စစ်မှန်သော မိတ်သဟာယ

        ယနေ့လက်ရှိ ခရစ်ယာန်များ၊ ယုံကြည်သူများ မိတ်သဟာယဆိုပြီး

မိတ်သဟာယအဖွဲ့အစည်းအမျိုး မျိုးဖွဲ့စည်းကြသည်ကို တွေ့ရ၏။ တစ်ချို့မှာ

ခရစ် တော်ကို မိမိကယ်တင်ရှင်အဖြစ် လက်မခံသော ခရစ်ယာန်များ တချို့မှာ

သုံးပါးတလုံးတဝတည်းကို လက်မခံသော ခရစ်ယာန်များ တချို့မှာ ကျမ်းစာရှိ

သမျှသည် ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ဟု လက် မခံသော ခရစ်ယာန်များဖြစ်ကြ၏။

ယုံကြည်သော သူများ

သည် ထိုသို့သော နာမည်ခံခရစ်ယာန်များနှင့် မိတ်သဟာယ

ဖွဲ့သင့်ပါသလောဟု မေးမြန်းစရာများ ရှိပါသည်။

        တချို့က ဤသို့ခံယူကြသည်။ ]]သူဘယ်လိုဘဲ ယုံယုံ၊ သူ့ခံယူချက်နှင့်သူ

ယုံကြည်ပါ ငါတို့လဲ ကိုယ့်ခံ ယူချက်နှင့်ကိုယ်ပဲ။ ဘာဘဲဖြစ်ဖြစ် သူ့ဆီက

ကောင်း တာတွေယူပြီး မကောင်းတာတော့ ပယ်လိုက်မှာပေါ့}} ဟူ၍ ခံယူသော

သူများလည်းရှိသည်။ ဟုတ်ပါပြီ။ ဒါက မိတ်ဆွေရဲ့အတွေးအခေါ် အယူအဆဖြစ်ကောင်း

ဖြစ်ပါလိမ့်မည်။ သို့သော် ဘုရားသခင်၏ သမ္မာကျမ်း စာနှင့် ကိုက်ညီ၊

မကိုက်ညီကို ကျမ်းစာအားဖြင့် လေ့ လာကြည့်ကြပါစို့။

မိတ်သဟာယဖွဲရမည့်သူများ

၁။ ခမည်းတော်နှင့်သားတော် (၁ယော ၁း၁၃)

                ကျွနု်ပ်တို့ ယုံကြည်သူများသည် ကောင်းကင် အဖတည်းဟူသော ခမည်းတော်နှင့်

မိတ်သဟာယဖွဲ့ရ ပါမည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းမြတ်စုံလင် သော

ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံ တော်က

သက်ရောက်သည်ဖြစ်၍အထက်အရပ်မှလာ ကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းခြင်းမရှိ။

ပြောင်း လဲခြင်း အရိပ်နှင့် ကင်းလွတ်တော်မူ၏ (ယာကုပ် ၁း၁၇)။

ကျွနု်ပ်တို့သည် သားတော်ကို ယုံကြည် လက်ခံ ခြင်းမရှိဘဲ၊ သားတော်ကို

ကျော်ပြီး ခမည်းတော်ကို မသိနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သားတော်ကို

ငြင်းပယ်သောသူ မည်သည်ကား ခမည်းတော်ကိုမ သိ။ သားတော်ကို ဝန်ခံသောသူ

မည်သည်ကား ခမည်းတော်ကိုသိ၏ (၁ယော ၁း၂၃)။ ထို့ကြောင့်  ကျွနု်ပ်တို့

ယုံကြည်သူများသည် ခမည်းတော်နှင့်င်း၊ သားတော်ယေရှုခရစ်နှင့်င်း

မိတ်သဟာယဖွဲ့ရမည်။

၂။      ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့ရမည် (၁ယော ၁း၃)

        သင်တို့သည် ငါတို့နှင့် မိတ်သဟာယဖွဲ့စေခြင်း ငှာ ငါတို့ကြားမြင်ရသော

အရာကို သင်တို့အား ပြသ ကြ၏။ လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း  အချင်း

ချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွွှဲကြနှင့်။ အချင်း ချင်းတို့ကို

တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုသည်ကို ထောက်သဖြင့်သာ၍

ကြိုးစားကြ လော့ (ဟေဗြဲ ၁ဝး၂၅)။ ကျွနု်ပ်တို့ယုံကြည်သူများ

တစ်ယောက်နှင့်တစ်ယောက်မေတ္တာစိတ်ရှိစေခြင်းငှာ င်း၊

တိုက်တွန်းနှိုးဆော်ရသောအခွင့်ရရှိအောင် မိတ် သဟာယသည်

မရှိမဖြစ်လိုအပ်ပါသည်။ သို့ဖြစ်လျှင်  စစ်မှန်သော မိတ်သဟာယကို

မည်သို့ဖွဲ့နိုင်မည်နည်း။ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင် သည်

အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင် အချင်းချင်း

မိတ်သဟာယဖွဲ့ပြီးသား ဖြစ်လေသည် (၁ယော ၁းရ)။ ချစ်သောမိတ်ဆွေ၊ သင်သည်

ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီဟု ဆိုလျက်ပင် မှောင်မိုက်(ဒုစရိုက်)၌

ကျင်လည်လျှင် သစ္စာတရားကို မကျင့်၊ မုသာကို သုံးသောသူဖြစ်၏ (၁ယော ၁း၆)။

ချစ်သောမိတ်ဆွေ၊ စစ်မှန်သော မိတ် သဟာယဆိုသည်မှာ တပတ်တကြိမ် အစည်းအဝေး

တက်ရောက်ပြီး အတူတကွ တွေ့ဆုံ စကားပြောခြင်း သက်သက်မဟုတ်ပါ။

နေ့စဉ်နှင့်အမျှ ဘုရာသခင်၏ အလင်း၌ကျင်လည်အသက်ရှင်ခြင်းဖြစ်ပါသည်။ တချို့က

တစ်ပတ်တာလုံး ကိုယ်လုပ်ချင်တဲ့ ဒုစရိုက်၌ ကျင်လည်ပြီး တနင်္ဂနွေတရက်

ယုံကြည်သူများနှင့် လာရောက်ဆုံဆည်းဝတ်ပြုခြင်းကို မိတ်သဟာယ ဖွဲ့ခြင်း

ဖြစ်သည်ဟု အမှားထင်နေသူများရှိလေသည်။ ဤသို့သော မိတ်သဟာယကို

ဓမ္မဟောင်းကျမ်းမှာ တွေ့နိုင်ပါသည်။ ဧဖရိမ်သည် တပါးအမျိုးသားတို့နှင့်

ပေါင်းဖော်ရောနှော လျက်ရှိ၏။ (ဟောရှေ ရး၈)။ ဧဖရိမ်လူတို့သည် မယုံကြည်သော

တပါးအမျိုးသားတို့ နှင့် ပေါင်းဖော်ပြီး တဖက်မှာ ဘုရားသခင်ကိုလည်း

ဝတ်ပြုကိုးကွယ်ကြသည်။ ဆုတောင်းသည်။ တဖက်မှာ ဗေဒင်တွက်သည်။ တဖက်မှာ

ကျမ်းစာဖတ်သည်။ တဖက်မှာ မိမိဉာဏ်ကို အမှီပြုပြီး အသက်ရှင်သည်။ တမျက်နှာသာ

ဖုတ်ပြီးမလှန်သော မုန့်ကဲ့သို့ ဖြစ်၏။ တဖက်မှာ ဒုစရိုက်ပြုသည်။ တဖက်မှာ

ဘုရားရှိခိုး သည်။ ဤမုန့်ကား တဖက်မှာကျက်ပြီး တဖက်မကျက် သော

မုန့်ဖြစ်ပါသည်။ စား၍မရပါ။ တချို့ခရစ်ယာန် များ အသက်တာကို ကြည့်လျှင်

ဘုရားကို ရိုသေသလို လိုနှင့် ဘုရားကျောင်းလာသည်။ အလှူငွေလည်းပေး သည်။

ဂုဏ်တော်လည်း ချီးမွမ်းသည်။ ဘုရားကို ဝတ်ပြု ကိုးကွယ်သည်။

        ဘုရားကျောင်းမှ အပြန်မှာ ဆေးလိပ်သောက်၊ ကွမ်းယာစား၊ သူများနှင့်ရန်ဖြစ်၊

လုပ်ချင်တာလုပ်တတ် သော ခရစ်ယာန်များရှိသည်။ ဝမ်းနည်းစရာကောင်း သည်မှာ

သူ့အပြော၊ သူ့သက်သေခံချက်နှင့် သူ့အ သက်တာမှာ တခြားစီဖြစ်နေတတ်ပါ၏။

ထို့ကြောင့်  ဘုရားသခင်က ]]မိတ်သဟာယဖွဲ့သောအခါ မုသာ စကားကိုသာ

ပြောတတ်ကြ၏။}}ဟု ပရောဖက် ဟောရှေ အားဖြင့် မိန့်ဆိုခဲ့ပါသည်။ (ဟောရှေ

၁ဝး၄)

        ချစ်သောမိတ်ဆွေ မိတ်သဟာယဖွဲ့ဘို့မလာမီ သင်၏အသက်တာသည် အလင်း၌ကျင်လည်ပါ သ

လား။ သန့်ရှင်းခြင်းပါရမီမရှိလျှင် အဘယ်သူမျှ ထာဝ ရဘုရားကို မဖူးမမြင်ရ

(ဟေဗြဲ ၁၂း၁၄)။ ချစ် သော မိတ်ဆွေဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် ရောက်

လာလျှက်နှင့် ဘုရားသခင်၏ မျက်မှောက်တော် ဘုရားသခင်၏ တန်ခိုးတော်နှင့်

ထိတွေ့ခြင်းမရှိပါက ထိုမိတ်သဟာယသည် အချည်းနှီး သက်သက် ဖြစ်၏။

ဤအကြောင်းကို အရှင်ယေရှု ခရစ်အနေဖြင့် ပရော ဖက်ဟေရှာယဟောပြောခဲ့သော

အချက်ကို အမှီပြုပြီး မိန့်မှာခဲ့သည်။ ဤလူမျိုးသည် နှုတ်ခမ်းနှင့် ငါ့ကို

ရိုသေ ကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင် သော ပညတ်တို့ကို

သွန်သင်၍ နည်းဥပဒေသပေး လျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏။ (မာကု

ရး၆-၇)။ ဟေရှာယ (၂၉း၁၃)။ ထို့ကြောင့် နာခံ ခြင်းမပါသော ကိုးကွယ်ခြင်းသည်

အချည်းနှီး ဝတ်ပြု ခြင်းသာဖြစ်၏။

        မိတ်သဟာယကို ဂရိလို (ုသငညသညငေ) ဃသာကညငသည ဟု ခေါ်ပါသည်။

ဓမ္မသစ်ကျမ်းမှာ(၁၉)ကြိမ် တိတိပါဝင်ကြောင်း တွေ့ရပါသည်။ ဤသို့ မိတ်သဟာ

ယဖွဲ့ရာ၌ ခမည်းတော်ဘုရားနှင့် သားတော်ဘုရား အပြင်  အချင်းချင်း

မိတ်သဟာယဖွဲ့ဘို့ ဖော်ပြခဲ့ပါ သည်။ ထို့အပြင် ဝိညာဉ်တော်နှင့်လည်း

မိတ်သဟာယ ဖွဲ့ရန်လိုသည်။

၃။      ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း

(ဖိ ၂၂း၁)

        ထို့ကြောင့် ခရစ်တော်၌သက်သာခြင်း၊ မေတ္တာ နှင့် စပ်ဆိုင်သော ချမ်းသာခြင်း

ဝိညာဉ်တော်နှင့်မိတ် သဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသော

အရာတစ်စုံတစ်ခုရှိလျှင် သင်တို့သည် အချင်းချင်း ချစ်ကြ၍ စိတ်မကွဲမပြားစေဘဲ

တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ သဘောတညီတညွတ်တည်းရှိ သောအားဖြင့်

ငါဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေကြလော့။ ကျွနု်ပ်တို့ယုံကြည်သူတိုင်း

အချိန် တိုင်း၊ နာရီတိုင်းမှာ ဝိညာဉ်တော်နှင့် မိတ်သဟာ ယ ဖွဲ့လျှက်

ဝိညာဉ်တော်၏ အုပ်စိုးမှုအောက်မျာ နေကြ မည်ဆိုလျှင်

အချင်းချင်းကွဲပြားစရာအကြောင်း မရှိ နိုင်ပါ။ တလုံးတဝတည်းဖြစ်လျက်

ဘုရားသခင် ဝမ်း မြောက်စေသောသူများ ဖြစ်ပေလိမ့်မည်။

၄။      ခရစ်တော်၏ ဆင်းရဲခြင်းကို ဆက်ဆံ (မိတ်သဟာယဖွဲ့ခြင်း) ဖိ ၃း၁၁

        တချို့ယုံကြည်သူများ မိတ်သဟာယလာသော အခါ ခရစ်တော်အတွက် ပေးဆပ်မည့်အစား

တစုံ တခုကို အမြတ်ထုတ်ရန် (ဝါ)အကျိုးတစုံတခု ရရှိရန် သာ လာကြသည်။

မိတ်သဟာယဖွဲ့သောအခါ ခရစ် တော်ထံမှ ကောင်းကြီးရဘို့ရန်မှာ သေချာလှသည်။

ခရစ်တော်ထံမှလာသော ကောင်းကြီးကို ခံစားလျှင် ခရစ်တော်၏ ဆင်းရဲဒုက္ခကိုလည်း

ဆက်ဆံရန် တမန် တော် ပေါလုက တိုက်တွန်းထားပါသည်။ ဆင်းရဲဒုက္ခ ကို

ငါခံရစဉ်အခါ သင်တို့သည် ငါနှင့်ဆက်ဆံသော အားဖြင့်

ကောင်းမွန်စွာပြုကြပြီ(ဖိ ၄း၁၄)။ ယနေ့ ယုံကြည်သူသားသမီးများသည်

ဆင်းရဲဒုက္ခကို မျှပြီး အတူတကွခံခြင်း၌လည်း မိတ်သဟာယပြုဘို့ လို သည်။

အိမ်သစ်တက်ပွဲ၊ မွေးနေ့ကျေးဇူးတော် ချီးမွမ်း ခြင်းစသည့်

ကျေးဇူးတော်ချီးမွမ်းခြင်းများ၌ ပါဝင် မိတ်သဟာယဖွဲ့ရန်မှာ လွယ်ကူလှပါသည်။

သို့သော် ဆေးရုံတက်နေသော လူနာကို တညလောက် အတူ အိပ်စောင့်ဘို့ ကျွနု်ပ်တို့

ဆန္ဒမရှိတတ်ကြပါ။ ခေါ် တော်မူခြင်းခံရသော ယုံကြည်သူမိသားစုနှင့် တညတာ

အတူတကွထိုင်ပြီး အိပ်ရေးအပျက်ခံရန် ဝန်လေး တတ်ကြပါသည်။

        ချစ်သောမိတ်ဆွေ ခရစ်တော်ကို ယုံကြည် လက်ခံခဲ့သောကြောင့် အနှင်ထုတ်ခံရသော

ယုံကြည် သူ ညီအစ်ကိုများကို တွေ့ဘူးပါသလား သူတို့အတွက် နေစရာ၊ စားစရာ၊

ဝတ်စရာများ လိုအပ်နေပါသည်။ သူတို့၏ ဆင်းရဲကိုမျှခံပြီး

ဆက်ဆံမိတ်သဟာယဖွဲ့ဘို့ ထိုသူအား မိမိအိမ်သို့ခေါ်ဆောင်ဘူးပါသလား။ ဆင်း

ရဲဒုက္ခကို ငါခံရစဉ်အခါ သင်တို့သည် ငါနှင့်ဆက်ဆံ သောအားဖြင့်

ကောင်းမွန်စွာပြုကြပြီဟု ခရစ်တော် ပြောစကားကို သတိရစေလိုပါသည်။

        ငါပေါလုသည် ထို (ဧဝံဂေလိ)တရားကို  ဟော ပြောသောဆရာဖြစ်သည်နှင့်

သင်တို့အဘို့လို့ငှာ ဆင်း ရဲခံခြင်း၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ ဆင်းရဲ

ဒုက္ခအြွကင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့အလို့ငှာ

ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံ စေ၏ (ကော ၁း၂၄)။ ထိုတရားကြောင့် ငါသည်

လူဆိုးကဲ့သို့ ချည်နှောင်ခြင်းကို ခံသည့်တိုင်အောင် ဆင်းရဲဒုက္ခကို ခံရ၏။

(၂တိ ၂း၉) ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်း ချင်းကူညီ၍

ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြံလော့ (ဂလာတိ ၆း၂)။

တမန်တော် ပေါလုအနေဖြင့် ယုံကြည်သူအချင်းချင်း ထမ်းရွက်ရ သော

ဒုက္ခဆင်းရဲဝန်ထုပ်များကို ကူညီ၍ ထမ်းကြဘို့ မိန့်မှာသည်သာမက တစ်ယောက်၏

အားနည်းချက်၊ အပြစ်ထဲ၌ လဲပြိုခြင်း၌လည်း တစ်ယောက်နှင့် တစ် ယောက်

စာနာထောက်ထားခြင်းရှိဘို့ မိန့်မှာနေခြင်း ဖြစ်ပေသည်။ ချစ်သောမိတ်ဆွေ

အပြစ်ထဲ၌လဲသွား သော ညီအစ်ကိုအတွက် အစာရှောင်ပြီး ဆုတောင်း ပေးပါသလား။

သို့မဟုတ် သူ့အားနည်းချက်အတွက် ဝေဖန်အပြစ်တင်နေပါသလား။ ထိုသို့သော

ညီအစ်ကို ထံသွားပြီး သူ့အားနည်းချက်ထဲမှာ ရောယှက်ပါဝင် လျက်

အားပေးနှစ်သိမ့်ဘူးပါလား။ ဤသို့သော မိတ်သဟာယမျိုးကို ကျွနု်ပ်တို့၌

လိုအပ်ပါသည်။

ရှောင်ရမည့်သူများ

၁။      ခရစ်တော်၏ ဒေသနာမပါသူ

        ခရစ်တော်၏ ဒေသနာမပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကို သင့်အိမ်၌

လက်မခံနှင့်။ မင်္ဂလာရှိစေသောသူ နှုတ်မဆက်နှင့်။ (၂ယော ၁း၁၀-၁၁) ခရစ်တော်၏

ဒေသနာဆိုသည်မှာ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ဝန်ခံသောသူ

မည်သည်ကား ဘုရားသခင်သည်လည်း ထိုသူ၌တည် တော်မူ၏ဟူသော အချက်ဖြစ်လေသည် (၁ယော

၄း၅)။ တချို့ထာဝရဘုရားကို ယုံကြည်ကိုးကွယ်သော် လည်း သားတော်ယေရှုခရစ်သည်

လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသားတော်ဖြစ်ကြောင်းကို လက်မခံ ကြပါ။

လူ့ဇာတိအားဖြင့် ြွကလာတော်မူသော ယေရှု ခရစ်တော်ကို ငြင်းပယ်သောသူသည်

အန္တိခရစ်ဖြစ်၏ (၂ယော  ၁းရ)။ ထို့ကြောင့် ထိုသို့သော ယုံကြည်သူ

ခရစ်ယာန်ဟန်ဆောင်သူများနှင့် မိတ် သဟာယမဖွဲ့ရ။ မင်္ဂလာရှိစေသောဟု ထိုသူကို

နှုတ်မဆက်ရ (၂ယော ၁း၁၀-၁၁)။ ထိုသူတို့ကို ရှောင်ရမည်။

၂။      ဒုစရိုက်လုပ်လျက်ရှိသော ညီအစ်ကိုများ

        ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် လက်ခံ ပြီးသော်လည်း ဒုစရိုက်ထဲမှာ

ဆက်လက်ကျင်လည်နေ သော ညီအစ်ကို တချို့ကို တွေ့ပေလိမ့်မည်။ ကျမ်းစာ က ဤသို့

သတိပေးထားပါသည်။ ညီအစ်ကိုဟု ခေါ် ဝေါ်သော်လည်း မတရားသော မေထုန်၌မှီဝဲခြင်း၊

လောဘ လွန်ကျူးခြင်း၊ ရုပ်ထုကို ကိုးကွယ်ခြင်း၊ ဆဲရေး ကဲ့ရဲ့ခြင်း၊

သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင် အထက်လုယူခြင်းမှစ၍ ထိုအမှုကို

ပြုသောသူနှင့် အတူ  မပေါင်းဖော်ရသည်သာမက ထိုသူနှင့်အတူ စားသောက်ခြင်း

ကိစ္စကိုမျှ မပြုရဟု ငါရေးသား၍ ပညတ်၏။ (၁ကော ၅း၁၁) ဤသို့

ကျင့်ကြံပြုမှုလျက်ရှိ သော ယုံကြည်သူများကို ရှောင်ရမည်။

၃။      သင်းခွဲသူများကို ရှောင်ရမည်။

        သင်းခွဲသူကို နှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။

ထိုသို့သောသူသည် ကိုယ်အ ပြစ်ကို သိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သော

စိတ်ရှိသောသူဖြစ်သည် (တိတု ၃း၁၀-၁၁)။

        ညီအစ်ကိုတို့ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့် ဆန့်ကျင်ဖက်ဖြစ်သော

သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို

မှတ်၍ရှောင်ကြ လော့ဟု ငါသတိပေး၏။ အကြောင်းမူကား ထိုသို့ သောသူတို့သည်

ငါတို့သခင်ယေရှုခရစ်၏အမှုကို မ ဆောင်ရွက်ဘဲလျက် မိမိတို့ဝမ်း၏ အမှုကိုသာ

ဆောင် ရွက်၍ လောကဝတ်စကားနှင့်ချော့မောသော စကား အားဖြင့် စိတ်ကောင်းသော

သူတို့ကို လှည့်ဖြားတတ် ကြ၏ (ရောမ ၁၆း၁၇-၁၈)။

        င်းအပြင် ယုံကြည်ခံယူချက် (ီသခအမငညန)တူ လျက်နှင့်

မိမိထောက်ပံ့ကြေးရရှိလိုသော ဆန္ဒကြောင့်  အသင်းခွဲချင်သော

သူများရှိတတ်သည်။ ဤသို့သော အမှုတော်ဆောင်တို့သည် သခင်ခရစ်တော်၏ အမှု

တော်ကို အမှန်တကယ်ဆောင်ရွက်သူများမဟုတ်။ မိမိ တို့ ဝမ်းဗိုက်အတွက်

အမှုဆောင်များသာဖြစ်သည်။  (ှစသညျသမ) ရရှိချင်သော ဆန္ဒကြောင့် သင်းခွဲလုပ်

ဆောင်သော သူများကို မပေါင်းဖော်ရ၊ ရှောင်ရမည်။

        ချစ်သော မိတ်ဆွေ ဒါဝိဒ်မင်းက မည်သို့မိန့်မှာ ထားပါသနည်း။ ကိုယ်တော်ကို

ကြောက်ရွံ့သောသူ ပေးတော်မူသော ဩဝါဒကို နားထောင်သောသူရှိသမျှ တို့နှင့်

အကျွနု်ပ်ပေါင်းဖော်တတ်ပါ၏ (ဆာ ၁၁၉း၆၃) ဟုဆိုထားပါသည်။

        ထို့ကြောင့် စစ်မှန်သော မိတ်သဟာယဆိုသည် မှာ လူမျိုးရေးနှင့်မဆိုင်၊

အဆင့်အတန်းနှင့် ဂိုဏ်းဂန နှင့်လည်း မဆိုင်ပါ။ သမ္မာတရားအတုငိ်း နာခံအသက်

ရှင်ပြီး ထာဝရဘုရားကို ကြောက်ရွံ့လျက် ဒုစရိုက်ကို မုန်းသောသူတိုင်း

မိတ်သဟာယဖွဲ့နိုင်ပါသည်။ အချုပ် ဆိုရသော် စစ်မှန်သော

ဘုရားသခင်သားသမီးတိုင်း သည် ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသော တအိမ်

ထောင်လုံးတည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော

ငါတို့သခင်ယေရှုခရစ်၌ မိတ်သဟာယဖွဲ့ရန် လိုအပ်ပါသည်။ ဤစာစောင်ဖတ်

ရှုသူတိုင်း သခင်ယေရှုခရစ်၏ ကျေးဇူးတော်ကိုင်း ဘုရားသခင်၏

မေတ္တာတော်ကိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းကိုင်း

သင်တို့ အပေါင်း၌ ရှိပါစေသော။

                                နာမတော်မြတ်၌

                                ညီအစ်ကိုပေါလ်ခေကျိုင်း

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?