် အလိုတော်မှ လွှဲချော် ခြင်း

        ချစ်သော ဓမ္မမိတ်ဆွေများ ရှင်ပေါလုကဲ့သို့ မိမိ လူမျိုးအတွက်

မိမိအလိုဆန္ဒပြင်းပြမှုအတွက် စိတ်အား ကြီးခြင်းသည် အပြစ်ဆိုစရာမရှိပါ။

သို့သော် အကျွနု်ပ် အလို၊ အကျွနု်ဆန္ဒသည် ဘုရားသခင်၏ အလိုတော် နှင့်

ဆန့်ကျင်နေပါက ထိုစိတ်အားထက်သန်မှုသည် ကြီးမားသော အန္တရာယ်ဖြစ်နိုင်ပါသည်။

တချို့အမှု တော်ဆောင်များ မိမိအလို၊ မိမိဆန္ဒပြင်းပြမှုကို ဦးစားပေးသောအခါ

အလိုတော်လမ်းမှ လွဲချော်သူများ ရှိလေသည်။ ကျွနု်ပ်အသိမိတ်ဆွေတစ်ယောက်သည်

အမှုတော်ဆောင်၊ အိမ်ထောင်ပြုပြီးမှ ကိုးရီးယားနိုင်ငံ သို့ ြေျအနမ

ဓမ္မပညာကို ဆက်လက်သင်ကြားဘို့ ထွက် ခွာသွားသောအခါ သူ့မိန်းမကို

မြန်မာပြည်မှာ ထားခဲ့ လေသည်။ နှစ်နှစ်လောက်ကြာသောအခါ သူ့ချစ်ဇနီး သည်

အခြားယောကျာ်းနှင့် ကိုယ်ဝန်ရှိသွားကြောင်း သိရ ချိန်မှာ

ရင်ကျိုးခဲ့ရလေသည်။ သို့သော် ပြန်လည်ပေါင်း စီးရန် မဖြစ်နိုင်သော

အဆုံးမှာ လင်မယားကွဲခဲ့ရသည်။

        ဤသို့ဆိုရာ၌ အခြားနိုင်ငံသို့ ဓမ္မပညာသင်ဘို့ မသွားရဟု မဆိုလိုပါ။

စိတ်အားထက်သန်သည့် အတိုင်း ဘုရားသခင်အလိုတော်ရှိလျှင်င်း၊ ဘုရား သခင်၏

သက်သေရလျှင်င်း သွားသင့်ပါသည်။

        ချစ်စွာသော ဓမ္မအမှုတော်ဆောင်များ၊ ဓမ္မ ပညာသင်ကြားသည်ဖြစ်စေ၊ မိဘမဲ့ဂေဟာ

ဖွင့်သည် ဖြစ်စေ၊ ကျမ်းစာကျောင်းဖွင့်သည်ဖြစ်စေ၊ အသင်း

တော်ထောင်သည်ဖြစ်စေ၊ မူကြိုကျောင်းဖွင့်သည် ဖြစ် စေ၊

ဝါသနာနှင့်စိတ်အားကြီးရုံဖြင့် မလုပ်သင့်ပါ။ ဘုရားသခင်၏ အလိုတော်

ဘုရားသခင်၏ စေခိုင်း ခြင်း၊ သက်သေရမှသာ၊ ဘုရားသခင်၏မစမှု လက် တော်ကို

တွေ့ရပေမည်။

        အကယ်၍ တမန်တော်ပေါလုသည် သခင် ဘုရား မိန့်မှာစကားကို နာခံလျက် ယေရုရှ

လင်မြို့သို့ မသွားဘဲ၊ တပါးအမျိုးသားများထံသို့ သွားခဲ့လျှင် ဘုရားသခင်၏

အမှုတော်သည် ထိုထက်မက ကျယ် ပြန့် အောင်မြင်လိမ့်မည်ဟု အကျွနု်ပ်ယုံကြည် ပါ

သည်။

        ထို့ကြောင့် အကျွနု်ပ်တို့အမှုတော်ဆောင်များ အထူးသတိပြုသင့်သည်မှာ

ဘုရားသခင်ခိုင်းတာကို မမြင်နိုင်လောက်အောင်၊ ဝိညာဉ်မျက်စိကန်း စေတတ် သော

စိတ်အားထက်သန်မှု၊ မိမိဝါသနာ၊ မိမိလိုအင် ဆန္ဒများကို ထိပ်တန်းမတင်ဘို့

သတိပြုသင့်ကြောင်း ခရစ်တော်ဘုရား၏ မေတ္တာ၌ ဝေငှလိုက်ပါသည်။

 

                        နာမတော်မြတ်၌

                        ညီအစ်ကိုပေါလ်ခေကျိုင်း

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?