တစ်ရွာမပြောင်း သူကောင်းမဖြစ်

        တစ်ရွာမပြောင်းသူကောင်းမဖြစ်ဟူသော စကားကို လေ့လာဆင်ခြင်ကြပါစို့။ ဤတွင်

ပြောင်းရွှေ့ တိုင်း၊ သူကောင်းမဖြစ်သလို ပြောင်းရွှေ့ရခြင်းကြောင့်

ကောင်းစားသွားသောသူများလည်း ရှိကြောင်းကို လက်တွေ့ရော  ကျမ်းရဲ့

အထောက်အထားအားဖြင့်ပါ သိရှိရပါသည်။

        တစ်နေရာတွင် မိမိစီးပွားရေး အခြေအနေ မလှသောအခါ အခြားတစ်နေရာသို့

ပြောင်းဖို့ လူတစ် ချို့က ဆုတောင်းခိုင်းလေ့ရှိတတ်ပါသည်။ ထိုသို့ ဆု

တောင်းပေးသည့်အခါ ပြောင်းရွှေ့သွား

သူများထဲတွင်

ကောင်းစားသူများရှိသကဲ့သို့ ပျက်စီးသွားသူများလည်း ရှိနေပါသည်။

        သမ္မာကျမ်းစာတွင်ကြည့်လျှင် တရားသူကြီး အုပ်စိုးသောကာလ၌ ယုဒပြည်၊

ဗက်လင်မြို့သား ဧလိ မလက်သည် မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်သို့

ထွက်သွားလေ၏။ သူ့၏မယားအမည် ကား နောမိ၊ သားနှစ်ယောက်အမည်ကား မဟာလုန်၊

ခိလုန်ဖြစ်သည်။ မောဘပြည်ရောက်ပြီး မကြာမီ ဧလိမ လက်သည် သေလေ၏။

(၁၀)နှစ်ခန့်ကြာသောအခါ သားနှစ်ယောက်သည် သေ၍ မိခင်ဖြစ်သူ နောမိသည် လည်း

ခင်ပွန်းမရှိဖြစ်ရှာရသည်။ သားလည်းမရှိ ဒုက္ခ အတိ ခိုကိုးရာမရှိဘဝ

ရောက်ခဲ့လေ၏။

        အဘယ့်ကြောင့်နည်း။၊ ]]တစ်ရွာမပြောင်း သူကောင်းမဖြစ်}}ဟု

ဆိုရိုစကားကိုယုံစားပြီး နောမိတို့  မိသားစုက ယုဒပြည်မှ မောဘပြည်သို့

ပြောင်းသွား ခြင်းလား၊။ သူတို့သည် လူ့စကားကို ယုံ၍ လင်ဆုံး၊

သားတွေလည်းဆုံး ဖြစ်ခဲ့ရလေပြီ။

        နောက် မိသားစုတစ်စုကို ကြည့်ကြပါစို့။ အာဗြံဟံ၏ မိသားစုမူကား၊

ဘုရားသခင်၏ စကားကို  ယုံကြည်လျှက် ခါရန်မြို့မှ ခါနန်ပြည်သို့ ပြောင်းရွှေ့

လာရသည်။ ထို့ကြောင့် အမှန်တစ်ကယ်ကောင်းစား ခဲ့လေသည်။ သူသာမက

သားစဉ်မြေးဆက်ကောင်း ကြီးများစွာ ခံစားရလေသည်။ အာဗြံဟံသည် မယုံ

ကြည်သူတို့၏ နေရာ၌ နေထိုင်ရသော်လည်း ပျက်စီး ခြင်းမရှိ။ ထိုနေထိုင်ရာ

မြေကြီးမဆန့်သည့်တိုင် သူမတူ နိုင်လောက်အောင် ြွကယ်ဝချမ်းသာလာ၏ (က ၁၃း၆)။

        အာဗြံဟံ၏ အမျိုးဖြစ်သော ရှောလမုန်မင်းကြီး ၌လည်း ရွှေ၊ ငွေပေါြွကယ်၍

သူသောက်သုံးသော ဖလားနှင့် လေဗနုန်နန်းတော်၌ ရှိသမျှတို့သည် ရွှေဖြစ် ၏။

ရှင်ဘုရင်ထံ သုံးနှစ်တစ်ခါ တာရှုသင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊

ဆင်စွယ်များကို ဆောင်ခဲ့တတ်၏။ ထိုသို့ ရှောလမုန်သည်

မြေကြီးပေါ်မှာရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်များစွာ

လွန်ကဲစွာ နဲ့ ချမ်းသာ၏ (၃ရာ ၁ဝး၂၁-၂၂)။

        ရွှေအကြောင်းကို သမ္မာကျမ်း၌ မြောက်များစွာ ဖတ်ရှုသော်လည်း

ကိုယ်တိုင်ရွှေတုံး၊ ရွှေချောင်းများကို ကျွနု်ပ်မမြင်ဖူးပါ။ သို့သော်

မကြာမီက ဘုရားကို ကြောက်ရွံ့ရိုသေသော ယုံကြည်သော မိသားစုတစ်စု နှင့်

မိတ်သဟာယဖွဲ့ရင်း သူ၏ အလုပ်ခွင်ပန်းထိမ် လုပ်ငန်းကို ကြည့်ရှုခွင့်ရခဲ့ရာ

]]ရွှေ၊ ရွှေချောင်း}}များ ဝင်းဝင်းတောက်နေသည့် လှပမှုအား ရှုမောမိဘူးပါ သည်။

        ယေရှုခရစ်ကို ယုံကြည်သူများ ကောင်းကင် ရွှေလမ်းပေါ်မှာ နှင်းပြီး ရွှေအိမ်၌

နေရမည့်အကြောင်း သတိရမိသည်။ ထိုညီအစ်ကို မိသားစုသည် တောင် ကြီးမှ

မန္တလေးသို့ ပြောင်းရွှေ့လာပြီး ကောင်းကြီး မင်္ဂလာနှင့် ြွကယ်ဝလျှက်

ရှိနေပေသည်။ ကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဧလိမလက်နှင့် အာဗြံဟံ

မိသားစုတို့သည်လည်း မိမိ၏ ဇာတိချက်မြှုပ် နေရာမှ အခြားတိုင်းပြည်သို့

ပြောင်းရွှေ့ခြင်း တူကြသော်လည်း တစ်ဦးက ကောင်းစားပြီး၊ တစ်ဦးကပျက်စီး

သွား ကြောင်း ကျွန်တော်သတိပြုဆင်ခြင်မိပါသည်။

ဆင်ခြင်နှလုံးသွင်းရန်

        ကျွနု်ပ်တို့ အယောက်စီတိုင်းသည်လည်း ဤ ကမ္ဘာလောကမှ တစ်နေ့နေ့တွင်

မပြောင်းလျှင်လည်း ဧကန်မုချပြောင်း သွားကြရပေမည်။ ပြောင်းရမည့်

နေ့ရက်အချိန်ကို အတိအကျ မသိရှိရသော်လည်း တစ် နေ့ ဧကန်မုချရောက်လာမည်ဟု

နှုတ်ကပတ် တော်က သတိပေးထားပါသည်။ ဤလောကသည် အကျွနု်ပ်တို့ အတွက်

ထာဝရနေရမည့်နေရာ မဟုတ်ခဲ့ပါ။

        ဆာလံဆရာ ဒါဝိဒ်မင်းက အကျွနု်ပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏ဟု

ဝန်ခံထားသည် (ဆာ ၁၁၉း၁၉)မှန်ပါသည်။ ကျွနု်ပ်တို့သည် ဤ လောက၌ ခေတ္တခဏသာ

နေထိုင်နေကြရပါမည်။ လူ သားတိုင်း ဝေးလှသော တိုင်းပြည်တစ်ပြည်သို့ အစု

လိုက်၊ အပြုံလိုက် တစ်နေ့ ပြောင်းရွှေ့ကြရလိမ့်မည်။ သို့သော်

လူသားအားလုံးက တစ်နေရာတည်း ရောက် သွားကြမည်မဟုတ်ပါ။ လမ်းခွဲသွားရမည့်နေရာ

နှစ် နေရာရှိနေပါသည်။

        ထိုနေရာတို့မှာ ငရဲနှင့်ကောင်းကင်ဘုံဆိုသည့် တစ်နေရာဆီသို့

သွားရောက်ကြဖို့ ရှိနေသည်။ မိတ် ဆွေ၊ ထိုသို့ပြောင်းရွှေ့သော ဧလိမလက်တို့

မိသားစု သည် ပျက်စီးခြင်းသို့ ရောက်သွားသကဲ့သို့ လူအချို့ သည်

ထာဝရဒုက‹္ခဆင်းရဲခံရာ အပါယ်ငရဲ မီးအိုင်သို့ ရောက်ရှိကြပါလိမ့်မည်။

        အဖအာဗြဟံသည်ကား ကောင်းသော နေရာ အရပ်သို့ ပြောင်းရွှေ့သွားရသကဲ့သို့

လူအချို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းရာ ထာဝရသုချမ်းသာ ဘုံသို့

ပြောင်းရွှေ့ကြရမည်။ ထိုနေရာ၌ ဝမ်းနည်းခြင်း မရှိ။ ဆင်းရဲခြင်းမရှိ။

ငိုေြွကးခြင်းမရှိ။ ထာဝရဝမ်း မြောက်ရွှင်လန်းခြင်းရှိရာ နေရာအရပ်ဖြစ်သည်။ ဤ

လောကမှ ထွက်ခွာပြီး စံနေရမည့် ထိုအိမ်တော် သည် သစ်သားဖြင့် မလုပ်ဘဲ

ရွှေသားစစ်စစ်ဖြင့် ကျောက် မျက်များ ခင်းကျင်းပေးထားသော လမ်း၊ ရွှေစင်ဖြင့်

ဆောက်လုပ်ထားသော ရွှေအိမ်တော်ဖြစ်သည်။ ထို အရပ်၌ ယေရှုခရစ်တော်ကို

ယုံကြည်လက်ခံ သော သူတိုင်း ထာဝရစိုးစံနေကြရမည်။ သို့ဖြစ်၍ ဘုရား

သခင်၏သားတော် သခင်ယေရှုခရစ်အား ယနေ့ မိမိ ၏ ကယ်တင်ရှင်အဖြစ်

ယုံကြည်လက်ခံကြပါမှ ဤ လောကမှ ဘဝပြောင်းသွားသည့်အခါ ထိုနေရာအရပ် ဒေသ၌

ဝင်စားစံမြန်းနိုင်ပါသည်။

        မည်သူမဆို ရွှေစင်ကိုလိုချင်လျှင် ရွှေဆိုင်သို့ သွားရောက်ငွေပေးချေ၍

ဝယ်ယူရပါမည်။ သို့သော် ထိုရွှေအိမ်တော်သို့

ပြောင်းရွှေ့နေထိုင်စံမြန်းလိုပါလျှင် ဘာအဖိုးအခကိုမျှ ပေးစရာမလိုဘဲ

မည်သူမဆို အခု ပင် အခမဲ့ဖြင့် ဝင်ရောက်နိုင်ပါကြောင်းကို ဓမ္မမိတ်ဆွေ အား

မေတ္တာဖြင့် အသိပေးဝေငှလိုက်ပါသည်။

                        နာမတော်မြတ်၌

                        ညီအစ်ကိုပေါလ်ခေကျိုင်း

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?