ခရစ်တော်သာအချုပ်အခြာ

                   ခရစ်ယာန်ယုံကြည်ချက်၏ အဓိကအကြောင်းအရာမှာ ခရစ်တော်ဖြစ်သည်။ သူသည် ကယ်တင်ရှင်သာမက ဘုရားသခင်၏နိုင်ငံတော်နှင့် ကမ္ဘာကြီး၏ အချုပ်အခြာအာဏာပိုင်လည်း ဖြစ်သည်။ ကိုလောသဲဩဝါဒစာ ၁:၁၈ တွင် “အသင်းတော် တည်းဟူသော ကိုယ်၏ဦးခေါင်းတော် ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။” ဟု ဖော်ပြထားသည်။ ဤအချက်သည် ခရစ်တော်၏ အချုပ်အခြာအာဏာကို ထင်ရှား

စွာ ဖော်ပြသည်။

 

                        ခရစ်တော်သည် ကောင်းကင်နှင့် မြေကြီးပေါ်တွင် အာဏာစက်ရှိသူဖြစ်သည်။ မဿဲခရစ်ဝင် ၂၈:၁၈ တွင် သူကိုယ်တိုင် “ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို ငါခံရပြီ။” ဟု မိန့်တော်မူခဲ့သည်။ ဤအာဏာသည် လူသားများကို အပြစ်မှ ကယ်တင်ရုံသာမက၊ ခပ်သိမ်းသောအရာတို့ကို အုပ်စိုးရန် ဘုရားသခင်ထံမှ အပ်နှင်းခံထားသော တန်ခိုးဖြစ်သည်။


                 ဖိလိပ္ပိဩဝါဒစာ ၂:၉-၁၁ တွင် “ထိုကြောင့် ဘုရားသခင်သည်၊ ကိုယ်တော်ကို အလွန်ချီးမြှောက်၍၊ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမတော်ကို၊ ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ ရှိသောသတ္တဝါတည်းဟူသော၊ ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏၊ ဟုနှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည် အကြောင်းတည်း။” ဟု ဆိုထားသည်။

 

ခရစ်တော်ကို အချုပ်အခြာအာဏာပိုင်အဖြစ် လက်ခံခြင်းသည် ခရစ်ယာန်အသက်တာ၏ အဓိကရေးကြီးသော ချက်တစ်ခုဖြစ်သည်။ ရောမ ၁၀:၉ တွင် “သင်သည်သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီ၊ ဟုစိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ဟု ဖော်ပြသည်။ ဤအချက်သည် ယုံကြည်ခြင်းနှင့် ဝန်ခံခြင်း၏ အရေးပါမှုကို ဖေါ်ပြသည်။ ခရစ်တော်၏ အာဏာကို လက်ခံသောအခါ၊ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိ ပြီး ဘုရားသခင်၏ သား/သမီးမည်ဖြစ်သည်။

 

ခရစ်တော်သည် အရာခပ်သိမ်းတို့၏ အချုပ်အခြာဖြစ်သည်ဟူသော အချက်သည် ခရစ်ယာန်ယုံကြည်ခြင်း၏ အုတ်မြစ်ဖြစ်သည်။ သူ၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခြင်းသည် မင်္ဂလာရှိပြီး၊ အာမခံချက် ပြည့်၀သော အသက်တာဖြစ်သည်။

ထို့ကြောင့် အချုပ်အခြာအာဏာ အပြည့်အ၀ရှိသော ခရစ်တော်ကို နေ့စဉ်အသက်တာတွင် အသိအမှတ်ပြု၍ သူ၏အာပ်စိုးမှုကို နာခံခြင်း၊ ၀န်ခံခြင်း ဖြင့်ကိုးကွယ်ကြပါစို့။

 

မေတ္တာဖြင့်

#SawKay@JohnKay

#ShweCanaan

Comments

Popular posts from this blog

ရှင်ပြန်ထမြောက်ရာနေ့ နှင့် ကြက်ဥတို့၏ သက်ဆိုင်မှုသမိုင်း

ကျမ်းပယ် (Apocrypha) ဆိုသည်မှာ အဘယ်နည်း?