မစိုးရိမ်နှင့်

ဘုရားသခင်၏ သတိပေးချက်

        ကျမ်းစာတစ်အုပ်လုံးမှာ စိုးရိမ်ကြောက်ရွံ့ခြင်း မရှိနှင့်ဟူသော

စကားပေါင်း(၃၆၅)ကြိမ်ပါရှိကြောင်း ဓမ္မပညာရှင်များက လေ့လာတွေ့ရှိထားပါသည်။

ဘုရားသခင်သည် အဘယ့်ကြောင့် ဤသို့အကြိမ်ကြိမ် သတိပေးမိန့်မှာထားပါသနည်း။

အကြောင်းမှာလူ သည် စိုးရိမ်တတ်သော စိတ်သဘောရှိသောကြောင့် ဖြစ်ပါသည်။

        သို့ရာတွင် ကျွနု်ပ်တို့သည် စိုးရိမ်ရုံနှင့်အပြစ် မဖြစ်နိုင်ပါ။

စိုးရိမ်လွန်ကဲပြီး ဘုရားသခင်ကို အား

ကိုး မည့်အစား နှာခေါင်းနှင့်

အသက်ရှင်တတ်သော လူသတ္တဝါကို ကိုးစားခြင်း၊ ဗေဒင်လက္ခဏာကို အား ကိုးခြင်း၊

နတ်ဝင်သူတို့၌ ဆည်းကပ်ခြင်းတို့သည်  အပြစ်ဖြစ်လေသည်။ ထို့ကြောင့်

ဘုရားသခင်အနေ ဖြင့် ကျွနု်ပ်တို့က စိုးရိမ်မှုလွန်ကဲရာမှ လမ်းမလွဲရလေ အောင်

မစိုးရိမ်မကြောက်ရွံ့နှင့်ဟူ၍ အထပ်ထပ်မှာ ကြားခြင်းဖြစ်လေသည်။ တစ်နှစ်မှာ

ရက်ပေါင်း (၃၆၅) ရက် ရှိသဖြင့် ဘုရားသခင်သည် နေ့စဉ်နေ့တိုင်း ဤသို့

သတိပေးနေခြင်းပင်ဖြစ်လေသည်။

စိုးရိမ်စရာ မိဘအမွေ

        ဣဇက်သည် အဘအာဗြဟံသေဆုံးပြီးနောက် အဘိမလက်မင်းထံမှ ထွက်သွား၍

ဂေရာချိုင်း၌ တဲကို ဆောက်၍ နေလေ၏။ ဂေရာမြို့သား နွားကျောင်း သားတို့ကလည်း

ဤရေသည် ငါတို့ရေဖြစ်၏ဟု ဣဇက်၏နွားကျောင်းသားတို့နှင့် လုယက်ပြောဆိုကြ ၏။

နောက်တဖန်အခြားသော ရေတွင်းကို တူးပြန် ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြ၏။

ထို့ ကြောင့် ဣဇက်သည် ထိုအရပ်မှ  ဗေရရှေဘအရပ်သို့ ပြောင်း လေ၏။

ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍ ငါသည် သင်၏ အဘအာဗြဟံ၏ ဘုရားဖြစ်၏။

မစိုး ရိမ်နှင့် ငါသည် သင့်ဘက်မှာရှိ၏။ ငါသည် ကောင်း ကြီးပေးမည်။ ငါသည်

ကျွန်အာဗြဟံအတွက် သင်၏ အမျိုးအနွယ်ကို များပြားစေမည်ဟု မိန့်တော် မူ၏ (က

၂၆း၂၀-၂၄)။ ချစ်သော မိတ်ဆွေ သင်သည်လည်း မိဘတို့၏ အမွေဥစ္စာအတွက်

စိုးရိမ်ပူပန်နေပါ သ လား။ ဘုရားသခင်သည် မိဘအမွေအတွက် စိုးရိမ် နေသော

ဣဇက်အား မစိုးရိမ်နှင့်။ ငါသည် သင့်ဘက် မှာရှိ၏ဟု အားပေးသကဲ့သို့

မိတ်ဆွေကိုလည်း မိန့်ဆို အားပေးလျက် ရှိပါသည်။

အမွေဥစ္စာနှင့်ခရစ်တော်မိန့်မှာစကား

        ချစ်သောမိတ်ဆွေ၊ သင်သည်လည်း မိဘ အမွေဥစ္စာ၊ လုယက်ခံရမှာကို

စိုးရိမ်နေပါသလား။ မိမိ ညီအစ်ကိုများက မိတ်ဆွေအား အမွေခွဲဝေရန် တွန့်တို

နေပါသလား။ ခရစ်တော်လက်ထက်က လူအစည်း အဝေး၌ပါသော လူတစ်ယောက်က အမွေခွဲဝေပေး

ရေး ကိစ္စကြောင့်အရှင်ဘုရား၊ ကျွနု်ပ်အစ်ကိုသည် အမွေ ဥစ္စာကို အကျွနု်ပ်အား

ခွဲဝေပေးပါမည် အ ကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်ခဲ့ဘူးသည်။ ခရစ်တော်က

ထိုသူအား လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား

စည်း စိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်ဟု မိန့် တော်မူ၏ (လု ၁၂း၁၃-၁၅)။

ခရစ်တော်အနေဖြင့် စည်းစိမ်ဥစ္စာသည် အချည်းနှီးဖြစ်သည်ဟု ပြောနေ ခြင်း

မဟုတ်ပါ။ စည်းစိမ်ရှိသော်လည်း ထိုစည်းစိမ်ဖြင့် ထာဝရအသက်ကိုဝယ်၍

မရနိုင်ကြောင်း မီးမောင်း ထိုးရှင်းပြနေခြင်းသာ ဖြစ်လေသည်။

စိုးရိမ်သူများအတွက် ဆင်ခြင်စရာ

        အဘယ်သို့ စားရမည်ဟူ၍ အသက်အဘို့ မစိုး ရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု

ကိုယ်အဘို့မစိုး ရိမ်ကြနှင့်။ အစာထက်အသက်မြတ်သည် မဟုတ် လော။ အဝတ်ထက်

ကိုယ်မြတ်သည်မဟုတ်လော။ မိုးကောင်းကင်၌ ကျင်လည်သောငှက်များကို ကြည့်ရှု

ဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက် မကြဲ စပါးကိုမရိတ်။

ကျီ၌ မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော အဘသည် သူတို့ကို

ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။

ဘုရားသခင်သည် ငှက်တို့၏ အသက်တာကို ဆင်ခြင်ခိုင်းထားပါသည်။

ငှက်များစားစရာအစာကို ငှက်သိုက်ထဲရောက်အောင် ဘုရားသခင်သည်

ချပေးသည်မဟုတ်ပါ။ ငှက်များ ကိုယ်တိုင် မစိုက်မကြဲသော်လည်း သူတို့စားစရာ

အစာ များကို ဘုရားသခင်ပြင်ဆင်ပေးထားသည့်အတိုင်း ရှာဖွေစားသောက်ရကြောင်း

တွေ့ရ၏။

ကျွနု်ပ်တို့၏ တာဝန်

        ထို့အတူ ကျွနု်ပ်တို့ယုံကြည်သူများသည်လည်း

ထိုင်ပြီးဆုတောင်းနေရုံနှင့်မပြီး။ ဆုတောင်းပြီး ဘုရား သခင်ဖော်ပြသော

အလုပ်ကို လုပ်ရပေလိမ့်မည်။ အလုပ်ဟုဆိုရာ၌ ဘုရားသခင်ပေးထားသည့်အစွမ်း

အတိုင်း လုပ်ကြရပေမည်။ တချို့က ကျောင်းဆရာ၊ လက်သမား၊ ပန်းရံသမား၊

တရားဟောဆရာ၊ ဆိုက် ကားဆရာ၊ ဈေးသည်၊ ဆရာဝန်၊ အခြားသော ဝန်

ထမ်းများစသဖြင့် ကွဲပြားခြားနားခြင်းရှိပေလိမ့်မည်။ ဘုရားပေးထားသည့်

ဆုကျေးဇူးအတိုင်း လုပ်၍ နေ ခြင်းသည် ဘုရားသခင်၏ အမှုတော်ဆောင်နေခြင်း

ပင်ဖြစ်သည်။ လူ၏ အမှုကိုဆောင်သကဲ့သို့မဟုတ်။ သခင်ဘုရား၏အမှုကို

ဆောင်သကဲ့သို့ ပြုလေသမျှ တို့၌ စေတနာစိတ်နှင့် ပြုကြလော့။ သင်တို့သည်

သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍ အမွေ တော်တည်းဟူသော အကျိုးကို

ထိုသခင်ဘုရား၏ လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့။ (ကော ၃း၂၃-၂၄)။

ဤသို့ဖြင့် ကျွနု်ပ်တို့လုပ်ရမည့် တာဝန်ကို  ကျြွေပန်စွာလုပ်ပြီးပါက

ကောင်းကြီးမင်္ဂလာကို အမှန် ခံစားပေလိမ့်မည်။

ပျင်းရိသောသူများ

        ယနေ့ အသင်းတော်ထဲတွင် အလုပ်ပျင်းရိ သောကြောင့် ဆင်းရဲသူများ

တချို့ရှိသည်။ ထိုသူတို့ကို စားစရာပေးနေခြင်းသည် အဆိပ်ပင်ရေလောင်းသကဲ့

သို့ ဖြစ်နေလေမလားဟု ကျွနု်ပ်ထင်မိသည်။ ထိုသူတို့ ကို စားစရာပေးသည်ထက်

အလုပ်လုပ်လာအောင် နည်းပေးလမ်းပြခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု

ကျွန်နု်ပ်ယုံကြည်သည်။

        သို့သော် အင်္ဂါမစုံလင်၍ ဆင်းရဲသူများ၊ ဖျား နာ၍ ဆင်းရဲသူများ လုပ်နေလျက်

အလုပ်အဆင် မ ပြေသေး၍ ဆင်းရဲသူများကို မစခြင်းသည် အမှန်

ဧကန်ကျွနု်ပ်တို့အကျိုးရပေလိမ့်မည်။ ဆင်းရဲသားကို သနားသောသူများသည်

ထာဝရဘုရားအား ချေးငှား သောသူဖြစ်၍ သူပြုသော အမှု၏ အကျိုးကို ဘုရား သခင်

ဆပ်ပေးတော်မူလိမ့်မည် (သုတ္တံ ၁၉း ၁၇)။ ကျမ်းစာထဲမှာ ဆင်းရဲသော

သူအားပေးကမ်း ဝေငှရန် ရှိစေခြင်းငှာ မိမိလက်နှင့် ကောင်းသော အလုပ်ကို

လုပ်ဆောင်အားထုတ်စေဟု ဖော်ပြထားပါသည် (ဧ ၄း၂၀)။ အလုပ်မလုပ်ချင်သော

သူမည်သည်ကား အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားသည် (၂သက်၃း၁၀)။

ထို့ကြောင့် အလုပ်ပျင်းရိသောကြောင့် ဆင်းရဲသူများ ဤသတိပေးချက်ကို

နှလုံးသွင်းပြုပြင် ကြပြီး သမ္မာအာဇီဝ အလုပ်တစ်ခုခုကို လုပ်သင့်ပေ သည်။

နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရား

        စားဝတ်နေရေးအတွက် စိုးရိမ်နေသူများအ တွက် ရှေ့ဦးစွာရှာရမည့်နေရာမှာ

နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားဖြစ်ပါသည်။ ဘုရားသခင်၏

အုပ်စိုးမှုကို ဝန်ခံခြင်း၊ စကားတော်ကို ဦးစားပေးနား ထောင်ခြင်း

နာခံလိုက်လျှောက်သော အသက်တာကို ဆိုလိုသည်။ ဤကျမ်းကိုရေးသားသော အခွန်ခံမဿဲ

သည် ခရစ်တော်၏ တပည့်တော်တစ်ဦး ဖြစ်သည်။ သူသည် ြွကလာမည့် ဘုရင်သည်

ခရစ်တော်ပင် ဖြစ် ကြောင်း သူ့လူမျိုးတို့အားဖော်ပြလိုသောကြောင့်

ဘုရားသခင်၏ နိုင်ငံတော်ကို ရှေ့မှာထားပြီး ဖြောင့် မတ်ခြင်းတရားကို

နောက်မှာထားခဲ့သည်။ ကျွနု်ပ်တို့ တပါးအမျိုးသားများထံသို့ လိပ်မူပြီး

ရေးမည်ဆိုပါက ဖြောင့်မတ်ခြင်းတရားနှင့် ဘုရားသခင်၏ နိုင်ငံတော်ကို

ရှေ့ဦးစွာရှာကြလော့ဟူ၍ ရေးပါလိမ့်မည်ဟု ကျွနု်ပ်ယူ ဆမိပါသည်။

        ကျွနု်ပ်တို့အပြစ်သားများအတွက် စိုးရိမ်စရာ အကောင်းဆုံးမှာ သေပြီး

နောင်တမလွန်မှာ တရားစီ ရင် ခြင်းခံရမည်ဟူသော အချက်ဖြစ်သည်။ လူသည်

တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူ ခြင်းကို ခံရမည် (ဟေဗြဲ ၉း၂၇)။

အဘယ့်ကြောင့်နည်း။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ ဖြောင့်မတ်သောသူ မရှိ။

တစ်ယောက်မျှမရှိ (ရောမ ၃း၁၀-၁၂)။ ထို့ ကြောင့် လောကီသားတို့အတွက် သေရေး၊

ရှင်ရေး နှင့်အမျှ အရေးကြီးဆုံးသောအချက်မှာ ဘုရားပေး သော

ဖြောင့်မတ်ခြင်းကို ရရှိရေးပင်ဖြစ်လေသည်။ ဤ ဖြောင့်မတ်ခြင်းတရားသည်

လူ့အနေဖြင့် ကြိုးစားကျင့် ကြံ၍မရနိုင်။

ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏

ကျေးဇူးတော် ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ ထို့ကြောင့်

လူမည်သည်ကား ပညတ်တရား၏ အကျင့်မရှိဘဲ၊ ယုံ ကြည်ခြင်းအားဖြင့်

ဖြောင့်မတ်ရာသို့ ရောက်တတ် သည်ဟု ယူရ၏ (ရောမ ၃း၂၈)။

စားဝတ်နေရေးအာမခံချက်နှင့် နိုင်ငံတော်

        ကျွနု်ပ်တို့ရရှိသော ဖြောင့်မတ်ခြင်းတရားရှိရုံ နှင့် စားဝတ်နေရေး

အာမခံချက်မရှိပါ။ ဘုရားသားဖြစ် ခြင်း ကယ်တင်ခြင်းသို့ရောက်ခြင်းတို့သည်

တပြိုင် တည်းရရှိကြသည်။ ဤသို့ ထာဝရအသက်ရရှိပြီးသော် လည်း ဤလောက၌

အသက်ရှင်စဉ် ဘုရားသခင်၏ အုပ်စိုးမှု ဝန်မခံလျှင် စားဝတ်နေရေးအတွက် လုံ

လောက်မှုရှိမည်မဟုတ်။ ဘုရာသခင်၏ နိုင်ငံတော် ဆိုသည်မှာ ဘုရားသခင်၏

အုပ်စိုးမှု နယ်နမိတ် အတွင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ အုပ်စိုးမှုဝန်ခံ

သော နယ်ပယ်ကို ဆိုပါသည်။ အုပ်စိုးမှုကို စကားနား ထောင်ခြင်းအားဖြင့်သာ

ရယူနိုင်သည်။ မိတ်ဆွေသည် ထိုအုပ်စိုးမှုကို ဝန်ခံပြီဆိုလျှင် မိတ်ဆွေ၏

စိတ်နှလုံးထဲ ၌ ဘုရားသခင်၏ နိုင်ငံတော်တည်နေပြီ။ ထိုဘုရား

အုပ်စိုးမှုနယ်ပယ်အတွင်းထဲမှာ ငြိမ်သက်ခြင်း၊ ဝမ်း မြောက်ခြင်း၊

လုံခြုံခြင်း၊ ကောင်းကြီးမင်္ဂလာ ြွကယ်ဝ ခြင်းများရှိသည်။ ထို့ကြောင့်

ဘုရားသခင်၏ နိုင်ငံ တော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာရှာလျှင်

နောက်မှထိုအရာ (စား၊ ဝတ်၊ နေ၊ ရေး)များ ကို ထပ်၍ ပေးတော်မူလတ္တံ့။ (မဿဲ

၆း၃၃)။ အထက်က ရှေ့ဦး စွာရှာခိုင်းသော  အချက်နှစ်ချက်ကို ရပြီဆိုလျှင်

စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ပြီး ရနေကျပမာ ဏထက် ထပ်၍ပေးမည်ဟုဆိုလိုပါသည်။

တနေ့လုပ်ခ (၁ဝဝဝ)ကျပ် ရသည်ဆိုပါစို့။ ထို(၁ဝဝဝ) ကျပ် ထက် ပိုပြီး

ရလိမ့်မည်ဟု ဆိုလိုပါသည်။

        မိမိသားတော်ရင်းကို မနှမြောဘဲ ငါတို့ရှိသမျှ အဘို့အလို့ငှာ

စွန့်တော်မူသောသူသည် သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို

ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း (ရောမ ၈း၃၂)။ ထို့ ကြောင့်

မစိုးရိမ်ပါနှင့်။ ဘုရားသခင်သည် ကျွနု်ပ်တို့ လိုအပ်သော စားဝတ်နေရေးအတွက်

ဧကန်မုချ ပေးပါ လိမ့်မည်။ ထိုသို့ဖြစ်နေစေရန် ကျွနု်ပ်တို့သည် နေ့စဉ်

ဘုရားသခင်၏ အုပ်စိုုးမှုကိုသာ ဝန်ခံကြပါစို့ဟု မေတ္တာ ဖြင့်

ဝေငှလိုက်ရပါသည်။

 

                                နာမတော်မြတ်၌

                                ညီအစ်ကိုဇေန

Comments

Popular posts from this blog

သမ္မာကျမ်းစာလေ့လာနည်း ( How to Study the Bible )

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?