ယေရှုခရစ်၏ လောကကိုအောင်မြင်နည်း
ချစ်သောမိတ်ဆွေ တမန်တော် ပေါလုက ငါ တို့စစ်တိုက်၍ သုံးစွဲသော
လက်နက်သည် ဇာတိ
ပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုး တော် အားဖြင့်
မြို့ရိုး၊
မြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက် ဖြစ်၏}} ဟူ၍
မိန့်ဆိုခဲ့ဘူးပါသည်
(၂ကော၊ ၁ဝး၄-၅)။
ထို့ကြောင့် ခဲယမ်း၊ မီးကျောက်ဖြင့်
မတတ်နိုင် သော အမှုကို၊
မမြင်နိုင်သော ဘုရားသခင်၏ မေတ္တာ
တန်ခိုးအားဖြင့် အောင်မြင်နိုင်ကြလေပြီ။ ပညာရှိတစ်ပါးက ပြောဘူးပါသည်။ ]]မိမိကို
ရိုက်ပုတ်သူအား ပြန်၍
ရိုက်ပုတ်လျှင်၊
ရန်သူ၌ တိုက် ခိုက် သတ်ပုတ်လိုသော စိတ်သဘောကို နှိုးဆွ
ပေးရာ ရောက်၏။
ပြန်၍ မရိုက်ပုတ်ဘဲ ထွက်ပြေး ပြန်လျှင်၊
နိုင်လိုမင်းထက်ပြုလိုသော
စိတ်ကို နှိုးဆွ ပေးရာ ရောက်၏။ သို့သော်
မိမိတို့၏
တစ်ဖက်ပါးကို ပုတ်သူ အား၊ အခြားတစ်ဖက်ကိုလှည့်ခံလျှင် မူကား၊
ရန်သူ့ အတွင်းရှိ
သိမ်မွေ့နူးညံ့သော သဘောတို့ကို နှိုးဆွ၍ ပေးလိမ့်မည်}}။
ဤနည်းဖြင့်သာ
အောင်မြင် ခြင်းကို ရရှိနိုင်သည်။
တစ်နေ့သ၌ ကုရေနေပြည်သားရှိမုန်သည် ခံရ
မည့် ဆင်းရဲကို မမျှော်လင့်ဘဲ
တောအရပ်မှ
မြို့သို့ ခေတ္တအလည်ရောက်လာ၏။ သို့သော် မြို့သို့ ရောက် သောအခါ
ဘုမသိ၊ ဘမသိနှင့်
သူ့ကို ဆွဲငင်ကြပြီးလျှင် သူ့ပခုံးပေါ်၌
ကားတိုင်ကြီးကိုတင်၍
ထမ်းခိုင်းကြလေ ၏။ ရှိမုန်အဘို့မှာ ဤမတရားမှုကြီးသည်
တွေးမိတိုင်း၊
တွေးမိတိုင်း၊ နာကြည်းဘွယ် ကောင်းလှ၏။ ရောမစစ် သားတို့သည်
ဂုဏ်သရေယုတ်နွမ်းမည်စိုး၍
မိမိတို့ အမျိုးသားချင်းတို့ကို မထမ်းခိုင်း။
ဒေါသထွက်လျက်နေ
သော ယုဒလူမျိုးတို့ကို ထမ်းခိုင်းလျှင်လည်း ဆူပူဆန္ဒပြ
မှာစိုး၍
မထမ်းခိုင်း။ ထို့ကြောင့် ယုတ်ညံ့သော အမျိုး၊ မျက်နှာငယ်ရှာသော
အာဖရိကနယ်သားကို
ထမ်းခိုင်း လျှင် မည်ကဲ့သို့မျှ ရန်တုန့်ပြန်နိုင်မည်
မဟုတ်ဟု သ
ဘောထားလျက် လူတိုင်း ရွံ့ရှာသော လက်ဝါးကပ် တိုင်ကို ရှိမုန်အား
အတင်းအဓမ္မထမ်းခိုင်းကြခြင်း
ဖြစ် ဟန်တူသည်။ လူကိုလည်း နှိပ်စက်၊ လူမျိုး၏
ဂုဏ် သိက္ခာ
ကိုလည်း ဖျက်ဆီးရာ ရောက်သောကြောင့် ရှိမုန်၏ နှလုံးထက်၌
ဤအမှုအရာ၏
ဓါးခုတ်ချက် တော်တော် နက်ပေလိမ့်မည်။ ထိုနေ့၌ ရှိမုန်သည်
တပင်တပန်း
တောင်ကုန်းပေါ်သို့ တက်လှမ်းနေစဉ် အရှင်ယေရှု၏ ရှက်ကြောက်၊
နစ်နာမှုမှ၊
မေတ္တာအောင်ပွဲအဖြစ်သို့ ပြောင်းလဲလိုက်ပုံကို
မျက်ဝါးထင်ထင်မြင်ရချေပြီ။
ရှိမုန် သည် ထိုသို့ မြင်ရာမှ ရုတ်တရက်
အလင်းရ၍ အတွင်း
သဘော ပြောင်းလဲပြီးလျှင် ကားတိုင်ကို အားရဝမ်းသာ
ထမ်းခဲ့လေသည်။
ဝမ်းနည်းစိတ်ပျက်စရာကြီးကို အောင်မြင်ခြင်း
ဖြစ်စေခဲ့လေပြီ။
ကျွနု်ပ်တို့မှာလည်း ရှိမုန်ကဲ့သို့
ကြုံကြိုက်တတ် သူများဖြစ်သည်။
ကျွနု်တို့နေရပ်ဖြစ်သော
အိမ်ဂေ ဟာမှ ပျော်ရွှင်စွာ အပြင်သို့ ထွက်သွားရာ၌
သာယာ သော
လောကကြီးကို ရှု့လျက် ဝမ်းသာအားရဖြစ်နေ စဉ် ရုတ်တရက်ဝမ်းနည်း
ပူဆွေးဘွယ်သော
အဖြစ်မျိုး ပေါ်လာတတ်၏။ မမျှော်လင့်ဘဲ ထိုကဲ့သို့အကြောင်း
ထွေထွေ ထူးထူး
ပေါ်ပေါက်လာ၍ ကျွနု်ပ်တို့ ပခုံးပေါ် သို့ လေးလံသော
ကားတိုင်ကြီး
သက်ရောက်လာ တတ်၏။ ကိုယ်နှင့်မဆိုင်သော ကားတိုင်ကြီးကို
ထမ်းလျက်
]]ကရာနီကုန်းပေါ်သို့ တပင်တပန်းတက် လှမ်းရကြ၏။}} သို့သော်
ကျွနု်ပ်တို့သည်
ရှိမုန်ကဲ့သို့ အမှုမျိုးကြုံလာပါက ဒုက္ခကို သုခဖြစ်အောင်
ပြုလုပ်
နိုင်ကြပေမည်။ ရှိမုန်သည် ကားတိုင်ကို ထမ်းရသော တခဏကြောင့်
သခင်ယေရှုနှင့်
တွေ့ကြုံရသဖြင့် လူမျိုး၏ နစ်နာချက်ကို ပြောင်းလဲ၍
လူမျိုး၏
ကောင်းကျိုးကို ပြုပြင်ပျိုးထောင်နိုင်သော သတ္တိကို
မိမိကိုယ်တိုင်
သာမက၊ သူ့လူမျိုးတို့ကိုပါ ရရှိစေခဲ့လေ သည်။
အင်္ဂလိပ်လူမျိုးဖြစ်သော စာသင်ဆရာမ
အမျိုး သမီးတစ်ဦး ရန်ကုန်တွင်
ရှိခဲ့ဘူး၏။
တက္ကသိုလ် ကျောင်းထွက်ဖြစ်၍ အနာဂတ်အတွက် တိုးတက်စရာ
အလားအလာများစွာရှိ၏။
သို့သော် သူ့အနာဂတ် အတွက် အောင်မြင်ရန်လမ်းစ
ပွင့်လန်းမည်
ဆဲဆဲ၊ မွှေးရနံ့သင်းထုံသော ပန်းကို လေရိုက်၍ ချွေသကဲ့သို့
သူ့ကိုယ်၌
ကုဋ္ဌနူနာစတင်၍ဖြစ်ကြောင်း သိရရှာသည်။ ဤကြောက်မက်ဖွယ်သော
ရောဂါကို ဝှက်၍
မထား နိုင်။ ကျောင်းမှ ခွင့်ယူ၍ ဆေးကုသလေသည်။ သက် သာ
သလိုလို
ရှိသော်လည်း ရောဂါအမြစ်မပြတ်သဖြင့်၊ တဖန်ပေါ်လာပြန်ရာ ယခုအခါမှ
လူဖြစ်ရှုံးကြောင်း
အတပ်သိရတော့သည်။ ယခုအခါ ကျောင်းမှ ထွက်၍
ပြန်လမ်းမရှိသော
လမ်းပေါ်သို့ ရောက်ရရှာတော့ သည်။ မိမိ၌ စွဲကပ်နေသော
နူနာကိုစိတ်မှ
ပယ် ဖျောက်သော်လည်း မပျောက်နိုင်။ တစ်နေ့သ၌ ထို ဆရာမသည်
အခန်းထဲမှ
ထွက်သွား၍ နှစ်မိုင်ကျော် ကွာဝေးသော ကုဋ္ဌနူနာရုံသို့လျှောက်၍
သွား၏။ အနူ
ရုံဝင်းအပြင်၌ ထိုင်လျက် အတန်ကြာအောင် စဉ်းစား နေသေး၏။ ဤနေရာ၌
အဝင်လမ်းသာရှိသည်။
အ ထွက်လမ်းကားမရှိ။ ဆုတောင်းပဌနာကို ရွတ်ဆိုလျက်
ဝင်သွားရှာသည်။
ထိုဆုတောင်းပဌာနာဖြင့် စိတ်ပျက် ဝမ်းနည်းခြင်းအစား၊
ဝမ်းမြောက်အောင်မြင်ခြင်းကို
ရရှိ လေသည်။ လူကောင်းတို့ကို
ပညာသင်ပေးခွင့်မရှိလျှင် လူနူတို့ကို သင်ပေးတော့မည် လူနူတို့ကို၊
စာပေပို့ချပေး
ရုံသာမက ဓမ္မဂီတ တီးဝိုင်းကို ဖွဲ့၍ သံစုံသီချင်းများကို ပါ
သင်ပေးလေသည်။
ထိုအခါကျမှ တစ်ခါဘူးမျှ မခံ စားဘူးသော ဝမ်းမြောက်ခြင်း၊
ကျေနပ်ခြင်း၊
ရွှင်လန်း ခြင်းများကို ခံစားရလေသည်။ ထိုဆရာမသည် လူနူ
များကိုသာ၊
သင်ကြားနေသည်မဟုတ်။ ကျွနု်ပ်တို့ အား လုံးကိုလည်း ယခုအချိန်အထိ
သွန်သင်လမ်းပြ
လျက် ရှိ၏။ ပန်းချီကားဟူသမျှ၌ အလင်းကိုဖော်လို လျှင်
အမှောင်ပိုင်းရှိသကဲ့သို့
ဤဆရာမလေး၏ တောက်ပ သော ဝိညာဉ်ပါရမီ
ပေါ်ပေါက်လာရန်
ရောဂါတည်း ဟူသော အမှောင်ကြီးကို ခံယူ၍လာရသည်။ ဤသို့ သော
အမှောင်ထုကြီးအထဲမှနေ၍
သူတစ်ပါးကို သွန်သင်နိုင်မှ တကယ့်သွန်သင်ခြင်းကို
ပေးနိုင်မည်။
ထိုအချိန်ရောက်မှ သူတပါးကို အသိတရား၊ ဗဟုသုတ ပေးရုံသာမက
အရှိတရားတည်းဟူသော
ပြောင်းလဲ ခြင်းကို ပေးနိုင်ပေမည်။
ဤအခြင်းအရာကား အောင်မြင်ခြင်း၏ ထင်
ပေါ်သော အဆစ်အပိုင်းမျှသာဖြစ်သည်။
ထိုသို့ ထင်
ထင်ပေါ်ပေါ် မဟုတ်သော်လည်း မထင်မရှား၊ လူမသိ သူမသိသော
အောင်ပွဲပေါင်းများစွာ
ရှိလျက်ပင်။ ရုပ်ခန္ဓာကို ဝေဒနာဖြစ်စေသည့်
]]ကားတိုင်}}ထက်၊ စိတ်ဝေဒနာကို
ဖြစ်စေသော ]]ကားတိုင်}}သည်ကား သာ၍ပင်
အခံရခက်လေ၏။
ဤကဲ့သို့ စိတ်ထဲ၌ ကျိတ်၍သာခံနေကြရ သော
သူတို့တွင်
စိတ်ဆင်းရဲနေကြသောသူများမှာ
ခင်ပွန်းစစ်စစ်ကို
လိုချင်လျက်နှင့်မရနိုင်သူများ
ဖြစ်ပေ လိမ့်မည်။ လူဖြစ်လာကတည်းကပင်
စိတ်နှလုံးအတွင်း
၌ မေတ္တတရားပါလာခြင်းသည် ဓမ္မတာပင်ဖြစ်သည်။ အိမ်ထောင်ဟူ၍
တည်လာစကတည်းက
လိုလား တောင်းတသော အရာတစ်ခုသည် သားသမီးများဖြစ် ၏။ ဤသို့
သားသမီးအရင်းများမရှိသမျှ
ကာလပတ် လုံး စိတ္တသုခအဘယ်မှာရှိမည်နည်း။
တစ်ခါက အမျိုးသမီး တစ်ယောက်သည် လင် ဝတ်၊
သားဝတ်နှင့်ပြည့်စုံသည့်
ဂုဏ်အရည်အချင်းနှင့်
ပြည့်စုံ၏။ သို့လျက်နှင့် ခင်ပွန်းယောကျာ်း မရ။ ထို့
ကြောင့်
ယုယပိုက်ထွေး၊ ကျွေးမွေးပြုစုရန် သားသမီး ရနိုင်ခွင့်မရှိ။
အခြားသော
အမျိုးသမီးများ၏ ရင်ခွင်၌ သားငယ်ပိုက်ထွေးထားသည်ကို
မြင်လိုက်ရလျှင်၊
ထို မိန်းမစိတ်၌ နှလုံးသားကို ရဲရဲတောက်နေသော သံ
တံကျင်ဖြင့် လျှိုထိုးသကဲ့သို့ရှိ၏။ ထိုဝေဒနာဆိုးကြီးကို
နှစ်ပေါင်းများစွာ
ခံရရှာ၏။ သူတစ်ပါးကို အမြဲကူညီ ဖေးမ လျက်ရှိသော်လည်း
စိတ်နှလုံးထဲ၌
ဆာလောင် မွတ်သိပ်သော ဝေဒနာကို ခံစားလျက်ရှိ သည်။
တနေ့သ၌ ထိုအမျိုးသမီးသည် ဧဝံဂေလိ တရားကို
ကြားနာရပြီး အမှောင်တိုက်မှ၊
အလင်း တိုက်သို့
သူ့၏ဝိညာဉ်သည် မွေးဖွားပြောင်းလဲ လာခဲ့ လေသည်။
ထိုနေ့မှစ၍၊
ဝိညာဉ်၌ မွေးဖွားလာသော ဝိညာဉ်သားသမီးများကို
ပြုစုပျိုးထောင်သည့်
တာဝန် ကို ထမ်းရွက်ရလေသည်။ ထိုသားသမီး တို့ကို ပြုစု
ရသော
ဒုက္ခဆင်းရဲဟူသမျှကို ဆင်းရဲဟူ၍ မအောက် မေ့ဘဲ ချမ်းသာခြင်း
တစ်မျိုးဖြစ်၍
လာလေသည်။ မြင့် မြတ်သောစိတ်ထားနှင့် ခံရသော ဆင်းရဲကား၊
စစ်မှန် သော
ချမ်းသာပင်ဖြစ်၏။ ဝမ်းနည်းနေမည့်အစား၊ သူတစ်ပါး၏
ဆင်းရဲခြင်းကို
မည်သို့ နှစ်သိမ့်သက်သာ စေနိုင်မည်နည်းဟု
ကြံစည်ဖန်တီးကာသာနေ၏။
သူမ ပြုစုပျိုးထောင်နေသော သားသမီးများကား ရုပ်ခန္ဓာ
၏ ကာမရာဂမှ
မွေးဖွားလာသော သားသမီးများမ ဟုတ်။ စိတ်ဝိညာဉ်၏ ဆင်းရဲခြင်းမှ
ပေါက်ဖွားလာ သော
သားသမီးများဖြစ်၏။ သူမတာဝန်ကား ထို ဝိညာဉ်သူငယ်တို့အား
ပြုစုကျွေးမွေးရန်ဖြစ်၏။
သူမ သည် ဒုက္ခဆင်းရဲကို ယူ၍ သုခချမ်းသားဖြစ်အောင်
ပြုလုပ်ချေပြီ။
လူ့ဇာတိစိတ်၏ သတ္တိအင်အားတို့ကို ပျောက်
ကင်းအောင် ဖျောက်ဖျက်၍မရ။
မြင့်မြတ်ရာစိတ်သ
ဘောမျိုးသို့ ပြောင်းလဲမှသာရနိုင်ကြောင်း စိတ္တဗေဒ
ပညာရှင်များက
ဆိုပါသည်။ ]]ဖို မ}}ဇာတိ စိတ်ဓါတ်
သတ္တိမျိုးကို ကဗျာ၊
လင်္ကာနှင့်
သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ်သည့်
စိတ်မျိုးဖြစ်အောင်
ပြောင်းလဲ
ပေးနိုင်သည်ဟုဆိုသည်။ ဤသဘောသည် ကောင်း ပေ၏။ ကျွနု်ပ်တို့လည်း
နှစ်ခြိုက်ပါ၏။
သို့သော် အမြင့်မြတ်ဆုံးသော စိတ်အဖြစ်သို့
ပြောင်းလဲပေးနိုင်
မှသာလျှင် လောကုတ္တရာစိတ်သို့ ပြောင်းစေနိုင်ပေ မည်။
ဤသို့ပြောင်းလဲပေးရာ၌
လောကဓါတ်ပညာ အားဖြင့် မဟုတ်။ ခရစ်တော်၏
ဧဝံဂေလိတရာအား
ဖြင့်သာ ဖြစ်နိုင်သည်။ အလိုမပြည့်၍ စိတ်နှလုံးထဲမှာ
ပဋိပက္ခဆန့်ကျင်ဘက်
ဇာတိစိတ်သဘောကို အရှင် ယေရှုသည် ယူ၍ ကိုယ်တော်၏
ကားတိုင်၌
ရိုက်သတ် လျက် အသစ်ဖန်ဆင်းပြီးသောအခါ ဘုရားသခင်နိုင်ငံ
တော်ကျယ်ပြန့်ဖို့
အသုံးပြုတော်မူသည်။
ဇာတိစိတ်သဘောကို ]]ကားတိုင်}}၌ ချိုးဖဲ့ပြီး လျှင်
ဘုရားသခင်၏ မေတ္တာကို
ထိုသူ၏
စိတ်နှလုံးထဲ ၌ သွန်းလောင်းလိုက်သောအခါ ထိုသူ၏ စိတ်နှလုံး သည်
အပိတ်၊ အဆို့၊
အချုပ်အချယ်၊ အလျှင်း ကင်း လျှက်၊ လွှတ်ခြင်းအခွင့်ကို
ရကြလေသည်။
ရန်မူလိုသော စိတ်မှ မေတ္တာထက်လျက် ခွင့်
လွတ်သော သဘော၊ ကြောက်ရွံ့ခြင်း
ဇာတိစိတ်မှ ဘုရား
သခင်ကို ရိုသေလေးမြတ်ခြင်း၊ ကိလေသာ စိတ် မှ
သူတစ်ပါးအတွက်
အနွံအတာခံနိုင်ခြင်းသဘော မိမိကိုယ်ကို ချစ်တတ်သောမှ
သူတစ်ပါးအား
ချစ်နိုင် သည့် သဘော၊ သွေးသားဆွေမျိုးများကိုသာ ချစ်တတ်
ကြသော သဘောမှ
ဝိညာဉ်ညီအစ်ကို မောင်နှများ အား
ချစ်တတ်လာခြင်းများအဖြစ်သို့
ပြောင်းလဲလာ သည်။
ထို့ကြောင့် ယုံကြည်သူဘုရားသားများအတွက်
အချည်းနှီး၊ အလဟဿဖြစ်သောအရာ၊
အရာမ ရောက်၍
စွန့်ပစ်လိုက်ရသည့် အရာဟူ၍မရှိ။ ဤသို့ သော အဖြစ်မျိုးသည်
ခရစ်ယာန်အသက်တာ၌သာ
တွေ့မြင်နိုင်သည်။ ဆုံးရှုံးခြင်း၊ နစ်နာခြင်း၊
ဆင်းရဲဒုက္ခ
ဝေဒနာတို့ကိုသာ၍ မွန်မြတ်ရာအဖြစ်သို့ သုံးစွဲနိုင်ကြ လေသည်။
ထို့ကြောင့်
အရှင်ယေရှုက တပည့်တော် တို့အား အနည်းငယ်မျှ မပျောက်မဆုံးစေရန်
အြွကင်း
အကျန်ရှိသမျှကို ကောက်ကြလော့ဟု မိန့်တော်မူခဲ့လေ သည်။ ကိုယ်တော်သည်
လူ့ဝိညာဉ်ကိုသာ
ကယ်တင် တော်မူသည်မဟုတ်။ ဒုက္ခဆင်းရဲဖိစီး၍ ကြေမွနေ သည့်
ဝိညာဉ်အစအန
ကလေးများကိုပင် မပျောက် မပျက်ရလေအောင် သိမ်းဆည်းတော်မူ၏။
ချစ်သော မိတ်ဆွေအရာရာကို ဝိညာဉ်မျက်စိ၊
ဝိညာဉ်ရှုထောင့်ဖြင့် ကြည့်တတ်၊
မြင်တတ်မည်ဆိုပါက
ခက်ထန်သော စိတ်သဘော၊ ကြေကွဲသော စိတ်နှလုံး
သားများအားလုံးသည်
ဝိညာဉ်ရေးရာ၌ အသစ်တဖန် စွမ်းအားများသာဖြစ်လေသည်။
ရောဂါဖိစီးမှုကြောင့်
ဆေးရုံရောက်၊ ငွေကုန်ကြေးကျဖြစ်နေရာမှ ခရစ်တော်
နှင့်တွေ့ပြီး
ရောဂါပျောက်ကင်းလျက်၊ ကုန်ကျသွား သော ငွေများထက်သာ၍
မြတ်သော
အသက်တာကို ရလေ၏။ မိမိအိမ်ထောင်ထဲÝ၌ မမျှော်လင့်ဘဲ
သေခြင်း
တရားဝင်လာလျှက်
ထိုသေခြင်းအသုဘ အစည်း အဝေးမှတဆင့် ဝိညာဉ်သေနေသော
မိသားစုထဲက
အိမ်သားများ၊ ဝိညာဉ်အသက်ရလာသည်မှာလည်း အမင်္ဂလာထဲမှ
မင်္ဂလာများပင်မဟုတ်ပါလော။
ဆွေ မရှိ၊ မျိုးမရှိသည့်အထဲ
အိမ်ပါမီးလောင်ပြာကျသွား
သော ယုံကြည်သူ အမျိုးသမီးကို ကျွနု်ပ်တွေ့ဖူးလေ
သည်။
ထိုအမျိုးသမီးက သက်သေခံသည်မှာ အိမ်မီး လောင်သောအခါကျမှ ကျွန်မသည်
ဝိညာဉ်ရေးရာ၌
နိုးထမှုဖြစ်လာပြီး သွေးရင်းသားရင်းထက် စုံမက်တတ် သော
ဝိညာဉ်မောင်နှမမြောက်များစွာကို
ဘုရားပေး ကြောင်း ခံစားလာရလေသည်။
ယခုဆိုလျှင်
ကျွန်မ သည် အထီးကျန်မဟုတ်တော့ပါ။ ဘုရားသခင် ပေး သော
ဝိညာဉ်ညီအစ်ကိုများ
ရရှိလေပြီ။ ထို့ကြောင့် အိမ်မီးလောင်ရာမှ
ဝမ်းနည်းရသောအဖြစ်မှ
သာ၍ မြင့်မြတ်သော ဝိညာဉ်အိမ်တော်သားများကို ဝိညာဉ်
အိမ်တော်သားများကို
ရရှိလေသည်။ ထိုသို့သော အ ကျိုးအပဲ့များကိုပင်
ခရစ်တော်သည်
တပည့်တော်တို့ အား ကောက်သိမ်းရန် မိန့်မှာခဲ့သည်မဟုတ်ပါလော။
ဘုရားသားတော်၏ မင်္ဂလာဆောင်ပွဲတော်မှ
ဥပမာစကား၌ မင်းကြီးက ဖိတ်ခေါ်လိုက်သော
သူတို့ သည်
အကြောင်းအမျိုးမျိုးပြလျက် မလာဘဲ နေကြ၏။ ထိုမင်းကြီးသည်
ဖိတ်ထားသောသူများ
မလာသော ကြောင့် စိတ်ပျက်လျက်၊ မှိုင်တွေ၍နေသည်မဟုတ်။
လူကို
စေလွှတ်လျှက်၊ ခြေလက်မသန်စွမ်းသောသူများ၊ မျက်မမြင် ဒုက္ခိတများကို
မင်္ဂလာပွဲတော်သို့
ခေါ်တော် မူ၏။ ဤကဲ့သို့ မိမိပဌမရည်မှန်းချက်၊
ရည်ရွယ်ချက်
အတိုင်း ဖြစ်မလာသောအခါ စိတ်ပျက်ပြီး လက်လျှော့
အရှုံးပေးရန်မဟုတ်။
သာ၍နက်ရှိုင်းသော ဘုရား သခင်၏ အကြံအစည်ကို ဝန်ခံ၍
ရှာဖွေလျက် အ
ကောင် အထည်ဖော်ရပေမည်။
ဦးစွာဖိတ်ကြားခြင်းကို ခံသူတို့မှာ
အခွင့်ထူးခံရ သူများဖြစ်ပါ၏။
သို့သော်
သူတို့ရောက်မလာသော အခါ အစေခံများကို လွှတ်လျက်၊ တွေ့သမျှလူတို့ကို
ခေါ်လာစေ၏။
အခွင့်ထူးရသောသူတို့ မလာနိုင်ခြင်း အတွက်သာ၍ များသော
လူတို့ပွဲတော်သို့
ရောက်လာ ရန် အခွင့်အရေးတစ်ရပ်ဖြစ်လေ၏။ ထို့ကြောင့်
ဤအမှု၌
ရည်ရွယ်ချက်ပျက်သွားသည်ဟု ထင်ရသော် လည်း အကြံအစည်သာ၍ ကျယ်ဝန်းစွာ
ထမြောက် လေသည်။
အရှင်ယေရှုခရစ်၏ လမ်းစဉ်သည် လွယ်ကူ သော
လမ်းစဉ်မဟုတ်။ ခဲယဉ်းလျက်နှင့်
အောင်မြင်ရာ သို့
ရောက်နိုင်သော လမ်းဖြစ်၏။ ရေသာခို၊ အချောင် လိုက်
လိုသူများအတွက်မူကား
ဧဝံဂေလိတရား၌ ခိုးကိုးရာတွေ့မည်မဟုတ်။ သို့သော်
ဒုက္ခဆင်းရဲ ခံရ
သော်လည်း အရှင်ယေရှုခရစ်၏ ကားတိုင် လမ်းစဉ် အတိုင်း
လိုက်နာသောသူအတွက်မူကား
လုံလောက် ခိုင်မာသော အင်အားကြီးတစ်ခုကို
စွဲကိုင်မိချေပြီ။
ချစ်သော မိတ်ဆွေ ဤလောက၌ အသက်ရှင်
နေ၍ဒုက္ခ၊ သုခသည် ဒွန်တွဲလျက်
ကြုံရဦးမည်မှာ
ဧကန်မလွဲပေ။ သို့သော် အရှင်ယေရှုခရစ်၏ လောက အောင်နည်းကို
မိတ်ဆွေသည်
သဘောပေါက်လျှက် လက်တွေ့အသုံးချပါက သင်သည်လည်း ခရစ်တော်
နည်းလမ်းအတိုင်း
လောကကို ဧကန်မုချ အောင်နိုင် သူဖြစ်ပေလိမ့်မည်။
ခေကျိုင်း
Comments
Post a Comment