ခရစ်တော်၌ အိပ်ပျော်ခြင်း

            ၁ သက် ၄း၁၃-၁၄ ၌ ရှင်ပေါလုက “ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့ သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံကြည်လျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူ

လိမ့်မည်” ဟု ရေးသားခဲ့သည်။ 

               ဤကျမ်းချက်သည် ခရစ်တော်ကို ယုံကြည်သောသူများအား သေခြင်းကို ကြောက်ရွံ့ခြင်းမရှိဘဲ၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတွင် မျှော်လင့်ချက်ထားရန် ခွန်အားပေး သွန်သင်ထားပါသည်။ “အိပ်ပျော်ခြင်း” ဟူသည်မှာ ယုံကြည်သူများ၏ သေခြင်းကို ဖော်ညွှန်းပြီး၊ ၎င်းသည် အဆုံးမဟုတ်ဘဲ၊ ခရစ်တော်နှင့်အတူ ထာဝရကာလ(ကောင်းကင်)ဆီသို့ ခေတ္တအနားယူခြင်းသာဖြစ်သည်ဟု ဆိုလိုသည်။ 

            ကျမ်းစာထဲမှ ဥပမာတစ်ခုအနေဖြင့် လာဇရုအား ကြည့်ပါ (ယောဟန် ၁၁း၁၁-၄၄)။ လာဇရုသေသွားသောအခါ ယေရှုက “ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှါ ငါသွားမည်ဟု” ဟု မိန့်တော်မူခဲ့သည်။ တပည့်တော်များက ဤစကားကို နားမလည်ခဲ့သော်လည်း၊ ယေရှုသည် လာဇရု၏သေခြင်းကို “အိပ်ပျော်ခြင်း” ဟု ခေါ်ဆိုကာ၊ ထိုသေခြင်းမှ သူ့ကို ထမြောက်စေခဲ့သည်။ ဤအဖြစ်အပျက်သည် ခရစ်တော်၏ တန်ခိုးတော်နှင့်၊ ယုံကြည်သူများအတွက် သေခြင်းသည် အဆုံးမဟုတ်ကြောင်း သက်သေပြခဲ့သည်။

            ထို့ကြောင့်၊ ခရစ်တော်၌ အိပ်ပျော်ခြင်းသည် ဝမ်းနည်းခြင်း၏ အကြောင်းမဟုတ်၊ မျှော်လင့်ခြင်း၏ အကြောင်းဖြစ်သည်။ ယေရှုရှင်ပြန်ထမြောက်တော်မူသကဲ့သို့၊ ကျွန်ုပ်တို့သည်လည်း တစ်နေ့ ခရစ်တော်နှင့်အတူ ထမြောက်ကြရပါမည်။

ဤယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ ဝိညာဉ်ကို ခွန်အားဖြစ်စေပြီး၊ သေခြင်းတရားကို ကျော်လွှားနိုင်သည့် တခုတည်းသော အာမခံချက်ဖြစ်သည်။

ထို့ကြောင့် ချစ်သော ခရစ်တော်ကို ယုံကြည်သူများ ခရစ်တော်အိပ်ပျော်သွားသောအခါ၊ သူတို့သည် ခရစ်တော်၌ လုံခြုံစွာ အနားယူနေပြီး၊ ဘုရားသခင်၏ ကတိတော်အတိုင်း ပြန်လည်နိုးထလာမည်ကို ယုံကြည်စိတ်ချကြပါစို့။

မေတ္တာဖြင့်

JK

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?